Google Chrome Security 1
With following js codes,
window.open("\r\n\r\n")
window.refresh();
window.open("\r\n\r\n");
can Exausted you computer memory. Some says DoS remote computer.
Which Browser is Safe?
ဘယ်ဘရောက်ဇာက Safe ဖြစ်ပါသလဲ။
Opera can't say good, Firefox is not really good, Google Chrome is Bad, IE is Worst.
and If you run all on Windows, Its Worst of the Worst :D
သင် Wordpress 2.6.1 ကိုအင်စတောလုပ်ထားမိလား?
သင် Wordpress 2.6.1 ကိုအင်စတော လုပ်မိထားတယ်ဆိုရင်, 2.6.2 ကို အပ်ဂရိတ်လုပ်ပါ။ (fix ထားမထားသိပ်တော့ မသေချာပါ။)
ဒါမှမဟုတ် စကားပြောဆင်ခြင်ပါ။ လူတွေကို တည့်အောင် ပေါင်းပါ။ သိနေရင် မဟက်ဖို့ကြိုတောင်းပန်ထားပါ။ မဟုတ်ရင် ကွိသွားမယ်။ မိန်းကလေးဆိုရင်တော့ တည့်အောင်ပေါင်းလဲ မရပါဘူး။ :P ဒါဟာ အခုခေတ် ဟက်ကာ လူငယ်တွေရဲ့ သီအိုရီပါ။ (ကျနော်လူငယ်မဟုတ်။ ဟားဟား)
Here is the theory of how can exploit administrator account.
ဝ။ အက်ဒမင် အကောင့်နာမည်က admin လို့ခေါ်ပါတယ်။
၁။ အကောင့် အသစ်တစ်ခုကို admin%20%20%20%20%20%20%20.....abcdef စတဲ့ လို့ အလွန်ရှည်လျားတဲ့ စာလုံးတွေနဲ့ ပေးလိုက်ရင် php က pass ဖြစ်ပါတယ်။
၂။ mysql က pass မဖြစ်ပါဘူး။ ရှည်လွန်းနေတဲ့ စာလုံးတွေကို ဖြတ်ပစ်ပါတယ်။ အဲဒီမှာ abcdef ဆိုတာပါသွားပါတယ်။
၃။ admin%20%20%20.... ဖြစ်သွားပြီး %20 က space ဖြစ်တဲ့အတွက် sql querystring မှာ လျှစ်လျူရှုခံရပါတယ်။
၎။ အဲဒီတော့ admin ဖြစ်သွားပါတယ်။ admin တစ်ခါတည်း ဖြစ်သွားတာမဟုတ်ပါဘူး။ admin ဆိုတဲ့နာမည်နဲ့ database မှာ row တစ်ခုထပ်ရောက်သွားပါတယ်။ အဲဒီထဲမှာ email addresss လဲပါတယ်။
၅။ password reset လုပ်ပါတယ်။ အဲဒီတော့ admin ဆိုတာနဲ့စစ်လိုက်ရင် ခုနကဟာလေး ပါသွားပါတယ်။ အီးမေး သင့်ဆီရောက်လာနေပါပြီ။ :-)
၆။ ကဲ.. သင်ပေးချင်တာပေးပြီး ဝင်လို့ရပါပြီ။
အပြည့်အစုံ code က ဟော့ဒီမှာပါ။
http://www.milw0rm.com/exploits/6421
ps# wordpressမှ မဟုတ်ပါဘူး။ အဲဒီသဘောတရားက အတော်များများမှာ အလုပ်လုပ်မှာပါ။
စိတ္မျငိမ္ဘူး
ခုတလော စိတ်ရှုပ်စရာတွေ နဲနဲများနေတယ်။ အခြေကျအောင် လုပ်ရဦးမယ်။
Open Source
Open Source သည် မြန်မာလူမျိုး အများစုနှင့် မတန်သေးပါ။
ထို့ကြောင့် Burglish Systems Will close-source from Now on!
မာ့ခ် @ Burglish
Warning :: http://zawgyi.googlecode.com is Hoax
Warning :: http://zawgyi.googlecode.com is Hoax,
Kyaw Tun and His folks steal codes from Burglish without our permissions.
