Monday, September 29, 2008

[Programmer's Diary] 25 New Entries: အဝေးက စာ

အဝေးက စာ

တစ်နှစ်ကုန်သွားခဲ့ပြီလား။ အရာရာဟာ မနေ့ တစ်နေ့ကလိုပါပဲ.. ။ သံဃာတွေ စီတန်းပြီး ဆူးလေလမ်းမ တလျှောက် မေတ္တာသုတ်တွေ ရွတ်ရင်း သွားနေတဲ့ မြင်ကွင်းတွေကို ပြန် မြင်ယောင်မိတယ်။ ပြည်သူတချို့ ပါလာတော့ "ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ.. ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး" ဆိုတဲ့ အော်ဟစ်သံတွေ၊ မိနစ်တိုင်း မိနစ်တိုင်း အသစ်တက်လာတဲ့ သတင်းတွေကို ဖတ်ရတာ အမော၊ အဲဒီတုန်းက ကိုနစ်နေမန်းဘလော့က စီဘောက်စ်ဟာ လူ အစည်ဆုံးထင်ပါရဲ့။ အဲဒီ ရက်ပိုင်းတုန်းက စိတ်ကလည်း မဖြောင့်၊ အလုပ်လည်း ကောင်းကောင်း မလုပ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ နိုင်ငံ့အရေး ဆွေးနွေးရတာ ခဏ ခဏပဲ။ အမြဲတမ်း ထိပ်တိုက်တွေ့နေတဲ့ အင်အားစုတွေက စစ်တပ်နဲ့ ကျောင်းသား မဟုတ်လား။ အဲဒီတုန်းက ရုတ်တရက် သံဃာတွေ အများကြီး လမ်းပေါ်ထွက်လာတဲ့ ပုံတွေ မြင်ရတော့ ကိုယ့်မျက်လုံးကိုယ် မယုံချင်ဘူး။ ဒါ တကယ်မှ ဟုတ်ရဲ့လားပေါ့။ အတော်လည်း အံ့အားသင့်ခဲ့ရသလို အတော်လည်း ကျေနပ်မိတယ်။ ဒီတစ်ခါတော့ ကိစ္စပြတ်ပြီ တွက်ထားတာလေ။ သမိုင်းတလျှောက်လုံး ကျောင်းသားနဲ့ ထိပ်တိုက်တွေ့တိုင်း စစ်တပ်က အကြမ်းဖက် ဖြေရှင်းခဲ့တာချည်းပဲ မဟုတ်လား။ အခုတခါတော့ ဗုဒ္ဓဘာသာဝင် အများစု နေထိုင်တဲ့ မြန်မာပြည်မှာ သံဃာတွေ ရှေ့တန်းထွက်လာခဲ့ပြီဆိုတော့ စစ်တပ်က အကြမ်းဖက် မဖြေရှင်းလောက်ဘူး ထင်ခဲ့မိတာပဲ။ သူငယ်ချင်းတွေနဲ့ ဆွေးနွေးပွဲတွေမှာလည်း စစ်တပ်က အကြမ်းဖက်မလား မဖက်ဘူးလား ဆိုတာ အတော့်ကို ငြင်းခုန်ခဲ့ရတာပေါ့။ အကြမ်းမဖက်ဖို့ များတယ်။ အကယ်၍ အကြမ်းဖက်ခဲ့ရင် သံဃာကို ထိတဲ့အတွက် စစ်တပ် ကွဲသွားနိုင်တယ်ပေါ့ဗျာ။

တကယ့်ကို ထင်မထားမိဘူး။ အကြမ်းဖက်တဲ့ လမ်းကြောင်းကို သူတို့ ရွေးချယ်ခဲ့ကြတယ်။ နောက်ပြီး စစ်တပ်ကလည်း ခုထိ ဘယ်သူခွဲခွဲ တို့မကွဲ အော်နေတုန်း ဆိုတော့ စိတ်ပျက်မိတယ်။ သွေးတွေ ချွေးတွေ မိသားစုဘ၀တွေ ရင်းခဲ့ရတာတွေလည်း မနည်းမနောရှိပြီ။ ဒီ စစ်အာဏာရှင်တွေကို ဘယ်လိုနည်းနဲ့မှ မောင်းထုတ်မပစ်နိုင် ကြတော့ဘူးလား လို့ ခဏခဏ တွေးမိတယ်။ ဒီလိုနဲ့ပဲ ၂၀၁၀ ကို ရောက် .. သူတို့ ခင်းထားတဲ့ လမ်းအတိုင်းပဲ မလျှောက်ချင်လည်း သူ့အလိုလို ရောက်သွားတော့မယ်။

တကယ်တော့ မြန်မာပြည်သူတွေခမျာ လွတ်လပ်ရေးမရခင်ကရော လွတ်လပ်ရေးရပြီးနောက်ပိုင်းပါ မလွတ်လပ်ခဲ့ရတဲ့သူတွေ မဟုတ်လား။ မျက်စိပိတ် နားပိတ် ပါးစပ်ပိတ် အစစ လိုက်ပိတ်နေတဲ့ ပြိတ္တာလိုကောင်တွေကြောင့် ဒုက္ခရောက်ကြရတယ်။ စိတ်မကောင်းဘူး ဆိုတာက လွဲရင် လက်ပိုက်မကြည့်ချင်လည်း ဒီအတိုင်းပဲ ထိုင်ကြည့်နေလိုက်ရတာ တကယ့်ကို ရင်နာပါတယ်။ မြန်မာ့အရေးဟာ တကယ်တော့ နေ့စေ့လစေ့နဲ့ မီးမဖွားနိုင်ရှာတဲ့ ကိုယ်ဝန်ဆောင် တစ်ဦးလို ဖြစ်နေရပြီ။

ဘယ်လိုပဲ ဖြစ်ဖြစ် ပြည်သူတွေ လွတ်လွတ်လပ်နဲ့ ပြုံးပျော်နေမယ့် နေ့ကို အမြန်ဆုံး မြင်ချင်ပါပြီ။ အဲဒီအခါကျတော့ ကျွန်တော်တို့တတွေ အားလုံးရဲ့ မိသားစုဝင်တွေလည်း နိုင်ငံတွေ ဒေသတွေ ကွဲပြီး နေစရာ မလိုတော့ဘူးပေါ့။ အခြေအနေ အရပ်ရပ်ကြောင့် မဟုတ်ဘဲ မိသားစုနဲ့ ခွဲပြီး ပျော်လွန်းလို့ နိုင်ငံခြားမှာ နေ နေတယ်ဆိုတဲ့သူ ရှိရင် အဲဒီလူကို အတော် ချီးကျူးစကား ပြောမိမယ်.. "ခင်ဗျား တစ်ကိုယ်ကောင်း သိပ်ဆန်တယ်" လို့။ "အိမ် အပြန်လမ်း.. ဝေး... " ဆိုတဲ့ မျိုးကြီးရဲ့ သီချင်းကို နားထောင်မိတိုင်း မျက်ရည်ဝဲမိတာ မဆန်းတော့ဘူး။ "သားရယ်.. မြန်မာပြည် ပြန်မလာပါနဲ့" ဆိုတဲ့ အသံရဲ့ နောက်ကွယ်မှာ အမေ့ရဲ့စိုးရိမ်မှုတွေ ကျွန်တော် မြင်ရတယ်။ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်းမှာ အစိုးရကို ဝေဖန်တဲ့ စာတွေ ကဗျာတွေကို ဘလော့ပေါ်မှာ အတော်များများ ရေးဖြစ်တော့ "မင်းက မြန်မာပြည်မှာ နေတာမှ မဟုတ်ဘဲ။ မင်းက လွတ်လွတ်လပ်လပ် ဘလော့မှာ ရေးတော့ရော မင်းကို ဘယ်သူက လာဖမ်းဦးမှာလဲ" ဆိုတဲ့ သူငယ်ချင်း တစ်ယောက်ရဲ့ အပြောကို ကျွန်တော် ဘာမှ မတုံ့ပြန်ဖြစ်ခဲ့ဘူး။ စိတ်ထဲမှာ ပြန်ပြောနေမိတာက "အပြင်မှာ လွတ်လွတ်လပ်လပ် ရေးလို့ ရတယ် ဆိုပေမယ့် အထဲကို ပြန်ဝင်တဲ့အခါကျရင်ရော သူငယ်ချင်း" လို့ .. ။

ဒီလိုနဲ့ပဲ ကျွန်တော် ဘယ်နှစ်မိုး ဘယ်နှစ်နွေအထိ လွင့်စင်ထွက် သွားရဦးမှာလဲ.. ။ အိပ်မက်ထဲမှာတော့ ခဏခဏ ကျွန်တော် အထက်တန်းကျောင်း ပြန်တက်တယ်။ ဗိုလ်တထောင် (၅) လေ။ သူငယ်ချင်းတွေ အားလုံးနဲ့ တပျော်တပါး... ။

မုန်တိုင်းအကြို ရာသီဥတု

၂၀၀၈ မှာ ဆိုင်ကလုန်း၊ တိုင်ဖွန်း၊ ဟာရီကိန်းတွေ တစ်လုံးပြီး တစ်လုံး တိုက်ခတ်နေပြီးတဲ့နောက် အမေရိကန် စီးပွားရေး မဏ္ဍိုင်ကြီးဖြစ်တဲ့ ဝေါစထရိက ရင်းနှီးမြုပ်နှံရေး ဘဏ်ကြီးတွေမှာလည်း မုန်တိုင်းအသစ် တစ်မျိုး ၀င်ရောက် နေပါပြီ။

မုန်တိုင်းရဲ့ ဗဟိုကတော့ မနှစ် ဇူလိုင်လောက်ကတည်းက ဖြစ်ခဲ့တဲ့ Subprime ချေးငွေတွေက စတာပါပဲ။ ဘဏ်တွေ ရင်းနှီးမြုပ်နှံရေးကုမ္ပဏီကြီးတွေဟာ အိမ်ရာ ၀ယ်သူတွေကို အလိုလိုက်ပြီး သေသေချာချာ မစီစစ်ဘဲ အိမ်ဝယ်ဖို့ ချေးငွေတွေ ရက်ရက်ရောရော ထုတ်ပေးခဲ့ကြတယ်။ အရစ်ကျငွေတွေ ပြန်မဆပ်နိုင်တဲ့ အခါမှာ ပိုက်ဆံမရှိဘဲ ၀ယ်ထားတဲ့သူတွေဟာ အိမ်ကို အဆုံးခံလိုက်တယ်။ ဒီတော့ ငွေစိုက်ထုတ်ပြီး ၀ယ်ပေးခဲ့ရတဲ့ ဘဏ်တွေခမျာ အိမ်ဂရမ်တွေ ကိုင်ပြီး ငွေပေါ်အောင် ပြန်ရောင်းဖို့ ကြိုးစားရတယ်။ ဒါနဲ့ ၀ယ်လိုအားထက် ရောင်းလိုအားက များလာပြီး အိမ်ရာဈေးတွေ ထိုးကျလာတယ်။ တက်ဈေးနဲ့ ၀ယ်ထားရတဲ့ အိမ်တွေကို ကျဈေးနဲ့ ထိုးရောင်းရတဲ့အခါ ရင်းနှီးမြုပ်နှံထားတဲ့ဘဏ်တွေ အထိနာပါတော့တယ်။

အမေရိကန်ရဲ့ အိမ်ရာဈေးကွက်မှာ ချေးငွေ ဖောဖောသီသီ ထုတ်ပေးခဲ့တဲ့ Fannie Mae နဲ့ Freddie Mac ကုမ္ပဏီတွေ အတော်လေး ပြုတ်ထွက်သွားတာမှာ အမေရိကန် Federal Reserve က လက်မတင်လေး ၀င်ကယ်ခဲ့ရတယ်။ မတ်လမှာ နောက်ကုမ္ပဏီ တစ်ခု ထပ်ပြီးထိတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့မှာ Lehman Brothers ဆိုတဲ့ အမေရိကန်မှာ စတုတ္ထမြောက်အကြီးဆုံး ရင်းနှီးမြုပ်နှံရေးဘဏ်ကြီး ဒေ၀ါလီခံလိုက်ရတယ်။ သူလည်း နှယ်နှယ်ရရတော့ မဟုတ်ဘူး။ တည်ထောင်ခဲ့တာ ၁၅၈ နှစ်ကျော် ရှိတဲ့ ဘဏ်ကြီးတစ်ခုပဲ။ ဒါပေမယ့် အကြွေးတွေ ခေါင်ခိုက်နေတယ်။ ဖတ်မိသမျှ ၆၀၀ ကနေ ၈၀၀ ဘီလျံလောက် အထိ အကြွေးတင်သွားတယ်။ ဒါကိုတော့ Federal Reserve လည်း ၀င်မကယ်ဘဲ လက်ပိုက်ကြည့်နေလိုက်ရတယ်။ ဗြိတိန်မှာ ရှိတဲ့ Barclays ဘဏ်က Lehman ကို ၀ယ်ဖို့ လုပ်သေးတယ်။ ဒါပေမယ့် နောက်ဆုံးမှာ Lehman ခမျာ ကူသူ မရှိ ကယ်သူမရှိဘဲ Chapter 11 အရ ဒေ၀ါလီ ခံလိုက်တယ်။ Lehman ရဲ့ အချို့ ဌာနတွေကို Barclays ဘဏ်က ခပ်ပေါပေါဈေးနဲ့ ရလိုက်တယ်။

အမေရိကန်မှာ ကုမ္ပဏီတွေ ဒေ၀ါလီခံတဲ့အခါ ဥပဒေရှိတယ်။ တစ် မျိုးက Chapter 7.. နောက်တစ်မျိုးက Chapter 11 ဖြစ်တယ်။ Chapter 7 အရ ဒေ၀ါလီခံရင် လုပ်ငန်းတွေကို ချက်ချင်း ရပ်ဆိုင်းလို့ ရှိသမျှကို ရသလောက်ဈေးနဲ့ အကုန်ထုတ်ရောင်းပြီး မြီရှင်တွေကို အကြွေးဆပ်ရတယ်။ ကုမ္ပဏီလည်း ဖျက်သိမ်းရတယ်။ Chapter 11 အရ ဒေ၀ါလီခံတယ် ဆိုရင်တော့ လုပ်ငန်းတွေကို ချက်ချင်း ရပ်ဖို့ မလိုဘူး။ ရောင်းလို့ရတာတွေကို သေသေချာချာ စုစည်းပြီး တဖြေးဖြေး ရောင်းနိုင်တဲ့အတွက် ငွေပိုပြီး ပေါ်တယ်။ တချို့ ကန်ထရိုက်တွေကို လျှော်ပစ်နိုင်ပြီး တချို့ ကန်ထရိုက်အကြွေးတွေကိုတော့ ရတဲ့ ငွေနဲ့ ပြန်ဆပ်နိုင်တယ်။ ကြွေးမြီတွေ အားလုံး ရှင်းပြီးသွားပြီ ဆိုရင် ကုမ္ပဏီကို ပြန်ထူထောင်နိုင်တယ်။

Lehman ဒေ၀ါလီ ခံသွားရတော့ သူ့ကို တဆင့် ငွေချေးထားတဲ့ ဘဏ်တွေလည်း အတော် ဒုက္ခရောက်ကြတယ်။ ချေးငွေအများဆုံး ထုတ်ချေးထားတဲ့ ဘဏ်တွေ ထဲမှာ ဂျပန်က ဘဏ်တွေလည်း ပါတယ်။ ဘီလျံပေါင်းများစွာ ထုတ်ချေးထားတာ။ Lehman ဒေ၀ါလီ ခံရတဲ့ တချိန်တည်းလိုလိုမှာပဲ အခြား ရင်းနှီးမြုပ်နှံရေး ဘဏ်ကြီး တစ်ခုဖြစ်တဲ့ Merrill Lynch ပြိုလဲ မလို ဖြစ်သွားတယ်။ ဒါပေမယ့် သူ့ကိုတော့ Bank of America (BoA) က အချိန်မီ ၀င်ကယ်လိုက်တယ်။ ဒီတော့ Merrill Lynch ရဲ့ ရှယ်ယာတွေဟာ BoA ရဲ့ လက်ထဲ ရောက်သွားတယ်။ စင်္ကာပူ အစိုးရရဲ့ ငွေတွေနဲ့ ရင်းနှီးမြုပ်နှံမှုတွေ လုပ်နေတဲ့ GIC (Gov. Investment Corp) ဟာ တလောကပဲ Merrill Lynch ရဲ့ ရှယ်ယာတွေ ၂၀ ဘီလျံဖိုးလောက် ၀ယ်လိုက်တာ သတင်းထဲ ဖတ်လိုက်ရတယ်။ အခု Merrill Lynch ကို BoA သာ ၀င်မကယ်ဘဲ Lehman နောက်သာ လိုက်ရမယ် ဆိုရင် GIC ရဲ့ ရှယ်ယာတွေ ပလုံသွားမှာပဲ။ ဘာပဲဖြစ်ဖြစ် BoA က ၀ယ်ပြီးတဲ့နောက်ရော ဒီ ရှယ်ယာ တန်ဖိုးတွေ တည်ငြိမ်နေမယ်လို့ ဘယ်သူက အာမခံရဲလို့လဲ။

အဲဒီလို ပြဿနာတွေ တစ်ခုပြီး တစ်ခု တက်နေတာကို ကာကွယ်ကြဖို့ အမေရိကန်ရဲ့ အကြီးဆုံး ရင်းနှီးမြုပ်နှံရေး ဘဏ်ကြီး ဆယ်ခုဟာ ဒေါ်လာ ၇ ဘီလျံစီ ငွေထုတ်ပြီး ဒေါ်လာ ၇၀ ဘီလျံနဲ့ အရေးပေါ် ရန်ပုံငွေ ထူထောင်လိုက်ရတယ်။ Federal Reserve ကလည်း ဈေးကွက်ထဲမှာ ငွေကြေးလည်ပတ်မှု ရပ်မသွားစေဖို့ ဘီလျံရာနဲ့ချီ သွင်းပြီး လည်ပတ်အောင် လုပ်ပေးနေရတယ်။ ဒီဂယက်ဟာ အမေရိကသာ မက ဥရောပ နဲ့ အာရှမှာပါ အတော်လေး ဂယက်ရိုက်ကုန်တယ်။ စတော့ဈေးကွက်ရဲ့ ညွှန်းကိန်းတွေ အကုန်နီးပါး ထိုးကျသွားတယ်။ အီးယူနဲ့ ဂျပန်အစိုးရတွေဟာ Federal Reserve လိုပဲ ဈေးကွက်ထဲမှာ ငွေကြေးလည်ပတ်မှု ရပ်မသွားစေဖို့ ဘီလျံပေါင်းများစွာ ထပ်မံ ထည့်သွင်းပြီး လည်ပတ်အောင် လုပ်ပေးနေရတယ်။ စင်္ကာပူ အစိုးရကလည်း လိုအပ်ရင် အဲဒီလို လုပ်ပေးနိုင်အောင် အခြေအနေကို အကဲခတ်နေတယ်။

Lehman နဲ့ Merrill Lynch တို့ရဲ့ ခြေရာကို နင်းဖို့ တံခါးခေါက်သူက .. AIG ။ အင်္ဂလန်မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်းကို စပွန်ဆာပေးထားတဲ့ ကမ္ဘာ့အကြီးဆုံး အာမခံကုမ္ပဏီကြီး တစ်ခု ဖြစ်တဲ့ AIG ရဲ့ ရှယ်ယာတွေဟာလည်း အရှိန်ခပ်ပြင်းပြင်းနဲ့ ၅၀-၆၀% ကျော်လောက် ကျသွားတယ်။ Federal Reserve က တစ်ရက်အချိန်ပေးပြီး ငွေ ၈၀ ဘီလျံလောက် ထုတ်ချေးဖို့ စဉ်းစားတယ်။ တစ်ကမ္ဘာလုံးမှာ AIG ရဲ့ အာမခံပေါ်လစီတွေကို ၀ယ်ထားတဲ့သူတွေ သန်းပေါင်းများစွာ ရှိတယ်။ နောက်တော့ ထုတ်ချေးဖို့ ဆုံးဖြတ်လိုက်ပြီး AIG ရဲ့ ရှယ်ယာ ၈၀ ရာခိုင်နှုန်းလောက်ကို လက်လွှဲရယူလိုက်တယ်။

AIG ရဲ့ လက်အောက်ခံ ကုမ္ပဏီဖြစ်တဲ့ AIA စင်္ကာပူ ရုံးမှာတော့ မနေ့ကတည်းက အတော်လေး လူစည်ကား နေတယ်။ အာမခံပေါ်လစီ ပြန်အပ်ချင်သူတွေလည်း ပါတယ်။ အခြေအနေကို တိတိကျကျသိချင်သူတွေလည်း ပါတယ်။ စင်္ကာပူမှာ AIA က ရောင်းထားတဲ့ အာမခံပေါ်လစီ စုစုပေါင်း ၂ သန်းလောက် ရှိတယ်လို့ ဖတ်ရတယ်။ အခုတော့ AIG ကိုလည်း အမေရိကန် အစိုးရရဲ့ Federal Reserve က ၀င်ကယ်လိုက်ပြန်ပြီ ဆိုတော့ စိတ်ပူနေသူတွေ သက်မ ချနိုင်တော့မယ် ထင်ပါရဲ့။

နောက်တစ်ခါ ဘယ်သူ့အလှည့်လဲ ဆိုတာ အားလုံးက ရင်တမမနဲ့ စောင့်ကြည့်နေကြတယ်။ ရင်းနှီးမြုပ်နှံရေးပါရဂူတစ်ဦးဖြစ်တဲ့ ဆိုးရော့စ်ကတော့ အခြေအနေတွေ ဒီထက် ပိုဆိုးလာနိုင်တယ်လို့ ဆိုတယ်။ သေချာတာတော့ Federal Reserve လည်း ပြိုမလို ဖြစ်တဲ့ ကုမ္ပဏီတိုင်းကို ၀င်ပြီး တာဝန်ယူနိုင်မယ် မထင်ဘူး။ တချို့ ကုမ္ပဏီတွေကို Lehman ဒေ၀ါလီခံ သွားရသလို လက်ပိုက်ကြည့်နေရတော့မှာပဲ။

ဒီ ငွေကြေးဈေးကွက်မှာ ဖြစ်နေတဲ့ ပြဿနာတွေဟာ အမေရိကန် သမ္မတလောင်း ရွေးကောက်ပွဲ အပေါ် လွှမ်းမိုးမှု ကြီးနိုင်လိမ့်မယ်။ အီရတ်အရေး၊ လူထု ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးအတွက် အပြောင်းအလဲ၊ ၀ါရှင်တန်ရဲ့ အပြောင်းအလဲတွေ အရေးကြီးသလို အခု ပြဿနာတွေကို ဘယ်လို ကိုင်တွယ် ဖြေရှင်းမလဲဆိုတာ အသစ်တက်လာမယ့် အမေရိကန်သမ္မတအတွက် စိန်ခေါ်မှု တစ်ရပ် ဖြစ်လာလိမ့်မယ်။

ဒီ မုန်တိုင်းက အခုမှ အစပဲ ရှိသေးတယ်လို့ ထင်နေတယ်။ ဟိုးတုန်းက ကြားဖူးတဲ့ ၁၉၃၀ ၀န်းကျင်က စီးပွားပျက်ကပ် ဘာညာ တစ်ပတ်ပြန်လည်လာဦးမလား။ ကမ္ဘာ့စီးပွားရေး အခြေအနေတွေမှာ ဘယ်လို အပြောင်းအလဲတွေ ဖြစ်ပြီး အဲဒီ ဂယက်ရိုက်မှုတွေကို ဘယ်လောက်အတိုင်းအတာနဲ့ ဘယ်လောက်ကြာကြာ ခံစားရဦးမလဲ မသိပါဘူး။ ဘာပဲဖြစ်ဖြစ် ရာသီဥတုက ကိုယ့်ဘက်မှာ ရှိမနေတော့ အစစ အရာရာ နားစွင့် မျက်စိဖွင့်ထားဖို့ လိုမှာတော့ အသေအချာပဲ။

