Monday, November 24, 2008

[Zarganar of Burma & Burmese People] 1 New Entry: Zarganar - 45 Years

Zarganar - 45 Years

အိုင် (I) သုံးလုံး နဲ့ ကိုဇာဂနာ

(ဘီဘီစီ) နိုဝင်ဘာလ ၂၁ ရက် ၂၀၀၈ ခုနှစ်

စွယ်စုံအနုပညာရှင် လူရွှင်တော် ကိုဇာဂနာ ခေါ် ကိုသူရကို ဒီကနေ့ အီလက်ထရွန်နစ် ပုဒ်မတွေနဲ့ ထောင်ဒဏ် ၄၅ နှစ်ချလိုက်ပါတယ်။ ဒါပေမယ့် သူဟာ နောက်ထပ် အမှု ၄ မှုကို ဆက်ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

သူ့ကို ထောင်ချခဲ့တာနဲ့ပတ်သက်ပြီး သူဟာ အိုင် သုံးလုံးကြောင့် ဒုက္ခရောက်ရတာ၊ IT အိုင်တီကိုလေ့လာခဲ့ပြီး INTERNET အင်တာနက်ကို သုံးခဲ့လို့ INSEIN အင်းစိန်ကို ရောက်ခဲ့ရတာ ဆိုပြီး ကိုဇာဂနာက ပြက်လုံးထုတ်ခဲ့တယ်လို့ ခယ်မဖြစ်သူက ပြောပြပါတယ်။


ကိုဇာဂနာနဲ့ အမှုတွဲတခုတည်းဖြစ်တဲ့ ကိုဇော်သက်ထွေးနဲ့ ကိုသန့်ဇင်အောင် တို့ကို ထောင် ၁၅ နှစ်အသီးသီးချ ခဲ့ပြီး ကိုတင်မောင်အေးကို ထောင် ၂၉ နှစ် ချခဲ့ပါတယ်။

ရန်ကုန် သာသနာ့သိပ္ပံကျောင်းတိုက်က သံဃာ ၅ ပါးနဲ့ လူ ၆ ဦးကိုလည်း ထောင်ဒဏ်တွေ အသီးသီးချမှတ်ခဲ့ပေ မယ့် နှစ်ဘယ်လောက်စီချခဲ့တယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။


အရှင် ဂမ္ဘီရကို ထောင်ဒဏ် ၆၅ နှစ်

စက်တင်ဘာသံဃာ့အရေးအခင်းမှာ ဦးဆောင်ပါဝင်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာတပ်ပေါင်းစုက ဆရာတော် အရှင်ဂမ္ဘီရကို ဒီကနေ့ ထောင်ဒဏ် ၁၂ နှစ် ထပ်ပြီး ချခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထောင်ဒဏ် ၁၂ နှစ်၊ ကြာသပတေးနေ့က ထောင်ဒဏ် ၄၄ နှစ်ချခဲ့တဲ့အတွက် အခုဆိုရင် အရှင်ဂမ္ဘီရဟာ စုစုပေါင်း ထောင်ဒဏ် ၆၈ နှစ် ကျခံရမှာဖြစ်ပါတယ်။

အရှင်ဂမ္ဘီရကို သာသနာကို ညှိုးနွမ်းအောင်လုပ်မှု၊ အီလက်ထရွန်နစ်အမှု၊ မတရားသင်းနဲ့ ဆက်သွယ်မှု၊ ဆူပူအောင်လုပ်မှုတွေနဲ့ စွဲချက်တင် အပြစ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ အရှင်ဂမ္ဘီရနဲ့အတူ ၁၁ ဦးကို ပြစ်ဒဏ်တွေချမှတ်ခဲ့တဲ့အနက် ဦးကေလာသ ကို နောက်ထပ် ၄ နှစ် ချမှတ် ခဲ့တဲ့အတွက် စုစုပေါင်း ထောင် ၃၉ နှစ်၊ မဂ္ဂင်ကျောင်းဆရာတော် ဦးအိန္ဒက ကို နောက်ထပ် ၄ နှစ်ချခဲ့တဲ့အတွက် စုစုပေါင်း ထောင်ဒဏ် အနှစ် ၂၀ နဲ့ ၆ လ၊ ဦးအိန္ဒရိယ ကို ၁၄ နှစ်၊ ဦးသုမန ခေါ် စာရေးဆရာ မင်းဆက် ကို ၆ နှစ်၊ အရှင်ဂမ္ဘီရရဲ့ အကိုတော်စပ်သူ ကိုအောင်ကျော်ကျော်နဲ့ ကိုကျော်ကျော်နိုင်ကို ထောင် ၁၄ နှစ်စီ အသီးသီး ချခဲ့ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားတွေကိုလည်း ထောင်ဒဏ်ချမှတ်

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့တွေထဲက ကျန်တဲ့သူတွေကိုလည်း ဆက်လက်ထောင်ချနေရာမှာ လူငယ်အဖွဲ့ဝင် စုစုပေါင်း ၁၃ ဦးကို ထောင်ဒဏ် ၃ နှစ်ကနေ ၅ နှစ်အထိ ချလိုက်ပါတယ်။

၅ နှစ် ထောင်ကျသူတွေထဲမှာ ကိုသိန်းသန်းထွန်း ခေါ် စမ်းချောင်းကိုကိုကြီး၊ ကိုဇော်ထက်ကိုကို၊ မသရဖီသိမ့်သိမ့်ထွန်း စတဲ့သူ ၈ ဦးကို ထောင် ၅ နှစ်ချလိုက်ပြီး ကျန်တဲ့ ကိုသော်ဇင်ထွန်း၊ ကိုစောမျိုးလှိုင် စတဲ့ သူ ၅ ဦးကိုတော့ ထောင်ဒဏ် ၃ နှစ် ချလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်နဲ့ စက်တင်ဘာလ ဆန္ဒပြမှုတွေနောက်ပိုင်း ဖမ်းဆီးခံရသူ ၉၆၀ ကျော်ရှိပြီး အခုအချိန်အထိ အဲဒီထဲကနေ ထောင်ဒဏ်အပြစ်ပေးလိုက်သူ ၁၈၀ ကျော်ရှိနေပြီလို့ AAPP ခေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က ဘီဘီစီကို ပြောပါတယ်။

(ဓာတ်ပုံ-AP)

You received this email because you are subscribed to the real_time feed for http://zarganar-windoor.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဆုံဆည်းရာ] 2 New Entries: အမျိုးသားနေ့အောင်ပွဲ အောင်မြင်စွာ ကျင်းပခဲ့ကြ

အမျိုးသားနေ့အောင်ပွဲ အောင်မြင်စွာ ကျင်းပခဲ့ကြ

မဇ္ဈိမ၊ နိုဝင်ဘာလ ၂၂ ရက် ၂၀၀၈

ချင်းမိုင်။ ။ တက်ကြွလှုပ်ရှားသူများကို နှစ်ရှည်ထောင်ဒဏ်များ မနားတမ်း ချမှတ်နေသည့် အချိန်ဖြစ်သော်လည်း ယနေ့ ကျရောက်သော အမျိုးသားနေ့ အောင်ပွဲနှင့် ပတ်သက်၍ အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်ဟု အတိုက်အခံ နိုင်ငံရေးပါတီကြီးက ပြောဆိုလိုက်သည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (အန်အလ်ဒီ) ရုံးတွင် ၈၈ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို နေ့လည် ၁၂ နာရီမှ ၃ နာရီအထိ ကျင်းပရာ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ အဖွဲ့ဝင်များ၊ တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်များ၊ ၀ါရင့် နိုင်ငံရေးသမားကြီးများ ပါဝင်ကာ လူ ၄၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

အမျိုးသားနေ့ကို မမေ့ဖို့ရန်နှင့် တိုင်းရင်းသာစည်းလုံးညီညွတ်ရေး၊ အမျိုးသားများအားလုံး စည်းလုံးညီညွတ်မှုရှိရန် ရည်ရွယ်ပြုလုပ်သည်ဟု အန်အလ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးညဏ်ဝင်းက ပြောသည်။

လုံခြုံရေး အနေအထားအရ အခမ်းအနားကျင်းပရာတွင် အရပ်ဝတ်နှင့် လူ၎ယောက် တို့က စောင့်ကြည့်နေပြီး လုံခြုံရေးကား ၁၅စီးလောက် ချထားသည်ထားသော်လည်း အနောက်အယှက်မရှိ ပြီးဆုံးသွားခဲ့သည်။

အသက် ၉၃ နှစ်အရွယ် ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေက "ကနေ့ တိုင်းရင်းသားပြည်သူများ အနေအထားဟာ တမျိုးသားလုံး သွေးစည်းညီညွတ်ရေး မဖြစ်နေ တည်ဆောက်မှ ဖြစ်မယ်ဆိုတာကို ကျနော်ပြောချင်ပါတယ်။ ဒီလို အမျိုးသားညီညွတ်ရေး တည်ဆောက်ရာမှာလည်း ဆရာကြီး သခင်ကိုယ်တော်မှိုင် ချမှတ်ပေးခဲ့တဲ့ သူမနာ ကိုယ်မနာ တွေ့ဆုံဖြေရှင်းကြသည့် နည်းသာလျှင် တခုတည်းသော နည်းလမ်းသာဖြစ်တယ်" ဟု သူ၏ မိန့်ခွန်းတွင် ပြောဆိုသွားခဲ့သည်။

ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် နအဖစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း အမျိုးသားနေ့ သ၀ဏ်လွှာတွင် ယခင်အကြိမ်များက ပြောကြားခဲ့သလို နိုင်ငံကြီးအချို့က ခောတ်သစ်ကိုလိုနီစနစ်ကို ကျင့်သုံးပြီး အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ရန် ကြိုးပမ်းနေသည် ပြောကြားထားသည်။

