Monday, September 29, 2008

[ဆောင်း] 25 New Entries: ဖွင့်ပွဲ

ဖွင့်ပွဲ


မင်္ဂလာအပေါင်းနဲ့ ပြည့်စုံနိုင်ကြပါစေရှင်။

ဒီကနေ့ ဟာ ကျမ ဘလော့နားထားတာ ၂လတိတိပြည့် လို့  ဘလော့ ပြန်စရေး တဲ့နေ့ ဖြစ်တာမိုလို့  ကျမရဲ့ မတတ်တခေါက်ရေးသမျှ ကို လာရောက် အားပေးသူ ဘလော့ကာမောင်နှမ အားလုံးကို ဖွင့်ပွဲ အခမ်းအနား လေးနဲ့  ကြိုဆိုပါရစေရှင်။

ငှက်ပျောသီးဆနွင်းမကင်းလေးပါရှင်။ ဓါတ်ပုံကို ကလစ်လုပ်ရင် ဆနွင်းမကင်း ကို အသေအချာမြင်ရမှာပါ။

ကျမ မချက်တတ်လို့  မေတ္တာရပ်ဝန်း က မလုလုမီးဖိုထဲ သွားချောင်းတယ် ။ ချက်နည်းကို မတွေ့  ဘူး ။ ဒါနဲ့  စားပါဆိုတဲ့ ဆိုဒ်မှာ ရွှေကြည် ဆနွင်းမကင်းတွေ့ တော့ အဲဒါကိုဘဲ နည်းယူ ချက်လိုက်ပါတယ်။

ငှက်ပျောသီး ၅လုံး (နုပ်နုပ်စင်းထားပါ. ယူကေမှာကတော့ ရခိုင်ငှက်ပျောသီးအမျိုးအစားဘဲ ရပါတယ်။)
ကြက်ဥ ၃လုံး (ခေါက်ထားပါ)
အုန်းနို့  ၀.၅ လီတာ သံဗူး တစ် ဗူး
သကြား မတ်ခွက် တ၀က်
ရွှေကြည် မတ်ခွက် ၄ပုံသုံးပုံ (မက်ခွက်တခွက်ထဲ့တော့ ငှက်ပျောသီးအရသာပျောက် သွားတယ်)
ထောပတ် ၂လက်မ . ၃လက်မ. ၁လက်မ အထူ အခဲ
ရေ မတ်ခွက် ၁ခွက်ခွဲ
ဆား လက်ဘက်ရည်ဇွန်းသေး၁ဇွန်း (ဆားပေါ်မူတည်ပြီး မှန်းထည့်ပါနော် တချို့ ဆားတွေက အငံပေါ့ပြီး တချို့ က အရမ်းငံပါတယ်)

အပေါ်ဖြူးရန် အဆင်အပြင်
ပန်းသီးခြောက်
စပျစ်သီးအနီ အစိမ်း
သီဟိုစေ့ အနည်းငယ်

ပထမ ထောပတ်နဲ့  ရွှေကြည်ကို နီညိုရောင်သန်းတဲ့အထိ လှော်ပေးပါတယ်။ နွားနို့ မရှိတော့ ရေဘဲ ထည့် ပါတယ်။ ကြက်ဥ ခေါက်ထားတာရော သကြားရော၊ ဆားရော၊ ငှက်ပျောသီးရော၊ အုန်းနို့  လက်၂လုံး လောက်ချန်ပြီး ကျန်တာ အကုန် အိုးထဲထည့်ပြီး မွှေလိုက်ပါတယ်။ သကြားကတော့ အချိုမကြိုက်လို့  မတ်ခွက်တ၀က်တောင် မထည့်ပါဘူး။ မကြာမကြာ မွှေပေးပါတယ်။

ဆနွင်းမကင်းကို ခပ်ပျော့ပျော့ကြိုက်လို့  မာတယ်ထင်လို့  ရေနဲနဲ ထပ်ထည့်ပါတယ်။ ရေလည်းခမ်း ရွှေကြည် လည်း ခပ်ပျစ်ပျစ်ဖြစ်လာတော့ ဗန်းထဲမှာ ကိတ်မုန့် ဖုတ်ရင်သုံးတဲ့ စက္ကူခင်းလိုက်ပါတယ်။ ရွှေကြည်ကို ခပ်ခဲခဲဖြစ်အောင် ဗန်းထဲမှာ ဖိသိပ်လိုက်ပြီး မျက်နှာပြင်ကို ညှိလိုက်ပါတယ်။ ဘိန်းစေ့လည်းမရှိ တော့ လက်၂လုံး ချန်ထားတဲ့ အုန်းနို့ ကို ဘဲ အပေါ်က တ၀က်လောင်းပြီး အိုဗင်ထဲမှာ အမြင့်ဆုံးအပူရှိန်၂၃၀ နဲ့  ၇မိနစ်လောက် ဖုတ်လိုက်ပါတယ်။ ပြီး လက်ကျန်အုန်းနို့ ကို ထပ်လောင်းပြီး မီးအပူရှိန် နံပါတ် ၁၀၀နဲ့  ၁၀မိနစ် ထားပြီး မီးပိတ်လိုက်ပါတယ်။

ဆနွင်းမကင်းအေးသွားတော့ စိပ်ပြီး ပုဂံထဲထဲ့ပါတယ်။ အမြင်မှာ မလှတော့ အပေါ်ကနေ ပန်းသီးခြောက် သီဟိုစေ့ အလှတင်လိုက်ပါတယ်။ ပုဂံက ဖြူဖြူ ဆနွင်းမကင်းက ဖြူဖြူ ပန်းသီးကဖြူဖြူ ဆိုတော့ လှသွားအောင် စပျစ်သီး အနီနဲ့  အစိမ်းရောင်ကို ထက်ခြမ်းခြမ်းပြီး ဆနွင်မကင်းကြားထဲမှာ ထည့်လိုက် ပါတယ်။ ဆနွင်းမကင်း အလယ်မှာ အကွင်းလိုက် ဟာနေတော့ လှသွားအောင် စပျစ်သီးအနီကို ဒေါင်လိုက် ၈စိတ်စိတ် လိုက်ပါတယ်။ ထိပ်ဘက်ကို ချန်ပြီးစိတ်လိုက်တော့ ပန်းပွင့်လေးလို ဖြစ်သွားတာပေါ့။ ဆနွင်းမကင်းအလယ်မှာ စပျစ်သီးအနီတစ်လုံးကို ဒေါင်လိုက်ထည့် အဲဒီအပေါ်က စပျစ်သီးပန်းပွင့် ကိုတင်ပါတယ်။ ပိုလှသွားအောင် အစိမ်းရောင် စပျစ်သီးကို ပန်းဝတ်ဆံလို ဖြတ်ပြီး ပန်းပွင့်ပုံပေါ်က တင်ပေးလိုက်ပါတယ်။

ပြောရပါအုန်းမယ် ထမင်းဗူး ၁ဗူးအပြည့်နဲ့ အဲဒီပုဂံမျိုး၂ပုဂံပါ ထပ်ရပါတယ်။

ကျေးဇူးတင်ပါတယ်ရှင်။ မနက်ဖြန်မှာ ပို့ စ်တခုစပြီး တင်ပါတော့မယ်။

ဒီနေ့ တော့ ဖွင့်ပွဲအတွက် သုံးဆောင်ကြပါအုန်း နော်။

ဆောင်း

အင်္ဂလန်-ဖြစ်ရပ်မှန် - ကံကြမ္မာ- အပိုင်း ၈


ကံကြမ္မာ- ၈

(အမှာစကား။ ။ပထမတုန်းကတော့ အပိုင်း၈ကို ပြန်ပြင်ရေးမလို့ ပါဘဲ။ အခုတော့ ဘလော့မနားလို့ မဖြစ်တော့်တာနဲ့  ပြန် ပြင် ရေးဖို့  မကြိုးစားတော့ပါဘူး။ တချိန်လုံး စီဘောက်ကို ကြည့်မိနေပြီး ဘာမှ မလုပ်ဖြစ်တဲ့အတွက် ကြောင့်ပါ။ ၂လလောက် ခဏလေး ဘလော့နားဖို့ ဆုံးဖြတ်ရတာ တကယ်တမ်း မလွယ်လှပါဘူး။ နောက် ၂လ ကြာရင် ပြန်ပေါ်လာဖို့ ကြိုးစားရအုန်းမှာပါ။ ပြောချင်တာလေးများရှိရင် တော့ saundoo@gmail.com ကို ဆက်သွယ်နိုင်ကြပါတယ်။ မောင်နှမများ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။ ကျေးဇူးတင်စွာဖြင့် - ဆောင်း)

(ဘာသာပြန်တချို့  မြန်မာမှု့ ပြုမှု့ တချို့ ဖြင့် မူရင်းကို ပြင်ထားပါသည်။ ဘာသာပြန်သူ - ဆောင်း
စာလုံးပေါင်းနှင့် ၀ါကျအထားအသို ပြုပြင် ကူညီပေးသော ကိုရင်ညိန်းအား ကျေးဇူးတင်ရှိ ပါကြောင်း)


အမေနေတဲ့ မော်လူဗွီးလူအိုရုံ Mauville House ဟာ ပင်လယ်ကမ်းခြေနားတွင် တည်ဆောက်ထားပါသည်။ များသောအားဖြင့် ထိုလူအိုရုံတွင်ရှိသော လူနာများမှာ အမေခံစားနေရသလို အတိတ်မေ့ဝေဒနာများ ခံစား နေကြရပါတယ်။

ကျွန်တော် တို့ ရောက်သွားတဲ့ အချိန်မှာ လူအိုရုံမှ မန်နေဂျာက အမေဆီ ခေါ်သွားပေးပါတယ် ။ လက်ကိုင် ကုလားထိုင်ပေါ်မှာ ထိုင်နေတဲ့ ပိန်လှီသေးငယ်လှသည့် ၊ဆံပင်ဖြူများသာရှိသော အဖွားကြီးတစ်ယောက်....


ရိုစ်ရေ. ခင်များကို ဧည့်သည်တွေ က တွေ့ ချင်လို့ တဲ့။

ကျွန်တော့် ယောက်ဖက အမေ့အား

အမေ နေကောင်းလား၊ ဒီမှာ ဒေးဗစ် က အမေ့ကို တွေ့ ချင်လို့ လိုက်လာတယ် လို့ ပြောပါသည်။

အမေက ကျနော့်အားေ၀၀ါးနေသော မျက်လုံးအစုံဖြင့် စိုက်ကြည့်နေပါသည်။ အမေ ပြန်ပြောသည်မှာ..

ဦးလေး နေကောင်းလား ဘယ်တုန်းက ရောက်သလဲ... တဲ့

ကျွန်တော်တုန်လှုပ်သွားခဲ့ပါတယ်။ အမေ့ကို ကြည့်ပြီး အရမ်းလည်း ၀မ်းနည်းမိပါတယ်။ ဘယ်လို ပြန်ပြောရမှန်း တောင် မသိတော့ပါ။ အမေအတွက် လည်း စိတ်မကောင်း သလို အမေ ကျွန်တော့် အား မသိတော့ခြင်းကို လည်း စိတ်မကောင်း ဖြစ်ရပါတယ်။ ပိုပြီးစိတ်မကောင်းရတာက အမေက စိတ်မူမမှန် တော့တာကို ပါဘဲ။

ဘဲဥအစ ရှာမရသလို အစအန ပျောက်နေတဲ့ ကျွန်တော့်ရဲ့ အတိတ်ဘ၀ကို မလျော့တဲ့ ဇွဲလုံ့လနဲ့ နှစ်ပေါင်း ၆၀ ကျော် လိုက်ရှာပြီး ပြန်တွေ့ရတဲ့ အချိန်လေးမှာ အမေ ကျွန်တော့်ကို မသိတော့တာ ဟာ အရမ်းဝမ်းနည်းဖို့ ကောင်းပါတယ် ။

အမေ အမေ.. အမေကိုယ်တိုင်မွေးခဲ့ပြီး တစ်လပဲ ယုယခဲ့ရတဲ့ ကျွန်တော့် ကို လုံးဝ မသိတော့ခြင်းပါ။ ကျွန်တော် အမျှော်လင့်ကြီး မျှော်လင့်ခဲ့ရတဲ့
အမေ့မေတ္တာတွေ ... သားဆိုတဲ့ အမေ့ရဲ့ အသံချိုချို ကို ကြားချင်ခဲ့တာတွေ အခုတော့...အနစ်၆၀ဆိုတဲ့ အချိန် ကာလ ကြောင့် မျှော်လင့်ချက်တွေ လုံးဝ ပျက်သုန်း သွားပါပြီ။ အမေ့ရဲ့ သား တစ်ယောက် အဖြစ် အသိအမှတ်ပြု မခံရသော ကျွန်တော်....အမေ မသိသော သူစိမ်းတယောက် ဖြစ်နေတဲ့ ကျွန်တော်....

ကံကြမ္မာ ကြီးဟာ အလွန်ဆိုးဝါးလှ ပါတယ်။ ရက်စက်လွန်းပါတယ်။


ဆွေမျိုးတွေကင်းမဲ့နေတဲ့ ဒီအခန်းထဲက ကုလားထိုင်ကြီးပေါ်မှာထိုင်နေတဲ့ ၊ ပိန်ကပ်သေးကွေးကျုံလီနေတဲ့ အဖွားအိုကြီးရဲ့ ဘ၀ ကို ကြည့်ပြီး

ကျွန်တော် ဘာမှ ထပ်မပြောလိုတော့ ပါ။ အမေဘေးမှာ ကျွန်တော် ထိုင်ချလိုက်ပြီး အမေနှင့် ရာသီဥတု အကြောင်း များ ထွေရာလေးပါး စကားများကိုသာ ရေပက်မ၀င် ပြောခဲ့ကြပါသည်။

ဒီလိုနဲ့ အမေ့ကို စတီးဝပ်ဆိုသော နံမည်နှင့်ပတ်သက်၍ အမေ့တွင် မည်သို့ အဓိပါယ်ဆောင်သလဲ ဟု မေးကြည့်ပါသည်။ အမေကတော့ မျက်လုံးကလယ်ကလယ်နှင့် ပြန်ကြည့်နေပါသည်။

ကျွန်တော့် ရဲ့ ၄၆နစ်ကြာရှာဖွေ ခရီးစဉ်ဟာ အခုတော့ အရာ မ၀င်တော့ပါဘူး။ ကျွန်တော့် အသက် ၆၀ကျော် အထိ ရှာဖွေမျှော်လင့်ခဲ့ရတဲ့ မျှော်လင့်ချက် ရောင်ခြည်လေးဟာ ငြိမ်းသက်သွားပါပြီ....

အမေတယောက် ကျွန်တော် ကို ပြန်တွေ့ ဖို့  မျှော်လင့်ရင်းနဲ့  သား လို့ တောင် မသိနိုင်တော့ လောက်အောင် ..........

ကျွန်တော့်အတွက် လည်း ဘ၀တလျှောက်လုံး ရှာဖွေခဲ့ရတဲ့ မိခင် ဖခင် တို့ ကို အမေ အဖေလို့ မှ ခေါ်ခွင့် မရ နိုင်လောက် အောင်......


ကံကြမ္မာ ရယ် လှည့်စားလွန်း ရက်စက်လွန်းလှ ပါတယ်.....

ပြန်ကာနီး အမေ့ကိုနှုတ်ဆက် အနမ်းပေးခဲ့ပါတယ် ။ ကျွန်တော်တွေးမိပါတယ် ကျွန်တော့ကို မစွန့်လွှတ်ခင် အမေရော ကျွန်တော့်ကို နှုတ်ဆက်အနမ်း ပေးခဲ့မှာပဲလို့ .. ။ အမေကရော ကျွန်တော့်ကို စွန့်ပစ်ပြီးတဲ့နောက် အနှစ် ၆၀ အတွင်းမှာရော ကျွန်တော့်ကို နှတ်ဆက် အနမ်းလေး ပေးခဲ့မှာပါဘဲလေ..... အဲဒီနောက်ပိုင်း အမေကရော ကျွန်တော့် ကို သတိရနေသေးရဲ့လား....

အိမ်အပြန်လမ်းတလျောက်လုံး အမေနှင့်ပတ်သက်ပြီး အရမ်းဝမ်းနည်း ရပါတယ်။ ကျွန်တော့် ရင်ထဲ မှာတော့ ကျွန်တော့်ကို စွန့်ပစ်ခဲ့တဲ့ မိခင်ရင်းကို တွေ့အောင်ကြိုးစားခြင်းဟာဖြင့် ကျွန်တော့်ကို လူလားမြောက်လာ အောင် ၊ သားအရင်းလို ရင်နင့်အောင် အချစ်ပိုခဲ့ကြသော မွေးစားမိဘ၂ပါးအား စော်ကားသလိုဖြစ်နေပြီလား လို့တောင် တွေးပြီးစိတ်မကောင်း ဖြစ်မိပါတယ် ။ မွေးမိခင်အမေကတော့ ကျွန်တော့် ကို နေစရာ အိမ်မပေး အကြင်နာမပေး၊ အချစ်မပေး ဘာဆို ဘာမျှ မပေးခဲ့ပါ။ တကယ်လို့ ကျွန်တော် သာ မွေးမိဘများနှင့် ကြီးပြင်း လာခဲ့မည် ဆိုလျှင်... ဘာဖြစ်လာမလဲ။ ကျွန်တော် နေခဲ့ရသော လက်လုပ်လက်စား ဘ၀မျိုးနဲ့ မဟုတ်ဘဲ အဆင့်မြင့်မြင့်နဲ့ နေခဲ့ရမလား သို့ လောသို့  လောဖြင့် အဖြေရှာမရ ဖြစ်ခဲ့ရပါတယ် ။

နောက်ပိုင်းမှာ ကျွန်တော် တို့ ညီအစ်ကို မကြာခဏ ဖုန်းပြောဖြစ်ကြသလို လူချင်းလည်း တွေ့ ဆုံကြပါတယ်။ ကျွန်တော့် ညီက ကျွန်တော့် ကို စာရေးဆရာလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ် ။

ညီလေးပြောပြလို့ အမေဟာ အဖေ့လက်အောက်မှာ အထိန်းအကွပ်နဲ့ နေခဲ့ရတာကို သိခဲ့ရပါတယ် ။ အဖေဟာ ကြင်နာတတ်တဲ့သူ ဖြစ်ပေမယ့် တစ်ခါတစ်ခါ အရက်မူးပြီးရမ်းကားတတ်ပါတယ် ။ ညီလေးဟာ ကလေးဘ၀မှာ အဆင့်မြင့်မြင့် နေခဲ့ရပေမယ့် မိဘမေတ္တာကို ကောင်းကောင်းမရခဲ့ပါဘူး ။ ကျွန်တော့်မှာသာ ချို့တဲ့သော မွေးစားမိဘတွေရဲ့ အကြင်နာ အယုအယတွေနဲ့ နွေးထွေးတဲ့ ကလေးဘ၀မှာ ကြီးပြင်းခဲ့ရတာပါ ။


အမေ ဟာ ၂၀၀၃ ခုနှစ် ဒီဇင်ဘာမှာ ဆုံးပါးသွားခဲ့ပါတယ် ။

အမေ့အသုဘကို ကျွန်တော် လိုက်ပို့တော့ ကျွန်တော် ဘယ်လို ခံစား ရမယ်လို့ ထင်ပါသလဲ။ ကျွန်တော် ကိုယ်တိုင် မဝေခွဲနိုင်ခဲ့ပါ။ အမေ့အတွက် အမေ့ ဆွေမျိုးများ အမေ့အကြောင်းကို အတွင်းကျကျ သိသူများသာ အမေ့အတွက် ၀မ်းနည်းပေးကြပါတယ် ။

ကျွန်တော့်ကျမှ ဘာလို့ အခုလိုမတူညီတဲ့ မိသားစုမှာလာပြီးကြီးပြင်းခဲ့ရတာလဲ ၊ ဖြစ်နိုင်ရင် အမေရဲ့ဒုက္ခတွေကို အမေ့ဆီကနေ ဆွဲထုတ်ယူပစ်လိုက်ချင်တယ် ။ အဖေနဲ့ အမေဟာ ညီလေး အီရဲန်ကို မွေးပြီးတဲ့နောက် ကလေး ထပ်မရနိုင်တော့တာကြောင့် အီရဲန်အတွက် ကစားဖော်ရအောင် မွေးစားဖို့ကြိုးစားကြပေမယ့် အဆင်မပြေ ခဲ့ပါဘူး ။

ဒါဖြင့်ရင် ကျွန်တော့်ကို ဘာလို့ ပြန်မရှာခဲ့ ပါသလဲ။ ကျွန်တော့်ကို အဝေးကို စွန့် ပစ်ခဲ့ ပြီး ကွက်လပ်တစ်ခု လိုလုပ်ခဲ့ကြတယ်။ သူတို့ အနေနဲ့ ဘာ့ကြောင့်များ လွတ်နေတဲ့ ကွက်လပ်လေးကို မဖြည့်ခဲ့ကြတာလဲ ။ မေ့ထားရက် ကြသလား။ အသေချာပြန်ပြီး စဉ်းစားမိပါတယ်။ သားသမီးရှိတဲ့ ကျွန်တော်လည်း မိဘ တဦးဖြစ်နေတော့ ကျွန်တော့် မိဘတွေလည်း ကျွန်တော့်ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့မှာပဲလို့ ထင်ပါတယ်။

ကျွန်တော် ငယ်ငယ်တုန်းက ကျွန်တော့မွေးစားမိဘ အိမ်မှာ အတူနေတဲ့ ကက်သရင်း (Kathleen) ရဲ့ ပြောပြဘူးတာလေး ပြန်သတိရပါတယ်။ ကျွန်တော့် မွေးနေ့ တနှစ်ပြည့် ချိန်မှာ ပို့ စ်ကဒ်တခု မွေးစားအမေ ဆီ ရောက် လာပါတယ် ။ မွေးစားအမေက ဖတ်ပြီး အဲဒီပို့စ်ကဒ်ကို အစိတ်စိတ် အမွှာမွှာ ဖြစ်အောင် ဆွဲစုတ်ခဲ့တဲ့ အပြင် မီးရှို့  ခဲ့တယ်လို့  သိရ ပါတယ်။

ထိုအကြောင်းလေးတွေကို ပြန်ဆက်စပ် မှ မွေးအမေရင်း ဆီကပို့လိုက်တဲ့ ပို့ စကဒ်ဖြစ်နိုင်မယ်လို့  စဉ်းစား မိပါတယ် ။ ဒါဆို အမေ ကျွန်တော့်ကို ပြန်တွေ့ ဖို့ ကြိုးစားခဲ့တာ သေချာလောက်ပါတယ်။

မွေးအမေ က ဆက်သွယ်ချင်ပေမယ့်လည်း မွေးစားအမေက ကျွန်တော် သူတို့အပေါ် အချစ်ပေါ့ သွားမှာကို စိုးရိမ် နေတာကြောင့်သာ အဆက်သွယ် ဖြတ်တာဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ် မွေးစားအမေ အနေနဲ့ တစ်ဦးတည်း သော သားအရင်းလို သူမချစ်ရလွန်းတဲ့ ကျွန်တော့်ကို အမေအရင်းဆီ ပြန်မပေးနိုင်တာကြောင့် ကျွန်တော်တို့ အခုလိုကွဲကွာခဲ့ရတာဖြစ်မယ် တွေးတော မိပါတယ် ။

မွေးစားအမေကိုလည်း အပြစ် မတင်ရက်ပါ။ ကျွန်တော့် ကိုယ်ကျွန်တော် မွေးစားသားမှန်းသိသွားလို့ အမေ ၀မ်းပမ်းတနည်း ငိုတာကိုကျွန်တော် အသိဆုံးပါ ။

ငွေကြေးချမ်းသာပြီး မေတ္တာချို့ တဲ့ တဲ့ မွေးမိဘ နဲ့ဝေးပြီး ငွေကြေးချို့တဲ့သော်လည်း ချစ်ခြင်း မေတ္တာ ကြီးမား လှတဲ့ မွေးစားမိဘများ ရင်ခွင်အောက်မှာ အကြင်နာတွေနဲ့ ခြံရံပြီး နွေးနွေးထွေးထွေး ကြီးပြင်းလာခဲ့ရသည့် ကျွန်တော် ............မွေးအမေက သားလို့  အခေါ်မရတဲ့ ကျွန်တော်...

