Tuesday, November 25, 2008

[အမိမြေသို့  ကျေးဇူးဆပ်ခြင်း] 1 New Entry: ဂုဏ်သိက္ခာနဲ့ ခွပ်ဒေါင်းများ။

ဂုဏ်သိက္ခာနဲ့ ခွပ်ဒေါင်းများ။


လောကကြီးထဲ
တချို့ လူက ဆင်းရဲ၊ တချို့ လူက ချမ်းသာ
တချို့ လူက လှ၊ တချို့ လူက ရုပ်ဆိုး
တချို့ လူက ကံကောင်း၊ တချို့ လူက ကံဆိုး
တချို့ လူက တော်၊ တချို့ လူက ညံ့
တချို့ လူက အမျိုးမြတ်၊ တချို့ လူက ယုတ်ညံ့
တချို့ လူက စိတ်ထားမသန့် ၊ တချို့ လူက မြင့်မြတ်
တချို့ လူက အာဇာနည်၊ တချို့ လူက တကိုယ်ကောင်းဆန်သည်။
တချို့ လူက သနား၊ တချို့ လူက ရက်စက်အား

ဒီလိုဆန့် ကျင်ဘက် လူတွေကြား
ဓမ္မနဲ့ အဓမ္မ
အဖြူနဲ့  အမဲ
တွဲ မနေနိုင်တာ အပြစ်လား.
ဆီနဲ့ရေ ကွဲပြားတာ အပြစ်လား။

ဒို့ တွေဟာ ဆင်းရဲချင် ဆင်းရဲမယ်။
အကျင့်သိက္ခာမှာ မဆင်းရဲဘူး။

ဒို့ တွေဟာ နိမ့်ကျချင် နိမ့်ကျမယ်။
စိတ်ဓါတ်ခွန်အားမှာ ဒူးမထောက်ဘူး။

ဒို့ တွေဟာ အေးဆေးရင် အေးဆေးမယ်။
လောင်တဲ့မီးကိုတော့ သတ်နိုင်ကြတယ်။

ဒို့ တွေဟာ လူသတ်ရဲချင်မှ လူသတ်ရဲမယ်။
မတရားတာတွေ့  အသက်စတေးရဲတယ်။

ပါးစပ်ပြော အမျိုးချစ်တဲ့သူတွေ မဟုတ်ဘူး။
မွေးရာပါ အမျိုးဂုဏ်ကို သေထိ ထိမ်းကြတယ်။
ဂုဏ်သရေရှိ အယောင်မဆောင်တဲ့ ဂုဏ်သရေရှိဖြစ်တယ်။

နာကြင်တဲ့ခံစားမှု ဂရုဏာနဲ့ ကုတတ်တယ်။
ဖိနှိပ်တဲ့ ရက်စက်မှု ဒို့ စာနာမှုရှိတယ်။
မတရားတဲ့ခေါင်းပုံဖြတ်မှု တွန်းလှန်ဖို့ သတ္တိရှိတယ်။

ဒို့ တတွေဟာ ခွပ်ဒေါင်းတွေ..
နှိပ်စက်မှုကြောင့် ဘ၀တွေကြေ.
သတ်ဖြတ်မှုကြောင့် အသက်ကြွေကြွေ
ညှင်းပန်းမှုကြောင့် တောင်ပံကျိုးကြေ
မတရား ဖိနှိပ် ခန္ဓာ နွမ်းခွေ
တိုက်ရင်းခိုက်ရင်း..အရောင်ပျက်စေ..
ဒေါင်းဟာ ဒေါင်းဘဲ
သေသည်ထိ အားအင်မွေးဆဲ
အသက်ပေးတောင် ဝိညာဉ်ကျန်မြဲ
ဆက်တိုက်ဆဲလေ။

အာဏာရှင်လူယုတ်လို
ဂုဏ်သိက္ခာအရောင် မမွဲ..
နှလုံးသားအရောင် မမည်း.
ဘ၀ကို ဂုဏ်သိက္ခာအရောင်တင်
ဂုဏ်သိက္ခာရှိရှိဘဲ နေချင်တယ်။
ဂုဏ်သိက္ခာရှိရှိဘဲ သေချင်တယ်။

မသဒ္ဓါ ( ၁၁။၂၃။၂၀၀၈)

You received this email because you are subscribed to the real_time feed for http://thadar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Burma ( The Power of People)] 4 New Entries: အင်တာနက်သုံးစွဲသူတွေရဲ့  စာရိုက်တာ ကြည့်ရှူတာမှန်သမျှကို key logger သုံးပြီး ခိုးမှတ်နေတာကို စစ်ဆေးဖေါ်ထုတ်ခြင်း။

အင်တာနက်သုံးစွဲသူတွေရဲ့  စာရိုက်တာ ကြည့်ရှူတာမှန်သမျှကို key logger သုံးပြီး ခိုးမှတ်နေတာကို စစ်ဆေးဖေါ်ထုတ်ခြင်း။

အင်တာနက်သုံးစွဲသူတွေရဲ့  စာရိုက်တာ ကြည့်ရှူတာမှန်သမျှကို key logger သုံးပြီး ခိုးမှတ်နေတာကို စစ်ဆေးဖေါ်ထုတ်ခြင်း။




















အင်တာနက်သုံးစွဲသူတွေရဲ့  စာရိုက်တာမှန်သမျှကို key logger သုံးပြီး ခိုးမှတ်နေတဲ့ mmcybernet ၀က်ဆိုဒ်ကို စစ်ဆေးကြည့်တဲ့အခါမှာ ဒီဝက်ဆိုဒ်ကို ကြီးကြပ်နေတဲ့ administrator တွေဟာ ဒီဝက်ဆိုဒ်ထဲမှာ လာရောက်ပြီး register လုပ်ကာသုံးစွဲနေသူတွေရဲ့  စာရေးသားမှုတွေ၊ သွားရောက်ကြည့်ရှူတဲ့ အင်တာနက်စာမျက်နှာတွေကို keylogger သုံးပြီးမှတ်ထားတာကို စစ်ဆေးတွေ့ ရှိရလို့  အဲ့ဒီ ၀က်ဆိုဒ်ကို ရပ်တန့် အောင် လုပ်လိုက်ပြီး သတိပေးစာကို အောက်ပါအတိုင်း ရေးသားထား တွေ့ ရှိရပါတယ်။

