Sunday, November 23, 2008

[Nine Nine SaNay] 1 New Entry: အင်တာနက်ပေါ်က ပုံပြင်တိုလေးများ

အင်တာနက်ပေါ်က ပုံပြင်တိုလေးများ


၁)

ကုမ္ပဏီတစ်ခုက လခကောင်းကောင်းနဲ့ ဒါရိုက်ဘာတစ်ဦး ခန့်အပ်လိုကြောင်း ကြေညာခဲ့တယ်။ အဲဒီနောက် အလုပ်လာလျှောက်သူတွေကို အဆင့်ဆင့် ဆန်ကာစစ် ရွေးချယ်ခဲ့ပြီး နောက်ဆုံးမှာ လူသုံးဦးပဲ ကျန်ခဲ့တယ်။ အင်တာဗျူးမေးသူက အဲဒီလူသုံးယောက်ကို "တကယ်လို့ ချောက်ကမ်းပါးတစ်ခုမှာ ရွှေတစ်တုံးကျနေတယ် ဆိုပါစို့။ ခင်ဗျားတို့ကို ကားမောင်းပြီး သွားယူခိုင်းရင် ကားကို ကမ်းပါးရဲ့ ဘယ်လောက်အကာအဝေးမှာ ခင်ဗျားတို့ ရပ်ကြမလဲ?" လို့ မေးမြန်းခဲ့တယ်။

ပထမတစ်ယောက်က " ၂ မီတာ အကွာအဝေးမှာ" လို့ ဖြေတယ်။
ဒုတိယတစ်ယောက်က " ၁ မီတာ အကွာအဝေးမှာ" လို့ ဖြေတယ်။
တတိယတစ်ယောက်က "ချောက်နဲ့ ဝေးနိုင်သမျှ ဝေးတဲ့နေရာမှာပဲ ကျွန်တော်နေမယ်" လို့ ဖြေတယ်။ နောက်ဆုံး တတိယတစ်ယောက်ကို သူတို့ အလုပ်ခန့်အပ်ခဲ့တယ်။

မြူဆွယ်မှုရဲ့ အနီးအနားမှာ မနေပါနဲ့။ ဝေးနိုင်သမျှ ဝေးဝေးနေတာ အကောင်းဆုံးပါ။

၂)

မနက်နေထွက်တာနဲ့ အာဖရိက တောရိုင်းထဲမှာရှိတဲ့ တိရစ္ဆာန်တွေဟာ စတင်ပြေးလွှားကြတယ်။ ခြင်္သေ့မေမေက ခြင်္သေ့ငယ်တွေကို " သားတို့ သမီးတို့ရေ.... ပြေးတဲ့အချိန်မှာ ဒီထက်မြန်နိုင်သမျှ မြန်အောင် ပြေးကြနော်။ တကယ်လို့ သားတို့ဟာ အပြေးနှေးတဲ့ သမင်လောက်တောင် မပြေးနိုင်ခဲ့ရင် သားတို့ ဆာလောင်ပြီး သေဆုံးသွားနိုင်တယ်" လို့ သင်ပေးခဲ့တယ်။

တစ်နေရာမှာလည်း သမင်မေမေက သမင်ငယ်လေးတွေကို " သားတို့သမီးတို့ရေ... ပြေးလွှားတဲ့အချိန်မှာ ဒီထက်မြန်နိုင်သမျှ မြန်အောင် ပြေးကြနော်။ တကယ်လို့ သားတို့ဟာ အပြေးမြန်တဲ့ ခြင်္သေ့လောက်တောင် မပြေးနိုင်ခဲ့ရင် သားတို့ အစားခံရလိမ့်မယ်" လို့ သင်ပေးခဲ့တယ်။
ကိုယ်အပြေးမြန်တယ်! ကိုယ့်ထက် တစ်ခြားလူက ပိုအပြေးမြန်တယ်ဆိုတာ မမေ့ပါနဲ့...

