Tuesday, November 11, 2008

[Shwe Gyan's ပြောပါရစေရှင် ...] 1 New Entry: အချစ်ဆိုတဲ့အရာ

အချစ်ဆိုတဲ့အရာ

မလင်းက အချစ်ဆိုသည်မှာ ရေးခိုင်းတာ ကြာလို့တောင်နေပါပြီ။ မရေးအားလိုက် စိတ်မပါလိုက်နဲ့ မရေးဖြစ် တော့ မလင်းက စိတ်တောင်ကောက်သွားရော။ ၀န်ခံရရင် အချစ်အကြောင်း ရေးဖို့ လက်ရှောင်တယ်လို့ပဲပြောပြော မျှော်လင့်သလို နုနုရွရွတွေ မရေးတတ်တာတော့ အမှန်ပါပဲ။ ဟိုးအရင်တစ်ခေါက်ကတော့ အချစ်ဆိုတာ သစ်ပင်လိုပဲလို့ ဘာလင်တံတိုင်းနေ့အတွက်တော့ ရေးခဲ့ဖူးတယ်။ အချစ်ဆိုတာ ကဗျာဆရာတွေ စာရေးဆရာ တွေ အနုပညာရှင်တွေအားလုံးကို ပြောင်မြောက်တဲ့ အနုပညာတွေဖန်တီးဖြစ်ဖို့ တွန်းအားကြီး တစ်ခုပဲတဲ့။ အချစ်ကိုပဲ လုံးဝယုံစားမိတဲ့ လူတွေဟာ စုံလုံးကန်းကြသတဲ့။ သူများတွေ အတွက်တော့ မသိဘူး။ ကိုယ့်အတွက် ကိုယ်ကတော့ အချစ်ဆိုတာ ရယ်စရာ ပျော်စရာတွေလည်း ရှိခဲ့ တယ်။ အိပ်မပျော်တဲ့ ညတွေလည်း ရှိတယ်။ ၀မ်းနည်းနာကျင်ပြီးလည်း ငိုခဲ့ဘူးတယ်။ တခါတလေကျတော့ အချစ်ဆိုတာ တွေ့ရှိလိုက် ပျောက်ဆုံးလိုက် ခံစားမှုတစ်ခုလိုပဲ။ အဲဒီခံစားမှုကြောင့် ရယ်လိုက်ကြ ငိုလိုက်ကြ ပျော်လိုက်ကြ ၀မ်း နည်းလိုက်ကြ ဖြစ်နေကြရတာ လူတိုင်းပဲ ထင်ပါရဲ့။

အဲဒီအချစ်တွေက ဘယ်သူ့ကြောင့်ဖြစ်လာတာလဲ သိလား။ သူ့ကြောင့်ပေါ့။ သူ့နာမည်က Cupid တဲ့။ သူက Venus နတ်သမီးရဲ့ သားလေးပါ။ သူ့ရဲ့ အချစ်မြားစူးမိသူတွေဟာ အရူးအမူးကို ချစ်မိကြ တယ်လေ။ သူ့အကြောင်းကို ကြားဖူးပြီးသား နေမှာပါ။ မကြားဖူးသေးတဲ့လူတွေအတွက် ပြန်ပြောပြမယ်လေ။
--------------------------------------------------------
တစ်ခါတုန်းက ဘုရင်ကြီးတစ်ပါးမှာ သမီးတော် သုံးပါးရှိတယ်တဲ့။ အဲဒီသမီးတွေထဲက သမီးအကြီး နှစ်ယောက်ဟာ အင်မတန်ကို ချောမောလှပ ကြပေမယ့် အငယ်ဆုံးသမီးတော်လေးရဲ့ ချောမောချစ်စရာကောင်းပုံ ကတော့ လူတွေ ပြောစရာ စကားလုံး မရှိလောက်အောင်ကိုပါပဲ။ တိုင်းတပါး ရပ်ခြားဒေသတွေကတောင် လူတွေဟာ သမီးတော်အငယ်ဆုံးလေးကို လာကြည့်ကြရတယ်။ သူကလေး လမ်းလျှောက်ထွက်တဲ့ အခါများဆို သူသွားမယ့်လမ်းမှာ နင်းလျှောက်ဖို့ ပန်းတွေတောင် ကြဲထားသတဲ့။

"သူဟာ Venus နတ်သမီးပဲဖြစ်မှာပဲ။ ဒီလောက်တောင် ချောလှတာ အလှတရားနဲ့ အချစ်တို့ရဲ့ နတ်သမီးနေမှာပေါ့" မင်းသမီးလေးကို မြင်ဖူးတဲ့ လူတွေက ခုလိုတောင် ပြောကြတယ်။ "ဘယ်လိုပဲ ဖြစ်ဖြစ် သူ့ကို Venus လို့ခေါ်ကြမယ်။ နတ်သမီးအဖြစ်ကိုးကွယ်ကြမယ်"

ဒါကို Venus နတ်သမီးလည်း ကြားရော အင်မတန်ကို စိတ်ဆိုးသွားသတဲ့။

"ဘာပြောတယ်" "ငါလို နတ်သမီးရဲ့ အလှအပနဲ့ ယှဉ်ရဲတဲ့ လူသာမန် မိန်းကလေးရှိတယ်၊ ဟုတ်လား။ ဒါဆိုရင်တော့ သူ့ကို ဒဏ်ခတ်ရပေလိမ့်မယ်"

Venus နတ်သမီးဟာ သူ့သားလေး Cupid ကို ခေါ်လိုက်တော့ Cupid လေးဟာ သူ့ရဲ့ အချစ်မြားတွေနဲ့အတူ ရောက်လာတယ်။
"သားလေး၊ ချောလွန်းလို့ ဆိုပြီး လူတွေ ကိုးကွယ်နေတဲ့ လူသာမန် မိန်းကလေးတစ်ယောက် ရှိနေတယ်တဲ့။ ဒီည သူ့ကို သားသွားပြီး သုတ်သင်လိုက်စမ်း။ ဒါမှ သူ့ကို နတ်သမီးမှတ်ပြီး ကိုးကွယ်နေကြတဲ့လူတွေဟာ ဒီမိန်းကလေးဟာ လူသာမန်ပဲဆိုတာ သိပြီး ကြောက်သွားကြမှာ"

Cupid လေးလည်း သေစေလောက်တဲ့ အဆိပ်တွေထည့်ထားတဲ့ အဆိပ်ပုလင်းကို ယူပြီး မင်းသမီးလေး Psyche ဆီ ထွက်လာခဲ့တယ်။ မင်းသမီးလေးဟာ သူ့ခမည်းတော် ဘုရင်ကြီးရဲ့ နန်းတော်ထဲမှာ လက်ကလေးကို ခေါင်းအုံးပြီး အေးချမ်းစွာ အိပ်ပျော် နေရှာတာပေါ့။ Cupid လည်း မင်းသမီးလေးအနားကို ရောက်သွားပြီး အဆိပ်ခတ်မလို့ပဲရှိသေးတဲ့အခိုက်မှာ တိမ်ဖုံးနေတဲ့လဟာ တိမ်တွေကြားထဲက ထွက်လာပြီး လရောင်က မင်းသမီးလေး မျက်နှာပေါ်ကို ကျလာတော့တယ်။

အဲဒီအခါမှာ Cupid ဟာ အံ့သြတကြီး နောက်ကိုတောင် ဆုတ်လိုက်မိတယ်။ သူ့တစ်သက်မှာ အဲဒီလောက် ချောမောလှပတဲ့ မိန်းကလေးကို တစ်ခါမှ မမြင်ဖူးခဲ့ဘူး။ သူ့လက်ထဲမှာ ကိုင်ထားတဲ့ မြားတောင် လက်ထဲက လွတ်ကျသွားပြီး သူ့ခြေထောက်ပေါ်သူ ပြန်စူးမိသွားပါလေရော။ အဲဒီအချိန်မှာပဲ သူကိုယ်တိုင် အိပ်နေတဲ့ မင်းသမီးလေးအပေါ် အရူးအမူးချစ်မိသွားပါတော့တယ်။

Cupid ဟာ မင်းသမီးလေးအပေါ်ကို ငုံ့ကြည့်ပြီး မင်းသမီးလေးရဲ့ အလှကို သေသေချာချာခံစား ကြည့်ရှုနေလိုက်တယ်။ သူချစ်သွားမိတဲ့ မင်းသမီးလေးကို ဘယ်တော့မှာ ဒုက္ခရောက် နာကျင်အောင် မလုပ်ဖူးလို့လည်း သစ္စာဆိုလိုက်ပြီး မိုးလင်းခါနီးမှ တိတ်တဆိတ်လေး ပြန်သွားတော့တယ်။

မနက်ရောက်တော့ Venus နတ်သမီးက Psyche သေသွားပြီလား သိရအောင် မင်းသမီးလေးရဲ့ နန်းတော်ကို ငုံကြည့်လိုက်တယ်။ နန်းတော်ရဲ့ ပန်းခြံထဲမှာ မင်းသမီးလေး ခိုလေးတွေနဲ့ ပျော်ပျော်ပါးပါး ပြေးလွှားကစား နေတာလည်း တွေ့ရော အံ့သြသွားတာပေါ့။ အဲဒီမှာတင် Venus နတ်သမီးဟာ ဒေါသတွေ တအားထွက်ပြီး မင်းသမီးလေးကို အသက်ရှင်မနေချင်လောက်တဲ့အထိ ဒုက္ခမျိုးစုံပေးမယ်လို့ ဆုံးဖြတ်ချက်ချလိုက်တော့တယ်။

အဲဒီအချိန်ကစပြီး Psyche မင်းသမီးလေးအတွက် စိတ်ညစ်စရာတွေ တစ်နေ့တစ်မျိုး မရိုးနိုင်အောင်ကို တွေ့ရ ပါတယ်။ စိတ်ညစ်စရာ စိတ်ဆင်းရဲစရာ ဒုက္ခတွေ မျိုးစုံဟာ မပြီးနိုင်လောက်အောင်မို့ တစ်နေ့မှာ မပျော်နိုင်တော့တဲ့ မင်းသမီးလေးဟာ သူ့ကိုယ်သူ အဆုံးစီရင်ဖို့ စိတ်ဆုံးဖြတ်လိုက်တော့တယ်။ တောင်အမြင့်ကြီးရဲ့ ထိပ်ပေါ်ကို တက်ပြီး တောင်အောက်က ချိုင့်ဝှမ်းထဲကို ခုန်ချလိုက်မယ်ပေါ့လေ။ တကယ်ပဲ မင်းသမီးလေးဟာ တောင်ထိပ်ကို ပင်ပင်ပန်းပန်း တက်သွားပြီး တောင်အောက်ကို ခုန်ချလိုက်တော့တယ်။ မင်းသမီးလေးကို ချစ်နေတဲ့ Cupid လေးဟာ သူချစ်တဲ့သူလေးကို ရက်ရက်စက်စက် နှိပ်စက်နေတဲ့ အမေကိုလည်း စိတ်ဆိုး၊ မင်းသမီးလေးကို အရိပ်တကြည့်ကြည့်နဲ့ပေါ့။ Psyche လေး တောင်အောက်ကို ခုန်လည်းချရော လေနတ်သား Zephyrus ရဲ့ အကူအညီကိုတောင်းပြီး မင်းသမီးလေးကို ပွေ့ယူ၊ အဝေးကြီးက ကျွန်းလေးတစ်ကျွန်းပေါ်ကို ခေါ်သွားပေးခိုင်းပါတော့တယ်။
Psyche လေးဟာ တောင်အောက်ကို ကျမသွားပဲ လေနတ်သားရဲ့ လက်မှာ အသာအယာ လေဟုန်စီးရင်း ကျွန်းလေးတစ်ကျွန်းဆီကိုရောက်သွားပါတယ်။ ကျွန်းကိုရောက်တော့ လေနတ်သားက ပန်းတွေပေါ်မှာ အသာလေး ချထားပေးခဲ့ပါတယ်။ သူမပတ်ဝန်းကျင်ကို ထလည်း ကြည့်လိုက်ရော အင်မတန်မွှေးတဲ့ နှင်းဆီပန်းတွေ ရာထောင်ချီပွင့်နေတဲ့ ပန်းခြံထဲမှာ ရောက်နေတာ တွေ့ရပါတယ်။ ပန်းခြံအနားမှာ နန်းတော်ကြီး တစ်ခုကိုလည်းတွေ့ရတော့ နန်းတော်ဆီလျှောက်သွားတဲ့ အခါမှာ သူမလည်း အနားရောက်ရော နန်းတော် တံခါးတွေက အလိုလို ပွင့်ပြီး သူမကို ဆီးကြိုနေကြတယ်။ နန်းတော်ထဲရောက်တော့ မမြင်ရတဲ့ နူးနူးညံ့ညံ့လက်တွေက သူ့ကို ၀ိုင်းကြိုကြပြီး ကြိုဆိုပါတယ် မင်းသမီိးလေးလို့ အသံတိုးတိုးလေးတွေက သူမ နားမှာ လာပြောကြတယ်။

"ကြိုဆိုပါတယ် မင်းသမီးလေး။ သင့်နန်းတော်ထဲကို ၀င်ကြည့်ပါဦး။ ဘာများ သုံးဆောင်ချင်ပါသလဲ။ မင်းသမီးလေး လိုအပ်တာ အကုန် အကောင်းဆုံးနဲ့ ပြည့်စုံစေရပါမယ်။ တရေးလောက် အိပ်စက်ချင် ပါသလား။ အိစက်ညက်ညောတဲ့ အိပ်ယာအဆင်သင့်ရှိသလို အိပ်ပျော်အောင် ညိမ့်ညောင်းတဲ့ ဂီတနဲ့လည်း ဖျော်ဖြေပေးမှာပါ" Psyche လေးဟာ အံ့သြသလို ပျော်လည်း ပျော်သွားတယ်။ နန်းတော်ကြီးဟာ အင်မတန် လှ သလို အထဲမှာ လည်း စားသောက်ဖွယ်ရာတွေ အဆင်သင့်၊ အိပ်စရာ အိပ်ယာ အဆင်သင့်နဲ့ပေါ့။

အဲဒီညကျမှ အမှောင်ထဲမှာ သူ့မျက်နှာကိုပေးမမြင်ခိုင်းပဲ Cupid ရောက်လာခဲ့တယ်။ "မကြောက်ပါနဲ့ မင်းသမီးလေးရယ်" လို့ သူက တောင်းပန်ရှာတယ်။ "မင်းကို ကိုယ် အရမ်းချစ်ပါတယ်။ မင်းကို ကိုယ့်ရဲ့ ဇနီးလည်း ဖြစ်စေချင်ပါတယ်။ ဒါပေမယ့် ကျွန်ုပ်မျက်နှာကို မြင်ဖူးသွားရင်၊ ကျွန်ုပ်ဘယ်သူလည်း ဆိုတာ သင်သိဖို့ ကြိုးစားရင် ကျွန်ုပ်တို့ပျော်နေတာတွေ အကုန်ပျက်စီးကုန်လိမ့်မယ်"

ပထမတော့ Psyche လေးလည်း ကြောက်တာပေါ့။ ဒါပေမယ့် Cupid က သူ့ကို အင်မတန်ကို ချစ်တာကြောင့် မကြာခင်ပဲ ကြောက်တာတွေပျောက်ပြီး Cupid ကို ပြန်ချစ်သွားပါတော့တယ်။ Cupid က တစ်ညလုံး သူမနာမှာ လာနေပေမယ့် မနက်စောစောကျ သူမကို ထားခဲ့တဲ့ အခါတိုင်း သူမမှာ ငိုရရှာပါတယ်။

"မငိုပါနဲ့ ကလေးရယ်။ ညကျ ပြန်လာမှာပေါ့"လို့ ကတိပေးရှာတယ်။ "မင်းကို ကိုယ် ချစ်ပါတယ်။ ကို့ရဲ့ ဒီနန်းတော်ထဲဟာ မင်းအတွက် လုံခြုံ စိတ်ချရပါတယ်။ ဒီနန်းတော်မှာ မင်းလိုချင်တာတွေအကုန်လုံး ကို ဖြည့်ဆည်းပေးမယ်လို့ ကိုယ်ကတိပေးပါတယ်"

အဲဒီလိုပြောတော့လည်း Psyche လေးက ပျော်ပြီး ပြုံးနိုင်လာပြန်တာပေါ့နော်။ ဒီလိုနဲ့ ပြန်အိပ်ပျော် သွားလိုက်တာ မိုးစင်စင်လင်းလို့ နေရောင်ခြည်တွေ အခန်းထဲ ၀င်လာတဲ့အထိပဲပေါ့။ တစ်နေ့လုံး ပန်းခြံထဲမှာ ငှက်ကလေးတွေ ပန်းတွေနဲ့ ပြေးလွှား ကစားရင်း Cupid ညပြန်လာမယ့် အချိန်ကို စောင့်ရင်း အချိန်ကုန် နေခဲ့ပါတယ်။

ညတိုင်း အချစ်နတ်သားကလေးကလည်း သူ့ဇနီးချောကလေးဆီကို ပုံမှန်ပြန်လာပြီး လက်ဆောင်တွေနဲ့တစ်မျိုး၊ သူ့အသံချိုချိုတိုးတိုးလေးနဲ့တစ်မျိုး Psyche လေးကို ပျော်အောင် လုပ်ပေးရှာပါတယ်။ ဒါပေမယ့် အခုအချိန်အထိတော့ Cupid မျက်နှာကို မြင်လည်း မမြင်ရ၊ ဘယ်သူမှန်းလည်း မသိရသေးဘူးပေါ့။ နတ်သားလေး အနားမှာ ရှိနေတဲ့ အချိန်တွေမှာတော့ ပျော်စရာအချိန် လေးတွေမို့ သူ ဘယ်သူလဲဆိုတာ တွေးတောင် မတွေးမိဘူး။ ဒါပေမယ့် အချိန်ကြာလာတော့ တစ်နေ့တစ်နေ့ ချစ်တဲ့သူ နတ်သားလေး သူမဆီပြန်လာဖို့ မျှော်ရတာ ကြာလွန်းလှသလို ထင်လာတော့တယ်။

"အစ်မတွေကို ဒီကို အလည်ခေါ်ပေးပါလားကွယ်" လို့ Cupid ကို တောင်းပန်ရှာတယ်။ "ကိုမရှိတဲ့အချိန်တွေဆို တစ်ယောက်ထဲ အထီးကျန်လွန်းလို့ အစ်မတွေနဲ့ စကားတွေပြန်ပြောချင်လို့ပါနော်" တဲ့။