မွေးအမေ့ခမျာ မှာလည်း သူ စွန့် ခဲ့မိတဲ့ သားကို အသက်ဆုံးသည့်တိုင် ပြန်မတွေ့ ခဲ့ရပါဘူး။ သား တယောက်လုံး သူ့ ရှေ့ မှာ ရောက်နေပေမဲ့ လည်း သားမှန်းမသိခဲ့ရပါဘူး။ ......

ကျွေးမိဘ တွေဟာလည်း ၀မ်းနဲ့ မလွယ်ရပေမဲ့ စကားနားထောင်တဲ့ သိတတ်လိမ်္မာတဲ့ သားမွေးရလို့  ကျေနပ်ကြပေမဲ့ သူတို့ ရဲ့ တကိုယ်ကောင်းဆန်ခဲ့တာကို အပြစ်ပြောရမလား.....

မွေးအမေဆီက သားသမီးအပေါ်ထားတဲ့ မေတ္တာကို မရခဲ့ဘဲ ကျွေးအမေရဲ့ မေတ္တာကိုသာရခဲ့တဲ့ ကျွန်တော့် အနေနဲ့ ကတော့ကံကြမ္မာကိုသာ အပြစ်ပုံချရ မလား ကျေးဇူးတင်ရမလား မပြောတတ် တော့ ပါဘူး။

အမေ့အသုဘကနေ အိမ်အပြန်လမ်း တစ်လျှောက်လုံး ကျွန်တော့်ရဲ့အတွေးထဲမှာ
ကျွန်တော်အကြောင်း... မွေးမိဘအကြောင်း ... ကျွေးမိဘအကြောင်း .... အကြောင်း မြောက်မြားစွာ ကို တွေးရင်း....တွေးရင်း....

ကံကြမ္မာ ဟာ ဆန်းကြယ်လွန်းလှပါတယ်။

ကျွန်တော့် လိုမျိုး အဖြစ်တွေဟာ ကမ္ဘာတ၀ှမ်းလုံးမှာ ရှိနေနိုင်မှာဘဲလို့ တွေးရင်း ချစ်ခင်သူတွေ အားလုံး ပြန်လည် တွေ့ ဆုံပါစေ...။

ကံကြမ္မာကြီးရဲ့လှည့်စားမှု့ အောက်မှာ အရာအားလုံး အကောင်းဆုံးသာ ဖြစ်ပါစေလို့  ဆုတောင်းမိ ပါတော့ တယ်။

ဒေးဗစ်

စိတ်ရှည်ရှည်ထားပြီး ဖတ်ရှု့ပေးတာကို ကျေးဇူးတင်ပါတယ်။


အင်္ဂလန်-ဖြစ်ရပ်မှန် - ကံကြမ္မာ- အပိုင်း 1
အင်္ဂလန်-ဖြစ်ရပ်မှန် - ကံကြမ္မာ- အပိုင်း 2
အင်္ဂလန်-ဖြစ်ရပ်မှန် - ကံကြမ္မာ- အပိုင်း 3
အင်္ဂလန်-ဖြစ်ရပ်မှန် - ကံကြမ္မာ- အပိုင်း 4
အင်္ဂလန်-ဖြစ်ရပ်မှန် - ကံကြမ္မာ- အပိုင်း 5
အင်္ဂလန်-ဖြစ်ရပ်မှန် - ကံကြမ္မာ- အပိုင်း 6
အင်္ဂလန်-ဖြစ်ရပ်မှန် - ကံကြမ္မာ- အပိုင်း 7


Ref; Dailymail, UK. Extracted by Mandy Francis from Complete Surrender by Dave Sharp, to be published by Blake Publishing on July 19 at £17.99. © 2008, Dave Sharp. To order a copy for £16.19 (P&P free), call 0845 606 4206.

Poem - 3 Seconds


မူရင်း - မင်းကျန်စစ်ရဲ့ ကဗျာ

၃ စက္ကန့် 

ချစ်ရတဲ့သူ ကိုယ့်ချစ်သူ
မသပ်ရပ်တဲ့ ကိုယ့်ကို ဆူ
ခေတ်ဟောင်းတွေးတွေ ပြောင်းဖို့ တမူ
ရက်ပ်ပါ ၀တ်တာ ကိုယ်နဲ့ တူ...

ချစ်မိတဲ့သူ မောင့်သဲဖြူ
ချစ်ကြောင်းထပ်လို့  နားဝေအူ
နားနားကပ်လို့ ပြောချင်သူ
ခွင့်လွှတ်စမ်းပါ့ မောင့်ချစ်သူ....

နံပါတ်များတဲ့ ကိုယ့်လိုလူု
ပွေတယ် ထင်လို့ တွေးကာမူ
လက်တွေ့ ကျမှ သိမယ်သူ
အပိုမဟုတ်ပါ ချစ်သင့်သူ...

ကိုယ့်ကိုယှဉ်ဖို့ ကြိုးစားဟူ
ရည်းစားများကာ ထောင်ချီမူ
မောင့်ရင်ကွဲမယ် ချစ်တဲ့သူ
မောင့်တယောက်ထဲသာ ချစ်စေမူ.....

ကိုယ့်ရင်ခွဲ လို့ ပြမဲ့သူ
နှလုံးသားထဲမှာ သူမင်းမူ
စောင့်ခိုင်းရက်လား ချစ်တဲ့သူ
ဆွေးမှ ပျော်လား ချစ်တဲ့သူ............

ကိုယ့်ရဲ့ချစ်သူ မောင့်သဲအူ
၃နစ်ကိုလည်း လျော့ကာယူ
၃မိနစ်တောင် အလွန် ထင်သူ
၃စက္ကန့် နဲ့ ဆစ်လိုသူ။

စာစုရေးသူ - ဆောင်း


မူရင်းကဗျာ ကတော့....

Friday, June 27, 2008

သူမနဲ့ အဟောင်းများ

ချစ်သူ !
ခေတ်ရေစီးအလိုက် ဖို့ရို့ဖားယားဝတ်တတ်တဲ့ငါ့ကို
မျက်လုံးအဟောင်းကြီးနဲ့ကြည့်ပြီး
လမ်းသရဲလို့ မတင်စားလိုက်ပါနဲ့
ရက်ပ်ပါတိုင်း ဒီလိုဝတ်တတ်ကြတယ်လေ။

လူတွေ့တိုင်းချစ်စကားအမြဲလိုက်ပြောတတ်တဲ့ငါ့ကို
နားအဟောင်းကြီးနဲ့ နားထောင်ပြီး
နှောင့်ယှက်တယ်လို့ မသတ်မှတ်လိုက်ပါနဲ့
မတွေ့ပဲပြောနိုင်မယ့် ဖုန်းနံပါတ်မှ မပေးပဲ။

အရင်က ရည်းစားများခဲ့ရတဲ့ ငါ့အချစ်ကို
အတွေးဟောင်းတွေနဲ့ တွေးပြီး
ပွေတယ်လို့ မစွပ်စွဲလိုက်ပါနဲ့
စမ်းသပ်မှုတွေပြီးမှ ကုန်ပစ္စည်းထွက်တာလေ။

ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက်ဆိုတဲ့
ဆိုရိုးအဟောင်းကြီးကို လိုက်နာပြီး
ငါ့အပြင်တခြားလူမထားလိုက်ပါနဲ့
ဆရာဝန်ကမှာထားတာ ငါ့မှာအူတိုရောဂါရှိတယ်တဲ့။

မင်းရင်ထဲမှာ ငါရှိနေရက်နဲ့
အစဉ်အလာဟောင်းကြီးတွေ နားယောင်ပြီး
သုံးနှစ်သုံးမိုးတော့ မစောင့်ခိုင်းလိုက်ပါနဲ့
အူဝဲတောင်မှ သုံးမိနစ်ပဲစောင့် တဲ့ … wink

ရေးသူ - မင်းကျန်စစ်


မှတ်ချက်။ ။

ကျမ ကဗျာ မရေးတတ်ပါ။ သို့ သော် နဲနဲ ဖတ်ကောင်းအောင် သာ ကလိ တတ်ပါသည်။ ယခုလည်း ကျမဆီ လာလည်သော ကိုမင်းကျန်စစ်ဆီသို့ အလည်သွားရင်း တွေ့ ရသော သူ့ အတွေးလေးများကို နဲနဲ ပြောင်း မိပါသည်။

(ကျမဆီကို စိတ်ဆိုးမာန်ဆိုးနဲ့  ပုဆိုးစွန်တောင်ဆွဲ လိုက်လာမလား မသိဘူး။ ကျမက လည်း မမှတ်သေး ဘူးရှင့် ... )

(နိုးနိုးအတွက် ရေးပေးဖို့ လိုက်ကြည့်ပါတယ်။ ဆောင်းက ကဗျာ မရေးတတ်တော့ သူများရေးထားတာ ကိုမှ ဘဲ ပြောင်းရေးနိုင်လို့ ပါ။ ရေးထားတာတွေ လိုက်ဖတ်ပါရစေအုန်း။ တွေ့ ခဲ့ရင် ပြောင်းပေးပါမယ်နော်)

ကြောက်ပါတယ် ဆိုနေမှဘဲ အမှတ်၂

ကိုရင်နော်ရဲ့ စက်ကူ (စက္ကူ) သို့ မဟုတ် စစ်ကူ

ဟော့ဒီမှာ လင့်

အမှတ် ၂


ကိုဗာဘိုရဲ့ နှတ်သီးကောက်
ဂဠုန် မိုလို့ ခပ်မောက်မောက်။

အားကောင်းမောင်းသန် တစ်ခလောက်
အပြေးသန်တာ ကွေ့ ကွေ့ ကောက်။

မယုံရပါ ဒီတစ်ယောက်
ကိုရင်ကွ တာ ဖော်တာကြောင့်။

မှတ်သားပါ့မယ် သေချာသလောက်
အပြေးသန်လို့  ဆုချိတ်လောက်။

ဘုတ်အုပ်ထဲမှာ တို့ ကာထောက်
မင်ကုန်သွားပြီ မျဉ်းပိတ်လောက်။



(ဒီမှာတင် ပွဲရပ်လိုက်ပါတယ်။ မျဉ်းပိတ်ပြီး ပြီ မို လို့  ရေးသားသမျှ နိဂုံးချုပ်လိုက်ပါတယ်။ စာဖတ်သူ မောင်နှမ များ အားလုံး စိတ်နှလုံး အေးချမ်း ပျော်ရွှင်နိုင်ကြပါစေ။ )



အမှတ် ၁

ကိုဗာဘို က စစ်ကူတမာန်
ရှေ့ တန်းမထွက် နောက်ထွက်ပြန်။

ကိုရင်နော်တို့  ကြိမ်းမောင်းသံ (ကိုရင်နော်နှင့်စစ်ကူများ)
ယောက်ျားဘာသ မာန်သွေးပြန်။

သြဇာသံက ဟိန်းထွက်ကန်
ဘလော့ကိုးပေါက် နားကွဲညံ။

နွေလယ်ရောက်သမို့ တော်သေးပြန်
ကိုရွှေဖားပင် ရှုံးမဲ့အသံ။
အာပြဲပါလို့  နှတ်ခမ်းလန် ..... ဆောရီး ... မှားလို့  အဟင်း

နှမလေးတို့ ကြောက်တာအမှန်
အရိုးပြိုင်းနဲ့  ဗလမသန် ..... အဲမှားလို့ ပါ
ဗလမောင်ရဲ့ ဆရာအမှန်။

ကူသူများလို့  စစ်ချီသံ
အားနွဲ့ သူမို့  ကြောက်ရပြန်။

ရက်စက်တတ်တဲ့ ရှင်လိင်ပြန်
မညှာတာတဲ့ ဘိုကေရန်။

အရှုံးပေးတယ် ကိုရင်ထံ
ကြောက်လို့ ပြေးတဲ့ နှတ်ဆက်သံ...

(ကြောက်ပါတယ်ဆိုမှ ကိုရင်နော် က ကြိမ်းမောင်းလိုက် စစ်ကူတွေက ညာသံပေးလိုက်နဲ့ 
ကြောက်စရာ ကြီး)



Blogger တားမြစ် ထားသော... said...

အော်... ပွဲဆူနေကြတာပဲ။ ကိုရင်ရေ ကျွန်တော်ကူမယ်ဗျ။ ပြောသာပြောရတာ ကြောက်တော့ ကြောက်သား။ ဟား.. ဟား...။


Blogger တားမြစ် ထားသော... said... ကိုရင်ကွ၊ မှတ်ထား။ :P 25 July 2008 14:14

Blogger တားမြစ် ထားသော... said... အာ.. လုပ်ပြီ။ စစ်ကူနော်၊ စက္ကူဟုတ်ဘူး။ ဘယ်ကလာ ကိုရွှေဖားရမှာလည်း၊ ကလောင်စွမ်းတယ်ဆိုပြီး လာမလုပ်နဲ့။ တုတ်ပြီး၊ ဓါးပြီးတဲ့ ဆရာစံ ကြားဘူးရဲ့နော်။ ဂဠုန်ကွ၊ တို့တွေက ဂဠုန်။ သီချင်းတောင်ရှိပ - ဘာတဲ့..

"ဆောင်းကြီး ဂဠုန်ချီ" အာ...ဟုတ်ဘူး။ ဆင်ကြီး၊ ဆင်ကြီး။
အင်း.. ဘယ်လောက်အားသန်သန်၊ ဆင်ကြီးနဲ့တွေ့မှတော့ မာန်လျော့ပြီး လှည့်ပတ် ပြေးရမှာပဲ ကိုရင်နော်ရေ့။
မှတ်ချက်။....။ ဆင်လိုက်ခံလျှင် အရှေ့မှ တည့်တည့်မပြေးပဲ။ ကွေ့ဝိုက်ပြေးလျှင် လွှတ်နိုင်သည် ဟု ကြားဖူးကြောင်းပါ။



အမှတ်တရပေါ့နော်

ဆောင်း

Summer Fruit Creme Brulee ကြက်ဥပေါင်းပူတင်း


ပို့ အသစ်မတင်နိုင်တော့ ကြော်ငြာမ၀င်တော့ဘူးလားလို့ မေးလာလို့  တင်ပေးလိုက်တယ်နော်

တနေ့ က ဆိုင်တခုသွားရင်းနဲ့  ချက်နည်းစာရွက်လေးတွေ့ လို့ ယူလာခဲ့ပါတယ် အဲဒါက ကြက်ဥပူတင်းပေါင်းလေးပါ၊

လိုအပ်တာတွေက
recipe from Marks & Spencer shop

- 568 ml carton West Country Double cream
- 0.5 tsp Organic madagascan Vanilla Extract
- 6 eggs yolks
- 3 tsp organic caster sugar
- 350 summer berries
- Fairtrade demerara sugar for topping

ပြောရရင်တော့ နွားနို့ ကို ပျစ်ခဲအောင် လုပ်ထားတဲ့ ကရင်မတ်ခွက် တ၀က်၊ Vanilla အနံ့ ဇွန်းတ၀က်၊ ကြက်ဥ အနှစ် ၆လုံး ၊ သကြား၃ဇွန်း၊ သစ်သီးအစုံပေါ့ရှင်

လုပ်နည်း
- အိုဗင်ကို ၁၆၀ဒီဂရီ အပူပေးထားပါ။ ဒယ်အိုးထဲတွင် Vanilla အနံ နှင့် ကရင်ကို ရောပြီး နွေးလာအောင် အပူပေးပါ။
- ကြက်ဥအနစ် နှင့် သကြားရောပြီး အဖြူဖြစ်လာသည့်အထိ ခေါက်ပြီး ဒယ်အိုးထဲသို့ ထဲ့ပါ။
- အသီးများကို စိတ်ပြီး ရောပါ။ အညိုရောင်သကြားထဲ့ထားသော ပုံစံခွက်ထဲသို့ ထဲ့ပါ။ ပြီးလျှင် အပေါ်မှ အသီးစိတ်အနဲငယ်ထဲ့ပါ၊ - သကြားအနည်းငယ်ဖြူးပါ။ ပုံစံခွက်ကို ရေထဲ့ထားသော ခွက်ထဲထဲ့ပါ။ ပုံစံခွက်သည် ခွက်တခုထဲတွင် ရေတ၀က်ခန့် မြုပ် နေရမည်ဖြစ်သည်။
- ပြီးလျှင် အပူပေးထားသော အိုဗင်ထဲ ထဲ့ပါ။ မိနစ် ၂၅-၃၀ အထိ ထားပါ။ အအေးခံပြီး ရေခဲသေတ္တာထဲ ထဲ့ပါ။

ဆောင်းကိုယ်တိုင် မစမ်းရသေးလို့  မသိဘူးနော်။ စမ်းကြည့်နော်။ ဆောင်းကတော့ ကိုယ်တိုင်လုပ်ရင် အများကြီးစားမိလို့  ၀ယ်စားလိုက်တယ်။ တကယ်လို့ အောင်မြင်ရင် ကြွားလိုက်နော် လာစားပေးမယ်။

ကိုရင်နော် အတွက် စကား လေပြေ

စကားပျိုး ။ ။ ကြောက်ပါတယ်ရှင့် ကိုရင်နော်


ရက်စက်ခံရ ခင်လေးစံ
သနားမိလို့  ကူမိပြန်၊

နှတ်ခမ်းတလန် ပန်းတလန်
(ပုဆိုး) စွန်တောင်ဆွဲလို့ ရန်တွေ့ ပြန်၊

အရိုးပြိုင်းနဲ့  ဒူးခေါင်းလန်
သလုံးမွေးက တောအုပ်သဏ္ဍန်၊

ခါးထောက်ပါလို့ အော်ဟစ်ပြန်
ကိုရင်နော်ကြီး စိတ်ဆိုးသန်၊

ဘလော့ပေါက်စေ့ ရွာမွှေလှန်
စစ်ကူ ရဖို့  သူရှာပြန်။

တံတွေးစင်သား မဲဆွယ်ပြန်
နှိပ်ကွပ်ဖို့ သာ သူအားသန်၊

ကြောက်ပါတယ်ကွဲ့ ကိုရင် နှံ
အရှုံးပေးတယ် ကိုရင့် ရန်၊

ကျမဆောင်း လည်း အနေခက်ပြန်
စိတ်မဆိုးပါနဲ့  ကိုရင်စံ၊

စစ်ပြေငြိမ်းမယ် ... မယ့် အကြံ
ကြေအေးပါစ ကိုရင် ပျံ

ကြိမ်းမောင်းလွန်းလို့ ကြောက်မိပြန်
ပြေးပါရစေ ထွက်ပေါက်အမှန်။

(ကိုရင်နှံ = ကိုရင်နော် က နှံမလို့ ၊ နှိပ်ကွပ်မလို့  ပြောတော့ ကြောက်ပါတယ်ရှင့်

ကိုရင် ပျံ = အပျံစားလို့ တင်စားပေးထားတယ်နော်..... ... အဟင်း
ကြောက်ပါတယ် ကိုရင်နော်ကြီး။ အရှုံးပေးပါတယ်ရှင့် )

ဆောင်း

Poem - ခင်လေးငယ်အတွက် ကဗျာလက်ဆောင်


ခင်လေးငယ်ရဲ့ ကဗျာကို ကိုရင်နော် ကြီးက ရက်စက်ထားလို့  ခင်လေးဘက် က မဲတမဲ ထပ်ထဲ့ပေးလိုက်တယ်။

ဝေဒနာ.. ဟောဒီမှာလင့်


ပြေးဖို့ ရယ်ကြံ
စိတ်ထင်တိုင်းဝေး
ခြေအစုံ ကျိုးနေလို့ ကွယ်... ငေးမိုင်လို့ ဆွေး

မာနတံခွန် ထန်
စိတ်ထင်တိုင်းဝေး
မျှောလွင့်တယ် မျက်ရည်ပင်လယ်... နစ်လို့ သာဆွေး

မုန်းလိုက်ဖို့ ကြံ
စိတ်ထင်တိုင်းဝေး
နက်မှောင်ရှိုင်း အချစ်နွံမယ်... ရုန်းထွက်ခက်သေး

ချန်ရစ်မယ်ကြံ
စိတ်ထင်တိုင်းဝေး
မသွားနိုင် ကျန်နေခဲ့ပေါ့.... ကိုယ်တိုင်ဘဲဆွေး

နေတတ်အောင်ဖန်
စိတ်ထင်တိုင်းဝေး
ကိုယ့်မှာကွယ် မနေတတ်တော့... ဝေချင်တိုင်း..လေး

ကြာခဲ့ပေါ့ .. တဖန်
အရှုံးတွေ အမိုက်မှောင်ထဲမယ်
ရုန်းထွက်မယ် အားယူခဲလို့ 
ပြုံးလိုက်မယ် အားသစ်တွေနဲ့ 
ဘ၀သစ်ကို လှမ်းမျှော်လို့ ရယ်... ခေါင်းမော့မိသေး....

