Future
ဘာကြီးလည်းကွာ
ဆုပ်ကိုင်ထားရတာ လေးလံလိုက်တာ
ဖြစ်နိုင်ခဲ့ရင် ၀ဲ ပစ်ပါရဲ့
အဲဒီ မျှော်လင့်ချက်တွေနဲ့
ဒိုက်ပုံကြီးကို
တစ်ခါတစ်လေ
အသက်ရှုတောင်ကြပ်တယ်
ရင်ခွင်ပိုက် ထွေးပွေ့ရလွန်းလို့။ ♥ မဏ္ဍိုင်
blank
မှတ်ချက်။ ။ပညာရှိများသာ တွေ့လတ္တံ့ :P
http://sawmandai.blogspot.com/feeds/3802885781023014446/comments/default
နောက်တစ်နေ့ ( ၁၇ ဇူလိုင် ၂၀၀၈ ရက်နေ့ ) ဟာ ၀ါဆိုလပြည့်နေ့ ဖြစ်တဲ့အား လျော်စွာ ကျွန်တော်တို့ သူငယ်ချင်း Blogger တစ်စုဟာ MSU ကျောင်း ဘုရား ခန်းမှာ ဓမ္မစင်္ကြာတရားတော်ကို ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး အခုလို နေ့ထူးနေ့မြတ်မှာ ကျွန်တော်တို့ ချစ်တဲ့ မြန်မာ ပြည်သူပြည်သားအပါင်း ကိုယ်၏ချမ်းသာခြင်း (သုခိနောဝ) စိတ်၏ ချမ်းသာခြင်း (ခေမိနောဝ) အပေါင်းနှင့် ပြည့်စုံပြီး ဘေးရန် အပေါင်းက ကင်းဝေးပါစေကြောင်း ဆုမွန်ကောင်း တောင်း ခဲ့ကြပါတယ်။ နေ့ လည်ခင်းမှာတော့ အမှတ်တရ ခရီးအဖြစ် ( Коломенский Парк) ပန်းခြံနဲ့ ဟိုချီမင်း ရင်ပြင်တို့ကို သွားရောက် လည်ပတ်ခဲ့ကြပါတယ်။
ကျွန်တော်တို့ သူငယ်ချင်းတစ်စုရဲ့ တွေ့ဆုံပွဲကို နိုင်ငံအသီးသီးမှာ ရှိကြတဲ့ ကျွန် တော်တို့ရဲ့ Blogger ညီ ၊ အစ်ကို ၊ မောင် ၊ နှမများအားလုံး သိရှိစေဖို့ ၀မ်းသာ စရာ သတင်းကောင်းတစ်ခုအနေနဲ့ ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။ ကျွန်တော် တို့ရဲ့ တွေ့ဆုံပွဲလို နိုင်ငံအသီး သီးမှာရှိကြတဲ့ Blogger ညီအစ်ကို ၊ မောင် နှမများလည်း ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးနဲ့ ဆုံတွေ့နိုင်ကြပါစေလို့ ကျွန်တော်တို့ သူငယ်ချင်း Blogger တစ်စုက ဆန္ဒပြုလိုက်ပါ တယ်ခင်ဗျာ။ Blogger များ အားလုံးနဲ့ Blog စာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ …….
မှတ်ချက် ။ ။ အကြောင်းကြောင်းကြောင့် လူကိုယ်တိုင်မလာနိုင်ပဲ G-talk ၊ Phone များနဲ့ ဆွေးနွေးခဲ့ကြတဲ့ Blogger တစ်ချို့ကိုလည်း ဆွေးနွေးပွဲမှာ ပါဝင်သူအဖြစ် အားလုံးကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။
ကိုရင်ညိန်း ၊ တင့်ထူးရွှေ ၊ နတ်သျှင်နောင် ၊ Black Dream၊ မောင်ကောင်းအောင် ၊ လွမ်းလုင် ၊ မျှားပြာ ၊ ရွှေရောင်ကောင်းကင် ၊ လင်းထွန်း ၊ လွမ်းသုခ ၊ ရတ်မွန် ၊ နေချိုအေး ၊ ၀ဿန်ဦး ၊ မောင်နိုင် ၊ မီးပြတိုက် ၊ ဇွတ်ဆိုးလေး ၊ 4Ever ၊ ထိပေ့ သျှင် ၊ ကိုစွမ်း ၊ ကိုအောင် ၊ ညိမ်းညို ၊ ဖြိုးငယ် ၊ အောင်ဦး ၊ နန်းထိုက်ဝင်း ၊ မင်း ဝေ ၊ တင်နွယ်မောင် ၊ သုခရိပ် ၊မင်းကျန်စစ် ၊ အလွမ်းရောင် ၊ စောမဏ္ဍိုင် ၊ အညာသားလေး ၊ မောင်ငယ် ၊ မောင်သုည ၊ လွမ်းစေ (မြန်မာပြည်) ။
လပြည့်ည
တကယ်ပါ
ဖြစ်နိုင်မယ်ဆိုရင် ခုနေချိန်မှာ
ဌက်တစ်ကောင်အသွင် ငါဖြစ်ချင်ရဲ.
