Thursday, November 27, 2008

[Laminkhin] 1 New Entry: နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မူ့ ဆန့် ကျင်ရေးနေ့ အခမ်းအနား၊

နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မူ့ ဆန့် ကျင်ရေးနေ့ အခမ်းအနား၊


နိုင်ငံတကာအမျိုးသမီးများအပေါ်အကြမ်းဖက်မူ့ 
ဆန့် ကျင်ရေးနေ့ အခမ်းအနားအားထိုင်းမြန်မာ
နယ်စပ်တွင် ပြုလုပ်ရာအဖွှဲ့ အစည်းအသီးသီးမှ
တက်ရောက်ကြပြီး လက်ရှိမြန်မာနိုင်ငံတွင် စစ်
အာဏာရှင်စနစ်ကြောင့် အမျိုးသမီးများ အား
ညှင်းပန်းနှိပ်စက်မူ့ အကြမ်းဖက်ခံရမူ အခြေ
အနေများ အားအဖွဲ့ အစည်းများမှ ရှင်းလင်း
ပြောကြားသွားခဲ့ပါသည်၊

You received this email because you are subscribed to the real_time feed for http://laminkhin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[We Fight We Win. -- " More than Media "] 4 New Entries: မြန်မာ ပြည်က လာတဲ့ စာ - '' အား လုံး ကုန် တော့ မယ် ''

မြန်မာ ပြည်က လာတဲ့ စာ - '' အား လုံး ကုန် တော့ မယ် ''

ရန်ကုန်တိုင်း အလုံမြို့နယ် သခင်မြပန်းခြံအနီးမှာရှိတဲ့ စာရင်းစစ်ချုပ်ရုံးကို အတွင်း ရေးမှူး(၁) သီဟသူရ တင်အောင်မြင့်ဦး ရဲ့အမိန့်နဲ ဗိုလ်တထောင်မြို့နယ်မှာရှိတဲ့ မီးရထားရုံးချုပ်ကိုပြောင်းရွှေ့ရမယ်လို့ကြားသိရပါ တယ်။ စာရင်းစစ်ချုပ်ရုံးဟာ ပြီးခဲ့တဲ့ ၂ဝဝ၆ ခုနှစ်ကတည်းက နေပြည်တော်ကိုပြောင်းရွှေ့ထားတာ ဖြစ်ဲပြီး၊ ကျန်ရှိနေတဲ့ စာရင်းကိုင်သင်တန်းကျောင်းကို ပြောင်းရွှေ့ရမှာဖြစ်ပါတယ်။ နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးချိန်မှာ အဆိုပါသင်တန်းကျောင်းကို ပြန်လည်ပြင်ဆင်ဘို့ နှောင့်နှေး နေခဲ့တာကြောင့် စာရင်းကိုင်သင်တန်းများကို အချိန်ကြာမြင့်စွာ ပိတ်ထားခဲ့ပါတယ်။


သခင်မြပန်းခြံအနီးကရုံးဟာနေရာအကွက်အကွင်းကောင်းတာကြောင့်အဲဒီအတွင်းရေးမှူး(၁)ရဲ့အမိန့်အရ မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက် ကိုလွှဲပြောင်းပေးရမယ် လို့လည်းသတင်းတွေထွက်နေပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ ဆိပ်ကမ်းသာလမ်းထောင့်မှာ ရှိတဲ့ သမဝါယမ ဝန်ကြီးရုံးဟောင်း ကိုလည်း အိုးအိမ်ဦးစီးဌာနအောက်ကို လွှဲ ပြောင်းထားပြီး ဖြစ်တဲ့အတွက် မကြာမီ လေလံတင်ရောင်းချတော့မယ်ဆိုတဲ့ ခန့်မှန်းမှုတွေလည်းရှိနေပါတယ်။ ကျနော်သိရှိသလောက်ပြောရရင် အစိုးရဟာ နိုင်ငံပိုင် အဆောက်အဦးများကို စီမံခန့်ခွဲပိုင်ခွင့် သာရှိပြီး၊ ရောင်း စားခွင့် မရှိပါခင်ဗျား၊၊



ရန်ကင်း အိုးအိမ် တိုက်ခန်း တွေ ၊ ၁၂ လုံးတန်းအခန်းတွေ ၊ ပုဇွန်တောင် အိုးအိမ်အခန်းတွေ၊ ဦးဝိစာရ အိုးအိမ် အခန်းတွေ ကို ပြန်စာရင်းလုပ်နေပြီး ၊ လေ လံပစ် ဘို့လုပ်နေပါတယ် လို့ ကြားရပါတယ်။လက်ရှိနေတဲ့ သူ တွေ ကို ဦးစားပေး ရောင်း ပေး ပါ မယ်တဲ့။ အခု အိုးအိမ်က ရ နေတဲ့ အိမ်လခတွေ က နဲ လွန်းပီး ၊ ခေတ် မမီတော့ တာရယ်၊ ပင်မဝန်ထမ်းတွေကို၊ နေပြည်တော် အတွက်ဘဲ သတ်မှတ် လိုက်ချင်တာရယ်ကြောင့်ပါတဲ့။ အဲဒီ မှာနေတာ က ဝန်ထမ်းဟောင်းတွေ ဗျ၊အခု ရ တဲ့ အိမ် လခ က ခေတ် မမီဆို အဲ ဒီ မှာ နေ ကြ သူ တွေ ရတဲ့ ပင်စင်လခ က လဲ ခေတ်မမီပါဘူး ခင်ဗျား။သူတို့ ပင်စင်ယူတုံး က အရပ်သား ညွှန်ချုပ် အဆင့်က ပင်စင် လခ တလ ၆ဝဝ ကျပ် ( ကျပ် ခြောက်ရာ ) ထက် မပိုပါဘူး ဗျာ ။



အခု အပေါ်မှာပြောသွားတဲ့ နေရာတွေထဲမှာ တစ်ချို့နေရာတွေက နိုင်ငံတော်နှင့် ထူးကုမ္ပဏီကြီး မှအဆင့် အင်မတန်မြင့်သော လူနေအိမ်ရာများ ဆောက်လုပ်ပါမယ်တဲ့။ဒီတစ်ခါရာထူးတက်လာတဲ့ စစ်တိုင်းမှူးတွေကို အိမ်မဆောက်ပေးရသေးဘူးတဲ့။ ဒါပေမယ့် စိတ်ချပါတဲ့။ လူကြီးတွေကို အပြင်ဘက်တန်းက လမ်းမကြီးဘေးက အကွက်ကွင်းကောင်းသော နေရာကောင်းများသာ ဆောက်လုပ် လှူဒါန်းပေးမည်ဖြစ်ပြီး ပိုက်ဆံပေးနိုင်တဲ့ မြန်မာပြည်သားတွေ အတွက် အတွင်းဘက်က လမ်းမနဲ့ဝေးတဲ့ဘက်တွေက အိမ်တွေကိုရောင်းချပေးပါ့မယ်တဲ့။



ဒါပေမယ့် ရှမ်းလမ်း ( ဗဟိုလမ်း ) ပေါ်မှာဆောက်မယ့် ( လက်ရှိ အစိုးရအိမ်ယာပါ။ ရာထူးကြီးတဲ့ သူတွေ နေပါတယ်။ ဆာကူရာဆေးရုံနဲ့ အလုံလမ်းမီးပွိုင့်ကြား ဆရာငြိမ်းဝပ်ရှော့နဲ့ ကပ်လျက်က ခြံကြီးပါ။ ) အဆင့်အထူးမြင့်အိမ်ယာများကတော့ တိုင်းမှူး အသစ်များကို ဦးစားပေး ဆောက်လုပ်လှူဒါန်း မည်ဖြစ် သောကြောင့် ရောင်းချရန် မကျန်တော့ပါတဲ့။


