Thursday, January 1, 2009

[Sai Wunna] 7 New Entries: ဖိုးလပြည့်က ဆင်စွယ် အမည်ရှိလူမိုက်ဂိုဏ်းကိုထောင်

ဖိုးလပြည့်က ဆင်စွယ် အမည်ရှိလူမိုက်ဂိုဏ်းကိုထောင်

ဖ�ုးလပြည်.မျ�ုးလ�ှုင်ဝင်းနင့်နာကာတာ

ဖိုးလပြည်.မျိုးလှိုင်ဝင်းနင့်နာကာတာ


နအဖစစ်အုပ်စုအကြီးအကဲဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏မြေးဖြစ်သူအသက်၁၇နှစ်အရွယ်
ဖိုးလပြည့်(ခ)နေရွှေသွေးအောင်က၎င်း၏လုံခြုံရေးက်ုတာဝန်ယူပေးရသည့် ဆင်စွယ်
အမည်ရှိလူမိုက်ဂိုဏ်းကိုတည်ထောင်ဖွဲ့စည်းထားကြောင်း၎င်းနှင့်နီးစပ်သည့်စီးပွားရေး
ငန်းရှင်တစ်ဦး၏သားဖြစ်သူကFreedom News Group သို့ပြောပြသည်။နှစ်သစ်ကူး
ကာလရန်ကုန်တွင်နေထိုင်စဉ်အတွင်းကမာရွတ်အင်းလျားလမ်းတွင်ဖြစ်ပွားခဲ့သည့်ပြသ
နာများကြောင့်၎င်းအတွက်အန္တရာယ်များနေ၍ထိုသို့ဖွဲ့စည်းရခြင်းဖြစ်ကြောင်းသတင်းရရှိ
သည်။

အမည်မဖော်လိုသောစီးပွားရေးငန်းရှင်တစ်ဦး၏သားဖြစ်သူကဖိုးလပြည့်ရဲ့ ဆင်စွယ် ဂိုဏ်း
မှာပါသူတွေကရဲနဲ့စစ်တပ်ဘက်က လူကြီးသားသမီးတွေရယ်သူနဲ့ရင်းနှီးတဲ့စီးပွားရေးလုပ်
ငန်းရှင်ကြီးတွေရဲ့သားသမီးတွေလည်းပါတယ်နောက်သူ့ဘောလုံးကလပ်ကလူတွေလဲပါ
တယ်ဟုထုတ်ဖေါ်ပြောဆိုခဲ့သည်၊၊

နေရွှေသွေးအောင်နှင့် ဆင်စွယ်ဂိုဏ်းသားများမှာအင်လျားလမ်းရှိဆိုင်များတွင်တွေ.ဆုံမှုများ
ရှိပြီးTabel Reserved တွင် ဆင်စွင် ဟု reserved လုပ်သည်ဟုသိရသည်။ဆင်စွယ်ဂိုဏ်း

သားများမှာနေရွှေသွေးအောင်နှင့်အတူရှိုးပွဲနှင့်ကလပ်များကိုအလကားဝင်လေ့ရှိပြီးနေရွှေ
သွေးအောင် ဖြစ်သမျှသူတာဝန်ယူမည်ဟုကတိ ပေးထားမှုအပေါ်တွင်သာယာနေသူများဖြစ်
သည်ဟု၎င်းတို့နှင့်ကြုံဖူးသည့်ဟိုတယ်ဝန်ထမ်းတစ်ဦးကသုံးသပ်ပြောဆိုခဲ့သည်။

မြန်မာသစ်မဂ္ဂဇင်းမျက်နှာဖုံးအဖြစ်ဦးသန့်၏ဓာတ်ပုံကိုခွင့်မပြု


ကုလသမဂ္ဂတွင်တွေ့ရသောဦးသန့်

ကုလသမဂ္ဂတွင်တွေ့ရသောဦးသန့်

်ဦးသန့်၏ပုံတူပန်းချီ

်ဦးသန့်၏ပုံတူပန်းချီ

တင်ကျော်ကျော်စိုး(Freedom News Group)

ဒီဇင်ဘာလ ၂၆ ရက်နေ့ စာပေစိစစ်ရေးဌာန၏ခွင့်မပြုချက်ကြောင့်ကမ္ဘာ့
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ရာထူးကို ၁၉၆၁ ခုနှစ်မှ

၁၉၇၁ ခုနှစ်အထိ သက်တမ်း ၂ ခုစာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီးမြန်မာ
နျိင်ငံသားတစ်ဦးဖြစ်သူဦးသန့်၏ ဓာတ်ပုံကိုဇန်န၀ါရီလတွင်ထုတ်ဝေမည့်မြန်မာသစ်

မဂ္ဂဇင်း ၏မျက်နှာဖုံးတွင်သုံးခွင့်မရရှိကြောင်းသတင်းရရှိခဲ့သည်။် ဦးသန့်၏ အနှစ် ၁၀၀
ပြည့်မွေးနေ့ဖြစ်သည့်၂၀၀၉ ဇန်နဝါရီ ၂၂ ရက်နေ့တွင် ဦးသန့်
နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ကမ္ဘာ့ကုလသမဂ္ဂ စာတိုက်၊ ဆက်သွယ်ရေးဌာနက
တံဆိပ်ခေါင်းများ ထုတ်ဝေမည် ဖြစ်သော်လည်းမြန်မာစစ်အုပ်စုကခွင့်မပြုချေ။