အမှတ်တရပေါ့နော်

ဆောင်း

လာလည်သူ ဘလော့ကာ မောင်နှမများသို့ 


အလည်လာသူ ဘလော့ကာ မောင်နှမများ အားလုံးကို ကျေးဇူးတင်ပါတယ်။
ပို့ စ်အတင် နောက်ကျတာကို ခွင့်လွှတ် စေချင်ပါတယ်ရှင်။ လောလောဆယ်ဆယ် မအားသေးတဲ့ အတွက် ပို့ စ်ဘက်ကို မလှည့်နိုင် စာမရေးနိုင်သေးတာကို လည်း ခွင့်ပြုစေလိုပါတယ်။

ကျွန်မ ဘလော့ရေးတာ ဟာ မိတ်ဆွေ သူငယ်ချင်း virtual sibling မမြင်ရတဲ့ မောင်နှမများ လိုချင်လို့ ပါ။ အခုထိ ကျွန်မ ဘလော့ကို ကူညီနေသူတွေ အားလုံးကို မမြင်ဘူးဘူး၊ မရင်းနှီးပါဘူး။ အခက်ခဲတွေ တွေ့ လို့  စီဘောက်ထဲ သွားမေးရင်းနဲ့  အကြံပေးလာသူ ကူညီပေးချင်သူ တွေ က တုန့် ပြန်ပေးတဲ့ အတွက် သူတို့ ကို မေးလ်နဲ့  အကူညီတောင်းပြီး ပို့ စ်မှာ ရှိတဲ့ အမှားတွေ ပြင်ရပါတယ်။ ဒီလိုနဲ့  စာဖတ်သူတွေ ဖတ်လို့  ကောင်း တဲ့ ပို့ စ်လေးတွေ ဖြစ်သွား ရတာပါ။ ကျွန်မရဲ့ ကိုယ်ပိုင် အရည်အချင်းကြောင့် မဟုတ်ပါဘူး။

ယခုအထိ ကျွန်မ ဘလော့မှာ အမှားတွေရှိရင် တွေ့ ခဲ့ရင် အကြံဥာဏ်လေးများ ပေးကြပါ ကူညီပေးကြပါလို့  မေတ္တာ ရပ်ခံလိုပါတယ်။

မိတ်ဆွေလိုချင်လို့  အချိန်ကုန်ခံ ဘလော့ရေးတဲ့ အတွက် ယဉ်ကျေးစွာပြောဆို နှတ်ဆက်တဲ့စကားလေး များသာ ဖတ်ရှု့ လိုပါတယ်ရှင်။ တကယ်လို့ များ ရိုင်းစိုင်းတဲ့ စကားများ ပြောချင်တဲ့သူတွေ အတွက် ဒီနေရာလေး ဟာ နေရာမှားဖြစ်လို့  ချမ်းသာပေးပါလို့ ပြောပါရစေ။

ဒီနေရာလေးဟာ မမြင်ဘူးကြတဲ့ မောင်နှမတွေ (မာရေးသျှင်ပြောသလို ကျွန်မတို့ ဟာ အဖေမတူ မအေကွဲ) မောင်နှမလေးတွေ ဆုံစည်းဆွေးနွေးတိုင်ပင်ရာ နေရာလေးသာ ဖြစ်ပါတယ်။


ကျေးဇူးတင်စွာဖြင့်

ဆောင်း

အင်္ဂလန်-ဖြစ်ရပ်မှန် - ကံကြမ္မာ- အပိုင်း ၇


ကံကြမ္မာ- ၇

(ဘာသာပြန်တချို့  မြန်မာမှု့ ပြုမှု့ တချို့ ဖြင့် မူရင်းကို ပြင်ထားပါသည်။ ဘာသာပြန်သူ - ဆောင်း

စာလုံးပေါင်းနှင့် ၀ါကျအထားအသို ပြုပြင် ကူညီပေးသော ကိုရင်ညိန်းနှင့်

ကျန်းမာရေး ဘာသာရပ်အဓိပ္ပါယ်ကို ရှင်းပြပေးသော ဒေါက်တာ စိုးထက် တို့ အား ကျေးဇူးတင်ရှိ ပါကြောင်း)

ကောက်နုတ်ချက်။ ။
အမေ့ကို တွေ့ ရတော့မယ် ဆိုတဲ့ စိတ်ကလေး က ကျွန်တော့်ရင် ထဲမှာ တထိတ်ထိတ်နဲ့ ပါ။.....အမေ... အမေ.. သားလာပြီဗျာ



အမေက လန်ဒန် မြောက်ပိုင်းမှာရှိတဲ့ ဟာရိုမြို့ က လူအိုရုံမှာ စိတ်ရောဂါ ဝေဒနာ vascular dementia** ခံစား နေရတယ် လို့  ပြောပါတယ်။

( ** Vascular Dementia က သွေးကြောကြောင့် ဖြစ်သော ဦးနှောက် ထိခိုက် ဒဏ်ရာရမှု၊ ရောဂါကြောင့် ဖြစ်သော စိတ်ဖောက်ပြန်မှု စိတ်ကစဥ့်ကလျား ဖြစ်မှု တစ်မျိုး ဖြစ်ပါသည်။
- ဒေါက်တာစိုးထက် ရှင်းပြပေးသော အဓိပ္ပါယ်။ )

အနစ် ၆၀ကျော် ရှာဖွေ ခဲ့ရတဲ့ မိဘ၂ပါးမှာ အဖေ က လူ့  လောကထဲ မှာ မရှိတော့ တဲ့အပြင် အမေက လည်း စိတ်ဖောက်ပြန်နေတဲ့ ** ဝေဒနာ ခံစားနေရတာ ကြောင့် တွေးရင်း တွေးရင်း ၀မ်းနည်း လာရ ပါတယ်။

ကျွန်တော် အတော် စိတ်မကောင်း ဖြစ်ရပါတယ်။ အမေ့ သတင်းကြားရတာ ငါစိတ်မကောင်းပါဘူး လို့ အီရဲန်ကို ၀မ်းနည်းစွာ ပြောမိပါတော့တယ်။ အီရဲန် က ဆက်ပြောတာ ကတော့....

ကျွန်တော့်ရဲ့စာ ရလာတဲ့အချိန်ကျမှ အမေ့ရဲ့ညီမ ဒေါ်လေးမာဂီ (Margie) ဟာ အနှစ် ၆၀ကျော် လျှို့ဝှက် ထားခဲ့တဲ့ ကျွန်တော့်တို့ မိသားစု အကြောင်းတွေ ကိုပြောပြပါတော့တယ် ။ မိသားစုတစ်စု လုံးကတော့ ဖုံးကွယ် ထားတဲ့ အဖြစ်အပျက် တစ်ခုကို ထိတ်လန့်အံ့သြစွာနဲ့ အမှတ်မထင်ကြားသိခဲ့ရတယ်တဲ့ ။

တကယ်တော့ ကျွန်တော့် မွေးအမေ ရိုစ်နဲ့  အားနက်ဝပ် (Rose and Ernest Wort )တို့ လက်ထပ်ပြီးနောက် အစ်မ မာဂျီ နဲ့  အစ်ကိုရိုင် ကို မွေးဖွား ခဲ့ပါတယ်။ နောက်ပိုင်း အားနက် ရှေ့တန်းကိုထွက်နေတဲ့ အချိန်မှာ ရိုစ်က တပ်ကြပ်ကြီး ဒေးဗစ် မက်အီဝမ် (David McEwan) နဲ့  ဖောက်ပြန်ပြီး ကျွန်တော့်ကို ကိုယ်ဝန် ရခဲ့တာ ဖြစ်ပါတယ် ။

အိမ်ထောင်ရေးဖောက်ပြန်သည့် အတွက်ကြောင့် ကျွန်တော့်အဖေ ဒေးဗစ်ဟာ စစ်တပ်အတွင်းမှ အထုတ်ခံ ရကိန်း ရှိပါတယ်။ ဒါ့ကြောင့် အမေ နာမည်မပျက် ရအောင် အဖေရင်း မဟုတ်တဲ့ အမေ့ယောက်ျား အားနက်ရဲ့ နာမည်ကို ကျွန်တော့်မွေးစာရင်း အဖေနေရာမှာထည့်ပြီး ကျွန်တော်ကို စွန့်လွှတ်ရန် သာ လုပ်ရပါတော့မယ် ။ ဒီလိုလုပ်မှသာ အားနက် ရှေ့တန်းကပြန်မလာခင် ရှက်စရာကောင်းတဲ့ ကျွန်တော့်ကိစ္စကို ဖုံးကွယ် ထားနိုင် မှာပါ။

ဒေါ်လေး မာဂီ (Margie) နဲ့ အမေ ဟာ ရတ်ဒင်း (Reading ) ဘူတာကို မီးရထားနဲ့သွားပြီး ကျွန်တော်ကို မွေးစားမယ့် အဖေနဲ့အမေ ဆီကိုပေးခဲ့ပါတယ် ။ ဒေါ်လေး မာဂီ ကတော့ ကလေး (ကျွန်တော်)ကို မစွန့်ပစ်ဖို့
နောက် တစ်ကြိမ်လောက် ပြန်စဉ်းစားပေးဖို့ တောင်းပန်ခဲ့ပေမယ့် အမေက မစွန့်လို့ မရဘူး၊ ကျွန်တော့်ကို မစွန့်ပစ်ရင် အားနက် ရှေ့တန်းကပြန်လာတဲ့အခါ သူမရဲ့ အိမ်ထောင်ရေး ဖေါက်ပြန်မှု့ ကြောင့် တစ်မိသားစုလုံး ဒုက္ခ ရောက်ရ လိမ့်မယ် လို့သာ ပြန်ပြောခဲ့ ပါတယ် ။

ဒါ့အပြင် ဒေါ်လေး မာဂီ ကလည်း အမေ့ကို ကလေး စွန့်ပစ်ခဲ့တဲ့အကြောင်း ဘယ်သူ့ကိုမှ မပြောပါလို့ သစ္စာဆို ပေးခဲ့ရတဲ့ အတိုင်း ဆွေမျိုးတွေအကြား ကျွန်တော့် အကြောင်း ကို နှစ်ပေါင်း ၆၀ကျော် လျှို့ဝှက် ထားခဲ့ ပါတယ် ။

အမေ ကံကောင်းတယ်လို့ပဲ ပြောရမလား မသိပါ ။ အားနက် ဟာ ဒီဒေး (D-Day) မှာ ကျဆုံး သွားတာကြောင့် အမေဟာ တပ်ကြပ်ကြီး မက်အီဝမ်နဲ့ ၁၉၄၇ မှာ တရားဝင် လက်ထပ်ခဲ့ပါတယ် ။ အီရဲန်က အမေတို့ လက်ထပ်ပြီး တစ်နှစ်လောက် အကြာမှာ မွေးခဲ့ တာပါ ။ ဒါနဲ့ပဲ အီရဲန်ဟာ ကျွန်တော့ရဲ့ တစ်ဦးတည်း သော ညီလေး ဖြစ်လာပါတယ် ။

ကျွန်တော်တို့နှစ်ယောက် တစ်ညနေလုံး အချိန်ကုန် မှန်းမသိအောင် စကားပြောခဲ့ကြပါတယ် ။ သူ့ အကြိုက်၊ ကျွန်တော့် အကြိုက် အတွေးအခေါ် အယူအဆ စရိုက် တွေ ၊ ဘ၀အတွေ့ အကြုံတွေနဲ့  စိတ်ကူး တွေပါ မကျန် အသေးစိတ် မေးမြန်း ခဲ့ကြပါတယ် ။ ညီအစ်ကို နှစ်ယောက် အကြား စကားပြောရတာ အတော်လေး အရသာ ရှိလှပါတယ် ။

ကျွန်တော် အိမ်ပြန်ရောက် တဲ့အချိန်မှာ ညသန်းခေါင်ကျော် နေပါပြီ ။ ကျွန်တော် တို့ လမ်းခွဲ ခဲ့ကြ ပေမယ့် လည်း... ကျွန်တော် အနေနဲ့ အခုမှ သိရတဲ့ ညီလေးပြောပြသော ကျွန်တော် နဲ့ အမေတို့ ရဲ့ ဇာတ်လမ်းများ ဟာ ကျွန်တော့် အတွေးထဲမှာ ဆက်လက် နေရာယူနေဆဲပါ ။

ကျွန်တော် အမေ့ကို အရမ်းတွေ့ချင်နေပါတယ် ။ ၀မ်းကွဲ အစ်မ မာဂရက်ကတော့ အမေ့ကို မကြာခဏ သွားတွေ့  ကြောင်း၊ အမေ့ကို သွားတွေ့ သူ မှာ သူမတစ်ဦးတည်းသာ ဖြစ်ကြောင်း၊ အမေခံစားနေရသော (The vascular dementia = နာတာရှည် မှတ်ဉာဏ်ပျက်စီးမှု့ ** ရောဂါတစ်မျိုး ) ရောဂါကြောင့် တခါတရံ သူမ ကိုတောင် မမှတ်မိကြောင်း ပြောပြပါသည်။ ထို့ ကြောင့် ကျွန်တော့် ကိုမှတ်မိရန် မလွယ်ကြောင်းလည်း ထင်မြင်ချက်ပေးပါတယ်။

The vascular dementiaရောဂါသည် လူနာများဟာ တချို့ သော အတိတ်ကာလ အကြောင်းများကို မမေ့ပျောက် ဘဲ မှတ်မိ နေတတ်သည့် အတွက် အမေ ကျွန်တော့် ကို မှတ်မိနိုင်လိမ့်မယ်လို့လည်း မျှော်လင့်မိ ပါတယ် ။ ၁၉၄၂တုန်းက အမေ့ရဲ့အကြောင်းတွေကို ကျွန်တော့်ကို ပြန်ပြောပြနိုင်လိမ့်မည် လို့လည်းကျွန်တော် မျှော်လင့် ခဲ့မိပါတယ်။

ဒါနဲ့ပဲ အစ်မ၀မ်းကွဲ မအားတဲ့ ရက်တရက်မှာ အစ်မ၀မ်းကွဲယောက်ျား ကျွန်တော့်ယောက်ဖ၀မ်းကွဲ အက်ဒီEddie နှင့် အမေ့ကို သွားတွေ့ ခဲ့ပါတယ် ။

အမေ့ကို တွေ့ ရတော့မယ် ဆိုတဲ့ စိတ်ကလေး က ကျွန်တော့်ရင် ထဲမှာ တထိတ်ထိတ်နဲ့ ပါ.....အမေ... အမေ.. သားလာပြီ
ဗျာ


အင်္ဂလန်-ဖြစ်ရပ်မှန် - ကံကြမ္မာ- အပိုင်း 1
အင်္ဂလန်-ဖြစ်ရပ်မှန် - ကံကြမ္မာ- အပိုင်း 2
အင်္ဂလန်-ဖြစ်ရပ်မှန် - ကံကြမ္မာ- အပိုင်း 3
အင်္ဂလန်-ဖြစ်ရပ်မှန် - ကံကြမ္မာ- အပိုင်း 4
အင်္ဂလန်-ဖြစ်ရပ်မှန် - ကံကြမ္မာ- အပိုင်း 5
အင်္ဂလန်-ဖြစ်ရပ်မှန် - ကံကြမ္မာ- အပိုင်း 6

Ref; Dailymail, UK. Extracted by Mandy Francis from Complete Surrender by Dave Sharp, to be published by Blake Publishing on July 19 at £17.99. © 2008, Dave Sharp. To order a copy for £16.19 (P&P free), call 0845 606 4206.

ထူးဆန်းထွေလာ အင်္ဂလိပ်များ - ဥရောပ ဟင်းခတ်မဆလာ


အခုအင်္ဂလိပ်တွေသုံးတဲ့ ဟင်းခတ်အမွေးအကြိုင်တွေ မြန်မာပြည်မှာ ရှိမယ် ထင်ပါတယ်။ နံမည် မခေါ်တတ်လို့ ခွင့်လွှတ်ပါ

မဂ္ဂဇင်းထဲမှာ တွေ့ လို့ တင်ပေးတာပါ

Sage
သွားတိုက်ဆေ
းတွေ မတီထွင်တုန်းက အရွက် ကို သွားတိုက်ခဲ့ကြပါတယ်။ ခံတွင်းထဲက ပိုးသေစေနိုင်ရုံမက ပါးစပ်ထဲက အနံ့အသက်ပါ ပျောက်စေလို့  ဆေးဘက်ဝင်ပါတယ်။ အရွက်ကို ရေနွေးထဲမှာ ချေမွထဲ့ပြီး ရှောက်ရည် နဲနဲ ထဲ့ပါ။ အေးသွားလျှင် ထိုအရည်ဖြင့် ပါးစပ် ပါးလုတ်ကျင်းပါ။ ပါးလုတ်ကျင်းတဲ့ အခါမှာ ပါးစပ်တခုလုံး အာခေါင် အတွင်း ပါ သစ်ရွက်ရည်ထိမည်ဆိုလျှင် ပိုးသေပြီး ပါးစပ်အနံ့ ကင်းပါမည်။

ပူတီနံ Mint
ပိန်လိုသူများ အသုံးဝင်ပါသည်။ အစာစားပြီးတိုင်း ရေနွေးဆူဆူထဲတွင် ပူတီနံ ၅ရွက်ခန့်  ထဲ့ (ပျားရည်ထဲ့လိုက ထဲ့ပါ) သောက်လျှင် ခန္ဓာကိုယ် အူလမ်းကြောင်းတလျောက်ပါ သန့် ရှင်းစေပါသည်။

Rosemary
ကာဖီလဘက်ရည်အစား ကျန်းမာရေးအတွက် သစ်ရွက်ရည် သောက်သင့် သည်လို့  အနောက်နိုင်ငံ သိပံ္ပပညာရှင်များ က ဆိုကြပါသည်။ ရေနွေး ဆူဆူ ထဲတွင် အရွက် လက်တဆုပ်ခန့် ထဲ့ သံပုရာ (သို့) ရှောက်ရည် အနဲငယ် ညှစ်ထဲ့ ပါ။ ၁၀မိနစ်ခန့် အအေးခံ
ပြီး သောက်ပါက စိတ်ကြည်လင် ဆန်းလန်း စေနိုင်သည်ဟု ဆိုပါသည်။ တချို့ မှာမူ အနံ မခံနိုင်သဖြင့် လူတိုင်း အား မတိုက်တွန်းလို ပါ။ (This is also a natural diuretic.)


Basil
ရေမွှေး အတော်များများမှာ ပါဝင်ပါတယ်။ သူ့ အနံ က ပရုပ်နံ့ ဖြစ်ပါတယ်။ တနေ့ ကို တခါစားလျှင် ၄ရွက်ဖြင့် တနေ့ ၃ကြိမ်စားပါက စိတ်လန်းဆန်းပြီး ဦးနှောက်ဥာဏ်ပွင့်တယ်လို့  ပြောကြပါတယ် (ဟုတ်မဟုတ် မသိပါ)။ ရေနွေး ဆူဆူထဲတွင် လက်တဆုပ်စာ အရွက်များထဲ့ပြီး ရေချိုးပါက အသားအရေ လှပသည်ဟုလည်း ဆိုပါတယ်။ မျက်နာ ကို တိုနာ အဖြစ်ဖြင့်လည်း သုံးနိုင်ပါတယ်တဲ့။


Marigolds
antiseptic and antifungal သတ္တိများ ပါဝင်သောကြောင့် ပန်းပွင့်ကို ညက်အောင် ထောင်းပြီး အသားအရေ ပေါ်သုတ်လိမ်းပါ။ အသားကို လက်ဖြင့် အသာအယာနှိပ်နယ်ပြီး ခေတ္တ ထားပါ။ ပြီးလျှင် ရေလောင်း၍ ဆေးကြောပါက အသားအရေ လှပ နူးညံ့ပြီး ချောမွှေ့ လာမယ်လို့  ပြောကြ ပါတယ်။ (အလွယ်ဆုံးကတော့ ဈေးထဲက Cream ၀ယ်လိမ်းလိုက်တာပါဘဲ)

အင်္ဂလန်-ဖြစ်ရပ်မှန် - ကံကြမ္မာ- အပိုင်း ၆


ကံကြမ္မာ- ၆

(ဘာသာပြန်တချို့  မြန်မာမှု့ ပြုမှု့ တချို့ ဖြင့် မူရင်းကို ပြင်ထားပါသည်။ ဘာသာပြန်သူ - ဆောင်း

စာလုံးပေါင်းနှင့် ၀ါကျအထားအသို ပြုပြင် ကူညီပေးသော ကိုရင်ညိန်းအား ကျေးဇူးတင်ရှိ ပါကြောင်း)


လူ့ လောက အလယ်မှာ ကျွန်တော် တကောင်ကြွက် မဟုတ်တော့ပါ။ ဆွေမျိုးတွေနဲ့  ညီငယ်လေး ရှိတဲ့ သူဖြစ်လာ ပါရော့လား ....

အသက်၆၀ရောက်မှ မမျှော်လင့်ဘဲ ပြန်ဆက်သွယ်မိတဲ့ တဦးတည်းသော ညီငယ်ထံမှ စာကို ဖတ်ပြီး စိတ်ကူးယဉ် အတွေးထဲတွင် နစ်မျှောနေမိပါတယ်။

ညီလေးကကျွန်တော်နဲ့ ရုပ်ချင်းဆင်မယ်လို့တော့ မျှော်လင့်မိပါတယ်။ သူက ရော ကျွန်တော်နဲ့  အကြိုက်ခြင်း ရော တူမလား ၊ မကြိုက်တာ ရော တူမလား၊ အပြုအမူရော တူမလား၊ အတွေးအခေါ် အယူအဆ စရိုက်တွေရော တူပါ့မလား။

သူနဲ့ ကျွန်တော်မှာ ဘာမတူတာ ဘာကွာခြားတာတွေ ရှိမလဲ .. လူချင်းတွေ့ တဲ့ အခါကျ ရင် .....ကျွန်တော့် အတွေးရေယာဉ်ကြောမှာ မျှောလို့  နေပါတော့တယ်။

သူဖုံးနံပါတ်ပါ ပေးထားသဖြင့် နောက်ပိုင်း သူနဲ့ ပထမဆုံး ဖုန်းပြောဖြစ်ခဲ့ပါတယ် ။ အဒီတုန်းက သူဟာ သူ့စာအုပ်အတွက် စာနယ်ဇင်းသမားတွေနဲ့ တွေ့ဆုံနေ တုန်းဖြစ်နေတော့ ပြောရတာ အဆင်မပြေပါဘူး ။ သူက ကမ္ဘာကျော် နာမည်ကြီး စာရေးဆရာကြီး ဖြစ်နေပါပြီ ။ သူရေးတဲ့ ၀တ္ထုကို ရုပ်ရှင်ရိုက်ဖို့ ဆွေးနွေးနေတဲ့ အချိန်ဆိုတော့ အရမ်းအလုပ်များနေတဲ့ အချိန်လည်းဖြစ်နေပါတယ် ။ သူ့မှာ ကျွန်တော့်ကိုလည်း ပြောချင် စာနယ်ဇင်းသမားတွေ ၊ ရုပ်ရှင်ထုတ်လုပ်သူတွေနဲ့ ဆွေးနွေးနေတဲ့အချိန်လည်း ဖြစ်နေတော့ ကျွန်တော်နားလည်ပေးလိုက်ပါတယ် ။ ဒါပေမယ့် ညီလေးရဲ့ အသံကိုကြားလိုက်ရတာတော့ အရမ်းပဲ ၀မ်းသာမိပါတယ် ။

ဒါနဲ့ ဘဲ စကား သိပ် ကြာကြာ မပြောလိုက်ဘဲ အလိုက်သိသိနဲ့  နောက်မှ အေးအေးဆေးဆေး တွေ့ ဖို့ သာ ပြောလိုက်ပါတယ်။ ကျွန်တော်တို့ ဟိုတယ်တစ်ခုမှာတွေ့ဖို့ ချိန်းလိုက်ကြပါတယ် ။ နှစ်ယောက်လုံး အဆင်ပြေ သွားအောင် နေရာရွေးလိုက်တာကတော့ သူ့အိမ်နဲ့ ကျွန်တော်တို့အိမ် ကြားမှာရှိတဲ့ ဟိုတယ်တစ်ခုပေါ့ ။

အီရဲန်(Ian) က ကမ္ဘာကျော်စာရေးဆရာ ဖြစ်နေပေမယ့်လဲ သူ့ အကြောင်းကို ကျွန်တော် လုံးဝ မသိသလို၊ သူ ရေးတဲ့ စာအုပ်တွေကိုလည်း ကျွန်တော် လုံးဝမဖတ်ဖူးပါဘူး။ ကျွန်တော်ကတော့ သူဟာ ကမ္ဘာကျော် စာရေးဆရာ မကလို့ ဘာဖြစ်နေနေပါ ၊ သူ့ရဲ့ အဆောင်အယောင်တွေ ထက် ပျောက်ဆုံးနေတဲ့ ညီလေး တစ်ယောက်အဖြစ်နဲ့ သာ တွေ့ချင်လွန်းတဲ့ စိတ်ပဲရှိနေပါတယ် ။

တကယ်တမ်းကျတော့ ညီလေးဟာ အစ်ကိုငတ်နေသူ ဖြစ်ကြောင်း သူ့ ဘ၀ နောက်ခံအကြောင်း သူ့ ရဲ့ခံစားချက် ဖွဲ့ နွဲ့ အရေးအသားတွေကို the Salvation Army အဖွဲ့ က တွေလို့ ဖတ်ရှု့ မိပြီး ဆက်စပ်ယူရာကနေ အခုလို ကျွန်တော်တို့  မိသားစု ပြန်လည် တွေ့ဆုံရ တာဖြစ်ပါတယ်။

ကျွန်တော့် စိတ်ထဲမှာ ပဟေဌိ ဖြစ်နေရတာကတော့ နောက်ခံအတိတ် အကြောင်းပါ။ ဘာ့ကြောင့် အီရဲန် နဲ့  ကျွန်တော်ဟာ ညီအစ်ကိုအရင်း ဖြစ်တာတွေ၊ ကျွန်တော်တို့နဲ့ သွေးတစ်ဝက်နှောတဲ့ အမေတူ အဖေကွဲ မောင်နှမတွေရဲ့အကြောင်းတွေ ကျွန်တော်မသိသေးတဲ့ မွေးမိဘနဲ့  အခြား ၊ အခြားသော ဆွေမျိုးတွေရဲ့ အကြောင်းတွေကို.... .. .. .... ... လူချင်း တွေ့ တဲ့ အခါမှာ ညီလေး ကျွန်တော့်ကို ပြောပြလိမ့်မယ် လို့  မျှော်လင့်ရင်း.... ရင်တလှပ်လှပ် ရင်တထိတ်ထိတ် နဲ့ စိတ်လှုပ်ရှားပြီး ချိန်းထားတဲ့နေရာကို ကျွန်တော် အစောကြီး ကြိုရောက်နေခဲ့မိပါတယ် ။

