Monday, October 27, 2008

[Better Tomorrow] 1 New Entry: "သစ်စက်လုပ်သားများဘ၀"

"သစ်စက်လုပ်သားများဘ၀"

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ရာဘာခြံလုပ်ငန်းကို ထိုင်းလူမျိုးတွေက ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ပါတယ်။ အလုပ်သမားအများစုက မြန်မာရွှေ့ ပြောင်းမြန်မာအလုပ်သမားတွေပါ။ ရာဘာခြံလုပ်ငန်းနဲ့ ဆက်စပ်လို့ သစ်စက် လုပ်ငန်း လည်းရှိပါတယ်။ အပင်တွေအိုပြီးအစေးထွက်နှုန်းနည်းလာရင် ရာဘာခြံပိုင်ရှင်တွေဟာ သစ်စက်တွေကို ပုတ်ဖြတ် ရောင်းခြလိုက်ပါတယ်။ ရောင်းခြလိုက်တဲ့ သစ်ကွက်တွေမှာ မြန်မာအလုပ်သမား တွေဟာ စက်ယန္တရားတွေ၊ ဆင်တွေနဲ့အပြိုင်ရာဘာအပင်အိုတွေကို ဖြိုလှဲပြီးသစ်စက်ကို ရောက်အောင်ပို့ဆောင် ရပါတယ်။ တစ်ချို့  သစ်ကွက် တွေဟာလူသူနဲ့ အလှမ်းဝေးလှတဲ့အတွက် မြန်မာအလုပ်သမားများလုပ်ငန်းခွင် အန္တရာယ်များ အပြင်အခြားမမျော်လင့်တဲ့ အန္တရာယ်များနဲ့ ကြုံတွေ့ခဲ့ကြရပါတယ်။
မြန်မာတို့ရဲ့ နှစ်သစ်ကူးကာလ ၂၀၀၈ ခုနစ် (ရ) ရက်နေ့ ည(၁၁)၀န်းကျင်မှာ... သေနတ်သံကြားတဲ့ကိုညို ရဲ့ တဲဘက်ကိုဘ၀တူလုပ်သားတွေစုပြီး အပြေးသွားကြပါတယ်။ ရက်နှစ်ဆယ်ခန့်သာ ရှိသေးတဲ့ သမီးလေးကို ရင်ခွင်ထဲမှာ ပိုက်လျှက် ပြေးထွက်လာတဲ့ ကိုညိုရဲ့ ဇနီးဖြစ်သူ မရီ ကိုလမ်းခုလတ်မှာ တွေ့ရပါတယ်။ ကိုညို ကတော့တဲအပေါ်မှာမှောက်လှက်အနေအထားနဲ့သွေးအိုင်ထဲမှာသတိမေ့နေတာတွေ့ရပါတယ်။
သူတို့ကြုံတွေ့ခဲ့ရတာ တွေကို မရီ ပြန်ပြောပြတာက မျက်နှာဖုံးစွပ်နဲ့ လူလေးယောက် တဲပေါ်ကို တက်လာ ပါတယ်။ သေနတ် ကိုယ်စီနဲ့ လူနှစ်ယောက်ရယ် ကျန်နှစ်ယောက်က ဓါးကိုယ်စီကိုင်ထားပါတယ်။ ရှိသမျှပစ္စည်းနဲ့ ပိုက်ဆံကို ထုတ်ပေး ဖို့တောင်းပါတယ်။ ကျွန်မယောက်ကျားက ပိုက်ဆံမရှိဘူး လို့ပြောပါတယ်။ စက်ပစ္စည်းတွေ တော့သူဌေးဟာတွေမို့လို့မပေးရဲဘူးလို့ ပြောပါတယ်။ ဓားပြထဲကတစ်ယောက်က ကလေးကိုပွေ့ထားတဲ့ ကျွန်မကို မှောက်လျှက်ဖြစ်သွားအောင်ကျောကို ကန်ပြီးနင်းထားပါတယ်။ အောက်ကပိနေတဲ့ ကလေးက ငိုပါတယ်။ ကျွန်မ ယောက်ကျားက၀င်လုံးပါတယ်။ နားထဲမှာ ဆူညံ့တွေကြားရတယ်။ နောက်တော့ သေနတ်သံနဲ့အတူ ကျွန်မယောက်ကျား အော်သံကြားရတယ်။ ကျွန်မကို ခြေထောက်နဲ့ ဖိထားတာလျော့သွားတော့ ကျွန်မလည်း ထွက်ပြေးလာတာပါလို့ပြန်ပြောပြပါတယ်။
ဝမ်းဗိုက်နဲ့ ညာဘက်ပေါင်မှာ သွေးထွက်နေတဲ့ ကိုညိုကို ဖန်ငဆေးရုံကြီးကို အခက်အခဲပေါင်းများစွာနဲ့ ညတွင်းခြင်း ပို့ဆောင်ပေးခဲ့ရပါတယ်။ နောက်တော့ တကောပါ ဆေးရုံကြီးကိုထပ်မံလွဲပြောင်းကုသခဲ့ရပါတယ်။ ကိုညိုကိုစတွေ့ကတည်းကနေ အခုချိန်ထိသတိမရသေးဘူးလို့လည်း ညီဖြစ်သူ ဇော်မင်းကပြောပြပါတယ်။ တကောပါ ဆေးရုံကြီးရဲ့ စစ်ဆေးချက်အရ ၀မ်းဗိုက်အသဲအောက်ဘက်နားမှာ သေနတ်ဒဏ်ရာနဲ့ ညာဘက်ပေါင် မှာဓားဒဏ်ရာတို့ ရရှိတယ်လို့ဆိုပါတယ်။ ဆေးရုံမှာ သေလုမျောပါးဒဏ်ရာတွေ နဲ့သတိမေ့နေတဲ့ကိုညို ပြန်လည် ကျမ်းမာလာဖို့ကိုသာ မိသားစုအနေနဲ့ဆုတောင်းနေကြပါတယ်။ တရားမ၀င်ရွှေ့ ပြောင်းအလုပ်သမား တစ်ဦး အနေနဲ့ တရားဥပဒေဆိုတာ သိပ်ပြီးအကာအကွယ်နဲ့ အရေးယူပေးနိုင်မှုမရှိပါဘူး။
မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေ ရဲ့ဘ၀ဟာ ခက်ခဲကြမ်းတမ်းလှပါတယ်။ ဒါပေမယ့် နယ်စပ်ဒေသကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမားဦးရေဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက်လို့သာလာ နေပါတယ်။