"Cupid က သူတို့လာရင် စိတ်ညစ်စရာတွေ ပါလာလိမ့်မယ်။ သူတို့ကိုမေ့ထားပြီး ကိုယ့်ဘာသာကိုယ် ပျော်အောင်နေပါ ကလေးရယ်" တဲ့။

ဒါပေမယ့် Psyche က သူ့အစ်မတွေကို ခေါ်လာပေးမယ်လို့ Cupid ကတိမပေးမချင်း မပျော်မရွှင်ဖြစ်နေရော။ အဲဒါကြောင့် တစ်မနက်ခင်းမှာ လေနတ်သားရဲ့ အကူအညီနဲ့ပဲ မင်းသမီးလေးရဲ့ အစ်မတွေကို ခေါ်ပေးလိုက်တယ်။ Psyche နိုးလာတော့ သူ့အစ်မနှစ်ယောက်ဟာ ပန်းခြံထဲမှ တအံ့တသြ လျှောက်ကြည့် နေကြတာကိုတွေ့လိုက်ရပါတော့တယ်။ အထီးကျန်နေတဲ့ မင်းသမီးလေးဟာ သူ့အစ်မတွေကိုတွေ့တော့ ၀မ်းသာလိုက်တာ မပြောပါနဲ့တော့။ တစ်ခါထဲ ပြေးသွားပြီး အစ်မတွေကို ဖက်ပွေ့နမ်းရင်း မေးခွန်းတွေ တသီကြီး မေးတော့တာပေါ့။ နန်းတော်ထဲကို ခေါ်သွားပြီး နန်းတော်ရဲ့ ခမ်းနားတာတွေကို လိုက်ပြတယ်။ စားပွဲမှာ ထိုင်ခိုင်းပြီး မမြင်ရတဲ့ မောင်းမမိသံတွေက စားသောက်စရာတွေမျိုးစုံနဲ့ ဧည့်ခံပေးကြတယ်။

ထမင်းစားသောက်နေကြစဉ်မှာ အစ်မတွေက ညီမတော်လေး Psyche ကို ၀ိုင်းမေးကြတယ်။ ဒီလောက်လှတဲ့ နန်းတော်ကြီးကို ဘယ်လိုရောက်လာတာလဲ၊ ဘယ်သူက ပေးတာလဲတို့ပေါ့။ သူတို့က အံ့သြနေကြသလို သူတို့နဲ့ ယှဉ်လိုက်ရင် အင်မတန်သာနေတဲ့ ညီမတော်လေးအပေါ် နည်းနည်းလည်း မနာလိုဖြစ်နေကြတာကိုး။

"ဒီနန်းတော်ကြီးကို ညီမလေးရဲ့ ခင်ပွန်းက ပေးထားတာပါ၊ သူက ညီမလေးကို အရမ်းချစ်ပြီး လိုချင်တာ ဖြစ်ချင်တာတွေအကုန် ဒီနန်းတော်ထဲမှာ ဖြည့်ဆည်းပေးထားတယ်" လို့ Psyche ကဖြေတော့ သူ့အစ်မတွေက ခင်ပွန်းရဲ့ ပုံက ဘယ်လိုမျိုးလဲလို့ ဆက်မေးကြတော့ပေါ့။

အဲဒီအခါကျ Psyche လေးက ဘယ်လိုဖြေရမှန်းမသိဖြစ်သွားတယ်။ သူ့ခင်ပွန်းကို တစ်ခါမှ မမြင်ဖူးတော့ ဘယ်လိုရုပ်ရည်ရှိတယ်ဆိုတာ သူမသိဘူးလေ။

အဲဒါကြောင့် "သူက အရမ်းချစ်တတ် ကြင်နာတတ်တယ်" လို့ပဲဖြေလိုက်တော့တယ်။ သူ့အစ်မတွေကတော့ သူ့မျက်နှာက ဘယ်လိုပုံလဲ၊ သူက အသက်ကြီးလား ငယ်လား၊ ရုပ်ချောလား ရုပ်ဆိုးလား၊ သူအခုဘယ်မှာလဲ၊ တို့တွေကို အခု ဘာလို့ လာမနှုတ်ဆက်တာလဲ စတဲ့ မေးခွန်းတွေ အတင်းဆက်မေးကြတာပေါ့။ သနားစရာ Psyche လေးဟာ မေးခွန်းတွေကို မဖြေတတ်တော့ရှာဘူး။ တွေသွားတဲ့ သူ့မျက်နှာလေးကို ကြည့်ပြီး သူတို့ညီမလေးရဲ့ ခင်ပွန်းဟာ တစ်ခုခုတော့ ထူးဆန်းနေတယ်ဆိုတာ သိသွားကြတယ်။ အတင်း ၀ိုင်း မေးကြတော့ သူ့ခင်ပွန်းကို တစ်ခါမှ မမြင်ဖူးဘူးဆိုတာကို Psyche လည်း နောက်ဆုံးမှာ ၀န်ခံလိုက်တော့တယ်။

"သူက မှောင်တဲ့အခါကျမှ ရောက်လာပြီး သူ့မျက်နှာကို ပေးမမြင်ဘူး။ သူက အရမ်းကို ချစ်တတ်ကြင်နာတတ်တာမို့ သူဘယ်သူလည်းဆိုတာ ပေးမသိလည်း ညီမလေး ဘယ်လိုမှ သဘောမထားပါဘူး" လို့ ရိုးရိုးသားသားပဲ ရှင်းပြရှာတယ်။

ဒါပေမယ့် သူ့အစ်မတွေကတော့ "ညီမလေးရဲ့ ခင်ပွန်းဖြစ်သူဟာ အရုပ်ဆိုးတဲ့ ကြောက်စရာ သတ္တ၀ါ ကြီး တစ်ကောင်ကောင်ဖြစ်မှာပဲ"လို့ ချက်ချင်း ကောက်ချက်ချပါလေရော။ "အဲလိုမှ မဟုတ်ရင် ညီမလေးကို ဘာလို့ နာမည်မပြော၊ လူလည်း ပေးမမြင်စရာအကြောင်းရှိလ"ဲ တဲ့လေ။ "ခုတော့ ချစ်ချင်ယောင်ဆောင်ပြပြီး တစ်ညကျရင်တော့ မင်းကို သတ်စားပစ်လိမ့်မယ်" လို့ အစ်မတစ်ယောက်က ရက်ရက်စက်စက်ပြောပြန်ရော။

"မဟုတ်လောက်ပါဘူး အစ်မတို့ရယ်"လို့ ကြောက်သွားတဲ့ Psyche လေးက ငိုရင်းပြောရှာတယ်။
အဲဒီအခါ အစ်မတွေက "ညီမလေးရေ၊ သတိထားနေပေတော့။ တို့ပြောသလို လုပ်ကြည့်ပါလား။ ဒီည ဆီမီးခွက်တစ်ခု နဲ့ ဓါးတစ်ချောင်း အနားမှာ အဆင်သင့်ဆောင်ထား။ ဒီည သူ အိပ်နေတုန်းမှာ မီးခွက်ကို ထွန်းပြီး သူဘယ်သူလဲ ကြည့်ပေတော့။ ကြောက်စရာ သတ္တ၀ါကြီးသာ အဟုတ်ဖြစ်နေရင်တော့ အဲဒီဓါးနဲ့ တစ်ခါထဲ အဆုံးစီရင်ပစ်လိုက်ပေတော့"လို့ အကြံဥာဏ်ပေးကြတယ်။

Psyche လည်း အစ်မတွေပြောတဲ့အတိုင်း လုပ်ပါ့မယ်လို့ပြောရင်း အစ်မတွေကို ပြန်ခိုင်းလိုက်တော့တယ်။ Cupid ပြောသလို စိတ်ညစ်စရာတွေရသွားတာမို့ တစ်ယောက်ထဲ ပြန်နေချင်သွားပြီလေ။ လေနတ်သားက မနာလိုတဲ့ အစ်မတော်တွေကို သူတို့ နန်းတော်ဆီ ပြန်ပို့လိုက်ပြီးတဲ့နောက် Psyche လေးမှာတော့ တစ်ယောက် ထဲ ငိုကျွေးရင်း ကျန်ရစ်ခဲ့ပါတော့တယ်။

"အင်း၊ အစ်မတွေပြောသလို ကြောက်စရာသတ္တ၀ါကြီးပဲဖြစ်မှာပဲ။ မဟုတ်ရင် သူ့မျက်နှာကို ပြမှာပေါ့။ ဒါမှမဟုတ် နာမည်လေးတော့ ပြောပြမှာပေါ့။ ဒီညတော့ ဆီမီးခွက် နဲ့ ဓါး အဆင်သင့်ပြင်ထားမှပဲ" ဆိုပြီး ဆီမီးခွက်နဲ့ ဓါးကို ခန်းဆီးနောက်မှာ ဖွက်ထားလိုက်တယ်။ ကြောက်လည်းကြောက်၊ စိတ်တွေကလည်း လှုပ်ရှားရင်း သူ့ခင်ပွန်းပြန်လာတာကို စောင့်နေတာပေါ့။

မှောင်လည်း မှောင်ရော Cupid ရောက်လာပါတယ်။ ထုံးစံအတိုင်း မင်းသမီးလေးကို ရောက်တာနဲ့ ၀မ်းသာ အားရ ပွေ့ဖက်ပြီး Psyche ရဲ့ ဆံပင်လေးတွေကို နမ်းပါတယ်။ Psyche ကတော့ သူ့အမတွေပြောတဲ့အတိုင်း မှန်နေမှာစိုးပြီး အရင်ကလို မဟုတ်ဘဲ ခပ်ရွံ့ရွံ့ဖြစ်နေတာပေါ့။ သူ့ချစ်သူ မင်းသမီးလေး စကားတွေနည်းပြီး ငြိမ်နေတာကို Cupid က သတိတော့ ထားမိပေမယ့် ပင်ပန်းလာတာမို့ မကြာခင်ပဲ အိပ်ပျော်သွားရှာတယ်။

Cupid လေး နှစ်နှစ်ခြိုက်ခြိုက်အိပ်နေပြီလည်း ဆိုရော မင်းသမီးလေးဟာ ဖွက်ထားတဲ့ ဆီမီးခွက်ကို ထွန်းပြီး ဓါးကိုယူ၊ ဆီမီးခွက်အလင်းရောင်ကို Cupid ပေါ်မှာထားပြီး သူ့ခင်ပွန်းရဲ့ မျက်နှာကို ငုံကြည့်လိုက်တယ်။ အစ်မတော်တွေပြောသလို ရုပ်ဆိုးဆိုး ကြောက်စရာ သတ္တ၀ါကြီးဖြစ်နေမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ပေါ့။

အလင်းရောင်အောက်မှာ အံ့သြခြင်းကြီးစွာ တကယ်တွေ့လိုက်ရတာကတော့ ရွှေရောင် ဆံပင်လေးတွေနဲ့ အင်မတန်ချောမောလှပတဲ့ လူငယ်လေးတစ်ယောက်ပါ။ ပုခုံးမှာ နှင်းလို ဆွတ်ဆွတ်ဖြူနေတဲ့ တောင်ပံလေးတစ်စုံနဲ့ အင်မတန်လှပတဲ့ သူ့ခင်ပွန်းကို ငေးကြည့်နေမိပါတော့တယ်။ မင်းသမီးလေးဟာ အံ့သြလွန်းလို့ တစ်ကိုယ်လုံး တုန်နေပြီး လက်ထဲက ဆီမီးခွက်လေးတောင် စောင်းသွားပါတယ်။

ဖြစ်ချင်တော့ ဆီမီးခွက်ထဲက ဆီပူတစ်စက်က အိပ်နေတဲ့ အချစ်နတ်သားလေးရဲ့ ပုခုံးပေါ်ကို ကျသွားပြီး ဆီပူလောင်တာကြောင့် လန့်နိုးသွားပါတော့တယ်။ သူ့ကို သိဖို့ မကြိုးစားဖို့ အတန်တန်မှာထားရက်နဲ့ မီးရောင်နဲ့ ကြည့်နေတဲ့ Psyche နဲ့ သူ့လက်ထဲက ဓါးကို ကြည့်ပြီး အရမ်း အံ့သြ ၀မ်းနည်းသွားရှာတယ်။

အံ့သြနေတဲ့ နတ်သားလေးဟာ သလွန်ပေါ်မှာ အိပ်နေရာကနေ ချက်ချင်းကောက်ထပြီး သူ့ရဲ့ လေးနဲ့မြားကို ယူရင်း ပြတင်းပေါက်ကနေ ထပျံထွက်သွားပါတော့တယ်။ Cupid ကတော့ "နှုတ်ဆက်ခဲ့ပါတယ် ကလေးရယ်။ ကိုနောက်ကို ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူး"လို့ ငိုကြွေးရင်း ထွက်သွားခဲ့ပါပြီ။

Psyche လည်း အရမ်းကို ၀မ်းနည်းပက်လက် ငိုတော့တာပေါ့။ ဘာလို့များ ကိုယ့်ခင်ပွန်းကို ကြောက်စရာ သတ္တ၀ါကြီးလို့ ထင်မိပါလိမ့်ဆိုပြီးလေ။ သူ့ချစ်သူကို လုံးဝယုံကြည်ထားခဲ့ရင်ကောင်းမှာလို့လည်း နောင်တရနေမိတယ်။ ဒါပေမယ့် နောက်ကျသွားခဲ့ပြီ။

အဲဒီအချိန်မှာပဲ နန်းတော်ထဲမှာ လေတွေ တအားတိုက်လာပြီး နန်းတော်ကြီးပါ ယိမ်းထိုးလာပါတော့တယ်။ ကြောက်နေတဲ့ Psyche လေးဟာ နန်းတော်အပြင် ပန်းခြံထဲကို ပြေးထွက်လာပြီး မေ့လဲသွားပါတော့တယ်။

ပြန်သတိရလာပြီး မျက်စိဖွင့်ကြည့်လိုက်တော့ နေတောင် အတော်မြင့်နေပါပြီ။ နန်းတော်ကြီးလည်း မရှိတော့ပါဘူး။ အရင်က အင်မတန်လှတဲ့ ပန်းခြံနေရာမှာလည်း ကျောက်တုံးကျောက်ခဲတွေနဲ့ တောကြီးပဲ ရှိပါတော့တယ်။ ထပြီး အနီးအနားကိုကြည့်လိုက်တော့ ဘယ်ကိုရောက်နေမှန်းလည်းမသိ၊ ဘယ်ကိုသွားပြီး ဘယ်ကိုလာရမှန်းလည်း မသိဖြစ်လို့နေပါတယ်။ နောက်ဆုံးကျ အနောက်စူးစူးကိုသာ ဆက်လျှောက်ရင်း ခင်ပွန်းကို ပြန်ရှာပြီး ခွင့်လွှတ်အောင် တောင်းပန်ချင်နေပါတော့တယ်။

လမ်းတစ်လျှောက်လုံးမှာလည်း တွေ့သမျှလူတွေကို Cupid ကိုတွေ့လိုက်လားလို့ မေးနေတာပေါ့။ ဒါပေမယ့် ဘယ်သူကမှ ပျောက်ဆုံးသွားတဲ့ သူ့ခင်ပွန်းအကြောင်း မဖြေနိုင်ကြဘူး။ နောက်ဆုံး မှာ Ceres နတ်သမီး ကို သွားတွေ့တယ်။ အဲဒီ Ceres နတ်သမီးက သမီးတော်လေး Proserpina ပျောက်ဆုံးသွားဖူးလို့ ချစ်တဲ့သူတွေနဲ့ ခွဲရင် ခံစားရတဲ့ ဝေဒနာကို ကောင်းကောင်း မှတ်မိနေတော့ ငိုကြွေးနေတဲ့ Psyche လေးကို ကိုယ်ချင်းစားပေးနိုင်ရှာတယ်။

"Cupid က သူ့အမေ Venus နတ်သမီးဆီမှာ" လို့ ပြောပြလိုက်တယ်။ "ခု သူနေမကောင်းဖြစ်နေတယ်။ ပုခုံးမှာ ဆီပူလောင်လို့ တအားနာကျင်နေရှာတယ်"

အဲလိုပြောမှ Psyche က ပိုလို့တောင် ငိုရှာတာပေါ့။ Cupid ပုခုံးက ဆီပူလောင်တာ သူ့ကြောင့်ကိုး။

"သူဘာလုပ်ရမလဲ"လို့ Ceres နတ်သမီးကိုမေးတယ်။ "Venus က ကျွန်မကို တစ်သက်လုံး ခွင့်လွှတ်ပါ့မလား"

Ceres ကတော့ Venus ဆီသွားပြီး ခွင့်လွှတ်အောင် တောင်းပန်ဖို့အကြံပေးတယ်။ "တစ်ချိန်တုန်းက မင်းက အရမ်းကို ချောမောလှပတော့ Venus ကမင်းကို မနာလိုဖြစ်နေခဲ့ဖူးတယ်။ ခုတော့ မင်းက သူ့သားလေးကို လုသွားတဲ့အပြင် နာကျင်အောင်ပါလုပ်တော့ အရမ်းကို စိတ်ဆိုးနေပြီ"

Psyche က စိတ်ဆိုးနေတဲ့ Venus ဆီကို ရောက်အောင် သွားပြီး သူ့ကို ခွင့်လွှတ်ဖို့ ဒူးထောက် တောင်းပန်ရှာပါတယ်။ "ကျွန်မ သင့်ဆီမှာ လုပ်ကျွေးပြုစုခွင့်ပေးပါ။ အသင် နတ်သမီးကို ကျွန်မ ကောင်းကောင်း ပြုစုလုပ်ကျွေးပါ့မယ်"လို့ ပြောပါတယ်။ ဒါပေမယ့် Venus က အရမ်းစိတ်ဆိုးနေတုန်းပါ။ ဒါ့ကြောင့် Psyche မလုပ်နိုင်လောက်တဲ့ ခက်ခက်ခဲခဲအလုပ်တွေနဲ့ ညှင်းဆဲဖို့ ဆုံးဖြတ်ထားပါတယ်။ Venus က Psyche ကို ပဲတွေ ပြောင်းတွေ ဘာလီစေ့တွေ ပုံထားတဲ့ဆီကို ခေါ်သွားပြီး အမျိုးအစားအလိုက် ခွဲပြီး ပုံခိုင်းတယ်။ နေမ၀င်ခင် အားလုံး ခွဲပြီးသားဖြစ်ရင်ဖြစ်၊ မဖြစ်လို့ကတော့ ခင်ပွန်းဖြစ်သူ Cupid နဲ့ ပြန်သဘောမတူနိုင်ဘူးတဲ့။

