Friday, January 2, 2009

[လှုပ်ရှားနေသော မိုးကောင်းကင်] 1 New Entry: အားလုံး အသင့်ပြင်

အားလုံး အသင့်ပြင်

ကနေ့ ဗမာပြည်မှာ ဖြစ်နေတာက ဆင်းရဲတဲ့ ဗမာပြည်ဟာ ခရုဆံ ကျွတ်ကိန်း ဆိုက်နေပါတယ်။ လွတ်လပ်ရေး ရပြီး ကတည်းက အမျိုးသား စည်းလုံးမှု ပြိုကွဲပြီး ပြည်တွင်းစစ် တောက်လျှောက် ဖြစ်လာတဲ့ တိုင်းပြည်ဟာ ၂၁ ရာစု ကမ္ဘာ့ အရင်းရှင်စနစ် စီးပွားရေးကပ်ကြီးကို ဘယ်လို ကျော် နင်း မလဲ။ တိုင်းပြည်မှာ ဘာမဏ္ဍိုင်မှ မရှိတော့ဘူး။ အကုန်လုံးဟာ ဖရိုဖရဲ ဖြစ်ချင်တိုင်း ဖြစ်နေ ပြီ။ တကယ်တော့ ကျဆုံးနိုင်ငံဖြစ်နေပြီ။ တိုင်းပြည်တပြည် မှာရှိအပ်တဲ့ မဏ္ဍိုင်တွေ ဗမာပြည်မှာ ပြိုလဲကုန်ပြီ။ ဗမာပြည်ကို တကယ် ကယ်တင်နိုင်မှာက စစ်အာဏာရှင်စနစ်ကို ဖြုတ်ချ ပစ်ဖို့ပဲ ဖြစ်တယ်။ စစ်အုပ်စုကိုဖျက်သိမ်းပစ်ဖို့ပဲဖြစ်တယ်။ အပြည့်အစုံ >>

You received this email because you are subscribed to the real_time feed for http://nyeinsuu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Paradise of Fighting Peacocks] 1 New Entry: ဆရာကြီး....သို့...ဂါဝရ

ဆရာကြီး....သို့...ဂါဝရ

အတာကိုမချစ်တဲ့မြန်မာဖြစ်လို့
ဗမာစစ်ရင်တောင်
အာပလာအချစ်နဲ့
နယူးရီးယားမှာ
အထူးကြီးပွားချင်ရင်
ခံလိုက်ကြစမ်းနိုင်ငံသား....................

ပြီးတဲ့အခါဟန်လုပ်ကာနဲ့
ဟိုဖောဒီရွှေ
ချစ်လှစတိုင်လ်
အတိအကျပိုင်ပိုင်
ကိုယ့်မြေကိုယ်ရေအတွက်ဆိုပြီး
အော်လိုက်စမ်းဟဲ့ဒီမိုကရေစီ.................

တကယ်တန်းကျလိုအပ်လှစွာ
သူတကာဒုက္ခ
ပြည်တွင်းမှာ"က"တော့
ရှိတဲ့ငွေထုတ်ပြုန်းကာပြုတ်ဖို့
စိတ်ကူးတောင်မသန်း
ဆရာကြီးအဆင်နဲ့
ရူးလိုက်ပါဦးးးးးးးးးးးးးးးးးး။

အထက်ပါကဗျာမှာခုနှစ်သက္ကရာဇ် ၂၀၀၉ ကိုကြိုဆို၍ကျွန်တော်ကိုတေမှ
ဆရာကြီးသို့ဂါဝရပြုသောအားဖြင့်
စပ်ဆိုထားခြင်းဖြစ်ပါသည်။
အခြေအနေ၊အကြောင်းကြောင်းကြောင့်တိုင်းတစ်ပါးနိုင်ငံသားခံယူထားသော်လည်း
မိခင်နိုင်ငံအတွက်အမှန်တကယ်ဆောင်ရွက်နေကြသောလေးစားထိုက်သူများကို
မရည်ရွယ်ပါခင်ဗျား....

You received this email because you are subscribed to the real_time feed for http://www.pofpeacocks.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ရေခဲပြင်ထဲမှာပွင့်တဲ့ပန်း သို့မဟုတ် ခွန်မြလှိုင်] 2 New Entries: •.¸¸.* MERRY CHRISTMAS 2008 & HAPPY NEW YEAR 2009 *.¸¸.•

•.¸¸.* MERRY CHRISTMAS 2008 & HAPPY NEW YEAR 2009 *.¸¸.•

ဘယ်ပျောက်နေလဲ မရေခဲ

ဘလော့ပေါ် မရောက်တာ တလနီးပါး ကြာသွားပါတယ်။ ဘာလို့လဲ ဆိုတော့
ကိုယ်ဝန်ကြီး ၉လနဲ့ ပေါ့ပေါ့ပါးပါး ၃နိုင်ငံ ခရီးသွားပါတယ်။

