Monday, September 29, 2008

[Ulmuka_ဇီးကွက်] 25 New Entries: ဇီးကွက်အကြောင်း

ဇီးကွက်အကြောင်း

သွားခါနီး ဆိုတော့ စာရေးရမှာ လည်း စိတ်လုံးဝမပါဘူး။ ကော်နက်ချဉ် မကောင်းတာလည်း ပါသပေါ့လေ။ (အမှန်ကတော့ ပျင်းတာပါ ;P ) ။ အခုတော့ တက်ဂ်တာတောင်မှ နှစ်ခါပြိုင် တက်ဂ်ခံရတယ်ဆိုတော့ ရေးရတော့မှာပေါ့လေ။

ကိုယ့်ရဲ့နာမည်…...... Ulmuka_ဇီးကွက်
ကိုယ်ကိုသူငယ်ချင်းတွေကဒီလိုခေါ်တယ်…...ဇီ်းကွက်၊ ဇီးသန့်
ကိုယ်ဒီမှာနေတယ်….......လောလောဆယ် ဆက်သွယ်မှုဧရိယာပြင်ပ
ကိုယ့်ဆီဖုန်းဆက်ချင်ရင်….....ဖုန်းတစ်လုံး အရင်ဝယ်ပေးပါ ( အပြင်ဈေး ၂၅ သိန်းတဲ့ :( )

ကိုယ့်ရဲ့အကြိုက်ဆုံးတွေက

အရောင်ဆိုရင်…...........အဖြူ
အ၀တ်အစားဆိုရင်…..လုံရင် ပြီးတာပဲ
အစားအစာဆိုရင်….....တိုဖူးနွေး၊ တိုဖူးကြော်၊ တိုဖူးချဉ်။
ပစ္စည်းဆိုရင်….........အင်တာနက်နဲ့ ချိတ်ထားတဲ့ ကွန်ပြူတာ ( ကော်နက်ချဉ်ကောင်းရမည် )
သီချင်းဆိုရင်…......ခပ်ပျင်းပျင်းလေးတွေ ( မှတ်ချက်။ ။ စာလုံးပေါင်းမမှားပါ )
စာရေးစာဆရာ…....အများကြီးပါပဲ
စာအုပ်…........... စာပါရင်ပြီးရော ( ကျောင်းစာအုပ် မပါ )
Life style…......မဂ္ဂဇင်းလား။ မဖတ်ဖြစ်တာ ကြာပြီ။
ကိုယ့်ရဲ့ဝါသနာ…......စားခြင်း၊ အိပ်ခြင်း၊ …
အလိုချင်ဆုံးလက်ဆောင်…......စိတ်ရင်းစေတနာ အမှန်နဲ့ ပေးတဲ့ လက်ဆောင်တွေ
ကိုယ့်ရဲ့ အချစ်ဆုံးသူက….........ကိုယ့်ကိုယ်ကို
ကိုယ့်ရဲ့ အလေးစားဆုံးသူက….....မိဘ
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက….....သူငယ်ချင်းတွေ အားလုံး
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက….......ကိုယ့်ဘာသာကိုယ်တောင် နားမလည်
အပျော်ဆုံးအချိန်…........အမြဲတမ်း ပျော်နေသလိုပဲ
အမှတ်တရနေ့…........မှတ်ဥာဏ်တော့ သိပ်မကောင်းဘူး
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု…......အားလုံး အဆင်ပြေကြပါစေ
အချစ်ဆိုတာ…..............阿紫 လက်ဖက်ရည်ဆိုင်က အဖျော်ဆရာ
အမုန်းဆိုတာ…..........阿梦အချစ်ရဲ့ ညီမ ( သူက ကောင်တာမှာ ထိုင်တယ် )
အလွမ်းဆိုတာ…...............阿软အချစ်ရဲ့ သမီး
( အားလုံး တရုတ်တွေနော် :P )
သံယောဇဉ်ဆိုတာ…....... အဲ ဘာတွေလာမေးနေတာတုန်း…
ဘ၀ဆိုတာ….......အကျီ င်္က ပွ.. ဘောင်းဘီဂွကျ… အဲဒါ ဘ၀ ဘ၀ (သူများတွေ ပြောတာ ပြောပါတယ်။)
သူငယ်ချင်းဆိုတာ…......ကိုယ်လိုရင် ပိုက်ဆံ ပေးချေးတဲ့သူ ( သူငယ်ချင်းကောင်းဆိုတာ ကိုယ်ပိုက်ဆံလိုရင် အလကားပေးတဲ့လူ )
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်…...... ဇီးကွက်
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က…........Keep the conscious clear, then never fear!
အပြောချင်ဆုံးစကားတစ်ခွန်း….......ဒီလောက်ရေးရင် တော်ပြီနော် ဒေါ်အိပ်မက်နဲ့ ဒေါ်ရွှန်းမီ

ကင်းခြေများပုံပြင်

ပြည့်စုံလုံလောက်ခြင်းဆိုသည်မှာ အဆာပလာ ပစ္စည်းအမယ်များ ထပ်ထည့်ခြင်းတွင် မမူတည်ပဲ မီးပြင်းအားကို လျှော့ခြင်းတွင်သာ မူတည်၏။ ထို့အတူ ရာထူးစည်းစိမ်ဥစ္စာများကို အပန်းတကြီးလိုက်လံရှာဖွေခြင်းတွင် မမူတည်ပဲ လိုချင်တပ်မက်စိတ်ကို ထိန်းချုပ်ခြင်းတွင်သာ မူတည်ပေသည်။ Thomas Fuller

တစ်ခါတုန်းက ကင်းခြေများမှာ ခြေထောက်တွေ မရှိဘူးတဲ့။ ဒါပေမယ့် သူက မြွေတွေသွားသလို လျင်လျင်မြန်မြန် တွားသွားနိုင်တယ်။ တစ်နေ့မှာတော့ ဒီကင်းခြေများက တောင်ဆိတ်တို့ သမင်တို့ အစရှိတဲ့ ခြေထောက်ပါတဲ့ သတ္တ၀ါတွေ သူ့ထက် ပို မြန်မြန်သွားနိုင်တာ တွေ့တော့ မနာလိုဖြစ်ပြီး ရေရွတ်ပြောဆိုတယ်တဲ့… "ခြေထောက်များလေ ပိုမြန်လေပါလား…."

ဒါနဲ့ သူလဲ ဖန်ဆင်းရှင်ဆီသွားပြီး "အရှင် ကျွန်တော်မျိုး သူများထက်ပိုများတဲ့ ခြေထောက်တွေ လိုချင်ပါတယ်" လို့ တောင်းဆိုသတဲ့..။

ဖန်ဆင်းရှင်ကလည်း ကင်းခြေများရဲ့ ဆန္ဒ တောင်းဆုကို ဖြည့်ဆည်းပေးတဲ့ အနေနဲ့ ခြေထောက်ပေါင်းများစွာကို ကင်းခြေများ ရှေ့ကို ချပေးပြီး "ကြိုက်သလောက် တပ်ဆင်စေ"လို့ ပြောလိုက်တယ်…။

ကင်းခြေများလည်း ၀မ်းမြောက်ဝမ်းသာနဲ့ ခေါင်းကနေ အမြီးအထိ သူ့တစ်ကိုယ်လုံးမှာ ခြေထောက်တွေကို များနိုင်သလောက်များများ တပ်တာ နောက်ဆုံး တပ်စရာ နေရာလပ် မရှိတော့တဲ့အထိပဲတဲ့။

တပ်ဆင်ပြီးတဲ့ အချိန်ကျတော့ ကင်းခြေများလည်း သူ့တစ်ကိုယ်လုံးမှာ ရှိတဲ့ ခြေထောက်တွေကို ကြည့်ပြီး ၀မ်းသာအားရနဲ့ "အခုတော့ ငါဟာ မြားတစ်စင်းလို အရှိန်အဟုန်နဲ့ ပျံသန်းလို့တောင် ရပြီ"လို့ ကြွေးကြော်တော့တာပေါ့။