သနားစရာ Psyche လေးဟာ Venus ခိုင်းတာကို ညနေ နေ၀င်ချိန်အထိ ဘယ်လိုမှ မပြီးနိုင်မှန်း သိတော့ စိတ်တွေ ညစ်ပြီး ထိုင်ငိုပါလေရော။ အဲဒီလို ငိုတာကို ပုရွက်ဆိတ်လေး တစ်ကောင်က ကြားပြီး ပြေးလာမေးတယ်။ အကြောင်းစုံလည်း သိရော ပုရွက်ဆိတ်လေးက သူ့အပေါင်းအသင်း တခြား ပုရွက်ဆိတ် တွေအကုန်ခေါ်လာပြီး ပဲတွေ ပြောင်းတွေ ဘာလီစေ့တွေကို ၀ိုင်းကူ ခွဲခြားပြီး ပုံပေးကြတယ်။ ပိုးကောင်လေးတွေဟာ တစ်နေ့လုံး ၀ိုင်းပြီး Psyche ကို ကူလိုက်ကြတာ နေလည်း ၀င်ရော အကုန်လုံးပြီးသွား ရောတဲ့။
Venus လည်း အရမ်း အံ့သြသွားတယ်။ "ဒါ မင်းလက်တွေနဲ့ကိုယ်တိုင်လုပ်တာမှ မဟုတ်တာ" လို့ စိတ်ဆိုးမာန်ဆိုးနဲ့အော်ရင်း Pysche ကို ပေါင်မုန့်တစ်ချပ်ပစ်ပေးပြီး အမှောင်ထဲမှာ ထားပစ်ခဲ့ပြန်တယ်။

Venus ဟာ နောက်နေ့မှ ထပ်ရောက်လာပြန်တယ်။ ဒီတစ်ခါမှာ Psyche ကို ဆူးခြုံတွေကြားမှာ ကျက်စားနေကြတဲ့ သိုးရိုင်းတွေရှိတဲ့ တောင်အမြင့်ကြီးကို ညွှန်ပြတယ်။ အဲဒီက သိုးရိုင်းတွေဟာ ခြင်္သေ့တွေလိုပဲ အင်မတန် ကြမ်းတမ်းရက်စက်ကြသတဲ့။ ဒါပေမယ့် Venus က Psyche ကို အဲဒီသိုးရိုင်းတွေဆီက သိုးမွေးလက်တစ်ဆုပ်စာ သွားယူပေးလို့ ခိုင်းလိုက်ပြန်တယ်။

Psyche လေးဟာ မတ်စောက်လှတဲ့ အဲဒီတောင်ပေါ်ကို ကြိုးစားတက်ပြီး တောင်ပေါ်နားကိုရောက်သွားတယ်။ ဒါပေမယ့် သိုးရိုင်းတွေကို တွေ့တဲ့အခါ သိုးရိုင်းတွေဟာ တစ်ကောင်နဲ့တစ်ကောင် ရန်စောင်နေကြတာများ ကြောက်စရာ အလွန်ကောင်းတာပဲတဲ့။ အဲဒီအချိန်မှာ သူမအနားက ရေကန်လေးဆီက အသံတိုးတိုးလေးက လာပြောတယ်။ "ကလေးမ၊ နေမြင့်နေတုန်း အဲဒီသိုးရိုင်းတွေနား ကပ်တောင် မကပ်လေနဲ့။ ကြမ်းတမ်း လွန်းလို့ အဝှေ့ခံရပြီး သေသွားရလိမ့်မယ်။ တောင်စွယ်နေကွယ်ချိန်ကျအောင် စောင့်နေ။ အဲဒီအချိန်ဆို ဒီသိုးတွေ တောင်စောင်းမှာ အေးအေးဆေးဆေးနားနေကြလိမ့်မယ်။ အဲဒီအခါကျမှ ဆူးခြုံတွေရှိတဲ့ တောင်ပေါ်ကို တက်ပြီး ဆူးတွေပေါ်ငြိကျန်ခဲ့တဲ့ ရွှေရောင်သိုးမွေးတွေကို သွားကောက်ချေပေတော့" တဲ့။

Psyche လေးလည်း စိတ်ရှည်ရှည်ထိုင်စောင့်ပြီး နေလည်း စောင်းရော စောစော အသံတိုးတိုးလေး ပြောသလို ရွှေရောင် သိုးမွေးတွေကို ဆူးတွေပေါ်ကနေ သွားကောက်နိုင်ခဲ့တယ်။ ဒီတစ်ခါ ခိုင်းတာကိုလည်း အချိန်မီ ပြီးအောင် လုပ်နိုင်ခဲ့တာတွေ့တော့ Venus က အရမ်းဒေါသထွက်သွားပြန်တာပေါ့။

"ဒီတစ်ခါလည်း မင်းကို သူများကူလို့ လုပ်နိုင်တာမလား"လို့ လှောင်ပြီး ပြောသေးတယ်။ "မနက်ဖြန် ကျရင်တော့ မင်းကို ဘယ်သူမှ မကယ်နိုင်မယ့် အလုပ်ကို ခိုင်းရလိမ့်မယ်"

နောက်နေ့မှာ Venus ဟာ ခပ်ကြမ်းကြမ်းစီးနေတဲ့ အနက်ရောင် စမ်းချောင်း ကို Psyche ကို ပြတယ်။ ဒီဖန်အိုးကိုယူ၊ စမ်းချောင်း အစက ရေကို သွားခပ် ပြီး နေမ၀င်ခင် ပြန်ယူလာခဲ့ရမယ်လို့ ခိုင်းပြန်ပါတယ်။ Psyche လေးလည်း ဖန်အိုးလေးကို သယ်ပြီး ထွက်လာခဲ့တယ်။ စမ်းချောင်းဆီသွားတဲ့ တောင်ပေါ်ကို တက်နေတုန်းမှာပဲ ဒီစမ်းချောင်းသွားရာလမ်းကို နဂါးကြီးတွေ စောင့်ကြပ်နေကြတယ်ဆိုတာ သိလိုက်ရတော့ အရမ်းကို စိတ်ဓါတ်ကျသွားတာပေါ့။ ဒီပုံအတိုင်းဆို နဂါးကြီးတွေ အစားကို ခံရတော့မယ် ဆိုတာ သေချာ နေပြီလေ။ ကြောက်ကလည်းကြောက်၊ ဘာဆက်လုပ်ရမှန်းလည်း မသိနဲ့ လမ်းမှာပဲ မြေပေါ် လဲကျသွားတော့တယ်။ အဲဒီအချိန်မှာ လင်းယုန်ကြီးတစ်ကောင်က သူ့ကို တွေ့လို့ နိမ့်နိမ့်လေး ပျံဝဲဆင်းလာ ပြီး "ဟဲ့ ကလေးမ ရူးနေလား။ ဒီနေရာမှာ ဘာလုပ်နေတာလဲ။ နဂါးတွေ အစားမခံရခင် လာရာလမ်းအတိုင်း မြန်မြန်ပြန်လှည့်ပေတော"့တဲ့။ "လမ်းတစ်လျှောက် ဒီလောက် စောင့်ကြပ်ထားတာ ဒီ စမ်းချောင်းက ရေတစ်ပေါက် ရဖို့တောင် မစဉ်းစားလေနဲ့" လို့ အော်ပြောတယ်။ Psyche လေးလည်း လင်းယုန်ကြီး ပြောတာကို မျက်နှာငယ်လေးနဲ့ ကြည့်နေတဲ့ အခါမှာ လင်းယုန်ကြီးက သနားသွားတော့တယ်။ မင်းသမီးလေး သွားယူရမယ့် စမ်းရေကို သူပဲ သွားယူပေးပါတော့မယ်ဆိုပြီး ဖန်အိုးကလေးကို နှုတ်သီးနဲ့ ကိုင်ချီပြီး ပျံသွားတယ်။ နောက်ဆုံးမှာ စမ်းချောင်းအစက ရေခဲတမျှ အေးနေတဲ့ ရေကို ဖန်အိုးနဲ့ အပြည့် ခပ်လာခဲ့ပေးရှာတယ်။ Psyche ခမျာ လင်းယုန်ကြီးကို ကျေးဇူးတွေတင်နေတုန်းပဲ လင်းယုန်ကြီးက ပျံထွက်သွားတော့တယ်။ အဲဒီတော့မှ တောင်ပေါ်ကနေ သတိနဲ့ ပြန်ဆင်းလာခဲ့နိုင်တယ်။

ဒါပေမယ့် Venus ကတော့ စိတ်ဆိုးနေတုန်းပဲမို့ နောက်ထပ် ဒီထက်ခက်တာတွေကို ထပ်ခိုင်းသေးတယ်။ နောက်ဆုံး Psyche လေးလည်း ပင်ပန်းလွန်းလို့ ဖျော့တော့ အားလျော့လာတာပေါ့။ အဲဒီအချိန်မှာ Cupid က သူ့အမေ Venus ရဲ့ အိမ်မှာ ဖျားနာနေတုန်းမို့ အနားယူနေတယ်။ တစ်နေ့ကျ သူ့ပြတင်းပေါက်ကနေ ပျံထွက်လာတဲ့အချိန်မှာ သူချစ်တဲ့ Psyche လေးကို သူ့အမေက နှိပ်စက်ညှင်းဆဲနေပြန်တယ်ဆိုတာ ကြားသွားတယ်။

ကြားကြားချင်း သူ့ချစ်သူကို လိုက်ရှာတော့ Psyche လေးက လမ်းမှာ သတိမေ့လဲကျနေတာ သွားတွေ့တယ်။ မင်းသမီးလေးဟာ နွမ်းလျဖျော့တော့နေတဲ့ အပြင် အရမ်းကို ၀မ်းနည်းနေပုံပေါက်တာမို့ အချစ်နတ်သားလေးလည်း မသနားပဲကို မနေနိုင်လောက်အောင် ဖြစ်ပြီး အရင်လို ပြန်ချစ်သွားပါတော့တယ်။ သူ့ချစ်သူလေးကို ညင်ညင်သာသာလေး နမ်းလိုက်တဲ့အခါမှာ မင်းသမီးလေးလည်း မျက်စိပွင့်လာခဲ့တယ်။

သူ့ချစ်သူ Cupid ကိုမြင်ရပြီး သူပြောတဲ့ စကားတွေ ကြားရတဲ့အခါမှာ ဘယ်လိုမှ ပြောမပြတတ်အောင် ကို ၀မ်း သာသွားရှာတာပေါ့။ Cupid က ဘာမှ နောက်ထပ်မကြောက်တော့ဖို့ ပြောပြီး Psyche ကို နတ်ဘုရားတို့ နေရာ အိုလံပတ်စ် တောင်ပေါ်ကို ခေါ်သွားတယ်။ သူ့ဇနီးကို မသေနိုင်တော့မယ့် နတ်ဝတ်ရည် တိုက်ပေးဖို့ Jupiter နတ်မင်းကြီးကို တောင်းပန်ပေးတယ်။ တောင်းပန်လွန်းတော့ Jupiter လည်း Psyche ကို နတ်ဝတ်ရည် တစ်ခွက် သောက်ခွင့်ပေးလိုက်တယ်။ သောက်ပြီးတာနဲ့ မင်းသမီးလေးလည်း နတ်သမီးအဖြစ်ကို ရောက်သွားတော့တယ်။ Cupid နဲ့ Psyche တို့ဟာ အိုလံပတ်စ်တောင်ပေါ် နတ်သားနတ်သမီးတွေစုံညီရှေ့မှာ မင်္ဂလာပွဲကို ခြိမ့်ခြိမ့်သဲ ကျင်းပပြီး အတူပေါင်းသင်း နေထိုင်ခွင့်ရသွားတော့တယ်။ Psyche လည်း အလွန်တရာ လှပတဲ့ နန်းတော်ထဲမှာပြန်နေခွင့်ရပြီး သူချစ်တဲ့ Cupid နဲ့ အတူ သက်ဆုံးတိုင် ပျော်ပျော်ရွှင်ရွှင် နေသွားပါ တော့တယ်။ မင်းသမီးလေးက ဒီတစ်ခါတော့ သူ့ချစ်သူကို နေ့ရောညပါ မြင်ခွင့်ရသွားပြီပေါ့နော်။
--------------------------------------------------------
ဒီဇာတ်လမ်းကနေ နားလည်လိုက်ရတာကတော့ အချစ်နတ်သားလေး Cupid နဲ့ သူ့ချစ်သူတို့ရဲ့ ချစ် ဇာတ်လမ်း မှာတောင်မှ စင်းလုံးချောမနေဘူးဆိုရင် သာမန်လူတွေရဲ့ အချစ်ဇာတ်လမ်းတွေကတော့ အခက်အခဲတွေ ရှိကြမှာ မလွဲဘူး ဆိုတာပါပဲ။ Venus နဲ့ Cupid ရဲ့အကြောင်း ဆွဲထားတဲ့ ပန်းချီတစ်ချို့မှာ ဆိုရင် Cupid က သူ့လက်ကို ပျားတုပ်ခံရလို့ နာတဲ့အကြောင်း သူ့အမေ Venus ကို ငိုယိုပြောနေတဲ့ပုံတွေ ရှိခဲ့တယ်။ အဲဒီအခါမှာ သူ့အမေ Venus က လောကကြီးမှာ ပျားကလေး သေးသေးလေးတုပ်တာ ခံရလို့ နာကျင်ခံစားရတာထက် ကြီးမားတဲ့ ဝေဒနာတွေပေးနိုင်တဲ့ အချစ်ဆိုတဲ့ အရာရှိကြောင်း သက်သေပြခဲ့တယ်။ (အဲဒီအကြောင်းကို ကဗျာဆရာကြီး Thomas Moore ကလည်း အခုလိုတောင် ကဗျာစပ်ခဲ့ပါတယ်။) Cupid ကို ပျားတုပ်နေတဲ့ ပုံတွေဟာ အချစ်ရဲ့ နောက်ဆက်တွဲက ကပ်ပါလာတဲ့ ဝေဒနာတွေကို တင်စားထားတာပါတဲ့။

တကယ်တော့ အချစ်ဆိုတာ ကြည်နူးစရာတွေရော ဝေဒနာတွေပါ နှစ်မျိုးလုံးကို ပေးစွမ်းနိုင်တဲ့ အရာပဲ မဟုတ်လား။

(ပုံပြင်မှာ Tales of Ancient Greece မှ The Story of Cupid & Psyche ကို ဆီလျော်အောင် ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။)

You received this email because you are subscribed to the real_time feed for http://shwegyan.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Ywar Thar Lay (YTU)] 1 New Entry: တစ်ရာ နှစ်ရာ အခါခါ စည်းပါလို့…

တစ်ရာ နှစ်ရာ အခါခါ စည်းပါလို့…





ဟဲ့နင် ဒီနေ့ ဘယ်လောက်ပြီးပြီလဲ ဆိုတဲ့ အသံကြားမှ ဖျတ်ခနဲ ဘေးနားမှာထောင်ထားတဲ့ အစည်းတွေကို ကြည့်လိုက်မိတယ်။ အို….ဘာမှ မရှိသေးပါလား။ သူဇာခုံက ဒီညနေလာသိမ်းမယ်လို့ပြောထားသားနဲ့ ငါ့နှယ်နော် ငေးနေတွေးနေမိလိုက်တာ……..

