Thursday, January 1, 2009

[T h Э   U n Ф 0 r g 0 t t a б л e...] 1 New Entry: အဟောင်းများနှင့်

အဟောင်းများနှင့်

နှစ်သစ်တနှစ် ကူးပြောင်းတိုင်း စိတ်သစ် ၊ လူသစ် ၊ အသစ်အသစ်တွေနဲ့ လို့  စဉ်းစားရင်း ပြောင်းလဲစရာ၊ ပြင်ဆင်စရာ အရာပေါင်းများစွာ စဉ်းစား စာရင်းတို့ ရင်း ဆုံးဖြတ်ချက် တွေချခဲ့တာ ဘယ်နှစ်ခါရှိခဲ့ပြီလဲ? အဟောင်းတွေကို နှစ်ဟောင်းဆီမှာ ချန်ထားခဲ့ရင်း ဖြစ်သင့်တဲ့ အသစ်တွေ စဖို့  ဆုံးဖြတ်ခဲ့တာ အကြိမ်ကြိမ်။
နှစ်ကုန်လို့  စာရင်းချုပ်လိုက်တော့လည်း ဘာတခုမှ မယ်မယ်ရရ ပြောင်းလဲဖြစ်ခဲ့တာ မရှိ။ ထုံစံအတိုင်း အပ်ကြောင်းထပ်နေတဲ့ ဓါတ်ပြားဟောင်းကို အခါခါဖွင့်ရင်း နစ်သထက်နစ်နေခဲ့တာ။ ဘာဖြစ်လဲလေ စိတ်ချမ်းသာနေရင်းပြီးတာပဲ ကိုယ်ပျော်ဖို့ က အဓိက လို့  ဖြေသိမ့်ချက်ပေးရင်း ကျေနပ်စွာ အချိန်တွေ ကျော်ဖြတ်ခဲ့တာ( တကယ်တမ်းတော့ အချိန်တွေ ဖြုန်းနေခဲ့တာပါလေ)

ပြီးခဲ့တဲ့ တနှစ် ကိုပြန်လှည့်ကြည့်လိုက်တော့ ပိုလို့ တောင် ဆိုးပါသေးတယ်လေ။ အလူးအလဲ ရုန်းထခဲ့ရတဲ့ ရှုံးနိမ့်မူတွေ ၊ ဆုံးရှုံးမူတွေကြားထဲမှာ ၊ ဝေဒနာတွေ ထားခဲ့ပြီး အရာအားလုံးအသစ်က ပြန်စကြည့်ဖို့  ကြိုးစားကြည့်ဖို့  ကိုယ့်ကိုကိုယ် အားတွေပေးရင်း နှစ်တနှစ် အသစ်စဖို့ ၊ ကိုယ့်သမိုင်းအသစ် ကိုယ်ပြန်ရေးဖို့  ပြင်ဆင်ခဲ့သေးတာ။ တကယ်တမ်းကျတော့ ခံစားချက် အဟောင်းတွေကို မက်မက်မောမော ဖက်တွယ်ရင်း နှစ်အသစ်တခု ထဲမှာ လိုက်ပါစီးမျောနေခဲ့တာ မြုပ်တလှည့် ၊ ပေါ်တလှည့်။ နောက်ဆုံးတော့လည်း ထုံစံအတိုင်း မထူးဇတ်ပဲ ဆက်ကနေတာ ။

ဒီလိုနဲ့ သက္ကရာဇ်အိုတွေကို လက်ပြနှုတ်ဆက်၊ ခံစားချက်အဟောင်းတွေပွေ့ ဖက်ရင်း၊လန်းဆန်းနေတဲ့ နှစ်အသစ်တခုမှာ ကိုယ်ဟာ ပြဇတ်ဟောင်းတပုဒ်ကို ဖန်တရာတေအောင် ကတဲ့သူ ဖြစ်အုန်းတော့မယ်။ ရှိပါစေတော့လေ ကိုယ်ကိုယ်တိုင်က အဟောင်းတွေထဲမှာ နစ်နေချင်သူကိုး။

ကိုယ့်လိုမဟုတ်တဲ့ အခြားခြားသော သူအပေါင်း ၊ စိတ်ချမ်းသာ ကိုယ်ချမ်းသာ စွာဖြင့် လှပသော နှစ်သစ်တခုကို ပိုင်ဆိုင်သူများ ဖြစ်ကြပါစေလို့ ။

You received this email because you are subscribed to the real_time feed for http://amhattaya.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.