Thursday, January 1, 2009

[Padauk Myay] 2 New Entries: ဒီမိုမီဒီယာ ယုံတဲ့သူတွေ ဖတ်ကြည့်ရန်

ဒီမိုမီဒီယာ ယုံတဲ့သူတွေ ဖတ်ကြည့်ရန်

ဇော်မျိုး

( တောသား နှစ်ယောက်ရဲ့ အမြင် ဖြစ်ပါတယ်။ တောသား နှစ်ယောက်အနေနဲ့ မြန်မာ့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ရေးပေးရင် ပိုကောင်းမယ် ထင်ပါတယ်)

လူတွေက ဘာတွေ ဖြစ်ပျက်နေလဲသိဖို့ ဒီမိုမီဒီယာကို အားကိုးကျတယ်။ နာဂစ်တုံးက လှူတန်းနေသူတွေရဲ့ ဓါတ်ပုံတွေကို ဘလော့တွေမှာ ဝေေ၀ဆာဆာ မြင်နေရတာပဲ။ ဦးဇာဂနာတို့ အဖမ်းခံရတာ တခြား အကြောင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ လှူဒါန်းလို့တော့ ဟုတ်မယ် မထင်ဘူး။ ဒါပေမယ့် ဒီမိုမီဒီယာတွေက လှူတဲ့သူတွေကို နအဖက လိုက်ဖမ်းနေတယ်လို့ ပြောတော့ လူတွေ တော်တော် များများ ယုံခဲ့တာပဲ မဟုတ်လား? ကားမောင်းရင်း လမ်းပေါ်ကို စားစရာတွေ ပစ်ချပြီး လှူတာက လှူတာ မဟုတ်ဘူး။ လူတွေကို တိရိစ္ဆာန်လို ပြုမူတာ။ အဲဒါမျိုး မလုပ်ရဘူးလို့ တားမြစ်တာ နအဖ မှားသလား? တခုဖြစ်နိုင်တာ တဖက်လှည့်နဲ့ အလှူရှင်တွေကို မလှူရဲအောင် လုပ်နေသလား မပြောတတ်ပါဘူး။ လှူတဲ့သူမရှိရင် ဒုက္ခသည်တွေ ပိုပြီး ဒုက္ခရောက်မယ်။ ဒါမှ အမေရိကန် စစ်တပ် ၀င်ဖို့ အကြောင်းပြချက် ရမယ်လေ။ ဗုဒ္ဓဘာသာ မြန်မာတွေက လှူရတာ ၀ါသနာကြီးတော့ ကားကြီး၊ ကားငယ်၊ လှေတွေသုံးပြီး ပျော်ပျော်ပါးပါး လှူခဲ့တာပဲ မဟုတ်လား? (မြန်မာ ဖြစ်ရတာ ဂုဏ်ယူဖို့ ကောင်းတယ်ဗျာ)

လူတွေဟာ ဒီမိုမီဒီယာတွေ ပြောသမျှ အားလုံးကို အမှန်ပဲဆိုပြီး ကောက်ချက် ချတယ်။ ဒီမို မီဒီယာတွေကလည်း လူတွေကို ယုံကြည်လာအောင် စကားလုံး လှလှလေးတွေ၊ ဒီဇိုင်း လှလှလေးတွေ သုံးထားတယ်။ မျက်နှာအမူအရာနဲ့ အသံတွေကိုလဲ သေခြာ လေ့ကျင့်ပြီးမှ သတင်းကို ကြေငြာတယ် မဟုတ်လား? တောသား နှစ်ယောက်က ပြောချင်ပါတယ် "ဒီမို မီဒီယာတွေကို အားမကိုးပါနဲ့ . . . မယုံကြည်ပါနဲ့။ ငတုံး ဖြစ်ချင်သူတွေပဲ ဒီမိုမီဒီယာကို ယုံပါ။ အားကိုးပါ။" ဒီမိုမီဒီယာ ဆိုတာ ဘာဆို ဘာမှကို အားမကိုးရဘူးဗျ။