Rest of your post

ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ကျဆင်းနေ

မြန်မာ သတင်းသမား များအဆိုအရ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းဟာ ထက်ဝက်ကျော်မျှ ကျဆင်းသွားတယ်လို့ ဆိုတယ်။ ဒီလိုကျဆင်းသွားမှုက နာဂစ်မုန်တိုင်း အပြီးနောက်ပိုင်း မှာ တဟုန်းထိုး ကျဆင်းလာခြင်း ဖြစ်တယ် လို့  အေပီ သတင်းမှာ ဖေါ်ပြထားပါတယ်။ Weekly Eleven သတင်းဌာနရဲ့ အရ ရွေ တိဂုံဘုရား ကို လာရောက် လည်ပတ်သူဦးရေ ဟာ ၅၃ ၈၄၁ ယောက်ကနေ ၂၅၃၈၀ အထိ ကျဆင်းသွားတယ် လို့ သိရတယ်။


သမ၀ါယမ ဘဏ် ဒေ၀ါလီခံရတော့ မယ်



သမ၀ါယမ ဘဏ် က ဒေ၀ါလီခံရတော့မဲ့ အနေထားကိုရောက်ရှိနေကြောင်း အမည်မဖေါ်လိုတဲ့ ၀န်ထမ်းတဦးက သတင်းပေးပို့ လာပါတယ်။ ငွေအပ်ထားတဲ့ စီးပွားရေးလုပ်ငန်းရှင်များ က ငွေများကို မသိမသာ ပြန်ထုတ်နေကြတယ်လို့ သိရပါတယ်။ သမ၀ါယမ ဘဏ်က နိင်ငံခြားမှ တင်သွင်းလာတဲ့ ကွန်တိန်နာ တခုစာ ပစ္စည်းတွေကို လာဘ်စား မှုမှာ အဆင့်မြင့် တာဝန်ရှိသူတွေ ပတ်သက်နေတယ်လို့ သိရပါတယ်။ ကွန်တိန်နာမှာ ပါလာတဲ့ ပစ္စည်းတွေကတော့ ကားများ၊ အင်ဂျင်များ၊ ရေခဲသေတ္တာများ၊ အီတလီလုပ် မွေ့ရာနှင့် ခေါင်းအုန်းများ၊ ရုရှားထုတ်လုပ်သော အလွန်အဖိုးတန်သော Black Caviar ငါးဥ နက် အဖိုးတန်အစားသောက်ဗူးများ ၊ကာမအားတိုးဆေးအမြောက်အများနှင့် Blue Lable, Gold Label, Remy Martin ကဲ့ သို့ သော အရက်အကောင်းစားများ ပါဝင်ခဲ့ကြောင်းသိရပါတယ်။ ကိုရီးယားမှ ၀ယ်ယူခဲ့တဲ့သင်္ဘော အဟောင်း ၃ စင်းကိစ္စ မှာ လည်း လာဘ်စားမှု အကြီးအကျယ်ရှိခဲ့တယ်လို့ သိရပါတယ်။




Rest of your post

The task of unification


Dr Sein Myint
Mizzima News

The world's most renowned scientist of the 20th century, Albert Einstein, successfully revealed the nature of light with his Special Theory of Relativity in 1905 and postulated the curvature of spacetime in his Theory of General Relativity in 1916, integrating his work with Sir Isaac Newton's Universal Law of Gravitation, first conceived of over two-hundred years previously.

While high-profile searches for the unification of the four forces of nature continue through such mechanisms as the gigantic Large Hadron Collider near Geneva, the low-profile political quest for the "unification" of exile-Burmese democratic forces is subtly underway in the small town of Fort Wayne, Indiana.

It is most encouraging to learn that some exile student leaders from 1988 living in the United States and other countries have come together and are working under the process of unifying the exile democratic movement under a motto of 'One Voice One Goal,' as expressed by a former All Burma Students Democratic Front leader. And there is no shortage of endorsements and support from other exile democratic communities across the globe for their endeavors and efforts.

The unity talked about among exiles is long overdue, and time – a commodity that many exile opposition leaders took for granted for so long – is now running out. Soon after the 2010 elections in Burma, the legitimacy and mandate that the National League for Democracy (NLD) obtained through the 1990 elections will no longer be as effective a weapon as before.

The MPs elected in the 1990 election inside the country will soon be joining the Veteran Politicians club, currently comprised of ex-MPs from the Anti-Fascist People's Freedom League era that lost their legitimate posts after General Ne Win's military coup of 1962.

In order for any exile organization to be named as a Federal Democratic Government, it should be based and founded upon democratic principles and must be supported by a broad grassroots-based exile community residing across the globe. And it should be well structured and organized, comprising dedicated, committed, honest and trustworthy team players, who are democratically elected by the various exile communities as their representatives.

However, today there are many exile democratic groups and organizations currently operating under diverse banners, with leaders pursuing their own political agendas and maintaining an egotistic stature – instead of promoting, as they should, unity in spirit and political magnanimity.

One shining example of unification across divides can be seen in the current actions of US President Elect Barack Obama, who has repeatedly made statements to the effect that he will reach out across party and personal divides when forming his future cabinet. Already, his principle Democratic Primary rival, Hillary Clinton, has been offered the post of Secretary of State.

Sadly, many of our compatriots are still wavering on priorities and lingering on self interests rather than the public interest, with many having long been living off welfare from sympathetic donors.

Under such circumstances, the emergence of a frustrated younger generation is inevitable, as many of them are well educated in Western universities and have lived long enough to appreciate the ways and functioning of democratic societies. Yet, they are still committed to the well-being of their fellow countrymen and women in their impoverished homeland, dedicated to the restoration of democracy and basic human rights and now ready to take on the task of unification.

Many of them still well remember how dear the whole population had to pay for the failure of uniting key political players at the critical juncture surrounding 1988. History cannot be allowed to repeat itself.

But the military regime is now well entrenched and more powerful than before, on course with a plan to rule for many years. Since the democratic opposition inside the country has been continuously marginalized for nearly two decades, all exile democratic leaders are imbued with the political responsibility and moral obligation to unite under a common umbrella group and to work for a common goal.

(Dr. Sein Myint serves as the director of Policy Development of Justice for Human Rights in Burma, located in Maryland, USA. He is an Honorary Member of Amnesty International Chapter 22 in Washington D.C.)

You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[စိတ်၏စေရာနာခံလေသော] 1 New Entry: မှတ်တမ်းရေးသော ဆွေးရက်များ

မှတ်တမ်းရေးသော ဆွေးရက်များ














အချစ်လက်ဖ၀ါးထက်မှာ
ပါးအပ်ထားတဲ့ ပန်းသီးတစ်လုံး
ရင်ခုန်သံမပျက်သုဉ်းဘဲ ပြုတ်ကျခဲ့တာ
ရူးနှမ်းနှမ်းဖြစ်တဲ့ လက်အပြစ်လား
ပြုတ်ကျသွားတဲ့ ပန်းသီးအပြစ်လား.....

လှပတဲ့မေတ္တာ ငှက်ကလေးတစ်ကောင်ကို
ရွှေလှောင်အိမ်မှာ နှောင်ဖွဲ့ထားချင်တာ
ချစ်တတ်သူရဲ့ အပြစ်လား
ချစ်စရာကောင်းတဲ့ ငှက်ကလေးရဲ့အပြစ်လား.....

မီးထဲခုန်ဆင်းလို့ အသစ်ပြန်ဖြစ်ထွန်းတဲ့
ဖီးနစ်ငှက်မဟုတ်ဘူးဆိုတာ ငါမေ့နေခဲ့တယ်.....

လောကကြီးက ထူးဆန်းပါတယ်လေ
ရာမာယဏ ဇာတ်တော်မှာတောင်
အချစ်နွံထဲကျွံတဲ့ ဒဿ
မယ်သီတာကို ရဘို့ကြိုးစားခဲ့တာဘဲ.....

အချစ်ကြီးတဲ့ ဒဿ
ပြန်ရလိုက်တဲ့ မယ်သီတာရဲ့ဆုလာဘ်ကကော
နောင်ဆယ်သက်တောင် သေစေတဲ့.....

ခုနေချိန်များ မယ်သီတာရှိသေးရင်
နှောင်ဖွဲ့မဲ့ ဓါးတစ်ချောင်းပေးလို့
ဘယ်သူ့ကိုထိုးမလဲ မေးလိုက်ချင်တယ်
ရွေးချယ်လိုက်ပါလေ.....

အဆိပ်သင့်တဲ့ ငါ့ရင်ခွင်ကအချစ်ကို
မင်းမကြင်တော့တဲ့အခါ
တခြားတစ်ယောက် ရင်ခွင်မှာ
မင်းပျော်ရွှင်စွာ ခိုဝင်လှည့်ပါ
ငါငိုချင်ရင်လည်း ငိုနေခဲ့လိမ့်မယ်.....