၃)

အင်္ဂလန် စီးပွါးရေး ပညာရှင်တစ်ဦးက " လူ့ဘဝမှာ အပျော်ဆုံးအရာဆိုတာ မဖြစ်နိုင်ဘူးလို့ လူတွေ ထင်ထားတဲ့အရာကို ဖြစ်အောင်၊ ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့တာဖြစ်တယ်" လို့ ပြောခဲ့တယ်။

သိပ္ပံပညာရှင်တွေရဲ့ စမ်းသပ်ချက်အရ ပျားရိုင်း "ပဒူကောင်" တွေရဲ့ အတောင်နှစ်ဖက်နဲ့ သူတို့ရဲ့ ခန္ဓာကိုယ်အလေးချိန်ဟာ မညီမမျှ ဖြစ်နေခဲ့တယ်။ ဆန်းစစ်ချက်အရ ပျားရိုင်းတွေက သူတို့အတောင် အကျယ်အဝန်းနဲ့ ခန္ဓာကိုယ်မ,ပြီး ပျံသန်းဖို့ရာ မဖြစ်နိုင်ခဲ့ဘူး။ ဒါပေမယ့် ဒါကို ပျားရိုင်းတွေက မသိခဲ့ကြဘဲ လေထဲမှာ ပျံသန်းချင်သလို လွတ်လွတ်လပ်လပ် ပျံသန်းနိုင်ခဲ့ကြတယ်။

အများအားဖြင့် မဖြစ်နိုင်ဘူးဆိုတာတွေ မရှိဘူး။ လူတွေကသာ ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူးဆိုပြီး ကိုယ်တိုင် သတ်မှတ်ခဲ့ကြတယ်။ တင်းခံထားတဲ့ တွေးခေါ်မှု တစ်ချို့ကို ပုံစံပြောင်းကြည့်ရင် ဖြစ်နိုင်တဲ့ နည်းလမ်းအသစ်တွေ ထွက်ပေါ်လာမှာ ဧကန်မလွဲပါပဲ။

အင်တာနက်ပေါ်တွင် ဖတ်မိ မှတ်မိသော ပုံပြင်တိုများအား နိုင်းနိုင်းစနေ ဘာသာပြန် ခံစားသည်။

You received this email because you are subscribed to the real_time feed for http://nineninesanay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဆိုးသွမ်း] 1 New Entry: ကျွန်တော်နှင့် ကောင်....မ.....လေး

ကျွန်တော်နှင့် ကောင်....မ.....လေး

(၁)
စိတ်ကူးအရင့်အမာကြီးနဲ့ လွမ်းရတာ
တစ်ကမ္ဘာလုံးကို ထမ်းထားရတာထက်
ပိုလေးတယ်.....

(၂)
ကောင်မလေးရယ်.....
နောက်ကျခဲ့တာက
တစ်စုံတစ်ရာကို ချစ်ဖို့.....
ငါတို့.....
ဘာမှ အဆင်သင့် မဖြစ်ခဲ့ကြတာ တစ်ခုပါပဲ။

(၃)

" ခေါင်းကလေး ၀င်ပါရစေ "

(၄)

" လက်ကလေး ၀င်ပါရစေ "

(၅)

" ခြေထောက်ကလေး ၀င်ပါရစေ "

(၆)
အချစ်ဟာ ကုလားအုတ်တစ်ကောင်ပါပဲ။
ငါ့ရင်ဘတ်ရွက်ထည်ထဲမှာ လာမိုးခို
ငါကတော့.....
စွန့်လွှတ်ဖို့ အတွက် သက်သက်ပဲ ကြိုခဲ့တယ်။
" ၀င်ခဲ့လေကွယ်....."

(၇)
ပြီးတော့.....
အဲဒီ ကုလားအုတ်ရဲ့ ခြေဖမိုးကို နမ်းရှုပ်....
ရက်ထည်တဲရဲ့ အပြင်ဘက်ကို
( ငါ့ဘာသာငါ ) သုံးရာသီလုံးလုံး နောက်ဆုတ်ပြီး ထွက်ခဲ့တယ်။
ကြည့်စမ်း.......
ငါဟာ ပိုးစိုးပက်စက် မြင့်မြတ်နေလိုက်ပုံများ