ပြန်ရောက်တော့ ကလေးက သူလဲ အပြင်ထွက် လမ်းလျှောက်ချင်တယ် ထင်ပါရဲ့.. ဆေးရုံ ရောက်သွားပါရော…
ကုတင် အကျယ်ချုပ် ၃ရက် ကျပါတယ်။ (စိတ်ပိန်လိုက်တာ လွန်ရော)*

ဆေးရုံက ဆင်းတော့လဲ အာမခံ ၃ချက်နဲ့ ဆင်းရပါတယ်။
၂ကီလိုထက် လေးလံတာ မ "မ" ရ။
လမ်းများများ မလျှောက်ရ။
လှေကား အတက်အဆင်း များများ မလုပ်ရ။

အနှစ်ချုပ်ကတော့ အတတ်နိုင်ဆုံး လူရော စိတ်ပါ နားပါ.. တဲ့။ ရက်မစေ့ဘဲ လုံးဝ မမွေးပေးပါ.. တဲ့။ ဒါကြောင့် နားလိုက်ပါဦးမယ်။
နှစ်သစ်မှာ ပြန်လည် ဆုံတွေ့ကြတာပေါ့ နော်။ နှစ်သစ်မှာ လူသစ်လေးနဲ့ မိတ်ဆက်ပေးနိုင်အောင် ကြိုးစားပါ့မယ်နော့ :D

နာဂစ် လေပြင်းမုန်တိုင်းက လွှင့်ထုတ် ဖယ်ခွာ လိုက်သော အရာများ

နာဂစ် မုန်တိုင်း တိုက်ခတ်ခဲ့တာ သန်ဘက်ခါဆို ရှစ်လ ပြည့်ပါပြီ။ ကုလ သမဂ္ဂရဲ့ ခန့်မှန်းချက် အရ နာဂစ်မုန်တိုင်းကြောင့် အသက် သေဆုံးသူ လူဦးရေ တစ်သိန်းကျော်၊ ပျောက်ဆုံးသူ နှစ်သိန်း နှစ်သောင်းကျော်၊ မုန်တိုင်းဒဏ်ခံရသူ ပြည်သူ နှစ် ဒသမ လေး သန်း ထိခိုက် ခဲ့ရတယ်လို့ မှတ်တမ်းများက ဆိုပါတယ်။ နာဂစ်မုန်တိုင်းက တိုက် လွှင့်ပစ်လိုက်တာ လူ့အသက်၊ အိုးအိမ်၊ စည်းစိမ်၊ မြို့ပြ မြေယာ အခင်းအကျင်းများ စတဲ့ ရုပ်ဝတ္ထု ပစ္စည်းများချည့် မကပါဘူး။ ကျွန်မ အမြင် အရတော့ မျက်နှာဖုံးပေါင်း များစွာ၊ စာရိတ္တပေါင်း များစွာ၊ လူ့ဂုဏ်သိက္ခာပေါင်း များစွာကိုပါ တိုက်လွှင့် ဖျက်ဆီး ပစ်လိုက်တယ်လို့ မြင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့
************************************************************************

နာဂစ် မုန်တိုင်း စတိုက်ကတည်းက ကယ်ဆယ်ရေးအတွက် တပ်လှန့်ပြီးသား ဖြစ်နေတာ လှိုင်သာယာ မီးဘေး ကူညီမှု လက်စသတ်နေချိန် မို့ပါ။ မုန်တိုင်း ပြီးပြီးချင်း ကိုယ် လက်လှမ်းမီတဲ့၊ အဆက်အသွယ် လုပ်လို့ ရတဲ့ နေရာတွေရဲ့ အိမ်ထောင်စု စာရင်း၊ လိုအပ်ချက်တွေကို တွက်ချက်ပြီး ယာယီ ကော်မတီဖွဲ့၊ အလှူခံထွက်၊ အလှူကို လက်ခံပေးပြီး ဖြန့်ချီပေးမယ့် သူတွေနဲ့ ချိတ်ဆက် ပြီးတာနဲ့ နာဂစ်မုန်တိုင်း အပြီး ရက်သတ္တပတ် ၃ပတ် အကြာမှာမှ ကျွန်မတို့ ကယ်ဆယ်ရေး အဖွဲ့က ရှေ့ပြေး အလှူ ပစ္စည်းများနဲ့ လိုအပ်ချက် စာရင်း သေချာကောက်ဖို့ ရွာတွေင်္ဆီ ရောက်သွားတဲ့အခါ ရွာသူရွာသားများက အငိုမျက်နှာများနဲ့ ၀မ်းသာအားရ ဆီးကြိုပါတယ်။ သူတို့ဆီ ပထမဆုံး ရောက်လာတာ ကျွန်မတို့ အဖွဲ့ ပါတဲ့။ မပျောက်တပျောက် အသံလေးများနဲ့ ရှင်းပြပါတယ်။ အသံ တွေ ဘယ်လို ဖြစ်နေတာလဲ ဆိုတော့ မုန်တိုင်းပြီး ကတည်း က ခုချိန်ထိ အုန်းသီးဆံတွေခွာစား၊ အုန်းရည် တွေပဲ သောက်ခဲ့ ရပါတယ်တဲ့။ စားစရာ ဆန်မရှိ၊ သောက်စရာ ရေမရှိလို့ပါတဲ့။
*********************************************************************