ဒါပေမယ့် တစ်ကယ့်တစ်ကယ်တမ်း သူ ပြေးကြည့်တဲ့ အချိန်မှာတော့ သူ့ ခြေထောက်တွေကို သူမထိန်းချုပ် နိုင်တာကို တွေ့လိုက်ရတယ်။ ခြေထောက်တွေက တောင်တစ်ချောင်း မြောက်တစ်ချောင်း သွားလိုရာကို သွားနေကြတော့ ခြေထောက်တွေကို သူ ထိန်းချုပ်နေရတာနဲ့တင် အရင်က သွားတဲ့ အမြန်နှုန်းထက်တောင် နှေးသွားသတဲ့။

အသိတရား လိုချင်တပ်မက်တဲ့ ရမက်ဆန္ဒတွေ နောက်လိုက်မယ်ဆိုရင် လိုအင်ကို ဘယ်လိုဖြည့်ဆည်းဖြည့်ဆည်း မပြည့်ဝနိုင်ပါဘူး။ တကယ်တမ်းလက်တွေ့ မှာကော ရမက်လောဘရဲ့ အဆုံးရလဒ်မှာ ပျော်ရွှင်မှုကို ရှာတွေ့ရဲ့လား။ အကောင်းဆုံးရလဒ်ကော ဖြစ်နိုင်ပါ့မလား။ ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေ၊ အားသာချက် အားနည်းချက် တွေကို နှစ်သက်လက်ခံခြင်းကသာ လိုအင်ရမက်ပင်လယ်ထဲကနေ နားလည်လွတ်မြောက်ခြင်းကို ရရှိနိုင်ပါလိမ့်မယ်။





==================

အင်တာနက်မှာ ဖတ်လိုက်ရတဲ့ စာတစ်ပိုဒ်ကို ဆီလျှော်အောင် ( ကိုယ့်ဘာသာကိုယ်တော့ ဆီလျှော်တယ် ထင်တာပဲလေ :P ) ဘာသာပြန်ဆိုပါသည်...

လေဥ

တစ်ခါတုန်းကပေါ့....

တောင်ကြီး အမျိုးသမီးနဲ့ ကလေးဆေးရုံ - သားဖွါးဆောင်မှာ တာဝန်ကျတုန်းက စ၀်စံထွန်းဆေးရုံက အစ်မက ဖုန်းဆက်လာတယ်။ လူနာတစ်ယောက် လွှဲလာမယ်.. နေ့စေ့လစေ့ ကိုယ်ဝန်နဲ့ မီးဖွားတော့မယ်တဲ့။ နည်းနည်းတော့ အံ့သြသွားတယ်.. ကိုယ်ဝန်ဆောင်သည်လူနာက ဘာဖြစ်လို့ စ၀်စံထွန်းဆေးရုံကို သွားလိုက်ပါလိမ့်ပေါ့။ ကိုယ်ဝန်သည်ဆိုရင် အမျိုးသမီးနဲ့ ကလေးဆေးရုံကို လာရမှာကို မသိလို့ပဲလား နီးစပ်ရာဆေးရုံကို သွားတာပဲလား စသဖြင့်ပေါ့ စဉ်းစားမိတယ်။

လူနာလည်း ရောက်လာရော ထုံးစံအတိုင်း history တွေမေး၊ စမ်းသပ်တာတွေ လုပ်တာပေါ့။ လူနာနံမည်အရင်မေး အသက်မေး ပြီးတော့ သားဖွားဆောင်ဆိုတော့ ထုံးစံအတိုင်း ယောက်ျားနံမည်ကိုပါ မေးရတာပေါ့။ ယောကျာ်းနာမည် ဘယ်လိုခေါ်လဲဆိုတော့.. ယောကျာ်းမရှိသေးဘူး အပျိုစစ်စစ်တဲ့။ ပြဿနာက အဲဒီမှာ စတာပဲ..။ ဗိုက်ကဖြင့် ကြီးပြီး ကလေးတောင်မွေးတော့မယ် အပျိုစစ်စစ်တဲ့ ။ ဘေးက ပါလာတဲ့ သူ့အမေကလည်း ဟုတ်ပါတယ် သူ့သမီးက အပျိုစစ်စစ်ပါ.. ရည်းစားတောင် မရှိပါဘူး ဒီအလုံးက ကိုယ်ဝန်မဖြစ်နိုင်ပါဘူး ဘာညာနဲ့ ၀င်ပြောပါလေရော။

အဲဒါ ကိုယ်ဝန် ... ဗိုက်ထဲမှာ အလုံးမဟုတ်ဘူး ... ကလေး... အဲဒီကလေးကို မွေးတောင် မွေးတော့မယ် စသဖြင့် ရှင်းပြလည်း မရဘူး။ ကိုယ်ဝန်မဖြစ်နိုင်ဘူး အလုံးပဲ ... အရင် ကိုးလလောက်တုန်းက ဖျားလို့ ပအိုဝ် ဆေးဆရာဆီက တိုင်းရင်းဆေး တောင်းသောက်ပြီးး အလုံးက တဖြည်းဖြည်း ကြီးလာတာတဲ့။ အခုမှ ဗိုက်နာလို့ အလုံးဆိုပြီး စ၀်စံထွန်းဆေးရုံကို သွားပြတာ ဟိုက လွှဲပေးလိုက်လို့ ရောက်လာတာတဲ့။ ခွဲထုတ်ပေးပါ... ကလေးမဟုတ်ပါဘူးလို့ အတင်းကို ငြင်းနေတော့တာ... ဘယ်လိုမှ ပြောလို့ကို မရဘူးး။

လူနာကို စမ်းလိုက်တော့ မွေးတော့မယ်လေ ဒါနဲ့ မွေးလူနာ စောင့်ဆိုင်းခန်းကို ပို့ ပြီးတော့ သူ့ အခြေအနေကို စောင့်ကြပ် ကြည့်ရှူရတာပေါ့...။ လားလား ညကျတော့ အဲဒီလေဥကြီးကနေ ကလေးမွေးပါလေရောလား။ ကလေးကို သူ့အဖွားကို ပြပြီး တွေ့လား အဲဒီမှာ ကလေး.. ဆိုပြီးပြတော့မှ သူ့သမီးကို ဆွဲဆိတ်တာ..။ သွေးနုသားနုကို မလုပ်ပါနဲ့လို့ မနည်းတားယူရတယ်။

အမှန်တကယ် အတာလား အ ချင်ဟန်ဆောင်တာလား တော့မသိဘူးပေါ့။ အဲဒီတုန်းက မေးဖို့ မေ့သွားတယ် ခင်များရဲ့ သမီးကိုလည်း ပအိုဝ်ဆေး စားပြီး မွေးထားတာလားလို့... ။ :D

အဲဒီတုန်းက တူတူတာဝန်ကျတဲ့ လူတွေထဲမှာ ပအိုဝ်မလေး တစ်ယောက်လည်း ပါတယ်။ သူ့ကိုအခု ထိ တွေ့တိုင်း ပြောတယ်.... နင်တို့ ပအိုဝ်ဆေးက တော်တော်စွမ်းတယ်နော်လို့...။ သူငယ်ချင်းတို့လည်း ပအိုဝ်ဆေးဆို သတိထားဗျ လေဥ ဥနေဦးမယ်... :D

အစကောင်းမှ အနှောင်းသေချာ


အစကောင်းမှ အနှောင်းသေချာတယ်လို့ လူကြီးတွေ အမြဲပြောဆိုဆုံးမလေ့ ရှိပါတယ်။ ဆိုလိုတာက အဆုံးသတ်ကောင်းချင်လို့ရှိရင် အစကို ကောင်းကောင်းမွန်မွန် သေသေချာချာ လုပ်မှ အဆုံးသတ်လည်း ကောင်းမယ်ဆိုတဲ့ သဘောပါ။ အဆုံးသတ်ကောင်းဖို့ အစကို သေသေချာချာ လုပ်ဖို့ လိုတယ်ဆိုတာ လုပ်နိုင်ရင်တော့ အရမ်းကောင်းပါတယ်။


တစ်ဖက်ကနေ ပြန်စဉ်းစားကြည့်ရအောင်။ အစကောင်းဖို့ဆိုလို့ရှိရင် သေသေချာချာ ပြင်ဆင်ရတော့မယ်။ ဒီလိုပြင်ဆင်နေတာနဲ့တင် အလုပ်က စဖြစ်ပါတော့မလား။ အစကောင်းအောင် ပြင်ဆင်နေတာနဲ့တင် မစဖြစ်တော့ပဲ အဆုံးကောင်းဖို့ နေနေသာသာ အဆုံးတောင် မရှိတဲ့ ဖြစ်ရပ်တွေ အများကြီးပါ။ ဒီတော့ စဖို့ အရေးကြီးလား ၊ အစကောင်းဖို့ အရေးကြီးလား ဆိုတာ စဉ်းစားဖို့ လိုလာပါတယ်။