အီရဲန်ကတော့ ချိန်းထားတဲ့ နေရာကို ၁၅မိနစ် နောက်ကျပြီးမှ ရောက်လာ ခဲ့ပါတယ်။

မြင်မြင်ချင်းဆိုသလို သွေးကစကားပြောတဲ့ အတိုင်း ညီအကိုမှန်း သိသာပါတယ်။ သူနဲ့ ကျွန်တော် ရုပ်အတော် ဆင်တူပါတယ်


အနစ်၆၀ကျော် တဦးကို တဦး မသိခဲ့ကြတဲ့ ညီအကိုနှစ်ဦး ကိုယ့်အကြောင်း သူ့  အကြောင်းတွေ မေးကြမြန်းကြ နဲ့  စကားရေပက် မ၀င်နိုင်အောင် လောက်ပါဘဲ။ သူက စကားပြော အတော် ကောင်းလှပါတယ်။ သူပြောသမျှကို ပါးစပ်အဟောင်းသားနဲ့ ကျွန်တော် နားထောင် ခဲ့ပါတယ်။ ကျွန်တော် ပြောသမျှကိုလည်း သူက အငေးသားနဲ့ နားထောင်လို့ ပေါ့။

အင်္ဂလန် တောင်ပိုင်းမှာ နေကြသူတွေမို လို့  ကျနော်တို့ စကားလေယူလေသိမ်း သိပ်မကွာတာ သတိထားမိပါတယ်။
ကျနော်က အောက်စ်ဖို့ရှီုးယား ဒေသ လေသံ ၀ဲ ပါတယ်။

သူနဲ့  ကျွန်တော် စရိုက်ချင်း အတော်များများ တူနေပါတယ်။ ကျွန်တော် သတင်းစာဖတ်သလို
သူက ၁၀နာရီ သတင်း အမြဲဖတ် ပါတယ်။

အီရဲန်က လက်ရှိသူ့ မိန်းမဓါတ်ပုံနဲ့  သူ့ ပထမအိမ်ထောင်မှရသော သူ့ ကလေးများ ဓါတ်ပုံများကို ပြပါတယ်။

နောက်တော့ ကျနော့်အဖေDavid McEwan ဓါတ်ပုံကို ပြပါတယ်။

အဖေ့ဓါတ်ပုံကို အသေချာ ကြည့်မိပါတယ်။ ဓါတ်ပုံကို ကြည့်ရင်း သူ့ မျက်နာ နောက်ကွယ် က လျို့ ဝှက်တဲ့ အကြောင်းအရာတခုခု ရှိနေသလို စိတ်ထဲမှာ ဘာသာပြန်နေမိပါတယ်။

ကျွန်တော့် အထင်ကတော့ အဖေ့ဟာ ပိုရေ့Porridge မှာရှိတဲ့ မက်ကေး အမည်တွင်တဲ့
ကျွန်တော် သိခဲ့တဲ့ အရာရှိ officer McKayနဲ့ ရုပ်ချင်းတူတယ်လို့ ထင်မိပါတယ်။

အဲဒီမှာ ကျွန်တော့် ရင်ထဲကို အတွေးတခုကြောင့် လောင်မီးရှို့  ခံရသလို ဖြစ်သွားခဲ့ပါတယ်။ သူ နဲ့ ကျနော် ဘယ်လိုကြောင့် ညီအကို အရင်း ... အဲ ... ကျနော့်ညီအရင်း ဖြစ်လာရ တာလဲ... ။

အီရဲန်ကဆက်ပြောသည်မှာ ... ဆွေမျိုးတွေအလည်မှာ သက်ရှိထင်ရှားလူသား အဖြစ် ပေါ်ပေါက် ရောက်ရှိလာတာနဲ့  တပြိုင်နက် အမေ့ရဲ့ တသက်လုံးက ဖုံးကွယ်ထားတဲ့ အဖြစ်ပျက် ကလေးဟာ ဘူးပေါ်သလို ပေါ်လာခဲ့ရပါတယ်။

အင်္ဂလန်-ဖြစ်ရပ်မှန် - ကံကြမ္မာ- အပိုင်း 1
အင်္ဂလန်-ဖြစ်ရပ်မှန် - ကံကြမ္မာ- အပိုင်း 2
အင်္ဂလန်-ဖြစ်ရပ်မှန် - ကံကြမ္မာ- အပိုင်း 3
အင်္ဂလန်-ဖြစ်ရပ်မှန် - ကံကြမ္မာ- အပိုင်း 4
အင်္ဂလန်-ဖြစ်ရပ်မှန် - ကံကြမ္မာ- အပိုင်း 5

Ref; Dailymail, UK. Extracted by Mandy Francis from Complete Surrender by Dave Sharp, to be published by Blake Publishing on July 19 at £17.99. © 2008, Dave Sharp. To order a copy for £16.19 (P&P free), call 0845 606 4206.

Turning point for the Author


ယူကေမှ အင်္ဂလိပ်လူမျိုး ယန်းဟာ ဆင်းရဲချို့ တဲ့ခဲ့ပါတယ်။ စစ်တပ်ထဲမှာ ပညာ သင်ကြားခဲ့ရပေမဲ့ နောက်ဆုံး ၀မ်းရေးတထွာ အတွက်ရရာ ကြုံရာ သန့် ရှင်းရေး အလုပ် ကို လုပ်ကိုင်ပြီး ဘ၀ပြဿနာကို အသက် ၅၄နစ် အထိ ရုန်းကန်ဖြေရှင်း နေရ ပါတယ်။

ညဘက်မှာတော့ သူရဲ့ အတွေ့ အကြုံနဲ့  ဘ၀အခက်ခဲ တွေ ပေါင်းစပ်ပြီး ....

The Shack

ဆိုတဲ့ စိတ်ဝင်စားစရာ ဇတ်လမ်း လေးတခု ကို ရေးသားနေခဲ့ပါတယ်။ ယူကေ တနိုင်ငံလုံးက ပုံနှိပ်တိုက်တွေ ဆီ မှာ သူ့ ဝတ္တုကို စာအုပ် ရိုက်နှိပ်ဖို့  မေးမြန်းပေမဲ့လည်း ယူကေ တနိုင်ငံလုံးက လက်မခံ ငြင်းပယ်ခံရ ပါတယ်။

နောက်ဆုံး မိတ်ဆွေ သူငယ်ချင်းတွေ ဆီက ငွေ ချေးငှားပြီး အမေရိကန် မှာ သွားရောက် ပုံနှိပ်ထုတ်ဝေ ခဲ့ပါတယ်။ သူ့ ရဲ့ ၀တ္တုလေး ဟာ စာအုပ်ရေပေါင်း ၁.၇ သန်း ကျော် ပုံနှိပ် ရောင်းချ ပြီး အရောင်းအသွက်ဆုံး ၀တ္တု အဖြစ် အောင်မြင်ကျော်ကြားလာခဲ့ပါတယ်။ စာအုပ် ရောင်းရငွေ များလာတော့ သူ ရဲ့ သန့် ရှင်းရေး အလုပ် မှ ထွက်ပြီး အေးအေးဆေးဆေး သန်းကြွယ်သူဌေးအဖြစ် နေနိုင်လာပါတယ်။

သူ့ ရဲ့ ဘ၀အတွေ့ အကြုံနဲ့ ခံစားချက်တွေ ကို ယှဉ်တွဲ ရေးသားတဲ့ အတွက် နံမည်ကြီး ပုံနှိပ်တိုက်တွေ အကူညီ မပါလည်း အောင်မြင်တဲ့ အကြောင်း သာဓက တခုပါဘဲ။

စာအုပ်ရောင်းဈေးက အဟောင်းဈေးတောင် ၅.၃၇ ပေါင် + (ပို့ ခ ၃.၅၀) ပေါင် စုစုပေါင်း ၈.၈၇ပေါင် မို့ လို့  ကျမ မ၀ယ်နိုင်ပါဘူး။ ဒါ့ကြောင့် ဘာသာမပြန်ပေးနိုင်ပါဘူး ရှင်။ ဖတ်ချင်စိတ်ရှိရင်တော့ Amazon နဲ့ စာအုပ်ဆိုင်တွေမှာ ရှာဝယ်နိုင်ပါတယ်။


William P. Young ရဲ့ စာအုပ်ဆိုဒ်ကတော့ ဒီမှာ ပါ


ဝါဆိုလပြည့် နေ့ 


ယနေ့ ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် အထူးအမြတ်ဖြစ်တဲ့ ၀ါဆိုလပြည့်နေ့ ပါ။
မြတ်စွာဘုရားရှင် က ပဉ္စ၀ဂ်ဂီ ငါးဥိးအား တရားဦးကို ဟောတော်မူသောနေ့လည်း ဖြစ်တဲ့ အတွက် မင်္ဂလာ အပေါင်းနဲ့ ခညောင်းတဲ့ နေ့ ဖြစ်ပါတယ်ရှင်။

ဒါ့ကြောင့် အထူးအစီအစဉ်အဖြစ်နဲ့  ကံကြမ္မာ အပိုင်း ၆ကို တင်ဆက်လိုက်ပါတယ်ရှင်...


















စာဖတ်သူဘလော့ကမ္ဘာမှမောင်နှမများအားလုံးနှင့် ကမ္ဘာပေါ်ရှိ သက်ရှိသတ္တ၀ါ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ စိတ်ချမ်းသာ ပြီး မင်္ဂလာ အပေါင်းနှင့် ခညောင်းပါစေလို့ 

ဆောင်း
ဓါတ်ပုံများကို travelmyanmar , triptouch.com မှ ရယူထားပါသည်။

အင်္ဂလန်-ဖြစ်ရပ်မှန် - ကံကြမ္မာ-အပိုင်း ၅


ကံကြမ္မာ- ၅

(ဘာသာပြန်တချို့  မြန်မာမှု့ ပြုမှု့ တချို့ ဖြင့် ဖတ်မိသော စာမူရင်းကို ပြင်ထားပါသည်။ ဘာသာပြန်သူ - ဆောင်း

စာလုံးပေါင်းနှင့် ၀ါကျအထားအသို ပြုပြင် ကူညီပေးသော ကိုရင်ညိန်းအား ကျေးဇူးတင်ရှိ ပါကြောင်း)

ကျွန်တော့်ဓါတ်ပုံ၊ကျွန်တော့်အကြောင်း နဲ့ ကျွန်တော့်ရဲ့ ပျောက်ဆုံးနေတဲ့ မိသားစုများနဲ့ တွေ့ ဆုံ ချင် ကြောင်း ကို the Salvation Army သို့  ပို့ ပြီး ၂ပတ်အကြာ ၂၀၀၂ဖေဖေါ်ဝါရီလ ၂၅ရက် တနင်္လာနေ့  မှာ ကျွန်တော် အရမ်းမျှော်လင့်တောင့်တ နေတဲ့ စာလေး တစ်စောင် လက်ခံ ရရှိခဲ့ပါတယ် ။

အဲဒီိစာထဲမှာ....

အကိုကြီး ဒေးဗစ်ရေ

မင်းကို ပြောစရာတွေ အများကြီးရှိပေမယ့် ဘယ်ကနေစပြီး ဘယ်လိုပြောရမှန်း တောင် မသိတော့ပါဘူးကွာ။ ငါ့နာမည်က အီရဲန် မက်အီဝမ် လို့ ခေါ်တယ်။ မင်းရဲ့ ညီလေး ဆိုပါတော့ ကွာ.. မင်းရဲ့ တဦးတည်းသော သွေးသားရင်းချာ ညီလေး ပေါ့။

မင်းကို အမြန်ဆုံးတွေ့ ပြီး မင်းနဲ့ မျက်နှာချင်းဆိုင်ပြီး ရင်ထဲက စကားတွေ အများကြီး ပြောလိုက် ချင်ပါရဲ့။ စာနဲ့ ရေးလို့  တောင် မလုံလောက် ဘူး၊ မင်းကို အမြန်ဆုံးတွေ့  ချင် လိုက်တာကွာ။

မင်းသိထားတဲ့အတိုင်း မာဂီနဲ့  ရိုင် ကတော့ ငါတို့ နဲ့ သွေးတစ်ဝက်ပါတဲ့ အမေတူ အဖေကွဲမောင်နှမတွေ ဆိုပါတော့။ အမေ့ရဲ့ ပထမ အိမ်ထောင် က မွေးတဲ့ အစ်ကိုနဲ့ အစ်မပေါ့။

ငါတို့ မောင်နှမအားလုံး ကတော့ မင်းတစ်ယောက် လူ့ လောက ထဲမှာ ရှိနေတာ... ငါတို့ မောင်နှမတွေ ထဲမှာ ရှိခဲ့တယ် ဆိုတာ... လုံးဝ မသိခဲ့ရပါဘူး။ ငါတို့ ကို လည်း ဘယ်သူ ကမှ မပြောပြ ခဲ့ကြဘူးလေ။ မဟုတ်မှ လွဲရော အကြောင်း တစ်ခုခု ကြောင့် မလွှဲ မရှောင်သာ တဲ့ အဖြစ်ပျက် တခုခု အမေကြုံခဲ့လို့လျို့  ၀ှက် ထားပြီး ငါတို့ ကို အသိမပေး ခဲ့တာပဲ ဖြစ်ရမယ်။

ညီအကိုတွေ အခုလို ရှင်ကွဲကွဲ ရတာ အတော် ရင်နာစရာကောင်းပြီး အတော်လည်း ၀မ်းနည်းစရာ လည်း ကောင်း ပါတယ်။ ငါဆိုရင် အထီးကျန်ဘ၀နဲ့ ငါ့ရဲ့ ဘ၀ တစ်ခုလုံး ၀မ်းနည်းခဲ့ရတယ်။ အခု မမျှော်လင့်ဘဲ အစ်ကိုတယောက် ရခဲ့ပြီ။ ငါ အရမ်းပျော်တယ်ကွာ။ ငါကြားကာစက ငါ့နားတောင် ငါ မယုံနိုင် လောက်အောင် အရမ်း စိတ်လှုပ်ရှားခဲ့ရပြီး ၀မ်းသာလွန်းလို့  မျက်ရည် များတောင် ကျမိ ပါရဲ့ကွာ။

အခုငါတို့ ဆွေမျိုးတွေ အားလုံး မင်းကို အရမ်းတွေ့ ချင် နေကြတယ်။ မင်းမသိသေးတဲ့ ငါ့အကြောင်း ပြောပြ မယ်ကွာ။ ငါ့ကို ၁၉၄၈ ခုနှစ် သြောတာရှော့ (Aldershot) မှာမွေးခဲ့တယ်။

ငါတို့ အဖေနာမည်က ဒေးဗစ်မက်အီဝမ် (David McEwan) တဲ့၊ အဖေက စကော့လူမျိုး (Glaswegian) ပေါ့။ သူ့ ဘ၀ တစ်လျောက် လုံး စစ်တပ်ထဲမှာ မြုပ်နှံခဲ့သူ ဆိုပါတော့။ စိတ်မကောင်း စရာက အဖေက ၁၉၉၆ခုနစ် မှာ ဆုံးပါးသွား ခဲ့တယ်။ အဖေမှာ ညီတယောက် ရှိတယ် သူ့ ရဲ့ အချစ်ဆုံး ညီပေါ့ကွာ။ သူ့ နံမည်က စတီးဝပ် လို့ ခေါ်တယ်။

ငါ့ဘ၀တစ်လျောက် စင်္ကာပူ၊ တောင်အာဖရိက၊ ဂျာမနီ နိုင်ငံတွေမှာ နေထိုင် ကြီးပြင်း ခဲ့တယ်။ ငါ့အသက် ၁၁နစ်မှာ ငါ့ကို ကျောင်းအိပ် ကျောင်းစား ထားခဲ့ကြတယ်။ တက္ကသိုလ် ၂ခုမှာ တက်ခဲ့တယ် University of Sussex နဲ့ University of East Anglia မှာ ပေါ့။ ၁၉၇၀အရောက်မှာ ငါ စာတိုပေစ တွေ စရေးခဲ့ပြီး နောက်ပိုင်း စာရေးဆရာ အဖြစ်နဲ့  ဘ၀ကို ရုန်းကန် ခဲ့တယ်။ အခုတော့ ငါ့ဝတ္တု တွေကို ရုပ်ရှင်ရိုက်တော့ ကမ္ဘာအနှံ့က ငါ့ဝတ္တု တွေကို ဘာသာ ပြန် ပြီး ထုတ်ဝေ ခဲ့ရ လောက်အောင်တော့ နာမည်ရ နေပြီပေါ့ကွာ။

အစ်ကိုနဲ့အစ်မ (မက်ဂျီနဲ့  ရိုင်) တို့ က ငါ့ထက် အများကြီး အသက်ကြီး ကြတော့ သူတို့ နဲ့ သိပ်ရောလို့ မရဘူး။ အနေမနီးစပ် ဘူးပေါ့ကွာ။ အဲဒီတော့ ငါလည်း တစ်ဦးတည်းသော သား ပုံစံ မျိုး အဖြစ်နဲ့ ပဲ အထီးကျန် ခဲ့ ရတယ်။

ငါက အမြဲတမ်း ညီအစ်ကို တစ်ယောက် လိုချင် နေခဲ့သူပါ။ အမြဲ တမ်းတောင့်တခဲ့သလို ညအိပ်ရာဝင် တိုင်းလည်း ဘုရားသခင်ဆီမှာ အမြဲ ဆုတောင်းခဲ့ရတယ်။ ငါ့စိတ်ထဲမှာ တမ်းတတိုင်း ငါဆွဲခဲ့တဲ့ ငါ့အစ်ကို ဆိုတဲ့ ငါ့လက်ရာ ပန်းချီကားတွေ အရုပ်တွေ အများကြီးပေါ့ကွာ။ ငါ အလိုချင်ဆုံး အတောင့်တဆုံး ကတော့ အစ်ကို တစ်ယောက်ပါဘဲ။

အခု ငါလိုချင်တဲ့ အစ်ကိုအရင်း မင်းကိုမမျှော်လင့်ဘဲ ရလိုက်ပြီ။ ငါတစ်သက် လုံးက ဆုတောင်းခဲ့ရ တဲ့ ဆန္ဒဟာ အခုပြည့်လာပြီ။ ငါဝမ်းသာလွန်းလို့  အိမ်မက် လို့ တောင် ထင်မိပါရဲ့ကွာ။ ဘုရား သခင်၊ တရားတော် နဲ့ the Salvation Army တို့ ရဲ့ ကျေးဇူးပါဘဲ။

ဒါပေမယ့်. .....

မင်းကို မတွေ့ ရသေးတော့ အစ်ကို တစ်ယောက်ရှိတယ် ဆိုတဲ့ အဆင့်အထိဘဲ ရှိပါသေးတယ်။ ဒါ့ကြောင့် မင်းကို အရမ်း တွေ့ ချင်နေတယ်။ တွေ့ ဖို့ မတွေ့ ဖို့  ကတော့ မင်းအပေါ် မှာပဲ မူတည် ပါတယ်။

ငါတို့ ရဲ့ပထမဦးဆုံး တွေ့ ဆုံပွဲမှာ တစ်ခြားဝမ်းကွဲ မောင်နှမတွေ နဲ့  မတွေ့ ခင် သွေးရင်းဖြစ်တဲ့ ငါနဲ့ မင်းနဲ့  နစ်ယောက်တည်း ဘဲ သီးသန့်  အရင်တွေ့ ချင်တယ်။ မင်းက ငါနဲ့  နစ်ယောက်ထဲ မတွေ့ ချင်ရင်လဲ မင်းသဘောပါဘဲ။

မင်းနဲ့ မင်းမိသားစုတွေ အားလုံး အကောင်းဆုံး ဖြစ်ပါစေ လို့  ငါဆုတောင်း လိုက်ပါတယ်။ ငါ့ရဲ့ဓါတ်ပုံ တွေ ကိုလည်း ထည့်ပေးလိုက် ပါတယ်။

မင်းကို အမြန်ဆုံးတွေ့ ဖို့  မျှော်လင့်နေတဲ့

မင်းရဲ့ညီလေး

အီရဲန်(Ian)


ကျွန်တော်အရမ်း ပျော်သွားပါတယ်။ ရင်ထဲမှာ မဖေါ်ပြ နိုင်လောက်အောင် လည်း တုန်ခါနေပါတယ် ။


သူ... သူဟာ ... ဒါဆို ကျွန်တော့်ရဲ့ ညီအရင်း.... ကျွန်တော့်ရဲ့သွေးအရင်း... ညီလေးပေါ့။


Ref: Dailymail, UK. Extracted by Mandy Francis from Complete Surrender by Dave Sharp, to be published by Blake Publishing on July 19 at £17.99. © 2008, Dave Sharp. To order a copy for £16.19 (P&P free), call 0845 606 4206.

2month old ဘလော့ ၂လပြည့် အထိမ်းအမှတ်


ဆောင်းရဲ့ ဘလော့ကို စတင်ခဲ့တာ ဘာလိုလိုနဲ့ ၂လ ပြည့်သွားပါရော... လာလည်သူအပေါင်း ၁၇၀၀ တဲ့

ကဲ....၂လပြည့် အထိမ်းအမှတ်နဲ့  အခန်းဆက် ၄ တင်ပေးလိုက်ပြီ။

(အတော် ဂျီကျသော ကိုတာတူး နှင့်တကွ အားလုံးကို) ရောင်စုံ ဒံပေါက် ကျွေး ပါတယ်။ ချက်နည်း နောက်မှ ရေးတော့မယ်။ ခရမ်းချဉ်သီးနဲ့  ပုဇွန်ပြုတ်ထားတာ က ဗူးတဗူး နောက် တဗူးက ဒံပေါက်ထမင်း ငရုတ်သီးကြော်။

ဒီမှာတော့ မွေးနေ့ ရှင်တို့  ပွဲရှင်တို့ ကို သူငယ်ချင်းတွေ က ကိတ်မုန့် ဝယ်ပေးတာ လက်ဆောင်ပေးတာဘဲ ရှိတယ်။

လာရောက်ဖတ်ရှု့ အားပေးသော မောင်နှမများ
ပို့ စ်အမှားများ ပြင်ပေးသော အကြံပေးသော မောင်နှမများ အားလုံးကို ကျေးဇူးတင်စွာဖြင့်

ဆောင်း

အင်္ဂလန်-ဖြစ်ရပ်မှန် - ကံကြမ္မာ-အပိုင်း ၎


ကံကြမ္မာ- ၎

(ဘာသာပြန်တချို့  မြန်မာမှု့ ပြုမှု့ တချို့ ဖြင့် ဖတ်မိသော စာမူရင်းကို ပြင်ထားပါသည်။ ဘာသာပြန်သူ - ဆောင်း

စာလုံးပေါင်းနှင့် သဒ္ဒါ အမှား ၀ါကျအထားအသို ပြင်ဆင်ပေးသူ - ကိုရင်ညိန်းအား အထူးကျေးဇူးတင်ရှိ ပါသည်။)

အဖေဟာ ကျွန်တော့်ကိုဘယ်လိုမွေးစားခဲ့တယ် ဆိုတာ ထပ်ပြီးပြောမပြချင်ခဲ့သလို အဲဒီ အကြောင်းနဲ့ ပတ်သတ်တဲ့ လျှို့ဝှက်ချက် အားလုံးကိုလည်း သူနဲ့ အတူ လူ့ လောကကြီး ထဲကနေ တစ်ပါတည်း ယူဆောင် ဖျောက်ဖျက် သွားခဲ့ပါတယ်။ ကျွန်တော့်အတိတ်ဘ၀ ဇာတ်ကြောင်း ဟာလည်း အဖေနဲ့  အတူ မြေမြုပ်သင်္ဂြိုလ်ခံ လိုက်ရသလို ခံစားရပါတယ်။

အရမ်းချစ်လွန်ပြီး အလွန်လျို့ဝှက်လွန် ခဲ့တဲ့ အဖေနဲ့ အမေ ၊ မိဘတွေကို အပြစ်မတင်ရက် ပေမယ့် လျို့  ၀ှက်ချက်တွေနဲ့ အတု ဘ၀တစ်ပါး ကိုကူးပြောင်း ပျောက်ကွယ်သွားတာ ကြောင့် ကျွန်တော်ဟာ ကိုယ့်အကြောင်းကိုယ် သိရဖို့ လမ်းစ ပျောက်နေခဲ့ပါတယ် ။ နောက်ပြီး အဲဒီ လျို့ဝှက်ချက် တွေကို ဘယ်ကနေ ဘယ်လို သဲလွန်စ ရှာရမလဲ ဆိုတာပဲ တွေးတောနေခဲ့မိပါတယ်။ အကယ်၍ ကျွန်တော်သာ အဲဒီလျို့ ဝှက် ချက် တွေကို မဖော်ထုတ် နိုင်ခဲ့ဘူးဆိုရင် ၊ ကျွန်တော်ဘ၀ ကျွန်တော့်အတိတ်ကို သိအောင် မစုံစမ်း နိုင်ခဲ့ဘူး ဆိုရင် ၊ ကျွန်တော့်ရဲ့ နောင်လာမယ့် မျိုးဆက်သစ်တွေဟာ ကျွန်တော် ဘယ်ကလာခဲ့တယ် ၊ ကျွန်တော်တို့ မျိုးဆက် ဘယ်လို ဆင်းသက်ခဲ့တယ် ဆိုတာကို သိနိုင်တော့မှာ မဟုတ်ပါဘူး ။

ကျွန်တော့်မြေးမလေးကို သူ့ ရဲ့အဖိုးက ဘယ်သူလဲ သူ့ ရဲ့ ဆွေစဉ်မျိုးဆက် တွေ ဘယ်သူ တွေလဲ ဆိုတာတော့ သိစေချင် ပါတယ်။ ဒါနဲ့ပဲကျွန်တော်လည်း ကျွန်တော့်ဘ၀ အကြောင်း ပြန်ထပ် စုံစမ်းဖို့ စဉ်းစား လိုက်ပါတယ်။ သမီးလေးက ကျွန်တော့်ရဲ့ဒုတိယမြောက် မြေးလေး မွေးတဲ့၂၀၀၁ခုနှစ် ၊ အဖေဆုံးတဲ့ နစ် ကျွန်တော့်အသက် ၅၉နစ်မှာ ကျွန်တော့်ရဲ့ အတိတ် ဘ၀ ကို ဖော်ထုတ် ဖို့ ပြန်လည်စတင် ခဲ့ပါတယ်။

ကျနော့် အသက် ၅၉နစ်ရှိပါပြီ . အမေလဲ ဆုံးပြီ။ အဖေလဲ ဆုံးပြီ။ ကျနော့်အတိတ်ဘ၀ ကို ရော ပြန်ရှာတွေ့ နိုင်အုန်းပါ့မလား။...

