Monday, September 29, 2008

[စိုင်းစိုင်းရဲ့ ဒိုင်ယာရီ] 25 New Entries: ငါ့မိုးတိမ်

ငါ့မိုးတိမ်

မနက်တိုင်းစိုနေကျငါ့ပါးပြင်ဟာ
မျက်ရည်တွေလား
နှင်းတွေလား
တကယ်တော့
ခံစားခွင့်မရှိ တဲ့အာရုံခင်းတွေမှာ
နှင်းတွေစွန့် ခွာသွားတာကြာလှပေါ့
လွမ်းလွန်းလို့ ပေးဆပ်ခဲ့ရတဲ့မျက်ရည်တွေလည်း
နောက်ထပ်ကျဖို့ မရှိတော့

ဒီလိုနဲ့ 
မစိုစွတ်မခြောက်တွေ့ တဲ့ငါ့ဘ၀ဟာ
လေနှင်ရာလွင့်ပါလို့ 
ရေစီးရာမျှောပါလို့ 
ဘယ်ကမ်းတင်လို့ ဘယ်ရင်ခွင်မှာနားရမလဲ
ဘယ်တောင်တင်လို့ ဘယ်ခြေရင်းမှာခစားရမလဲ

မရေမရာနဲ့ 
တစ်ချက်တစ်ချက်ရှိုက်လိုက်တဲ့အသက်ငင်သံတွေ
ငါ့ဝိဥာဉ်ကိုလန့် နိုးစေပြီ
အေးစက်စက်နဲ့ နေခြည်တွေ
ငါ့ဥယျာဉ်ကိုရှုပ်ထွေးစေပြီ
အစိမ်းသက်သက်နဲ့ လေပွေတွေ
ငါ့စိတ်ငြိမ်ကိုလွင့်စင်စေပြီကော။

တကယ်တော့
မငိုချင်ပဲ ရွာနေရတဲ့မိုးတိမ်ဟာ
ငါဖြစ်နေရတာပါ။

နွေသစ်ခွ(၂၂၊သြဂုတ်၊ ၀၈) တစ်လပြည့်အမှတ်တရ

New design Nokia 888





More: http://www.nokia888.com

ဇူလိုင် ၁၉ ဒို့မမေ့ဘူး

စိတ်ကူးမှားနှင့်အတူ

ရေဒီယိုအသံထဲတမြည့်မြည့်ပျော်ဝင်သွားတဲ့ငါ့ကော်ဖီများ
အငွေ့ပျံသွားတဲ့အခါ
ရောင်နီတွေကငါ့မျက်လုံးအိမ်ကိုအလည်ဝင်လာတယ်။
လှိုင်းလုံးကြီးလိုစီးမျှောနေတဲ့ငါ့ဆံပင်တွေထိုးဖွရင်း
လောကကြီးကိုနှုတ်ဆက်တော့
မင်္ဂလာပါငါ့ချစ်သူများလို့။

တကယ်တော့
ရှုစားဖို့ကောင်းတဲ့ မနက်ခင်းမှာ
ငါ့ကောင်မလေးမပါလို့
သူ့ခမျာ အကျည်းတန်သွားရခဲ့။
ငိုမဲ့မဲ့ တိမ်တစ်ပွင့်လည်း
လောကကြီးကို နမ်းခွင့်ရဖို့
စီးကျလာတော့
လိပ်ပြာတွေ အိမ်နားခိုရပေါ့။

ဒေါသထွက်တဲ့ လေညှင်းတွေလည်း
စိုစွတ်တဲ့ငါ့ပါးပြင်ကို မပြောင်းစေနိုင်ခဲ့။

ဒါဟာ
ငါငိုတာလား
မိုးစိုတာလား မသဲကွဲခင်မှာ
လွမ်းဆွေးမှုတွေသင်းပျံ့နေတဲ့
ကော်ဖီတစ်ခွက်ကြိုဆိုလေရဲ့။

နွေသစ်ခွ (၉၊ ၆၊ ၀၈)

ပေါက်ပေါက်ဆုပ် နဲ့ မိုဘိုင်းဖုန်း

ဇွန်လ ၁ ရက် မှတ်စု

ပိုစ့်အသစ်တွေ မတင်ဖြစ်သလို မရေးဖြစ်တာလည်း ကြာသွားခဲ့ပါပြီ။ စာရေးရတာ သိပ်ပြီး ဖီလင် မလာဘူးဖြစ်နေတယ်။ ရေးမယ်ရေးမယ်ဆိုပြီး မရေးဖြစ်ခဲ့ပါ။