လွန်ခဲ့တဲ့ သုံးနှစ်က ကျွန်တော့်သူငယ်ချင်း တစ်ယောက် သူ့ကိုယ်သူ ၀လာပြီထင်လို့ လေ့ကျင့်ခန်းလုပ်မယ်လို့ ပြောပါတယ်။ အိပ်ထ မတင် လုပ်မယ်တဲ့။ အဲဒါလုပ်ဖို့ ခုံတစ်ခုံ မှာမယ် ၊ ဘယ်လို လုပ်မယ် ဘာညာနဲ့ သေချာပြင်ဆင်နေပါတယ်။ နောက် ၆ လ လောက်အကြာမှာ သူ့နဲ့ ပြန်တွေ့တော့ ပိုတောင်ဝလာသေးတယ်။ ဒါနဲ့ `ဟ မင်းက လေ့ကျင့်ခန်း လုပ်ပြီးတော့မှ ပိုတောင်ဝလာပါလား´ ဆိုတော့ သူက` ခုံဝယ်ဖို့ကလည်း မအားတာတမျိုး စိတ်ကြိုက်မတွေ့တာကတမျိုးနဲ့ မ၀ယ်ဖြစ်သေးဘူး။ ဒီတော့ လေ့ကျင့်ခန်းလည်း မလုပ်ဖြစ်သေးဘူး ´ တဲ့ ကောင်းပါလေရောလား။ ဒါနဲ့ `မင်းကွာ အိပ်ထမတင် လုပ်တာပဲ ကုတင်ပေါ်မှာ ဖြစ်ဖြစ် ကြမ်းပေါ်မှာ ဖျာလေးခင်းပြီး ဖြစ်ဖြစ် လုပ်လို့ရတာပဲကို´ ဆိုတော့ သူက `ငါက လုပ်မယ်ဆိုရင် ကောင်းကောင်းမွန်မွန် သေသေချာချာ လုပ်ချင်တာ ´တဲ့။ အဲဒါနဲ့ပဲ သူလည်းအခုထိ ၀မြဲဝဆဲ။ ခုံဝယ်ပြီးရင် သေသေချာချာကို လေ့ကျင့်ခန်းလုပ်ပြီး ၀ိတ်လျှော့မယ်ဆိုတာလည်း ပြောမြဲပြောဆဲ။


တစ်ကယ်လက်တွေ့မှာရော အစကောင်းဖို့ လိုအပ်ပါသလား ကြည့်ရအောင်။ အောင်မြင်တဲ့သူတွေ ကို မေးကြည့်လိုက်ပါ။ သူတို့ ဘ၀မှာ မွေးကတည်းက အောင်မြင်ရမယ်လို့ နဖူးမှာ စာရေးပြီး မွေးလာတာ တစ်ယောက်မှ မပါလာပါဘူး။ နောက်ပြီး အလုပ်စလုပ်တာ ပထမ တစ်ခါလုပ်ကတည်းက တခါတည်း အောင်မြင်လာတဲ့လူ ဆိုတာ လက်ချိုးရေလို့ ရအောင် ရှားပါးပါလိမ့်မယ်။ အောင်မြင်သူတွေက ဆုံးရှုံးမှုတွေက နေ သင်ယူလာတာပါ။ Robert H. Schuller က ဘာပြောလဲဆိုရင်


Failure doesn't mean you are a failure… it does mean you haven't succeeded yet.

ဆုံးရှုံးမှုနဲ့ တွေ့ကြုံရခြင်းဟာ သင်ဟာဆုံးရှုံးသူ တစ်ယောက်လို့ မဆိုလိုပါဘူး… သင် မအောင်မြင်သေးဘူးလို့သာ ဆိုလိုပါတယ်။


Failure doesn't mean you have accomplished nothing… it does mean you have learned something.

ဆုံးရှုံးမှုနဲ့ တွေ့ကြုံရခြင်းဟာ သင်ဘာမှ မလုပ်ဆောင်ခဲ့ဘူးလို့ မဆိုလိုပါဘူး… သင် တစ်ခုခုကို သင်ယူလိုက်ရတယ်လို့သာ ဆိုလိုပါတယ်။


Failure doesn't mean you have been a fool… it does mean you had a lot of faith.

ဆုံးရှုံးမှုနဲ့ တွေ့ကြုံရခြင်းဟာ သင်ဟာ ရူးသွပ်ခဲ့တယ်လို့ မဆိုလိုပါဘူး… သင့်မှာ ယုံကြည်ကိုးစားခြင်းတွေ အမြောက်အမြား ရှိတယ်လို့သာ ဆိုလိုပါတယ်။


Failure doesn't mean you've been disgraced… it does mean you were willing to try.

ဆုံးရှုံးမှုနဲ့ တွေ့ကြုံရခြင်းဟာ သင်ဟာ မျက်နှာပျက် အရှက်ရစရာဖြစ်ခဲ့တယ်လို့ မဆိုလိုပါဘူး… သင့်မှာ ကြိုးစားချင်စိတ် ရှိတယ်လို့သာ ဆိုလိုပါတယ်။


Failure doesn't mean you don't have it… it does mean you have to do something in a different way.

ဆုံးရှုံးမှုနဲ့ တွေ့ကြုံရခြင်းဟာ သင် မရရှိ မပိုင်ဆိုင်တော့ဘူးလို့ မဆိုလိုပါဘူး… သင် တခြားနည်းလမ်းရှာကြံပြီး လုပ်ကိုင်ရမယ်လို့သာ ဆိုလိုပါတယ်။


Failure doesn't mean you are inferior… it does mean you are not perfect.

ဆုံးရှုံးမှုနဲ့ တွေ့ကြုံရခြင်းဟာ သင်ဟာနိမ့်ကျခဲ့တယ်လို့ မဆိုလိုပါဘူး… သင် ဟာ မပြည့်စုံသေးဘူးလို့သာ ဆိုလိုပါတယ်။


Failure doesn't mean you've wasted your life… it does mean you have a reason to start afresh.

ဆုံးရှုံးမှုနဲ့ တွေ့ကြုံရခြင်းဟာ သင်ဟာ သင့်ဘ၀ကို အလဟဿကုန်ဆုံး စေခဲ့တယ်လို့ မဆိုလိုပါဘူး… သင်မှာ တက်တက်ကြွကြွ လန်းလန်းဆန်းဆန်းနဲ့ အသစ်စဖို့ အကြောင်းရင်းရှိတယ်လို့သာ ဆိုလိုပါတယ်။


Failure doesn't mean you should give up… it does mean you must try harder.

ဆုံးရှုံးမှုနဲ့ တွေ့ကြုံရခြင်းဟာ သင်လက်မြှောက်အရှုံးပေး ရမယ်လို့ မဆိုလိုပါဘူး… သင် ပိုမိုပြီး ကြိုးစားရဦးမယ်လို့သာ ဆိုလိုပါတယ်။


Failure doesn't mean you'll never make it… it does mean it will take a little longer.