ထို့အပြင် အငြင်းပွားဖွယ်ရာ လမ်းပြမြေပုံကို တိုင်းသူပြည်သားများ အနေဖြင့် ပါဝင်ထောက်ခံရန် တောင်းဆိုထားသည်။

အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သော နိုင်ငံကို တည်ဆောက်ရန် လမ်းပြမြေပုံကို ထောက်ခံရန် တိုက်တွန်းလိုက်ရာတွင် " တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်ဖြင့် တက်တက်ကြွကြွ ပါဝင် ဆောင်ရွက်သွားရမည်" ဟု ပါရှိသည်။

ထိပ်ပိုင်းခေါင်းဆောင်များကို ထောင်ဒဏ် ၆၅ နှစ်စီ ချမှတ်လိုက်ပြီး ဖြိုခွင်းနေခြင်းကို ခံနေရသော ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ အနေဖြင့် အတိုက်အခံများ စုဝေးပြုလုပ်သော အမျိုးသားအောင်ပွဲ အခမ်းအနားကို တက်ရောက်နိုင်ခြင်း မရှိခဲ့ပေ။

မြန်မာပြည်တွင်းရှိ ဝါရင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များ၏ ကြေညာချက်ထဲတွင် "ငြိမ်းချမ်းစွာ လှုပ်ရှားဆောင်ရွက်နေကြသော နိုင်ငံရေး အင်အားစုများကို ဖမ်းဆီးထိန်းသိမ်းခြင်း၊ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်နေခြင်း၊ သွားလာရန် ခက်ခဲသော ဝေးလံခေါင်းဖျားသည့် ဒေသများသို့ အကျဉ်းထောင် ပို့ဆောင်နေခြင်း တို့သည် သင့်မြတ်လျော်ကန်သည့် လုပ်ဆောင်ချက် မဟုတ်ဘဲ ပဋိပက္ခများ ပိုမိုကြီးထွား ကျယ်ပြန်လာမည်ကို စိုးရိပ်ပူပန်မိပါတယ်" ဟု ထုတ်ပြန်သည်။

အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်နေ့ကို မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်း လပြည်ကျော် ၁၀ ရက်နေ့၊ အင်္ဂလိပ်သက္ကရာဇ် ၁၉၂၀ ပြည်နှစ် ဗြိတိသျှနယ်ချဲ့ လက်အောက်ရှိ မြန်မာတိုင်းရင်းသား ပြည်သူလူထုများအား အထက်တန်းပညာ တက္ကသိုလ်အထိ သင်ကြားခွင့် မရစေသည့် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို မကျေနပ်သဖြင့် တက္ကသိုလ် ကျောင်းသားကြီးများက ဦးဆောင်ကာ ပထမဦးဆုံး ကျောင်းသားသပိတ် စတင်ခဲ့သည်နေ့ ဖြစ်သည်။

လမ်းပြမြေပုံအရ အစီအစဉ်တခုဖြစ်သော သဘောကွဲလွဲသူများ ဝေဖန်ဆွေးနွေးခွင့် မရခဲ့သော အခြေခံဥပဒေကို ဆန္ဒခံယူပွဲကို လူပေါင်း ၁၃၀၀၀၀ သေဆုံး (သို့မဟုတ်) ပျောက်ဆုံးဖြစ်ခဲ့သည့် နာဂစ်မုန်တိုင်း တိုက်ခိုက်ပြီးချိန် မေလမှာပင် ကျင်းပခဲ့ရာ ထောက်ခံမဲ ၉၃ ရာနှုန်းနီးပါးရခဲ့သည်ဟု စစ်အစိုးရက ကြေညာခဲ့သည်။

ကိုယ်စားလှယ် ၁၀၀၀ ကျော်ဖြင့် ရေးဆွဲခဲ့သော အခြေခံဥပဒေကို အတည်ပြုပြီးဖြစ်သောကြောင့် လမ်းပြမြေပုံအရ ရွေးကောက်ပွဲကို ၂၀၁၀ တွင် ကျင်းပမှာဖြစ်၍ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံ အင်အားစုများနှင့် တွေ့ဆုံဆွေးနွေးရန် ဆိုသည်ကို မလိုတော့ဟု စစ်အစိုးရက ပယ်ချထားခဲသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသည် ၁၉၉၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့သော်လည်း စစ်အစိုးရက အာဏာလွှဲပေးရန် ငြင်းဆန်ခဲ့သည်။

လမ်းပြမြေပုံကို ကန့်ကွက်ကာ အစိုးရနှင့် အတိုက်အခံ အင်အားစုများ ပါဝင်ဆွေးနွေးရေး လမ်းကြောင်းကို တောင်းဆိုဆန္ဒပြကြသည့် လူပေါင်း ၁၀၀ ကျော်ကို လွန်ခဲ့သည့် တလအတွင်း ထောင်ဒဏ်များ ချမှတ်ခဲ့ရာ ထောင်ဒဏ် ၆၈ နှစ် အပြစ်ပေးခံရသူပင် ပါဝင်သည်။

သက်ဆိုင်သူများ ပါဝင်ပြီး နိုင်ငံရေး ညှိနှိုင်းကြပါရန် သံဃာတော်များက မေတ္တာပို့ လမ်းလျှောက်မှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့သူ အရှင်ဂမ္ဘီရကို ထောင်ဒဏ် ၆၈ နှစ် ချမှတ်လိုက်ပြီး ပြက်လုံးများဖြင့် အာဏာပိုင်များကို သရော်ခဲ့သူ ဟာသသရုပ်ဆောင် ကိုဇာဂနာကို ထောင်ဒဏ် ၄၅ နှစ် ယမန်နေ့က ချမှတ်ခဲ့သည်။

ယမန်နှစ် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း လမ်းပေါ်ဆန္ဒပြမှုများက အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းဖြင့် နိုင်ငံရေး အဖြေရှာရန် လိုလားခဲ့ကြသည်။

အထွေထွေညီလာခံ ဆုံးဖြတ်ချက် စစ်အစိုးရ ငြင်းဆန်

ဗွီအိုအေ၊ နိုဝင်ဘာလ ၂၂ ရက် ၂၀၀၈

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ပြင်းပြင်းထန်ထန် ရူတ်ချတဲ့ ဆုံးဖြတ်ချက်တရပ် ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ တတိယ ကော်မတီက မနေ့က ချမှတ်လိုက်ပါတယ်။ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအကျဉ်းသားတွေကို စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေတဲ့အအချိန်မှာ အခုလို ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက် ချမှတ်လိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကတော့ ဒီဆုံးဖြတ်ချက်ဟာ မြန်မာ့ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ တုန့်ပြန်ပါတယ်။ ကိုသိန်းထိုက်ဦး က တင်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်လို့ ပြင်သစ်နိုင်ငံ အဆိုတင်သွင်းခဲ့တဲ့ ဆုံးဖြတ်ချက် မူကြမ်းကို မနေ့က မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။ ထောက်ခံမဲ ၈၉ မဲ၊ ကန့်ကွက်မယ် ၂၉ မဲနဲ့ မဲပေးဘဲ နေခဲ့တဲ့ နိုင်ငံ ၆၃ မဲရှိခဲ့တဲ့အကြောင်း အထွေထွေညီလာခံ သဘာပတိက ကြေညာလိုက်ပါတယ်။ ဒီ ဆုံးဖြတ်ချက်ကို ချလိုက်တာဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ ဆိုးရွားလာနေတာကို နိုင်ငံတကာက အာရုံစူးစိုက်လာနိုင်အောင် ရည်ရွယ်တာဖြစ်ပြီး နိုင်ငံတကာအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်လာရင် ဘယ်လို အရေးယူဆောင်ရွက်မယ် ဆိုတာကို ၀ိုင်းဝန်း အဖြေရှာ နိုင်အောင် ကြိုးပမ်းကြဖို့ ရည်ရွယ်ပါတယ်ဆိုပြီး ကုလသမဂ္ဂဆိုင်ရာ ပြင်သစ်သံအမတ်ကြီးက အထွေထွေညီလာခံကြီးမှာ ပြောဆိုသွားပါတယ်။ မြန်မာစစ်အစိုးရဟာ အရင် အထွေထွေ ညီလာခံကြီးနဲ့ လူ့အခွင့်အရေးကောင်စီ က ချမှတ်ထားခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာခြင်း မရှိဘူးဆိုပြီး ဘာသာပြန်ကတဆင့် အခုလို ပြောဆိုသွားပါတယ်။

"မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ဆုတ်ယုတ်မှု အခြေအနေတချို့ကြောင့် စိုးရိမ်နေရတဲ့ အနေအထားတွေ ရှိနေရတာပါ။ ဖွဲ့စည်းပုံ အတည်ပြုရေး လူထုဆန္ဒခံယူပွဲကလည်း လွတ်လပ်မျှတတဲ့ အထွေထွေရွေးကောက်ပွဲတခု ပေါ်လာဖို့အတွက် အနိမ့်ဆုံးအဆင့် လိုအပ်တဲ့ သတ်မှတ်ချက်တွေတောင် ပြည့်မှီတာ မတွေ့ရပါဘူး။ မြန်မာနိုင်ငံမှာ သဘာဝ ဘေးအန္တရာယ်ကို ရင်ဆိုင်ခဲ့ရတဲ့အချိန် ဒီ လူထုဆန္ဒခံယူပွဲကို ကျင်းပခဲ့တာပါ။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ်က ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတဲ့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတွေကိုလည်း ထောင်ဒဏ်တွေ ချမှတ်အရေးယူနေပါတယ်။"

ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်တင့်ဆွေ ကတော့ ပြင်သစ်နိုင်ငံ အပါအ၀င် အီးယူ ဥရောပ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံကို ဖိအားပေးဘို့အတွက် ဒီ ဆုံးချက်မှုကြမ်းကို တင်သွင်းခဲ့တာလို့ ပြောပါတယ်။ ဒီ ဆုံးဖြတ်ချက်စာဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်တဲ့ မူကြမ်းဖြစ်ပြီး မြန်မာပြည်ရဲ့ နိုင်ငံရေး တိုးတက်မှုတွေကို မသိကျိုးကျွံပြုနေတယ်လို့ ပြောပါတယ်။

"ကျနော်တို့ ကိုယ်စားလှယ် အဖွဲ့အနေနဲ့ လူ့အခွင့်အရေးကို နိုင်ငံရေးအရ အသုံးချနေတာမျိုးတွေကို ဆန့်ကျင်ပါတယ်။ ပဋိဉာဉ် စာတမ်းအရ လူ့အခွင့်အရေးအခြေအနေ တိုးတက်အောင် လုပ်ဆောင်တဲ့နေရာတွေမှာ ပူးပေါင်းဆောင်ရွက်ပြီး တိုးတက်လာအောင် ကြိုးပမ်းသင့်ပါတယ်။ ထိပ်တိုက်ရင်ဆိုင်တာမျိုးတွေနဲ့ ဖိအားမပေးသင့်ဘူးလို့ အခိုင်အမာ ယုံကြည်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဖိအားပေးဖို့ ပစ်မှတ်ထားတဲ့ ဒီဆုံးဖြတ်ချက်ကို ကျနော်တို့ ဆန့်ကျင်ပါတယ်။" - လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ ကိုယ်စားလှယ်က ပြောသွားတာပါ။

ကုလသမဂ္ဂရဲ့ ဒီ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအကျဉ်းသားတွေကို စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေတဲ့အအချိန်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ သံအမတ်ကြီး ဦးကျော်တင့်ဆွေ ကတော့ မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး နိုင်ငံရေးအရ တိုးတက်မှုတွေ ရှိလာနေတဲ့အခြေအနေကို အသိအမှတ်ပြုဖို့ တောင်းဆိုသွားပါတယ်။

"စောစောပိုင်းက ကျနော် ပြောခဲ့တဲ့ တိုးတက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့အတိုင်း မြန်မာနိုင်ငံဟာ အကျဉ်းသား ၉,၀၀၀ လောက်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။ မြန်မာအစိုးရအနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ရှေ့မရှုတဲ့ မူတွေကို ကိုင်စွဲပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးရေး တံခါးကို လည်း ဖွင့်ထားပါတယ်။ အဆင့် (၇) ဆင့်ပါ နိုင်ငံရေးလမ်းပြ အစီအစဉ်တွေကို အကောင်အထည်ဖေါ်ရေး ကြိုးပမ်းချက်တွေမှာလည်း ထူးခြားတဲ့ တိုးတက်မှုတွေ ရနေပါပြီ။" - ဆိုပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်တင့်ဆွေ က ပြောသွားတာပါ။

ဒီလို မြန်မာသံအမတ်ကြီးက ပြောသွားပေမယ့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကြီးကို ရေးဆွဲခဲ့တဲ့ နှစ် (၆၀) ပြည့် အခါသမယ နီးကပ်လာတဲ့အချိန် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး လှုပ်ရှားသူတွေကို နှစ် ၆၀ ကျော် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေတာတွေအပေါ် နိုင်ငံတကာက စောင့်ကြည့်နေတယ် ဆိုတာကို မနေ့က ကုလသမဂ္ဂ ဆုံးဖြတ်ချက်က ပြလိုက်တာပါ။

ကမ္ဘာ့နိုင်ငံတွေက မျက်ကွယ်မြန်မာနိုင်ငံ အပြင် အီရန်နဲ့ မြောက်ကိုရီးယား နိုင်ငံတွေကိုလည်း လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ အတွက် ရှုတ်ချတဲ့အကြောင်း မနေ့က အထွေထွေညီလာခံရဲ့ တတိယကော်မတီ က ဆုံးဖြတ်ခဲ့ပါတယ်။ မြောက်ကိုရီးယား နိုင်ငံကလည်း အထွေထွေညီလာခံကြီးရဲ့ ဆုံးဖြတ်ချက်ကို ငြင်းပယ်လိုက်ပြီး ဒီလို ဆုံးဖြတ်ချက် ချနိုင်အောင် ပူးတွဲ အဆိုပြုခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံကို အထိုက်တန်ဆုံး ပြန်ပေးဆပ်ရမယ်လို့ သတိပေး ခြိမ်းခြောက် ထားပါတယ်။

You received this email because you are subscribed to the real_time feed for http://soneseayar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကာရန်မဲ့ အတွေးစများ] 1 New Entry: ဖတ်မိသမျှ စာအချို့ (၃)

ဖတ်မိသမျှ စာအချို့ (၃)


ကျွန်မ ဖတ်ဖြစ်တဲ့ စာအုပ်တွေကတော့ ကျွန်မအမေရဲ့ ကိုယ်ပိုင်စာအုပ်တွေပါပဲ။ ရန်ကုန်အိမ်မှာလည်း စာအုပ်ခန်းထားရလောက်အောင် စာအုပ်တွေများသလို၊ အခု ဒီအိမ်မှာလည်း စတိုခန်း အပြည့်နီးပါး စာအုပ်တွေ ရှိပါတယ်။ အဲဒီထဲကမှ ကျွန်မလတ်တလော ဖတ်လို့ ပြီးတာတွေကို ရေးထားတာပါ။ နောက်ပိုင်း အားရင်တော့ အရင်ဖတ်ပြီးတဲ့ စာအုပ်ဟောင်းတွေရှာပြီး တင်ပါဦးမယ်။ ကျွန်မက ဘာသာပြန်နဲ့ အတ္ထုပ္ပတ္တိတွေ ဖတ်ရတာကို ပိုသဘောကျတယ်။

ရန်ကုန်အိမ်မှာတုန်းက ဧည့်ခန်းမှာ စာအုပ်စင်အလှလေးလုပ်ပြီး အမေ့စာအုပ်တချို့ကို စီတင်ထားတာ ဆွမ်းခံကြွတဲ့ဘုန်းဘုန်းတွေ၊ ကျွန်မတို့ကို စာလာသင်တဲ့ ဆရာတွေ စာအုပ်တချို့ကို ငှားကြတာ ကြုံဖူးပါတယ်။ ပြန်ရတာလည်း ရှိ၊ မရတာလည်း ရှိပေါ့။ အဲဒီလို စာအုပ်ငှားတာနဲ့ပတ်သက်ပြီး ဟာသလေးတခု ကျွန်မ ဖတ်ဖူးတယ်။ ရှားပါးစာအုပ်တွေ တော်တော်စုံလင်စွာရှိတဲ့ လူတစ်ယောက်ဆီမှာ သူ့မိတ်ဆွေက စာအုပ်တချို့ ငှားဖို့ပြောတော့ သူက ပြန်ပြောတယ်။ "မင်းက ငါ့ကို ငတုံးများ မှတ်နေလားတဲ့။ ဒီစာအုပ်တွေက အဲဒီလို ငတုံးတွေဆီက ရတာလေ"တဲ့။ ဖတ်ပြီး ပြုံးမိသလို၊ သဘောလည်း ကျမိတယ်။ တကယ်ကျတော့ တန်ဖိုးရှိတဲ့ ကိုယ့်စာအုပ်တွေကို သူများ မငှားတာ အကောင်းဆုံးပဲလို့။;))

******* ***** *** ***** *******


သိန်းဖေမြင့်စာတွေကို အရှေ့က နေ၀န်းထွက်သည့်ပမာ ပြီးရင် ဒီတအုပ်ထဲပဲ ဖတ်ဖူးသေးတယ် ထင်တာပဲ။ ဆရာက အချစ်ဝတ္ထု အရေးကောင်းတယ်လို့တော့ ကြားဖူးပါတယ်။


ချစ်ဦးညိုရဲ့ မင်းသား ဇနီး၊ မင်းသမီး ယောက်ျား ဆိုတဲ့ ၀တ္ထုတိုတွေကတော့ မင်းသား၊ မင်းသမီးတွေရဲ့ အိမ်ထောင်ဘက်တွေနဲ့ ဇာတ်လမ်းအဖုံဖုံပေါ့။ ဖတ်လို့ကောင်းပါတယ်။


ဆရာ မန်းတင်ရဲ့ မြို့ပိုင်မောင်ပြုံးချိုကိုတော့ ကျွန်မဘလော့ဂ်မှာ ဟိုတလောက အဲဒီစာအုပ်ထဲမှ ၀ါးရင်းတုတ် ဆိုတဲ့ ၀တ္ထုတိုလေး တင်ဖူးခဲ့လို့ သိကြမယ် ထင်ပါတယ်။ ကိုပေါ ကွန်မန့်အရှည်ကြီး ရေးစေခဲ့တဲ့ ပို့စ်ပါပဲ။ :P


ကမ္ဘာကျော်သူတို့ရဲ့ ဖြစ်ရပ်များကတော့ စာအုပ်ပါးပါးလေးပါ။ စပ်စုတတ်တဲ့ ကျွန်မတို့သားအမိကတော့ စိတ်ဝင်တစား ဖတ်တာပါပဲ။