တောင်ပံတွေကို အသုံးချ
ငါ့ရဲ. ဦးတည်ရာ အရင်က
မင်းဆီကိုပါ……။
ဒါမှမဟုတ်
လမင်းနှင့် ငါနှစ်ကိုယ်ကြား
တီတိုး မှာကြားချင်ရဲ့
မင်း ရွှင်လန်းပါစေ။
ငါ လွမ်းနေတာမင်းသိရဲ.လား
ငါ့ ကိုမှလွမ်းရဲ.လား
မင်းဆီက အပြန်စကားကို
လမင်းက တဆင့် ငါသိချင်လိုက်တာ။
တကယ်တမ်းကျတော့
သာနေတဲ. လပြည့်ညရဲ.အောက်မှာ
ငါတစ်ယောက်တည်းပါ
စိတ်ကူးတွေနဲ. အိပ်မောကျ
မနက်ဖြန် ငါနိုးထတဲ.အချိန်မှာ
အသေချာဆုံးကတော့
မေ့မရတဲ. အတိတ် တွေနဲ.အတူ
မင်းကို ငါ တမ်းတနေဦးမှာပါ။ ♥ သူငယ်ချင်း
ယုံကြည်စေချင်တယ်
မ ယုံရဲ့လား ?
ပေါ့ပျက်ပျက် ရယ်သွမ်းသွေး
လောကကြီးကို အရေးမထားတဲ့
ကောင်လေးရဲ့ ရင်ထဲ့မှာ
မ အတွက် လေးနက်ခြင်းတွေရှိတယ်
မ သိရဲ့လား ?
မထီမဲ့မြင်နဲ့ လောကကြီးအတွက် ကဗျာမဆန်တဲ့
ကောင်လေးရဲ့ရင်ထဲမှာ
မ အတွက် နူးညံ့တဲ့ သံယောဇဉ်တွေရှိတယ်
မ ထင်ရဲလား ?
ပြောင်စပ်စပ်မျက်နာနဲ့ ပျော်ရွှင်ခြင်းသာရှိတဲ့
ကောင်လေးရဲ့ ရင်ထဲမှာ
မ အတွက် လွမ်းဆွတ်ခြင်းဆိုတာတွေ ပြည့်နှက်နေတယ်
မ မြင်နိုင်ရဲ့လား ?
ချစ်သူအပေါ်ကို အလိုက်မသိတက်ဘူးထင်ခဲ့တဲ့
ကောင်လေးတစ်ယောက်ရဲ့ ရင်ထဲမှာ
မ အတွက် အလိုက်သိမှုတွေ အပြည့်ရှိတယ်
မ သိထားစေချင်တယ်
လွတ်လပ်ပွင့်လင်း ဟန်ဆောင်ခြင်းကင်းတဲ့
ကောင်လေးရဲ့ ရင်ထဲမှာ
ပြင်းထန်တဲ့ မာနတွေရှိတယ် ♥ ရန်လင်းအောင်
ဝိဥာဉ်မဲ့ ချစ်ခြင်း
ပေးဆပ်ခြင်းဟာ ရယူခြင်းအတွက်ဆိုရင်
အပြန်ချစ်ခြင်းတစ်ခုကို ငါရသင့်တယ်
လိုက်လျောမှုဘာသာရပ်ထဲမှာ
ငါ့မာနတွေ ဒဏ်ရာရခဲ့တာ
ဖြစ်ရပ်မှန်တစ်ခုရယ်ပါ
ရှိပါစေတော့ရယ်လို့
အခါခါမျိုသိပ်နေပေမယ့်
ပုပ်ပွနေတဲ့ ငါနာကျည်းမှုတွေက
ပုရွက်ဆိတ်တစ်ကောင်လို
ငါ့အသိစိတ်ကို ထိုးထိုးကိုက်နေပြန်တယ်
မခက်ဘူးလား…
ကိုယ်ပေးသလောက် ပြန်မရတာ အချစ်တဲ့… ♥ ရန်လင်းအောင်
Action & Reaction
ပေးဆပ်မှုတွေ
စွန့်လွှတ်မှုတွေ
အနစ်နာခံမှုတွေ
အရှိန်အဟုန်နဲ့ တစ်ရစပ်စီဆင်းလို့။
တုန့်ပြန်မှုဆိုတာ
ဘယ်သောင်ပြင်မှာ ငိုက်မြည်းနေလဲ။
ညီမျှအောင် တုန့်ပြန်မှု့ မပေးနိုင်ရင်နေပါ
အမည်နာမ တပ်ခွင့်ရှိအောင်တော့
မင်းအကြောင်းတွေးတဲ့ ကဗျာ