လွန်ခဲ့တဲ့ မေလ ကလည်း အိမ်ပြန်ဖြစ်ခဲ့တယ်။ အိမ်ပြန်ရောက်တော့လည်း နာဂစ် နဲ့ကြုံလို့ ဘယ် သူငယ်ချင်းတွေနည်း အဆက်အသွယ် မရလိုက်ပါဘူး။ ဖုန်းလည်း ဆက်မရ။ စိုးဇီယျ နဲ့တော့ ဖုန်းရလိုက်တယ်။ မယ်လိုဒီမောင် ကိုတော့ ဖုန်းတဂွမ်ဂွမ်ခေါ်ပါတယ် မရပါ။ အီးမေးပို့လိုက်မှ စိုင်းစိုင်းရေ အဲဒီဖုန်း ခေါ်မရတော့ဘူးတဲ့။ တေဘီ.....

မှတ်မှတ်ရရ ကျနော်တို့ မိတ်ဆွေ ၄ ယောက် စူပါမားကက်စ် သွားဖြစ်တယ်။ ဒီကနေ့က ကျနော့် သူငယ်ချင်း သိန်းဟန်မွေးနေ့ပါ။ သူကြိုက်တဲ့ Mc Jean ဘောင်းဘီ လက်ဆောင် ပေးဖြစ်တယ်။

ဒီညတော့ ဘီယာတလုံးသောက်ဖြစ်တယ်။ ပြီးတော့ What a wonderful world နားထောင် ပြီး ဒီပိုစ့်ကိုရေးဖြစ်တယ်။

တပေါင်းလပြည့်

တပေါင်းလပြည့်နေ့ မှာ အလုပ်က လူတွေနဲ့ ဘုရားသွားဖြစ်ပါတယ်။ ဘုရားမှာ လူတွေ တော်တော်များတယ်လေ။

ငယ်ငယ်က တပေါင်းလပြည့်ဆိုရင် ဘော်ကြို ဘုရားပွဲကို အမြဲသွားလည်လေ့ရှိပါတယ်။
ဘော်ကြို က ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲနဲ့ သီပေါ ကြားမှာရှိပါတယ်။ အဲဒီဘုရားပွဲ က အင်မတန် စီကားပါတယ်။ ဘော်ကြိုဘုရားပွဲ ကိုမရောက်တာ ၁၀ နှစ်ကျော်ရှိသွားပြီလေ။

Be careful charging your mobile!

အခုတလော မအားတာနဲ့ ဘလောဂ့်ဖက်ကိုတောင် မလှည့်နိုင်ပါ။ လာလည်တဲ့ တယ်ရင်း များ လားလုံးကိုလည်း ရေရေလည်လည် ပက်ပက်စက်စက် ကျေးဇူးတင်ပါတယ်။

အောက်ကပုံတွေက တယ်ရင်းတယောက်က ပို့လာလို့ ဘလောဂ့်ကာ တယ်ရင်းများ သတိထားနိုင်အောင်လို့ မျှဝေ လိုက်ခြင်းဖြစ်ပါတယ်။

ဘက်ထရီ အားသွင်းရင်း ပေါက်ကွဲသွားသော မိုဘိုင်းဖုန်း

ဘက်ထရီ အားသွင်းရင်း ပေါက်ကွဲသွားသော မိုဘိုင်းဖုန်း

မိုဘိုင်းဖုန်းဘက်ထရီအားသွင်းရင်း ပေါက်ကွဲသွားသော မိုဘိုင်းဖုန်း ကြောင့် ဒဏ်ရာရသွားသည့်လက်

မိုဘိုင်းဖုန်းဘက်ထရီ အားသွင်းရင်း ပေါက်ကွဲသွားသော မိုဘိုင်းဖုန်း ကြောင့် ဒဏ်ရာရသွားသည့်လက်

မုသားမပါ ၂၀၀၈ မှစ၍...

နတ်ပြည်မှအပ် လူ့ပြည်အပ်နှင့်
ထပ်ဖို့ရေး ထက် လူဖြစ်ခတ်၏။

လူဖြစ်ခတ်လည်း လူ့သက်အလို
အလွန်တို၏။

လူ့သက်အလို အလွန်တိုလည်း
ကိုယ်ရွေးသည့်ဝိုင်း ကိုယ့်သမိုင်းသည်ကား........

အတိုင်းမရှိ ရှည်လျှား၏ ဟု
သတိနှင့်ကူပြီး လူမှုမှန်သမျှ
ချင့်ချိန်က ၍ ယနေ့မှစပြီး...
ဘ၀မှတ်တမ်း ယှဉ်ပြိုင်နိုင်ဖို့
အလှဇတ်လမ်းခင်းပြီး
မုသားမပါ
လှလှပပဖြစ်အောင် တင်ဆက်ကြစို့..လေ............