ကံကြမ္မာ ဟာ အခုအချိန်အထိ ကျနော့်ကို မျက်နှာသာ မပေးသေးဘဲ လှည့်စား နေတုန်း ပါဘဲ။

အင်္ဂလန်ဟာနေမ၀င်နိုင်ငံဖြစ်တဲ့ အားလျော်စွာ စစ်အတွင်းထဲမှာ သေဆုံးမှု့ တွေရေကြည် ရာ မြက်နုရာ ပြောင်းရွှေ့ ထွက်သွားသူ ၀င်လာသူတွေ၊နဲ့  ရောထွေးနေတဲ့ အတွက်ကြောင့် လွန်ခဲ့တဲ့အနစ် ၆၀နီးပါး က အဖြစ်အပျက်တွေကို ပြန်ပြီး အစရှာနိုင်ဖို့ဆို အရမ်းကို ခက်ခဲ ပါတယ် ၊ ဒါပေမယ့် ကျွန်တော်ကတော့ ဇွဲမလျော့သေးပါဘူး ။

ကံကောင်းတာတစ်ခုကပျောက်နေတဲ့ ကွင်းဆက်တွေနဲ့ မျိုးဆက်တွေကို ရှာဖို့ ကူညီပေး နေတဲ့ နေရာ ၂နေရာ ရှိနေပါသေးတယ်။ သူငယ်ချင်း တစ်ယောက်ရဲ့ အကြံပေးချက် အရ မိသားစုရာဇ၀င် ရှာဖွေ ဖော်ထုတ်ပေးတဲ့ စစ်ဘက်ဆိုင်ရာ မိသားစုရှာဖွေရေးအသင်း Salvation Army family tracing service နဲ့ Lieutenant Colonel Colin Fairclough တို့ ဆီမှာ အကူညီ တောင်းနိုင်ရင်တော့ ရနိုင်လိမ့်မယ်လို့ မျှော်လင့် လိုက်ပါတယ် ။

ကျနော့်အသက် ၆၀ ပြည့်တဲ့ ၂၀၀၂နစ် ဖေဖေါ်ဝါရီလ ပထမအပတ်မှာ Lieutenant Colonel Colin Fairclough မှ စာတစောင် ရောက်လာ ခဲ့ပါသည်။ စာမှာ တိုတောင်းသော်လည်း မျှော်လင့်စရာ ရောင်ခြည်များ ဖြင့် ပြည့်နှက်နေပါတယ်။ သူတို့  အနေဖြင့် ကျနော့်၏ အတိတ်ဘ၀ မိသားစုဝင် တဦးနှင့် ဆက်သွယ် ပေးနိုင် လိမ့်မည် ထင်ကြောင်း ရေးသားလာပါသည်။ ကျနော့်အကြောင်းကို ထပ်မံအသေးစိတ် ဖော်ပြပေးရန် ပုံစံ စာရွက်လေးပါ ပို့ ပေးလာပါသည်။

ဒီလိုနဲ့ကျွန်တော်လည်း ကျွန်တော့်အကြောင်းကို အရင်ကထက် ပိုပြီး အသေးစိတ် ခရေစေ့ တွင်းကျ ဖြည့်စွက် ရေးသားပြီး အကြောင်းထူးပါက ကျွန်တော့ဆီ အမြန်ဆုံး အကြောင်းကြား ပေးဖို့ ပါ မေတ္တာရပ်ခံ အကူအညီ တောင်းလိုက်ပါတယ် ။

၂၀၀၂ ဖေဖေါ်ဝါရီလ ဒုတိယအပတ်မှာ the Salvation Army ထံမှ စာတစောင် ရောက်ရှိ လာခဲ့ပါသည်။ ကျနော့ရဲ့ လျှောက်လွှာရရှိကြောင်း အပြင် သူတို့ တွေ့ ရှိသော အချက်များပါ ရေးသားခဲ့ပါသည်။

ကျွန်တော့်ရဲ့ မွေးစားရင်း မှ မိဘနံမည်များ နှင့် ပတ်သက်ပြီး သိရတာ ကတော့ Ernest Henry Alfred Wort နှင့် Rose Lillian Wort လင်မယားဖြစ်ပြီး သားနှင့် သမီး၂ဦး ထွန်းကားခဲ့ကြေင်း အချက်လက် တွေ ရရှိထားတယ် လို့ ဆိုပါတယ် ။

ကူညီရေးအဖွဲ့က အဲဒီသားနဲ့သမီးကို ရှာဖွေ ဆက်သွယ်ခဲ့ပါတယ် ။ အဲဒီကမှ သမီးဆိုတဲ့ အမျိုးသမီးကို နှစ်ကြိမ်တိုင်တိုင် အောင်မြင်စွာ ဆက်သွယ်နိုင်ခဲ့ကြောင်း ၊ အဲဒီအမျိုးသမီးက ကျွန်တော်ဟာ သူတို့ရဲ့ ဆွေစဉ်မျိုးဆက် စာရင်းထဲမှာ ရှိနေမှန်းတောင် မသိကြောင်း၊ ကျွန်တော် အသက်ရှင် နေသေးတာကို သူတို့မသိကြောင်း ၊ ကျွန်တော်နဲ့ပတ်သတ်ပြီး သူမရဲ့ ဆွေမျိုးများ အားလုံး ကို အကြောင်းကြား ပြီး ဘယ်လို တွေ့ ကြ မယ် ဆိုတာကို တိုင်ပင်ကြမည်ဖြစ်ကြောင်း ကျွန်တော့်အကြောင်းကို အသေးစိတ် သိလိုကြောင်း၊ မိသားစု အားလုံးက ကျွန်တော့်ကိုကြိုဆိုကြောင်း၊ ကျွန်တော့်ကို အရမ်းတွေ့ချင် နေကြကြောင်း ၊ ကျွန်တော့်အမေက စစ်အတွင်းမှာ နောက်အိမ်ထောင်ကျပြီး ကလေးတစ်ယောက် (ကျွန်တော့်ကို) မွေးခဲ့တာ ဖြစ်နိုင်ကြောင်း တွေပဲဖြစ်ပါတယ်။

ကျွန်တော် ပထမပိုင်းက တော်တော်လေး စိုးရိမ်ခဲ့ပါတယ် ။ ကျွန်တော့်ကို စွန့်ပစ်ခဲ့တဲ့ အတိတ်ဘ၀က မိသားစုတွေ ကကျွန်တော့်ကို တွေ့ဖို့ ငြင်းဆန်နေကြမလား ၊ အားရ၀မ်းသာပဲကြိုဆို ကြ မလား ပဲပေါ့ ။ အခုတော့ ကျွန်တော် အရမ်းပဲ ၀မ်းသာမိပါတယ် ။ မျှော်လင့်တောင့်တခဲ့တဲ့ ကျွန်တော့်ဘ၀ရဲ့ အမှောင်ရိပ် တစ်ဘက်ခြမ်းက မိသားစုဝင်တွေရဲ့ အလင်းရောင်က လက်ကမ်းကြိုဆိုနေမှန်း သိလိုက်ရလို့ပါ ။

ဒီလိုနဲ့ ကျွန်တော့်ဓာတ်ပုံ ၊ ကျွန်တော့် အကြောင်းနဲ့ ကျွန်တော့်ရဲ့ ပျောက်ဆုံနေတဲ့ မိသားစုနဲ့ တွေဆုံ ချင် တဲ့အကြောင်း the Salvation Army ကို စာရေးလိုက်ပါတယ် ။

၂၀၀၂ခုနှစ် ဖေဖော်ဝါရီလ ၂၅ရက် တနင်္လာနေ့မှာ ပြန်စာရရှိခဲ့ပါတယ် ။

အဲဒီ .... ပြန်စာထဲမှာတော့ ……………….



Ref: Dailymail, UK. Extracted by Mandy Francis from Complete Surrender by Dave Sharp, to be published by Blake Publishing on July 19 at £17.99. © 2008, Dave Sharp. To order a copy for £16.19 (P&P free), call 0845 606 4206.

အင်္ဂလန်-ဖြစ်ရပ်မှန် - ကံကြမ္မာ-အပိုင်း ၃ (3rd Edition)


ကံကြမ္မာ- ၃

(အထူး ကျေးဇူးတင်ရှိခြင်း။ ။ စာလုံးပေါင်းသတ်ပုံ အမှားနှင့် သဒ္ဒါအမှားပါ ပြင်ဆင်ပေးထားသော ကိုရင်ညိန်းအား အထူးကျေးဇူးတင်ရှိ ပါသည်။

ဘာသာပြန်တချို့  မြန်မာမှု့ ပြုမှု့ တချို့ ဖြင့် ဖတ်မိသော စာမူရင်းကို ပြင်ထားပါသည်။ ဘာသာပြန်သူ - ဆောင်း)


သတင်းစာတိုက်က၀န်ထမ်းတွေ ကျွန်တော့်ကိုသနားပေမယ့်စည်းကမ်းအရ လျို့ ဝှက် ထားရပါလိမ့်မယ် လို့ပြောပါတယ် ဘယ်လိုမှ မပြောနိုင်သလို ဘာမှလည်း မကူညီနိုင်ကြပါဘူး။ စစ်အတွင်းက ဆိုတော့ အဲဒီ ကြော်ငြာထည့်တုန်းက ရှိတဲ့ တာဝန်ရှိတဲ့လူတွေ သေဆုံးကုန်လို့ လား ဒါမှမဟုတ် ဂျာနယ်စည်းကမ်းကြောင့်လားတော့ မသိပါဘူး။ ဒီကြော်ငြာ ကို လာထည့်တဲ့ သူရဲ့ အကြောင်းကို လုံးဝစုံစမ်းလို့ မရခဲ့ပါဘူး။ဒါပေမယ့်သူတို့ ကတော့တရားသူကြီးတွေ ရှေ့ နေတွေ ကိုဆက်သွယ်မေးမြန်း စုံစမ်းဖို့ အကြံပေးကြ ပါတယ်။

အဲဒီ သဲလွန်စလေး တစ်စနဲ့ ဘဲ ရှာဖွေရေး ခရီးစဉ်ဟာ ရှေ့ ဆက်မရဘဲ ရပ်တန့် သွားရ ပြန်ပါတယ်။

ကျွန်တော့်အတိတ်ဘ၀ သဲလွန်စခြေရာလေးတစ်ခု အစ ကောက်မိခဲ့တာလေးကို အဖေ့ကို မပြောပြခဲ့ ပါဘူး။ တကယ်လို့ များသိခဲ့ရင် အဖေဟာ လက်ရှိသားအရင်းလိုချစ်ခဲ့တဲ့ သူတို့ ရဲ့ မေတ္တာကို ကျွန်တော်က မထီမဲ့မြင်လုပ်တယ်လို့ ယူဆသွားမှာ လည်းစိုးရပါတယ်။နောက်ပြီး သူ့အပေါ် အချစ် လျော့သွားမှာလဲ စိုးရိမ်မှာ သေချာပါတယ်။ အမေမရှိတော့မှ သားကနှိပ်စက်တယ်လို့လည်း မထင်စေ ချင်ပါဘူး။

ဒါပေမဲ့ ကျွန်တော့်ဘ၀အမှန်ပန်းချီကား ထဲမှာ ပျောက်ဆုံးနေတဲ့ ကွက်လပ်လေးတွေ တစ်ပိုင်း တစ်စချင်း အဖေမသိအောင် တိတ်တဆိတ် ဆက်ရှာဖို့  ကျွန်တော်ဆုံးဖြတ်ထားပြီးပါပြီ။

ကျွန်တော်ဘယ်သူလဲ ?..ဘယ်ကလဲ...? ။

ဒီလိုနဲ့  ၁၉၆၀ခုနစ်ထဲမှာ ကျွန်တော့်ဘ၀အပြောင်းအလဲ တစ်ခု....အင်းလေ .......ကျွန်တော်နဲ့  ကျွန်တော့်အဖေတို့ ရဲ့ ခြောက်သွေ့ အထီးကျန်နေတဲ့ ဘ၀ကို ပြောင်းလဲစေခဲ့တဲ့ အပြောင်းအလဲ တစ်ခုတွေ့ ခဲ့ရပါတယ်။

အဲဒါကတော့ ဂျူလီဆိုတဲ့ မိန်းမချောလေးပါပဲ ။ သူကလေးကို ကလပ်တစ်ခု the Henley Jazz Club မှာ တွေ့ ပြီး ခင်မင်ခဲ့ပါတယ်။ အမေမရှိလို့  အထီးကျန် နေတဲ့ ကျွန်တော့်ဘ၀ဟာ သူကလေးကြောင့် ပြန်ပြီး သာယာ စိုပြေ ခဲ့ပါတယ်။

ချစ်သက်တမ်း၅နှစ် ပြည့်တဲ့နေ့ မှာ ကျွန်တော်ဟာ သူကလေးရဲ့ ရှေ့ မှာ ခြေတဘက်ဒူးထောက်ပြီး လက်တဖက်မှာ ရဲရဲနီတဲ့ နင်းဆီပွင့် တပွင့်၊ နောက်လက်တဖက်မှာ လက်ထပ်လက်စွပ်လေးရယ် ကိုင်ပြီး ကိုယ့်ကို လက်ထပ် နိုင်မလား လို့  မေးခဲ့ပါတယ်။ သူကလေးရဲ့ အဖြေက ကျွန်တော့်ရင်ကို အေးမြစေခဲ့ပါတယ်။ ဒါနဲ့  ၁၉၆၅ခုနစ် စက်တင်ဘာ ၁၈ရက်နေ့ မှာ ကျွန်တော်နဲ့ဂျူလီလက်ထပ် ခဲ့ပါတယ်။

မင်္ဂလာဆောင်တဲ့နေ့ .. ကျွန်တော့်ဘ၀မှာ အပျော်ရွှင်ဆုံးဖြစ်ရတဲ့နေ့ .. အဲဒီနေ့မှာ အဖေနဲ့  ကျွန်တော့် အတွက် ၀မ်းသာစရာရော ၀မ်းနည်းစရာပါ ဖြစ်ခဲ့ရပါတယ်။ အမေသာရှိခဲ့ရင်....ဆိုတဲ့ အတွေးနဲ့ပေါ့ ။

ဧည့်ခံပွဲပြီးလို့ အိမ်ပြန်တဲ့ အချိန်ရောက်တော့ အမေမရှိတဲ့ သတို့ သား ကျွန်တော်ဟာ ဂျူလီကို ကျွန်တော်တို့ အိမ်ထဲ ပွေ့ ချီ သယ်ဆောင် လာခဲ့ပါတယ်။ နောက်ဆုံးတော့ ကျွန်တော်ကြီးပြင်းခဲ့တဲ့ အိမ်လေးဟာ ကျွန်တော်တို့ ရဲ့ မင်္ဂလာဦး ချစ်စံအိမ်လေး ဖြစ်လာခဲ့ပါတယ်။ အမေမရှိလို့ ခြောက်ကပ်နေတဲ့ ကျွန်တော်တို့ အိမ်ကလေးဟာ ဂျူလီကြောင့် ပြန်ပြီး အသက်ဝင်လာခဲ့ပါတယ် ။ နွေးထွေးပြီး စိုပြေလာခဲ့ပါတယ်။ အဖေ ကလည်း သမီးတစ်ယောက် ရလာလို့ ဝမ်းသာနေတာပေါ့။

၃လကြာသောအခါ ဂျူလီမှာ ကျနော်တို့ ရဲ့ သမီးဦးလေး ကိုယ်ဝန်ဆောင်နေရပါပြီ။ ဖခင်ဆိုတဲ့ နေရာ ကျနော် ရောက်လာပါပြီ။ အတိုင်းအဆမရှိ တဲ့ မိဘမေတာ ကို ကျနော် ပိုနားလည်လာရပါတယ်။ ကျနော့်ရဲ့ မွေးမိဘ အကြောင်းကို ပိုသိချင်လာရပါတယ်။ ဒါနဲ့ ရပ်တန့် နေတဲ့ အတိတ်ဘ၀ပန်းချီကားကို ဆက်လက် ရုပ်လုံးဖေါ်ဖို့  ပြန်ကြိုးစားခဲ့ပါတယ်။

ကျနော်လည်း ရှေ့ နေပေါင်းများစွာ ကို ချည်းကပ်ပြီး မေးမြန်းခဲ့ပါတယ်။ ပျောက်ဆုံးနေတဲ့ ကျနော့် အကြောင်းသိနိုင်မဲ့ ရှေ့ နေတွေကို လိုက်ရှာခဲ့ပါတယ်။ ရှေ့ နေဆိုတဲ့ အတိုင်း အမှု ကို လက်ခံမယ်။ သတင်းကို ရှာပေးမယ်။ တောင်းတဲ့ ငွေပေးရမယ်။ ဒါပေမဲ့ သူတို့ တောင်းတဲ့ ရှေ့ နေခက အလွန်ဈေးများပြီး ကျနော့် အကြောင်း တကယ်သိနိုင်၊ မသိနိုင် ကိုလည်း အာမ မခံနိုင်ကြပါဘူး။ ဒါပေမဲ့ နေရာပေါင်းစုံကို မေးမြန်းစုံစမ်းလျက်ပါဘဲ။

မလျော့တဲ့ ဇွဲလုံ့ လကြောင့်လို့ ဆိုရမလား ကံကြမာရဲ့ အလှည့်အပြောင်းကြောင့်ဘဲ ဆိုရမလား.. ၁၉၇၀ နိုဝင်ဘာလကျနော် အသက် ၂၈နစ် ရောက်တဲ့ အခါမှာ ကျနော့်ရဲ့ မွေးစားရင်းအပြည့်အစုံကို စမ်းမားဆက်ရုံး Somerset House in London က ရရှိ လိုက်ပါတယ်။

အဲဒီမှာ ကျနော့်မိဘအရင်း တွေကတော့ Rose Lillian Violet Wort နဲ့  Ernest Alfred Henry Wort တို့ ဖြစ်ပါတယ်။

ဒါနဲ့ အလွန်အမင်းအံ့သြခဲ့ရပါတယ်။

ဘာ့ကြောင့်လဲဆိုတော့ ကျနော့်မွေးစားအမေရဲ့ ခရစ်ယာန်နံမည်နဲ့  မိခင်အရင်းရဲ့ ခရစ်ယာန်နံမည်တွေ ဟာတူနေတာ တွေ့ ရလို့ ပါ။

ဒီထက်ပိုပြီး သဲလွန်စ ရှာမတွေ့ တော့ပါဘူး။ မိသားစုစာရင်းဆိုတဲ့ family tree ဌာနတွေ မှာလည်း လိုက်လံရှာဖွေရတာ ကျနော့်ရဲ့ နိစ္စဒူဝအလုပ် ဖြစ်လာပါတယ်။

တနေ့ နေ့တော့......... တွေ့ မှာပေါ့...


Ref: Dailymail, UK. Extracted by Mandy Francis from Complete Surrender by Dave Sharp, to be published by Blake Publishing on July 19 at £17.99. © 2008, Dave Sharp. To order a copy for £16.19 (P&P free), call 0845 606 4206.