You received this email because you are subscribed to the real_time feed for http://tomorrowplan.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[KyiMayKaung] 1 New Entry: Endoresment from Hell -- by Nicholas Kristoff -- New York Times

Endoresment from Hell -- by Nicholas Kristoff -- New York Times

http://www.nytimes.com/2008/10/26/opinion/26kristof.html?th&emc=th

Think about it.

You received this email because you are subscribed to the real_time feed for http://kyimaykaung.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[] 1 New Entry: FREEDOM - Rabindranath Tagore

FREEDOM - Rabindranath Tagore

 FREEDOM

Freedom from fear is the freedom
I claim for you my motherland!
Freedom from the burden of the ages, bending your head,
breaking your back, blinding your eyes to the beckoning
call of the future;
Freedom from the shackles of slumber wherewith
you fasten yourself in night’s stillness,
mistrusting the star that speaks of truth’s adventurous paths;
freedom from the anarchy of destiny
whole sails are weakly yielded to the blind uncertain winds,
and the helm to a hand ever rigid and cold as death.
Freedom from the insult of dwelling in a puppet’s world,
where movements are started through brainless wires,
repeated through mindless habits,
where figures wait with patience and obedience for the
master of show,
to be stirred into a mimicry of life.

Rabindranath Tagore

You received this email because you are subscribed to the real_time feed for http://kadaung.net/?feed=rss2. To change your subscription settings, please log into RSSFWD.

Sunday, October 26, 2008

[DeGoLar] 1 New Entry: ♠ Boring?

♠ Boring?