နောက်နောင် ဒီလိုမျိုး အင်တာနက်သုံးစွဲသူတွေရဲ့  မှတ်တမ်းကို ခိုးကြည့်တာတွေလုပ်မယ်၊ ခိုးမှတ်ထားတာတွေလုပ်မယ်ဆိုရင် အခုလိုမျိုး ဒဏ်ခတ်ခံရမယ်လို့  သတိပေးထားပါတယ်။

ဒီလို စစ်ဆေးကြည့်ရှူပြီး ဒဏ်ခတ်ဆောင်ရွက်သူတွေကတော့ ကိုယ်ရေးကိုယ်တာမှတ်တမ်းများကို စောင့်ရှောက်ကာကွယ်သူများအဖွဲ့ လို့  ခေါ်ဆိုလို့ ရတဲ့ "Privacy Lover Team" အမည်နဲ့  မည်သူမည်ဝါတွေဆိုတာ မဖေါ်ပြထားတဲ့ အဖွဲ့ တစ်ခု ဖြစ်ပါတယ်။



















ဒီလို စစ်ဆေးတွေ့ ရှိရတဲ့ mmcybernet ရဲ့  Admin List ကို ၄င်းတို့ ရဲ့  IP address လိပ်စာများကို ဆက်လက်ကြည့်ရှူတဲ့အခါမှာ နေရာ (၃) ခု ပါဝင်ပတ်သက်နေတာ တွေ့ ရှိရပါတယ်။

ပထမတစ်ခုကတော့ - 203.81.166.10 က ပုဂံနက် (Bagan Cybertech Teleport) ရန်ကုန်က ဖြစ်ပါတယ်။

ဒုတိယတစ်ခုကတော့ - 220.255.7.248 က စင်နက် (SingNet Pte Ltd) စင်ကာပူက ဖြစ်ပါတယ်။

တတိယတစ်ခုကတော့ - 213.85.146.5 က အေဗွီကေ (AVK-Systems Ltd) မော်စကိုမြို့ ၊ ရုရှနိုင်ငံက ဖြစ်ပါတယ်။
























ဒီလိုမျိုး အင်တာနက်သုံးစွဲသူတွေရဲ့  မှတ်တမ်းများကို မသိအောင် ခိုးပြီးမှတ်သားတာဟာ ပြည်တွင်းရော နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်တာပါ။ ဒီလို ကိုယ်ရေးကိုယ်တာမှတ်တမ်းတွေကို ခိုးယူမှတ်သားတဲ့ လုပ်ဆောင်ချက်တွေမှာ ပါဝင်ပတ်သက်တဲ့သူတွေဟာလည်း ပြစ်မှူကျူးလွန်တဲ့သူများအဖြစ် အကျူံးဝင်ပါတယ်။

အထူးသဖြင့် မြန်မာပြည်မှာ အင်တာနက်ဥပဒေနဲ့  ကိုယ်ရေးကိုယ်တာမှတ်တမ်းများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး ဥပဒေများကို ဖောက်ဖျက်ကျူးလွန်သူများဟာ နအဖကိုယ်တိုင်က စဖောက်ဖျက်ကျူးလွန်တာ ဖြစ်ပါတယ်။ ဒီ့အတွက် Electronics Act ဥပဒေတို့  Internet Act ဥပဒေတို့ နဲ့  ထောင်ချရမယ်ဆိုရင် နအဖတွေကို ထိပ်ဆုံးကနေ အပြစ်ပေးရမှာ ဖြစ်ပြီး၊ ယခုလို ကျူးလွန်ဖောက်ဖျက်တဲ့ mmcybernet ရဲ့  administrators တွေကိုလည်း ပြစ်ဒဏ်ပေးရမှာ ဖြစ်ပါတယ်။

ကိုရီးယားက မြန်မာ့အရေး ဆန္ဒပြပွဲ (နိုဝင်ဘာ ၂၃ ရက်၊၂၀၀၈၊ ဆိုးလ်မြို့၊ ကိုရီးယား)။



(Burma Today မှ သတင်းဗွီဒီယိုအား ပြန်လည်ဖေါ်ပြပြီး၊ ပေးပို့ လာသူ ကိုရန်နိုင်ထွန်းအား ကျေးဇူးတင်ရှိပါသည်)။

ပြည်သူတွေ သတ္တိရှိကြစေချင်တဲ့ ဇေယျာသော်ရဲ့  မေတ္တာရပ်ခံချက်စကား။ (မတရား အမိန့် မချခံရခင် ၁၀ မိနစ်အလိုတွင် ပြောကြားတာပါ)။












(၈၈) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့  ကျင်းပခြင်းနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေး ဆုတောင်းပွဲ ကျင်းပခြင်း။

You received this email because you are subscribed to the real_time feed for http://niknayman-niknayman.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ခရမ်းရင့်ပန်းပွင့်] 1 New Entry: မှားယွင်းနေတဲ့ ကောင်းကင်

မှားယွင်းနေတဲ့ ကောင်းကင်

နေလနတ္ခတွေ တီးတိုးညီးတွားသံနဲ့
ဇယားတွေ ကြီးထွားကြိုးညှိသံ ကြားတဲ့အခိုက် ......
အဲဒါ ... နေ့နဲ့ည မှားယွင်း နေတဲ့ Nightဖြစ်တယ်။

ရွေ့လျားမှုတွေကြားမှာ ငုတ်တုတ်မေ့ရပ်ခိုက်
တိုးတိုက်သွားတဲ့ အချိန်နာရီတွေက ပျိုးစိုက်ခဲ့လိုက် ....
မိုးတိမ်တိုက်တို့ မျက်ရည်အဖွဲ့ချိန်မှာ မူးမူးမိုက်မိုက် ...
စူးစူးစိုက်စိုက်လိုက်ကြည့်တော့ မျက်လုံးက ခလုတ်တိုက်
ဦးနှောက်က ပြောတယ် မုန်းမေ့လိုက်ဆိုတဲ့အချိန်မှာ
နှလုံးသားက that's alright တဲ့ဗျာ။