None of their codes are in svn.
- Kyaw Tun (Okisan) - Project Manager, js Conversion module
- Ei Maung (chatkyi) - PHP convertor module
- Khin Te Moe - Python Chatbot and Gtalk service
- Myint Kyaw Thu - Myanmar Font Display on custom device
- Win Maw Oo - Myanmar Web Development
Update Google Chrome Every Weeks
Google Chrome ရဲ့ နောက်ဆုံးထွက်သမျှကို အပတ်တိုင်း အပ်ပဒိတ်လုပ်စေချင်လျှင်
ဒါလေးကို အင်စတော လုပ်ပြီး Chrome Channel ကို Dev သို့ပြောင်းပါ။
chromechannel-1.0.exe
ဤနေရာမှ ရရှိသည်။ dev-channel
ဪဒါနဲ့ အသစ်ထွက်ထားတယ်နော် 0.2.152.1
မာ့ခ်
နည်းပညာ
သင် ဘာသာစကားကို လူနားလည်လွယ်အောင် ပြောတတ်မယ်ဆိုရင် သင် နည်းပညာတွေကို
သိပ်သိစရာမလိုပါဘူး။
ဒါပေမယ့် သင် လူစကား လူနားလည်အောင် မပြောတတ်ရင်၊ သင့်
ဘဝလမ်းဖြောင့်ဖို့အတွက် နည်းပညာ ကောင်းကောင်းတစ်ခုလိုမယ်။
မာ့ခ်
အောင်မြင်မှု
သင်ဟာ မြန်မာပဲ ဖြစ်ဖြစ် ဘာလူမျိုးပဲဖြစ်ဖြစ် လူနေအဆင့်အတန်း ဘယ်လောက်ပဲ
အောက်တန်းကျတဲ့ ဘဝ နှိမ့်ကျတဲ့ ဘဝဖြစ်ဖြစ် သင်အပေါ် လူတွေရဲ့အမြင်
ကောင်းမကောင်းနဲ့ သင်အောင်မြင်မယ် မမြင်ဘူးဆိုတာ သင့်ကိုယ်တိုင်ပေါ်ပဲ
မူတည်တယ်။
မာ့ခ်
GPhone on GBone ???
ဂျီဖုန်း [Google Phone] ဆိုတာ ဂျီဘုန်း [Google BackBone(GBone)] ပေါ်မှာ
အလုပ်လုပ်တာလား။
So, Will you be riding on ဂျီဘုန်း OR Are you ဂျီဘုန်း Fans???
ps# Electronic Gadgets တွေစိတ်ဝင်စားပေမယ့် IPhone ရော GPhone ရော
ဈေးကြီးပြီး အကျိုးကျေးဇူး သိပ်မမြင်တဲ့အတွက် လုံးဝ လုံးဝ
မကြိုက်ပါခင်ဗျား။
မာ့ခ်
Javascript Engines
Google Chrome နဲ့ တခြားဟာတွေရဲ့ javascript speed ကိုယှဉ်ပြထားတာ အရမ်းကောင်းပါတယ်။ လက်တွေ့ကျပါတယ်။
သွားကြည့်ကြပါ။ ကျနော့် မိတ်ဆွေ rapster ရဲ့ ဘလော့ဂ်မှာပါ။
http://blog.atomicdevelopment.net/?p=253
performance အရမ်းကောင်းပါတယ်။ ဒါပေမယ့် ခုထက်ထိ ကျနော့် ရဲ့ main browser မဖြစ်သေးပါဘူး။
အဆင်မပြေဆုံးတစ်ခုကတော့ popup blocking, scripts blocking, pluing blocking သိပ်မကောင်းလို့ပါ။