အဖြစ်က ဒီလိုဗျ။ ၂၀၀၄ တုံးက Mars ဂြိုလ်ပေါ်ကို စက်ရုပ်နှစ်ခု သွားခဲ့ပါတယ်။ ရောင်စုံ ဓါတ်ပုံတွေကို ကမ္ဘာမြေပြင် ပြန်ပို့ခဲ့တယ်။ အဲဒီပုံတွေကို ဒီမိုမီဒီယာတွေက တခမ်းတနား ပြသခဲ့ပါတယ်။ ပိုက်ဆံတွေ အများကြီးလည်း ရခဲ့ပါတယ်။ ဓါတ်ပုံတွေထဲမှာ Mars ဂြိုလ် ကောင်းကင်ကြီးဟာ အနီရောင် ဖြစ်နေတယ်။ မြေသားကလဲ အနီရောင် သန်းနေတယ်။ အဲဒါ ထူးဆန်းသလား?။ ထူးဆန်းတာ ရှိပါတယ်။ အဲဒါက စက်ရုပ်က သူ့ကိုယ်သူ ပြန်ရိုက်တဲ့ ဓါတ်ပုံတွေ ဖြစ်ပါတယ်။ အဲဒီဓါတ်ပုံတွေမှာ အပြာရောင်ရှိတဲ့ အစိတ်အပိုင်းတွေ အားလုံး အနီရောင် ဖြစ်နေပါတယ်။ NASA တံဆိပ်လဲ အပြာရောင်ကနေ အနီရောင် ဖြစ်နေတယ်။ ဘာဖြစ်လို့ အနီရောင် ပြောင်းသွားတာလဲ? Mars ဂြိုလ်ပေါ် ရောက်သွားလို့ စက်ရုပ်ပေါ်မှာ ရှိတဲ့ အစိတ်အပိုင်းတွေ အားလုံးလိုက်ပြီး နီသွားတယ် ဆိုတာ မဖြစ်နိုင်ဘူး။ ဓါတ်ပုံကို အနီဖြစ်အောင် Photoshop နဲ့ အရောင်ချိန်ထားတာ ပေါ်လွင်နေပါတယ်။ ဒီမိုအစိုးရတွေဟာ အင်မတန်ကို လိမ်တာ ညံ့ဖျင်းပါတယ်။ သူတို့ FBI ၀က်ဆိုက်မှာ ဘင်လာဒင်ကို ဘယ်သန်လို့ရေးထားပါတယ်။ CIA လုပ်တဲ့ ဘင်လာဒင်အတု ဗီဒီယိုမှာတော့ ဘင်လာဒင်အတုက ညာဖက်နဲ့ စာရေးနေတယ်။ အမေရိကန် ဘယ်လောက် ညံ့လဲ သိသာပါတယ်။ အခုလဲပဲ ကောင်းကင်ပဲ သတိထားပြီး စက်ရုပ်ပေါ်က အစိတ်အပိုင်းတွေ သတိမထားလိုက်တဲ့ ပုံပါပဲ။ ဒါဆိုရင် အနီရောင်လို့ မြင်ရတဲ့ ကောင်းကင်ကြီးဟာ အပြာရောင်လို့ တွက်လို့ရပါတယ်။ မြေကြီးဟာလဲ အဲလောက် မနီပဲ ကမ္ဘာမြေကြီးနဲ့ အရောင်ဆင်တူ ဖြစ်နိုင်တယ်လို့ တွက်နိုင်ပါတယ်။ အဲဒါလုံးဝ သေခြာပါတယ်။NASA ဟာ သတင်းစာ ရှင်းလင်းပွဲမှာ ဓါတ်ပုံတွေ တသီကြီးပြရင်းနဲ့ တစ်ပုံမှာတော့ ကောင်းကင်ဟာ အပြာရောင် ဖြစ်နေပါတယ်။ အရောင်ခြယ်ဖို့ မေ့သွားဟန် တူပါတယ်။ ဒီထက်ပိုပြီး သေခြာတာကတော့ NASA ရဲ့ ၀က်ဆိုက်မှာ တင်ထားတဲ့ပုံ တစ်ခုမှာလည်း ကောင်းကင်ဟာ အပြာရောင်ဖြစ်နေပါတယ်။ တခြား ၀က်ဆိုက်ကပုံ ဆိုရင်တော့ သံသယဖြစ်ဖွယ်ပါ။ အခုဟာ NASA ၀က်ဆိုက်ကပုံပါ (တောသား နှစ်ယောက်က သက်သေ အမြဲပေးပါတယ်။ NASA ၀က်ဆိုက်က ပုံ Link ကို ကိုးကားချက်မှာ ထည့်ပေးထားပါမယ်။) သတင်းစာ ရှင်းလင်းပွဲက ပုံမှာလည်း အပြာရောင် ကောင်းကင်နဲပုံ မှားပြခဲ့တယ်။ စက်ရုပ် အစိတ်အပိုင်းတွေဟာလည်း အပြာကနေ အနီ ဖြစ်သွားတာကို ကြည့်ရင် ဒီမိုအစိုးရ အင်မတန် နမော်နမဲ့ နိုင်ပြီး လူတွေကို လိမ်ညာထားတာ သိသာနေပါတယ်။