သတင်းစာထဲ ဒီလို ကြေညာ ထားခဲ့ ပေမယ့် သခင်အားရ ကျွန်ပါးဝ သလား။ ရှိစုမဲ့စု တာဝန်ကို ဗန်းပြပြီး တာဝန်တော့ တကယ် ကျေ အောင် မလုပ်ဆောင်ဘဲ ယူတတ်သမျှ အခွင့်အရေးနဲ့ အာဏာ အပြည့် အပိုနဲ့ ပေးချင် တာလား။ များလိုက်တဲ့ အနှောင့်အယှက် အတားအဆီးတွေ။ ဘယ်သူ့ ခွင့်ပြုချက်နဲ့ ဘယ်အဖွဲ့အစည်းကို ကိုယ်စားပြုပြီး ဘာရည်ရွယ်ချက်နဲ့ လှူတာလဲ။ ဘာတွေနဲ့ ကင်းရှင်းရဲ့လား… များလိုက်တဲ့ မေးခွန်းတွေ။ ကောင်းမှု ကုသိုလ် အလှူ လုပ်တာကို အဲလောက် တားဆီး စစ်ဆေး နေရအောင် ဖြစ်ပျက်နေတဲ့အခြေအနေ တွေကို မမြင် လောက်အောင် ဘာတွေ ကန်းနေ ကြသလဲ အတိအကျ မသိပါ။ သေချာတာကတော့ အတ္တ အမှောင်တွေ ပိန်းပိန်းပိတ်နေတာ ဖြစ်နိုင်ပါတယ်။ အဆင်ပြေပြေ မဖြေနိုင် လို့ကတော့ နံရံ လေးဘက်ထဲ ၀င်ရတဲ့ မနည်းမနော လူစာရင်းထဲ ပါသွားနိုင်ပါတယ်။ ဒီလို လူစား တွေကို လုပ်ပိုင်ခွင့် အာဏာ ပေးထားတဲ့ လူကြီးတွေက မသိကြ ဘူးလား။ မကျေနပ်တဲ့ ပြည်သူ လူထုက အမနာပ ပြောတဲ့အခါ နိုင်ငံတော်ကို အကြည်ညို ပျက်စေမှုနဲ့ တရားစွဲ ထောင်ချမယ့် အစား၊ အဲဒီအခြေအနေ ရောက်အောင် ဖန်တီး အာဏာပြ အနှောင့်အယှက် ပေးတဲ့ လုပ်ပိုင်ခွင့် အလွဲသုံး အာဏာရူးများကို နိုင်ငံတော်ကို အကြည်ညို ပျက်စေမှုနဲ့ တရားစွဲ ထောင်ချရင် ပိုသင့်လျော် မှန်ကန်မယ် လို့ ယူဆမိပါရဲ့။

ရင်နင့်စရာ အဖြစ်အပျက်တွေရဲ့ သက်သေ ဓာတ်ပုံတွေ… အနှောင့်အယှက်တွေကြားက ရင်နာနာနဲ့ တတ်နိုင်သမျှ ပေးလှူခဲ့ရတဲ့ ဆင့် ခံတွင်း နှမ်းပက် အလှူလေးတွေကို အလှူရှင်များ မြင်တွေ့နိုင်အောင် ချောက်နှုတ်ခမ်းဘေး ကြိုးတန်းလျှောက် တဲ့အနေနဲ့ မရမက ဓာတ်ပုံလေးရိုက်ပြီး ပြန်လည် မျှဝေ ပေးခဲ့ရပါတယ်။ ဒီလိုနဲ့ ပထမ အသုတ် ကုန်ကား တစီးတိုက် အလှူ ပစ္စည်းတွေ ပို့ပေး၊ လှူဒါန်း ဝေမျှ ပြီးချိန်မှာ နာဂစ်မုန်တိုင်းက မျက်နှာဖုံးတွေကို လွှင့်ထုတ် လိုက်နိုင် တာကို အံ့သြတကြီး တွေ့လိုက် ရပါ တော့တယ်။ ကိုယ့်ထမင်း ကိုယ်စားပြီး ကိုယ်ချင်းစာစိတ်လေး တစ်ခုနဲ့ အလုပ်ပျက် အကိုင်ပျက် စေတနာ အပြည့်နဲ့ လှုပ်ရှား ကြသူတွေကို အလှူရှင်တွေက လေးစား ယုံကြည် အားကိုးတာ၊ အင်တိုက်အားတိုက် စည်းလုံး ညီညွတ်စွာ ဆောင်ရွက် နေတာကို မုဒိတာ ပွားတဲ့သူတွေ ရှိသလို၊ အမနာပ အပုပ်ချ သွားပုပ်လေလွင့် လျှောက်ပြော သူများ အလျှိုအလျှို ပေါ်လာပါလေရော။