ကျနော် က SeaMonkey (အရင်က Netscape လိုမျိုး) fan ပါ။ ဖိုင်းယားဖောက် extension တွေသုံးလို့ရပြီး ပေါ့ပါးလှတဲ့ browser တစ်ခုပါ။
မာ့ခ်
အတ္တ
လူတစ်ယောက်လျှင် အတ္တတစ်မျိုးရှိသည်။
အတ္တအပေါ် ခံယူချက်နှင့် အယူအဆ မတူနိုင်
သို့ကြောင့် ကျွန်ုပ်၏ အတ္တများကို သင့်ကိုယ်ပိုင် ကျင့်ထုံးအဖြစ် ပြုကျင့်ခြင်း သို့
သင့် အတ္တဖြင့် ချိန်ညှိခြင်း မပြုပါနှင့်ကုန်။
မာ့ခ်
純恋歌 - အချစ်စစ်စစ်သီချင်း
純恋歌 junrenka /湘南の風 shounan no kaze
သင်မှားတာကို ဝန်ခံရဲလား
သင်မှားတာကို ဝန်ခံရဲလား။
ဝန်ခံရဲရင် မိတ်ဆွေဖြစ်နိုင်တယ်။
ဝန်မခံရဲရင် သင်ဟာ ရန်သူ (သို့) လျှစ်လျူရှုခံရမယ်။
မာ့ခ်
မဖြစ်နိုင်ခြင်း
မဖြစ်နိုင်ခြင်းဆိုသည်မှာ မဖြစ်နိုင်ခြင်းဖြစ်သည်။
ဖြစ်အောင် မလုပ်နိုင်ခြင်းမဟုတ်၊
သို့ကြောင့် ဖြစ်အောင်လုပ်နေစရာ မလို။
စေတနာ
စေတနာသည် လူတိုင်းနှင့်မတန်၊
စေတနာနှင့် တန်သူနှင့်သာ တန်သည်။
သင်ဟာ စေတနာနှင့် တန်သူလား မတန်သူလားဆိုတာ
သင်ကိုယ်တိုင် သိနှင့်နေပြီးဖြစ်သည်။
မာ့ခ်
လိပ်စာ မှတ်တမ်း
လူတွေက လိပ်စာ မှတ်တမ်း ဆိုရင် တိုးပြီးရင်း တိုးလာတယ်လို့ထင်ကြတယ်။
ဒါပေမယ့် ကျနော် ကတော့ တိုးတဲ့ အခါ လည်းတိုးတယ်။ ပြန်လျော့သွားတာလဲ ရှိတယ်။
တကယ်က ရေရှည်မှာ ဘယ်နှယောက် ကျန်ခဲ့မလဲဆိုတာ အဓိကပေါ့။
ကျွန်ုပ်သည်
ကျွန်ုပ်သည် လုပ်ပြီးသမျှ အရာအားလုံး မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ဘယ်တော့မှ နောင်တမရ။
မှားလို့ရပ်သွားသည် ရှိလျှင်ရှိမည်။ ဒါပေမယ့် ဘယ်တော့မှ နောက်ပြန်မလျှောက်။
မြန်မာလို နေ့စွဲပြောင်းချင်လျှင်
ဥပမာ ၁
ဥပမာ ၂
Blogspot တွင် မြန်မာလို နေ့စွဲပြောင်းချင်လျှင် ဒီလို လုပ်နိုင်ပါတယ်။
ကျနော် ကိုယ်တိုင်ရေးထားတဲ့ ကုတ်တွေပါ။ သုံးလို့ရပါတယ်။
ဟော့ဒီကုတ်တွေ HTML ရဲ့ တစ်နေရာရာမှာ အရင်ထည့်ရပါမယ်။
<script src="http://burglish.googlepages.com/burmese.js" type="text/javascript"></script>
ပြီးရင် အင်္ဂလိပ်လို ရက်စွဲဖြစ်အောင် ထုတ်ပေးတဲ့ ကုတ်တွေကို Edit HTML ထဲမှာ သွားရှာရပါမယ်။
နေ့စွဲတွေက အဲဒီအတိုင်းရှိနေမှာ မဟုတ်ပါဘူး template ရဲ့ကုတ်တွေအနေနဲ့ရှိနေမှာပါ။
ဒီလိုမျိုးပါ။
