[အောင်မြေ] 25 New Entries: မြစေတီ
မြစေတီသည် ခရစ်(၁၂)ရာစုဦးက တည်ဆောက်ခဲ့သည့် စေတီဖြစ်သည်။ မြစေတီ၏ မဟာရာမ် တံတိုင်းကို ပြုပြင်ရာမှ ပျူ၊ မွန်၊ မြန်မာ၊ ပါဠိ လေးဘာသာဖြင့် ရေးထိုးထားသည့် ကျောက်စာ တွေ့ရပြီး မြစေတီကျောက်စာ (ယခု ရာဇကုမာရ် ကျောက်စာ) ဟု ခေါ်တွင် ခဲ့သည်။ ထိုမြစေတီ ကျောက်စာပါ ရည်ညွှန်းထားသော ဘုရားမှာ မြစေတီ၏ အနောက်ဘက်တွင် ကပ်လျက်ရှိသည့် မြင်းကပါ ဂူပြောက်ကြီး ဘုရား ဖြစ်သည်။
ပိဋကတ်တိုက်
ပိဋကတ်တိုက်ကို အေဒီ (၁၀၅၈) တွင် အနော်ရထာမင်း တည်ဆောက်ခဲ့သည်။ အနော်ရထာမင်း လက်ထက်တွင် သထံမှ ရှင်အရဟံ ပုဂံပြည်သို့ ကြွလာပြီး ထေရ၀ါဒ ဗုဒ္ဓ သာသနာကို ဟောကြား ခဲ့သည့်အတွက် ပုဂံမင်းနှင့် ပြည်သူတို့ ထေရ၀ါဒ ဗုဒ္ဓသာသနာကို သက်ဝင်ယုံကြည် လာကြသည်။ အနော်ရထာသည် ရှင်အရဟံထံမှ သထံတွင် ပိဋကတ် သုံးပုံများရှိကြောင်း သိရ၍ သထံသို့ သံတမန် စေလွှတ် တောင်းခံခဲ့သည်။ သထံဘုရင် မနဟာက ပိဋကတ်သုံးပုံကို မပေးဘဲ မချေမငံ ပြောဆိုခဲ့သည်။ ထို့ကြောင့် အနော်ရထာမင်းသည် သထုံကို ချီတက် တိုက်ခိုက် သိမ်းပိုက်ကာ သထုံဘုရင် မနုဟာမင်း၊ မိဖုရား၊ မှူးမတ် အခြွေအရံ အများနှင့်တကွ ဗုဒ္ဓ ပိဋကတ်အစုံ သုံးဆယ်ကို ပုဂံသို့ ယူဆောင် ခဲ့သည်။ ထို့နောက် ပိဋကတ်သုံးပုံ စာပေများထားရန် အေဒီ (၁၀၅၈) တွင် ပိဋကတ်တိုက် ဆောက်လုပ်ခဲ့သည်။ ပိဋကတ်တိုက်၏ အပေါ်ပိုင်းတွင် အမိုးခုံးလျှောနှင့် ဘုံငါးဆင့်ရှိသည်။ ပိဋကတ်တိုက်မ သည် စတုရန်းပုံရှိပြီး တစ်ဖက်လျှင် (၅၁)ပေ ကျယ်သည်။ ပိဋကတ်တိုက်၏ အရှေ့မျက်နှာစာတွင် အ၀င်မုခ်ပေါက် သုံးပေါက်ရှိ၍ ကျန်မျက်နှာ များတွင် ပြတင်းပေါက် သုံးပေါက်စီ ရှိသည်။ ပြတင်းပေါက်တွင် တပ်ဆင်ထားသော ခြင်္သေ့ လည်ပြန်ပုံ သည် အလွန် လက်ရာမြောက်လှသည်။
သဘာတရားကို ဆင်ခြင်ခြင်းငါးပါး
(၁) နီဝါရဏ (အပိတ်အပင်)တရားငါးပါး
- ကာမဂုဏ်အလိုရှိခြင်း။
- သူတစ်ပါးပျက်စီးစေလိုခြင်း။
- လေးလံထိုင်းမှိုင်းခြင်း။
- ပျံ့လွင့်ခြင်းနှင့် နောင်တပူပန်ခြင်း။
- ယုံမှား ဒွိဟနှစ်လုံးနှစ်ခွဖြစ်ခြင်း။
(၂) ခန္ဓာငါးပါး (သိမှုတစ်ခု၏ဖွဲ့စည်းပုံ)
- ဖောက်ပြန်တတ်သည့်တရားအစု (အာယတနတို့၏ထိတွေ့ခြင်း)
- ခံစားခြင်း (ဝေဒနာ)
- မှတ်သိခြင်း။
- အားထုတ်မှု။ (စဉ်းစားဆင်ခြင်မှု)
- အထူးသိမှု။
(၃) အာယတနတစ်ဆယ့်နှစ်ပါး (သိမှုဖြစ်စေသောအကြောင်းအရင်း)
- မျက်စိ။
- အဆင်း။
- နား။
- အသံ။
- နှာခေါင်း။
- အနံ့။
- လျှာ။
- အရသာ။
- ကိုယ်။
- အတွေ့အထိ။
- စိတ်။
- သဘောတရား(ဝေဒနာ)(အထူးသိမှု)
(၄) ဗောဇ္ဈင်ခုနှစ်ပါး (သစ္စာတရားတို့ကို သိကြောင်းအကြောင်းအရင်း)
- တရားနှင့်နေထိုင်ခြင်း။
- ဖြစ်ပျက်ကြောင်းကျိုးများကိုသိအောင်လုပ်ခြင်း။
- အားထုတ်မှုကိုပြုခြင်း။
- ကျေနပ်နှစ်သိမ့်ခြင်း။
- အေးငြိမ်းချမ်းသာခြင်း။
- တည်ငြိမ်ခြင်း။
- အစွဲအလန်းမရှိ သိမြင်ခံစားခြင်း။
(၅) သစ္စာလေးပါး (သစ္စာဆိုသည်မှာ အမှန်တရားဖြစ်သည်)
- ဆင်းရဲခြင်းအမှန်တရား။
- ဆင်းရဲခြင်းကြောင်း အမှန်တရား။
- ဆင်းရဲငြိမ်းကြောင်း အမှန်တရား။
- ဆင်းရဲငြိမ်းကြောင်းသို့ ရောက်စေတတ်သော အကျင့်အမှန်တရား (မဂ္ဂင်ရှင်းပါးအကျင့်) ။ ။
စိတ်ကိုဆင်ခြင်ခြင်းတစ်ဆယ့်ခြောက်ပါး
- ရာဂနှင့် တကွသောစိတ်။
- ရာဂကင်းသောစိတ်။
- ဒေါသနှင့်တကွသောစိတ်။
- ဒေါသကင်းသောစိတ်။
- မောဟနှင့်တကွသောစိတ်။
- မောဟကင်းသောစိတ်။
- ငိုက်မျဉ်းသောစိတ်၊ လေးလံသောစိတ်။
- ပျံ့လွင့်သောစိတ်။
- ကသိုဏ်းအာရုံတစ်ခုခုတွင် တည်ငြိမ်နေသော ပုဂ္ဂိုလ်တွင်ဖြစ်သော ချမ်းသာသောစိတ်။
- ကသိုဏ်းအာရုံတစ်ခုခုတွင် တည်ငြိမ်နေသော ပုဂ္ဂိုလ်တွင်ဖြစ်သော ချမ်းသာသောစိတ်မှ တစ်ပါး အခြားသော ကာမာဝစရစိတ်။
- မြင့်မြတ်သောစိတ်။
- တည်ကြည်သောစိတ်။
- မတည်ကြည်သောစိတ်။
- ကုသိုလ်စိတ်။
- အကုသိုလ်စိတ်။
ဝေဒနာကို ဆင်ခြင်ခြင်းကိုးပါး
- သုခဝေဒနာ၊ ချမ်းသာသောဝေဒနာ။
- ဒုက္ခဝေဒနာ၊ ဆင်းရဲသောဝေဒနာ။