မြန်မာသစ်မဂ္ဂဇင်းသည်ထင်ရှားကျော်ကြားမြန်မာများအကြောင်းကိုလစဉ်ဖေါ်ပြသည့်

မဂ္ဂဇင်းတစ်စောင်ဖြစ်ပြိးယခုလအတွက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်
ရာထူးတာဝန်ကိုထမ်းဆောင်ခဲ့ဖူးသည့်ဦးသန့်အကြောင်းကိုမျက်နှာဖုံးတင်ရန်စီစဉ်နေစဉ်

စာပေစီစစ်ရေးကခွင့်မပြုခြင်းဖြစ်သည်ဟုမဂ္ဂဇင်းနှင့်နီးစပ်သည့်အသိုင်းအ၀ိုင်းမှသတင်းရ
ီိရှိသည်။

ဦးသန့် ဆောင်းပါး   (ထိန်လင်းရေးသည်)

အာရှတိုက်ရဲ့ ပထမဆုံး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံသား ဦးသန့်ဟာ လာမယ့်နှစ်ဆန်း ဇန်နဝါရီလ ၂၂ ရက်နေ့မှာ အသက် ၁ဝဝ ပြည့်ပါပြီ။ သူ့ရဲ့ ရာပြည့်မွေးနေ့က သူ့ရဲ့ 'ဈာပနအရေးအခင်း' ၃၄ နှစ်ပြည့် နှစ်ပတ်လည်နဲ့ နီးကပ်နေတာလည်း သတင်းတွေမှာ ကြားရလို့ သိပြီးဖြစ်နေမှာပါ။ ကမ္ဘာ့ကုလသမဂ္ဂရဲ့ တတိယမြောက် အတွင်းရေးမှူးချုပ် ဦးသန့်ရဲ့ နှစ် ၁ဝဝ ပြည့် မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကုလသမဂ္ဂက ဦးသန့်ရဲ့ ရုပ်ပုံနဲ့ တံဆိပ်ခေါင်း ၃ မျိုး ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ စတင် ထုတ်ဝေမှာဖြစ်ပါတယ်။ မြန်မာပြည်မှာကတော့ ရွှေတိဂုံစေတီတော် တောင်ဘက်မုခ် အနီးမှာရှိတဲ့ ဦးသန့်ရဲ့ ဂူဗိမာန်ကိုတောင် လွတ်လွတ်လပ်လပ် သွားရောက် ဂါရဝပြုနိုင်မှာ မဟုတ်ပါဘူး။ လွတ်လပ်ခွင့်မရှိတဲ့ ကျနော်တို့တိုင်းပြည်မှာ သက်ရှိတွေကို မဆိုထားနဲ့ ကွယ်လွန်သူတွေရဲ့ ဂူဗိမာန်တွေတောင် အနှောင်အဖွဲ့တွေ ကြားမှာပဲ ရှိနေတဲ့ သဘောပါပဲ။

ဦးသန့်အကြောင်းကို ပြောကြတဲ့အခါ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဖြစ်တဲ့အကြောင်း၊ သူ့ရဲ့ဈာပန အရေးအခင်းအကြောင်းတွေကိုသာ ကြားရတတ်ပြီး သူ့ရဲ့ စာပေရေးသားမှုနဲ့ လွတ်လပ်ရေးမရခင်က သူ့အကြောင်းတွေကို သိပ်မသိရပါဘူး။ တကယ်တော့ ဦးသန့်ဟာ အင်္ဂလိပ် မြန်မာ ၂ ဘာသာနဲ့ ထုတ်ဝေတဲ့ ဂန္ထလောက မဂ္ဂဇင်းရဲ့ ဘာသာပြန်ပြိုင်ပွဲမှာ ၄ ကြိမ်တိုင်တိုင် ပထမဆု ရရှိခဲ့သူ ဖြစ်ပါတယ်။ ဦးသန့်ရဲ့ ပထမဆုံးစာမူဟာ အင်္ဂလိပ်လို ရေးသားထားတဲ့ စာမူဖြစ်ပြီး အသက် ၁၅ နှစ်အရွယ်မှာ ပုံနှိပ် ဖော်ပြခံခဲ့ရတာဖြစ်ပါတယ်။ မြို့ပြပုံပြင်များ၊ နိုင်ငံပေါင်းချုပ်အသင်းကြီး ကျောင်းသုံးစာအုပ်၊ ဗမာသစ်နှင့် ပညာသစ်၊ ပြည်တော်သာခရီး (၃ အုပ်တွဲ) စတဲ့ စာအုပ်များကို ရေးသားခဲ့သလို နိုင်ငံရေး ဝေဖန်ချက်၊ စာပေ ဝေဖန်ချက်တွေ အပါအဝင် ပညာရေး၊ လူမှုရေး ဆိုင်ရာ ဆောင်းပါးတွေကို သီလဝ၊ မောင်သန့်၊ ဦးသန့် ဆိုတဲ့ ကလောင်အမည်တွေနဲ့ ရေးသားခဲ့ပါတယ်။ စာပေ ဝေဖန်ရေး နိုင်ငံရေးဝေဖန်ချက်တွေကို ရေးသားတဲ့အခါ သူ့ရဲ့အယူအဆတွေကို ပွင့်ပွင့်လင်းလင်း ရေးသားခဲ့သလို သူ့ရဲ့အတွေးအခေါ် အယူအဆတွေကလည်း ခေတ်မီတာကို တွေ့ရပါတယ်။