<data:post.dateHeader/>
အဲဒီကနေမှ ဒီလို blogspot က generate လုပ်ပေးပါတယ်။
ဥပမာ 1:50 PM, January 2008
ကျနော်က အဲလိုဖြစ်သွားတဲ့ အချိန်မှာ script နဲ့ မြန်မာလို ပြန်ပြောင်းယူပါမယ်။
<script>document.write("<data:post.dateHeader/>".convertDate());</script>
ဘာလုပ်သလဲ ဆိုတော့ "January 2008".convertDate() ဆိုပြီး မြန်မာလို ဇန်နဝါရီလ ၂၀၀၈ သို့ ပြောင်းပြီး document.write နဲ့ပြန်ရေးယူပါတယ်။
စမ်းချင်ရင် Javascript နဲ့ HTML နဲနဲ သိဖို့လိုမယ်ထင်ပါတယ်။ blogspot တင်မဟုတ်ပါဘူး။
အခြားဟာတွေလဲ လွယ်လွယ်ကူကူပြောင်းလို့ ရမယ်လို့ထင်ပါတယ်။
မာ့ခ်
လူဆိုတာ
လူတွေဟာ တစ်ခါတစ်လေ သိပ်အားယားနေတတ်ပြီး ဆိုးမှန်းကောင်းမှန်း မသိပဲ အရည်မရ အဖတ်မရ လုပ်ချင်ရာ လုပ်တတ်ကြတယ်။
GreaseMonkey on Google Chrome
သင့်ကိုယ်ပိုင် Javascript တွေကို Page တွေအထဲမှာ ထည့်ချင်ပြီ ဆိုရင် Browser ကနေ Injector တစ်ခုခုကိုသုံးရပါတယ်။
Firefox မှာဆိုရင်တော့ GreaseMonkey ဆိုတာ နာမည်အကြီးဆုံးပေါ့။
အခု Goolge Chrome မှာပါ Run လို့ရအောင် လုပ်ထားတာရှိနေပါပြီ။
ဂျပန်ကပဲ တစ်ယောက်ယောက်လုပ်ထားတာလို့ယူဆပါတယ်။
GreaseMonkey on Google Chrome
GreaseMetal လို့ခေါ်တယ်ထင်ပါတယ်။
အင်စတောပြီးရင် userscripts.org ကနေဖြစ်ဖြစ်ကိုယ်ပိုင် scripts တွေကို My Documents\userjs ဆိုတဲ့ Folder ထဲကိုထည့်ပေးရပါတယ်။
အလုပ်ကောင်းကောင်းလုပ်ပါတယ်။ GUI မှာတော့ Firefox မှာလို မျောက်ရုပ်ကလေး လာပြမှာ မဟုတ်ပါသေးဘူး။
မာ့ခ်
IP Logging နှင့်ဝက်ဆိုက်ဒ်များ
IP Logging နှင့်ဝက်ဆိုက်ဒ်များ
IP ကို log လုပ်တာဟာ အခုခေတ် အင်တာနက် လောကမှာ မရှိမဖြစ် လိုအပ်ချက်ပါ။
ဒါပေမယ့် တချို့က proxy တွေပါတွေနဲ့ ကျော်ပြီးဖတ်လေ့ရှိတယ်။ အဲဒါဆို ဘယ်လိုလုပ်မလဲ။ နည်းလမ်း မရှိတော့ဘူးလား။ သိပ်ရှိတာပေါ့။ proxy ကျော်ထားပေမယ့် သင် ဒီ browser နဲ့ ဒီ ကွန်ပျူတာ သုံးနေသ၍ သင့်ကွန်ပျူတာဟာ အင်တာနက်ပေါ်မှာ unique ဖြစ်နေသလောက်နီးနီး ရှိပါတယ်။
တစ်ချို့က ရန်ကုန်ကဆိုရင် အထွက် ip က ကိုယ့် ip နဲ့မတူတဲ့အတွက် စိတ်ချရမယ်ထင်တယ်လို့ ပြောတဲ့သူတွေလဲရှိပါတယ်။ တကယ်က အထွက် ip ရော၊ ကိုယ့် ip ရော ၂ခုလုံး သိရပါတယ်။
