Saturday, October 18, 2008

[ဆိုးသွမ်း] 1 New Entry: ဒဏ္ဍာရီသို့......

ဒဏ္ဍာရီသို့......




ဟိုနေ့က....မင်းသိချင်တဲ့အကြောင်းတွေကို
ငါပြောပြမယ်...ဒဏ္ဍာရီ
ဘယ်ရယ်လို့တော့ ထည်ထည်ဝါ၀ါ
ပြောင်းလဲသွားတာ မဟုတ်ပါဘူး

လမ်းထဲက ရေစက်ပိုင်ရှင် ဒေါ်ငယ်လေးသေတော့
သူ့သားက ရပ်ကွက်ထဲကို စဉ်ဆက်မပြက်
ရေလိုက်ထည့်တယ်

အကြော်သည် ဒေါ်ပူစူးမက
သူ့သား ဖိုးတာ ၅ တန်းကတည်းက အခု ၁၀ တန်းအထိ
အကြော်ရောင်းနေတုန်းပါပဲ

အရင်လို တပတ်တခါ ချက်တဲ့ဟင်းက
အခုဆို ၁ လကို ၁ ခါလောက်ပဲ
အမေက ချက်တော့တယ်

အဖေက အရင်လို
အိမ်အပြန်မုန့်မ၀ယ်လာနိင်တော့ဘူး
အမမျက်နှာက တစ်စုံတခုကို
ပူပန်နေတဲ့အတိုင်း ဖြစ်ဖြစ်နေတက်တယ်

မင်းခွဲထားခဲ့တဲ့ ( ၇ ) နှစ်တာ ကာလလေးမှာ
အသက်ကြီးသူတွေနဲ့ ငယ်သူတွေ ဆုံးပါးကုန်တယ်
အိမ်ရှေ့က ကတ္တရာလမ်းပေါ်
ရေအိုင်လေးတွေ ဖြစ်နေတယ်

အော် အခုဆို လမ်းထိပ်မှာ
ညရော နေ့ပါ ဆိုင်လေးတွေခင်းလို့
စည်ကားသလိုလိုနဲ့
ဘ၀ကို သရုပ်ဖော်နေကြတယ် ဒဏ္ဍာရီ

မြန်မာ့ရိုးရာ အစားအစာကြိုက်တဲ့ မင်းအတွက်တော့
အနီးအနားမှာတင် ၀ယ်စားလို့ ရပြီပေါ့

ဒီတခါလည်း...ဒီလောက်ပါပဲ ဒဏ္ဍာရီ
အစစ အရာရာ အဆင်ပြေပါစေ
သတိရတဲ့......


You received this email because you are subscribed to the real_time feed for http://soethawn.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[KyiMayKaung] 1 New Entry: Exhibit reception for Cranial Vault -- in which "My Skull" will also be exhibited --

Exhibit reception for Cranial Vault -- in which "My Skull" will also be exhibited --



"He was from China" art work and photo copyright Kyi May Kaung.


Exhibit Reception, Cranial Vault

Cranial Vault: Artifacts and Impressions
November 3 through December 31, 2008
City of Takoma Park Municipal Building, 3rd Floor Gallery
7500 Maple Ave, Takoma Park, MD 20912

Opening reception: Friday, November 14, 7:00 to 9:00 pm.

One man's journey from a middle-of-the-night grand mal seizure through cancer treatment and brain surgery to a survivor's new normal. Part curiosity shop, part medical illustration, and part memoir, the exhibit is an experiential travelogue of a trip, nine years and continuing.

Exhibit features commissioned artwork by local artists Bobbi Kittner, Kanchan Balse, Alice Sims, Peter Krsko, Amy Kincaid, Kyi May Kaung; designer Norman Mallard; photographer Emily Deisroth; and more.

Posted by Amy Kincaid --

--- For other images of "My Skull" or "He was from China" scroll down this blog for month of October 2008. Kyi May Kaung

You received this email because you are subscribed to the real_time feed for http://kyimaykaung.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကလိုစေးထူး] 1 New Entry: ကန်စွန်းပန်း အချစ်

ကန်စွန်းပန်း အချစ်

`ဂလုံ... ဂွမ် ဂွမ် ဂွမ်´

ကြိုးတပ်ထားတဲ့ စစ်သုံးဟန်းကောကို ရေတွင်းဝ ခပ်ကျဉ်းကျဉ်းလေးထဲ ပစ်ချလိုက်တော့ ဟန်းကောက လူးကာလွန့်ကာနဲ့ ဂလုံဂလွမ် အသံတွေပေးပြီး ခုန်ဆင်းသွားတယ်။ ဟန်းကောကို ရေမြုပ်အောင် ခဏလေးစောင့် ...၊ ပြီးရင် အပေါ်ကို ဆွဲတင်လိုက်တော့ ရေမပါ့တပါ ဟန်းကောက တကျွိကျွိနဲ့ အပေါ်ကို ပြန်တက်လာတယ်။ ရေတွင်းဘေးမှာ ချထားတဲ့ သံပုံးထဲကို ဗွမ်းဆို လောင်းထည့်...၊ ပြီးတော့ ရေတွင်းထဲက ရေထပ်ကဲ့...။

လဆန်းရက်ရဲ့ ည ၇ နာရီခွဲသာသာမို့ မိုးပေါ်က လမင်းကလဲ မပြူတုံ့ပြူတုံနဲ့...။ လရောင်အောက်မှာတော့ ရေတွင်းသေးသေးလေး ဘေးမှာ ကောင်လေး တယောက်နဲ့ ကောင်မလေး တယောက်ရယ် လေးထောင့်သံပုံး နှစ်ပုံးရယ်၊ စစ်သုံးဟန်ကောရယ်...။

`ဌေးနှင်းဝေ´
`ဘာလဲ´
`ဟို...၊ ဟိုလေ´

ဝကစ်ကစ်နဲ့ ကောင်မလေးက မှောင်မှောင်မဲမဲနဲ့ ရေတွင်းထဲကို ဘာမှမမြင်ရဘဲနဲ့ ငုံ့ကြည့်နေတယ်။ ရေတွင်းထဲက စစ်သုံးဟန်းကောက တကျွိကျွိနဲ့ တက်လာပြန်တယ်။ ရေပြည့်လုလု ကောင်မလေးရဲ့ ရေပုံးထဲကို ဖြည့်လိုက်ရင်း ဗြုံးဆို ကောင်လေးက...

