Tuesday, December 16, 2008

[KyiMayKaung] 11 New Entries: Pilot to Bombardier by Kyle Dargan -- in FPIF

Pilot to Bombardier by Kyle Dargan -- in FPIF



Sha Sha (Kill! Kill! Battle cry of the Boxers during the Boxer Rebellion,) painting and photo copyright Kyi May Kaung


http://www.fpif.org/fpiftxt/5718

"Pilot to Bombardier
are the boulevards burning?"

used clothing by the pound in Poland

http://www.nytimes.com/2008/12/14/world/europe/14warsaw.html?th&emc=th

Parting gift from George W. Bush --

http://www.nytimes.com/2008/12/14/opinion/14egan.html?th&emc=th

An interesting article from 1958, by famous Burmese poet Zawgyi (the late U Thein Han) on Burmese art --

http://www.theatlantic.com/doc/195802/burma-contemporary-art

Burma message from Edith Mirante and Scott Bateman on salon.com

http://www.salon.com/ent/video_dog/politics/2008/05/22/bateman_burmarap/index.html

Edith Mirante drew attention to Burmese human rights abuses in the early 90s, before anyone else did, distributing xerox copies of reports, some of which she wrote herself, with her mother as her only helper.

Bravo Edith, you give us Strength.

Ashin Kovida -- from Switzerland, on Buddhism and politics --

http://ashinkovida-swiss.blogspot.com/2008/08/buddhism-and-politics.html

Apparently, this is not the same U Kovida who fled Burma after being one of the leaders of the Saffron Revolution.

It's a good blog, I hope he writes more.

Friend of Burma -- Simon Billeness -- mugged in DC

http://simonbillenness.blogspot.com/

Get a fake wallet or money clip,keep a few dollars in it, throw in direction of muggers and flee in other direction.

I knew this, from police instructor, in Philadelphia, but have not thought about it lately.

They also told me, if raped, don't fight. Remember things about the rapist. Don't wash afterwards. Call 911 when rapist gone.

Walk with hand in pocket and with confidence.

Cross street if see gang approaching. Be aware of surroundings.

Walk in well lighted areas.

Don't take short cuts.

World's greatest blogger -- Arianna Huffington, on blogging --

http://www.labnol.org/internet/blogging/arianna-huffington-on-blogging/5897/

"Blogging is good, if like me you have a strong accent. I am much better understood on my blog."

Arianna Huffington

Jewelry made by Alexander Calder --

http://www.nytimes.com/slideshow/2008/12/12/arts/1212-CALD_index.html

Josh Groban sings"Vincent," "Imagine" etc

http://www.youtube.com/watch?v=opKBF5q7mks&feature=related

Madoff billion $ Ponzi scheme --

http://www.nytimes.com/2008/12/13/business/13investors.html?th&emc=th

Don't keep all your eggs in one basket!

You received this email because you are subscribed to the real_time feed for http://kyimaykaung.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကြုံဆုံမိသမျှ] 2 New Entries: i wanna fuk wants to be your loyal fan

i wanna fuk wants to be your loyal fan

Hi kkwinmoe.kkwinmoe!

i wanna fuk wants to be your loyal fan!

Automatically sign in to view i wanna fuk's profile and/or photo, and accept or reject her fan request.
You can change the frequency of this type of notification. Visit our Terms of Service or Privacy Policy.
FanBox - 255 G Street #723, San Diego, CA 92101, USA

psuarez02 wants to be your loyal fan

Hi kkwinmoe.kkwinmoe!

psuarez02 wants to be your loyal fan!

Automatically sign in to view psuarez02's profile and/or photo, and accept or reject her fan request.
You can change the frequency of this type of notification. Visit our Terms of Service or Privacy Policy.
FanBox - 255 G Street #723, San Diego, CA 92101, USA

You received this email because you are subscribed to the real_time feed for http://kkwinmoe.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Better Tomorrow] 2 New Entries: နှစ် ၆၀ ပြည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ သဘောထားထုတ် ပြန်ကြေညာချက်

နှစ် ၆၀ ပြည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ သဘောထားထုတ် ပြန်ကြေညာချက်


မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်အနေဖြင့် နအဖ ၏ လူ့အခွင့်အရေးချိုးဖေါက်မှုများနှင့် တိုင်းပြည်ကို တရားဝင် စစ်ကျွန်ပြုရေး လုပ်ငန်းစဉ်များကို ပြင်းထန်စွာ ကန့် ကွက်ရှုံ့ချကြောင်း အနှစ် ၆၀ မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ တွင် ကြေငြာ အပ်ပါသည်။
ဗိုလ်သန်းရွှေ ဦးဆောင်သည့် န၀တ တဖြစ်လဲ နအဖ စစ်အုပ်စုတို့ သည် မိမိတို့  အာဏာတည်မြဲရေးနှင့် တိုင်းပြည်ကိုတရားဝင်စစ်ကျွန်ပြုရန် အလို့ ငှာ ပရမ်းပတာ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး ခေါင်းဆောင်များ၊ ကိုမင်းကိုနိုင်နှင့်တကွ (၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ လူ့အခွင့်အရေး လှုပ်ရှားသူများကို နစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်း၊ ပေါ်တာဆွဲခြင်း၊ အတင်းအဓမ္မ လုပ်အားပေးစေခိုင်းခြင်း၊ နယ်စပ်ဒေသမှ တိုင်းရင်းသားလူမျိုးစုများအပေါ်တွင် မတရားထိုးစစ်ဆင်ခြင်း၊ ရွာများမီးရှို့ ခြင်း၊ လူသတ်ခြင်း၊ မုဒိန်းကျင့်ခြင်း၊ စသော ရက်စက်ရမ်းကား ယုတ်မာမူများကို နှစ်ပေါင်း(၂၀)နီးပါး ထပ်ခါတလဲလဲ ကျူးလွန်ခဲ့ကြသည်။

ဗိုလ်သန်းရွှေအနေနှင့် စေ့စပ်ရေးဆွေးနွေးရန် တောင်းဆိုချက်များကို ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် လျစ်လျုရှု၍၊

၁၉၉၀ မေလရွေးကောက်ပွဲ ရလဒ်ကို ပစ်ပယ်၍ ပြည်သူလူထုတရပ်လုံး၏ သဘောဆန္ဒကိုဆန့်ကျင်ပြီး၊ လာမည့် ၂၀၁၀တွင် ရွေးကောက်အသစ်ထပ်မံပြုလုပ်ရန် ကိုယ်တိုင်ထုတ်ဖေါ် ပြောကြားချက်များကိုလည်း ကျွန်ုပ်တို့ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်နှင့် ကန့်ကွက်ကြောင်းဖေါ်ပြအပ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် ယနေ့စုပေါင်း ပြုလုပ်သည့် နအဖစစ်အုပ်စုအား ဆန့်ကျင်ရှုံ့ချ ဆန္ဒပြပွဲများမှတဆင့် စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ လုံးဝ ပျောက်ကွယ်သွားစေမည့် အဆုံးအဖြတ်တိုက်ပွဲ (၀ါ) စစ်ဗိုလ်ချုပ်များအတွက် သေမင်းတမန် စိန်ခေါ်တိုက်ပွဲ ကိုလည်း မြန်မာနိုင်ငံတဝှမ်းတွင် နအဖ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မှီ အကောင်အထည်ဖော် တိုက်ပွဲဝင်သွားနိုင်ရန် တစိုက်မတ်မတ် ကြိုးပမ်းသွားမည်ဖြစ်သည်။

သို့ဖြစ်ရာ နအဖ စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်မှ အပြီးအပိုင် သုတ်သင်ဖယ်ရှားနိုင်ရန် ပြည်သူတရပ်လုံးက ပူးပေါင်းပါဝင်လာရေးမူ အပေါ်တွင် အခြေခံသည့် လိုအပ်သောလုပ်ငန်းစဉ်များအားလုံးကို စနစ်တကျ ချမှတ်လုပ်ဆောင် သွားကြမည်ဖြစ်သည်။ သမိုင်း၏ တောင်းဆိုချက်ဖြစ်သော မြန်မာ့မျိုးဆက်သစ်များ အခြေခံလူ့အခွင့်အရေး အပြည့်အ၀ခံစားခွင့် ရရှိစေရေး၊ တိုင်းရင်းသားပြည်သူများအားလုံး တရားဥပေဒေနှင့် အကာအကွယ် ရရှိစေရေး စသည့် ရည်မှန်းချက်များကို ရှေးရှူ၍ အောင်ပွဲရသည်အထိ တိုက်ပွဲဝင်သွားရန် ကျွန်ုပ်တို့အားလုံး စုပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကြေငြာအပ်ပါသည်။

ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံ၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဂျပန်နိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးနှင့်

နိုင်ငံတကာအဖွဲ့အစည်းများမှလည်း၊ မြန်မာပြည်သားများ လွတ်လပ်မှု၊ တရားမျှတမှုနှင့် လူ့အခွင့်အရေးများ ခံစားခွင့်ရရှိပြီး၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ထွန်းကားသည်အထိ နအဖ စစ်အာဏာရှင်တို့အပေါ်တွင် ထိရောက်သည့် အရေးယူမူများအား ဆက်လက်လုပ်ဆောင်ပေးကြပါရန် အလေးအနက်တောင်းဆိုအပ်ပါသည်။


တရားမဝင် စစ်အုပ်စုဖယ်ရှားရေး ---- (ဒို့အရေး၊ ဒို့ အရေး)


ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး --- (ဒို့အရေး၊ ဒို့အရေး)


တရားဈင်ပြည်သူ့ အစိုးရ ပေါ်ပါက်ရေး ---- (ဒို့အရေး၊ ဒို့အရေး)


အဖိနှိပ်ခံပြည်သူလူထု လွတ်မြောက်ရေး အရေးတော်ပုံ (အောင်ရမည်၊ အောင်ရမည်)

"ဆေးရုံသို့ တစ်ခေါက် လှေလုပ်သားတစ်ယောက်"


ကိုယ့်ဖါသာကိုယ် တာဝန်မကျေဘူးရယ်လို့ရင်ထဲမှာဖြစ်ပေါ်ခံစားလာရတယ်။ အဲလိုခံစားလာရတိုင်းအိပ်မပျော် ဖြစ်ရတဲ့ ညတွေမှာ ဒီတစ်ညလည်း ထပ်တိုးရပါတယ်။ နေ့စဉ်မှတ်တမ်းလည်း ထရေးမိပါတယ်။ ဧပြီလလောက် ကတည်းက ရွာလိုက်တဲ့မိုးက အောက်တိုဘာလလည် လောက်ထိကို မပြတ်သေး။ ရွှေ့ ပြောင်းမြန်မာအလုပ် သမားများကြားမှာ ငွေအရများတဲ့ ရာဘာခြံအလုပ်သမားများတောင် မိုးကြောင့် လုပ်ရက်နည်း၊ ရာဘာဈေးထိုး ကျနဲ့ သိပ်အစဉ်မပြေချင်တော့။ ၀င်ငွေနည်းတဲ့ အခြားအလုပ်သမားများ အတွက်တော့ ပြောဖွယ်မရှိ။ စားဖို့တောင် သိပ်အစဉ်မပြေချင်တော့ ကျန်းမာရေးပြဿနာ ဖြေရှင်းဖို့က နည်းနည်း အလှမ်းဝေး လို့ နေပါသေးတယ်။ ဒီနေ့လည်း ဒုက္ခရောက်နေတဲ့ လူနာတစ်ဦးကို ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ ကြိုးစား ကူညီပေးဖို့ ဆေးရုံကို သွားခဲ့ပါတယ်။ တစ်ခုသော လူနာကုတင်မှာ လက်၊ နဖူးနဲ့ နောက်ကျောတွေ မှာ ဓါးဒဏ်ရာနဲ့ လူနာတစ်ဦးကိုပါ ထပ်တွေ့ခဲ့ပါတယ်။ မေ့ဆေးအရှိန်မပြေသေးပါဘူး။ လှေလုပ်သားတစ်ဦးဖြစ်ပြီး မနေ့ကမှ လှေကမ်းကပ်ခဲ့တာပါ။ လှေပေါ်ကအဆင်းမြေပြင်အရောက်မှာပဲ ထိုင်းလူမျိုးသုံးဦးကနေ ဓါးနဲ့ ၀ိုင်းခုတ်ခြင်းကို ခံခဲ့ရပါတယ်။ ဘယ်သူတွေလည်း ဘာအကြောင်းကြောင့်လည်း သိအောင်မကြိုးစားနိုင်ခင် ရထားတဲ့ ဒဏ်ရာတွေကို ကုသဖို့အတွက် နီးစပ်ရာ ခူရဘူရီဆေးရုံကို တတ်ရောက်ခဲ့ရပါတယ်။ နောက်တော့ အရိုးထိအောင် နက်လှတဲ့လက်ကဒဏ်ရာကြောင့် တကောပါဆေးရုံကြီးကို လွဲပြောင်းကုသခဲ့ရပါတယ်။ လူနာစောင့်မရှိ မေ့ဆေးအရှိန်နဲ့ အိပ်မွေ့နေတဲ့အတွက် အနားယူအိပ်စက်နိုင်အောင် ထပြန်လာခဲ့ပါတယ်။ ရင်ထဲမှာ မကောင်းမြန်မာလူမျိုးအားလုံးကို သိအောင်ပြောပြချင်ပါတယ်။ အခုလိုဖြစ်ရပ်တွေဟာ အခုလည်း ဖြစ်ခဲ့ပါတယ် အရင်ကလည်း ဖြစ်ခဲ့ပါတယ် နောင်လည်းဖြစ်နေအုံးမှာပါ။ လှေလုပ်သား အများစုကရေထဲမှာ အချိန်ပြည့်နေသူတွေဆိုတော့ အများစုက အလုပ် လုပ်ကိုင်ခွင့်လက်မှတ်တွေ မရှိပါဘူး။ ဒီအတွက်လည်း ရဲတိုင်ဖို့တို့ လျော်ကြေးတောင်းဖို့ ဆိုတာတွေ မလုပ်နိုင်ပါဘူး။ မတရားအပြုခံသူတွေရယ်လို့ သတ်မှတ်ပြီး စာနာထောက်ထားမှုကို ဆေးရုံဆေးဝန်ထမ်းအများစုဆီကနေ မရခဲ့ပါဘူး။ ငွေပေးနိုင်မှ ဆေးပေးတာပါ။ မပေးနိုင်လို့ ရှိရင် ရဲတိုင်မယ် ဖမ်းခိုင်းမယ်ဆိုတာ ကလည်း လက်သုံးစကားပါ။ (တကယ်လည်း ဖမ်းခိုင်းပါတယ်) ကိုယ့်မြန်မာတွေ အဲလိုခံစားနေရတဲ့ ဝေဒနာတွေကိုလည်း အပြည့်အ၀မကူပေးနိုင်ပါဘူး။

(16.10.08 ရက် နေ့စဉ်မှတ်တမ်းကို ဖော်ပြခြင်းဖြစ်ပါတယ်။ လူအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ။)


You received this email because you are subscribed to the real_time feed for http://tomorrowplan.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကိုရင်နော်ခင်လေးငယ်] 1 New Entry: လှတဲ့.. ဇာတ်သိမ်း

လှတဲ့.. ဇာတ်သိမ်း

ဆောင်းလေအဝှေ့မှာ ချမ်းစိမ့်တက်လာတဲ့ အသိကအတွေးထဲ ရောက်အလာ ကိုယ်မှာ ကပ်နေတဲ့ သားရေဂျာကင်ဇစ်ကို လည်ပင်းအထိ ဆွဲတင်မိလိုက်တယ်..။ သြော်.. နှင်းတွေတောင် ခပ်စိပ်စပ်ပိုသဲလာပြီဘဲ...။ ခေါင်းမှာဆောင်းထားတဲ့ ဦးထုပ်လေးကို နားနှစ်ဖက်ဖုံးတဲ့အထိ ခပ်ဖိဖိပြင်ဆောင်း မိပြန်တယ်.. လက်အိပ်တွေအောက်မှာ မြုပ်နေတဲ့ နာရီကို ကြည့်မိတော့ ၃မိနစ်လိုနေသေးတယ်... အချိန်ကို တိကျ လွန်းတဲ့ သူရောက်လာတော့မှာပါ...။

ကျမရပ်နေတဲ့ လမ်းဘေးက ခုံတမ်းရှည်တွေပေါ်မှာ သစ်ပင်က ဖြာကျလာတဲ့ မီးရောင်စုံလေးတွေက မှတ်တုတ်မှိတ်တုတ်နဲ့...။ သီချင်းသံမဟုတ်တဲ့ တေးသွားနဲ့ တီးလုံးသံလေးတွေက နားထဲကို တိုးဝင်လာလိုက် ထွက်ပြေးသွားလိုက်.... ခေါင်းကိုမော့ပြီး ကောင်းကင်ကို ကြည့်မိတော့ နှင်းမှုန်တွေက မျက်နှာပေါ်ကို အပြေးအလွှား တွယ်ကပ်ရောက်လာကြတယ်... ခပ်ပြားပြား ကားအမည်းလေးတစ်စီး တုန့်ကနဲ အရပ်မှာ မော့ထားတဲ့ခေါင်းကို ပြန်ချမိတယ်.. နေမင်းဟန်...!! သူက ကားထဲကနေဘဲ သူ့ကိုယ်ကိုငဲ့ပြီး ကျမဖက်အခြမ်း ကားတံခါးကို ဖွင့်ပေးရင်း..