(၈)
ကောင်မလေးရေ....
တို့တွေ နားလည်လိုက်ရအောင်
မင်းနဲ့ငါ တကယ်နားလည်သွားသလိုပုံမျိုးနဲ့
နားလည် ပစ်လိုက်ကြရအောင်လေ.....................။


မင်းခိုက်စိုးစန်


You received this email because you are subscribed to the real_time feed for http://soethawn.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဆောင်း] 1 New Entry: Alert - ဗိုင်းရပ်ဖိုင်အတွက် အီးမေးလ် သတိပေးချက်

Alert - ဗိုင်းရပ်ဖိုင်အတွက် အီးမေးလ် သတိပေးချက်


ကျမဆီကို ဘလော့ကာ ညီမလေး တဦးက မေးလ်ပို့ပြီး သတိပေးပါတယ်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ သတိထားဖို့ပါ။

ဗိုင်းရပ်ပရိုဂရမ် တွေက ကိုယ့်စက်ထဲဝင်နိုင်ပြီ ဆိုတာနဲ့ မေးလ် ထဲက ဆက်သွယ်လိပ်စာတွေကို အလိုအလျောက် ဗိုင်းရပ်ဖိုင်တွေ ပို့တော့တာပါဘဲ။

တကယ်လို့များ ကိုယ့်မေးလ်ထဲကို သူငယ်ချင်း မေးလ်လိပ်စာနဲ့ ၀င်လာပြီး စာကိုယ်ထည်မှာ Web site ကို သွားပါဆိုရင် လင့်တွေကို ကလစ်မလုပ် ပါနဲ့ မဖွင့်ပါနဲ့ သူငယ်ချင်းကို သူတကယ် ပို့မပို့ အရင် စုံစမ်းမေးမြန်းပါ။ သူငယ်ချင်းက တကယ်ပို့တယ် ပြန်ဖြေရင် တချို့ ဖိုင်ကိုသာ ဖွင့်သင့်ပါတယ်။ တခြား သံသယ ရှိနိုင်ဖွယ် ဖိုင်ဆိုရင် ယောင်လို့တောင်မှ မဖွင့်ပါနဲ့။ ချက်ချင်းဖျက်လိုက်ပါ။

သတိထားရမဲ့ ဖိုင်နံမည်တွေကို မှတ်မိသလောက် ရေးပြပါရစေ။ မလုပ်တာကြာတော့ ဖိုင်နံမည်တောင် အတော် မေ့နေပြီ။

*.exe, *.scr, *.xls, *.zip, *.bat, *.rar,...

နောက်ထပ် ဖိုင်တွေ သတိရလာရင် ထပ်ရေးဖြည့်ပါမယ်။ စာဖတ်သူတွေထဲက သိခဲ့ရင် ကော်မဲန့်မှာ ၀င်ဖြည့်ပေးစေဆိုပါတယ်။

အခု လောလောဆယ် သတိပေးတဲ့ ဗိုင်းရပ်မေးလ်က တော့ ပို့စ်ကဒ် ပို့တဲ့ပုံစံနဲ့ လာမယ်လို့ ပြောပါတယ်။ ပို့စ်ကဒ်ပို့တာတွေ ဆိုရင် သူငယ်ချင်းကို အရင် မေးကြည့်ပြီးမှ ဖွင့်ကြပါလို့ ပြောပါရစေ.. အခု ရရှိတဲ့ မေးလ်ကို ဖေါ်ပြပေးထားပါတယ်။ သတိထားနိုင်အောင်လို့ပါ။

Big Virus Coming Soon!

PLEASE FORWARD THIS WARNING AMONG FRIENDS, FAMILY AND CONTACTS!

You should be alert during the next few days. Do not open any message with an attachment entitled 'POSTCARD FROM BEJING', regardless of who sent it to you.

It is a virus which opens A POSTCARD IMAGE, which 'burns' the whole hard disc C of your computer.

This virus will be received from someone who has your e-mail address in his/her contact list.
This is the reason why you need to send this e-mail to all your contacts It is better to receive this message 25 times than to receive the virus and open it.

If you receive a mail called' POSTCARD FROM BEJING,' even though sentto you by a friend, do not open it! Shut down your computer immediately.