နှစ်သစ်ဆီသို့

အဟောင်းမှအသစ် အသစ်မှအဟောင်း
မှန်မှန်ပြောင်း၍ အဟောင်းအသစ်
အဖြေစစ်သော် အနှစ်မမြင်
နှစ်စဉ်သည်ခါ ဆုမွန်ဖြာသည်
သူ ငါ ချမ်းမြေ့ လူ့ဓလေ့။

ပိန်းကြာရွက်အား ရေမနားသို့
ငါးမျိုးရန်ဘေး အစဉ်ဝေး၍
အေးအေးလူလူ ချစ်ရသူနှင့်
တူနေ တူသွား အတူနားပြီး
စီးပွားလည်းတက် အသက်လည်းရှည်
အမည်လည်းသင်း ရောဂါကင်းကာ
ပြည်တွင်းပြည်ပ (မြန်မာ) ပြည်သူ သားတို့
သိကြားနတ်ပွေ့၍ ကျော်စေသော်....
တရားမြတ်တွေ့၍ ပျော်စေသော်....

Green Label and Me....

မနေ့က ဘာဖြစ်မှန်းမသိ၊ တော်တော့ကိုအိပ်ချင်နေသည်။ ညနေ ၆ နာရီလောက်ဘဲရှိအုံးမည် ထင်ပါရဲ့ အိပ်လိုက်သည်။ အိပ်နေတုံး ဖုန်းပိတ်ထားဖို့မေ့နေခဲ့သည်။ ဒါနဲ့ ည ၇ ကျော်တော့ ကူမင်းက ပြန်လာတဲ့ သူငယ်ချင်း ဖုန်းလာပါသည်။

စိုင်းစိုင်း ဘယ်မှာလဲတဲ့။ ငါ့ကိုလေဆိပ်ကိုလာကြိုပါဦး ဆိုလို့ ကမန်းကတန်းထပြီး လေဆိပ်ကိုသွားပါတယ်။ သူနဲ့တွေ့တော့ ရော့ မင်းတွက်တဲ့ ဘာများပါလိမ့်။ ဖွင့်ကြည့်တော့ ဟိုက်... Green Label 1 liter ကြီး။ ကျေးဇူးပါ တယ်ရင်း

အိမ်ရောက်တော့ သူပေးတဲ့ Green ကိုဖွင့်ပြီး သောက်လိုက်တာ လက် ၄ လုံးလောက် ကုန်သွားတယ်။

Shan New Year pictures

ဘလောက်ကို အလည်လာခဲ့ကြတဲ့ တယ်ရင်းများ အားလုံး ဆောရီးပါဗျာ။ ကျနော် ဘလောက် မရေးဖြစ်တာ လည်း ကြာလှပါပြီ။ လျှောက်လည်နေတာနဲ့ ဘလောက်ဖက်ကို မလှည့်နိုင်။ တယ်ရင်းတွေရဲ့ ဘလောက်တွေလည်း မလည်ဖြစ်ပါ။

ဒီနှစ် ရှမ်းနှစ်သစ်ကူးပွဲကို ပိင်းလုံ ဆိုတဲ့ရွာ ကိုရောက်ခဲ့ပါ။ ယိုးဒယားနယ်စပ်က ရွာဖြစ်ပြီး ရှမ်းပြည် လဲချားနှင့် နီးပြီး ချင်းမိုင်ကနေ သွားရင် ၄ နာရီလောက်သွားရပါတယ်။ အဲဒီပွဲမှာ လူတွေအတော့ကို စည်ကား လှပါတယ်။

မီးပုံးပျံ လွတ်ရန် ပြင်ဆင်နေကြသည်

မီးပုံးပျံ လွတ်ရန် ပြင်ဆင်နေကြသည်

အကများဖြင့် ဖျော်ဖြေနေကြသော ကလေးသူငယ်များ

ရှမ်းနှစ်သစ်ကူးပွဲသို့ အလည်လာကြသော ကလေးသူငယ်များ

ရှမ်းနှစ်သစ်ကူးပွဲမြင်ကွင်း

Some Messages

Never break four things in your life "Trust, Promise, Relation and Heart" because when they break they don't make noise but pains a lot... (Charles)

I will not say I failed 1000 times, I will say that I discovered there are 1000 ways that can cause failure. (Thomas Edison)

Every one thinks of changing the world, but no one thinks of changing himself. (Leo Tolstoy)

If someone feels that they had never made a mistake in their life, then it means they had never tried a new thing in their life. (Einstein)