"မင်္ဂလာပါ... မငယ်.. ကိုယ်နောက်မကျပါဘူးနော်..."
"ဟင့်အင်း.. ကျမ၃မိနစ်ပဲ စောရောက်နေတာပါ ကိုနေမင်း..."

ကားထဲက အပူပေးစက် အနွေးကြောင့် ကျမအတော် နေသာထိုင်သာရှိသွားတယ်..။

"ကိုယ်တို့ တစ်ခုခု သွားစားသင့်တယ်နော်"
"ကောင်းပါတယ် ကိုနေမင်း"

ထုံးစံအတိုင်း နေမင်းဟန် အသံက ရိုးသားမှုတွေနဲ့ တည်ငြိမ်လို့... များသောအားဖြင့် ကျမကို အလုပ်မှာရော အပြင်မှာပါ မေ လို့ခေါ်တတ်ကြတယ်.. အင်္ဂလိပ်စာလုံး May ဆိုတာ ကျမတို့ မြန်မာအသံထွက်တွေထဲမှာ ခေါ်ရမှတ်ရလွယ်တာလည်း ပါပါလိမ့်မယ်..။ စသိချိန်ကစလို့ မိတ်ဆွေသက်တမ်း တစ်လျှောက်လုံးမှာ နေမင်းဟန်ကို ကျမ "ကိုနေမင်း" လို့ခေါ်ခဲ့သလို ကျမကို "မေ" လို့ မခေါ်ဘဲ ကျမနံမည် နောက်ဆုံးစာလုံးကို "မ" ထည့်ပြီး "မငယ်" လို့ခေါ်တတ်သူပါ..။ စကားပြောတိုင်းလည်း ကိုယ်နဲ့မင်းလို့ သုံးနှုန်းတတ်သလို ပိုမိုးရင်းနှီတဲ့ မိတ်ဆွေတွေဖြစ်လာတဲ့ ခုချိန်အထိ ကျမကိုယ်တိုင်ကလည်း "ကျမ"လို့ဘဲ သုံးစွဲခဲ့ပါတယ်..။

သူ့က ကားထဲက MD Player ခလုပ်လေးကိုနှိပ်လိုက်တော့ ကျမနှစ်သက်တဲ့ Rock သီချင်းတစ်ပုဒ် ခုန်ထွက်လာတယ်.. အံ့သြမှုတွေနဲ့ သူ့ကိုငဲ့အကြည့် သူ့အပြုံးတစ်ခုကလှစ်ကနဲ... နေမင်းဟန်ဆိုတဲ့ သူဟာ ဘယ်တော့မှ ဆူညံညံ ပေါက်ကွဲသံစဉ်မျိုး နှစ်သက်တတ်သူမှ မဟုတ်တာ.. ကျမတို့ မိတ်ဆွေသက်တမ်း သုံးနှစ်ကျော်လာတဲ့အထိ သူ့ကားထဲမှာ ဒီလိုသီချင်းသံမျိုး ကြားရလေ့မရှိ.. ဒါဟာ ပထမဦးဆုံးအကြိမ်ပါဘဲ...။

ကျမတို့ တွေ့ဆုံချိန်တွေတိုင်း ပြောတတ်တဲ့စကားတွေကတော့... တစ်ခါတစ်လေ အလုပ်ထဲက ဖိစီးမှုတွေပါမယ်... စာအုပ်တွေအကြောင်းပါမယ်... ရုပ်ရှင်တွေအကြောင်းပါမယ်.. သီချင်းအကြောင်းတွေပါမယ်... ကိုယ်ရေးကိုယ်တာ တစ်ချို့တစ်ဝက်ပါမယ်... ကိုနန္ဒ မေမေ့အကြောင်းပါမယ်... ဝတ်ရည်ရဲ့ ခပ်ဆိုဆိုး မောင်လေး အကြောင်းသူပြောမယ်... ဒါတွေပါဘဲ...။

"ကိုနန္ဒ နေကောင်းလား ကိုယ် သုံး လေး ရက်လောက်တော့ရှိပြီ ဘူတာထဲမှာ သူ့ကို လှမ်းတွေ့လိုက်သေးတယ်"
"ဟုတ်... ခုတလော ပုံမှန်ထက် သူအလုပ်များနေပါတယ်"

"ကိုယ်တို့ ကိုရီးယားစာ စားရအောင်လေ"
"ကောင်းတယ် ကိုနေမင်း ကျမလည်း အဲ့လိုတွေးနေမိတာ"

"ဝတ်ရည်ကတော့ အစပ်မစားလို့ ဘယ်တော့မှ ညှိလို့မရခဲ့ဖူးဘူး.."
"ကျမကတော့ ငပိနဲ့ အစပ်ကိုကြိုက်တယ်"

"ကိုယ် မင်းကို ခုမှသိတာ မဟုတ်ဖူးလေ..."
ကျမနှစ်နှစ်ခြိုက်ခြိုက် ရယ်လိုက်မိတယ်...

"မင်းကလေးလေးတစ်ယောက်လို ရယ်တဲ့အသံ ကိုယ်မကြားရတာကြာပြီနော်"
"ဟုတ်တယ် ကိုနေမင်း ကျမ ဒီလို မရယ်နိုင်အောင် အလုပ်တွေနဲ့ မွန်းနေတာ"
"ဟန်ဆောင်ပြီး အလုပ်တွေထဲမှာ နှစ်ထားတာ တစ်ကယ့်မင်းမှ မဟုတ်တာ"
ကျမခေါင်းကိုငြိမ့်ရင်း...

"ဝတ်ရည် ခရီးထွက်မယ်ဆိုတာ သွားဖြစ်လား"
"အင်း.. ဒီနေ့ ကိုယ်သူ့ အတွက် လေယာဉ်လက်မှတ် ရက်အတိအကျယူပေးခဲ့တယ်"

"ကိုနေမင်း မလိုက်ဖူးလားဟင်"
"အို့.. အို ကိုနန္ဒခရီးတွေရော မင်းလိုက်ဖြစ်လို့လား မငယ်"

"အင်း.. ဒါလဲဟုတ်ပါတယ်လေ"
"နောက်ဆိုရင်တော့ ကိုယ်လိုက်ရတော့မှာ ဒီခရီးက ဝတ်ရည် တစ်ယောက်ထဲသွားမဲ့ နောက်ဆုံးအကြိမ် ခရီးဖြစ်လိမ့်မယ်"

ကျမ ပေါင်ပေါ်တင်ထားတဲ့ စလင်းဘက် အိပ်အပြားလေးကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်တယ်... အိပ်ထဲမှာ ဖုန်းလေးတစ်လုံး ပိုက်ဆံအိပ်ပါးလေးတစ်အိပ် ခေါင်းဘီးလေးတစ်ချောင်း နဲ့ ပန်းနုရောင် ကဒ်လေးတစ်ခု ရှိနေပါတယ်...။ အဖုံးပေါ်မှာ နေမင်းဟန်ဆိုတဲ့ နံမည် ခပ်ဖိဖိရေးထားတဲ့ ကဒ်လေးက ဆွဲထုတ်ယူသူမဲ့ ငြိမ်သက်နေဆဲပါဘဲ...။

"မငယ်"
ကျမအကြည့်တွေက နေမင်းဟန် မျက်နှာပေါ်ရောက်သွားတယ်...။
"မငယ်"
"ရှင်ကျမကို ခေါ်တာနှစ်ခါရှိနေပြီ ကိုနေမင်း"

"ဟား ဟားး အဲဒီခပ်ပြတ်ပြတ် အသံနဲ့ ရှုတည်တည်အကြည့်တွေက မင်းမှမင်းဘဲ"
"တော်ပါရှင်.. ကိုနေမင်း ဒီနေ့ စကားတွေတော်တော် ပြောနေတယ်နော်"

"ဟုတ်တယ်.. ကိုယ်ဒီနေ့ ကလေးတစ်ယောက်လို ရယ်တာတွေကို ကြားချင်လို့ မင်းကို စချင်နေတာ"
ကျမ သူ့စကားဆန်းတွေကြောင့်ရယ်ဖြစ်ပြန်ပြီ...။

"ကိုနေမင်း ဘာလို့ ဒီသီချင်းတွေ ဖွင့်ရတာလဲ ကျမစဉ်းစားနေတာ"
"သြော်... ဒါလား.. ဒီလိုလေ..."

ရယ်နောက်နောက် သူ့စကားက တစ်ဝက်တစ်ပြတ်မှာ ဆုံးသွားတယ်...။ တိကနဲ ကားဘရိတ်ကို တစ်ချက်တော့ပြီး သူရပ်လိုက်တယ်...။ စောစောက နေမင်းဟန်မဟုတ်တော့ သလိုဘဲ တိတ်ဆိတ်လို့ပေါ့...။ ကျမ ခပ်ပေပေမျက်လုံးနဲ့ သူ့မျက်နှာကို လှမ်းကြည့်မိပါတယ်..။ စတီယာတိုင်ကို ညာဖက်လက်တစ်ခုထဲနဲ့ ဆုပ်ထားရင်း နှင်းတွေကျနေတာကို သူငေးနေတယ်...။ ပြီးတော့ ခပ်တိုးတိုးအသံနဲ့ ပြောတယ်...။

"ဘယ်သူမှ မသိသင့်တဲ့အရာပါ.. တစ်ခါတစ်လေ ကိုယ်ဟာ မင်းဖြစ် ဖြစ်ကြည့်ဖူးတယ် မင်းလည်း သိမှာမဟုတ်ဖူး သိစရာလည်းမလိုဘူး... ဒါပါဘဲ"

နေမင်းဟန်စကားတွေက ကျမကို တိတ်ဆိတ်သွားစေတယ်... ကျမချက်ခြင်း အားယူပြီး ခပ်သော့သော့ ရယ်လိုက်တယ်...

"ကိုနေမင်း ရှင်ဟာလေ......"
"ဝတ်ရည်ခရီးက ပြန်လာပြီးရင် ကိုယ်တို့ လက်ထပ်တော့မယ်.. မငယ်"

တိုးတိုးလေး သူ့စကားသံအဆုံးမှာ ကျမ ရယ်မောလိုက်မိပြန်တယ်... နေမင်းဟန် ရှင်ပြောတယ်လေ.. ဒီနေ့ကျမရယ်သံတွေကို ကြားချင်တယ်ဆို....

"ဘာလဲ ကျမကို သတိုးသမီးအရံ ကမ်းလှမ်းချင်တာလား"
သူခေါင်းကိုခါတယ်... ပြီးတော့ ကျမမျက်နှာကို စေ့စေ့ကြည့်နေတယ်...

"မင်းကို ကိုယ်ကျေးဇူးတင်တယ် မငယ်"
"ရှင်"
"မင်းရယ်သံတွေ အတွက်ပါ ပြီးတော့......"

သူခဏရပ်ရင်း အသက်ကို ပြင်းပြင်းရှူပြီး စကားဆက်ပြောတယ်...။

"ကိုယ်ဟာ မင်းနဲ့ မိတ်ဆွေဖြစ်ခွင့်ရပြီး နောက်ပိုင်းမှာ ပတ်ဝန်းကျင်ကို လစ်လျှုရှု့သင့်တာတွေကို ရှု့တတ်တဲ့ အလေ့အကျင့်ရခဲ့တယ်... ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ရဲ့ စိတ်တွေသန့်စင်စွာ ထပ်တူကျမှုတွေကို ကိုယ်နားလည်တတ်ခဲ့တယ်... ပေတေသလို တည်ငြိမ်တတ်တဲ့ မင်းအမူအယာတွေနဲ့ ခင်မင်စရာကောင်းတာတွေ... ကိုယ့်ကို မိတ်ဆွေကောင်းတစ်ယောက်ရဲ့ ပေးနိုင်တဲ့ ဖေးမပေးမှုတွေနဲ့ အားပေးခဲ့တာတွေ... ကိုယ့်ဖိစီးမှုတွေကို မင်းလမ်းပြမှုတွေနဲ့ တည်ငြိမ်စွာ ကျော်ဖြတ်စေခဲ့တာတွေ... အိုကွာ.. အများကြီးပါ... ကိုယ်စံထားရတဲ့ မင်းကို အရာအားလုံးအတွက် ကိုယ်ကျေးဇူးတင်တာပါ.. မငယ်"

"အို... ကိုနေမင်းရယ် အထူးအဆန်းတွေရှင်.."

ဒီတစ်ခါတော့ ဟက်ဟက်ပက်ပက် အော်ရယ်လိုက်တာ နေမင်းဟန်ပါ...။ ရှင့်ရင်ထဲကအသံတွေ ဟုတ်မဟုတ် ကျမ အဖြေရှာသင့်သူ မဟုတ်ဖူးဆိုတဲ့ အသိနဲ့... အတွေးတွေကို ကျမမောင်းတုတ်နိုင်ခဲ့တယ်....

"ကိုနန္ဒအတွက် ဂုဏ်ယူတယ်ဆိုတာ ကိုယ့်ကိုယ်စား ပြောပေးပါ..."
".........."

ကျမခေါင်းငုံ့ပြီး စလင်းဘက်လေးကို ဖွင့်လိုက်တယ်... ညာဖက်လက်ချောင်း ထိပ်လေးတွေနဲ့ ပန်းနုရောင် ဖိတ်စာကဒ်လေးအတွေ့မှာ ကျမလက်ကို ပြန်ရုတ်လိုက်မိတယ်...။ နေပါစေတော့လေ...!! တိုက်ဆိုင်လွန်းစွာ ကျမပြောမဲ့ စကားတွေကို ဒီဆောင်းညဦးပိုင်းမှာပဲ သူကအရင်ပြောသွားခဲ့ပါတယ်...။ ကျမ လက်လေးတွေ အနည်းငယ် တုန်ရီနေခဲ့တယ်... ကျမခေါင်းမော့ပြီး သူ့ကိုပြုံးကြည့်လိုက်တယ်...

"ကျမလည်းဝတ်ရည်ကို ပြောချင်တယ်... ရင့်ကျက်တည်ငြိမ်တဲ့ ခင်ပွန်းလောင်း တစ်ယောက်အတွက် ကျမအင်မတန် ဂုဏ်ယူမိတယ်လို့.... Congratulation ပါ.."

ကမ်းပေးလိုက်တဲ့ ကျမညာလက်ဖဝါးကို သူ့လက်ဖဝါးနဲ့ ဖျစ်ညှစ်လိုက်တယ်... နေမင်းဟန်.. ရှင့်အပြုံးတွေ လဲ့ နေသလို ကျမမျက်လုံးတွေလည်း အရောင်လဲ့နေခဲ့ပါတယ်...။ ကျမ ခပ်ကြောင်ကြောင် တွေးမိပြန်တယ်.. ကျမတို့တတွေ ရင့်ကျက်စွာ တစ်ဦးနဲ့တစ်ဦး ချီးမွမ်းခန်းတွေဖွင့်နေကြတာ ဘာအတွက်များလည်း..!! နှလုံးသားထဲကို ဝင်လာမဲ့ တစ်စုံတစ်ရာကို အသိတွေနဲ့ ထိမ်းယူခဲ့ကြတာကရော ဘယ်လောက်များ သေသပ်လှပခဲ့ကြလည်း...!!