အောက်စဖို့ဒ်တက္ကသိုလ်က ၂ဝ ရာစုရဲ့ အထင်ကရ ပုဂ္ဂိုလ်များအကြောင်း စုစည်းထုတ်ဝေထားတဲ့ Who's Who in the 20th Century စာအုပ်မှာ ဦးသန့်ရဲ့အကြောင်း ပါဝင်ပြီး နိုင်ငံတကာအရေးအခင်းများကို မတုန်မလှုပ်ဘဲ တည်တည်ငြိမ်ငြိမ် ဖြေရှင်းနိုင်ခဲ့သူ ဖြစ်တယ်လို့ အတ္ထုပ္ပတ္တိအကျဉ်း ရဲ့ အစမှာ ဆိုထားပါတယ်။ တကယ်လည်း ဦးသန့်က သူ့လက်ထက်မှာ ဖြစ်ပေါ်ခဲ့တဲ့ အရေးအခင်းပေါင်း များစွာကို အောင်အောင်မြင်မြင် ဖြေရှင်းနိုင်ခဲ့သူဖြစ်ပါတယ်။ အထူးသဖြင့် ကျူးဘား ဒုံးလက်နက်အရေး အခင်း (၁၉၆၂)၊ ကွန်ဂိုအရေးအခင်း (၁၉၆၃)၊ ဆိုက်ပရပ်စ် ပြည်တွင်းစစ် (၁၉၆၄)၊ အိန္ဒိယ-ပါကစ္စတန် ကက်ရှ်မီးယားအရေးအခင်း (၁၉၆၅)၊ အာရပ်-အစ္စရေး ၆ ရက်စစ်ပွဲ (၁၉၆၇)၊ ဗီယက်နမ်စစ် စတဲ့ အရေးအခင်းပေါင်းများစွာကို ကိုင်တွယ်ဖြေရှင်းနိုင်သူ ဖြစ်ပါတယ်။

သူ့ရဲ့ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး View From the UN ဆိုတဲ့ စာအုပ်မှာ သူပါဝင်ဖြေရှင်းခဲ့ရတဲ့ အဲဒီအရေးအခင်းတွေအကြောင်း ဦးသန့်က ရေးထားပါတယ်။ ဒီလိုဖြေရှင်းတဲ့အခါ နိုင်ငံတကာ ခေါင်းဆောင်တွေကို တာဝန်အရ ချဉ်းကပ်တာမျိုးတွေအပြင် အပြန်အလှန် ခင်မင်မှုတွေနဲ့လည်း ချဉ်းကပ်ရတာတွေ ရှိပါတယ်။ ဒီကြားထဲက ထူးခြားတဲ့ တိုက်ဆိုင်မှုတွေ ရှိခဲ့ပုံကိုလည်း ရေးသားထားပါတယ်။ ဗီယက်နမ်စစ်ပွဲ အရေးကိစ္စနဲ့ပတ်သက်လို့ သူ့ရဲ့အတွေ့အကြုံတွေကို ရေးသားတဲ့အထဲမှာ အမေရိကန်သမ္မတ ဂျွန်ဆင်နဲ့ သူနဲ့ တူညီတဲ့အချက်တွေ ရှိပုံကို "သူက ကျနော့်ထက် ၅ လ လောက် ပိုကြီးပေမယ့် သူနဲ့ကျနော် ကောလိပ်ကို တချိန်တည်းရောက်တဲ့အကြောင်း၊ ကျောင်းဆရာဖြစ်တာလည်း တချိန်တည်း လို့ သူက ပြောပြပါတယ်။ ပိုပြီး အံ့သြဖို့ အကောင်းဆုံးအချက်က သူ လက်ထပ်တဲ့နေ့နဲ့ ကျနော် လက်ထပ်တဲ့နေ့ ၁၉၃၄ နိုဝင်ဘာလ ၁၇ ရက် တစ်ရက်တည်း ထပ်တူကျနေပါပဲ။ သူ ကွယ်လွန်တဲ့ ၁၉၇၃ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့ဟာ ကျနော့်ရဲ့ ၆၄ နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်" လို့ ရေးသားထားပါတယ်။ စိတ်မကောင်းဖြစ်ရတဲ့အချက်ကတော့ သမ္မတ ဂျွန်ဆင်ကို သူ့တိုင်းပြည်က ဂုဏ်ပြုသလို ဦးသန့်ကို မြန်မာပြည်သားတွေ ဂုဏ်ပြုခွင့် မရတဲ့အချက်ပါပဲ။