ဝက်ဆိုဒ်အညွှန်း

အင်တာနက်မှာ မမွေနှောက်တာလည်း ကြာပါပြီ။ ဒီနေ့ဘဲ ဟိုမွေ ဒီမွေနဲ့ Songza ဆိုတဲ့ ၀က်ဆိုဒ် သွားတွေ့တယ်။ သီချင်းများစုထားတဲ့ music search engine လေးတခုပေါ့။ သီချင်းတွေတော်တော် များများရှိပါတယ်။ အများဆုံးကတော့ အင်္ဂလိပ်သီချင်းတွေလို့ ဆိုရပါလိမ့်မယ်။ သီချင်း တော်တော် များများကိုလည်း youtube နဲ့လင့် ထားတာတွေ့ ရတယ်။

သီချင်းတွေကိုလည်း embed လုပ်ပြီး ကိုယ့်ဘလောက်မှာ ထည့်လို့ရတယ်။ သီချင်းတွေကို Download တော့လုပ်မရဘူးဗျ။

http://www.songza.com/

Most frequently searched keywords on Google Search

"Sex" ဆိုတဲ့ keyword ဟာ အီဂျစ်၊ အိန္ဒိယ နှင့် တူရဂီ နိုင်ငံတွေက Google search engines မှာ ရှာတဲ့ ထိပ်ဆုံးက keyword ဖြစ်တယ်တဲ့။

မက်စီကို၊ ဂျာမဏီ နဲ့ သြစတိလျ မှာတော့ "Hitler" ဆိုတဲ့ keyword ထိပ်ဆုံးက Google search engines မှာ ရှာတယ်တဲ့။

"Gay" ဆိုတဲ့ keyword ကိုတော့ ချီလီနိုင်ငံ ပြီးတော့ မက်စီကို နဲ့ ကိုလမ်ဘီယာ နိုင်ငံတွေက အများဆုံးရှာတဲ့ keyword ပါတဲ့။

Google search မှ တခြားသော keyword များ (in order from first to third place):

  • "Jihad"–Morocco, Indonesia, Pakistan
  • "Terrorism"–Pakistan, Philippines, Australia
  • "Hangover"–Ireland, United Kingdom, United States
  • "Burrito"–United States, Argentina, Canada
  • "Iraq"–United States, Australia, Canada
  • "Taliban"–Pakistan, Australia, Canada
  • "Tom Cruise"–Canada, United States, Australia
  • "Britney Spears"–Mexico, Venezuela, Canada
  • "Homosexual"–Philippines, Chile, Venezuela
  • "Love"–Philippines, Australia, United States
  • "Botox"–Australia, United States, United Kingdom
  • "Viagra"–Italy, United Kingdom, Germany
  • "David Beckham"–Venezuela, United Kingdom, Mexico
  • "Kate Moss"–Ireland, United Kingdom, Sweden
  • "Dolly Buster"–Czech Republic, Austria, Slovakia
  • "Car bomb"–Australia, United States, Canada
  • "Marijuana"–Canada, United States, Australia
  • "IAEA"–Austria, Pakistan, Iran
All the abovementioned data has been compiled from 2004 to the present retrievable on the "Google Trends" website.

http://www.techshout.com မှတဆင့်

ကျောပိုးအိတ်ထဲမှာ

သန့်ဇော်မင်း က စိုင်းစိုင်း အိတ်ထဲမှာ ဘာတွေရှိလဲတဲ့ဗျ။ ရေးပါဦးလို့သူ့ဘလောက်မှာ တက်ထားတယ်။ ဒါနဲ့ ..... ဒီပိုစ့်ကို ရေးဖြစ်သွားခြင်းပါ။

ကျနော့်ကျောပိုးအိတ် က နည်းနည်းကြီးသည်။ လိမ္မော်နှင့် အနက်စပ်ကြား Targus ဖြစ်ပြီး သွားလေရာ မပါမဖြစ်။ အိတ်အပြင်ဖက်မှာ Zip က ၅ ခုရှိသည်။ အိတ်အရှေ့မှာ ၃ ခု၊ ဘေးမှာ ၁ ခု၊ နောက်မှာ securtiy pocket ဆိုပြီး ရှိသေးသည်၊ နောက်က အိတ်ကိုတော့ မည်သူ့မှ မမြင်ပါ၊ ကျနော် လွယ်ထားခြင်းကြောင့်ဖြစ်သည်။ အိတ်ထဲတွင်လည်း အိတ် သေးသေး ကွေးကွေးလေးများ ထပ်ရှိနေသေးသည်။