ဗန်းထဲက ဆေးစပ်တွေကို ကြည့်မိတယ်။ ဖင်ဆီခံတွေလဲ တောင်ပုံယာပုံ။ အသားတုံးပေါ်တင်ထားတဲ့ ကော်တောင် ခြောက်လုလုရှိရော့မယ်။ အင်းတံဆိပ်တွေလည်း ညှပ်ရဦးမှာပါလား။ မြန်မြန်လုပ်မှ သူဇာခုံက ရှင်းရင်နေ့ချင်း ပေးတတ်တာလေ။ အိမ်မှာဆန်က သိပ်ကျန်တော့တာမဟုတ်ဘူး။

ဆန်ဆိုမှ ထမင်းအိုးတည်ရဦးမှာပါလား။ အိုးထဲမှာ ဆန်မှကျန်ပါလေစ။ မလောက်တော့လည်း အရင်လို အနောက်အိမ်က သွားချေးလိုက်တာပေါ့။ နောက်မှ ပြန်ဆပ်မယ်လေ။ တော်ပါသေးရဲ့ တခါချက်စာတော့ ကျန်နေသေးလို့။ ဆန်ဆေးပြီး အပြေးအလွှားတည်အပြီး အိမ်ရှေ့မှာ မခင်မာကြည်။ ဗျိုး…မခင်မာကြည် ဒီနေ့ဘာကောင်းလဲမေးလိုက်မိတာ ဘော်လီထဲက ၅ကျပ်လား ၁၀လား ပါသွားပြန်လေရော။

မဖြစ်သေးပါဘူး ဒီနေ့ပြီးအောင်လိပ်မှပါပဲ။ ဗန်းအောက်ကို ခြေထောက်လျှို ခြေထောက်ပေါ်ပုဆိုးခံပြီး ပြန်ထိုင်ရတယ်။ ဆေးရွက်တွေက ပိုးပေါက်တွေတယ်များပါလား။ ဘယ်လိုဖြစ်တာပါလိမ့်။ နှစ်ရွက်ပေါင်းမှတစ်လိပ်သာ လိပ်နေရင်တော့ ခုံကအော်တော့မှာပဲ။ ဒီတစ်ခေါက်လာမှ ပြောရဦးမယ်။ နှစ်ရွက်ထပ်ပြီး ချိုးထားတဲ့ ဆေးရွက်ထဲကို ဆေးစပ်လေးတွေထည့် နောက်ပိတ်ဖင်ဆီခံပြီး မပွမကျစ်လေးလိပ် ပြီးတော့မှ တံဆိပ်ကို ကော်သုတ်လိပ်ထားတဲ့ အပေါ်မှာ ကပ်။ ဖင်ဆီခံကို ညီအောင် တစ်ချက်နှစ်ချက်ညှိပြီးရင်တော့ ခေါင်းချိုးဖို့သာပြင်။ သုံးထောင့်ပြားချွန်ချွန်ကြေးပြားလေးနဲ့ ဟိုတစ်ဖက်ထိုး ဒီတစ်ဖက်ထိုးလုပ်လိုက်ရင် ညီညာလှပတဲ့ ဆေးလိပ်တစ်လိပ်ဖြစ်ပြီပေါ့။ ခေါင်းမချိုးတတ်လို့ကတော့ ရှေ့ဆက်လိပ်ဖို့မစဉ်းစားနဲ့။

တစ်လိပ်နှစ်လိပ် တော်တော်လေးလိပ်မိလို့ ပုံသွားရင်တော့ ရာစည်း စည်းပေတာ့။ တစ်လိပ်ချင်းဆီကို ရေတာတော့ ဘယ်ဟုတ်မလဲ။ လက်နှစ်ဖက်နဲ့ အားရပါးရစု ရာစည်းပုံထွက်အောင် ဘယ်ညှိညာညှိလုပ်ပြီး သားရေပင်နဲ့ချည်လိုက်ရုံပါပဲ။။ တစ်ခါမှ တစ်လိပ်တစ်လေ လျှော့တယ်ဆိုတာ မရှိသေးပါဘူး။ လုပ်ရင်းကိုင်ရင်း အလုပ်ကသင်သွားတယ်ဆိုပါတော့။

ခပ်သွက်သွက်လိပ်နေပေမယ့် အချိန်ကုန်တာလည်း မြန်လိုက်တာ။ လေးငါးရာပဲရှိသေးတယ်။ နေကလည်းဝင်လုရော့ရော့။ နေ့လည်ထမင်းစားရဦးမှာပါလား။ ကတိုက်ကရိုက် ချဉ်ပေါင်းဟင်းနဲ့ ထမင်းမှာ ငပိရည်ဆမ်းပြီး တ၀စားလိုက်ရတယ်။ ထမင်းဆိပ်တက်မယ့် အချိန်ကို ငှားထားတဲ့ စာအုပ်လေးနဲ့ မှိန်းနေဦးမှ။ ပြီးရင်တော့ ဗန်းအောက်ကို ပြန်ဝင်ရမယ်လေ။

လာပါပြီ လာပါပြီ.. မျှော်လေတဲ့ ခုံကဆေးလိပ်စည်းတွေလာသိမ်းပြီလေ။ မနက်ဖြန်ရန်ကုန်ကိုပို့မှာမို့ ဖြန့်ထားတဲ့ ဆေးလိပ်သမတွေဆီမှာ လိုက်သိမ်းနေကြပြီ။ တစ်ထောင်ပဲပြီးတာမို့ ပေးခဲ့တဲ့ ငွေငါးဆယ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း ညနေဆန်ဝယ်ဖို့ ကိုတွက်ချက်နေမိတယ်။

မကြာပါဘူး အိမ်ရှေ့ဆူညံဆူညံနဲ့ မချိုတို့ ညီအစ်မတစ်တွေရောက်နေကြပြီ။ ရေမြန်မြန်ချိုး ဒီည ဘူတာနားက ကိုစံသိန်းရုံမှာ ဒွေးနဲ့စိုးမြတ်သူဇာကားအသစ်တဲ့။ တစ်ညတစ်လေပဲလေ ကားကောင်းတယ်ဆိုမှတော့ လိုက်ရဦးမှာပေါ့။ ဆန်ကလေး ၁ပြည် တက်သုတ်ရိုက်ဝယ် ရေချိုးမိုးချိုး။ အင်း….မနက်ဖြန်နေ့ရက်တွေမှာလည်း နောက်ထပ်နောက်ထပ် တစ်ရာနှစ်ရာ အခါခါစည်းပါလို့ရယ်ပေါ့……

ဆေးလိပ်အမြဲလိပ်နေရတတ်တဲ့ ကျနော့်အဒေါ်တွေအတွက်အမှတ်တရပါ။

You received this email because you are subscribed to the real_time feed for http://ywartharlay-ytu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[goldmyanmar] 1 New Entry: တန်ဆောင်မုန်းလပြည့်နေ့

တန်ဆောင်မုန်းလပြည့်နေ့

တန်ဆောင်မုန်းလသည် မြန်မာလများမှာ ရှစ်လမြောက်ဖြစ်ပြီး အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် ကျရောက်ပါတယ်။
    ဒီလမှာ ကထိန်အလှူပွဲတော်၊ မသိုးသင်္ကန်းရက်လှူပွဲ၊ ပံ့သကူပစ်ပွဲ၊ ကြာသင်္ကန်းကပ်လှူပွဲ၊ တန်ဆောင်တိုင်မီးထွန်းပွဲတော်၊ ရှင်မာလဲပွဲတော်တို့ကို ကျင်းပတဲ့ တန်ဆောင်မုန်းလဆိုလည်း မမှားပါဘူးရှင်။
    ကထိန်လို့ဆိုတဲ့နေရာမှာ သင်္ကန်းဖြတ်ခြင်း၊ ချုပ်ခြင်း၊ ဆိုးခြင်း၊ ခင်းခြင်း စတဲ့ ကထိန်မှုနှင့် စပ်ဆိုင်တဲ့အရာအားလုံးကို ခြုံငုံပြီး သုံးစွဲတဲ့ ဝေါဟာရတစ်မျိုးဖြစ်ပါတယ်။ ကထိန်သင်္ကန်းအလှူဟာ တစ်နှစ်မှာ တစ်လ၊ တစ်လမှာ တစ်ကြိမ်သာ အချိန်အခါနှင့် ပြုရသော ကာလဒါနဖြစ်ပါတယ်။ ကထိန်ပွဲတော်ကို ပုဂ္ဂလိက ကထိန်ပွဲ၊ ဘုံကထိန်ပွဲနှင့် ပစ္စည်းရှင်တစ်ဦးက မတည်ဦးစီးပြီး လူအများစုက ၀ိုင်းဝန်းကူညီလှူဒါန်းသော ကထိန်လို့ခေါ်ဆိုပြီး ကျင်းပလေ့ရှိကြပါတယ်။ မြန်မာများရဲ့ ချစ်စရာ ဓလေ့ အလှူဒါနပြုတဲ့ပွဲလို့ ပြောလို့ရတာပေါ့။ ဒီလို လှူဒါန်းခြင်းဟာ မြို့ရွာနယ်ပယ်ဒေသအသီးသီးမှာ ပြုလုပ်လေ့ရှိကြပါတယ်။ တန်ဆောင်တိုင်ဆိုရင် တောင်ကြီးမှာ မီးပုံပျံပွဲတော်လို့ ခေါ်တဲ့ အများပြည်သူငေးရလောက်အောင် မီးပုံပျံပွဲတော်ကို ခြိမ့်ခြိမ့်သဲ ကျင်းပကြပါတယ်။ ကျွန်မတော့ တစ်ခါမှ မရောက်ဖူးသေးဘူး။ တန်ဆောင်တိုင်ရောက်တိုင်း အရမ်းသွားချင်စိတ်တော့ ဖြစ်မိပါတယ်။ ဟော ကျောက်ဆည်မြို့ကျတော့ ဆင်ကပွဲတွေ ပြုလုပ်ကြပြန်ပါတယ်။ ကျွန်မတို့ မြန်မာတွေဟာ ဘယ်လောက် ကျက်သရေမင်္ဂလာရှိတဲ့ အလှူဒါနမျိုးတွေပြုလုပ်သလဲဆိုတာသာ ကြည့်ပါတော့။ အင်း ဒါနဲ့ သင်္ကန်းအကြောင်းဆက်ပါဦးမယ်။ သင်္ကန်းအပ်နှင်းမှု၊ ချုပ်ဆိုးမှုများ ညတွင်းချင်းပြီးစေပြီး အရုဏ်မတက်မီ လှူဒါန်းနိုင်သော သင်္ကန်းကို မသိုးသင်္ကန်းလို့ ခေါ်ပါတယ်။ ပံ့သကူပစ်ပွဲမှာ သင်္ကန်း စသည့် သံဃာ့အသုံးအဆောင်ပစ္စည်းများကို တိတ်တဆိတ် စွန့်ပစ်လှူဒါန်းခြင်းဖြစ်ပါတယ်။ ပိတ်သားတွေပေါ်မှာ ရွှေရောင်စက္ကူ၊ ရွှေဝါရောင် ဖဲကြာပွင့်ကြီးများ ထိုးထားတဲ့သင်္ကန်းများကိုလည်း ကြာသင်္ကန်းလို့ ခေါ်ပြန်ပါတယ်။ ရှေးအခါကတော့ ဘုရားရှင်ကို ကပ်လှူပြီး ယခုအခါ စေတီပုထိုးများနှင့် ဘုရားရုပ်တုများမှာ ရစ်ပတ်လှူဒါန်းကြပါတယ်။
    နောက်ပြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်သည် နက္ခတ်ပွဲသဘင် မီးထွန်းပွဲသာ ဖြစ်ပါတယ်။ ရှင်မာလဲပွဲဆိုတာကလည်း ရှင်မာလဲမထေရ်က တန်ဆောင်မုန်းလပြည့်နေ့ရောက်တိုင်း ဝေဿန္တရာဇာတ်တော်ကို ဟောကြားတာကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ပွဲလို့လည်း ဆိုစမှတ်ပြုကြပါတယ်။ နောက် ကျွန်မတို့ မသိတဲ့ ပွဲတော်တွေလည်း ရှိပါသေးတယ်။ မသိတာထက် မြို့တွေမှာ မလုပ်တာလည်း ပါတာပေါ့လေ။ အဲဒါက လှော်ကားပုံပြုပြီး လှော်ကားထက်တွင် အသီးတစ်ထောင်၊ အပွင့်တစ်ထောင်၊ ထမင်းဆုပ်တစ်ထောင်၊ ဆီမီးတစ်ထောင် တင်ပြီး လှူဒါန်းကြခြင်းကြောင့် လှော်ကားပွဲတော်၊ ထောင်ပြည့်ပွဲတော်လို့ ခေါ်ကြပါတယ်တဲ့။ အင်း အခုခေတ်မှာတော့ အဲဒီပွဲတွေက ကွယ်ပျောက်လုရှိနေပြီ ထင်မြင်မိပါတယ်။
    တန်ဆောင်မုန်းလပြည့်နေ့မှာ ဆေးပင်အပေါင်းတို့ကို စောင့်တဲ့နတ်တို့သည် မဲဇလီပင်စောင့်နတ်မင်းအား လာရောက်ခစားကြတယ်လို့ အစွဲပြုကာ မဲဇလီပင်သည် ဆေးပေါင်းခသည့်အပင်ဟု ယူဆကြပြီး အနာမျိုး ၉၆ ပါးကင်းရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့လေ တန်ဆောင်မုန်းလပြည့်နေ့တွေမှာ မဲဇလီဖူးသုတ်တို့ မဲဇလီဟင်းချိုတို့ စားတဲ့ဓလေ့ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ အဲ နောက်တစ်ရက်ကျတော့ သူခိုးကြီးများနေ့ဆိုပြီး ကျွန်မတို့ ငယ်တုန်းကတော့ သူများအိမ်ရှေ့က ပစ္စည်းတွေ ယူပြီး ကြည့်မရတဲ့အိမ်တွေရှေ့ကို သွားချကြပါတယ်။ ပျော်ဖို့လည်း ကောင်းတယ်ရှင့်။ အမှန်ပြောရရင် ကျွန်မတို့ မြန်မာတွေဟာ အပျော်ကော အလှူတွေကော ၁၂ လ ရာသီမှာ ၁၂ လလုံးရှိနေတာကို အံ့သြစွာ တွေ့ရှိရပါတယ်။ အင်း ဒါနဲ့ ဘာလိုလိုနဲ့ ဆောင်းတွင်းထဲကို ၀င်မှန်းမသိ ၀င်လာနေပြန်ပြီနော်။ ကဲ အားလုံးပဲ တန်ဆောင်မုန်းလမှာ အလှူဒါနများကို ကျွန်မနဲ့အတူ ဆင်နွှဲကြရအောင်နော်။

You received this email because you are subscribed to the real_time feed for http://goldmyanmar.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[We Fight We Win. -- " More than Media "] 4 New Entries: မတရားတဲ့ စွဲချက်တွေနဲ့ ချလိုက်ပြီ

မတရားတဲ့ စွဲချက်တွေနဲ့ ချလိုက်ပြီ

နေဘုန်းလတ် အား ပုဒ်မ ၅၀၅ က ၂ နှစ် ၃၂ ခ ...က ၃ နှစ် နဲ့ ခြောက် လ အီလတ်ထရော နစ် က ၁၅ နှစ်
စုစုပေါင်း နှစ် ၂၀ နဲ့ ခြောက်လ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
အလားတူ ငွေကြာရံ ကျောင်းတိုက်မှ ဘုန်းကြီးများကိုလည်း ဆယ့်ကိုးနှစ်စီအသီးသီးချမှတ်လိုက်ပြီး ကဗျာဆရာ ကိုစောဝေကိုတော့ ငါးနှစ် ချလိုက်တယ်လို့ ကြားသိရပါတယ် ။ ဆက်လက်စုံစမ်းဆဲဖြစ်ပါတယ်။

သူခိုးတယောက်ရဲ့  တောင်းပန်စာ

စိုးသင့်ဆွေ

သတင်းတိုလေးတပုဒ် ဖတ်မိပြီး သဘောကျလို့ ပြုံး၊ ပြုံးမိရာကနေ ဖြန့်တွေးကြည့်ရင်းနဲ့ ဒီစာလေးကို ရေးဖြစ်သွား တယ်။ သတင်းလေးက BBC News မှာပါတဲ့ သတင်းလေး အကြောင်းအရာက ဆန်းတယ်။ ခေါင်းစဉ်ကိုကြည့်ပါ။

"ဆိုင်ရှင်ထံသို့ သူခိုးမှ တောင်းပန်စာ ပေးပို့"
အင်္ဂလန်နိုင်ငံ ဘရစ်စတောလ်မြို့ရှိ အန္ဒိယကုန်စုံဆိုင်ပိုင်ရှင် အီမရန် ဟာမက်ဟာ ထူးခြားတဲ့ တောင်းပန်စာ တစောင် လက်ခံရရှိခဲ့ပြီး။ စာနဲ့ အတူ အင်္ဂလန် ပေါင်စတာလင် ၁၀၀ ကိုပါလက်ခံရရှိခဲ့ပါတယ်။ စာပါ အကြောင်းအရာက…..



" လေးစားရပါသော ဆိုင်ရှင်ခင်ဗျား ကျွန်တော်ဟာ ဒီစာကို နောင်တရခြင်းများစွာနဲ့ ရေးသားလိုက်တာပါ။ တချိန်တုံးက ကျွန်တော်ဟာ ခင်ဗျားဆိုင်က ဆေးလိပ် အလိပ် ၄၀၀ ကို ခိုးယူခဲ့ဖူးပါတယ်။ ဒီစာနဲ့ အတူ ပူးတွဲပါ စတာလင်ပေါင်ငွေ ၁၀၀ ဟာ အဲဒီ ခိုးယူခဲ့ဖူးတဲ့ ဆေးလိပ် ၄၀၀ ရဲ့ တန်ဖိုးနဲ့ ညီမျှတဲ့ငွေဖြစ်ပါတယ်။ လွန်ခဲ့သော ၇ နှစ် တုံးက ကျွန်တော်ဟာ ဆေးအလွန် အကျွံ့စွဲနေသူတယောက်ဖြစ်နေပြီး တညမှာ ခင်ဗျားရဲ့ ဆိုင်နားကို ဖြတ်လျှောက်မိတုန်း ဆိုင်ကို တခြားတဦး ဖေါက်ထွင်းထားတာတွေ့ပြီး ပျက်စီးလို့ဟနေတဲ့ တံခါးကနေ ဆိုင်ထဲကို ဝင်ရောက်ခါ ဆေးလိပ် အလိပ် ၄၀၀ ကို ကျွန်တော်ခိုးယူခဲ့တာပါ။ အခုတော့ ကျွန်တော်ဟာ ဆေးဖြတ်လိုက်ပြီး ကျွန်တော့်ရဲ့ ဘဝကို ရိုးသားကောင်းမွန်စွာဖြတ်သန်းနေပါပြီ။ ဒါပေမဲ့ ကျွန်တော်ရဲ့ အတိတ်က မိုက်ပစ်တွေကို ပြန်တွေးမိတိုင်းမှာ ကျွန်တော့်မှာ နောင်တရလို့မဆုံးပါဘူး။ ဒါကြောင့် အဲဒီအပြစ်တွေကို ဖျောက်ဖျက်လို့ ရအောင် ဒီတောင်းပန်စာနဲ့ အတူတူ ကျွန်တော် ခိုးယူခဲ့တဲ့ ဆေးလိပ်တွေရဲ့ တန်ဖိုးငွေသားကိုပါ ခင်ဗျားဆီပို့လိုက်ရတာပါ။ ခင်ဗျားရဲ့ ပစ္စည်းတွေပျောက်သွားလို့ တချိန်က ခင်ဗျားခံစား ရတဲ့ ခံစားချက်တွေ အတွက် ဒီစာနဲ့ အနည်းငယ်မျှလောက်သက်သာအောင် လုပ်ပေးနိုင်တယ်ဆိုရင်ဖြင့် ကျွန်တော်အထူးပင် ဝမ်းမြောက်မိမှာပါ ခင်ဗျာ။ "

စာပါအကြောင်းအရာကတော့ ဒီလောက်ပါပဲ ဆိုင်ရှင်ဖြစ်တဲ့ အီမရန် ဟာမက် ကတော့ သူလက်ခံရရှိတဲ့ ပေါင်စတာလင် ၁၀၀ ကို မူးယစ်ဆေးစွဲသူများကုသရေး ရံပုံငွေ အဖြစ်လှုတမ်းလိုက်မယ်လို့ ပြောဆိုပါတယ်။