မှားယွင်းနေတဲ့ ငါ့ဘ၀အတွင်း
မင်းက ... အလင်းဖြစ်မလား။
rhythm ပျက်နေတဲ့ ငါ့မြို့အတွင်း
မင်းက ... မြစ်တစင်းဖြစ်မလား။
ခန်းခြောက်နေတဲ့ ငါ့ဘ၀ထဲ
မင်းက ... လှမ်းလျှောက်လာမဲ့ အိုအေစစ်လေးလား။

ရေရာနေတဲ့ ဘ၀ဆိုပေမယ့်
မသေချာတဲ့ ဂုဏ်သိက္ခာအတွက် ငါ့ကိုငါ အားငယ်တယ်။

ပြင်ဆင်ခွင့်ရှိတိုင်း ဆိုးခဲ့ပေမယ့်
မရိုးနိုင်တဲ့ လူတွေရဲ့ စကားလုံးတွေ မင်းကို ထိပါးမှာ ငါကြောက်တယ်။

ငါ့ဘ၀ရဲ့ ညတဖက်ဟာ လှပနေပေမယ့်
နေ့တဖက်ဟာ စုတ်ပြတ်နေလို့
ကူရှင်တွေ ပြန်စုပ်နေရတဲ့ကားလို
ငါ့ဘ၀ထဲ မင်းလိုက်လာမှာကို အားနာတယ်။

နေထွက်တဲ့အချိန်မှာလဲ ခေါင်းမော့ရဲပေမယ့်
အရိပ်ထဲကို ကြည့်တိုင်း အမာရွတ်တွေ ဖွေးလို့...
လထွက်တဲ့အချိန်တိုင်း သာယာမှုကို ခံစားနိုင်ပေမယ့်
အရိပ်နက်ညတွေက ငါ့ကို လှောင်ပြောင်လို့ ....

တွေးထားစမ်း ကောင်လေး ....
မင်းမှန်သလား။
ဘယ်တုန်းကမှ လူတွေကို သောက်ဂရုမစိုက်ဘူးတဲ့ ရင် ....
ခုတော့ အမြင်မှန်ရပြီလား။

ဘယ်တုန်းကမှ လုပ်ချင်တာထက် ပိုမသိတဲ့စိတ်
ခုတော့ အရိပ်တောင် ကြောက်တတ်ပြီလား။

အဖေနဲ့အမေကလွဲရင် ဒါပဲ လို့ ပြောတတ်ခဲ့တဲ့ ပါးစပ်
ခုတော့ နတ်ဝင်သည် လက်လို တုန်ခါတတ်ခဲ့ပြီလား။

အင်အားသာလျှင် ကိုးကွယ်ရာလို့ ခံယူခဲ့တဲ့လက်
ခုတော့ပန်းဆက်ဖို့ ကြိုးပန်းတတ်ပြီလား။

ဟန်ဆောင်မှုတွေကို ရွံ့ရှာတတ်တဲ့ ငါ
ခုတော့ လူပေါင်းကောင်းအောင် လိမ်တတ်ခဲ့ပြီလား။

ထားတော့ ကောင်လေး ....
မင်းအချိန်စေ့ခဲ့ပြီ။
စိတ်ဒဏ်ရာတွေ ပြည့်နေတဲ့ မင်းဘ၀မှာ
လိပ်လို နောက်တခါ ထပ်မတွေးနဲ့တော့
အရိပ်မှာ အရောင်စုံနေခဲ့ပြီးပြီ။

လန်နေတဲ့ဟန်တွေကိုမေ့ကာ
ဒဏ်ရာတွေကို မလိမ်ချင်နဲ့တော့
တိမ်မဲတွေပြည့်နေတဲ့ ကောင်းကင်ကို
ထပ်ပစ်လိုက်လဲ ဘာအရေးလဲ .....
အက်ဆစ်မိုးတွေရွာချရင် သူများတွေပါ လောင်ကျွမ်းကုန်မယ်။

You received this email because you are subscribed to the real_time feed for http://khayannyintpanpwint.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဓမ္မ] 1 New Entry: ရဲဘော် ဂုရု အတွက် ၀မ်းနည်းမှတ်တမ်းသို့ ....

ရဲဘော် ဂုရု အတွက် ၀မ်းနည်းမှတ်တမ်းသို့ ....



အပြည့်အစုံသို့ ...

You received this email because you are subscribed to the real_time feed for http://damaahdama.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Khin Ma Ma Myo's Blog] 1 New Entry: ဧည့်ခန်း

ဧည့်ခန်း

ဧည့်ခန်း


ဧည့်ခန်း။

စကားလုံးကား နှစ်လုံးတည်းသာ ဖြစ်သည်။ အိမ်တိုင်း၊ အိမ်တိုင်းတွင် ဧည့်ခန်းဆိုသည်ကို ထားရှိတတ်ကြသည်။ လူမျိုး၊ ဓလေ့၊ ထုံးစံ၊ ဘာသာစကား မည်မျှပင်ကွဲပြား၊ ကွဲပြား၊ တူညီတာတစ်ခု တော့ရှိသည်။ ဤကားမိမိတို့ နေထိုင်ရာအိမ်တွင် ဧည့်ခန်းတစ်ခန်းထားရှိခြင်းပင် ဖြစ်သည်။ လူဆိုသည်ကလဲ တစ်ဦးတည်းနေတတ်သော သတ္တဝါများမဟုတ်ကြ။ ထိုနည်းနှယ်နှယ်ပင် ။ တိုးတက်ပြောင်းလဲလာသော ကမ္ဘာကြီးတွင် တံခါးပိတ် အထီးကျန်နေနိုင်သော နိုင်ငံများကား တဖြည်းဖြည်း ရှားပါးလာလေပြီ။ တံခါးများဖွင့်၍ ဧည့်သည်များလာရန် ဖိတ်ကြရသည်။ အဆိုပါ ကမ္ဘာလှည့် ဧည့်သည်များသည်ကား လက်ချည်းသက်သက်လာသည် မဟုတ်။ အိမ်ရှင်နိုင်ငံများအတွက် အကျိုးစီးပွားများ ဖြစ်ထွန်းစေသဖြင့် နိုင်ငံတိုင်းလိုလိုပင် ဧည့်သည်များအား ဆွဲဆောင်နိုင်ရန် အပြိုင်အဆိုင် ကြိုးစားကြတော့သည်။ စာရေးသူတို့ မြန်မာပြည်ကြီးလဲ အပါအဝင်ပင်ဖြစ်သည်။


ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းများသည် ကမ္ဘာ့ကုန်သွယ်မှု၏ ၆ရာခိုင်နှုန်းကို ကိုယ်စားပြုလာသည်ဟု ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ အစီရင်ခံစာထဲတွင် တွေ့ရသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်ကား ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းသည် အလွန်ပင်အရေးကြီးသော အခန်းကဏ္ဍတစ်ခုပင်ဖြစ်သည်။ (၂ဝဝ၂)ခုနှစ်၊ သြဂုတ်လတွင် မြန်မာ့ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးမှ မြန်မာအစိုးရ၏ ၁၂ရာခိုင်နှုန်းဝင်ငွေသည် ပုဂ္ဂလိကဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ ရသည်ဟုဆိုခဲ့သည်။ ကောင်းလေစွ၊ ကောင်းလေစွ။ ကိုယ့်မွေးရပ်မြေ မြန်မာပြည်ကြီး ဝင်ငွေများရသည်ကို စာရေးသူတို့ဝမ်းသာရပေမည်။


သို့ပေမယ့်လဲ၊ သို့ပေမယ့်လဲ-----။

အဆိုပါဝင်ငွေများ ဘယ်ရောက်ကုန်ပါသနည်း။ စစ်အုပ်စုကတော့ ကြေငြာသည်။ 'တည်ဆောက်ပြုပြင်၊ မြန်ပြည်တခွင်' စီမံကိန်းများတွင် မည်၍မည်မျှကုန်သည် ဟူ၍။ ထိုကိန်းဂဏာန်းများ မှန်သည်၊ မမှန်သည်ကိုတော့ စစ်အုပ်စုနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၀န်ထမ်းများ အသိဆုံးဖြစ်ပေလိမ့်မည်။ ပြည်သူနှင့် ကမ္ဘာက တကယ် မြင်ခဲ့သည်ကတော့ ထိုတည်ဆောက်ရေး လုပ်ငန်းဆိုသည်များတွင် ထောင်ကျအကျဉ်းသားများအား ရဲဘက်အလုပ်သမားများအဖြစ် မဝရေစာကျွေး၍ အတင်းအဓမ္မ ရိုက်နှက်စေခိုင်းမှုများ၊ လုပ်အားပေး တစ်အိမ်တစ်ယောက်လိုက်ရမည်ဆိုကာ အတင်းအဓမ္မခေါ်ယူ မှုများကိုပင် ဖြစ်သည်။ ထိုလမ်းများ၊ တံတားများပေါ်တွင် ပြည်သူတို့၏သွေးများ၊ချွေးများ၊ အကျဉ်းသမားများစွာ၏ အသက်များ ပေးဆပ်ခဲ့ရသည်ကတော့ အမှန်ပင်ဖြစ်သည်။ ယင်းအဖြစ်မှန်များကို လိမ်ညာဖုန်းကွယ်၍၊ လုပ်အားခ မည်မျှကုန်သည်ကို စာရင်းထဲထည့်ပြီး၊ မိမိတို့အိတ်ကပ်ထဲထည့်သည်ကတော့ အလွန်ပင် လူမဆန်ရာကျပါသည်။ ထို့အပြင် လမ်း၊ တံတားများအတွက် အမှန်တကယ် လိုအပ်မည့် ပစ္စည်းများကို အသုံးမပြုပဲ အရေအတွက်လျှော့သုံးခြင်း၊ အရည်အသွေး လျှော့သုံးခြင်းများ ပြုလုပ်ကာ ကျန်ငွေများကို ကိုယ်ကျိုးအတွက်သုံးခြင်းသည် ကုန်စီးဆင်းမှု မြန်ဆန်ရေးနှင့် အန္တရာယ်ကင်းရှင်းရေးကို များစွာ ထိခိုက်နစ်နာစေပါသည်။ နိုင်ငံတော်ရာဇ၀တ်မှု ကျူးလွန်ခြင်းပင်ဖြစ်သည်။


အခြားမေးစရာများကလည်း ရှိလာပါသည်။ နိုင်ငံတော်ဝင်ငွေများ တိုးတက်နေပါလျက် အဘယ်ကြောင့် ဆေးရုံများတွင် ဆေးကုရန် ဆေးဝါးများမရှိရပါသနည်း။ စာသင်ခန်းများတွင် သောက်ရေအိုးဖိုး၊တံမြက်စည်းဖိုးများမှအစ ကလေးငယ်များထံမှ ပိုက်ဆံကို ဆရာ၊ဆရာမများ အလှူခံနေရပါသနည်း။လမ်းမများပေါ်တွင် တောင်းစားရသူ ကလေးငယ်လေးများ၊ အမှိုက်ကောက်ကလေးငယ်လေးများ အ ဘယ်ကြောင့် များလာရပါသနည်း။စားစရာဆန်မရှိ၍ ထမင်းရေ ဝယ်သောက်နေရသူများ အဘယ်ကြောင့် များလာရပါသနည်း။ နိုင်ငံတော်ငွေများ ဘယ်ရောက်ကုန်ပါသနည်း။


ငယ်စဉ်ကတော့ အဂ္ဂိရတ်သမားများ ဖိုထိုးပြီး ရွှေရသည်ဟု ကြားရလျှင် စာရေးသူမှာ သိပ်မယုံချင်လှ။ယခု မျက်ဝါးထင်ထင်ဆိုတော့ ယုံရလေပြီ။ နအဖတို့၏အဂ္ဂိရတ်ဖိုများသည် ရွှေတင်မဟုတ်ပဲ၊ စိန်များ၊ရတနာများပင် ထွက်လေသည်။ စစ်အုပ်စုနှင့် အပေါင်းအပါ ခါတော်မှီသူဌေးများထံတွင် စိန်များ၊ရတနာများတင်းတောင်းပြည့် ထွက်လာဖို့ ပြည်သူတို့၏ သွေး၊ချွေး၊မျက်ရည်စက်များကို စတေးနေကြလေသည်။


ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းများမှ ရရှိလာသောဝင်ငွေများ မည်သည့်နေရာများသို့ ရောက်သွားခဲ့သည်ဆိုသည်မှာ အဖြေကတော့ ရှင်းနေပါသည်။ ကမ္ဘာလှည့် ခရီးသည်များ မြန်မာပြည်သွားသင့်၊ မသွားသင့်၊ မသွားရန် ပိတ်ဆို့ခြင်းလုပ်သင့် မလုပ်သင့် ဆိုသည်ကတော့ မိမိတို့၏ ကိုယ်ပိုင်စိတ်ထား တန်ဖိုးထားမှု နှလုံးသားများဖြင့်သာ စပ်ဆိုင်ပါသည်။


လူအမျိုးမျိုး၊ စိတ်အထွေထွေဆိုသည်က ရှိတတ်ကြပါသည်။ 'အိမ်ကိုဧည့်သည် လာသည်ပဲ။ ဧည့်ခန်းကို လှလှပပ ပြင်ထားရင်ပြီးရောပေါ့။ မြေတိုက်ထဲက အကျဉ်းသားတွေကိစ္စ၊ အိမ်နောက်ဖေးက အလုပ်သမားတွေ အစာမစားရတဲ့ကိစ္စ၊ တချို့အိမ်သားတွေ ငတ်နေတဲ့ကိစ္စ၊ ဧည့်သည်တွေဆီကရတဲ့ ပိုက်ဆံကို အိမ်အတွက်မသုံးပဲ အိတ်ကပ်ထဲထည့် ဖျောင်ပစ်တဲ့ကိစ္စ မီးဖိုချောင်မှာ ယင်တလောင်းလောင်းနဲ့ ညစ်ပတ်ပေရေနေတဲ့ကိစ္စ၊ အိမ်ခန်းတွေထဲမှာ အေအိုင်ဒီအက်စ် ရောဂါသည်တွေ ပြည့်နှက်နေတဲ့ ကိစ္စတွေဟာ ဧည့်သည်တွေ သိဖို့မလိုပါဘူး။သိအောင် လုပ်နေတဲ့ လူတွေကသာ အဖျက်သမားတွေ'ဟူ၍ ဆိုနေကြသူ အိမ်သားများရှိသလို၊ 'သူတို့ဟာ သူတို့သေတာ၊ ငတ်တာ ငါတို့နဲ့ ဘာမှမဆိုင်၊ ငါတို့ဘာသာ အပန်းဖြေ အနားယူချင်လို့သွားတာ။ ဧည့်ခန်းလှနေရင်ပြီးတာပဲ'ဆိုသူ ဧည့်သည်များကလဲ ရှိသည်ဆိုတော့ မြန်မာပြည် အလည်သွားသင့်၊ မသွားသင့်ဆိုသည်မှာ ဆုံးဖြတ်သူများ၏ စိတ်ထားများနှင့်သာ ပတ်သက်ပါသည်။


'ဧည့်ခန်း'ကိုသာ လှအောင်ပြင်မည်ဆိုသော အိမ်သားများအား တစ်ခုတော့ပြောချင်ပါသည်။ ဧည့်သည်များထဲတွင် ဇိမ်ခံချင်သူများသာမကပဲ အခြေအနေမှန်ကို လက်တွေ့လေ့လာချင်သူများလဲ ပါသေးသည်ဆိုသော အချက်ကိုပင်ဖြစ်သည်။ လူတစ်ယောက်၏ မျက်လုံးများကို မျက်မှန်စိမ်းတပ်၍ ရချင်ရပါမည်။ လူတစ်ယောက်၏ နားများကို တခဏတာပိတ်ထား၍ ရချင်ရပါမည်။ သို့ပေမယ့် လူတစ်ယောက်၏ ဦးနှောက်နှင့် အသိဉာဏ်ကို သင်းကွပ်၍မရပါ။ ပို၍ခက်သည်က ကိုယ်ချင်းစာနာစိတ်ရှိသော၊ လူပီသသော နှလုံးသားများကို ရာထူးအာဏာ အခွင့်အရေးများပေး၍ ဆွဲဆောင်သိမ်းသွင်း၍ မရခြင်းပင်ဖြစ်သည်။ အမှန်တရားကို မည်သည့်အရာနှင့်မျှ ဖုန်းကွယ်၍ ရမည်မထင်ပါနှင့်။


မည်သို့ဆိုစေ၊ 'ဧည့်ခန်း'သာမက အိမ်တစ်အိမ်လုံး သာယာလှပရေးအတွက် ကျွနိုပ်တို့ အားလုံး၌ တာဝန်ရှိပါကြောင်းနှင့်၊ အိမ်ကြီးကို အရုပ်ဆိုးအကျည်းတန်အောင် ပြုလုပ်နေသူများကို အမြန်ဆုံး ဖယ်ရှားသင့်ပါကြောင်း ပြောကြားရင်းဖြင့် နိဂုံးချုပ်ပါမည်။


ခင်မမမျိုး (၁၆၊ ၁၂၊ ၂၀၀၆)

You received this email because you are subscribed to the real_time feed for http://khinmamamyo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Shwe Gyan's ပြောပါရစေရှင် ...] 1 New Entry: ရွှေဂျမ်းလုပ်ပုံ ငရုတ်ဆုံ

ရွှေဂျမ်းလုပ်ပုံ ငရုတ်ဆုံ

ဒီနေ့ အသိအိမ်က ဖိတ်လို့ ထမင်းသွားစားတယ်။ တစ်ခါတစ်လေလေး အိမ်ချက် မြန်မာထမင်းဟင်း စားရလို့လားမသိ စားလို့ကောင်းပါဘိခြင်း။ သူတို့ ထမင်းစားပွဲမှာ ထိုင်ထိုင်ချင်း ဒါလေးက ချဉ်ပေါင်ကြော်လား၊ ဒါလေးက ခေါက်ဆွဲကြော်လား လုပ်ရင်းနဲ့ ဒီပန်းကန်ထဲကဟာလေးက ပုံးရည်ကြီးဟင်းလားလို့ မေးမိတော့ အိမ်ရှင်တွေက ရီလိုက်ကြတာ။ မျက်စိက မွဲမွဲနဲ့ ခပ်မည်းမည်း အနှစ်တွေလို တွေ့တော့ မှန်းပြောလိုက်တာ လွဲသွားပါလေရော။ ပုန်းရည်ကြီး မဟုတ်ဘူး brownies တဲ့။ ဖြစ်ရမယ်။ ဒီချက်ပုံက ဆန်းတယ်လို့ ထင်တော့ ထင်သား။ ပုန်းရည်ကြီးဟင်းထဲက ဖြူဖြူ အတုံးလေးတွေက ဘာပါလိမ့်လို့လေ။ brownies ပေါ်က marshmallow အတုံးလေးတွေတဲ့။