ဆုံးရှုံးမှုနဲ့ တွေ့ကြုံရခြင်းဟာ သင်ဘယ်တော့မှ လုပ်နိုင်တော့မှာ မဟုတ်ဘူးလို့ မဆိုလိုပါဘူး… သင် အချိန်နည်းနည်း ပိုယူရဦးမယ်လို့သာ ဆိုလိုပါတယ်။


ကျွန်တော်တို့ ကလေးတွေ လမ်းလျှောက်သင်တာကိုပဲ ဥပမာ ယူကြည့်ရအောင်။ ကလေးတွေ လမ်းစလျှောက်သင်တဲ့ အချိန်မှာဆို ဘယ်သူမှ မားမားမတ်မတ် မလျှောက်နိုင်ကြပါဘူး။ တန်းကိုင်ပြီး လျှောက်တဲ့လူကလျှောက်၊ ပြီးတော့ နည်းနည်းလျှောက်နိုင်လာပြီဆို ယိုင်တိုင်ယိုင်တိုင်နဲ့ လျှောက်၊ လဲတဲ့ အခါလည်း လဲတာပေါ့လေ။ ဒါပေမယ့် နောက်ဆုံးကျတော့ မားမားမတ်မတ် လျှောက်နိုင်သွားတာပဲ။ အဲဒါကို အစကောင်းအောင် သေချာ လျှောက်နိုင်မှ လမ်းပေးလျှောက်မယ်ဆိုရင် ဒီကလေးက ဘယ်တော့မှ လမ်းလျှောက်တတ်တော့မှာ မဟုတ်ပါဘူး။


မိုင်တစ်ရာခရီးကို ခြေတစ်လှမ်းနဲ့ အစပြုတယ်တဲ့။ သင်မိုင်တစ်ရာအတွက် အစားအစာတွေထုပ်ပိုး ပြင်နေတာနဲ့ ခရီးဘယ်တော့မှ ထွက်ဖြစ်မှာတုန်း။ ကဲ ခြေတစ်လှမ်းသာ စလှမ်းလိုက်ပါတော့ … နောက်ပြန်ကြည့်လိုက်ရင် သင်မိုင်တစ်ရာမက သွားခဲ့ပြီဆိုတာ တွေ့ရမှာပါ..။

မြင်အာရုံ ၀ိုးတ၀ါး...


ဘော်ဒါတွေ အားလုံး ကော်နက်ရှင်မရလို့ ဂျီမှာတောင် ဟိုင်းမလုပ်နိုင်တာ ခွေးလွှတ်ကြပါလေ။ ကော်နက်ချဉ်က ကောင်းလိုက် မကောင်းလိုက်တောင် မဟုတ်တော့ဘူး.. ရလိုက် မရလိုက်နဲ့ မရတာက များနေတယ်။ ဒါနဲ့ပဲ ရတဲ့ အချိန်လေးမှာ ပို့စ်တွေ တင်သွားပါ့မယ်။ ဘော်ဘော်တွေဆီကို မလည်နိုင်တာ နားလည်ပေးပါလို့..။ အခုတော့ ပုံလေးတွေ ပဲ တင်ပေးလိုက်ပါတယ်။ ဆားချက်တာတော့ ဆားဈေးကောင်းလို့ပါ.. :P






၆ခုပဲ တွေ့တယ် ဆိုတော့ အိုင်ကျူက ၁၂၀ ပေါ့.. ဒါလည်း မဆိုးပါဘူးလေ.. ဟီးး










ဘယ်လိုကြီးပါလိမ့်နော်...








စတုရန်းမှ ဟုတ်ရဲ့လားမသိဘူးနော်..

ဒီပုံမှာတော့ ဆယ်ခု တွေ့တယ်ဟ။ မဆိုးပါဘူးနော် .. ဇီးကွက် မကန်းသေးဘူးဟေ့လို့ အော်ရမလိုပဲ


ဘီယာ ခြောက်ခွက်လောက် သောက်ပြီးမှ ပုံကို ဇောက်ထိုးကြည့်ကြည့်ပါလေ..။


မိုးမခပင်တွေ

အားလုံးပြန်တွေ့ရတာ ၀မ်းသာပါတယ်..။ ကော်နတ်ချဉ်က ညစ်စုတ်နေလို့ပျောက်နေတာပါ။ အားလုံးကို အရမ်း အရမ်းကို သတိရပါတယ်။ အထူးသဖြင့် အင်တာနက်ကြီးကိုပေါ့လေ။ အင်တာနက်ကမရတာက ဆာဗာက ပိုက်ဆံပိုတောင်းပြီး အကောင့်ပြောင်းခိုင်းတာ.. ပိုလဲ ပေးပါတယ် အဲဒါ အိုင်ပီတွေ ဒီအင်အက်စ်တွေ အကုန်ပြောင်းပေးလိုက်တာ ဒီက LAN တွေနဲ့ တခြားစီဖြစ် ကိုယ်လဲ မပြောင်းတတ်။ ပြင်တဲ့ လူလာတော့လည်း မီးကပျက်..။ ဘာတစ်ခုမှကို အဆင်မပြေလိုက်ဘူး။ အဲဒါနဲ့ တီဗီက လာတဲ့ အိုလံပစ်ပွဲပဲ အားပေးရတော့တာပေါ့လေ။ အားလုံးက မေတ္တာ ၀ိုင်းပို့လို့လားမသိ တရုတ်တွေ ရလိုက်တဲ့ ရွှေတွေ..။


မီးပျက်တဲ့ အချိန်မှာ စာအုပ်တွေ လိုက်ရှာတာ ချောင်ထဲကနေ ဆရာ မောင်စိန်ဝင်း ( ပုတီးကုန်း ) ရဲ့ ၀ထ္တုတစ်အုပ် သွားတွေ့တယ်။ စာအုပ်နာမည်က မိုးမခပင်တွေ တဲ့။ ဘယ်သူ့စာအုပ်မှန်းလည်း မသိဘူး ရုံးက လူ တစ်ယောက်ယောက် ဟာပဲ ထင်ပါတယ်။ စာရွက်တွေလဲ မစုံတော့ဘူး။ ဒီစာအုပ်က ခေတ်ရေစီးကြောင်းရဲ့ လှိုင်းအရိုက်ခံရတဲ့ လူငယ်တွေ အကြောင်းကို ရေးထားတာပါ။ ဆရာ့စာအုပ်တွေက အချစ်စာအုပ်တွေကိုပဲ ဖတ်မိတာများလို့ ဒီစာအုပ်လေးက အသစ်အဆန်း ဖြစ်နေတယ်။ အဲဒီထဲမှာ ကဗျာလေးနှစ်ပုဒ်တွေ့လို့ ပြန်ပြီး မျှဝေချင်ပါတယ်။ ပထမ တစ်ပုဒ်က အပူကြီးချိန် တဲ့။ အချစ်ကဗျာတွေ အရေးများတဲ့ မောင်စိန်ဝင်း ဒီလို ကဗျာမျိုး ရေးတော့လည်း တကယ့်ဘ၀ကို ကွက်ကွက်ကွင်းကွင်း မြင်ယောင်မိသွားပါတယ်..