အများအကျိုး၊ ရွက်သည်ပိုးက၊ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လဲ၊ မဖဲ့မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနဲ့ယှဉ်၊ ရှေးရှုနှင်လော့ ဆိုတဲ့ ရွှေဟင်္သာ ဆရာတော်ကြီးရဲ့ ဆုံးမစာ လေးကို ခဏခဏ ရွတ်ရင်း ရှေ့ဆက်…

နယ်အသီးသီးက ကော်မတီဝင် ကိုယ်စားလှယ်တွေက အလှူပစ္စည်းတွေ ကားတစီးစာ ရတိုင်း စာရင်းလုပ် ရုံးချုပ်ကိုပို့၊ တန် ၄၀ ကုန်ကား တစီးစာ ရုံးချုပ်မှာ ပြည့်တိုင်း စာရင်းချုပ်၊ ပြည်တွင်းကိုပို့၊ တနေ့တနေ့ အခမဲ့ ကူလီ ဖြစ်လိုက်၊ အခမဲ့ တာလီ ချိုးသူ ဖြစ်လိုက်၊ အိတ်စိုက် စာရင်းကိုင် ဖြစ်လိုက် (လုပ်အားပေး ကျောင်းသူ ကျောင်း သား တွေကို ထမင်းကျွေး မုန့်ကျွေး ဒါလဲ အလှူပါပဲ) သိုက်သိုက်ဝန်းဝန်း အင်တိုက်အားတိုက် လှုပ်ရှားနေတဲ့ လူငယ်များကို မြင်ရတာ မမောနိုင် ပေမယ့် အထဲကနေ အလှူဖြစ်မြောက်အောင် လက်တွေ့ ကွင်းဆင်း လှူဒါန်း ပေးနေရသူ တွေဆီက အခက်အခဲတွေ အကြောင်း အစီရင် ခံစာနဲ့ အလှူဓာတ်ပုံတွေ နှေးလှတဲ့ အင်တာနက်နဲ့ ဖြတ်လှတဲ့ အတားအဆီးတွေ ကြားက ကျော်ကာ ခွကာ မေးလ်နဲ့ ရောက်လာပြန်တော့ ရွှေရင်ဆို့ ရသည်။
***********************************************************************
ညီမရေ.. ဟိုဆရာတော်က ပြောလိုက်တယ်… အလှူဖြစ်မြောက်ကြောင်း ဓာတ်ပုံတွေ ခုထိ အလှူရှင်တွေ ပြန်မမြင်ရသေးဘူး ဒီအပတ်တွင်း မကြည့်ရရင် နောက်ထပ် အလှူပစ္စည်းတွေ ရဖို့ ထပ်မမျှော်လင့်နဲ့လို့ ပြောလိုက် တဲ့။
အယ် .. အဲ့ ဆရာတော်က ကယ်ဆယ်ရေး အတွက် ဘာတွေ တကယ် လုပ်နေလဲ
ဘာမှတော့ မလုပ်ဘူး အဲဒီနယ်မှာ ဧည့်သည်အဖြစ်ရောက်နေတာ..
ဘယ်က ကိုယ်တော်လဲ၊ ဘွဲ့တော်က ဘာလဲ၊ ၀ါက ဘယ်လောက် ရှိပြီလဲ
သူပြောတဲ့ သူ့အကြောင်းတွေ ပြန်စုံစမ်း ထားတာ … ဟဲဟဲ အဲ့ဆရာတော်က ၀ါ (ဘုန်းကြီးအဖြစ်နှင့် ဆက်တိုက်နေသော နှစ်) လိမ်ထားတယ်။
ဟောတော့ … ဘုန်းကြီး ဖြစ်ပြီး ၀ါကို လိမ်ရသလားဟယ်… ဒါဆို ပါရာဇိက ကျပြီး လူဖြစ်နေပြီလေ
အင်း.. ဒါပေမယ့် သင်္ကန်းက ၀တ်ထား၊ နိုင်ငံခြားတွေလဲ ရောက်၊ အဟောအပြောလေးက ကောင်းဆိုတော့ လူတွေက သူ့စကား နားယောင်တာပေါ့။ သူက တို့ကို တွေ့တိုင်း လူရှေ့သူရှေ့ ဒီလိုချည့် လိုက်ပြောနေတော့ အလှူရှင် တွေက ယုန်ထင် ကြောင်ထင်နဲ့
သူ့အကြောင်း ဖွင့်ချပြဖို့ ခက်နေချိန်မှာ အတိုက်အခံ မလုပ်နဲ့ပေါ့ဟယ်… အလှူပစ္စည်းတွေ အဲဒီနယ်က အပ်တဲ့ ရက်စွဲ၊ ရုံးချုပ်ကို ရောက်တဲ့ နေ့စွဲ၊ ရုံးချုပ်ကနေ အထဲကို ရောက်ဖို့ လမ်းမှာ ကြာတဲ့ အချိန်၊ အထဲက ဓာတ်ပုံ ရိုက်ရတဲ့ အခက်အခဲ၊ အဲဒီ ဓာတ်ပုံတွေကို အင်မတန် နှေးတဲ့ အင်တာနက်နဲ့ဒီဘက် ပြန်ရောက်အောင် ပို့ရတဲ့ အခက်အခဲတွေကို နားလည် စာနာပြီး သဘောထား ကြီးကြီးနဲ့ စိတ်ရှည်ပေးပါ ဘုရားလို့ လူရှေ့သူရှေ့မှာ ပြန်လျှောက်လိုက်ပေါ့
အင်း.. ကောင်းတယ် အဲလိုပဲ လုပ်ရတော့မှာပဲ

