Thursday, January 1, 2009

[Laminkhin] 2 New Entries: LEADERSHIP GUIDELINES

LEADERSHIP GUIDELINES

LEADERSHIP GUIDELINES ကိုဆက်လက်တင်ပြသွားပါမယ်အဆက်အဆက်
နည်းနည်းဝေးသွားလို့  အောက်မှာ ပေါင်းပြီးပြန်လေ့လာဖို့ ဖိတ်ခေါ်ပါတယ် ။
ခေါင်းဆောင်တိုင်းစီမံ ကွပ်ကဲရမဲ့သွင်းအားစုများကို ကျမဆက်လက် တင်ပြသွားမှာဖြစ်ပါတယ် ။။
- လူအင်အား --ဖြစ်တဲ့ (Men)
- ငွေ - ဘဏ္ဍာ -- ဖြစ်တဲ့ ( Money)
- ပစ္စည်းအထောက်အကူဖြစ်တဲ့ ( Materials)
- နည်းစံနစ်ပိုင်း ဖြစ်တဲ့ (Methodology) တို့ ဟာ စီမံကွပ်ကဲမှုမှာမဖြစ်မနေ ရှိနေရမဲ့
သွင်းအားစုတွေပါပဲ ဒီသွင်းအားစုတွေကို ကျမတစ်ခုချင်းစီ ပြန်တင်ပြပေးပါမယ်။
လူအင်အားဖြစ်တဲ့ -- Men တွေကပဲ
စည်းကမ်း - Rule+Regulation
နာခံတက်ခြင်း-Obedient
ဖန်တီးခြင်း- Creation
အသိပညာ- Intelligence-Quality
ဥာဏ်ကွပ်ကဲမှု -Emotional-Quotient
ရယူခြင်း-Acquisitive
တစ်စိုက်မတ်မတ်လုပ်ဆောင်ခြင်း- Persistence
လူအင်အားဖြစ်တဲ့  Men တွေ က ဒီ အချက်အလက်တွေကို မဖြစ်မနေပြီးပြည့် စုံနိုင်ဖို့ 
လိုအပ်ပါတယ်။။
Money သွင်းအားစု မှာလည်း ငွေဆိုတဲ့အတိုင်းအထူးပို၍သတိထား ဖို့ လိုအပ်ပါတယ်။
ခု လူတိုင်းက လုပ်ငန်းတိုင်းလိုလိုမှာ ငွေ အပေါ်မှာပဲ ပြဿနာကြီးထွားတက်တာကြောင့်
မဖြစ်မနေလိုအပ်တဲ့ ငွေ သွင်းအားစုအပေါ်မှာ
တာဝန်သိမှု -- Responsible
ရိုးသားမှု -- Honesty
ဝေမျှမှု-- Impart
ယုံကြည်မှု -- Credible
ချေချေငံငံပြောဆိုမှု -- Chatty
ချွေတာမှု-- Economically တို့ ဟာငွေသွင်းအားစုအပေါ်မှာမဖြစ်မနေကျင့်သုံးကြရမှာ
မှာပဲဖြစ်ပါတယ် ။
ထို့ အတူ Materials ဆိုတဲ့ အထောက်အကူပစ္စည်းသွင်းအားစုတွေ အပေါ်မှာလည်း
အသုံးချသူက တိုးတက်သထက်တိုးတက် အောင် ခိုင်မာသထက်ခိုင်မာအောင်
တိုးတက်အောင်ပြုလုပ်မှု -- Formative
အသုံးတဲ့မှု -- Usage
အမျော်အမြင်ရှိမှု -- Wit
ထိမ်းသိမ်းမှု -- Maintain
စီမံချက်၇ှိမှု -- Scheme ဆိုတဲ့  စွမ်းအားတွေဖြည့်တင်းထားရပါမယ်။။ဒီလိုပဲ

Methodology -- ဆိုတဲ့ နည်းစံနစ် ပိုင်း သွင်းအားစုမှာလည်း
စံနစ်ကျမှု -- Systematically
တိကျသေချာခြင်း-- Precision
သာလွန်မှုရှိခြင်း-- Outwits
သုတေသနပြုခြင်း--Researches
အဆုံးသတ်ခြင်--Conclusive တို့ နဲ့  ဖြည့်ဆည်းရမှာဖြစ်ပါတယ် ။။ နောက်ထက်ထပ်မှာချင်
ပါတယ် နည်းစနစ်တိုင်းဟာဘယ်တော့မှပုံသေမရှိပါဘူး။ ဒါပေမဲ့အရင်အဆက်ဆက်ကအောင်
မြင်တဲ့သူတွေ ကျင့်သုံးခဲ့တဲ့ပုံသဏ္ဍန်ကိုအဆင့်လိုက်ပြန်ပြီးပြုစုထားတာတွေဖြစ်တဲ့အတွက်
ယေဘူယျသဘောနဲ့ တော့ မှန်ပါတယ် သို့ သော်အချက်အလက်တွေကိုပုံစံချပြီး ကိုယ်ကိုယ်
တိုင်လုပ်မှသာ ရရှိတဲ့အတွေ့ အကြုံကအမှန်ဆုံးဖြစ်တယ် ဒီတော့
လုပ်ကြည့်စမ်းပါ -- ရလာရင် ပြန်ဝေငှဖို့  မမေ့ကြရအောင် နော့

မေအိခင်(လယ်ဝေး)

သွေးသစ်လောင်းပွဲ

သွေးဘဏ်တိုက်မှ
သွေးမိုက်သွေးညစ်၊ဖောက်ထုတ်ပစ်၍
သွေးသစ်လောင်းကြ၊ခေတ်ပြောင်းကြ။

သွေးညှိသွေးယုတ်၊သွေးပြည်ပုပ်ကြောင့်
ချုပ်လုဇီဝိန်၊ခန္ဓာအိမ်ကို
အချိန်မှီအောင် ခွဲစိတ်ကြ။

သွေးမစင်ကြယ်က
သွေးပင်လယ်မြစ်၊ပြည်သူနစ်လိမ့်
သွေးစစ် သွေးမှန်၊သွေးစစ်ကန်တွေ
သွေးလျှံသွေးကောင်း၊သွေးမျိုးပြောင်း၍
သွေးဟောင်းစင်မှ၊သွေးသစ်လှ
အရုဏ်သစ်ဆီ ချီတက်ကြ။ ။



ဆရာတင်မိုး

(မောင်လေးလှိုင်မင်း ပို့ ပေးသောမေး(လ်) မှ )

You received this email because you are subscribed to the real_time feed for http://laminkhin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.