Thursday, January 1, 2009

[DeGoLar] 1 New Entry: ♥ Blackcurrant

♥ Blackcurrant

ရီဘီနာလို့ခေါ်တဲ့ သစ်သီးဖျော်ရည်တမျိုးကို ကျနော်က အဲဒီအသီးရဲ့နာမည် လို့ပဲ ထင်ခဲ့တယ်၊ လွဲတယ်ဗျ၊ တကယ်တမ်း တံဆိပ်နာမည် ဖြစ်နေတာကိုး။ အင်္ဂလန်က ကုမ္ပဏီတစ်ခုရဲ့ ဖျော်ရည်နာမည်ပါ၊ သစ်သီးက ခေါင်းစဉ်အတိုင်းပဲ Blackcurrant ဖြစ်ပါတယ်၊ အရွယ်အစားနဲ့ ပုံသဏ္ဍန်အားဖြင့် Cranberry နဲ့တူပြီး အရောင်အားဖြင့် အနက်ရောင် စပျစ်သီးနဲ့ ဆင်တူပါတယ်။

ခေတ်မှီတိုးတက်သော စင်္ကာပူနိုင်ငံတော်ကြီးဆီက သောက်စရာ တစ်ထောင့်နဲ့ တစ်မျိုးထဲက ဒါလေးကိုပဲ ရွေးထုတ်ပြီး ရေးနေခြင်းကတော့ ကျိုင်းတုံကို သတိရစေလို့ပါ။ အဲဒီအသီးကို ကျနော် ကျိုင်းတုံမှာ စားခဲ့ဖူးပါတယ်၊ အဲဒီတုန်းက ခဏ ခဏကို စားဖြစ်တာပါ။ အဲဒီတုန်းကဆိုတာ ဘုစုခရုအရွယ် မူလတန်း တက်နေတုန်းပေါ့၊ ကျောင်းဆောင်တွေရဲ့ အောက်ဖက်နားက ဘောလုံးကွင်း အစပ်နားမှာ ဆိုင်တန်း တစ်တန်း ရှိတယ်၊ ညာဖက်အစွန်ဆုံးက ဆီးယိုတွေ၊ ချိုချဉ်တွေ၊ ပီကေတွေ ရောင်းတဲ့ သွားရေစာဆိုင်မှာ အဲဒီ ခရမ်းနီရောင် (ခရမ်း+အနီ=ခရမ်းနီ) အထုပ်လေးတွေရောင်းတယ်၊ တစ်ထုပ်ကို တစ်မတ်လား၊ ငါးမူးလား မမှတ်မိတော့ဘူး၊ သေချာတာက ခဏ ခဏ ဝယ်စားဖြစ်တယ်၊ သိပ်ကောင်းတာဗျ။ လွမ်းတယ်၊ အဲဒီအထုပ်လေးတွေကို လွမ်းတယ်၊ လှိုင်းတွန့်လေးနဲ့ မတ်စေ့ကိုလည်း လွမ်းပါတယ်။ စာရွက်အောက်မှာ အကြွေစေ့တွေထား၊ အပေါ်ကနေ ခဲတံကို စာရွက်နဲ့ကပ်ပြီး ခပ်စောင်းစောင်း ရေးခြစ် ပုံဖော်ရတာ ငယ်စဉ်အခါ ကျောင်းစာသင်ခန်းထဲက အပျင်းပြေ အလုပ်တစ်ခုပေါ့၊ အကြိုက်မိဆုံး အကြွေစေ့က မတ်စေ့ပဲ၊ လှိုင်းတွန့်လေးတွေက သိပ်လှတာလေ၊ နောက်ပြီး လေးထောင့်ပုံ ဆယ်ပြားစေ့၊ အင်း၊ ဒါတွေရေးနေရတာ အရမ်းအိုစာသွားသလို ခံစားရတယ်၊ တကယ်တမ်း သိပ်မကြာသေးပါဘူး၊ ယုံပါ၊ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုစာလောက်မှာ ကျနော်တို့ မတ်စေ့၊ ဆယ်ပြားစေ့ သုံးခဲ့ကြတယ်။ နောင် အနှစ် ၂၀ လောက်မှာ တစ်သိန်းတန်၊ တစ်သန်းတန် ငွေစက္ကူတွေ သုံးမနေရ ပါစေနဲ့လို့ ကျနော် ဆုတောင်းမိတာပဲ။

ဖလစ်ကာမှာ ပုံရှာကြည့်တော့ ဒီပုံလေးတွေ့တယ်၊ အရမ်းကြည်ပြီး စားချင်စရာပဲ။

credit : Not entirely Vintage@flickr

အဲဒီအသီးနဲ့ စားစရာမျိုးစုံ လုပ်ထားတဲ့ပုံတွေ အင်တာနက်ပေါ်မှာ ရှာတွေ့ပေမယ့် ကျိုင်းတုံစတိုင်တော့ ရှာမတွေ့ဘူး၊ အနီးစပ်ဆုံး တူနေတာက အောက်ကပုံပါ၊ ယိုထိုးလိုက်တာ ဖြစ်ပါတယ်။

credit : T o w n i e@flickr

ယိုထိုးနည်းကို ဒီမှာ ဖတ်နိုင်ပါတယ်၊ နေအိမ်တိုင်းမှာ အနည်းဆုံး အပင်တစ်မျိုး စိုက်ကိုစိုက်ရမယ် လို့ ဥပဒေ ပြဋ္ဌါန်းခဲ့ရင် ရေညှိတွေစိုက်ပါမယ်၊ မညစ်နဲ့ကွာ ဆိုရင်တော့ အဲဒီအပင် စိုက်ချင်ပါတယ်။ အဲ၊ ဝီကီမှာတော့ ဥရောပတခွင်နဲ့ အာရှမြောက်ပိုင်းမှာ တွေ့နိုင်တယ်လို့ ရေးထားတယ်၊ အထွက်ဆုံးနိုင်ငံက ရုရှားပါတဲ့။
--
利賓納

『黑醋栗』:是我上小學時很喜歡吃的零食,一包包深紅色的黑醋栗蜜餞印象中好像兩毛半還是五毛錢就可以買了,如今五十元鈔票掉在地上或許都沒人想要撿起來,貨幣貶值的真可怕呀。長大後搬到另外一個城市,之後就再也沒機會吃到這甜美的黑醋栗了。到了新加坡之後又再嚐到這個熟悉的味道,但已不是當年的一包包紅色袋子,而是一罐罐的飲料了。

You received this email because you are subscribed to the real_time feed for http://degolar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.