စီဘောက်မှ အမှာစကားလေးများသို့ 


ဆောင်းတို့ ဘလော့ကာ လောကမှာ ဘလော့တချို့ မှာ စာလုံးပေါင်းတွေ မှားတာတွေ တွေ့ ရတယ်။ ဆောင်းတို့ ငယ်ငယ်က မူလတန်း တုန်းကပေါ့။ မူကြိုမှာ ဆော့တယ်။ ၁တန်းမှာ သင်ပုန်းကြီးသင်တယ်။ ၂တန်းမှာ စာကြောင်းစာပိုဒ်တွေ သင်ရပြီ။ ၂တန်းတုံးကဆိုရင် အတန်းပိုင်ဆရာမက စာလုံးပေါင်းကို အရမ်းဂရုစိုက်တယ်လေ။ ၃တန်း ၄တန်းအထိပေါ့။

၅တန်းရောက်ပြီဆိုရင် မူလတန်းအောင် ပြီးပြီဆိုတာနဲ့  စာလုံးပေါင်း ရေးတာ မှန်ရမယ် ဆိုတာ စံ တခု ဖြစ်သွားပါတယ်။ စာလုံးပေါင်းမှားရင် အတန်းထဲက သူငယ်ချင်းတွေရဲ့ ရီမောမှု့ ကိုခံရတာပါဘဲ။ ဆောင်းလဲ တခါတလေ အမှားရေးမိပါတယ်။ ဒါ့ကြောင့် မူကြိုကနေ အထက်တန်း အထိ သင်ပေးခဲ့တဲ့ ဆရာဆရာမကြီး တွေရဲ့ ကျေးဇူးကြောင့် စာရေးရင် စာလုံးပေါင်း အမှားနဲ တဲ့ အတွက် ဒီနေရာမှ နေပြီး ဘ၀ရဲ့ ဒုတိယဆရာ များကို ရိုသေလေးစား ရှစ်ခိုး ကတော့လိုက်ပါတယ်။

AK: ရုပ်ရှင်အကြောင်း တင်ထားတာ သိပ်ကျေးဇူးတင်တယ်နော်

Khine Mra Thein: Engineer4myanmar: တာတူး: ၀ဿန်ဦး
ယူကေမှာ Sales ချရင် ပေါင်၄၀-၆၀တန် ဖိနပ်ကို ၂ပေါင် ၅ပေါင်တွေနဲ့ ရတတ်ပါတယ်။ Branded ကလွဲရင် ယူကေတံဆိပ်ဆိုင်တွေမှာ ဈေးပေါပေါနဲ့ ရတတ်ပါတယ်။

megumi: ညီမလေး မမလဲ သဘောကျလို့  ဓါတ်ပုံရိုက်လာသိလား. ရော့ ယူသွား လှပေမဲ့ မမကတော့ မစီးနိုင်ဘူး ဒေါက်ကြီးတွေနဲ့ မိုလို့  ကြာကြာ မစီးနိုင်တာနဲ့  ဒေါက်မပါတဲ့ ရုံးသုံး ရှုးဖိနပ်ဘဲ စီးရတယ်။

ဟိန်း: win zaw: younggun: မောင်ညီလေး: အိုးဝေအောင်:
ရေးရတာ ပထမဆုံးဘာသာပြန်ဆိုတော့ အဆီအငေါ် မတဲ့သေးဘူး။ အခုဒီပို့ စ်ကိုတော့ သည်းခံပြီး ဖတ်ပေးတော့နော် လိုက်ပြင်ရတာ လူလည်း ချိနေပြီ။ (ပြင်နေတာ အကြိမ် ၃ကြိမ်မကဘူး )။ လိုနေသေးတယ် ဆိုတာ သိလာရတော့ ထပ်ပြီး ကြိုးစားရမှာပေါ့။ နောက်ကိုလည်း ပြောပြပေးသိလား။ ဒါမှ တဖြည်းဖြည်းနဲ့ ဖတ်ရတာ အဆင်ပြေအောင် ရေးလာနိုင်မှာ။

အချိန်ပေးကာ တကူးတကလာလည်ကြသော ဘလော့ကာ မောင်နှမအားလုံးသို့ ကျေးဇူးတင်ပါသည်။

အင်္ဂလန်-ဖြစ်ရပ်မှန် - ကံကြမ္မာ-အပိုင်း၂


ကံကြမ္မာ-၂

(ဘာသာပြန်တချို့  မြန်မာမှု့ ပြုမှု့ တချို့ ဖြင့် မူရင်းကို ပြင်ထားပါသည်။ ဘာသာပြန်သူ - ဆောင်း)

အဲဒီအချိန်က စပြီး မွေးစားသားဆိုတဲ့ စကားလုံးဝေါဟာရ ကို ကျနော့်ရော အမေရော အဖေပါ လေသံမှ မဟတော့ပါဘူး။ ဒီအကြောင်းအရာကို ဘယ်သူကမှ စိတ်ကူးထဲလဲ မထဲ့ကြတော့ပါဘူး။

ကျနော့်အတွက် ချစ်ခင်စရာ တွယ်တာစရာ ဒီအဖေနဲ့ အမေဘဲ ရှိတယ်။
အဖေနဲ့ အမေမှာ လဲ ကြင်နာစရာ ယုယစရာ ကျနော်ဘဲရှိတယ်။ ဒီမွေးစားတယ်ဆိုတဲ့ အကြောင်းကြောင့် ဒီမိသားစုလေးထဲမှာ စိတ်ထိခိုက်ရ ၀မ်းနည်းရတာ မိုလို့  အဖေရော အမေရော ကျနော်ရော မပြောချင် မဆွေးနွေးချင်တဲ့ အတွက် အားလုံးက မေ့ထား လိုက်ကြပါတယ်။

အမှန်အတိုင်းပြောရရင်တော့ ကျနော့်စိတ်ထဲမှာ အမှန်တရားကို တကယ်သိချင်ပါတယ်။ ကျနော့်မျက်နှာ ကို အရိပ်တကြည့်ကြည့် ကြည့်နေကြတဲ့ အမေနဲ့ အဖေ က ကျနော်သူတို့ ကို မချစ်တော့မှာ အလွန်စိုးရိမ် နေကြတာ ကို
ကျနော်ကသိနေတယ် သူတို့ ရင်ထဲထိုးဖောက် မြင်နေရတယ်။ ကျနော့်ကို သိပ်ချစ်တဲ့ အမေနဲ့ အဖေကို ငှဲ့ ညှာပြီး ထပ်မမေးတော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အမေငိုမှာ ကျနော် မလိုလား ပါဘူး။ ညဘက် ရောက်ရင် အိမ်မက်ထဲမှာ မွေးတဲ့ အမေ အဖေတလှည့်။ အမေနဲ့ အဖေကို တလှည့် မက်နေပါတယ်။ ဒီအကြောင်းတွေးမိရင် အမေ့ရဲ့ ညိုးငယ် စိုးရိမ်နေတဲ့ မျက်နှာကြောင့် မပြောရက် မမေးရက်ဘဲ ဒီအတိုင်း နှတ်ဆိတ်ပြီး ယခင်ကလို အပြုံးမပျက် ၀တရား မပျက်နေခဲ့ပါတယ်။ အမေနဲ့ အဖေကို ပို ပြီး ဂရုစိုက်ရပါတယ်။ ကျနော့်အတွက် သူတို့ စိတ်အနှောက်အယှက် မဖြစ်စေချင် ပါဘူး။

ကျနော့်အပေါ်ထားတဲ့ သူတို့ ရဲ့ အချစ်မေတာတွေ ကို ပြန်ဆပ်နိုင်ဖို့ သူတို့ စိတ်ချမ်းသာအောင် ကျနော် ထားပေးရမှာ ကျနော့်တာဝန် ပဲ မဟုတ်လား။

ဒီလိုနဲ့ ကျနော်ကျောင်းပြီးတဲ့ အခါမှာ ပန်းရံအလုပ်သင်အဖြစ် အလုပ်ရခဲ့ပါတယ်။ ကျနော့်အသက်၂၀မှာ အမေ့အသက်၅၂နစ်မှာ ကင်ဆာဆိုတဲ့ ရောဂါဆိုးကြောင့် ရုတ်တရက်ဆိုသလို အမေ အသက်ဆုံးပါး ခဲ့ရပါတယ်။

အဖေနဲ့ ကျနော်ဘဲ ဆွေးမြေ့ပြီး ကျန်ရစ်ခဲ့ကြပါတယ်။ နေရာတိုင်းမှာ အချိန်တိုင်းမှာ အမေ့ရဲ့ ပုံရိပ်လွှာတွေ ထင်ဟပ်နေသလို ကျနော်တို့ ရင်ထဲမှာ မပြည့်စုံဘဲ ဟာနေပါတယ်။

မိုးလင်းရင်.. အမေ့လက်ရာ မနက်စာ... အင်္ဂလိပ်ကာဖီ.. နေ့ လည်စာ.... ညစာ... မီးဖိုချောင်မှာ အမေ့လှုပ်ရှားပုံတွေ.. ဧည့်ခန်းမှာ အမေ့ချုပ်လုပ် နေတဲ့ လက်ရာတွေ.. အိမ်ထဲဘဲ ဖြစ်ဖြစ် အိမ်အပြင်ဘဲ ဖြစ်ဖြစ် အမေ့ပုံရိပ်တွေဟာ ပျောက်ပျက်မသွားနိုင် ခဲ့ပါဘူး။ ကျနော်ရင်ထဲမှာ အမေ့ကို လွမ်းသလို ... အဖေရင်ထဲမှာ လည်း အမေ့ကို လွမ်ဆွတ်နေမှာပါဘဲ။

အရာရာ ဟာ အမေရှိတုန်းကလို မစိုပြေတော့ပါဘူး။ ခြောက်ကပ်နေတဲ့ ကျနော်တို့ ရင်ထဲက အပူတွေ ဟန်ဆောင်ပြီး နေကြပေမဲ့လဲ..

အမေ့ကို သတိရသလို ကျနော့်ရင်ထဲက အစိုင်အခဲဟာလည်း မပျောက်ပျက်ခဲ့ပါဘူး။ အဆိုးထဲက အကောင်း တခုလိုယူဆမိပါသေးတယ်။ ငိုပြီးဟန့် တားမဲ့ အမေလဲ မရှိတော့လို့ .. အမေမရှိတော့တဲ့ နောက် ၂နစ်အကြာ မှာ အဖေကို ကျနော့်ဘ၀ ဖြစ်ရပ်မှန်ကို မေးဖို့ ဆုံးဖြတ်လိုက် ပါတယ်။

တမနက် အဖေနဲ့ ကျနော်ဟာ ထုံးစံအတိုင်း မနက်စာ စားတဲ့ အချိန်မှာပေါ့။ အဖေမျက်နှာလဲ ကြည်လင်တဲ့ အချိန်မှာ ကျနော် မေးဖို့ စကားဟလိုက်ပါတယ်။

အဖေ သားကို ဘယ်က ရခဲ့တာလဲ

(အဖေက သတင်းစာဖတ်နေရင်းမှ ရပ်တန့် ပြီး ပြန်ပြောတာကတော့ .. .)

ဒါလား အရေးမကြီးပါဘူးကွာ...

အဖေက လည်း ပြောပြပါ။

သားကို တံတားအောက်က ရလာတာ

ဒါဘဲလား .... ။ မပြည့်စုံဘူးထင်တယ် အဖေ။ အဖေဘဲ ပြောခဲ့တယ်လေ။ သားလဲ သိသင့်တယ်ဆို။ ကျနော့်ကို အသေးစိတ်ပြောပြပါ အဖေ...

သိပ်သိချင်ရင်ပြောပြမယ်.. သားကို သတင်းစာထဲက တွေ့ ခဲ့တာ

ဘယ်သတင်းစာလဲအဖေ

The Reading Mercury ဆိုတဲ့ သတင်းစာဘဲ။ ကဲ..... ငါကို ကာဖီထပ်ထဲ့ပေးအုန်း


အဖေက ဒါဘဲ ပြောပါတယ်။ ပိုပြည့်စုံအောင်ပြောရရင် ဒါဘဲသိတယ်လို့ ပြောပါတယ်။ ဒီထက်ပို သဲလွန်စ မရတော့ပါဘူး။ ကျနော့ နားကို ကျနော် မယုံနိုင်လွန်းဖြစ် ရပါတယ်။ ဘာဘဲ ဖြစ်ဖြစ် ကျနော်ကတော့...

The Reading Mercuryဆိုတဲ့ သတင်းစာတိုက် ဘယ်နေရာမှာ ရှိသလဲ ဆိုတာ လိုက်စုံစမ်းပါတယ်။ တပတ် အကြာ မှာ နေရာ အတိအကျ သိလာရပါတယ်။ ဒါနဲ့  The Reading Mercury သတင်းစာတိုက်က စာကြည့်တိုက် ဆီကို ကျနော်အရောက်သွားပြီး သွားစုံစမ်း ပါတယ်။

ကျနော့်ရဲ့ မွေးစားရင်းအရ ကျနော့်မွေးနေ့ ၁၉၄၂ နစ်က သတင်းစာတွေကို ရှိမရှိ၊ ဖတ်ရှု့ ခွင့်ရမရ မေးမြန်း ခဲ့ပါတယ်။ ချက်ချင်း အဖြေ မသိရပါဘူး။ အခုက ၁၉၆၄ခုနစ်ဆိုတော့ လွန်ခဲ့တဲ့ ၂၂နစ်က သတင်းစာကို အတော် ရှာဖွေရလိမ့်မယ် လို့ စာနယ်ဇင်း အရာရှိကြီးက ပြောပါတယ်။ ရှိခဲ့သေးရင် အကြောင်းကြားမယ် ဆိုပါတယ်။

သူ့ ဆီက အကြောင်းကြားစာ မရ မချင်း ကျနော့်စိတ်ထဲမှာ တထင့်ထင့်နဲ့ ပါ။ တနေ့ တော့ ကျနော့်ကို လာဖို့ ဖိတ်တဲ့စာရခဲ့ပါတယ်။ ဒါနဲ့ ကျနော်လဲ သတင်းစာတိုက်ကို အမြန်ဆုံးနှုန်းနဲ့ အရောက်သွားပါတယ်။

ဝမ်းသာစရာ တခုက စာကြည့်တိုက်မှုးက စက္ကူ ပုံး၂ပုံးအပြည့်နဲ့ သတင်းစာတွေ ကျနော့်ကိုပေးအပ်ခဲ့ပါတယ်။ သတင်းစာ တွေကို တရက်ချင်း စာမျက်နာတခုချင်း ကြော်ငြာတခုချင်း အသေးစိတ် လှန်လှောဖတ်ရှု့ ခဲ့ပါတယ်။

တနာရီကြာတဲ့ အခါမှာ ...

တွေ့ ပါပြီ...


တီးဝိုင်းတခုမှ တူရိယာပစည်းလိုအပ်ကြောင်း အကူညီတောင်းစာ ပုံစံကြော်ငြာနဲ့  ပရိဘောဂအဟောင်းကြော်ငြာ အဲဒီကြော်ငြာ ၂ခု အကြားမှာ.....


အလိုရှိသည်။

မွေးကင်းစ တလသားအရွယ် ယောက်ျားကလေးတဦးကို မွေးစားနိုင်မည့် မိသားစု အလိုရှိသည်။ ပုံ-အပြီးအပိုင်စွန့် လွှတ်သူ ... လိပ်စာအပြည့်စုံ...... တဲ့။


(မူရင်းကြော်ငြာလေးက Wanted: Home for baby boy. Age 1 month; complete surrender. Write box 173, Mercury, Reading. အင်္ဂလိပ်လို ပြောရရင် ကလေးတဦးအတွက် အိမ်လိုချင်သည် ဆိုတာ မွေးစားလိုသူ အလိုရှိသည်လို့ အဓိပါယ်ရပါတယ်။)

ကျနော့်ရင်တွေ တထိပ်ထိပ်နဲ့ ခုန်လာရပါတယ်။ ရင်ထဲမှာ တလှပ်လှပ်နဲ့ လက်တွေလည်း တုန်ခါနေပါတယ်။

အဲဒီ နေ့ ရက် နဲ့  ကြော်ငြာစာလုံးတွေကရော ကျနော်နဲ့ သက်ဆိုင်နေပါသလား။ အဲဒီကလေးလေးက ရော ကျနော့်ကို ရည်ညွှန်းတာမှ ဟုတ်ရဲ့လား။

ဟုတ်ခဲ့ရင်ရော.... ဒါမှမဟုတ်...

မဟုတ်ခဲ့ရင်ရော... ဆိုတဲ့ အတွေးနဲ့ နောက်ထပ် သဲလွန်စတွေ ရလိုရငြား ဆက်ရှာဖို့ ဆုံးဖြတ် လိုက်ပါတယ်။ အဲဒီသတင်းစာကို တနေရာမှာ သီးသန် ဖယ်ထား ပြီး ကျန်ရှိနေသေးတဲ့ သတင်းစာတွေကို ဆက်ပြီး လှန်လှော ရှာဖွေ နေမိပါတယ်။ စက္ကူပုံး၂ပုံးထဲက သတင်းစာတွေ အားလုံး လဲ ကုန်သွားပါပြီ။ ဘာအကြောင်းမှ ထူးခြားတာတွေ မတွေ့ ရတော့ပါဘူး။

ဒါဆိုရင်....... အဲဒီကြော်ငြာလေးနဲ့  အဖေပြောခဲ့တဲ့ စကားကို ဆက်စပ်တွေး ကြည့်မိပါတယ်။ ဒီကြော်ငြာလေးက ကျနော်နဲ့ သက်ဆိုင်နေလောက်ပါတယ်။

အပြီးအပိုင်စွန့် လွှတ်သူတဲ့... သူ ကရော ကျနော့်အမေလား သားငယ်တဦးအဖြစ်တောင် လက်မခံချင် မမွေးချင် မယုယချင် တဲ့သူလား၊ ၁၉၄၀၀န်းကျင်မှာရော မလိုချင်တဲ့ ကလေးတဦးကို ဒီလို လွယ်လွယ်နဲ့ သတင်းစာ ထဲမှာ ကြော်ငြာပြီး စွန့် ပစ် လို့ ရသလား၊ ဒီလိုကြော်ငြာတာ စွန့် ပစ်တာက တရားဝင်လုပ်ပိုင်ခွင့် ရှိ သလား၊ တရားဥပဒေကရော လက်ခံခဲ့သလား။

စစ်အတွင်းမှာဖြစ်လို့ ဘာမဆိုတရားဝင်တယ် ဆိုနိုင်မယ်ထင်ပါရဲ့လို့  ကျနော်တွေးဆမိပါတယ်။

ဒါပေမဲ့ ...

ဘယ်သူများ က ကျနော့်ကို အဝေးသို့ စွန့် ပစ်တာပါလိမ့်။ ဘာ့ကြောင့် စွန့် ပစ်ရတာလဲ။ ဘာ့အကြောင်းကြောင့် စွန့် ပစ်တဲ့ အထိ လုပ်ရက်ကြတာလဲ။ စွန့်ပစ်သူတွေရော အသက်ထင်ရှား ရှိနေသေးရဲ့လား.. ကျနော့်မှာ တခြား ဆွေမျိုး မောင်နှမတွေ ရှိသေးလား။ သူတို့ ကရော ဘယ်လိုပုံစံရှိနေကြမလဲ။ ..... ကျနော်နဲ့ ရော တူမလား...

ဒီသတင်းစာ၊ ဒီစာမျက်နာ နဲ့ ဒီကြော်ငြာ လေးဟာ ပျောက်ဆုံးနေတဲ့ ကျနော့်ဘ၀အစစ်အမှန် ပန်းချီကားကို ကွက်လပ်လေး တခုနဲ့  စတင်ဖြည့်ထဲ့ ပုံဖော်လိုက်တဲ့ အရာလေးလို့ ပြောနိုင်ပါတယ်။

အဲဒီသတင်းစာ ကို မိတ်တူကော်ပီဆွဲခဲ့ပါတယ်။

ကျနော် ချက်ချင်းဆိုသလို စာကြည့်တိုက်ထဲမှ ထွက်ပြီး ရုံးခန်း သို့  သွားလိုက် ပါတယ်။ ဤကြော်ငြာလေးကို သိတဲ့သူများ ရှိလေမလား.... သိခဲ့ရင် မည်သူကများ လာကြော်ငြာတယ်ဆိုတာ ပြောနိုင်လေးမလား ..... မျှော်လင့်ချက် လေးနဲ့ ပေါ့ဗျာ။

နောက်ဆုံးတော့ ဒီကြော်ငြာနဲ့ ပတ်သက်လို့  မည်သူ့ ကိုမျှမပြောရဘူးဆိုတဲ့ ဂျာနယ်စည်းကမ်း ကြီးကြောင့် ကျနော့်မှာ လမ်းစပျောက်ခဲ့ရပါတယ်။

ကျနော့်ရဲ့ အတိတ်ဘ၀ပန်းချီကား ကလေးဟာ ပျောက်ဆုံးနေတဲ့ ကွက်လပ်လေးပေါင်း များစွာနဲ့  မှောင်မိုက်နေဆဲပါ။...

Ref: Dailymail, UK. Extracted by Mandy Francis from Complete Surrender by Dave Sharp, to be published by Blake Publishing on July 19 at £17.99. © 2008, Dave Sharp. To order a copy for £16.19 (P&P free), call 0845 606 4206.

စီဘောက်မှ အမှာစကားလေးများသို့ 


ဘလော့ထဲ လာလည်တဲ့ မောင်နှမတွေကို ပစ်ထားရတာ ကြာပြီ။ ပစ်ထားလက်စနဲ့  ဒီနေ့ လျောက်လည်တယ် စိတ်မဆိုးနဲ့ နော်။ ဘယ်နေရာတွေ ရောက်တယ် ဆိုတာ လေး ပြောပြမယ်။ အခုတော့ ပြန်ရောက်လာပြီး တော့ ပင်ပန်းလို့  အိပ်တော့မယ်။

နောက်နေ့ မှ တဖြည်းဖြည်းချင်း ရေးပြီး တင်ပေးမယ် နော်။ အခန်းဆက် ၀တ္ထုနဲ့ ပတ်သက်လို့  အခန်းဆက် ရှည်ရှည် ထားရတာ စိတ်မရှိပါနဲ့ ။ ဘာ့ကြောင့်လဲ ဆိုတော့ ဘာသာပြန်ရတာ လွယ်တာ မဟုတ်ဘူး လို့ ထင်မိတယ်။ ပထမ ဘာသာပြန်တာ တိုက်ရိုက်ပြန်တော့ ဖတ်ရတာ တောင့်တောင့်ကြီး ဖြစ်နေတာ။ ဥပမာ ရေချမ်းချမ်းပေးပါ ဆိုသလို ပေါ့။ ဒါ့ကြောင့် စာဖတ်သူတွေထဲက အကြံပေးလို့  မြန်မာ့အတွေးနဲ့  နဲနဲ ပြင်ထားတယ်။ ဖတ်ချင်တဲ့သူတွေက တော့ စာအုပ်ကို ၀ယ်ဖတ်ပေါ့နော်။ ဆောင်းက အဲဒီစာအုပ် မဖတ်ဘူးပါဘူး။ အဲဒီစာအုပ်က ၁၈ကျပ်နီးပါးဆိုတော့ မတတ်နိုင်ဘူးဈေးကြီးတာကိုး။ အဲဒီထဲက လိုတာလေး ကောက်နုတ်ဖော်ပြထားတဲ့ နေရာ ကစာတွေကို ဘာသာပြန်ပေးတာ။ မူရင်းကို ဘာသာပြန်တာ မဟုတ်လို့  မူရင်းဖတ်မိတဲသူတွေ အနေနဲ့ ဆောင်းရဲ့ ဘာသာပြန်မှု့ ကို သိပ်သဘောကျမယ် မထင်ပါဘူး။

အဲဒီစာရေးဆရာရဲ့ ကိုယ်တွေ့ ဖြစ်ရပ်ဆိုတော့ စိတ်ဝင်စားသွားတာကြောင့် ဘာသာပြန်လိုက်တာပါ။

လာရောက် အားပေးဖတ်ရှု့ တာတွေကို အထူးကျေးဇူးတင်ပါကြောင်းနဲ့  ပြန်တဲ့ အခါလေးမှာ စီဘောက်ထဲမှာ ရောက်ကြောင်း အသိပေးသွားပါလို့ ပန်ကြားရင်း

မတတ်တခေါက် ဘာသာပြန်တဲ့ ဆောင်း

အင်္ဂလန်-ဖြစ်ရပ်မှန် - ကံကြမ္မာ-အပိုင်း၁


ကံကြမ္မာ- ၁

ဘာသာပြန် အခန်းဆက် ၀တ္ထုရှည်- (ဘာသာပြန်သူ -ဆောင်း)

လူ့ ဘ၀ဆိုတာ ဆန်းကြယ်ပါတယ်။ ကံကြမ္မာဆိုးက တိုက်ခတ်လို့  တချိန်မှာ မိသားစုတွေ ကွဲကွာခဲ့ ဝေးခဲ့ ဆွေးမြေ့ခဲ့ ခွဲခြားနေပါစေ ပြန်လည်ပေါင်းဆုံဖို့  တချိန်ချိန်မှာ ဖန်တီးပေးလာခဲ့ရင် ဒါကိုလည်း ကံကြ
မ္မာဆိုး ကြောင့်လို့  ပြောရမလား ဒါမှမဟုတ် ကံကြမ္မာကောင်းကြောင့်လို့ ပြောရမလား။

ကျနော်ဟာ အင်္ဂလန်နိုင်ငံ ဘင်ဖီးဟိ
Binfield Heath လို့ ခေါ်တဲ့ အောက်စ်ဖို့ ရှီးယား Oxfordshire က ရွာကလေး သေးသေးကလေးမှာ ကြီးပြင်းခဲ့ပါတယ်။

ကျနော့်ရဲ့ ဘ၀လေးဟာ သာမာန်မိသားစုလေးတစုမှာ ကြီးပြင်းခဲ့ပါတယ်။ မေမေ ရိုစ့်Rose နဲ့  ဖေဖေ ပါစီရှပ်Percy Sharp တို့ ရဲ့ တဦးတည်းသော သားအဖြစ်နဲ့ မိဘတို့ ပေးတဲ့ ချစ်ခြင်းမေတ္တာ ကမ္ဘာကြီးထဲမှာ အပူပင်မရှိ ပျော်ရွှင်စရာအတိ နဲ့ ပျော်ရွှင်တဲ့ သာမာန်ကလေး တယောက်ပါ။

အဖေက သတ္တုစက်ရုံအလုပ်သမားဖြစ်တဲ့ အားလျော်စွာ ကျနော်တို့ ရဲ့ အိမ်ကလေးဟာ လံုးခြင်းအိမ် သေးသေးလေး သာ ဖြစ်ပါတယ်။ ညဘက်ဆိုရင် ဓါတ်ငွေ့ မီးဖို အလင်းရောင်အားကိုးနဲ့  နေရပြီး ရေပူမရှိတဲ့ ရေအေး ဘုံဘိုင်လေးသာ ရှိတဲ့ အိမ်လေးဖြစ်ပေမဲ့ မိသားစုရဲ့ ချစ်ခြင်းမေတ္တာနဲ့  အိမ်ကလေးဟာ နွေးထွေးလို့ နေပါတယ်။

မပြည့်စုံတဲ့ သာမာန် ကျောင်းသားကလေး ဖြစ်တဲ့ ကျနော့်ရဲ့ နိစ္စဒူဝပြီးဆုံးခဲ့ရတဲ့ အလုပ်တွေက တော့ နေ့ စဉ်၊ အပတ်စဉ်၊ လစဉ်၊ နှစ်စဉ် မပြောင်းလဲတဲ့ အကြောင်းလေးတွေပေါ့ဗျာ။

မနက်မိုးလင်း လို့  အမေနိုး မနက်စာစား။ ပြီးရင် အိမ်က ကျောင်း သွားတယ်။ ကျောင်းက အိမ်ပြန်လာရင် အမေ ဖျော်ပေးတဲ့ အင်္ဂလိပ်လက်ဘက်ရည် သောက် ပြီးရင် မိုးချုပ်ပြီး မှောင်တဲ့ အထိ သူငယ်ချင်းတွေနဲ့  ဘောလုံးကန် ကြပါတယ်။

အဖေက သားပြန်လာတော့လို့ အော်ခေါ်မှ အိမ်ထဲပြန်ဝင်ပြီး မိသားစု ထမင်းဝိုင်းလေးနဲ့  တညတာ ကို နွေးထွေးကြပါတယ်။ ပြီးတော့ ကိုယ့်အခန်းထဲကိုယ်ဝင်ပြီး စာလုပ်။ နောက်ထူထဲတဲ့ ဂွမ်းကပ်စောင်ထဲမှာ ကွေးရင်း မဲမှောင်တဲ့ တညတာကို ဖြတ်ကျော် နေကြပေါ့။


မမျှော်လင့်ခဲ့တဲ့ အဖြစ်ပျက်လေးတခု....

