Thursday, January 1, 2009

[M Y] 1 New Entry: ဦးနာအောက်၊ အောက် မအောက် (၆)

ဦးနာအောက်၊ အောက် မအောက် (၆)

(အပိုင်း ၅ အပြီးမှာ ၆ တင်ပြီးနိဂုံးအမြန်ချုပ်လိုက်တော့မယ်စိတ်ကူးခဲ့ပါတယ်။ ဒါပေမယ့် ရေးပြီးသားတွေထဲက တစ်ချို့ ပေရှည်နေမယ်ထင်လို့ ဖြုတ်ပြီး တည်းဖြတ်ခဲ့တာတွေက စိတ်ဝင်စားသူများအတွက်တန်ဖိုးရှိမယ်ထင်လို့ ပြန်တည်းဖြတ်ရင်းအချိန်တော်တော်ကြာသွားခဲ့ပါတယ်။ (ဒီကြားထဲ ဘလော့ဂါမိတ်ဆွေတစ်ယောက်က ဇာတ်သိမ်းမကောင်းရင်တုတ်နဲ့ ရိုက်ဖို့ စောင့်နေတယ်လို့ ခြိမ်းခြောက်လာတဲ့ အတွက်အရိုက်ခံရ သက်သာလိုသက်သာငြား အပိုင်းတွေဆက်လိုက်ရတာလဲပါတယ်ပေါ့လေ… :-D)နောက်တစ်ကြောင်း က အလုပ်များ အင်မတန်ရှုပ်နေတဲ့အချိန်ဖြစ် နေတာ လဲပါပါတယ်။ အပိုင်း ၅ အပြီးတစ်လကျော်ကြာသွားခဲ့ပါတယ်။ ဒီအထဲမှာလိုအပ်နေတဲ့စာအုပ်စာတမ်းနဲ့ သမိုင်းမှတ်တမ်းတစ်ချို့ ထပ်စောင့်နေရတာလဲပါပါတယ် ။ ဖြုတ်ခဲ့တာ တွေ ပြန်ဆက်၊ပြန်တည်းဖြတ်လိုက်လို့  ဒီအပိုင်း ၆ နဲ့ လဲ မပြီးနိုင်ခဲ့ပါဘူး။ စောင့်ဖတ်သူများ ကိုအားနာတဲ့အတွက်အရှိန်မပြတ်ဖို့ အခုတော့ ဆက်တိုက်တင်သွားမှာပါ။ သဘောင်္ ကုမ္ပဏီတွေရဲ့ သမိုင်းဝင်ပုံတွေလဲကြိုးစား တင်ဆက်ပေးသွားပါ့မယ်။)

အပိုင်း(၆)