ကျွန်မလည်း မလင်းနဲ့ တွဲမိတာ မဆန်းဘူး။ တစ်ခါတစ်လေ လွဲချက်က ကမ်းကုန်တယ်။ တစ်ခေါက်က မဂိုလမ်းထဲမှာ ချစ်တီးထမင်းသွားစားပြီး အပြန် ကွမ်းယာဆိုင်လေးတွေရှေ့က ဖြတ်လျှောက်တော့ အစ်မလုပ်တဲ့လူက အပျော်ကွမ်းယာ ၀ယ်စားကြည့်ရအောင်တဲ့။ ကွမ်းယာဆိုင်တွေကလည်း တန်းကိုစီလို့။ ရေခဲစိမ်ကွမ်းယာဆိုပဲ။ ကွမ်းရွက်လေးတွေ အစီအရီဖြန့်ခင်းထားတာ မစားတတ်တဲ့လူတောင် စားချင်စရာ။ ကွမ်းရွက်ပေါ်မှာ ချထားတဲ့ အဆာပလာတွေ ပေါ်မှာ ဖြူဖြူအတုံးလိုလို အဖတ်လိုလိုလေးတွေ။ အော် ရေခဲစိမ်ကွမ်းယာ ဆိုတော့ စိတ်က ရေခဲဆီရောက်ပြီး ရေခဲတုံးလေးတွေ ထည့်ဝါးတာလားလို့ မေးမိတော့ ကွမ်းယာသည်က အစ်မ အဲဒါ ကျောက်ဖရုံယိုတဲ့။

နောက်တစ်ခါကျတော့ ရန်ကင်းကြေးအိုးမှာ သွားစားကြတုန်းကပေါ့။ စားပွဲထိုးကောင်လေးကို တစ်ယောက် တစ်မျိုး ၀ိုင်းမှာနေကြရင်း ဘေးက ကျွန်မတူလေးက ၀က်သားနဲ့ ကြေးအိုးဆီချက် ဦးဏှောက်မပါလို့ မှာလိုက်တယ်။ ကျွန်မအလှည့်ကျတော့ အားကျမခံ အစ်မအတွက်ကတော့ ကြက်သားနဲ့ ကြေးအိုးဆီချက် ဦးဏှောက်မပါ လို့ အားရပါးရမှာလိုက်တာ စားပွဲထိုးက ကြက်သားနဲ့ဆို ဦးဏှောက်မပါဘူး အစ်မဆိုတော့မှ မှာတာ အရှိန်လွန်သွားမှန်း သိလိုက်ရတယ်။ အဲဒီကတည်းက ကြေးအိုးဆိုင်သွားတိုင်း သတိထားမှာ ဖြစ်တော့တယ်။

နောက်တစ်ခါ စကော့ဈေးမှာ အစ်မတစ်ယောက်နဲ့ ဈေးသွားဝယ်ကြတယ်။ ဗေဒင်တွေအတူ သွားမေးဖူးတဲ့ အစ်မပဲပေါ့။ မြန်မာပြည်ကအပြန်လက်ဆောင်ပေးဖို့ ရွှေချည်ထိုးတွေ သွားဝယ်ကြတာ။ မှီအုံးစွပ်ပေါ်မှာ မြင်းပုံတို့ မင်းသမီးပုံတို့ ကိန္နရီပုံတို့ ရွှေချည်ထိုးထားတာလေးတွေက သယ်ရတာ သိပ်မလေးလွန်းသလို မြန်မာ့ လက်မှုပစ္စည်းအဖြစ် လက်ဆောင်ပေးလို့လည်း ကောင်းတယ် မဟုတ်လား။ အစ်မနဲ့ နှစ်ယောက်သား ပုံမျိုးစုံတွေ ရွေးကြ ဈေးဆစ်ကြလုပ်နေရင်းနဲ့ အပေါ်နားမှာ ချိတ်ထားတဲ့ တစ်ခုကိုတွေ့တော့ ဆိုင်ရှင်ကို ကျွန်မက မေးလိုက်တယ်။ ဒီကြက်ပုံလေးကရော ဘယ်လောက်လဲလို့။ ဆိုင်ရှင်က မျက်နှာထားတင်းသွားပြီး အဲဒါ ဒေါင်းဆို ခပ်ဟောက်ဟောက်ပြောတော့မှာ မှားပြန်ပဟဲ့ဆိုပြီး ခပ်သွက်သွက်ဝယ်ရင်း ထွက်ခဲ့ရတယ်။ ဈေးရုံအပြင်ရောက်တော့ အစ်မက ရယ်ရင်း နင်လုပ်လိုက်ရင်လေ ဒေါင်းတောင် ကြက်ဖြစ်ရရှာတယ်ဆိုပြီး ပြောပါလေရော။ သူတို့ ရွှေချည်ထိုး ဒီဇိုင်းက ဒေါင်းနဲ့မှ မတူတာကိုး လို့။
ဒီပို့စ်ကို ရွှေဂျမ်းလုပ်ပုံ ငရုတ်ဆုံဆိုပြီး ခေါင်းစဉ်တပ်လိုက်တာကတော့ လုပ်လိုက်ရင် တလွဲဖြစ်တတ်တာလေးတွေ ပြန်သတိရပြီး ရယ်နေမိလို့ပါ။

You received this email because you are subscribed to the real_time feed for http://shwegyan.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ရှင်ရဲထွတ်] 1 New Entry: စင်္ကာပူ၌ ပွင့်သော ချယ်ရီ 2103