မပိမရိဖြစ်နေတဲ့ အဲဒီကိစ္စကို လိမ်ညာတဲ့ နေရာမှာ တဖက် ကမ်းခတ်တော်တဲ့ ဒီမိုမီဒီယာကြီးတွေက တာဝန်ယူပြီး လိမ်ဇတ်ကို ဆက်ကကြပါတယ်။ ကောင်းကင်ဟာ အပြာရောင် ဖြစ်နိုင်ကြောင်း ပြောချက်တွေ ထွက်ပြီး နှစ်ပတ်လောက် အကြာမှာ ဒီမိုသမားတွေ သိပ်အထင်ကြီးတဲ့ BBC က စပြီး လိမ်ပါတယ်။ BBC က ဘာပြောလဲဆိုရင် ကင်မရာဟာ အရောင်မှန် ချိန်ဖို့ အခက်အခဲ ဖြစ်နေတယ်တဲ့။ ဒါ့ကြောင့် NASA တံဆိပ်က အနီရောင် ဖြစ်သွားတယ်ဆိုပဲ။ သြော် . . . . ဟုတ်လား? အရောင်မမှန်ဘူး ဆိုတဲ့ အဖြစ်က အပြာကနေ အပြာပုတ် ဖြစ်မယ်။ အပြာပျော့ ဖြစ်သွားတယ်။ စတဲ့ ကိစ္စမျိုးပဲ ကြားဖူးပါတယ်။ အခုဟာ အပြာကနေ လုံးဝ အနီရောင် ဖြစ်သွားတယ်။ ယုတ္တိရှိသလား? ကျနော်တို့ နည်းပညာ နားမလည်လို့ပဲ ထားပါ။ ဒီနေ့အထိ ဆိုရင် နှစ်ပေါင်း လေးနှစ် ကြာခဲ့ပြီ။ ကင်မရာ အရောင် ပြန်ညှိပြီးတော့ ရိုက်လိုက်တဲ့ပုံ ဆိုပြီး ထွက်လာတာ မရှိသေးဘူး။ အရောင် မှန်သွားပြီဆိုရင် ကောင်းကင် အရောင်၊ မြေသား အရောင်တွေ ဟာ လုံးဝ ပြောင်းသွားမှာ သေခြာပါတယ်။ အဲဒီဓါတ်ပုံ အသစ်တွေကို ဘာကြောင့် ဒီမိုမီဒီယာတွေက NASA ကို မတောင်းကြည့်သလဲ? အဲဒီဓါတ်ပုံ အသစ်တွေဟာ လူတိုင်း စိတ်ဝင်စားမှာ သေခြာတယ်။ ဒီမိုသတင်းစာတွေ ပိုက်ဆံ အများကြီးရမှာနော်။ ဘာဖြစ်လို့ ပိုက်ဆံ မလိုချင်ကျတာလဲ? ဘာကြောင့် လူတွေက ကောင်းကင်ပြာကြီး ဖြစ်မယ်လို့ ယူဆတဲ့ စွပ်စွဲချက်ကို BBC က ထည့်မပြောလဲ? ဘာကြောင့် NASA က ကောင်းကင်ပြာကြီးပုံ သတင်းစာမှာ ပြသခဲ့တဲ့ ကိစ္စထည့်မပြောလဲ? ဘာကြောင့် NASA ၀က်ဆိုက်မှာ အပြာရောင် ကောင်းကင်ကြီးနဲ့ ပုံရှိနေတာ လူတွေသိအောင် မပြောလဲ?