ကိုလိုနီခေတ် ဗမာနိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းကြီး တွေမှန်သမျှ အဲဒိလို လူမျိုးခြားတွေ လက်အောက်မှာ ရာနှုန်းပြည့်နီးပါး ရောက်ရှိခဲ့ချိန်မှာ ၊ တကယ့်ဒေသခံမြန်မာလူမျိုးအများစုကတော့ ရရ စားစား နဲ့  လူနေမှု အဆင့်အတန်းအင်မတန်မှရိုးစင်းပြီး နိမ့်ကျလှပါတယ်။
.
...
သမိုင်းဆရာတို့  အဲဒိခေတ်က ဗမာနိုင်ငံ အပေါ် မှတ်တမ်းတင်ခဲ့ပုံကတော့ ဗမာနိုင်ငံ၊ ဗမာလူမျိုး တွေဟာကိုလိုနီလက်အောက်မကျရောက်ခင်ကာလမှာကမ္ဘာနဲ့ ယှဉ်လိုက်ရင် လူနေမှု အဆင့် များစွာ ခေတ်နောက်ကျနေတာကိုတွေ့ ရတယ်ဆိုပါတယ်။ သယ်ယူပို့ ဆောင်ရေးမှာ တိရစ္ဆာန်ဆွဲတဲ့ နွားယာဉ်၊ လှည်းယာဉ်များ သာသုံးစွဲနေရသေး ကြောင်း၊ နေရာတကာမှာ သက်ဦးဆံပိုင် မင်းအာဏာ စီမံမှုအရသာဖြစ် ကြောင်း၊ အိမ်ထောင်သားမွေးကအစဆိုင်ရာ အုပ်ချုပ်သူ အာဏာပိုင်ဆီက ခွင့်ပြုချက်ရမှ သာ ဆောင် ရွက်နိုင်ကြောင်း၊ ကြွယ်ဝချမ်းသာမှုများကိုလဲ သာမာန်ပြည် သူများက မပြရဲကြကြောင်း၊အုပ်စိုးသူ အာဏာ ပိုင်များ နည်းတူကြွယ်ဝ ချမ်းသာလာရင်လဲမင်းဘဏ္ဍာ အဖြစ်အသိမ်းခံရမည့် အန္တရာယ် များရှိခဲ့ ကြောင်းမှတ်တမ်းတင်ခဲ့ပါတယ်။ (ဒါတွေကတော့ မြန်မာ့သမိုင်းသုတေသီများပိုသိပါလိမ့်မယ်)

နောက်တစ်ခါ ဗမာဘုရင်ခေတ်က စီးပွားရေးကို လွတ်လပ်စွာ၊ ဈေးကွက်ဆန်ဆန် လုပ်ခွင့်မရခဲ့ပါဘူး။ ဆန်စပါးစိုက်တယ်ဆိုတာ ကလဲဝမ်းစာစပါးနဲ့ ဘုရင့်အခွန်အတုပ် ပေးဖို့  လောက်သာစိုက်ပျိုးကြတယ် ဆိုပါတယ်( အခုခေတ် အခေါ်အရတော့ တာဝန်ကျေ စပါးလိုမျိုးဖြစ် မယ်ထင်ပါတယ်)။

ဗြိတိသျှလက်ကျရောက်သွားချိန်မှာတော့ လူမှုရေး၊ စီးပွားရေး၊ နဲ့  အုပ်ချုပ်မှု ပုံစံပါလုံးဝ ပြောင်းသွားခဲ့ပါတယ်။ ဗမာဘုရင်ခေတ်က အထက်က တင်းကျပ်ထိန်းချုပ်မှုတွေ ကိုလည်း လျော့ပေါ့ပစ်ခဲ့ တယ်ဆိုပါတယ်။စီးပွားရေး လုပ်ပိုင်ခွင့် ဥပဒေတွေကိုလဲပြင်ဆင်ပေးခဲ့ပါတယ်။ ပြင်ဆင်ပေးခဲ့တယ်ဆိုရာမှာလဲ ကိုလိုနီစီးပွားရေးစီမံကိန်းနဲ့ ဝင်လာတဲ့ ဥရောပသားတွေ (အထူးသဖြင့်ဗြိတိသျှနဲ့ စကော့တလန်ကုန်သည်ကြီးတွေ) နဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ လူမျိုးခြားကုန်သည်ကြီးတွေအတွက်ပါပဲ။