ညီညီ(သံလွင်)

United 93




တလောက ရုပ်ရှင်ကား အဟောင်း တစ်ကား ကြည့်ဖြစ်တယ်။ နာမည်က United 93 တဲ့။ လွန်ခဲ့တဲ့ ၇ နှစ် ဒီကနေ့မှာ အမေရိကန် နယူးယောက်မြို့က ကမ္ဘာ့ကုန်သွယ်ရေးစင်တာကြီး ပြိုလဲခဲ့ရတယ်။ အဲဒီအကြောင်းကို ရိုက်ထားတဲ့ ရုပ်ရှင်ကား တစ်ကားပါ။ မင်းသား၊ မင်းသမီးရယ်လို့ မယ်မယ်ရရ မပါဘူး။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ ၂၀၀၁ စက်တင်ဘာ ၁၁ ရက်မှာ လေယာဉ် ၄ စီးကို အကြမ်းဖက်သမားတွေက ပြန်ပေးဆွဲခဲ့ကြတယ်။ နှစ်စီးက ကမ္ဘာ့ကုန်သွယ်ရေးစင်တာကြီးကို ၀င်တိုက်လို့ လုံးဝ ပြိုလဲ ပျက်စီးသွားရတယ်။ တစ်စီးကတော့ Pentagon ကို အနည်းငယ် ပျက်စီးစေခဲ့တယ်။ နောက်ဆုံး တစ်စီးဖြစ်တဲ့ United 93 ကတော့ သူ့ရဲ့ ပစ်မှတ်လို့ ယူဆရတဲ့ အိမ်ဖြူတော် သို့မဟုတ် Capitol အဆောက်အဦးကို ၀င် မတိုက်ဖြစ်ခဲ့ဘူး။ ပျက်ကျသွားခဲ့တယ်။ အကြမ်းဖက်သမား ၄ ဦး အပါအ၀င် ခရီးသည် ၃၇ ဦး သေဆုံးခဲ့တယ်။

၂၀၀၁ ခုနှစ်က ၂၁ နှစ်သားပဲ ရှိသေးတဲ့ ကျွန်တော့်အတွက် ကမ္ဘာ့ရေးရာတွေကို အခုလောက် စိတ်ဝင်စားရကောင်းမှန်း မသိသေးဘူး။ အဲဒီတုန်းက ကျောင်းစာတွေနဲ့ပဲ လုံးလည်ချာလည် လိုက်နေတဲ့အချိန်။ အဲဒီတုန်းက BBC နဲ့ CNN မှာ ကမ္ဘာ့ကုန်သွယ်ရေးစင်တာကြီးကို ၀င်စိုက်နေတဲ့ လေယာဉ်ပျံပုံတွေ၊ ပြေးလွှားနေတဲ့ မီးသတ်သမားပုံတွေချည်း တိုက်ရိုက်လွှင့်နေတယ်။ နောက်တစ်နေ့ မနက်နိုးတော့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာကြီး ပြိုကျသွားပြီတဲ့။ သတင်းတွေ ကြည့်လိုက်တော့ ပြိုကျသွားပုံကို အနှေးပြကွက်နဲ့ ပြနေတယ်။ နောက်တစီးက Pentagon ကို ထိတယ်။ နောက်တစ်စီး ပျက်ကျသွားတယ် ဆိုတာကလွဲလို့ ဘာဖြစ်လို့ ဆိုတာ အသေအချာ မသိခဲ့ဘူး။ အဲဒီ ဖြစ်ရပ်မှန် ရုပ်ရှင်ကို ကြည့်ပြီးမှပဲ United 93 လို့ အမည်ရတဲ့ United လေကြောင်းလိုင်းက လေယာဉ် ဘယ်လိုဖြစ်ပြီး ပျက်ကျသွားရသလဲ ဆိုတာ သိခဲ့တယ်။

အကြမ်းဖက်သမားတွေဟာ ဒီ စက်တင်ဘာ ၁၁ မှာ အမေရိကန်သာမက ကမ္ဘာတစ်ခုလုံး တုန်လှုပ်သွားအောင် အကြံအစည် ကြီးကြီးနဲ့ လုပ်ခဲ့ကြတယ်။ လေယာဉ်တွေကို ပြန်ပေးဆွဲရာမှာ သုံးခဲ့တဲ့ အသေခံ အကြမ်းဖက်သမားတွေကိုလည်း လိုအပ်တဲ့ လေ့ကျင့်ပြင်ဆင်မှုတွေ ပေးခဲ့သလို လေကြောင်း ကျွမ်းကျင်သူ၊ ဖောက်ခွဲရေး ကျွမ်းကျင်သူ တွေကိုလည်း စုစည်းခဲ့တယ်။ United 93 လေယာဉ်ကို ပြန်ပေးဆွဲရာမှာ ပါခဲ့တဲ့ ခေါင်းဆောင် လုပ်သူဆိုရင် ဂျာမနီမှာ လေကြောင်းအင်ဂျင်နီယာသင်တန်းတက်ခဲ့သူ တစ်ဦး ဖြစ်တယ်။ အကြမ်းဖက်သမား ၄ ဦးက ခေါင်းစီးအနီတွေ ကိုယ်စီ စီးပြီး လေယာဉ်ကို အပိုင်စီးပြီးသွားတဲ့ အချိန်မှာ ခေါင်းဆောင်က လေယာဉ်ပိုင်းလော့နေရာကနေ ခရီးသည်တွေဆီကို လေယာဉ်အပိုင်စီးထားပြီး ဖြစ်ကြောင်း ပြောဆိုခဲ့တယ်။ အဲဒီလို အပြောမှာ ခလုပ်မှားနှိပ်ပြီး အဲဒီ ပြောတဲ့အသံက လေယာဉ်ပျံထိန်းချုပ်ရေးစခန်းကို ရောက်သွားခဲ့တယ်။

"Ladies and gentlemen: Here the captain, please sit down keep remaining seating. We have a bomb on board. So sit."
[Announcement made by Ziad Jarrah]

ဝီကီပီးဒီးယားမှာ အဲဒီ အသံကို နားထောင်ကြည့်လို့ ရတယ်။ ခရီးသည် အချို့ကလည်း ဆွေမျိုးသားချင်းတွေဆီ ဖုန်းတွေ ဆက်ကြ၊ နှုတ်ဆက်ကြနဲ့ အတော် ကြေကွဲဖို့ ကောင်းတယ်။ နောက်တော့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာကြီးကို ခရီးသည်တင် လေယာဉ် ၂ စီးက အသေခံ ၀င်တိုက်လိုက်ပြီဆိုတာတွေ၊ Pentagon ကို လေယာဉ်တစ်စီး ၀င်တိုက်တယ် ဆိုတာတွေကို လေယာဉ်ပေါ်မှာ ရှိသူတွေ သိသွားကြတဲ့အခါ ... ။

တကယ် ၀မ်းနည်းဖို့ ကောင်းသလို အတုယူစရာလည်းကောင်းတဲ့ ခရီးသည်တွေရဲ့ စွန့်စားမှုအကြောင်း ရင်တထိတ်ထိတ်နဲ့ ကြည့်ရတဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်ကား တစ်ကားပါပဲ။

ဒီဇာတ်လမ်း အကြောင်း အသေးစိတ် သိချင်ရင်တော့ ဒီမှာ ဖတ်ကြည့်လို့ ရတယ်။

စက်တင်ဘာ ၁၁ မှာ အသက်ပေးခဲ့ရတဲ့သူအားလုံး နောင်ဘ၀ဆက်တိုင်း အခုလို အဖြစ်ဆိုးမျိုးနဲ့ မကြုံရဖို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

May God bless u..!


သူငယ်ချင်း နှစ်ယောက်အကြောင်း

စာရေးဆရာ မင်းလူက "သူငယ်ချင်း တစ်ယောက်အကြောင်း" ဆိုပြီး ၀တ္ထုရှည်တစ်ပုဒ် ရေးခဲ့ဖူးပါတယ်။ သူ့ရဲ့ သူငယ်ချင်း "စိန်ကြောင်" လို့ ခေါ်တဲ့ စီးပွားရေး အကွက်မြင် လာဘ်မြင်တတ်တဲ့ သူငယ်ချင်း တစ်ယောက် အကြောင်းပါ။ ကျွန်တော်ကလည်း "သူငယ်ချင်း နှစ်ယောက်အကြောင်း" ဆိုပြီး ရေးချင်ပါတယ်။ ကျွန်တော့် သူငယ်ချင်း နှစ်ယောက် ဖြစ်ခဲ့ဖူးတဲ့ သူတို့ နှစ်ယောက်ဟာ အခုအချိန်မှာတော့ ဆန့်ကျင်ဘက်မှာ ရပ်တည်နေကြပါပြီ။ ဘာလို့လဲဆိုတော့ တစ်ယောက်က ဘလော့ဂါလောကမှာ စာရေးကောင်းသူ၊ လူချစ်လူခင်များသူ၊ အင်းစိန်ထောင်မှာ ၇လ ကျော်ကြာ မတရားဖမ်းချုပ်ခြင်း ခံထားရတဲ့သူဖြစ်ပြီး နောက်တစ်ယောက်ကတော့ လူလိမ်တစ်ယောက် အဖြစ်နဲ့ အီးမေးလ်တွေ အင်တာနက်ပေါ်က သတင်းတွေမှာ နာမည်ဆိုးနဲ့ ကျော်ကြားနေသူ ဖြစ်လို့ပါပဲ။

ကိုငှက်ရဲ့ ညီလေးရေ သီချင်းတွေကို မက်မက်မောမော နှစ်ခြိုက်သဘောကျ နားထောင်တတ်တဲ့ လူငယ်တစ်ယောက်။ မျက်မှန်ထူထူအောက်က ဒဿန တပိုင်းတစကို အတ္တကင်းကင်းနဲ့ ပြောချင် ပြောနေလေ့ရှိတဲ့ လူငယ်တစ်ယောက်။ တရားမျှတမှုကို လိုလားပြီး မတရားတာတွေ့ရင် ငုံ့ခံချင်စိတ် မရှိတဲ့ လူငယ်တစ်ယောက် .. လိမ်ညာလှည့်ဖျားရမှာကို ကြောက်တဲ့ လူငယ်တစ်ယောက်.. အဲဒီ လူငယ်တစ်ယောက်ကို ကျွန်တော့်အစ်ကို ၀မ်းကွဲဖြစ်တဲ့ ဇင်ကိုလတ်နဲ့ ပတ်သက်ပြီး ခင်မင်ခဲ့တယ်။ ကဗျာစာအုပ်တွေ အတူထုတ်ရင်း၊ ခရီးအတူ ထွက်ကြရင်း ပိုပြီး ရင်းနှီးခဲ့တယ်။ နောက် သံလွင်အိပ်မက် အွန်လိုင်းမဂ္ဂဇင်း ထုတ်တော့ အယ်ဒီတာတစ်ယောက်အနေနဲ့ လိုအပ်တာတွေကို ကူညီပေးခဲ့တယ်။ သူ့ကြောင့်ပဲ သံလွင်အိပ်မက်ဟာ ပိုမို အရောင်အသွေးစုံခဲ့ရတယ်။ ဘလော့ဂ်တွေ စပြီး ခေတ်စားလာတော့ ကျွန်တော့် ဘလော့ဂ်ကို လာလာဖတ်ရင်း သူနဲ့ ဇင်ကိုလတ် ဘလော့ဂ်တစ်ခုစီ အတူတူ စရေးကြဖို့ ဖြစ်လာတယ်။ စာပေဘက် အားသာပေမယ့် နည်းပညာပိုင်းမှာ ကွန်ပျူတာသမားဖြစ်တဲ့ ကျွန်တော့်လောက် အားမသန်တဲ့သူ့ဘလော့ဂ်အတွက် လိုအပ်တာတွေ ကူညီပေးခဲ့တယ်။ စံပယ်ဖြူမဂ္ဂဇင်းမှာ ပုံမှန်ရေးနေသလို၊ သံလွင်အိပ်မက်အတွက်လည်း လူငယ်တွေ အကျိုးရှိစေမယ့် ဆောင်းပါးတွေ အက်ဆေးတွေ ဒိုင်ခံရေးနေပေမယ့် သူ့ရဲ့ "လွတ်ကျခဲ့တဲ့ မြို့တော်" လို့ နာမည်ပေးထားတဲ့ ဘလော့ဂ်မှာလည်း ရေးအားက ကျမသွားခဲ့ဘူး။ ဘာအလုပ်မှ မလုပ်ဘဲ တစ်နေ့ကျရင် စာတွေချည်းပဲ ရေးနေချင်တယ် လို့ သူနဲ့ ကျွန်တော် စိတ်ချင်းတိုက်ဆိုင်စွာ ပြောခဲ့ဖူးတယ်။ သူက အားနာတတ်တယ်။ ဘယ်လောက်အထိ အားနာတတ်သလဲဆိုတော့ သူငယ်ချင်းတွေစုပြီး အင်တာနက်ကဖေးဆိုင် အတူ ဖွင့်ကြတုန်းက အလုပ်သမား တချို့ ဆိုင်ဖုန်းကို အလွန်အကျွံသုံးတာ၊ အလုပ်ချိန်မှာ ပျောက်ပျောက်နေတာကို ပြောဖို့ အားနာနေလို့ ကျွန်တော့်မှာ ဂျီတော့ကနေ တဆင့် အဲဒီ အလုပ်သမားတွေကို ဆူရတယ်။ ပြီးတော့ သူက မြန်မာဘောလုံးအသင်းနိုင်တာကို တွေ့ချင်တယ်။ တိုက်ဂါးဖလားမှာ ကျွန်တော်တို့ အတူ မျက်နှာမှာ ဆေးတွေခြယ်၊ မြန်မာအသင်း ခေါင်းစည်းတွေ စီးပြီး မိုးထဲလေထဲ အော်ဟစ်အားပေးခဲ့ဖူးတယ်။ ပြီးတော့ သူက လီဗာပူးအသင်းကို အားပေးတယ်။ ကျွန်တော် အားပေးတဲ့ မန်ယူနဲ့ သူ့အကြိုက် လီဗာပူးတို့ လာမယ့် စနေနေ့မှာ ကန်ကြတဲ့အခါ သူ့ကို သတိရနေမိဦးမယ်။ မနှစ်က သူ ဦးစီး ပါဝင်ခဲ့တဲ့ ဘလော့ဒေး ဆီမီနာ အကြောင်းကြောင်းကြောင့် ဒီနှစ် မလုပ်ဖြစ်လိုက်ဘူး ဆိုတာ သိရင် စိတ်ကောင်းမှာ မဟုတ်ဘူး။ ထောင်ထဲမှာ သူ ပိန်သွားတယ်လို့ ကြားရတယ်။ အင်းစိန်မပို့ခင် စစ်ကြောရေးမှာ သူ ညှင်းပန်းခံရတယ် ကြားတိုင်း ကျွန်တော်တို့ သူငယ်ချင်းတွေ နာရတယ်။ စိတ်မကောင်း ဖြစ်ရတယ်။ ဘာပဲဖြစ်ဖြစ် အမှန်တရားကို မြတ်နိုးပြီး လိမ်လည်ရမှာ သေမလောက်ကြောက်တဲ့ သူငယ်ချင်း တစ်ယောက် လူဆိုးလူမိုက်တွေကို ထားတဲ့ "ထောင်" လို့ ခေါ်တဲ့ နေရာမှာ နေ နေရတာ ကျွန်တော်တို့ တိုင်းပြည်မှာ လောကပါလတရားတွေ ဆိတ်သုဉ်းနေပြီဆိုတာ ပြနေတာပဲ မဟုတ်လား။ တရားရုံးလို့ နာမည်ပေးထားတဲ့ မတရားတဲ့ ရုံးမှာ တရားသူကြီးလို့ နာမည်ပေးထားတဲ့ မတရားသူ တစ်စုက ကျွန်တော့်သူငယ်ချင်းကို သူ မကျူးလွန်တဲ့ ပြစ်မှုမဟုတ်တဲ့ အမှုတွေ ပုဒ်မမျိုးစုံတပ်ပြီး တရားစွဲတာမဟုတ်ဘဲ.. မတရားစွဲထားကြတယ်။ ဘာပဲဖြစ်ဖြစ် သူငယ်ချင်း နေဘုန်းလတ် တစ်ယောက် မတရားမှုတွေအောက်က အမြန် လွတ်မြောက်စေချင်တာ ကျွန်တော့်ဆန္ဒပါပဲ။ ကျွန်တော့်မှာ သူ့လို လေးစားဖို့ကောင်းတဲ့ စိတ်မျိုးရှိတဲ့ သူငယ်ချင်း တစ်ယောက် ရှိတာ "နေဘုန်းလတ်" ရဲ့ သူငယ်ချင်း ဖြစ်ရတာကို အမြဲဂုဏ်ယူနေမှာပါ။

ဒီသူငယ်ချင်းရဲ့ အကြောင်းကို ကျွန်တော် သိပ်ရေးချင်စိတ် မရှိပါဘူး။ သူ့ကို သူငယ်ချင်းတစ်ယောက်အနေနဲ့လည်း ဘယ်လိုမှ သဘောထားလို့ မရတော့ပါဘူး။ ကျွန်တော့်စိတ်က အဲဒီလိုပဲ။ တစ်ယောက်ယောက်ရဲ့ အကျင့်စာရိတ္တကို မကြိုက်တော့ဘူးဆိုရင် ဘယ်လိုမှကို ပေါင်းလို့ မရတော့ဘူး။ သူနဲ့ ကျွန်တော် ငယ်ပေါင်းတွေ မဟုတ်ပေမယ့် နန်ယန်းပေါ်လီကျောင်းသား ဘ၀တစ်လျှောက် အတော်လေး တွဲဖြစ်ခဲ့တယ်။ အိုင်တီ မေဂျာ ယူတာချင်း အတူတူ၊ စာကို အလွန်အကျွံ မကြိုးစားကြတာချင်း အတူတူ၊ စာမေးပွဲနီးရင် ကျူတိုရီရယ်တွေကို စာကြိုးစားတဲ့ မေဂျာတူ မြန်မာ သူငယ်ချင်းတွေဆီက အသည်းအသန် ကူးကြရတာချင်း အတူတူပေါ့။ ပရောဂျတ်တင်ရမယ့်ညမှာ တင်ရမယ့် ပရောဂျတ်အတွက် ကျွန်တော့်အိမ်မှာ coding တွေ ရေးနေတုန်း မပျက်စဖူး မီးပျက်သွားတော့ သူနဲ့အတူ သူ့အိမ်ကို တက်စီနဲ့ ကွန်ပျူတာ တစ်လုံးလုံး မသွားပြီး တစ်ညလုံး မအိပ်ဘဲ ပရောဂျတ် ပြီးအောင် ရေးခဲ့ဖူးတယ်။ ၁၉၉၉ က စင်္ကာပူမှာ အခုလောက် လက်တော့ပ်ကွန်ပျူတာတွေ မပေါသေးဘူး။ သူ့မိသားစုက ချမ်းသာပုံရပါတယ်။ ကျွန်တော် ရှူးဖိနပ်တစ်ရံကို တစ်နှစ် တစ်ရံလဲဖို့ နေနေသာသာ မပျက်မချင်း စီးနေရတဲ့အချိန်မှာ သူကတော့ ဖိနပ်တွေ ခဏခဏ လဲတာ သတိထားမိတယ်။ အဖေ ပေးလိုက်တဲ့ လက်ပတ်နာရီကို မပျက်အစီးအောင် ကျွန်တော် ပတ်နေရချိန်မှာ သူက နာရီ အကောင်းစားတွေ ထည်လဲပါပဲ။ ကျောင်းပိတ်တိုင်းလည်း ရန်ကုန်ကို ပြန်တယ်။ သူ့အဖေက ချောင်းသာမှာ ဟိုတယ် ပိုင်ရှင်တစ်ယောက် ဆိုတာက လွဲလို့ သူ့မိသားစုအကြောင်း ကျွန်တော် မသိပါဘူး။ ဒါကလည်း ကျွန်တော့် ထုံးစံပါပဲ။ ဘယ် သူငယ်ချင်းမဆို ချမ်းသာသည် ဖြစ်စေ၊ ဆင်းရဲသည် ဖြစ်စေ ကိုယ်ကျင့်တရား ကောင်းတယ်လို့ ယူဆရင် ရင်းရင်းနှီးနှီး ပေါင်းဖြစ်တာပါပဲ။ ပေါ်လီပြီးတော့လည်း ကျွန်တော် အချိန်ပိုင်းကျောင်းတက်ပြီး အတော်ကြာတော့ ကျွန်တော် တက်တဲ့ ကျောင်းမှာ သူလိုက်တက်ခဲ့တယ်။ ကျွန်တော့် သူငယ်ချင်းတွေလည်း သူ့သူငယ်ချင်းတွေ ဖြစ်သွားခဲ့တာပါပဲ။ ဘွဲ့ယူတော့ သူ အသစ်ထပ်ဝယ်နေရမှာ စိုးတာနဲ့ ကျွန်တော့် ဘွဲ့ဝတ်စုံတောင် ဌားလိုက်သေးတယ်။ ကျောင်းပြီးတဲ့ နောက်ပိုင်း ကျွန်တော်တို့ သိပ်မတွေ့ဖြစ်ကြတော့ဘူး။ အရင်လောက် မပေါင်းဖြစ်ကြတဲ့ အချိန်မှာ Network Marketing လို့ ခေါ်ကြသလို Multilayer Marketing လို့လည်း ခေါ်ကြတဲ့ ဒီ ၀ဲဂယက်ထဲကို သူ ရောက်သွားခဲ့တယ်။ သူရော သူ့ရဲ့ စင်္ကာပူပေါ်လီက ကောင်မလေးပါပေါ့။ အဲဒီနောက် ကျွန်တော့်ကို တွေ့ဖို့ အကြိမ်ကြိမ် ချိန်းတယ်။ အဲဒီတော့ သူ ကားဝယ်ထားပြီးပြီ။ အ၀တ်အစားတောက်တောက်ပြောင်ပြောင်နဲ့ တကယ့် စီးပွားရေးသမားဂိုက်ဖမ်းလို့ပေါ့။ သူတို့ အလုပ်တွေ အကြောင်း ရှင်းပြတယ်။ ဆွယ်တယ်။ ကျွန်တော်က သူငယ်နှပ်စားမှ မဟုတ်ဘဲ။ သူ အဲဒီလိုင်းထဲ မရောက်ခင်ကတည်းက ကျွန်တော်နဲ့ အွန်လိုင်းမှာ ခင်တဲ့ သူငယ်ချင်းတစ်ယောက်က ခေါ်လို့ သူတို့တွေ ဆွယ်တရားဟောတဲ့ ဆီမီနာတွေ ရောက်ဖူးပြီး သူတို့ရဲ့ အဲဒီ အပုပ်နံ့လှိုင်လှိုင်ထွက်နေတဲ့ လောက အကြောင်းကို သိနေပြီ။ သူများ လက်အောက်မှာ လုပ်ရင် တစ်သက်လုံး မကြီးပွားနိုင်ကြောင်း ဘာညာပြောပြီး ဆွယ်တယ်။ အဲဒီတုန်းက ငြင်းလို့ ကောင်းသွားတာက ကျွန်တော့်သူငယ်ချင်းတွေနဲ့ စုဖွင့်တဲ့ အင်တာနက်ကဖေးဆိုင်ကလေး ရှိသေးတယ်။ ကိုယ်ပိုင်စီးပွားရေး ရှိနေပြီမို့လို့ သူပြောတာတွေ လုပ်ဖို့ စိတ်မ၀င်စားဘူး ငြင်းလိုက်တယ်။ ဒီလိုနဲ့ မေ့မေ့ပျောက်ပျောက်ပါပဲ။ တစ်နေ့ကျတော့ ကျွန်တော့်အဒေါ်ဆီ ဖုန်းအဆက် ကျွန်တော့် သူငယ်ချင်းတစ်ယောက်ဆီမှာ ပိုက်ဆံ ရင်းနှီးလိုက်ကြောင်း ပြောတာနဲ့ ဘယ်သူလဲ မေးလိုက်တော့ သူ ဆိုတာ သိလိုက်ရတဲ့အခါ အတော်လေး ဒေါသဖြစ်မိတယ်။ သူ .. သူငယ်ချင်းတစ်ယောက်နဲ့ ပတ်သက်နေတာ သိတာတောင် မရှောင်ဘဲ လိမ်ရက်တယ်။ ဒါနဲ့ လွန်ထားတဲ့ ပိုက်ဆံတွေ ပြန်တောင်းဖို့ ပြောတဲ့အခါ စာချုပ် ချုပ်ပြီးသွားပြီတဲ့။ ဒါနဲ့ သူ စင်္ကာပူ ပြန်ရောက်နေတာ သိတော့ ချက်ချင်း ဖုန်းဆက်တယ်။ "မင်း ငါ့အဒေါ်ပိုက်ဆံတွေကို အဲလို မလုပ်ပါနဲ့ ပြန်ပေးလိုက်ပါ။ မင်းတို့အကြောင်းတွေ ငါသိတယ်" လို့ ပြောတော့ "ငါ အတင်းအကြပ် လုပ်ထားတဲ့ ကိစ္စမဟုတ်ဘူးတဲ့။ သူ့သဘောနဲ့ သူထည့်ထားတာတဲ့။ ပိုက်ဆံယူတာက သူ့အောက်က တစ်ယောက်က ယူတာ။ သူ ဘာမှ ၀င်လုပ်ပေးလို့ မရဘူး" လို့ ဗြောင်ငြင်းတော့တာပါပဲ။ အဲဒီက စပြီး အတော်လေး ရွံသွားတယ်။ ကျွန်တော့်မှာ အဲဒီလို လိမ်ညာတတ်တဲ့ သူငယ်ချင်း အချင်းချင်းတောင် မငဲ့ကွက်တဲ့ "နိုင်ထူးလှိုင်" လို သူငယ်ချင်းတစ်ယောက် ဘယ်တော့မှ မလိုချင်တော့ဘူး။