This is the worst virus announced by CNN. It has been classified by Microsoft as the most destructive virus ever.

This virus was discovered by McAfee yesterday, and there is no repair yet for this kind of virus.

This virus simply destroys the Zero Sector of the Hard Disc, where the vital information is kept.

You received this email because you are subscribed to the real_time feed for http://saundoo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဇောင်း] 3 New Entries: စစ်မှန်သော မျှော်လင့်ခြင်း

စစ်မှန်သော မျှော်လင့်ခြင်း

ကြမ်းတမ်းလှတဲ့ ခရီးကြမ်းတွေကို ငါဖြတ်လျှောက်ခဲ့ရင်း မောပမ်းမှုတွေ အထီးကျန်မှု့တွေ နဲ့ ပြည့်နှက်နေခိုက် ဘ၀အတွက် အမောဖြေစရာ အေးချမ်းလှတဲ့ မင်းရဲ့ ချစ်ခြင်းနဲ့အတူ မင်းရဲ့ မျှော်လင့်ခြင်းအစစ်တွေကို လိုချင်ပါရဲ့…။ လေနှင်ရာ ဖြတ်လျှောက်ရတဲ့ဘ၀မှာ စစ်မှန်နှလုံးသား ရင်ခွင်ကရှားသမို့… အတုအယောင်အိပ်မက်တစ်စုံနဲ့ ငါ့ကိုအဖော်မပြူခဲ့ပါနဲ့လား… မင်းမုန်းသွားမှာထက် ခံစားရခက်တဲ့ ချစ်ခြင်းဝေဒနာဆိုးကို ငါကြောက်လို့ပါ….။ ဘ၀ ဘ၀တွေထဲမှာ အချစ်က အရေးမကြီးဘူးလို့ တစ်ချို့တွေယူဆကြပေမဲ့ တစ်ကယ်တမ်းက အချစ်သည် လူကို အရာရာပြောင်းလည်းစေနိုင်တယ်လေ..။ ပျော်ရွှင်တစ်စုံကို ရရှိဖို့ ရှည်လျှားလှတဲ့ မျှော်လင့်ခြင်းတွေကို မင်းပေးခဲ့တယ် နောက်တစ်ချိန်မှာ မင်းပေးတဲ့ မျှော်လင့်ခြင်းတွေက အကောင်အထည်ဖော်လာရင်တော့ ကောင်းပါရဲ့...။ တစ်ကယ်တမ်းမဖြစ်လာတဲ့အခါ ပင်လယ်ပြင်ထဲမှာ ကျောက်ချထားတဲ့သဘောင်္တစ်စင်းလို့ ငါ့ရဲ့အနာဂါတ်ကို ဘယ်လိုရင်ဆိုင်ရမလဲလေ... ဖြစ်နိုင်ရင်တော့ ငါ့ဘ၀အတွက် စစ်မှန်တဲ့ မျှော်လင့်ခြင်းနဲ့ ပျော်ရွှင်ခြင်းသာ လိုချင်ပါတယ်.......



အပိုင်းပိုင်းထဲက အချစ်



ပြောင်းလည်းခြင်းတွေ ရှိခဲ့ပေမယ့် မျှော်လင့်ဆိုတာရှိနေမှတော့ ချစ်တဲ့စိတ်တွေလည်းမပြောင်းလည်းတော့ဘူးလို့ဆုံးဖြတ်ချက်တွေက ထွက်ပေါ်လာခဲ့တယ်..။ ခက်တော့ခက်ပါရဲ့ အချစ်ဆို ကမ်းမမြင် လမ်းမမြင်နိုင်တဲ့ ပင်လယ် အလယ် ထဲ ရောက်နေသလိုပဲ... တစ်ခါတစ်ရံ ကြေကွဲလိုက် တစ်ခါတစ်ရံ ပျော်ရွှင်လိုက်နဲ့ အချစ်ကတော်တော်ဆန်းကြယ်သား..။ ကမ္ဘာကျော် စုံထောက်ကြီးတွေ ခြေရာခံလို့မမိသေးတာလည်းရှိသေးရဲ့ အဲ့ဒါကတော့ အချစ်လေ....။ ဘာကြောင့်လည်းဆို အချစ်သည် လူကို နုပျိုစေသလို အိုမင်းလွယ်စေတယ်... နောက်ဆုံးအချစ်သည် လူကိုသေစေနိုင်သည်...။ ဘာပဲဖြစ်ဖြစ် ကျွန်ုပ်လည်း လူထဲကလူမို့ အချစ်နဲ့မကင်းနိုင်ပေ.......