စုံထောက်ဦးစံရှားပေါင်းချုပ်ကတော့ ခုမှ ဖတ်နေတုန်း။


ဆရာမောင်ခိုင်မာရဲ့ ရှင်မရေ... ကဗျာရှည်ကလည်း ဖတ်လက်စပဲ ရှိပါသေးတယ်။ နားနားပြီး ဖတ်နေတဲ့သဘောပေါ့။ ဒီစာအုပ် အိမ်မှာရှိတာတော့ ကြာပါပြီ။

ရှိတ်စပီးယားရဲ့ သံခေါင်းစွပ်မင်းသားကို ဖတ်ပြီး တညလုံး အိပ်မပျော်ဘူး ဖြစ်ခဲ့ရတယ်။ မင်းသားလေးကို သနားလို့ပါ။ အမြွှာမွေးဖြစ်ပေမယ့် ကံကြမ္မာမတူတဲ့ မင်းသား နှစ်ပါး၊ အကြီးကတော့ ပြင်သစ်ဘုရင်ဖြစ်ပြီး အငယ်ကတော့ သူဟာ ဘုရင့်သားဆိုတာ သိတဲ့နေ့မှာပဲ လူမသိသူမသိနဲ့၊ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ထောင်ကြီးထဲမှာ တသက်လုံးနေရတာ။ နောက်တော့ ကျွန်းတစ်ကျွန်းမှာ သံခေါင်းစွပ်ပြီး သေဆုံးသည်အထိ နေရတာ။ တိုင်းပြည်အတွက်ဆိုပြီး အဖေတွေ၊ အကိုတွေ ရက်စက်ကြပုံက ဆိုးလှတယ်။ စိတ်ကူးယဉ်ဝတ္ထုဆိုပေမယ့် ကျွန်မကတော့ အဲဒီဝတ္ထုအကြောင်း တွေးတွေးပြီး မအိပ်နိုင်၊ မစားနိုင်ကို ဖြစ်တာပဲ။ စာအုပ်အဖုံးပုံကတော့ ရှာတွေ့မှပဲ တင်ပေးတော့မယ်။ မူရင်း ၀တ္ထုနာမည်လည်း မမှတ်မိဘူး။ ဘာသာပြန်သူရောပေါ့။ :D


ရွှင်လန်းချမ်းမြေ့ကြပါစေ
s0wha1

You received this email because you are subscribed to the real_time feed for http://s0wha1.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ရေခဲပြင်ထဲမှာပွင့်တဲ့ပန်း သို့မဟုတ် ခွန်မြလှိုင်] 1 New Entry: ခေတ်အလိုက် ပညာရေး နယ်ပယ်ကို အားပေးပုံများ

ခေတ်အလိုက် ပညာရေး နယ်ပယ်ကို အားပေးပုံများ

၁၉၅၃ ဖဆပလအစိုးရဧ။် ပြည်တော်သာ စီမံကိန်း ဆယ်ချက်မှ ထိပ်ဆုံး စီမံကိန်းဖြစ်သော "အ" သုံးလုံး အဓိပ္ပာယ်

အရေး၊ အဖတ်၊ အတွက် ပညာ နိုင်ငံသားတိုင်း အခြေခံအားဖြင့် တတ်မြောက်ရန်

၂၀၀၈ နအဖ အစိုးရလက်ထက် Information Technology ခေတ် "အ" လေးလုံး အဓိပ္ပာယ်

အိုင်တီ နည်းပညာကို လေ့လာ ချင်လို့ အင်တာနက် သုံးလိုက်တာ အီ လက်ထရောနစ် ပုဒ်မနဲ့ အကျဉ်းထောင် ရောက်သွားတယ်။

You received this email because you are subscribed to the real_time feed for http://khunmyahlaing.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ထုဆစ်ပြီးသောရင်ခွင်အပိုင်းအစလေးများ] 1 New Entry: ကောင်မလေးရဲ့ဖြစ်သလိုစားခြင်း

ကောင်မလေးရဲ့ဖြစ်သလိုစားခြင်း

ချင်းမလေးတက်ဂ်ထားတာကြာပါပြီ.. ကောင်မလေးအခုမှပဲ ရေးပေးနိုင်တော့တယ်.. ချင်းမလေးရေ စိတ်မဆိုးနဲ့နော်.. :) ဖြစ်သလိုစားခြင်းဆိုတော့ ကောင်မလေးအတွက် အတော်ပဲဖြစ်သွားတယ်.. နဂိုကတည်းက ကောင်မလေးက ဖြစ်သလိုစားတတ်တယ်လေ.. ပာင်းကလည်း ချေးများသေးတယ်.. ပြီးတော့ သူများချက်တာ သိပ်မစားဘူး.. :) မေ ဒါမှမပာုတ် အဘွားလေး၊အန်တီတို့ချက်မှ စားတာ.. ပထမ ဒီရောက်ရောက်ချင်းတုန်းက တော်တော်ဒုက္ခရောက်တယ်လေ.. မေကပြန်သွားတော့ ကိုယ့်ပာာကိုယ် ချက်စားရတာကိုး.. ဘယ်သူချက်ချက်မစားတဲ့ ကောင်မလေးက ကိုယ့်ပာာကိုယ်ချက်တော့လည်း မစားပါဘူး.. :D ဖေကတော့ သည်းခံပြီးစားပေးရှာပါတယ်.. ပီားပီား.. တစ်ခါတစ်လေ သည်းမခံနိုင်တော့ရင် ကိုယ့်ပာာကိုယ်ပဲ ဝင်ချက်လိုက်သေးတယ်.. :P :P


မေမြို့မှာနေတုန်းကတော့ မနက်စာ တိုပာူးပျော့တစ်ခုပဲစားတယ်.. အိမ်ရှေ့ဆိုင်ကလေ.. အဲ့ဒီဆိုင်ကလွဲရင် ဘယ်ဆိုင်ကမှမစားဘူး.. ဈေးကလည်း တစ်ပတ်ကို အင်္ဂါ၊ ကြာသပတေးနဲ့ စနေ.. သုံးရက်ပဲရှိတယ်ဆိုတော့ ကျန်တဲ့လေးရက်တော့ ဗိုက်မှောက်ပေါ့.. ငါးဆိုလည်း ငါးကြင်းတစ်မျိုးပဲစားတယ်.. ဒီမှာက ရှာလို့မတွေ့တော့ သွားပြန်ဦးပဲာ့ ပာင်းတစ်မျိုး.. :( ကျန်တဲ့အသားတွေက ပာက်ပာက်ပက်ပက် သိပ်မစားတော့ ပာင်းသီးပာင်းရွက်ပဲ စားဖြစ်တယ်.. ဒီရောက်လာတော့ မနက်စာလွတ်သွားရော.. မနက်စာမစားဖြစ်တာ တစ်နှစ်ကျော်ပါပြီ... သူများတွေလို ကော်ဖီ၊ လက်ဖက်ရည်လည်း မကြိုက်တော့ ဘာမှကိုမစားဖြစ်တော့တာ.. တိုပာူးပျော့လည်း မရှိဘူးလေ.. :( အခုနောက်ပိုင်းဆိုပိုဆိုး.. ကျောင်းက မနက်အစောကြီးတက်ရတယ်.. မနက်စာမစားဖြစ်တော့ဘူး.. breaktime မှာတော့ ဆာနေသမျှ အတိုးချပြီး စားတယ်.. အဲ့ဒါကြောင့်ထင်တယ်.. သားငယ်ကပြောတယ်.. နင့်ကို ကျောင်းမှာတွေ့လိုက်ရင် canteen ထိုင်နေတာချည်းပဲတဲ့..

ကျောင်းသွားတဲ့နေ့တွေဆိုရင်တော့ ပုံမှန်စားဖြစ်ပါတယ်.. အခုတလော ဘာဖြစ်နေလဲတော့မသိဘူး.. ကောင်မလေး အစားအများကြီးစားရင် တစ်နေကုန်ခံနေတာပါ.. ကျောင်းမှာ မနက်စာစားလိုက်မိရင် ညပိုင်းဆို အိမ်မှာ ထမင်းသိပ်မစားနိုင်တော့ဘူး.. တစ်ခါတစ်လေ ၃၊၄ရက် ဖြစ်သွားတတ်တယ်.. အဲ့ဒီအခါမျိုးကျရင် ကောင်မလေးက မေ့ကိုပြောတာပေါ့.. " သမီး အိမ်ထမင်း အိမ်ပာင်းမစားရတာ ၄ရက်ကျော်သွားပြီ " ဆိုရင် မေကဘာပြန်ပြောလဲ သိလား.. " ဘယ်သူက မကျွေးဘဲထားလို့လဲ " တဲ့ .. :D ပာုတ်တော့လည်း ပာုတ်တာပဲ.. ကျောင်းပိတ်ရက်ဆိုရင် မနက်စာစားဖို့ အခွင့်အရေးက မရှိဘူး.. ဘာဖြစ်လို့လဲသိလား.. မနက်ထတဲ့အချိန်က ၁၁နာရီ ကျော်သွားလို့.. :P အခု မေလည်းမရှိတော့ ညီမလေးက ချက်ကျွေးပါတယ်.. အထင်မသေးနဲ့နော် .. ညီမလေးက ကောင်မလေးထက် ပာင်းပိုချက်တတ်တယ်.. ဒါပေမယ့် ကောင်မလေး ထမင်းစားပျက်သွားတယ်.. ပီားပီား.. သူချက်တာက မေချက်တာနဲ့ တစ်ပုံစံထဲ.. သိလား.. အရသာတူရင် ပိုကောင်းမယ်.. ပာင့်.. :(( ခေါက်ဆွဲပြုတ်ကတော့ တစ်ခါတစ်ရံ စားဖြစ်ပါတယ်.. မဆိုးပါဘူး.. အစာအိမ်အတွက် သိပ်မကောင်းဘူးလို့တော့ ပြောကြတာပဲ... အပြင်မှာဝယ်စားရင် ပိုမကောင်းဘူးလေ.. သိတယ်မပာုတ်လား.. အပြင်ကအစားအစာတွေက.. အစပ်အပာပ်လည်းမတည့်ဘူး.. ဘာအရသာတွေမှန်းလည်းမသိဘူး.. မေပြန်လာရင်တော့ ထမင်းစားပြန်ကောင်းမယ်ထင်ပါတယ်.. ပြောရဦးမယ်. ကောင်မလေး နည်းနည်းပိန်သွားတယ်.. :P :P

ချင်းမလေးရေ.. ရေးပြီးသွားပြီ.. ကျေနပ်တော့နော်.. :)

You received this email because you are subscribed to the real_time feed for http://kaungmalayptt.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကိုရင်နော်ခင်လေးငယ်] 1 New Entry: တောသားမြို့ကြောက်...

