Friday, October 31, 2008

[NYI LYNN SECK 18+ DEN] 2 New Entries: JNLS

JNLS




မန္တလေးမှ ကိုဂျေအယ်ကြီး၏ သူငယ်ချင်း၊ အဆိုတော် ဂျေမောင်မောင်၊ ဂျေညီညီ၊ ဂျေညီမလေးတို့နှင့် မည်သို့မျှ မသက်ဆိုင်သော ရန်ကုန်မှ JNLS. (ဆံပင်အတုကို မာမီသခင်ကြီးထံမှ ငှားလိုက်သည်) ခွိခွိ

မြစ်ဆုံ အမှတ်တရ

Free Image Hosting at www.ImageShack.us

You received this email because you are subscribed to the real_time feed for http://nyilynnseck.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[တင့်ထူးရွှေ] 1 New Entry: ကျွန်တော်အမုန်းဆုံးကျွန်တော်

ကျွန်တော်အမုန်းဆုံးကျွန်တော်

ငယ်ငယ်လေးကတည်းက
မျက်ရည်ကို မုန်းခဲ့တဲ့ကျွန်တော်
သူများတွေငိုရင်တောင်
နှစ်သိမ့်ပေးတတ်တဲ့ကျွန်တော်
အထူးသဖြင့်
မိန်းကလေးကြောင့် မျက်ရည်ကျတဲ့
ယောင်္ကျားလေး
ယောင်္ကျားလေးကြောင့်မျက်ရည်ကျတဲ့
မိန်းကလေး
ကျွန်တော်မုန်းခဲ့တယ်
တစ်ကယ်တော့
ကျွန်တော်က မုသာဝါဒီတစ်ယောက်ပါ
ခုတော့
ကျွန်တော်မျက်ရည်ကျခဲ့ရပါပြီ
လောကကြီးကပြောသမျှ
ကျွန်တော်ခေါင်းညိတ်နာခံပါ့မယ်
ကြိုက်သလိုစီရင်ပါတော့
ကျွန်တော်အမုန်းဆုံးကျွန်တော်

သီဟညိမ်း
(ဒီဘ၀ကျေပါစေတော့နော်)

You received this email because you are subscribed to the real_time feed for http://tinthtooshwe.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ညိမ်းညို] 1 New Entry: လက်လှမ်းမီရာ တိုက်စားလိုက်

လက်လှမ်းမီရာ တိုက်စားလိုက်

လက်လှမ်းမီရာ တိုက်စားလိုက်

ရင်ဘတ်ထဲခွေနေတဲ့ မြွေပွေး
ထိပ်ပုတ်ခေါင်းပုတ် အကြိမ်တစ်သိန်း တုပ်တုပ်မလှုပ်
ဆိုတော့ ..
တခုခုဟာ တနေရာရာမှာ
အသေအချာကို မှားနေပြီ
ကျွန်တော့်ခတ်ချက်တွေ မမှန်တော့ဘူးဆို
ဘေးထွက်ပေးမယ်
ဝိုင်းသုံးလေးပတ်လည်ဖို့ ပိုအရေးကြီးတယ်
ဇာတ်လမ်းက အဲဒီမှာစတာပဲ
မိတ်ဆွေ..
စိတ်လက်ကြည်သာမှသာ လာခဲ့ပါ
ဒီမှာ...လက်လှမ်းမီရာတိုက်စားဖို့
ကျွန်တော်တို့ မိုးလင်းအောင်မစောင့်ကြတော့ဘူး။

ညိမ်းညို
သံလွင်အိပ်မက်(အတွဲ၂၊ အမှတ်၂)

You received this email because you are subscribed to the real_time feed for http://nyeinnyo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဆိုးသွမ်း] 1 New Entry: “ နွယ် ”

" နွယ် "


တစ်ပင်တည်း ( ထဲ )
ရင်ထဲကနွယ်

ခက်ညွှန့်သန် နသစ်လို့
ရစ်ပတ်နှောင်တွယ်

သံယောဇဉ် ဆိုတာရယ်
နွယ်ကလေး တစ်ပင်ပေါ့

ရာသီတွေ ဘယ်လိုပြောင်းပေမယ့်
ခေါင်းထောင်လို့ကြော့ ။ ။

ဆရာမောင်စိန်ဝင်း



You received this email because you are subscribed to the real_time feed for http://soethawn.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ။] 1 New Entry: a bout Model Girls

a bout Model Girls

လာလည်ကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ။ ပို့စ်တင်ဖို့အတွက် ခေတ္တမျှအနားယူမည်ဖြစ်ပြီး လာရောက်လည်ပတ်ကြသောမိတ်ဆွေများ လာရကြိုးနပ်အောင် အပြင်းပြေ ဓာတ်ပုံလေးကို ဒီမှာဝင်ကြည့်သွားနိုင်ရန်အတွက် တင်ထားပေးပါတယ်။ အားလုံးအဆင်ပြေကြပါစေခင်ဗျာ။