- အဒုက္ခမသုခဝေဒနာ၊ ဆင်းရဲခြင်းမဟုတ်၊ ချမ်းသာမဟုတ်သော ဝေဒနာ။
- ကာမဂုဏ်နှင့်စပ်သော ချမ်းသာသောဝေဒနာ။
- ကာမဂုဏ်နှင့်မစပ်သော ချမ်းသာသောဝေဒနာ။
- ကာမဂုဏ်နှင့်စပ်သော ဆင်းရဲသောဝေဒနာ။
- ကာမဂုဏ်နှင့်မစပ်သော ဆင်းရဲသောဝေဒနာ။
- ကာမဂုဏ်နှင့်စပ်သော မကောင်း မဆိုးသောဝေဒနာ။
- ကာမဂုဏ်နှင့်မစပ်သော မကောင်း မဆိုးသောဝေဒနာ။
ရုပ်အပေါင်းကို ရှုဆင်ခြင်းခြင်း တစ်ဆယ့်လေးပါး
- ထွက်သက် ၀င်သက်ကို ရှုဆင်ခြင်ခြင်း။
- အနေအထိုင်ပုံစံကို ရှုဆင်ခြင်ခြင်း။
- လှုပ်ရှားမှုကို စဉ်ဆက်မပြတ် ဆင်ခြင်ခြင်း၊ ကွေး၊ ဆန့်၊ မ၊ ချ၊ လှဲများကို ရှုမှတ်ခြင်း။
- ဤခန္ဓာကိုယ် ဖွဲ့စည်းပုံကို ရှုပြီး စက်ဆုပ်ဖွယ်ဟု နှလုံးသွင်းခြင်း။
- ဤခန္ဓကိုယ်ကို ဓာတ်ကြီး(၄)ပါးအဖြစ် နှလုံးသွင်းခြင်း။
- သူသေကောင်(၉)မျိုးနှင့် နှိုင်းယှဉ်ဆင်ခြင်ခြင်း။
o သေပြီး(၁)ရက်၊ (၂)ရက်၊ သူသေကောင်ဖြစ်။
o ပုပ်ပွ၊ အရည်ထွက်။
o လင်းတစား
o သွေးသားအကြောကျန်။
o အသားတွေကုန်၊ သွေးနှင့်အကြောကျန်။
o သွေးခမ်းခြောက်၊ အကြောကျန်၊ အရိုးစု၊ အရိုးဖြူဖွေး။
o အရိုးပုံ။
o အမှုန့်ဖြစ်။
၁။ မှန်စွာယူခြင်း
(က) အလုပ်နှင့် အလုပ်၏အကျိုးပေးကို လက်ခံယုံကြည်ရန်။
(ခ) မနာလို၊ မကျေနပ်မဖြစ်ရန်၊ မုဒိတာပွားရန်။
(ဂ) ၀န်တို၊ ကပ်စေးနဲမလုပ်ရန်၊ ၀န်မတို၊စေတနာထားရန်။
(ဃ) ဆိုဆုံးမခက်ခြင်းမလုပ်ရန်၊ ဆိုဆုံးမလွယ်ခြင်းလုပ်ရန်။
(င) အယူသည်းခြင်းမလုပ်ရန်၊ အယူမသည်း အမှန်ကိုလက်ခံရန်၊ ဒုက္ခ သမုဒယ နိရောဓ မဂ္ဂ သစ္စာ များကို သိမြင်အောင် လုပ်ရန်။
၂။ မှန်စွာကြံခြင်း
(က)သူပျက်ရန်ကြံ/ကိုယ်ပျက်ရန်ကြံ မလုပ်ရန်၊ သူကောင်းရန်ကြံ၊ ကိုယ်ကောင်းရန်ကြံရန်။
(ခ) ဒေါသထွက်ခြင်း မလုပ်ရန်၊ သနားခြင်းလုပ်ရန်။
(ဂ) ရန်ငြိုးဖွဲ့ခြင်းမလုပ်ရန် (ခွင့်လွှတ်)မေတ္တာထားခြင်းလုပ်ရန်။
(ဃ) သူကျေးဇူးကို ချေဖျက်ခြင်း မလုပ်ရန်၊ ကိုယ့်ကျေးဇူးကို ချေဖျက်ခြင်း လုပ်ရန်။
၃။ မှန်စွာပြောခြင်း
(က) ဆဲဆိုမပြောရန်၊ သာသာလေးပြော၊ ကောင်းကောင်းပြောရန်။
(ခ) ကုန်းတိုက်မပြောရန်၊ ချီးမွမ်းပြောရန်။
(ဂ) အနှစ်မဲ့စကားမပြောရန်၊ အနှစ်ရှိစကားပြောရန်။
(ဃ) လိမ်လည်မပြောရန်၊ အမှန်ပြောရန်။
(င) မိမိအပြစ်ကို ဖုံးကွယ်လှည့်ပတ် မပြောရန်၊ သူ့အပြစ်ကို တတ်နိုင်သရွေ့ ဖုံးကွယ်ပေးပြီး ပြောရန်။
၎။ မှန်စွာပြုခြင်း
(က) ညှင်းဆဲခြင်း မပြုရန်၊ ကြင်နာခြင်း၊ ယုယခြင်းပြုရန်။
(ခ) သတ်ခြင်းမပြုရန်၊ ကယ်တင်ခြင်းပြုရန်။
(ဂ) မေထုန်မှုပြုခြင်း(မူးယစ်သာယာခြင်း)မပြုရန်၊ ချမ်းသာမှုပြုခြင်း (မမူးမရစ်သာယာခြင်း)ပြုရန်။
(ဃ) ဂုဏ်ကြီးသူနှင့် ဖက်ပြိုင် (အရိုအသေမပြုနိုင်) ခြင်းမပြုရန်၊ ဂုဏ်ကြီးသူနှင့် မဖက်ပြိုင် (အရိုအသေပြု) ခြင်းပြုရန်။
(င) သူတစ်ပါးကို အထင်သေးခြင်း၊ နှိမ့်ချခြင်းမပြုရန်၊ သူတစ်ပါးကို ဂုဏ်ဖော်ပေးခြင်း ပြုရန်။
(စ) မိတ်ဆွေတုနှင့် ပေါင်းခြင်းမပြုရန်၊ မိတ်ဆွေစစ်နှင့် ပေါင်းခြင်းပြုရန်။
၅။ မှန်စွာအသက်မွေးခြင်း
(က) ခိုးယူခြင်းမပြုရန်၊ ပေးကမ်းခြင်းပြုရန်။
(ခ) သူ့ဥစ္စာကို ရရန်ကြံခြင်းမလုပ်ရန်၊ ကိုယ့်ဥစ္စာကို ရရန်ကြံရန်။
(ဂ) မှားစွာအလုပ်လုပ် (စီးပွားရှာ)ခြင်း မလုပ်ရန်၊ အသက်မွေးဝမ်းကြောင်း ပညာတစ်ခုခု၌ ကျွမ်းကျင်ခြင်း ပြုရန်။
(ဃ) အလုပ်တာဝန်မကျေခြင်းကို မလုပ်ရန်၊ အလုပ်တာဝန်ကျေခြင်းကို လုပ်ရန်။
၆။ မှန်စွာအားထုတ်ခြင်း
(က) အကြားအမြင်နည်းအောင် အားမထုတ်ရန်၊ အကြားအမြင်များအောင် အားထုတ်ရန်။
(ခ) ၀ိပဿာနာပညာမဲ့ (အကျိုးအကြောင်းမသိ) အောင် အားမထုတ်ရန်၊ ၀ိပဿနာပညာရှိ (အကျိုးအကြောင်းသိ) အောင် အားထုတ်ရန်။
(ဂ) ကုသိုလ်ပြု၍ရသည်ကို မပြုအောင် အားမထုတ်ရန်၊ အကုသိုလ်ပြု၍ ရသည်ကို မပြုအောင် အားထုတ်ရန်။
(ဃ) ဘ၀တာဝန်မကျေခြင်းကို မလုပ်ရန်၊ ဘ၀တာဝန်ကျေခြင်းကို လုပ်ရန်။
၇။ မှန်စွာ သတိရှိခြင်း
(က) ပျင်းရိခြင်းမလုပ်ရန်၊ တက်တက်ကြွကြွနေရန်။