ဘာလိုပဲ ကောင်းကောင်းဆိုးဆိုး ကျွန်တော့်မှာ တချိန်က "နေဘုန်းလတ်" နဲ့ "နိုင်ထူးလှိုင်" ဆိုပြီး သူငယ်ချင်း နှစ်ယောက် ရှိခဲ့ဖူးတယ်လေ။ တစ်ယောက်က တိုင်းပြည်ကိုချစ် အမှန်တရားကို မြတ်နိုးလို့ အင်းစိန်ထောင်ထဲ ရောက်နေပြီး နောက်တစ်ယောက်ကတော့ မိသားစုတွေရဲ့ စုဆောင်းထားတဲ့ ချွေးနဲစာတွေကို တရားဥပဒေကို လက်တလုံးခြားလုပ်ပြီး လိမ်လည် ညာယူတတ်လို့ သိန်းထောင်ပေါင်းများစွာ ချမ်းသာနေလေရဲ့။ အဲဒီ သူငယ်ချင်း နှစ်ယောက်အကြောင်း တွေးမိတိုင်း Clear Conscience နဲ့ Guilty Conscience ဆိုတဲ့ စကားလုံး နှစ်လုံးပဲ ခေါင်းထဲ ပေါ် ပေါ်လာတယ်။ ကိုယ့်လိပ်ပြာ ကိုယ်သာ အသိဆုံး မဟုတ်လား။

ညီညီ(သံလွင်)

သံလွင်အိပ်မက်မဂ္ဂဇင်း အတွဲ (၂) အမှတ် (၃) အတွက် စာမူများပေးပို့နိုင်

သုံးလ တစ်ကြိမ် ထုတ်ဝေနေကျ သံလွင်အိပ်မက်မဂ္ဂဇင်းအား လာမည့် အောက်တိုဘာလတွင် ဆက်လက် ထုတ်ဝေသွားမည် ဖြစ်သည့်အတွက် ကဗျာ၊ ၀တ္ထု၊ ဆောင်းပါး၊ အက်ဆေး၊ ကာတွန်း စသဖြင့် စာမူ ပေးပို့လိုသူများသည် စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး thanlwinainmat@gmail.com သို့ ပေးပို့နိုင်ကြပြီ ဖြစ်သည်။ ဓာတ်ပုံကဏ္ဍအတွက်လည်း မိမိစိတ်ကြိုက် ရိုက်ကူးထားသော ဓာတ်ပုံကို ရှင်းလင်းဖော်ပြချက်နှင့် တကွ ပေးပို့နိုင်သည်။

သံလွင်အိပ်မက်သည် လူငယ်များအား ကိုယ်စားပြုသည့် အင်တာနက်မဂ္ဂဇင်းတစ်စောင် ဖြစ်သည်နှင့်အညီ သံလွင်အိပ်မက် မဂ္ဂဇင်းတွင် ရေးသားလျက်ရှိသော ပင်တိုင် ကလောင်ရှင်များသာမက ကလောင်သစ်များကိုပါ ရေးသားပေးပို့ရန် ဖိတ်ခေါ်အပ်ပါသည်။

သံလွင်အိပ်မက်၏ မူအရ အခြားသော အင်တာနက်စာစောင်၊ မဂ္ဂဇင်းများ၊ ဘလော့များတွင် ဖော်ပြပြီး ဖြစ်သော စာမူများအား လက်မခံပါ။ ပြည်တွင်းရှိ ဂျာနယ်၊ စာစောင်၊ မဂ္ဂဇင်းများတွင် ဖော်ပြပြီးသော စာမူဖြစ်ပါက မည်သည့်လထုတ် မည်သည့် စာစောင်တွင် ပါဝင်ခဲ့သော စာမူဖြစ်သည်ကို ဖော်ပြရန် လိုပါသည်။ ထို့ပြင် စာရေးသူသည် ဘလော့ဂါတစ်ဦး ဖြစ်ပါက မိမိ၏ ဘလော့တွင် ဖော်ပြပြီး ဖြစ်သော ဘလော့ဂ်ပို့စ်များကို ပေးပို့ခြင်း မပြုပါရန်၊ သံလွင်အိပ်မက်သို့ ပေးပို့ထားသော စာမူများကို သံလွင်အိပ်မက် မထွက်မီ မိမိ၏ ဘလော့တွင် ဖော်ပြခြင်း မပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။ သံလွင်အိပ်မက် မဂ္ဂဇင်း ထွက်ရှိပြီးပါက ထိုမဂ္ဂဇင်းပါ မိမိ၏ စာမူကို မိမိပိုင် ဘလော့တွင် ပြန်လည်ဖော်ပြနိုင်ပါသည်။

စာမူများကို ဇော်ဂျီသို့မဟုတ် ၀င်းစာလုံးဖြင့် ပေးပို့နိုင်ပြီး ဇော်ဂျီစာလုံး ဖြစ်လျှင် ပိုမိုကောင်းမွန်ပါသည်။ ကွန်ပျူတာဖြင့် မြန်မာစာလုံးများ ရိုက်ရန် အခက်အခဲရှိသူ၊ အဆိုပါ မြန်မာစာလုံးများ မရှိသူများအနေဖြင့် Scan လုပ်ထားသည့် စာမူများကိုလည်း ပေးပို့နိုင်ပါသည်။

ပြည်တွင်းပြည်ပရှိ မြန်မာလူငယ်လူရွယ်များ အတွက် အသိပညာ၊ အတတ်ပညာ၊ ရသ နှင့် ဗဟုသုတပေးစွမ်းနိုင်မည့် စာမူများအား သံလွင်အိပ်မက် အယ်ဒီတာအဖွဲ့မှ ဦးစားပေး ရွေးချယ်သွားမည် ဖြစ်သည်။

သံလွင်အိပ်မက် မဂ္ဂဇင်း အတွဲ (၂) အမှတ် (၃) အတွက် အစည်းအဝေးကို တနင်္ဂနွေနေ့ညက ကျင်းပခဲ့ပြီး မတရားဖမ်းဆီး အကျဉ်းချခြင်း ခံနေရသည့် အယ်ဒီတာဖြစ်သူ ကိုနေဘုန်းလတ်မှ အပ သံလွင်အဖွဲ့သားများ စုံလင်စွာ တက်ရောက်ကြသည်။

(သံလွင်သတင်း)


iPhone for Dummies

ဒီစာအုပ်ဟာ ပထမမျိုးဆက် iPhone အတွက် ရေးထားတာ ဖြစ်လို့ 3G iPhone ကိုင်ဆောင်သူတွေ အတွက်တော့ အနည်းငယ်ကွဲလွဲနေပါလိမ့်မယ်။ 3G iPhone မှာ သုံးထားတဲ့ iPhone 2.0 software မှာ ကျွန်တော် သိသမျှ ထပ်တိုးလာတဲ့ Feature အသစ်တွေက ဖုန်းကို လှည့်လိုက်ရင် Calculator က Scientific Calculator ပြောင်းသွားတယ်။ ပြီးတော့ backspace ပါလာတယ်။ Push Mail ပါလာတဲ့အတွက်ကြောင့် အီးမေးလ်ကို Microsoft Exchange Server နဲ့ Sync လုပ်လို့ ရတယ်။ Mobile Me ဆိုတာ ပါလာတယ်။ GPS ပါတယ်။ အရင်သုံးတဲ့ EDGE 2.5G (GPRS) အစား ပိုမြန်တဲ့ 3G (Broadband speed) ဖြစ်လာတယ်။ Apple account နဲ့ ဆော့ဝဲလ်တွေ ၀ယ်နိုင်၊ အလကား ဒေါင်းလုပ် လုပ်နိုင်တဲ့ App Store ပါလာတယ်။ ကျန်တဲ့ Feature တွေကတော့ အတူတူပါပဲ။

ဒီစာအုပ်မှာ iPhone ရဲ့ အခြေခံသုံးစွဲနိုင်ပုံတွေကို ရှင်းလင်းထားပါတယ်။ iPhone နဲ့ ပတ်သက်တဲ့ Tutorial တွေကို www.iClarified.com မှာ ဖတ်နိုင်ပါတယ်။

iPhone for Dummies စာအုပ်ကို ဒီကနေ ရယူနိုင်ပါတယ်။

ချီးမွမ်းတစ်ရက်တာ ကဲ့ရဲ့တစ်သက်စာ

ဘေဂျင်းအိုလံပစ်မှာ စင်္ကာပူ စားပွဲတင်တင်းနစ်အသင်း ငွေတံဆိပ်ဆု ရသွားတဲ့ သတင်းကို စင်္ကာပူက သူတွေတော့ ကြားမိမယ် ထင်ပါရဲ့ဗျာ။ ခုလို ဆုတံဆိပ်ရဖို့ ၄၈ နှစ်တောင် စောင့်ခဲ့ရတယ် ဆိုပဲဗျ။ ၁၉၆၀ တုန်းက တစ်ကြိမ် အိုလံပစ် ဆုတံဆိပ် ရပြီးကတည်းက စင်္ကာပူ အားကစားသမားတွေ ဆု မရတော့တာ အခု ဘေဂျင်းအိုလံပစ် အထိပေါ့ဗျာ။ ဒီလောက် နှစ်အကြာကြီးနေမှ တစ်ခါ ပြန်ရလို့ စင်္ကာပူနိုင်ငံသားတွေ ပျော်လို့မဆုံး မော်လို့ မဆုံးပေါ့ဗျာ။ ဒါပေမယ့် အပျော်တခြမ်း အမဲ့တ၀က်နဲ့ ပျော်ကြရတာ ခင်ဗျ။ အပျော်တခြမ်းကတော့ ငွေတံဆိပ်ကြီးဆီ လက်လှမ်းခဲ့နိုင်လို့ပေါ့။ အမဲ့တ၀က်ကတော့ အဲဒီလို ငွေတံဆိပ် ဆုရအောင် အရယူပေးခဲ့တဲ့ အားကစားသမားတွေက စင်္ကာပူဖွားတွေ မဟုတ်ကြဘူးဆိုပဲ။ Foreign Talent Scheme လို့ သူတို့ ခေါ်ကြတဲ့ အခြားနိုင်ငံတွေက အလားအလာရှိတဲ့ လူငယ်လူရွယ် အားကစားသမားလေးတွေကို စင်္ကာပူမှာ ခေါ်ယူကျွေးမွေး ပြုစုပြီး စင်္ကာပူနိုင်ငံသားတွေ အဖြစ် ပြောင်း.. ပြီးတော့ နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ခိုင်းတဲ့ မဟာအစီအစဉ်တော်ကြီးကနေ ပေါ်ထွက်လာတဲ့ တရုတ်ပြည်ဖွားတွေ ဖြစ်ကြပါသတဲ့။ အမေရိကန်က အိုလံပစ် ရွှေတံဆိပ် ၈ ဆုရှင် ရေကူးချန်ပီယံ Michael Phelps သာ စင်္ကာပူနိုင်ငံသား ပြောင်းမယ်ဆိုလို့ကတော့ ငွေတွေ ဘယ်လောက်များ ပုံပေးလိုက်မလဲ မသိ။

အဲဒီလိုပဲ စင်္ကာပူ လူမရှိဘူး၊ အားကစား စိတ်ပါဝင်စားသူနည်းတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ အခြားနိုင်ငံက အားကစားသမား အလောင်းအလျာတွေကို စင်္ကာပူက ငွေပုံပေးလို့ စင်္ကာပူနိုင်ငံသားတွေ အဖြစ် ခံယူခိုင်းပြီး အားကစား ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ခိုင်းတာကြောင့် စင်္ကာပူဖွား အားကစားသမားတွေ ခမျာ သူတို့ အစွမ်းအစကို ပြခွင့် မရကြဘူးပေါ့ဗျာ။ နိုင်ငံရဲ့ အားကစားကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေတာလား။ ကိုယ့်နိုင်ငံက အားကစားသမားတွေ စိတ်ဓာတ်ကျသွားအောင် တမင်များ ဖန်တီးနေသလား ဆိုတာကိုတော့ တာဝန်ရှိ လူကြီးမင်းများ အသိဆုံး ဖြစ်မှာပါ။ ကိုယ့်မြန်မာနိုင်ငံ ကိစ္စလည်း မဟုတ်ဘဲ ဘာဝင်ပါချင်ရသလဲ ဆိုတော့လည်း မြင်မိ ကြားမိ ဖတ်မိတဲ့ ကိုယ့်အလွန်ပေါ့ ခင်ဗျာ။ သံလွင်သတင်းကဏ္ဍအတွက် ဘာသာပြန်ဖို့ အရင်ကထက် သတင်းတွေ ပုံမှန် ဖတ်ဖြစ်လာတော့ တွေ့မိ မြင်မိ ကြားမိ တာပါပဲ။ အခုတော့ သတင်းစာတွေထဲမှာ Foreign Talent ရှိသင့်မသင့်၊ အိုလံပစ် ငွေတံဆိပ်အတွက် ဂုဏ်ယူသင့်မယူသင့် ငြင်းခုန်နေကြတုန်းမှာပဲ နောက်တမျိုး ထပ်လာပြန်ပါပြီ။

အဲဒါကတော့ အိုလံပစ် ငွေတံဆိပ်ဆုရ စားပွဲတင်တင်းနစ် ငွေတံဆိပ်ဆုရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ အသင်းနည်းပြရဲ့ သတင်းပါ။ အိုလံပစ် ပိတ်ပွဲ မနေ့က ကျင်းပခဲ့ပြီး အောင်ပွဲရ အသင်းတောင် စင်္ကာပူ ပြန်မရောက်သေးခင် အသင်းနည်းပြအတွက် အောင်မြင်မှုရလဒ်အနေနဲ့ အလုပ်ပြုတ်တော့မယ့် သတင်းက ရင်ဝကို တည့်တည့်ကြီး အကန်ခံရသလို ခံရခက်မှာ သေချာပါတယ်။ အိုလံပစ် စားပွဲတင်တင်းနစ် ပြိုင်ပွဲတစ်ခုမှာတုန်းက စင်္ကာပူအသင်း ၀င်ပြိုင်တော့ ပြိုင်ပွဲကျင်းပနေတုန်း နည်းပြ ရှိမနေခဲ့ဘူးဆိုတဲ့ သတင်းကြောင့် အဲဒီ နည်းပြရဲ့ အလုပ်ကန်ထရိုက်ကို မတိုးတော့တာလို့ ယူဆရပါတယ်။ ဒါပေမယ့် စင်္ကာပူထုံးစံအတိုင်း ဘယ်ဝန်ခံလိမ့်မတုန်းဗျာ။ သြဂုတ်လ ၃၁ ရက်နေ့မှာ အဲဒီနည်းပြရဲ့ အလုပ်ကန်ထရိုက် သက်တမ်းကုန်တော့မှာမို့ အိုလံပစ်ပြိုင်ပွဲပြီးရင် သက်တမ်းထပ်မတိုးတော့ဘူးလို့ တာဝန်ရှိသူတွေ အနေနဲ့ ဆုံးဖြတ်ပြီးသားပါလို့ မိုးလားကဲလား ပြောပါတယ်။ အရင်က သက်တမ်းမတိုးတော့ဘူး ဆုံးဖြတ်ပြီးရင်တောင် အခုလို အောင်မြင်မှု အရယူပေးနိုင်ခဲ့တဲ့အတွက် နည်းနည်းပါးပါး ငဲ့ညှာပြီး သက်တမ်းတိုးလိုက်တော့ ဘာဖြစ်သွားမှာမို့လဲ လို့ တွေးမိပါတယ်။

ငွေတံဆိပ်ရအောင်လည်း လုပ်ပေးရသေး၊ အလုပ်လည်း ပြုတ်သေးဆိုတော့ အဲဒီ အသင်းနည်းပြရဲ့ နေရာကနေ ၀င်ပြီး ကြားကနေ မကျေမချမ်း ဖြစ်ရပါတယ်။ စင်္ကာပူမှာတော့ မန်နေဂျာမကောင်းရင် ဘယ်လောက်ပဲ ကြိုးစားပြီး ကောင်းအောင် လုပ်ပေး လုပ်ပေး အကောင်း အပြောမခံရဘဲ တခါတလေလောက် အမှားလုပ်မိရင် လူရှေ့သူရှေ့မရှောင် ပေါ်တင်ပြောတတ်တာ အကျင့်ပါနေကြပြီလား မပြောတတ်ပါ။ ဒီ နည်းပြကိစ္စမှာလည်း သူ အမှား လုပ်မိတယ် ဆိုရင်တောင် သတိပေးလိုက်ရင် ပြီးသွားမယ့် ကိစ္စကို အခုလိုကြီး လုပ်လိုက်တာကတော့ လွန်လွန်းပါတယ်။ ငွေတံဆိပ်ကြီး ကိုင်ပြီး မဲ့နေမယ့် အဲဒီ စားပွဲတင်တင်းနစ် နည်းပြကြီးရဲ့ စိတ်ထဲမှာ ဘာတွေ တွေးနေမလဲ မသိပေမယ့် အခုတမျိုး တော်ကြာတမျိုး ချီးမွမ်းတစ်ရက်တာ ကဲ့ရဲ့တစ်သက်စာ ဆိုတာ စင်္ကာပူရဲ့ ထုံးစံပဲလို့တော့ ကောင်းကောင်းကြီး သိသွားမှာပါ။

ဒု-သမ္မတချင်း ပြိုင်မလား

အမေရိကန် ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် ၀င်ရောက် အရွေးခံမယ့် လူမည်းသမ္မတလောင်း ဘားရက် အိုဘားမားဟာ မကြာခင်မှာ သူ့ရဲ့ ဒု-သမ္မတအနေနဲ့ ဘယ်သူ့ကို လျာထားမလဲဆိုတာ ကြေညာတော့မှာ ဖြစ်ပါတယ်။ အဲဒီအတွက် သူလိုချင်တဲ့ အရည်အချင်းတွေကို မကြာခင်က ထုတ်ဖော်ပြောဆိုသွားပါတယ်။ အဲဒီလို ပြောကြားသွားတဲ့အထဲမှာ "he" လို့ သုံးနှုန်းသွားတာကြောင့် သူ့ရဲ့ ပြိုင်ဘက်ဟောင်း အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်ရဲ့ ဇနီးဖြစ်သူ ဟီလာရီကလင်တန်တော့ မဖြစ်လောက်ဘူးလို့ ခန့်မှန်းရပါတယ်။

အိုဘားမား ပြောသွားတဲ့ သူ လိုချင်တဲ့ ဒု-သမ္မတရဲ့ အရည်အချင်းတွေကို ဖတ်ပြီး ၂၀၁၀ မြန်မာနိုင်ငံမှာ လုပ်မယ့် ရွေးကောက်ပွဲအထိ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သက်ဆိုးရှည်လို့ အာဏာတည်နေခဲ့ဦးမယ်.. အတင်းအကြပ် အနိုင်ကျင့်ဗိုလ်ကျပြီး နိုင်ငံတော်သမ္မတကြီး တက်လုပ်ဦးမယ်ဆိုရင် သူလိုချင်မယ့် ဒု-သမ္မတရဲ့ အရည်အချင်းတွေကရော ဘယ်လိုမျိုး ဖြစ်မလဲလို့ အတွေးပွားမိပါတယ်။ မြန်မာစစ်အစိုးရက အမေရိကန်ကို အမြဲတမ်း ရန်သူလို သဘောထား ဆက်ဆံနေတော့ အမေရိကန်နဲ့ ဆန့်ကျင်ဘက်လုပ်ပြီး အမေရိကန်က ဒီလို အရည်အချင်းမျိုးရှိတဲ့ ဒု-သမ္မတကို ရွေးတယ်ဆိုရင် ငါတို့ကတော့ ဆန့်ကျင်ဘက်လူမျိုး ရွေးမယ်လို့ စဉ်းစားမှာ အသေအချာပါပဲ။ အခုတောင် လျာထားပြီးသူတွေ များလွန်းလို့ ဘယ်သူ့ကို ရွေးရမလဲဆိုတာ ဗေဒင်လေးဘာလေးမေး ၊ အခါပေးဘိုးတော်တွေနဲ့ တိုင်ပင်ကောင်း တိုင်ပင်နေမှာပါ။ ကဲ.. အမေရိကန်နဲ့ မြန်မာပြည် ဒု-သမ္မတချင်း ပြိုင်မလား။

ဒါကတော့ အိုဘားမား ပြောသွားတဲ့ သူ လိုချင်တဲ့ ဒု-သမ္မတဆိုတာ ဘယ်လို လူမျိုးဖြစ်ရမလဲ ဆိုတဲ့ ကောက်နုတ်ချက်ပါ။

