နှစ်ကူးဈေးဝယ် ထွက်ကြမယ်...
မင်္ဂလာပါ။ သန်ဘက်ခါည ဆိုရင် ၂၀၀၈ နှစ်ဟောင်းကုန်လို့ ၂၀၀၉ နှစ်သစ်ရောက်တော့မှာ... နှစ်ကူးနီးပြီဆိုတော့ နိုင်ငံတကာ ကုန်တိုက်တွေမှာ ဈေးတွေ အပြိုင်အဆိုင် သူ့ထက်ငါ လျော့ရောင်းကြပါတော့တယ်။ ဒီပို့စ်လေးမှာတော့ ဒီက နာမည်ကျော်ကုန်တိုက် တစ်ခုဖြစ်တဲ့ RT Mart (大潤發)ရဲ့ နှစ်ကူးအထူး ကြော်ငြာလေးကို တင်ပြပေးလိုက်ပါတယ်။ ကျွန်တော်သိသလောက်၊ သွားဖူးသလောက် အခြား Supermarket တွေကတော့ Carrefour (家樂福)၊ Geant (愛買)နဲ့ Costco တို့ပါ။ အဲဒီတွေအထဲမှာ RT Mart ကတော့ ကျွန်တော့်အထင် ဈေးတော်တော်မှန်ပါတယ်။ အခင်းအကျင်းကတော့ အချာဆုံးပါပဲ.. ဟီးဟီး.. Costco ကတော့ နှစ်စဉ်ကြေးပေးပြီး member card နဲ့မှ ဝင်လို့ရတာ... လက္ကားရောင်းတာ များပါတယ်။ Costco က ပစ္စည်းတွေက ရှယ်တကာ့ရှယ်... ပြီးတော့ ဈေးကလဲ ထူးရှယ်ပါပဲ.. ဟဲဟဲ..
RT Mart ကြော်ငြာမှာ နှစ်ကူး အတွက် ပစ္စည်းအစုံအလင်ကို ဈေးတွေ ချထားတာတွေ့မြင်ရပါတယ်။ ဘလော့ဂါ မောင်နှမတွေရဲ့ နိုင်ငံတွေက ဈေးနှုန်းတွေနဲ့ ဒီကဈေးနှုန်းတွေကို နှိုင်းယှဉ်ကြည့်နိုင်ပါတယ်ဗျာ။
လက်ရှိ ငွေလဲနှုန်းကတော့ ... တို့ ဖြစ်ကြပါတယ်။ အင်တာနက်ကနေ ကြည့်လိုက်တဲ့ ဒီနေ့ ငွေလဲနှုန်းလေးတွေပါ... အနီးစပ်ဆုံးပေါ့...
ရွှင်လန်းချမ်းမြေ့ကြပါစေ။