နိုင်ငံတကာမှာ ငြိမ်းချမ်းရေးတွေ ပေါ်ပေါက်ဖို့ ကြိုးပမ်းနေတဲ့ ဦးသန့်ဟာ မြန်မာပြည်က ငြိမ်းချမ်းရေးဖခင်တစ်ဦး ဖြစ်တဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကိုလည်း ကြည်ညိုလေးစားသူ ဖြစ်ပါတယ်။ ၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် မြန်မာပြည်ကို ရောက်လာတဲ့အခါ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ချိန်နဲ့ တိုက်ဆိုင်ခဲ့ပါတယ်။ ဆရာကြီးက သူမရောက်ခင် ၂ ရက် ဇူလိုင်လ ၂၃ ရက်နေ့က ကွယ်လွန်ခဲ့တာပါ။ ဒါကြောင့် ဆရာကြီးရဲ့ ဈာပနထားရှိရာ စမ်းချောင်းက ဆရာကြီးနေအိမ်ကို ဇူလိုင်လ ၂၆ ရက်နေ့မှာ သွားရောက်ဂါရဝပြုခဲ့ပါတယ်။ ပြီးတော့ လွမ်းသူ့မှတ်တမ်းမှာ "မြန်မာပြည်သို့ ခေတ္တပြန်ရောက်လာခိုက်တွင် ဆရာကြီးအား နောက်ဆုံးဂါရဝပြုခွင့်ရသဖြင့် ကျေနပ်ပါသည်။ ဆရာကြီး ကောင်းရာသုဂတိ သွားစေရန် ဆုတောင်းရန် လိုမည်မထင်ပါ။ ဆရာကြီး ဘဝ တပါးပြောင်းသွားသည်မှာ မြန်မာနိုင်ငံအဖို့ နေတစ်ဆူ ကွယ်သည်နှင့် တူပါသည်" လို့ ရေးသားခဲ့ပါတယ်။

၁၉၆၆ ခုနှစ် စက်တင်ဘာ ၂၆ ရက်နေ့မှာ ဦးသန့်ကို နိုင်ငံတကာ ချစ်ကြည်ရေး နားလည်မှု ရရှိရေးကြိုးပမ်းချက်အတွက် နေရူးဆု ပေးအပ်ခဲ့ပြီး ဆုနဲ့အတူ ပါရှိတဲ့ အိန္ဒိယငွေ ရူပီး တစ်သိန်းကို ဦးသန့်က ကုလသမဂ္ဂ နိုင်ငံတကာဆိုင်ရာ ကျောင်းရန်ပုံငွေကို လှူဒါန်းခဲ့ပါတယ်။ မာရှယ်တီးတိုးက ပေးအပ်တဲ့ ယူဂိုဆလဗ်တံခွန်ဘွဲ့တံဆိပ် အပြင် နိုင်ငံတကာက ပေးအပ်တဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ပေါင်း ၁၇ ဘွဲ့ ရရှိခဲ့ပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ပေးအပ်ဖို့တောင် လျာထားခြင်း ခံခဲ့ရပါတယ်။ မြန်မာပြည်က ပေးအပ်တဲ့ ဘွဲ့ထူးတွေကတော့ ဝဏ္ဏကျော်ထင်၊ သီရိပျံချီ၊ စည်သူဘွဲ့ နဲ့ မဟာသရေစည်သူဘွဲ့တွေဖြစ်ပြီး အားလုံးက တော်လှန်ရေးကောင်စီ အာဏာမသိမ်းခင် ၁၉၆၂ ခုနှစ်မတိုင်ခင်က ပေးအပ်ခဲ့တာတွေချည်းဖြစ်ပါတယ်။ တော်လှန်ရေးကောင်စီခေတ်နဲ့ မဆလ ခေတ်တွေမှာတော့ ဘာဆုမှ မပေးအပ်ခဲ့ပါဘူး။ အဲဒီလို ဂုဏ်ပြုတာတွေ မလုပ်တဲ့အပြင် ကမ္ဘာက လေးစား အသိအမှတ်ပြုခြင်း ခံခဲ့ရတဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ ဈာပနကိုတောင် ပြီးစလွယ် တာဝန်ကျေ လုပ်ဖို့တာစူခဲ့တဲ့ မဆလ အစိုးရကို ကျောင်းသားတွေက အံတုတော်လှန်ခဲ့လို့သာ ဒီကနေ့ ရှိနေတဲ့ နေရာမှာ ဦးသန့်ရဲ့ဂူဗိမာန် ရှိနေတာဖြစ်ပါတယ်။ တကယ်လို့များ အဲဒီ ဈာပန အရေးအခင်း မဖြစ်ပေါ်ခဲ့ရင် ဘယ်လိုဖြစ်သွားမယ်ဆိုတာ မစဉ်းစားရဲလောက်အောင်ပါပဲ။