"I want somebody who has integrity, who's in politics for the right reasons, I want somebody who is independent. Somebody who is able to say to me, 'You know what, Mr. President, I think you're wrong on this and here's why,' and who will help me think through major issues and consult with me, would be a key advisor. I want somebody who is capable of being president and who I would trust to be president. That's the first criteria for VP. And the final thing is, I want a president (SIC) who shares with me a passion to make the lives of the American people better than they are right now. I want someone who is not in it just because they want to have their name up in lights or end up being president. I want somebody who is mad right now that people are losing their jobs. And is mad right now that people have seen their incomes decline, and wants to rebuild the middle class in this country. That's the kind of person that I want; somebody who in their gut knows where they came from and believes that we have to grow this country from the bottom up"

ဒုတိယသမ္မတ အနေနဲ့ ကျုပ်လိုချင်တဲ့သူက ရိုးသားဖြောင့်မတ်ပြီး မှန်ကန်တဲ့အကြောင်းရင်းတွေနဲ့ နိုင်ငံရေးကို လုပ်နေတဲ့သူ၊ မိမိဘာသာ ဆုံးဖြတ်နိုင်စွမ်းရှိတဲ့သူမျိုးပေါ့။ ပြီးတော့ "သမ္မတကြီး သိလား.. ဒီနေရာမှာတော့ ခင်ဗျားမှားနေတယ်.. အဲဒီလိုမှားတာ ဒါတွေကြောင့်ပဲ" လို့ ကျုပ်ကို ပြောရဲဆိုရဲ ရှိတဲ့သူ၊ အရေးပါတဲ့ ကိစ္စရပ်တွေမှာ ကျုပ်နဲ့အတူ တိုင်ပင်ဆွေးနွေးနိုင်မည့်သူ အဓိက အကြံပေးပုဂ္ဂိုလ်လိုသူ ဖြစ်ရမယ်။ အဲဒီလူဟာ တကယ်လို့ သမ္မတ ဖြစ်မယ်ဆိုရင်တောင် ဖြစ်ထိုက်မယ့်သူ ဖြစ်ရမယ့်အပြင် ကျုပ်ကိုယ်တိုင်က သူ့ကို သမ္မတတစ်ယောက်အနေနဲ့ စိတ်ချလက်ချ ယုံကြည်နိုင်သူ ဖြစ်ရမယ်။ ဒါတွေက ဒု-သမ္မတ ရာထူးအတွက် ကျုပ်လျာထားတဲ့ ပထမ လိုအပ်တဲ့ အရည်အချင်းတွေပေါ့။ နောက်လိုအပ်ချက်တွေ ကတော့ အမေရိကန်နိုင်ငံသားတွေရဲ့ ဘ၀တွေကို အခုထက်ပိုပြီး တိုးတက်ကောင်းမွန်အောင် လုပ်ဖို့ လှိုက်လှိုက်လှဲလဲ ဆန္ဒ ရှိတဲ့သူမျိုး ဖြစ်ရမယ်။ နာမည်ကြီးချင်ရုံသက်သက် ဒါမှမဟုတ် တစ်ချိန်မှာ သမ္မတ ဖြစ်ချင်ရုံသက်သက်ကြောင့် ဒု-သမ္မတ ဖြစ်ချင်တဲ့သူ မဖြစ်ရဘူး။ အခုတလော စီးပွားရေး ဂယက်ကြောင့် လူအတော်များများ အလုပ်ပြုတ်နေတာ၊ လူတွေရဲ့ ၀င်ငွေတွေ ကျလာတာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်တကြီးဖြစ်နေတဲ့သူ၊ လူလတ်တန်းစားတွေ များလာအောင် ပြန်ဖန်တီးနိုင်မယ့်သူ ဖြစ်ရမယ်။ ပြီးတော့ ကိုယ်ဟာ ဘယ်လိုသူမျိုးဆိုတာ အသွေးအသားထဲက သိပြီး ဒီနိုင်ငံကို တိုးတက်ဖွံ့ဖြိုးအောင် အောက်ခြေကနေ စပြီး လုပ်ရဦးမယ်လို့ ယုံကြည့်တဲ့သူမျိုးဟာ ကျုပ်လိုချင်တဲ့ ဒု-သမ္မတရဲ့ အရည်အချင်းတွေပါပဲ။

မြန်မာ့အရေးမှာ ကုလသမဂ္ဂရဲ့ ပါဝင်မှု ရလဒ် အတိုင်းအတာ ဘယ်လိုလဲ

မြန်မာ့အရေးအတွက် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံထားရသည့် မစ္စတာအီဗရာဟမ်ဂမ်ဘာရီသည် မကြာမီ ရက်အနည်းငယ်အတွင်း ရန်ကုန်သို့ ထပ်မံသွားရောက်မည်ဖြစ်ပြီး စစ်အစိုးရနှင့် နောက်ထပ် ဆွေးနွေးမှုများ ပြုလုပ်ဦးမည် ဖြစ်သည်။ သူ၏ ခရီးစဉ်မှ ရလဒ်ကောင်း လိုချင်လျှင် ကုလသမဂ္ဂ၏ လုပ်ရိုးလုပ်စဉ်ဖြစ်သည့် သံတမန်နည်းလမ်းများထက် ကျော်လွန်ပြီး အပြောင်းအလဲအတွက် ပိုမိုတိကျရေရာသည့် တောင်းဆိုမှုများကို ပြုလုပ်ရမည် ဖြစ်သည်။

၁၉၉၀မှ ယခုအထိ မြန်မာနိုင်ငံသို့ ကုလသမဂ္ဂသံတမန်များ အနေဖြင့် ၃၇ ကြိမ် သွားရောက်ခဲ့ပြီး ဖြစ်သည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အနေဖြင့် မြန်မာ့အရေးအတွက် မဲခွဲဆုံးဖြတ်မှုပေါင်း ၃၀ ကျော် ပြုလုပ်ခဲ့ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေဖြင့် ကြေညာချက် နှစ်ခု ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ သို့ရာတွင် ထိုသို့ လုပ်ဆောင်ခဲ့မှုများ၏ အကျိုးသက်ရောက်မှုမှာ မပြောပလောက်အောင် ဖြစ်နေသည်။ အချိန်အတိအကျ သတ်မှတ်ပေးခြင်းမရှိဘဲ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုမှုခဲ့မှုမှာ ဘယ်သောင်ဘယ်ကမ်းဆိုက်နေမှန်း မသိဖြစ်နေသည်။ လွန်ခဲ့သည့် ၁၂ နှစ်တာ ကာလက အတိုင်းပင် နေအိမ်အကျယ်ချုပ်ဖြင့် သူမအား ဖမ်းဆီးထားဆဲ ဖြစ်သည်။

ကုလသမဂ္ဂအနေဖြင့် ယခင်က အတိုင်း ထပ်မံ တောင်းဆိုနေခြင်းထက် စစ်အစိုးရအား တိကျ ရေရာသည့် အချိန်ပမာဏ သတ်မှတ်ပေးပြီး တိုးတက်မှု အခြေအနေ အဆင့်ဆင့်ကို လေ့လာ အကဲခတ်သင့်သည်။ ပထမဆုံး အဆင့်အနေဖြင့် ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို လွှတ်ပေးသင့်သည်။ ၎င်းတို့အနက် အချို့မှာ အကျဉ်းထောင်များတွင်း မသန့်ရှင်းမှု၊ နှိပ်စက်ခံရမှု၊ ထိရောက်သည့် ဆေးဝါးကုသခြင်း မခံရမှု စသည်တို့ကြောင့် ကျန်းမာရေးအခြေအနေ အလွန် ဆိုးရွားလျက် ရှိသည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း မြန်မာနိုင်ငံသို့ ဒီဇင်ဘာလအတွင်း ထပ်မံ မသွားရောက်မီ ဂမ်ဘာရီအနေဖြင့် နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးရန် စစ်အစိုးရအား တောင်းဆိုသင့်သည်။ စစ်အစိုးရ အနေဖြင့် ထိုတောင်းဆိုချက်ကို လိုက်နာခြင်း မရှိခဲ့လျှင် ဘန်ကီမွန်းအနေဖြင့် သူ၏ ခရီးစဉ်ကို ဖျက်သိမ်းခြင်း ပြုလုပ်နိုင်သည်။

အရေးပါသည့် ဒုတိယအဆင့်မှာ စစ်အစိုးရအနေဖြင့် မြန်မာနိုင်ငံ အရှေ့ပိုင်း ဒေသရှိ ပြည်သူများအား လူနေမှု ဘ၀များကို မဖျက်ဆီးဘဲ အေးချမ်းစွာ နေထိုင်ခွင့် ပေးသင့်သည်။ ထိုဒေသတွင် ၁၉၉၆ ခုနှစ်မှ စပြီး ယခု အချိန်အထိ ကျေးရွာပေါင်း ၃၂၀၀ ကျော် ဖျက်ဆီးခြင်းခံခဲ့ရပြီး လူဦးရေ ၁ သန်းခန့် ပြောင်းရွေ့နေထိုင် ခဲ့ရသည်။ ဆူဒန်စစ်အစိုးရက ဒါဖာတွင် ရှိသော လူမျိုးစု ကျေးရွာများကို ဖျက်ဆီးခဲ့ခြင်းထက် မြန်မာစစ်အစိုးရက နှစ်ဆ ပိုမို ဖျက်ဆီးခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အဓမ္မသွတ်သွင်းခံရသည့် ကလေးစစ်သား အများဆုံး ရှိသော နိုင်ငံလည်း ဖြစ်သည်။

ထိုသို့ အဆင့်ဆင့် သတ်မှတ်ထားခြင်းကြောင့် ဂမ်ဘာရီအနေဖြင့် သူ၏ ဆောင်ရွက်ချက်များ တိုးတက်မှု ရှိ မရှိကို အကဲဖြတ်နိုင်သည်။ စစ်အစိုးရအနေဖြင့် လိုက်နာခဲ့မည် ဆိုလျှင် အကောင်းဆုံးဖြစ်ပြီး လိုက်နာခြင်း မရှိခဲ့ပါက နိုင်ငံတကာမှ အရေးယူမှုများ ပြုလုပ်ကြရန် အချက်ပြလိုက်ခြင်း ဖြစ်ပေမည်။

ထို တောင်းဆိုမှု အဆင့်ဆင့်အား သတ်မှတ်ထားသည့် အချိန်အတွင်း မရလျှင် နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေဖြင့် ပြင်းထန်သည့် ဒဏ်ခတ်မှုများ ပြုလုပ်နိုင်သည်။ ဥပမာဆိုရလျှင် ကုလသမဂ္ဂတွင် မြန်မာစစ်အစိုးရအား အသိအမှတ်ပြုနေခြင်းကို ရုပ်သိမ်းခြင်း ပြုနိုင်သည်။ မြန်မာစစ်အစိုးရသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့် တရားမ၀င်သော အစိုးရဖြစ်သည်။ နာဂစ်ဆိုင်ကလုန်း ၀င်ရောက်ပြီးချိန်တွင် အခြေအနေအရပ်ရပ်ကို ကိုင်တွယ်မှုများကလည်း မြန်မာပြည်သူတို့အား အရေးမထားကြောင်း သက်သေပြလျက် ရှိသည်။ ကုလသမဂ္ဂ ထုတ်ပြန်ချက်များအရ ဆိုင်ကလုန်းဒဏ်ခံခဲ့ရသည့် ဒုက္ခသည် တစ်သန်းကျော်မှ ယခုထိတိုင် အကူအညီများ မရသေးပေ။ ထို့ပြင် ယုတ္တိမတန်သည့် ငွေလဲနှုန်းထားများကြောင့်လည်း နာဂစ် ဒုက္ခသည်များသို့ လှူဒါန်းငွေ ဒေါ်လာ သန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်ဟု ကုလသမဂ္ဂက ဆိုသည်။ စစ်အစိုးရသည် အုပ်ချုပ်သူများ မဖြစ်သင့် မဖြစ်ထိုက်ပါ။ ၁၉၉၀ တွင် ရွေးကောက်ခြင်း ခံခဲ့ရသည့် ကိုယ်စားလှယ်များဖြင့် တည်ထောင်ထားသည့် ပြည်ပရောက် အစိုးရ တစ်ခု ရှိပြီး ဖြစ်သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ တဆင့်လည်း မြန်မာနိုင်ငံသို့ လက်နက်တင်သွင်း ရောင်းချမှုကို ပိတ်ပင်ခြင်း ပြုလုပ်သင့်ပြီး တရုတ်နှင့် ရုရှတို့အား ဗီတို သုံးပြီး ပယ်ချခြင်း မပြုနိုင်စေရန် ပြင်းပြင်းထန်ထန် ဖိအားပေးမှုများ ပြုလုပ်သင့်သည်။ အဓိက ကမ္ဘာ့စီးပွားရေး အချက်အချာ နိုင်ငံများဖြစ်သည့် ဂျပန်၊ ဟောင်ကောင်၊ စင်္ကာပူနှင့် ဥရောပသမဂ္ဂ၀င် (အီးယူ) နိုင်ငံများကလည်း မြန်မာစစ်အစိုးရ ထိပ်သီးခေါင်းဆောင်များ၏ ပိုင်ဆိုင်မှုများ၊ ၎င်းတို့နှင့် ဆက်နွယ်နေသည့် လုပ်ငန်းများအား စီးပွားရေး ပိတ်ဆို့ကာ ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်သင့်သည်။ နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေဖြင့် မြန်မာစစ်ဗိုလ်ချုပ်များအား "ရာဇ၀တ်ကောင်များ" ဟု ခေါ်ဝေါ်သင့်သည်။ ဆူဒန်ခေါင်းဆောင် Omar al-Bashir အား ရာဇ၀တ်ခုံရုံးတင် စစ်ဆေးနိုင်ခဲ့ခြင်း၊ Radovan Karadzic အား ဖမ်းမိခြင်း တို့က သာဓက ပြလျက် ရှိသည်။ မြန်မာ စစ်ဗိုလ်ချုပ်များအားလည်း နိုင်ငံတကာ ရာဇ၀တ်ခုံရုံးတို့ အရောက် ပို့ဆောင်သင့်သည်။

စစ်အစိုးရသည် တရားဝင်ရွေးကောက်ခြင်း ခံထားရသည့် အစိုးရတစ်ရပ် မဟုတ်သည့် အပြင် မြန်မာနိုင်ငံသားများအားလည်း ဒုက္ခပင်လယ်ဝေစေသည့် အစိုးရ ဖြစ်သည့် အတွက် ကုလသမဂ္ဂ အနေဖြင့် လူအများ၏ ယုံကြည်အားထားခြင်း ခံရခြင်း မခံရခြင်းသည် မြန်မာ့အရေးတွင် မည်ရွေ့မည်မျှ ပါဝင်ဆောင်ရွက်ပေးနိုင်ခြင်းအပေါ်၌ များစွာ မူတည်နေသည်။ မစ္စတာ ဂမ်ဘာရီအနေဖြင့် ယခုခရီးစဉ်တွင် ယခင်ခရီးစဉ်များကဲ့သို့ မဟုတ်ဘဲ ပိုမို ကောင်းမွန်သည့်ရလဒ်များ ပေါ်ထွက်လာနိုင်ရန် ကြိုးစားဖို့အတွက် ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံသားတို့အပေါ်တွင် အကြွေးတင်ရှိနေသည်ကတော့ အသေအချာပင် ဖြစ်သည်။

မှတ်ချက်။ ။ အထက်ပါဆောင်းပါးသည် Wall Street Journal Asia မှ မူရင်း စာရေးသူ Benedict Rogers ၏ ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုထားခြင်းသာ ဖြစ်သည်။

[Mr. Rogers is advocacy officer for South Asia at Christian Solidarity Worldwide and the author of "A Land Without Evil: Stopping the Genocide of Burma's Karen People" (Monarch Books, 2004)]

အနှစ်နှစ်ဆယ်





iPhone ရဲ့ အားသာချက်နှင့် အားနည်းချက်များ

3G iPhone လို့ ခေါ်ကြတဲ့ မကြာသေးမီကမှ ထုတ်ဝေလိုက်တဲ့ iPhone ဟာ မူလပထမ iPhone နည်းတူ Unlock လုပ်ထားပြီးရင်3G Support လုပ်သော မည်သည့် SIM Card နဲ့ မဆို သုံးလို့ ရပါတယ်။ iPhone ရဲ့ အားသာချက်တွေနဲ့ အားနည်းချက်တွေကို စာရင်းလုပ်ပေးထားပါတယ်။ တတ်သိနားလည်သူများ ထပ်မံဖြည့်စွက် အကြံပေးနိုင်ပါတယ်။

iPhone ရဲ့ အားသာချက်များ
- Touch Screen ဖြစ်ခြင်း
- Apple product တွေရဲ့ ထုံးစံအတိုင်း သုံးစွဲရလွဲကူခြင်း
- Multi Touch Techonology ကို အသုံးပြုထားခြင်း ( ဓာတ်ပုံများကို လက်ချောင်း နှစ်ချောင်းဖြင့် ချုံ့နိုင် ချဲ့နိုင်ခြင်း)
- iPod တွဲလျက် ပါလာခြင်း
- iTunes မှ သီချင်းများ နားထောင်နိုင်ခြင်း
- Pod Cast များကို စိတ်ကြိုက် ရွေးချယ် ထည့်သွင်းနိုင်ခြင်း ( ဥပမာ- iTunes U မှ Lecture များ၊ ဘာသာရပ်ဆိုင်ရာ သင်ခန်းစာများ၊ Pod Cast ရေဒီယို အစီအစဉ်များ စသဖြင့်)
- Wi-Fi အသုံးပြုနိုင်သဖြင့် Wireless Hot Spot ရှိသည့် မည်သည့်နေရာတွင် မဆို အင်တာနက် အသုံးပြုနိုင်ခြင်း
- Jailbreak လုပ်ပြီး သုံးစွဲပါက အခြားသော အသုံးဝင်သည့် application များကို အခမဲ့ Install လုပ်နိုင်ခြင်း (ဥပမာ - Dictionary, eBook Reader, RSS Reader, S'pore Bus Guide, YouTube Video များ Download လုပ်နိုင်သည့် MxTube)
- Google Map ဖြင့် နေရာ ဒေသများ ကြည့်နိုင်ခြင်း ( 3G iPhone ကို အသုံးပြုပါက မိမိရောက်နေသည့် နေရာကို GPS မှ တဆင့် ကြည့်နိုင်ခြင်း)
- You Tube မှ ဗီဒီယိုများအား ကြည့်နိုင်ခြင်း
- Theme ပြောင်းနိုင်ခြင်း (မူလထက် ပိုမို ကောင်းမွန်သည့် Theme များ ပြောင်းလဲပြီး မိမိ စိတ်ကြိုက် Customized လုပ်နိုင်ခြင်း)
- Video Call ပြုလုပ်နိုင်ခြင်း (3G iPhone အတွက်သာ)
- Gtalk ဖြင့် Chat နိုင်ခြင်း ( Fring ဟု ခေါ်သည့် ဆော့ဝဲလ်ကို သီးခြား သွင်းရန် လိုသည်)
- Apple App Store မှ လိုချင်သည့် Application များကို ၀ယ်ယူ ထည့်သွင်းနိုင်ခြင်း သို့မဟုတ် အခမဲ့ သွင်းနိုင်ခြင်း ( version 2.0 အသုံးပြုသည့် iPhone အတွက်သာ)

iPhone ရဲ့ အားနည်းချက်များ
- 2.5G EDGE Technology ကို အသုံးပြုထားသဖြင့် GPRS Network များတွင် အင်တာနက် အသုံးပြုပါက အလွန် နှေးကွေးခြင်း ( 3G iPhone ကို အသုံးပြုလျှင်တော့ Wi-Fi Speed နီးပါး အင်တာနက်ကို လျင်မြန်စွာ သုံးနိုင်သည်)
- 2 mega pixel ကင်မရာသာ ပါခြင်း
- ကင်မရာတွင် Zoom မပါခြင်း ( Zoom ပါသည့် ဆော့ဝဲလ်ကို သီးခြား သွင်းရန်လိုသည်)
- ရေဒီယို နားထောင်၍ မရခြင်း
- ဗီဒီယို ရိုက်ကူး၍ မရခြင်း ( Video ရိုက်နိုင်သည့် ဆော့ဝဲလ်ကို သီးခြား သွင်းရန်လိုသည်)
- အီးမေးလ်များကို ဖျက်လိုလျှင် တစ်ခုစီ ဖျက်နေရခြင်း
- Zawgyi Font Support မလုပ်သဖြင့် ဇော်ဂျီဖြင့် ရေးထားသည့် အင်တာနက်စာမျက်နှာများ၊ ဘလော့များကို ဖတ်လျှင် လေးထောင့်စာလုံးများသာ မြင်နေရခြင်း

ကဗျာဆရာနဲ့ စကားစမြည်

ရင်ဘတ်ထဲမှာက
တကယ်တမ်း ကဗျာ.. ။
ကာရန် မဖွဲ့ချင်တဲ့အခါ
ဂစ်တာတစ်လက်ပေါ် ထားလို့ဖြစ်တယ်။
သံစဉ် မဖွဲ့ချင်တဲ့အခါ
ကွန်ပျူတာကီးဘုတ်ပေါ် ထားလို့ဖြစ်တယ်။
ပရိုဂရမ် မရေးချင်တဲ့အခါ
အိပ်မက်တွေထဲ ထားလို့ဖြစ်တယ်။
မအိပ်စက်ချင်တဲ့အခါ
အတွေးတွေထဲ ထားလို့ဖြစ်တယ်။
မတွေးချင်တဲ့အခါ
ဗလာနယ်ထဲ ထားလို့ဖြစ်တယ်။
ဘာဆိုဘာမှမရှိတဲ့အခါ
လူ့ဘ၀ရဲ့ အဓိပ္ပာယ်ဆိုတဲ့ ခေါင်းစဉ်အောက်ထဲ ထားလို့ဖြစ်တယ်။
ခေါင်းစဉ် ဘယ်လိုမှ တပ်မရတဲ့အခါ
"ကဗျာ"လို့ပဲ ထားလို့ဖြစ်တယ်။

ကာရန် မဖွဲ့ချင်တဲ့အခါ
သံစဉ် မဖွဲ့ချင်တဲ့အခါ
ပရိုဂရမ် မရေးချင်တဲ့အခါ
မအိပ်စက်ချင်တဲ့အခါ
မတွေးချင်တဲ့အခါ
ဘာဆိုဘာမှ မရှိတဲ့အခါ
ခေါင်းစဉ်ဘယ်လိုမှ တပ်မရတဲ့အခါ
ဘ၀ထဲမှာက တကယ်တမ်း ဗလာ
ရင်ဘတ်ထဲမှာက တကယ်တမ်း ကဗျာ.. ။ ။