ကျနော့်အိတ်ကို ပထမဦးဆုံး ဖွင့်ကြည့်မည်ဆို မြင်ရမှာတော့ ဘောပင် ၃ ချောင်း၊ cutter တခု၊ ခြေသည်းလက်သည်းညှက်၊ နားဂျက်၊ Mp3 ၊ ကဏန်းပေါင်းစက်၊ USB cable, Bluetooth divice, GPS များမြင်ရမှာပါ။

နောက်ထပ် Zip ကိုဖွင့်ကြည့်လိုက် မယ်ဆိုရင်၊ CD တွေစုထည့်ထားတဲ့ အိတ်၊ CD Marker pen, Planner, သွေးတိုင်းတာသည့် ကိရိယာနှင့် သွားတိုက်ဆေးသွားတိုက်တံ တွေရှိပါ လေရဲ့။ ညာဖက်ရှိ ဘေးဖက် Zip ကိုတော့ အမြဲသတိထားရသည်။ ထို Zip များပွင့်နေ လျှင် ကျနော့်ဘ၀ပျက်ပါပြီ။ ညာဖက် Zip ကိုဖွင့်၍ အတွင်းသို့ လက်လျှိုလိုက်လျှင် Notebook နှင့် ရစ်ပတ် ရှုပ်ထွေး နေသော ၀ါယာကြိုးနှင့် Adapter ထည့်ထားသည်။

နောက်ဖက်က Security pocket ဖြစ်သော အိတ်ထဲတွင် ကျနော်နှင့်ပတ်သက်သည့် အရေး ကြီးသည့်ဟု ဆိုရသော စာရွက်စာတမ်းအချို့ကို ထည့်ထားခြင်းဖြစ်လေသည်။ ဖယ်ဘက်ရှိ သေးငယ်သည့်အိတ်လေးတွင် မှတ်စုစာအုပ်နှင့် Dictionary ရှိပါလေရဲ့။

ကျောပိုးအိတ်၏ ညာဖက်ကြိုးပေါ်ရှိ ချိတ်ဆွဲ အိတ်သေးလေးတွင် iPAQ ကို မဆန့်တဆန့် ဖျစ်ညစ်သွပ်ထည့်ထားသည်။

ကျနော်အမြဲမေ့ကျန်လေ့ ရှိသည့် သော့တွဲများ မှာလည်း ကျနော့်အိတ်ထဲတွင် ကလစ်နှင့်ကြိုး တခါတည်းတွဲထားလိုက်သည်။ အဘယ်ကြောင့် ဆိုသော် ကျနော် သည် အင်မတန် မေ့လွန် ကဲ သူတယောက်ဖြစ်ကြောင့်တည်း။

မမမယ်လိုဒီမောင် အိတ်ထဲမှာ ဘာတွေများရှိလဲလို့ .... သွန်ချ ပေးပါဦးနော်...

My weekend

ဒီအပတ် weekend ကတော့ ကျနော့်အဖို့ သောက်သလွဲ ဖြစ်ယုံတင်မက တယ်ရင်းများပါ ခံစားသွားရတယ်။ ဖြစ်ပုံက သောကြာနေ့ည တယ်ရင်းတယောက် အော်စီက ပြန်လာတော့ ၀ီစကီ ၃ လုံး ၀ယ်လာတယ်။ ၁ လုံးတော့ သူ့ တယ်ရင်း နဲ့ သောက်လို့ကုန်သွားခဲ့ပြီတဲ့။ ကျန်တဲ့ ၂ လုံးကို ကျနော့်တို့ ၄ ယောက်လိုက်တာ လောက်တောင်မလောက်ဘူး။

ဝီကီကလည်း ၁၆ နှစ် ၂၁ နှစ် (သက်တမ်း) သောက်ရတာလည်း ကောင်းတယ်လေ။ ဒါကို မလောက်လို့ Black Label တစ်လုံး ထပ်သောက်လိုက်တယ်။ လူကို ပြန်လှန်သွားတာဘဲ။ ဒါကို ချစ်တယ်ရင်းတွေက တော်သေးဘူးတဲ့ဗျ။ မနိုင်ဘူး တကယ့် ကြွက်တွင်းတွေ။ အိမ်အပြန် လမ်းမှာ နောက်ထပ် Black Label တစ်လုံးထပ်ဝယ်ပြီး တယ်ရင်း အခန်းအောက် က ဆိုင်မှာ ထိုင်သောက်ကြတယ်။ မနက် ၃ နာရီခွဲသွားတယ်ထင်ပါရဲ့ပါ။ ၀ီစကီ ၄ပုံ ၃ ပုံလောက်ကုန် သွားတော့ အားလုံးလည်း Give up ဖြစ်ပြီး အိမ်ပြန်အိပ်ပါလေရဲ့။