နောက်ပြီး Firefox ဆိုရင် plugin တွေတင်ထား တတ်ကြပါတယ်။
ဒါပေမယ့် အဲဒီ plugin တွေ ပိတ်တဲ့ဟာတွေ ဘာတွေ ရှိလဲ ဆိုတာ ပြန်စစ်လို့ ရပါသေးတယ်။ ကွန်ပျူတာ ထဲမှာ ဘာအင်စတောထားလဲဆိုတာ လိုက်သလိုပါပဲ။ သင့် browser မှာ ဘာတွေ အင်စတော ထားလဲ လိုက်လို့ရပါတယ်။
ဥပမာ Chrome ဆိုရင် flash ကိုပိတ်လို့မရပါဘူး။ ဒါဆို flash ကနေတစ်ဆင့် flash ကနေယူလို့ရတဲ့ info တွေရနိုင်တာပေါ့။ ဒါကလည်းကွန်ပျူတာပေါ် မူတည်ပြီး ရတဲ့အချက်တွေကွဲပြားပါတယ်။
ဒီထက်ပိုပြီးပြောရမယ်ဆိုရင် browser ရဲ့အားနည်းချက်တွေကို ကိုင်လိုက်ရင် personal info တွေပါထွက်လာ အောင် လုပ်လို့ရပါတယ်။
User-agent ကိုလဲစစ်လို့ရပါတယ်။ ဒါပေမယ့် user-agent ကပြောင်းချင်တာပြောင်းလို့ရတဲ့အတွက် reference အနေနဲ့လောက်ပဲသုံးလို့ရပါတယ်။ ဒါပေမယ့် တချို့ကပြောင်းလိုက်တဲ့ User-agent ကတကယ်ရှိမနေပဲ သင်တစ်ယောက်ထဲဖြစ်နေတာမျိုးလဲရှိတတ်ပါတယ်။
နောက်တစ်ခုက browser တိုင်းမှာ special feature တွေရှိပါတယ်။ ဒါကြောင့် user-agent မှာ တကယ်မဟုတ်တဲ့ browser နာမည်ကို ပြင်ထားလဲ ဘာသုံးထားလဲဆိုတာ နဲနဲစစ်လိုက်ရုံနဲ့ရပါတယ်။
နောက်ပြီး အမေရိကန်မဟုတ်တဲ့ နိုင်ငံမှာနေပြီး ဝင်းဒိုးကို အဲဒီနိုင်ငံကနေ ဝယ်သုံးတဲ့ ဝင်းဒိုးဆိုရင် ကျိန်းသေ စပယ်ရှယ် info တွေပါပါတယ်။ ဥပမာ browser encoding, windows ရဲ့ support လုပ်တဲ့ encoding စတာတွေပါ။
နောက်ပြီး အဓိက အတော်ကျတာကတော့ အချိန်ပါ။ သင့် clock ရဲ့ setting ဟာ အခြားကွန်ပျူတာနဲ့ တူနိုင်ခြေဟာ ၁၀၀ ပုံ တစ်ပုံတောင် ရှိမှာမဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးက ကြည့်တဲ့သူအနေနဲ့ ပြန်စစ်ကြည့်ရင် ၁၀၀၀ မှာတောင် တစ်ယောက်မတူပါဘူး။ ဘာလို့လဲ ဆိုတော့ TimeZone ဆိုတာ ရှိသေးတယ်လေ။ နောက်ပြီး အချိန်ကို ပြင်ထားရင်တောင် TimeZone နဲ့ သင့် ဝက်ဆိုက်ဒ်ကို လာကြည့်တဲ့ အချိန်နဲ့ ပြန်စစ်ကြည့်ရင် သင်တစ်ယောက်ထဲ ထူးထူးခြားခြား အချိန်ဖြစ်နေတာကိုလဲ သိနိုင်ပါတယ်။
နောက်ပြီး သင်နှိပ်သွားတဲ့ ခလုတ်တွေ သင်စိတ်ဝင်စားတာတွေ၊ တချို့က တွေ့ကရာ အများကြီး စက္ကန့်ပိုင်းအတွင်း နှိပ်တတ်တာတွေ အမျိုးမျိုးရှိပါတယ်။ ဒါတွေဟာလည်း unique ဖြစ်တဲ့ အချက်တွေပါဘဲ။