မြန်မြန်လေး ကျနေတာပဲလေ
ဒါပေမယ့်
ရင်ထဲမှာတော့ မိုးရွာပြီးကာစ
ရာသီဥတု မကောင်းသလို။
'လေး' ကိုသတိရရင်
မျက်စိမှိတ် အသက်အောင့်ပြီး
လေးလံထိုင်းမှိုင်းနေတဲ့ သူတစ်ယောက်ပါ
ငါအမြတ်တနိုးခေါ်ခဲ့တဲ့
နာမည်လေးက 'လေး' တဲ့။
'လေး' …. တရ်
ငါတွေးမိတာ တစ်ခုက
နှင်းလေးတွေက
'မိုးစက်လေး'တွေ ဖြစ်သွားရင်
ဘယ်လောက်ကောင်း မလဲနော်'...' ။ ♥ နိုင်ဟိန်း
http://sawmandai.blogspot.com/feeds/8113289655561420282/comments/default
လွမ်းသူ
လွမ်းလိုက်တာ…ရ်
အလွမ်းများ ငြိမ်းစေသတည်းလို့
တောင်းဆုပြုချင်တရ်
ငြိမ်းစေအလွမ်း
ရင်၌ဖြစ်တည်
တောင်းဆုပြုချင်
အလွမ်းများငြိမ်းစေ
စိတ်၌ဖြစ်တည် ထိုအလွမ်းကို
တောင်းဆုမပြု
ကြိတ်မှိတ်နေ၍
သူမမြင်လည်း… သူသိနေရင်
ကြည့်နူးတယ်♥♥♥♥♥ok!!!!!
♥ နိုင်ဟိန်း
ဒိုင်ယာရီ
နာရီလက်တံကတော့ ရက်လနှစ်တွေကို
အချိန်မှန်မှန် ၀ါးမျိုနေတုန်း
မင်းဖြတ်သန်းခဲ့တဲ့ မင်္ဂလာနေ့သစ်တွေ
ဒိုင်ယာရီထဲမှာ ဟောင်းနွမ်းလို့
ရက်(၂၀)ရှိခဲ့ပြီ၊
ခလုပ်တိုက်ခဲ့တဲ့ အိပ်မက်ဆိုးတွေ
လေနှင်ရာလွင့်ခဲ့ရတဲ့ တိမ်တိုက်လေးလို
မင်းနင်းဖြတ်ခဲ့တဲ့ အရာအားလုံး
ဒိုင်ယာရီထဲမှာပဲ နေရာပေးခဲ့တာ မလား?
တစ်နှစ်တာရဲ့ရောယှက်နေတဲ့ ကောင်းဆိုးတွေ
ဖြူလွှလွှစက္ကူထဲမှာ မင်းစိတ်ကြိုက်နေရာပေးလို့ ရသေးတယ်။
လင်းအာရုံကတော့ ကံကောင်းခြင်းတွေ ယူဆောင်လို့
'Happy Birthday' တဲ့
မင်းရဲ့ (၂၁)နှစ်ပြည့်မွေးနေ့ကို ကြိုဆိုလို့။
နှစ်မြောက်မြားစွာ သင်းပျံ့လှပနိုင်ဖို့
ကြယ်လေးတစ်ပွင့်လို အမှောင်ကိုခွင်း
လောကအလယ် လင်းလက်နေဖို့
ကိုယ် ဆုတောင်းတယ်။
'Happy Birthday' ပါ
ပျော်ရွှင်ကြည်နူးခြင်းတွေနဲ့အတူ
အေးချမ်းသာယာမှုတွေ ခိုလှုံနေတဲ့ ဒီလိုနေ့သစ်တွေ
ထာဝရ သိမ်းဆည်းနိုင်ပါစေ။
မှတ်ချက်။ ။မွေးနေ့ ဆုတောင်းလေးပါ။ ♥ မဏ္ဍိုင်
စောစောပြန်ခဲ့နော်
ဒါလေးပါပဲ
ဆိုလိုချင်တာကတော့ 'စကားလုံးတစ်ခုကို ပြောပါများလို့ရှိရင် အပြောခံရသူ ရဲ့စိတ်ထဲမှာ အဲဒီစကားလုံးပေါ်မှာ ထားတဲ့ လေးနက်မှုတွေ တစ်ဖြည်းဖြည်း လျှော့နည်းလာတာကို' ပြောတာပါ။
♥ မဏ္ဍိုင်
အကြွေးရှင်သို့
