Thursday, January 1, 2009

[mAunG mYo] 2 New Entries: တကယ်ကိုအဆင်မပြေဘူးး

တကယ်ကိုအဆင်မပြေဘူးး

အဆင်မပြေဘူး အဆင်မပြေတာပြောပါတယ် ဘာလုပ်လုပ်ကိုအဆင်မပြေဘူး ။လူက အလိုလိုနေရင်း ဒေါသထွက်နေတာ ဘာကြောင့်ဒေါသထွက်တာလဲ ဘယ်သူ့ကိုလည်းဆိုတာမသိပဲ သူ့ပါသာကကိုဖြစ်နေတာ။ ကွန်ပျူတာရှေ့ရောက်ရင်ပဲ ငိုချင်သလိုလို ရယ်ချင်သလိုလိုနဲ့ အရူးပြာပူထိသလိုပဲ ။ ပြီးခဲ့တဲ့ ၅ ရက်လောက်က အလုပ်ကိစ္စနဲ့ မဲဆောက်ရောက်လာတဲ့ ဘလော့ဂါအစ်မတစ်ယောက်ကျွေးတာကို ထိုးထည့် သိပ်ထည့်လိုက်တာ ပြန်လာတော့ အသက်ရှူလို့တောင်မရတော့ဘူးး) စားတာက တကယ်ကိုနည်းနည်းလေးပါ အဟုတ်ကိုနည်းနည်းလေး မယုံရင်ဆြာ့ကိုမေး ။အစာကြေဆေးလည်းမရှိ ရင်ခေါင်းကြီးကခံနေပြီး အိပ်လို့တောင်မရဘူး ထိုင်းစာတွေက အဲ့လိုပဲ စားနေတုန်းတော့ကောင်းလိုက်တာ စားပြီးလို့ကတော့ လူကိုနေရ ထိုင်ရ အင်မတန်ခက်စေတယ်။ခုထိ ဗိုက်နာနေတာမပျောက်သေးဘူးး အစားမတော် တစ်လုတ်မို့ပဲ ။


စနေနေ့က ရုံးက အစ်မနဲ့ ဘဏ်ကိုလိုက်သွားတာ အပြန်ကျ ဆိုင်ကယ်ပေါ်ခွအတက် ညဈေးက ပေါပေါနဲ့ဝယ်ထားတဲ့ ဘောင်းဘီက ဂွကြီးပြဲသွားတယ် ;( ဟူးး ရှက်လိုက်တာနော် ။မနေ့က အ၀တ်လျှော်တော့ သိပ်ကြိုက်တဲ့ အဖြူရောင် အကျီင်္လေးက ပြုတ်ကျပြီး ခွေးစုတ် ခွေးနာတွေက ကိုက်ထားလိုက်တာ တစ်စစီကိုဖြစ်လို့ မရှိပါဘူးဆို လုပ်ရက်တယ်။ဘာတစ်ခုမှအဆင်မပြေလို့ စိတ်ကြည်လာအောင် ကြည့်နေကျ ဟာသလိုင်းကိုဖွင့်တော့ နပန်းပွဲကြီးလာနေတယ် ။ ပစ်ခွဲလိုက်ရ ငါ့ဟာမဟုတ်လို့ပေါ့ကွာ မဟုတ်ရင်တော့မလွဲဘူးး ။ ရေချိုးခန်းနဲ့ ပက်သက်ရင် ဘာမှအဆင်မပြေတဲ့ကောင် ဒီမနက်ရေချိုးတော့လည်း ဆပ်ပြာရေတွေ မှောက်ကျကုန်လို့ ဗူးထဲပြန်ထည့်တာ ကြမ်းကချောပြီး လဲကျပြန်ကော ဆောင်းတွင်းဘက် အသားတွေက ကျဉ်ပြီးနာရတဲ့အထဲ သေချင်ဆော်ပါနံ့တယ်။Tag ကြွေးတွေများလို့ ရေးမယ်ဆိုပြီး ၅ ကြောင်းလောက်ရေးလိုက် မကြိုက်လို့ဖျက်လိုက်နဲ့ ဘာမှမရေးဖြစ် ထမင်းကဆာလာတာနဲ့ ထမင်းစားဖို့ သွားတော့ ၀က်ရိုးနဲ့ ကင်ပွန်းရွက် ဟင်းချိုး စိတ်တိုတိုနဲ့ ၀က်ရိုးကို အားရပါးရကိုက်ထည့်လိုက်တာ အသားမပါတဲ့ အရိုးက ဆန္ဒပြပြီး အာခေါင်ကို ထိုးထည့်လိုက်တာ ထမင်းတောင် ဆက်စားလို့မရတော့ဘူး အဖြစ်ကတော့မနှစ်ကနဲ့မတူ ။


သုံးနေတဲ့စက်ကလည်း ချက်ချင်းမပွင့်ပဲ အောက်ကဟာကြီးပေါ်လာတယ် ဘာကြီးလဲမသိ ။

81u3f4nt45y - 24-01-2007 Surabaya

Surabaya in my birthday
Don't kill me, i'm just send message from your computer
Terima kasih telah menemaniku walaupun hanya sesaat, tapi bagiku sangat berarti
Maafkan jika kebahagiaan yang kuminta adalah teman sepanjang hidupku
Seharusnya aku mengerti bahwa keberadaanku bukanlah disisimu, hanyalah lamunan dalam sesal
Untuk kekasih yang tak kan pernah kumiliki 3r1k1m0

သုံးပဲ သုံးတက်တာ ဘယ်က ဘာဖြစ်တာလဲမသိတော့ သူပြောတဲ့ အတိုင်း OK တာပဲ တစ်ခါ OK လည်းမရ ၃ ခါလောက် OK ရတယ် ဖွင့်တိုင်း OK နေရတော့ စိတ်ကမရှည်ချင်တော့ဘူး သိရင်ပြောပြကြပါအုံး ဘယ်နေရာမှာ ဘာလုပ်ရမလဲဆိုတာ ။တကယ်ကို အဆင်မပြေဘူး အဟုတ်ကို အဆင်မပြေတာမို့ ကူကြပါအုံးလို့ ။ ခုရက်ပိုင်း စိတ်တို စိတ်ညစ်နေတယ် ဘာလို့လဲမသိ ရောဂါထပြန်ပြီးးးး ။







ငရုတ်သီး


ကိုယ်တိုင်ပဲ ပျိုးစိုက်ခဲ့တာ
ရေလည်းလောင်း
ပေါင်းလည်းသင်
တယုတရနဲ့ အရိပ်တကြည့်ကြည့်ပါပဲ
အခုတော့လေ............
မခံစားနိုင်လွန်းလို့ ရင်နာနာနဲ့ပဲ
ရေနွေးပူနဲ့လောင်း ပြာပူတွေဖို့ပြီး
ကိုယ်ပျိုးတဲ့အပင် ကိုယ်တိုင်ပဲ သတ်လိုက်တယ်
ထပ်မပျိုးတော့ဘူး ငရုတ်ပင်
မင်းသီးလာမယ့် အသီးကို ငါစားရမှာကြောက်တယ်။





P>S = တကယ်တော့ အချစ် ဆိုတာ ငရုတ်သီးပါ စားမိရင် စပ်တယ် ။




You received this email because you are subscribed to the real_time feed for http://www.maungmyo.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.