ကျမဆုံးဖြတ်လိုက်တယ်... သူ့အတွက်ယူလာတဲ့ ပန်းနုရောင် ဖိတ်စာလေးတစ်စောင်ကို ဘယ်တော့မှ သူ့ကိုပေးဖြစ်တော့မှာ မဟုတ်ပါဘူး.!! ကျမတို့တွေ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို လူသားဆန်စွာ တွေးခေါ်ဆုံးဖြတ်ခဲ့ကြတယ်....။ အကောင်အထည် ဖော်နိုင်ခဲ့ကြတယ်...။ ကျမနဲ့ နေမင်းဟန်ဆိုတဲ့ရှင့်ရဲ့ ဆုံဆည်းရခြင်းဟာ သုံးနှစ်ထက်သာ ပိုစောခဲ့ကြမယ်ဆိုရင်.....!!

ကျမတို့ နှစ်ယောက် အပြန်လမ်းမှာ နှင်းတွေထူထပ်အောင် ကျနေခဲ့တယ်...။ ကျမအိမ်ရှေ့လမ်းပေါ်အရောက် သူရပ်ပေးတဲ့ ကားပေါ်ကဆင်းရင်း ကောင်းကင်ကို မော့အကြည့်မှာ သဲနေတဲ့ နှင်းမှုန်တွေကြောင့် "လ" ကိုမြင်ခွင့် မရခဲ့ပါဘူး...။ တကယ်လို့များ အဲ့ဒီညရဲ့ ကောင်းကင်မှာ "လ" တစ်စင်းဟာ ကြည်လင်အေးချမ်းစွာ သာနေခဲ့မယ် ဆိုရင်တောင် ကျမ မျက်လုံးတွေက မြင်ချင်မှ မြင်နိုင်ခဲ့လိမ့်မယ် ဆိုတာကိုတော့.....!!

(ခင်လေးငယ်)

You received this email because you are subscribed to the real_time feed for http://koyinnawkhinlaynge.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[K] 1 New Entry: သူမ၏လရောင်

သူမ၏လရောင်


ခရီးတိုတခုရယ်..ရှည်လျားများပြားသော လုပ်စရာ တခုရယ်ကြောင့်..စာတွေ သိပ်မရေးဖြစ်တုန်း..အဒေါ်ကိုလဲ ပြောထားတဲ့..ငယ်မူလက်ရာတခု ပေးဖတ်ချင်ပါတယ်။ ၉၄ ခု ၀န်းကျင်က..ရေးခဲ့တယ်လို့ထင်ပါတယ်။ ရက်စွဲ မတပ်ခဲ့မိတာလည်း..ပေါ့ရော့မသေချာ တဲ့ အားနည်းချက် တခုပါပဲ။ အဲဒီအချိန်တုန်းက..အဲဒီလိုမျိုး တပုဒ် ရေးခဲ့တာတော့..မှတ်မိတယ်။ ဟိုတလောကမှ..ပထမဆုံးများ ရှာပုံတော်ဖွင့်ရင်း..လွှင့်မပြစ်ခဲ့မိတဲ့..စာရွက်အဟောင်း လေးတွေထဲက..ပြန်တွေ့လိုက်တာပါ။ ပန်းချီလေးကို လည်း..ကိုအောင်သာငယ် ဆီမှာ မြင်ကတည်းက.. အတော်..နှစ်သက်လှသမို့.. ဒီစာလေးနဲ့လည်း လိုက်ဖက်လှသမို့.. ဒီစာ တင်ဖြစ်ရင်တော့..တောင်းပြီး သုံးဦးမယ်လို့.. တွေးထားတာ။ ပုံအတွက်..ကျေးဇူးပါပဲ- ကိုအောင်သာငယ်။

++++++++


သူမ၏လရောင်

ပန်းချီ - ည..လ နဲ့ပြတင်း


လပြည့်ညတည၏ သဏ္ဌန်သည်..ထိုလရောင်ကြောင့်ပင်.. ၀င်းပစွာ ထင်ရှားလွန်းနေသည်။

အုန်းပင်များနှင့် ထိစပ်လျက်ရှိသော..အနောက်ဖက် ကောင်းကင်မှ..ခပ်ဝါးဝါး တိမ်ခိုး တိမ်ငွေ့တို့ကို..သတိပြုနိုင်ဖို့ပင်..ခဲယဉ်းလွန်း လှပေသည်။

လရောင်သည် စိတ်ကူးယဉ်ချင်စရာ ကောင်းလွန်းလှပါလား...

ဒီပြတင်းပေါက်၌ သူမ ရပ်နေခဲ့သည်မှာ.. အဘယ်မျှ ကြာပြီနည်း...

အိမ်ခေါင်မိုးများကြားမှ..လမင်းကြီး ဖြည်းညှင်းစွာ ထွက်ပြူစ အချိန်မှသည်..တလောကလုံး..အိပ်မောကျနေသော.. ယခု..သန်းခေါင်ယံ အချိန်ထိ..သူမ ..ဒီနေရာမှာ..ရပ်နေခဲ့သည်ပဲ..

သူမက..လရောင်ကို နှစ်လို လှသည်လေ..
လရောင်သည်သာ..သူမအတွက်..တခုတည်းသော..နှစ်သိမ့် ဖြေဖြောက်စရာ..ပျော်ရွှင် ကျေနပ်ဖွယ်ရာ..ပြီးတော့..၀မ်းနည်းကြေကွဲဖွယ်ရာ..

ထို့ကြောင့်ပင်..လသာရက်များသည်..သူမအတွက်..တာဝန်အကျေဆုံး နေ့များ ဖြစ်လျက်ရှိပေသည်။

++++++

သူမက..စိတ်ကူးယဉ်လွန်း သည်တဲ့...
သူမ ၏ အဒေါ်က..ဤသို့သာ ရှုမြင်လေသည်။ သူမ၏ ဖခင်ကတော့..ညနေ၀ိုင်းဖွဲ့နေကျ အပေါင်းအသင်းတွေ ကြားမှာ .. ` ငါ့သမီးကို ကြည့်ရတာ..သနားစရာထက်..ပျင်းဖို့ ကောင်းလွန်းသကွာ...´ ဟု - အဆက်အစပ် မရှိ ပြောတတ်၏။

ဘယ်လို မှတ်ချက်မျိုးကိုပဲ ဖြစ်ဖြစ်.. သူမသည်..တိတ်ဆိတ်စွာ..လက်ခံခဲ့သည်သာ...။ တိတ်ဆိတ်ခြင်းသည်..သူမ၏ ဘာသာစကား တခု ဖြစ်ခဲ့သည်မှာ..အတော် ကြာပြီ မဟုတ်လား..။

သူမ ခေါင်းပေါ် တဲ့တဲ့ တွင် ရောက်နေသော ..ရွှန်းမြလွန်းသော လရောင်ကို..ပျောက်ကွယ်သွားတော့မည့် အလား..တရှိုက်မက်မက်..ခံစားနေမိသည်။ ထိုခဏတွင်ပင်.. မိုးငွေ့ စွတ်သော..လေတသုတ်သည်.. ပြတင်းပေါက်မှ တဆင့်..သူမ၏ မျက်နှာကို..ဆံနွယ်တို့ဖြင့်..ပွတ်သပ် ရစ်ပတ်သွားစေသည်။ မထိန်းနိုင် မသိမ်းနိုင်...ချေဆတ်လိုက်သော..သူမ၏ နှာချေသံသည်.. တိတ်ဆိတ်လွန်းသော..ပတ်ဝန်းကျင်ကို..အတန်ငယ်..ရိုက်ခတ်သွားလေသလား...

ခပ်လှမ်းလှမ်းရှိ.. သူမ၏ အဒေါ်ထံမှ..ထွက်ပေါ်လာသော..မပီမသ..အိပ်ချင်မူးတူး မေးခွန်းကို..တိတ်ဆိတ်စွာပင်..တုံ့ပြန်လိုက်သည်။ သူမ၏ ဖခင်ထံမှ...တခါတရံ ကြားနေရသော..ဟောက်သံ တချို့တလေမှ တပါး..ပတ်ဝန်းကျင် တခုလုံး..ပြန်လည် တိတ်ဆိတ်သွားပြန်သည်။ ထို့အတူ.. လရောင်သည်လဲ.. သာမြဲသာဆဲပင်...။

သူမသည်..လ၏ တိကျ ၀ိုင်းစက်လှသော အနားသတ် မျဉ်းတလျှောက်ကို..နှစ်သက် အံ့သြစွာ..ငေးစိုက် ကြည့်နေရင်းမှ.. လစက်ဝန်းဖြင့်..သေသပ်စွာ..ဘောင်ခတ်ထားသော..မပီဝိုးဝါး မဲညို့ညို့ ပုံသဏ္ဌန်တို့သည်..သူမ၏ အမြင်၌..ထင်ရှားလာသလိုလို..မှုန်ဝါးသွားသလိုလို..

သူမငယ်စဉ်ကတော့..ထိုပုံရိပ်များသည်..ဆန်ဖွပ်သော အဖိုးအို နှင့်..ယုန်ကလေး တကောင် ဖြစ်သည်ဟု..တကယ်ပင်..မှတ်ယူခဲ့မိသည်။

လသာညများ၌.. သူမ၏ မိခင်သည်..ထိုပုံပြင်ကိုသာ..ထပ်ကာတလဲလဲ အမျိုးမျိုး ဖွဲ့နွဲ့ပြောဆို တတ်သည်လေ..။ သူမတို့ မောင်နှမကလဲ.. အကြိမ်တိုင်းမှာ..မရိုးနိုင်ပဲ..နှစ်သက် စွဲမြဲစွာ..နားထောင်ခဲ့သည်သာ..။ ထိုစဉ်က..သူမ၏ မိခင်သည် ရှည်လျား နက်မှောင်သော ဆံပင်..ဖြူဝင်းသော အသားအရေ တို့ဖြင့်..တင့်တယ်လှသော..မိန်းမရွယ်တယောက် ဖြစ်ခဲ့သည်။ ဤမြို့ငယ်လေး၌တော့..အရာရှိငယ် တယောက်ဖြစ်သော..သူမ၏ ဖခင် နှင့် ရုပ်ရည် ချောမောသော..မိခင်တို့သည်..အတော်အသင့် လူသိများခဲ့ကြလေသည်။

သူမ နောက်ဆုံးမြင်တွေ့ခဲ့ရသော..မိခင်သည်..ရှည်လား နက်မှောင်သော..ဆံပင်များက..ပြေလျော့ ရှုပ်ထွေးကာ..သွေးများဖြင့် ကျပ်ခဲလျက်..ဖြူဝင်းသော မျက်နှာ၌ မြင်မကောင်းလောက်အောင်.. သွေးများ စွန်းထင်းလျက်..။ သွေးများဖြင့် လူးလျက်ရှိသော မောင်ငယ်လေးအား..ထွေးပိုက်လျက်..။ သွေးများသည်သာ.. နေရာတိုင်းမှာ..ဖုံးလွှမ်းလျက်.. ပြီးတော့..သွေးတွေ.. ။ ပြီးတော့လည်း..သွေးများသာ။

ထိုစဉ်က.. နောက်ဆုံးအကြိမ် အဖြစ်..သူမ၏ နှုတ်ခမ်းမှ.. မည်သည့်စကားလုံး တွေများ..ထွက်ပေါ် ခဲ့သေးသည်လဲ..

အိုး---- သူမ..အသံတိတ် ငိုညည်း လိုက် မိတော့သည်။

ရင်ထဲ၌ အဆမတန်..လေးလံ မွန်းကျပ်လာကာ.. ဦးခေါင်း အထက်ပိုင်း တခုလုံး..တင်းကျပ် ကိုက်ခဲလာသည်။

သူမ- ငိုပင် မငိုတတ်တော့ဘူးလား.. ငိုစရာ မျက်ရည်များ နည်းပါးသွားသည်လား..။
ဆောက်တည်ရာ မရလွန်းစွာ.. ပြတင်းပေါက် ဘောင်ကို.. တင်းကျပ်စွာ ဆုပ်ကိုင်လျက်..လကို..နစ်နစ်စူးစူး.. ရူသွပ်စွာ မော့ကြည့်လိုက်မိသည်။ လရောင်သည်..အေးမြမူ နှင့် နွေးထွေးမူကို..တပြိုင်ထဲ..ပေးစွမ်းနိုင်သည်လား..။ သေချာတာကတော့.. ပို၍ အေးလာသော..လေ၏အတွေ့သည်.. အနည်းငယ်တော့..ပေါ့ပါး လန်းဆန်းသွားစေသည်။

ဒီအဖြစ်အပျက်တွေကို..သူမ မတွေးချင်ပါ..။
အတွေးအာရုံ.. အမြင်အာရုံ..အကြားအာရုံ တို့မှ..ခါးသီး စက်ဆုပ်စွာ..အပြီတိုင်း မောင်းထုတ် ဖယ်ရှား ပြစ်လိုက်ချင်ပါသည်။

သို့ပေမဲ့..လရောင်သည်..သူမအား..အရာရာကို သတိရ နေစေပြန်သည်။

ခပ်သွက်သွက် ပြေးဆော့သွားသော..လေအဝှေ့တွင်..လရောင်ဖြာနေသော..သစ်ရွက်တချို့၏ တိုးညှင်းသော အချင်းချင်း ပွတ်တိုက်သံ တို့သည်..အတန်ငယ် ခြောက်ခြားစရာ ကောင်းနေသည်။ လရောင်၏ အောက်၌.. ပကတိ အကာအကွယ်မဲ့နေသော..အိမ်ခေါင်မိုး များကို..သူမသည်..အဓိပ္ပါယ်မဲ့စွာ..ငေးစိုက် ရေတွက် ကြည့်နေမိပြန်သည်။
ဒီ အိမ်ခေါင်မိုးတွေ အောက်မှာပင်.. လူတို့သည်..ကံတရား အမျိုးမျိုး နှင့်..ခိုနားရပ်တည် နေကြသည်ကို..လေးနက်စွာ..နားလည်မိ လာသည်။ ထိုအထဲမှာမှ...ကံကြမ္မာ ဆိုသည်မှာ..ကံတရား၏ ကွဲပြားခြားနားသော..ပုံသဏ္ဌန် တမျိုးဖြစ်မှန်းကိုလဲ..သိခဲ့ဖူးလေပြီ။

ထိုကံကြမ္မာ နှင့်..သူမ- နဖူးတွေ..ဒူးတွေ့..စတင် တွေ့ဆုံ ရင်ဆိုင်ခဲ့ရသော..အချိန်ကာလများမှသည်.. ယနေ့အထိ..သူမသည်..ကံတရားကို..တွင်တွင်ကြီးသာ..ယုံကြည်လျက်..အညံ့ခံ အရှုံးပေးခဲ့လေပြီ...။

မိခင် နှင့် မောင်ငယ်လေး..ကားမှောက် သေဆုံးရခြင်းမှာ..ကံဆိုးလွန်းလို့တဲ့.. သူမတို့ မိသားစု ကံကြမ္မာငင်သည်တဲ့...။ ပြီးတော့..သူမ- သေကံ မရောက် ခဲ့ပေမဲ့... အတိတ်ကံ ကြောင့်တဲ့..။

များပြားလွန်းသော..ကံသတ်မှတ်ချက် များအောက်၌.. သူမ- ရုန်းမထွက်နိုင်အောင်..ရှိခဲ့သည်။ ဒါကြောင့်လဲ.. လေထဲမှာ လွင့်ပါးနေတဲ့..လဲပွင့်လေး တပွင့်လိုပင်.. သူမ၏ ဘ၀တခုလုံးကို.. ကံတရား၏ စီမံရာ အတိုင်း..အလိုက်သင့် စုန်မျှော၍ သာ..နေခဲ့တော့သည်။ နောက်ဆုံး..လမင်းကြီးသည်ပင်.. ကံတရားက..စီမံထားသော..သူမ၏ တခုတည်းသော..နှစ်သိမ့် ဖြေဖျောက်စရာ..ဖြစ်နေနိုင်သည်လေ...။

ပခုံးပေါ်မှ ကျော်၍..ရင်ခွင်ပေါ်၌ ဝေ့၀ဲကာ...လရောင်တို့ဖြင့်..နက်မှောင် ရွှန်းစိုနေသော..ဆံနွယ် ထွေးထွေး တို့သည်ပင်..ကံတရားက..သူမအား..တပ်ဆင်ပေးခဲ့သည်လား..။ ပြင်ပ နေရောင်၏ ထိတွေ့မူတို့..နည်းလွန်းမက..နည်းလွန်းလှသော..သူမ၏ အသားအရေ တို့သည်.. လရောင် အောက်တွင်..စကားပန်းလေး တပွင့်လိုပင်..ဆွတ်ဆွတ်ဖြူ လျက် ရှိတော့သည်။