`နင့်ကိုငါ ကြိုက်တယ်ဟ´

***

လရောင် မှိန်မှိန်အောက်မှာ စည်ပိုင်း အသေးစားလေးနဲ့ တူတဲ့ ကောင်မလေးက ၀ကစ်ကစ်ကိုယ်လုံးလေး လှုပ်လီလှုပ်လဲ့နဲ့ ရေတွင်းကို နောက်တခေါက် ပြန်ရောက်လာပြန်တယ်...။ ရေပြည့်သွားတဲ့ ကောင်လေးက သူ့အိမ်ကို ရေတခေါက်သွားဖြည့်နေခိုက်နဲ့မို့ ရေတွင်းဘေးမှာ စစ်သုံးဟန်းကောကလေးပဲ ရှိနေတယ်။ ခဏနေမှ ကောင်လေး ပြန်ရောက်လာတယ်။

`နင်ရော ငါ့ကို ကြိုက်လား´

ရောက်ရောက်ခြင်း မေးလိုက်တဲ့ ကောင်လေးရဲ့ အမေးကြောင့် ကောင်မလေး လန့်ပြီး လွှတ်ချလိုက်တဲ့ ဟန်းကောက ရေတွင်းနံရံကို ထိမိသွားတာ အသံတွေက ဆူညံသွားတာပဲ။

`ဟာ...၊ နင်ကလဲ၊ ချက်ချင်းကြီး ...´

ကောင်လေး ဘာမှပြန်မပြောနိုင်ဘဲ ငြိမ်သွားပြန်တယ်။ ပတ်ဝန်းကျင်တခုလုံးမှာ ဟန်းကောသံ ဂလုံဂလွမ်တွေကပဲ ပြန်ဖုံးသွားပြန်တယ်။ တော်တော်ကြာမှ...

`ဌေးနှင်းဝေ´
`ဟမ်´
`ဟိုလေ...၊ နင် အခု အဖြေပေးရခက်ရင်လေ ငါ့ကို နောက်နေ့ကျရင် ပန်းပန်ပြလေ´
`ဟာ...၊ နင်ကလဲ၊ ငါ့မှာ ပန်းဝယ်ဖို့ ပိုက်ဆံ မရှိဘူးဟ´

အဲဒါမှ ဒုက္ခ...၊ ကောင်လေးမှာကလဲ ၀င်ငွေရှိတာမှ မဟုတ်တာ။ အခုမှ ကျောင်းနေတုန်း စာသင်သားအရွယ် ဘယ်က ၀င်ငွေ ရှိမှာတုန်း။ ပန်းပွင့်ရအောင် ဘယ်လိုလုပ်ရပါ့...။ ပန်းဝယ်ဖို့ ပိုက်ဆံမရှိဘူး ဆိုတော့ ပန်းတော့ ပန်ပြချင်တယ်ဆိုတဲ့ သဘောများလား။ စိတ်ထဲမှာ ဟိုတွေးဒီတွေးတွေးနေရင်းနဲ့ အိမ်နောက်ဖေးက ကန်စွန်းခြုံတွေကို မျက်စိထဲ သွားမြင်ယောင်လာတယ်။

ဟုတ်တာပဲ...။ သူတို့တွေရဲ့ အိမ်နောက်ဖေးတွေမှာ အလေ့ကျသဘော ပေါက်နေတဲ့ ကန်စွန်းပင်တွေမှာ အပွင့်တွေ အများကြီးပဲလေ။ သူနဲ့ ကောင်မလေးအိမ်က တအိမ်ကျော် ဆိုပေမယ့် အိမ်နောက်ဖေးခြင်းကျတော့ လှမ်းမြင်နေရတာ...။ နောက်ဖေး အိမ်သာကို သွားတဲ့ ၀ါးတံတားပေါ်မှာလဲ ကန်စွန်းပင်တွေက နွယ်လိမ်ပြီး ပေါက်နေသေးတယ်လေ။ အဲဒီက အပွင့်ကို အပန်ခိုင်းလိုက်ရင်... ... ...။

`နင်တို့အိမ်နောက်ဖေးမှာလေ ...´
`... ... ...´
`ကန်စွန်းပန်းတွေ ရှိတယ်လေဟာ´
`အင်း´
`အဲဒါလေ၊ နင် တပွင့်လောက် ပန်ပြီး ၀ါးတံတားပေါ် ရပ်ပြလေ´

ကောင်မလေး ဘာမှပြန်မပြောဘဲ ရေပဲ ခပ်နေတော့တယ်။ ရေပြည့်လို့ ရေပုံးကို အမမှာ ...

`ဟဲ့...၊ ပန်ပြမှာလား´
`ဟာ...၊ မသိဘူးဟာ´

ဘောက်ဆတ်ဆတ်နဲ့ ပြန်သွားတဲ့ ကောင်မလေး အဲဒီညက ရေတွင်းကို နောက်တခေါက်ပြန်မလာတော့ဘူး။

တကယ်တော့ နောက်နေ့တွေကျတော့ ကောင်မလေးက ကန်စွန်းပန်းလဲ မပန်ပြပါဘူး။ အဖြေတောင်းတာကလဲ တော်တော်ကို အူကြောင်ကြောင် နိုင်လို့ပဲလားတော့ မသိဘူး။ ကောင်လေး အမေကို သွားတိုင်ပါလေရော...။ အဲဒါနဲ့ အဖြေမရဘဲ အမေ့ ဒုတ်စာ မိလိုက်တာပဲ အဖတ်တင်တယ်လေ။

***

နောက် ၇ နှစ်လောက်လဲ ကြာရော...။

တနေ့မှာပေါ့...။

နယ်ကိုပြောင်းသွားပြီးမှ ရန်ကုန်က အဖေရှိရာကို အလည်ပြန်ရောက်လာတဲ့ ကောင်လေးက တရက်တော့ အဲဒီရေတွင်းရှိတဲ့ လမ်းထဲကို ရောက်လာတယ်။ သူတို့နေခဲ့ဖူးတဲ့ အိမ်ကလေးကို ၀ယ်ထားတဲ့ ဘကြီးဦးတင်ဝင်းကို လာနှုတ်ဆက်တာပါ။ ရန်ကုန်အကြောင်း၊ နယ်အကြောင်းတွေ စကားစမြည်ပြောနေကြတုန်း...။

`အစ်ကို...၊ အစ်ကို´
`ဟေ´
`ဟိုမှာလေ မကြီးဌေးနှင်းဝေ´

ဦးတင်ဝင်းရဲ့ သား သန်းထိုက်ဦး လက်ညှိုးထိုးပြတာကို လိုက်ငေးလိုက်တော့...၊ လားလား...။

၇နှစ်လွန် ကာလအတွင်း စည်ပိုင်း အကြီးစားကြီးနဲ့ တူနေတဲ့ ဌေးနှင်းဝေ...၊ ရာဝင်အိုးကြီးကို ခြေထောက်တပ်ပေးထားသလို ခြေလှမ်းတွေနဲ့ တလှုပ်လှုပ်လျှောက်လာလိုက်တာ ဦးတင်ဝင်းတို့ အိမ်ရှေ့ရောက်တော့ ကောင်လေး တဖြစ်လဲ လူရွယ်ကို မြင်သွားပါလေရော။

`ဟယ်...၊ နင်ရန်ကုန်ရောက်နေတာလား၊ ငါ့ဆီလာလည်လေ´
`သြော်...၊ ဟုတ်...၊ အင်း...၊အင်း...´
`လေစိမ်းတွေ တိုက်မနေနဲ့နော်´

လှုပ်လီလှုပ်လဲ့နဲ့ ထွက်သွားတဲ့ ဌေးနှင်းဝေရဲ့ ခေါင်းမှာ ပန်းတပွင့်ပန်ထားတယ်။ ဟူး...တော်ပါသေးရဲ့၊ ကန်စွန်းပန်းမဟုတ်လို့...။ အဲဒီအချိန်မှာပဲ အိမ်ရှေ့အိမ်က ဖွင့်လိုက်တဲ့ ထူးအိမ်သင်ရဲ့ သီချင်းတပုဒ်က ငြိမ့်ငြိမ့်လေး ထွက်ပေါ်လာတယ်။