ကိုလိုနီခေတ်အရောက်မှာအထက်ပါတင်းကျပ်မှုတွေကိုလျော့ပေါ့ပေးခဲ့ပြီး စီးပွားရေး ဥပဒေအသစ် တွေပြဌာန်းကျင့်သုံးစေခဲ့ပါတယ်။ ကိုလိုနီခေတ်စီးပွားရေးဟာတကယ်တော့အရင်းရှင်စနစ် စီးပွားရေးပါပဲ။ အဲဒိအရင်းရှင်စနစ်မှာစီးပွားရေးလုပ်ငန်းတွေအားလုံးက ဗြိတိသျှ၊စကော့တလန်သား၊ ဥရောပတိုက်သား၊နဲ့ အိန္ဒိယလူမျိုးများလက်ထဲမှာပဲရှိပါတယ်။အဲဒိဒေသခံဗမာတွေကို စီးပွားရေးအရရော အဖက်ဖက်က ဖိနှိပ်ထားတဲ့ ကာလမှာ ကို ပဲ မြန်မာ ဒေသခံ တိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်ကြီးအချို့  ထွန်းထွန်းပေါက်ပေါက် ပေါ်ထွက်ခဲ့ပါတယ်။ အဲဒိထဲမှာ အထင်ရှားဆုံး နဲ့ အစောဆုံးကတော့ မွန်တိုင်းရင်းသားကြီး
ဦးနာအောက်ပါပဲ။

ဦးနာအောက် ကာလကိုပြန်တွက်ကြည့်တော့ ဦးနာအောက်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၇၆ နှစ် ကောဇာသက္ကရာဇ် ၁၁၉၄ ခုနှစ် က မွေးဖွားခဲ့တာဖြစ်တဲ့အတွက် ခရစ်နှစ် အရ ၁၈၃၂ ခုဖြစ်နေပါတဲ့အတွက်ဦးနာအောက်ဟာ ကိုလိုနီခေတ်ထဲမှာမွေးဖွား ကြီးပြင်းဖြစ်လာခဲ့သူပါ။ ကောဇာသကရာဇ် ၁၂၇၅ ခှု နှစ် ၈၁နှစ်အရွယ် ဦးနာအောက် ကွယ်လွန်ချိန်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၅ နှစ် ဖြစ်တဲ့ ခရစ်နှစ်အရ ၁၉၁၃ ခုနှစ် ဖြစ်နေပါတယ် ။ဦးနာအောက် ရှင်သန်သွားခဲ့တဲ့ ကာလ သူ့ ဘ၀ တစ်လျှောက်လုံး ဟာ အင်္ဂလိပ် လက်အောက်မှာ ပဲဖြစ်နေခဲ့ တာတွေ့ ရပါတယ်။

၁၈၅၂ အင်္ဂလိပ်-မြန်မာဒုတိယစစ်ပွဲအပြီး မှာ ဦးနာအောက် ဟာ အသက် ၃၀ အရွယ်ပဲရှိသေးတာကိုတွေ့  ရပါတယ်။ မြန်မာပြည်အောက်ပိုင်း ဟာ တပါးလက်အောက် ကျရောက်ခဲ့တဲ့အချိန်ပါ။ ကိုလိုနီ အစိုးရဟာ တနင်္သာရီ နဲ့ ပဲခူးတိုင်း တွေမှာ စီးပွားရေးတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ စခဲ့ပါတယ်။ အဲဒိအချိန်က ရန်ကုန် ကို အ ခြေစိုက် လာရောက်နေထိုင်လာကြတဲ့ဥရောပတိုက်သားစီးပွားရေးသမားတွေ ရဲ့  အဓိက မျက်စိ ကျတဲ့ ပစ်မှတ်က တော့ ကျွန်းသစ်တွေ လွှမ်းနေတဲ့ရိုးမသစ်တောကြီးတွေပါဘဲ။