အပူကြီးချိန်


သပြေကိုးခက်၊ ထီးသုံးလက်နဲ့

မီးသက်စေ့လှူ၊ ပူဇော်ပြီးကာ

ရာထူးတက်စေ၊ ယတြာချေသူ…


နိုင်ငံခြားကို၊ သွားဖို့မြန်မြန်

ဆန္ဒပြည့်စေ၊ ဂြိုဟ်ပြေနာမ်ပြေ

ရွှေပြားလှူကပ်၊ ယပ်နဲ့ဆီမီး

ဇီးကငါးခက်၊ မွေးနာမ်ဖက်မှာ


စီးပွါးပျက်လို့၊ စိတ်လက်ခြောက်ခြား

ဘုရားအေးရိပ်၊ ပုတီးစိပ်သူ

ရင်ထဲပူလောင်၊ တောင်တွေးမြောက်ရောက်

ဆောက်တည်ရာကင်း၊ ဘဘိုးမင်းခေါင်

စောင်မတော်မူ…


စာမေးပွဲနဲ့၊ လင်ကွဲသားပူ

လူမှုရောဂါ၊ ပြေရာပြေနိုး

ပန်းထိုးရေကပ်၊ ဓါတ်ရိုက်ဓါတ်ဆင်

ရင်ပြင်ပေါ်မှာ၊ လူများစွာလေ

အပူဝေချိန်…


စားဖို့ပြေးလွှား

သွားဖို့ကားတိုး

မိုးချုပ်နေ၀င်၊ မြို့အပြင်ဘက်

ပြန်ထွက်သူတွေ

ရွှေတိဂုံဘုရား၊ ပုံတော်ကားချပ်

ဘတ်စ်ကားပေါ်မှာ၊ တွေ့ရတာပင် မဖူးမြင်နိုင်

လင်မျှော်ကုန်းကို စိတ်စောသတဲ့… ။




ဒုတိယ တစ်ပုဒ်ကတော့ မိုးမခပင်တွေ လို့ ခေါင်းစဉ်ပေးထားပါတယ်။ ဆရာက စာအုပ်ထဲမှာ မြစ်ရေလှိုင်းတွေ ဘယ်လောက်ကြီးကြီး ဘယ်လောက် ပြင်းပြင်း ကမ်းနားက မိုးမခ ပင်ပေါက်လေးတွေက လှိုင်းဒဏ်လေဒဏ်ကို ကြံ့ကြံ့ ခံပြီး ရှင်သန်သလို ခေတ်လူငယ်တွေလည်း ခေတ်ရေစီးကြောင်းရဲ့ ရိုက်ခတ်မှုဒဏ်ကို ကြံ့ကြံ့ခံပြီး ဆက်လက်ရှင်သန်သွားနိုင်ဖို့လို့ ပြောထားပါတယ်။ သူ့စာအုပ်ထဲမှာ ဆေးစွဲတဲ့ လူငယ်တစ်ယောက်၊ လောင်းကစား ၀ါသနာကြီးတဲ့ လူငယ်တစ်ယောက်၊ မိန်းမပွေတဲ့ လူငယ်တစ်ယောက်၊ ပြီးတော့ သူတို့ရဲ့ သူငယ်ချင်း ကဗျာဆရာ တစ်ယောက်ရယ် အကြောင်းတိုက်ဆိုင်ပြီး သူတို့တွေ အထဲကို ရောက်လာက ကာရာအိုကေမှာ သီချင်းဆိုတဲ့ ကောင်မလေး တစ်ယောက် ။ သူတို့ ခေတ်ရဲ့ လှိုင်းတွေ ကို ဘယ်လို ကြံ့ကြံ့ခံအောင် ကြိုးစားရင် တစ်ချို့လည်း နစ်တဲ့ လူက နစ်တဲ့ အကြောင်းပါ။ စာအုပ်လေးကိုပါ ရှယ်ချင်ပေမယ့် ဒီမှာက စာရွက်တွေက မစုံတော့လို့ တင်ပေးလို့ မရတာ ခွင့်လွှတ်ပါ့။ အင်တာနက်မှာ ရှာကြည့်တော့လည်း မတွေ့လို့ ရှိတဲ့လူများ မျှဝေပေးပါလို့။ အခုတော့ ဆရာမောင်စိန်ဝင်းရဲ့ မိုးမခပင်တွေ ဆိုတော့ ကဗျာကိုပဲ မျှဝေလိုက်ပါတယ်။ စကားမစပ် ဒီကဗျာထဲမှာ ဆံပင်ဖားလျား လူငယ်များလေ ဆိုတဲ့ ဆရာရဲ့ အသုံးအနှုန်းကို အရမ်းကို နှစ်သက် သဘောကျမိပါတယ်။။ :)



မိုးမခပင်တွေ


မိုးနဲ့မုန်တိုင်း

ကဆုန်ဆိုင်းရင်း

လှိုင်းထန်မြစ်ပြင်

မုံယိုဆင်သည်

မြင်မြင်သမျှ

ယမ်းခါချလို့

ဒေါသမီးတောင် ပေါက်ကွဲချိန်


ကမ်းပါးစပ်က

မိုးမခပင်ငယ်၊ အရွယ်မရောက်

အပင်ပေါက်တွေ၊ လှိုင်းအောက်ပိပြား

ကမ်းပါးရေလျှံ၊ နွံနစ်ခံရ

မြစ်ဒေါသကြောင့်

မွမွညက်ညက်ကြေပြီလား


မြစ်ရေကျစဉ်..

နူံးတင်မြေသား၊ အမှိုက်ကြားက

မိုးမခပင်ငယ်…

ဘယ်လောက်များလေ၊ ရေလွှမ်းတဲ့ဒဏ်

(သူတို့) ခံရဦးမလဲ

နူံးတွေထဲမှာ၊ အားခဲသက်ရှင်

(ကြာရင်) မြင်မှမြင်နိုင်ပါတော့မလား…။


နှစ်များကြာလျှင်

ဆံပင်ဖားလျား၊ လူငယ်များလေ…

မြစ်နားကမ်းစပ်၊ ရပ်နေသလိုမျိုး…

မိုးမခပင်တွေ…

လေကြမ်းမုန်တိုင်း၊ မြစ်အရိုင်းနဲ့

လှိုင်းလုံးတွေကို စိန်ခေါ်ရင်း…။


မစိမ်းသော သစ်ရွက်


ဒီတစ်ခေါက် ရွာသွားတော့ ထူးဆန်းတာလေး တွေ့ခဲ့တယ်.. ။ သစ်ရွက် အဖြူလေးတွေကို တွေ့ခဲ့တယ်ဗျ။ တွေ့ဖူးကြလား။ ဒီလမ်းတွေက သွားနေကျပါ။ ဒီ သစ်ရွက်တွေကိုတော့ တစ်ခါမှ မတွေ့ဖူးဘူး။ တစ်ချို့ တောင်စောင်းတွေမှာ ဆို ဖြူဖွေးနေတာပဲ။ အစကတော့ ဒါတွေကို စွယ်တော်ပွင့်တွေလို့ ထင်တာ.. ။ ၀ထ္ထုတွေ ကဗျာတွေမှာ ရေးကြတဲ့ နှစ်လွှာပေါင်းမှ တစ်ရွက် ဖြစ်တဲ့ စွယ်တော်တွေလေ..။ ဒီဖက်မှာ ဧပြီလ လောက်ဆိုရင် တောင်စောင်းတွေမှာ ဖွေးဖွေးလှုပ်နေအောင် ပွင့်ကြပြီ။ သူ့ အရွက်ကိုတော့ ဒီမှာ ဘယ်သူမှ ကဗျာ မဖွဲ့ စာမသီကြပေမယ့် အပွင့်ကိုတော့ သုပ်စားကြတယ်ဗျ။ သူ့ အရသာက ဖန်သလိုလို ဆိမ့်သလိုလိုလေးး.. စားလို့ ကောင်းတယ်။ အဲဒီအချိန်တုန်းကဆို စွယ်တော်ပွင့်သုတ်တွေ စားလို့တောင် မကုန်ဘူးး။ ရွာကိုသွားရင်း လမ်းမှာ တွေ့ရင် ခူးသွားလိုက်.. ရွာမှာ ညနေဆိုရင် လမ်းထွက်လျှောက်ရင်း ခူးလာလိုက်နဲ့။ မိုးစရွာတာနဲ့ သူလဲ အပွင့်တွေ မပွင့်တော့ဘူး။ ထားပါလေ။ ဒါနဲ့ ဒီတစ်ခေါက်သွားတော့ တောင်စောင်းမှာ ဖြူဖြူလေးတွေ တွေ့တယ်။ စွယ်တော်တွေ ထင်လို့ မေးကြည့်တော့ မဟုတ်ဘူးတဲ့ အဲဒါ အရွက်တွေတဲ့။ သေချာကြည့်လိုက်တော့ ဟုတ်တယ် အရွက် ဖြူဖြူလေးတွေ။

တစ်သက်နဲ့တစ်ကိုယ် သစ်ရွက်ဆိုတာ အစိမ်းပဲ တွေ့ဖူးခဲ့တာလေ။ ဒီဖက်ကို လာမှပဲ ထူးထူးဆန်းဆန်း သစ်ရွက် အဖြူတဲ့။ ဘာအပင်ခေါ်လဲ လို့ ဒီက ဒေသခံ တွေကို မေးတော့ သူတို့လည်း မသိကြဘူး။ ဒီ ခုနှစ်လပိုင်းလောက်ဆိုရင် သစ်ရွက်တွေက ဖြူပြီးတော့ တစ်လလောက်နေရင် အလိုလို ပြန်စိမ်းသွားရောတဲ့။ ဒီထူးဆနုးတဲ့ အပင်ကို ဘာလိုလို ဂူးဂဲမှာ ရှာတဲ့ အတိုင်း ရှာကြည့်တော့လည်း မတွေ့ဘူးဗျ။ ဘာကြောင့် သစ်ရွက်တွေ ဖြူတာလဲ မသိဘူး။ ငယ်ငယ်တုန်းက သစ်ရွက်ထဲ မှာ အစိမ်းရောင်ခြယ် ပစ္စည်း ကလိုရိုဖီးလ် ပါလို့ သစ်ရွက်တွေက စိမ်းတာလို့ သင်ခဲ့ဖူးတာပဲ။ အဲဒီ အစိမ်းရောင်ခြယ်ပစ္စည်းတွေက သစ်ပင်တွေ လိုအပ်တဲ့ အစာချက်တဲ့ ဖြစ်စဉ်မှာ ကူတယ်လို့လဲ သင်ဖူးပါတယ်။ ဒါဆို ဒီ အပင်တွေက အစာချက်ဖို့ မလိုလို့လား။ ဒါမှ မဟုတ် တခြားနည်းနဲ့ အစာ ချက်တတ်လို့လား ... အပင်တွေကတော့ ပုံမှန်အတိုင်း ကြီးနေကြတာပဲ..။ ကဲ သိရင် ပြောပြခဲ့ကြပါဦးဗျို့။