`အချစ်ဆိုသည်မှာ ~~~ အံ့သြမှုများနဲ့ ဆန်းကျယ်သော အရာ~~~ အချစ်ဆိုသည်မှာ ~~~´

အဲဒီနေ့က....။

ဌေးနှင်းဝေတို့အိမ်ကို ကောင်လေး သွားမလည်ဖြစ်ခဲ့ပါဘူး...။


***


ကလိုစေးထူး


(မတန်ခူး Tag ထားတဲ့ `အချစ်ဆိုသည်မှာ´ ခေါင်းစဉ်ကို ၀တ္ထုအသွင် ဖန်တီးတင်ဆက်ပါတယ်။ စာမရေးဖြစ်တဲ့ ရက်တွေအတွက် လာလည်ဖတ်ရှုကြသူ မိတ်ဆွေများကို အနူးအညွတ်တောင်းပန်ပါတယ်။)

You received this email because you are subscribed to the real_time feed for http://klosayhtoo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[လေနုအေး] 1 New Entry: အမှန်တရားရဲ့ အရသာ

အမှန်တရားရဲ့ အရသာ



လူတွေက အမှန်တရားကို ချစ်မြတ်နိုးကြတယ်… အမှန်တရားကို ဖွေရှာကြတယ်… အမှန်တရားကို လိုချင်ကြတယ်။ ဒါပေမယ့် တကယ်တမ်း အမှန်တရားကို တွေ့ တဲ့အခါ... မြင်နိုင်ဖို့ ၊ ကြားနိုင်ဖို့ ၊ လက်ခံနိုင်ဖို့ … ခံနိုင်ရည် တကယ်ရှိပါသလား… အဆင်သင့်ရော ဖြစ်ပြီလား…။ တခါတလေ အမှန်တရားက ကိုယ်ထင်ထားတာနဲ့  တခြားစီဖြစ်အောင် လွဲချော်နေတတ်တာလေ။ ဒီလောကကြီးထဲမှာ နေရာတကာ အမှန်တရားကို သိရတဲ့အခါ ပျော်ရွှင်နိုင်ပါဦးမလား…။ ဒါဆို အမှန်တရားကို ဖုန်းကွယ်တာကို အားပေးရာကျနေလား…။ အမှန်တရားကို အမြဲသိနေရဖို့ က သဘာဝကျသလား…။ နာကျင်စေမယ့် အမှန်တရားတွေကို ကြောက်တတ်သလား။

အစချီတာကြီးက နဲနဲကြီးသွားသလားလို့ …။ ဒီအကြောင်းရေးမယ်ဆို တွေးစရာတွေက မဆုံးနိုင်အောင် ပါတော့မှာ။ ကျေးဇူးပြုပြီး ပေါ့ပေါ့ပါးပါးလေးပဲ ဖတ်ပေးပါနော်။ ဘာရယ် မဟုတ်ပါဘူး။ ခုတလော ကြည့်ဖြစ်နေတဲ့ TVကလာတဲ့ game showလေးကနေ အတွေးပွားသွားတာပါ။ "The Moment of Truth " တဲ့ ။ အပွင့်လင်းဆုံးမေးခွန်းတွေကို မချွင်းးမချန် အမှန်အတိုင်းသာ ဖြေခဲ့ရင် အမြင့်ဆုံးဆု ဒေါ်လာသန်းတ၀က်ထိ ရနိုင်တဲ့gameပေါ့။ ကိုယ်ဖြေတဲ့အဖြေက လိမ်ဖြေခဲ့ရင်တော့…။

Gameထဲမှာ မေးတဲ့ မေးခွန်းတွေက တကယ့် အတွင်းရေးကို နှိုက်နှိုက်ချွတ်ချွတ်။ "မင်း သူနဲ့  လက်ထပ်ခဲ့တာ မှားတယ်လို့  နောင်တရခဲ့ဘူးသလား" တဲ့။ "ရခဲ့ဘူးပါတယ်… ဟုတ်ကဲ့" ဆိုတဲ့ အဖြေက မှန်တယ်လဲ ဆိုရော မျက်ရည်တွေ ရစ်ဝဲပြီး
ယူကျူံးမရဖြစ်သွားတဲ့ အမျိုးသမီး နေရာ ပူးဝင်ခံစားမိတယ်။ ခါးသီးလွန်းတဲ့ အမှန်တရား။ ရင်ကို နာကျင်စေတဲ့ အမှန်တရား။ ဒီလို သိလိုက်ရတဲ့အခါ ယုံကြည်မှုတွေက ပါးလျသွားတော့မှာ။ ဒါပေမယ့်… ဒါအမှန်တရားလေ။ လက်ခံနိုင်ဖို့  အင်အားမွေးကို မွေးရတော့မှာပေါ့။

"မင်းအမျိုးသမီးလက်ထဲကနေ တခြားမိန်းမနဲ့  ဖောက်ပြန်ဘူးသလား" ။ သေလိုက်ပါတော့…။ အဲဒီအဖြေတခုက နှလုံးသားကို အသေသတ်မဲ့ အဖြေ။ မေးခွန်းမေးတဲ့ သူက ယောင်္ကျား အဖြေ မပေးခင် မိန်းမဘက်လှည့်မေးသေးတယ်။ " ဘယ်လို ထင်သလဲ" တဲ့။ "ယုံကြည်မှု ရှိနေတဲ့ အပြုံးနဲ့  "သူဒီလို ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး" တဲ့။ သွေးအေးတဲ့ ယောင်္ကျားက အမှန်တရားကို ရက်ရက်စက်စက် ပြောသွားတယ်။ "ဟုတ်ကဲ့… ငါဖောက်ပြန်ဘူးပါတယ်" တဲ့။ ခုနက မိန်းမဆီက ယုံကြည်မှုတွေ မျက်ရည်အဖြစ်ပြောင်း ချောင်းစီးသွားတယ်။ ပွဲကြည့် ပရိသတ် ကိုယ်ကတော့ ဒီတခါမှာ
ဒီgameကို ကျေးဇူးတင်သွားတယ်။ နို့ မို့  ဘယ်အချိန်ထိများ ဖောက်ပြန်သူ တယောက်ရဲ့ လှည့်စားမှုကို ခံနေဦးမလဲ။ ဒီအမှန်တရားက သိသင့်တဲ့ အမှန်တရား။ လူပုံလည်မှာ ကျုပ်ဒီလောက် ကိုယ်ကျင့်တရား ပျက်ပြားပါတယ် ဆိုတာ ဖွင့်ချလိုက်ရသူအတွက် အရှုံး။