BBC နဲ့တင် မရတော့ဘူး။ ထပ်လိမ်ဖို့ လိုသေးတယ်ဆိုတာ ဒီမိုအစိုးရသိပါတယ်။ တစ်လကျော်မှာတော့ AP သတင်းဖြစ်တဲ့ Mars နေ၀င်ချိန်မှာ ကောင်းကင်ကြီးဟာ ပြာနေတယ်ဆိုတဲ့ သတင်းကို ရေးခဲ့ပါတယ်။ ဓါတ်ပုံကတော့ အစစ်လား အတုလား မသိပါဘူး။ ဖုံတွေကြောင့် ကောင်းကင်ဟာ ပြာနေတယ်လို့ ရေးထားပါတယ်။ တကယ်ပဲ ဖုံကြောင့် ကောင်းကင်ကြီးက ပြာသွားသလား။ ဒါမှ မဟုတ်ရင် အရင်တုံးက NASA ပြသခဲ့ ကောင်းကင်ပြာ ဓါတ်ပုံတွေဟာ ဖုံတွေကြောင့် ပြာနေတယ်လို့ အမှတ်မှားအောင် သတင်းလိမ် ရေးထားသလား? ဘာကြောင့် NASA ၀က်ဆိုက်မှာ တင်ထားတဲ့ ကောင်းကင်ပြာ ဓါတ်ပုံအကြောင်းကို ထည့်မပြောလဲ? လူတွေ စွပ်စွဲချက် ဘာကြောင့် မဖေါ်ပြလဲ? ဒီတော့ လိမ်ရေးတာကတော့ သေခြာပါတယ်။

လိမ်တာတင် မကပါဘူး။ ဒီမိုမီဒီယာတွေဟာ လူတွေ စိတ်ဝင်စားတာကို အင်မတန် ရှာဖွေတင်ပြတတ်တဲ့ အလေ့အထ ရှိတယ်ဆိုတဲ့ အယူအဆဟာလည်း မှားတယ်ဆိုတာ သတိထားနိုင်ပါတယ်။ NASA ၀က်ဆိုက်မှာ တင်ထားတဲ့ ကောင်းကင်ပြာ ဓါတ်ပုံမှာ လူသားနဲ့ ဆင်တူတဲ့ ကျောက်ရုပ်လေးတစ်ခု ပါဝင်နေပါတယ်။ အဲဒီအရုပ်ဟာ တကယ် လူသား အရုပ်လေးဖြစ်နေရင် အင်မတန်ကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ (စိတ်ဝင်စားတဲ့အထဲမှာ တောသား နှစ်ယောက်မပါ)။ ဒါပေမယ့် FOX NEWS မှာပဲ သတင်းတိုလေးသာ ဖေါ်ပြပြီး NASA က လူရုပ်အကြောင်း မေးမြန်းချက် ပြန်မဖြေပါဆိုတဲ့ စကားနဲ့တင် ဇတ်လမ်းကို ပြီးဆုံးစေခဲ့ပါတယ်။ NASA ကလဲ စက်ရုပ်ကို အဲဒီသွားပြီး ကြည့်ခိုင်းသင့်တာပေါ့။ NASA သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက် တစ်ယောက်ကတော့ NASA ဟာ Marsကို တကယ်မသွားပဲ လိမ်ညာနေတယ်လို့ ထင်နေသူရှိတယ်လို့ ပြောခဲ့ပါတယ်။ ဒီတော့ NASA က သူတို့လိမ်တယ်ဆိုရင် အိပ်ရေးပျက်ခံပြီး လုပ်နေဘူးဆိုပဲ။ အိပ်ရေးပျက်ခံတာ တကယ်ပဲ Mars ပေါ် ရောက်သွားလို့လား လိမ်တာ မပိမရိဖြစ်လို့ ခေါင်းချာချာ လည်ပြီး အိပ်မပျော် ဖြစ်သွားသလား ဆိုတာ နတ်တွေပဲ သိမှာပေါ့။

လပေါ်သွားတဲ့ ကိစ္စတုံးကလည်း စမ်းတ၀ါးဝါး ဖြစ်ခဲ့ပါတယ်။ အခု Mars ကိစ္စမှာလည်း ကောင်းကင် ပြာသလားဆိုတာ မိမိဖာသာ ရှာဖွေလေ့လာပြီး စဉ်းစားမှ ဖြစ်ပါမယ်။ သက်ရှိ လူသားတွေ ရှိမရှိဆိုတာလည်း မိမိဖာသာ ထင်ချင်သလို ထင်မှ ဖြစ်ပါမယ်။