ကောင်းကင်ထက် ပစ်လွှတ်လိုက်တဲ့မြှားတစ်စင်း
Velocity ကုန်လို့ပြန်လည်ကျဆင်းတဲ့အချိန်
ရင်ဆီးခံမြေပြင်ဟာ ငါမဟုတ်နိုင်တော့တာ
ကောင်းကင်သက် မကုန်ခင်ကတည်းက
ငါသိပြီးသားပါ.....

အဆုံးသတ်မှာ
ငါအပြုံးမပျက် ဟန်ဆောင်နေပေမယ့်
ရင်ခုန်သံတွေကတော့ ပျက်သုဉ်းရက်ကိုရောက်နေပြီ.....

အဆုံးတစ်နေ့မှာ
မင်းငါ့ကို လုံးဝမေ့ခဲ့ပြီဆိုရင်
ဒေါနပန်းတွေ လှိုင်လှိုင်ပွင့်တဲ့
အလွမ်းတောင်ထိပ်က သောကမြို့ရိုးရှေ့မှာ
ငါ့ရင်ကိုခွဲ ငါ့အသဲ(သည်း)ကိုစတေးပြီး
ငါ့သွေးနဲ့ ကဗျာတစ်ပုဒ်ရေးခဲ့မယ်
ဆွေးရက်မှတ်တမ်း တွင်စေတယ်.....



စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

You received this email because you are subscribed to the real_time feed for http://moemyinttane.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[စည်းလုံးခြင်းရဲ့ အင်အား] 1 New Entry: ဗိုလ်ချုပ်မှူးကြီးကို ပုန်ကန်ခြားနားပါမှ

ဗိုလ်ချုပ်မှူးကြီးကို ပုန်ကန်ခြားနားပါမှ

ဆောင်းပါးရှင် - အောင်ဇော် (ဧရာဝတီ ၀က်ဘ်ဆိုဒ်မှ ကူးယူဖော်ပြပါသည်)

တိုင်းပြည် အာဏာကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဆက်လက် ချုပ်ကိုင်ထားသဖြင့် မြန်မာပြည်ကြီးမှာ အကျဉ်းစခန်း သဖွယ် ပြောင်းလဲခဲ့ရသည်။ နောက်ဆုံး စစ်တပ်မှ တက်လမ်းရှိသည့် အရာရှိငယ်များ အပါအ၀င် တျပ်မတော် သားများသည်ပင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေမရှိမှ တိုင်းပြည်အခြေအနေ ယခုထက်ပိုမို ကောင်းလာမည်ကို သိနေကြပြီ ဖြစ်သည်။ တိုင်းပြည်ပျက်စီး ယိုယွင်းနေသည်ကို ထိုင်ကြည့်ရင်း တိုး၍ ဖြစ်ပေါ်လာနေကြသည့် မကျေနပ်မှုများကို အခြေခံ၍ သူတို့ တခုခုလှုပ်ရှား လာကြမည်လော။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် စစ်အစိုးရအတွင်းမှ ခေါင်းမာဂိုဏ်းသားများကို အာဏာမှ ဖယ်ရှား ဖြုတ်ချလိုက်ခြင်း သည်သာ ယခုတွေ့ကြုံ ခံစားနေရသော ဒုက္ခအကြပ်အတည်းများ အဆုံးသတ်သွားနိုင်သည့် တခုတည်းသော နည်းဖြစ်ကြောင်း တပ်မတော်သားများ၊ စစ်တပ်အရာရှိများက သိနေကြသည်။ ဤအချက်မှာ သံသယဖြစ်ဖွယ် မရှိပါ။

ယခုစစ်အစိုးရ လက်ထက်တွင် တပ်မတော်သားများ ဆင်းရဲချမ်းသာကွာဟမှု ကြီးထွားလာခဲ့ပြီး စစ်တပ် အတွင်း၌ပင် လူတန်းစား ကွာဟလာသည်ကို မြင်နေကြရသည်။ သာမာန်ရဲဘော်များမှာ အသက်ရှင်သန် ရပ်တည်နိုင်ရေးအတွက် ရုန်းကန်နေကြရသည့် အချိန်တွင် လာဘ်စား ဖောက်ပြန်နေကြသည့် ဗိုလ်ချုပ်များက မတန်မရာ ချမ်းသာနေကြသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ၎င်း၏သစ္စာခံများကို စစ်တပ်၏ အစိတ်အပိုင်းတခုက ဖြုတ်ချအာဏာသိမ်းရန် ကြံစည်နေသည် ဟု ဆိုလျှင်လည်း လုံးဝဖြစ်နိုင်ခြေ ရှိပါသည်။ ထိုသူတို့မှာ မည်သူဟု အတိအကျ မသိနိုင်သကဲ့သို့ မည်သည့်အချိန်တွင် ထကြွကြမည်ကိုလည်း အတတ်မပြောနိုင်ပါ။ သို့သော် သေချာနေသည်ကတော့ ထိုသူများကသာ သူတို့၏ ခေါင်းဆောင် ကြီးကို ပြန်လှန်ကြပြီဆိုလျှင် သူတို့နှင့်အတူ စစ်တပ်အတွင်းမှပင် အများအပြား ပူးပေါင်းလာကြလိမ့်မည် ဖြစ်သည်။

အကယ်၍ သတ္တိကောင်းသည့် အရာရှိငယ်တချို့က ဤသို့သောအရေးကိစ္စများကို သူတို့လက်နှင့် ဖြေရှင်းရန် ကြိုးပမ်း ခဲ့သည် ဆိုလျှင်လည်း ဤအဖြစ်မျိုးက မြန်မာ့သမိုင်းတွင် ပထမဦးဆုံးအကြိမ် မဟုတ်ပါ။

၁၉၇၆ ခုနှစ်တုန်းကလည်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကျော်ထင်အောက်တွင် အရာရှိအဖြစ် တာဝန်ထမ်းနေသည့် ဗိုလ်ကြီးအုန်းကျော်မြင့်က ဦးနေ၀င်း၊ ဦးစန်းယု အပါအ၀င် နိုင်ငံ့ခေါင်းဆောင်များကို လုပ်ကြံရန် ကြိုးပမ်းခဲ့ကြဖူးသည်။

ဗိုလ်ကြီးအုန်းကျော်မြင့်နှင့်အတူ ကာကွယ်ရေးတက္ကသိုလ် (DSA) မှ ဆင်းလာသူ တခြားစစ်ဗိုလ် အရာရှိငယ်များက စစ်ရုံး ချုပ်တွင် လျှို့ဝှက်အစည်းအဝေးထိုင်၍ မြန်မာနိုင်ငံကို စစ်ဖိနပ်အောက် ပထမဦးဆုံး သွတ်သွင်းခဲ့သည့် အာဏာရှင် ဦးနေ၀င်းကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခဲ့ကြသည်။

ထိုအကြံအစည်ကို ထောက်လှမ်းရေးများက နောက်ဆုံးဖော်ထုတ်နိုင်ခဲ့ပြီး မည်သူက ဦးဆောင်လှုပ်ရှား နေသည်ကို လိုက် လံရှာဖွေ ဖမ်းဆီးနိုင်ခဲ့ကြသည်။

ဇူလိုင်လ ၂ ရက်နေ့ ညနေခင်းတွင် ဗိုလ်ကြီးအုန်းကျော်မြင့်က ရန်ကုန်ရှိ အမေရိကန်သံရုံးတွင် ခိုလှုံခွင့် တောင်းခံရန် ဆုံးဖြတ်ခဲ့သည်။ သူက သံအမတ်ကြီးနေအိမ်ရှေ့မှောက်ရောက်၍ မအောင်မြင်ခဲ့သော အာဏာသိမ်း အကြံအစည်ကို ရှင်းပြကာ ခိုလှုံခွင့်တောင်းခံခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရသည်။ နောက်ဆုံး ထောက်လှမ်းရေး များက သူ့ကို ဖမ်းဆီးနိုင်ခဲ့ကြသည်။