ခေလွန်း
ဇူလိုင် ၃၁၊ ၂၀၀၈
မွန်းလွဲ ၂ နာရီ ၂၀ မိနစ်

သံလွင်ဒေါ့ကွန်းနဲ့ သံလွင်အိပ်မက် ထွက်ပါပြီ

အခက်အခဲတွေကြားကပဲ သံလွင်ဒေါ့ကွန်းနဲ့ သံလွင်အိပ်မက်ကို ကျွန်တော်တို့ ဇူလိုင်လ ၂၁ ရက် ယနေ့မှာ စောင့်မျှော်နေတဲ့ ပရိသတ်ဆီ အရောက်ပို့နိုင်ခဲ့ပါပြီ။ မနက်ကတည်းက ဒီပို့စ်ကို ရေးသင့်ပေမယ့် ကိုယ်တွေလက်တွေ ညောင်းကိုက်ပြီး ဘယ်လိုမှ မရေးနိုင်လို့ စီဘောက်စ်မှာ ထွက်ပြီဆိုတဲ့အကြောင်း ရေးထားခဲ့ပြီး ပို့စ်ကို အခုမှ ရေးဖြစ် ပါတယ်။ ဖျားနေတယ် ဆိုပါတော့။ တစ်နေ့လုံး အိပ်နေလိုက်တာ အတော် လန်းဆန်းသွားပါပြီ။ သံလွင်အိပ်မက် မထွက်သေးဘူး ဆိုရင် စောင့်နေတဲ့ ပရိသတ်တွေက မထွက်သေးဘူးလား လို့ တဖွဖွ မေးတတ်ကြတယ်။ "မကြာခင် ထွက်နိုင်အောင် လုပ်နေပါတယ်" လို့ ပြန် ဖြေရတိုင်း စောင့်နေတဲ့ သူတွေကို အားနာမိတာ အမှန်ပဲ။ ဒါပေမယ့် အဲဒီ "ထွက်ပါပြီ" ဆိုတဲ့ စကားတစ်ခွန်းကို ပီပီပြင်ပြင် ကြေညာနိုင်ဖို့ ကျွန်တော်တို့ နောက်ကွယ်မှာ ဘယ်လောက် effort စိုက်ထုတ်ခဲ့ရသလဲဆိုတာ သူတို့တတွေ သိချင်မှ သိမယ်။ အရင်းအနှီးကလည်း မသေးပါဘူး။ စိုက်ထုတ်ကြရတဲ့ အချိန်၊ လုပ်အား၊ ပျက်ကွက်ရတဲ့ လူမှုရေးကိစ္စတွေ၊ ကိုယ်ရေးကိုယ်တာကိစ္စတွေ .. ပြီးတော့ အိပ်ရေးပျက်ရတဲ့ ညတွေ။ အထူးသဖြင့် အခု သံလွင်အိပ်မက် အတွဲ ၂ အမှတ် ၂ လို portal တစ်ခုလုံးကို အသစ် ပြန်ဆောက်ရတဲ့အခါ ပုံမှန် ထုတ်နေကျထက် အားထုတ်မှု ၂ ဆ ပိုစိုက် ရပါတယ်။ Webmaster အနေနဲ့ရော.. အယ်ဒီတာအနေနဲ့ပါ Role နှစ်ခု ယူရတဲ့အတွက် ပို ပင်ပန်းပါတယ်။ သံလွင်ဝိုင်းတော်သားများ အားလုံးကသာ ညီညီညွတ်ညွတ်နဲ့ ၀ိုင်းမလုပ်ကြရင် အချိန်မီ ပြီးမှာ မဟုတ်ဘူး။

CMS (Content Management System) ဆိုတာ ဘာမှန်း သေချာမသိပေမယ့် သင်ယူချင်စိတ်ရှိပြီး လိုအပ်တာတွေကို တဖက်တလမ်းကနေ ကူညီခဲ့တဲ့ ကျွန်တော့် ဘ၀လက်တွဲဖော် စကားပန်း၊ မျက်နှာဖုံး ဒီဇိုင်းကို ဟိုဟာထည့်လိုက်ပါလား၊ ဒီလိုဆို ကောင်းမယ်ဆိုပြီး ကျွန်တော် တောင်းဆိုသမျှ မညည်းမညူလုပ်ပေးခဲ့တဲ့ မောင်ပွတ်၊ မာတိကာကို မထွက်ခင်ညမှာ မိုးအလင်း လုပ်ပေးသွားတဲ့ ဇင်ကိုလတ်၊ လိုအပ်မယ် ထင်တဲ့ အပိုင်းတွေကို ဖြည့်ရေးပေးတတ်တဲ့ ကိုငယ်၊ စာမူများကို ဘလော့မှာ မတင်ဘဲ သံလွင်အိပ်မက်အတွက် ချန်ထားပေးခဲ့ကြတဲ့ သူငယ်ချင်း ဘလော့ဂါ အစ်ကိုအစ်မများ၊ ဓာတ်ပုံများ ပေးပို့ခဲ့ကြသူများ၊ အိုင်ဒီယာချပေးရင် လက်မနှေးဘဲ ကာတွန်း ဆွဲပေးတတ်တဲ့ KNT၊ ကာတွန်း အသုံးပြုခွင့်ပေးခဲ့တဲ့ ဆရာအော်ပီကျယ်၊ လက်ရေးစာမူတွေကို ဇော်ဂျီဖွန့်နဲ့ ကူရိုက်ပေးခဲ့တဲ့ မမယ်လိုဒီမောင်နဲ့ KPZ အစရှိသူတွေ အားလုံး အားလုံးကို ကျေးဇူး အထူးတင်ပါတယ်။ သံလွင်အိပ်မက်ထွက်တိုင်း မပျက်မကွက် အားပေးတတ်တဲ့ စာဖတ်ပရိသတ်ကိုလည်း ကျေးဇူးတင်ရှိပါတယ်။

အတွဲ ၂ အမှတ် ၃ ကျရင်တော့ ဒီ Thanlwin.com portal ငြိမ်သွားပြီ ဖြစ်တဲ့အတွက် အခု တစ်စောင်လောက် ပင်ပန်းတော့မယ် မထင်ပါဘူး။ ပြောစရာ ရှိတာက သံလွင်အိပ်မက်မှာ ဒီတခါ သီချင်းကဏ္ဍ မပါဘူး။ မြန်မာ mp3 သီချင်းတွေ ပေးနေတဲ့ ဘလော့တွေ ၀က်ဆိုက်တွေ အများအပြား ပေါ်ထွက်လာတာကြောင့် ဒီကဏ္ဍကို ဖြုတ်လိုက်တဲ့အတွက် ဘာမှ ဆုံးရှုံးမှု ကြီးကြီးမားမား ဖြစ်မယ် မထင်လို့ ကျွန်တော်တို့ မထည့်တော့ဘူး။ နောက် သံလွင်စကားဝိုင်း ကိုတော့ ပြီးခဲ့တဲ့ စကားဝိုင်းရဲ့ တုံ့ပြန်မှု အားနည်းခဲ့တာကြောင့် ကျွန်တော်တို့ review ပြန်လုပ်ဖို့ လိုမယ်ဆိုပြီး ဖြုတ်ထားလိုက်ပါတယ်။ နောင် အသစ်ထွက်မယ့် သံလွင်အိပ်မက်မှာတော့ စကားဝိုင်းကဏ္ဍ ပြန်ပါကောင်း ပြန်ပါလာပါမယ်။

သံလွင်.com မှာ ကျွန်တော် Subdomain သုံးခု ဖန်တီးထားတယ်။

၁) thanlwinainmat.thanlwin.com
အဲဒီကို သွားလိုက်ရင် သံလွင်အိပ်မက် မျက်နှာဖုံး စာမျက်နှာကို တန်းရောက်သွားပါမယ်။ သံလွင်.com ကို နှိပ်ပြီး အဲဒီကတဆင့် သံလွင်အိပ်မက်ကို ဖတ်ရတာနဲ့ အတူတူပါပဲ။

၂) blogs.thanlwin.com
အဲဒီမှာ ကျွန်တော် လက်လှမ်းမီသလောက် သူငယ်ချင်း ဘလော့ဂါတွေရဲ့ ဘလော့ Feed တွေကို Subscribe လုပ်ထားပါတယ်။ ဆိုတော့ သူတို့ ဘလော့တွေမှာ ပို့စ်အသစ်တင်တိုင်း အဲဒီက တဆင့် တထိုင်ထဲ ဖတ်နိုင်ပါတယ်။ မိမိ ဘလော့ Feed ကို တင်ချင်တဲ့ သူငယ်ချင်းများ thanlwinainmat@gmail.com သို့မဟုတ် nyinyiprogrammer@gmail.com ကို ဆက်သွယ် စာရင်းပေးနိုင်ပါတယ်။

၃) news.thanlwin.com
ဒါကတော့ Yahoo, Google က News မှာ Keywords "Myanmar, Burma" စသဖြင့် ရိုက်ရင် ထွက်လာမယ့် သတင်းတွေ၊ ပြီးတော့ Mizzima, ဒေါက်တာလွဏ်းဆွေ , မိုးမခ စတဲ့ မြန်မာ့သတင်းမီဒီယာတွေ သတင်းအသားပေး ဘလော့တွေက Feed တွေကို တထိုင်ထဲ ဖတ်နိုင်ပါတယ်။ ဟိုသွားဖတ်လိုက် ဒီသွားဖတ်လိုက် အလုပ်မရှုပ်တော့ပါဘူး။

သံလွင်ဒေါ့ကွန်းနဲ့ သံလွင်အိပ်မက်မှာ အားနည်းချက်တွေ၊ လိုအပ်ချက်တွေ အများကြီး ရှိမှာပါ။ ဒါကို နားလည်ပေးကြဖို့နဲ့ အားနည်းချက်တွေ လိုအပ်ချက်တွေကို ထောက်ပြဝေဖန် အကြံပေးကြဖို့ ပန်ကြားလိုပါတယ်။

သံလွင်အိပ်မက်ကတော့ မရပ်မနား တသွင်သွင်စီးဆဲပါ။ ခင်ဗျားတို့ စူးစူးစိုက်စိုက် နားစွင့်ကြည့်တဲ့အခါ "သံလွင်ကို အိပ်မက်တဲ့အခါ ကျွန်တော်တို့ရဲ့ တေးသွားကို ကြားရပါလိမ့်မယ်.... "

သံလွင်ဒေါ့ကွန်း၊ သံလွင်အိပ်မက်နဲ့ ကျွန်တော်

ဒီရက်ပိုင်း ကျွန်တော် အလုပ်များနေလို့ ဘလော့ဂ်ဘက်ကို သိပ်မလှည့်ဖြစ်တဲ့ အတွက် ဘလော့ဂ်ကို လာတဲ့သူတွေ အတွက် အသစ်ဖတ်စရာ ရှားပါးနေရတာကို အားနာမိပါတယ်။ လတ်တလော ကျွန်တော် ပရောဂျတ် သုံးခု တပြိုင်တည်း လုပ်နေပါတယ်။ သံလွင်ဒေါ့ကွန်း၊ သံလွင်အိပ်မက်နဲ့ နောက်တစ်ခုပါ (ဒါကတော့ သိပ်ပီပီပြင်ပြင်မလုပ်ရသေးတဲ့အတွက် ထုတ်မပြောသေးပါဘူး။ သြဂုတ် သို့ စက်တင်ဘာလောက်တော့ ပြီးမယ် မှန်းပါတယ်)။ ဟိုးအရင်က သံလွင်ဒေါ့ကွန်းကို SG based Web Portal အနေနဲ့ အရင် စလုပ်ခဲ့ပြီး သံလွင်အိပ်မက်ကို သံလွင်ဒေါ့ကွန်းရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပြုလုပ်ခဲ့ရာက နောက်ပိုင်းမှာ သံလွင်အိပ်မက်ကိုပဲ အားစိုက်လုပ်ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ သံလွင်ဒေါ့ကွန်း မှေးမှိန်သွားပြီး ခဏတာ ပိတ်ထားခဲ့ပါတယ်။ အခုတော့ သံလွင်ဒေါ့ကွန်းကို သွားတာနဲ့ သံလွင်အိပ်မက်ကို ရောက်သွားမှာပါ။ မကြာခင်ကာလမှာတော့ သံလွင်ဒေါ့ကွန်း ပြန်လာပါမယ်။ သံလွင်ဒေါ့ကွန်းကို မကြာခင်ထွက်မယ့် သံလွင်အိပ်မက် အတွဲ ၂ အမှတ် ၂ နဲ့အတူ သို့မဟုတ် အနည်းငယ်စောပြီး release လုပ်ပါမယ်။

သံလွင်ဒေါ့ကွန်းမှာ ဘာတွေပါလာမလဲဆိုရင် ပုံမှန် web portal တွေမှာ ပါနေကျအတိုင်း ဖိုရမ်ပါမယ်။ သံလွင်စကားဝိုင်းကို သံလွင်အိပ်မက်ဘလော့ကနေ ဖိုရမ်ကို ရွေ့ပါမယ်။ ဧည့်စာအုပ် (Guestbook) ပါမယ်။ သတင်းတွေ ပါမယ်။ အဆင်သင့်ရင် သင့်သလို သတင်းတွေကို update လုပ်သွားမှာပါ။ ပြီးတော့ News Feed ပါမယ်။ အဲဒါက မြန်မာပြည်နဲ့ ပတ်သက်တဲ့ သတင်းတွေကို RSS Feed ပေးတဲ့ နေရာတွေကနေ အလိုလို လှမ်းဆွဲပြီး ပြမှာပါ။ သဘောက Google News သွားလိုက် Yahoo News သွားလိုက် လုပ်ပြီး Myanmar, Burma စတဲ့ Keyword တွေနဲ့ တကူးတက သွားဖတ်စရာ မလိုတော့ပါဘူး။ အဲလိုသတင်းတွေကို ဖတ်လို့ ရအောင် http://news.thanlwin.com ဆိုပြီး sub-domain တစ်ခု ဖန်တီးပေးသွားမှာပါ။ ဒီ News Feed မှာ ပါမယ့် နောက်တစ်ခုက Myanmar Blog Feed ပါ။ ကျွန်တော်တို့ကို စာရင်းပေးထားမယ့် မြန်မာဘလော့ရဲ့ ပို့စ်တွေကို ပို့စ်အသစ်တင်တာနဲ့ သူ့အလိုလို ဖော်ပြပေးပါမယ်။ စိတ်ပါဝင်စားသူ ဘလော့ဂါများ ဒီပို့စ်ရဲ့ ကွန်မန့်မှာ ဘလော့လိပ်စာ ထားခဲ့ပေးပါ။ လောလောဆယ်တော့ သတင်းတွေနဲ့ ဘလော့တွေကို ရောထားပါတယ်။ နောက်ပိုင်းမှာတော့ ဘလော့တွေ သိပ်များလာရင် သက်သက်စီခွဲထားဖို့ စဉ်းစားထားပါတယ်။ subdomain ကိုလည်း http://blogs.thanlwin.com ဆိုပြီး လုပ်မယ်လို့ တွေးထားပါတယ်။ နောက်တစ်ခုက Today in History ဆိုတဲ့ စိတ်ဝင်စား စရာ ကဏ္ဍပါ။ ဒီနေ့ဟာ သမိုင်းက ဘယ်လိုနေ့စွဲမျိုးလဲ ဆိုတာ ကြည့်လို့ရပါတယ်။ ကမ္ဘာပေါ်က အထင်ကရနေ့စွဲတွေနဲ့အတူ မြန်မာပြည်နဲ့ သက်ဆိုင်တဲ့ အထင်ကရ နေ့စွဲတွေကို တဖြည်းဖြည်းချင်း update လုပ်သွားပါမယ်။ ဥပမာ - ၇ ဇူလိုင်၊ ၁၉ ဇူလိုင်၊ ဖေဖော်ဝါရီ ၁၂၊ သြဂုတ် ၈ စသဖြင့်ပေါ့။ နောက်ကဏ္ဍတစ်ခုက Web Links ပါ။ ဒါကတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ web site တွေ၊ ပညာရေး၊ ဘာသာရေး၊ ဂီတ၊ သတင်း စသဖြင့် အသုံးဝင်နိုင်မယ့် web site တွေကို Web Directory တစ်ခု ဖန်တီးထားမှာပါ။ နောက်ဆုံး ကဏ္ဍကတော့ မြန်မာတွေအတွက် Yellow Pages ပါ။ ဒေါ်သန်းသန်းနုဆိုင် ဖုန်းနံပါတ်ပေးပါဦး။ စင်းမြန်မာ လိပ်စာသိလား။ မော်လမြိုင်ကို ငွေလွှဲနှုန်းမေးမလို့ ဖုန်းနံပါတ်ရှိလား စတဲ့ မေးခွန်းတွေအတွက် ပြည်ပရောက် မြန်မာတွေရဲ့ စီးပွားရေး လုပ်ငန်းတွေကို Yellow Pages မှာ ဖော်ပြပေးပါမယ်။ လောလောဆယ်တော့ စင်္ကာပူကို အဓိကထားပြီး နောက်ပိုင်း တဖြည်းဖြည်း တိုးချဲ့သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။

သံလွင် အတွဲ ၂ အမှတ် ၂ ကိုတော့ ဂျူလိုင်လထဲမှာ ထုတ်ဝေနိုင်ဖို့ ကျွန်တော်တို့တွေ ကြိုးစားနေကြပါတယ်။ စာမူပေးပို့သူများ အားလုံးကို ကျေးဇူးတင်ပါတယ်။ ထပ်မံပြီး စာမူပေးပို့လိုသူတွေ အနေနဲ့ ဇူလိုင် ၇ ရက်နေ့ နောက်ဆုံးထားပြီး thanlwinainmat@gmail.com ကို ပေးပို့နိုင်ပါတယ်။ သံလွင်ကို အသွင်ပြောင်းတဲ့အနေနဲ့ အတွဲ ၂ အမှတ် ၁ ဆိုပြီး ကျွန်တော်တို့ လုပ်ခဲ့တာကို မှတ်မိကြမှာပါ။ အခု သံလွင် အတွဲ ၂ အမှတ် ၂ .. (ကျွန်တော်တို့ ခေါ်ကြတဲ့ Code name ကတော့ သံလွင် 2.2 ) ကိုတော့ သံလွင်ဒေါ့ကွန်းမှာ တပါတည်း ထည့်သွင်းမှာပါ။ ဘလော့တွေမှာလိုပဲ စာဖတ်သူတွေရဲ့ အမြင်တွေကို ဖော်ပြနိုင်မယ့် ကွန်မန့်တွေပါလာမယ့်အပြင် အယ်ဒီတာတွေရဲ့ ကွန်မန့်တွေ သီးခြားပါလာမယ်။ Vote/Rating ပေးလို့ ရမယ်။ Favourite အနေနဲ့ ပေးလို့ရမယ်။ ဖတ်ပြီး ကြိုက်နှစ်သက်ရင် Del.icio.us မှာ သိမ်းလို့ ရမယ်။ ဒါမှ မဟုတ် သူငယ်ချင်းမိတ်ဆွေတွေဆီကို အီးမေးလ်ပို့ပြီး ဝေငှနိုင်မယ်။ Printer Friendly Version နဲ့ Print ထုတ်ပြီး သိမ်းထားလို့ရမယ်။ အဲလိုမဟုတ်ဘဲ soft copy နဲ့ လိုချင်ရင် Pdf version ထုတ်လို့ ရမယ်။ Rate အများဆုံး၊ လူအဖတ်အများဆုံး၊ ကွန်မန့်အများဆုံး စတဲ့ statistics တွေကိုလည်းကြည့်နိုင်မယ်။ ဒီတော့ လာမယ့် သံလွင် အတွဲ ၂ အမှတ် ၂ ဟာ ကျွန်တော်တို့ သံလွင်အိပ်မက် အဖွဲ့အတွက် တကယ့်ကို breakthrough ပါ။ အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်။ မကြာခင်တော့ စာဖတ်သူတွေ ရှေ့မှောက်ကို အရောက်ပို့ပေးနိုင်မှာပါ။

ည ၂ နာရီ ၃ နာရီအထိ မအိပ်ဖြစ်ဘဲ ဒီပရောဂျတ်တွေထဲ နစ်နေလို့ အိပ်ရေးပျက်တဲ့ ရက်တွေ များနေပါပြီ။ ဒါပေမယ့် သံလွင်ဒေါ့ကွန်းရဲ့ အောင်မြင်မှု၊ သံလွင်အိပ်မက်ရဲ့ အောင်မြင်မှုကို မဝေးတော့တဲ့ အချိန်မှာ တွေ့ရတော့မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ... ။

အမှတ်တရ နေဘုန်းလတ်

ဟနေတဲ့ သံတိုင်တွေကြား
စိတ်ကို အလျားလိုက် ထိုးသွင်းလိုက်တော့
အမှောင်ထဲမှာ ထိုင်နေတဲ့
လူနာဆောင် အမှတ်ခြောက်ကို တွေ့တယ်
ဒါပေမယ့် အန်တွန်ချက်ကော့မဟုတ်ဘူး

အရိပ်တွေ သေနေတဲ့ နံရံအက်ကြောင်းတွေ ကြားက
ပါးလျလျ အလင်းတစအောက်
လွတ်လပ်မှုတွေ ခေါက်အသိမ်းခံထားရ
စစ်နဲ့ ငြိမ်းချမ်းရေး .. မင်း ဘာရွေးမလဲမေးရင်
ငြိမ်းချမ်းရေးတွေချည်း ချချရေးနေတယ်
ဒါပေမယ့် တော်စတွိုင်း မဟုတ်ဘူး

သိလိမ့်မယ် သူနဲ့ စကားပြောကြည့်ရင်
သူနဲ့ သိလိမ့်မယ် ဂစ်တာအတူတီးကြည့်ရင်
အမှန်တရားအတွက် သိလိမ့်မယ် ယုံကြည်မှုအတွက်
ဘာကြောင့် သူ ခရီးထွက်ခဲ့သလဲ ဆိုတာ သိလိမ့်မယ်
ဒါပေမယ့် မာယာကော့စကီးမဟုတ်ဘူး

ဒီလိုနဲ့ တအားအားအော်တတ်တဲ့ ကျီးကန်းတွေ များလာပြီ
ဒီလိုနဲ့ တ၀ုတ်ဝုတ်ဟောင်တတ်တဲ့ ခွေးတွေ များလာပြီ
ဒီလိုနဲ့ မကြာခင် ၀ဋ်လည်ပါလိမ့်မယ်
မျက်မှန်တစ်လက်ရဲ့ နောက်ကွယ်က ယုံကြည်မှုတွေကို ဆွဲဖွင့်လိုက်
ပိုက်ထဲမှာ ခင်ဗျားတို့အကြိုက် မုသာဝါဒတွေ ငြိပါ မလာဘူး
ဒါ ဖျတ်ကနဲ ခဏလာတဲ့ မီးမဟုတ်ဘူး
ဒါ လက်ကနဲ ခဏလင်းတဲ့ ကြယ်မဟုတ်ဘူး
ဒါ ဖျောက်ကနဲ ခဏရွာတဲ့ မိုးမဟုတ်ဘူး
ကဗျာဆရာကို ဖမ်းလို့ရမယ်
ူသူရေးတဲ့ ကဗျာကို ဖမ်းလို့ မရဘူး
ဘလော့ဂါကို ဖမ်းလို့ရမယ်
သူရေးတဲ့ ဘလော့ကို ဖမ်းလို့ မရဘူး
ဒီလိုပဲ..
နေဘုန်းလတ်ကို ဖမ်းလို့ရမယ်
သူသမိုင်းသူရေးတဲ့ နေဘုန်းလတ်ကို မင်းတို့ တသက်လုံး ဖမ်းလို့ ရမှာ မဟုတ်ဘူး

ဒါပေမယ့် အန်တွန်ချက်ကော့ မဟုတ်ဘူး
ဒါပေမယ့် တော်စတွိုင်း မဟုတ်ဘူး
ဒါပေမယ့် မာယာကော့စကီး မဟုတ်ဘူး
ဒါပေမယ့် နေဘုန်းလတ် ဟုတ်တယ်
ဒါပေမယ့် ဒီနေ့ သူ့မွေးနေ့ ဟုတ်တယ်
ဒါပေမယ့် စောက်ရေးမပါဘူးကွာ
ဒါပေမယ့် နေဘုန်းလတ်ရေ မြို့စားကြီးရေ
ဒါပေမယ့် မင်းအတွက် ငါဆဲမိပြီ .. #@$%!
ဒါပေမယ့် မင်း အမြန်လွတ်ဖို့ ငါဆုမတောင်းဘူး
ဒါပေမယ့် မင်းကို အမြန်လွှတ်ဖို့ ငါတောင်းဆိုမယ်
ဒါပေမယ့် ဓာတ်ပုံရိုက်ဖို့ ငါတို့သွားတုန်းက ဖြတ်ရတဲ့ Merlion Park နားက တံတားပေါ်ကို ညနေကရောက်သေးတယ်
ဒါပေမယ့် မင်းကို သတိရဖြစ်အောင် ရဖြစ်လိုက်သေးတယ်
ဒါပေမယ့် ဒီနေ့ မင်းအတွက် ကုသိုလ်ဒါနလုပ်တဲ့သူတွေအကြောင်း ဘလော့တွေမှာ ဖတ်ရတယ်
ဒါပေမယ့် မင်းမပါတဲ့ မွေးနေ့ပွဲတွေက အသံတိတ်ဇာတ်ကားတွေ ကြည့်ရသလိုပဲ
ဒါပေမယ့် ငါတို့ နက်ဖြန် ကိတ်မုန့်ခွဲမယ်
ဒါပေမယ့် မင်းအတွက် အမှတ်တရပါပဲကွာ။

ခေလွန်း

Change We Believe In

In recent days, I used to hear success stories and news of those I have been following.