တောသားမြို့ကြောက်...

.

((((((ဘော်ဘူးးးးးးး.... ဘော်ဘူးဘော်... ဘော်ဘူးးးးး... ဘော်....))))))
((((( ဂလုံး ဂလုံးးး.. ဂလုတ်ဂလုတ်.. ဂလုံးးးး... ဂလုတ်.... ဂ.....လုတ်.. )))))
တစ်ညလုံး အရှိန်နှေးနှေး ခုတ်မောင်းလာသော အမြန်ရထားကြီးက မောပန်းနွမ်းနယ်စွာ တစ်လှိမ့်ခြင်း တစ်လှမ်းခြင်း..။ ခပ်ဆိုးဆိုး အနံ့တစ်မျိုး နှာခေါင်းထဲ အတင်းတိုးဝင်လာမှ အိပ်နေရာက လူးလဲထ ပြူတင်းပေါက်ကိုမ... အိုးဟိုးဟိုး.. နံလိုက်တဲ့ မြောင်းပုပ်နံ့..။

အလို.. ခရီးသည်တွေ ဆင်းဖို့ပြင်နေကြပြီ.. ဟေ... ဒါဆိုရောက်ပြီပေါ့..။

ပုဆိုးကို တိုတိုပြင်ဝတ်၊ လွယ်အိတ်ကို စလွယ်သိုင်းပြီး ပါလာတဲ့ ကြိမ်ခြင်းတောင်နဲ့ ငှက်ပျောခိုင်ကြီးကို ထမ်းကာ စတင်ခြေချလိုက်တာကတော့ ရန်ကုန်ရွှေမြို့တော်ကြီးဆိုတာကိုပါ..။ ကျုပ်အတွက်တော့ ရန်ကုန်ဆိုတာ ပထမဦးဆုံး ရောက်ဖူးခြင်းပေါ့.. ရန်ကုန်ကို ရောက်ဖူးချင်လွန်းလို့သာ အဘကို ဂျီကျပြီးထွက်လာရတာ ခပ်ကြောက်ကြောက်.. ဒင်းတို့သားအမိသာ လာမကြိုရင် ကျုပ်တော့ ဒုက္ခ..။

လူတွေကလည်းများ ဆူညံအော်ဟစ်သံတွေနဲ့ အူယားဖားယား စည်ကားနေလိုက်တာ..။ ဘယ်အပေါက်က ထွက်လို့ ဘယ်လိုသွားရမယ်မသိ..။ တစ်လမ်းလုံး မျက်စောင်းထိုးခံခဲ့ရတဲ့ ကျုပ်ရဲ့ ငှက်ပျောခိုင်ကြီးကလည်း ခုထိ အဆဲကမလွတ်.. ဟိုချိတ်ဒီချိတ်နဲ့..။ သူများသွားတဲ့နောက်လိုက် သူများထွက်တဲ့အပေါက် လိုက်ထွက်.. ဟိုဘက်ပါသွားလိုက်.. ဒီဘက်ပြန်ပါလာလိုက်နဲ့.. အပြင်ကို တော်တော်နဲ့ မရောက်..။ တံခါးပေါက် သေးသေးလေးကို တိုးခွေ့ဝင်နေလိုက်ကြတာများ မြင်မကောင်း..။ လူအုပ်ကြီးက များလွန်လွန်းလို့ ကျုပ်တောင် ကျုပ်ငှက်ပျော်သီးတွေ ပြုတ်ထွက်ကုန်မှာ စိုးရိမ်မိသေး..။

"ဦးနော်... ဦးနော်ကြီး... သမီးတို့ ဒီမှာ.."
"ဟေးး... အေး ကလေးလေး.. လာပြီဟေ့.. ငါ့တူမကြီး တယ်ထွားလာပါလားဟေ့.. ဟဲ့ ခင်လေး အမယ်.. နင်လည်း ဝ လာသား.. ငါက နင်တို့ လာမှ ကြိုပါ့မလားလို့.."
"ဦးနော်.. ရာ.. ဒီဖက်ကနေ..ရာ.."

တော်သေးတာပေါ့ ခင်လေးနဲ့ သူ့သမီးလာကြိုပေလို့.. မဟုတ်ရင် ကျုပ်တော့ ဒီ.. လူစီးကြောင်းထဲ ဘယ်အထိ မျှောနေမယ်မသိ..။

"ဟဲ့ ကိုရင်ရယ် နင်ဟာလေ စိတ်ညစ်ပါတယ် ဘာလို့ ငှက်ပျောခိုင်ကြီးသယ်လာတာတုန်း.. ငါရှက်လိုက်တာနော်.."

"အဟေးးး ဘာလို့တုန်းဟ နင်တို့စားရအောင် ယူလာတာလေ.."
"ကယ်ကယ်... လာ.. စိတ်ညစ်တယ် နင်နဲ့တော့.. ပေး အဲ့ဒီခြင်းတောင်း ငါ့ကို.. သမီး လာ ဒီဘက်.. ဟိုရှေ့နားကနေ ကားငှားမယ်.."

အင်း.. ငါ့ငှက်ပျောခိုင်က အခုထိ အပြောမလွတ်ပါလားနော်.. ငါကတော့ ခြံထွက်မို့ သေချာယူလာတာကို...။

"ဟဲ့ ကိုရင် ဒီနောက်ခန်းမှာထည့် နင့်ခြင်းတောင်းကလည်း လေးလိုက်တာဟယ်.."

"အေးဟ.. အရီးလေး ထည့်ပေးလိုက်တာတွေ နင်တို့ဖို့တဲ့.. ဟဲ့.. နင့် တိုက်စီကလည်း ဈေးကြီးလှပါလား.."
"အမလေး.. ဒါတောင်မနည်းဈေးဆစ်ထားရတာ.."
"မေမေခင်.. ကားကမတွားတေဖူးရား.. ကားချရာကြီရော ဘယ်ရောက်တွားပီရဲ.."
"လူတစ်ယောက် ထပ်တင်မှာတဲ့ သမီးရေ.. ဟော.. ဟိုမှာ လာပါပြီ.."

ကားဆရာကတော့ ပျစ်..ကနဲ လမ်းမပေါ် ကွမ်းတံတွေးထွေးရင်း အေးရာအေးကြောင်း လှမ်းလာနေလေရဲ့.. အော်.. သူလည်း နေ့တွက်ကိုက်အောင် လုပ်ရမှာပေါ့လေ...။

"ဟဲ့.. ခင်လေး.. နင်တို့ ရန်ကုန်က တယ်ရှုပ်ပါလား.. မျက်စိကို နှောက်နေတာပဲ.. လမ်းတွေကလည်း ဆိုးလှပါလား.. ချိုင့်တွေ ခွက်တွေနဲ့.. ရွာက နွားလည်းလမ်းလို.."
"တိတ်တိတ်နေပါ ကိုရင်ရယ် နင်ဟာလေ ခုထိ အာကျယ်အာကျယ်နဲ့ စကားကိုတိုးတိုးပြောပါ.. ဒါရန်ကုန်ဟဲ့.."
"အဟီးး နင်ကလည်း တွေ့တာနဲ့ ငါ့ကို ဟောက်နေတော့တာပါလား.. ငါဒီလိုပဲ ပြောတတ်တာကို.."
"မေမေခင်ကရဲ ဦးနော် တနားပါဒယ်.."

ဒီလိုနဲ့ တဒုံးဒုံး တဒိုင်းဒိုင်း ချိုင့်တွေခွက်တွေကို ကျော်ဖြတ်မောင်းရင်း ရောက်လာတာကတော့ ဒေါ်ခင်လေးငယ်တို့ နေထိုင်ရာ ရန်ကုန်မြို့ရဲ့ ရပ်ကွက်တစ်ခု..။

"ဟဲ့ ခင်လေး.. တယ်ဟုတ်ပါလား နင့်တိုက်ကြီးက အမြင့်ကြီး အကြီးကြီးပါလား.."
"ကယ်.. ကိုရင်ရယ် စကားများတယ်.. သွားသွားတက်.. ကလေးလေးရဲ့ နောက်ကလိုက်သွား.."
"သမီး... မရောက်သေးဘူးလား.. ဘယ်ထိတက်ရမှာတုန်း.. လှေခါးက တော်တော် မှောင်ပါလား.. ဟူးးးးး"
"ခစ်ခစ်.. ဦးနော်ကြီးကရဲ ရောက်ပါပီ နောက်နှစ်ထပ်ဖဲကျန်ဒါ.."

"အလို.. ခင်လေး.. နင့်တိုက်ကြီးက အပြင်ကကြည့်တော့ အကြီးကြီး အထဲမှာတော့ ကျဉ်းကျဉ်းလေးပါလား.."