အတောင်စုံရင်ပျံကြစတမ်းလား

လူရယ်လို့ဖြစ်လာကတည်းက ဘ၀များစွာရဲ့ မွန်းကြပ်မှုတွေကြားမှာ ရှင်သန်ကြီးပျင်းလာရသလိုပါပဲ…။ ဆန်ပြုတ်နဲ့ဖရုံသီးပြုတ်ကို မိန်ရည်ရှက်ရည် စားသောက်လာရတဲ့ အချိန်အခါတုန်းက ညအိပ်ရင် အနွေးထွေးဆုံးစောင်က ဂုန်နီအိတ်လေးပေါ့..။ မိသားစုအတွက် နဖူးကချွေး ခြေမကျလည်း ဂရုမစိုက်နိုင်အောင် လုပ်ကျွေးခဲ့တဲ့အဖေ… အခုတော့ ပင်ပန်းမှုတွေကြားမှာ ကင်းဝေးစွာ အနားယူသွားခဲ့လေပြီ။ မိုးလင်းလာတိုင်း ငှက်သိုက်ထဲက ပါးစပ်ဟပြီး အစာအော်တောင်းနေတဲ့ ငှက်ပေါက်လေးတွေလို တစ်ပူတစ်ဆာအော်နေကြတဲ့ သားသမီးတွေကို ကြည့်ပြီး မျက်ရည်ကျမိတဲ့ အမေ… အခုတော့ စိတ်မညစ်ပါနဲ့တော့ အမေ သားသမီးတွေအလှည့်ရောက်ပါပြီ အရိပ်ထဲမှာ ကောင်းမွန်စွာအနားယူပါတော့လား…။ အရွယ်ရောက်ရင် မိခင်ရင်ခွင်ကိုပစ်၍ အတောင်စုံရင်ပျံတဲ့ ငှက်တွေလို မလုပ်ဘူးဆိုတာ ယုံကြည်ပေးပါအမေ…။ မိဘ မှ တစ်ပါး အခြား နားခိုစရာမရှိ ဆိုသလို လူတစ်ယောက်မှာ တစ်ဦးတည်းသော မိနှင့်ဖ ဆိုတာပဲရှိတယ် အစားထိုးလို့မရနိုင်သောကြောင့်………

အစားထိုးလို့
မရနိုင်သောအရာသည် မိဘ
"ဇောင်း"

You received this email because you are subscribed to the real_time feed for http://www.zaung.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Padauk Myay] 1 New Entry: ၂၂ . ၁၁. ၂၀၀၈ ရက်နေ့ မြန်မာနိုင်ငံသတင်းများ