ငယ်တုန်းကဆိုလျှင်..မိခင်က.. သူမ၏ ဆံနွယ်တို့ကို..ရှင်းလင်း ဖီးသင်ပေးတိုင်း..ကျေနပ်ဂုဏ်ယူ မြဲဖြစ်သည်။
` ကံတရားက ပေးတဲ့ လက်ဆောင်ဟာ..သမီးအတွက်..တချိန်ချိန်မှာ..ကြည်နူးသာယာမူတွေကို..ဖန်တီးနိုင်မှာပါ..´ တဲ့။ အဲဒီတုန်းကတော့..သူမ - တကယ့်ကို နားမလည်နိုင်ခဲ့ပေ..။ အခုတော့ရော..မိန်းမပျိုတယောက်ရဲ့.. တင့်တယ် လှပမူသည်..သူမအတွက်.. ဘယ်လိုနည်းနှင့်.. အဓိပ္ပါယ် ရှိနေသေးသနည်း..။

မကြာ မကြာဆိုသလိုတော့.. သူမ၏ အဒေါ်သည်.အညိုရောင် သံသေတ္တာကြီး ထဲမှ.. လုံခြည်တချို့ကို..ထုတ်၍ သူမအား ၀တ်ဆင်စေသည်။ တကယ်တော့..အဲဒီ အညိုရောင် သံသေတ္တာကြီးသည်..သူမမိခင်၏ သေတ္တာကြီး ဖြစ်၍.. အဒေါ် မိထွေးဘ၀ သို့ ပြောင်းလဲသည့် နေ့မှစ၍.. သူမတို့ သားအဖ၏ ၀ဋ်ဒုက္ခ
တို့နှင့်အတူ..ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်လေသည်။ အခုတော့..သူမ အဒေါ်၏ ငြီးငြူသံ တို့သည်လဲ..တေးတပုဒ်ထက်ပင်..ယဉ်ပါးလာစေခဲ့ပြီ။

သူမ၏ ဖခင် အပ်သော..သာမာန် အရာရှိ တယောက်၏ မလောက်ငှသော လစာသည်.. သူမ အဒေါ်အတွက်တော့..စိတ်ပျက်ဖွယ်..ရှုပ်ထွေးသော..ဈေးစာရင်း စာရွက် တရွက် ကိုသာ ဖြစ်စေခဲ့သည်။

စိတ်ညစ်လို့ အရက်သောက်သည်တဲ့...။ အရက်ကို..နှစ်ခြိုက်စွာ သောက်လေ့ ရှိသော ဖခင်၏ အကြောင်းပြချက် တို့သည်..အိမ်အပြန် ခြေလှမ်းများ နှင့်အတူ..သူမတို့တူဝရီး အတွက်..စိတ်တိုတောင်း ညစ်ညူးဖွယ်ရာ ညနေများသာ။ သို့ပေမဲ့.. ဖခင်၏ တွေဝေ လေးနက်သော မှုံမှိုင်းမှိုင်း အကြည့်တွေကိုတော့..သူမ ရင်မဆိုင်ချင်ပါ။ ဖခင်အတွက်.. သူမသည်..၀န်ထုပ် ၀န်ပိုးကြီး တခုလား.. ဒါမှမဟုတ်.. ဆိုးဝါးသော အတိတ်၏ အကြွင်းအကျန် အမှတ်တရ တခုလား..။ သေချာတာကတော့..ထိုလူသား သုံးဦး ပေါင်းစပ် တည်နေပုံသည်.. အံမ၀င် ဂွင်မကျသော..ရုပ်ပုံမပေါ်လွင်သည့်..အရုပ်ဆက်ကားချပ် တခုသာ ဖြစ်လေတော့သည်။

သက်ပြင်းချသံသည်..တိတ်ဆိတ်လွန်းသော..ပတ်ဝန်းကျင်၌.. အသံလှိုင်းတခုအဖြစ်..သိသိသာသာ ..

ထိုအခိုက်မှာပင်..ညို့ကနဲဖြစ်သွားသော..ပတ်ဝန်းကျင်ကြောင့်..သူမ-လကို စိုးရိမ်ကြီးစွာ..မော့ကြည့်လိုက်မိသည်။
တိမ်တချို့..လပေါ်မှ..လျင်လျင်မြန်မြန်..ဖြတ်သန်းသွားနေသည်ကို..မြင်ရသည်။ ဒီလပြည့်ညက.. တိမ်မစင်ပါလား။ ထို့နောက်မှာတော့.. လသည်..ပို၍ပင်..သန့်စင် ၀င်းပသွားသလို.. ။
သို့ပေမဲ့.. အတော်အတန် မြင့်သွားပြီ ဖြစ်သော..လရောင်သည်..ပြတင်းပေါက်ဘောင် ကို မေးတင်ကာ..သူမ-ကိုယ်ပေါ်၌.. တ၀က်တပျက်သာ..ကျန်ရှိနေတော့၏။ ယနေ့ညလေး အတွက်..ဆုတ်ခွါတော့မည့် လရောင်ကို.. သူမ နှမြောနေမိသည်။ သန်းခေါင်ကျော်လ၏ နှုတ်ဆက်အလင်းသည်.. ပိုလို့သာ ၀င်းပနေတော့သည်။ မီးခိုးဖျော့ရောင်..တိမ်သားတချို့ ၏ ချောင်းမြောင်းမူ ကိုလည်း..စိုးရိမ်နေမိပြန်သည်။ ဖြစ်နိုင်လျှင်.. ညလေးကို..ကုန်ဆုံးမသွားစေချင်ပါ။ သို့ပေမဲ့..လသည်..အပြန်ခရီးကို စတင်ရန်.. အနောက်ဖက် ကောင်းကင်ဆီသို့..ဦးတည်နေပေါ့..။

လူတို့သည်..သူမ ကဲ့သို့ပင်..လရောင်ကို နှစ်သက်ခုံမင်စွာ..စောင့်မျှော်ခံစား တက်ကြပေမဲ့.. သူမလိုတော့..လ၏ အပြန်ခရီးကိုပါ.. စိတ်ရှည်စွာ..စောင့်ဆိုင်း နှုတ်ဆက်ရန်ကိုတော့.. မေ့လျော့စွာ..လျစ်လျူ ရှုနိုင်ကြလေသည်။

အေးမြသော..လေအဝှေ့၌..ရနံ့တခုသည်..သူမ အာရုံကို လှုပ်နှိုး သွားစေသည်။ စပယ်ပန်းတွေကို..သူမ မေ့လျော့နေ ခဲ့သည်ပဲ။ ပြတင်းပေါက်မှ ကျော်၍ အိမ်ရှေ့ ကွက်လပ်ရှိ..စပယ်ရုံ တို့ကို..ရှက်ရွံ့ အားနာစွာ..လှမ်းမျှော်ကြည့်မိသည်။

ကြည့်ပါအုံး..လရောင်အောက်မှာ..စပယ်တွေ..ဖွေးဖွေးလှုပ် နေလိုက်ကြတာ...
တကယ်တော့.. အဲဒီ စပယ်ပန်းရုံ ကလေးသည်..သူမကို စိတ်ချမ်းသာမူ ပေးစွမ်းနိုင်သော..ဤအိမ်ရှိ တခုတည်းသော..အရာသာ ဖြစ်ပေသည်။ သို့သော်လဲ..လပြည့်ညများ၌မူ..သူမသည်..စပယ်ရုံကလေးကို မေ့လျော့မြဲ..။

တချိန်ချိန် အတွက်..စပယ်ပန်း တို့၏ အရောင်သည်..လရောင်သာ ဖြစ်၍.. စပယ်ပန်း တို့၏ ရနံ့သည်လည်း..လရောင်၏ အေးမြမူမျိုးသာ ဖြစ်ကြောင်း..သူမသည်..နှစ်သက် ကြည်နူးစွာ တွေးလိုက်မိသည်။

သူမ၏ ချစ်သူသာ ရှိလျှင်.. စိတ်ကူးယဉ်လွန်းသည် ဟု..ဆိုပြန်လေ မလား.. ဒါမှမဟုတ်..သူမ၏ ခေါင်းကို အသာအယာ ပုတ်လျက်.. အရူးမလေး ဟု ပြောလေမလား..

လရောင်၏ အရိပ်တို့ဖြင့်..တ၀က်တပျက်..အုပ်မိုးလျက် ရှိသော..သူမ၏ နှုတ်ခမ်း ပါးပါးလေးတွင် အပြုံးလျော့လျော့ တခု..ဝေ့၀ဲ ငြိတွယ်လာသည်။ လ၏ ရောင်ပြန်အဟပ်တွင်.. လင်းလက်စွာ.. တောက်ပသွားသော..မျက်ဆံ နက်နက်ကလေး များနှင့်အတူ.. သူမ၏ နှလုံးသားတို့သည်လဲ.. လျင်မြန်စွာ..နွေးထွေး..လှုပ်ရှား လာလေသည်။ ချစ်သူ အကြောင်း တွေးမိလေတိုင်း.. သာယာစွာ.. ရင်ခုန် လှိုက်မောရခြင်းသည်.. လပြည့်ညတို့၏ အစိတ်အပိုင်း တခုသာ ဖြစ်ချေသည်။

သူမသည်..လရောင်၏ မာယာကို စိတ်ချ ယုံကြည်လျက်သာ..ချစ်သူအကြောင်းကို..တွေးနေမိတော့သည်။ တကယ်ဆိုလျှင်.. လရောင်သည်..နှလုံးသား ရှိသော..လူသားတိုင်းအား..စိတ်ကူးယဉ် စေတတက်သည်ကို.. ချစ်သူ- နားလည် ပေးသင့်ပါသည်။ ဘာပဲဖြစ်ဖြစ်.. ချစ်သူသည်..သူမအား..အရာရာ..ခွင့်လွှတ် အလိုလိုက် မည်သာပင်..။

ပီပြင်စွာ မကြားလိုက်ရ သော်လည်း.. သူမ၏ နှုတ်ခမ်းများ ကတော့.. ` မောင်´ ဟု အသေအချာ..ပွင့်အာသွားခဲ့သည်။

`မောင်´ လို့ခေါ်သည်ကို.. ချစ်သူက..နှစ်သက် ပါမည်လား..။ ဒါကိုလည်း..သူမ ပူပန်မိသေးသည်။ မောင့်ကို သူမ..အရမ်းချစ်သည်လေ.. ။မောင်- မနှစ်သက်သော အရာဆိုလျှင်.. အတွေးတခု အဖြစ်နဲ့တောင်..ရှိမနေချင်ပါ...။

အခုလို..လရောင် ရွှန်းမြ အောက်တွင်..မောင်နဲ့ အတူသာ ရှိနေလျှင်.. မောင်က..သူမရဲ့ ဆံနွယ် အိအိလေးတွေကို..ရစ်ပတ် ဆော့ကစားရင်း.. သူမရဲ့ နဖူးပြင်ကို..ခပ်ဖွဖွ နမ်းမှာပေါ့...။ ဒါမှမဟုတ်...သူမရဲ့ လက်ကလေးတွေကို..မလွတ်တမ်း ဆုပ်ကိုင်ထားရင်း.. လမင်းကြီးကို နှစ်ယောက်အတူ.. ကြည့်နေမိကြမည်လား...။
ဘယ်လိုပဲဖြစ်ဖြစ်.. သူမသည်.. မောင်နှင့်အတူ.. ရှိနေလျှင်.. ပျော်မည်သာ..။ မောင် နှင့်အတူ သူမ နေချင်လှပေပြီ။ ဒါဆိုလျှင်.. ငြီးငွေ့စရာကောင်းလှတဲ့.. ဒီ အိမ်ကလေးကနေ.. အပြီးတိုင်..ခွဲခွါ သွားနိုင် တော့မည်။ သူမ၏ စိတ်ပျက်စရာ ဘ၀ကြီးကိုလဲ.. တနည်းတဖုံ..ပြောင်းလဲ ပြစ်နိုင်ပြီ။

မောင် နဲ့ သူမရဲ့ အိမ်လေး မှာလည်း..လပြည့်ညတိုင်း..လရောင်ကို ခံစားနိုင်ဖို့.. အခုလို..ပြတင်းပေါက်လေး တပေါက်တော့..အသေအချာ..ရှိရမည်ပေါ့..။ ပြီးတော့.. လရောင်နဲ့ တူတဲ့..စပယ်ပန်းကလေး တွေရှိဖို့.. စပယ်ရုံလေး တရုံလည်း..စိုက်ရမည်။ ပြတင်းပေါက်ကလေးမှာ..အတူထိုင်ရင်း..စပယ်ရနံ့တွေကို..ရှုရှိုက်ကာ..လရောင်ကို ခံစားကြမည်။

တခါတလေ.. လရဲ့ ညို့မှိုင်းမှိုင်း..အရိပ်သဏ္ဌန်တွေက.. အဖိုးအို နဲ့ယုန်ကလေး အဖြစ်..သူမကို..လွမ်းဆွတ် နာကျင် စေရင်ကော....

မောင့်ရင်ခွင်ကျယ်ကြီးထဲမှာ.. မျက်နှာအပ်ပြီး.. ၀မ်းနည်းစွာ ငိုကြွေးပြစ်လိုက်မှာပေါ့..။ မောင်ကလဲ.. မျက်ရည်တွေကို..တယုတယ သုတ်ပေးရင်း..သူမရဲ့.. အတိတ်ဆိုးတွေကို..စနစ်တကျ.. သိမ်းဆည်းပေးမှာပင်... အနာဂါတ်ကိုသာ..ဦးဆောင် လမ်းပြပေးမှာပင်...။ မောင့်ရင်ခွင်သည်သာ..သူမအတွက်..အလုံခြုံဆုံး နေရာတခု ဖြစ်တော့သည်။

နောင်ဆိုလျှင်.. လရောင်ဖြာကျနေတဲ့..ပြတင်းပေါက်ကလေးမှာ..ထိုင်နေတဲ့..သူမတို့ နှစ်ယောက်ကြားမှာ..သား နဲ့သမီးပါ..ရှိလာကြအုံးမည်.. အဲဒီ အချိန်ကျရင်.. သားတို့သမီးတို့က.. ဆန်ဖွပ်တဲ့ အဖိုးအို နဲ့ယုန်ကလေး အကြောင်းကို နှစ်သက်ကြပါဦးတော့မလား...မောင်ကရော.. လ၏ အပြန်ခရီးကို..နှုတ်ဆက်ဖို့..သူမနဲ့အတူ..စိတ်ရှည် စောင့်ဆိုင်း နိုင်ပါတော့မလား....။

ရုတ်တရက်ပင်..အေးစက်သော..အထိအတွေ့များ..ကျရောက်လာသည်။

သူမ သတိထားမိချိန်မှာတော့..ကောင်းကင် တခုလုံး..တိမ်ညို တိမ်မဲတို့ဖြင့်..ပိန်းပိတ်အောင် မှောင်နေတော့သည်။ သူမသည်..ခြောက်အိမ်မက်မှ..လွန်မြောက်လာသူ တယောက်လို.. မောပန်း ထိတ်လန့်နေသည်။

လရောင်တွေ..ဘယ်ဆီကို ရောက်သွားပြီလဲ... သူမ၏ လရောင်...သူမ၏ အေးမြ၀င်းပသော..လရောင်း..ကြည်နူးသာယာဖွယ်..လရောင်...