"ဟဲ့ နင်ဟာလေ.. ဒါတိုက်ခန်းလို့ခေါ်တယ် ငါတို့က အပေါ်ဆုံးထပ် (၈-လွှာ) ကယ် သိပြီလား.."

"ဟေ.. အဲ့လိုလား.. သိပါဘူ.. နင်ကဘယ့်နယ် ဒလောက်မြင့်တာကြီး ဝယ်ထားတာတုန်း.."
"အောင်မလေး ကိုရင်ရယ် ငါ့များ အထင်ကြီးနေ ငှားနေတာဟဲ့.. ငှားနေရတာ.."

"ဘယ်လို.. ငှားနေရတာ.. ဟလား..!! ဒါဆိုလည်း အောက်နားနေပါလားဟာ.. ဘယ့်နယ် မြင့်လွန်းပါတယ်.. ထန်းပင်တောင် ကျော်ရော့မယ်.."
"မတတ်နိုင်ဘူးဟေ့.. ဒါတောင် တစ်လ ခြောက်သောင်းပေးရတယ်ဟဲ့.. အောက်ထပ်တွေဆို မပြောနဲ့တော့.."

"ဟေ.... ခြောက်သောင်းးးးးး... များလိုက်တာ.. ဒါများ နင့်နယ် ရွာပြန်လာပါရောလား.. အရီးလေးကလည်း နင်နဲ့ ကလေးလေးကို သတိရနေရှာတာ.."
"အော်.. အဲ့လိုတော့လည်း မဖြစ်သေးဘူးလေ.. ကလေးလေးကျောင်းက ရှိသေးတယ်လေ.. ကယ်ပါ.. နင်ရေချိုးရင်ချိုး ငါဈေးသွားဦးမယ်.. ဟဲ့.. ရေတွေအများကြီး မချိုးနဲ့နော်.. ရေက ဝယ်သုံးရတာ.."
"ဟေ..!!! ရေကဝယ်သုံးရတယ်... ဘယ်လိုပါလိမ့်.."

ခင်လေးကတော့ ပြောပြောဆိုဆိုနဲ့ ဈေးထွက်သွားလေရဲ့..။

"ဦးနော်.. ဒီခြင်းဒေါင်းထဲက ပရင်းကြီးက ဘာပရင်းကြီးရဲ.."
"ဟဲ့..ဟဲ့.. သမီးရဲ့ ထားထား.. အဲ့ဒါ ဦးနော် သောက်တဲ့ ဆေးပုလင်း.. ပေးပေး ဦးနော်ကိုပေး.. သမီးဖို့ ဇီးထန်းလျှက်တွေ ပါတယ်လေ.. ညည်းဖွားအေ ထည့်ပေးလိုက်တာ.."

အောက်မလေး.. တော်သေးလို့ ကျကွဲသွားမှဖြင့်... ရှာရှာပါးပါး ဖွက်ယူလာရတာ.. ရန်ကုန်မြို့ကြီးမှာ ဘယ်နားဆိုင်ရှိမှန်းမသိ ငတ်တော့မလို့.. ဒီကလေးလေး တယ်လက်ဆော့.. မဖြစ်ဘူး.. သေချာဖွက်ထားမှ....။

"သမီး ရွာက ဖွားဖွားကို မှတ်မိသေးလား သမီး ဖွားက သမီးကို သတိရနေတာ.. ဦးနော်ကို မှာလိုက်တယ်"
"မှတ်မိဒယ်.. ပူချူးမကိုလဲ မှတ်မိဒယ်.. တမီးနဲ့ အိုးဘုတ်တူတူချော့ဒါ.."

"အဟေးး သမီးက မှတ်မိသားပဲ.. ဦးနော်ကိုလည်း မှတ်မိတယ်နော်.. သမီးက ရန်ကုန်သူကြီးဖြစ်သွားလို့ ဦးနော်ကို မေ့များသွားပြီလားလို့.. ဟေးးး.."
"ဟုတ်.. မှတ်မိဒယ် မေမေခင်ကပေါဒယ် ဦးနော်ကြီး ရန်ကုန်ရာမှာဒဲ့ ငါရော့ ချိတ်ညစ်ပါရယ်ဒဲ့.."

"ဟေ..!! ညည်း မေမေခင်က အဲ့လိုပဲပြောလား.. ငါ့မှာတော့ ဒီသူငယ်ချင်း တစ်ယောက်ရှိပါတယ် အားကိုးရမလားလို့ ဟင်းးး.. တွေ့ဦးမယ်.. နေပါဦး.. သမီးက ကျောင်းမသွားရဘူးလား.."
"အာာာာ.. ဦးနော်ကြီးကရဲ.. ကျောင်း ချယ်ရက် ပိတ်ဒယ်ရေ.."

"အဟေးး ဟုတ်လား.. ဦးနော်က တိဖူး.. အော်.. မှားကုန်ပြီ.. ဦးနော်က မသိဘူး.."
"ခစ်ခစ်..."

အော်.. ကလေးလေးတောင် ရွာက ပြောင်းသွားတာ နှစ် နှစ်မပြည့်သေးဘူး တော်တော်သွက်နေပါ့.. ရွာက ပူစူးမတို့နဲ့များ ကွာချက်.. ပူစူးမများ ဟိုဟာမေးမသိ.. ဒီဟာမေးမသိ.. အူတူတူနဲ့.. (အဟေးးး ကျုပ်အမျိုး ကျုပ်နဲ့တူလို့ အူတူတူဖြစ်တာနေမယ်) အင်းးး... ဒါကြောင့် မြို့ကြီးသူတွေ လည်တယ်လို့ ပြောကြတာဖြစ်မယ်.. ခင်လေးတောင် ကြည့်ရတာ တော်တော်လည်နေပုံပဲ...။

"စိတ်ညစ်ပါတယ် ကိုရင်ရယ် မြို့ကြီးမှာနေရတာ.. ကုန်ဈေးနှုန်းတွေကလည်း ကြီးချက်.. ဘားမှကို မဝယ်ရဲအောင်ဖြစ်နေပြီ.."
"အောင်မလေး မိခင်လေးရယ် ငြီးလိုက်တာလည်း လွန်ရော.. ငါ နှစ်ရက် သုံးရက်ပဲနေမှာပါ.."

"အော် ကိုရင်ရယ် အဲ့လိုပြောတာ မဟုတ်ပါဘူး နင့်တစ်ယောက်စာများ ဘာအပန်းကြီးတာမှတ်လို့.. ပြောပြတာပါ.. ကုန်ဈေးနှုန်းတွေက မတရားကို ကြီးတာဟ.."
"အေးလေ ဟုတ်ပါတယ် ဘာပဲဖြစ်ဖြစ် နင်တို့ ရန်ကုန်က ဒို့နယ်ဘက်တွေထက် ပိုတိုးတက်တော့ ကုန်ဈေးနှုန်းလည်း ပိုကြီးတယ်နေမှာပေါ့.. "

"တိုးတက်လား မတိုးတက်လားတော့ မသိဘူး ဒီကုန်ဈေးနှုန်းကြီး တိုးတက်နေတာတော့ စိတ်ကို ညစ်ရော.. နောက်ဆို ဟင်းသီးဟင်ရွက်တောင် ဝယ်စားနိုင်ပါတော့မလား မသိဘူး.."
"အဟေးး.. ဒါများ ငါ့ငှက်ပျော်ခိုင်ကြီးကို အပြစ်ပြောသေးတယ် နင်တို့ ရန်ကုန်မှာ ဝယ်ကြည့်စမ်း ရမလားလို့.. ရွာနဲ့များ ကွာပါ့.. ရွာမှာဆို ခြံထွက်သီးနှံလေးတွေစား အကုန်အကျ မရှိသလောက်ပဲ.. နင်တို့ရန်ကုန်က ရွာလောက်ကို မဟန်ပါဘူးကွာ... ဒီပုံစံဆို နင်တို့ အသုံးစရိတ်က တစ်လတစ်လ မနည်းကုန်မှာပေါ့.."

"ကုန်ပြီလား ကိုရင်ရယ်.. အိမ်လခ... စားစရိတ်.. သွားစရိတ်လာစရိတ်.. ကလေးလေးကျူရှင်ခ.. ကျောင်းကလည်း ကုန်သလားမမေးနဲ့ တော်ကြာ ဟိုကြေးဒီကြေး.. တော်ကြာ ဆရာမကန်တော့ဖို့.. တော်ကြာ ဆရာမကို လက်ဆောင်ဝယ်ပေးဖို့.. အို... ကုန်ပေါက်ကြီးပဲ.. အတန်းပိုင်ဆီမှာလည်း ကျူရှင်က ပို့ပေးရသေးတယ် မပို့ရင်လည်း ကိုယ့်ကလေး မျက်နှာငယ်မယ် စိတ်ညစ်ပါတယ်အေ..."
"မေမေခင် ချာမက တွားချရာချိရို့တဲ့ ကျူချင် နှစ်ရက် ပိတ်တယ်ရဲ့.."

"ကယ် တွေ့လား အဒါပဲ ကျူရှင်ကလည်း ပိတ်မယ်ဆိုတာကြီးပဲ.. စာကို သင်ရတယ်ဆိုတာကို မရှိဘူး.. ကယ်ကယ်... ကိုရင်ရေ.. ပြောနေရင် ကုန်မှာမဟုတ်ဘူး.. နင်လည်း ဆာရောပေါ့ ထမင်းစားကြမယ်.. ကိုးရီးယားကားက လာတော့မှာဟ.."
"ဟေ... ဘာတုန်းဟ ကိုးရီးယားကားဆိုတာ.."
"အာာာာ ဦးနော်ကရဲ ကိုးရီးရားကားချိုဒါ ကိုးရီးရားကားပေါ့..
ခစ်ခစ်.. တိဖူးတိဖူး ဗိုက်ချာဒယ်.."