--- နယ်က ကော်မတီဝင် ဦး-- က ချိတ်ပေးတဲ့ ကားသမားက တောင်းတဲ့ ကုန်ကား စရိတ်က အပြင်ပေါက်ဈေးထက် ၅၀% များနေတယ်
အာာာ… ရှိတဲ့ အလှူငွေနဲ့ ကုန်ကားဖိုး လောက်ပါ့မလားလို့ စိတ်ပူနေရတဲ့ဟာကို သူ့ကို ပြန်ပြောပြရင်ရော.. လျှော့ခိုင်းပေါ့
သူ့အပြောက … သူ့အဆက်နဲ့ ကုန်ကားကို မငှားရင် သူကပဲ ကော်မတီက ထွက်မလိုလို
ဟာာာာာာ

--နယ်က ဦး-- က နိုင်ငံခြားကနေ ဘဏ်ငွေလွှဲလွှာနဲ့ လွှဲတဲ့ ငွေတွေရဲ့ စာရင်းကို ခုရှင်းပါတဲ့… ဖုန်းဆက်လာတယ်
အန်.. ခုချက်ချင်း ရှင်းရအောင် ငွေစာရင်း အ၀င်အထွက်က တပတ်စာမှ မပိတ်သေးတာ.. ဘယ်လိုလုပ် အဆင်သင့် ဖြစ်မလဲ.. ပြီးတော့ ငွေစာရင်း ရှင်းတမ်းဆိုတာ အစည်းအဝေးနဲ့ ရှင်းပြရမှ အားလုံး အမြင်ရှင်းမှာပေါ့။ ခုက ကော်မတီဝင် ဦးရေ က လူမှ မစုံတာ.. လူစုံတက်စုံ အစည်းအဝေး လုပ်မယ့်ရက်ကို သတ်မှတ်ပြီးရင် ရှင်းကြမှ ကောင်းမှာပေါ့… အစည်းအဝေးပွဲနေ့ကို အားလုံးကို မေးလ် ပို့ထားတယ်လေ.. သူက ဘာလို့ အဲလို ဖုန်းဆက်ရတာလဲ
အဲဒီနေ့ သူမအားလို့တဲ့
ဟောဗျ… သူတယောက်တည်းအတွက် … ကျန်တဲ့သူတွေက … ဒီအန်ကယ်ကြီး ပြသနာ ရှာတာ ခဏခဏ ရှိပြီ.. စိတ်မောလိုက်တာ.. ဒါနဲ့များ ဒီမိုကရေစီ အရေး ဘာညာနဲ့… အာဏာရှင် ဆန်တာဖြင့် သူ့အပြင် မရှိဘူး။ ပါးစပ်က ပြောတဲ့ ဒီမိုကရေစီကို သူအရင် လက်တွေ့လုပ်ပြလို့ ပြောလိုက်ရင် မကောင်းရှိတော့မယ်
****************************************************************************
--- ခရိုင်က ---- အသင်းက လူကြီး ဦး-- က လျှောက်ဖွနေတယ်တဲ့ အမရေ… ဒီကော်မတီက အလှူပစ္စည်းတွေနဲ့ အတူ မြန်မာ အလုပ်သမား လက်ရွေးစင် အယောက် ၃၀၀ ကို တခါတည်းခေါ်သွားပြီး နအဖကို တိုက်မှာတဲ့
ဟမ်… ရူးနေလား
အင်း လူစုစု ရှိတိုင်း အဲလို လိုက်ပြောနေလို့
300 ရုပ်ရှင် ဇာတ်ကားလေး ကြည့်ပြီး စိတ်ကူးယဉ်ပြီး လျှောက်ပြောနေတာလား.. ဟိုဇာတ်ကားထဲက လူ ၃၀၀က ကလေးဘ၀တည်းက ၀ံပုလွေနဲ့ ပြိုင်တိုက်ခိုင်းပြီး လေ့ကျင့်ပေးထားတဲ့ စစ်သည် ၃၀၀… ဒီက အလုပ်သမား ၃၀၀က ပုစွန်ပဲ ခွာတတ်တာ.. စစ်တပ်နဲ့ တွေ့တော့ ပုစွန်ခွာပြီး ဟင်းချက်ကျွေးရမှာလား။ ဒီလူ ရူးနေလား။ သူနာမည်ကြီးချင်တိုင်း သူများ ကော်မတီကို ခုတုံးလုပ်နေတာ။ အဲ့လူကို ခုပြောလိုက်.. ခင်ဗျားကိုယ်တိုင် ဦးဆောင်ပြီး အထဲဝင်မှာလား .. သိပ်နာမည် ကြီးချင်နေလို့ ဒီလို လုပ်နေတာလား တကယ် အဲလို ၀င်မှာဆိုရင် ခု အင်တာဗျူးမယ်… နာမည်ကြီး သတင်းမီဒီယာတွေပါ ခေါ်ပြီး ခုလာတွေ့မယ်.. တနာရီ အတွင်း ရောက်မယ် စောင့်နေလို့ ပြောလိုက်… သူအဲလို လျှောက်လုပ်လို့ နယ်စပ်ဂိတ်မှာ အရစ်ခံရလို့ ကယ်ဆယ်ရေး ပစ္စည်းတွေ ဆေးတွေ အထဲကို ရောက်ဖို့ ကြန့်ကြာလို့ လူတွေ မသေသင့်ဘဲ သေကုန်ရင် သူ လူသတ် တရားခံပဲ လို့ ပြောလိုက်။
အဲ… အမ ချတ်တင်းမှာ ရိုက်တာ ခု သူမြင်သွားပြီ. နောက်မှာ လာရပ်ပြီး ဖတ်နေတာဗျ
ခုစောင့်နေ.. လာပြီလို့ ပြောလိုက်။
ပြေးပြီ။
အဲ့လူက ဆက်သွယ်ရေးတပ်က စစ်ပြေးဆို။
မယုံပါဘူးဗျာ.. ဟိုတလောက အထဲက ဗိုလ်မှူးတစ်ယောက် ဈေးထဲ သတင်းလာယူတာကို သူသွားတွေ့တာ မြင်လိုက်တဲ့ သူတွေ ရှိပါတယ်။
သြော် … ဒါဆို စစ်ပြေး ယောင်ဆောင်နေတဲ့ သတင်းပေးပေါ့… ကိုယ်ရာထူး တက်ဖို့ အရေး သူများကို ချောက်တွန်းပြီး ယုတ်မာတဲ့ ဒီလို လူတွေကို နေရာ ပေးနေလို့ နအဖကို ပြည်သူက ချဉ်တူး နေအောင် မုန်းတာ… နိုင်ငံတော်ကို အကြည်ညိုပျက်အောင် လုပ်သူများ စာရင်းထဲ ဒီလိုလူတွေ ထိပ်ဆုံးက ပါတယ်။
*************************************************************************
ဒကာမကြီးရေ.. ဦးဇင်းတို့တော့ ပြသနာတက်ပြီ
ဘာလို့လဲ ဘုရား
ကုန်ကားတွေ နယ်စပ်မှာ တားခံရတယ်.. ပါမစ် ရမှ ၀င်ခွင့် ရမယ်တဲ့
