Sunday, October 19, 2008

[ခရီးသည်၏ လွင့်မျောခြင်း] 1 New Entry: အားနာမှုကို စမ်းသပ်ချက်

အားနာမှုကို စမ်းသပ်ချက်




မြန်မာ့ ဓလေ့များထဲမှ အစိတ်အပိုင်းတခုဖြစ်သော အားနာမှုသည် စိတ်ကောင်းသော နှလုံးဝမ်းက ဆင်းသက်လာသော မျိုးရိုးဗီဇနှင့်ဆိုင်သော ဂုဏ်ဒြပ်တို့ ပါဝင် ပေါင်းစပ်နေပါသည်။ အားနာခြင်းက ကောင်းသလော.. မကောင်းသလော..
ကျွန်နော်အမြင်ပြောရရင် အားနာခြင်းသည် မကောင်း၊
အကယ်၍ သင်သည် ဘုရားဆုပန်ထားသော ပုဂ္ဂိုလ်တယောက် ဖြစ်လျှင် မြတ်သောအကျင့်တခုဖြင့် ကျင့်သွားနိုင်သည့် ကျင့်စဉ်တခု ဖြစ်သည်။ အားနာလို့ ခါးပါ ဆိုသည့် မြန်မာစကားပုံလို သူတပါးကို သနားပြီး အားနာလိုက်တာ ခါး တောင် မှတ်မှတ် ထိုင်လို့မနိုင်တော့ဘူး ဘာညာ ကြားဖူးပါတယ်။
လုပ်ငန်းခွင့်တခုတွင် လူအများဖြင့် စုပေါင်းလုပ်ကိုင်ရသည့် အလုပ်တခု၌ တာဝန်ကိုယ်စီ ညီညွတ်စွာ ကုန်စည်တခု ဖြစ်မြောက်ရန် ကိုယ်စီကိုယ်င လုပ်ဆောင် နေရပါသည်။ မိမိ လုပ်ဆောင်နေသည့် လုပ်ငန်းခွင်အတွင်း တယောက်ဦးတယောက်၊ အသက်ကြီးခြင်းဖြင့်စေ၊ မိန်းမ ဖြစ်စေ တဦးတဦးဖြင့် အတူတကွ လုပ်ဆောင်နေလျှင် သင်သည် အားနာမှုများစွာဖြင့် ထိုသူများအား ကူညီပေးခဲ့သော်..

ကူညီပေးခဲ့သော အလုပ်တခုသည် သင် ကူညီပေးရင်းနှင့် သင့်ရဲ့ နေစဉ် လုပ်ငန်းဆောင်တာတခု ဖြစ်သွားနိုင်သည်။ အကယ်လို့ သူများ၏အလုပ်၊ သင်၏ နေ့စဉ် လုပ်ငန်းဆောင်တာတခု ဖြစ်သွားသော အလုပ်တခုအား ကိုယ်မလုပ်ချင်သည့် နေ့ရက်များတွင် မလုပ်ခဲ့လျှင် သင်နှင့် သင့်ပတ်ဝန်းကျင် အလုပ်ခွင်က လုပ်ဖေါ်ကိုင်ဖက်များက တမျိုး မြင်သွားနိုင်သည်၊ လုပ်ငန်း နှောက်နှေးမှု ကြုံရတတ်သည်။ ထို့ကြောင့် ကိုယ်နှင့်မဆိုင် ၀င်မကိုင် မူတခု စွဲကိုင်ပြီး လုပ်ဆောင်နိုင်မှာသာ အကောင်းဆုံးဟု ထင်မြင်မိပါသည်။


တနေ့သ၌ သင်သည် မိမိနိုင်ငံအတွင်း အလုပ်သမား အုပ်ချုပ်သူ စက်ရုံ အလုပ်ရုံမှူး ဖြစ်စေ ( သို့မဟုတ် ) ကိုယ်ပိုင် လုပ်ငန်းရှင်တယောက်ဖြင့် ဖြစ်စေ လုပ်ငန်းတခုအား ဦးစီး ဦးကိုင် ပြုလုပ်ရပြီး လုပ်ငန်းခွင်အတွင်း မြန်မာလူမျိုးတို့၏ ဓလေ့ဖြစ်သော အားနာမှုကို ကျင့်သုံး ခိုင်းမည်လော..
ဥပမာ။ ။ လုပ်ငန်းခွင်တွင် အသက်ကြီးသော အမျိုးသမီးတဦးရှိလျှင် တဦးတယောက်က ကူညီပေးနေရသည်။ ထိုသူက သင့်အား " ငါ ဒီအလုပ် အမြဲတမ်းမလုပ်နိုင်ဘူး " လို့ ပြောခဲ့သော် သင် မည်ကဲ့သို စဉ်းစား ဆုံးဖြတ်မည်နည်း။ ( ဒီမေးခွန်းအတွက် မည်သူမဆို လွတ်လပ်စွာ ထင်မြင်ချက်ဖြင့် ကွန်မင်း ပွတ်ခဲ့ပါ၊ ခင်ဗျား )။


အသက်ကြီးသည့် လူအား ထုတ်ပစ်ပြီး လူအသစ် အစားထိုးပြီး လုပ်ခိုင်းမည်လား..
ဒါမဟုတ် အသက်ကြီးသည့် လူအား မထုတ်ပဲဖြင့် လူတယောက် ထပ်ခန့်အပ်ပြီး အလုပ် လုပ်ခိုင်းမည်လော..။
သင်သည် လုပ်ငန်းရှင် တယောက်ဖြစ်လျှင် သင့်၏ ကုန်စည် စီးဆင်းမှုတခုအရ လည်ပတ်ရမည့် ငွေကြေး ပမာဏ ချို့တဲ့စွာ လုပ်နေရသည့်အချိန်၊ စတင်ခြင်းဖြင့် အနာဂါတ်ကို မရေမရာ ဖြစ်နေသည့် အချိန်များတွင် အသက်ကြီးသည့် လူအား မထုတ်ပဲ ဆက်လုပ်နေမည်ဆိုလျှင် သင့်၏ ဘဏ္ဍာအနေအထား ထိခိုက် လာနိုင်သည်။ ထိုအနေအထားတွင် သင် မည်ကဲ့သို့ ဆုံးဖြတ်မည်နည်း။


လူလ
ရွှင်လန်းချမ်းမြေ့ပါစေ…

မှတ်ချက်။ ။ အသုံးပြုထားသော ဓါတ်ပုံက Yahoo Images in search မှ kind ကို ရိုက်ထည့်ပြီး ရှာထားသည်။

You received this email because you are subscribed to the real_time feed for http://phonyaung.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.