အခုဆောင်းပါးက Mars ဂြိုလ် အပြာရောင်လား ဆိုတာ စမ်းစစ်တဲ့ ဆောင်းပါး မဟုတ်ပါဘူး။ သိချင်ရင်တော့ ကိုးကားချက်တွေမှာပဲ မိမိဖာသာ လေ့လာကြည့်ပါ။ အခုဆောင်းပါးက ဒီမိုမီဒီယာတွေဟာ ဘယ်လောက် အထိ အမှန်တရားအတွက် အားကိုးထိုက်လဲဆိုတဲ့ ကိစ္စကို စဉ်းစားဖို့ပါ။ Mars ကို အပြာရောင်လို့ လူတွေကလည်း ပြောနေတယ်။ NASA ၀က်ဆိုက်မှာလဲ အပြာရောင် မိုးကောင်းကင်နဲ့ ဓါတ်ပုံရှိတေယ်။ အဲဒီကိစ္စကို BBC တို့လို ဒီမိုမီဒီယာ ၀က်ဆိုက်တွေမှာ ရှာဖွေကြည့်တယ်။ ဘာမှ အားကိုးလို့ရတဲ့ သတင်းတွေ မတွေ့ရဘူး။ ဘာများအသုံးကျလဲ? BBC, CNN တို့ရယ်။

စဉ်းစားဖို့က Mars ကိစ္စမှာ အမေရိကန် သမ္မတနဲ့ မပတ်သက်ပါဘူး။ တခြားနိုင်ငံ ခေါင်းဆောင်တွေလဲ မပါတ်သက်ပါဘူး။ ဒါတောင် ဒီမိုမီဒီယာတွေက အမှန်တရားကို ဖေါ်ထုတ်ပေးတာ မဟုတ်ပါဘူး။ တကယ်လို့ နိုင်ငံ ခေါင်းဆောင် ပတ်သက်နေတဲ့ နိုင်ငံရေး ကိစ္စတွေမှာ ဒီမိုမီဒီယာတွေဟာ ဒီထက် ပိုလိမ်ပေးမယ် ဆိုတာ လုံးဝ သေခြာပါတယ်။ ဒါဆိုရင် ဒီမိုမီဒီယာတွေဟာ အရည်အသွေး မရှိဘူး၊ အားကိုးလို့ မရဘူး ၊ မရိုးသားဘူး ဆိုတာ လက်ခံလောက်ပါပြီ။ . . . . . . . စိတ်မဆိုးနဲ့ဦး။

(ထုံးဆံအတိုင်းပဲ အထောက်အထားတွေနဲ့ ဓါတ်ပုံတွေကို comment မှာပဲ တင်ပြပါမယ်။ တောသား နှစ်ယောက်ဟာ ဒီမိုမီဒီယာတွေနဲ့ ဒီမိုဘလော့တွေလို သက်သေမရှိပဲ စကားလုံး လှလှလေးတွေနဲ့ လှည့်စားတဲ့သူတွေ မဟုတ်ပါဘူး)

မြန်မာပြည်ကို သိပ်ချစ်တဲ့

တောသားနှစ်ယောက်

၂၉.၁၂.၂၀၀၈ ရက်နေ့ မြန်မာနိုင်ငံသတင်း

  • ရန်ကုန် DPA သတင်းထောက် မမှန်သတင်းရေးဟု အန်အယ်ဒီ ဦးဝင်းတင် စွပ်စွဲ - ခေတ်ပြိုင် click here
  • မြန်မာ့လွတ်လပ်ရေးမီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမသာရရဲ့ ၁၂၉ နှစ်မြောက်မွေးနေ့ အိန္ဒိယနိုင်ငံ မှာ ကျင်းပ- အာရ်အက်ဖ်အေ click here
  • ဝေးလံထောင်ပြောင်းရွှေ့ မိသားစုအခက်ကြုံ- အာရ်အက်ဖ်အေ click here
  • ၂၀၁၀ ရွေးကောက်ပွဲအတွက် စစ်အစိုးရပြင်ဆင်နေ- အာရ်အက်ဖ်အေ click here
  • ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲအပေါ် ပြည်ပရောက် မြန်မာအတွေးအမြင် - အာရ်အက်ဖ်အေ click here

You received this email because you are subscribed to the real_time feed for http://padaukmyay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.