Bye bye 2008 - Welcome 2009 အမှတ်တရ
၂၀၀၈ အကုန် ၂၀၀၉ကို အကြို အမှတ်တရ အဖြစ် ပို့စ်လေး တင်မလို့ စိတ်ကူးရတာက ကျွန်မရဲ့ အင်္ဂလန် ဖြစ်ရပ် အကြောင်း ဘာသာပြန် ပို့စ်လေးတွေ ကို စောင့်မျှော် နေပါတယ် ဆိုတဲ့ စာဖတ်သူ မောင်နှမတွေကို ပျော်ရွှင်စေချင်လို့ တစ်ကြောင်း၊ ဖတ်ထားတဲ့ ပို့စ်က ရယ်စရာကောင်းလို့ တစ်ကြောင်း၊ နစ်သစ်ကူး အထိမ်းအမှတ် အဖြစ် အမှတ်တရ မြူးဘွယ်ရာ ပို့စ်လေး ကို တင်လိုက်ပါမယ်နော်
စာဖတ်သူတွေ နှစ်သစ်မှာ စိတ်ကြည်နူး စေဖို့ အတွက် မအားတဲ့ အထဲက အမှတ်တရ ရေးရတာ မိုလို့ အခန်းရှည် ဇတ်လမ်း ဖြစ်တဲ့အတွက် (ဆက်ရန်.. ) လေးနဲ့ သွားမှာကို စိတ်ဆိုးကြရင် (မျှော်ပါ...) ဆိုတာလေး နဲ့ အစားထိုး သွားမှာပါ.... ခွင့်လွှတ်နိုင်လိမ့်မယ်ထင်ပါတယ်နော်...

SUGAR MUMMY! ချစ်သဲမာမီ
Hi, I'm Claudia. I'm worth £20m and I need a man to love...
ကျွန်မ နာမည်က ကလောဒီယာလို့ခေါ်ပါတယ်။ ကျွန်မက သန်း၂၀ ကြွယ်ဝပေမဲ့ ဘ၀ဟာ အထီးကျန်ခြောက်သွေ့ အဖော်မဲ့ နေသူပါ။ အကြင်နာ မေတ္တာ အချစ်ပေးစွမ်းနိုင်တဲ့ ကြင်ဖော် အလိုရှိ နေသူ ပါရှင်။
မျှော်ပါရှင်...
ဘာသာပြန်သူ - ဆောင်း
၂၀၀၈ ဒီဇင်ဘာ ၂၉ ရက် အင်္ဂါနေ့
Boxing Day!
ကျွန်မ ဒီနိုင်ငံရောက်ခါစက ဘောက်ဆင်ဒေးဆိုတာ နားမလည်ခဲ့ပါဘူး။ ဘယ်သူတွေက လက်ဝှေ့ထိုးသလဲ လို့ မေးပါတယ်။ အဖြေရှာမရသလို ဘယ်လမ်းမ ပေါ် မှာမှ လက်ဝှေ့ ထိုးပွဲ မတွေ့ခဲ့ပါဘူး။
(မသိရန်ကောလို့ဘဲ ဆိုချင်ဆို)
ကော်မဲန့်ထဲမှာ , စာဖတ်သူအမျိုးသမီးတစ်ဦး (temperance, 81.99.210.252, UNITED KINGDOM, NORWICH 01:11 29 December 2008 ) လာပြောတာက တော့ လက်ဆောင်တွေကို ၂၅ရက်ည ၁၂နာရီမှာ ဖွင့်ပြီး နောက်တနေ့ ၂၆ရက်မှာ လက်ဆောင်ထဲ့ထားတဲ့ စက္ကူပုံးတွေ လွှင့်ပစ်လို့ ဘောက်ဆင်ဒေးလို့ ခေါ်ပါသတဲ့။
နိုင်ငံတခုနဲ့ တခု မတူတာလား။ မြို့နယ်တစ်ခုနဲ့ တစ်ခုမတူတာလား။ မိသားစု တခုနဲ့ တခု မတူတာလား။ အင်္ဂလိပ်စစ်စစ် အားလုံးက ဒီဓလေ့ တွေကို မသိကြတာလား တော့ မပြောတတ် ပါဘူး။ ကျွန်မ နှစ်အတော် ကြာကြာ အထိ တချို့ လုပ်ဖော်ကိုင်ဘက် အင်္ဂလိပ်စစ်စစ် တွေကို လိုက်မေးတာ ဘာ့ကြောင့် ဘောက်ဆင်ဒေး လို့ ခေါ်မှန်းသူတို့ မသိကြဘူးဆိုဘဲ။ ကောင်လေး ခပ်ငယ်ငယ် လေးက ပြောပြလို့သာ သိရပါတယ်။ ကော်မဲန့် ထဲ လာရှင်းပြလို့ ကျေးဇူးတင်ပါတယ်။ နောက်လည်း လိုအပ်တာတွေ တွေ့ရင် ရေးပေးစေလိုပါတယ်ရှင်။ ကျေးဇူးတင်လျက်... ဆောင်း။