တစ်ပူပေါ် တစ်ပူဆင့်
အကြွေးတွေ ၀ိုင်းဝိုင်းရံ
တစ်ယောက်ပြီးပြန်တော့
နောက်တစ်ယောက် ကျန်ပေသမို့
ဖန်ဖန်လေ အားအင်တင်းကာ
ထပ်ဆပ်ရပြန်။
ခါတစ်လေ တစ်ကယ်နွမ်းတာကြောင့်
တော်ပါပြီ ထပ်မချေးချင်ဘူး
ရပ်တန်းက ရပ်မယ့်ကြံ
အမှန်တော့ ဖြစ်နိုင်ပါမလား။
စ(ချေး)ခဲ့မိပါ၍
တစ်နေ့တော့ ကျေရာရောက်နိုင်ရဲ့
နောက်(next)လစာကို အာရုံဆင်လို့
မျက်နှာပြင် ထပ်ယူလိုက်စမ်းပါ
လာအုံးဟဲ့ အကြွေး။
ထ ရိုက်ပစ်ရော
လို့ ပြောသတဲ့။ အဲဒါကို နားလေးရှာတဲ့ ကိုညီမောင်က သူကို ဆဲရကောင်းလား ဆိုပြီး ထရိုက်ပစ်လိုက်ရော်တဲ့။ ဟီး
ကံကြမ္မာ အရ
ဟိုအရင်က ငါလက်ကိုင်ထားခဲ့တယ်
ပျော်ရွှင်ခြင်းဆိုတာက ရောက်တဲ့နေရာ
လွမ်းမောခြင်းဆိုတာက အမေနဲ့အဖေ
တမ်းတခြင်းက အမေ့အိမ်
သတိရခြင်းက မတွေ့တာကြာတဲ့ သူငယ်ချင်းတွေ
အခုတော့ အဲဒါတွေအားလုံးကို
ညီမျှခြင်းရဲ့ တစ်ဖက်ကိုပို့လိုက်ပြီ
အနုတ်လက္ခဏာပြလို့...။
အခုငါ့ရင်မှာ နေရာအယူဆုံးက မင်း
အချစ်ရဲ့ ကျေးကျွန်ဖြစ်နေတာက ငါ
နားထောင်တဲ့ သီချင်းတွေက လွမ်းတေးသီချင်း
ငါရေးချတဲ့ အရာတွေက ကြေကွဲသံစဉ်
မှင်အနီရောင်နဲ့တောင် မခြယ်သဘူး
ငါ့ရင်ခုန်သံတွေ ရပ်တန့်သွားမှာစိုးလို့
အခုအဲဒါတွေ အားလုံးကို
ညီမျှခြင်းရဲ့ တစ်ဖက်ကို ပို့လို့မရဘူး
ကံကြမ္မာအရတဲ့...။
အပြံးလေးနဲ့ ဖဲ့ခြွေနိုင်သူက မင်း
မအူမလည်နဲ့ လမ်းဘေးအချိတ်ခံရတာ ငါ့နှလုံးသား
မျှော်လင့်ချက်နဲ့ အသက်ဆက်ရှင်မယ်ဆိုတာ
ယောင်ရမ်းသံစဉ်
အောင်နိုင်သူအပြံးနဲ့ ဘ၀င်ဟပ်နေတာက မင်း
ထားရက်ခဲ့တာတောင် အပြစ်မမြင်နိုင်ခဲ့တာက ငါ
မင်းမရှိတဲ့နေ့တွေ ခြောက်ကပ်တယ်ဆိုတာ လက်တွေ့
အခုအဲဒါတွေ အားလုံးကို
ညီမျှခြင်းရဲ့တစ်ဖက်ကို မပို့ချင်တော့ဘူး
ကံကြမ္မာအရလို့ ထပ်ပြောမှာပဲလေ။ ♥ မဏ္ဍိုင်
သူ့နေရာနဲ့ သူ
မလာမှန်း သိလျှက်နဲ့
စောင့်ခဲ့ရတဲ့ နေ့တွေ၊
မချစ်နိုင်မှန်း သိလျှက်နဲ့
တမ်းတမိတဲ့ မျှော်လင့်ချက်တွေ၊
မရနိုင်မှန်း သိလျှက်နဲ့
လိုချင်မိတဲ့ အတိတ်ရဲ့ အိပ်မက်လှလှတွေ၊
ဘယ်သူစေခိုင်းချက်မှ မပါပဲ
သူ့နေရာနဲ့သူ နေရာယူလို့
အပိုးကျိုးနေလိုက်ပုံများ အမြင်ကပ်ချင်စရာ။
ဝေးသွားမှန်း သိလျှက်နဲ့