(ခ) စိတ်ပျံ့လွင့် သတိနည်းပြီး ထိုင်းမှိုင်းခြင်း မလုပ်ရန်၊ စိတ်ကိုစုစည်း သတိကြီးကြီး လန်းဆန်းအောင် လုပ်ရန်။
(ဂ) သတိမေ့လွယ်ခြင်း မလုပ်ရန်၊ ရုပ်၊ စိတ်၊ ဝေဒနာ ၊သဘောတရား လေးမျိုးကို သတိရှိနေအောင် လုပ်ရန်။
(ဃ) မှားစွာသိခြင်း (အသိမှားခြင်း) မလုပ်ရန်၊ အဖြစ်မှန်သိအောင် လုပ်ရန်။
(င) မှားစွာ စားခြင်းမလုပ်ရန်၊ မှန်စွာစားခြင်းပြုရန်။
(စ) မှားစွာအိပ်ခြင်းမပြုရန်၊ မှန်စွာအိပ်ခြင်း ပြုရန်။
၈။ မှန်စွာစိတ်တည်ခြင်း
(က) ဟန်ဆောင်ပလွှား(အလွန်အထင်ကြီး) ခြင်းမပြုရန်၊ အရှိအတိုင်း ရိုးရိုးသားသား (နှိမ့်ချပုံမှန်)နေရန်။
(ခ) တင်းကြပ်လွန်းခြင်း မလုပ်ရန်၊ တင်းသင့်သည်ကိုသာ တင်းခြင်းလုပ်ရန်။
(ဂ) လျော့လွန်းခြင်း မလုပ်ရန်၊ လျော့သင့်သည်ကိုသာ လျော့ခြင်းလုပ်ရန်။
(ဃ) ကြံစည်ခြင်း၊ သုံးသပ် ဆင်ခြင်ခြင်းမရှိ မပြုရန်၊ ကြံစည်ခြင်း၊ သုံးသပ်ဆင်ခြင်ခြင်း ရှိအောင် ပြုရန်။
ဗူးဘုရားကို ခရစ်(၃) ရာစုတွင် ပျူစောထီမင်း တည်ခဲ့သည်။ ပျူစောထီး သည် ပုဂံတွင် ဒုက္ခ ပေးနေသော ကျား၊ ၀က်၊ ငှက်၊ ဗူး၊ ရှူးပျံ ရန်သူငါးပါးကို နှိမ်နင်း ပေးသဖြင့် သမုဒ္ဒရာဇ်မင်း (အေဒီ ၁၀၇-၁၅၂)က သမီးနှင့် လက်ဆက်စေပြီး အိမ်ရှေ့မင်း အဖြစ် ခန့်အပ်ခဲ့သည်။ ပျူစောထီး ပုဂံတွင် ထီးနန်းဆက်ခံ ပြီးနောက် ဗူးပင်များကို ရှင်းလင်းခဲ့ရာ အရပ်၌ ဗူးသီးပုံ သဏ္ဍာန် စေတီတည်ခဲ့သည်။
ဗူးဘုရား၏ ပုံသဏ္ဍာန်မှာ သရေခေတ္တရာ ကဲ့သို့ ထုလုံးရှည် ဓာတ်တော်ကြုတ် ပုံမျိုးဖြစ်သည်။ ဗူးဘုရား၏ အပေါ်ပိုင်းတွင် အုတ်ခုံ အ၀ိုင်းခံ၍ တည်ဆောက် ထားပြီး ဘုရားအား မြစ်ရေ တိုက်စားခြင်းမှ ကာကွယ်ရန် စိန်တောင်ပတ်လမ်း အဆင့်အဆင့် ပြုလုပ် ထားသည်။
ဗူးဘုရားသည် ဧရာဝတီ မြစ်ကမ်းတွင် တည်ထားသည့် အတွက် မြစ်ရေ တိုက်စားမှုဒဏ်ကို ခံခဲ့ရ သည် ၁၉၇၅ ပုဂံငလျင်ဒဏ် ကြောင့် စေတီတစ်ခုလုံး ဧရာဝတီ မြစ်အတွင်း ပြိုကျ ခဲ့သည်။ ယခုဖူးတွေ့ရသော ဗူးဘုရား သည် ၁၉၇၆-၇၈ ခုနှစ် အတွင်း အသစ်ပြန်လည် တည်ထား ကိုးကွယ်သည့် ဘုရားဖြစ်သည်။
ဝန်ခံချက် ။
ပုံတော်များကို www.ancientbagan.com မှ ရယူထားပါသည်။ အချစ်အမျိုးအစားများ
အပျို၊ လူပျိုအချစ် = တွေ့မြင် အနားမှာနေရင် ကျေနပ် ချမ်းသာခြင်း။
ဖို၊ မ အချစ် = ထိတွေ့ ကိုင်တွယ် လိင်ဆက်ဆံရရင် ချမ်းသာခြင်း။
သူငယ်ချင်းအချစ် = သူ့အကျိုးကို လိုလားပြီး အတူတူ ကစားရရင် ချမ်းသာခြင်း။
မိဘက သားသမီးအချစ် = ပေးဆပ်ခြင်းဖြင့် ကြီးပွားတိုးတက်လာသည်ကို ချမ်းသာခြင်း။
သားသမီးက မိဘချစ် = အရိပ်ပင်ကြီးရှိ၍ ချမ်းသာခြင်း။
မောင်နှမ အချစ် = ကိုယ်နှင့် သက်ဆိုင်သူဟု ယူဆ၍ ချမ်းသာခြင်း။
ဆွေမျိုး အချစ် = ကိုယ်နှင့် သက်ဆိုင်သူဟု ယူဆ၍ ချမ်းသာခြင်း။
မိတ်ဆွေ = အပြန်အလှန် ကူညီတတ်သော ဆွေမျိုး မတော်သူ။
မေတ္တာ = မရောက်သေးသော ဒုက္ခများ မရောက်အောင် ကြိုတင် ဆောက်ရွက်ခြင်း။
ကရုဏာ = ရောက်နေသော ဒုက္ခများကို ပပျောက်အောင် ၀ိုင်းဝန်း ဆောင်ရွက်ခြင်း။
မုဒိတာ = အောင်မြင် ချမ်းသာ ပျော်ရွှင်သည်ကို တွေ့လျှင် ကြည်နူး ကျေနပ်ခြင်း။
ဥပေက္ခာ = မိမိကို ထိခိုက်စေသည့် ကိစ္စများကို အပြစ်မတင်ဘဲ ခွင့်လွှတ်ခြင်း။
မည်သည့်အချစ်မျိုးမဆို အထက်ပါ အင်္ဂါ(၄)ရပ်နှင့် ပြည့်စုံလျှင် အမှန်တကယ် ချစ်တာပါလို့ သတ်မှတ်ရပါမည်။ မဂ္ဂင်(၈)ပါး၊ (၂၄)ပစ္စည်း နှင့် သတိပဋ္ဌာန်(၄) ပါး ကျွမ်းကျင်မှသာ အထက်ပါ အင်္ဂါလေးရပ် ပြည့်စုံနိုင်ပါသည်။
လူသားအားလုံး အချစ်ရဲ့ အနှစ်သာရကို ခံစားနိုင်ကြပါစေ။
လူသားအားလုံး တကယ်ချစ်တတ်တဲ့သူတွေ ဖြစ်ကြပါစေ။
အချစ်ကြောင့် လောကကြီး သာယာလှပပါစေ။
ကန်တော့ပလ္လင် ဘုရားသည် ကွမ်းတောင် ပေါက်လိုဏ် လေးဆင့် ဂူဘုရား ဖြစ်ပြီး အေဒီ (၁၂၀၃) တွင် နရပတိ စည်သူမင်း တည်ခဲ့သည်။ ဘုရားမပြီးမီ နရပတီ စည်သူမင်း အနိစ္စ ရောက်သွား သဖြင့် သားတော် နားတောင်း များမင်းက လက်လက် တည်ခဲ့ရာ (၂၆) မတ် (၁၂၂၇) တွင် ပြီးစီးခဲ့သည်။
ကန်တော့်ပလ္လင် ဘုရားအတွင်းရှိ နံရံများကို ထုံးသုတ်ခဲ့ ကြသဖြင့် ဘုရားရှိ နံရံဆေးရေး ပန်းချီများ ပျက်စီး ဆုံးရှုံးခဲ့ရသည်။