အနောက်ဖက် ကောင်းကင်ယံ မှ ပျေက်ကွယ်သွားသော..လ၏ လျင်မြန်မူကိုသာ..မချင့်မရဲ နှင့်..နှမြေ သတ နေမိတော့သည်။ လရောင်ကို..သူမ..အေးချမ်းငြိမ်သက်စွာ..နှုတ်မဆက်ရတော့ပြီ။ သူမ၏ အတွေးအာရုံ တို့သည်ရော.. လရောင်ကပင်..ယူငင် သယ်ဆောင် သွားပြီလား.. မိုးရေစက်တွေ အောက်မှာပင်.. နစ်မြုတ် ပျေက်ကွယ်သွားပြီလား..။

သူမ၏ မျက်နှာပေါ် သို့..ပက်ဖျန်းနေသော..မိုးရေစက်တို့၏ အထိအတွေ့သည်..ပိုလို့တောင်..အရှိန်ပြင်းလာသည်။ မကြာသေးခင်ကပင်.. သူမနဲ့အတူ..လရောင်အောက်မှာ..ငြိမ်သက် အေးချမ်း နေခဲ့တဲ့..ပတ်ဝန်းကျင်သည်..အခုတော့..မိုးရေတွေထဲ မှာ..ကြောက်လန့်တကြား..ယိမ်းထိုးလှုပ်ရှား နေကြပြန် ပြီ..။ လေပြင်းတချက် ၏ မြည်ဟီး အဝှေ့တွင်.. မိုးသံတို့သည်.. ပို၍ပင်..ဆူညံ..ရွာသွန်းလာတော့သည်။

လမ်းထိပ် ကင်းတဲ မှ ခေါက်လိုက်သော..သံချောင်းသံ လေးချက် နှင့်အတူ.. သူမအဒေါ်၏ မြည်တွန်သံ သည်..မိုးသံတွေ အောက်မှာ..ခပ်သဲ့သဲ့။ ယနေ့ည အတွက်..သူမ- အိပ်စရာမှ မလိုတော့ပြီပဲ...။ မကြာခင်မှာပင်.. နေ့သစ်တခု ရောက်ရှိ လာတော့မည်။

ဒီပြတင်းပေါက် ကလေးကိုလည်း..ပိတ်စရာ မလိုပါ။ မိုးရေ တို့ဖြင့်..စိုရွှဲနေသော..အဖြစ်က.. သူမသည်..သူမ၏ နေရာမှန်မှာသာ..ရှိနေကြောင်း..သေချာစေသည်..မဟုတ်လား..။

မနက်ဖြန်..ပြီးတော့..မနက်ဖြန် ရဲ့ မနက်ဖြန်များအတွက်..သူမသည်..ဒီအိမ်ကလေး မှာပင်..စကားသံ တို့ တိတ်ဆိတ်စွာ...ပျော်ရွှင်ခြင်းတို့.. ဆိတ်သုဉ်းစွာ ဖြင့်..ခံစားချက်တွေ..ကင်းမဲ့နေရ အုံးမည်ပဲ..အထီးကျန်နေရ အုံးမည်ပဲ..။

သူမသည်..အတားအဆီးမဲ့စွာ.. ၀င်ရောက်လာသော..မိုးရေစက် တို့ကို..လျစ်လျူ ရှူကာ..ပြတင်း တံခါးများကို..ပို၍ပင်..တွန်းဖွင့် ပြစ်လိုက်သည်။ ဒီပြတင်းပေါက် ကလေးသာ.. သူ၏ တခုတည်းသော..ထွက်ပေါက် ကလေးတခုပါ။

ခါးသက်ဖွယ် အတိတ်ဆိုးများ နှင့်..ကိုယ်တပိုင်းသေကာ..ဆွံ့အ နေသော..မိန်းမငယ် တယောက်၏ ဘ၀ကို...ချိုမြိန်စွာ..အဓိပ္ပါယ် ရှိစေမည့်..သူမ၏ ချစ်သူသည်..ဒီပြတင်းပေါက်ကလေး မှသာလျှင်..လရောင်နှင့် အတူ.. ရောက်လာနိုင်တာပါ..။

ယခု အချိန်မှာတော့..လရောင်၏ အကြွင်းအကျန် ဟူ၍ ..ဘာဆိုဘာမျှ..မကျန်တော့သော..ကောင်းကင်ကြီးကို..ငေးမောနေသော..သူမ၏ မျက်နှာပြင်၌.. အေးစက်သော..မိုးရေစက်များ နှင့်အတူ..ပူနွေးသော..စီးဆင်းမူများသာ....။

ဘာပဲဖြစ်ဖြစ်..သူမသည်..လရောင်ကို..ဆက်လက်..မျှော်လင့်..နေရဦးမည်သာ..။




You received this email because you are subscribed to the real_time feed for http://kthwe.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကပ်ပါပေ့ ပီကေရယ်] 1 New Entry: ဘင်္ဂလားပင်လယ်အော် - လေးဖြူ

ဘင်္ဂလားပင်လယ်အော် - လေးဖြူ

ကျနော် သိပ်ကြိုက်တဲ့ ကိုလေးဖြူ အခွေအသစ်ထွက်တော့ ကျနော် ဝယ်နားထောင်လိုက်တယ်။ အားလုံးကိုလည်း မျှဝေမယ် ဆိုတဲ့ စိတ်ကူးနဲ့ Upload လုပ်တာ အတော်လေးတာ ပင်ပန်းသွားတယ်။ အဖြေက နိုး။ တင်လို့ကို မရဘူး။ ကိုးနက်ရှင်ရဲ့ ကောင်းမှုပေါ့ဗျာ။ ဒါနဲ့ ကျနော် အင်တာနက်ထဲ တစ်ပတ် ပတ်ပြီး ရှာပုံတော် ဖွင့်လိုက်ပြီး တကာလ Myanmar MP3 Album မှာ လေးဖြူ သီချင်းခွေ အသစ် "ဘင်္ဂလားပင်လယ်အော်" ကို တွေ့တာနဲ့ စာသားပါ ရိုက်ပြီး ဝေမျှပေးလိုက်ပါတယ်။ တကယ်တမ်းတော့ သီချင်း ဒေါင်းချင်တဲ့ သူတွေကို တောင်းဆိုချင်တာ တစ်ခုက တတ်နိုင်ရင်တော့ အော်ခွေပဲ ဝယ်စေချင်ပါတယ်။ ဒီမှာ ကျနော် လင့်ခ်ထည့်ပေးတယ် ဆိုတာကလည်း သူခိုးနည်းပြ မဖြစ်စေချင်ဘူး။ ဘာပဲဖြစ်ဖြစ် နိုင်ငံရပ်ခြား ရောက်နေတဲ့ လူတွေကို ရည်ရွယ်ပြီး တင်ပေးလိုက်ပါတယ်။ ပြည်တွင်းက သူငယ်ချင်းများကို တောင်းဆိုချင်တာ ကိုလေးဖြူရဲ့ လုံ့လ အနုပညာကို လေးစားတဲ့ အနေနဲ့ အားပေးတဲ့ အနေနဲ့ အော်ခွေပဲ ဝယ်သုံးကြပါလို့ တောင်းဆိုချင်တယ်။ မတတ်နိုင်တဲ့ သူလည်း ရှိမှာပေါ့ဗျာ။ ဒါတော့ ကျနော်လည်း မတတ်နိုင်ဘူး။ ကျနော်က လေးဖြူ ခရေဇီဆိုတော့ ၁၉၀၀ ကျပ် ဆိုတဲ့ ငွေကိုတော့ ကျန်တာလျှော့သုံးပြီး ဝယ်လိုက်သဗျာ။ ကြွားတယ်လို့တော့ မထင်နဲ့။ ကြုံလို့ပါ။ ;P


Download from MediaFire
Download from ZShare

စီးရီးနာမည် - ဘင်္ဂလားပင်လယ်အော်
၀၁။ တစ်ယောက်တည်းနဲ့ (ရေး - နောနော်)
၀၂။ ငါရဲ့လမင်း (ရေး - ရယ်ဂျီ)
၀၃။ ၀ိရောဓိ (ရေး - မောင်မောင်ဇော်လတ်)
၀၄။ အလဲအကွဲ (ရေး - လင်းလင်း)
၀၅။ ကစဥ့်ကလျားသီအိုသီ (ရေး - မောင်မောင်ဇော်လတ်)
၀၆။ ပြန်ခဲ့ပါ (ရေး - လင်းလင်း)
၀၇။ သံယောဇဉ် (ရေး - မောင်မောင်ဇော်လတ်)
၀၈။ မိုးတိမ်ထဲဝဲ (ရေး - လင်းလင်း)
၀၉။ မလုပ်နဲ့ (ရေး - နောနော်)
၁၀။ အရင်လိုပါပဲ (ရေး - လင်းလင်း)
၁၁။ အလွမ်း (ရေး - လင်းလင်း)
၁၂။ ဒါလီနေ့ (ရေး - မောင်မောင်ဇော်လတ်)
၁၃။ စာမျက်နှာတစ်ဆယ့်ငါး (ရေး - မောင်မောင်ဇော်လတ်)

တစ်ယောက်တည်းနဲ့
ရေး - နောနော်

ဒီလို ယုတ္တိ မရှိတဲ့ အဖြစ်ကို ယုတ္တိရှိဖို့ မွမ်းမံနေရင်း
သေချာအောင် အသေးစိတ် ခွဲခြမ်းကြည့်တော့
ငါလုပ်တဲ့ အလုပ်က အဓိပ္ပာယ် မရှိဘဲ
တစ်ယောက်တည်း မဖြစ်တော့ ဒီအတိုင်း ...
နှုတ်ပိတ် .. တိတ်ဆိတ်မှုနဲ့ ပေါင်းဖက်ကာ
နှုတ်ပိတ် .. ဆွံအမှုတို့ ကြားထဲမှာ
နှုတ်ပိတ် .. ခါးသည်းမှုတို့ စားသုံးကာ
နှုတ်ပိတ် .. နှုတ်ပိတ် ..
ဘယ်သူ ငါ အားကိုးပြီး ရှေ့ဆက်မလဲ
မင်းမရှိတော့ ငါ အားအင်တွေ မဲ့
လူယုံတွေ သတ်တဲ့ ငါ့ရဲ့ နေ့တွေ
ဘာတစ်ခုမှ မင်း မသိနိုင်တော့ဘူး
တစ်ယောက်တည်း မဖြစ်တော့ ဒီအတိုင်း

ငါ့ရဲ့ လမင်း
ရေး - ရယ်ဂျီ

အရှုံးတွေထဲ ငါလဲပြိုရင်း အတိတ်တို့ထဲ ငါ ပျောက်ဆုံးချိန်
မြင်နိုင်တယ် ငါ့အနာဂတ်တို့ မှေးမှိန် ငါဟာ ကျဆုံးချိန်
ငါရဲ့ နားဘေးကို မင်း ဝင်လာပြီး လဲပြိုကျသူ ငါ့ကို ထူပြီး
အဆီအငေါ်မတည့်တဲ့ ငါ့ရဲ့ စကားတွေ နင်ဟာ ခွင့်လွှတ် သည်းခံရင်း
တန်ဖိုးများ မရှိတော့ဘူးလို့ ငါ ထင်နေတဲ့ ဘဝ
မင်းရဲ့လက်မှာ ငါ တစ်ခါပြန်လည်ကာ အသက်ဝင်တောက်ပ
နင်ဟာ အရှုံးတွေထဲမှာ မျောနေခဲ့သူ ငါ့ကို ဆယ်ရင်း
ပျော်ရွှင်ခြင်းကို ငါ့ရင်ဘတ်မှာ တံဆိပ်လို ကပ်ရင်း
နင်ဟာ ငါ့အတွက်တော့ နင်ဟာ ငါ့အတွက်တော့ ငွေလမင်း ...
ငါ့အိပ်မက်တွေ ခြောက်ကပ်ရင်း လမ်းတွေတိုင်းဟာ ပျောက်ဆုံးချိန်
ဒါတွေ မရှိတော့ပါ နင် ဖန်ဆင်းတဲ့ ငါ့ဘဝမှာ အားငယ်စိတ်တွေ မရှိဘူး
ဘဝရဲ့ ပန်းတိုင် ငါ တွေ့ပြီ နင်ဟာ လမ်းပြတယ် နင်ဟာ ငါ့ရဲ့ နတ်သမီး

ဝိရောဓိ
ရေး - မောင်မောင်ဇော်လတ်

ဒီအတိုင်း ကြိတ်မှိတ် လူးလှိမ့်လို့ မနက် မိုးသောက်မယ့်ည
သက်ပြင်း ပင့်သက် ရှိုက်လို့သာ ကုန်ဆုံးဖို့ ကြိုးစား
တစ်ယောက်တည်း စိတ္တဇ အခန်းထဲမှာ
ပြာနှမ်းလွန်းတဲ့ လရိပ်မှာ ပြန်လွမ်းဆွတ် တမ်းတ
အပ်ကြောင်း အထပ်ထပ် ဇာတ်ထုပ်ကို
တစ်ခေါက်ပြီး တစ်ခေါက် ဖွင့်ကာ ကြည့်ရင်း ငါ့မှာ စိတ္တဇ
ငါ့စိတ် ပျံ့လွင့်နေတယ် နိမ့်ဆင်းလိုက် ပြန်မြင့်တက်လိုက်နဲ့
ငါ့စိတ် ပျံ့လွင့်နေတယ် မြန်သွားလိုက် ပြန်နှေးလိုက်နဲ့ စိတ္တဇ
မြင်ကွင်းမှာ ဝေဝါးလိုက် ပြန်ပြီး ကြည်လင်သွားလိုက်
ပေါ့ပါးစွာ ပျံဝဲလိုက် ပြန်လေးလံ ထုံထိုင်းလိုက်

အလဲအကွဲ
ရေး - လင်းလင်း

မင်းအတွက် ငါ့မှာ အချိန်နဲ့အမျှ အသက်ထွက်လု ငါ ခံစားရ
တစ်ဘဝအတွက် တစ်ယောက် ရည်ရွယ်ခဲ့တာ ခုတော့ ငါးပါးမှောက်ကာ
ဒူးထောက်ထားတယ် ဆိုတော့မှ ခေါင်းငုံ့ခိုင်းတဲ့ အဖြစ်မျိုးလား
နှစ်ဦးသား သဘောတူ ရပ်ဆိုင်းကာ အလိုလိုသာ ခွဲကြစို့ကွာ
တစ္ဆေသရဲများ တွေ့သလို ပြန်တွေးတိုင်း ငါ့မှာ
အို ... သွေးပျက်မတတ် တုန်နေရင်း ငါ
ဘာထူးလဲ အခုအခါ ဘာထူးလဲ ဘဝမှာ
ဘာထူးလဲ အခု ငါ တစ်ယောက်တည်းပါ
အသည်းကွဲပြီး ကျန်ခဲ့တာ
ဘာထူးလဲ အခုအခါ ဘာထူးလဲ ဘဝမှာ
ဘာထူးလဲ အခု ငါ အရင်အတိုင်းပါ ရင်ကွဲပက်လက် ကျန်ခဲ့တာ
တံတားခင်းထားတယ် ဆိုတော့မှ တွန်းချခံရတဲ့ အဖြစ်မျိုးလား
တို့နှစ်ယောက် အကြောင်းတွေ ပြန်တွေးရင် အလိုလို သွေးခဲသွားတယ်
ညဘက် အိပ်ရာဝင်တိုင်းလည်း ထပ်မတွေ့ဖို့ ငါ ဆုတောင်းဆဲ
ဒီဘဝအတွက် ဒီမျှနဲ့ ကျေနပ်ပါ နောင် ဆယ်ကမ္ဘာ ဝေးကြစို့ကွာ

ကစင့်ကလျားသီအိုရီ
ရေး - မောင်မောင်ဇော်လတ်

ကမ္ဘာကြီးရဲ့ အခြားတစ်ဖက်မှာ လိပ်ပြာလေး အတောင်တစ်ချက် ခတ်ခြင်းက
အစပြုသတဲ့ လေပွေမုန်တိုင်းများ
ဒီကမ္ဘာတစ်ဖက်ခြမ်းမှာ ကစဥ့်ကလျားနဲ့ ဖြစ်လာ
မျက်ဝန်းနက် မိန်းကလေးရယ် မင်းနဲ့ အကြည့်တစ်ချက် ဆုံးခြင်းက
အစပြုလို့ ဒီလူ ဘဝကြီးက
အရည်တွေ ပျော်လို့သွား ကစဥ့်ကလျားနဲ့ အချစ်မှာ
ရီဝေ မူးယစ် မျောပါခဲ့ အရှိန်အဟုန် ပြင်းတဲ့ ဝဲဂယက်ထဲ
ဧဒင်ဥယျာဉ်ကြီးထဲမှာ ရောင်စုံ ဝိုးတဝါး အသိတွေနဲ့
အာရုံ ကပ်ငြိ လိုက်ပါဆဲ ဧဒင်ဥယျာဉ်ကြီးဆီမှာ