ကဲ သတင်းဖတ်ပြီးတော့ ပြုံးမိသွားပြီလား။ သူတပါးရဲ့ ချွေးနည်းစာကို ခိုးယူတာဟာ ရေသာခိုအချောင်လိုက် သမားတွေရဲ့စိတ်ဓါတ်ပါ။ လောကမှာ မိမိကိုယ်ကျိုးအတွက်နဲ့ သူများရှာထားဖွေထား တဲ့ ပစ္စည်းကို ပိုင်ရှင်မသိ အောင်ခိုးယူခြင်းဟာ ကောင်းမွန်တဲ့ စာရိတ္တ မဟုတ်ပါဘူး။ ဒါဟာ မိမိရဲ့ ကိုယ်ကျင့်တရားကို တန်ဘိုးချ လိုက်ခြင်းလည်းဖြစ်ပါတယ်။

အပေါ်သတင်းထဲကလို သူခိုးမျိုးကတော့ တော်တော့ကို ရှားပါးတဲ့ စိတ်ဓါတ်ပါပဲ။ သူဟာ အမှားကို အမှားမှန်းသိပြီး သူ့ကိုယ်သူ ပြုပြင် လိုက်နိုင်တယ်။ သူများပစ္စည်းကို အလကားယူမိခဲ့တဲ့ အတွက်လည်း နောင်တရကာ ပြန်တွေးလိုက်တိုင်း တနှံ့နှံ့ခံစားနေရပြီး မနေနိုင်တဲ့အဆုံးမှာ တောင်းပန်စာရေး လိုက်တာပါ။ သူဒီစာကို မရေးရင် ဆိုင်ပိုင်ရှင်ဖြစ်တဲ့သူက ခိုးသူဘယ်ဘယ်ဝါဆိုတာ သိတောင်သိလိုက်မှာ မဟုတ်ပါဘူး။ သူခိုးရဲ့ တချိန်က မိမိကျူးလွန်လိုက်တဲ့ အမှုအပေါ် ဝန်ခံလိုစိတ်၊ တာဝန်ယူလိုစိတ်၊ ခိုးယူမိတဲ့ပစ္စည်း အတွက် ပိုင်ရှင်ရဲ့စိတ်သောကကို ကိုယ်ချင်းစာစိတ် နဲ့ အတူ သူတပါးပစ္စည်းကို အချောင်မရယူ လိုတဲ့ စိတ်ထားကောင်းလေးတွေကို သတင်းလေးဖတ်ရင်း ဆက်စပ်တွေးမိသွားပါတယ်။ အကယ်၍သာ ဒီ သတင်းထဲက သူခိုးလို စိတ်ဓါတ်ကောင်းလေး သူခိုးကြီးတွေ သူခိုးလေးတွေ အားလုံးဆီမှာသာ ရှိခဲ့မယ်ဆိုရင် ကမ္ဘာပေါ်မှာ ခိုးချင်တယ်ဆိုတဲ့ အကျင့်၊ သူခိုးဆိုတဲ့ စကားလုံး ပျောက်ကွယ်သွားမယ်ထင်ပါရဲ့။




Rest of your post

နအဖ စစ်အစိုးရ ရေပိုင်နက် အငြင်းပွားမှု က အရှုံးပေး ထွက်ခွာလာပါပြီ


မြန်မာ စစ်အစိုးရက ရေပိုင်နက်အငြင်းပွားနေမှု နေရာမှ သဘ၀ဓါတ်ငွေ့ ရှာဖွေနေမှုများကို ရပ်တန့် က ပြန်လည် ဆုတ်ခွာသွားပြီဟုသတင်းရရှိပါတယ်။ မြန်မာ့ပင်လယ်မှာ သဘ၀ဓါတ်ငွေက ၂၁ဒသမ ၁၉ ထရီလီယံ ကုဗပေ ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာတော့ ၁၃ ထရီလီယံကုဗ်ပေ ရှိပါတယ်။ ဒါပေမဲ့ မြန်မာ အစိုးရအာဘော်သတင်းစာမှာတော့ ဆုတ်ခွာလာတာတော့ သုတေသနလေ့လာမှုတွေ ပြီးလို့ ပြန်လာတာလို့  လှိမ့်လုံးထွင်နေတုံးဖြစ်ပါတယ်။ ကိုယ့်ရေပိုင်နက်ဖြစ်ရင် ဘာဖြစ်လို့ ဆုတ်ရမှာတုံး၊ ဒီထက်ပိုပြီးအရေးကြီးတာဘာမှမရှိဘူး။ ဆက်ပြီးတပ်ချ ပြီးခုခံရမှာပေါ့။ ကျနော်တို့ ကြိုတင်ခန့် မှန်းထား တာမလွန်ဘူးပေါ့။ မြန်မာစစ်တပ်က နိုင်ငံတော်အချုပ်အချာ ကို ကာကွယ်မယ်လို့ လေတလုံးမိုးတလုံး ၀ါဒဖြန့် နေတာက တကယ်တမ်း မှာ မြန်မာစစ်တပ်ဟာ ဘယ်တော့မှ နိုင်ငံခြား က ကျူးကျော်ရန်စ မှု ကို ကာကွယ်ပေးနိုင်တဲ့ ခေါင်းဆောင်မှုနဲ့ တိုက်စွမ်းရည်တွေမရှိဘူးဆိုတာထင်ရှားနေပြီ။ တပ်မတော်ဟာ သန်းရွှေ လက်အောက်မှာ တပ်မတော်ဆိုတဲ့ အမည်ခံသာ ရှိပါတော့ကြောင်း အထင်အရှားပြသလိုက်ပြီ ဖြစ်ပါတယ်။

စီးပွားရေးပျက်ကပ်အပေါ် တရုပ်အစိုးရရဲ့ မှန်ကန်တဲ့ ခြေလှမ်း


မိုးသီးဇွန်

တရုပ်အစိုးရ အာဘော် အင်တာနက်စာမျက်နှာမှာ ဒီနေ့ ကြေညာချက်တရပ်ကို ထုတ်ပြန်လာပါတယ်။ ဒါကတော့ ကမ္ဘာလုံးဆိုင်ရာငွေကြေး အကြပ်ရိုက်မှုကြီးကို ကာကွယ်တားဆီးနိင်ဖို့ အတွက် တရုပ်ပြည်က အမေရိကန် ဒေါ်လာ ၅၈၆ ဘီင်္လီယံဒေါ်လာပမာဏ မတည်ပြီး စီးပွားရေး ပျက်ကပ် ကို ခုခံဖို့ အစီအစဉ်တရပ်ကို ရေးဆွဲလိုက်တယ်။ ဒီအစီအစဉ်မှာ အဆောက်အုံ ( Infrastructure) နဲ့  လူမှုရေးကူညီမှု ( Social Welfare) အစီအစဉ်တွေပါဝင်မှာဖြစ်ပါတယ်
( ဆက်ဖတ်ပါ။)

ရည်မှန်းချက်ကတော့ ၂၀၁၀ မှာ အပြီးသတ် ဆောင်ရွက်မယ်လို့ သိရပါတယ်။ ဒီထဲက ငွေ တွေက ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေကို ကူညီမယ်လို့ သိရတယ်။ ဒါဟာ အလွန်မှန်ကန်တဲ့ လုပ်ဆောင်မှု ဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ နအဖ စစ်အစိုးရက သဘာဝဓါတ်ငွေ့ ရောင်းရငွေ အမေရိကန် ၃ ဘီလီယံ ခန့် ရှိသော်လည်း နာဂစ်မုန်တိုင်းကြောင့် ဒုက္ခရောက်တဲ့ ပြည်သူတွေကို ပြန်လည် ထူထောင်ရေးတွေ ထိထိရောက်ရောက်မဆောင်ရွက်သေးသလို စီးပွားရေးပျက်ကပ်ကြောင့် နလံမထူနိင်တဲ့ ပုဂ္ဂလိက လုပ်ငန်းလေးတွေကို အစိုးရက ငွေချေးပြီး ကျားကန်ပေးတာတွေ လုပ်ဆောင် မပေးသေးပါဘူး။ နအဖ စစ်အစိုးရအနေနဲ့ တရုပ်အစိုးရရဲ့မှန်ကန်တဲ့ လုပ်ဆောင်မှုကို အတုယူသင့်တယ်။

တရုပ် ပြည်ရဲ့ ပြည်ပပို့ ကုန် ကိုအဓိက အားထားပြီးရပ်တည်နေတဲ့  စီးပွားရေးစနစ် က အမေရိကန်နဲ့ ဥရောပမှာ ငွေကြေးအကြပ်ဆိုက်မှုကြောင့် နှေးကွေးသွားပါတယ်။ ဒါကို ကုစားဖို့အတွက် တရုပ်အစိုးရရဲ့ ဆောင်ရွက်ချက် ကတော့ အတိုးနှုန်း (Interest Rate) ကို လျော့ချလိုက်ခြင်းဖြစ်ပါတယ်။ အတိုးနှုန်းကို လျော့ချလိုက်တဲ့ ဗျူဟာကလည်းမှန်တယ်လို့ပြောရပါမယ်။ အတိုးနှုန်းလျော့ချလိုက်တဲ့ အဓိက ရည်မှန်းချက်ကတော့ စီးပွားရေးလုပ်ငန်းတွေ ရင်းနှီးမြုပ်နှံမှု မှာ ပိုမို လာအောင် ဖြစ်တယ်။ ရင်းနှီးမြုပ်နှံမှု တိုးပွားလာခြင်းဖြင့် လောလောဆယ်မှာ အန္တရယ်ဖြစ်လာနိင်တဲ့ အစုလိုက်အပြုံလိုက် အလုပ်လက်မဲ့ဖြစ်ခြင်း ( Massive Unemployment ) ကို အလိုအလျောက်ကာကွယ်ပြီးသားဖြစ်လာနိင်တယ်လို့ ကျနော်သုံးသပ်ပါတယ်။
လူတွေပုံမှန်ဝင်ငွေ ရရှိလာစေနိင်ခြင်းဖြင့် စီးပွားရေးကမောက်ကမဖြစ်မှု ကိုခုခံလာနိင်မှာဖြစ်ပါတယ်။ ဘာဖြစ်လို့  လည်းဆိုတော့ တရုပ်ပြည်စီးပွားရေး တိုးတက်မှုက ၉ ရာခိုင်နှုန်း အထိ ပထမသုံးလပတ်အတွင်းမှာ ကျဆင်းသွားတယ်။ အရင်က ၅ နစ်အတွင်းမှာ အနိမ့်ဆုံးဖြစ်ခဲ့တယ်။ အရင်က ၁၁ ဒသမ ၉ ရာခိုင်နှုန်းထိ စံချိန်ချိုးထားဘူးတယ်။ ဒီလို စီးပွားရေးတိုးတက်မှု ကျဆင်းလာတာက အချက်ပေးနေသလို ဖြစ်နေတယ်။ ဒီအပေါ်မှာ ရင်းနှီးမြုပ်နှံမှု တွေပိုမိုတိုးတက်လာအောင်ရည်ရွယ်ချက်နဲ့  အတိုးနှုန်းကိုလျော့ချပေးလာခြင်းအားဖြင့် အလုပ်သမားတွေကို ပုံမှန်အလုပ်မြဲစေပြီး ၀င်ငွေပုံမှန် ရှိလာစေနိင်မှာဖြစ်ပါတယ်။
စိုးရိမ်စရာကောင်းတာကတော့ တရုပ်ပြည်ရဲ့ ပြည်ပပို့ကုန်က နစ်စဉ် ၂၀ ရာခိုင်နှုန်း နီးပါးပုံမှန် တိုးတက်လာခဲ့ဖူးပေမဲ့ အနောက်ကမ္ဘာရဲ့ငွေကြေးအကြပ်ရိုက်မှုမှာ ချက်ချင်း ကျဆင်းလာတယ်။ သုညအမှတ် အောက်အထိရောက်လာနေခြင်းဖြစ်တယ်။ အစီအစဉ်ထဲမှာ မြို့ပြနဲ့ ကျေးလက်ဒေသတွေမှာ အဖိုးနည်းအိမ်ရာတွေ၊ လမ်းတွေတိုးချဲ့ဖေါက်လုပ်တာ၊ မီးရထားလမ်း၊ လေဆိပ်၊ ဆက်သွယ်ရေးစနစ်တွေကို ပိုမိုကောင်းမွန်လာအောင်ပြုပြင်မှာတွေဖြစ်ပါတယ်။ ဒါအပြင် ကျမ္မာရေး၊ ပညာရေး နဲ့ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး အတွက် အသုံးစရိတ်တွေကိုလည်း ပိုမိုသုံးလာမှာဖြစ်ပါတယ်။ ငလျင်ကြောင့် ပျက်ဆီးသွားတဲ့ ဇီချွန်နယ်ကိုလည်း ပြန်လည် ထူထောင်ရေး လုပ်ဖို့ ဒီအစီအစဉ်ထဲမှာ ပါဝင်နေပါတယ်။ ဒီအတွက်သုံးမဲ့ငွေကတော့ ၂ ဒသမ ၉ ဘီလီယံဒေါ်လာကို အသုံးပြုမှာဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေကိုလည်း အခွန် ကို လျော့ချ ကောက်ခံလာဦးမှာဖြစ်ပါတယ်။ ဒီ အစီအစဉ်ကို တရုပ်သမတ ဟူကျင်းတောင် က နိုဝင်ဘာ ၁၅ ရက်နေ့  အမေရိကန် နိင်ငံ ၀ါရှင်တန်မြို့ မှာ ပြုလုပ်မဲ့  ကမ္ဘာခေါင်းဆောင်များ ထိပ်သီး ၂၀ ညီလာခံ ကိုမသွားခင်မှာ ကြေညာလိုက်တာကတော့ ထူးခြားလှတယ်။ တရုပ်အစိုးရက နိင်ငံတကာဆက်ဆံရေးမှာ သူတို့ရဲ့ ပုံရိပ် (Image) ကို ပိုမိုမျက်နာပန်းလှအောင် လုပ်တတ်တာကို ပြသလိုက်ခြင်းဖြစ်ပါတယ်။

မိုးသီးဇွန်
နိုဝင်ဘာ ၉၊၂၀၀၈

- ဒီလုပ်ရပ်ပေါ် မိတ်ဆွေ ဘယ်လိုမြင်ပါသလဲ
- နအဖ စစ်အစိုးရအနေနဲ့ ရော စီပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ဘာလုပ်သင့်တယ်လို့ ခင်ဗျားယူဆပါသလဲ။
- မိတ်ဆွေ အမြင်ကရော ဘာတွေလဲ ( Comment ရေးပေးပါ။ )


You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Padauk Myay] 3 New Entries: အချုပ်အခြာအာဏာအရေးနှင့် မြန်မာ့အတိုက်အခံများအပေါ် အမြင်

အချုပ်အခြာအာဏာအရေးနှင့် မြန်မာ့အတိုက်အခံများအပေါ် အမြင်

မျိုးမြန်မာ

(ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်အရေးအခင်းနဲ့ပတ်သက်ပြီး အတိုက်အခံအဖွဲ့အစည်းများရဲ့ ရပ်တည်ချက်အပေါ် သုံးသပ်ထားတဲ့ မျိုးမြန်မာရဲ့ အမြင်ဖြစ်ပါတယ်။ ပိတောက်မြေအနေနဲ့ အစွန်းရောက်အမျိုးသားရေးဝါဒကို ဆန့်ကျင်သလို အစိုးရ ဘာလုပ်လုပ်ဆန့်ကျင်မယ်။ အမျိုးသားရေးကို မေ့ထားမယ်ဆိုတဲ့ သဘောထားကိုလဲ လက်မခံနိုင်ပါဘူး။ ဒါ့ကြောင့် မျိုးမြန်မာရဲ့ စာကို အားလုံးလေ့လာနိုင်ဖို့ ဝေငှပေး လိုက်ပါတယ်။ C Box မှာ ရိုဟင်ဂျာ (သို့) မူဂျာဟစ်ဒင်တွေကိုတောင် တိုင်းရင်းသားဖြစ်တယ်။ ဗမာတွေက သူတို့အပေါ် လူမျိုးကြီးဝါဒနဲ့ အနိုင်ကျင့်နေတဲ့ပြောသူတွေကိုလဲ တွေ့နေရပါတယ်။ မူဂျာဟစ်ဒင်ကိစ္စသိသူများ ရေးပေးဖို့ ဖိတ်ခေါ်ပါတယ်။)

တစ်ပတ်ကျော်မျှ ကြာမြင့်လာပြီဖြစ်သည့် လက်ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ဖြစ်ပွားနေသော ရေပိုင်နက် အငြင်းပွားမှု ပြသနာကြောင့် ဤဆောင်းပါးအားရေးသားခြင်း ဖြစ်ပါ၏။ ဥပဒေမဲ့ မှားယွင်း တောင်းဆိုမှုဟု မြန်မာအစိုးရမှ ပြတ်သားစွာဆိုခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စွပ်စွဲမှုမှ စတင်ကာ ပေါ်ပေါက်ခဲ့ သည့် နယ်မြေပိုင်ဆိုင်မှု အငြင်းပွား ပြသနာအား အခြေပြုကာ မြန်မာ့နိုင်ငံရေးအား လေ့လာလိုခြင်း လည်း ဖြစ်ပါသည်။

ထိုအဖြစ်စတင်ခဲ့သည်နှင့် တပြိုင်နက် မြန်မာ့ဘလော်ဂါများအကြားတွင် လှုပ်လှုပ်ရှားရှား ရှိခဲ့ပြီး မည်သည့် အကြောင်းများ ကြောင့် ဖြစ်သည်၊ မည်သူမှားသည် မှန်သည်ဟု မသေချာချိန်မှာပင် အချို့သော သူတို့၏။ နာမည်ကြီး မြန်မာနိုင်ငံရေး သတင်းဌာနများမှ ဆောင်းပါးရှင်တို့၏ ရေးသားချက်များသည် အစဉ်အလာ မပျက်ပင် လက်ရှိအစိုးရအား စွတ်စွဲပစ်တင်မှုများဖြင့် စခဲ့ကြပါ၏။