ဗိုလ်ကြီးအုန်းကျော်မြင့်နှင့် တချို့သော စစ်တပ်အရာရှိများကို ခုံရုံးတင်စစ်ဆေးစဉ် ကာလတွင် ထိုသူတို့မှာ ချက်ချင်း ဆိုသလို နေ့ချင်းညချင်း သူရဲကောင်းများ ဖြစ်လာကြပါသည်။ အာဏာသိမ်းမှုနှင့် ဆက်စပ်သည်ဟု ယူဆ၍ စစ်မေးခံရသူ စစ်သားများနှင့် အရာရှိများက ဗိုလ်ကြီးအုန်းကျော်မြင့်နှင့် သူ၏အုပ်စုကို မည်မျှ ကြည်ညိုလေးစားကြောင်း ပြောဆို ခဲ့ကြသည်။ အင်းစိန်တွင် စစ်ဆေးခဲ့သည့် လူအများကြားနာနိုင်သောခုံရုံး၌ တက်ရောက် နားထောင်ခဲ့ရသူများက သူပုန်အရာရှိငယ်များကို လေးစားကြောင်း ဖော်ပြပြောဆိုခဲ့ကြပါသည်။

စွပ်စွဲခံထားရသူ တပ်မတော်အရာရှိများက တရားခွင်စင်မြင့်ကိုသုံး၍ ဦးနေ၀င်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို တိုက်ခိုက်ခဲ့ကြသည်။ သူတို့က ခြစားနေသည့် အရာရှိများကို ပြစ်တင်ရှုံ့ချကြပြီး စစ်အစိုးရ၏ မူဝါဒများကို ဝေဖန် ခဲ့ကြသည်။ ဤမူဝါဒများကြောင့် တိုင်းပြည်စီးပွားရေး ချွတ်ခြုံကျခဲ့ရသည်ဟုလည်း ပြောဆိုခဲ့ကြသေးသည်။

သူတို့၏ သက်သေထွက်ဆိုချက်များက ရှေ့ဖြစ်ကို ကြိုတင်ဟောကိန်းထုတ်ခဲ့သည့် အလား မှန်ခဲ့ပါသည်။ နောက်ထပ် ဆယ်စုနှစ် တခုအကြာတွင် ပျက်စီးယိုယွင်းနေသည့် စီးပွားရေးအခြေအနေကြောင့် လူမှုရေး မငြိမ်မသက်မှုများ ဖြစ်လာခဲ့ရ ပြီး နောက်ဆုံး ဦးနေ၀င်း နှုတ်ထွက်ရသည်အထိ ဖြစ်စေခဲ့သည်။ (သို့သော်လည်း ကမောက်ကမနိုင်လှသည့် လွဲချော် မှုတခုမှာ ဦးနေ၀င်း၏ စီးပွားရေးမူဝါဒများကို ပြစ်တင်ဝေဖန်ခဲ့သူ သူပုန်အရာရှိ ဗိုလ်ကြီးသိန်းဝင်းက ယခုလက်ရှိ စစ်ခေါင်းဆောင်များနှင့် နီးနီးစပ်စပ်ပေါင်း၍ သန်းကြွယ်သူဌေး ဖြစ်နေသည့်အချက်ပင် ဖြစ်သည်)

အရာရှိငယ် မြောက်များစွာကို ထောင်ချခြင်း၊ အရေးယူခြင်း၊ အတင်းအကျပ်နုတ်ထွက်စေခြင်းများ ပြုခဲ့သည့်ပြင် စစ်ရုံးချုပ် မှ အရာရှိငယ် ရာပေါင်းများစွာကို သူတို့၏တာဝန်များမှ ထုတ်ပယ်ခဲ့ပြီး အာဏာသိမ်းရန် ကြံစည်မှုနှင့် ပတ်သက်သည်ဟု ယူဆရသည့် တိုင်းမှူးများကိုလည်း အတင်းအကျပ် နုတ်ထွက်စေခဲ့သည်။ ယခုအခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၌ ဒုတိယဥက္ကဋ္ဌဖြစ်နေသူ ယခင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးတင်ဦးမှာလည်း ဤကိစ္စဖြင့် ထောင် သွင်းအကျဉ်းချခံရသည့် အရာရှိများတွင် တဦးအပါအ၀င် ဖြစ်သည်။ ၎င်းမှာ အာဏာသိမ်းရန် ကြံစည်သည်ကိုသိလျှက်နှင့် ထိမ်ချန်ထားမှုဖြင့် အရေးယူ အပြစ်ပေး ခံခဲ့ရခြင်းဖြစ်သည်။

ထိုအချိန်က ဗိုလ်မှူးကြီးအဆင့်သာရှိသေးပြီး ဦးနေ၀င်းကို သစ္စာစောင့်သိနေသည့် ဗိုလ်သန်းရွှေက ဤဖြုတ်ထုတ်ရှင်းပွဲမှ ကံသီကာ လွတ်မြောက်ခွင့် ရခဲ့သည်။

ဗိုလ်ကြီးအုန်းကျော်မြင့်က အာဏာသိမ်းမှုတွင် သူတာဝန်ယူခဲ့သည့် အပိုင်းကဏ္ဍကြောင့် ကြိုးပေး ကွပ်မျက်ခံခဲ့ရသည်။ သို့ သော်လည်း သူ၏အမည်ကို မြန်မာပြည်သူများက မေ့မသွားခဲ့ကြပါ။ အာဏာကို ချုပ်ကိုင်ထားပြီး တိုင်းပြည်ကို ဇီဝိန်ချုပ် အောင် တဖြည်းဖြည်းချင်းသတ်နေသူကို ဖယ်ရှားပစ်ရန် ကြိုးစားခဲ့သည့် သူ၏ သူရဲကောင်းဆန်လှသော လုပ်ရပ်ကို လူအများက ယခုတိုင် လက်ခုပ်တီးအားပေးလျက် ရှိသည်။

ဦးနေ၀င်းကို လုပ်ကြံရန် ကြိုးပမ်းမှု မည်သည့်အတွက်ကြောင့် မအောင်မြင်ဖြစ်ခဲ့ရလေသနည်း။ အာဏာသိမ်းပြီးလျှင် ခေါင်းဆောင်တင်ရန် ကြံထားသည့်သူများက သူတို့အကြံကို ဆိုင်းငံ့ထားရန် အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့သောကြောင့်ဟု လူတချို့က ပြစ်တင်ကြသည်။

တကြိမ်တွင် သူတို့၏ စစ်တပ်ဂျစ်ကားကို ဦးနေ၀င်းနှင့် ထိပ်တန်းခေါင်းဆောင်များ နေထိုင်ရာ အေဒီလမ်းထဲအထိ မောင်းဝင်လာပြီး သူတို့အကြံကို အကောင်အထည် ဖော်လုဆဲဆဲတွင်မှ ပြန်၍ လက်လျှော့ ရုပ်သိမ်းသွားခဲ့သည်။ ထိုစဉ်က သူတို့၏ ကားမှန်ပေါ်သို့ ငှက်သေတကောင် ပြုတ်ကျလာသည့် အတွက် ကံမကောင်းဟု ယူဆကာ နောက်ဆုံးမိနစ်တွင်မှ အစီအစဉ်ဖျက်ခဲ့ခြင်း ဖြစ်သည်။

ယနေ့အချိန်တွင် ဗိုလ်ကြီးအုန်းကျော်မြင့်ကဲ့သို့သော အရာရှိငယ်များ စစ်တပ်ထဲတွင် မရှားကြောင်း ပြောဆိုနေကြပါသည်။ မြန်မာပြည်သူများကလည်း "သူတို့ဘယ်နေရာမှာ ရှိနေကြပါလိမ့်" ဟု မေးကောင်း မေးနိုင်ပါသည်။ ဖြစ်နိုင်သည်မှာ အတိတ်အတွေ့အကြုံ သင်ခန်းစာများအရ ပို၍ သတိကြီးကြီး ထားနေကြခြင်း ဖြစ်ပေလိမ့်မည်။ (သို့သော်လည်း ဗိုလ်ကြီးအုန်းကျော်မြင့်၏ အတွေ့အကြုံအရ သတိကြီးကြီး အထား လွန်နေခြင်းက မကောင်းကြောင်း ပြသထားပြီး ဖြစ်သည်။)