Related media files: http://widgetserver.com/syndication/flash/wrapper/InsertWidget.swf

You received this email because you are subscribed to the real_time feed for http://www.photochitoo.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကြုံဆုံမိသမျှ] 2 New Entries: Only Cute Guys! wants to be your loyal fan

Only Cute Guys! wants to be your loyal fan

Hi kkwinmoe.kkwinmoe!

Only Cute Guys! wants to be your loyal fan!

Automatically sign in to view Only Cute Guys!'s profile and/or photo, and accept or reject her fan request.
You can change the frequency of this type of notification. Visit our Terms of Service or Privacy Policy.
FanBox - 255 G Street #723, San Diego, CA 92101, USA

uknowimsexy17@Y wants to be your loyal fan

Hi kkwinmoe.kkwinmoe!

uknowimsexy17@Y wants to be your loyal fan!

Automatically sign in to view uknowimsexy17@Y's profile and/or photo, and accept or reject her fan request.
You can change the frequency of this type of notification. Visit our Terms of Service or Privacy Policy.
FanBox - 255 G Street #723, San Diego, CA 92101, USA

You received this email because you are subscribed to the real_time feed for http://kkwinmoe.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ချစ်တဲ့ မနောမြေ] 1 New Entry: ကချင် အဖွားကြီးရေးရာ ကျွမ်းကျင်သူ

ကချင် အဖွားကြီးရေးရာ ကျွမ်းကျင်သူ


Image and video hosting by TinyPic
ဓါတ်ပုံ - မန္တလေး တုဘ်မှ ယူသည်။
အခုတလော စာမရေးဖြစ်ဖူး ဘလော့ခ် အတွက်ပေါ့လေ ရေးဖြစ်ပြန်တော့လည်း ( အမှန်တော့ ဆားချက်တာပါ ) ဝဘ်ဆိုဒ်တခုမှာ သုံးထားပြီးသားနဲ့ ရောသမမွှေလို့ ၂ခုဖြစ်နေပြန်တယ် ခွဲမတင်ချင်တော့ ပေါင်းတင်မယ်ကြံတယ်၊ ဒီတော့ ခေါင်းစဉ် ပေးဖို့ကြတော့ ခက်ပြန်ရော ….။

ထားပါတော့ အခုတလော ရေစကြို … အဲလေ … ရေဒီယိုမှာ ခပ်စွာစွာ ဘာ … ရေးရာ ကျွမ်းကျင်သူ၊ ညာ … ရေးရာ ကျွမ်းကျင်သူတွေ ခပ်စိတ်စိတ် အာဖျံကွီး လေပေါတာတွေ တွေ့ရတော့ ဒူကဘာလဲ အောက်က အကြောင်းအရာမှာ အဖွားကြီးတွေ အကြောင်းပဲ ရေးထားမိပြန်တော့ သူတို့လိုပဲ ကျွမ်းကျင်တဲ့သူ ဖြစ်ချင်တဲ့ ဒူကဘာမှာ "ကချင် အဖွားကြီးရေးရာ ကျွမ်းကျင်သူ" ဖြစ်လာပါတော့တယ်။ သင်လည်း ဘာရေး … ညာရေးများ ကျွမ်းကျင်နေမလား? ရေးထားခဲ့လေ သိရတာပေါ့ ! ဒူကဘာသူရိန် အရောက်လာမှာပါ… အဲလေ … ယောင်လို့ ဘီဘီရှီ ။

၅ည ဆို x x x x x

ဟိုးရှေးရှေးတုန်းက အဲလေ … လွန်ခဲ့တဲ့ အနှစ်၂၀လောက်က ရန်ကုန်စက်မှု တက္ကသိုလ် ကျောင်းသား ကိုဘုန်းမော် သေဆုံးရာက စလို့ မြန်မာ တနိုင်ငံလုံးကို ဒီမိုကရေစီ တိုက်ပွဲ ခေါ်လိုက်တဲ့ ရှစ်ရက် ရှစ်လ ရှစ်ဆယ့် ရှစ်ခုနှစ် နေ့မှာဘဲပေါ့။

မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားမြို့ မှာပေါ့ အောင်နန်းရိပ်သာ အရပ်မှာရှိတဲ့ အခြေခံပညာ အထက်တန်းကျောင်း အမှတ် (၂) ကနေ စတင်လို့ အမျိုးသားရေး ခွပ်ဒေါင်းစိတ်ဓါတ် နဲ့ ကျောင်းတော်သားတွေ တပါတီ အာဏာရှင် မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ ကို ရဲဝံ့စွာ တပြည်လုံးနဲ့ အတူလိုက်ပါလို့ စနစ်ပြောင်းဖို့ အာခံတော်လှန်ကြယင်း မြို့သစ် အရပ်မှာရှိတဲ့ အခြေခံပညာ အထက်တန်းကျောင်း အမှတ် (၃) အနား ရောက်တယ် ဆိုယင်ပဲ စစ်တပ်၊ ရဲ နဲ့ ကျောင်းသားတွေ ထိပ်တိုက် တိုးကြတာ ရဲက ကြောက်ပစ်ပစ်ပြီး ကျောင်းသား တဦး ကျဉ်သင့်ပြီး ကျဆုံးခဲ့ရတယ်။

ဒီဖြစ်ရပ်ကို မြိုခံလူထုတွေ မခံစားနိုင်လို့ ပေါက်ကွဲကြပြီး နောက် ပင်လုံစာချုပ်မှာ လက်မှတ်ထိုးတုန်းက ပါတဲ့ ဒူဝါတွေ၊ ဒုတိယကမ္ဘာစစ်တုန်းက ကချင်၊ ဂေါ်ရခါး လူမျိုး စစ်ပြန်ကြီးတွေ၊ ဖ.ဆ.ပ.လ ခေတ်က အမတ်တွေ၊ ဦးဆောင်လို့ ကျောင်းသား၊ ပြည်သူ လက်တွဲပါဝင်ကာ တပါတီ အာဏာရှင်စနစ်ကို ရှုတ်ချကြသတဲ့ ။

ဒီအချိန် သားမင်္ဂလာဆောင်မှာ ကားသော့တွေ အများကြီး လက်ခံရရှိပြီး၊ လက်သီးမှာ ကျော်ဘ လို့ အမည်ရတဲ့ မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကျော်ဘ ဟာ ဒီဖြစ်ရပ်အတွက် သိပ်စိတ်ဆိုးပြီး သီတာရေစင်ကြီးနားက အမှတ်(၈) စစ်ထောက်လှမ်းရေးကို ခေါ်ကြိမ်းသတဲ့၊ ဒီတော့ ထောက်လှမ်းရေးက လဲ မဲမဲမြင်ရာ ဖမ်းတော့တာပါပဲ၊ မီးသွေးရောင်းသူတောင် မဲလို့ဖမ်းတယ်ဆိုပဲ၊ ဦးဆောင် ကျောင်းသား အတော်များများ ဖမ်းခံကြရပြီး အတော်များများလည်း တောမခိုပဲ တောင်ခိုကြသတဲ့ ( ကချင် လွတ်မြောက်နယ်မြေက တောင်ပေါ်မှာ ရှိလို့ပါ )။

အဲဒီ အထဲ ဖတဆိုး ကချင်ကျောင်းသားလေး တဦးလဲ ဖမ်းခံရတယ်၊ နောက် ရက်သတ္တပါတ် တပါတ်နီးပါး အကြာမှာ မြို့လည် မြို့မအရပ်မှာ ရှိတဲ့ အမှတ်(၁) ရဲစခမ်းမှာ ကချင်လူမျိုး အဖွားအိုတဦး ကချင်လို ပြောပြောပြီး ရဲစခမ်းရှေ့မှာ လာလာ ငိုနေသတဲ့၊ အစပိုင်း တရက်မှာ ရဲစခမ်းကလဲ တိုင်းပြည်ကပူ၊ တိုင်းမှူးက ဆူသမို့ သတိမထား မိကြဘူးတဲ့၊ နောက်နေ့လဲ အဖွားအိုက တိုင်တည်ပြောသလိုမျိုး စခမ်းရှေ့ လာလာငိုနေပြန်တော့ စခမ်းမှူးက သတိထားမိပြီး ကချင်အဖွားအို ကို စကားနားလည်သူနဲ့ ခေါ်တွေ့ပြီး အကျိုးအကြောင်း မေးမြန်းတော့ အဖွားအိုက အခုလို ပြောသတဲ့ " နင်တို့ အမှုထမ်းတွေ ညာတယ် ငါ့သားကို လာဖမ်းတုန်းက ၅ည ဆို …. ငါစာမတတ်ဘူး ဆိုပြီး ငါ့ကို မလိမ်ကြနဲ့ …. အခုဟာက ၅ည မကဘူး ၆ည ရှိပြီ …. ၆ည …. ရှိပြီ " လို့ ရှိုက်ကြီးတငင် ငိုပြီး ဆိုသတဲ့လေ ။