"မင်းဟာ မင်းမိဘတွေ အတွက် ၀န်ထုပ်ဝန်ပိုးတခုလို့  ခံစားရလား"။ အမေကြီးက သားအဖြေကို စိတ်လှုပ်ရှားစွာနဲ့  စောင့်မျှော်နေတယ်။ ကိုယ့်ရင်သွေးနာကျင်တာ မကြည့်ရက်တဲ့ အမေတယောက် အတွက် လှပတဲ့ အဖြေပဲဖြစ်ပါစေလို့  ဆုတောင်းမှ မဆုံးသေး "ခံစားရခဲ့တယ်…" တဲ့။ ခေါင်းလေး တငြိမ့်ငြိမ့်နဲ့ မျက်ရည်ဝိုင်းသွားတဲ့ မိခင်တယောက်ရဲ့ ခံစားမှုကို ကိုယ်ချင်းစာမိတယ်။ ငယ်ငယ်တုန်းက အဖေက ရိုက်ရင် နောက်တနေ့  အဖေနဲ့ အမေ အပြင်က ပြန်မလာခင် ကျွန်မသည် ဦးxxx နှင့် ဒေါ်xxxတို့ ရဲ့ သမီးအရင်း မဟုတ်ပါလို့  စာရွက်ပေါ်ရေး အိမ်ရှေ့ ခန်းမှာ ကပ်ထားတတ်တဲ့ ကိုယ့်ကို ဒီလိုမေးခွန်းမျိုး မေးလာခဲ့ရင်ကော။ မိဘဖြစ်လာမှ မိဘမေတ္တာကို ပိုနားလည်လာတတ်ကလဲ အမှန်တရားတခုပဲ မဟုတ်ပါလား။

တခါတလေကျတော့လဲ အမှန်တရားက ချိုမြနေပြန်ရော။ "မင်းရဲ့ ရီးစားဟောင်းက မင်းရင်ထဲမှာလွှမ်းမိုးတုန်း… အခြေအနေပေးရင် ပြန်ဆက်ချင်တုန်း" ဆိုတာကို "ဟုတ်ကဲ့" လို့ ဆိုတော့ ကောင်မလေး မျက်လုံးလေးတွေ ပြုံးသွားတယ်။ အဲဒီအပြုံးထဲမှာပဲ အချစ်က ပျော်ဝင်စီးမျောလို့ ။ ဒါမျိုးလေးတွေ လုပ်စမ်းပါလို့  ပြောလို့ မှ မဆုံးသေး ရက်စက်တဲ့ မေးခွန်းက ဆက်လာတယ်။ "မင်းရီးစားဟောင်းကို အရင်ချစ်သူဘ၀က လှည့်စားလိမ်ညာခဲ့ဘူး သလား" တဲ့။ "ဟုတ်ကဲ့" ။ ခုနက ပျော်နေခဲ့တဲ့ ကောင်မလေး ပါးစပ်လေးဟ အံ့သြသွားခဲ့တယ်။

ဒီလူကလဲ မှန် မှန်နိုင်လွန်း။ အဖြေတွေ တခုပြီး တခု မလိမ်ညာပဲ အမှန်ဖြေလေလေ သူ့ နားက သူနဲ့ ရင်းနှီးသူတွေ နာကျင်လေလေ။ နောက်ဆုံး အမေကြီးက တော်လောက်ပါပြီ… ဘယ်သူ့ နှလုံးသားကိုမှ ဆက်ပြီး မနာကျင်စေချင်လို့ ပါတဲ့။ အမှန်တရားကို လက်မြှောက် အရှုံးပေးလိုက်ရခြင်း။

ဒီshowဟာ ကိုယ်ကျင့်တရား မဖောက်ပြန်၊ စိတ်ထားမြင့်မြတ် သိမ်မွေ့ တဲ့ သူတွေ နဲ့ ဆို အတော်ကြည်နူး စရာကောင်းမှာပါ။ သူတို့ က အမှန်တရားတွေနဲ့  နေထိုင်သူလေ။ ကိုယ်ကျင့်တရား ပျက်စီးသူ စိတ်ထားပျော့ညံ့ ယိုင်နဲ့ လွယ်သူတွေ အတွက်တော့ အတော် ရုပ်ဆိုးစေတဲ့  game တခုပေါ့။ တကယ်လို့ များ အမှန်တရားနဲ့  စိတ်လှုပ်ရှားချင်ရင် ကိုယ်တယောက်ထဲ online ပေါ်မှာ အရင်ကစား ကြည့်ပေါ့။ ပြီးရင်… ပြောပြဦးနော်… အမှန်တရားရဲ့ အရသာ။
(မေးခွန်းများကို မြန်မာယဉ်ကျေးမှုနဲ့ နီးစပ်အောင် အကြမ်းဖျင်း ဘာသာပြန်ထားခြင်းဖြစ်ပါတယ်)

တန်ခူး
11:00pm 17-Oct-2008

You received this email because you are subscribed to the real_time feed for http://laynuaye.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Sakura-Myanmar] 1 New Entry: အချစ်ဆိုသည်မှာ...

အချစ်ဆိုသည်မှာ...

စာမရေးနိုင်တာတောင် အတော်လေးကြာနေပြီ။ မသက်ဝေ Tag ထားတဲ့ "အချစ်ဆိုသည်မှာ" ဆိုတာလည်း ရေးနေတာ စိတ်ကူးပေါက်သလို လျှောက်ရေးထားတာဆိုတော့ စာပိုဒ်တွေက စပ်ဆက်မှုလည်း မရှိဘူး။ စာတစ်ပုဒ်လုံးချောအောင်ရေးဖို့ အတော်လေး အခက်တွေ့ပြီး ဘာရေးရမှန်းကို မသိဘူး။ Tag ထားတာလည်း ရှိတော့ အရင် ရေးထားတာတွေကို သင့်တော်သလို နေရာချပြီး ပို့စ်တစ်ခုအဖြစ် ရေးလိုက်ပါတယ်။

အချစ်ဆိုတာမျိုးက ဆယ်ကျော်သက် အရွယ်တုန်းကသာ ရင်ခုန်သံတွေ ချိုမြလတ်ဆတ်နေတာပါ။ အခုချိန်မှာ အချစ်သီချင်းတွေ နားထောင်မိရင် အရင်တုန်းကလောက် ရင်ကို လာမထိတော့သလိုပဲ။ အမျိုးသားကို "ဘယ်လိုရေးရင် ကောင်းမလဲ" ဆိုပြီး မေးတော့ သူက ရီနေပြီး "ထွန်းအိန္ဒြာဗို သီချင်းရေးပေးလိုက်ပေါ့" လို့ ပြောပါတယ်။

"အချစ်"အကြောင်းကို သီချင်းတွေထဲလည်း ထည့်ဆိုကြတယ်၊ ၀တ္ထုထဲလည်း ဖတ်ဖူးတယ်၊ ရုပ်ရှင်တွေကြည့်တော့လည်း များသောအားဖြင့် "အချစ်" ကိုအခြေခံထားပြီး ရိုက်ကူးတင်ပြထားကြတယ်။ အဲဒါဆိုတော့ "အချစ်"ဆိုတဲ့ စကားကို ရင်းနှီးနေပြီးသားပါ။ ဒါပေမယ့် ဘယ်သူမှ အချစ်ဆိုတာကို တိတိကျကျ အဓိပ္ပာယ်မဖွင့်ဆိုနိုင်ဘူး။ တိကျတဲ့အဖြေရဖို့ ညီမျှခြင်း ချပြီး ပုံသေနည်းထဲ အစားသွင်း တွက်ထုတ်လို့ရရင် ကောင်းမယ်။