မျှမျှတတဆိုရလျှင် စစ်တပ်အတွင်း၌ သဘောထားပျော့ပြောင်းမှုကို မည်သူမဆို လိုလားနိုင်သည်။ ဒေါ်အောင်ဆန်း စုကြည်ကို ထောက်ခံမှ၊ ဒီမိုကရေစီ အရေးကိုထောက်ခံသည့် သဘောထားရှိမှရယ်လို့ မဟုတ်ပါ။ ထိုသူတို့က တိုင်းပြည်အာဏာကို လိုချင်၍ ကြိုးပမ်းကြခြင်း မဟုတ်ဘဲ ကျဆင်းနေသည့် တပ်မတော် ဂုဏ်သိက္ခာကို ဆယ်ရန် သူတို့၏တာဝန်ကို သူတို့ ထမ်းဆောင်ကြခြင်းလည်း ဖြစ်နိုင်ပါသည်။

တချိန်က မြန်မာလူမျိုးများက ပြည်ပရန်မှ ကာကွယ်ပေးနိုင်ရေးအတွက် တပ်မတော်ကို အားကိုးခဲ့ကြပါသည်။ ဥပမာအား ဖြင့် တရုတ်နိုင်ငံတွင် ကွန်မြူနစ်များ အာဏာရပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း ကျူးကျော် လာကြသည့် ကူမင်တန်တပ် ဖွဲ့များ ရန်မှ ကာကွယ်ပေးရေးအတွက် အားကိုးခဲ့ကြပြီး ဗြိတိန်ထံမှ လွတ်လပ်ရေး ရရှိပြီး မကြာမီဖြစ်ပွားလာခဲ့သည့် ရောင်စုံ သူပုန်ထမှုတွင်လည်း စစ်တပ်၏ ကာကွယ်ပေးမှုကို လူအများက မျှော်လင့်ခဲ့ကြပါသည်။

ယခုအခါ မြန်မာ့တပ်မတော်ကို သာမာန်ပြည်သူများက ရွံ့ကြောက်ကြောက်နေကြရသည်။ လက်ရှိ ဤသို့ဖြစ်နေရသည့် အခြေအနေကို တိုင်းပြည်တာဝန်ထမ်းနေကြသည်ဟု ယုံကြည်ထားကြသည့် တပ်မတော်အရာရှိ အများအပြားက စိတ်အနှောင့်အယှက် ဖြစ်နေကြရပါသည်။

စစ်တပ်အတွင်းတွင် အမှန်တကယ် မျိုးချစ်စိတ်ရှိသည့် တပ်မတော်အရာရှိများ ရှိနေကြကြောင်းကို မြန်မာ ပြည်သူ အများက သိထားကြပါသည်။ ထိုမျှမက သူတို့အထဲက တဦးတလေက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အာဏာစက်ကို ရိုက်ချိုး နိုင်လိမ့်မည်ဟုလည်း ယုံကြည်မျှော်လင့်နေကြပါသည်။

အာဏာပြန်သိမ်းမည့်ကိစ္စကို စိတ်ကူးယဉ်မှုတရပ်ဟု ယူဆနိုင်စရာ ရှိသော်လည်း ပြည်သူများအနေနှင့် တပ်မတော်ထဲတွင် အမှန်တကယ် ရဲစွမ်းသတ္တိနှင့် တည်ကြည်မှုရှိသည့် အရာရှိများ ကျန်ရှိနေသေးကြောင်း အမှန်တကယ် ယုံကြည်ချင်နေ ကြပါသေးသည်။

You received this email because you are subscribed to the real_time feed for http://photayokeking.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ပန်ဒိုရာ] 1 New Entry: Ten Things I Hate About Myself

Ten Things I Hate About Myself

လုပ်ကြပြန်ပြီ။ ကိုယ့်ကိုယ်ကို အမုန်းဆုံး ၁၀ ချက်တဲ့။ ကိုယ့်ကိုယ်ကိုများ မုန်းစရာလား။ ငယ်ငယ်ကတော့ I hate myself for loving you! ဆိုတဲ့ သီချင်းမျိုး ဆိုဖူးရဲ့။ အခုတော့လည်း ဒါမျိုးတွေ သိပ် applicable မဖြစ်တော့ဘူး။ (ထင်တာပဲ) :)

ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို အမြင်ကတ်မိသလိုလို ဖြစ်စေတဲ့ အချက်တွေကတော့ …

(၁) ဆရာကြီးလုပ်တတ်ခြင်း
တကယ်တော့ ဆရာကြီးလုပ်တယ် ဆိုတာလည်း မလွယ်ပါဘူး။ လုပ်ရမယ့် အကြောင်းအရာကို ပိုင်နိုင်ရမယ်။ လုပ်ပုံလုပ်နည်း ကျွမ်းကျင် သပ်ရပ် ပါးနပ်ရမယ်။ လုပ်ရမယ့် ကာလံ ဒေသံကို သဘောပေါက်ရမယ်။ ကိုယ်ဆရာကြီးလုပ်တာကို ခံရမယ့်လူအပေါ်မှာ ဘယ်လောက် အတိုင်းအတာအထိ ဆရာကြီး လုပ်လို့ ရသလဲ ဆိုတာကိုလည်း သေသေချာချာ လေ့လာထားရမယ်။ မှတ်ထားကြနော်။ ဟတ်ပလား….။

(၂) ကြွားဝါတတ်ခြင်း
ပညာအရည်အချင်း ခေသူမဟုတ်၊ ရုပ်ရည်ရူပကာ အလွန်ကြည့်ကောင်း၊ အလုပ်အကိုင် ကြီးကြီးမားမား၊ ငွေရေးကြေးရေး ပူစရာမလို၊ ဆွေကြီးမျိုးကြီးက ပေါက်ဖွားပြီး အလွန်စိတ်ကောင်းရှိသူ ဆိုတော့ကာ ကိုယ့်အကြောင်းကိုယ် အရှိအရှိအတိုင်း ပြောမိတဲ့အတွက် ကြွားဝါသလို ဖြစ်သွားတတ်ပါတယ်။

(၃) ဆင်ခြေဆင်လက်များခြင်း
အကြောင်းပြချက်ပေးတယ် ဆိုတာ ပေးချင်တိုင်း ပေးနေတာတော့ ဘယ်ဟုတ်ပါ့မလဲ။ အကြောင်းပြချက်မှ မပေးဘူး ဆိုရင် ဘယ်ဟာကို ဘာကြောင့် ဘယ်လို လုပ်ခဲ့သလဲ၊ တကယ်လို့ မှားသွားရင်လည်း ဘယ်နေရာမှာ ဘာကြောင့်မှားခဲ့သလဲ ဆိုတာတွေကို ဘယ်လိုလုပ်ပြီး သိနိုင်တော့မလဲ။ ဒါဟာ အကြောင်းပြချက်တွေ ပေးနေရခြင်းရဲ့ အကြောင်းရင်းပဲ။

(၄) စိတ်တိုလျှင် ခပ်ပြတ်ပြတ်ဘုပြောတတ်ခြင်း (အထူးသဖြင့် အွန်လိုင်းမှာ)
စိတ်တိုတယ် ဆိုမှတော့ ဘုမပြောလို့ ဘယ်လိုပြောရမလဲ။ ကဲ..။

(၆) မေ့တတ်ခြင်း
အသက်ကလေး ထောက်လာတော့ မေ့တတ်ပါတယ်။ အဲလို မေ့တတ်တဲ့ ဥပမာတွေထဲက တစ်ခုကို ပြောပြရမယ် ဆိုရင်တော့… အဲ.. မေ့သွားပြီ။

(ရ) တွေဝေတတ်ခြင်း
တွေဝေတတ်တဲ့ အကြောင်းကိုတော့ ပြောပြရင် ကောင်းပါ့မလား.. ပေါ့နော်။ ဒါက စိတ်ထဲမှာ ဖြစ်နေတာ ဘယ်သူမှ မြင်တာမှ မဟုတ်တာ။ ရေးချလိုက်လို့ မကောင်းဘူး ထင်တယ်နော်။ အို.. ဘာဖြစ်လည်းလေ။ ပြောတော့ ပြောလိုက်ပါမယ်။ နေပါဦးလေ.. ပြန်စဉ်းစားပါဦးမယ်။