ဦးသန့်နဲ့ပတ်သက်လို့ စာရေးဆရာ တက္ကသိုလ်စိန်တင်ရဲ့'ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ ဦးသန့်' ဆိုတဲ့ စာအုပ်ကလွဲလို့ ဦးသန့်ရဲ့အတ္ထုပ္ပတ္တိ စာအုပ် ပြည့်ပြည့်စုံစုံ မရှိသေးပါဘူး။ ဒါကြောင့် လာမယ့် နှစ်ဆန်းမှာ ကျရောက်မယ့် ဦးသန့်ရဲ့ ရာပြည့်မွေးနေ့မှာ ဦးသန့်ကို ဂုဏ်ပြုတဲ့ အခမ်းအနားတွေ၊ ဦးသန့်ရဲ့ စာပေတွေကို ပြန်လည် ထုတ်ဝေတာတွေ စတဲ့ အမှတ်တရ အစီအစဉ်တွေ မြန်မာပြည်တွင်းမှာ ကျင်းပသူက ကျင်းပလို့၊ ကျင်းပခွင့်လည်း လွတ်လွတ်လပ်လပ် ရရင် ကောင်းလေစွ လို့ တဆက်တည်း စဉ်းစားမိပါတယ်။ ဒါမှသာ မြန်မာကို ကမ္ဘာက သိအောင်လုပ်ခဲ့သူတစ်ဦး ရှိခဲ့တယ်ဆိုတာကို မျိုးဆက်သစ်တွေ သိရှိမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မြန်မာပြည်မှာက ဒီလိုကိစ္စမျိုးတွေ ရှိလာဖို့ဆိုတာ ထီထိုးတာထက်ကို အခွင့်အလမ်း နည်းပါးလှတယ် မဟုတ်ပါလား။ ။

ထိန်လင်း (၉၊ ၁၂၊ ၂ဝဝ၈)

ရုရှသွား..ပါးလိုက်တဲ့စာခွေ

အမိမြန်မာ၊ ဘွဲ့ရတာ ၇၅
၁၀ ယောက်က ကျိုးကန်း
၅ ယောက်က ရူးနှမ်းနှမ်းနဲ့
ရဲဖမ်းတာ ၇ ယောက်
၃ ယောက်က လူကြီးအမျိုး
ကံဆိုးသူ အယောက် ၅၀ (ငါတို့ကျောင်းမှာ လူ ၅၀ ရှိလို့)
ရုရှနယ်စေလွှတ်
နျူကလီးယားကို အိတ်နဲ့သွတ်ဖို့တဲ့..။

ဟိုတစ်ခါ ပြည်မြန်မာမှာ
ငွေနှစ်ရာ ဝေလာဝေး
ဆေးလိပ်တိုလေး မျှသောက်
Issue
နဲ့ စားသောက်နေရပေမယ့်
အရှင်မွေးတော့ နေ့ချင်းကြီး
ဒေါ်လာ ၂၀၀ ကိုင်ပြီးကတည်းက
လက်ကြားမှာ စီးကရက်
ဘီယာဆို ပလပ်ပလပ်နဲ့
သေးထွက်မတတ် မျိုဆို့
ညှီစို့စို့ အသားထုပ်
မှိုတက်လို့ လွှင့်ပစ်လိုက်ရသေးသတဲ့

လယ်သမားကြီး အယောက် လေးဆယ်
ကျွဲနွားနှယ်သူတို့ရုန်း
အသင်သုံးနေတဲ့ ရာတန်နှစ်ရွက်
သူတို့တတွေရဲ့ ချွေးစက်
ဟုတ်မဟုတ်တော့ မသိ
ရှိတာနဲ့ ဖုန်းဝယ်
ခါးကြားမှာ သယ်ပြီး
လူလယ်ရောက်မှ ထုတ်ဆက်
အိမ်မှာတော့ ယောက်မလျက်နေကြရပြီ။

တချောက်ချောက်နဲ့ Keyboard ရိုက်သံ
ကြိုးစားမှုတွေ မှန်နေတယ် မထင်နဲ့
ရည်းစား တစ်ယောက်ရရေး
Chatroom
တွေ လိုက်မေးပြီး
ကျနော်ကတော့ Master
Russia
နေတာပေါ့ကြွား
ခပ်ထွားထွား လေလုံးပစ်
ကြက်ဥနှစ်ကို ဆားနဲ့နယ်
ထမင်းတောင် မတည်နိုင်တော့ဘူး..။

အချိန်တန်တော့ စက်ဖွင့်
လေ့လာဖြစ်တာ all ကား
လှတဲ့ အိုး၊ ဖြိုးတဲ့တင်
မြင်သမျှ သရေကျ
ဟင်း ….. လိုက်ရ ဆိုတဲ့ စိတ်နဲ့
မိုးလင်းတော့ ကသုတ်ကရက်
ကားဂိတ်မှာ မတ်တပ်ရပ်ပြီး
ဖင်မှန်သမျှ လိုက်ကြည့်
တချို့ကလည်း မြန်မာအထာသိတော့
အင်္ကျီကိုဆွဲချ၊ တင်ပါးဆို ဖုံးထားမှ ဆိုတဲ့ အတွေးနဲ့။

လေ့လာတာ all ကား
ရှုစားတာ မိန်းမဖင်
သင်ချင်တာ Chat အကြောင်း
ငမိုက်သားအပေါင်းက
လိုချင်တော့ မှတ်
ဘာစာမှ မတတ်ပေမယ့်
ဆရာမကို ဆီးကြို၊ အထုပ်ကို ခပ်သွက်သွက်နဲ့
ပြေးယူတတ်သူတွေတောင်
Programmer
ဖြစ်နေကြပြီပဲ
ဆရာသင်တဲ့စာ၊ ဘာဆို ဘာမှမသိ
ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း ကျေနပ်နေကြပြီ။