ကန်တော့ပလ္လင် ဘုရား၌ မူလက စိန်တန်းများ တစ်လျှောက် တွင် စဥ့်ကွင်းများ အပြည့် ရှိခဲ့ သော်လည်း ယခုတွင် စဥ့်ကွင်း အနည်း ငယ်သာ တွေ့ရ တော့သည်။
ကန်တော့ပလ္လင် ဘုရား၏ အုတ်စီ အုတ်နင်း နှင့် တည်ဆောက်ပုံ ဗိသုကာ လက်ရာ အဆင့် အတန်း မြင့်မား သည်။ ဘုရား၏ အပေါ်ထပ်နှင့် အောက်ထပ် ချင်မိတ် တိုးတန်း အောက်ရှိ ဖောင်းလုံး တန်းကို သဲကျောက် များဖြင့် တည်ဆောက် ထားသည်။ ဘုရား၏ ထောင့်များတွင် ကျင်တွယ်ပုံ ထောင့်ချုပ် ကျောက်တုံးများ ထည့်သွင်း ပြုလုပ် ထားသည်။
ဝန်ခံချက် ။ ပုံတော်များကို www.ancientbagan.com မှ ရယူထားပါသည်။
ရွှေဂူကြီး
ရွှေကူကြီး ဘုရားသည် ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့်ဂူ ဘုရားကြီး ဖြစ်ပြီး အေဒီ(၁၁၃၁) တွင် အလောင်း စည်သူမင်း အေဒီ(၁၁၁၃-၁၁၆၃) တွင် တည်ခဲ့သည်။ အလောင်းစည်သူ မင်းသည် ပုဂံထီးနန်းကို ဆက်ခံ ပြီးနောက် ရဟန်း သံဃာတော်များနှင့် ညှိနှိုင်း တိုင်ပင်ကာ သာဝတ္တိပြည်၊ ဇေတ၀န် ကျောင်းရှိ ဂန္ဓကုဋီ တိုက်တော်ပုံစံကို အတုယူ၍ နန်းဦးတွင် စေတီ တည်ကာ ရွှေဂူကြီး ဘုရားဟု အမည်ပေးခဲ့သည်။ အလောင်း စည်သူ ထီးနန်းရရှိ ပြီးနောက် ရှေးဦးစွာ တည်သည့် ဘုရားဖြစ်၍ အလောင်းစည်သူ မင်းအား ရွှေဂူဒါယကာ ဟု ခေါ်ကြ သည်။
ရွှေဂူကြီးဘုရားရှိ ကျောက်စာ အရ အလောင်းစည်သူမင်းသည် မြေမှ ပေါက်တက် လာသကဲ့သို့ တင့်တယ် သပ္ပါယ်သော ဤဂန္ဓကုဋီတိုက် ဖြစ်သော ရွှေဂူကို တည်ထားကြောင်း နှင့် ဤရွှေဂူကို (၁၉) ဧပြီ (၁၁၃၁) တွင် စတင်တည်ပြီး (၁၆) ဒီဇင်ဘာ (၁၁၃၁) တွင် ပြီးစီး ကြောင်း ဖော်ပြထားသည်။ ရွှေဂူကြီး ကျောက်စာကို ပါဠိဘာသာ ဂါထာ (၁၀၀) ဖြင့် ရေးထိုး ထားပြီး အဆုံးတွင် သင်္သကရိုက် ဘာသာဖြင့် ရေးထိုးထားသည်။
ရွှေဂူကြီး ဘုရားတွင် အင်္ဂတေပန်း၊ အင်္ဂတေ ဖြင့် ပြုလုပ်ထားသော ရုပ်ပုံအမျိုးမျိုး၊ ဘီလူး ပန်းဆွဲ၊ မုခ်တံကဲ၊ စဥ့်ကွင်းအချို့ နှင့် နံရံပေါင်းကူး (မုခ်ခုံး) များကို လေ့လာနိုင်သည်။
အလောင်းစည်သူ မင်း၏သား နရသူ သည် ဖခင် မကျန်းမမာ ဖြစ်နေစဉ် ဖခင်အား ရွှေဂူကြီး ဘုရား အတွင်းသို့ ရွှေ့ပြောင်းထားပြီး နောက်ပိုင်းတွင် အ၀တ်ဖြင့် ဖိသတ်ခဲ့သည်။ ထို့ကြောင့် ရွှေဂူ ဒါယကာ အလောင်းစည်သူ မင်းသည် မိမိ၏ ကောင်းမှုတော် ရွှေဂူကြီး ဘုရား အတွင်းတွင် နတ်ရွာစံခဲ့ ရသည်။
ဝန်ခံချက် ။ ပုံတော်များကို www.ancientbagan.com မှ ရယူထားပါသည်။
ဗုဒ္ဓရှင်တော်မြတ်သည် ရာဇဂြိုဟ် ဝေဠုဝန် ကျောင်းတော်၌ သတင်းသုံးတော်မူ သောအခါ သီရိမာ မည်သော ပြည့်တန်ဆာမအိမ်၌ ရှစ်ပါးသော ရဟန်းတို့ကို ကောင်းမွန်စွာ အမြဲလုပ်ကျွေး၏။ ရဟန်းတစ်ပါးသည် သီရိမာ၏ အဆင်း၌ တပ်မက်မောသည် ဖြစ်၍ မစားနိုင်၊ မသောက်နိုင် တမှိုင်မှိုင်၊ တခွေခွေ ဖြစ်နေလေသည်။ သီရိမာ သည်လည်း ထိုခဏ၌ စွဲရောက်လာသော ရောဂါဖြင့် သေဆုံးလေသည်။ ဘုရားရှင်သည် သေဆုံး၍ (၃)ရက်မြောက်သော နေ့၌ ဖူးဖူးရောင်သော သီရိမာ၏ အလောင်းကို အသုဘရှုခြင်းငှာ ရဟန်းတို့နှင့် တကွ သုသာန်သို့ ကြွတော်မူလျှင် ထိုရဟန်းလည်း လိုက်လေသည်။ ဘုရားရှင်သည် ချစ်သားတို့ ၀ိညာဉ်ရှိစဉ် အခါ၌ သီရိမာကို ဥစ္စာတစ်ထောင်ပေးမှ တစ်နေ့ရသည်။ ယခုကား တစ်ချင်ရွေးမျှ ပေးမည့်သူမရှိ၊ အချည်းနှီး အလကား မျှယူမည့်သူ မရှိတကား ဟုမိန့်တော်မူ၍ ပဿ စိတ္တကတံ ဗိမ္ဗံ ဂါထာကို ဟောတော်မူသည်။ သတ္တ၀ါရှစ်သောင်း တရားကောင်းကို ရလေကုန်၏။ ထိုရဟန်းလည်း သောတာပန် ဖြစ်သည်။
ပဿ စိတ္တကတံ ဗိမ္ဗံ၊
အရုကာယံ သမုဿိတံ။
အာတုရံ ဗဟုသင်္ကပ္ပံ၊
ယဿ နတ္ထိ ဓုဝံ ဌိတိ။
(မြန်မာကဗျာ)
ဆန်းကြယ်ဝတ်စား ထုထားရုပ်သွင်၊
သုံးရာရိုးထောက် ကိုးပေါက်ထိုးကျင်၊
လူမိုက်အများ ဆန်းပြားစိတ်ထင်
လာရှုစမ်း ပျက်ခမ်းဤကိုယ်ပင်။
Behold this beautiful body, a mass of sores, a heaped-up (lump), diseased, mush thought of, in which nothing lasts, nothing persists.