ပြန်ခဲ့ပါ
ရေး - လင်းလင်း

ညိုမွဲနေတဲ့ တိမ်တွေဟာလေ အရင်အတိုင်းပဲ မျောလွင့်ဆဲဆိုတာ
နင် သိနေဖို့ ငါ လိုအပ်တယ်
ပြာနှမ်းနေတဲ့ ပင်လယ်ရေတွေ အရင်အတိုင်းပဲ စီးဆင်းဆဲဆိုတာ
နင် သိနေဖို့ ငါ လိုအပ်တယ်
တကယ့်အဖြစ်တို့ မပြောင်းလဲသေးပါကွယ် မထူးဆန်းဘူး
ငါ့ရဲ့ အချစ်တွေလည်း မပြောင်းလဲပါကွယ်
လည်ပတ်နေတဲ့ ရာသီခွင်တွေ အရင်အတိုင်းပဲ ရပ်တန့်မရတာ
နင် သိနေဖို့ ငါ လိုအပ်တယ်
ခြောက်ခမ်းနေတဲ့ ကန္တာပြင်တွေ အရင်အတိုင်းပဲ မစိမ်းလန်းဘူးဆိုတာ
နင် သိနေဖို့ ငါ လိုအပ်တယ်
တကယ့်အဖြစ်တို့ မဟောင်းနွမ်းသေးပါကွယ်
မထူးဆန်းတဲ့ ငါ့ရဲ့ အချစ်တွေလည်း မဟောင်းသေးပါကွယ်
(နင်လေ ပြန်စဉ်းစား နင် အမြန် ပြန်ခဲ့လိုက် ငါ့ဆီကို
နင်လေ ပြန်စဉ်းစား နင် အမြန် ပြန်ခဲ့လိုက်ပါ) ၂
နင် ယုံကြည်ထားလိုက်ကွယ် ဒီရင်ဟာ ပူနွေးဆဲပါ
ရေး ... ရေး ... ရေ

သံယောဇဉ်
ရေး - မောင်မောင်ဇော်လတ်

မတွေးချင်လည်း ပြန်တွေးနေမိ မေ့ရင်လည်း ပြန် သတိရပြီး
အမှတ်မရှိသေးဘူး ငါ လွမ်းဆွတ်
မဖြစ်ချင်တာတွေ ဖြစ်ကုန်ပြီ မှားနေလည်း ငါ ဆက်မှားပြီး
ဒုက္ခများကုန်ပြီ
ရုန်းထွက်ရင်းနဲ့ ဆက်ဆက် / ထပ်ထပ် နစ်ခဲ့
ဖြတ်တောက်တိုင်းလည်း ပိုဖြတ်ဖို့ခက်တဲ့
သံယောဇဉ် ... သံယောဇဉ် ... သံယောဇဉ်
ငါလေ အပျက်ပျက်နဲ့ သွေးထွက်ခဲ့တယ်
သံယောဇဉ် ... သံယောဇဉ် ...
လူကို အရူးတစ်ပိုင်း ဖြစ်စေတဲ့
သံယောဇဉ် ... သံယောဇဉ် ...
နေမြင့်လို့ အရူးရင့်ခဲ့တယ်
ဒီ သံယောဇဉ် ... ဒီ သံယောဇဉ် ...
သံယောဇဉ်
မကြားချင်ဘဲ ငါ ကြားယောင်မိ မသွားချင်လည်း ငါ ဆက်သွားပြီး
အစိုးမရတဲ့ စိတ်ကြောင့် ငါ ခက်ပြီ
မမွှေးသင့်ဘဲ ငါ မွှေးတဲ့ မီး မတိုးချင်လဲ ငါ ဆက်တိုးပြီး
ငါ့ဘဝ ကျွမ်းလောင်ပြီ

မိုးတိမ်ထဲ ဝဲ
ရေး - လင်းလင်း

အမည်မဖော်နိုင်တဲ့ သောကများ ဒီ အရှိုက်ထဲထိ
မင်ကြောင်စုတ်ထိုး အပ်နဲ့ပေါက်သလို စူးနစ်ပြီ
အဝတ်စုတ် တစ်ခုလို ငါ့အတွေးတွေ စွန်းပေနွမ်းခဲ့
အရိပ်တွေ တစ်ခုစီ ငါ့ရင်ဘတ်ထဲ ထည့်ကာ
ကြယ်ရင်ပြင်ထက် မိုးညွန့်များ ငါ ခုန်လွှားရင်း
ဗျာပွေနေတဲ့ ငါ့ရဲ့စိတ်တွေ လွှတ်ချရင်း
ငယ်ဘဝ အတိတ်တွေ လက်ထဲ ငါ အန်ထုတ်ကာ ထားရင်း
တစ်ခုစီ တစ်ခုစီ ငါ့အိပ်မက်ထဲ ထည့်ကာ
ငါဟာ မိုးတိမ်တွေထဲ ဝဲ ငါဟာ မိုးတိမ်တွေထဲ ဝဲ
လေနေတဲ့ အခုချိန် ခဏ အတိတ်မေ့ပြီး ခဏ နောက်ချန်ပြီး ခဏ မေ့နေပြီး
ငါဟာ မိုးတိမ်တွေထဲ ဝဲ ငါဟာ မိုးတိမ်တွေထဲ ဝဲ
လေနေတဲ့ အခုချိန် ခဏ အတိတ်မေ့ပြီး ခဏ မေ့နေပြီး ခဏ မေ့နေပြီး
ငါဟာ မိုးတိမ်ထဲ ဝဲ
ကြယ်တွေလိုပဲ တငွေ့ငွေ့ ကျွမ်းလောင် လှိုက်စားပြီး
စကြာဝဠာရဲ့ အစွန်းဆုံး တစ်ဖက်ကို ခရီးဆက်ရင်း
အလင်းနှစ်တွေကြား ငါ မျောလွင့်သွားရင်း
ဟင်းလင်းပြင်ကြီးမှာ ရွက်လွင့်သွားရင်း
ညဂြိုလ်ပြင်ထဲ ငါ အဝေးဆီ အဝေးဆီ မျောရင်း

အရင်လိုပါပဲ
ရေး - လင်းလင်း

စိတ်ကူးပေါက်ရာ လျှောက်တွေးရင်း ငါ
အိမ်ပြတင်းပေါက်ကို မှီထားရင်း အပြင်ဘက် ခဏ ဟိုဒီ ငေးကြည့်တော့
လေယာဉ်များလည်း အို ပျံသန်းဆဲပါ အရိပ်များလည်း အို ရှုပ်ထွေးဆဲ
လူ ပုံများလည်း ဟို အရင်အတိုင်းပဲပေါ့
ဒီကမ္ဘာမှာ ငါ့အတွက်သာ ထင်မှတ်သမျှဟာ
နောက်ဆုံးမှာ သူ့ အလိုအတိုင်းသာ လွင့်ပြယ်ပျောက်ကာ သွားရင်း
ကမ္ဘာမှာ ငါ့အတွက်သာ မျှော်လင့်သမျှဟာ
နောက်ဆုံးမှာ လွင့်ပြယ်ပျောက်ကာ သူ့ အလိုအတိုင်း အို ခရီးဆက်နေဆဲပါ
အရင်လိုပါပဲ ... အရင်လိုပါပဲ ...
အလိုလို ဒီအတိုင်း ဘဝထက်မှာ ဒီအတိုင်း မျောဆဲပါ
နောက်ဆုံးမှာ သူ့ အလိုအတိုင်းပါ လွင့်ပြယ်ပျောက်ကာ သွားရင်း
အရင်လိုပဲ ... အရင်လိုပါပဲ ...
အလိုလို ဒီအတိုင်း ဘဝထက်မှာ ဒီအတိုင်း မျောဆဲပါ
နောက်ဆုံးမှာ လွင့်ပြယ်ပျောက်ကာ သူ့ အလိုအတိုင်း အို ခရီးဆက်နေဆဲပါ
နေ့ခင်းဘက်မှာ နေမင်းကြီးဟာ စိတ်ကူးတည့်ရာ ပူလောင်ကောင်းဆဲ
ငှက်များလည်းလေ ပျံသန်းဆဲပေါ့
အပေါ်မော့ကြည့်တော့ တိမ်တိုက်များလည်းလေ ဖြူသွားလိုက် ပြာနှမ်းသွားလိုက်
ပြန်ကြည့်တော့ အို မှောင်မည်းသွားလိုက်

မလုပ်နဲ့
ရေး - နောနော်

မထင်ထားတဲ့ ထောင့်ချိုးက ငါ့ကို ကြိုဆိုရင်း
ဘယ်တော့မှ ဘယ်တော့မှ ငါ သတိမပြုမိခဲ့တာ
မလုံသေးတဲ့ နောက်ကျောက ငါ့ကို ကျီစယ်ရင်း
သက်ပြင်းတို့ ထည်လဲချ ချွတ်ယွင်းချက်များနဲ့ ငါ
အိပ်လို့ ကောင်းနေတုန်း အတင်း လှုပ်နှိုးသလိုမျိုး
စိတ် အမာရွတ်တွေက ဦးနှောက်ကို နင်းချေ
မလုပ်နဲ့ ... မလုပ်နဲ့ ... လက်နက် ငါ ချပြီးသား
မလုပ်နဲ့ ... မလုပ်နဲ့ ... ငါ့ကို အသေမသတ်နဲ့

အလွမ်း
ရေး - လင်းလင်း

ဒီအတိုင်းပဲ တစ်မြေစီ မမြင်နိုင်တဲ့ ဘဝတွေမှာ
ထင်ရာစိုင်း လျှောက်လှမ်းမယ်ဆို တို့တွေ ကြာရင် ဝေးသွားနိုင်တယ်
အရင်အတိုင်းပဲ ကြယ်တွေ မမြင်သာတဲ့ ညတွေဆို ငါ
ဘယ်သူများ ဖန်ဆင်းလေတဲ့ အိပ်မက်တွေ ဂယောင်ခြောက်ခြား မက်ကာရယ်
မင်း ... ပြန်ဖို့တောင် စဉ်းစားရ ခက်မယ်ဆို
မင်း ... ခဏလေး ပြန်တွေ့ကြဖို့ ခက်နေရင်
ကြာရင် အိပ်မက်ဆိုးတွေ မက်ကာ မိုးမြေလို ကွာဝေးနိုင်တယ်လေ / ကွယ်
မင်း ... ဒီအတိုင်း တို့အဖြစ်တို့ မေ့တော့မလား
ဒီအတိုင်း တို့အဖြစ်တို့ သွေးအေးထားမှာလား ငါ့စိတ်တွေ အလိုလို ထိုင်းမှိုင်းနေတယ်
မင်း ... ဒီအတိုင်း အလွယ်တကူ မေ့ပစ်တော့မလား
ဒီအတိုင်း တို့အဖြစ်တို့ သွေးအေးထားမှာလား ငါ့စိတ်တွေ အလိုလို ထိုင်းမှိုင်းနေတယ်
မင်း ... ပြန်လာဖို့ စဉ်းစားလို့ပေးပါကွယ်
ကြာရင် အိပ်မက်ဆိုးတွေ ကြားမှာ ငါ့ရဲ့ အသက် ရပ်တန့်လို့သွားနိုင်တယ်
ခေါ်သံများလား သန်းခေါင်ယံ အမှောင်ထုများ နောက်ကွယ်မှာ
နင်တစ်ယောက်များ ပြန်ခဲ့တာလား ငါ့မှာ မျှော်ကာ စိတ္တဇပါကွယ်
အာရုံများလည်း နွံရေတွေလို နောက်ကျိကာရယ်
နင်ပြုစား လူကို ရူးစေသလား ငါ့မှာ အိပ်မက်ဆိုးများစွာ အလယ်

ဒါလီနေ့
ရေး - မောင်မောင်ဇော်လတ်

ငါ့လက်က လွတ်ကျသွားတဲ့ မျက်ရည်တွေ ဂစ်တာပေါ် စီးဆင်းကာနေ
အလွမ်းဖြစ်သွားတဲ့ သစ်ပင်တွေ နေရောင်ခြည်နဲ့ ဝေးနေချိန် ဟူး ... ဟူး ...
အခန်းထဲက တောက်ပလွန်းတဲ့ လရောင်တွေ နံရံပေါ် ဖိတ်ကျကာနေ
အဆိပ်ဖြစ်သွားတဲ့ တေးသံတွေ ကြင်နာသူနဲ့ ဝေးနေချိန် ဟူး ... ဟူး ...
ကြာပြီလေ နာရီတွေ ဒါလီရေ အမြဲတမ်း ခြောက်လှန့်ဦး
ငါ ဒီမှာ သိမ်ငယ်စွာ ရင်ခုန်ကာ ကြိုးစားမေ့ပစ်တုန်း
ဟူး ... ငိုပြီးနေ ဟူး ... ငါ ကြေကွဲနေ ဟူး ... တစ်ယောက်တည်းနေ / နင်မရှိတဲ့နေ့
မင်းစိတ်နဲ့ ဆုံးပါးသွားတဲ့ မနက်ဖြန်တွေ ဖြူရော်ကာ ရင့်မှည့်ကာနေ
အရှုံးဖြစ်သွားတဲ့ ညနေတွေ အိမ်ပြန်ချင်စိတ် ဝေးနေချိန် ဟူး ... ဟူး ...
ပင်လယ်မှာ ရယ်သံတွေ ဒါလီရေ ဘဝက နစ်မြှုပ်တုန်း
ကယ်တင်ပါ သိမ်ငယ်စွာ ဒီလူမှာ ကြိုးစား ကူးခတ်တုန်း

စာမျက်နှာတစ်ဆယ့်ငါး
ရေး - မောင်မောင်ဇော်လတ်

အတိတ်တွေက မှုန်ဝါးပေမယ့်
ငါတို့နှစ်ဦး ဇာတ်လမ်းမှာ တချို့နေရာက အကောင်းအတိုင်း ရှိနေဆဲပါပဲ
ဟိုတစ်ကွက် ဒီတစ်ကွက် ပိတ်သားထက် အရင်လို ကြည့်မကောင်းပေမယ့် မြင်ရတယ်
အဓိပ္ပာယ် မရှိတာ သိပေမယ့် တစ်ခါတလေ တိုက်ဆိုင်မှုတွေ ရှိလာတော့လည်း
အမှတ်တမဲ့ မင်းကို လွမ်းပါတယ်
အပေါ်ယံ ရှပ်ထိသော ဒဏ်ရာ မဟုတ်တော့ လွယ်ကူစွာနဲ့ / လွယ်လွယ် ငါ မေ့မရဘူးကွယ်
တွေ့ရင် မှတ်မိဦးမယ် ထင်ပါတယ်
နှစ်တွေ လတွေက အတော်ကြာပြီပဲ ဘယ်ဆီကို မင်း ရောက်နေမလဲ
ဘာတွေကို မင်း လုပ်နေမလဲ ဘယ်သူနဲ့ မင်း ရှိနေမယ်
တွေးမိပါတယ် ပြန်လွမ်းမောရင်းနဲ့ ပြန်စဉ်းစားရင်းနဲ့ သတိရပါတယ်
ဘာတွေကို မင်း လုပ်နေမလဲ ဘယ်သူနဲ့ မင်း ရှိနေမယ် တွေးမိပါတယ်
ပြန်လွမ်းမောရင်းနဲ့ ပြန်စဉ်းစားရင်းနဲ့ တစ်ခါတလေ ငါ သတိရပါတယ်

You received this email because you are subscribed to the real_time feed for http://pikay.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

Monday, December 15, 2008

[မင်းဒင်] 1 New Entry: ဓားမတိုတချောင်း ရဲ့ ရင်ခုန်သံ

ဓားမတိုတချောင်း ရဲ့ ရင်ခုန်သံ



ဓားမတိုတချောင်းရဲ့ ရင်ခုန်သံ

(မင်းဒင် ရေးသည်။)

တွေးလိုက် ၊ ပြောလိုက်မှဖြင့် အဆန်းချည်းပဲ ထင်ချင်လည်း ထင်ကြပေတော့ ဗျာ။ကျုပ်စိတ်ထဲ ပြင်းပြင်းထန်ထန် ယုံကြည်နေတာ တခုရှိနေတယ်။ အဲဒါကတော့ မြန်မာ့တပ်မတော်ကြီး ထဲမှာ လူစိတ်ရှိတဲ့ ၊လူသိက္ခာနဲ့ နေချင်တဲ့  စစ်သားတွေ အများကြီး ရှိတယ် ဆိုတာပဲဗျ။ ဒီလောက်စုတ်ပြတ်နေတဲ့  တိုင်းပြည်ကြီး ကို ကောင်းရာမွန်ရာ ဘဝရောက်စေ့ချင်တဲ့ စစ်သားတွေ ရိုက်သတ်တောင်မကုန်ဘူး လို့ ကျုပ်ယုံနေတယ်။ ရူးတယ်လို့ ဆိုချင်လည်း ဆိုကြပေတော့ ။
အေးလေ။ ကျုပ်ငယ်ငယ်က ရှိုးဝိုင်းမှာ သူများကို ဖဲလိမ်လိမ်ရိုက်တဲ့ တေးထုပ် လို ရုဒ်မက်ဆိုတာကြီးကို ထုတ်ရှိုး ၊ ပြည်သူအများစု ထောက်ခံတဲ့  လူထုခေါင်းဆောင် အမျိုးသမီးကြီးကို အိမ်ထဲ ပိတ်လှောင်၊ တမျိုးသားလုံး ဖွတ်ကျောပြာစု ခရုဆံကျွတ် ဘဝရောက်နေတာတွေ ကို အလိုတူနေတာ စစ်သားတိုင်းတော့ မဟုတ်လောက်ဘူးဗျာ။