အမြဲတမ်းကြည့်ဖြစ်တဲ့ ဓါတ်ပုံလေးတွေ၊
တင်းထားမှန်း သိလျှက်နဲ့
ယိမ်းယိုင်သွားတဲ့ အတွေးအစလေးတွေ၊
ငြင်းထားမှန်း သိလျှက်နဲ့
ရောက်လာတက်တဲ့ အလွမ်းအစလေးတွေ၊
ဘယ်သူစေခိုင်းချက်မှ မပါပဲ
သူ့နေရာနဲ့သူ နေရာယူလို့
အပိုးကျိုးနေလိုက်ပုံများ အမြင်ကပ်ချင်စရာ။
လွမ်းမောရင်း ကြားက
ခလုပ်တိုက်ခဲ့တဲ့ အိပ်ပျက်ညတွေ၊
စဉ်းစားရင်း မောတဲ့
သူမပါတော့တဲ့ အနာဂါတ်သစ်တွေ၊
မဖြစ်နိုင်ဘူးလို့ မျက်ကန်းငြင်းတဲ့
တားလို့မရတဲ့ ငါ့အတ္တတွေ၊
ဘယ်သူစေခိုင်းချက်မှ မပါပဲ
သူ့နေရာနဲ့သူ နေရာယူလို့
အပိုးကျိုးနေလိုက်ပုံများ အမြင်ကပ်ချင်စရာ။ ♥ မဏ္ဍိုင်
အားရပါးရ ခုန်နော်
လူရွယ်။ ။ အဖိုး ရှေ့မှာ ရေဗွက်ရှိတယ်။ နောက် (၂)လှမ်းလောက် ဆုတ်ပြီး အသ ကုန်သာ ခုန်လိုက်၊ အဲဒါဆိုရင် ရေဗွက်ကလွတ်မယ်။ အသကုန် မခုန်ဘူးဆိုရင် တော့ ရေဗွက်ထဲကျမယ်နော်။
လို့ ပြောသတဲ့။ အဲဒီအချိန်မှာ
အဖိုး။ ။ အေးငါရအောင် ခုန်ကြည့်ပါမယ်။ ငါခုန်နိုင်ပါသေးတယ်။ အေးဆေးပါ။
ဒီလိုနဲ့ လူရွယ်က ရေဗွက်ရဲ့ရှေ့(၅)လှမ်းလောက်အလိုမှာ နေရာယူခိုင်းသတဲ့။ အဖိုးကို ရှေ့ကို(၂)လှမ်းလောက် လှမ်းပြီးသာနဲ့ အသကုန်သာ ခုန်လိုက်တော့လို့ ပြောသတဲ့။ အဖိုးလည်း လူရွယ်ပြောတဲ့အတိုင်း ခုန်လိုက်တော့ ရေဗွက်ထဲကို တည့်ကျသွားပါလေရောတဲ့။ လူရွယ်က (၃)လှမ်းလောက် အလိုကနေ ခုန်ခိုင်းတော့ ရေဗွက်ထဲ ကျပြီပေါ့။
ရယ်စရာရှိ လက်တို့
နားမကြားသူ။ ။သူငယ်ချင်း ငါကို ရယ်စရာရှိရင် လက်တို့ပေးကွာ.. ငါက ဘာမှမကြားရဘူး။
သူငယ်ချင်း။ ။အေးပါကွာ ငါပြောပါမယ် မင်းကလည်း။
ဇာတ်ပွဲကလည်း နာမည်ကျော်ဇာတ်။လူရွှင်တော်တွေ ပျက်လုံးကလည်း ကောင်းမှကောင်း၊
အင်း
တစ်ခါက ရွာတစ်ရွာမှာ စကားအလွန်နည်းတဲ့ ကိုရင်သာတို့ ညားခါစ လင်မယား ရှိတယ်တဲ့။ စီးပွါးရေး အဆင်မပြေလို့ ယောင်္ကျားလုပ်သူက သူငယ်ချင်းတွေနဲ့ နယ်ထွက်ပြီး အလုပ်လုပ် ထွက်
သို့/
ကိုရင်သာ…..
ရှင် ကျွန်မကှို သတိမှရပါသေးရဲ့လား ဟင်!
ငြိမ်းခင်..
ဆိုတာလေးပဲ ပါသတဲ့။ အဲဒါကို စကားနည်းတဲ့ ကိုရင်သာက မိန်းမဆီ စာပြန်လိုက် ပုံများ
ငြိမ်းခင်…
အင်း!
ရင်သာ..