သို့သော် ထိုအရာထက် အံ့သြောဖွယ်ကောင်းသည်မှာ တရားဝင်ရပ်တည်နေသော မြန်မာ့အတိုက်အခံ ပါတီကြီးဟုဆိုသည့် အန်အယ်ဒီ ပါတီ၊ ပြည်တွင်းပြည်ပရှိ စာတမ်းများ ကြေငြာချက်များ ထုတ်ရာတွင် လက်သွက်လှသော အဖွဲ့အစည်း မျိုးစုံတို့၏ အသံတိတ်မှုပင်ဖြစ်၏။ ထိုအရေးနှင့်ပက်သက်၍ သူတို့ဆီမှ အမြင်များ တုန့်ပြန်မှုများအား ယခု ဆောင်းပါး ရေးချိန်အထိ စိုးစဉ်းငယ်မျှ မကြားရခြင်းသည် ကျွန်တော့်အဖို့ ဆန်းကျယ်လှ၏။ အမိမြန်မာနိုင်ငံတော်အတွက် ထို အတိုက်အခံဆိုသည့် နိုင်ငံရေးပါတီကြီး၏ ဖြစ်တည်နေမှု သည်၊ ပြည်တွင်းပြည်ပမှ ဖွဲ့ထားသော အဖွဲ့အစည်းတို့၏ တည်ရှိနေမှုသည် လက်ရှိအစိုးရအား ဆန့်ကျင်ရုံ၊ ပုတ်ခတ်ပစ်တင်ရုံ သက်သက်အတွက်သာ ဖြစ်သည်လား။ နိုင်ငံတော်၏ အချုပ်အခြာအာဏာ ကိစ္စဆိုသည်မှာ ထိုအဖွဲ့အစည်း ပါတီတို့အနေဖြင့် မိမိတို့ အမြင်အား ပြောကြားဖို့ မလိုလောက်အောင်ပင် လားလားမျှ မဆိုင်သည်လား။

အဘယ့်ကြောင့် နိုင်ငံတော်အား ကူညီမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ ရှိလာသည့်နိုင်ငံများအပေါ် ကန့်ကွက်ပစ်တင်ခြင်း၊ ရှုံ့ချခြင်း၊ အဆိုပါနိုင်ငံများ၏ သံရုံးများရှေ့တွင် ဆန္ဒပြခြင်းတို့ဖြင့် သဲသဲလှုပ်ရှိလှသော ထိုလူ၊ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ပါတီတို့သည် နိုင်ငံ၏အချုပ်အခြာကို ထိပါးသော ယခုအရေးတွင် နှာစီးနေကြ ပါသနည်း။ လေ့လာကြည့်မည်ဆိုလျှင် အဆိုပါသူတို့၏ ယခုလှုပ်ရှားမှုများတွင် ထိုအရေးသည် မဖြစ်နေ သကဲ့သို့ ပင် ရှိချေ၏။

ဤနေရာတွင် လေ့လာမိသည်မှာ အဆိုပါအတိုက်အခံတို့သည် အစိုးရအား ဆန့်ကျင်မှုနှင့် နိုင်ငံတော်၏ အရေးအရာများအား ကွဲကွဲ ပြားပြားမရှိလှ ခြင်းပင်ဖြစ်၏။ ယုတ်စွအဆုံး ဒို့တာဝန်အေ၇းသုံးပါးကဲ့သို့သော ကိစ္စမျိုးမှာပင်လျှင်

  • အစိုးရမှ ပြည်ထောင်စုမပြိုကွဲရေး.. ဒို့အရေးဟုဆိုလျှင် ထိုအချက်ကို ဆန့်ကျင်ချင်ရုံမျှဖြင့် သူတို့၏လှုပ်ရှားမှုများသည် ပြည်ထောင်စုပြိုကွဲရေးကို ဦးတည်ကြ၏။ (ပြည်ထောင်စုမှ ခွဲထွက်ရေး ကြိုးပမ်း နေကြသည့် တိုင်းရင်းသား အဖွဲ့အစည်းများအား အားပေးအားမြှောက်ပြုသည့် လုပ်ရပ်များ စသည်...)
  • တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး.. ဒို့အရေးဟုဆိုလျှင် ထိုအချက်ကို ဆန့်ကျင်ချင်ရုံမျှဖြင့် သူတို့၏ လှုပ်ရှားမှုများ သည် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲရေးကိုဦးတည်ကြ၏။ (တိုင်းရင်းသားများအား အစိုး၇နှင့် ငြိမ်းချမ်းရေး ရရှိသွားမည်ကို အပြင်းအထန် စိုးရိမ်စိတ်ဖြင့် သွေးထိုးလှုံ့ဆော်သည့်လုပ်ရပ်များ.. အကယ်၍ အစိုးရနှင့် ငြိမ်းချမ်းရေး တည်ဆောက်ကာ အလင်း ၀င်သည့် တိုင်းရင်းသား အဖွဲ့များ ရှိလာလျှင်ပင် မလိုတမာပြောဆိုမှုများ.. ပုတ်ခတ်မှုများ.. စသည်)
  • အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဒို့အေ၇းဟု ဆိုလျှင် ထိုအချက်ကို ဆန့်ကျင်ချင်ရုံမျှဖြင့် သူတို့၏ လှုပ်ရှားမှုများသည် နိုင်ငံတော်အား တိုင်းတပါးမှ ၀င်ရောက်သိမ်းယူမှုကို ဦးတည်ကြ၏။ (ပမာပြစရာ မလိုလှပါပေ.. အားလုံးအသိပင်ဖြစ်ပေ၏.. မည်မျှပင် ထိုအရာအတွက် ထန်းလက်ကာ ဆင်ခြေများ ပေးစေကာမူ ထိုအချက်သည် အချုပ်အခြာအာဏာ ပျက်စီးရေးကိုသာ ဦးတည်ပေ၏)


ထိုသို့သော အမိမြန်မာနိုင်ငံတော်မှမက မည်သည့်နိုင်ငံအတွက်မဆို အရေးကြီးလှသော၊ ကမ္ဘာပေါ်ရှိ နိုင်ငံသားတိုင်းမှ မိမိတို့၏ နိုင်ငံအတွက် ထားကိုထားရမည့် မှန်ကန်ကောင်းမွန်သော တာဝန်များကို ပင်လျှင် ငါတို့၏တာဝန်ဖြစ်သည်။ လက်ခံယုံကြည်ပါသည်ဟု ဆိုမည့်အတိုက်အခံ ဒီမိုကရေစီသမား မည်မျှရှိမည်နည်းဟု စာဖတ်သူ ထင်ပါသနည်း။ အစိုးရမှ အော်နေသော အချက်ဖြစ်သည် ဆိုသည်ကပင် ထိုသူတို့အား ကျောခိုင်းပစ်ရန်၊ လှောင်ပြောင်ပစ်လိုက်ရန်၊ ဆုတ်ဖြဲ ပစ်လိုက်ရန် လုံလောက်သောအချက် ဖြစ်သွားခဲ့သည် မှာ အံ့သြောစရာပင်ဖြစ်၏။

ဤသို့သော စိတ်ဓါတ်တို့သည် လာမည့်နိုင်ငံတော်၏ ဒီမိုကရေစီ နိုင်ငံတော်အတွက်ပင်လျှင် များစွာ အကျိုးယုတ်စေမည့် စိတ်ဓါတ်များ ဖြစ်သည်ဟု ကျွန်တော်ယူဆပါ၏။ ကွဲပြားသော အမြင်တို့ဖြင့် နိုင်ငံတော်၏ အကျိုးကို စွမ်းဆောင်ကြမည့် နိုင်ငံေ၇းပါတီအသီးသီးတို့တွင် ထိုစိတ်ဓါတ်များ ကိန်းအောင်းနေမည် ဆိုပါလျှင် သဘောထား ကွဲပြားမှုများကို မည်သို့ဖြေရှင်းကြမည်နည်း။ မိမိဆန့်ကျင်သူမှ ပြုသည်ဆိုရုံနှင့် ပယ်ရမည်ဆိုလျှင် အဘယ်မှာလျှင် တည်ငြိမ်အေးချမ်းသော၊ ကောင်းမွန်သောလမ်းကို နိုင်ငံသည် လျောက်လှမ်းနိုင်ပါ ဦးမည်နည်း။ အငြင်းပွားမှုများ တရွတ်ဆွဲ ပြသနာရှာမှု များနှင့်သာ လုံးခြာလည်လိုက်နေသော အဖြစ်များသာ ရှိနေမည်မဟုတ်ပါလား။

ယခုမူကား အဆိုပါအတိုက်အခံတို့သည်

  • အချို့ကလည်း မိမိတို့နှင့်လားလားမျှမဆိုင်သည့် ကိစ္စတစ်ခုကဲ့သို့သော်လည်းကောင်း၊
  • အချို့ကလည်း အစိုးရအခက် ငါတို့အချက်ဟု ဟစ်ကြွေး၍သော်လည်းကောင်း၊
  • အချို့ကလည်း စောင့်ကြည့်လျှက် စစ်ဖြစ်လျှင် ပြည်သူကို စစ်မီးဒဏ်ခံခိုင်းပြန်ပီ၊ ဒေသတွင်း ပြသနာရှာတဲ့အစိုးရ စသည်ဖြင့်.. စစ်မဖြစ်လျှင် နိုင်ငံကိုတောင် မစောင့်ရှောက်နိုင်ဘူး၊ ကြောက်နေတာ ပဲ စသည်ဖြင့် လက်ညှိုးထိုးရန် အသင့်ပြင်ခြင်းဖြင့် လည်းကောင်း

ရှိနေကြသည်မှာ စိတ်ပျက်ဖွယ်ဖြစ်၏။ ဆိုးရွားသည်မှာ ထိုသူတို့ ဟန်တပြင်ပြင် ဖြစ်နေကြသည့်အရေးမှာ အမိနိုင်ငံတော်၏ အချုပ်အခြာ အာဏာနှင့်ဆိုင်သော အရေးဖြစ်နေခြင်းပင်ဖြစ်ပေသည်။

ထို့ကြောင့် ကျွန်တော်တို့သည် မည်သည့်ခံယူချက်ကိုယုံကြည်သည် စွဲကိုင်သည်ဖြစ်စေ အဆိုပါခံယူချက် လှုပ်ရှားမှုတို့သည် အမိနိုင်ငံတော်အား အကျိုးရှိစေမည့်၊ ရေရှည်တည်တံ့ ခိုင်မြဲစေမည့်၊ အချုပ်အခြာအာဏာ ကို မြတ်နိုးသည့် ခံယူချက်များ လှုပ်ရှားမှုများသာ ဖြစ်သင့်ပါသည်ဟု မိကျောင်းမင်း ရေခင်းပြ တိုက်တွန်း လိုက်ပါသည်။

ကျေးဇူးတင်ပါသည်
မျိုးမြန်မာ

လူလိမ္မာတွေများနေရင်

လူထုစိန်ဝင်း

(၅.၁၁.၂၀၀၈ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်က ဆရှာ လူထုစိန်ဝင်း၏ ဆောင်းပါးဖြစ်ပါတယ်။ မြန်မာ့ အရေးနဲ့ ဆက်စပ်ပြီး တွေးစရာတွေပါလို့ မျှဝေပေးလိုက်ပါတယ်။)


အမေရိကန်နိုင်ငံကို ပြောင်းရွှေ့နေထိုင်တာ နှစ်ပေါင်း ၂၀ လောက်ရှိပြီဖြစ်တဲ့ တပည့်ဟောင်းတစ်ယောက် လာနှုတ်ဆက်ပါတယ်။ ခါတိုင်းလိုပဲ အလုံး ၁၀၀၀ ပါ Centrum အားဆေးဘူးကြီး တစ်ဘူးပါလာပါတယ်။ သူက တစ်နှစ် တစ်ခါ ပြန်လာနေကျပါ။


အားဆေးဘူးပြဿနာ

အားဆေးဘူးကိုမြင်တော့ မနှစ်က သူလေဆိပ်မှာ ပြဿနာဖြစ်ခဲ့တာကို အမှတ်ရပြီး ဒီတစ်ခေါက်လည်း ပြဿနာ တက်သေးလားလို့ မေးလိုက်ဖြစ်တယ်။ မနှစ်က ဒီအားဆေးဘူးတွေကြောင့် သူရှူးရှူးရှားရှား ဒေါသဖြစ်ခဲ့ရတာကို သူပြောပြလို့ သိရတယ်။ သူက မြန်မာပြည်က ဆရာသမားဟောင်းတွေ၊ အသိဟောင်း အကျွမ်းဟောင်း လူကြီးသူမတွေကို ကန်တော့ဖို့ အားဆေးဘူးကြီး ၂၀ လောက်ယူလာခဲ့ပါတယ်။ သူ့ဇနီးနဲ့သူ နှစ်ယောက်ခွဲ ယူလာခဲ့ကြတာဖြစ်တယ်။ လေဆိပ်ရောက်တော့ ဆေးဘူးတွေများလွန်းတာကြောင့် တပည့်ဖြစ်သူနဲ့ စကားအချေအတင်အကြာကြီးပြောကြရတယ်။ နောက်ဆုံးကျမှ နှစ်ဖက်စလုံး အလျော့အတင်း လုပ်ပြီး ပြေလည်သွား ခဲ့တယ်။

အချောင်ရချင်စိတ်

ဒီတစ်ခေါက်တော့ သူက အားဆေးတစ်ဘူးပဲယူခဲ့တယ်။ တခြား ဘာမှလည်း မယူခဲ့လို့ ဘာပြဿနာမှ မတက်ဘူး။ အေးအေး ဆေးဆေးပဲလို့ စိတ်လက်ပေါ့ပါးစွာနဲ့ ပြောပြတယ်။ မနှစ်ကတော့ လူတွေ အကျင့်ပျက်တယ်ဆိုတဲ့ အကြောင်း ပြောလို့ကို မပြီးတော့ဘူး။ ဒီနှစ်တော့ အေးအေးဆေးဆေးပဲတဲ့။ အေးမှာပေါ့ သူကလည်းဥပဒေစည်းကမ်းနဲ့ မညီတာဘာမှမယူလာဘဲကိုး။ လူ့လောကမှာ ပြဿနာ အရှုပ်အထွေးတွေ ဖြစ်ကြရတာ၊ အငြင်းအခုန်တွေဖြစ်ကြရတာ ဒီအချက်ကြောင့်ပါပဲ။ စည်းကမ်းဥပဒေကို လေးစားလိုက်နာမှု ပျက်ကွက်ကြလို့သာဖြစ်တယ်။ စည်းကမ်းတို့ ဥပဒေတို့ဆိုတာ လူ့အဖွဲ့အစည်း ငြိမ်းချမ်းသာယာဖို့၊ တည်တံ့ ခိုင်မြဲဖို့အတွက် ပြုလုပ်ထားခဲ့ကြတာ ဖြစ်တယ်။ အားလုံးက လေးစား လိုက်နာကြမယ်ဆိုရင် ဘာပြဿနာမှ ဖြစ်လာစရာအကြောင်း မရှိဘူး။ စောစောက တပည့်လေးကိစ္စပဲကြည့်။ ယူလာသူက လည်း ယူလာတဲ့ပစ္စည်းကို တရားဝင်ကြေညာလွှာမှာ ထည့်သွင်းရေးသားပြီး စည်းကမ်းအတိုင်း ထိုက်သင့်တဲ့ အခွန်ငွေ ဆောင်မယ်ဆိုရင် အချေအတင်ပြောနေစရာ ဘာလိုတော့မှာလဲ။ သူကိုယ်တိုင်ကလည်း အချောင်ရမယ်ဆို ယူချင်တဲ့စိတ်နဲ့ မကြေညာဘဲယူလာ ဒီတော့ ပြဿနာဖြစ်တော့တာပေါ့။

ဂုဏ်သိက္ခာဆိုတာ

တောင်းသူကလည်း အချောင်ရချင်စိတ်ရှိတာပဲ။ တကယ်တော့ ဥပဒေစည်းကမ်းအတိုင်း၊ အခွန်ဆောင်ခိုင်းသင့် တာဆောင်ခိုင်း၊ ဒဏ်တပ်သင့်တာတပ်ဆိုရင် ဘာမှပြဿနာဖြစ်စရာအကြောင်းမရှိဘူး။ လူတစ်ယောက်မှာ အရေးကြီးဆုံး က " ဂုဏ်သိက္ခာ " ပဲဖြစ်တယ်။ ရန်သူက ထမင်းကျွေး၊ ဆေးပေးရုံသာမက၊ သမီးနဲ့ထိမ်းမြားပြီး အိမ်ရှေ့ရာထူးအပ်နှင်း မယ် ဆိုတာတောင်၊ သူ့အောက်ကျို့ပြီး အညံ့ခံတဲ့အဖြစ် အရောက်မခံဘူး။ အသေသာခံမယ်ဆိုတဲ့ မင်းရဲကျော်စွာရဲ့ "ဂုဏ်သိက္ခာ" ကို တန်ဖိုးထားတဲ့ စိတ်ဓာတ်တွေ လုံးဝ ပျောက်ကွယ် သွားပြီလား။

ဘာကအခရာလဲ

"အူမတောင့်မှသီလစောင့်မယ်" ဆိုတဲ့စကားတစ်လုံးကပဲ ကျွန်တော်တို့ လူမျိုးတွေကို ဖျက်ဆီးနေတာလားလို့ တွေးမိတယ်။ "လျှာမြက်ပေါက်ပါစေ၊ မဟုတ်မမှန်တာမလုပ်ဘူး" ဆိုတဲ့ လူမျိုးတွေက လူမိုက်ဖြစ်နေကြပြီး မိုးခါးရေ သောက်တဲ့လူတွေကမှ လူတော်လူလိမ္မာတွေလို့ သတ်မှတ်နေကြလေတော့၊ ဒီလိုလူလိမ္မာတွေနဲ့ ဘယ်လိုလုပ်ပြီး တိုးတက်အောင် တည်ဆောက်နိုင်မှာလဲ။ တိုင်းပြည် နိုင်ငံတစ်ခုတိုးတက်ဖို့ "အခရာ" အကျဆုံးက ဈေးကွက်စီးပွားရေး တို့ ဒီမိုကရေစီတို့ ဆိုတာတွေ မဟုတ်ပါဘူး။ Rule of Law ဆိုတဲ့ တရားဥပဒေ စိုးမိုးရေးသာဖြစ်တယ်။ စီးပွားရေး ဘယ် လောက်တိုးတက်တိုးတက်၊ ဒီမိုကရေစီ ဘယ်လောက်ကောင်းကောင်း၊ တရားဥပဒေမဏ္ဍိုင်ကြီးက ခြစားနေရင် အဲဒီနိုင်ငံဟာ ဘယ်တော့မှ တည်ငြိမ်အေးချမ်းမှု မရှိနိုင်ပါဘူး။ လောလောဆယ် ကသောင်းကနင်းဖြစ်နေတဲ့ အိမ်နီးချင်းနိုင်ငံကိုပဲ ကြည့်လေ။ မဲကို ငွေနဲ့ဝယ်လို့ရ၊ တရားရုံးကိုငွေနဲ့ဝယ်လို့ရ၊ ရာထူးကိုငွေနဲ့ဝယ်လို့ ဖြစ်နေလေတော့၊ ဒီမိုကရေစီသာ တွင်တွင် အော်နေတယ် ဘယ်မှာတည်ငြိမ်အေးချမ်းလို့လဲ။