မနက်က မိုးမလင်းသေးဘူး ဖုန်းကလည်း တကွမ်ကွမ်လာ။ သောက်မြင်ကပ်တာနဲ့ ဖုန်းပိတ်လိုက် တယ်။ ဖုန်းဖွင့်တော့ အား ခေါ်ထားလိုက်တဲ့ Call တွေ အများနည်းပါလား။ Call တွေကို ကြည့်တော့ အိုမိုင်ဂွတ် အဉ္စလီ ခေါ်ထားတဲ့ Call တွေက ၅ Call ။ တခြားလူတွေရဲ့ Call တွေကျန် သေးတယ်။

ကျနော် အဉ္စလီ ကို ဂတိတွေ ပေးထားတာ မေ့နေတာ။ သူက စနေနေ့မှာ ဘ၀ခရီး အခန်းမှာ တခုခုချက်ပြုတ် စားသောက်ဖို့ ခေါ်ထားတယ်လေ။ ကျနော်လည်း ဘ၀ခရီး အခန်းကို ခရီးဆက်ရတာပေါ့။ မိုးကလည်း ရွာ ရာသီဥတုက လည်းအေး၊ လူကလည်း အမူးမပြေသေးနဲ့ ဘ၀ခရီးအခန်းရောက်တော့ အဉ္စလီက နည်းနည်းကောင်းပြီး Galk ကနေ သူ့ညီနဲ့ပွား နေပေါ့ဗျာ။ ဘ၀ခရီးက တော့ မီးဖိုခန်းမှာ ဒုန်းဒုန်းဒိုင်းဒိုင်းနဲ့ချက်ပြုတ်နေ လေရဲ့။ ခွန်လင်း ချစ်သူ ဆိုတဲ့ လူက နည်းနည်းစသောက်နေပြီ အဉ္စလီနဲ့အတူ။

ခွန်လင်းချစ်သူက ခွက်ထဲ ရေခဲ နဲ့ ဘရမ်ဒီ ထည့်လိုက်တယ် ရော့သောက် စိုင်းစိုင်းတဲ့။ မိုးမိလာတဲ့ ကျနော်လည်း ဘရမ်ဒီ အေးအေးလေးကို တကြိုက်ထဲသောက်လိုက်တာ။ ပူထူ သွာ ပြီး မနေ့က မူးနေတဲ့ ၀ီစကီ အရှိန်တောင် လှန့်ပြီး ပြေးသွားတယ်။ ခွန်လင်းချစ်သူက တော့ သွားစရာရှိတယ်ဆိုပြီးလှစ်သွားတယ်။

နောက်တနာရီလောက် ကြာတော့ ဘရမ်ဒီ တလုံးလည်း ပုလင်းများ ပေါက်သလားလို့ ထင်ရအောင် ခမ်းသွားတယ်။ ဒါနဲ့ အဉ္စလီတို့ ဇတ်လမ်းက စပြီလေ။ ထမင်းစားမယ် လုပ်တော့ မစားဘူး အိမ်ထုပ်သွားပြီး သူ့အိမ်မှာ သွားစားမယ်တဲ့။ ဘ၀ခရီးရဲ့ အောင်မြင်တဲ့ ဖောင်းပြမှုကြောင့် မကြေမနပ်တဲ့ အဉ္စလီ ခမျာ ထမင်းစားချင် မစားချင်တဲ့နဲ့ စားတာ ၁ ပန်းကန် အမောက်ကြီး ကုန်ပါလေရော။

အဉ္စလီအိမ်ကို ချီတက်ကြပါလေရော။ အဉ္စလီက ဘရမ်ဒီထပ်ဝယ်လာတယ်။ ကျနော်တော့ မသောက်နိုင်တော့ဘူးလေ။ ကာလာအိုကေ ဆိုမယ်ပေါ့။ အဉ္စလီနဲ့ စိုင်းစိုင်း တို့ ကာလာ အိုကေ ဟစ်လိုက်တာ ဘ၀ခရီးတော့ ရေရေလည်လည် အီးအီးမှန်သွားတဲ့ မျက်နှာနဲ့ ထိုင်နား ထောင်နေရရှာတယ်။

အဉ္စလီ တို့ဟစ်တာက မျိုးကြီး၊ လေးဖြူတဲ့ အားပါးပါး.. လေးစား လောက်တယ်။ သိချင်ရင် ဘ၀ခရီးကို သာမေးကြည့်လိုက်တော့ဗျို့။ (ဟစ်တာနဲ့ ရစ်တာကို) ကျနော်တော့ မရေးတော့ ဘူး။ ကျနော်ရေးရင် သူတိုက်တဲ့ ဘရမ်ဒီ၊ သူအခန်းက ကာလာ အိုကေ သွားဆိုတဲ့ ကျနော် ကျေးဇူးကန်းရာရောက် သွားမှာဆိုးလို့ပါ..ဟဲ...ဟဲ... ရေးတော့ ဘူးနော် အကိုကြီးအင်... တော်ဘီ.. ချိတ်စိုးနဲ့နော် ချတာ.ချတာ..