Being a loyal fan of Red devils, the name given by media to Manchester United Footballers, I feel astonishingly terrific for winning two major trophies in 2007-2008 season: Premiership Trophy and Champions League Trophy. I had never missed a match of every Premiership soccer matches played by Man U in this season. During Champions League Final, I watched until 5am till the end of deadly penalty kick out and award presenting ceremony. I recalled I had to get up again at 8am to go to work with red and sleepy eyes. Man U Football Club is made up of many talented youth players and they deserve more victories in years to come.

The world renowned American Idol Programme was just over and the winner was David Cook whom my wife and I had been supporting. My favourite songs by David Cook were "Hello", pop song by Lionel Richie, "I don't wanna miss a thing", rock song by Aerosmith and "Hero", a duet song with runner-up David Archuleta. It is originally a soundtrack by Chad Kroeger from blockbuster Spiderman movie. Despite not winning American the Idol, Kristy Lee was the one who sang the song I like most, "God Bless USA", in this year programme. It is about a US civilian being proud of heroes who fight for human rights, freedom and Independence of America. While others are proud of their accomplishments, we Burmese are losing face in International Community because of our inhumane government.

Democrats and Republicans have finally come out with their candidates for upcoming US presidential election. John McCain, a 71 years old Vietnam War veteran, was emerged as the presidential candidate for Republican Party. Democrats' candidate, Barack Obama, an African American senator, is the one I admire and support in this general election. He defeated his rival, Hilary Clinton, the former first lady of US, after their tough battles for five consecutive months. It is very likely he may also overcome his opponent of Republican, John McCain, in the forthcoming presidential election in this year end. The phrase from his inspirational speech of 2004 election campaign exclaims, "There is no liberal America. There is no conservative America. There is only United States of America." The slogan of the election campaign led by Obama is "Change We Believe In". Certainly, Americans are ready for change to disastrous policies of Bush administration.

Being a faithful supporter of our national leader, Daw Aung San Su Kyi, I am eager to make ourselves ready for change to let her take a leadership role in Burmese Government. I sincerely hope and suppose we are going to see her victory against dictators soon before the end of 2008. Her supporters are not divided by fans of Man U, Chelsea, Liverpool or Arsenal. Her followers are not divided by admirers of David Cook, David Archuleta or Jason. Her devotees are not divided by supporters of McCain, Hilary or Obama. Apart from those who fear to lose power and suppress the people, all of us are supporting Daw Su exclusively for her bravery and love towards the people of Burma. Whatever it is, the only unchanged universal truth is the Change in this Changing World. Last but not least, the change we believe in is the change of Democratic Burma from the foolish tyranny.

Nyi Nyi (Thanlwin)

တို့တတွေ ယုံကြည်တဲ့ အပြောင်းအလဲ

အခုတလော ကျွန်တော် အားပေးထောက်ခံသူများ၏ အောင်မြင်မှုတွေကို မြင်ရကြားရ သတင်းများမှ တဆင့်ဖတ်နေရသည်။

သရဲနီများ (Red Devils)ဟု နာမည်တွင်သည့် မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်း၏ ပရိသတ်တစ်ဦးဖြစ်သူ ကျွန်တော့်အတွက် ၂၀၀၇-၂၀၀၈ ဘောလုံးရာသီတွင် အင်္ဂလန်ပရီးမီးယားဖလား သာမက ချန်ပီယံလိဂ်ဖလားကိုပါ မန်ယူအသင်းမှ ရယူနိုင်ခဲ့ခြင်းကြောင့် အတိုင်းမသိ ပီတိဖြစ်ရသည်။ ပြီးခဲ့သည့် ဘောလုံးရာသီအတွင်း မန်ယူအသင်းကန်သမျှ ပရီးမီးယားပွဲစဉ် အားလုံးကို ကြည့်ဖြစ်ခဲ့သည်။ ချန်ပီယံလိဂ်ဖိုင်နယ်ကိုတော့ ပြိုင်ဘက် ချယ်ဆီးလ်အသင်းနှင့် ပင်နယ်တီကန်ပြီး ဆုဖလားကြီး ယူသည် အထိ ထိုင်ကြည့်နေသဖြင့် မနက် ၅ နာရီမှ အိပ်ရာဝင်ကာ ၈ နာရီမှာ ပြန်ထပြီး အိပ်ရေးမ၀သော မျက်လုံး နီနီဖြင့် ရုံးသို့ သွားခဲ့သည်ကို မှတ်မိသေးသည်။ လူငယ်အများစုနှင့် ဖွဲ့စည်းထားသည့် မန်ယူအသင်းသည် လာမည့် နှစ်တွင် ယခုထက်ပိုမိုသော အောင်မြင်မှုများ ရရန် အလားအလာ ရှိနေသည်။

ယခုနှစ်အတွက် ကမ္ဘာတ၀ှမ်းလုံးနီးပါး အားပေးကြသော American Idol အစီအစဉ်တွင် ကျွန်တော်ရော ကျွန်တော့်ဇနီးပါ အားပေးသည့် David Cook မှ ပြိုင်ဘက်များ အားလုံးကို ကျော်ဖြတ်ကာ အောင်မြင်မှု ရခဲ့သည်။ ပေါ့ပ်သီချင်း အေးအေးလေး ဖြစ်သော Lionel Richie ၏ Hello သီချင်းကို ရော့ခ်သီချင်း တစ်ပုဒ်အဖြစ် အသွင်ပြောင်းခဲ့တာ... Aerosmith ၏ နာမည်ကြီး သီချင်းဖြစ်သော I don't wanna miss a thing ကို တမူထူးအောင် version ပြောင်း သီဆိုခဲ့တာ ကျွန်တော့် အကြိုက် Spiderman ရုပ်ရှင်မှ Chad Kroeger သီဆိုသည့် Hero သီချင်းကို ဒုတိယရသွားသည့် David Archuleta နှင့် အတူ တွဲဆိုခဲ့တာတွေကို အကြိုက်ဆုံး ဖြစ်သည်။ ဆုမရခဲ့ပေမယ့် ယခုနှစ် American Idol အစီအစဉ်တွင်တစ်ခုလုံးတွင် အကြိုက်ဆုံး သီချင်းကတော့ Kristy Lee သီဆိုသည့် God bless USA ဖြစ်သည်။ အမေရိကန်လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့သော သူရဲကောင်းများကြောင့် လွတ်လပ်ပြီး လူ့အခွင့်အရေးအပြည့်ရသည့် အမေရိကန် နိုင်ငံသားဖြစ်ရတာ ဂုဏ်ယူသည့်အကြောင်း ရေးထားသည့် သီချင်းဖြစ်သည်။ ကျွန်တော်တို့ မြန်မာတွေကတော့ လူစိတ်ကင်းမဲ့သည့် အာဏာရှင်အစိုးရကြောင့် ကမ္ဘာ့အလယ်တွင် မျက်နှာငယ်နေရသည်။

အမေရိကန်သမ္မတရွေးကောက်ပွဲအကြို သမ္မတလောင်းများ ရွေးချယ်ရန် အတွက် ဒီမိုကရက်နှင့် ရီပဘလီကန်ပါတီများက ရွေးချယ်ရာတွင် ရီပဘလီကန်ပါတီမှ အရွေးခံရသော ဗီယက်နက်စစ်ပြန် ၇၁ နှစ်အရွယ် မက်ကိန်းနှင့် ယှဉ်ပြိုင်ရန် ရွေးချယ်ခြင်းခံရသူမှာလည်း ကျွန်တော် သဘောကျသည့် အာဖရိကန် အမေရိကန် တစ်ဦးဖြစ်သူ ဘားရက်အိုဘားမား ဖြစ်နေပြန်သည်။ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်၏ ဇနီးဖြစ်သူ ဟီလာရီကလင်တန်နှင့် ငါးလကြာ အကြိတ်အနယ် ယှဉ်ပြိုင်ပြီးသည့်နောက် ဒီမိုကရက်ပါတီမှ ယှဉ်ပြိုင်မည့် သမ္မတလောင်းအဖြစ် ရွေးချယ်ခြင်းခံခဲ့ရပြီ ဖြစ်သည်။ နှစ်ကုန်ပိုင်းတွင် ကျင်းပမည်ဖြစ်သော လာမည့် သမ္မတရွေးကောက်ပွဲတွင် ရီပဘလီကန်မှ မက်ကိန်းကို ကျော်ဖြတ်ကာ အမေရိကန်၏ ပထမဆုံး လူမည်း သမ္မတဖြစ်လာရန် အလားအလာ များလျက် ရှိသည်။ (စကားချပ်။ ။အိုဘားမား ရေးသည့် စာအုပ်ဖြစ်သော Audacity of Hope အသံဖမ်းစာအုပ်မှ mp3 ဖိုင်များကို လိုချင်သူများ ရှိပါက ကွန်မန့်တွင်ရေးထားခဲ့နိုင် ပါသည်။ လိုချင်သူများရှိပါက မကြာမီ ပို့စ်တစ်ခုအနေဖြင့် ဝေမျှ ပေးပါမည်။) ၂၀၀၄ ခုနှစ် ရွေးကောက်ပွဲအတွင်း ဒီမိုကရက်ပါတီအတွက် ထိုစဉ်က အထက်လွှတ်တော် အမတ်တစ်ဦးဖြစ်သူ အိုဘားမား ပြောခဲ့သော မိန့်ခွန်းမှ ကျွန်တော် အနှစ်သက်ဆုံး စကားကတော့ ... "There is no liberal America. There is no conservative America. There is only United States of America." ဖြစ်သည်။ ယခု ရွေးကောက်ပွဲအတွက် အိုဘားမားဦးဆောင်သည့် ကန်ပိန်းအဖွဲ့၏ ဆောင်ပုဒ်က "တို့တတွေ ယုံကြည်တဲ့ အပြောင်းအလဲ" (Change We Believe in) ဖြစ်သည်။ သမ္မတဘုရှ်၏ အောင်မြင်မှုမရှိသည့် ပေါ်လစီများကို တွန်းလှန်ရန် အမေရိကန်တွေကတော့ အပြောင်းအလဲအတွက် အသင့်ဖြစ်နေကြပါပြီ။

ကျွန်တော်တို့ မြန်မာတွေလည်း ကျွန်တော်တို့ ထောက်ခံအားပေးသည့် အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံ့ခေါင်းဆောင် အဖြစ် တင်မြှောက်နိုင်ရန် အပြောင်းအလဲ အတွက် အသင့်ဖြစ်စေချင်ပြီ။ ပြည်သူများအတွက် စစ်အာဏာရှင်များကို ရဲရဲရင့်ရင့် ရင်ဆိုင်နေသော ဒေါ်စု၏ အောင်မြင်မှုများကိုတော့ ၂၀၀၈ မကုန်မီ တွေ့ရလိမ့်ဦးမည်ဟု ယုံကြည်မျှော်လင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဒေါ်စုကို အားပေးသူ မြန်မာများတွင် မန်ယူ၊ ချယ်လ်ဆီး၊ လီဗာပူး၊ အာဆင်နယ် ပရိသတ် စသဖြင့် မကွဲပါ။ David Cook .. David Archuleta .. Jason တို့ကို အားပေးသူ ဆိုပြီး မကွဲပါ။ မက်ကိန်း၊ ဟီလာရီ၊ အိုဘားမား ဆိုပြီးလည်း ထောက်ခံသူတွေ မကွဲပါ။ အာဏာမက်သူ မတရားမှုကို ခုံမင်သူတစ်စုမှ လွဲပြီး ကျွန်တော်တို့ အားလုံး တသွေးတည်း တသားတည်း ဒေါ်စုကို အားပေးထောက်ခံနေပါသည်။ ဘာပဲ ဖြစ်ဖြစ် အပြောင်းအလဲများသည့် ကမ္ဘာတွင် မပြောင်းမလဲ ရှိနေမည်ကတော့ အပြောင်းအလဲတရားသာ ဖြစ်သည်။

ညီညီ(သံလွင်)

အကြင်နာတွေနဲ့ဖေးကူပါ

"အကြင်နာတွေနဲ့ဖေးကူပါ" သီချင်းကို ကျွန်တော့်ဘလော့မှတဆင့် ဝေငှထားခြင်းအား ကိုခင်မောင်သန့် (IC) မှ ခေတ္တ ရပ်ဆိုင်းပေးပါရန် တောင်းဆိုလာသောကြောင့် သီချင်းဖန်တီးသည့်သူများကို လေးစားသည့်အနေဖြင့် အထက်ပါသီချင်းကို ဝေမျှခြင်းမှ ခေတ္တ ရပ်ဆိုင်းထားပါတယ်။ စိတ်အနှောင့်အယှက် တစုံတရာဖြစ်စေခဲ့မယ်ဆိုရင် ကျွန်တော့် အပြစ်သာဖြစ်ကြောင်း ဒီကနေ တောင်းပန်လိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

သူငယ်ချင်း တေဇသို့ ပေးစာ

ငါတို့ ပြန်မတွေ့ကြတော့တာ ဆယ်တန်းအောင်ပြီး ငါလဲ စင်္ကာပူရောက် မင်းလဲ တပ်မတော်ထဲ ၀င်သွားကတည်းက ဆိုပါတော့။ သြော်.. ငါ လွန်ခဲ့တဲ့ သုံးလေးနှစ်က ပြန်လာဖြစ်တုန်း မင်းနဲ့ ခဏတဖြုတ် တွေ့ဖြစ်သေးတာကလွဲရင်ပေါ့။ သူငယ်ချင်း မင်း အခု အချိန်မှာ ဗိုလ်ကြီး ဖြစ်ကောင်းဖြစ်နေမယ်.. ဒါမှ မဟုတ် ဗိုလ်မှူးဖြစ်ကောင်းဖြစ်နေမယ်။ ငယ်ငယ်ကလိုပဲ စွန့်စားချင်တဲ့စိတ်၊ မတရားမှုတွေကို ခေါင်းငုံ့မခံချင်တဲ့စိတ်တွေ မင်းမှာ ရှိနေဦးမယ်လို့ ငါမျှော်လင့်ပါတယ်။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ချုပ်အောင်ဆန်း (ဗိုလ်တေဇ) လို တချိန်မှာ ဖြစ်လာဖို့ မျှော်လင့်ချက်တွေနဲ့ မင်းမိဘတွေက မင်းနာမည်ကို တေဇလို့ မှည့်ခဲ့တာ မဟုတ်လား။ ဗိုလ်တေဇက တိုင်းပြည်ကို နယ်ချဲ့အောက်က လွတ်လပ်ဖို့ ကြိုးစားခဲ့သလို မင်းတို့တပ်မတော်သားတွေလည်း တိုင်းပြည်ကို အာဏာရှင် တစ်စုက လွတ်အောင် ကြိုးစားပေးနိုင်ရင် ပြည်သူတရပ်လုံးက မင်းတို့ အပေါ် ပြန်ပြီး အမြင်တွေ ကြည်လာမယ်လို့ ငါထင်တယ် သူငယ်ချင်း။

ငါတို့ အရွယ်ရောက်ချိန် မတိုင်ခင်ကတည်းက တိုင်းပြည်မှာ ဖြစ်နေခဲ့တဲ့ အခြေအနေတွေ ငါတို့ အရွယ်ရောက်ပြီး လတ်တလော ဖြစ်နေတဲ့ အခြေအနေတွေ ဒါတွေကို ငါသိသလို မင်းလည်း သိမှာပါ။ ဦးနှောက်အဆေးခံရပြီး လူစိတ်လည်း ပျောက် ဘီလူးစိတ်တွေ ပေါက်နေတဲ့ လူရိုင်းသူရိုင်းတွေက တိုင်းပြည်ကို မွဲပြာကျအောင် လုပ်ရုံမက အမျိုး၊ ဘာသာ၊ သာသနာကို ဖျက်ဆီး နေကြပြီ သူငယ်ချင်း။ ဇာတ်တူသားတွေ စားကြပြီး ဟင်္သာကိုးသောင်းပျက်ကြရတဲ့ အဖြစ်ကို မမေ့ပါနဲ့။ လွတ်လပ်ရေး မတိုင်ခင်နဲ့ ရပြီးကာစက ပြည်သူတွေ လေးစားချစ်ခင်ခဲ့တဲ့ ဗိုလ်တေဇတည်ထောင်ခဲ့တဲ့ တပ်မတော်ဟာ အခုဆိုရင် အာဏာရှင်တွေရဲ့ လက်ကိုင်တုတ် ဖြစ်နေခဲ့ပြီ။ အာဏာရှင်တွေ ထိုင်ခုံမြဲအောင် မင်းတို့ကို သာမန်ထက် ပိုမိုတဲ့ လုပ်ပိုင်ခွင့်တွေ၊ တရားဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခွင့်တွေ၊ ပြည်သူတွေကို ဗိုလ်ကျ အနိုင်ကျင့်ခွင့်တွေ ပေးထားတာကို သာယာပြီး တပ်မတော်သည် တိုင်းပြည်ကို အန္တရာယ်အပေါင်းမှ ကာကွယ်စောင့်ရှောက် နေပါသည်ဆိုပြီး ပြောတတ်တဲ့ အပြောတခြား အလုပ်တခြား လူစားမျိုး မင်း မဖြစ်ပါစေနဲ့ သူငယ်ချင်း။ တပ်မတော်ရဲ့ ဂုဏ်သိက္ခာဟာ တစတစ ပျက်စီးလာနေပြီလို့ ငါ ပြောရင် မင်း ငြင်းမလား။ မင်းတို့ကို လက်ကိုင်တုတ်လို အသုံးချပြီး သံဃာတွေကို သတ်၊ ပြည်သူတွေကို သတ်နေတဲ့ အာဏာသိမ်းစစ်အစိုးရတစ်ရပ်အပေါ် မင်းတို့တွေ သစ္စာစောင့်သိဖို့ မလိုအပ်တော့ဘူး။ တိုင်းပြည် တိုးတက်ကောင်းစားရေးကို လိုလားတဲ့ ဘယ် မျိုးချစ်တပ်မတော်သားမဆို ဒီ အာဏာရှင်စနစ်ကို ချေမှုန်းဖို့ လိုနေပြီဆိုတာ သိကြမှာပါ။ ကုန်ဈေးနှုန်းတွေ အဆမတန်တက်ပြီး အောက်ခြေအဆင့် အရာရှိ အရာခံတပ်သားတွေ အစိုးရ၀န်ထမ်းတွေ အခြေခံလူတန်းစားတွေ ဘယ်လောက် ဆင်းဆင်းရဲရဲ ကျပ်ကျပ်တည်းတည်း ရုန်းကန်နေရတယ်ဆိုတာ အဝေးမှာရောက်နေတဲ့ ငါ့ထက် မင်းက ပိုပြီး သိမှာပါ။ အခုလို တိုင်းပြည်ချွတ်ခြုံကျပြီး ကမ္ဘာ့အလယ်မှာ မျက်နှာငယ်နေရတာဟာ စစ်အာဏာရှင်စနစ်ရဲ့ မှားယွင်းတဲ့ အုပ်ချုပ်ပုံတွေကြောင့်ပဲ သူငယ်ချင်း။

ပြည်သူ့အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးဆိုတာ တက္ကသိုလ်တွေမှာ မေဂျာတစ်ခုအဖြစ် အသေအချာ လေ့လာသင်ယူရတဲ့ ဘာသာရပ်တွေပါ သူငယ်ချင်း။ တိုင်းပြည် အုပ်ချုပ်ရေးဆိုရာမှာလည်း တကယ့်ကို အတွေ့အကြုံရင့်ကျက်ပြီး တတ်ကျွမ်းနားလည်သူတွေကသာ အသေအချာ စီမံရတာပါ။ ဒါတွေကို သေချာနားမလည်ဘဲ တတ်ယောင်ကားနဲ့ ခုန်ပျံကျော်ဖြတ်ပြီး ရလာတဲ့ နေရာကနေ လက်ညှိုးညွန်ရာ ရေဖြစ်အောင် လုပ်လို့ မရပါဘူး။ သက်ဆိုင်ရာ ရာထူး အဆင့်အလိုက် ဆုံးဖြတ်ခွင့် လုပ်ပိုင်ခွင့်တွေ ပေးထားဖို့ လိုတယ်။ တိုင်းပြည်အာဏာသည် ဗိုလ်ချုပ်မှူးကြီးထံမှ တဆင့် စီးဆင်းသည်ဆိုပြီး လုပ်လို့ မရပါဘူး။ အခုက လေလည်တာတောင် အထက်က ခွင့်ပြုမိန့်ကို စောင့်နေရတဲ့ အခြေအနေပဲ သူငယ်ချင်း။ ဆိုက်ကားတောင် မနင်းတတ်နင်းတတ်နဲ့ နင်းတဲ့အခါ မှောက်နိုင်တာ မင်းသိမှာပါ။ ငါ နားလည်တာက တပ်မတော်ဟာ တိုင်းပြည်ကို ပြည်ပက မတရားကျူးကျော်လာမယ့် ရန်ကို တွန်းလှန်ဖို့ပါ။ တိုင်းပြည်ကို မတရား အုပ်ချုပ်ဖို့ မဟုတ်ဘူး။ ပြည်သူတွေရဲ့ သဘောထားဆိုပြီး ဓားမိုးထားတဲ့ ထောက်ခံပွဲတွေ ပြည်သူ့ဆန္ဒခံယူပွဲတွေဟာ တကယ်တမ်း မှတ်ကျောက်အတင်မခံနိုင်ပါဘူး သူငယ်ချင်း။ မှတ်ကျောက် အတင်မခံရဲလို့လဲ မီဒီယာလွတ်လပ်ခွင့်တွေ အခုထက်ထိ မရှိတာ မင်း အသိပဲလေ။ စာပေစီစစ်ရေးရုံးဆို စာပေကင်ပေတိုင်ရုံးလို့ အမည်တွင်နေတဲ့ အထိပဲ။ သက်ဦးဆံပိုင် ရှင်ဘုရင်ခေတ်ကတောင် မင်းတုန်းမင်း ကိုယ်တိုင် ငါမကောင်းရင် ငါ့ကိုရေး၊ ငါ့မိဖုရား မကောင်းရင် ငါ့မိဖုရားကိုရေးဆိုပြီး ခွင့်ပြုခဲ့တာ ဘာလို့လဲ။ ရှင်းပါတယ်။ မင်းတုန်းမင်းက မှတ်ကျောက်ခံဝံ့တယ် သူငယ်ချင်း။