♥ မဏ္ဍိုင်
ကောင်းကင်
ကြည်ပြာရောင်ရဲ့ ဂုဏ်ပုဒ်က
ဓနဥစ္စာချမ်းသာခြင်းနဲ့ အင်အားကြီးမားခြင်းတဲ့
ခပ်တည်တည်သိမ်းပိုက်ပြီး
ထည်ဝါမှုအပြည့်နဲ့ ငြိမ်သက်နေလိုက်တာ
ဘယ်သူကိုမှ ဂရုမစိုက်သလို။
တစ်ခါတစ်လေ လေပြေလေးတွေက
တိမ်ဖြူတွေကို ကျီစယ်လို့
အပိုင်စားရသည့်အလား ဟိုဟိုဒီဒီ
ပြေးလွားနေလိုက်ကြတာ ကြည်နူးစရာ။
ရံဖန်ရံခါ လေနီကြမ်းရဲ့ဒဏ်ကို
တိမ်မည်းတွေက ရင်စီးခံလို့
ငိုကာယိုကာနဲ့ တပ်ဆုတ်လာလိုက်ကြတာ
သနားစရာ။
လူတွေကလည်း စိတ်ညစ်မှုတွေကို
ကောင်းကင်ဆီမှာ ကုစားကြတယ်
မျက်နှာအပ် အော်ဟစ်ရင်းနဲ့
သောကတွေကို လွှတ်ထုတ်လို့ပေါ့။
နေမင်းကြီးကတော့ အကြင်နာတရားမဲ့လိုက်တာ
ရက်ရက်စက်စက်နဲ့ ကောင်းကင်ကြီးကို
နေ့အခါ လောင်မြိုက်လို့။
ညနေချိန် ရောက်ရင်တော့
ကောင်းကင်ကြီးက နာကျင်နေလျှက်ပေါ့
ကြည်ပြာရောင်တောင် မဟုတ်တော့ဘူး
အနီရောင်သန်း ငြီးထွားလို့။
ရံဖန်ရံခါလည်း
လမင်းကြီးက ရွှန်းလဲ့တောက်ပလို့
ကြယ်ပေါင်းစုံနဲ့ အလှဆင်နေလိုက်ပုံများ
အံဩစရာ။
တစ်ခါတစ်လေတော့
ကောင်းကင်တစ်ခုလုံး အမှောင်အတိကျလို့
တိတ်ဆိတ်မဲမှောင်ပြီး အထီကျန်ဆန်နေလိုက်တာ
ခြောက်ခြားစရာ။
ဩော် ကောင်းကင်ကြီးမှာတောင်
သနားစရာတွေ ကြည်နူးခြင်းတွေ
သောက အပူလောင်မြိုက်မှုတွေ
အံဩစရာတွေ ငြီးထွားခြင်းတွေ
… တွေနဲ့ပါလား
အင်အားကြီးမားခြင်းဆိုတဲ့ ဂုဏ်ပုဒ်က
ဒါတွေကိုပဲ ရည်ရွယ်ခဲ့လေလား မသိ။ ♥ မဏ္ဍိုင်
အနှိုင်းမဲ့
တစ်ခါတလေ သူ့ကြောင်းတွေးရင် မှတ်ချက်။ ။ချစ်အန်တီ…ထာဝရပျော်ရွှင်နိုင်ပါစေ...။ ♥ မင်းခေတ်
နေဆယ်စင်းလား ပူပြင်းသောက
ရောက်မိသော်လည်း သူ့စိတ်တွင်မူ
မိနှင့်ဖရေး မျှော်ကာတွေးရင်း
မောင်တစ်ထမ်း မယ်တစ်ရွက်ဆိုတဲ
ရှေးရိုးစကား ပယ်လေလားမသိ
အားမာန်ပြည့်နှင့်
လောကအလယ် ရင်ဘောင်တန်းလို့
ငြူစူငြီးငွေ့ အလျင်းမရှိ
မွေးကျေးဇူးကို ပေးဆပ်နေသည့်
သူမျက်နှာမှု ပြစ်မျိုးမှတ်မထင်
ကြည်လင်လန်းဆန်း တက်ကြွလျက်
မြင်ရသူဒက်ထိ ရင်အေးစေ၏။
သို့လဲတဖန်
ချစ်လှစွာသော တူသားသမီးများကို
မိဘနှင့်မခြား ရင်ဝယ်အုပ်လျက်
ဖြူစင်မေတ္တာ ကြင်နာပေးသည့်
သူ့စိတ်ထားက အနှိုင်းမဲ့၏။
မာယာမျက်နှာဖုံး
မျှော်လင့်ခြင်းနဲ့ ရှင်ရတဲ့
လောကကြီးမှာ
မင်းရဲ့ "ချစ်စစ်"ကို မျှော်လင့်မိတာ
အပြစ်လား ချစ်သူ။
မင်းရဲ့ အပြုံးတု
