Sunday, October 19, 2008

[စပ်မိစပ်ရာ] 1 New Entry: ငါ့ကဗျာဟာ ဒဏ်ရာတန်းလန်း

ငါ့ကဗျာဟာ ဒဏ်ရာတန်းလန်း

ဆောရီး ကျွန်တော် တကယ် မသိခဲ့လို့ပါ
မီးရထား က မလာသေး
အလယ်က လူတိုင်း စကားမဝဲဘူး ညီလေး
ကုန်ဈေးနှုန်း တွေနဲ့သာ
ကိုယ့်အသက်ကိုယ် တိုင်းထွာကြည့်ရအောင်
အဲဒီတုန်းက လက်ဖက်ရည်တစ်ခွက် တစ်မတ်
အဲဒီတုန်းက ဘတ်စ်ကားတွေလဲ မကျပ်
အခုလောက်လဲ မပူသေး
အခုလောက်လဲ မဆူသေး
ရုပ်ဝါဒ ဆက်လက် ရေပန်းစား
၇၀ ပြည့်လွန် တော်လှန် လှိုင်းလုံးများ
အဖေ ပြောနေကျစကားက
အဲဒီတုန်းက အများကြီး နေပျော်တာပေါ့ ငါ့သား
ချိုလား ခါးလား ပူလား စပ်လား
လူ့ဘဝရဲ့ အရသာ
ငါ အခု လျှာပျက်ခဲ့ပြီကွာ
ဟေမိုဂလိုဘင် ၇၈ နဲ့
ကိုယ်အလေးချိန် ၁၀၈ ပဲ ကျန်တော့တယ် သူငယ်ချင်း
ကြီးကြီးကျယ်ကျယ် ဆိုရင်လဲ
သေးသေးငယ်ငယ် သေလိုက်ရုံ
ရှင်ရုံရှင် နေရတဲ့ ကမ္ဘာကြီး ကိုထားရစ်
လဲနေသူ ထူပေးပါ
အားငယ်သူ အားပေးပါ
ဖွားဖက်တော် လောကဓံတရားကို
ငါကမေးတယ် ပြောလိုက်ပါဦးကွာ ။ ။

ညိုထက်ညို

You received this email because you are subscribed to the real_time feed for http://smsy.mmwordpress.com/?feed=rss2. To change your subscription settings, please log into RSSFWD.