*****

လူတစ်ယောက်ကို
ချစ်တယ်ဆိုတာ
ထိုသူ့အပေါ်
ယုံကြည်ခြင်း နှင့်
သူအနိုင်ယူတာ
အပြုံးမပျက်
နှစ်သက်စွာ
အရှုံးပေးလိုခြင်းရယ်ပါ။


*****

အရင်တုန်းက ဖတ်မိတဲ့ကဗျာလေးတပုဒ်ပါ။ ဘယ်မှာ ဖတ်မိမှန်းလည်း မမှတ်မိသလို ဘယ်သူရေးထားတာလည်း မသိတော့ပါဘူး။ အခု"အချစ်ဆိုသည်မှာ" ဆိုတော့ အဲဒီကဗျာလေးကို သတိရလာလို့ ကောက်ရေးလိုက်တာပါ။


တကယ်တမ်း ကိုယ်ကြုံတွေ့ခဲ့ရတဲ့ အချစ်ဆိုတာက ကဗျာထဲကလိုမျိုး ကိုယ့်ကိုလည်း အနိုင်မယူပါဘူး။ ကိုယ်ကလည်း သူ့ဆီက အနိုင်ယူပြီး ပြုံးပျော်နေတဲ့သူ မဟုတ်ရပါဘူး။ သူကလည်း အရှုံးမပေးရသလို ကိုယ်ကလည်း အရှုံးပေးစရာ မလိုခဲ့ပါဘူး။ အဓိကက နှစ်ယောက်စလုံး စိတ်ချမ်းသာဖို့ပါ။ ကိုယ့်အချစ်ကြောင့် သူ့ကို ချုပ်နှောင်ထားတာမျိုး မဖြစ်စေရသလို စိတ်ဆင်းရဲတာမျိုးလည်း မဖြစ်စေချင်ဘူး။ ကိုယ့်ကြောင့် စိတ်မညစ်စေချင်တာပါ။ သူနဲ့အတူနေရလို့ စိတ်ချမ်းသာမယ်၊ ပျော်မယ်လို့ ယုံကြည်တဲ့အတွက် လက်ထပ်ခဲ့တာ။ တကယ်လည်း ကျမကို စိတ်ချမ်းသာမှု ပေးတဲ့အပြင် ဘ၀အတွက် လုံခြုံမှု ပေးခဲ့တဲ့ သူပါ။ အဲဒီအတွက်လည်း ကျမတို့ နှစ်ယောက်ကို တွေ့ဆုံခွင့်ပေးတဲ့ ဖူးစာကံကို အမြဲကျေးဇူးတင်နေမိပါတယ်။


ကဲ..ပြီးပါပြီ အချစ်အကြောင်း။ ရေးတော့ ရေးလိုက်တာပါပဲ။ ဒီပို့စ်လေးနဲ့အတူ ထွန်းအိန္ဒြာဗိုရဲ့ အချစ်ဆိုသည်မှာ သီချင်းကို အမှတ်တရ ဖော်ပြပေးလိုက်ပါတယ်။


အချစ်ဆိုသည်မှာ

တေးဆို - ထွန်းအိန္ဒြာဗို


အချစ်ဆိုသည်မှာ .. အံ့သြမှုများနဲ့ .. ဆန်းကြယ်သောအရာ..
အချစ်ဆိုသည်မှာ .. လူသားတိုင်းရဲ့ နှလုံးသားထဲက အရှင်သခင်..
အချစ်ဆိုသည်မှာ.. ကြေကွဲခြင်းများနဲ့ မျက်ရည်တို့ရဲ့ ကဗျာ..
အချစ်ဆိုသည်မှာ .. ခံစားချက်တို့ မွေးဖွားရာ နေရာ..

အချစ်ဆိုသည်မှာ .. ကြည်နူးကြတဲ့အခိုက် .. လမင်းတရာ..
အချစ်ဆိုသည်မှာ .. ၀မ်းနည်းတဲ့အခါ နေမင်း.. ကုဋေကုဋာ..
အချစ်ဆိုသည်မှာ .. တားဆီးတတ်ခဲ့ .. အိပ်စက်ခြင်းများစွာ..
အချစ်ဆိုသည်မှာ .. အိပ်မက်များနဲ့ အရုဏ်ဦး အလှတရား..

တကယ်ဆိုရင်.. အချစ်ဟာ .. ဖြေရှင်းမရတဲ့ပြဿနာ..
အချစ်ဟာ .. အဖြေရှာမရတဲ့ပုစ္ဆာ ..
ငါကိုယ်တိုင်.. အချစ်ဟာ .. ဘာလဲ မသိတော့ပါ..
တခါတရံ .. အချစ်ဆိုတဲ့ .. အရာနဲ့ ဆုံဆည်းလိုက်ချင်လည်း..
တခါတရံတော့ .. အချစ်နဲ့ ဝေးချင်တယ်..


အောက်တိုဘာ ၁၈၊ ၂၀၀၈။

You received this email because you are subscribed to the real_time feed for http://sakura-myanmar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Heart Museum] 3 New Entries: အညတရ၏ အမှတ်တရ မှတ်တမ်း

အညတရ၏ အမှတ်တရ မှတ်တမ်း

MayMoe
အကိုရေ အစစအရာရာ အဆင်ပြေအေးချမ်းပါစေနော် 17 Oct 08 09:51

မသက်ဇင်
ကိုဟရေ----ထပ်တူထပ်မျှ ခံစားပေးပါတယ်ရှင်--- 16 Oct 08 19:05

kom
ဘာပြောရမှန်း ဘယ်လို နစ်သိမ့်ရမယ် မှန်း မသိတော့ပါဘူး။ 16 Oct 08 16:46

မိုးမြင့်တိမ်
ပြတိုက်ရှင်ရေ လာလည်ပါတယ် အစစအရာရာ အဆင်ပြေချောမွေ့ပါစေဗျာ 16 Oct 08 13:01

younggun
ဆရာတေး ဆီမှာ အစ်ကို့အဖေသတင်းကြားလိုက်ရပါတယ်။ ထပ်တူထပ်မျှ ၀မ်းနည်းရပါတယ်။ 15 Oct 08 15:48

Apprenticeship
Heart Gyi yae.... Peace to be with you naw.... 14 Oct 08 22:55

ShwunMi
ကိုကြီးဟတ်..သတိတရ ထပ်ရောက်လာပါတယ်.. 14 Oct 08 21:19

တောင်ငူသား
အကို့ဖခင် ကောင်းရာဘုံဘဝရောက်ရှိနိုင်ပါစေ
14 Oct 08 09:25

လူလ
မင်္ဂလာပါ ကိုဟ ဗျို့.. လာချောင်းသွားတယ်၊ ရွှင်လန်းချမ်းမြေ့ပါစေ...
14 Oct 08 08:37

ရွှေပြည်သူ
မိဘကို ပြည့်ပြည့်၀၀ ကျေးဇူးဆပ်ခွင့်ရခဲ့တဲ့ ကိုအညတရ အမြန်ဆုံး စိတ်ငြိမ်းချမ်းပါစေ...
13 Oct 08 14:20

ရွှေပြည်သူ
ကိုအညတရရေ... ထပ်တူထပ်မျှ ၀မ်းနည်းရပါတယ်။ ဘယ်လောက်အထိ ကြေကွဲနေမလဲဆိုတာလည်း နားလည်ပါတယ်။
13 Oct 08 14:19