အင်း ... အဖြစ်ပျက်လေးတခု..............

ကျနော့် အသက် ၁၅နစ် ရောက်တဲ့ ၁၉၅၇ နွေဦးရာသီနေ့ လေး တနေ့ မှာ ........... အဲဒီ မမျှော်လင့်ခဲ့တဲ့ အဖြစ်ပျက်လေးတခု ဟာ မဖိတ်ခေါ်ဘဲ ကျနော့်ဆီ ရောက်လာ ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီညကလေး တညကို တော့ ဘယ်လိုမှ မေ့ဖျောက်လို့ မရနိုင်ပါဘူး။

ထွန်းလင်းလှတဲ့ နေလုံးကြီးဟာ သစ်ပင်တွေရဲ့ အနောက်ဘက် ကို ထိုးစိုက် ပြုတ်ကျ အစအနရှာမရ ပျောက်ကွယ် သွားတဲ့ အချိန်မှာ... အဖေရဲ့ သားရေ လို့  အိမ်ထဲကနေ အော်ခေါ်တဲ့ အသံဟာ သာမာန်ထက် ပိုမထူးခဲ့ပါဘူး။

ဒါပေမဲ့ သားကို ပြောပြစရာရှိတယ် ဆိုတဲ့ အဖေရဲ့ နောက်ဆက်တွဲ စကားတွေက သမရိုးကျ သာမာန် အခြေနေကို ပြောင်းလဲသွားစေပါတယ်။ ဆော့ကစားနေတဲ့ ဘောလုံး ကို ဂမန်းဂတမ်း ကောက်ပြီး သူငယ်ချင်းတွေ နဲ့ ခွဲခွာလို့  အိမ်ဘက် အပြေးဝင်သွားခဲ့ပါတယ်။

အမေက ကုလားထိုင်နောက်မှာ ရပ်နေပါတယ်။ အမေ့လက်တွေဟာ တင်းတင်းကြပ်ကြပ် နဲ့  နောက်ကြောကို ဖိထားတာ တွေ့ ရပါတယ်။ အမေ့ရဲ့ နာကြင်စွာခံစားနေရတဲ့ ဝေဒနာအချို့ ဟာ မျက်ရည်လုံးကြီး အဖြစ် ပြောင်းလဲ သွားတာ တွေ့ ရပါတယ်။

အမေက ရှိုက်သံတ၀က်နဲ့  အဖေကို ..... သားကို မပြောပါနဲ့ မလိုပါဘူးရှင်...တဲ့။

အခန်းဒေါင့်မှာ ရပ်နေတဲ့ အဖေဟာ တိတ်ဆိတ်နေရာမှ... ငါတို့ လက်ထဲကို အဲဒါရောက်နေပြီဘဲ သူ့ အနေနဲ့ သိသင့်တာပေါ့ကွာ။

ဟင် ဘာတွေ ဖြစ်နေတာလဲ... ကျနော့်စိတ်တွေ အစိုးမရစွာနဲ့ နှလုံးခုန်ပြီး ထိပ်လန့် လာပါတယ်။ အမေ့ မျက်နာမှာ နာကျင်မှု့ ဝေဒနာတွေ ခံစားနေရတာ ဖုံးကွယ်လို့ မရပါဘူး။

အဖေက ကြမ်းပြင်ကို သာ အဓိပါယ်မဲ့ ငေးစိုက် ကြည့်နေပါတယ်။ အမေကတော့ လက်ကိုင်ပုဝါကို ကျစ်ကျစ် ပါအောင် ဆုပ်ခြေ နေပါတယ်။ ကျနော်ရင်ထဲမှာ တထိတ်ထိတ် ဖြစ်နေပါတယ်။ အဖေရော အမေရော ဘာမှ ထပ်မပြောဘဲ တိတ်ဆိတ်နေပါတယ်။

အတော်ကြာလာတော့
အဖေက သားရေ အဖေတို့ အမေတို့  သားကို အရမ်းချစ်ကြတာ သားကိုသိစေချင်တယ် ... ဒါပေမဲ့ ငါတို့ က သားရဲ့ မိဘအရင်းတွေ မဟုတ်ကြဘူး..... ပြောရင်း အဖေ့အသံတိမ်ဝင်သွားပါတယ်။

ကျနော့်ရင်ထဲ မခံစားဘူးတဲ့ ဝေဒနာနဲ့ ထိပ်လှန့် သွားသလို ကမာ
ကြီးကမောက် ကမဖြစ်သွားတယ်လို့ ခံစားရပါတယ်။ အမေဟာ ကျနော့်အနားကို အပြေးကလေးလာပြီး ကျနော့်ကို တင်းတင်းကြပ်ကြပ်ဖက်ထားပြီး

မပြောပါနဲ့ ရှင် ကျမတို့ ရဲ့ဘ၀လေးကို ပြောင်းလဲအောင် မပြောပါနဲ့  ... မပြောပါနဲ့ ....

အဖေတို့ ဒီစကားကို ပြောမထွက်ခဲ့တာ ကြာပြီဟု အဖေက တလုံးချင်း အားယူပြီး လေးလေးပင်ပင် စို့ စို့ နင့်နင့် ဖြင့် ပြောနေရသလို .... ကျနော်ရင်ထဲမှာလဲ.....

အမေရှိုက်ကြီးတငင် ငိုနေသလို အမေ့မျက်ရည်ပူတွေဟာ ကျနော့်မျက်နာပေါ် ပူနွေးစွာနဲ့ ကျဆင်းနေပါတယ်။

အဖေက အံဆွဲတခုကိုဆွဲဖွင့်ရင်း အညိုရောင်စာအိတ်တလုံးကို ဆွဲယူလိုက်ပါတယ်။ စာအိတ် ထဲကနေ စာရွက် တပိုင်းတစကို ဆွဲထုတ်လိုက်ပါတယ်။

သားရဲ့ နံမည်က အမှန်မှာ စတီးဝပ် ဒေးဗစ် ၀ါဒ် Stewart David Wort ဘဲသား။ အဖေတို့ သားကို ကလေးဘ၀ ကထဲက မွေးစားခဲ့တာ။

အမေ့ငိုသံ ပိုပြင်းထန်လာသလို ကျနော်ရင်ထဲမှာလဲ ဗြောင်းဆန်နေပါတယ်။ အသံတလုံးမှ မထွက်လာသလို လောကကြီးကို နားမလည်နိုင်တော့ပါဘူး။ လောကကြီး ဇောက်ထိုးဖြစ်သွားသလား ကျနော်ဘဲ နားကြားလွဲတာလား။

ဒါတွေ အဖေ ဘာ့ကြောင့်ပြောနေတာလဲ။ ကျနော့် နားမကြားချင် သလို ဖြစ်လာပါတယ်။ ကြားနေရသမျှကလည်း ကျနော့်မကြားချင်တဲ့ စကားလုံးတွေ .. လက်မခံနိုင်တဲ့ စကားလုံးတွေ ... အဖေပေးလိုက်တဲ့ မွေးစားရင်းစာရွက် ကို လက်ထဲကိုင်ပြီး အသက်မရှိတဲ့ လူတယောက်လို ၀ိညာဉ်မဲ့ လူတယောက် လို ကျနော့်အိပ်ခန်း ဆီသို့ တလှမ်းချင်း တက်လာခဲ့ပါတယ်။

ရင်ထဲမှာလဲ တင်းကြပ် နေပါတယ်။ အိပ်ယာ ပေါ်ကို မည်သို့ မည်ပုံ ရောက်သွားမှန်း မသိပါ။ ခေါင်းအုံးပေါ် မျက်နှာမှောက်ပြီး ရင်ပွင့်မတတ် အားရပါးရငိုရှိုက် မိတာဘဲ သိလိုက် ပါတော့တယ်။

အမေဟာ ကျနော့်ရဲ့ ဘ၀ပါ။ အမေက ကျနော်အပေါ် သိပ်ချစ်တယ်။ ကျနော့်အပေါ် အရိပ်တကြည့်ကြည့် နဲ့ ယုယခဲ့တာ ကြင်နာခဲ့တာ သူ့ အချစ်တွေနဲ့  အေးမြစေခဲ့တာ သူ့ မေတ္တာတွေနဲ့ နွေးထွေးစေခဲ့တာ... အမေ... အမေ...

အမေ့ရဲ့ အချစ်တွေကို ပြန်လည် ပေးဆပ်ဖို့ ... ကျနော်လုပ်နိုင်တာကတော့ အမေ့ကို စိတ်ချမ်းသာအောင် ပျော်ရွှင်အောင် အမြဲ ထားခဲ့ပါတယ်။ အမေငြိုငြင်မဲ့အပြုအမှု အနေအထိုင် ဘာတခုမှ မလုပ်ခဲ့ပါဘူး။ အခုတော့ မွေးစားသားဆိုတဲ့ စကားလုံးနဲ့ ကျနော်တို့ ရဲ့ အေးငြိမ်းတဲ့ ဘ၀လေးကို မုန်တိုင်းတခုဝင်ရောက် တိုက်ခတ်လိုက် သလိုပါဘဲ။

အခုတော့ မွေးစားသားဆိုတဲ့ ကျနော့်အဖြစ်ကို အသိမပေးချင်ခဲ့တဲ့ အဖေနဲ့  အမေ...... မိဘကို သိပ်ချစ်တဲ့ ကျနော် ... ဒီမိသားစု၃ယောက်ရဲ့ ပျော်ရွှင်နေတဲ့ ဘ၀လေး
ကို ကျနော့်ရဲ့ မွေးစာရင်း က အစိတ်စိတ်အမွှာမွှာ ခွဲခြမ်း ခြေဖျက် လိုက်သလို ပါဘဲ။ ကျနော့် ကို မိဘရင်ခွင်ထဲက အတင်းဆွဲယူပြီး အဝေးပြင် ကမာတခုထဲ ကို လွှင့်ထုတ် ခံလိုက် သလို ခံစားရပါတယ်..

ငါဘယ်ကလာတာလဲ ... ဘာလိုဖြစ်ပြီး အမေတို့ ဆီရောက်ခဲ့ရတာလဲ.. ငါ့ကိုချစ်လွန်းတဲ့ အမေနဲ့အဖေ ဟာလည်း ဘာ့ကြောင့် အမေအရင်း အဖေအရင်း မဖြစ်ရတာလဲ..... လဲပေါင်းများစွာ နဲ့  ဘာကိုမှ အဖြေ ရှာမရသလို အခုလို မမျှော်လင့်ခဲ့တဲ့ မွေးစားသားဘ၀ ဆိုတာကိုလည်း ...

ကံကြမ္မာကြီးက လှည့်စားလွန်းပါတယ် ...ကျနော်အရမ်း ၀မ်းနည်းမိပါတယ်။ ကျနော့် ရင်ထဲမှာရော မျက်လုံးအိမ်မှာပါ မျက်ရည် တွေသာ ပြည့်ဖုံးနေပါတယ်။ တညလုံးရင်ထဲမှ အစိုင်ခဲကြီးဟာ ကျနော့်ကို အရည်ပျော် သွားအောင် ပူဆွေး လောင်ကျွမ်း စေပါတယ်။

ဆက်ရန်

Ref: Dailymail, UK. Extracted by Mandy Francis from Complete Surrender by Dave Sharp, to be published by Blake Publishing on July 19 at £17.99. © 2008, Dave Sharp. To order a copy for £16.19 (P&P free), call 0845 606 4206.

Good News - ရွှေ သတင်းကောင်း

အင်္ဂလန်ရဲ့ အိုင်လက်စ်မှာ အကြီးမားဆုံးရွှေတွင်းတွေ့ တယ်တဲ့။ (စိတ်ဝင်စားကြတယ် မဟုတ်လား)။ အိုင်းရစ်ရွာသေးသေး လေးမှာ ရွှေမှုန်တွေ တွေ့ နေတယ်။ သန်းပေါင်း၄၅၀လောက် တန်ဖိုးရှိမယ်လို့ ခန့် မှန်းကြတယ်။ သန်းပေါင်း ၄၅၀ပေါင် တန်ဖိုးရှိနိုင်မဲ့ ရွှေတွင်းကြီးကို နောက် ၃နစ်အတွင်းမှာ တူးဖော်နိုင် လိမ့်မယ် လို့ ခန့် မှန်းနေကြပါတယ်။

၁၇၉၅ခုနစ်လောက် ကထဲက အိုင်ယာလန်မှာ ရွှေတွင်းတွေ စတွေ့  ခဲ့ပါတယ်။ အခုထိ စီးပွားဖြစ် ရွှေထုတ်နိုင်ပါ တယ်။ အိုင်းရစ် အမတ်လဲဖြစ် ပရော်ဖက်ဆာ တဦးလည်း ဖြစ်တဲ့ ရွှေသူဌေး Conroy ကြီးရဲ့ မြေး Richard Conroy က စတင်တွေ့ ရှိဖော်ထုတ် ခဲ့တာ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ရေနံ၊ သဘာဝတွင်းထွက်ပစည်းများ ကို ရှာဖွေနေကြရင်း နောက်ဆုံး မြောက်အိုင်ယာလန် နယ်စပ်အနီးမှာရှိတဲ့ Clontibret ရွာကလေး ရဲ့ မြေအောက် ထဲမှာ ရွှေသိုက်ကို တွေ့ ရှိခဲ့ပါတယ်။ အိုင်ယာလန်ရဲ့ ဥပဒေအရတော့ ဘယ်လိုဘဲ ရွှေကုမ္မဏီက ဦးဆောင် တူးဖော်ပါစေ ထွက်ရှိသမျှ တွင်းထွက်ပစ္စည်းဟာ အစိုးရပိုင်တယ် လို့  သတ်မှတ်ပါတယ်။

အခုလောလောဆယ်မှာ တူးဖော်သမျှရွှေဟာ အညံ့ဆုံး အရည်သွေးရွှေဘဲ ထွက်ပါတယ်။ ရွှေကို သန့် စင်ဖို့ ကုန်ကျစရိတ်ဟာ ထွက်ရှိမဲ့ ရွှေတန်ဖိုးရဲ့ ၃ပုံ၂ပုံတောင် ကုန်ကျမယ်လို့  ပရော်ဖက်ဆာကွန်ရေးက ပြောပါတယ်။

အင်္ဂလန်နိုင်ငံပိုင်တဲ့ စကော့တလန်၊အိုင်ယာလန်၊ ၀ဲလ်ခ်ျတွေမှာ ရွှေတွင်းထွက်လို့  အင်္ဂလန်ဟာ ရွှေသူဌေးကြီးလို့ ပြောရင် လည်း မမှားပါဘူးရှင်။

အသိပေးတာဘဲ ရှိတာနော် နောက်ပိုင်း ဘာဖြစ်ဖြစ် သတင်းပေးသူနဲ့  မဆိုင်ဘူး။

မှီးငြမ်းစာစောင်။ ။ ဒေးလီးမေးလ်။ By James Tozer

စီဘောက်မှ အမှာစကားလေးများ ၂၁ ဇွန် ၂၀၀၈

ဆောင်းဆီကို လာလည်တဲ့ မောင်နှမတွေရော နှတ်မဆက်ဘဲ တိတ်တဆိတ်ရက်စက်သွားသူတွေရော မသိလိုက်လို့ နံမည်မတပ်မိသူတွေအားလုံး ကိုပါ ကျေးဇူးတင်ပါတယ်ရှင်။



ကိုတီး ။ ။ သီချင်းလေးများအတွက် ကျေးဇူးတင်တယ်။ ဟေမာ၊ အေးချမ်းမေနဲ့  သျှင်နှောင်းသီချင်းတွေကို သိပ်ကြိုက်တာ။ အေးချမ်းမေသီချင်း မင်းသိလားကို ဖြူဖြူကျော်သိန်းပြန်ဆိုတာသိပ်မကြိုက်ဘူး။ အေးချမ်းမေအသံက နူးညံ့ပြီး စိတ်ချမ်းသာစရာ ကောင်းတယ်နော်။ နောက် သျှင်နှောင်း သီချင်းလေးတွေကိုလဲ တင်ပေးပါအုန်းရှင်။

ကိုအောင်ဦး။ ။ လာလည်တဲ့ အတွက် ကျေးဇူးတင်ပါတယ်ရှင်။ တရားဓမ္မအကြောင်းတွေ တင်ပေးထားတာ စိတ်ကြည်နူးစရာပါ။
မြတ်နိုး။ ။ ဂျပန်အကြောင်းလေးများ တင်ပေးထားတာ ကျေးဇူးတင်ပါတယ်ရှင်။

ကိုကမ္ဘာမကြေ။ ။ နယ်ရောက်နေတယ်ဆိုတော့ မုန်တိုင်းအတွက် အကူညီပေးနေတယ်လို့ ယူဆမိပါတယ်ရှင်။ သာဓုပါလို့ ပြောပါရစေနော်။ ဘလော့တကာမှာ ကိုယ်တိုင်သွားရောက်လျှူဒါန်းတာတွေ ရေးတာဖတ်ရလို့  အတော်ဝမ်းနဲရပါတယ်။ စားစရာမရှိဘဲ ဒီအတိုင်းသေဆုံးသွားတယ် ဆိုတဲ့ စာသားလေးတွေ ဖတ်မိတော့ ငိုမိသေးတယ်။ ဆောင်းတို့ ကလည်း ဘယ်လောက် ကြာအောင် ထောက်ပံ့ပေးနိုင်မလဲဆိုတာ မှန်းရင်း ဒုက္ခသည်တွေအတွက် ရတက်မအေးပါဘူး။

သူယောင်သီးနဲ့ ပတ်သက်ပြီးစိတ်ရှည်လက်ရှည် ရှာဖွေပေးတာ အလွန်မှ ကျေးဇူးတင်ရှိပါတယ်ရှင်။ နောက်လဲ ထပ်မံတွေ့ ရှိတာလေးတွေ ပုံမှန်မဟုတ်တဲ့ အရာလေးတွေ သိရင် ပြောပြပေးပါလားနော်။

ကိုမျိုးမြင့်အောင။်။ ချင်းမလေး။ ။ ကိုပြေအေး

မသက်ဇင်။ ။ခက်တော့တာဘဲကွယ် မသက်ဇင်ကို ဆောင်းက အားပေးစကားပြောတာကို ဘယ်နှယ် သူ့ နံမည်ခံပြီး လိုက်ရေးတယ် ပြောရတာတုန်း။
ချစ်သူငယ်ချင်းယွန်းမီ။ ။

ကိုဗွီဘီတီ။ကိုတာတူး ။ E-Journalဆိုလို့ လာကြည့်တာ။ စုပေါင်းရေးထားတဲ့ ဘလော့လေးပါလား။ ဆောင်းလဲ အခုမှ သီးသန့် ဘလော့ရေးတာ သူငယ်ချင်းကောင်းမှု့ ကြောင့်ပေါ့။ သိပ်နားမလည်တော့ ပို့ စ်တခုရေးနိုင်ဖို့ အချိန်သိပ်ကြာတာ။ အင်္ဂလန်အကြောင်း မရေး ဖြစ်တာတောင် ကြာသွားပြီ။ နောက် အားမှ ရေးပေးပါမယ်။
ကိုRepublic။ ။ ပုလဲ။ ။ကိုသားငယ်။ ။Raven။ ။lknt။ ။

ခရီးသည်။ ။ အသည်းပုံ နတ်ရေကန်ကို ရောက်ရတာ စိတ်ထဲက အကျဉ်းအကြပ်ထဲက လွတ်ရသလိုဘဲ။ တောင်တန်းတွေ နဲ့  ကွင်းပြင်အကျယ်ကြီးနဲ့  အလွန်အေးချမ်းမှာဘဲနော်။ များသောအားဖြင့် ချင်းတွေက ဝေါတွေကို မကြိုက်ကြဘူး။ ဆောင်းကို ရော ဝေါ ဆိုပြီးမုန်းမှာလား။ အမှန်ပြောရရင် ကချင်ရော ချင်းတွေရော စသဖြင့် တိုင်းရင်းသားတွေက လူမျိုးရေးသိပ်ခွဲခြားတာဘဲနော်။ ဆောင်းတို့ မှာ ဒီလိုစိတ်မရှိဘူး။ အားလုံးမြန်မာပြည်ထဲမှာနေတဲ့သူတွေဘဲ။ နိုင်ငံခြားရောက်တော့ ပိုသွေးစည်းချင်တာဘဲသိတယ်။

Freshup။ ။ ဂီတာ မတီးချင်ပါဘူး။ ဂီတာ တီးသံဘဲ နားထောင်ချင်တယ်။ ဆောင်းတို့ အဆောင်မှာ နေတုန်းက ဆို ညတိုင်း လျှပ်စစ်မီးရှိစရာ မလိုတဲ့ သီချင်းလေးတွေ... အဲ.... အဆိုတော်တွေ တဖွဲ့ ပြီးတဖွဲ့  ညတိုင်းမထပ်ဘူး သိလား။ ကဲ ဆိုပြပါ... ကိုယ်တိုင်းတီးတဲ့ ဂီတာသံစဉ်လေးတွေနဲ့ နော်.... တင်ပေးထားပါလား။