Funny Keyboards

သုံးနေကျ ကီးဘုတ်တွေ သုံးရတာ ငြီးငွေ့ဖို့ကောင်းတယ်။ ကျနော့် ကွန်ပြူတာ လည်း ဒီလိုကီးဘုတ်တွေ နဲ့ဘဲ လိုက်ဖက်တယ်ထင်ပါရဲ့ အမြဲတန်း ဒီကီးတွေဘဲ နှိပ်နှိပ်နေရတယ်။ ဒါကြောင့် ဒီလိုကီးဘုတ်မျိုးကိုဘဲ တပ်ဖို့ စဉ်းစားလိုက်တယ်။ မကောင်းဘူးလားဗျာ။




စက္ကန့်နှင့် အမျှ ၀င်ငွေ တွက်ကြရအောင်

လစာ၊ ၀င်ငွေ တလ ဘယ်လောက်ရသလဲ လို့ရိုက်ထည့်ရုံနဲ့ တစက္ကန့်မှာ ပိုက်ပိုက် ဘယ်လောက် သလဲ လို့ သိချင်ရင် ဒီနေမှာ တွက်ချက်ကြည့်နိုင်ပါတယ်။
http://www.cashto.net/

စာမေးပွဲခန်း




မဖြစ်စလောက် passwords အကြောင်း တစေ့တစောင်း

ကျနော်တို့ ကွန်ပြူတာနဲ့ user အကောင့် တွေကို ပထမဦးဆုံး အကာအကွယ်ပေးတာက passwords ပဲလေ။ ကျနော်တို့ အများစုမှာ passwords ထည့်ရာမှာ များသောအားဖြင့် အဓိက သတိမထားမိတဲ့ အချက် ၂ ခု ပြုလုပ်တတ်တတ်ကြတယ်။

၁။ လွယ်လွယ်ကူကူနဲ့ မှတ်ရလွယ်တဲ့ passwords ပြုလုပ်လေ့ရှိတယ်။ (ကိုယ်နဲ့ပတ်သက်တဲ့ အချက်အလက်)
၂။ passwords များကို စာအုပ်၊ စာရွက် Microsoft word, Notepad မှာ ရိုက်ပြီး မြင်လွယ်တဲ့နေရာမှာ သိမ်းထားတတ်တဲ့အလေ့ရှိတယ်။

Hacker များဟာ password များကို ခန့်မှန်းပြီး (သို့) password-cracking software များ အသုံးပြုပြီး ကွန်ပြူတာများ၏ system ထဲကို ထိုးဖောက်ဝင် ရောက်လာ နိုင်ပါတယ်။ အဲဒီ password-cracking software က password ကို လွယ်ကူစွာ မရှာနိုင်အောင် password ကို mnemonics and numbers များကို အသုံးပြုသင့်ပါတယ်။

password သည်လည်း သော့ ပါဘဲ။ ကျနော်အိမ်မှာ လူရှိတဲ့ညအချိန် အိမ်တခါး၊ ပြူတင်း ပေါက်များအား သော့မခတ်ဘဲထားရင် စဉ်းစားကြည့်ပါ။ သူခိုးဝင်လို့ သူခိုးကနည်း တယ်လို့ တောင် ပြောသွားအုံးမယ်။ ဟုတ်ပြီ ဒါဆိုရင် ကျနော်တို့ အိမ်ကိုခတ်ထားတဲ့ သော့က ဘယ်လောက်ကောင်းလဲ။ ကျနော်တို့ကွန်ပြူတာကို သော့ကောင်းကောင်းခတ်နိုင်တဲ့ Creating strong passwords ကို ဤနေရာတွင်ဖတ်နိုင်ပါတယ်