ဘုရင်ရူး ရူးပြီး ဟိုးတုန်းက ဘုရင်တွေ မြို့သစ် နန်းတော်သစ်တည်သလို နေပြည်တော်ဆိုပြီး မြို့အသစ်တည်ခဲ့တာ တကမ္ဘာလုံး ရယ်စရာ ပြက်လုံး ရလိုက်သလိုပဲ။ ဒါကို ကဗျာထဲကနေ "အာဏာရူးကြီး မှူးကြီးသန်းရွှေ" ဆိုပြီး ပွင့်ပွင့်လင်းလင်း ရေးချလိုက်တဲ့ ရွက်ပုန်းသီးမြို့ပြတိုက် ကဗျာဆရာ ကိုစောဝေတစ်ယောက် အင်းစိန်မှာ ကျောက်ချနေရတယ်။ တိုင်းပြည်အကြည်ညိုပျက်စေမှု ဆိုတဲ့ စကားလုံးလှလှ အစား ဗိုလ်ချုပ်မှူးကြီးကို အကြည်ညိုပျက်စေမှုဆိုတဲ့ စကားလုံးက ပိုမကောင်းဘူးလား။ ခက်တာက ကြည်ညိုစရာလည်း တစ်စက်ကလေးမှ မရှိတော့ မရှိမဲ့ရှိမဲ့ ကြည်ညိုနေတဲ့ လူစုလူဝေးလေး အကြည်ညိုပျက်သွားမှာ စိုးနေတာ ထင်ပါရဲ့ သူငယ်ချင်းရာ။

ငါတို့ မြန်မာပြည်သူတွေလည်း လွတ်လပ်ရေးရကာစ ကာလ ခဏ တဖြုတ်က လွဲပြီး စစ်အုပ်ချုပ်ရေး အောက်မှာ နှစ်ပေါင်းများစွာ နေခဲ့ရတာ မင်းသိမှာပါ။ အားလုံးကလည်း အခုလို ဗိုလ်ကျအနိုင်ကျင့်ခံနေရတာတွေကို အဆုံးသတ်ချင်နေကြပြီ။ သူများ တိုင်းပြည်တွေ ဘယ်လိုတိုးတက်အောင် အပြိုင်အဆိုင်လုပ်မလဲ စဉ်းစားနေကြချိန်မှာ ငါတို့ တိုင်းပြည်မှာတော့ ပြည်သူတွေကို ဘယ်လို ခေါင်းပုံဖြတ်ပြီး စီးပွားရေး အမြတ်ထုတ်ရမလဲ၊ တိုင်းပြည်က သယံဇာတတွေ ရှိသမျှ အစိုင်အခဲ၊ အရည်၊ အငွေ့ပါမကျန် ဘယ်လို ထုတ်ရောင်းရမလဲပဲ စဉ်းစားနေတော့ ငါတို့ တိုင်းပြည်ဟာ ပြိုယိုင်လုဆဲဆဲ တဲအိမ်သာသာပဲ ကျန်တော့တာ မဆန်းပါဘူး။

လတ်တလောဖြစ်ရပ်တွေ အနေနဲ့ စက်တင်ဘာသံဃာ့အရေးအခင်းမှာ သံဃာတွေ ဦးဆောင်တဲ့ ပြည်သူတွေကို အကြမ်းဖက် ဖြိုခွဲခဲ့တာရယ်၊ နာဂစ်မုန်တိုင်းကြောင့် ဘေးဒုက္ခရောက်နေတဲ့ ပြည်သူတွေကို လျစ်လျူရှုခဲ့တာတွေရယ်ဟာ အာဏာရှင်တွေရဲ့ သဘောထား အစစ်အမှန်ပါပဲ သူငယ်ချင်း။ နိုင်ငံတကာ အကူအညီတွေကို ပြည်သူတွေ လက်ထဲ မရောက်ရောက်အောင် ကြိုးစား လုပ်ဆောင်ပေးရမယ့်အစား နှောင့်နှေးအောင် ဆောင်ရွက်နေတာတွေဟာ စိတ်ပျက်စရာ ကောင်းသလို လူမဆန်ရာလည်း ကျတယ်။ တတိုင်းပြည်လုံး မီးဟုန်းဟုန်းတောက်နေရင်တောင် ကိုယ်ကျိုးစီးပွားမထိခိုက်ရင် အပြုံးမပျက်တဲ့ အာဏာရှင် တစ်စုရဲ့ ဖျားယောင်းမှုအောက်မှာ မင်းတို့တတွေ မပျော်ဝင်သွားပါစေနဲ့ သူငယ်ချင်း။ ပြည်သူတွေကို မင်းတို့ရဲ့ မိဘဆွေမျိုးရင်းချာတွေ၊ သူငယ်ချင်းတွေပါ။ မင်းတို့ရဲ့ ရန်သူတွေ မဟုတ်ပါဘူး။ စစ်ပွဲမှာတောင် လက်နက်ချသူကို မသတ်ရပါဘူး။ ဘာလက်နက်မှ ကိုင်မထားတဲ့ အပြစ်မဲ့ ပြည်သူတွေကို ရန်သူတွေ နှိမ်နင်းသလို မသတ်မိဖို့ လိုတယ်ဆိုတာ ငါပြောနေစရာတောင် မလိုပါဘူး။ မုန်တိုင်းဒဏ်ကြောင့် မိသားစုဝင်တွေ သေကြေပျက်စီးကြ ဘ၀ပျက်ကြရတဲ့သူတွေကိုမှ ကိုယ်ချင်းမစာမနာ ဒုက္ခသည်စခန်းတွေက ပြည်သူတွေကို မောင်းထုတ်တယ်။ ငတ်ပြတ်နေသူတွေကို ကျွေးမယ့် ထမင်းလုတ်တွေကို မရောက်အောင် ကြားကနေ တားဆီးတယ်။ အစိုးရက ထိရောက်အောင် မကူနိုင်လို့ ကိုယ့်အသိစိတ်နဲ့ကိုယ် လာရောက်ကူညီပေးကမ်းတဲ့ စေတနာရှင်တွေကို ဖမ်းလားဆီးလား လုပ်တယ်။ ခြိမ်းခြောက်တယ်။ ဒါလုပ်သင့်သလား။ ဒါဖြစ်သင့်သလား။ ငါတို့ နိုင်ငံမှာ ဒီလို လူမဆန်မှုတွေ ရှိနေပြီဆိုတာ အမှန်ပဲလား သူငယ်ချင်း။ ကမ္ဘာ့အကြမ်းဖက်သမားခေါင်းဆောင် အိုစမာဘင်လာဒင်ကတောင် ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေကို ကူညီဖို့ အရေးတကြီးလိုအပ်တယ်လို့ ပြောတယ်ဆိုတော့ လက်ရှိစစ်အာဏာရှင်တွေဟာ အကြမ်းဖက်သမားတွေလောက်တောင် လူစိတ်မရှိဘူးဆိုတာ ပြတာပါပဲ။

ပြည်သူတွေက မကျေနပ်ရင် ဘာလို့ မတွန်းလှန်သလဲလို့ မင်း မေးကောင်း မေးမယ်။ ပြည်သူတွေက မကျေနပ်တဲ့ အကြောင်း ဆန္ဒပြတာနဲ့ မတရား အဖမ်းခံ၊ အရိုက်ခံ၊ အသတ်ခံရတော့မယ်ဆိုတာ သိနေကြပြီလေ။ အာဏာရှင်တွေရဲ့ တချက်လွှတ်အမိန့်တွေ အောက်မှာ မင်းတို့ တပ်မတော်ရဲ့ သေနတ်ပြောင်းဝက ပြည်သူတွေကို အသင့်ချိန်ထားတယ် သူငယ်ချင်း။ ဒင်္ဂါးပြားရဲ့ တဘက်တချက်က ခေါင်းနဲ့ပန်းလို အခုလက်ရှိ ချိန်ထားတဲ့ မင်းတို့ရဲ့ သေနတ်ပြောင်းဝတွေကိုသာ ပြည်သူတွေဆီကနေ အာဏာရှင်တွေဆီကို လှည့်လိုက်တာနဲ့ အမျိုးဖျက်တပ်မတော်သား ဘ၀ကနေ မျိုးချစ်တပ်မတော်သား ဘ၀ကို တမဟုတ်ချင်း ပြောင်းလဲသွားမှာပါ။ ပြည်သူတွေ ပိုင်ဆိုင်တဲ့ ပြည်သူ့အာဏာကို ပြည်သူတွေ လက်ထဲ ပြန်ထည့်ပေးပါ။ ဒီလို ပြောလို့ ပြည်သူကို အာဏာအပ်ပြီးရင် မင်းတို့ကို ဘာမှ ၀င်မပါနဲ့တော့လို့ ပြောတာ မဟုတ်ဘူး။ အနာဂတ်မြန်မာပြည် တည်ထောင်ဖို့ အရေးမှာ မင်းတို့လည်း တတပ်တအား ပါဝင် ရမှာပဲ မဟုတ်လား။ တပ်မတော်ဟာ နိုင်ငံတစ်ခုရဲ့ အချုပ်အခြာအာဏာအတွက် လိုကို လိုအပ်တယ်ဆိုတာ ငါလက်ခံပါတယ်။ ပြည်သူပြည်သားတိုင်း ကိုယ့်ရပိုင်ခွင့် ကိုယ့်လုပ်ပိုင်ခွင့်ပဲ ယူကြပြီး ကိုယ့်ရပိုင်ခွင့် မဟုတ်တာ ကိုယ့်လုပ်ပိုင်ခွင့် မဟုတ်တာကို မတရား မယူကြဘူး မလုပ်ကြဘူးဆိုရင် အားလုံး သူ့နေရာနဲ့သူ အံဝင်ခွင်ကျ လှည်ပတ်သွားပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာမှာ အမှန်ပါပဲ။ မြန်မာပြည်သူတွေဟာ အာဃာတ မထားတတ်ပါဘူး သူငယ်ချင်း။ မျိုးချစ်တပ်မတော်သား အဖြစ်နဲ့ မင်းတို့ရဲ့ နေ့သစ်တွေမှာ ခေါင်းမော့ရင်ကော့ပြီး မတရားတာ လုပ်ရမှာ ကြောက်တဲ့စိတ်ကလွဲလို့ ကြောက်စိတ်ကင်းကင်းနဲ့ နေကြပါ။ မတရားမှုတွေကို ပြည်သူ့ကိုယ်စား မားမားမတ်မတ်ရပ်ပြီး ရင်ဆိုင်ပေးကြပါ။ ဒါမှ မင်းတို့တတွေဟာ နိုင်ငံ့ရဲ့ သားကောင်းအစစ်အမှန် ဖြစ်လာမှာပါ သူငယ်ချင်း။ ငါတို့ရဲ့ နောင်လာမယ့် မျိုးဆက်သစ်အတွက် မင်းတို့ ငါတို့ လက်တွဲတွေ ဖြုတ်လို့ မဖြစ်ဘူး သူငယ်ချင်း… ။

(သူငယ်ချင်းတေဇနှင့်တကွ တပ်မတော်သား အပေါင်းသို့ …. )

ညီညီ(သံလွင်)

နေရောင်အောက်က အသက်ရှူသံတွေ ရပ်တန့်မသွားဖို့ ... (အပိုင်း ၂)

အပိုင်း (၁) မှာ ဖော်ပြခဲ့တဲ့ သံလျင် ၁၈ ကုန်းမှာ အိမ်ခြေ ၁၇၆ အိမ်အတွက် တာလပတ်တွေဝယ်ပေးမယ့် ပရောဂျက်အတွက် ငွေ ခြောက်သိန်းကို ဗုဒ္ဓဟူးနေ့က လွှဲပေးခဲ့ပါတယ် ။ ပထမက ငွေ ဆယ်သိန်းလွှဲဖို့ စီစဉ်ခဲ့ပေမယ့် ၊ ဟိုဘက်မှာ သူတို့ဘာသာ အလှူရှင်တွေလည်း ရှိနေတဲ့အတွက် ၊ နောက် ပိုက်ဆံလိုတယ်လို့ မြန်မာပြည်ရှိ တခြားသူငယ်ချင်းများကလည်း လှမ်းပြောတဲ့အတွက် ၊ ကျန်ငွေတွေကို တခြားနေရာတွေဆီ ပို့ဖို့ ချန်ထားခဲ့ဖို့ ဆုံးဖြတ်လိုက်ကြပါတယ် ။

မဂျစ်တူးမောင်ပွတ်နဲ့ ကျွန်တော်တို့ ဘလောဂ့်များမှ စုစုပေါင်း လက်ခံရရှိငွေစာရင်း -

ကိုနေလင်း+မတင်မိုးအေး - USD 100
ကိုသက်ခိုင်+မအိဇာ - USD 100
ကိုမိုးဇော်အောင်+Aree - USD 100
ကိုဝေဖြိုး - SGD 100
မချောပြည့်ဝင်း - SGD 100
မချောနုလှိုင် - SGD 100
စေတနာရှင်တစ်စု - SGD 100
Hoo Kheng Kay + Irene - SGD 40
TZA - SGD 150
ကိုကျော်ဝင်း - SGD 50
KHL - SGD 100

၂၀၀၈ခုနှစ် မေလ ၁၃ ရက်
ည ၁၁နာရီ အထိ စုစုပေါင်းကောက်ခံရရှိငွေ - USD 300 နှင့် SGD 740

မြန်မာပြည်ဘက်က အလှူရှင်အဖွဲ့ သွားရောက်လှူဒါန်းတုန်းက မှတ်တမ်းတင် ဓာတ်ပုံတွေကို အောက်မှာ ကြည့်နိုင်ပါတယ် ။




ကျွန်တော်တို့ဘက်က ငွေလွှဲပေးလိုက်တဲ့ ဘောက်ချာကိုတော့ ဒီအောက်ကပုံမှာကြည့်ပါ ။



ကျန်ငွေ (SGD 428) ကို နောက် ပရောဂျက်အတွက် ခေတ္တခဏ ထိန်းသိမ်းထားပါတယ် ။

ကျွန်တော်တို့ရဲ့ ပရောဂျက် အမှတ်(၁) အောင်မြင်ဖို့ ယုံကြည်စိတ်ချစွာ ၀ိုင်းဝန်းပံ့ပိုးပေးကြတဲ့ အလှူရှင်တွေကို အထူးကျေးဇူးတင်ပါတယ်။ ဒီတစ်ရက် နှစ်ရက်အတွင်း ပရောဂျက် အမှတ်(၂) အတွက် အလှူငွေ စကောက်နိုင်အောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်။

Not UN, then who will?

Clock is ticking. Time is running out. The survivors of Cyclone Nargis in Myanmar are still beyond the limit International relief aids could reach. Say it second catastrophe or man-made disaster. Something unexpected by well-wishers is coming sooner or later no matter it is against our will. Would you try to stop by any means? Or would you wait to see them die of starvation or diseases? We do not have the luxury of time to hope for the change of heart from the Junta. The international aids must no longer delay whether or not the Junta's approval is granted.

Needless to say the Junta is making one of the humiliating crimes in 21st Century. Millions of suffering people inside Myanmar are yet to receive the aids they deserved. Stubborn Myanmar generals have not changed their minds in the wake of Cyclone Nargis. Their priority is to their grip on power but not to their people. The world is impatient to wait to pour in the aids and aids workers into the country with no constraint instead of trickling aids.

It has been more than 10 days since the Cyclone hit on May 3. The junta hijacked the aids supplied into the country. The junta blocked not only International aids also the local aids provided by individuals. Undeniably, the junta is showing no mercy to its citizens in affected areas. People from rest of Myanmar would be equally sympathize the victims and angry the bottleneck made by the Junta. They would be more than grateful to let their peers receive the International Aids by any means.

"Responsibility to protect" is not only responsible for United Nations also liable to the civilized nations with genuinely wanting to help the helpless victims. The junta is an illegitimate government seized the power by the coup. The sovereignty of tricky and xenophobic Myanmar military government can be forgotten but not the lives of dying millions people. Definitely, the humanitarian intervention from UN is not the possible option amidst the veto powers of energy thirsty China and Russia. The chips are running out and the evils are smiling. Given that US, British, France and Germany have the common objectives of not letting the evils win; they must act without waiting for approval to reach out to the victims. At God's will, please help to contribute the mission to rescue Myanmar before it is too late.

ပေးကားပေး၏ မရ

မုန်တိုင်းအလွန် မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ အကူအညီများ ပေးရန် အရန်သင့်စောင့်စားနေသည်။ ဗိုလ်ချုပ်ကြီးတစ်စု၏ တကိုယ်ကောင်းဆန် အာဏာမက်မောမှုအောက်တွင် လေမုန်တိုင်းဘေးသင့် မြန်မာပြည်သူများ လိုအပ်သည့် ကူညီ စောင့်ရှောက်မှု ထိရောက်စွာ မရကြ။ လှူရန် ကမ်းလာသော လက်များကို ပုတ်ထုတ်သည်။ ကြည့်ကောင်းအောင် တချို့ကို ယူပြီး နိုင်ငံတကာမှ အကူအညီများကို လက်ခံပါသည်ဟု ဗန်းပြပြီး ဗြောင်လိမ်သည်။ လူမြင်ကောင်းအောင် လက်မခံချင် လက်ခံချင်နှင့် လက်ခံလိုက်ရသည့် ပစ္စည်းများပေါ်တွင် ဗိုလ်ချုပ်ကြီးများ နာမည် အကြီးကြီးတွေ ကပ်ပြီး ကြုံတုန်းလေး ကုသိုလ် ၀င်ယူကြသည်။ သူများ ပစ္စည်း ကိုယ့်နာမည်ကပ်ပြီး လှူရတာ တော်ရုံတန်ရုံလူတွေ ရနိုင်တဲ့ ကုသိုလ်တော့ မဟုတ်ပေ။ မျက်နှာပြောင်ပြီး အရှက်တပြားမှ မရှိသည့်သူများသာ ရနိုင်သည့် ကုသိုလ်ထူးဖြစ်သည်။ နိုင်ငံတကာ မီဒီယာများကလည်း နိုင်ငံတကာအလှူ ဗိုလ်ချုပ်ကြီးများ ကောင်းမှုကို ကွက်ကွက်ကွင်းကွင်း မြင်အောင် ကြော်ငြာပေးကြသည်။

ကူညီရန်စောင့်နေသည့် နိုင်ငံများကို အပေါ်စီးလေသံဖြင့် နိုင်ငံတကာမှ ကူညီသည့် ပစ္စည်းများ၊ အလှူငွေများကို လက်ခံမည်။ သို့သော် နိုင်ငံတကာမှ ကျွမ်းကျင်သူများကို ပြည်တွင်းသို့ ၀င်ခွင့်ပေးရန် အဆင်သင့်မဖြစ်သေးဟု ပြောသည်။ ပြည်တွင်းတွင် ကျွမ်းကျင်သူများ ရှိပြီးဖြစ်သည် ဟု အာပေါင်အာရင်းသန်သန် ဖြင့် မစားရ ၀ခမန်းပြောသည်။ စိတ်ထဲတွင်တော့ လာပို့သည့် အလှူငွေများကို အိတ်ထဲထည့်မည်။ လာပို့သည့် ပစ္စည်းများကို ပြန်ရောင်းစားမည် ဟု တွေးထားပြီးလောက်ပြီ ထင်သည်။ ဘယ်သူသေသေ ငတေမာ ပြီးရော ဆိုသည့် စကားကို ဘယ်သူသေသေ ငရွှေမာ ပြီးရောဟူသည့် စကားနှင့် အစားထိုးရန် သင့်နေပြီ။ Disaster Management ဆိုတာလုပ်ဖို့ ဗိုလ်ချုပ်ကြီးတို့ အဖွဲ့မှာ ကျွမ်းကျင်တဲ့သူတွေ ရှိဖို့ မပြောနှင့်။ စာလုံးတောင် မှန်အောင် မနည်းပေါင်းရမည့် သူတွေ ဒုနှင့်ဒေး။ နိုင်ငံတကာမှ ကျွမ်းကျင်သူများကို ပြည်တွင်းသို့ ၀င်ခွင့်ပေးရန် အဆင်သင့်မဖြစ်သေးပါ ဆိုသည်မှာ အတည်ပြောခြင်း ဖြစ်သည်။ ထိုသူများ ပြည်တွင်းဝင်သည့်အချိန်တွင် အနိုင်ကျင့်ထားသမျှ လှည့်ဖျားထားသမျှ လူ့အခွင့်အရေးတွေ ချိုးဖောက်ထားသမျှ အားလုံး လယ်ပြင်တွင် ဆင်သွားသလို ထင်းထင်းကြီး မြင်သွားကြပြီး ဖွကြသည့်အခါ မီဒီယာကို မီဒီယာဖြင့် ပြန်ပြီး ဗြောင်လိမ်ဗြောင်စား လုပ်ရန် အဆင်သင့် မဖြစ်သေးသောကြောင့် ဖြစ်သည်။ ဥာဏ်နီဥာဏ်နက်တွေ ထွက်ဖို့ အချိန်လိုသေးသည် မဟုတ်ပါလား။

ငရွှေတို့အဖွဲ့ ခေါင်းမာချင်စရာ ကောင်းအောင် တရားအားထုတ်(တရုတ်အားထား) ရာမှ ရလာသည့် မွေးစားဖခင် ပေါက်ဖော်ကြီးက ဗီတို တကိုင်ကိုင်နှင့် UN မှာ အသင့်ထိုင်နေသည်။ ရုရှမှ ကိုပူတင်းနဲ့ကလည်း လက်ဝါးရိုက်ထားပြီးသား ဖြစ်သည်။ ပြည်တွင်းပြည်ပကလူတွေ မုန်တိုင်းဒဏ်ခံလိုက်ရသော ဒေသများကို အာရုံစိုက်နေတုန်း ပြည်သူ့ဆန္ဒလိမ်ယူပွဲကြီးကို ကတိုက်ကရိုက် ကျင်းပလိုက်သည်။ ထို ပြည်သှူ့ဆန္ဒလိမ်ယူပွဲကြီးမှ ဗိုလ်ချုပ်ကြီးတို့ တစ်ဖွဲ့လုံး ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် ပူစရာမလိုအောင် လုပ်ပေးမည့် ဖွဲ့စည်းပုံအခြေမခိုင် ဥပဒေကြီးကလည်း အတင်းအကျပ် အတည်ပြုရန် အသင့်ဖြစ်နေပြီ။ နိုး လား ရက်စ်လား လုပ်နေဖို့ မလိုတော့။ နေပြည်တော်သည် အချုပ်အခြာ အာဏာတည်ရာ၊ ငရွှေသည်သာ ကြီးမိုက် မင်းမတရားကြီး ဖြစ်တော့သည်ကို တစ်ကမ္ဘာလုံးက သိနေကြပြီ။