MayMoe။ ။ မိုးကို စော်ကားတဲ့ စာ ကို ဆောင်းရဲ့ စီဘောက်ထဲ လာရေးထားတာဖတ်ရလို့ ။ ဘာ့ကြောင့်များ မမြင်ဘူးတဲ့ သူရဲ့ စာမူဖတ်ပြီး လူတကာလိုက်ကဲ့ရဲ့တာ လွန်တာပေါ့နော်။ ဆောင်းက မကြိုက်လို့ ။ ဒါနဲ့ သူငယ်ချင်းက ဆောင်းကိုနှတ်တိုက်ချပေးလို့ ဆောင်းလဲ ပို့ စ်တခုရေးလိုက်သေးတယ်။ မိုးမရောက်လာခင်မှာ အဲဒီပို့ စ်ကို ပြုတ်ပြီးတဲ့အချိန်ပေါ့။ မောင်လေးတာတူးက ပြောလို့ ဖြုတ်လိုက်တာ။ သူက ဆောင်းရဲ့ အကြံပေးဆရာကြီးလေ။ သူ့ ရဲ့ စိတ်ကူးလေးတွေ သိပ်သဘောကျတာ မောင်လေးပေမဲ့ အကိုကြီးလို့ ပြောရမယ် ထင်ပါရဲ့။

mgthonnya။ ။ စီဘောက်ကို ပျားရည်ဘဏ်တိုက်တဲ့ရှင်။ အတော်တင်စားတတ်တာဘဲ။ ကိုမောင်သုညရဲ့ ကောင်မလေး(အိမ်ထောင်ရှိသူဆိုရင် ကိုမောင်သုံညရဲ့အမျိုးသမီးပေါ့) ကိုမောင်သုညရဲ့ အပြောထဲမှာ အတော်ကြွေခဲ့မဲ့ ပုံဘဲနော်။

ko nyi(kyawseinlin2002@yahoo.co.uk)။ ။ အင်္ဂလန်ကဆိုတော့ အရမ်းဝမ်းသာသွားတယ်သိလား။ ဆောင်းက အင်္ဂလန်နဲ့ ၂၅မိုင်ကွာတဲ့ south-west trainနဲ့ ဆို ၃၀မိနစ်စီးရတဲ့ ဆာရေမှာနေတာ။ ဆက်သွယ်ဖို့ ရေးခဲ့လေ

foolbag (JKQA)။ ။ ဆောင်းက foolbag နဲ့  foodbagမှားဖတ်မိလို့ ရှင်။ လာလည်ပြီးမောသွားတယ်။ လာရတာ မောသွားလို့  ပြန်လျော်ပေး။

အဇ္ဈတ္တပြခန်း။ ။ ကြည့်စမ်းသူများကိုများ... ဟင်း။ အင်းလေ ဟုတ်တော့လဲဟုတ်ပါတယ်။ ပူတဲ့နေရာက လူတွေက အအေးဒဏ်မခံနိုင်တာ။ ဆောင်းက အခုဆိုရင် အပူဒဏ်မခံနိုင်တော့ဘူး။
ဝဿန်ဦး။ ။ ကိုဦးမလာတာ ကြာပြီနော်။
မင်းမင်း။ ။ကဝေညလို့ ရေးတာ တင်စားတာလေးအတွက် သဘောကျတယ်။ ပြန်စဉ်းစားတော့ ကဝေတွေကြောင့် လူတကာဒုက္ခရောက်ရတာ ဆိုတော့လူကောင်းတွေဘက်က စဉ်းစားရင် သဘောမကျပြန်ဘူး။ ပြီးတော့ ကဝေညဆိုပြီး နေ့ လည်ခင်းရှု့ ခင်းကြီး အဟင်းဟင်း ကဝေနေ့ လို့ ပြောင်းပေးမယ်နော်။
saiwunna: ရှင်ရဲထွတ်: မိုးပြေး: Khine Bo Bo သုခရိပ်: lilgurl: ဘိုဘို:
win zaw: စီဘောက်ထဲမှာ ဘာ့ကြောင့် တယောက်ထဲ ပြုံးလိုက် မဲ့လိုက် ရီလိုက်ဖြစ်တာလဲဟင်။ နေမကောင်းလို့ ဆရာဝန်ပြရအောင်ကလည်း ကိုယ်တိုင်က ဆရာဝန်ဝင်းဇော်မဟုတ်လားဟင်။
ံheartmuseum: ငြိမ်းစု:kom: နေလွမ်းသူ: တင်နွယ်မောင်.JulyDream:ဇောင်း: သော် kyunpar:

ထူးဆန်းဘွယ်ရာ အင်္ဂလိပ်များ - ၅ ဆောင်း နဲ့  အင်္ဂလန်


အခုရေးချင်တဲ့ အကြောင်းက မူရင်းနဲ့ နဲနဲ သွေဖယ်တယ်နော်. ဆောင်းရဲ့ နေထိုင်မှု့ စရိုက်ကို ပြောတာ ဆိုရမှာပါ။

အင်္ဂလန်မှာ ကြက်သွန်မိတ်ကို အရွက်တွေဖြတ်ပြီးရောင်းတယ်။ ရန်ကုန်က ကြက်သွန်မိတ်ကို ဖြူးစားတတ်တဲ့ အကျင့် ရှိတော့ ကြက်သွန်မိတ်စားချင်ရင် ကိုယ်တိုင်စိုက်မှ စားရတော့တယ်။

ဆောင်းက ကြက်သွန်တွေ အထုတ်လိုက် ၀ယ် ကြက်သွန်ထိပ်က အမြစ်ခြောက်နေတဲ့ ခေါင်းလေးတွေ ဖြတ်တယ်။ အဲဒီခေါင်းက နေ အမြစ်ထွက်တာမိုလို့  ကုန်အောင် ဖြတ်မထုတ်ဘူး။ ရေတညစိမ်ပြီး ရေစစ် ပစ်ထားတယ်။ (တခါတလေ ၀ယ်လာတဲ့ ကြက်သွန်အထုပ် မိုးမိတာကို ခနပစ်ထားတယ်။ ) သတိရလို့ ယူကြည့်ရင် ကြက်သွန်ခေါင်းက အမြစ်လေးထွက်လာသလို ပင်စည်ထိပ်ကလည်း အညှောင့်လေးတွေ ထွက်လာတယ်။ ကြက်သွန်ရဲ့ အပြင်အသားကို နွာပြီး အတွင်းနားက အညှောင့်နား အလွှာချန်ပြီးရင် မြေကြီးထဲ ထိုးထဲ့ထားလိုက်တယ်။ ဒီမှာ ဥယျာဉ်ခြံမြေဆိုင်တွေ ရှိတော့ မြေကြီးအိတ်တွေ သီးသန့် ဝယ်၊ ပန်းအိုးလေး ၀ယ်ပြီး အသေချာစိုက်ထားတာ။ မြေသြဇာ plant food ကိုရေနဲ့ ဖျော်ပြီး တတ်နိုင်သလောက် နေ့စဉ် ရေလောင်း ပေးတယ်။ ဒီရောက်တော့မှ ကြက်သွန် အမျိုးပေါင်း သောင်းခြောက်ထောင်ရှိနေတာ တွေ့ ရတယ်။ ကြက်သွန်မိတ်ရဲ့ ပုံစံက ပိုက်လုံးလေးလို လုံးလုံးလေး၊ တချို့ ကြက်သွန်က အနီရောင် တချို့ က အလုံးသေး၊ တချို့ က တစုသီးလို ချွန်ချွန်လေး။ အရောင်ကလည်း ကြက်သွေးရင့်နဲ့  အ၀ါရောင်၊ ရန်ကုန်ကလို တမျိုးတည်းမဟုတ်ဘူး။ ဆောင်းစိုက်ထားတဲ့ မျိုးစေ့က ထွက်တဲ့ ကြက်သွန်မိတ်က ၀ါယာကြိုးလို အလုံးလေး စားကြည့်တော့ ချိုတယ်။ စိုက်ထားတာ ၃လလောက်ရှိပြီ သိပ်မကြီးလှသေးဘူး။ ဒါပေမဲ့ ပြန်စိုက်ချင်တာနဲ့  အကုန်ဆွဲနှတ်ပြီး စားလိုက်တာ မွှေးသားဘဲ။ အခုဆောင်းမှာ ကြက်သွန်မိတ်စားချင်ရင် အိမ်ရှေ့ နဲ့ နောက်ဖေးမှာ စိုက်ထားတဲ့ ဥယျာဉ်ထဲဆင်းပြီး ကြက်သွန်မိတ်ခူးရုံဘဲ။

နောက်ထပ်စိုက်ထားတာက နံနံပင်၊ သိပ်မစားပေမဲ့ ဟင်းချက်ရင်မွှေးအောင်ထဲ့လို့ စိုက်ထားတယ်။ မနှစ်က စိုက်ထားပြီး မစားဖြစ်တော့ အပင်က ရင့်ပြီး အရွက်စားလို့ မရတော့ဘူး။ အပွင့်တွေပွင့် မျိုးစေ့တွေရလို့ အခြောက်ထားထားတယ်။ နှင်းကုန်လို့ နွေရောက်လာလို့  မြေကြီးထဲ ဖြူးထဲ့ထားတယ် ဟော အခု အပင်လေးတွေ ပေါက်နေပြီ။

မစားဖြစ်ပေမဲ့ ၀ါသနာလို့ ဘဲ ပြောရမှာဘဲ။ တချို့ အပင်တွေစိုက်မလို့ စမ်းကြည့်တာ မအောင်မြင်ပါဘူး။ နောက်ဆုံးတော့ လက်လျော့လိုက်တယ်။

အပင်စိုက်တာ တွေ နားမလည်ပေမဲ့ မြေကြီးထဲထဲ့ ရေလောင်း တာတော့ ဖြစ်သား။ ရန်ကုန်က ဥတလုံး ကြက်သွန်ဖြူ နဲ့  ကြက်သွန်မိတ်ဘဲ စိုက်တော့မယ်။ နားမလည်တာနဲ့  မအောင်မြင်တာနဲ့ ဆိုတော့ ဖြစ်တဲ့ အပင်ဘဲ စိုက်တော့မယ်။ နောက်မှ ဘာအပင်တွေ ဖြစ်ထွန်းမယ်ဆိုတာ ရေးပြမယ်နော်။

ှဆယ်လာရီလို့ ခေါ်တဲ့ (တရုတ်နံနံ ခေါ်မယ်ထင်တယ်) အပင်ရှိတယ်၊ ဂျူးမြစ်ပင်ရှိတယ်၊ ပူစီနံအပင်ရှိတယ်၊ အချဉ်ရွက်လို့ ခေါ်တဲ့ sour leaf အပင်ရှိတယ် သူက ချဉ်ပေါင်ရွက်နဲ့ တူတယ် ချက်လိုက်ရင် နူးညံ့ပြီး ဗိုက်မနာဘူး။ ချဉ်ပေါင်လိုဘဲ ချဉ်တယ်။ ဓါတ်ပုံရိုက်ပြမယ်နော်။ နောက် အပင်သေးသေးလေးတွေ ခရမ်းရောင် အပွင့် ပေါက်စနလေးတွေ ပွင့်တာမှ အများကြီးဘဲ ခရမ်းချဉ်သီးပင်လားမသိဘူး။ ဆောင်းလဲ မြေကွက်လပ်ထဲ အစေ့တွေ လျှောက်ပစ်ထားတာ အဲဒီတုံးက ဘာမှ မပေါက်ဘူး။ ထောပတ်စေ့ရော ကုလားသခွားရော ပိန္နဲစေ့ရော ပန်းသီးစေ့ ဘဲ။ အခုဘာတွေ ပေါက်မလဲ မသိဘူး။ သင်္ဘောသီးစေ့တွေတော့ အသေအချာ ပန်းအိုးထဲ စိုက်ထားတယ်။ ဆောင်းစိုက်ထားတဲ့ဂျူးမြစ်လေး ကို မစားရက်လို့ ရေဘဲ လောင်းနေတာ နစ်ချီလှပေါ့။ နောက်အပတ်တရက်လောက်မှာ အပင်ခွဲပြီး ပြန်စိုက်လိုက် အုန်းမယ်။ ထဲ့စိုက်ထားတဲ့ ပလစ်စတစ်ဗူးကလေးဆို အမြစ်တွေနဲ့  ကြပ်နေတာ။

ဒီမှာ သင်္ဘောသီးလေးတွေက စလုံးမှာ ရတဲ့ အသီးလိုဘဲ သေးသေးလေးတွေ ရန်ကုန်က မချစ်စု အသေးစား အရွယ်ဘဲရှိတယ်။ အလွန်ချိုတာ။ အစေ့က အသီးထဲမှာ တလုံး၂လုံးပါရင် စိုက်လို့ မရဘူး။ အစေ့များတဲ့ အသီးဝယ်မိလို့ ပန်းအိုးလေးထဲမှာ ထဲ့ထားတယ်။ သင်္ဘောသီး ယောက်ျားလက်သီးဆုပ်လောက် ကို ၁ပေါင်ပေးရတယ်။ တထွာ အရွယ် သင်္ဘောသီကို ၃ပေါင်ခွဲ ပေးရတယ်။

ငရုတ်ပင် အာလူးကို မြေကြီးထဲ ထဲ့ပြီးရေမှန်မှန်လောင်းတာ အပင်ထွက်လာသေးတယ် အဆောင်က တရုတ်တွေ ဖဲချရင်းနဲ့ ဆောင်းရဲ့ အာလူးပင်ရော ငရုတ်ပင်ရော တက်နင်းမိကြလို့  ငရုတ်သီးတထောင့် အာလူး ဂေါ်လီလုံးလောက် ၄လုံးစားရတယ်ရှင့်။ (ကိုတာတူးနဲ့ ကိုတောင်ငူအတွက် တခြမ်းစီပိုစားပေးလိုက်တယ်) ၀ယ်စားရင် ဘယ်လောက်မှ တန်ဖိုးမရှိပေမဲ့ နေ့စဉ်ရေလောင်းပေး ရတဲ့ သံယောဇဉ်နဲ့  အပင်လေးတွေ သေရင် စိတ်မကောင်းဖြစ်ရတယ်။ အခုတော့ အာလူးစိုက်လဲ မဖြစ်ဘူး။ အာလူးအတွက် မြေကြီးဝယ်မလို့ သွားကြည့်တာ ဈေးကြီးလွန်းလို့ ၅ပေါင်လောက်ရှိတယ်။ ဒါနဲ့ အသာလေး ပြန်လှည့်လာလိုက်တယ်။ နောက်မှ စိုက်ဖြစ်ရင် ၀ယ်လိုက်မှ။

အခုတော့ ကြက်သွန်မိတ်ပင်လေးတွေကိုတော့ အတော်ကြီးလာရင် တခါတည်းဆွဲနှုပ်ပြီး စားပစ်လိုက်တာဘဲ။ ဆောင်းအတွက်တော့ ကြက်သွန်မိတ် ၀ယ်စားဖို့ မလိုတော့ဘူး။ တယောက်စာ လုံလောက်တယ်။ အိမ်က တခြား အခန်းဖော်တွေကတော့ အပင်တွေအတွက် သီးခံနေပုံရတယ်။ ဆောင်းက စားမလား ပြောတာ ကြောက်ကြပုံရတယ်။ ဆောင်းကံကောင်းတာပေါ့နော် သူတို့ ရွံတယ်ကြောက်တယ်ဆိုတော့ သူတို့ အန္တရယ် ကင်းတာပေါ့ (သူတို့ ခိုးစားမှာ မကြောက်ရဘူး) အဟင်း

ဒီနေ့ တော့ ဆောင်းရဲ့ ခြံထွက်ကြက်သွန်ဖြူ ဥပေါက်စနလေးတွေ၊ နံနံပင်၊ ကြက်သွန်ဖြူမိတ်နဲ့  ဟင်းချိုတခွက်ရသွားတယ်။ ပြီးတော့မှ ကိုတောင်ငူရဲ့ လက်ရာ ဟင်းတွေကို သွားရှာ ပြီးသွားရည်ကျလိုက်အုန်းမယ်နော်။

သိပ်ကြွားတယ်လို့ ပြောကြမယ် ထင်ပါရဲ့။ တကယ်လို့ များ သိတဲ့သူတွေ ရှိရင် ပြောပြကြပါနော်။ သင်္ဘောပင် က ဘယ်ဒေါ့င်ဘယ် နေရာမှာ မစိုက်ကောင်းဘူး ဆိုတာလေ။ အခု မြေကြီးထဲ ထဲ့ထားတဲ့ သင်္ဘောစေ့တွေ အပင်ပေါက်လာလို့ ။

စိုက်ပျိုးရေး နားလည်တဲ့ သူတွေကလည်း သစ်ပင်စိုက်နည်းလေး များ မ စ ခဲ့ပါနော်။

စာဖတ်ပြီးရင် နဲနဲ တော့ အသိပေးခဲ့ပါအုန်း ။ မပြောမဆိုနဲ့  ရက်စက်မသွားပါနဲ့ လို့ ..

စီဘောက်မှ အမှာစကားလေးများ

ကိုတာတူးက သွားရည်ကျနေရကြောင်းပြောတော့ အလွန်ကူညီချင်ပါတယ်။

သွားရည်ခံလေး လုပ်တပ်ထားလေ။ ဆောင်းတို့ က တနိုင်ငံမှာ နေရတော့ သူတို့ နိုင်ငံသားလို မသုံးဖြုန်းနိုင်ဘူး မဟုတ်လား။ ဆောင်း ငယ်ငယ်ကဆိုရင် ဘာမှ မချက်တတ်ဘူး။ မနက်ဆို မာမီနဲ့  ဈေးလိုက်ဝယ်ပေး။ ခုတ်ထစ် ဖြတ်တောက်ပေးပြီးရင် အလုပ်သွားဖို့ အချိန်ရောက်တာနဲ့  ချက်တဲ့ အချိန်အခါမှာ ဆောင်းအိမ်က ထွက်ရလို့  ဘာမှ မချက်တတ်ခဲ့ဘူး။ အဖြတ်တောက် က တော့ တော်တယ်။ နိုင်ငံခြား ရောက်တော့ ဒုက္ခရောက်တာဘဲ။ ထမင်းအိုးရှိလို့  ထမင်းကောင်းကောင်း ချက်တတ်လို့ စားရတယ်။ ဘာမှမချက်တတ်တော့ အပြင်မှာဘဲ စားရတယ်။ ရေရှည်မှာတော့ အခက်တွေ့ တာပေါ့ရှင်။

နောက်ပိုင်း အတူနေတဲ့ အမတွေကို ပစည်းဖိုး အကုန်ကျခံပြီး ချက်ခိုင်းပြီး သူတို့ ချက်တာ ကို ကြည့်ပြီး သင်ရတယ်ရှင့်။ ပထမဆုံးက ဆီထမင်းချက်နည်း၊ နောက် ရှမ်းခေါက်ဆွဲ။ တို့ ဖူးနွေး၊ ရှမ်းထမင်း စားချင်တာတွေ ကို သင်ရတယ်။ နောက်တော့ အိမ်ရှင်တွေကို ပစည်းဖိုး အကုန်ခံပြီး ဒန်ပေါက်၊ ဥပ်ပမာ၊ လာဒူ၊ ချာပါတီ စသဖြင့် သင်ရတယ်။ နောက်တော့ တိုရှည်လုပ်နည်း တွေပါတတ်လာတယ်ရှင့်။

ချက်ပြုတ်နည်းပညာကို လွယ်လွယ်နဲ့ ရတာ မဟုတ်ဘူးနော်။

အဲဒီတုန်းက ဆောင်းက အလုပ်လုပ်တော့ ၀င်ငွေရှိလို့ အပြင်မှာဘဲ ၀ယ်စားတာ များတယ်။ အင်္ဂလန် ကို ကျောင်းလာတက်တော့ ၀င်ငွေမရှိတော့ အပြင်မှာ မစားနိုင်ဘူးလေ။ တကယ်ကို ချက်စားရတော့တာဘဲ။ အရာရာ ဈေးကြီးလွန်းလို့  ထမင်းတောင် မစားရက်တဲ့ အထိဘဲ တကယ်ပြောတာပါ။ ငွေက လေထွက်သလို ထွက်နေတာကိုး။

ရောက်ရောက်ချင်း အလုပ်မရသေးဘူး ၄လကျော်မှ အချိန်ပိုင်း အလုပ်ရတယ်။ ရတော့ ကုန်စုံဆိုင်ဆိုတော့ အစားသောက်လဲ ရတယ်လေ။ လခကတော့ အိမ်လခတောင် အနိုင်နိုင် တလတလ အလျင်မမှီဘူး။ အဲဒီအလုပ်မှာ အသားညပ်ပေါင်မုန့် တို့  ကိတ်တို့  ဘိတ်ကရီ တို့ ကို ဈေးသက်သာစွာနဲ့ အားရပါးရ၀ယ်ပြီး တပတ်တိတိ ထမင်းမချက်ဘဲ စားပြီးတယ်။ တပတ်လဲ ပြည့်ရော တခါတည်း အဲဒီအစားအစာတွေ ကြည့်တောင် မကြည့်ချင်အောင် မုန်းသွားတယ်။ အဲဒီကထဲက ကိုယ်တိုင်ချက်စား တော့တယ် ၀ယ်မစားနိုင်တာလည်းအဓိကပေါ့နော်။ မချက်တတ်ရင် မစားရဘူး။ ၀ယ်စားဖို့ က ဆိုင်လည်းမရှိဘူး။ ရှိရင်လည်း ဆောင်းလခနဲ့ မစားနိုင်ပါဘူးရှင်။ အဲဒီတော့ အငတ်ခံ မလား ချက်တတ်အောင် လုပ်မလား ဆိုတဲ့ လမ်း၂ခုဘဲ ရှိတယ်။ ကိုယ့်စိတ်ထဲက စားချင်တာတွေ စိတ်ကြိုက်ချက်စား လိုက်ရတော့ အရသာမရှိလဲ အားရသွားတယ်။

ဆောင်းကိုယ်တိုင် မ၀ယ်စားနိုင်တော့ ချက်စားရသလို မောင်လေး ညီမလေးတို့ အတွက် လည်း တတ်သမျှကို မျှဝေတာပါ။ ဆောင်းရဲ့ခံယူချက်က မလုပ်ချင်လို့ သာရှိရမယ် မလုပ်ဘူးတာ မရှိသင့်ဘူးလေ။ ဒီလိုဘဲ မစားချင်လို့ သာ ရှိရမယ် မစားဘူးတာ မချက်တတ်တာ မရှိရဘူးဆိုတာပါဘဲ။

ဒါ့ကြောင့် ကိုတာတူးရေ မချက်ချင်ရင်နေပါ။ စားချင်စိတ်ပေါ်လာရင် ချက်နည်းသိအောင် လေ့လာထားပါကွယ် .. လို့ပြောမယ်နော်... အပြင်မှာ ၀ယ်စားနိုင်ရင် တမျိုးပေါ့နော်။ မ၀ယ်စားနိုင်တဲ့ အခြေအနေရောက်ပြီး ကိုယ်တိုင်လုပ်နိုင်တဲ့ အခြေအနေရောက်ရင် အာသာပြေအောင် လုပ်စားဖို့ ပါဘဲ။ အခုနောက်ပိုင်း ဆောင်းက အင်တာနက် ထဲမှာ ချက်တဲ့ ဗွီတွေ ကြည့်ပြီး ချက်တော့တယ် အဟင်း နဲနဲ အဆင့်မြင့်လာတယ်။ နက်ထဲက ကြည့်တာနဲ့  ချက်တတ်လာတယ် ဆိုပါတော့နော့။

ထပ်ပြောအုန်းမယ် မေ့မှာစိုးလို့ ...

စီဘောက်မှာ ရောက်ကြောင်းပြောခဲ့ပါ.... အသိမပေးဘဲ မရက်စက်ခဲ့ပါနဲ့ 

You received this email because you are subscribed to the real_time feed for http://saundoo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.