စင်္ကာပူ၌ ပွင့်သော ချယ်ရီ 2103

'' မိုင်ဆွန်ခ '' အားလုံးမင်္ဂလာပါ၊ မနေ့ညက 22th, november; 2008 ! ရက်နေ့၊ စင်္ကာပူနိုင်ငံတို့ ပုံစံမျိုးစုံဖြင့် ရောက်ရှိ နေကြသော ရှမ်း ညီအစ်ကို မောင်နှမများ၏ စည်းလုံးညီညွတ်ခြင်း အင်အားဖြင့် မကြာခင် ရောက်ရှိ လာတော့မည့် 07th, december; 2008 ! ရက်နေ့ ရှမ်းလူမျိုးစုများ၏ ရှမ်းသက္ကရာဇ် 2103 နှစ်ပြည့် ပွဲတော်အား စည်ကား သိုက်မြိုက်စွာဖြင့် ကျင်းပ ပြီးစီး ခဲ့ပါပြီ၊ ( ပွဲတော်ရက်အား အ ကြောင်း အမျိုးကြောင့် ကြိုတင်၍ ကျင်းပရ ပါ ကြောင်း ) သိရှိရပါသည်။ အ သေးစိတ်အား မပြောကြားလိုတော့ပါ။ ဤပွဲတော်အား စာရေး သူမှ ဧည့်သည်အနေဖြင့်သာ တက်ရောက်ခဲ့ပါသည်။ စာ ရေးသူ အနေဖြင့် ဤပွဲတော်အား ထိုင်ခုံ နံပါတ် J 28 မှ ထိုင်၍ ကြည့်ရှု့ရင်း မြင်ရ ထင်ရ ကြားရ သည်များကို စာဖတ်သူ များအား ပြန်လည် ဝေမျှပေးခြင်း မျှသာ ဖြစ်ပါသည်။

စာရေးသူ ပွဲတော်ကျင်းပသည့် နေရာ ( foochwe building ) တို့ မရှိမဲ့ ရှိမဲ့ အသပြာဖြင့်၊ လားရှိုးသား သူငယ်ချင်း လေးဦး ပေါင်း၍ ငတိုက် (ခ) taxi ဖြင့် အချိန်စော၍ ရောက်ရှိခဲ့ပါသည်။ ရှေးဦးစွာ ဧည့်ကြို ရှမ်းမချောချောလေး၏ '' မိုင် ဆွန်ခ '' နှုတ်ဆက်သံ ချိုချို လေးဖြင့်နားဝင်ပီယံ ဖြစ်ခဲ့ရပါသည်။ စာရေးသူ ငမ်းကြောဆွဲသည့် အကြောင်းတော့ မပြော ပြလိုတော့ပါ အဘယ့်ကြောင့်ဆိုသော် စာရေးသူမှာ အင်မတန် အရှက်အကြောက်ကြီးလှပါသည်။ ( ဤကား စကားချပ် ) ထို့နောက် ရွှေပွဲလာသူ ဧည့်ပရိတ်သတ်များအား ရှမ်းစတိုင် စားစရာ ပါကင်ထုပ်များဖြင့် ဧည့်ခံပါသည်။ စားစရာများမှာ ( ကောက်ညှင်းပေါင်း၊ ငါးပေါင်း၊ နမ့်ဖစ်ထောင်း၊ တိုဟူးကြော်၊ ကြက်အူချောင်း ) စ သည့် စားကောင်းသောက်ဖွယ်များဖြင့် ဧည့်ခံသည်မှာ စားလို့ အင်မတန်မှ ကောင်းလွန်းလှပါသည်၊ မည်သူမည်ဝါ ချက်မှန်း မသိ သော် ငြားလည်း အမှတ် ပြည့် ပေးမိပါသည်။ ( ချက်ကြီး မြှောက်မသွားပါနှင့်ဦး )

ဟုတ်ကဲ့... ရွှေပွဲလာ ပရိတ်သတ်များလည်း တဖွဲဖွဲရောက်ရှိလာကြပါလေသည်။ ရှမ်းလူမျိုးများ သာမက စင်္ကာပူရောက် မြန်မာလူမျိုး တော်တော်များများ လာရောက်အားပေး ကြတာကိုလည်း မြင်တွေ့ရပါသည်။ ရှေးဦးစွာ ရွှေပွဲလာ ပရိတ် သတ်များအား နှုတ်ခွန်းဆက် မင်္ဂလာစကား အားပြောကြား၍ ရောက်ရှိလာမည့် ရှမ်းသက္ကရာဇ် 2103 မှသည် ကမ္ဘာ တည် သရွေ့ တည်ပါစေသော် ဆိုသည့်အညီ တောင်းဆု မေတ္တာ ပို့သ၍ ဤရှမ်းနှစ်သစ်ကူး ပွဲတော်အား စတင်၍ ဖွင့်လှစ် ကြောင်း ကြေငြာသံ ဆုံးသည်နှင့် တပြိုင်နက် လက်ခုပ်သံ များသည် ခန်းမကြီး တစ်ခုလုံး ပေါက်ကွဲလုခမှန်း ဟိန်း ဟိန်း နှင့် ထွက်ပေါ်လာသည်မှာ စာရေးသူ အနေနှင့် ကြက်သီးများပင် ထမိလေ သည်။

ပထမဆုံး အစီအစဉ်မှာ ရှမ်းမောင်နှမများ၏ စုပေါင်းနှစ်ကူး မင်္ဂလာသီချင်းဖြင့် ဖျော်ဖြေ၍ အိုးစည်ဗုံမောင်း မြိုင်ဆိုင်စွာနှင့် ဓါးသိုင်းအက ကို တင်ဆက်သွားသည်မှာ အင်မတန်မှ ရှု့စားရသည်မှာ ကောင်းလွန်းလှပါသည်။ ပြီးနောက် အထူး ဧည့် သည် အဖြင့်ဖိတ်ခေါ်ထားသောကွယ်လွန်သူ ( စိုင်းထီးဆိုင် ) ၏ ညီငယ် စိုင်းအောင်ထီးခမ်း မှ အစ်ကို ဖြစ်သူ၏ သီချင်း များကိုသာ ဦးစားပေး၍ ဖျော်ဖြေ တင်ဆက်သွား သည်ကို နားဆင်ရပါသည်၊ ပရိတ်သတ် လက်ခုပ်သံမှာ အားရလွန်း လှ ပါဘိ။( အားပေးနေကြသော ရှမ်းမလေးများမှာလည်း ချောလှပါဘိ ဤကား စကားချပ်။ )