ဒီတခါ Анюта
ခဏတာဝင်ငေး
အသားဈေးထိုးကျ
ရောင်းမရလို့တဲ့
ကြက်ဥဈေးခေါင်ခိုက်
ကုလားပဲ လှည်းနဲ့တိုက်ပြီး
ပုတ်ရိုက်ရောင်းစား
သြော်.. မြန်မာတွေတောင် တော်တော်များလာပြီပဲ။

၂၀၁၀ ရဲ့ တစ်နေ့
အောင်ပွဲတွေ ပွေ့ပြီး
နျူကလီးယား စက်ရုံသစ်
ဖဲကြိုးဖြတ် ဖွင့်ဖြစ်ရင်တော့
အင်း..
မြန်မာပြည်မြေပုံ အသစ်ဖြစ်ပြီ ထင်ပါရဲ့။

အနိုင်မခံ

ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်
ဤမှောင်တိုက်တွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော
ငါ၏ စိတ်ကို ဖန်ဆင်းပေးသည့်
နတ်သိကြားတို့အား ငါကျေးဇူး ဆိုပါ၏။

လောကဓံတရား တို့၏ ရက်စက်ကြမ်းကြုတ်သော
လက်ဆုပ်တွင်းသို့ ကျရောက်နေရသော်လည်း
ငါကားမတုန်လှုပ်၊ မငိုကြွေး
ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက် တို့ကြောင့်
ငါ့ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီနေ၏
ညွတ်ကားမညွတ်။

ဤဒေါသ လောဘတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား
သေခြင်းတရားသည် ကြောက်ဖွယ်ရာ ငံ့လင့်လျက်ရှိ၏။
သို့သော်လည်း ငါ့အား မတုန်လှုပ်သည်ကိုသာ တွေ့ရအံ့။
နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့။

သုဂတိသို့သွားရာ တံခါးဝသည် မည်မျှပင် ကျဉ်းမြောင်းသည် ဖြစ်စေ
ယမမင်း၏ ခွေးရေပုရပိုဒ်၌ ငါ့အပြစ်တို့ကို
မည်မျှပင်များစွာ မှတ်သားထားသည်ဖြစ်စေ
ငါကားဂရုမပြု
ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍
ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်လေသည်။

ဗိုလ်ချုပ်အောင်ဆန်း နှင့် အိုးဝေ ညိုမြ (တွဲဖက်ရေးသည်)
( ၁၉၃၆ခုနှစ် အိုးဝေမဂ္ဂဇင်း အတွဲ (၆) အမှတ် (၁) ခေါင်းကြီးပိုင်း)

ပလီပေါက် ကင်းနေဗီ (ရေတပ်) လူထုထံမှ ဓါးပြတိုက်

လှမြတ်သူ (မိဇံ) ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ် ပလီပေါက်တွင် ရေကြောင်းကင်း တာဝန် အနေဖြင့် မြစ်ကြောင်း တိုက်ရေယဉ် ရေတပ် စစ်သင်္ဘောငယ် တစီးအား အစောင့်ချထားပါသည်။

ထိုသို့ နေဗီတစီးအား သက်ဆိုင်ရာ အထက်မှ အစောင့်ချထားသဖြင့် ဒေသအတွင်း ခရီးသွားလာသူများ အနေဖြင့် သူခိုး ဓါးပြရန်ကို စိုးရိမ်စရာ မလိုဘဲ ခရီးသွားလာနိုင်ခဲ့ကြပါသည်။

သို့သော်လည်း အဆိုပါ သင်္ဘောပေါ်ရှိ ရေတပ်သားများမှာ ဒေသအတွင်း ယခင်က ကျင်လည် ကျက်စားခဲ့သော ဓါးပြများကဲ့သို့

လူထုထံမှ သွေးအေး ဓါးပြတိုက်နေသဖြင့် ခရီးသွားပြည်သူများမှာ အထူး ဒုက္ခရောက်နေကြရပါသည်။

အဆိုပါ ရေတပ်သားများသည် ကုလားတန် မြစ်ကြောင်း တလျောက် သွားလာနေသော မည်သည့် လောင်း သဗ္ဗာန် စက်လှေ ဘုတ်ကို မဆို ပလီပေါက်နှင့် တန်ခိုးချောင်းပေါက်ကနေ စောင့်ဆိုင်းပြီး ရပ်တန့်ခိုင်းကာ ငွေကောက်ခံနေပါသည်။

တရားဝင် အစိုးရပါမိတ်များဖြင့် သွားလာနေသော ဆန်၊ သစ်၊ ၀ါး၊ သစ်သီးဝလံများ တင်ဆောင်လာသော ရေယဉ်များနှင့် ငါးဖမ်းစက်လှေများမှလည်း ငွေကောက်ခံပါသည်။ မပေးလျှင် ဖြတ်သန်းသွာလာခြင်း မပြုပါ၊ ငွေမပေးနိုင်သော ရေယဉ်များကို အချိန်ကြာမြှင့်စွာ ဆိပ်ကပ်ပြီး ခရီးသွား လုပ်ကိုင် စားသောက်နေသူများကို အချိန် ကြန့်ကြာအောင် ပြုလုပ်ထားလေ့ရှိပါသည်။