အော်တိုကရေစီတဲ့

အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ အတည်ငြိမ်ဆုံးနဲ့ အချမ်းသာဆုံးနိုင်ငံတစ်ခုကိုတော့ တင်းပြည့် ကျပ်ပြည့် ဒီမိုကရေစီနိုင်ငံလို့ မခေါ်ချင်ကြပါဘူး။ အာဏာရှင်ဆန်ဆန် "အုပ်ချုပ်တဲ့ အော်တိုကရေစီ" စနစ်လို့ ခေါ်လေ့ ရှိကြတယ်။ ပါတီတစ်ခုတည်းကသာ အုပ်စိုးနေတာကိုး။ ဒါပေမဲ့ လူမျိုးချင်းရောနှောနေရတဲ့ အဲဒီနိုင်ငံ စီးပွားရေးအရ ထိပ်တန်းရောက်သလို၊ တည်ငြိမ်အေးချမ်းမှုလည်း အရှိဆုံး နိုင်ငံဖြစ်နေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တရာဥပဒေမဏ္ဍိုင်ကိုခိုင်မာသထက် ခိုင်မာအောင် အမြဲတမ်း အားထုတ် နေတာကြောင့်ဖြစ်တယ်။ စည်းကမ်းဥပဒေနဲ့ ပတ်သက်ရင် အသေးအဖွဲလေးပဲဆိုပြီး လျစ်လျူရှူမထားဘူး။ လမ်းဘေးအမှိုက်ပစ်တာ၊ တံတွေးထွေးတာကအစ တိတိကျကျအရေးယူတာ။ လွန်လာပြီဆိုရင် ကြိမ်နဲ့တောင်ရိုက် အပြစ်ပေးတာ။ လူဆိုတာကတော့ ဘယ်နိုင်ငံသားဘယ်လူမျိုးဖြစ်ဖြစ်၊ အချောင်ရရင် လိုချင်တတ်တာ သဘာဝပဲ။ လူတွေကို လူဆိုးသူခိုးဖြစ်မသွားအောင် ထိန်းပေးတာက ဥပဒေစည်းကမ်းဖြစ်တယ်။ တရားဥပဒေမဏ္ဍိုင် ကြံ့ခိုင်ရင် ကြံ့ခိုင်သလောက် လူဆိုးသူခိုးလျော့နည်းပြီး တိုင်းပြည်တည်ငြိမ် အေးချမ်း ပါတယ်။

တရားစွဲခံရတာကို ဂုဏ်ယူတဲ့လူ

တစ်လောလေးက အစ္စရေးဝန်ကြီးချုပ်ပြောခဲ့တဲ့ စကားလေးတစ်ခွန်းကို ကောင်းကောင်းမှတ်သားထားပါတယ်။ ၀န်ကြီးချုပ်ကို အကျင့်ပျက်မှုနဲ့ ရုံးတင်စစ်ဆေးခံရတော့၊ သူကချက်ချင်းပဲရာထူးကနေ နှုတ်ထွက်ပါမယ်လို့ ကြေညာပါတယ်။ အဲဒီလိုကြေညာရာမှာ "ကိုယ့်တိုင်းပြည်ရဲ့ ၀န်ကြီးချုပ်ကို ရုံးတင်စစ်ဆေးနိုင်တဲ့ အစ္စရေး နိုင်ငံသားဖြစ်ရတာကို အများကြီး ဂုဏ်ယူမိပါတယ်" လို့ သူက ထည့်သွင်းပြောကြားသွားပါတယ်။ အစ္စရေးနိုင်ငံ ဆိုတာ နိုင်ငံအဖြစ်စတင်တည် ထောင်တဲ့နေ့ကစပြီး စစ်တွေတိုက်လာရတာ နှစ်ပေါင်း ၆၀ ကျော်တဲ့အထိ တိုက်နေရတုန်းပါပဲ။ ဘေးပတ်လည်မှာလည်း ရန်သူတွေ ၀ိုင်းဝိုင်းလည်နေပါတယ်။ ဒီလိုနိုင်ငံမျိုး ဘယ်လိုလုပ် တိုးတက်နိုင်ပါ့မလဲ။ ဒါပေမဲ့ အစ္စရေးကတော့ အဏုမြူ လက်နက်တောင် လုပ်နိုင်တဲ့အထိ ဘက်ပေါင်းစုံက တိုးတက်ခဲ့တယ်။ စစ်ရဲ့အကျိုးဆက်တွေကို မလွှဲမရှောင်သာ ခံစားနေ ရတာကလွဲရင်၊ စီးပွားရေးရော၊ နိုင်ငံရေးပါ တည်ငြိမ်နေပါတယ်။ ဒါဟာ တရားဥပဒေမဏ္ဍိုင် ကြံ့ခိုင်လို့ပဲဖြစ်တယ်။ တရားဥပဒေရဲ့ သြဇာရိပ်ကကင်းလွတ်ခွင့်ရတဲ့လူ၊ တရားဥပဒေရဲ့ အထက် ရောက်နေတဲ့လူ ဘယ်သူမှ မရှိဘူးဆိုတာ အခု ၀န်ကြီး ချုပ်ရဲ့အဖြစ်က သက်သေပြလိုက်တာပါပဲ။

ရွှေဥဒေါင်းပြောတဲ့တရုတ်အကြောင်း

ဟိုးရှေးတုန်းက ဆရာကြီးရွှေဥဒေါ်င်းပြောပြဖူးတဲ့ တရုတ်ပြည် အတွေ့အကြုံတစ်တစ်ခုကို ဖောက်သည်ချ ချင်ပါတယ်။ ဆရာကြီးဟာ ငြိမ်းချမ်းရေးညီလာခံတက်ဖို့ ဆရာကြိးသခင်ကိုယ်တော်မှိုင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ တရုတ်ပြည် သွားပါတယ်။ ညီလာခံပြီးတော့ ပီကင်းကရှန်ဟဲကို ရထားနဲ့သွားပြီးလည်ပတ်ရပါတယ်။ ပီကင်းဘူတာက ရထားထွက်ပြီး သုံလေးဘူတာလောက်ကျော်တော့မှ ဆရာကြီးရွှေဥဒေါ်င်းဟာ ပတ်စပို့နဲ့ ပိုက်ဆံအိတ်ပါတဲ့ဘူတာမှာ ကျန်ခဲ့တာ သတိထားမိတယ်။ ဒါပေမဲ့ ဘာမှမတတ်နိုင်တော့ဘူး။ စာကားပြန် ကတော့မပူပါနဲ့။ မပျောက်နိုင်ပါဘူးလို့အာမခံပေမဲ့ ဘယ်မပူဘဲနေမှာလဲ။ ပတ်စပို့မရှိရင် ဘယ်လို ပြန်နိုင်တော့မှာလဲပေါ့။ ဒီလိုနဲ့ပဲ စိတ်လက်မကြည်မသာနဲ့ ရှန်ဟိုင်းကို ရောက်ပြီးတည်းမယ့် ဟိုတယ်ရောက်ခဲ့ တယ်။ နောက်နှစ်နာရီလောက်ကြာတော့ စကားပြန်အခန်းထဲဝင်လာပြီး မေ့ကျန်ခဲ့တဲ့အိတ်ကို ပေးပါတယ်တဲ့။ ဘာမှအပျောက်အရှလည်းမရှိပါဘူးတဲ့။ ရထားကနေပြီး ပီကင်းဘူတာကို လှမ်အကြောင်းလိုက်တော့ နောက်ထွက်ရထားနဲ့ ပို့ပေးလိုက်တာတဲ့လေ။ အဲဒီခေတ်က တရုတ်ပြည်ထောင်တွေထဲမှာ အရက်မူးပြီး ရန်ဖြစ်တာ၊ လူသတ်မိတာမျိုးနဲ့ ထောင်ကျတာ မျိုးပဲရှိသတဲ့။ အဲဒီအချိန်က တရုတ်ပြည်မှာ ဈေးကွက် စီးပွားရေးဆိုတာ မရှိဘူး။ တစ်ပါတီအာဏာရှင် စနစ်ကျင့်သုံးနေဆဲပါပဲ။ ဒါပေမဲ့သူခိုး ဓားပြမရှိ၊ ပြည့်တန်ဆာ မရှိ၊ အကျင့်ပျက် လာဘ်စားတာမရှိတဲ့လေ။ ကျွန်တော့်ဦးကြီး ရွှေဥဒေါ်င်းပြောပြဖူးတာပါ။

လူထု စိန်ဝင်း

ဒေ၀ူးကုမ္ပဏီလုပ်ကွက်ပြောင်းရွှေ့ခြင်း

(၉.၁၁.၂၀၀၈) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားတဲ့သတင်းဖြစ်ပါတယ်။)

ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ကွက် AD-7 အတွင်း လိုအပ်သည့် စမ်းသပ်တိုင်းတာမှု (Survey) လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ပြီး ဖြစ် မူလသတ်မှတ်ထားသည့် လုပ်ငန်းအစီအစဉ်များအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်

မြန်မာ့သီးသန့် စီးပွားရေးဇုန်အတွင်းရှိ ကမ်းလွန်လုပ်ကွက်များတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် လုပ်ကွက်များ လစ်လပ်မှုကို နိုင်ငံတကာသို့ ကြေညာခဲ့ပြီးနောက် ၂၀၀၀ ပြည့်နှစ်တွင် ရခိုင်ကမ်းလွန်လုပ်ကွက် A-1 ကို အဆိုပြုချက် ယှဉ်ပြိုင် အောင်မြင်ခဲ့သည့် ဒေ၀ူးအင်တာနေရှင်နယ် ကော်ပိုရေးရှင်းသည် ရှာဖွေ တူးဖော်ရေး (Exploration) လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယင်းလုပ်ကွက်အတွင်းမှ နိုင်ငံတကာအဆင့်မီ စီးပွားဖြစ် သဘာဝ ဓာတ်ငွေ့များ တွေ့ရှိမှုကို ၂၀၀၄ ခုနှစ် ဇန်န၀ါရီလ ၁၅ ရက်တွင် သတင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

ဆက်လက်ဆောင်ရွက်သွားမည်

ဒေ၀ူးအင်တာနေရှင်နယ် ကော်ပိုရေးရှင်းသည် ရခိုင်ကမ်းလွန်လုပ်ကွက်များဖြစ်သည့် လုပ်ကွက် A-3 ကို ၂၀၀၄ ခုနှစ်တွင် လည်းကောင်း၊ လုပ်ကွက် AD-7 ကို ၂၀၀၅ ခုနှစ်တွင် လည်းကောင်း အဆိုပြုချက်များ ထပ်မံ ယှဉ်ပြိုင်အောင်မြင်ခဲ့ပြီး လုပ်ကွက်များအတွင်း သဘာဝဓာတ်ငွေ့ ခိုအောင်းနိုင်မှု အခြေအေနေများအား သိရှိနိုင်ရန် ဆိုက်စမစ် (Seismic) တိုင်းတာခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ လုပ်ကွက် AD-7 အတွင်း မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၄၉ မိနစ် ၇ ဒသမ ၈၈ စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၄ မိနစ် ၂၃ ဒသမ ၄၉ စက္ကန့်နေရာ၌ ပုလဲအနောက် ၁(က) ရှာဖွေရေးတွင်း (Exploration Well)ကို ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၁၇ ရက်မှ နိုဝင်ဘာလ ၅ ရက်အတွင်း ရည်မှန်းချက် အနက်ပေအထိ တူးဖော်ခဲ့ပြီး လိုအပ်သည့် စမ်းသပ်တိုင်းတာမှု (Survey) လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ပြီးဖြစ်သဖြင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီ အစဉ်များအရ လက်ရှိတွင်းနေရာမှ ရေနံတွင်း တူးစက်ကို ထပ်မံ စမ်းသပ်တူးဖော်မည့် လုပ်ကွက် A-3 အတွင်း မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၁၂ မိနစ် ၅၇ ဒသမ ၉၉ စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၅၀ မိနစ် ၄၆ ဒသမ ၇၇ စက္ကန့် နေရာရှိ ရှာဖွေရေးတွင်း သန္တာ(၁)သို့ ရွှေ့ပြောင်းတူးဖော်နိုင်ရေး အတွက် တွင်းတူးစက် ရုပ်သိမ်းခြင်းလုပ်ငန်းများကို နိုဝင်ဘာ ၆ ရက်တွင် စတင် ဆောင်ရွက် ခဲ့ရာ နိုဝင်ဘာ ၈ ရက်တွင် ပြီးစီးသဖြင့် စတင်ပြောင်းရွှေ့လျက်ရှိကြောင်းနှင့် မူလ သတ်မှတ်ထားသည့် လုပ်ငန်း အစီအစဉ်များအတိုင်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

You received this email because you are subscribed to the real_time feed for http://padaukmyay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Laminkhin] 1 New Entry: ဘလော့ကာနေဘုန်းလတ်အား ယနေ့ ထောင် ဒဏ် နှစ် နှစ်ဆယ် နှင့် ခြောက်လ ချ လိုက်သည် ။

ဘလော့ကာနေဘုန်းလတ်အား ယနေ့ ထောင် ဒဏ် နှစ် နှစ်ဆယ် နှင့် ခြောက်လ ချ လိုက်သည် ။

စာရေး ဆရာ တဦး လည်း ဖြစ် ၊ သင်္ကန်းကျွန်း မြို့  နယ် LND လူငယ် ပါတီဝင် တဦး လည်းဖြစ် ၊ မြန်မာ ပြည် တွင် ပထမ ဦး ဆုံး အဖမ်းခံ ရသော ဘလော့  ဂါ တဦးဖြစ် သူ နေဘုန်းလတ် ( ခ ) နေ မျိုးကျော် အား ယနေ့  တွင် အင်းစိန် မြို့  နယ် တရား ရုံး မှ ထောင် ဒါဏ် အနှစ် နှစ်ဆယ် နှင့်  ခြောက် လ ကျခံ စေ ရ အပြစ် ပေးလိုက် သည် ။ တရား စွဲ ဆို ထားသော ပုဒ်မ ၅၀၅ ( ခ ) နှင့်  ထောင် ဒါဏ် ( ၂ ) နှစ် ၊ ပုဒ်မ ၃၂ ( ခ ) / ၃၆ နှင့်  ထောင် ဒါဏ် ( ၃ ) နှစ် ခြောက် လ နှင့်  အီလတ်ထရောနစ် ပုဒ်မ နှင့်  ထောင်ဒါဏ် ( ၁၅ ) နှစ် စုစုပေါင်းထောင် ဒါဏ် အနှစ် ( ၂၀ ) နှင့်  ခြောက် လ ကျခံ စေ ရန် အင်းစိန်မြို့  နယ် တရား ရုံး မှ ယနေ့  မတရားသဖြင့်  ထောင် ဒါဏ် နှစ် ရှည် အမိန့်  ချ မှတ် လိုက် သည် ဟု သတင်းရ ရှိပါသည် ။

You received this email because you are subscribed to the real_time feed for http://laminkhin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Myo Chit Myanmar | Dedicated for the people of Myanmar] 5 New Entries: ယနေ့ မြန်မာ့ရေးရာ သတင်းများ Nov,10th,2008

ယနေ့ မြန်မာ့ရေးရာ သတင်းများ Nov,10th,2008

သတင်းများကို ကိုကိုမှ အချိန်နှင့် တပြေးညီ တင်ဆက်ပေးနေပါသည်

( 1 )Burma reportedly withdraws from disputed waters

( 2 )စစ်တွေ-ရန်ကုန် ကားလမ်းပြုပြင်ရာတွင် ဒေသခံများကို လုပ်အားပေးစေခိုင်းနေ

( 3 )Myanmar 'vacating' disputed sea patch

( 4 )Sathia's boys off to yangon

( 5 )အငြင်းပွားနေတဲ့ ရေပိုင်နက်မှာ ရေနံရှာဖွေရေး စစ်အစိုးရ ရပ်ဆိုင်း

( 6 )Bangladesh on alert as Myanmar amasses troops along border

( 7 )Burma carts rig off from disputed waters

( 8 )Myanmar Removes Gas Equipment From Zone Disputed by Bangladesh

( 9 )Dhaka reinforces security along Burmese border

( 10 )ဘင်္ဂလာဒေ့ခ်ျ ဘောလုံးအသင်း မြန်မာနိုင်ငံသို့ ထွက်ခွာ

( 11 )တရားမ၀င် မြန်မာကလေးငယ်များ ထိုင်းကျောင်းနေခွင့်ရှိဟု ထိုင်းပညာရေး အရာရှိပြော

( 12 )မြန်မာ စစ်သင်္ဘော နှစ်စီး အငြင်းပွာနယ်မြေမှ ဆုတ်ခွာ

မိုးသီချင်းရှင်လေးနဲ့ မိုးရေထဲမှာ ပြောဖြစ်ခဲ့တဲ့ အချစ်အကြောင်း

သူမကိုတွေ့စမှာ သတိထားမိလိုက်တာက သာယာငြိမ့်ညောင်းတဲ့ သောတအသံ၊ အဲဒီလို ချိုမြပီသနေတဲ့ မိန်းမပျိုသံနဲ့ အနည်းငယ် ဟာမိုနီလွဲနေတဲ့ မိန်းမမဆန်တဲ့ စတိုင်လ်နဲ့ တိုင်းရင်းသူလေး Lဆိုင်းဇီ။ ဒါပေမယ့် သူမရဲ့ တိုင်းရင်းသား အလှတွေကို ပီပြင်အောင် ဖွင့်ပြရင်း အခြယ်အသ ကင်းတဲ့ သဘာဝအလှတွေနဲ့ ပရိသတ်ရဲ့ ရင်ထဲကို ထိုးဖောက် ၀င်ရောက်လာပုံက အံ့သြဖွယ်။ သူမရဲ့ ကိုယ်တိုင်ရေး သံစဉ်၊ နှလုံးသားထဲကလာတဲ့ သီချင်းလေးတွေကလည်း ခုထိ ပရိသတ် ရင်ထဲ ငြိတွယ်ဆဲပါ။