ပင့်ကူနှင့် ပျား စေ့စပ်ခြင်း


တစ်နေ့ သောအခါ ပင့်ကူနှင့်ပျားတို့ စေ့စပ်လိုက်လေသည်။


ပင့်ကူသည် အလွန်တရာမှ မကျေမနပ်နှင့် သူ့ အမေအားမေးလေသည်။

`အမေ ဘာလို့ သားကို ဒီပျားမ နဲ့ စေ့စပ်ပေးတာလဲ။´

ပင့်ကူမေမေ ` သားကလဲ ပျားမက အသံသာ ဆူညံတာ ။ ဘာပဲ ပြောပြော သူက လေယာဉ်မယ်ဟ ´

ပင့်ကူ` သားက ဟို ခြင်မကို ပိုကြိုက်တာ ´

ပင့်ကူမေမေ ` ဟဲ့ အဲဒီ သူနာပြုမကိုတော့ စိတ်ကူးထဲတောင် မထည့်နဲ့။ ဆေးတောင် ကောင်းကောင်း မထိုးတတ်သေးဘူး။ ဟိုတစ်ခေါက်က အမေ့ကို ဆေးထိုးထားတာ အခုထိ နာတုန်းရှိသေးတယ်။´

ပျားမလေးလည်း အလွန်အမင်း မကျေနပ်ပဲ ပျားမေမေအားမေးလေသည်။

` အမေ သမီးကို ဘာလို့ ဒီ ပင့်ကူကို ယူခိုင်းတာတုန်း´

ပျားမေမေ ` အော် သမီးကလည်း ပင့်ကူက ရုပ်သာဆိုးတာ။ သူက အင်တာနက် ဆင်တဲ့ အလုပ်လုပ်တာလေ။ အခု ဒီလောက်ခေတ်စားတာ´

ပျားမလေး ` သမီးက ဟို ပုရွက်ဆိတ်ကို သဘောကျတာ ´

ပျားမေမေ ` အဲဒီ ပိန်ညောင်ညောင်နဲ့ အလုပ်သမားခေါင်းတော့ မစဉ်းစားပါနဲ့အေ။ သူ့ခမျာမှာ ပစ္စည်းတွေကို ဟိုထမ်းပို့ ဒီထမ်းပို့နဲ့။ ကုန်တင်ကားလေး တစ်စီးတောင် မရှိရှာဘူးး။´

ပျားမလေး ` ဒါဆို အိမ်ဘေးက ယင်ကောင် အစ်ကိုကော။ သူလဲ မဆိုးရှာပါဘူး ´

ပျားမေမေ `အင်း သူကတော့ လူကတော့ ချောပါရဲ့။ဒါပေမယ့် မိလ္လာအလုပ် လုပ်တဲ့ သူကိုတော့ ဘယ်တော့မှ မရွေးလေနဲ့ သမီးး ။´

သိုင်းလောက ဇာတ်သိမ်း

ရှောင်လင်ကျောင်းမှ သိုင်းညီနောင်တို့၏ ပြိုင်ပွဲ

" ဟားဟား ကြိုက်တာပေါ့ဗျာ။ ကျုပ်က ခင်ဗျားကြီးနဲ့လည်း စာရင်း ရှင်းစရာ ရှိတော့ အတော်ပဲပေါ့ " လာထားစမ်းပါ။
သုညသခင်ကြီးက ရှောင်လင် ရင်ပြင်တော်ထဲကို ဝုန်းကနဲ ခုန်ဝင်လိုက်ပြီး သဘာပတိ ဒေါက်ထက်အား စိန်ခေါ်စကားဆိုလိုက်လေပြီ။ သဘာပတိကြီးဒေါက်ထက်က ဟိ ဟုရီကာ ဘေးမှ ဒိုင်တစ်ဦးဖြစ်သူ ရေခဲတောင် သခင်မကြီး ခွန်မြလှိုင်အား မျက်စိမှိတ်ပြရင်း ရင်ပြင်တွင်းသို့ ဝင်လာလေ၏။ မြောက်ကျောင်းတိုက်မှ သိုင်းအကျော်အမော် ဟန်သစ်ငြိမ်က "ဟေ့လူ မောင်သုည ခင်များတို့ တကယ်ဆော်တော့မှာလား WWF လို လုပ်ဇာတ်တော့ မခင်းနဲ့နော် ဒီမှာ ပရိတ်သတ်တွေ အားနာအုံး" ဟုလှမ်းကာ ပြောလိုက်လေသည်။ သုညသခင်ကြီးမှ "မပူစမ်းပါနဲ့ ကိုရင်ရာ ကျုပ်က ဒင်းကို နွှာချင်နေတာကြာပြီ ခုပဲ စာရင်း ရှင်းမှာ တကယ်ကို ရှင်းပစ်မှာ" ဟုပြောပြီး ဒေါက်ထက်အား အသဲနာနာ အကဲပါပါ မျက်နှာပေးနှင့် ကြည့်ပြီး ပြောလိုက်၏။ သိုင်းလောကသား အားလုံးကလဲ ဒီညီအကိုနှစ်ယောက်၏ စာရင်း ရှင်းပွဲကို စိတ်ဝင်တစား ကြည့်နေကြတာ အသက်ပင် မရှူနိုင် ဘယ်သူ နိုင်မယ် ရှုံးမယ်ဆိုတာကိုတော့ ဂျူလိုင်ဒရင်းနှင့် ပွဲစီစဉ်သူ သြော်ဂနိုက်ဇာ ဇီးသခင်တို့မှ အလေးပေးပြီး လောင်းကြေးဖွင့်ကာ ကျန်လူများမှ တီးတိုး ကျိတ်ဝိုင်းကဲ့သို့ လောင်းကြလေသည် တမုံ့။

ဂျူလိုင် "ခေးအော့်စ်ရေ နင်ဘယ်ဘက်က ထိုင်မလဲ အပေါ်လား အောက်လား"
ခေးအော့်စ် "ဟဲ့ ဘယ်သူက အပေါ်ကြေးလဲ"
ဇီးကွက် "အာ ဘယ်သူဖြစ်မလဲ အကြီးက အပေါ်ကြေးပေါ့ အငယ်က အောက်ကြေး"
မွန်ခြောက်ဖုံ "ဘာပြောတယ် ငါ့ မွေးစားဒယ်ဒီကိုများ အောက်ကြေးတဲ့ နင် တို့ စမ်းကြည့်လိုက်စမ်းပါ စမ်းကြည့်လိုက်စမ်းပါ တို့က မန်ယူတွေ အပေါ်ကပဲ နေတယ် ဟိုဟာကြီးက ချယ်ဆီးကြီး အောက်ကြေးပေါ့ မယုံရင် ချန်ပီယံလိဂ်တုန်းက မေးကြည့်"
ဇီးကွက် "ဟဲ့ ဒါက သိုင်းပွဲ ဘောလုံးလို မဟုတ်ဘူး ဘာဖြစ်ဖြစ်ဟာ ငါဒိုင်ကိုင်တာ ငါ့ဘာသာ ဖွင့်ချင်သလို ဖွင့်မယ် နင်တို့ လောင်းချင်လောင်း မလောင်းချင်နေ"
ဟန်သစ်ငြိမ် "ဟေ့ ဇီးလဒ ဖိုးကပ်စ်လေး ဘာလေး ထိုးလို့ မရဘူးလား"
ဇီးကွက် "ရတယ်လေ ၃ ဆပဲပေးမယ် လုပ်ချင်ရင်တော့ ပြော အကောက်ကတော့ ၁၀ နော်"
ဟန်သစ်ငြိမ် "သိပ်ရတာပေါ့ကွာ သရေ တစ်ပေါက်ထိုးမယ်"
ခေးအော့်စ် "ဟာ ဟိုဘက်က လူဆိုးဂိုဏ်းကကောင်တွေ ဖော်လိုရတယ်ထင်တယ်နော် ငါတို့လဲ လိုက်အောမှထင်တယ်"
ဂျူလိုင် "ကြိုက်တာလာထား ကိုယ်တွေက ဒိုင်ပဲ မမှုဘူး နင်တို့လဲ လိုက်ထိုးလို့ရတယ် ဟိုအလွမ်းဘုရင်မ ဘာဖြစ်နေတာလဲ မျက်နှာကြီး အောက်ချပြီး သုန်မှုန်နေတာပဲ ဆွဲအုံးမလား"
လင်း " အသာနေစမ်းပါ။ ငါ့မှာ ကိုယ့်လခ ကိုယ် သုံးလို့ မလောက်တဲ့ အထဲ။ မလောင်းဘူး။"