ခင်လေးကလည်း စကားကများပါ့ နဂိုများလှပြီမှတ်တယ် ရန်ကုန်ရောက်မှပိုဆိုး.. ကယ်.. လစ်တုန်း နည်းနည်းတော့ ခိုးမော့ဦးမှ.. ဒင်းစကားနားထောင်နေတာနဲ့ သောက်ဖို့တောင်မေ့နေပြီ... .... ဟင်းးးး..!!! ငါ့ပုလင်းးး.. မရှိတော့ပါလားးး..!! ဘယ်ရောက်သွားပါလိမ့်..!!! ဒီတံခါးကြားမှာ သေချာဖွက်လိုက်တာပါ.. ဒါ ကလေးလေး လက်ချက်နေမှာ ဒင်းလေးကလည်း မလွယ်ပါ့လား.. ဆေးလို့ပြောထားတာကို.. အင်းးး... အလည်မလေး... ဒင်းအမေနဲ့တူတာဖြစ်မယ်...။

"ကယ်... ကိုရင်ရေ.. ကိုရီးယားကားလာပြီ စကားလာမပြောနဲ့ ဇတ်သိမ်းတော့မှာဟ ဇတ်လမ်းက အရမ်းကောင်းနေတာ. နောက်မှ နင့်ကို ဇတ်လမ်းပြောပြမယ်.. သမီးအသံနည်းနည်း ကျယ်လိုက်.."
"ဟုတ်..!!! မေမေခင်.."

အင်း... ခက်ပြီ.. သောက်ချင်တာလည်း မသောက်ရ.. ဒီနားမလည်တဲ့ ဇတ်ကားက ကြည့်ရဦးမယ်.. အပြင်ခဏ ထွက်လမ်းလျှောက်ရင်ကောင်းမလား..!! မဖြစ်သေးပါဘူး.. လမ်းမီးတွေက မလာ.. သူ့လှေခါးကြီးက မြင့်ကမြင့် မှောင်ကမှောင်နဲ့ တက်ရဆင်းရမလွယ်....။

"ဟာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာ...... ))))))))..!!!!!!."
"ဟဲ့... သောက်ခွေးးးးးးးးး.... ဘာဖြစ်တာတုန်းးးး"
"အီးဟီးးးးး... မီးပတ်ပီ.."

"ဟားကွာ တကယ်.. ငါမပြောလိုက်ချင်ဘူး.. ဇတ်လမ်းလာပြီဆို မီးကပြတ်ပြီ.. သေချင်တာပဲ.. ဒီနေ့ သူ့ချစ်သူကို အဖြေပေးမှာပါဆိုမှ.. မကြည့်ရတော့ဘူး.."
"ဟဲ့... ဘာတုန်းဟ.. ဘယ်က ချစ်သူကို အဖြေပေးမတုန်း.. မီးကရော ဘာလို့ ပြတ်သွားတာတုန်းးး.."

"နင်က တစ်မျိုး.. ဇတ်လမ်းကိုပြောတာ.. ဟွန်းးးဟွန်းးးဟွန်းးးးး.. ငါတကယ်ဒေါသထွက်တယ်.. ကြည့်ချင်ပါတယ်ဆိုမှ.."
"မေမေခင်.. ဒီနေ့ မီးပတ်ရက်လဲ ဟုတ်ဖဲနဲ့.. ဘာရို့ မီးပတ်တာရဲ.."

"မသိပါဘူးအေ.... ဘာမှန်းကို မသိဘူး.. လာချင်တဲ့အချိန်လာ ပြတ်ချင်တဲ့အချိန်ပြတ်နဲ့ စိတ်ညစ်ပါတယ်.. ကယ်.. ကိုရင်ရေ.. မီးကတော့ အဲ့လိုပဲ လာတော့မှာ မဟုတ်ဘူး.. နင်လည်း အိပ်ချင်ရင်အိပ်တော့ ဘုရားစင်အောက်မှာ နင့်ဖို့ အိပ်ယာပြင်ထားတယ်.. ငါနဲ့ သမီးလည်း အိပ်တော့မယ်.. အော်.... မနက်ကျ စောစောထ ရွှေတိဂုံဘုရား သွားကြမယ်.."
"အေး..ဟေ.. ဒီလိုကြီးလား.. ဒါဆိုလည်း အိပ်ရတော့မပေါ့.. နင်တို့ရန်ကုန်က မှောင်ကမှောင် ခြင်ကကိုက်နဲ့.. စိတ်ညစ်ပါတယ်.."

သြော်.. မြို့ကြီးပြကြီးတဲ့.. မြို့တော်ကြီးတဲ့.. အခုတော့ အထင်နဲ့ အမြင် လွဲနေပါရောလား.. မဖြစ်ဖူး ဒီတိုင်းဆိုရင်တော့ မြန်မြန်ပြန်ပြေးမှဖြစ်မယ်.. သောက်ချင်တာလည်း မသောက်ရ.. လင်းလင်းထင်းထင်းလည်း မနေရ.. ရွာမှာကမှ ရေနံဆီရှိ မီးလင်းသေးတယ်.. အင်းးးး ရန်ကုန်.. ရန်ကုန်...။

"ဟဲ့.. ပလုတ်တုတ်..!!!!!.. ဟော.. မီးပြန်လာပြီဟ.. ဟေ့.. ခင်လေးရေ.. မီးပြန်လာပြီဟ.. အဟေးးးး."
"နင့်ဟာ နင်သာ TV ကြည့်ချင် ဖွင့်ကြည့်တော့ဟေ့.... ငါတို့တော့ မကြည့်တော့ဘူး အိပ်ပြီ.."
"ဟဲ့.. ဘယ်လိုဖြစ်တာတုန်း နင်တို့ပဲ ကိုရီးယားဆို..!!!.. အဖြေပေးမှာဆို..!! မကြည့်တော့ဘူးလားး.."
"မကြည့်ဘူးဟေ့.. နင့်ဟာနင်သာဖွင့်ကြည့်.."
"ဟေ.... တစ်မျိုးပါလား... မှန်းစမ်း.."

((((မြန်မာစံတော်ချိန် ည (၈) နာရီတိတိရှိပါပြီ.. ..... နေ့ သတင်းများကို စတင် ကြေညာပါတော့မယ်ရှင်..))))

"အဟေးးးး... ခင်လေး ဟဲ့.. သတင်းလာပြီဟ မကြည့်ဘူးလား.."

"တော်စမ်းပါကိုရင်ရယ်... နင့်ဟာနင်ကြည့်ချင်ကြည့်.. ဒါ..ဒါပဲ.. ငါတို့တော့ အိပ်ပြီ.. အသံတိုးလိုက်ဦး.."
"ဟေ..!!!!!! ဘယ်လိုကြီးတုန်းဟ.. ဘယ့်နယ်..."

သတင်းကတော့ ပျင်းစရာ.. ကျုပ်လည်း နားမလည်လေတော့ မကြည့်တော့ပါဘူး.. အိပ်တာကမှ အိပ်ရေးဝဦးမယ်လေ ကယ်.. မအိပ်ချင်လည်း အိပ်လိုက်တော့မယ်.. နားအေးရော..။

ကယ်.. ချစ်မိတ်ဆွေတို့ရေ.. ကျန်တဲ့နှစ်ရက်ကို ဗီဒီယိုခွေရစ်သလို အမြန်ပြကွက်နဲ့ အမြန်ကြီးကို ကျော်လိုက်တော့မယ်.. မဟုတ်ရင် စာကရှည်တော့မယ်.. (အဟီးးးး ဤကား စကားချပ်)

မနက်စောစောထ.. ဒင်းတို့သားအမိနဲ့.. ရွှေတိဂုံစေတီတော်.. ဦးချကြည်ညို.. ဘုရားပေါ်ကဆင်း.. တိရိစ္ဆာန်ရုံ.. တိရိစ္ဆာန်မရှိ.. ကန်တော်ကြီးပန်းခြံ.. ပန်းမရှိ.. သစ်ပင်မရှိ.. အိမ်ပြန်လာ.. လှေခါးတက်.. ရေချိုး.. ထမင်းစား.. ခင်လေး၏ကုန်ဈေးနှုန်း.. ပုလင်းရှာ.. ကလေးလေးကိုချော့တောင်း.. မရ.. မီးလာ.. ထမင်းစား.. ကိုးရီးယားကား.. မီးပြတ်.. အိပ်ယာဝင်.. မီးပြန်လာ.. ပြန်ထ.. သတင်း.. ပြန်ပိတ်.. ပြန်အိပ်.. နောက်တစ်ရက်.. မနက်အိပ်ယာထ.. လ္ဘက်ရည်ဆိုင်ထိုင်.. ခွက်တော်တော်သေး.. ဘူတာသွား.. တန်းစီ.. မှောင်ခိုဈေး.. မဝယ်.. လ္ဘက်ရည်ဖိုးပေး.. OK.. လက်မှတ်ရ.. အိမ်ပြန်လာ.. လှေခါးတက်.. ရေမချိုး.. ရေမရှိ.. ပစ္စည်းသိမ်း.. ဘူတာဆင်း.. ခင်လေးတို့သားအမိလိုက်ပို့.. လက်ပြ.. တာ့တာ.. ရထားပေါ်တက်.. ဘော်ဘူးးးး.. ဂလုံး.. ဂလုတ်.. မြောင်းပုပ်နံ့.. ဂွတ်ဘိုင်းရန်ကုန်.... ပြီးပါပြီ...။ Bye