မောင်မျိုး
အစ်ကိုရေ့ ထပ်တူထပ်မျှဝမ်းနည်းရပါကြောင်း ဘဘကြီးကောင်းရာသုဂတိလားပါစေဗျာ။ 13 Oct 08 14:11

တာတူး
ပြတိုက်ကြီးရေ . . . အကို့အဖေ ကောင်းရာ သုဂတိ လားပါစေ . . . . . 13 Oct 08 05:56

ဆိုးသွမ်း
ချဲလ်ဆီးဖန် အစ်ကိုကြီးအား မိသားစုနှင့်အတူ ထပ်တူထပ်မျှ ဖန်များကလည်း ၀မ်းနည်းပါတယ် ခင်ဗျာ။ 13 Oct 08 02:04

အညတရ၏ အမှတ်တရ မှတ်တမ်း


စိုးထက် - Soe Htet !
အစ်ကိုရေ မိသားစုနဲ့ အတူ ထပ်တူထပ်မျှ ၀မ်းနည်း ကြေကွဲ ပါတယ် ခင်ဗျာ၊ ဦးလေး ကောင်းရာ သုဂတိ လားပါစေ ...
12 Oct 08 14:53

DecemberCinderella
ပြတိုက်ရေ ..တကယ့်ကို ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါတယ်..နင်လဲ ကျန်းမာရေးဂရုစိုက်နော် ..
12 Oct 08 14:36

ပန်းခရမ်းပြာ
မိသားစုနဲ့ထပ်တူ ၀မ်းနည်းကြေကွဲမိပါတယ်
12 Oct 08 12:16

လူသစ်
ကြားကြားချင်းလာခဲ့တာပဲ။ ကောင်းရာသုဂတိလားပါစေဗျာ။ ထပ်တူထပ်မျှဝမ်းနည်းကြေကွဲရပါတယ်
12 Oct 08 10:17

JulyDream
အစစအရာရာ အဆင်ပြေချောမွေ့ အေးချမ်းပါစေ။ ဘ၀ဆိုတာ တွေ့ဆုံကြုံကွဲပါပဲ။
12 Oct 08 09:44

မိုးမြင့်တိမ်
အကို့ဖခင် ကောင်းရာသုဂတီလားပါစေ။ ကျန်ရစ်သူမိသားစု လည်း အစစအရာရာ အဆင်ပြေချောမွေ့ အေးချမ်းပါစေ
12 Oct 08 04:37

မိုးမြင့်တိမ်
ပြတိုက်ရှင်ရေ တကယ့်ကို စိတ်မကောင်းပါဘူးဗျာ။ အကိုတို့မိသားစုနဲ့ အတူ ထပ်တူထပ်မျှ ကြေကွဲရပါတယ်ဗျာ။
12 Oct 08 04:36

MayMoe
ကျန်ရစ်သူမိသားစု ငြိမ်းချမ်းပါစေ။ အစစအရာရာ အဆင်ပြေပါစေနော်။
12 Oct 08 04:25

MayMoe
ဦးလေးဂျီး ဖခင် ကွယ်လွန်ကြောင်း သိရလို့ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါတယ်။ ကောင်းရာသုဂတိလားပါစေ။
12 Oct 08 04:25

မိုးချိုသင်း
LA မှာနေတာပါလား။ တမြို့တည်းသားပေါ့။ ခုမှ ပထမဆုံး ရောက်ဖူးတာပါ။ အမ ကူလုပ်ပေးနိုင်တာလဲ ပြောပါနော်။
12 Oct 08 04:11

မိုးချိုသင်း
ကောင်းရာသုဂတိလားဖို့ ဆုတောင်းပါတယ်။ မKOM ပြောလို့ လာခဲ့တာပါ။
12 Oct 08 04:04

မိုးချိုသင်း
ကျန်သေးမဲ့ အမေနဲ့ မောင်နှမတွေကို ဂရုစိုက်ရင်း လွမ်းစိတ်ဖြေပါနော်။
12 Oct 08 04:03

kom
မငိုပါနှဲု။ တို.တွေလည်း ငိုမိလိမ်.မယ်။
12 Oct 08 04:02

မိုးချိုသင်း
မနှစ်က ဒီအချိန်မှာပဲ အမတို့ ပါပါး (အမအမျိုးသား အဖေ) ဆုံးသွားတာပါ။ ၁နှစ်ရှိပြီပေါ့။
12 Oct 08 04:02

ShwunMi
ကျန်ရစ်သူမိသားစု ငြိမ်းချမ်းပါစေ
12 Oct 08 04:02

မိုးချိုသင်း
စိတ်မကောင်းလို့ သတင်းလာမေးပါတယ် ကို heart ရေ။ ကိုယ်ချင်းစာစိတ်အပြည့်နဲ့ အားပေးသွားပါတယ်။
12 Oct 08 04:01

ShwunMi
စိတ်မကောင်းဘူး ကိုဟတ်..
12 Oct 08 03:53

meguumi
စိတ်ဆင်းရဲမှုတွေ အမြန်ဆုံး ပျောက်ပျက်နိုင်ပါစေရှင်။ အကို့အဖေ ကောင်းရာသုဂတိလားပါစေ။
12 Oct 08 03:25

Apprenticeship
Heart Gyi yae.. စိတ်မကောင်းဘူး။ ငြိမ်သက်ခြင်းဆုကျေးဇူးတွေပါစေ...။
12 Oct 08 03:15

မဇနိ
ကိုပြတိုက်ရေ မိသားစုနဲ့ထပ်တူ ၀မ်းနည်းကြေကွဲမိပါတယ်
12 Oct 08 02:50

Republic
ကိုပြတိုက်ကြီး မိသားစု နဲ့ အတူ ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါတယ်ဗျာ ၊၊ ငြိမ်းချမ်းပါစေ ၊၊
12 Oct 08 02:43

လူလ
မင်္ဂလာပါ ကိုဟ။ ဘယ်ရယ်မှ မဟုတ်ဘူး၊ သတိရလိုက်တိုင်း ရောက်ရောက်နေလို့ .. လာနေတယ်။ ရွှင်လန်းချမ်းမြေ့ပါစေ.
12 Oct 08 02:09