၂၂ . ၁၁. ၂၀၀၈ ရက်နေ့ မြန်မာနိုင်ငံသတင်းများ

  • မီဒီယာသမားများကို ထောင်ဒဏ်ချမှတ်မှု မြန်မာသတင်းသမဂ္ဂ ရှုတ်ချ-ဗွီအိုအေ click here
  • ဇာဂနာ ထောင်ဒဏ် ၄၅ နှစ် ချမှတ်ခံရ -ဗွီအိုအေ click here
  • ဝေးလံခေါင်ဖျား ထောင်များသို့ ပို့ဆောင်ခြင်းကြောင့် မိသားစုအား အခက်တွေ့ - မဇ္ဈိမ click here
  • Dulac (Dumex step1) နို့မှုန့်ကို မယ်လမင်းကင်းကြောင်း ကြေညာ - မဇ္ဈိမ click here
  • ရန်ကုန် ရွှေဈေး ၂၀ ရာခိုင်နှုန်း ကျဆင်း - မဇ္ဈိမ click here
  • ပဲ ပြဿနာဖြေရှင်းရန် အစိုးရက ကုန်သည်ကြီးများအသင်းထံ လွှဲအပ် - မဇ္ဈိမ click here
  • ဦးဂမ္ဘီရ ထောင်ဒဏ် ၆၈ နှစ် ကျခံရမည် - မဇ္ဈိမ click here
  • အမေရိကန်ကြီးစိုးသည့်ခေတ် ကုန်တော့မည်နောင်အနှစ် (၂၀) အကြာ ကမ္ဘာကြီးအခြေအနေ စိုးရိမ် ဘွယ်ရှိ- ခေတ်ပြိုင် click here
  • ဂရင်းရွိုင်ရယ် ဖိတ်ခေါ်ဖလားပွဲကြည့်ဖို့ ရန်ကုန်လူထု ချွေးတပ်ဆွဲခံရ- ခေတ်ပြိုင် click here
  • ကိုပြည့်ဖြိုးလှိုင်တို့အား နယ်အကျဉ်းထောင်များသို့ ပြောင်းရွှေ့- ရိုးမ ၃ click here
  • အရှေ့နှင့် အရှေ့တောင်အာရှမှရွှေ့ပြောင်းသွားလာနေကြမှုများ - လျှပ်တစ်ပြက် click here
  • အဆိုတော်ဇော်ဝင်းထွဋ်၊ ဆုန်သင်းပါရ်နှင့် Lဆိုင်းဇီတို့- လျှပ်တစ်ပြက် click here
  • နိုင်ငံတကာ၌လေယာဉ်လက်မှတ်နှုန်းထားများလျော့ကျနေသော်လည်း မြန်မာနိုင်ငံမှ နိုင်ငံတကာသို့ပျံသန်းနေ သည့်လက်မှတ်ခများသိသိသာသာကျဆင်းမှုမရှိ နိုင်ငံသားခရီးသွားများသာစီးနင်းမှုများပြားချိန်တွင် လက်မှတ်နှုန်းထား များလျော့ကျသင့်ကြောင်းခရီးသွားများသုံးသပ် - ၀ိကလီးအလယ်းဗင်း click here
  • တရုတ်နှင့် အိန္ဒိယနိုင်ငံမှ လူလတ်တန်းစားတွေ ကမ္ဘာကြီးကို ပြန်လည်ပုံဖော်နိုင်မည်လော - ၀ိကလီးအလယ်းဗင်း click here
  • အမျိုးသားပြတိုက်ပြုပြင်ရန် ဒေါ်လာ ၁၆၀၀၀ လှူဒါန်း - မြန်မာတိုင်းမ် click here
  • အသံစာပို့စနစ်လျင်မြန်စွာပြောင်းလဲ - မြန်မာတိုင်းမ် click here

You received this email because you are subscribed to the real_time feed for http://padaukmyay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[နတ်ပျိုမ] 1 New Entry: ချစ်သူအပြုံး

ချစ်သူအပြုံး

စိတ်ကူးတွေနဲ့င့ါ အခန်းငယ်

ဟိုတစ သည်တစနဲ့ အပိုင်းစုံ

စာရွှက်နဲ့ ဘောပင်လ်ဝယ် မိတ်ဆုံပွဲ

သည်တညလဲ လွမ်းအုးံမယ်။

သည်မြင်ကွင်း ဓာတ်ပုံငယ်

ဘယ်ခါ မရိုးသွား ကြည့်နေဆဲ

ချစ်သူအပြုံး

ရင်မှာ ဘယ်ခါ ပျောက်ဆုံးမသွား

ဆည်းဆာလို ရိုးသားလွန်းခဲ့

ရင်ကို အေးချမ်းသွားပြီအမြဲ

အချစ်ဆုံးရယ်

တောက်ပတဲ့ အပြုံးတွေရင်မှာ

သိမ်းထားတယ်။

You received this email because you are subscribed to the real_time feed for http://natpyoma.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[EverGreen] 1 New Entry: နှင်းညနေ ..။

နှင်းညနေ ..။

You received this email because you are subscribed to the real_time feed for http://www.nnai.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.