ပြီးစလွယ်တွေးပြီးပြောလိုက်တာလို့ တော့ မထင်လေနဲ့ ဗျ။ ကျုပ်ဘဝမှာ ဒုတိယ ဗိုလ်ချုပ်ကြီးလောက်အထိ လက်ပွန်းတတီးနေခဲ့ဘူးလို့ ဗျ။ အော် .. ။စကားမစပ် မကြာခင်ကမှ ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးရသွားတဲ့  လှဌေးဝင်းတောင် ကျနော့်နဲ့  ၁၉၇၆ ခုနှစ် သမိုင်းကောလိပ်က စက်မှုလုပ်အားပေးမှာ ဆုံခဲ့သေးဗျာ။ဖင်ကလေး လိမ်ကျစ်ကျစ်နဲ့  စကားရည်လုပွဲမှာ ဝင်နွှဲတော့  ဘိလပ်ပြန် ဆိုတဲ့ ခေါင်းစဉ်နဲ့  တဝေါဝေါပွဲကျအောင် လုပ်သွားနိုင်လို့ ကျုပ်
တို့  က ဘိလပ်ပြန်လို့ ခေါ်တာ။ သူက ကျုပ်တို့ နဲ့  စာရင် လူတော်နော။ လူရည်ချွန် နှစ်ထပ်ကွမ်း ။ ကျုပ်နဲ့ အဖွဲ့ ကျစဉ်ကတော့ တကယ်ကို တော်တည့်  မှန်ကန်စိတ်ရှိတဲ့  မောင်ဗျ ။

.............................................
နေဦး ။ လွန်ခဲ့တဲ့  နှစ်နှစ်လောက်က ဘန်ကောက်မှာ ၊ လေတပ်ဗိုလ်မှူးဟောင်း တယောက်နဲ့ ဆုံမိတော့ ... ကျုပ်လည်း သိပ်ရင်းနှီးနေ၊ စိတ်ထဲလည်း ခပ်ချဉ်ချဉ် ရှိတာနဲ့ ခင်ဗျားတို့ စစ်သားတွေ ဗျာ ၊ တိုင်းပြည်ဖာဖြစ်နေတာ မသိလေရော့သလား မေးလိုက်မိသဗျာ။ ဒီတော့ ကိုယ်တော်က မျက်ထောက် နီကြီးနဲ့  ကျုပ်ကိုချက်ချင်းပြန်ပက်တယ်။
ထမင်းစားနေတာဗျ။ မစင်စားနေတာ မဟုတ်ဘူး၊ မသိပဲနေပါ့မလား ။ လုပ်လို့ မရလို့  ငြိမ်နေရတာတဲ့ ။ဘာဘဲဖြစ်ဖြစ် ကျုပ်စိတ်ထဲ ဝမ်းသာမိသလို ဖြစ်သွားတာအမှန်ပဲ ဗျာ။
...........................................
သူပြောတာဟုတ်မယ်ဗျ။
ကျုပ်တို့ ခေတ်က ရိုးရိုးစစ်သားတယောက်တောင် ရပ်ကွက်ထဲ လမ်းထဲ ဝင်လာရင် အထင်တကြီး တလေးတစား မျက်လုံးတွေနဲ့ ။ မိန်းခလေးတွေလည်း ငါ့ ရည်းစားက စစ်ဗိုလ်၊ စစ်သား ဆိုပြီး ဂုဏ်ယူနိုင်ခဲ့တဲ့ ခေတ်။ အခုများတော့ဗျာ။ စစ်ဗိုလ်စစ်သား လမ်းမှာတွေ့ ရင် ဘာများဒုက္ခပေးအုံးမလဲ ဆိုပြီး ဝေရာမဏိနေတဲ့ ခေတ်။
ဒါတင်ဘယ်ကမလဲ ။ တပ်ကနားသွားတဲ့  ဘယ်လောက်ကြီးတဲ့  ဗိုလ်ချုပ်ကြီးဖြစ်ဖြစ် လူတောကို တိုးလို့ မရဘူး။ ရိုးရိုးစစ်သားလည်း ထို့ နည်းလည်း ကောင်းပဲ ။ ကျွန်တော်က မြန်မာ့တပ်မတော်က အနားယူခဲ့တာဗျလို့  ရင်ကော့ပြောနိုင်တဲ့  သူရယ်လို့ မတွေ့  သလောက်ပဲ ဗျာ။
သတ္တုတွင်းဝန်ကြီး အဖြစ်ကနေ အနားယူခဲ့ တဲ့  ဒုတိယ ဗိုလ်ချုပ်ကြီးကျော်မင်း တောင် အလုပ်က အနားပေးခံရပြီး စမ်းချောင်းက ကျုပ်အသိ ဆံပင် ညှပ်ဆိုင်ကို ရောက်ရောက်လာ တတ်လို့  တွေ့ မိသေးတယ်။ သူ့ ကြည့်ရတာ တခုခု ကိုစိုးရိမ်ကြောက်လန့် နေတဲ့ ပုံပဲ ။တွေ့  သမျှလူ သူက ပြုံးပြပြီး ဝင်ရောနေပေမဲ့  လူတွေက သိပ်ဟက်ဟက်ပက်ပက် ရှိပုံမရဘူး။ သူ့  နေရာဝင်နေကြည့်တာ သိပ်တော့ မနိပ်လှဘူးဗျာ။
........................................
အခုလက်ရှိ စစ်ဥပဒေရုံးက ကျုပ်မိတ်ဆွေ ဒုတိယ ဗိုလ်မှူးကြီးတယောက်ဆို သူ့ အိမ် ကျုပ်သွားလည် တဲ့ အခါ မြဝတီတို့  မြန်မာ့ ရုပ်မြင်သံကြား တို့ က ပေါ်လစီသီချင်းတွေ ဖွင့်နေတာနဲ့  ကြုံရင် ကျုပ်ကို အားတုံ့  အားနာ မျက်နှာပူတဲ့ ပုံစံနဲ့  ထထ ပိတ်ရှာတယ်ဗျာ။
...........................................



မှတ်မှတ်ရရတခုလည်း ရှိသေးဗျာ။ အခုလက်ရှိ နိုင်ငံခြားရေးဝန်ကြီး ဗိုလ်ဥာဏ်ဝင်း ၊ လွန်ခဲ့ တဲ့  နှစ်နှစ်လောက်က ဥရောပအစည်းအဝေးသွားတက်ပုံကို ဒီဗွီဘီ ရုပ်သံမှာ ကြည့်လိုက် ရတယ်။ သူ့ှခမျာ အစည်းအဝေးသာ တက်ခွင့်ရရှာတာ ၊ လူတော တိုးလို့ မရဘူး ဆိုတာ အထင်အရှားပါပဲ ဗျာ။ နိုင်ငံတကာ ခေါင်းဆောင်တွေက အစည်းအဝေးခန်း ပြင်ပမှာ လွတ်လွတ်လပ်လပ် ဝိုင်းဖွဲ့ ပြီး ရီမောပြောဆိုနေကြတာကို မောင်ဥာဏ်ဝင်းက ခပ်လှမ်းလှမ်း ဝိုင်းအပြင် ကနေ ငေးနေရရှာတယ်။ ကျုပ်တို့ ကလေးဘဝတုန်းက ကစားဝိုင်းထဲ ပါခွင့် မရတဲ့  ကလေးတယောက် ပုံစံနဲ့  တထပ်တည်း ဗျာ။ တမင်များကျဉ်ထားလေသလား ၊ ကိုယ့်မောင်ကပဲ အိမ်ကျယ်မျိုး ဖြစ်လေရော့သလား။ ကျုပ်တော့ သူ့ ကို သနားနေ မိ တော့ တာပဲဗျာ။
.........................................
ကဲ ... ကြည့် ။ ဒီလို ပုံစံမျိုးတွေကြုံနေတွေ့ နေ ခံစားနေရတာကို ဘယ်စစ်သားက ဝမ်မြောက်ဝမ်းသာ ရှိပါ့မလဲ ဗျာ။ သူတို့  လည်း လက်ရှိစစ်တပ်ကို တကယ်ကိုတိုင်းပြည် ချစ်တဲ့ စစ်တပ်ကြီးအဖြစ်ပြောင်းချင်မှာ ၊ အခွင့်အခါကို ချောင်းနေမှာ အသေအချာပဲဗျ။ လောကကြီးမှာဗျာ။ ဘယ်နေရာဘယ်လူမျိုးမဆို အကောင်းအဆိုးဒွန်တွဲနေတာ သဘာဝ ပါ။
ဒီခေတ်ကြီး စစ်ဗိုလ်လာဖြစ်ရတာကို ရှက်ရကောင်းမှန်းသိတဲ့ စစ်ဗိုလ်တွေလည်း ရှိမှာမှ ဒုနဲ့  ဒေး ထင်ပါ့ ။
အဲသလိုမောင်တွေ ခေါင်းထောင်ခွင့်ရတာနဲ့  မြန်မာပြည်အရေးက ဆိုင်းတွေ ဗုံတွေ မပါပဲ ဝုန်းကနဲ ပွဲပြီးမှာ မြင်ယောင်သေးဗျာ။
ဒီအချိန်မှာ လူထုဖက်ကို ရပ်တည်ရဲတဲ့  စစ်ခေါင်းဆောင်များ ပေါ်လာခဲ့ ရင် သူ့  အတွက်တော့  အပါယ်တံခါး ပိတ်ပြီ ဗျာ။ လူသာဓုခေါ် နတ်သာဓု ခေါ် ရုံတင်မက စစ်တပ်ကြီးလည်း သိက္ခာပြန်တက် ၊ မြန်မာတွေလည်း လူ့ ဘဝ ပြန်ရ ။အိုဗျာ.. ။ တွတ် ၊ ဒဲ့  ။ ဒွန် တင်မကဘူး မင်္ဂလာစုံတွဲ အတွဲထောင်ချီ ပေါက်တဲ့  ကိန်း လိုမျိုးကို ဆိုက်မှာဗျ။
ဒီလို စစ်သားမျိုး ပေါ်လာလို့ ကတော့ ကျုပ်က သူ့ ပုံနဲ့ ငွေစက္ကူတချို့  မြန်မာပြည်မှာ ထုတ်ဝေဖို့  အဆိုတင်ဖြစ်အောင်ကို တင်အုံးမှာ ဗျား ။
..................................
အော်.. ။ ကျုပ်က ဒါမျိုး ကို ထိုင်မျှော်နေတာတော့ ဘယ်ဟုတ်မလဲဗျာ။ ဒီလောက် လူမဆန်အောင် မိုက်ရိုင်းယုတ်မာနေတာ၊ လူမိုက်ငှားချောင်းရိုက်၊ မတော်မတရား ထောင်ဒဏ်တွေ ချ ၊ မတရားတာမှန်သမျှ ကန်ထရိုက် ဆွဲထားတဲ့  အစိုးရမင်းများ သူ့  ဖာသာ ပွဲပြီးသွားလိမ့်မယ်လို့  ထိုင်တွေးနေ လောက်အောင်တော့  ကျုပ်မရူးဘူး ဗျ။
ဘယ်လိုများလုပ်ရင် မြန်မာပြည် ဒီဘဝက လွတ်ပါ့မလဲ ၊ နေ့ တိုင်းတွေး၊နေ့ တိုင်းကြံပေါ့ ။ နည်းမျိုးစုံ ကြံဆို တိဘက်တွေ လုပ်သလို တိုက်မြင့်မြင့်၊ ကျောက်တိုင်မြင့်ပေါ် တက်ပြီး အသေခံခုန်ချဘို့ ၊ မီးဖိုချောင်ထဲက ဓားမတိုလေးကို မျက်စခဲပြီး ၊ လက်လှမ်းမှီတဲ့ ဒင်းတို့  ဆွေမျိုးသားချင်းတွေကို လက်စတုံးဘို့  အထိတောင် အစွန်းရောက်မိတဲ့ အထိ ပါဗျာ။ဥာဏ်မပါတဲ့ တဇောက်ကမ်းနည်းတွေမို့  ဘေးချိတ်ထားရသဗျာ ။
......................................
ကြံနေ၊ တွေးနေ ခံစားနေကြတာတော့  ကျုပ်တယောက်တည်း မဟုတ်ဘူး ဗျ။ မြန်မာတိုင်း တယောက်တမျိုး ပုံစံအမျိုးမျိုးနဲ့  ဝေဒနာသည်းနေကြတာ ပါပဲဗျာ။
ဂျာမဏီမှာနေတဲ့  မိတ်ဆွေကတော့
ကျုပ်တို့  မြန်မာလူမျိုးတွေ သောက်သုံးကို မကျဘူး။ ဒီလို ပုံစံနဲ့ ဘယ်တော့မှ ဒီမိုကရေစီ ဆိုတာ မရဘူး။ နောက်ထပ် အနှစ်နှစ်ဆယ် လည်း မရဘူး။ ကျနော့် တသက် ဘယ်တော့မှ မရဘူး ဆိုတာ ဘယ်လိုလောင်းကြေးမျိုးမဆို ထပ်လိုက်ချင်တယ်။ ဘန်ကီမွန်းတောင် စိတ်ပျက်နေပြီ။ အတိုက်အခံ ဆိုတဲ့ ကောင်တွေကလည်း ဘာမှ သောက်သုံးကျတဲ့ ကောင်တွေ မဟုတ်ဘူး .... တဲ့ ။
.........................................
ဒိန်းမတ်က မိတ်ဆွေတယောက်ကတော့ တပုံစံဗျ။
..... ကျနော့် မိသားစုနောင်ရေး ကျနော့် နောင်ရေး စိတ်အေး ရပြီ။ကျနော်တို့  နိုင်ငံလွတ်မြောက်ရေးဘက်ဆီ ဦးတည်ရအုံးမယ် ။မလေးရှားလို နိုင်ငံမျိုး ကိုသွားပြီး ဒုက္ခဆင်းရဲမျိုးစုံကြုံနေတဲ့  မြန်မာအလုပ်သမားတွေအခွင့်အရေး တောင်းဆိုတိုက်ပွဲ ဝင်အုံးမယ် .... ဆိုပဲ ။
.....................................
လီဆိုသိုက မိတ်ဆွေကလည်း တဘာသာဗျာ။
သူက ကျုပ်ရေးခဲ့ဘူးတဲ့  ခေတ်ဆန်းချိန်ရောက်လုနီးပြီ ဖတ်ပြီးကတည်းက နှစ်ရက်ခြား ဆိုသလို ...
ဘယ်နှယ့်လဲ ဗျ။ ခင်ဗျား ခေတ်က မဆန်းသေးဘူးလား ဆိုပြီး မအီသံလေးနဲ့ လှမ်းလှမ်း မေးသဗျာ။ မအီသံဆိုတာ ကျနော့်အမေပြောဘူးတဲ့ အညာစကားဗျ။ ငေါ့တော့တော့ သံလို့  ဆိုနိုင်ထင်ပါ့။ .....
..........................................
အမယ်.. ။ ဖူးခက်မြို့ က ရွေ့ ပြောင်းအလုပ်သမား တယောက်ကလည်း တလိုင်းဗျ။
.. ဆရာ .။ နယ်စပ်က ကျောင်းသားတွေဆီမှာ သေနတ်တွေ ရှိတယ်ဆို ။ ကျနော်တို့  တက်ပစ်ချင်တယ် ။ဘယ်လိုဆက်သွယ်ရမလဲ ဆရာ ။ ဘာလဲဗျာ။ ဂန်ဘာရီဆိုတဲ့  လူက ဒေါ်စုခြံရှေ့ လက်ကိုင်စပီကာနဲ့  အလှူခံအော်သလို သွားအော်တာ ကို အဟုတ်မှတ် နေကြတယ် ၊ ဘန်တွေ ဂန်တွေ မျှော်ကိုမျှော် မနေနဲ့ ဆိုပဲ ဗျ။
......................................