ကိုဇနိ
သူငယ်ချင်းနဲ့ ထပ်တူ စိတ်မကောင်းဖြစ်ရပါတယ်...
12 Oct 08 01:56

SMNTL
ခင်မင်ရတဲ့ ကိုအညတရရဲ့ ဖခင် ကွယ်လွန်ကြောင်း သိရလို့ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။
12 Oct 08 01:52

kom
ကိုယ်တို့ရဲ့သူငယ်ချင်း heart museum ရဲ့ အဖေ အောက်တိုဘာ ၁၁ တွင်ကွယ်လွန်သွားရွေ. စိတ်မကောင်းဖြစ်ရပါကြေ
12 Oct 08 01:02

kom
http://heartmuseum.blogspot.com/ ကိုယ်တို့ရဲ့သူငယ်ချင်း
12 Oct 08 01:02

မသက်ဇင်
ကိုဟ ပါပါ--ကောင်းရာသုဂတိလားပါစေ----
12 Oct 08 01:00

honey
အရမ်းစိတ်မကောင်းဖြစ်ရပါတယ်
12 Oct 08 00:42

လူလ
ဘာဖြစ်ဖြစ် ပါပါကြိးကို ကျွန်နော် ပြုတဲ့ ကုသိုလ်တခုကို မျှဝေပေးလိုက်တယ်။ ရွှင်လန်းချမ်းမြေ့ပါစေ...
12 Oct 08 00:33

kom
စက်တင်ဘာ ၂၄ မှာကွန်မက်ထားခဲ့ပါတယ်။
12 Oct 08 00:32

လူလ
လေသွားတာပေါ့။ အင်း..ကံ ကံ၏ အကျိုးပေါ့ဗျ ခင်ဗျား ကျွန်နော် အားလုံး ဆုံတွေ့မှာလေ
12 Oct 08 00:32

kom
စိတ်ဆင်းရဲ မဲ့ အချိန် မှာတော. စိတ် ဆင်းရဲ ပါ။ တင်း မထားပါနှဲှု့ ငိုစရာရှိ ငိုပါ။
12 Oct 08 00:31

လူလ
မင်္ဂလာပါ ကိုဟ။ အခု ဘလောင်္ဂထဲရောက်ပြီး တန်းတန်းကြီးလာခဲ့တယ်။ ဟာ ဗျာ စိတ်မကောင်းဘူး။
12 Oct 08 00:31

အညတရ၏ အမှတ်တရ မှတ်တမ်း

မိုးမြင့်တိမ်
ပြတိုက်ရှင်ရေ အဖေ ကျန်မာရေးပြန်ကောင်းပြီလား မြန်မြန်ပြန်ကောင်းပါစေဗျာ 10 Oct 08 13:01
ကလေးငယ်လေး
ဖိုးဖိုး အမြန်ဆုံးနေကောင်းပါစေလို့ ... 10 Oct 08 09:54
ကလေးငယ်လေး
ဦးဦးရေ.. သမီးစာမေးပွဲပြီးပြီ.. ဦးဦးရဲ့ ဖေဖေ နေမကောင်းဘူးဆို.. သမီးဘုရားမှာ ဆုတောင်းပေးမယ်နော်.. 10 Oct 08 09:53
Apprenticeship
ံဟတ်ကြီးေ၇.... အခြေအနေလေးတွေ Update lote bar ohn... ဟတ်ဖေဖေ အမြန်နေကောင်းပါစေ.. 09 Oct 08 16:22
mabaydar
လာလည်နေကျ အစ်ကို့ကိုမတွေ့တော့လဲ ၁ခုခုလိုနေသလိုပဲ.. ကျန်းမာရေးလဲဂရုစိုက်အုံးနော်.. 09 Oct 08 01:43
mabaydar
ကိုပြတိုက်ရေ..ပျောက်နေတာကြာပေါ့.. နေကောင်းရဲ့လား.. အစ်ကို့အဖေနေအမြန်ဆုံးပြန်ကောင်းပါစေနော်.. 09 Oct 08 01:42
အမရာ
ကိုပြတိုက်ရဲ့အဖေအမြန်ဆုံးကျန်းမာပါစေ။။။။။။။။။ 08 Oct 08 22:14
MayMoe
အစ်ကို့ အဖေ အမြန်ဆုံး နေကောင်းလာပါစေ 08 Oct 08 10:38
လူလ
မင်္ဂလာပါ ဗျို့ ကိုဟကြီး။ အခြေအနေ ဘယ်လိုလဲ။ အကျိုးအကြောင်းလေး သိချင်တယ်။ ရွှင်လန်းချမ်းမြေ့ပါစေ... 07 Oct 08 02:22
မောင်မျိုး
အစ်ကို့ အဖေသက်သာလား စိတ်ပူနေလို့  မြန်၂ကျန်းမာပါစေဗျာ...။ 07 Oct 08 02:11
:)
အကို့အဖေ နေကောင်းပြီလား အဆင်ပြေပါစေ 06 Oct 08 23:26
နန်းညီ
ပြတိုက်ရှင်မရှိတုန်း ပြတိုက်ကို ၀င်သွားတယ်.. ပျော်ရွှင်စရာတွေ အမြန်ဆုံး ရောက်လာပါစေ 06 Oct 08 08:51
ShwunMi
hi bro. how's everything? hope that you'll be fine. hear from you soon.. 06 Oct 08 06:18
Apprenticeship
Heart Gyi yae...အဖေ့ကျန်းမာရေး အမြန်ကောင်းလာပါစေ....
မိုးမြင့်တိမ်
ပြတိုက်ရှင်ရေ လာလည်ပါ၏။ ပြတိုက်ရှင်ရဲ့ ဖခင်ကျန်းမာပါစေကြောင်း ဆုတောင်းပေးနေပါသည်။
05 Oct 08 07:33
blackdream
အစ်ကို့ အဖေ အမြန်ဆုံး နေကောင်းလာပါစေဗျာ
04 Oct 08 23:45
blackdream
ကျွန်တော့်လိုပဲ ဘလော့ဂါမောင်နှမတွေ အားလုံးက ဆုတောင်းပေးနေကြပါလိမ့်မယ် :(
04 Oct 08 23:45
ayemin
လာလည်သွားပါတယ် ခင်ဗျာ။
04 Oct 08 13:01
မသက်ဇင်
ကိုဟရေ--- ဖေဖေနေကောင်းသွားပြီလား--ပျောက်နေတယ်နော်--
03 Oct 08 21:05
ShwunMi_ရွှန်းမီ <4friends2flip.blogspot.com>
ကိုဟတ်.. အစစအရာရာ အဆင်ပြေပါစေ.. 03 Oct 08 20:34
MayMoe
ဦးလေးဂျီး ဖေဖေ မြန်မြန်ကျမ်းမာပါစေနော 03 Oct 08 15:33
:)
သွေးလှူတဲ့အကြောင်းဖတ်ရတာ သာဓုပါ အဲဒီသတင်းကြားပြီး ကိုယ်နဲ့မပါတ်သက်ပေမဲ့ စိတ်မကောင်းဖြစ်နေတာလေ 03 Oct 08 15:17
DecemberCinderella
ပြတိုက်ရေ ..အဖေ သက်သာရဲ့လား ..
03 Oct 08 14:00
Apprenticeship
Heart Gyi ရဲ့ အဖေနေကောင်းလာပီလား? နေကောင်းကျန်းမာလာပါစေ......
02 Oct 08 21:11
blackdream
ကိုပြတိုက် ...။ အစ်ကို့အဖေ အမြန်ဆုံး ကျန်းမာလာနိုင်ပါစေဗျာ...။ :(
02 Oct 08 20:57
စိုင်းဝဏ
သက်သာလားဗျာ။စိတ်မကောင်းပါဘူးဗျာ 02 Oct 08 12:29
လူလ
မင်္ဂလာပါ ကိုဟ၊ အဖေ နေမကောင်းဖြစ်နေတယ်။ စိတ်မကောင်းဖြစ်မိပါတယ် ထပ်တူ ထပ်မျှပဲ။ ပြန်လှည် ကျန်းမာပါစေ..
02 Oct 08 10:27
ကိုတိုးလေး
အလည်လာသွားတယ်နော် အဆင်ပြေတယ်ဟုတ် ပျော်ရွှင်ပါစေဗျာ။ 01 Oct 08 16:46
ShwunMi_ရွှန်းမီ <4friends2flip.blogspot.com>
အစ်ကိုကြီးဟတ်.. အဆင်ပြေပါစေ.. 01 Oct 08 04:16
ShwunMi_ရွှန်းမီ <4friends2flip.blogspot.com>
အဆင်ပြေရဲ့ လား အစ်ကိုဟတ် 30 Sep 08 19:12
ကိုရင်နော်ခင်လေးငယ်
မတွေ့တာကြာပေါ့ နေကောင်းကျန်းမာပါစ.. :glad: :lol:
30 Sep 08 16:16
မောင်မျိုး
အစ်ကို့ အဖေ မြန်၂ကျန်းမာပါစေဗျာ....... 30 Sep 08 02:28
ကြယ်စင်နတ်သမီး
ကိုပြတိုက်ရဲ့အဖေ မြန်မြန်ပြန်လည် ကျန်းမာလာပါစေရှင်... 29 Sep 08 11:59
mabaydar
wish your dad to get well soon.
29 Sep 08 05:50
Apprenticeship
အဖေကြီးနေကောင်းပါစေနော်... ခုမှ message twe lo.
29 Sep 08 01:18
အိုင်လွယ်ပန်
အဲသမှာမှအမေနဲ့အဖေထပ်လွဲသေး......
28 Sep 08 20:18
အိုင်လွယ်ပန်
sorry ဗျာ....စာကအခုမှပေါ်လာတယ်...အစ်ကို့အမေအမြန်ဆုံးကျန်းမာနိုင်ပါစေအစ်ကို။။။
28 Sep 08 20:16
kom
အစ်ကိုဟတ်ရဲ့  မေမေလည်း စိတ်ပူရတာတွေ သက်သာပါစေ..
28 Sep 08 16:13
ShwunMi_ရွှန်းမီ <4friends2flip.blogspot.com>
အစ်ကိုဟတ်လည်း စာတွေ ပြန်ရေးနိုင်ပါစေ 28 Sep 08 15:15
ShwunMi_ရွှန်းမီ <4friends2flip.blogspot.com>
အစ်ကိုဟတ်ရဲ့  မေမေလည်း စိတ်ပူရတာတွေ သက်သာပါစေ.. 28 Sep 08 15:15
ShwunMi_ရွှန်းမီ <4friends2flip.blogspot.com>
အစ်ကိုဟတ်ရဲ့  ဖေဖေ အမြန်ကျန်းမာပါစေ 28 Sep 08 15:15
မိုးမြင့်တိမ်
ပြတိုက်ရှင်ရေ အဖေဆေးရုံတင်ထားရတယ်ဆိုလို့ အမြန်ဆုံးနေပြန်ကောင်းပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ
28 Sep 08 12:20
သစ်နက်ဆူး
ဦး...ကျမ္မာသွားပြီလာ...ဆုတောင်းပေးပါတယ် 28 Sep 08 12:05
အောင်စစ်မင်း
အောင်စစ်မင်း ဟီဟီမှားလို့ပါ 28 Sep 08 08:34
အောက်စစ်မင်း
ညီရဲ့ ဘလော့က http://wwwakar-kyawswar.blogspot.com/ ပါ ပျော်ရွှင်ပါစေ 28 Sep 08 08:31
အောက်စစ်မင်း
ညီရဲ့ ဘလော့က http://wwwakar-kyawswar.blogspot.com/ ပါ ပျော်ရွှင်ပါစေ 28 Sep 08 08:30
အောက်စစ်မင်း
ခွင်ပြုပါ 28 Sep 08 08:29
အောက်စစ်မင်း
တင်လိုက်တယ်နော် 28 Sep 08 08:28
အောက်စစ်မင်း
အကိုရေ အကို ရဲ့ မိသားစုအားကျမ်းမာကြပါစေနော် အကို ဒုတိယမြောက်ပို့လေးကို ကြိုက်လို့ ညီရဲ့ ဘလောမှာ 28 Sep 08 08:28
kom
အဖေ အမြန် ဆုံး ကျန်းမာ ပါစေရန် မေတ္တာ ပို့သ ပါသည်။ again and again
28 Sep 08 00:14