ရခိုင်ပြည်နယ်တွင် ရေကြောင်းကို မှီင်္ပြီး လုပ်ကိုင်စားသောက်နေသူများမှာ ဒီရေ (ဖြားရီ) အတက်အကျကို လိုက်ပြီး ခရီးသွားလာနေကြသဖြင့် အချိန်မမှီမည်ကို စိုးရိမ်၍ ရေတပ်သားများမှ တောင်းသို့ငွေကို ပေးနေကြရပါသည်။

စစ်တွေ အခြေစိုက် အမှတ် (၁၈) ရေတပ် လက်အောက်ခံ ပလီပေါက် ရေတပ်ကင်းစခန်းမှာ ယခုကဲ့သို့ လာလာသမျှ ရေယဉ်များမှ ငွေကောက်ခံနေသဖြင့် အထူးဝင်ငွေကောင်းသော စခန်း တခုဖြစ်နေပြီး အဆိုပါ စခန်းတွင် တာဝန်ကျလိုသော ရေတပ်သား တဦးအနေဖြင့် ကျပ်ငွေ ၁၀ သိန်းထိ အထက်အရာရှိကို လာဒ်ပေးရသည်ဟုလည်း သိရပါသည်။

ယခုကဲ့သို့ တိုင်းပြည်အတွက် အသက်ပေးကာကွယ်နေပါသည်ဟု ပြောဆိုနေသော နအဖ ရေတပ်သားများမှ ကိုယ်ကျိုးအတွက် ပြည်သူများထံမှ ငွေများ မတရား ကောက်ခံနေသဖြင့် ရခိုင်ပြည်သူလူထုမှာ အကြီးအကျယ် ဒုက္ခရောက်နေကြရကြောင်း သတင်းရရှိပါသည်။

ပြည့်သူသတ်မတော်

ခရစ်စမတ်အပြန် ရှမ်းလူငယ်ကို ရဲနှင့်ပြည်သူ့စစ်တို့ရိုက်သတ်
စနေနေ့၊ 27 ဒီဇင်ဘာလ 2008 သျှမ်းသံတော်ဆင့်

ရှမ်းပြည်(မြောက်ပိုင်း) နမ့်ခမ်းမြို့တွင် ဒီဇင်ဘာလ(၂၃)ရက်နေ့ညပိုင်းက ခရစ်စမတ်ပွဲမှပြန်လာသူ ရှမ်းအမျိုးသားလူငယ်တစ်ဦးအား ရဲနှင့်ပြည်သူ့စစ် အဖွဲ့ဝင်များက ရိုက်နှက်သဖြင့် သေဆုံးသွားကြောင်း သိရသည်။

နမ့်ခမ်းမြို့ နောင်ခမ်းတိုက်ရွာသား အသက်(၂၂)အရွယ် စိုင်းတီးနှင့်အဖေါ်ကောင်မလေးတို့ နှစ်ဦး

ဆိုင်ကယ်စီး၍ခရစ်စမတ်ပွဲမှပြန်လာစဉ် ကင်းလှည့်နေသည့် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးအား အားဆိုင်ကယ်နှင့်ပွတ်တိုက်မိရာမှ ၀ိုင်းဝန်းရိုက်နှက်ကြသဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း မိသားစုဝင်ဒေသခံကသျမ်းသံတော်ဆင့်ကိုပြောသည်။

၎င်းနေ့ညက ဒေသခံရဲတပ်ဖွဲ့နှင့်ဦးလောဆန်ခေါင်းဆောင်သည့် မြို့မပြည်သူ့စစ်အဖွဲ့ဝင်များက ၀ိုင်းဝန်းထိုးကြိတ်ကြပြီး စိုင်းတီးအား နမ့်ခမ်းဆေးရုံသို့ လက်ထိတ်ခတ် ခေါ်ဆောင်သွားကြကာ ဆေးရုံတွင် ဆရာဝန်များအားဆေးကုသခွင့်မပြုခိုင်းပဲ ကုတင်တွင် လက်ထိပ်ခတ်၍ ထားခဲ့ကြောင်း သိရသည်။

(နောင်ခမ်းတိုက်ရွာသား စိုင်းတီး အဖေက ဦးမောက်ဆိုင် အမေက ဒေါ်မိုင်ခမ်းရွေကြာ သူနဲ့ နမ့်ခမ်းဟိုကတ်ရပ်ကွက်က ကောင်မလေး နန်းဆိုင်ခမ်း အဖေကဦးမောင်အိုက်ကို အမေကဒေါ်မြစိန် သူတို့နှစ်ယောက်က ခရစ်စမတ်ပွဲ သွားပြီးအပြန် ပါဝါဓါတ်ဆီဆိုင်နားမှာ ရဲနဲ့ပြည်သူ့စစ်ကင်းလှည့်နေတဲ့အဖွဲ့ရှိတယ် သူတို့အထဲက ပြည်သူ့စစ်တစ်ယောက်ကို ဆိုင်ကယ်နဲ့ ပွတ်တိုက်မိလိုက်တော့ ၀ိုင်းရိုက်ကြလို့ ရွေလီဆေးရုံမှာ သေသွားခြင်းဖြစ်ကြောင်းပြောသည်။