ကွင်းပြင်တစ်ခုလုံး ခုနက သိုင်းအုပ်စုမှ လွဲ၍ငြိမ်သက်နေသည်။ ဒေါက်ထက်နှင့် သုညသခင်ကြီး ကွင်းပြင် အလယ်တည့်တည့်တွင် ရပ်နေရာ (မြင်ကွင်းအား matrix ထဲကကဲ့သို့ ၃၆၀ ဒီဂရီလှည့်ကြည့်ရန်) ဝတ်ရုံများက တလွင့်လွင့် သုညသခင်က ရဲရဲနီသော ဝတ်စုံနှင့် ဒေါက်ထက်ကတော့ အဖြူရောင် ဝတ်ရုံကြီးနှင့် မြင်ကွင်းကိုက အသဲယားစရာ။ "ဝုန်း" သုညသခင်ကြီးမှ စတင်လှုပ်ရှားလိုက်သည်။ သူ့ပတ်ချာလည်တွင် စာရွက်စာတမ်းများ ဖိုင်များနှင့် လက်ပ်တော့တစ်လုံး ဒေါက်ထက်မှ သုညသခင်ကြီးနား အပြေးကပ်သွားပြီး
"ညီလေး မင်းဒီစာရင်းတွေက"
"ဟုတ်တယ်လေ အရင်အကြွေးတွေ အရင်ရှင်းအုံး ကျုပ်ရစရာ ရှိတာတွေ ပြန်ပေး ပြီးရင် ခင်ညားကြီး သုံးထားတဲ့ ပိုက်ဆံတွေကို ကျုပ်နာမည်နဲ့ဖြစ်နေတာ ပြန်ရှင်း ရော့ဒီမှာ အကြွေးဗောက်ချာတွေ"
"ဟား ဟား ဟား မင်းမို့ ပြောထွက်တယ် မင်းတောင် ဘကြီးဘုန်းကြီး ကျက်သရေခန်းထဲက နဝကမ္မတွေ ခရီးမသွားခင်ကပဲ အားဆေးဝယ်မယ်ဆိုပြီး အရက်ဆိုင်ထွက်သွားတာ ငါမသိဘူး မှတ်နေလား"
"အရက်မဟုတ်ဘူးဗျ ကျန်းမာရေးအတွက် ကျန်းမာရေးအတွက် ဘကြီးဘုန်းကြီးနဲ့ သွားခါနီးလေး အပြီဆွဲထားတာ သူနဲ့သွားရင် ပင်ပန်းတယ် ဒါတွေ ခင်ညားကြီး မသိပါဘူး"
"ဟေ့ကောင် ငါက စီနီယာကွ ငါအရင်ထဲက မင်းထက်ပိုပြီး သွားဖူးတယ် ငါ့တုန်းက ဘာမှ မလုပ်ဘူး မင်းအလှည့်ကျမှ ဒါမျိုးတွေ လုပ်တာများနေပြီ ဘကြီးဘုန်းကြီးလဲ မင်းကို ချက်နေတာကြာပြီ ငါ့ကို လာပြောတယ် အငယ်ကောင်က အသောက်အစားခုထိ မကင်းဘူးတဲ့ ဒါတောင်ငါက မင်းယူသောက်ထားတဲ့ စာရင်း မပြသေးလို့ ဟွန်း ပြလိုက်ရင် မင်း ဘာဖြစ်သွားမယ် ထင်လဲ မင်းဘာဖြစ်သွားမယ် ထင်လဲ"
"ခင်ညားကြီးတော်တော့နော် ကျုပ်က သောက်ပဲသောက်တာ ပေါက်ကရ မလုပ်ဘူး ခင်ညားကြီးသာ ဘကြီးဘုန်းကြီးမရှိတုန်း ကျောင်းမှာ ဟင်း ဟင်း ဟင်း ဆက်ပြောလိုက်ရမလား"
"တော်စမ်း ဒီကိစ္စဒီမှာရပ် ငါက ဖုန်းဖိုးပဲ ရှင်းတာ သဘောပေါက်"
"ခင်ညားကြီး ဖုန်းဖိုးက ကျုပ်၂ လလောက် အမူးသောက်လို့ရတယ် ကြာတယ်ဗျာ ခင်ညားကြီးနဲ့ ကျုပ် တစ်ယောက်ယောက် မရှိမှအေးမှာ ကဲ လာလေရော့"
သုညသခင်ကြီးမှ စာရွက်များ အကြွေးဗောက်ချာများကို ဘေးတွင်ချပြီး ဒေါက်ထက်အား မညှာမတာ တရစပ်တိုက်ခိုက်ပါတော့သည်။ တနေ့ကမှ လတ်လတ်ဆတ်ဆတ် ကျင့်ထားတဲ့ ဆတ်ကော့လတ်ကော့ သိုင်းနှင့်တိုက်ခိုက်လေရာ ဒေါက်ထက်မှ ခံစစ်ကိုသာ ဦးစားပေး နေရလေသည်။
နတ်ကလျာနှင်းပွင့် "ဟင် ဒေါက်ထက်ကြီး သနားပါတယ် ဟိုသုညသခင်ဆိုတဲ့ဟာက ခုဒီဘက်မှာ ရှားပါးနေတဲ့ ဆတ်ကော့လတ်ကော့သိုင်းကို ဘယ်လိုတတ်သွားတာတုန်း ဒါက မိန်းမတွေ တတ်တာလေ ဒင်းဘယ်လို ကျင့်လာသလဲ ဒါဆို ဒင်း စိတ်များ ပြောင်းသွားပြီလား ။ ဟိုတစ်လောက ငါတို့ကို တိုက်တာ မနိုင်လို့ ကုန်းကုန်းဘ၀ ပြောင်းပြီ ထင်တယ်။"
မွန်ခြောက်ဖုံ "ဟဲ့ နတ်ကလျာ တလွဲမတွေးစမ်းနဲ့ တို့ပါပါးက နင်ထင်သလို မဟုတ်ဘူး အစစ်ကြီး အပုန်းမဟုတ်ဘူးဟဲ့ သူက မိန်းကလေးတွေကို နင်ကစပြီး စိတ်ကုန်သွားလို့ မိန်းမတွေ အကြောင်းသိအောင် လေ့လာရင်း တတ်လာတာ သဘောပေါက်လိုက်စမ်းပါ"
ဇီးကွက် "အော် တော်သေးတာပေါ့ ငါက သူလဲ လစ်သွားပြီ မှတ်တာ အဟက်ဟက်ဟက်"

သိုင်းပြိုင်ပွဲက နာရီဝက်လောက် ကြာတဲ့ အထိ အဖြေမပေါ်သေးချေ။ သုညသခင်ကြီး အလှည့်ပြီးတော့ ဒေါက်ထက်က ဟိုဘက်တိုးလိုက် ဒီဘက်တိုးလိုက် အကွက်ဖြင့် ပြန်ဆော်လေရာ သုညသခင်ကြီးမှ ဟစ်ဟော့ကဲ့သို့ ကကွက်များဖြင့် ပြန်ရှောင်နေရလေသည်။ ပတ်ချာလည် ကြည့်နေသော ပရိတ်သတ်များထဲမှ သိုင်းမယ်လေးများကလည်း အိုးလေးလှုပ်ပါဟေ့ ဆိုပြီး စွတ်လှုပ်ကုန်ကြလေသည်။ ဂျူလိုင်၊ ဇီးကွက်၊ အိမ်မက်နက်၊ ဟန်သစ်ငြိမ်တို့မှာမူ လုံးဝကို အိနြေ္ဒမဆောင်နိုင်လောက်အောင် မျက်လုံးများပြူးထွက်လာပြီး သိုင်းပြိုင်ပွဲထက် အားပေးနေသော ပရိတ်သတ် သိုင်းမယ်လေးများစီကိုသာ အာရုံရောက်နေလေပြီ။ ဒီအဖြေမပေါ်သော သိုင်းပြိုင်ပွဲတွင်းသို့ အရိပ်တစ်ခု ဝင်လာသည်။ ပြိုင်ပွဲဝင် နှစ်ယောက်လုံး ဘေးသို့လွင့်စင်ကျသွားလေသည်။ ဟန်နီ၏ပျားများလည်း ဘယ်ရောက်သွားမှန်းပင် မသိလိုက်ရ။ အားလုံးလဲ မှင်သက်နေကြသည်။