ပြီးတော့ သူမ ထပ်ပေးမယ့် အသစ်တွေကိုလည်း စောင့်မျှော် ရင်ခုန်နေကြလို့ပေါ့။ တကယ်စစ်မှန်တဲ့ အရည်အချင်းနဲ့ အနုပညာ လမ်းမထက်မှာ လျှောက်လှမ်း နေရင်းက အဲဒီ တောင်ပေါ် ပန်းလေးတစ်ပွင့်ဟာ အခုဆိုရင် မြို့ပြ ယဉ်ကျေးမှုတွေနဲ့ တစ်ထပ်တည်း အသားကျလို့ ဧည့်ခန်းဆောင် အလယ်မှာ လှပစွာ ပွင့်လန်းလို့နေပါပြီ။ အနုပညာရပ်ဝန်းထဲကို ဂီတသွေးနဲ့ ၀င်ရောက်လာခဲ့ပေမယ့် ဆက်စပ်နေတဲ့ အနုပညာသဘောတရား အရ Lဆိုင်းဇီ သရုပ်ဆောင်လို့နေပါပြီ။ L ဆိုင်းဇီရဲ့ ပြောင်းလဲ လာတဲ့ အလှတရားနဲ့ အနုပညာတွေကို ပရိသတ်ကြီးဆီ အရောက်ပို့ပေးချင် မိလာပါတယ်။ သူမရဲ့ပရိသတ်ကြီးက လည်း မျှော်လင့်နေမယ်လို့ ထင်လို့ပါ။ တိုက်တိုက်ဆိုင်ဆိုင် မိုးရာသီ သီချင်းလေးနဲ့လည်း အောင်မြင်မှုတွေ တစ်ပွေ့ကြီး ရထားခဲ့တဲ့ ဆိုင်းဇီကို မိုးရေတွေနဲ့ လှပနေတဲ့ မိုးနေ့လေး တစ်နေ့မှာ တွေ့ဆုံခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီနေ့ကတော့ ဆိုင်းဇီက မိုးရေထဲမှာ သူ့ကို ခဏလေးတွေ့လိုက်ရုံနဲ့ ဆိုတဲ့ သီချင်းလေးထဲကလို ဆွေးမနေခဲ့ဘဲ ကြည့်လေရာရာ စိမ်းစို ရွှင်လန်းပြီး လတ်ဆတ်နေတဲ့ မိုးရာသီရှုခင်းလို တက်ကြွလှပ လို့နေခဲ့ပါတယ်။ဆိုင်းဇီ အောင်မြင်ခဲ့တဲ့ သီချင်းတွေတိုင်းလိုလို အချစ် သီချင်းတွေဖြစ်တဲ့အပြင် လက်ရှိ အနီးဆုံးထွက်ထားတဲ့ ၁၀ စက္ကန့် ဗီစီဒီထဲက မလွမ်း ရဲသေးဘူး ဆိုတဲ့ သီချင်း လေးက အလွမ်းသီချင်း အမြူးလေးအဖြစ် တွေ့ရပါ တယ်။ သရုပ်ဆောင်ဘက်မှာ လည်း လူငယ်ဆန်ဆန်အချစ် ဇာတ်လမ်းတွေနဲ့ စတင်ခဲ့ရာ ကနေ အခုဆိုရင် ဒါရိုက်တာ အာယု၊ ဇာတ်လမ်းဇာတ်ညွှန်း အာယုရဲ့ ရင်သွေး ဇာတ်ကား မှာလည်း မိခင်အချစ်ကို ပြသ သရုပ်ဆောင်လာတာ ကြောင့် ဆိုင်းဇီနဲ့ အချစ်က သိပ်မစိမ်း သလို ဆိုင်းဇီရဲ့ အနုပညာကို ချပြတဲ့ နေရာမှာ အချစ် အကြောင်းတွေက အောင်မြင်မှု ရစေတယ်လို့ ယူဆမိပါတယ်။ ပြီးတော့ ဆိုင်းဇီရဲ့ အချစ်ပေါ် အမြင်၊ သဘောထား၊ အယူအဆတွေကို သူမ ပရိသတ်ကြီး သိအောင် ပြောပြချင်လို့ တို့နဲ့ ဆိုင်းဇီ အချစ်အကြောင်းနည်း နည်းပြော ဖြစ်ခဲ့ပါတယ်။
Lဆိုင်းဇီက အရှိကိုအရှိ အတိုင်းပဲ ပြောတတ်တဲ့သူ ဖြစ်တာကြောင့် သူမ ပြော တတ်သလောက်ပဲ ပြောပြခဲ့ ပါတယ်။

လူတွေက အချစ်နဲ့ မကင်းနိုင်ကြဘူးတဲ့။ တေးရေးတေးဆို လမ်းကြောင်းကနေ တက်လာတဲ့ သူတစ်ယောက်ဆိုတော့ သံစဉ်တွေ ကို နှလုံးသားနဲ့ ခံစားပြီး ရေးဖွဲ့ရတဲ့ သူရဲ့ရင်ထဲက အချစ်ကို နည်းနည်းလောက် ပြောပြပေးပါလား။

အချစ်ဆိုတာ တကယ့် ကိုနူးညံ့ပါတယ်။ အရမ်းလည်း ပိုပြီး ခံစားရတာ မိန်း ကလေးတွေလို့ ထင်တယ်။ ယောက်ျားလေးလည်း ယောက်ျားလေး အလျောက်ပေါ့နော်။ ဒါပေမယ့် မိန်းကလေးက ပိုနူးညံ့တယ်၊ ပိုခံစားလွယ်တယ်၊ ပိုထိခိုက် လွယ်တယ်လို့ ဆိုင်းဇီ ထင်တယ်။ တစ်ခုခု ဆိုရင်လည်း မိန်းကလေးတွေပဲ ခံစားကြရပါတယ်။ အချစ်က အရမ်းကို နူးညံ့လွန်းအားကြီးတယ် လို့ မြင်တယ်။

ဒါပေမယ့် ဆိုင်းဇီက တစ်ခါတစ်ရံမှာ မိန်းမ သိပ်မဆန်တဲ့ အမူအရာလေးတွေ တွေ့ရတယ်။ ဆိုင်းဇီရင်ထဲက အချစ်ကရော မိန်းမဆန်ရဲ့ လား။ ယောက်ျားဆန်ဆန် ဖြစ်နေမှာလား။

သေချာတာပေါ့။ ဆိုင်းဇီရင်ထဲက အချစ်ကတော့ မိန်းမဆန်တဲ့ အချစ် ဖြစ်လာမှာ မဟုတ်ဘူး။ ဆိုင်းဇီက ယောက်ျားနည်း နည်းဆန်တယ်။ နေတာ၊ ထိုင်တာကအစပဲ။ မျက်နှာက သာမိန်းမဆန်တဲ့ဘက် နည်းနည်း ရောက်ချင်တာလေ။ အစ်ကိုတွေနဲ့ ကြီးပြင်းလာရ တဲ့ ဆိုင်းဇီရဲ့စိတ်၊ ဆိုင်းဇီ ရဲ့ပုံစံ၊ ဆိုင်းဇီရဲ့စရိုက်က ယောက်ျားဆန်တယ်။ ဒီတော့ အချစ်ကလည်း ယောက်ျား ဆန်ပြီပေါ့။ ဆိုင်းဇီရဲ့ သီချင်းထဲက သံစဉ်တွေကတော့ မိန်းမဆန် ပြီး ပီပြင်လွန်းနေတယ်နော်။ စာသားရယ်၊ စာသားကို အသက်ဝင်စေတဲ့ သီဆိုမှုတွေ လေ။ အဲဒီလို လူမျိုးတွေက ပိုပြီးတော့တောင်မှ နူးညံ့ လွန်းတယ်လို့ ဆိုင်းဇီကတော့ ထင်တာပဲ။ တော်တော်များများက ပြောကြတယ်။ အဲဒီလို လူမျိုးတွေက နှုတ်ကနေ သိပ်မပြော တတ်ကြဘူးလေ။ ရင်ထဲမှာ သူများထက်ပိုပြီး ခံစားလွယ်တယ်။ အဲဒါကြောင့်လည်း ဆိုင်းဇီ ရေးတဲ့ သီချင်းတွေက အဲလိုမျိုးဖြစ် နေတတ်တာ။ ပြီးတော့ ဆိုင်းဇီက သိပ်ပြီးလည်း ရှုပ်ရှုပ်ခတ်ခတ်ကြီး မရေးတတ်ဘူး။ ရှင်းရှင်းလေးနဲ့ ထိမိစေတာကိုပဲ ရေးတတ်တယ်။ အချစ်စိတ် ဆိုတာကတော့ မရှိဘူးတော့ ဘယ်ဟုတ်ပါ့မလဲ။ မောင်ချစ်၊ နှမ ချစ်၊ ဖြူစင် သန့်ရှင်းတဲ့ အချစ် ဆိုတာတွေကလည်း အချစ်ပဲလေ။ လူတိုင်းလူတိုင်းကတော့ ကိုယ်ချစ်တဲ့အချစ်ကို ဘယ်သူဘယ်ဝါဆိုတာ ဖော်ပြနေဖို့ မလိုပေမယ့် ရင်ထဲမှာ ရှိနေကြတာပါပဲ။ ဘယ်သူတွေ ဘယ်လို ပဲငြင်းဆန်နေနေ အချစ်မရှိလို့ မဖြစ်ဘူး။ အချစ်မရှိတဲ့ ကမ္ဘာ ကြီးဆိုတာလည်း မရှိဘူးပေါ့။ ဟုတ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကို ချစ်သူ ရည်းစားလို ချစ်တာ ဟုတ်ဟုတ်၊ မဟုတ်ဟုတ်။ မသေခင်လေးမှာ အားလုံးက ခဏတွေ့ကြရတာ။ ချစ်ကြတာ အကောင်းဆုံးလို့ ထင် တယ်လေ။ မောင်နှမလိုပဲ ချစ်ချစ်၊ သမီးရည်းစားလိုပဲ ချစ်ချစ်၊ မိသားစုအချစ်ပဲ ဖြစ်ဖြစ် ဘယ်သူမှတော့ အချစ်နဲ့ မကင်းကွာနိုင်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက်မုန်းတာထက် ချစ်ကြတာ အကောင်းဆုံးလို့ ဆိုင်းဇီက မြင်တယ်။

အချစ်မှာ အသက် အရွယ်၊အချိန်ကာလ၊ ရာထူး၊ ဂုဏ်ထူး ကွဲပြားခြားနားချက် မရှိဘူး။ ဘယ်လိုအခြေနေမျိုး ပဲဖြစ်ပစေ။ အချိန်ဘယ် လောက်ကြာကြာ မပြောင်းလဲဘူး ဆိုတဲ့ ပုံစံနဲ့ အခြေအ နေတစ်ခုကို လိုက်ပြီး အလိုက်သင့် ပြောင်းလဲ သွားတတ်ကြတဲ့ ပုံစံနှစ်ခု ကွာခြားချက်ကို ဘယ်လိုမြင်လဲ။

  ဆိုင်းဇီရဲ့ သီချင်းထဲက အချစ်တွေက နူးညံ့ညင်သာပြီး ထိမိနေတော့ အချစ်တွေ တကယ်ရှိနေပြီလား။ မရှိခဲ့ရင်လည်း အဲဒီစိတ်ကို ဘယ်လိုမွေးယူလဲ။ တစ်ယောက်နဲ့ တစ်ယောက် စိတ်နေ သဘောထားချင်းမှ မတူတာ။ ဘုရားဖန် ဆင်းလာကတည်းက တစ်ယောက်နဲ့ တစ်ယောက် မတူကြတော့ ကွာခြားမှု ရှိမှာပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် အမြင်ချင်း၊ အယူအဆချင်း၊ မတူကြဘူးလို့ ထင်တယ်။ ကိုယ်ကိုယ်တိုင်ကသာ ကိုယ့်ရဲ့ခံယူချက်လို့ ပြောနေတာ သူများ ပြောတာတွေကိုလည်း အမှားလို့ ပြောလို့ မရဘူးလေ။ အချစ်စစ်ကတော့ တစ်ခုပဲရှိမယ်လို့ ထင်တယ်။ အချစ်စစ် ဆိုတာကို ဆိုင်းဇီ အမြင်ပြောရရင် ကိုယ်ချစ်တဲ့သူက ကျိုးနေပစေ၊ ကန်းနေပစေ၊ ဘာကြီးပဲဖြစ် နေနေ တကယ်ချစ်ပြီဆိုရင် မလိုတော့ဘူး။

မိန်းကလေးတွေ အတွက် တကယ်ရှိသင့်၊ ဖြစ်သင့်တဲ့ အချစ်ကရော။

အချစ်ကို နွေးထွေးတယ်။ အေးချမ်းတယ်တဲ့။ ဒါက ချစ်နေတဲ့ အချိန်မှာပေါ့။ မင်းမရှိလို့လည်း မဖြစ်ဘူးတဲ့လေ။ တကယ်တမ်း မုန်းကြတဲ့ အချိန်လည်းရောက်ရော အဲဒီအရာကို ကြောက်သွားတယ်။ ဒီတော့ မိန်းကလေး တစ်ယောက်ဟာ အချစ်ကို စတင်တော့မယ် ဆိုရင် နှလုံးသားနဲ့ ဦးနှောက်နှစ်ခု ပေါင်းသင့်တယ်။ အများကြီး စဉ်းစားသင့်တယ်။

ဆိုင်းဇီရဲ့ ရင်ထဲက အချစ်ပွင့်ကို ပုံဖော်ကြည့်မယ် ဆိုရင်။

နွေးထွေးပါတယ်။ နူးညံ့ပါတယ်။ ပြီးတော့ တည်ငြိမ်ပါတယ်။ နင့်နင့်နဲနဲနဲ့ ဆိုင်းဇီရဲ့ သီချင်းလေးတွေ ထဲကလိုပါပဲ။ မိန်းကလေး အများစုကတော့ သစ္စာရှိကြတယ်။ ဆိုင်းဇီလည်း အဲလိုပဲပေါ့။ ဆိုင်းဇီ အချစ်ကိုအနီး စပ်ဆုံး ဥပမာပေးမယ်။ တေးရေး ဦးမင်းချစ်သူရဲ့ ရွှေရတု အထိမ်းအမှတ်ခွေထဲ မှာဆိုထားတဲ့ သီချင်းလေး ခုဘ၀ ခုချက်ချင်း ကိုအရမ်း ကြိုက်တယ်။ ဆိုင်းဇီရင်ထဲက ခံစားချက် အရလည်း အရမ်း တိုက်ဆိုင်တယ်။ ဆိုင်းဇီရဲ့ ရင်ထဲက အချစ်ကို သိချင်ရင် အဲဒီသီချင်းကို နားထောင် ကြည့်ပေါ့။

မိုးမင်းသမီးလေး ဆိုင်းဇီနဲ့ ကိုယ်နဲ့ စကားပြောနေတုန်းမှာ မိုးကလည်း ဘယ်အငြိုးနဲ့များ ရွာမှန်းမသိ အရမ်းကို သဲကြီးမဲကြီးနဲ့ ရွာချလိုက်တာ တော်တော်နဲ့ မတိတ်တော့ပါဘူး။ UTOPIA Tower အပြင်ဘက်က သဘာဝတော တောင်အလှ အပတွေနဲ့ ဆိုင်းဇီ ရဲ့အလှကို ရောသမမွှေပြီး ဖန်တီးချင်တဲ့ ဓာတ်ပုံ ကိုဥာဏ်တောင်မှ မစောင့်နိုင် တော့လို့ တစ်ထည်တည်း ကျန်တဲ့ ၀တ်စုံလေးကို သူ့ရဲ့ စတူဒီယိုမှာပဲ သွားရိုက်လိုက် ရပေမယ့် မိုးမရွာခင်က ရိုက်ကူး ခဲ့တဲ့ပုံတွေကို ပြန်ကြည့် မိရင် သိပ်ကို ကျေနပ်နေမှာ ပါပဲ။ ဘာပဲ ပြောပြောကျေးဇူး တင်နေမိတာကတော့ ဓာတ်ပုံ ကိုဥာဏ်၊ ကိုယ့်ကိုယ်ကို မိန်းမ မဆန်ဘူးလို့ သတ်မှတ်ထားတဲ့ ဆိုင်းဇီကို သိပ်လှနေအောင်လို့ ချစ်စရာဂါဝန်လေး တွေရွေးပေးတဲ့ Hito Fashion က ထိန်ထိန်၊ ၀တ်စုံနဲ့ လိုက်တဲ့ မိတ်ကပ်ရှင်ဇော်ဇော် (ရန်ကုန်)၊ အစစအရာရာ မေတ္တာနဲ့ အကူအညီပေးခဲ့ကြ တဲ့ဒေါ်ဌေးဌေးလှိုင်နဲ့ UTOPIA Tower မိသားစုတွေကိုပါပဲ။

သင်းပပ

(ရွှေအမြုတေ မှ ကူးယူဖေါ်ပြသည်။ ဤစာမူအား ရွှေအမြုတေ၏ ခွင့်ပြုချက်မရဘဲ အသုံးမပြုရ)

အရှုံးပေးချင်ပေမယ့်

ဒေါ်နုနုအေး ကွယ်လွန်ခြင်း

ရဲဘော်များနှင့် မိတ်ဆွေအပေါင်းတို့
 
အမေဒေါ်နုနုအေးသည် 2008 ခုနှစ် နိုဝင်္ဘာလ 9 ရက် ညနေ 5နာရီ 50 မိနစ်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်တော်ဆေးခန်းတွင် ကွယ်လွန် အနိစ္စရောက်သွားကြောင်း အကြောင်းကြားအပ်ပါသည်။ အမေ. ရုပ်ကလာပ်ကို မဲ့ဆောက်တောရကျောင်းတွင် ထားရှိမည်ဖြစ်ပါသည်။ လက်လှမ်းမှီရာ သတင်းပို့ပေးစေလိုပါသည်။
 
 
ရန်မျိုးအောင်


ဆက်သွယ်ရန် 0852221378 ၊ 0857071429၊ 0843793207

အာဟာရစာစောင် အမှတ်စဉ် ၉၃

Get your own at Scribd or explore others:

You received this email because you are subscribed to the real_time feed for http://myochitmyanmar.org/index.php?format=feed&type=rss. To change your subscription settings, please log into RSSFWD.