(၈) လျှို့ဝှက်ဖုံးကွယ်တတ်ခြင်း (သို့သော် ပြန်ပေါ်တတ်ခြင်း)
ဟဲ..။ ဒီပို့စ်ကိုရေးဖို့ တက်ဂ်ထားတာကို ရေးတာ မြန်လိုက်တာလို့ ထင်မနေဘူးလား။ ဒါကတော့ လျှို့ဝှက်ချက်ပဲ။ ရှေ့မှာ ဒီလိုခပ်ဆင်ဆင် ပို့စ်ကို ပန်ဒိုရာဘာကောင်လဲ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရေးဖူးတယ်ဆိုတာ ပြောပြလို့တော့ ဘယ်ဖြစ်ပါ့မလဲ။

(၉) နမော်နမဲ့ ပျာယီးပျာယာ ဖြစ်တတ်ခြင်း
ဒါကတော့ နံပတ် (၉) အချက်ပါ။ ဟေဟေ့… ပြီးတော့မယ်။ အယ်.. နေဦး ပြန်ရေကြည့်လိုက်ဦးမယ်။ အာ.. နံပါတ်စဉ် ကျော်သွားတာကိုး။ စာဖတ် ပရိသတ်ကြီးရေ.. ဒီအချက်ကို နံပါတ် (၈) လို့မှတ်လိုက်ပါ။ ဟာ.. ဒါလည်း မရသေးဘူး။ အိုကေ.. ဒီလိုလုပ်။ နံပါတ် (၆)က စပြီး နံပါတ်စဉ်များကို ဂဏန်းတစ်လုံးစီ လျှော့ကြည့်ပါရန်။ ဒီတော့ ၁၀ခု ပြည့်အောင် နံပါတ် (၉)ကို ၂ ခါ တပ်လိုက်မယ်နော်။ ဟူး… မောသွားတာပဲ။

(၉) ပျင်းတတ်ခြင်း
ဟိ… ၁၀ ခုပြည့်အောင် အလွယ်ဆုံး ဒီတစ်ချက်ကို အသာလေး ထိုးထည့်လိုက်တယ်။

(၁၀) အလုပ်ကို အချိန်ဆွဲကာ နောက်ဆုံးစက္ကန့်မှ ထလုပ်တတ်ခြင်း
တကယ်တော့ ဒီအကျင့်ကို ရှေ့မှာကတည်းက ရေးမလို့ပဲ။ နောက်မှ ရေးလည်း ရပါတယ်လို့ နေနေတာ။ ဟော… ပြောရင်း နံပါတ် ၁၀ ရောက်သွားပြီ။ ကံသီပေလို့။ ကျန်ခဲ့တော့မလို့။



(မတူးတူးသာ တက်ဂ်ထားတာပါ။)

မှတ်ချက်။ အလေးအနက် အမှန်အကန် ရေးခြင်းမဟုတ်။ တခါတလေ ပျော်ရွှင်နိုင်ကြစေရန် ရေးထားခြင်းသာ ဖြစ်ပါသည်။



You received this email because you are subscribed to the real_time feed for http://pandora-and-pandora.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဒီရေ] 1 New Entry: အရေးနိမ့်ခဲ့ရသော မြန်မာ့ အကြမ်းမဖက် တော်လှန်ရေး (အပိုင်း ၁)

အရေးနိမ့်ခဲ့ရသော မြန်မာ့ အကြမ်းမဖက် တော်လှန်ရေး (အပိုင်း ၁)

ဆောင်းပါး နော်မန် ရိုဘက်စ် စပီရီ ဧရာဝတီ | ရန်ကုန်နှင့် တခြားမြို့ကြီးများတွင် ဖြစ်ပွားခဲ့သည့် အကြမ်းမဖက် ဆန္ဒပြပွဲများကို မြန်မာစစ်အစိုးရ ဖြိုခွင်းချေမှုန်းခဲ့သည်မှာ တနှစ်လည်ခဲ့ပြီ ဖြစ်သည်။

ဤဆန္ဒပြပွဲများက လူအများ မျှော်လင့်မထားဘဲ ပေါ်ပေါက်လာကြပြီး၊ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲရေးကို တောင်းဆိုခဲ့ကြသည်။


(ဓာတ်ပုံ - မြတ်မိုးမောင်/ဧရာဝတီ)
သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများကြောင့် မြန်မာလူထုများ ခံစားနေရသည့် အရေးကို ကမ္ဘာက အချိန်တို အတွင်းမှာပင် အာရုံပြုလာမိစေခဲ့သည်။ အလားတူပင် ဤဆန္ဒပြပွဲများအပြီး ပေါ်ထွက်လာသည့် ရလဒ်ကြောင့် အတိုက်အခံများ ရေရှည်ကြာ အသုံးပြုခဲ့ကြသည့် အကြမ်းမဖက်သော မဟာဗျူဟာက စစ်အစိုးရကို ပြောင်းလဲလာ စေရေးအတွက် အလုပ်မဖြစ်နိုင်ကြောင်း သက်သေထင်ရှား ပြသခဲ့သလို၊ မြန်မာ စစ်အစိုးရအဖို့လည်း အကြမ်းဖက်မှုကို အသုံးချလိုက်ခြင်းသည် ၎င်း၏ အားနည်းပျော့ညံ့မှုကို ပြသလိုက်ရာ ရောက်စေခဲ့သည်။

ဤဆန္ဒပြပွဲများသည် စီးပွားရေးအကျပ်အတည်းကြောင့် အလိုအလျောက်ပေါ်ပေါက်လာသည်ဟု အပြင်ပန်းက မြင်ရန်ရှိ သော်လည်း၊ အမှန်တွင် ပြည်တွင်းနှင့် ပြည်ပရှိ အတိုက်အခံ အင်အားစုများက စစ်အစိုးရကို အံတုနိုင်ရန် နှစ်ရှည်လများ ပြင်ဆင်ခဲ့သည့် အစီအစဉ်များ၏ ရလဒ်အဖြစ် ပေါ်ထွက်လာချက်ပင် ဖြစ်သည်။ စစ်အစိုးရကိုဆန့်ကျင်နေကြသည့် အတိုက်အခံများကို မြန်မာ့လွတ်လပ်ရေးဗိသုကာ တဦးဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်း စုကြည်က ဦးဆောင်နေပြီး သူမက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရန်အတွက် အကြမ်းမဖက်နည်းနှင့် ဆောင်ရွက်မည်ဟု သံန္နိဌာန်ချမှတ်ထားသူ တဦးလည်း ဖြစ်သည်။ ဤယုံကြည်ချက်ကြောင့်ပင် သူမအပေါ် ကမ္ဘာက လေးစားကြည်ကြရပြီး ငြိမ်းချမ်းရေးနိုဘဲဆု အပ်နှင်းချီးမြှင့်ခံရသူလည်း ဖြစ်သည်။ ဒီမိုကရေစီအရေးတောင်းဆိုသည့် ဆန္ဒပြသူများကို ၁၉၈၈ ခုနှစ် တွင် စစ်သားများက ပစ်ခတ်သတ်ဖြတ်ခဲ့ကြပြီးနောက် ဆယ်စုနှစ် ၂ ခုအကြာ ပြန်ကြည့် လိုက်သောအခါ သူမ ဦးဆောင်သည့် အကြမ်းမဖက် တော်လှန်ရေးတွင်လည်း သိသာထင်ရှားသည့် ရလဒ် ပြစရာမရှိ ဖြစ်နေရသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပြီး၊ ဤအချက်က အတိုက်အခံများအတွက် နိုင်ငံရေးအရ စိတ်ကြီးဝင်ဂုဏ်ယူဖွယ်အချက် ဖြစ် စေခဲ့သည်။ ရွေးကောက်ပွဲရလဒ်အတိုင်း အသိအမှတ်ပြုရန် စစ်အစိုးရကငြင်းဆန်ခဲ့သော်လည်း NLD ပါတီနှင့် အနည်းစု သော အတိုက်အခံ တက်ကြွလှုပ်ရှားသူများအဖို့ ဤရွေးကောက်ပွဲရလဒ်ကြောင့် တရားဝင်မှု ရစေခဲ့သည်။ အတိုက်အခံ အများစုက ယနေ့တိုင် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပေးရန် တောင်းဆိုချက်ကို သဲကြီးမဲကြီး ဆက်လက်ဆုပ်ကိုင် ထားဆဲရှိသည်။ သို့သော်လည်း တနှစ်ပြီးတနှစ် ဖြတ်သန်းလာသည်နှင့်အမျှ တရားဝင်မှုကလည်း ပါးလျလာနေခဲ့သည်။ ရွေးကောက်တင်မြှောက်ခံထားရသည့် ကိုယ်စားလှယ်များ၏ ၂၀% က ဤနှစ်များအတွင်း သေဆုံးခဲ့ပြီဖြစ်ပြီး၊ ကျန် ၄၀% မှာ နှုတ်ထွက်ခြင်းရှိသလို၊ ထုတ်ပယ်ခံရခြင်းလည်း ရှိခဲ့သည်။