(အဲ.. ကြွားပါရစေရှင် ညည်းခံပေးကြပါနော် ကြွားချင်လို့ပါ။)
အခု ဒါတွေက မြင်ရတဲ့ လက်ဆောင်နော် .. မမြင်ရတဲ့ လက်ဆောင် တွေက လည်းတန်ဖိုးမသေးဘူး။
အဲဒါတွေက မေတ္တာ တွေနဲ့ အားပေးစာ တွေပါ။ တလောက ကျွန်မမှာ စိတ် အနှောင့် အယှက် ဖြစ်ရတဲ့ အတွက် ကျွန်မကို စီဘောက် ထဲမှာရော မေးလ် တွေနဲ့ရော ချက်တင်နဲ့ရော အားပေးကြတာ တကယ့်ကို ချမ်းမြေ့စရာ ပါဘဲ။ ကျွန်မ စိတ်ညစ်တဲ့အချိန်မှာ အားပေး စကားလေးတွေဟာ ကျွန်မအတွက် တန်ဖိုးကြီးလှပါတယ်။
တချို့ဘလောကာမောင်နှမတွေ ဆိုရင် စာမေးပွဲ ကြားထဲက နေ အားပေးတယ်။ စိတ်ပြေအောင် ပို့စ်လေးတွေတင်ပေးတယ်။ (ဘလော့ကာ ကိုမောင်မောင် ဆိုရင်) ခရီးသွားနေလို့ အချိန်မရှိ တဲ့ကြား ထဲက တကူးတက စာရေး အားပေးပါတယ်။
ကျွန်မအတွက်တော့ မေတ္တာရလို့ ဧမြခဲ့ရပါတယ်။
တကယ်လို့များ မေတ္တာပေးလို့ မေတ္တာရောင်ပြန်ဟပ်လာမယ်ဆိုရင် ကျွန်မအတွက် မင်္ဂလာရှိတဲ့ နစ်သစ်လေး ဖြစ်လာမှာပါ... အဲဒီလို မင်္ဂလာရှိတဲ့ နစ်သစ်ကလေး ကို မျှော်နေပါတယ်။
ကျွန်မစာတွေ ဖတ်ရှု့ အားပေးတဲ့မောင်နှမတွေရော၊ မေတ္တာစေတနာထားပေးတဲ့ မောင်နှမတွေရော၊ ကျွန်မကို အထင်မှား ပြောဆိုနေတဲ့ မောင်နှမတွေကိုရော ကျွန်မက ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ။
မင်္ဂလာရှိတဲ့ နစ်သစ်ကလေး ၂၀၀၉ကို မျှော်ကြပါစို့နော်.... လို့
ခင်မင်တဲ့
ဆောင်း
(တကယ်လို့များ ကျွန်မရဲ့ စာသားလေးတွေ အမှာစကားတွေ ကော်မဲန့်တွေက တစ်ဦးတစ်ယောက်ကို ထိခိုက် နစ်နာ သွားခဲ့မယ်ဆိုရင် စိတ်မရှိပါနဲ့လို့ သာပြောလိုပါတယ် နစ်နာစေလိုတဲ့စိတ်မရှိဘဲ စကားပြောမတတ်လို့ ပါ... လို့သာ ဖြေရှင်းပါရစေနော်။)

You received this email because you are subscribed to the real_time feed for http://saundoo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.