Sunday, October 19, 2008

[မင်းဒင်] 1 New Entry: သူတို့ ဤသို့ ဆိုကြသည်။(၈)

သူတို့ ဤသို့ ဆိုကြသည်။(၈)



ရာဇဝင်ထဲက ဘူးသီး ... ကို
သူတို့ ဤသို့ ဆိုကြသည်။


ဦးမင်းဒင်ရေးတဲ့  ထိုင်းလ၀ကနဲ့  အတွေ့ အကြုံလေးတွေ့ တော့ ယောနိသော ဆိုတာလေးကို မျှဝေချင်လာပါတယ်ယောနိသောဆိုတာ မှန်သောနှလုံးသွင်းခြင်းပါ။မှန်သောနှလုံးသွင်းကို ကျင့်သုံးတတ်ရင် ကိလေသာမပွားများစေဘဲ အေးချမ်းစေပါတယ်တဲ့  ။
ခုန ကိစ္စလေးမှာ နှလုံးသွင်းပုံက ဦးမင်းဒင်အနေနဲ့  ဒေါသထွက်တာမှ ပါးနားရိုက်ချင်အောင်ဘဲနော် ။ကဲ ခု ဖြစ်စဉ်လေးကို ပရမတ္တတင်ကြည့်ရအောင် ။

ီထိုင်းသည် ရှေးဘ၀ ကုသိုလ်လေးတချက်ကအကျိုးပေးလိုက်လို့  ထိုင်းရုပ်နာမ်ရနေတယ် ။ (ဒီနေ့ မှာ ထိုင်းရုပ်နာမ်ရနေတာ ဗမာရုပ်နာမ်ရနေတဲ့  ကိုယ့်ထက်တော့ သာနေတာကိုး)(ဒီနေရာမှာ တချက်ပေါ့နော် ကာလသဘောနဲ့  တကယ်လို့  အလောင်းဘုရားလက်ထက်မှာ ဆိုရင် ပြောင်းပြန်ဖြစ်မှာနော် )
ခု ဒီလူက သူ့ ကံကောင်းလေးတချက်နဲ့  ရလိုက်တဲ့  ရုပ်နာမ်လေးပေါ်မီပြီး ဦးမင်းဒင်အပေါ်မှာ နှိမ့်ချတဲ့ မာနနဲ့  အကုသိုလ်မှုကို သူပြုပြီ
ဘာဖြစ်လဲ ဆက်ကြည့်လိုက် ။ရှေ့ ကသူ့ ရုပ်နာမ်လေးနဲ့ အကုသိုလ်နဲ့ ပေါင်းပြီး သတ္တိညံ့တဲ့ ရုပ်နာမ်ချက်ချင်းဖန်တီးပေးလိုက်ပြီ ။ (ချက်ချင်းနော် )
ဒါပေမဲ့ အဲဒီကိစ္စက သူ့ အတွက် ဒါနဲ့  ပြီးသလားဆိုတော့ မပြီးဘူးကာယကံမှု ပြုလိုက်တဲ့  အခါတိုင်းမှာ ၇တန်သောဇောပါနေတော့ ၇တန်သောဇောတွေက အခုရုပ်နာမ်မှာသူတို့ သတ္တိကို မြှုပ်နှံလိုက်ပြီဒီတော့ ဒီထိုင်းဟာ ဒီအကုသိုလ်အကျိုးဆက်ကို နောက်ထပ် ၆ကြိမ် ၆ဆ ခံရတော့အုံးမယ် ( ပထမဇောက ချက်ချင်းသတ္တိညံ့တဲ့ ရုပ်နာမ်ပေးပြီးမို့ ပါ)အဲလို အမှန်ကိုနှလုံးသွင်းလိုက်ရင် သြော် ဒီလူ သနားပါတယ်လို့  မြင်လာရော
ရိုက်ချင်တဲ့  စိတ်မပေါ်တော့ဘူးဒီနေရာမှာမေးစရာရှိပါတယ်
နအဖကွာ ခုသံဃာတွေ ရိုက်သတ်တာ သူတို့  ခုဘ၀ရော နောက်ဘ၀ရောခံရမှာ သေချာနေတာကို မင်းတို့ ငါတို့  ဘာလို့  အပူရှာရမလဲလို့ 
ဒီနေရာမှာတော့ နအဖသည် တိုင်းပြည်အတွက် သာသနာအတွက် ကင်ဆာဖြစ်ပါတယ်ကင်ဆာကို ဖြတ်ထုတ်တာဟာ ကင်ဆာကို မုန်းလို့  ဖြတ်တာမဟုတ်ပါဘူးလူနာချမ်းသာရေးသာဖြစ်ပါတယ် ။
တိုင်းပြည်နဲ့  သာသနာဟာ ဒီနအဖကင်ဆာရှိနေသမျှ ကြီးပွားဘို့ လမ်းမရှိလို့ သာ ဖြတ်ထုတ်နေတာပါ ။ နအဖကို မုန်းလို့ မဟုတ်ပါကြောင်း ။