အတိုက်အခံများဟု ဆိုရာ၌ အမျိုးမျိုးသော နိုင်ငံရေးအဖွဲ့အစည်းများ ပါဝင်ပါသည်။ ၎င်းအဖွဲ့များအနက် ထင်ရှားသည့် ဒေါ် အောင်ဆန်းစုကြည်၏ အစ်ကိုဝမ်းကွဲတော်စပ်သူ ဒေါက်တာစိန်ဝင်းဦးဆောင်သည့် အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မြန်မာနိုင်ငံ ဒီမိုကရေတစ် မဟာမိတ်အဖွဲ့ချုပ် (DAB) ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) (NLD-LA) စသည့် အဖွဲ့များ ပါဝင်ကြပါသည်။

ထို့အပြင် တပ်ပေါင်းစုအဖွဲ့များလည်း ရှိနေကြသေးသည်။ ဥပမာ မြန်မာနိုင်ငံ ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (DAB)၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) စသည့် တပ်ပေါင်းစုများတွင် နိုင်ငံရေးအဖွဲ့မျိုးစုံနှင့် တိုင်းရင်းသား သူပုန် လက်နက်ကိုင်အဖွဲ့များ ပါဝင်ဖွဲ့စည်းထားကြပါသည်။ ဤအဖွဲ့များက အနောက်နိုင်ငံရှိအဖွဲ့များဖြစ်ကြသည့် လွတ်လပ် သည့် လူ့ဘောင်အဖွဲ့ (OSI) နှင့် အမျိုးသားဒီမိုကရေစီ ဖွံ့ဖြိုးရေးအဖွဲ့ကြီး (National Endowment for Democracy) စသည်တို့ထံမှ သိသိသာသာ ပံ့ပိုးကူညီမှုများ ရနေကြပါသည်။

ဤအဖွဲ့အများစုက ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုကို နာယူကြပြီး နိုင်ငံရေးအပြောင်းအလဲများသည် အကြမ်းမဖက် သည့် နည်းလမ်းဖြင့်သာ ရနိုင်သည်၊ ဤသို့လည်း ရယူရမည်ဟု ယုံကြည်ထားကြသူများ ဖြစ်သည်။ ဤအယူအဆကို နယူး ယောက်မြို့နှင့် ဂျီနီဗာ အခြေစိုက် အယ်လ်ဗတ် အိန်းစတိန်း အင်စတီကျု (Albert Einstein Institute) ကလည်း ပို၍ခိုင်မာ လာစေရန် တွန်းပို့ပေးခဲ့ပါသည်။ ၁၉၉၄ ခုနှစ်တွင် ၎င်းအဖွဲ့က ပံ့ပိုးကျင်းပသည့် မြန်မာ့ဒီမိုကရေစီရေးအတွက် နိုင်ငံရေး အန်တုမှု သင်တန်းနှင့် ဆွေးနွေးပွဲများကို မြန်မာဒီမိုကရေစီ အတိုက်အခံအဖွဲ့များအတွင်း လာရောက် ဆွေးနွေးပို့ချခဲ့ကြပြီး သင်တန်းတက်ရောက်သူများတွင် ABSDF, NLD-LA, DAB, NCGUB စသဖြင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ခဲ့ကြသည်။ ဤသို့အရေးပါသည့် သင်တန်းများကို လာရောက်ပို့ချခဲ့သူမှာလည်း အဖွဲ့တည်ထောင်သူ ဒေါက်တာ ဂျင်းရှပ် (Gene Sharp) ကိုယ်တိုင် ဖြစ်သည်။

ဒေါက်တာဂျင်းရှပ်ကိုယ်တိုင်ကိုယ်ကျ မြန်မာအတိုက်အခံများနှင့် ဆက်စပ် ပတ်သက်နေမှုကို စစ်အစိုးရ၏ အတွင်းရေးမှူး -၁ ဗိုလ်ချုပ်ကြီးခင်ညွန့်က ၁၉၉၇ ခုနှစ်၊ ဇွန်လ သတင်းစာရှင်းလင်းပွဲတွင် နာမည်ဖော်ပြ၍ တိတိကျကျစွပ်စွဲလာခဲ့သည်။ အကြမ်းဖက်သမားများကို နိုင်ငံရပ်ခြားက ကူညီထောက်ပံ့နေသည်ဟု ပြောဆိုစွပ်စွဲခဲ့သည်။ တကယ်တော့ ပြစ်တင်ရှုံ့ချရမည့်အစား ဗိုလ်ချုပ်ခင်ညွန့်က ဂျင်းရှပ်ကို ဂုဏ်ပြုရန်ပင် သင့်သေးသည်။ အကြောင်း မှာ အကြမ်းမဖက်ရေး အယူအဆကို လာရောက်ဟောပြော မြှင့်တင်ပေးနေသူ ဖြစ်သောကြောင့်ပင်။

အတိုက်အခံအင်အားစုများက အကြမ်းမဖက်နည်းကို ဆုပ်ကိုင်နေကြစဉ်တွင် စစ်အစိုးရအဖို့ အကြောက်တရားကို တဦး တည်း ချုပ်ကိုင်ချယ်လှယ်ခွင့် ရသွားစေခဲ့သည်။ ဤသို့ အကြောက်တရားဖြင့် စိုးမိုး၍ ၎င်း၏ အနေအထားကို ပိုမိုခိုင်မာစေ ခဲ့သည်။ မြန်မာလူမျိုးများ၏ ဘ၀ကို နောက်မျိုးဆက်များစွာတိုင် ဖျက်စီးခွင့် ရစေခဲ့ပြီး အချို့သောဖြစ်ရပ်များတွင် စစ်အစိုးရ လက်ချက်ကြောင့် အသက်ဆုံးရှုံးရမှုများလည်း အများအပြား ရှိခဲ့သည်။ ထိုထက်ဆိုရလျှင် အကြမ်းဖက်မှုကြောင့် ဖြစ်လာ မည့် အကျိုးဆက်များကို ပစ်ပယ်ခဲ့သောကြောင့်လည်း စစ်အစိုးရကို ဆွေးနွေးပွဲစားပွဲခုံပေါ်သို့ ရောက်လာစေရန် တွန်းပို့နိုင် မည့် အင်အားတခုကို လက်လွတ်ဆုံးရှုံးခဲ့ကြရသည်။

ထိုထက်ပိုသည်မှာ အကြမ်းမဖက်မှုကို အလေးပေးမြှင့်တင်ခဲ့ခြင်းကြောင့်လည်း စစ်အစိုးရကို အန်တုမည့် အတိုက်အခံ အင်အားစုများအကြား ညီညွတ်ရေးကို အားလျော့စေခဲ့သည်။ ဗိုလ်ချုပ်ခင်ညွန့်၏ ပရိယာယ်ကြွယ်ဝမှုအောက်တွင် တိုင်း ရင်းသား လက်နက်ကိုင်အင်အားစုအများ လက်နက်ချခဲ့ကြသည်။ သူတို့အဆိုအရ "အလင်းဝင်" ခဲ့ကြသည်။ အနည်းဆုံး အပစ်အခတ်ရပ်စဲရေး အဆင့်အတန်းကို လက်ခံအောင် စစ်အစိုးရက စွမ်းဆောင်နိုင်ခဲ့သည်။ ဤအဖွဲ့များအတွက် ဗိုလ်ချုပ် ခင်ညွန့်က မက်လုံးအမျိုးမျိုးပေး၍ အသုံးပြုခဲ့သလို၊ တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်များ၏ ပူးပေါင်းဆောင်ရွက်မှုကို ရရှိရန် လည်း စစ်အစိုးရက လုပ်ဆောင်နိုင်ခဲ့သည်။ အကြမ်းမဖက်ရေးနည်းနာကို မြှင့်တင်ခဲ့ခြင်းကြောင့်လည်း ၎င်းအဖွဲ့ ခေါင်း ဆောင်များ အနေနှင့် လာဘ်လာဘများ မျှော်ကိုးလက်ခံရန် ပို၍ အဆင်ပြေစေခဲ့သည်။