ထင်ထားပါတယ် ဘုရား။ ဟိုလူရဲ့ လူ ၃၀၀ ဇာတ်လမ်း ပြန့်ပြီးတည်းက ဒီလိုဖြစ်ခါနီးပြီလို့… တပည့်တော် သူငယ်ချင်းတွေကို ပါမစ်ကိစ္စ အကူအညီ တောင်းကြည့်လိုက်ပါမယ် ဘုရား။ အရှင်ဘုရားတို့ ဘက်ကလဲ ဦးဇင်း တစ်ပါးလောက် လိုက် မေတ္တာ ရပ်ခံနိုင်ရင်တော့ ပိုကောင်းမယ် ထင်ပါတယ် ဘုရား
အင်း.. ဦးဇင်းတို့လဲ ကြိုးစား ကြည့်သေးတာပေါ့လေ.. အလှူရှင်တွေရဲ့ သဒ္ဓါတရားကလဲ ရှိသေးတယ် ဟုတ်လား။ လက်လွတ်စပယ် လုပ်လို့ မတော်ဘူး
တင်ပါ့ဘုရား။
*******************************************************************
ညီမရေ.. ပါမစ် ကိစ္စက ၃လ ကျော်နေပီတော့.. နယ်စပ်မှာ ဂိုဒေါင်ငှားခလဲ တက်လှပြီ။ အခြေအနေရော
အမရယ် လူလဲ သာသနာရေး ဦးစီး ပြေးရ၊ ရန်ကုန်က ကုန်သွယ်ရေးရုံး ပြေးရ၊ နေပြည်တော်ကို ပြေးရနဲ့.. ဒီကြားထဲ လူကြီး အစည်းအဝေးက ဟိုနေ့ရွှေ့ ဒီနေ့ရွှေ့ … ညီမတို့လဲ စရိတ်တွေ ကုန်လှပြီ။ ခုတော့ ထိပ်ထိ တက်သွားပါပြီတဲ့ အမရယ်
အေးဟယ်… ညီမတို့လဲ လုပ်ပေးရတာ မသက်သာဘူး.. အမတို့လဲ အပြောခံရတာ မစားသာဘူး
အမ်.. အမတို့ ဒီလောက် စာရင်း အတိအကျနဲ့ လုပ်နေတာကို ဘယ်လိုအပြောခံရပြန်ပြီလဲ။
ပစ္စည်းတွေ ဘယ်ရောက် ကုန်လဲတဲ့… ဘာသဘောလဲ ဘာညာပေါ့
အလှူရှင်တွေ အထင်လွဲရင်တော့ မကောင်းဘူးနော်..
အလှူရှင်တွေက အထင်လွဲတာ မဟုတ်ဘူး တော်ရေ့.. ကြားက တို့ထောင်နေကြတာ… သူတို့ကိုယ်တိုင် ပြည်တွင်းပြန်ပြီး ပါမစ်ရအောင် လုပ်နိုင်ရင် လုပ်ပေး ကြပါလား ကိုယ်စားလှယ် လွှဲပါမယ်လို့ ပြောပစ်တော့ ကွယ်ရာမှာ အတင်း လိုက်ပြော၊ သွားပုပ်လေလွင့် လိုက်လွှင့်နေရော… ရှေ့တင်ကျ မြင်တောင် မမြင်ရအောင် ရှောင်နေတယ် လေ။
အစိုးရလက်ထဲ လွှဲလိုက်ရင်တော့ မြန်တယ် အမရယ်
ခက်တာက အလွဲသုံးစား လုပ်မှုတွေက ရပ်ကျော်ရွာကျော်၊ အလှူပစ္စည်းတွေ ရောင်းစားလို့ ဈေးထဲ ရောက်နေတဲ့ ဓာတ်ပုံတွေကလဲ နိုင်ငံကျော် ဆိုတော့ အလှူရှင်တွေကလဲ အစိုးရကို အထင်မကြီး… သူတို့လက်ထဲ ထည့်မယ့် အစား မီးရှို့ပစ်လိုက်ပါတဲ့လေ။ အမတို့က လှူချင်တိုင်း လက်ပြောင်းလက်လွှဲ လှူပစ်လို့ ဘယ်ရမလဲ။ အလှူရှင်တွေက ကိုယ့်ကို ယုံကြည်လို့ လှူလာတာကို သူတို့ ကျေနပ်အောင်လဲ စီစဉ်ရသေးတာပေါ့ .. အဓိက က ကိုယ့်လူမျိုး အမှန်တကယ် လိုအပ်နေတဲ့ ဒုက္ခသည်တွေ လက်ထဲ လိုအပ်နေတဲ့ ပစ္စည်းတွေ အဆင်ပြေပြေ ရောက်သွားဖို့က အဓိကလေ။
ခက်လိုက်တာ အမရယ်။ ပါမစ်ကလဲ မကျနိုင်ဘူး။ လိုက် မေတ္တာ ရပ်ခံရတဲ့ ဦးဇင်းလဲ ဒီနှစ် ၀ါ မကပ်နိုင်ဘဲ ၀ါပျက်သွားတယ်။ ရှေ့အပတ် အစည်းအဝေးမှာ ပါမစ် ကျမလား မသိဘူး .. ညီမ နေပြည်တော်ကို နောက် တခေါက် ထပ်သွားလိုက်ပါဦးမယ်
ညီမရေ ဒီအပတ်မှ မရရင်တော့ နယ်စပ်က ဒုက္ခသည် စခန်းတွေကိုပဲ အကုန် လှူပစ်လိုက်တော့မယ်လို့ ပြောခဲ့လိုက်တော့.. ပါမစ်ကို မယူတော့ဘူး။ ကုန်တဲ့ ဂိုဒေါင်ဖိုးပါ လိုအပ်နေသူဆီ ရောက်တာပေါ့။
ဟူးးးး အဲလိုပဲ လုပ်ရတော့မှာပဲ အမရယ်
**********************************************************************
အမရေ.. ပါမစ်ရပြီ.. ဒန်တန့်တန်.. ရရချင်း အမကို ပြောတာနော်
ဟယ် ၀မ်းသာလိုက်တာ
ဒါပေမယ့် back date (နောက်ပြန်ရက်စွဲ)နဲ့ ထုတ်ပေးတယ် အမရယ် အိအိ.. ပြီးတော့ ပါမစ် သက်တမ်းက တိုတိုလေးရယ်.. အဲဒါ သက်တမ်း မကုန်ခင် အမြန် ပို့မှ ရမယ်
ဟာကွာာာာာ
ခဏလေး.. အမ နယ်စပ်ကို ဖုန်းဆက်လိုက်ဦးမယ် (******) ညီမရေ… နယ်စပ်က ပြောတယ် နယ်စပ်မှာ ပုံနေတဲ့ ပါမစ် ရက်လွန် ပစ္စည်းတွေကိုသိမ်းဖို့ မယက က ဆယ်ဘီးကား တွေကို ချောဆွဲနေလို့ ကားရှင်တွေက တောထဲ ပုန်းနေတယ်တဲ့
ဒွတ်ခ ပါပဲ အမရယ် ဘယ်လို လုပ်ကြမတုန်း
ကိုင်းးးး ဟယ်… အသင်လောက .. နင်ကပဲ ခက်နိုင်မလား.. ငါကပဲ လုပ်နိုင်မလား ပြိုင်လိုက်ကြစို့
ဟုတ်ကဲ့ အမရေ