ဦးတင့်
။။။။။။။။။။။။။။။။။။။။။။။။။။။
ခေါင်းစဉ်ကို "သခင်မျိုးဟေ့ တို့ဘူးသီး" လို့ တပ်ရမှာဗျ။

ကိုသက်ဦး
။။။။။။။။။။။။။။။။။။။။။။။။။။

ဘယ်ကလာစာရင်းမ၀င့်တ၀င်ရမှာလဲဗျစာရင်းကကျော်တောင်နေပြီ၊အကိုတို့အရေးအသားတွေကိုငေးမောဖတ်နေရတာဗျ၊အကိုရေထိုင်းနိုင်ငံရောက် ကျနော်တို့ဘ၀ တွေအကြောင်းတော့မပြောတာအကောင်းဆုံးပါပဲဗျာ၊ပြောတိုင်းဟိုနွားတွေကိုအပြုတ်သာဆော်ချင်တာပဲဗျ။

မြစ်ဆုံ
။။။။။။။။။။။။။။။။။။။။။။။။။

ဦးမင်းဒင်ရေ ရေးချက်ကတော့ မျက်ရည် ဘူးသီးလုံးလောက် ကျချင်ပါရဲ့....မပြောတော့ပါဘူး...
ဖမာ့ ဖမာ့ဆိုတိုင်း မြန်မာ မြန်မာ understandလို့ ပြန်ပြန်အော်ရတာလည်း လျှာ ထွက်တော့မယ်..။

မဆုမွန်
။။။။။။။။။။။။။။။။။။။။။။။။။

ကိုကြီးမင်းဒင်ရေ

ကျနော်လည်းသိပါတယ်ဗျာ။ ထိုင်းမှာရှိတဲ့ မြန်မာတွေရဲ့ဘဝက ထိုင်းခွေးတကောင်လောက်တောင် တန်ဘိုးမရှိပါဘူး။ ရင်နာလွန်းလို့ ပါ။ အခုခေတ်က ၂၁ ရာစုလေ။ ဟိုး ဘုရင့်နောင်၊ အလောင်းဘုရားခေတ်တုံးကဘာတွေဖြစ်ခဲ့တယ်ဆိုတာကို စားမြုံ့မပြန်နေနဲ့တော့။ ရှင်းရှင်းပြောရရင် ခွေးဖြစ်ခဲ့တုံးက ချီးစားခဲ့တဲ့အကြောင်းတွေ လာမပြော နဲ့ တော့ပေါ့။ တချို့ကပြောတယ်သိလား။ ထိုင်းကို စစ်တိုက်ရင် ဘန်ကောက်မှာတောင် လမ်းလျောက်ဦးမယ်တဲ့။ အရင်တုံးက ဝါးရင်းတုတ်ခေတ်ကိုဗျာ။ ၂၀ဝ၀ ခု နှစ် တာချီလိတ်တိုက်ပွဲဘာဖြစ်သွားလည်း။ တခြား နိုင်ငံတွေ ကြိုသိနေတဲ့ မုန်တိုင်းတောင် ကြိုတင်မ ကာကွယ် နိုင်ဘဲ တိုက်သင်္ဘောတွေတောင် ဘာဖြစ်သွားလည်း။ ကျနော်လည်း မျိုးချစ်စိတ်ဓာတ်ရှိတာပေါ့ဗျာ။ အခြေအနေမှန်ကိုပြော ပြနေတာပါ။ ဟိုးလက်ပိုက်ပြီး ထိုင်းဘက်ကိုကြည့်နေတဲ့ ဘုရင့်နောင်ရုပ်တုကြီးတို့၊ ဘာတို့က ထိုင်းမှာဒုက္ခရောက် နေတဲ့ကျနော်တို့ မြန်မာတွေကို မကယ် နိုင်ပါဘူးဗျာ။ ဗိုလ်ချုပ်ပြော သွားတဲ့စကားက မှန်ပါ့ဗျာ။ ကိုကြီးမင်းဒင်စာရေးကောင်းလို့  မျက်စိထဲမှာ ကွင်းကွင်းကွက်ကွက်ကို မြင်သွားတော့တာပါဘဲ။

မက်သလုံး

။။။။။။။။။။။။။။။။။။။။။။။။။။။။

ဆရာကြီးရေဘူးသီးသီးလို.အရီးတော်လိုက်ပြီနော်။

ကျွန်တော်ကပထမနော်။

ပီတာကျော်

။။။။။။။။။။။။။။။။။။။။။။။။။။။

You received this email because you are subscribed to the real_time feed for http://mindinn.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.