စကားပြေ ။ စိန်၊ ရွှေ၊ ရတနာတို့ကို ဆင်ပြင်၍ ဆန်းဆန်းကြယ်ကြယ် ဆင်ယင်ထားသော ပန်းပုသမား ထုထားသော အရုပ်နှင့်တူသော အနာရောဂါ စုစုပေါင်းတည်နေရာ သုံးရာသော အရိုးတို့သည် တိုင်ကဲ့သို့ ထောက်ပြီး ယိမ်းယိုင်သော အိမ်အိုနှင့် တူသဖြင့် နာကျင်သော ပုထုဇဉ် လူသားများ ဆန်းဆန်း ပြားပြား ကြံစည် စိတ်ကူးအပ်သော (ကိုးပေါက်ဒွါရ အမာဝရှိသော) ဤကိုယ်ကို ရှုကြပါလော့။ ဤခန္ဓာကိုယ်ကြီးသည် အမြဲတာရှည် မတည်တံ့နိုင်ပေ။
ဆရာတော် ဦးသီလာစာရ
(ရိုးမတိမ် မဟာအောင်မြေကျောင်း) ကသိုင်း (၁ဝ)မျိုး
(၁) |
ပထ၀ီ။ |
(၂) |
အာပေါ။ |
(၃) |
တေဇော။ |
(၄) |
ဝါယော။ |
(၅) |
နီလ (အညိုရောင်ကသိုဏ်း)။ |
(၆) |
ပီတ (အ၀ါရောင်)။ |
(၇) |
လောဟိတ (အနီရောင်)။ |
(၈) |
သြဒါတ (အဖြူရောင်)။ |
(၉) |
အာကာသ (ဟင်းလင်းပြင်)။ |
(၁၀) |
အာလောက (အလင်းရောင်)။ |
သံတော်ကြား
သံတော်ကြား ဘုရားသည် ပုပ္ပါးတောင်ရှိ အစိမ်းရောင် ချော်ကျောက် ( Tuff stone ) များဖြင့် တည်ဆောက် ထားသည့် ဗုဒ္ဓရုပ်ပွား ဆင်းတုတော် ဖြစ်ပြီး အေဒီ(၁၂၈၄)တွင် နရသီဟပတေ့မင်း က တည်ခဲ့သည်။
သံတော်ကြား ဘုရားတည်ရှိသည့် နေရာသည် ပုဂံနန်းတော် အနီးတည်ရှိပြီး ဘုရင်၏အသံ (သို့မဟုတ်) သမ်းဝေ သည့်အသံကို ကြားနိုင်သည့် နေရာ၌ ရှိသည့်အတွက် သံတော်ကြား၊ သမ်းတော်ကြား စသည့် အမည်များ ခေါ်ခဲ့ရာမှ ယခုအခါ သံတော်ကြား ဟုသာ ခေါ်ကြသည်။
သံတော်ကြားး ဗုဒ္ဓရုပ်ပွား ဆင်းတုသည် အမြင့် (၆.၁၀) မီတာ၊ ပေ (၂၀)ခန့် မြင့်သည်။ ၁၉၇၅ ပုဂံ ငလျင်ဒဏ် ကြောင့် သံတော်ကြား ဘုရား၏ ဦးခေါင်းတော် ပြုတ်ကျ ပျက်စီးသွားခဲ့ရာ ရှေးဟောင်း သုတေသန ဦးစီးဌာနမှ ပြန်လည်ပြင်ဆင် ထားသည်။
ဝန်ခံချက် ။
ပုံတော်များကို www.ancientbagan.com မှ ရယူထားပါသည်။
ဥပါလိသိမ်
ဥပါလိသိမ် သည် ရဟန်းများ သိမ်ဝင်ရာ သိမ် အဆောက်အဦ ဖြစ်ပြီး ပုဂံခေတ်က ရှိခဲ့သော အုတ်ခုံ အဟောင်းပေါ် တွင် အေဒီ(၁၇၉၃)က သိမ် အဆောက်အဦ အသစ် ထပ်မံ ဆောက်လုပ် ထားခြင်း ဖြစ်သည်။ ဥပလိသိမ် ၏ အနောက်ဘက် မုခ် မြောက်နံရံတွင် အနော်ရထာ မင်းကြီး နှင့် ဥပါလိမထေရ် တို့က သိမ်သမုတ် ကြောင်း နံရံမင်စာ ရှိသဖြင့် ဥပါလိသိမ်ဟု ခေါ်တွင်ခဲ့ခြင်း ဖြစ်သည်။
ဥပါလိသိမ် အတွင်းတွင် ကုန်းဘောင်ခေတ် နံရံဆေးရေး ပန်းချီများ ဖြစ်သည့် နှစ်ကျိတ် ရှစ်ဆူ ဘုရားများ၊ ဗုဒ္ဓ တောထွက်ခန်း၊ ဆံတော်ပယ်ခန်း စသည့် ဗုဒ္ဓ၀င် ဇာတ်ကွက်များ၊ ကနုတ်ပန်း နှင့် ခြူးပန်း ခြူးနွယ်များ၊ နံရံအောက် ဘက်တန်း များတွင် မြတ်စွာဘုရား ၀ါဆိုစဉ်များ ရှိသည်။
ဥပါလိသိမ် အပြင်ဘက်ရှိ ကုန်းဘောင်ခေတ် အင်္ဂတေ ပန်းတော့ လက်ရာများကို လေ့လာနိုင် သည်။
(၈) ဇူလိုင် (၁၉၇၅) ငလျင်ဒဏ် ကြောင့် ဥပါလိသိမ် အမိုးအက်ကွဲကာ အတွင်းဘက်သို့ အိကျ ခဲ့သည့် အတွက် အတွင်း နံရံမှ ခရစ်(၁၈) ရာစု နံရံဆေးရေး ပန်းချီများနှင့် မင်စာများ ပျက်စီး ဆုံးရှုံးသွားခဲ့ရသည်။
ဝန်ခံချက် ။
ပုံတော်များကို www.ancientbagan.com မှ ရယူထားပါသည်။ နိဂုံး
လူကို ကောင်းကျိုးပြုနိုင်သည်မှာ အမျိုးဘာသာ သာသနာကို ထိထိရောက်ရောက် တွင်တွင်ကျယ်ကျယ် ကောင်းကျိုးပြု နိုင်သည်မှာ လူချမ်းသာများသာ ဖြစ်သည်။ ဆင်းရဲသားက ကောင်းကျိုးမပြုနိုင်ဘူးလား မေးမူ ပြုတော့ ပြုနိုင်ပါသည်။ သို့သော် သိပ်ပြီးမထိရောက်လှပေ။ သိပ်ပြီး မတွင်ကျယ်ပေ။ လူချမ်းသာတိုင်းရော ကောင်းကျိုး ပြုနိုင်ပါသလား မေးပြန်မူ လူချမ်းသာတိုင်းတော့ ကောင်းကျိုးပြု နိုင်သည်မဟုတ်။ စိတ်ချမ်းသာ သော လူချမ်းသာသည်သာ ကောင်းကျိုး ပြုနိုင်သည်။ စိတ်မချမ်းသာသော လူချမ်းသာတို့က ကောင်းကျိုး မပြုနိုင်ကြ။ သို့ရာတွင် လူတိုင်းက လူချမ်းသာ ဖြစ်ချင်ကြ၍ လူချမ်းသာဖို့က တော့အရေးကြီးသည်။
လူချမ်းသာ ဖြစ်စေနိုင်သော အကြောင်းအချက်အလက် တို့ကို စာတွေ့မျက်တွေ့ ဥာဏ်မီသလောက် တင်ပြထား ပါသည်။ လူချမ်းသာ ဖြစ်စေချင်သော စေတနာဖြင့် ဖြစ်သည်။ လူချမ်းသာဖြစ်၍ လူနှင့် လူ့ဆိုင်ရာ အားလုံးကို ချမ်းချမ်းသာသာ ဖြစ်အောင် ဆောင်ရွက်စေချင်၍ ဖြစ်သည်။ လူချမ်းသာ စာတမ်းပါ အကြောင်း အချက် အလက် တို့ကို စေ့စေ့ငုငု ဖတ်ရှုမှတ်သား လိုက်နာ ကျင့်ကြံ နိုင်ကြ၍ လူချမ်းသာများ ဖြစ်ကြပါစေ။ လူချမ်းသာများ ဖြစ်ကြ ပြီးလျှင် လူ့ပတ်ဝန်းကျင် တစ်ခွင်က ဆိုင်ရာဆိုင်ရာ တို့ကိုလည်း ချမ်းချမ်းသာသာ ဖြစ်အောင် ဆောင်ရွက်နိုင်ကြ ပါစေလို့ ဆုတောင်းပတ္ထနာ ပြုအပ်ပါသည်။
သဗ္ဗေသတ္တာ သုခိတာ ဟောန္တု ။
သတ္တ၀ါအားလုံး ချမ်းသာ ကြပါစေ ။
မြန်မာလူငယ်များ ချမ်းသာ ကြပါစေ ။
မေတ္တာဖြင့်
ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ၁၃၆၂-ခုနှစ်၊တပို့တွဲလဆန်း(၂)ရက်
(၂၅-၁-၂၀၀၁)
ချမ်းသာလိုလျှင် မိတ်ကောင်းရှိရမည်
မိတ်ဆွေကောင်းဟူသည် ချစ်ဖို့ ခင်ဖို့ကောင်းခြင်း၊ လေးစားစရာ ဂုဏ်အင်္ဂါများ ရှိခြင်း၊ စိတ်နေသဘောထား ပြည့်ဝခြင်း၊ ပြောစရာ ဆိုစရာရှိလျှင် ပြောတတ် ဆိုတတ်ခြင်း၊ သည်းခံ ခွင့်လွှတ်တတ်ခြင်း၊ စကားကို လေးလေး နက်နက်ပြောတတ်ခြင်း၊ သင့်လျော်ရာကို ညွှန်ပြတတ်ခြင်း ဟူသော အရည်အသွေးများရှိသော ပုဂ္ဂိုလ် မျိုးဖြစ်သည်။ မိတ်ဆွေကောင်းတစ်ဦးတွင် ရှိရမည့် အရည်အသွေးများကို စာလာ ပေလာအတိုင်း တင်ပြရခြင်း ဖြစ်ပါသည်။
အဂုင်္တ္ထိုရ်ပါဠိတော်တွင်လည်း မိတ်ဆွေကောင်းတို့၏ ဂုဏ်အင်္ဂါများကို ဘုရားရှင်ကိုယ်တော်တိုင် မှတ်ချက်ပြု တော်မူသည်။ မိတ်ဆွေကောင်း ဟူသည် သာမန် သူလိုကိုယ်လို ပေးဖို့ ခက်ခဲသော ပစ္စည်းဥစ္စာ သို့မဟုတ် အခွင့်အရေး၊ အခြားအရေးကြီးသော အရာတစ်ခုခုကို ပေးနိုင်သူ ဖြစ်သည်။ ကူညီဖို့၊ လုပ်ဆောင်ဖို့ ခက်ခဲသော ကိစ္စတစ်ခုခုကို ကူညီလုပ်ဆောင်နိုင်ရာသည်။ သည်းခံဖို့ခက်ခဲသော အမှားအယွင်း တစ်စုံတစ်ရာကို သည်းခံနိုင်သူ ဖြစ်ရမည်။ သူ၏လျှို့ဝှက်ချက်ကို ဖွင့်ပြောတိုင်ပင်သူ ဖြစ်ရာသည်။ မိမိ၏ လျှို့ဝှက်ချက်ကိုလည်း ကူညီလျှို့ဝှက်ပေးသူ ဖြစ်ရာသည်။ ဘေးရန် တစ်စုံတစ်ရာ ပေါ်ပေါက်လာသောအခါ မိမိကို စွန့်ပစ်မသွားဘဲ ဖေးမ ကူညီသူ၊ အားပေးနှစ်သိမ့်သူ ဖြစ်ရာသည်။ တစ်စုံတစ်ခု ပျက်စီးဆုံးရှုံးမှု ကြောင့်လည်း မိမိကို အထင်သေး အမြင်သေး မရှိဘဲ နဂိုပုံမှန်အတိုင်း အဆက်အဆံမပျက် အခင်အမင်မပျက် လက်တွဲနိုင်သူ ဖြစ်ရမည်။
လောကတွင် တန်ဖိုးရှိသော ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား တို့သည် ရှားပါးပစ္စည်းများဖြစ်သည်။ ရတနာဟူသည် ဘုန်းကံနည်းသူ၊ သာမန်လူတို့၏ အသုံးအဆောင်မဟုတ်ချေ။ မိတ်ဆွေကောင်းသည် ရတနာကဲ့သို့ ရှားပါး ပစ္စည်း ဖြစ်သည်။ မရှိမဟုတ် ရှိပါသည်။ ရှာလျှင် တွေ့နိုင်ပါသည်။ ကံရှိလျှင် တွေ့ရမည်သာ ဖြစ်သည်။
လောကတွင် လူတော်လူကောင်းဟု သုံးနှုန်းကြသည်။ ဗလငါးတန်နှင့် ပြည့်စုံသူသည် လူတော်လည်း ဟုတ်သည်၊ လူကောင်းလည်း ဟုတ်သည်။ လူတော် လူကောင်းဖြစ်ရန်အတွက် ဗလငါးတန်နှင့် ပြည့်စုံရသည်။ ဗလငါးတန်နှင့် ပြည့်စံသော လူတော် လူကောင်းသည်သာ မိတ်ဆွေကောင်းဖြစ်သည်။
(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)ဆက်လက်တင်ပြပါမည်။
သာသနာပြု မြတ်ကောင်းမှု
သီလသာသနာ၊ သမာဓိသာသနာ၊ ပညာသာသနာ ဟု သာသနာသုံးရပ်ရှိသည်။ သီလအကျင့်ကို ကိုယ်ကိုယ်တိုင် ကျင့်သုံးခြင်းသည် ကိုယ့်ကိုယ်ကိုယ် သာသနာ ပြုခြင်းမည်ပါသည်။ သမာဓိရအောင် တရားထိုင်ခြင်းသည် မိမိကိုယ်ကို သာသာနာပြုခြင်း မည်ပါသည်။ သူတစ်ပါးအား တရားထိုင်ဖို့ တိုက်တွန်းခြင်းသည် သာသနာပြုခြင်း မည်ပါသည်။ ၀ိပဿနာပညာ စသည်များ ရရှိအောင် ၀ိပဿနာ အလုပ် အားထုတ်ခြင်းသည် မိမိကိုယ်ကို သာသနာပြုခြင်း မည်ပါသည်။ သူတစ်ပါးအား ၀ိပဿနာအလုပ် အားထုတ်ဖို့ တိုက်တွန်းခြင်းသည် သူတစ်ပါးအား သာသနာပြုခြင်း မည်ပါသည်။ ဘုရားရှင်က ဒါနအမှုပြရမည်ဟု မိန့်တော်မူသဖြင့် ဒါနအမှုပြုခြင်း၊ ပြုစေခြင်း သည်လည်း သာသနာပြုသည်သာ ဖြစ်ပါသည်။ သို့ရာတွင် ယင်းဒါနသည် သီလ၊ သမာဓိ၊ ပညာ ကို အားပေးသော ဒါနဖြစ်မှသာလျှင် သာသနာပြုဒါန ဖြစ်နိုင်ပါသည်။ ကြောက်လို့လှူခြင်း၊ မကောင်းတတ်လို့ လှူခြင်း၊ ဘာမှန်းမသိလှူခြင်း၊ တစ်ခုခု မျှော်လင့်ချက်ဖြင့် လှူခြင်းတို့သည် သာသနာပြု ဒါန မဖြစ်နိုင်ပေ။
ယခုခေတ်ကာလ သာသနာပြု ဘုရားဖူးအဖွဲ့၊ သာသနာပြုစခန်း၊ ဘာသာသနာပြု၊ ညာသာသနာပြု ဖြင့် သာသနာပြု ဆိုသော ဧရာမနာမည်ကြီးကို ဖောဖောသီသီ လှိုင်လှိုင်ကြီး သုံးစွဲလျက်ရှိပါသည်။ သီလ၊ သမာဓိ၊ ပညာ အတွက် ရည်စူးတာ ဟုတ်ပါရဲ့လား။ မိမိလုပ်ငန်းကြောင့် သီလ၊ သမာဓိ၊ ပညာ တရားတွေ အဘယ်မျှ တိုးတက်သွားပါသလဲ။ သေချာစွာ စစ်ကြောရန် လိုမည်ဖြစ်ပါသည်။
(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)ဆက်လက်တင်ပြပါမည်။
သရပါတံခါး
သရပါတံခါးကို ခရစ် (၉)ရာစုတွင် ပျဉ်ပြားမင်း အေဒီ (၈၄၆-၈၇၈)တွင် တည်ဆောက်ခဲ့သည်။ ပျဉ်ပြားမင်းသည် ခရစ်(၈၄၉) တွင် ပုဂံမြို့ကို တည်ရာ၌ ပုဂံကျုံးမြို့ရိုး လေးမျက်နှာ ပတ်လည် တွင် တံခါး(၁၂)ရပ် ပါရှိခဲ့သည်။ ထိုတံခါး (၁၂)ရပ် အနက် အရှေ့မျက်နှာ အလယ်ဗဟိုတံခါး ဖြစ်သည့် သရပါတံခါး တစ်ခုသာ ထင်ထင်ရှားရှား ကျန်ရစ်တော့သည်။ သရပါ ဟူသော အမည်သည် မြားကို ဆီးကာသော တံခါး ဟု အဓိပ္ပာယ် ရသည်။