အယောင်ဆောင် "talking"တွေကြားမှာ
ငါဟာချစ်ရဲ့ ကျေးကျွန်ဖြစ်နေပြီးလား ချစ်သူ။
တကယ်တော့ ငါဟာ
မင်းရဲ့ မာယာမျက်နှာဖုံးနောက်က
မာတိကာမှ မဖတ်မိခဲ့ဘဲ ချစ်သူ။
မင်းကတော့ မာတိကာရဲ့ 
စာမျက်နှာအတိုင်း မင်းရဲ့အပြုံးတု
အယောင်ဆောင်"talking"တွေနဲ့ဘဲ
ကျေနပ်နေဆဲပေါ့…..ချစ်သူ။ ♥ မင်းခေတ်
စွန်
စွန်လေးရယ်
လွတ်လပ်ပျော်ရွှင်စွာ ပျံသန်းနိုင်ဖို့
ငါ့အသည်းနှလုံးကို သံမှိုနှက်ပြီး
ဝေဟင်ကို လွှတ်တင်လိုက်ပါပြီ။
မာယာတွေ ချယ်မှုန်းထားတဲ့
မင်းရဲ့ အကတွေနဲ့
ကောင်းကင် တစ်ခွင်လုံးကို
အလှတွေ ထပ်ဆင်အုံးပေါ့။
ငါကတော့ မင်းရဲ့
လိုက်ဖက် တင့်တယ်မှုတွေကို
ဩဘာ သံတွေနဲ့ပဲ
ချီးမြှင့် ချင်တာပါ။
ရက်စက်မှုဒဏ်ကို
ရင်စီးခံဖို့ လွှတ်တင်ခဲ့တာမှ
မဟုတ်ခဲ့ဘဲ။
အခန့်မသင့်လို့ ကကွက်တွေ
ပျောက်ခဲ့ရင်တော့
တိမ်တိုက်တွေဆီမှာ ခဏတာ
နားခိုခွင့် တောင်းပေါ့။
မင်းရဲ့ ရက်စက်မှုဒဏ်ကို
မခံနိုင်လို့ တိမ်တိုက်တွေကပါ
မျက်ရည် ကျခဲ့ရင်တော့
မြေပြင်ကိုပဲ
မင်း ဆင်းသက်ရလိမ့်မယ်။
အဲဒီ အချိန်ကျမှတော့
ဟိုအရင်က ငါရေရွတ်ခဲ့တဲ့
'လောကကြီးက ရက်စက်လိုက်တာ'
ဆိုတဲ့ စကားလုံးကိုတော့
ထပ်တူ မရွတ်မိစေနဲ့
စွန်လေးရယ်။ ♥ မဏ္ဍိုင်
သူငယ်ချင်းများ
နေ့နဲ့ညရဲ့ အချိန်မှန်လည်ပါတ်မှုကြားမှာ
တို့တစ်တွေ ကိုယ့်ဇာတ်ထုတ်ကို
ကိုယ် တင်ဆက်ရင်း
မမျှော်လင့်ပဲ လမ်းခုလတ်မှာ
ခဏ တွေ့ကြပြီပေါ့။
ပြုခဲ့ဘူးတဲ့ အတိတ်က
ကုသုလ်ကံကပဲ
အချိန်နဲ့နေရာ တွက်ချက်ပြီး
တို့တစ်တွေ ဆုံဆည်းဖို့
ကံကြမ္မာတရားကို
စေခိုင်းလိုက်လေလား မသိ။
နေရာပေါင်းစုံက နေပြီး
ခါးသည်းခြင်းတွေကို ဘေးမှာလွယ်
ကိုယ်စီ မျှော်လင့်ချက်တွေနဲ့
တို့တစ်တွေ လျှောက်နေကြတာပဲလေ။
အချိုးအကွေ့လေးမှာ ဆုံရပေမယ့်
တို့တစ်တွေရဲ့ ရင်းနှီးချစ်ခင်မှုက
မိခင် တစ်ဦးထဲကပဲ
မွေးဖွားပေးလိုက်သည့် အလား
မြင်တွေ့သူတိုင်း ကျေနပ်စရာပါပဲ။
စိတ်ညစ်မှုတွေနဲ့ အားငယ်မှုတွေဆိုရင်
ခွဲဝေယူတက်ပြီး
ယိမ်းယိုင်နေတဲ့ ဦးတည်ချက်တွေကို
တို့တစ်တွေရဲ့ ခင်မင်ရင်းနှီးမှုနဲ့ပဲ
တည့်မက်ပေးကြတယ်။
အောင်မြင်မှုတွေကို
လက်ကမ်း ကြိုဆိုတက်ပြီး
ရှုံးနိမ့်ခြင်းတွေ လက်ခံရရှိသူကိုလည်း
ဥပေက္ခာ ပြုထားဖို့
တို့တစ်တွေရဲ့ အသည်းနှလုံးတွေက
မမာကြဘူးလေ။
အဲ အချိန်တန်လို့
ခွဲခွါရတော့မယ် ဆိုရင်လည်း