နာဂစ်နဲ့ ပတ်သက်တဲ့ အတွေ့အကြုံလေး ရေးပြီး ဘလော့ပေါ် တင်ပါလား ညီမရေ
တင်မယ် အကိုရေ.. အလှူပစ္စည်းတွေ လှူလို့ ကုန်တဲ့အချိန်၊ ကော်မတီက စာရင်း ပိတ်ပြီးတဲ့အချိန်၊ ကိုယ်လှူထားတဲ့ပစ္စည်းတွေကို ပြည်သူတွေ သုံးလို့ ကုန်လောက်တဲ့ အချိန်ကို စောင့်နေတာ
သြော… သဘောပေါက်ပြီ… စောင့်ဖတ်မယ် ညီမရေ
ဟုတ်…
************************************
တကယ်ကြီးကို ရင်မော ခဲ့ရ ပါသည်။ တကယ်ကြီးကို စိတ်ရှည် ခဲ့ရပါသည်။ နာဂစ်က ကျွန်မကို သင်ခန်းစာတွေ တကယ်ကြီးကို ပေးခဲ့ပါသည်။ ဘာနဲ့ စက်လို့မှ လဲယူလို့ မရနိုင်တဲ့ အတွေ့အကြုံတွေကို နာဂစ်က ကျွန်မကို တကယ်ကြီးကို ပေးခဲ့လေသည်။