သရပါ တံခါး၏ ဘေးတစ်ဖက်တစ်ချက်တွင် မဟာဂီရိ နတ်မောင်နှမ (လက်ဝဲမောင်တော် နတ်ရုပ်၊ လက်ယာ နှမတော်နတ်ရုပ်) တို့၏ နတ်ကွန်း များရှိသည်။
သဒ္ဓါ ( သက်ဝင်ယုံကြည်မှု )
ဗုဒ္ဓဘာသာတည်းဟူသော အဆောက်အဦ အတွင်းသို့ ဝင်လိုပါလျှင် သရဏဂုံတည်း ဟူသော ဝင်ပေါက်မှ ဝင်ရမည်ဖြစ်ရာ သဒ္ဓါ တည်းဟူသောတရား လက်ကကိုင်၍ ဝင်လာရမည်ဟု ဗုဒ္ဓဘာသာဝင်တိုင်း သိပြီးဖြစ် ပါမည်။ သဒ္ဓါမပါက ဝင်ခွင့်မရ။ သဒ္ဓါဟူသည် လက်နှင့်တူကြောင်း၊ ပတ္တမြားနှင့် တူကြောင်း၊ မျိုးစေ့နှင့် တူကြောင်း ကျမ်းဂန်များစွာတွင် ဖော်ပြထားပါသည်။ ထိုမျှအရေးကြီးသော သဒ္ဓါတရားကို ဆန်းစစ် လေ့လာလျှင်ယုံကြည်မှု ဟု အကြမ်းဖျဉ်းသိထားကြပါသည်။ ဗုဒ္ဓဘာသာဝင်များအတွက် ဘုရားရှင် ဟောကြားထားသော သဒ္ဓါ ၏အနက်အဓိပ္ပာယ်မှာ ကျယ်ပြန့် လေးနက်လှပေသည်။ သက်ဝင်ယုံကြည်မှုရှိမှ သဒ္ဓါ ဖြစ်၏ ဟု ဟောကြား တော်မူသည်။
(၁) ဘုရား (ဗုဒ္ဓဘုရား)
(၂) တရား (ဗုဒ္ဓတရား)
(၃) သံဃာ (အရိယာသံဃာ)
(၄) ကံ (မိမိပြုလုပ်သောအမှု)
(၅) ကံ၏အကျိုး (မိမိပြုလုပ်မှုကြောင့် ပေါ်ပေါက်လာသော ဖြစ်ရပ်များ)
(၆) အတိတ်ဘဝ (အရင်ကဖြစ်ခဲ့သောဘဝတွေ)
(၇) အနာဂတ်ဘဝ (နောက်မှဖြစ်မည့်ဘဝတွေ)
(၈) ပဋိစ္စသမုပ္ပါဒ် (ကြောင်းကျိုးဆက်သွယ်ဖြစ်ပေါ်မှု)။ ။
ငှက်ပစ်တောင်
ပုဂံခေတ် အနော်ရထာမင်း အေဒီ (၁၀၄၄-၇၇) လက်ထက်တွင် သထုံမှ ရှင်အရဟံ ပုဂံသို့ကြွလာ၍ အနော်ရထာ မင်းအား ထေရ၀ါဒဗုဒ္ဓသာသနာကို ဟောကြားခဲ့သည်။
အနော်ရထာ မင်းသည် ထေရ၀ါဒဗုဒ္ဓ သာသနာကို သက်ဝင်ယုံကြည်ကာ ပုဂံပြည်သူ ပြည်သားတို့ကိုလည်း ထေရ၀ါဒ ဗုဒ္ဓသာသနာ သက်ဝင် ယုံကြည် လာအောင် ကြိုးပမ်းဆောင်ရွက် ခဲ့သည်။ ထိုသို့ ကြိုးပမ်း ဆောင်ရွက်ရာတွင် ရှင်အရဟံ၏ လမ်းညွှန်မှုဖြင့် သာသနာပြုလုပ်ငန်းများသည် များစွာ အရေးပါခဲ့သည်။
အနော်ရထာမင်းသည် ရှင်အရဟံ၏ လမ်းညွှန်မှုဖြင့် အေဒီ(၁၀၅၈) တွင် ညောင်ဦးမြို့ ငှက်ပစ်တောင်တွင် အမြင့်(၁၈) ပေရှိသည့် ဂေါတမ ဗုဒ္ဓရုပ်ပွားတော်ကို တည်ထား ကိုးကွယ်ခဲ့ သည်။
အနော်ရထာမင်း သည် ရှင်အရဟံထံမှ သထုံတွင် ပိဋကတ်သုံးပုံရှိကြောင်း သိရှိရသဖြင့် သံတမန် စေလွှတ် တောင်းခံခဲ့သည်။ အနုဟာမင်းက အနော်ရထာမင်း၏ တောင်းခံချက်ကို မပေးဘဲ မချေမငံတုံ့ပြန်သဖြင့် အနော်ရထာမင်း သည် သထုံကို ချီတက် တိုက်ခိုက် ခဲ့သည်။ သထုံကို တိုက်ခိုက်အောင်မြင်ပြီးနောက် သထံဘုရင်၊ မိဖုရား၊ မှူးမတ် အခြွေအရံများ နှင့်တကွ ဗုဒ္ဓပိဋကတ်အစုံ သုံးဆယ်နှင့် သံဃာတော် (၁၅၀၀)တို့အား ပုဂံသို့ ပင့်ဆောင်ခဲ့သည်။ အနော်ရထာမင်းသည် သထုံသံဃာ များ သီတင်းသုံးရန် ညောင်ဦးမြို့ ငှက်ပစ်တောင်အနီးတွင် ဥမင်များ နှင့်ကျောင်းများ ဆောက်လုပ်လှူဒါန်းခြင်း နှင့် ၀တ္ထုမြေများ လှူဒါန်းခြင်း ပြုလုပ်ခဲ့သည်။
ချမ်းသာချင်လျှင် စီးပွားရေးကိုသာ ဇောက်ချလုပ်
ကြီးပွားချင်သူသည် စီးပွားရေးကိုသာ ဇောက်ချလုပ်ကိုင်ရသည်။ ဘုရားနှင့်စပ်၍ ကြီးပွားအောင် မလုပ်သင့် သကဲ့သို့ ကျောင်းနှင့်စပ်၍လည်း ကြီးပွားအောင် မလုပ်ထိုက်ပါ။ စီးပွားရေးကိစ္စကို စီးပွားရေးကိစ္စ တစ်ကန့်၊ ကျောင်းကန်၊ ဘုရားကိစ္စကို ကျောင်းကန် ဘုရားကိစ္စ တစ်ကန်၊ သူ့အကန့်နဲ့သူ လုပ်ရသည်။ မရောထွေး သင့်ပေ။ ဘာသာတရားကို မှိုင်းမတိုက်သင့်ပေ။
ကြီးပွားချင်လို့ အဓိဋ္ဌာန် ပုတီးစိတ်ခြင်း၊ သက်သတ်လွတ် အဓိဋ္ဌာန်ဝင်ခြင်း၊ ဘုရားကိုးဆူ အဓိဋ္ဌာန်ဝင်ခြင်း၊ ဓာတ် ယောင်ယောင်၊ နတ်ယောင်ယောင်၊ သိုက်ယောင်ယောင်၊ နန်းယောင်ယောင်၊ ဂြိုဟ်ပြေ နံပြေ၊ ယတြာချေနှင့် ဂါထာ မန္တရား ရွတ်ဖတ် ပွားသည်များကို စွဲလမ်းယုံကြည်စွာ မလုပ်သင့်ပေ။ ပိုက်ဆံလိုချင်လျှင် ပိုက်ဆံလက်ထဲ ရောက်အောင်သာ ရှာရသည်။ အခြားအရာများ မရှာကောင်းပေ။
ကြီးပွားချင်လျှင် စီးပွားရေးကိုသာ ဇောက်ချလုပ်။ ဘာသာရေးကိစ္စများ လိုသည်ထက် မပိုသင့်။ လူသည် လူနှင့် သာတူအောင် လုပ်ရန်လိုသည်။ ဘုန်ကြီးနှင့် တူအောင် လုပ်ဖို့မလို။ လူသည် လူ့အလုပ်ကိုသာ လုပ်ရ သည်။
ဘာသာရေးကိစ္စက အပေါ်ယံကြော အကာပိုင်းနှင့် အတွင်းသား အနှစ်သာရပိုင်း ဟူ၍ နှစ်မျိုးရှိသည်။ ဘာသာရေး နှင့် ဆက်နွှယ်သော ဘုရားပွဲများ၊ အခြားအလှူအတန်း အခမ်းအနားများ၊ ဘုရားဆင်းတု၊ ဘုရား စွယ်တော် စသည်များကို ဟိုပင့်၊ သည်ပင့်ကိစ္စများ၊ ဘုရားတည်ခြင်း၊ ဘုရားပြင်ခြင်း ကိစ္စများ၊ ဂုဏ်ပြု ပူဇော်ပွဲများ၊ ဘာနေ့ ညာနေ့ စသည့်အခမ်းအနား များသည် အပေါ်ယံကြော အကာကိစ္စ များသာ ဖြစ်သည်။ ထိုကိစ္စများသည် အတိုင်းအတာနှင့်သာ ကောင်းသည်။ သိပ်မများသင့်ပေ။