You received this email because you are subscribed to the real_time feed for http://heartmuseum.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဗုဒ္ဓတရားတော်များ] 1 New Entry: ဇ၀သုတ်- (လျင်မြန်ခြင်း)

ဇ၀သုတ်- (လျင်မြန်ခြင်း)

ဇ၀သုတ်- (လျင်မြန်ခြင်း)

ရဟန်းတို့ မင်း၏ အင်္ဂါလေးမျိုးတို့နှင့်ပြည့်စုံသော အာဇာနည်မြင်းကောင်းသည် မင်းအားထိုက်၏၊ မင်း၏ အသုံးအဆောင် ဖြစ်၏၊ မင်း၏ အင်္ဂါအစိတ်အပိုင်းဟူ၍ သာ ရေတွက်ခြင်းသို့ရောက်၏။

အဘယ် လေးမျိုး တို့နည်း ဟူမူ-

၁။ ဖြောင့်မတ်ခြင်းနှင့် လည်းကောင်း၊
၂။ လျင်မြန်ခြင်းနှင့် လည်းကောင်း၊
၃။ သည်းခံခြင်းနှင့် လည်းကောင်း၊
၎။ အကျင့်ကောင်းခြင်းနှင့် လည်းကောင်း (ပြည့်စုံခြင်းတည်း)။

ရဟန်းတို့ ဤအင်္ဂါ လေးမျိုးတို့နှင့် ပြည့်စုံသော မင်း၏ အာဇာနည်မြင်းကောင်း သည် မင်းအား ထိုက်၏၊ မင်း၏ အသုံးအဆောင် ဖြစ်၏၊ မင်း၏ အင်္ဂါ အစိတ် အပိုင်း ဟူ၍ သာလျှင် ရေတွက်ခြင်းသို့ ရောက်၏။

ရဟန်းတို့ ဤအတူသာလျှင်တရားလေးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည်
(အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်၏။ ပ ။
သတ္တ၀ါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏။

အဘယ် လေးမျိုး တို့နည်း ဟူမူ-

၁။ ဖြောင့်မတ်ခြင်းနှင့် လည်းကောင်း၊
၂။ လျင်မြန်ခြင်းနှင့် လည်းကောင်း၊
၃။ သည်းခံခြင်းနှင့် လည်းကောင်း၊
၎။ အကျင့် ကောင်းခြင်းနှင့် လည်းကောင်း (ပြည့်စုံခြင်းတည်း)။

ရဟန်းတို့ ဤအင်္ဂါ လေးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်၏။ပ။ သတ္တ၀ါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံးလယ်မြေဖြစ်၏ ဟု (မိန့်တော်မူ၏)။

၂ - ဇ၀သုတ်၊ ကေသိဝဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်။

မြင်းဆိုးကို ဆုံးမနည်းအကြောင်း သိလိုသေးလျှင်...

You received this email because you are subscribed to the real_time feed for http://lknt.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.