You received this email because you are subscribed to the real_time feed for http://khunmyahlaing.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကြုံဆုံမိသမျှ] 3 New Entries: Thick Legs wants to be your loyal fan

Thick Legs wants to be your loyal fan

Hi kkwinmoe.kkwinmoe!

Thick Legs wants to be your loyal fan!

Automatically sign in to view Thick Legs's profile and/or photo, and accept or reject her fan request.
You can change the frequency of this type of notification. Visit our Terms of Service or Privacy Policy.
FanBox - 255 G Street #723, San Diego, CA 92101, USA

krazyjackie46 wants to be your loyal fan

Hi kkwinmoe.kkwinmoe!

krazyjackie46 wants to be your loyal fan!

Automatically sign in to view krazyjackie46's profile and/or photo, and accept or reject her fan request.
You can change the frequency of this type of notification. Visit our Terms of Service or Privacy Policy.
FanBox - 255 G Street #723, San Diego, CA 92101, USA

alexiscandy14 wants to be your loyal fan

Hi kkwinmoe.kkwinmoe!

alexiscandy14 wants to be your loyal fan!

Automatically sign in to view alexiscandy14's profile and/or photo, and accept or reject her fan request.
You can change the frequency of this type of notification. Visit our Terms of Service or Privacy Policy.
FanBox - 255 G Street #723, San Diego, CA 92101, USA

You received this email because you are subscribed to the real_time feed for http://kkwinmoe.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.