နောက်ပြီး ဘယ်လင့်ခ်ကနေ ဘယ်လင့်ခ်ကို ခုန်ကူးသွားသလဲဆိုတာတွေလဲရှိပါတယ်။ ဥပမာ ဂူဂယ်ကနေလာတာလား။ နာမည်ကြီး ဘလော့ဂါတစ်ယောက်ဆီက လာတာလားဆိုတာတွေပေါ့။
နောက် သင့်မော်နီတာက widescreen နဲ့ အကြီးကြီးသုံးထားတဲ့ programmer တစ်ယောက်ဆိုရင် ချက်ခြင်းပေါ်နိုင်ပါတယ်။ :-)
နောက်ပြီး အများကြီးအများကြီးရှိပါသေးတယ်။ ပြောရင်ကုန်မှာမဟုတ်ပါဘူး။ သင့်ကွန်ပျူတာ သင်သုံးတာ ကြာလာသ၍ ဥပမာ တစ်ပတ်ရှိပြီဆိုရင် unique ဖြစ်သလောက်ရှိနေပါပြီ။ :D
ဒါကြောင့် အကောင်းဆုံးကတော့ အင်တာနက်ဆိုတာ ကြည့်တဲ့သူရော ကြည့်ခံရတဲ့ ဆိုက်ဒ် ရော safe မဖြစ်ပါဘူး။ မဟုတ်တာတွေ ဝင်ရေးသွားတာတွေ သူများနာမည်နဲ့ မသိအောင် လုပ်သွားတာတွေဟာ တစ်ကယ်တမ်း ပြန်တိုက်စစ် ရင် သင်ဘယ်သူ ဆိုတာ ရအောင်ရှာလို့ရပါတယ်။
မာ့ခ်
ဝင်းဂျပန်စာသင်ကျောင်း အလုပ်ခေါ်ပုံ
ကျနော် ဒီနေ့ နဲနဲရှာဖွေရင်းနဲ့ ရန်ကုန်မှ ဝင်းဂျပန်စာသင်တန်းကျောင်းရဲ့ ဂျပန်စာဆရာ အလုပ်ခေါ်စာကို သွားတွေ့မိပါတယ်။
စာသင်မလို့မဟုတ်ပါဘူး။ စိတ်ဝင်စားလို့ ပြန်တင်ပြတာပါ။
ဒီနေရာတွင်တွေ့ပါသည်။
http://www.incul.com/jp/kyujin/2007/02/
ウイン日本語学校
ဝင်းဂျပန်စာသင်တန်းကျောင်း
【勤務地】
အလုပ်လုပ်ရမည့်နေရာ
ミャンマー連邦国ヤンゴン市
မြန်မာနိုင်ငံ ရန်ကုန်မြို့တွင်း
【問合先】
ဆက်သွယ်ရန် လိပ်စာ
278, Theinbyu Road, Botataung Township,
Ynagon, Myanmar
TEL:+95-1-294613, 297998 FAX:+95-1-297998
E-Mail:winedu@myanmar.com.mm 担当:中西 修
【募集職】
အလုပ်အကြောင်း
常勤2名
၂ယောက်
【採用条件】
အရည်အချင်း
420時間修了者。教師の経験は問いません。
စာသင်သက် ၄၂၀ နာရီရှိရပါမယ်။ အတွေ့အကြုံကိုတော့ အဓိကမထားပါဘူး။
【勤務条件】
အလုပ် အရည်အချင်း
月曜日休み。毎日4時間(2コマ授業を担当)
တနင်္လာ ပိတ်ရက်။ တစ်နေ့ ၄နာရီ (၂ချိန်သင်ရမည်)
3ヶ月毎に1~2週間の長期休暇あり。
၃လပြည့်တိုင်း ၁ပတ် မှ ၂ပတ်အထိ ပိတ်ရက်ရှိ
勤務は6月からの予定。
၆လပိုင်းမှ အလုပ်စတင်ဆင်းနိုင်
【待遇】
ခံစားခွင့်
第1クルーは10万チャット(現地平均賃金の2倍)
အတန်းတစ်ခု ၁သိန်းကျပ် (ရန်ကုန်မြို့ ပျမ်းမျှလစာရဲ့ ၂ဆ)
担当するクラス数と学生数により最大600米ドルまで可能。
