Thursday, January 1, 2009

[Honey's Private Thought] 1 New Entry: အံ့သြတယ်

အံ့သြတယ်

အံ့သြစရာပဲ
အံ့အားသင့်ခြင်းတွေ ပွင့်အံကျလာ
အံ့အားသင့်ခြင်းတွေ ပိုးပိုးပေါက်ပေါက်
အံ့အားသင့်ခြင်းတွေ အရုပ်ကြိုးပြတ်
မိုးတိုးမတ်တတ် အံ့အားသင့်ခြင်းတွေက ပုံပျက်ခွေကျ အံ့အားသင့်ခြင်းတွေကို မသတ်နိုင်တော့
အံ့သြစရာပါပဲ

အံ့အားသင့်မှု တခုက တခြားအံ့အားသင့်မှုတခုကို တအံ့တသြ
အံ့လောက်ဖွယ်ရာဖြစ်မှုကိုယ်တိုင်ကိုက အံ့အားသင့် တုန်လှုပ်
အံ့အားသင့်ခြင်းတွေ ထုံကျင်ကြေမွ
အံ့အားသင့်ခြင်းတွေထဲမှာ အံ့အားသင့်ခြင်းတွေ တတိတိနှစ်မြှုပ်

အံ့အားသင့်ခြင်းအဟောင်းအဟောင်းတွေကတောင် အံ့အားသင့်ရလောက်အောင်
သေမယ်ဆိုသေလောက်ရဲ့ အသေအလဲကို အံ့အားသင့်ရ
သေတဲ့ဆီကိုမရောက်နိုင်လောက်အောင် မပြီးနိုင်မစီးနိုင် အံ့သြတကြီး အံ့အားသင့်တော့ . . .

You received this email because you are subscribed to the real_time feed for http://thinkinghoney.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.