ကျုပ်ဘယ်သူ့ ကိုမှ အပြစ်ပြောစရာတော့ မရှိပါဘူးဗျာ။ သို့ သော်ညည်းချင်းချနေတဲ့ သူတွေ တော့ ကျုပ်သဘောသိပ်မတွေ့ လှဘူးဗျ။ ညည်းတာညည်းပါ ၊ ကျုပ်လည်း ဘာသားနဲ့  ထုထားတာမှတ်လို့  ညည်းတာပါပဲ ။ ငတ်နေတဲ့ သူတွေကို မင်းတို့ တော့ ငတ်ပြီ။ ကိုယ်ကျိုးနည်းပြီး ။ လဲသာသေကြ၊ တွင်းသာနက်နက် ကြိုတူးကြပေတော့ .. ဆိုတာမျိုး အားပေးသလို မဖြစ်အောင်တော့  ကျုပ်မြဲမြဲ သတိချပ်သဗျာ။ ကိုယ်တိုင်နှာစေးချောင်းဆိုးဖြစ်ပြီး စိတ်ဓာတ်ကျနေရင်းလည်း တခြား မြန်မာတွေ ကို မကူးစက်အောင် ပုဝါလေးနဲ့  တဟွတ်ဟွတ်လုပ်သင့်တယ်ထင်
လို့ ဗျ ။

.........................................

အစိုးရမင်းများ ကို လားပင်စင်ပေးဘို့ ဆိုတာ ထင်သလောက်တော့ ဘယ်လွယ်ပါ့ မလဲ ဗျာ။
နိုင်ငံသစ်တခု ထူထောင်တာမပြောနဲ့  ၊ ကျုပ်ရဲ့ ခြံထဲမှာ ဒုတိယမြောက်ဘူးစင်ထူထောင်တာ တောင် အခက်အခဲတွေ မျိုးစုံနဲ့ ။
ကြုံတုန်း ပြောလိုက်ရအုံးမယ်။ ပထမ ဘူးစင်က အချိန်တန်လို့ နိဂုံးချုပ်သွားတော့ ဒုတိယ ဘူးစင်အတွက် လုံးပန်းရပြန်ရော ဗျာ။ မလုံးပန်းလို့ မဖြစ်ဘူး ဗျ။ ဘူးပင်တုံးသွားတော့ ပေသုံးဆယ် ဆယ့်ငါးပေလောက် ရှိတဲ့ ဘူးစင်ကြီးက အိမ်ရှေ့ မှာ မဏ္ဍပ်ကြီးလိုဖြစ်ကျန် ခဲ့တာလေ၊ အေးပေါ့ဗျာ။ ဘူးပင်ရှိတုန်း ဘူးစင်ကြီးက မသိသာပေမဲ့  ဘာပင်မှဘာနွယ်မှ မရှိတဲ့  ဝါးတိုင်ဝါးရိုး အပြိုင်းပြိုင်းနဲ့ စင်ထီးထီးကြီးဟာ ကျုပ်ကို ဒုက္ခပေးတော့ တာပဲ ။ ဘူးသီး ဘူးစင် ဘူးနွယ် ဘူးညွှန့် နဲ့  စိုပြေနေတာကို မတွေ့ ဘူးသူတွေက ကျုပ်အိမ်ရှေ့  ရောက်တိုင်း ကျုပ်ကို ခပ်ကြောင်ကြောင် အကြည့်နဲ့ ကြည့် သွားတတ်ကြဖန် များတာနဲ့  ဒုတိယမြောက် ဘူးစင်ထူထောင်ခန်းကို စရတော့တာပဲဗျာ။
မျက်နှာပူတာကော၊ မခံချင်စိတ်ကော ပါတယ် ထင်ပါ့ဗျာ ။
..................................
ဒုတိယမြောက်ဘူးစင်က ပြဿနာ မျိုးစုံနဲ့ ဗျ ။ အရင်လိုပဲ အစေ့လေးချစိုက်လိုက်တာ တပါတ်ကျော်အထိ မပေါက်ဘူး။ ဒါနဲ့ နောက်တခါ ထပ်ပြီး ဘူးမျိုးစေ့ ငါးစေ့ခြောက်စေ့ ထပ်ချပြန်တော့ လည်း မပေါက်ဘူး။
မျိုးစေ့တွေ မကောင်းတော့တာလား။ မြေကြောင့်လား။ နေရောင်ပြဿနာလား ။ မိုးအဆက်မပြတ်လို့ လား၊ လားမျိုးစုံနဲ့ နှစ်ပါးသွားပြီး တလနီးပါး ဆက်အားထုတ်မှ အညှောက်ပြူလာသဗျာ။
မတော်တဆ သေများသွားရင် ဒုက္ခဆိုပြီး အရန် ဘူးစေ့တွေကိုလည်း တခြားနေရာမှာ ပျိုးရသေး၊ ဘူးပင်သန်အောင် အပုပ်ရည်တချို့ လောင်းရတယ် ဆိုပြန်လို့  ဖူးခက်ဈေး သားငါးတန်းထဲက ကြက်ခေါင်းငါးခေါင်းတွေ ယူလာပြီး ပုံးထဲထည့် အပုပ်ခံလိုက်တာ ဆိုးလိုက်တဲ့ အနံ့  ၊ ကံကောင်းလို့ ဘေးအိမ် က တရားမစွဲတယ်။ နောက်ဆုံးအပင်တွေ နဲ့  နီးရာမှာ မြေတူးမြှုပ်လိုက်မှ အနံ့ ပျောက်တော့ သဗျာ။ ပြင်လိုက်ရတဲ့ မြေ ၊ ထည့်လိုက်ရတဲ့  မြေသြဇာ မျိုးကို စုံလို့ ။ တသက်လုံးပေါင်းလာတဲ့  မိန်းမကို တောင် ဒီလောက် ဂရုမစိုက်ခဲ့ ဘူးပါဘူးဗျာ။
ဟော .. ။ ခုတော့  ။ ဘူးညွန့် တွေ စင်ပေါ်ပြန်ရောက်နေပြီလေဗျာ။ လူရိုသေ ရှင်ရိုသေ ဘဝ ပြန်ရောက်နေပါပြီ ဗျာ။ အော်.. ။ ထင်သလိုတော့ ဘယ်လွယ် ပါ့မလဲ ဗျ ။
...................................



ဘူးစင်ပေါ်က ဧရာမဘူးရွက်စိမ်းစိမ်းကြီး တွေကို မြင်တိုင်း ကျုပ်တော့ လူလိုနေသည့်  နိုင်ငံတော်သစ်ဆီ သို့  ဆိုတဲ့  ဦးတည်ချက်က ကျုပ်ရင်ကို လာလာဆောင့်သဗျာ ။ မသေခင် လူလိုတော့ နေသွားချင်သေး တယ်ဗျို့ ၊
ကျုပ်လည်း ပထဝီ နိုင်ငံရေးတို့  သချာင်္နိုင်ငံရေးတို့  ဝိဇ္ဇာသိပ္ပံ နိုင်ငံရေးတို့ ဆိုတာတွေ လည်း နားလည်တဲ့ ကောင်မဟုတ်လေတော့ သိသလောက် တတ်သလောက် ၊ ဥာဏ်ပါတဲ့နည်းလေး တွေ ကြံဆနေရတာပဲဗျာ ။
ကျုပ်ကတော့ ငါးသုံးကောင်ပုံပြင်ထဲက အတိုင်းပဲ အခွင့် အခါကောင်းကို တက်ကြွယုံကြည် သော စိတ်နဲ့  အခါမလပ်နေတာကို သဘောကျမိသဗျ ။
ငါးသုံးကောင်ပုံပြင်လား ။ ငယ်ငယ်တုန်းက သင်ခဲ့ရတာတဲ့ ပုံပြင်လေ။
ဂဂါင်္မြစ်ထဲမှာ တံငါသည်တဦးဟာ ငါးသုံးကောင်ကိုဖမ်းမိရောတဲ့ ။ တကောင်သောငါးကတော့  .. ။ ဟ။ ဒုက္ခတော့ ရောက်ပြီ။ မြန်မြန်ရုန်းမှ စိတ်ကူး သတဲ့ ။နောက်တကောင်ကတော့  ဖမ်းမိမှတော့ သေမှာပဲ ။ သေလည်းအေးရော စိတ်ကူးသတဲ့ ။
နောက်ဆုံးတကောင်ကတော့ အခွင့်အခါ ကောင်းတာနဲ့  လွတ်အောင်ရုန်းမယ် ကြံသတဲ့  ဗျာ။
မြန်မြန်လွတ်ချင်တဲ့ ငါးက စွတ်ရုန်းတော့  လှော်တက်စာမိပြီး ဦးစွာမာလကီးယားသတဲ့ ။
အခွင့်ကောင်းချောင်းတဲ့ ငါးကတော့  လေအတိုက်လှေအလူးမှာ ဇတ်ကနဲ့  ခုန်ထွက်လိုက် တာ လွတ်သွားသတဲ့ ။ သေလည်းအေးရော အိပ်နေတဲ့ ငါး လည်း တံငါသည်က နောက်တကောင်ထပ်လွတ်သွားရင် ဒုက္ခဆိုပြီး လှော်တက်စာမိသွားတာပဲ တဲ့  ။
ကျုပ်ကတော့ လေအတိုက်လှေအလူး စောင့်တဲ့ ငါးကို သဘောကျတယ် ဗျာ။
.................................................



အော်.. ။လေအတိုက်လှေအလူး ကိုစောင့်နေတာ နှစ်ပေါင်းငါးဆယ်နီးပါးတောင် ကြာပြီကော တွေးမိပြန်တော့ တမျိုးအတုခိုးမိပြန်တယ်ဗျ ။
အဲဒီနည်းက ဆရာကြီး ရွှေဥဒေါင်းရဲ့  ဇော်ဝိတ်နဲ့ တိုင်းလုံးကျော် လက်ဝှေ့ ပွဲ ကနေ ယူတဲ့  နည်းဗျ။ မြို့ တမြို့ မှာ နာမည်ကျော် လူ့ ဘီလူး တိုင်းလုံးကျော် ဆိုတဲ့  လက်ဝှေ့ သမားနဲ့  ဇော်ဝိတ် ဆိုတဲ့ မောင် လက်ဝှေ့ ပွဲတပွဲ ထိုးခဲ့ကြသတဲ့ ဗျာ။
လူတိုင်းက တိုင်းလုံးကျော် နိုင်မယ် ဆိုပြီးလောင်းကြေးတောင် ဆယ်လေးတလေး ရှိသတဲ့ ။ ထူးခြားချက်ကတော့ ဇော်ဝိတ်ဟာ သူမတူတဲ့ ယောက်ျား ကောင်း တယောက်ရဲ့ အသည်းနဲ့  လူ ဆိုပဲဗျ။
ပွဲစတာနဲ့ တိုင်းလုံးကျော် ထိုးချက်တွေနဲ့  ဇော်ဝိတ် ခမျာ မချိမဆန့် ခံရတော့ တာပဲတဲ့ ။
ဇော်ဝိတ်ကတော့  တိုင်းလုံးကျော်ကို အလဲထိုးနိုင်ရမယ် လို့  အခိုင်အမာယုံကြည်ထား သတဲ့ ။
လူသာမာန် ဗလနဲ့  ဇော်ဝိတ်က တိုင်းလုံးကျော် ကို တချက်တည်း အလဲမထိုးနိုင်တော့  အခွင့်ရတိုင်း ရင်ဝကို တချက်ချင်းပစ်ပစ်သွင်းသတဲ့ ။ လူ့ ဘီလူး ရင်ဝကို အညိုအမဲ စွဲအောင် အခွင့်ရတိုင်း ပစ်သွင်းရတာဆိုတော့ ဇော်ဝိတ်ခမျာ မှာလည်း မျက်နှာတခုလုံး ရစရာ မရှိအောင် ယောင်ကိုင်းဖူးရောင် တာ ပါပဲ ။ မျက်နှာတခုလုံး သွေးသံတရဲရဲ ဖြစ်နေလျက်က အခွင့်ရတိုင်း ၊ တိုင်းလုံးကျော် ရင်ဝကို လက်သီးတချက် မမေ့ တမ်း ထိုးသွင်းသတဲ့ ။
ဒီလိုနဲ့  အချက်ပေါင်းများလာတော့  တိုင်းလုံးကျော် အသက်ရှူမမှန်တော့ဘူး တဲ့ ။ နောက်ဆုံး ဇော်ဝိတ်ရဲ့ လက်သီးချက်နဲ့  တိုင်းလုံးကျော် နောက်ကောက်ကျတာပဲတဲ့  ဗျား ။
.......................................................
နောက်ကောက်ဆိုလို့  ဘာမထီခင်အောင် ကို သတိရသဗျာ။ သူက လက်ဝှေ့ လည်း ကိုယ်တိုင်ထိုး စာတွေလည်း ရေးသဗျ။ နိုင်ငံတကာကို လျောက် လှည့်နေတဲ့  နာမည်ကျော် နိုင်ငံခြားနည်းပြတယောက်နဲ့ ဘာမထီခင်အောင် တနေ့  မှာ ဆုံမိကြသတဲ့ ဗျာ။
ဒီတော့ အဲဒီနည်းပြက ဘာမထီ ခင်အောင်ကိုမေးခွန်းတခုမေး သတဲ့ ။ အဲဒီမေးခွန်းကတော့

ပြိုင်ဖက်ဟာ ဘယ်အချိန်မှာ နောက်ကောက်ကျသလဲ တဲ့ ..။

မေးခွန်းမေးတဲ့ မောင်က သူကမ္ဘာလှည့်လာတာ ဒီမေးခွန်းကို ဘယ်ဝှေ့ သမားမှ တိတိကျကျ မဖြေနိုင်ဘူး ဆိုတာလည်း ပါသေးသဗျာ။
ဘာမထီခင်အောင်ကတော့  ရုတ်ခြည်းဆိုသလို...

ပြိုင်ဘက်နောက်ကောက်ကျတဲ့  အချိန်ဟာ ၊ ပြိုင်ဘက် တိုးဝင်လာတဲ့ အချိန်နဲ့ အရှိန် ၊ မိမိထိုးလိုက်တဲ့ အချိန်နဲ့ အရှိန် တထပ်တည်းကျချိန်ပဲ .......... ။

လို့ ဖြေလိုက်တာ ကမ္ဘာလှည့်လာတဲ့  နည်းပြ ပါးစပ်ပိတ်သွားတယ် ဆိုပဲ ဗျ။ တကယ့်ကို မှတ်လောက်သားလောက်စရာပဲဗျာ။ ကျုပ်တို့ လည်း အစိုးရ မင်းများကို ရင်ဆိုင်တဲ့ အခါမှာ ထည့်စဉ်းစားသင့်တဲ့ နည်းလို့ ထင်သဗျာ။
လောကကြီးမှာ အခွင့်အခါကောင်းတွေ အချိန်နဲ့ အမျှ ပေါ်လာတတ်မျိုးမဟုတ်လား။
........................................



ဗျာ ။ ကျုပ်က တောင်ကြံ မြောက်ကြံ ပူပန်နေတဲ့  ကောင် .. ။ ဟုတ်လား ။
ကြံရမယ် ဗျို့ ။ ကျုပ်ဆိုတဲ့ ကောင်ကလည်း အိမ်ရှေ့ မှာ ဘူးစင်ဟောင်း ၊ ဝါးရိုးပြိုင်းပြိုင်း ဖြစ်နေတာတောင် မျက်နှာပူတတ်တဲ့ ကောင်ဆိုတော့ ကြံကို ကြံမှ ဖြစ်မယ်။
တော်ကြာဗျာ။ ကျုပ်တို့ မြန်မာဆိုတဲ့ လူမျိုးဟာ ပြူ၊ ကမ်းယံ၊ သက် တို့ လို စာထဲမှာသာ ကျန်ခဲ့ပြီး ကျုပ်မြေးမြစ်တွေက ကျုပ်ကို .. အန်းကုံး ... နိဟောင်မား .... လာလုပ်နေရင် .. ကျုပ်က ဟောင်တဲ့ ဟောင်တဲ့  ရှဲရှဲမနီ ပဲ .. ကန့် နီနဲ စီပိုင်း လန်ကျောက် ဆိုပြီး ပြန်ဟောက်မိမှာ စိုးလို့ ဗျား ။

You received this email because you are subscribed to the real_time feed for http://mindinn.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.