ကျောင်းသားနဲ့ အတန်းအရေအတွက်ပေါ်မူတည်ပြီး ဒေါ်လာ၆၀၀ အထိရရှိနိုင်
【応募方法】
လျှောက်ပုံလျှောက်နည်း
メールで履歴書をお送りください。
ကိုယ်ရေးရာဇဝင် အီးမေးလ်ပို့ပေးပါ။
郵送も受け付けますが、郵便事情により届かないこともあります。
စာတိုက်နဲ့ ပို့လို့ရပေမယ့် စာတိုက်ကြောင့် မရောက်တတ်တာရှိပါသည်။ LoL
3月末締切
၃လပိုင်း လျှောက်လွှာပိတ်မည်။
【選考方法】
ရွေးချယ်ပုံ ရွေးချယ်နည်း
書類で1次審査し、合格者には4月中旬に日本(大阪、東京)で
စာရွက်စာတမ်းပေါ်မူတည်ပြီး။ ၁ကြိမ်စစ်။ ပြီးနောက် ၄လပိုင်း လလယ်တွင် တိုကျို၊ အိုဆာကာ တွင်
面接し即決定します。
လူတွေ့ဖြေပြီး ချက်ချင်း ဆုံးဖြတ်မည်။
【その他】
အခြား
東南アジアが好きな方、健康で明るい方を希望します。
အရှေ့တောင်အာရှ ကြိုက်နှစ်သက်သူများ။ ကျန်းမာပြီး သွက်လက်သူများကို ဦးစားပေးမည်။
当地で一番有名な日本語学校です。学生数は現在700名。
ရန်ကုန်တွင် နာမည် အကြီးဆုံးကျောင်းဖြစ်သည်။ လက်ရှိ ကျောင်းသား ၇၀၀ ခန့်
နောက်ဆုံးဆင်ခြေ
အဲလက်စ်သီချင်းတွေ ကြိုက်သူများ ကြိုက်နှစ်သက်လိမ့်လို့ထင်ပါတယ်။ :-)
ECMAScript 3.1
JavaScript ရဲ့အခြေခံဖြစ်တဲ့ ECMAScript ၃.၁ ပေါ်ပေါက်လာတော့မယ်လို့ပြောပါတယ်။
ဒါကိုအခြေခံပြီးအဓိကပြောင်းလဲလာမှာကတော့ အင်ဂျင်ရေးတဲ့ ကုမ္ပဏီကြီးများ အားလုံးက အဲဒီ စံကို လိုက်နာကြမယ်လို့ ဆိုပါတယ်။
* Mozilla (Firefox)
* Apple (Safari)
* Microsoft (Internet Explorer)
* Opera (Opera)
* Adobe (Flash)
* Yahoo (Yahoo Widget)
* Google
ဒါဆို ကျနော်တို့ ဂျာဗားစကရစ်ကို ရေးတဲ့အခါ ထဲ့စဉ်းစားရမယ့်ဟာတွေ လျှော့သွားတယ်လို့ပြောလို့ရပါတယ်။
ဥပမာ တူမတူ ကြည့်ချင်ရင် ဒီကုတ်လေးကိုစမ်းကြည့်ပါ။
"a,b,c,d".split(/(,)/).length
Mozilla Firefox က ၇လို့ပြောနေတဲ့အချိန်မှာ IE က ၄လို့ပြောနေပါလိမ့်မယ်။ အဲဒါတွေ အဆင်ပြေ သွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ဒီနေရာမှ ဘာသာပြန်ဆိုသည်။ http://d.hatena.ne.jp/amachang/20080821/1219302804
ECMA ရဲ့ Draft http://wiki.ecmascript.org/doku.php?id=es3.1:es3.1_proposal_working_draft
You received this email because you are subscribed to the real_time feed for http://soemin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.