ဘုရားဆင်းတု အမျိုးမျိုးနှင့် စေတီပုထိုးများသည် သာသနာ မဟုတ်သကဲ့သို့ ဘုရားထုခြင်း၊ ဘုရားတည်ခြင်း၊ ဘုရားပြင်ခြင်း စသည့်ကိစ္စ တို့ကို ဆောင်ရွက်ခြင်းသည်လည်း သာသနာပြုသည်ဟု မခေါ်နိုင်ပေ။ စင်စစ် သာသနာ ဟူသည် ဘုရား၏ အဆုံးအမဖြစ်သည်။ ဘုရား၏ အဆုံးအမသည် ပိဋကသုံးပုံရှိသည်။ ဘုရား၏ အဆုံးအမတော် ပိဋက စာပေများကို ပို့ချခြင်း၊ သင်ယူခြင်း၊ ဟောပြခြင်း၊ ပြသခြင်း၊ ကျင့်ကြံအားထုတ် ခြင်းသည်သာ သာသနာပြုသည် မည်သည်။
သာသနာပြုသည်ဟူသည် မိမိသန္တာန်တွင် သာသနာရှိမှ ပြုလို့ရသည်။ မိမိသန္တာန်၌ သာသနာမပါဘဲ သာသနာပြုလို့ မရနိုင်ပေ။ မိမိ၏ ဖယောင်းတိုင်မှာ မီးတောက်ရှိမှ တခြား ဖယောင်းတိုင်ကို မီးကူးလို့ရသည်။ မိမိ ဖယောင်းတိုင်မှာ မီးမရှိပါဘဲ တခြားဖယောင်းတိုင်ကို မီးကူးလို့ မရနိုင်ပေ။ တိုးတက်ကြီးပွားဖို့ ဆိုလျှင် သဘာဝ ကျကျ တွေးတတ် မြင်တတ်ဖို့၊ သိတတ်ဖို့၊ လိုက်နာ ကျင့်သုံးတတ်ဖို့ လိုပါသည်။
(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)
ဆက်လက်တင်ပြပါမည်။
ထီးလိုမင်းလိုဘုရား
ထီးလိုမင်းလို ဘုရားသည် ကွမ်းတောင် ပေါက်လိုဏ် သုံးဆင့်ဂူဘုရား ဖြစ်ပြီး (၁၈)မတ်(၁၂၀၈) တွင် နားတောင်းများမင်း (ထီးလိုမင်းလို) အေဒီ (၁၂၁၁-၁၂၃၁) တည်ခဲ့သည်။
ထီးလိုမင်းလို ဟူသော ဝေါဟာရမှာ `တိလောကမင်္ဂလာ `(သုံးလောက ကျက်သရေဆောင်) ဟူသော ရှေးမွန်ဘာသာ အရေးအသားကို အဖတ်မှားရာက ထီးလိုမင်းလို ဟူ၍ ဖြစ်လာခြင်း ဖြစ်သည်။
နားတောင်းမင်း များသည် ထီးလိုမင်းလိုဘုရား တည်ရာတွင် မိမိ၏ဖခင် နရပတိစည်သူ မင်းကြီး တည်ထား ကိုးကွယ်ခဲ့သည့် စူဠာမဏိ ဘရားပုံသဏ္ဍာန် အတိုင်း တည်ခဲ့သည်။
ထီးလိုမင်းလို ဘုရားတွင် နံရံဆေးရေး ပန်းချီ၊ အင်္ဂတေ ပန်းတော့လက်ရာ များနှင့် စဥ့်ကွင်း များကို လေ့လာနိုင်သည်။
ထီးလိုမင်းလို ဘုရားအတွင်းရှိ နံရံဆေးရေး ပန်းချီများမှာ ရာသီဥတုဒဏ်နှင့် ပိုးပွှားဒဏ်များ ကြောင့် ပျက်စီးယိုယွင်း လျက်ရှိသည်။ စင်္ကြပတ်လမ်း ပေါင်းကူး မျက်နှာကျက်တွင် နံရံဆေးရေး ပန်းချီ အနည်းငယ်နှင့် ဇာတာခွင်များ ရေးမှတ်ထားသည်ကို တွေ့ရသည်။
ထီးလိုမင်းလို ဘုရား အရှေ့ဘက် အတွင်းမုခ်ခုံး၏ တောင်ဘက် နံရံတွင် ခရစ် (၁၅)ရာစုနှစ်က ရေးထိုးခဲ့သည့် မိဖုရားစော တောကျောင်းနေ သဒ္ဓမ္မဒိဝါကရ မထေရ်၏ ဆုတောင်း မေတ္တာစာ ကမ္ပည်းမင်စာ (၁၄)ကြောင်းရှိသည်။
ထီးလိုမင်းလို ဘုရားတွင် အင်္ဂေတေပန်းတော့ လက်ရာများရှိရာ ဘုရားအပြင်ဘက် ချင်မိတ် တိုးတန်း အောက်တွင် ပင့်ထောက်ခံ ထားသော သံကျောက်တုံးတန်းနှင့် ဘီလူး ပန်းဆွဲများ၊ အပေါ်ထပ် လိုဏ်ထောင့် တိုင်ဖုန်းပန်းများ၊ ဘီလူး ပန်းကိုက်နှင့် ခြူးပန်း ခြူးနွယ်များ၊ အ၀င်မုခ်ဝရှိ ပန်းဆွဲများ၊ တိုင်ဖုံးပန်းများ၊ ပြူတင်းပေါက်တံကဲရှိ အင်္ဂေတေပန်း များကို လေ့လာနိုင်သည်။
ထီးလိုမင်းလို ဘုရား၏ အပေါ်ထပ် ပစ္စယာစိန်တန်း များနှင့် အောက်ခြေမှန်ကွက် များ၌ အစိမ်းရောင် အတွင်း အဝါရောင် ထည့်သွင်း ထားသော စဥ့်ကွင်းများဖြင့် တန်ဆာဆင် ထားသည်။
ထီးလိုမင်းလို ဘုရား၏ တိုင်မ နံရံအဆုံးတွင် ခြင်္သေ့ရုပ်ကို ကိုယ်ထည်နှစ်ခွ ဖြင့် တန်ဆာဆင် ထားသည်။
ဝန်ခံချက် ။ ပုံတော်များကို www.ancientbagan.com မှ ရယူထားပါသည်။
ဂုဏ်တု ဂုဏ်ပြိုင်အရပ်ကို ရှောင်ပါ
ချမ်းသာချင်သူသည် ဂုဏ်တဂုဏ်ပြိုင် အရပ်မျိုးကို မနေသင့်၊ မသွားသင့်၊ မပါဝင်သင့်ပေ။ အချို့ တောမကျ၊ မြို့မကျ ရပ်ကွက်များတွင် ဂုဏ်တု ဂုဏ်ပြိုင်အလွန်များသည်။ အိမ်နီးနားချင်း အမြဲပြိုင်နေကြသည်။ ဘာဟင်း ကို စားမှ၊ ဆေးခန်းတောင် ဘယ်ဆေးခန်းမှ၊ ဆေးရုံဆို ဘယ်ဆေးရုံမှ၊ မီးဖွားတာတောင် ဘယ်ဆေးခန်းမှာ ဖွားမှ၊ ကလေးကျောင်းထားတာ ဘယ်ကျောင်းကိုထားမှ စသည်အမြဲပြိုင်ဆိုင် နေကြသည်။ ပြိုင်ဆိုင်နေ ရသဖြင့် မကုန် သင့်တာတွေ ကုန်ကျကုန်သည်။ ပစ္စည်းတစ်ခုခု မတန်တာ၊ တန်တာ အပထား ဟိုဘက်အိမ်က သုံးလျှင် သုံးရမှ ဆိုတာမျိုး အတော်ပင်ခက်သည်။
စာသင်ကျောင်းဆိုလျှင် ဂုဏ်တု ဂုဏ်ပြိုင်ကျောင်းမျိုး ထားရသော မိဘများတော့ မလွယ်ကူချေ။ အသုံး အဆောင် ပစ္စည်း၊ ကျောင်းမုန်ဖိုးကအစ ဆရာမကန်တော့ တာအထိ အကုန်လိုက်ပြိုင် နေကြသည်။ ကျူရှင် ဆိုလည်း နာမည်ကြီး ကျူရှင်ထားရမှ တရားဝင်သည်။ အားလုံး ပျက်စီးကြောင်းပင် ဖြစ်သည်။
(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)
ဆက်လက်တင်ပြပါမည်။
You received this email because you are subscribed to the real_time feed for http://wwwsuye.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.