ဒီနေရာမှာ ကျွန်းသစ်ဆိုလို့ ဗမာ့ကျွန်းသစ်ကို မက်မက်စက်စက်ရှိခဲ့ကြ ပုံ အတိတ် ကလေး နည်းနည်း ပြန်ကောက်ပါ ရစေ။ ၁၇ ရာစုနှစ် မှာ ဗမာနိုင်ငံမှာ ဒတ်(ခ်ျ)၊ ပြင်သစ်နဲ့ ဗြိတိသျှစတဲ့ ကမ္ဘာကျော်ကိုလိုနီ ပြုသူတွေဟာ အပြိုင်အဆိုင်ဝင်ရောက်ခဲ့တာပါ။ အထူးသဖြင့် ဗမာ့ကမ်းရိုးတန်းဒေသတွေမှာ စပြီးစီးပွားရေး စားကျက်ချခဲ့ကြပါတယ်။ နောက်ပိုင်းမှာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ရဲ့  ၀င်ထွက် ပေါက် အဖြစ် အရေးပါနေရာကျနေတဲ့သံလျင် မြို့ ကို ပိုပြီးအာရုံကျခဲ့ကြပါတယ်။ဗမာဘုရင် နဲ့ ကုန်သွယ်မှုမှာ ဗမာဘုရင့် အစိုးရက ဒီကျွန်းသစ်ကို ပြည်ပတင်ပို့  ခွင့်လုံးဝခွင့်မပြုခဲ့ပါဘူး။

ဒါကို လက်တစ်လုံးခြားလုပ်ခဲ့တဲ့ဗြိတိသျှကုန်သည်တွေ ရဲ့ အကွက်ကတော့ ၁၇၂၀ ခှုနှစ်မှာဒီ သံလျင်ဆိပ်ကမ်းမြို့ မှာ သဘောင်္တစ်စင်းလုံးကို ကျွန်းသစ်တွေနဲ့  ချည်းတည်ဆောက်ပြီးဗမာဆိပ်ကမ်းက သဘောင်္ခွာပြီး ကျွန်းသစ်တွေထုတ် ယူနိုင်အောင် လုပ်ခဲ့ပါတယ်။ ဒီနည်းလမ်းကို နောက်ပိုင်းမှာ ပြင်သစ်ကုန်သည် တွေလဲလိုက်လုပ်ခဲ့ပါတယ်။ဒီနည်းနဲ့ ဗမာ ဘုရင်ဟာ သစ်ရိုင်း ထည်မဟုတ်တော့တဲ့ ကျွန်းသစ်သဘောင်္ကြီးတွေကို ဗမာ့ဆိပ်ကမ်းကခွာဖို့ သဘောတူ ခွင့်ပြုခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒိလို မပိုင်ခင်ထဲက သွားရည်ကျနေခဲ့တဲ့ရိုးမသစ်တောကြီးတွေ၊နဲ့ ကျွန်းသစ်တောကြီးတွေကို ကိုလိုနီလက်အောက်မှာလုပ်ပိုင်ခွင့်ရသွားတဲ့အချိန်မှာ တော့ပြောစရာမလိုတော့အောင်ပါပဲ။ အဲဒိအချိန်မှာ စီးပွားရေး ဈေးကွက် အဖြစ်ဆုံး သစ်လုပ်ငန်းနဲ့ ပဲဦးနာအောက်ကြီးပွားချမ်းသာလာခဲ့ပါတယ်။ ဦးနာအောက် အထုပ္ပတ္တိမှာ တွေ့ ရတဲ့အတိုင်း ကောက် နုတ်ရရင် သီပေါမင်းပါတော်မူပြီး ၁၈၈၆ ခုနှစ်မှာ တိုင်းရင်းသား တွေရရာလက်နက်စွဲကိုင်တော်လှန်ခဲ့ပေမယ့် နောက်ဆုံးမှာ အင်အားသာ သူဗြိတိသျှ အစိုးရတပ် တွေက အရေးသာခဲ့ပါတယ်။

ဒါပေမယ့် မျိုးချစ်စိတ်ဓာတ် မသေသေးတဲ့ကယားနဲ့ ရှမ်းစော်ဘွားတွေက သူတို့ ပိုင်နယ်မြေတွေက သစ်တောတွေကို တိုင်းတပါးလုပ်ငန်းရှင်တွေထက်ဦးနာအောက်ကို ဦးစားပေး ရောင်းချပေးခဲ့တဲ့ အတွက် ပိုအောင်မြင်မှုရခဲ့တယ်ဆိုပါတယ်။ဒါကို ဦးနာအောက်ရဲ့ လူမှုစီးပွားကျွမ်းကျင်မှုတစ်ခုအနေနဲ့  မြင်မိပါတယ်။

