Thursday, January 1, 2009

[My DiArY] 1 New Entry: ၂၀၀၈

၂၀၀၈

၂၀၀၈ လဲကုန်ဖို့ ၂ရက်ပဲလိုတော့တယ် ပြီးရင် နှစ်သစ်ဆိုတဲ့ ၂၀၀၉ လာတော့မယ်။
ဒီနှစ်ထဲမှာ ဘာတွေပြီးမြောက်ခဲ့ပြီလဲ ???
နောက်နှစ်မှာ ဘာတွေလုပ်ရင်ကောင်းမလဲ ???
သေချာတာတော့ ဘလော့ကလွဲပြီး အားလုံးကို အရှိန်မြှင့်ပြီး ပိုကြိုးစားရမယ်။
၂၀၀၈ မှာ ပညာရေး၊ စီးပွါးရေး ဘာမှထွေထွေထူးထူးမတိုးတက်လာဘူး။
အကြီးအကျယ် စွဲလမ်းမိတာတော့ ဘလော့ပဲ။
၂၀၀၉ မှာတော့ ACCA ဖြေဖြစ်အောင်ကြိုးစားရမယ်။
ဒီနေရာမှာ ရပ်မနေပဲ ကြိုးစားပြီးဆက်တက်မှဖြစ်မယ်။
အသက်တွေကကြီးလာပြီ ။
စကားမစပ် ဒီနေ့ စလုံးရောက်တာ ၂နှစ်တိတိပြည့်တယ် ။
လွန်ခဲ့သော ၂နှစ် နေ့ခင်း ၁နာရီလောက်မှာ ရန်ကုန်လေဆိပ်မှာ မျက်ရည်မိုးစွေနေတာ မှတ်မိသေးတယ်။





Ref : image

You received this email because you are subscribed to the real_time feed for http://maymoe.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.