လိပ်စာအသစ်နဲ့ ကြော်ငြာ

သူများတွေက အိမ်တွေပြောင်း နေကြတယ်။ ကျနော်မှာတခြား အိမ်တွေတော့ ရှိပါတယ်။ အဲဒီအိမ်တွေထဲမှာ ဘာမှ မရှိဘူးဖြစ်နေတယ်။ အိမ်ကတော်တော် ဟောင်းနေဘီဆိုတော့ ပြန်လည် မွန်းမံပြင်ဆင်ရမှာ အချိန်တွေလည်းကုန်အုံးမယ်လေ။ ဒါကြောင့် ကံကောင်းထောက်မစွာ နဲ့ဘဲ မမီက အိမ်လိပ်စာ အသစ်လုပ်ပေးမယ် ယူမလားတဲ့။ ဘာရမလဲ ယူမယ်ပေါ့ဗျာ။ ဒါနဲ့ ကျနော့် အိမ်လိပ်စာ အသစ် ကို http://saisai.myamarbloggers.org ဆိုပြီး ပြောင်းလိုက်ပါတယ်။ အိမ်လိပ်စာ အသစ် လုပ်ပေးတဲ့ မမီ ပိုက်ပိုက် အကုန်ကျခံပြီး ဒိုမိန်း ၀ယ်ထားတဲ့ ကိုပီကေ တို့ကိုလည်း ကျေးဇူးတင်ကြောင်းပါခင်ဗျာ။

ဒါက မမီ ဆီက Ctrl+C နှိပ်ပြီး Ctrl+V လုပ်ထားတာပါ။
စိတ်ဝင်စားတဲ့သူ မည်သူမဆို bloggers@myanmarbloggers.org ကို email ပို့ပြီးတော့ပဲ ဖြစ်ဖြစ် ကွန့်မန့်ထဲမှာ ၀င်ရေးပြီးတော့ ပဲဖြစ်ဖြစ် ကိုယ်နာမည် (nick name) ရယ်၊ ဘလော့လိပ်စာရယ်၊ လိုချင်တဲ့နာမည်ရယ် ကိုထည့်ရေး ပေးစေချင်ပါတယ်။ အခုလက်ရှိ subdomain အသစ်အနေနဲ့ ထည့်ပေးပြီးတဲ့ ဘလော့ဂါတွေကတော့
-ကိုတက်စ်လာ (tesla.myanmarbloggers.org)
-ဘာညာ (barnyarbarnyar.myanmarbloggers.org)
-နေဘုန်းလတ် (nayphonelatt.myanmarbloggers.org)
-တေဇာ (tayzar44.myanmarbloggers.org)
-ကဗျာလမ်း (modernpoemroad.myanmarbloggers.org)
-စိုင်းစိုင်း (saisai.myanmarbloggers.org)
-ပင့်ဂိုးလ် (cuttiepinkgold.myanmarbloggers.org) နဲ့
-မိုးလှိုင်ည (moehlaingnya.myanmarbloggers.org) တို့ဖြစ်ပါတယ်။


Good luck for your Pa Par

နက်ဖြန်ခါ မင်းပါးပါး နှလုံးခွဲစိတ် ကုသမယ်ဆိုတော့ မင်းစိတ်လှုပ်ရှားသလို ငါလည်း မင်းနဲ့ ထပ်တူထပ်မျှ လှုပ်ရှားမိပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် အားလုံး ကောင်းသွားမယ်လို့ ဆုတောင်းလိုက်တယ်။ စိတ်အေးအေးထား ပြီးနေပါ။ မင်းပါပါး နေကောင်းကျန်းမာသွားမှာပါ။ နေကောင်းကျန်းမာပါစေလို့.. SS

Checking PC properties using CPU-Z

ကွန်ပြူတာရဲ့ CPU, Cache, Mainboard, Memory အစရှိတဲ့ အမျိုးအစားများကို Check လုပ်မယ်ဆိုရင် CPU-Z ဆိုတဲ့ Freeware သုံးပြီး checking လုပ်နိုင်ပါတယ်။ သူ့ရဲ့ အရွယ်အစားက 1.13 MB ရှိပါတယ်။ ကျနော်စမ်းသုံးကြည့်တာ အိုကေ အဆင်ပြေတယ်ဗျာ။ CPU-Z ကိုသုံးရင်းနဲ့ screenshot လုပ်ပြီး တင်ထား လိုက်တယ်။


[Download]
http://www.cpuid.com/

Creating strong passwords

Password တည်ဆောက်ရာမှာ အခြေခံကျပြီး မှတ်သားရ လွယ်အောင် နည်းလမ်းကောင်း လေး စဉ်းစားထားတာပါ။
L,i,l,t =1
o,O=0
s,S =5,2
four, for, fore =4
two, to, too= 2
at, a=@
G,g=6, 9
ဥပမာ ။ Are you happy today? ကိုပြောင်းရေးမယ်ဆိုရင် Ru:-)2d?
When you say nothing at all ကိုပြောင်းရေးမယ်ဆိုရင် Wu5n9@A

You received this email because you are subscribed to the real_time feed for http://saisai.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.