ဒီအရည်အချင်းတွေကပဲ ကိုလိုနီ အရင်းရှင်ကုမဏီကြီးတွေကိုစိန်ခေါ်နိုင်လောက်တဲ့ဓနအင်အားတွေ ဦးနာအောက် ပိုင်ဆိုင် အောင်မြင်စေ ခဲ့တယ် လို့ သုံးသပ်နိုင်ပါတယ်။ သူ့ သစ်ထုတ်လုပ် ရေးကိုလဲ ထိုင်းနယ်စပ် သစ်တောတွေအထိချဲ့ ထွင်တိုးချဲ့ နိုင်ခဲ့ ချိန်ဟာ ၁၈၆၀ ခုနှစ်တွေဖြစ်ပြီး ဦးနာအောက်အသက် ၄၀ ၀န်းကျင်ခန့် ဖြစ်နေတာတွေ့ ရပါတယ်။

နောက်ပိုင်းမှာ ဒီ သစ်ထုတ်လုပ်ရေးထက်ပိုပြီးတွင်ကျယ်ဈေးကွက်ဖြစ်သွားခဲ့တာကတော့ရှေ့အပိုင်းတွေမှာ တင်ပြခဲ့တဲ့အတိုင်းဆန်စပါးရောင်းဝယ်ရေးနဲ့ လယ်ယာစိုက်ပျိုးရေးပါပဲ။ ဦးနာအောက်ဟာ ဒီလယ်ယာ လုပ်ငန်းနဲ့ ဆန်စပါးရောင်းဝယ်ရေးစီးပွားခွင်ထဲကိုပြောင်းလဲသွားတဲ့စီးပွားခေတ်နဲ့  ဈေးကွက်အသစ်ကို အမီလိုက်ပြီး ၀င်ရောက်ခဲ့နိုင်တာကိုတွေ့ ရပါတယ်။

ဒီအချိန်မှာ အောက်ဗမာပြည်ရဲ့  လယ်ယာစိုက်ပျိုးရေး၊နဲ့ စီးပွားရေး ဈေးကွက်ကြီးဖွံ့ ဖြိုးလာတာနဲ့  အမျှအထက်ဗမာပြည်နဲ့  အခြားဒေသတွေ ကဗမာတွေဟာ အောက်ပြည်အောက်ရွာကိုရွေှ့ ပြောင်း အချေခြ လာကြပါတယ်။တစ်ချို့ ကအင်္ဂလိပ်-ဗမာစစ်ပွဲအပြီးမိမိ နေထိုင်ရာ လယ်ယာ မြေတွေဆီပြန် လာနေထိုင် လုပ်ကိုင်ကြတာဖြစ်ပြီးတစ်ချို့ ကလဲ ခါတော်မီ ရွေှ့ ပြောင်းအခြေချနိုင်ဖို့  ဖြစ်ပါတယ်။ နိုင်ငံခြားသားများ လဲပါ ၀င်ခဲ့ရာမှာ အများစုကအိန္ဒိယနဲ့  တရုတ်လူမျိုးတွေ ပါပဲ။အဲဒိထဲမှာပါလာပြီး ဆန်စပါးလုပ်ငန်းမှာ ဦးနာအောက်နဲ့  ထိပ်တိုက်ရင်ဆိုင်ခဲ့ရသူတွေကတော့ မြန်မာလယ်မြေသမိုင်း ရဲ့ ဇာတ်လိုက်ကျော် ကိုချစ်တီး ပါ။
(အပိုင်း ၇ အမြန်တင်သွားပါမည်)
မောင်ရင်
...


You received this email because you are subscribed to the real_time feed for http://maungyin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.