ပျင်းနေရင် တချို့တွေက အိပ်တတ်ကြတယ်၊ တချို့က လမ်းသလားတယ်၊ တချို့က တီဗွီရှေ့ထိုင်ပြီး ဆိုဖာအာလူးလုပ်တယ်၊ တချို့က.. အင်း.. ဓာတ်ပုံရိုက်တယ်။ ဒီနေ့ရိုက်ဖြစ်တဲ့ ဇာတ်လမ်းလေးကတော့ တခါတုန်းက သော့တွဲရယ်၊ ကြွက်ရယ်၊ လက်ကိုင်ဖုန်းရယ်၊ လက်ပတ်နာရီရယ်၊ စတပ်ပလာရယ်၊ စင်းမ်ကဒ်ရယ်၊ မိုက်ခွက်ရယ်၊ နားကြပ်ရယ်၊ ကင်မရာ မှန်ဘီလူးရယ် သဟဇာတဖြစ်စွာနဲ့ နေထိုင်ခဲ့ကြတဲ့အကြောင်း ပါပဲကွယ်၊ ဘယ်လောက်များ ကြည်နူးစရာ ကောင်းလိုက်သလဲ။ Nikkor 50mm f/1.8 နဲ့ ရိုက်ထားတာဖြစ်ပြီး ကွန်ပြူတာမှာ အရောင်နည်းနည်း ပြန်ချိန်တာ၊ ဘောင်ကွပ်ပေးပြီး စာရိုက်ထည့်တာက လွဲလို့ ဘာမှ သိပ်မပြင်ထားပါဘူး။ (balance အစား harmony လို့ ပြင်ရေးမယ့်ဟာ psd ဖိုင် မသိမ်းမိလို့ ပြင်တော့ဘူး)

အဲဒါတွေ လျှောက်စီနေတာ အိပ်ငိုက်သွားတယ်၊ နောက်တော့ ဘာစိတ်ကူးရလဲမသိဘူး၊ တခြား lens တစ်လုံးနဲ့ ပေါက်တပ်ကရတွေ လျှောက်လုပ်လိုက်တော့ လူက လန်းသွားပြန်ရော။ အောက်ပုံတွေက လန်းဆန်းနေတဲ့ ဓာတ်ပုံဆရာ ပျော်တပြုံးပြုံးနဲ့ ရိုက်ယူထားတာပါ။ ပုံကို ထရန်စဖော်မာ လို့ နာမည်ပေးထားပါတယ်၊ ကားတွေက စက်ရုပ်ပြောင်းသွားတာ မဟုတ်ပဲ lens တွေကနေ ပြောင်းသွားတာ၊ မိုက်တယ်မှတ်လား။ စက်ရုပ်ရဲ့ ဘော်ဒီအပိုင်းက extra wide Sigma 10-20 ဖြစ်ပြီး အောက်ပိုင်းက Nikkor 18-135 ပါ။ ရိုက်တဲ့ lens ကတော့ အပေါ်ပုံအတိုင်းပါပဲ။ ပုံကြီးကို ဒီမှာ ကြည့်ပါ။

စက်ရုပ်ရဲ့ လက်ဝဲဖက်က ဒုံးကျည်လိုအလုံးကြီးကို ဘာမှန်းမသိသူများအတွက် ရှင်းပြပါရစေ၊ အဲဒါက လေမှုတ်ဘောလုံးပါ၊ မှန်ဘီလူးဖြစ်ဖြစ် ကင်မရာအတွင်းက ကိရိယာ အစိပ်အပိုင်းပဲဖြစ်ဖြစ် ဖုန်ဝင်နေတယ် ထင်ရင် အဲဒါနဲ့ ညှစ်ညှစ်ပြီး မှုတ်ထုတ်ပေးနိုင်တယ်။ ပါးစပ်နဲ့ မှုတ်တာက တံတွေးတွေ ပါသွားနိုင်တဲ့အတွက် များများမှုတ်ရင် ရေငတ်မှာပါ၊ အဲလေ၊ မှုတ်လေ ညစ်ပတ်လေ ဖြစ်မှာပါ၊ ဒါကြောင့် လေဒုံးကျည်ကို ဆောင်ထားရခြင်း ဖြစ်ပါတယ်။ အဲဒီလက်နက်ပုန်း ဟိုးတခါ ဘန်ကောက်မှာတုန်းက ရှော့ပင်းစင်တာတစ်ခုအဝင်ဝမှာ လုံခြုံရေးနှစ်ယောက် သင်္ကာမကင်းဖြစ်ပြီး အသေအချာ စစ်ဆေးခြင်းကို ခံခဲ့ရတယ်။ ရှင်းပြဖို့က ယိုးဒယားလိုလည်း မပြောတတ်တော့ သူတို့မျက်နှာနားမှာ ကပ်ကပ်ပြီး မှုတ်ပြရတယ်၊ အဲဒီတော့မှ နှစ်ယောက်သား ရီလိုက်ကြတာ ပြောမနေနဲ့တော့။

အပေါ်ပုံကတော့ အထူးတလှယ် ပြောနေစရာမလိုဘူးထင်တယ်၊ အဲဒီဝေါဟာရ မကြားချင်မှအဆုံးပဲ။

You received this email because you are subscribed to the real_time feed for http://degolar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.