(ကိုရင်နော်)

You received this email because you are subscribed to the real_time feed for http://koyinnawkhinlaynge.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[K] 1 New Entry: လောက ရဲ့ ဂျီအိုမက်ထရီ

လောက ရဲ့ ဂျီအိုမက်ထရီ

ဒီရက် တွေက..ဘာတွေ မှားနေပါလိမ့်နော်..
-
မနက် အိပ်ယာ နိုးလို့ ပြတင်းတံခါးကို ဖွင့်လိုက်တိုင်း..၀မ်းနည်း စိတ်ပျက်စရာ မြင်ကွင်း အငွေ့အသက်တွေပဲ.. အလုအယက် တိုးဝှေ့ ၀င်လာနေကြတယ်။ သူတို့ကတော့..တံခါးခေါက် ၀င်မလာပါဘူးလေ။ ကိုယ်ကပဲ..တံခါးကို ဖွင့်ဖွင့်ကြည့်နေမိတာ။ ပြတင်း တံခါးတွေကို အကြာကြီး ပိတ်ထားလိုက် ရင် ကောင်းမလားလို့ တောင် တွေးနေမိတယ်။ ဒါလည်း မဖြစ် နိုင်တဲ့ ကိစ္စကြီးပဲ။ ကိုယ်ပဲ ပြောခဲ့တာပဲလေ - မသိခြင်းဟာ.. သုခိဘုံ မဟုတ်- ဆိုတဲ့ စကားလေးကို..အကြိုက်ဆုံး လို့။

တကယ်ဆို- လောကကြီးမှာ..အရာရာဟာ သာယာလှပ မနေသလို..အရာရာ ဟာလည်း အကျည်းတန်နာကျည်းစရာတွေ ချည်း မဟုတ်ပါဘူးလေ။ တမြန်တလောကပဲ..တီဗီ အစီအစဉ်တခု မှာ- သားငယ် သမီးငယ် ၄ ယောက်အပါအ၀င်..တမိသားစုလုံး..အိမ်ပြင်မှာ ဗုံးခွဲသတ်ဖြတ်ခြင်းခံလိုက်ရတဲ့..အာဖဂန် ဒုက္ခသည် တယောက်က ပြောသွားတယ်။
` လောကမှာ- ပျော်ရွှင်စရာတွေက..အကောင်းမြင်တတ်တဲ့သူ တွေ ဆီကိုပဲ လာလေ့ရှိတယ်..´ တဲ့။ ဒီစကားကို သူဘယ်လို ခံစားပြီး.. သူဘယ်လို အသုံးချ ပြီး ပြောသွားလည်း ဆိုတာကို ပိုသိချင်နေမိတယ်။ သေချာတာတော့..သူ့ရှေ့လျှောက်ရမဲ့ ဘ၀ တခုလုံးမှာ..အကောင်းမြင်တတ်ဖို့..သူ ပြင်းပြင်းထန်ထန် ကို ကြိုးစားလျှောက်လှမ်းနေရမှာပဲ။

မနေ့ကတော့..သူများရေးတဲ့ စာလေးတပုဒ် ပြင်ဆင်ပေးရင်း.. အတွေးတခု ထပ်တိုးလာတယ်။ ကြည့်ပါဦး- ၉ နှစ်သမီးလေး တယောက်က.. လောကကြီးကို အကောင်းမြင်ထားတာ။

Photobucket
Photobucket

ပုံနဲ့စာကို ပညာရေးဘလော့က-ခံစားမိသောကလေးပန်းချီလက်ရာများ ပို့စ် မှယူပါတယ်။


`တဲက လူတွေနေဖို့ဆောက်ထားတယ်။
ချောင်းက တိရစ္ဆာန် တွေ ရေသောက်ဆင်းလို့ရတယ်။
တောင်တွေက အလွန်လှပတယ်။
စပါးပင်က လူတွေစားဖို့စိုက်ထားတယ်။
နေကလူတွေအတွက် အလင်းနဲ့အပူရစေတယ်။
တိမ်က မိုးပေါ်မှာပဲနေတယ်။
မိုးတွင်းအခါ မိုးရွာချတယ်။မြက်ခင်းပြင်လဲ စိမ်းလန်းစိုပြေတယ်။´

သူဆွဲတဲ့ ပုံလေးကလည်း..ချစ်စရာ..ကြည်နူးရွှင်လန်းစရာ ကောင်းလိုက်တာ။ ပန်းချီကားလေး နဲ့ စာသားလေးရဲ့ပိုင်ရှင် ဖြစ်သူလေးက.. နယ်စပ် ကရင်ဒုက္ခသည် စခန်းက.. ပရဟိတ ကျောင်းလေး တကျောင်းမှာ တက်နေတဲ့..နှင်းဖြူဖြူဦး ဆိုတဲ့ ၉ နှစ်သမီးလေးပါ။ သူလေး ပြောပြ မှ.. လောကကြီးကို အသေအချာ ပြန်မြင်လိုက်ရတယ်။ သေချာပါတယ်။ လောကကြီးမှာ- သာယာ ကြည်နူးစရာ တွေ အများကြီး ရှိနေပါသေးတယ်။

ပေါ်လီယာနာ လေး ကတောင် ပြောခဲ့သေးတာပဲ။ Salvation Army က ပို့လိုက်တဲ့ လက်ဆောင်ထုပ်တွေ ကို..မျှော်လင့်တကြီး စောင့်နေရင်း..သူ့လက်ထဲကို ရောက်လာတဲ့..အထုပ်ထဲက..ချိုင်းထောက်ကြီး ကို ကြည့် ပြီးတော့လေ..။
` ဒီ-ချိုင်းထောက်ကြီးကို သုံးဖို့မလိုတာ..ဘုရားသခင်ကို ကျေးဇူးတင်လိုက်တာ..´ တဲ့။

ဟာသ ညဏ်ကလည်း ရွှင်သေးတယ်။ ခါးကိုင်းကိုင်းနဲ့ မာလီအဖိုးကြီး မြေတူးနေတာကို ကြည့်ပြီး- ` သူ ခါးကုန်းရ တ၀က်သက်သာတာပေါ့ နော်..´ တဲ့။

ဒါပေမဲ့- သူ့အမေနဲ့ မောင်နှမတွေ အားလုံး..ကောင်းကင်ဘုံမှာ ရောက်နေပြီးရက်နဲ့..သူ့အတွက် တယောက်ထဲ သော အားကိုးရာ ဖခင်ကိုပါ- ကောင်းကင်ဘုံက..ခေါ်သွားတာတော့..ဘုရားသခင် ကို သူ နားမလည် နိုင် ပြန် ဘူး ။ ဘယ်လိုပဲ ဖြစ်ဖြစ်..ပေါ်လီယာနာလေးက တော့.. ကျေနပ်စရာ တခု တော့ ရှာတွေ့နေသေးတယ် ။

--- ဒါပေမဲ့- သူ့မှာ အဒေါ် တယောက် ရှိနေသေးတာ- ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်- တဲ့။

ကိုယ်ကတော့ ပေါက်ပေါက်ရှာရှာ တွေးနေမိ သေးတယ်။ လူကြီးဘ၀ ရောက်လာမဲ့..ပေါ်လီယာနာ အခန်းဆက် ကို သာ ဆက်ရေး ရင် ဘယ်လို မျိုးတွေ ဖတ်ရ မှာပါလိမ့် လို့လေ။ နှင်းဖြူဖြူဦး လေး ကြီးလာလို့..ကရင်ဒုက္ခသည် စခန်းကနေ..တတိယနိုင်ငံတွေ ဘာတွေ ရောက် ရင်ကော.. မျက်ခင်းပြင်က..စိမ်းလန်းစိုပြေ နေ ဦးမှာလား။ နေ က လူတွေ အတွက် အလင်းနဲ့အပူ ကိုပဲ ပေးနေ ဦးမှာလား။

ကိုယ့်အတွက်တော့ လောကကြီးက.. သုံးဖက်မြင် Geometry တပုဒ်လို့ ပြောရင်- နားလည်နိုင် ကြပါ့မလား။ အကောင်းမြင်- အဆိုးမြင်- အရှိအတိုင်းမြင် - ဆိုတဲ့ အမြင်သုံးခု နဲ့ ကြည့်မှ ရုပ်လုံး ပေါ်လာတတ်လို့ပါ။

အမြင်တိုင်း ဖက်တိုင်းမှာလည်း - ပုစ္ဆာတပုဒ်-နဲ့ အဖြေတခု စီ ရှိနေကြ သေးတယ် ။
တချို့အတွက်ဆို..ဒီ့ထက်တောင် ပိုများတဲ့ အနားတွေ ထောင့်တွေ အမြင်တွေ ရှိချင် ရှိနေကြ ဦးမှာ။ ညီညီညာညာ အကွက်တွေမျှနေတဲ့ ဗဟုဂံ တခုလို ဒါမှမဟုတ်.. ချိနဲ့အားလျော့နေတဲ့..ရွမ်းဘတ် တခု လို။
ဒါမှမဟုတ်ရင်လည်း.. တိုင်းတာ ချင့်ချိန်လို့မရတဲ့.. Amorphous ပုံဆောင်မဲ့ တခုလည်း ဖြစ် ခြင်ဖြစ်နေမှာပါ။
-
ဘယ်လိုပဲဖြစ်ဖြစ်..ရှိတော့ ရှိနေတာပဲ။ သိတော့ သိနေတာပဲ။ တွေ့လည်း တွေ့နေရမှာပဲ။ အဲဒါတော့..မြဲမြဲ မှတ်ထား။


You received this email because you are subscribed to the real_time feed for http://kthwe.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.