ပြည့်နှက်နေတဲ့
ဝမ်းနည်း ကြေကွဲမှုတွေကြားက
လက်ပြချိန်မှာတော့ အပြုံးတစ်ချက်နဲ့
နှုတ်ဆက်ကြတာပါပဲ။
အခြေအနေတွေ နေရာတွေ
အချိန်တွေ ကုန်ဆုံးပြောင်းလဲပေမယ့်
တို့တစ်တွေ ရင်ထဲက
သူငယ်ချင်း ဆိုတာကတော့
ပင်ကိုယ်အတိုင်း တည်ရှိနေလိမ့်မယ်လို့
မျှော်လင့်လျှက်…။
သြော်အမေ
ရင်နှင့်လွယ်ဖွား သားသမီးများတွက်
လောကအလယ် ရုန်းကန်လှုပ်ရှား
ကျွေးမွေးပြုစု ကြာညောင်းချိန်ခါ
အလီလီပြောင်းရင်း လောကဓံလှိုင်းပိုး
ရိုက်ပုတ်မှုကြောင့်
ဆံဖြူသွားကြိုး ဇရာထောင်းလို့
ခါးကိုင်းနေလည်း ကြုံလာခက်ခဲ
ဘေးအသွယ်သွယ်ကို ယှဉ်ပြိုင်အန်တု
အားမာန်ထုလို့ ပြုံးခဲ့တဲ
မေပြုံးတစ်ပွင့်က မြင်ရသားသမီး
နှလုံးအိမ်ဝယ် အားဖြစ်စေ၏။
၁၅၀၀ကိုပယ် ၅၂၈ဆိုတဲ
မေတ္တာကို မေနှလုံးအိမ်ဝယ်
ကဗ္ဗည်းထိုးလျှက်
အဖမဲ့သားသမီး လောင်မီးတောပမာ
မဖြစ်လေအောင် အဖဆိုလဲအမေ
အမိဆိုလဲအမေ ရင်ဝယ်အုပ်လျက်
မေတ္တာပေး၍ သီတာရေစင်ပမာ
တသွင်သွင်စီးရင်း စုန်ရေကိုသာပေး
ဆန်ရေကိုမမျှော်ဘဲ ချစ်သားသမီးများ
လောကအလယ် တင့်တယ်စေရေး
ရုန်းကန်ကြိုးစား ပင်ပန်းမှူဒဏ်ကို
ဖုံးကွယ်သိုလျက် ချစ်သားသမီးရှေ့
ပိတီမျက်လုံး အပြုံးမျက်နှာနဲ့
နေတတ်ခဲ့တဲ အမေ။
သြော်အမေ
နီးလျှင်မသိ ဝေးမှသိဆိုတဲ့
မေ့မေတ္တာကို ဝေးတမြေရောက်
ချစ်လှသားမောင် လွမ်းဆွတ်တမ်းတရင်း
အိပ်စက်စဉ်ဝယ် နေ့စဉ်ရက်ဆက်
ဦးထိပ်ပန်စဉ် လက်စုံမို၍
ကန်တော့လျက်ပါ အမေ။
♥ မင်းခေတ်
(မှတ်ချက်။ ။ကိုယ်တိုင်ခံစားချက်လေးပါ အားလုံးကိုမရည်ရွယ်ပါ။)
မောရှမ်းသူ ထံသို့
တောင်တန်းပြာပြာ မြေနီလမ်းနှင့်
လှည့်ပါတ်စီးဆင်း မြစ်သံလွင်သံ
သံသာသာနှင့် နားဝင်ချိုလှ
မောရှမ်းမြေက ချစ်သူလေးထံ
ရည်မျှော်တမ်းတ လွမ်းရသော်လည်း
အဝေးမြေရောက် မောင်တစ်ယောက်မှာ
အဘယ်သို့မျှ မတက်နိုင်ရှာ။
ချစ်သူလေးဆီ စာလွှာပေးပို့
ပြောသော်ငြားလည်း ပြန်စာမလာ
တဖန်ဖုန်းဆက် ဆက်ပါသော်လည်း
အကြောင်းမထူး ငါရဲ့ဘဝ
မည်သို့ဆိုစေ။
ပန်းချယ်ရီနှင့် တောင်တန်းပြာတို့
တည်ရှိသရွေ့ ဆက်ချစ်နေမည်
မောင်ချစ်ကြောင်းကို မောရှမ်းဌာနေ
ချစ်သူသက်ထား သိပါစေ။ ♥ ရဲရင့်
You received this email because you are subscribed to the real_time feed for http://sawmandai.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.