အုန်းမြင့် အတွက် x x x x x

သိပ်မကြာသေးတဲ့ ကာလတခု ဆီမှာလည်း တိုင်းမှူး ဗိုလ်ချုပ်အုန်းမြင့် မြစ်ကြီးနားမြို့ဆီကို မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် တိုင်းမှူး အဖြစ်နဲ့ ပြောင်းလာပါတယ်….။ သူ ရောက်ပြီး မကြာခင်မှာ ပြည်သူတွေ တန်၏၊ မတန်၏ နိုင်၏၊ မနိုင်၏၊ မစဉ်းစားဖူး အမိန့်တွေ တသီတတန်းကြီး ထုတ်ကာ မြစ်ကြီးနားမြို့ကို ထုံးသုတ်၊ ဆေးမှုတ်၊ ချုံခုတ်၊ မြောင်းတူး လုပ်ခိုင်း ပါလေရောလား….ဗျာ။

သူတို့တွေ ဂေါက်သီးရိုက်လေ့ရှိတဲ့ မြစ်ကြီးနား ဂေါက်ကွင်းအနား ကပ်ရက်မှာ အင်ဂျန့်ကောင် ဆိုတဲ့ ရပ်ကွက်ရှိတယ်၊ အဲဒီရပ်ကွက်မှာ လင်သေ သားဆုံး အဖွားအိုကြီး တယောက်နေတယ်၊ တိုင်းမှူး အမိန့်ထုတ်တော့ အောက်ဆွဲတွေလဲ မနေနိုင် မထိုင်နိုင် ရပ်ကွက်တွေမှာ အမိန့်ကို သက်ရောက်စေ ရတာပေါ့။

၇အိုကြား ၈အိုကြား ရှိတဲ့ အဖွားကြီး ခမျာမှာ ခြံစည်းရိုးတွေကို တကိုယ်ရေ တကာယ ထုံးသုတ်နိုင်ပေမဲ့ အိမ်ရှေ့တွေမှာ ဒူးဆစ်လောက်ရှိတဲ့ မြောင်းတူး ရတာ ၇ရက်တပါတ် လောက်တော့ ကြာတာပေါ့ ၊ အခု က.ယ.က လို့ခေါ်တဲ့ ရပ်ကွက်ကောင်စီက မပြီးသေးဖူးလား? လို့ ခဏခဏ တိုက်တွန်းလွန်းလို့ သေငယ်ဇောနဲ့ မျောအောင် လုပ်နေရတဲ့ အဖွားအို ခမျာ ... မြောင်းတူးနေတဲ့ တညနေမှာ….။

တိုင်းမှူး အုန်မြင့် ဂေါက်သီးရိုက်ယင်း အဖွားကြီး ခြံအနား ဂေါက်သီးရောက်သွားလို့ သွားကောက်ယင်း အမယ်အိုကြီးကို တွေ့လို့ " အဒွီး (အဖွား) ဘာလုပ်နေတာလဲ? " လို့မေးတော့ " အေး… အုန်းမြင့် အတွက် ကျင်းတူးနေတာဟေ့ " လို့ လှည့်မကြည့်ပဲ ဆိုသတဲ့၊ ကချင် အဖွားကြီးခမျာ အုန်းမြင့် ခိုင်းလို့ လုပ်တာ အုန်းမြင့် အတွက်လို့ တွေးထင်နေမလားပဲ...? ဒူကဘာတော့ ဒီလိုသာ ရကြကြေးဆိုယင် နေပြည်တော်အတွက် ….! ကျင်းတူးမလား … တူးနိုင် ပါသေးရဲ့ ။ အဟေ ဟေး....သက်မွန်မြင့်နဲ့ ကျင်းတူးနိုင်တယ်ဗျ ..... ဆိုပြီး တီဗွီကြော်ညာ တပုဒ်လောက် ရိုက်လိုက်ချင်သေး....။

သူတို့ အကြောင်းရေးယင်း ရေဒီယိုက သူများတွေလို ဒူကဘာ့ မှာတော့လေ... လေ့လာ ကျွမ်းကျင်သူး ကို ဖြစ်လို့ …..။

You received this email because you are subscribed to the real_time feed for http://chittemanawmyae.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.