စိုင်းအောင်ထီးခမ်း သီဆိုဖျော်ဖြေမှု အပြီးတွင် ကိုကို ကာလသား ပရိတ်သတ်တို့မှာ မျက်လုံးကြီးတွေ ပြူးလို့ သရေတွေ ကျကာ အားပေး လိုက်ကြသည်မှာ အချိုးအဆစ်ကျသော ခန္ဓာ၊ လှပသော အသားအရေ၊ ရဲတင်းသော ၀တ်စား ဆင် ယင် မှု၊ သွက်လက်သော ကဟန်ဖြင့် '' ဒါလေးများ '' ပိုင်ရှင် တင့်တင့်ထွန်း၏ သီဆိုဖျော်ဖြေမှုမှာ အားရဖွယ်ကောင်းလေစွ၊ ကောင်းလေစွ၊ ( ဓါတ်ပုံနှင့် ဗီဒီယို ဖိုင်ရှိသည်၊ မပေးပါ ) စိုင်းအောင်ထီးခမ်းမှ စကားပြောနည်းသည်က တစ်ကြောင်း ဤ ပွဲကို မတင့် တော်တော်လေး ထိန်း၍ ခေါ်ဆောင်သွားသည်ကို မြင်တွေ့ရသည်။

ရှမ်းမမများ ကသွားသည့် မိုင်းယန်းအကမှာလည်း လက်ခုပ်သံ တော်တော်ညံ သွားပါသည်။ ပြီးနောက် (ဆစ်ဆောင် ပန်း နား ) အကမှာ ပရိတ်သတ် ကင်မရာမီးများ လျှပ်စီးများလို တဖျက်ဖျက်နှင့် အားပေးမှု တော်တော်ရလိုက်ပါသည်။ (လှလည်း တော်တော် လှကြပါသည် ) မတွေ့ရ မမြင်ရ မကြည့်ရတာ ကြာပြီဖြစ်သော တိုးနယား အကမှာလည်းစာရေးသူ ငယ်စဉ်ဘ၀ကို ပြန်လည် အမှတ်ရစေခဲ့ပါသည်။ ( ကခဲ့ဖူးပါသည် )

ထပ်မံပြီး စိုင်းထီးဆိုင်ရဲ့ သီချင်းများကိုသာ အဓိက သီဆိုသွားသော၊ စိုင်းအောင်ထီးခမ်း၏ သီဆိုဖျော်ဖြေမှုမှာလည်းပရိတ် သတ်များ အမိမြေကို လွမ်းကြမည်မှာ မလွဲနိုင်ပါ။ မတင့်၏ ဒုတိယ အကျော့ ဖျော်ဖြေမှုမှာ ဂျင်းဖစ်နှင့် ချက်ပေါ်ဘလောက် ၀တ်စုံ ၀တ်ထားသော စတိုင်နှင့် အကနောက်သို့ ကိုကို ကာလသားများ ကောက်ကောက်ပါအောင် လိုက်သွားကြသည်။( စာရေးသူ မပါပါ၊ ကြည့်ရုံသာ ကြည့် သည် )


နောက်အစီအစဉ်တွင် မတင့် ရှမ်းမလေး ၀တ်စုံဖြင့် စင်ပေါ်တက်လာသည်မှာ အင်မတန်လှပါသည်၊ စာသားမရသောရှမ်း ပဲ ပုတ်လေး သီချင်းကို ရှမ်းမမတွေနှင့် ကပြ ဖျော်ဖြေသွားသည်မှာလည်း ဘ၀င်ခိုက်စရာပင်၊ ဤသီချင်း အဆုံးတွင်စာရေး သူ နေချင်သေးသော် ငြားလည်း နာရီမှ ခွင့်မပြုတော့၍ အိမ်အပြန်လမ်းသို့ စံမြန်းလို့တာ ခြေလှမ်းလိုက်ရတယ်။

စာရေးသူ ဤရှမ်းပွဲသို့ တက်ရောက်ကြည့်ရှု့ခွင့် ရလို့ စင်္ကာပူမှ ရှမ်းတိုင်းရင်းသား/သူ များအားလုံးနှင့် တကွပါဝင် ကူညီ သော မိတ်ဆွေများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။ စာရေးသူ အကြိုက်ရဆုံးသော အစီအစဉ်များကို ဖော်ပြ လို ပါသည်။

(၁) မိုင်းယန်းအက
(၂) စိုင်းအောင်ထီးခမ်း၏ '' အမေ့ အေးရိပ် သားပြန်ခဲ့ပြီ၊ ပျောက်ဆုံးနေသော နိဗ္ဗန်ဘုံ ''
(၃) မတင့်၏ အစီအစဉ်များ အားလုံး သီချင်းမပါ အကများသာ
(၄) ဆစ်ဆောင်ပန်းနား
အခြား အစီအစဉ်များလည်း ကောင်းပါသည်။

နောင်နောင်သော နှစ်များတွင်လည်း ဤကဲ့သို့ ဤထက်သို့ ဆထက်ကောင်းမွန်သော အစီအစဉ်များ ဖန်တီးနိုင်ပါစေ၊ live show အခွေများလည်း မကြာသော အချိန်တွင် ရှမ်းတောင်တန်း ( ပင်နီဆူလာ ) ဆိုင်တွင် ၀ယ်ယူ အားပေးနိုင်ပါကြောင်း၊ အားလုံးပဲ မိုင်ဆွန်ခပါ

မှတ်ချက်... ရှမ်းမလေးများ တော်တော်ချောပါသည်။ ခင်လို မင်လိုသော ကိုကို ကာလသားများ စာရေးသူထံ အပူကပ်နိုင်ပါသည်။ ( ဤကား စကားချပ် ဖုန်းဆက်လိုက်ပါ )။

You received this email because you are subscribed to the real_time feed for http://saishinyehtut.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.