ဗိုလ်ချုပ်ကြီးတို့ အကြောင်း မွေးကတည်းက မြန်မာပြည်တွင် အနှစ် နှစ်ဆယ်ကျော်နေလာခဲ့သဖြင့် ကောင်းကောင်းသိနေပြီ ဖြစ်သည်။ မသိသေးသူများက မြန်မာပြည်တွင်း ၀င်ကူညီဖို့ ဗီဇာထုတ်ပေးနိုးနိုး စောင့်နေကြသည်။ ဖွဲ့စည်းပုံအခြေမခိုင် ဥပဒေကြီးကို ၁၄ နှစ်ကျော် အချိန်ဆွဲကာ အိပ်ငိုက်ငိုက်နှင့် စိမ်ပြေနပြေ ရေးဆွဲခဲ့သော နအဖကို အထင်မသေးကြပါနှင့်။ ကူညီမည့် ပစ္စည်းများသာ Expiry Date ကျော်သွားမည်။ ပြည်ဝင်ခွင့် ဗီဇာတော့ ရမှာ မဟုတ်။ ဒါဆို ဘာလုပ်ကြမည်နည်း။ ပေါက်ဖော်ကြီးကို ကပ်မည်ဟု အမေရိကန်သမ္မတ ဘုရှ်က ကြံနေသည်။ အသင့်စောင့်နေသည့် စစ်သင်္ဘော လေးစီးကို အသုံးချပါက ပေါက်ဖော်ကြီးကို ကပ်ခြင်းထက် ခရီးရောက်နိုင်သည်။ ထိုင်းကတော့ နေပြည်တော်သို့ ကိုယ်စားလှယ်အဖွဲ့စေလွှတ်မည်ဟု ကြိုးစားသည်။ မလွယ် .. မလွယ်.. ငရွှေတို့ အဖွဲ့ကို မိကျောင်းမင်း ရေကင်းပြရန် မလို။ သံသရာမကြောက်လို့ သံဃာတွေပါ အပျောက်ရှင်းခဲ့သည့် အဖွဲ့ဖြစ်သည်။

သံတမန်နည်းဖြင့် မရလျှင် အမှန်အကန် တီးမှ ရတော့မည်။ ဆူဒန်နိုင်ငံ ဒါဖာအရေးမှာလည်း လက်စွမ်းမပြခဲ့ရ၊ ဇင်ဘာဘွေမှာလည်း မသိချင်ယောင်ဆောင်နေခဲ့ရသည့် UN အဖွဲ့ကြီးအနေဖြင့် လုပ်ရန်ရှိသည်ကို ပြတ်ပြတ်သားသား လုပ်ရန်လိုသည်။ သို့သော် တော်ပီတို လွှတ်သလို ဗီတို တပြပြ လုပ်တတ်သည့် အိမ်နီးချင်းကောင်းပေါက်ဖော်ကြီးနှင့် ရုရှသား ပူတင်းကြီးကြောင့် လိုရာ ခရီးကို ရောက်မည်မဟုတ်။ တစ်ကမ္ဘာလုံး ညီညီညွတ်ညွတ် ၀ိုင်းအော်ရင်တော့ စိတ်ပြောင်းကောင်း ပြောင်းသွားနိုင်သည်ဟု မျှော်လင့်ရသည်။ ပြင်သစ်ကတော့ လောဆော်နေပြီ။ ရ ရင် ရ .. မရရင် ချ လုပ်နေပြီ ဖြစ်သည်။ အမေရိကန်လည်း စိတ်သိပ်မရှည်တော့။ အီးယူကလည်း မြန်မာပြည်အရေးကို အင်္ဂါနေ့တွင် ဆွေးနွေး အဖြေရှာကြတော့မည်။ အမှန်တော့ အဖြေရှာရန် မလိုပါ။ အဖြေက ထွက်ပြီးဖြစ်သည်။ တုတ်ပြမှ နားလည်သည့်သူကို တုတ်ပြရန် လိုမည်ဖြစ်ပြီး သေနတ် ပြမှ နားလည်မည့်သူကို သေနတ်ထုတ်ပြဖို့ လိုမည်။ သို့မဟုတ်လျှင်တော့ ပေးကား ပေး၏ မရဟုသာ အားလုံးက ဆက်ပြီး ညည်းနေရဦးမည်မှာ အသေအချာပင်ဖြစ်သည်။

နေရောင်အောက်က အသက်ရှူသံတွေ ရပ်တန့်မသွားဖို့

ခုတလော မြန်မာပြည်က မုန်တိုင်းဒုက္ခသည်တွေ ၊ မုန်တိုင်းကြောင့် သေကြေပျက်စီးရတာတွေ ဖတ်ပြီး စိတ်ထဲမှာ မကောင်းဘူး။ ကိုယ်တတ်နိုင်သလောက်လေး လုပ်ပေးဖို့ ကြိုးစားချင်ပါတယ်။ စာဖတ်သူတို့လည်း အဲလိုခံစားရမယ်လို့ ယုံကြည်ပါတယ်။ သူငယ်ချင်း အသိမိတ်ဆွေတွေထဲက မြန်မာပြည်ပြန်ပြီး ကူညီမယ့်သူရှိတိုင်း ၊ အလှူငွေဝိုင်းကောက်ပေးတာလောက်ပဲ ခုတော့ တတ်နိုင်သေးတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်လဲ သိပ်အားမရဘူး။ ဒါပေမယ့်လည်း ကိုယ်တတ်နိုင်သလောက်လေး လုပ်တယ်ဆိုပြီး စိတ်ဖြေမိတယ်။

ပြည်ပရောက်မြန်မာတွေက ကိုယ့်နီးစပ်ရာနဲ့ကိုယ်စီ မြန်မာပြည်အတွက် အလှူငွေတွေကို အင်တိုက်အားတိုက် ကောက်ခံနေတာတွေ ၊ တချို့ ဆိုရင် မြန်မာပြည်ကိုဆင်းပြီး ပြန်ကူညီဖို့ စိုင်းပြင်းနေတာတွေ မြင်ရတော့ အားရ၀မ်းသာဖြစ်မိတယ်။ ဘယ်သူပဲ အလှူငွေတွေကောက်ကောက် အဓိကက မြန်မာပြည်မှာ ဒုက္ခရောက်နေတဲ့ပြည်သူတွေဆီ ရောက်ဖို့ပါပဲ။ ဒါကြောင့် ကောက်ခံရသမျှ အလှူငွေတွေကို နီးစပ်ရာမှန်သမျှကို ဖြန့်လှူဖြစ်တယ်။

နောက် စဉ်းစားမိတာ ... ကျွန်တော်တို့က ဘယ်အဖွဲ့ အစည်းကမှလည်း မဟုတ်တော့ အလှူငွေတွေကို ကောက်ပြီး လက်ထဲမှာ ကိုင်မထားချင်ဘူး။ ဒီတော့ မြန်မာပြည်ဘက်က လိုအပ်တဲ့အရာတွေအကြောင်း လှမ်းသတင်းပို့တဲ့အခါ ၊ အမြန် ၂-၃ရက်လောက် timeline ချပြီး ပိုက်ဆံကောက် လွှဲတာမျိုး လုပ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။

ပရောဂျက် (၁)

ခုလက်ရှိတော့ သူငယ်ချင်းတစ်ယောက်က သံလျင် ၁၈ ကုန်းမှာ အိမ်ခြေ ၁၇၆ အိမ်အတွက် တာလပတ်တွေဝယ်ပေးဖို့ ငွေမလောက်ဘူး ဖြစ်နေတယ်လို့ လှမ်းပြောလာတယ်။ တစ်အိမ်ကို ၄၅၀၀ ကျပ်ကျမယ်ဆိုတော့ စုစုပေါင်း ၇သိန်း ၉သောင်းကျော် ကျမယ်။ ဟိုဘက်ကလူတွေ လှူနိုင်တဲ့ပိုက်ဆံနဲ့ မလုံလောက်လို့ ၊ တတ်နိုင်သေးရင် ၀ိုင်းကူဖို့ ပြောလာတယ်။

အဲဒီဘက်ကအိမ်အများစုဟာ ဓနိမိုး ထရံကာတွေဖြစ်တဲ့အတွက် ၊ မုန်တိုင်းဝင်ပြီး အမိုးတွေအကုန် လန်ထွက်ကုန်တယ်။ မိုးတွင်းရာသီလည်း ရောက်တော့မယ်ဆိုတော့ အဲဒီမှာနေထိုင်သူတွေ အထူးသဖြင့် ကိုယ်ဝန်ရှိမိခင်များနဲ့ ကလေးတွေအတွက် အရမ်းစိတ်ပူမိလို့ ခုလို အမြန် တာလပတ်တွေ ၀ယ်ပေးဖို့ စီစဉ်တယ်လို့လည်း သူငယ်ချင်းက ပြောပါတယ်။

အခုချိန်ကစပြီး အဲဒီ ပရောဂျက်အတွက် လာမယ့်အင်္ဂါ နေ့ (၁၃ရက် မေလ) ည ၁၁ နာရီထိ အလှူခံပါမယ်။ ဗုဒ္ဓဟူးနေ့မှာ ရန်ကုန်ကို ပိုက်ဆံလွှဲပေးပါမယ်။

လွှဲပေးလိုက်တဲ့ ဘောက်ချာကိုတော့ ဒီဘက်ကနေ ပြနိုင်ပါတယ် ။ ဒါပေမယ့် ဆက်သွယ်ရေးခက်ခဲတာကြောင့် ၊ သံလျင်ကနေ သူငယ်ချင်းအဖွဲ့ က ရန်ကုန်ကို အမြဲမတက်နိုင်တာကြောင့် ၊ နောက်ပြီး မြန်မာပြည်က ဘောက်ချာကို ဒီပို့ဖို့ စကန်ဆွဲတာ ဘာညာတွေလုပ်ဖို့လည်း အဆင်မပြေတာကြောင့် ၊ ဟိုဘက်က ၀ယ်တဲ့ဘောက်ချာကိုတော့ ပြနိုင်မှာ မဟုတ်တာကို နားလည်ပေးစေလိုပါတယ်။

ခုလို အရာရာ ပြိုလဲကျနေချိန်မှာ တဦးစီရဲ့ လုပ်ရပ်တွေအပေါ် ယုံကြည်မှုကို လက်ကိုင်ဆွဲပြီး ၀ိုင်းကူလှူဒါန်းမယ်ဆိုရင်တော့ ဆက်သွယ်ဖို့ ဖိတ်ခေါ်ပါတယ်။

အီးမေးလ်နဲ့ (gyittu78@gmail.com) ကို ဆက်သွယ်နိုင်သလို ၊ ညီညီ (သံလွင်) - ၉၄၈၉ ၂၉၅၉ နှင့် မောင်ပွတ်- ၉၁၈၇၁၈၄၀ ကိုလည်း ဖုန်းနဲ့ ဆက်သွယ်နိုင်ပါတယ် ။

------------------------------------------------------------------------------
ယခုအချိန်အထိ ကောက်ခံရရှိသော အလှူငွေစာရင်း ဖြစ်ပါတယ်..

ကိုနေလင်း+မတင်မိုးအေး - USD 100
ကိုသက်ခိုင်+မအိဇာ - USD 100
ကိုမိုးဇော်အောင်+Aree - USD 100
ကိုဝေဖြိုး - SGD 100
မချောပြည့်ဝင်း - SGD 100
မချောနုလှိုင် - SGD 100
စေတနာရှင်တစ်စု - SGD 100
Hoo Kheng Kay + Irene - SGD 40
TZA - SGD 150
ကိုကျော်ဝင်း - SGD 50
KHL - SGD 100

၂၀၀၈ခုနှစ် မေလ ၁၃ ရက်
ည ၁၁နာရီ အထိ စုစုပေါင်းကောက်ခံရရှိငွေ - USD 300 နှင့် SGD 740

Time for Humanitarian Intervention

Myanmar military rulers do not hesitate to sacrifice its citizens over their iron-fist policy against US. Even the offer of US President, Bush, to help the people of Myanmar using US navy ships deployed near Thailand was left unanswered. It is out of question that generals in Myanmar are currently living in fear and dilemma. Their confusion and delay over the interest of victims from Cyclone hit areas might further lead to unnecessary death in Myanmar already happening humanitarian crisis. While Foreign aids workers are still waiting to get their visas to reach out to victims, the dying crowds in need of food, water, medicine and shelter are also desperately longing for the International aid. Sorry to the victims. The Junta is blocking their way.

In Myanmar newspaper, government mouthpiece media, it was clearly stated only foreign aids will be allowed and not the foreign aids workers. The helping nations might wonder how the Junta would honestly and effectively hang over the aids to their people. It is still a big question mark following the red tape and mismanagement by Myanmar government. It is the government that turned once a prosperous nation into one of the poorest countries in the world with many people living under poverty line. Again, they are now committing a biggest crime in history by not letting in the International aids workers to help the victims from cyclone-hit devastated areas.

Mostly affected region, Irrawaddy Delta, is the rice bowl of Myanmar and other countries consuming exported rice from Myanmar. Rice prices have been increasingly hike in the World. Myanmar, one of the rice exporting nations, is now facing a crisis in the region of growing rice. Myanmar crisis is no longer an internal problem used to be claimed by the allies of Myanmar. It is the humanitarian crisis where International aids were stopped to distribute to the needy timely.

Thousands of people were dead, millions are homeless and their lives are at stake in Myanmar. Yet, the Junta is giving their priority to their nationwide referendum to approve the constitution. It is not the time to repeat the history again as happened in Rwanda. UN must promptly carry out the "responsibility to protect" doctrine which is to protect the citizens of a country when the government of its own could not able to do so. I strongly support French Foreign Minister urging UN for force aid. UN must not wait for approval to assist the Myanmar disaster from the Junta who care more to hold on power than the lives of its own people.

Let me again urge UN to save Myanmar people from the hands of devil and inhumane government of Myanmar. As our democratic leader, Aung San Su Kyi, once said, "Please use your liberty to promote ours". We, Myanmar people, are living in the dark. Humanitarian intervention is the only hope and ray of light for hungry souls if the Junta continues to block and delay the International aids. Every dying second counts for the victims in Myanmar. It is now the time for Humanitarian Intervention to Myanmar.

May God bless Myanmar. Those departed may rest in peace.

ဆုပ်လည်း စူး စားလည်း ရူး

နာဂျစ်မုန်တိုင်းဒဏ်ကို အလူးအလဲ ခံခဲ့ရသော မြန်မာနိုင်ငံတွင် လူအသေအပျောက်စာရင်းများ နေ့စဉ် တိုးပွားလျက်ရှိခြင်းမှာ စိတ်မကောင်းဖွယ်ရာ ဖြစ်သည်။ လူသားခြင်း စာနာထောက်ထားသည့် အကူအညီများကို ပေးရန် နိုင်ငံတကာမှ ကြိုးပမ်းနေကြသည်။ မြန်မာ စစ်အစိုးရအနေဖြင့် မုန်တိုင်းဒဏ်ကြောင့် သေကြေပျက်စီးကြသည်ကို အရေးမစိုက်အားဘဲ မေလ(၁၀)ရက်နေ့တွင် ကျင်းပမည့် လူထုဆန္ဒခံယူပွဲကို ပြုလုပ်ရန်သာ စိတ်အားထက်သန် နေခြင်းမှာ လူမဆန်သည့် အပြုအမူ ဖြစ်သည်။ မုန်တိုင်းဒဏ်ခံရသည့် ဒေသများတွင် ကျင်းပမည့် လူထုဆန္ဒခံယူပွဲများကို မေလ (၂၄) ရက်သို့ ရွှေ့ဆိုင်းခဲ့သည်ကို ကြည့်ခြင်းအားဖြင့် မေလ (၂၄) ရက် မတိုင်မီ
မုန်တိုင်းဒဏ်သင့် ပြည်သူများ ပုံမှန် အခြေအနေသို့ ပြန်လည်ရောက်ရှိအောင် စစ်အစိုးရမှ လုပ်ဆောင်ပေးနိုင်လိမ့်မည်ဟု သွေးနားထင် ရောက်နေပုံရသည်။ အမေရိကန်၊ ဥရောပနိုင်ငံများနှင့် အခြားသော နိုင်ငံများမှ အကူအညီ ထောက်ပံ့မှုများကို အပူတပြင်း လိုအပ်နေသော်လည်း ထိရောက်သည့် အကူအညီများပေးရန် လိုအပ်သည့် စူးစမ်းလေ့လာမှုများ ပြုလုပ်မည့် ရှေ့ပြေးအဖွဲ့များ၏ ပြည်ဝင်ခွင့်ဗီဇာများကို လျင်မြန်စွာ ဆောင်ရွက်ပေးခြင်း မရှိဘဲ နှောင့်နှေးလျက် ရှိခြင်းကြောင့် နိုင်ငံတကာမှ အားမလို အားမရဖြစ်ကာ စစ်အစိုးရကို ဖိအားပေးနေကြသည်။ မုန်တိုင်းဒဏ်သင့်ရာ ဒေသများရှိ လမ်းများ၊ တံတားများ စသည်တို့ ပျက်စီးယိုယွင်းခြင်းကြောင့်
လမ်းပန်းဆက်သွယ်မှု ခက်ခဲကာ အကူအညီများ အချိန်မီ ထိထိရောက်ရောက် မပေးနိုင်ဘဲ ရှိနေသည်။ ထိုသို့သော အခြေအနေမျိုးတွင် ထောက်ပံ့ကူညီမှုများ ပေးပို့နိုင်ရန် အတွက် စွမ်းရည်ပြည့်ဝသည့် ရဟတ်ယာဉ်များ အမြောက်အမြား လိုအပ်သည်။ မြန်မာစစ်အစိုးရတွင် လုံလောက်သည့် ရဟတ်ယာဉ် အလုံအလောက် မရှိပေ။ အမေရိကန် သမ္မတ ဂျော့ဘုရှ်က မြန်မာစစ်ဗိုလ်ချုပ်များအား ဘေးဒုက္ခရောက်နေသည့် မြန်မာပြည်သူများအား ကူညီခွင့် ပြုပါဟု ကမ်းလှမ်း လာခဲ့သည်။ လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ မရိန်းတပ်သားများ တင်ဆောင်လာသည့် အမေရိကန် စစ်သင်္ဘောများကလည်း ထိုင်ဝမ်နှင့် ပူးပေါင်းပြီး သဘာဝဘေးအန္တရာယ် ကာကွယ်ရေး လေ့ကျင့်မှု ဆောင်ရွက်နေရာမှ ထိုင်းနိုင်ငံသို့ ရောက်ရှိကာ အသင့်စောင့်ဆိုင်း နေပြီဖြစ်သည်။ အမေရိကန်က ၀င်ရောက် သိမ်းမည်ကို စိုးသဖြင့် အစိုးရိမ်လွန်ကြောက်ရွံ့ကာ နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့သော စစ်ဗိုလ်ချုပ်များအနေဖြင့် ယခုကဲ့သို့ အမေရိကန်မှ အကူအညီ ပေးရန် ကမ်းလှမ်းလာသည့် အခါ ဆုပ်လည်းစူး စားလည်းရူး အခြေအနေတွင် ရောက်ရှိနေသည်။

မြန်မာစစ်အစိုးရ အားထားသည့် တရုတ်နိုင်ငံအနေနှင့် အကူအညီ ဒေါ်လာတစ်သန်းနှင့် ၅ သန်းတန်ဖိုးရှိ ပစ္စည်းများ လှူဒါန်းမည်ဟု ကြေညာခဲ့သော်လည်း ၄င်းမှာ အဝေးရောက်ကူညီမှုသက်သက်သာ ဖြစ်ပြီး အမေရိကန်ကဲ့သို့ ထိရောက်သည့် လက်ကမ်းကူညီမှုများ ပြုလုပ်ကမ်းလှမ်းရန် ပျက်ကွက်ခဲ့သည်မှာ အံ့သြဖွယ်ရာ ဖြစ်သည်။ တရုတ်နိုင်ငံကသာ အမေရိကန်ကဲ့သို့ ကမ်းလှမ်းလာမည် ဆိုပါက စစ်ဗိုလ်ချုပ်များ အနေနှင့် ၀မ်းမြောက်ဝမ်းသာ လက်ခံမည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်သည်။ သို့သော်
လက်ရှိ အခြေအနေက စစ်အစိုးရအတွက် အခက်တွေ့စေသည်။ အမေရိကန်၏ အကူအညီပေးရန် ကမ်းလှမ်းလာမှုကို ပယ်ချလိုက်ပါက မုန်တိုင်းဒဏ်ခံဒေသမှု ပြည်သူများကို ကယ်ဆယ်ထောက်ပံ့ရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ပြုလုပ်ပေးရာတွင် ဆုံးရှုံးနစ်နာမှု အလွန် ကြီးမားမည်မှာ အသေအချာဖြစ်သည်။ စစ်အစိုးရ အနေဖြင့် တရားသေ စွဲကိုင်လာသော အမေရိကန် ဆန့်ကျင်ရေး မူဝါဒအရ ပြည်သူများ၏ မျက်လုံးတွင် အမေရိကန်ကို ကယ်တင်ရှင်များအဖြစ် မြင်သွားမည်ကို မလိုလား။ အမေရိကန်သည် အခြားနိုင်ငံများ၏ ပြည်တွင်းရေးတွင် ၀င်ရောက်စွက်ဖက်လေ့ရှိသည့် နိုင်ငံတစ်ခု၊ လက်ဝါးကြီးအုပ် စိုးမိုးလိုသည့် ခေတ်သစ်နယ်ချဲ့နိုင်ငံတစ်ခု ဟုသာ
မြင်စေလိုသည်။ ထို့အပြင် အမေရိကန်၏ အကူအညီကို လက်ခံကာ မြန်မာပြည်တွင်းသို့ ၀င်ရောက် ကူညီခွင့် ပေးလိုက်ပါက နဂိုကတည်းက စစ်အစိုးရကို ရွံရှာမုန်းတီးကာ အမေရိကန်တပ်များကို မျှော်လင့်တောင့်တနေကြသည့် မြန်မာပြည်သူများအတွက် အားကိုးရာဖြစ်လာလိမ့်မည်ကို စိုးရိမ်စိတ်လွန်ကဲ နေကြသည်။ မုန်တိုင်းဒဏ်ခံ ပြည်သူများကို ကူညီရန် ရောက်လာမည့် အမေရိကန် အကူအညီများ အားကိုးဖြင့် ဆန္ဒပြမှုများ ထပ်မံ ဖြစ်ပွားလာပြီး အဆုံးတွင် အာဏာကို လက်လွှတ်ရမည်ကို တွေးမိကြပေမည်။ ထို့ကြောင့် အာဏာ တည်မြဲရေးကိုသာ အစဉ်တစိုက် အရေးပေးခဲ့သည့် မြန်မာစစ်ဗိုလ်ချုပ်များ အနေဖြင့် မြန်မာပြည်သူများ ထောင်ပေါင်းများစွာ သေကြေပျက်စီးပြီး သန်းနှင့်ချီကာ အိုးမဲ့အိမ်မဲ့ ဖြစ်ကြသည့် အရေးထက် ၄င်းတို့ အာဏာလက်မလွှတ်ရရေး အတွက် အကြံအိုက်နေကြသည်။ သေချာသည်ကတော့ မြန်မာ စစ်အစိုးရ အနေဖြင့် လက်ရှိအခြေအနေတွင် ဆုပ်လည်းစူး စားလည်းရူး အခြေအနေသို့ ရောက်နေခြင်း ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်တွင်း ပြည်ပရှိ အခြားသော နိုင်ငံရေးအဖွဲ့အစည်းများ အနေဖြင့် နိုင်ငံတကာ အာရုံစိုက်မှုများ ရရှိနေသော ယခုလို အချိန်အခါတွင် စစ်အစိုးရအခက် မြန်မာပြည်သူအချက်ဟု သဘောထားကာ လိုအပ်လျှင် လိုအပ်သလို နိုင်ငံရေး ရေချိန် မြှင့်တင်နိုင်ရန်အတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားသင့်ကြောင်း တိုက်တွန်း လိုက်ရပါသည်။

ညီညီ(သံလွင်)

You received this email because you are subscribed to the real_time feed for http://nyinyithanlwin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.