"နမ့်ခမ်းဆေးရုံကိုရောက်တာတောင် ဆရာဝန်ကိုဆေးမကုခိုင်းဘူး ဒီအတိုင်းကုတင်မှာလက်ထိပ်ခတ်ထားတယ် မိဘတွေက သိလို့လိုက် သွားပြီး နမ့်ခမ်းမြို့နယ်ရဲစခန်းမှူးကိုအာမခံမှ မနက်ပိုင်းမှ ရွေလီဆေးရုံ ယူသွားကြတယ်ပေါ့ ၂၄ရက်နေ့ည ၁၁နာရီမှာ ရွေလီ ဆေးရုံမှာဆုံး သွားတယ် အလောင်းကိုရွာပြန်ယူသွားပြီး ဒီနေ့သဂြိုလ်တယ် "လို့အဆိုပါ ဒေသခံက ပြောသည် ။

စိုင်းတီးစီးနှင်းခဲ့သည့် ဆိုင်ကယ်တစ်စီး ဖုန်းတစ်လုံးနှင့်တရုတ်ယွမ်ငွေ(၃၀၀)ကိုလည်း ရဲစခန်းကသိမ်းယူထားကြောင်း သိရသည်။

အခြေအနေအဆိုးရွားဆုံး ပြည်သူများတွင် မြန်မာပြည်သူများ ပါ


#fullpost {display:none;}

သတင်းထောက်ကူပြ ( ဓါတ်ပုံ - ဂိုလ်ဂယ်)

ဆိုမာလီယာ၊ ကွန်ဂို၊ ဇင်ဘာဘွေနှင့် မြန်မာနိုင် ငံ များမှ ပြည်သူ များသည် အတိဒုက္ခ ကြုံနေရ ကြောင်း (၂၀၀၈)ခုနှစ်၏ လူသား ဆိုင်ရာ ဘေး ဒုက္ခ အများဆုံး စစ်တမ်းများ တွင် တွေ့ရှိရသည်။ Medicins Sans Fortieres (MSF) ခေါ် နယ်စည်း မခြား ဆရာဝန်များ အသင်း က ကြေငြာ သည့် (၂၀၀၈) ခုနှစ် အဆိုးရွားဆုံး အခြေအ နေ (၁၀) ခုစာရင်းတွင် အဆိုပါ နိုင်ငံများ ပါဝင် နေခဲ့သည်။

MSFက ကြေငြာခဲ့ ရာတွင် ယမန်နှစ် အတွင်း AIDS ရောဂါ နှင့် နောက်ဆက်တွဲ တီဘီရောဂါကြောင့် တစ်ကမ္ဘာလုံး တွင် သေဆုံးခဲ့သူ ဦးရေ (၁.၇)သန်းရှိ ကြောင်း ပါရှိသည်။ MSF၏ ကြေငြာချက်အရ ဆိုမာလီယာ တွင် ပြည်သူများသည် လူနေမှု အဆင့်အတန်း အနိမ့်ကျ ဆုံးဖြစ်ပြီး မြန်မာနိုင်ငံမှာမူ ကျန်းမာရေး စောင့်ရှောက်မှု အညံ့ ဖျင်းဆုံး အဖြစ် မှတ်တမ်းဝင် နေသည်။

ဇင်ဘာဘွေမှာ မူ ရောဂါဘယ ထူပြောများပြား နေပြီး အရှေ့ကွန်ဂိုမှ ပြည်သူများ မှာ ပိတ်မိပြီး ဒုက္ခရောက် နေကြသည်။ ဆူဒန်တွင် အကြမ်းဖက်မှု များ ဖြစ်ပွား နေပြီး အီရတ် ပြည်သူများ၊ အီသီယိုးပီးယား - ဆိုမာလီယာ နယ်စပ်ရှိ ဒေသခံ များမှာ အထောက်အပံ့ များ လိုအပ်လျက် ရှိသည်။ ပါကစ္စတန် မြောက်ပိုင်း ဒေသခံများ မှာ လည်း တိုက်ပွဲများ အတွင်း ကြားညပ် နေကြောင်း သိရှိ ရသည်။ ထို့အပြင် MSF က လူသားများအတွက် ခြိမ်း ခြောက် မှု အများဆုံး ရောဂါကို AIDS နှင့် နောက်ဆက်တွဲ တီဘီဟု အတည်ပြု ခဲ့ပြီး လူသားများ သေဆုံးမှု အများ ဆုံး မှာ အာဟာရချို့တဲ့မှု ကြောင့်ဖြစ်ကြောင်း သတင်း ထုတ်ပြန် ခဲ့သည်။
http://www.peoplemediavoice.com/inside-burma/people-myanmar-burma.html

You received this email because you are subscribed to the real_time feed for http://saiwunna.focusburma.com/?feed=rss2. To change your subscription settings, please log into RSSFWD.