စစ်အစိုးရက တိုင်းရင်းသားသူပုန်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိအောင် စွမ်းဆောင်နိုင်မှုကြောင့် တဖက်တွင် အတိုက်အခံအင်အားစုများအတွင်း အကွဲအပြဲကို အမြဲခြောက်လှန့်ခံနေခဲ့ကြရသလို၊ အကျိုးစီးပွားအရ မတူ ကွဲပြား ပဋိပက္ခ ဖြစ်စရာများလည်း ပေါ်ပေါက်လာစေခဲ့သည်။ အမှန်တကယ် အပြောင်းအလဲကို ပေါ်ပေါက်ကောင်း ပေါ် ပေါက်လာစေနိုင် သည့် "ရွှေဝါရောင်တော်လှန်ရေး" ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက မပူပေါင်းခဲ့ကြသလို၊ နောက်ပြန်ဆွဲသလို ရှိ စေခဲ့သည်။ သူတို့အများက ရွှေဝါရောင်တော်လှန်ရေးကို ထိုင်၍ စောင့်ကြည့်နေကြသည်။ ဖြစ်နိုင်သည်မှာ အကယ်၍ လက်နက်ကိုင် ပုန်ကန်ထကြွမှုများသာ ပြန်ဖြစ်လာပါက သူတို့၏ သတ္တုတွင်းနှင့် အခြား စီးပွား ရေး အကျိုးစီးပွားများ ပျက်စီး ဆုတ်ယုတ်ရချည့်ဟု တွေးထင်နေခြင်းလည်း ဖြစ်နိုင်ပါသည်။ နောက်ဆုံးရလဒ်မှာ စစ်အစိုးရ က လက်နက်မဲ့ ဆန္ဒပြသူများနှင့် သံဃာများအပေါ် စစ်တပ်အင်အားကို ထင်သလိုသုံး၍ ချေမှုန်းနိုင်ရန် ဖြစ်စေခဲ့တော့ သည်။

ကိုယ်ကျိုးစီးပွားများနှင့် လောဘဖြစ်လာစေသည့် မက်လုံးများကြောင့် ထိခိုက်ရသည်မှာ အပစ်အခတ်ရပ်စဲရေး အုပ်စုများ နှင့် ငြိမ်းအဖွဲ့များမှသာမဟုတ်။ မြန်မာစစ်တပ်နှင့် ရှေ့တန်း ကွင်းထဲတွင် လက်တွေ့တိုက်ပွဲဝင်နေကြသည့် တိုင်းရင်းသား လက်နက်ကိုင် အချို့အပေါ်တွင်ပါ သက်ရောက်မှု ရှိလာစေခဲ့သည်။ ထိုင်းစစ်တပ်၏ အဆင့်မြင့်အရာရှိတဦး၏ အဆိုအရ စစ်အစိုးရက ရတနာ-ရဲတံခွန်ဓါတ်ငွေ့ပိုက်လိုင်းများမှ ဆက်လက်၍ အကျိုးအမြတ်ထုတ်ယူနိုင်ခြင်းမှာ ၎င်းဒေသရှိ သူပုန်တပ်ဖွဲ့များကလည်း စစ်အစိုးရထံမှရော၊ ထိုင်းအာဏာပိုင်များထံမှပါ ငွေကိုယူ၍ တိတ်တဆိတ်ခွင့်ပြုထား သောကြောင့်ဟု ဆိုသည်။ ဤသို့ငွေယူ၍ အများအတွက် ထိခိုက်နစ်နာ အကျိုးပျက်ဖွယ်ဖြစ်သည့် ဓါတ်ငွေ့ပိုက်လိုင်းကို ခွင့်ပြုထားကြပါသည်။ စစ်အစိုးရအတွက် နိုင်ငံခြားဝင်ငွေ နောက်ထပ်ရရှိစေမည့် တတိယပိုက်လိုင်းကို ထိုဒေသတွင်ပင် ယခုနှစ် ခြောက်သွေ့ရာသီ၌ ထပ်မံတည်ဆောက်ကြဦးမည်ဟု သတင်းများ ရရှိထားပါသေးသည်။

Rest of your post

You received this email because you are subscribed to the real_time feed for http://deyea.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[dawnmanhon(ဒေါင်းမာန်ဟုန်)] 2 New Entries: မြန်မာပြည်က မော်စကို( Central Prison of Insein or Mosco)

မြန်မာပြည်က မော်စကို( Central Prison of Insein or Mosco)





ကျော်အောင်လွင် (VOA) နှင့် Hip Hop သီချင်း interview

" အ ရှက် ဖြေ လင်္ကာ "

" အ ရှက် ဖြေ လင်္ကာ "

ခြောက်တီးခြောက်ချက် စားကျက်မြေဟာ

ဖုန်းဆိုးငွေ့တသင်းသင်းနဲ့

သွေးညှီနံ့တွေမရှင်းသေးဘူးအမေ…

ကျွန်တော့်သူငယ်ချင်းတွေလည်းလေ…

နံရံနောက်မှာ ခွေလို့ ခေါက်လို့

ကျွန်တော့်သူငယ်ချင်းတွေလေ…

မ၀ရေစာ ညစာကြမ်းကြမ်းတွေနဲ့

ကျွန်တော့်သူငယ်ချင်းတွေ

ကျွန်တော်တို့ကိုလွမ်းနေတော့မှာပဲအမေ

အမေကကျွန်တော့ကိုလွမ်းသလို

သူတို့လည်းကျွန်တော့်ကို လွမ်းနေကြတော့မှာပဲအမေ

ကျွန်တော်တို့ကိုယုံကြည်တာလေးတခုနဲ့

သူတို့ဘ၀ကို စိတ်ချလက်ချအပ်ထားခဲ့တဲ့သူတွေ

အိပ်ကပ်အစုတ်ထဲက အိပ်မက်အရုပ်လေးကို

တယုတယ ထုတ်ထုတ်ကြည့်လို့

အလွမ်းပေါ်အလွမ်းဆင့် အလွမ်းနင့်နေကြမှာပဲအမေ

သံခြေချင်းတန်းလန်းကြီးနဲ့တောင်

နိုင်ငံကြီးကောင်းစားတာမြင်ချင်သေးသတဲ့

လူပီသလိုက်ကြပုံများ တပြားသားမှစိတ်ကိုမလျော့ဘူးအမေ

သူငယ်ချင်းတွေလေ ကျွန်တော့်သူငယ်ချင်းတွေပေါ့

ဒီကောင်တွေကို ဒီထောင်တွေထဲ

ကျွန်တော်ဘယ်အချိန်ထိ နေခွင့်ပြုရဦးမလဲအမေ

နရသိန်တံခါးကို ရိုက်ချိုးမဖွင့်နိုင်သေးသရွေ့

လက်ဖ၀ါးတွေလည်း လူမြင်မခံဝံ့ဘူးလေ

စိတ်အနာ အစာမကြေသမျှ

(ခဏလေးဖြစ်ဖြစ်ပေါ့)

ကျွန်တော့်ပါးနှစ်ဖက်ကိုပဲကျွန်တော်

အားရပါးရ ပြန်ရိုက်လိုက်ပါရစေဦးအမေ

အရှက်လေးများပြေလိုပြေငြား…


မတရားအမိန့်များဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရတဲ့ သူငယ်ချင်းများအတွက်ရေးဖွဲ့သည်။

မိုဃ်းသွေး

Generation Wave

You received this email because you are subscribed to the real_time feed for http://www.dawnmanhon.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.