"နှစ်ကောင်လုံး ဒီကိုလာ"
"ဟာ ဘကြီးဘုန်းကြီး" (သေပြီဆရာ)
"လာစမ်း အောင်မာ လမ်းလျှောက်လာတယ် ရမလား သွား ဖားခုန်ခုန်ပြီး လာခဲ့ ဒီကို"
သုညသခင်ကြီး "တင်ပါ့ဘုရား"
ဒေါက်ထက် "တင်ပါ့ လာပါပြီဘုရား"
"နင်တို့တွေ အချင်းချင်းပါ သတ်နေကြတယ် ငါ့တစ်ကျောင်းလုံးလဲ အမှိုက်တွေပွလို့ ဟမ် ကောင်းသေးရဲ့လား ငါကတော့ သာသနာပြုတယ် နင်တို့က အလေလိုက်နေတယ် သာသနာကို မထောက် ငါ့မျက်နှာကို မထောက် နံ့ချင်တိုင်းနံ့နေတယ် ဟိုအကြီးကောင် နင့်ကိုကျောင်းအပ်ခဲ့တာ နင်က ဖြစ်ချင်တိုင်း ဖြစ်နေတယ်ပေါ့လေ ငါလုပ်ရင် သေတော့မယ်"
သုညသခင်ကြီး "ဟုတ်တယ် ဘုရား သူအဲလိုလုပ်လို့ အနော်ပြန်လာပြီး ချောင်းတာ သူအရင်လုပ်တာ အနော်ဘာမှ လုပ်ဘူး ဘုန်းကြီး မကြိုက်တာ မလုပ်နဲ့လို့ လာပြောတာကို သူက အနော့်ကို ဆော်ချင်သလေး ဘာလေးနဲ့ အဲဒါ"
"တိတ်စမ်း နင်လဲ အတူတူပဲ ငါ့ကိုပြောတော့ အကိုကိုသွားကူမယ်လေးဘာလေးနဲ့ နင်တို့ အကြံအစည် အစထဲက ရှိပြီးသားပါ ငါသိပြီးသား ငါကတော့ အော် ဒင်းတို့ လိမ္မာလာကြမှာပါဆိုပြီး လွှတ်ပေးထားတာ ခုတော့ ပိုပြီးတောင် မိုက်လုံးကြီးနေသေးတယ်"
ဒေါက်ထက် "တင်ပါ့ဘုရား တပည့်တော်တို့လဲ သူများတွေက တအားမြှောက်ပေးတော့ လုပ်မိတာပါ အဓိကကတော့ ဇီးကွက်ဆိုတဲ့ စီစဉ်သူပါဘုရား"
"ဘယ်မလဲ စီစဉ်တဲ့ကောင် ကျန်တဲ့ဟာတွေအားလုံး ဒူးထောက်ထိုင်နေကြစမ်း လာစမ်းငါ့နား"
ဇီးကွက် "သားက နာမည်လေးများ ကြီးမလားလို့ အော်ဂနိုက်ဇာ လုပ်ကြည့်တာပါဆို ခုတော့ ဟင့် သရေတစ်ပေါက်ပါ တိုးသွားတော့ လျော်လဲ လျော်ရတော့မယ် ဘုန်းဘုန်းကလဲ ဆူတယ် ဟင့် ငိုချင်လာပြီ"
"နင်လဲ တူတူပဲ နာမည်လေးကြီးချင်တာနဲ့ ဒါမျိုးလုပ်စားတယ် အေးနင်တို့ အားလုံး သေပြီသာမှတ် ကဲ အားလုံး နားထောင် ဒီတစ်ပါတ်လုံး ဘယ်သူမှ မပြန်ရဘူး ကျောင်းတစ်ခုလုံး သန့်ရှင်းရေးလုပ် ပြီးရင် တရားနာရမယ် တရားထိုင်ရမယ် ဟို ညီအကိုနှစ်ကောင် နင်တို့ကတော့ သန့်ရှင်းရေးအပြင် အိမ်သာပါဆေး ကြားလား"
အားလုံး "တင်ပါ့ဘုရား"

ဤသို့ဖြင့် ရှောင်လင်ညီနောင်များရဲ့ သိုင်းပြိုင်ပွဲကြီးမှာ အိမ်သာဆေး သန့်ရှင်းရေးလုပ် တရားနာ တရားထိုင်ဖြင့် ပြီးဆုံးသွားပါကြောင်း။

..............................................

လေးစားစွာဖြင့်
zeRoTraSh
...............................................

သိုင်းပြိုင်ပွဲကြီးလည်း မအောင်မြင်စွာဖြင့် ပြီးဆုံးသွားချေပြီ။ သို့သော် ဒိုင်းကြီးအကြောင်းရှင်းရချေဦးမည်။

သိုင်းပြိုင်ပွဲပြီး နောက်တစ်လအကြာ

ဝတောင်တန်းတစ်နေရာရှိ နာမည်ကြီးစားသောက်ဆိုင်တစ်ဆိုင်တွင် အကျီ င်္ အနက် ၀မ်းဆက်ဝတ်ဆင်ထားပြီး မျက်နှာကို အ၀တ်ဖြင့် အုပ်ထားသူ တစ်ယောက် ထမင်းဟင်းများကို အားရပါးရစားသောက်နေသည်။ သူ့ခမျာမှာ ဘယ်ကတည်းက ငတ်လာ အဲလေ မစားသောက်လာရသည်မသိ.. စားသောက်ပြီးစီးသော ပန်းကန်များမှာ သူ့ရှေ့တွင် ပုံနေလေသည်။
"ဟေ့ စားပွဲထိုးလာစမ်း။ ဘီယာတစ်ဂျားထပ်ယူလာခဲ့။ ပြီးတော့ သီဟိုဠ်စေ့ကြော်ရယ်၊ ၀က်ခေါင်းသုပ်ရယ် တစ်ပွဲစီ ယူလာခဲ့။ မြန်မြန်လုပ်နော်၊ ငါက သိပ်စိတ်ရှည်တာမဟုတ်ဘူး"
"ဆရာ ၊ ဆရာသောက်တာ နည်းနည်းများနေပြီထင်တယ်။ အမြည်းကလည်း ကုန်ပါ့မလား"
"ဘာလဲ မင်းက ငါ့ကို ပိုက်ဆံ မရှင်းနိုင်ဘူးထင်လို့လားကွ။ ဟင် လူကို အထင်စမောလှချည်လား။ ဒီမှာ ဒါဘာလဲလို့ ကြည့်လိုက်စမ်း။"
ဝတ်စုံနက်နှင့်လူမှာ ပြောပြောဆိုဆို သူ့နောက်ကျောတွင် ပုဆိုးဖြင့် ထုတ်ပိုးထားသော မည်သည့် သတ္တုဖြင့် ပြုလုပ်ထားသည် မသိသော အရောင်တောက်ပလှသည့် ဒိုင်းအား ထုတ်ပြလိုက်ရာ စားပွဲထိုးမှာ ပြာပြာသလဲဖြင့် " အော် ဆရာက ဒီဒိုင်းပိုင်ရှင်ကိုး.. ဒိုင်းပိုင်ရှင်ရောက်လာရင် အနောက်ဖက်အခန်းထဲမှာ အထူးစပါယ်ရှယ် ပြုစုဖို့ မှာကြားထားပါတယ်။ ဆရာ အနောက်ခန်းကို ကြွပါ.."
"အေး မင်းတို့ ဒီလို လေးလေးစားစား ဖိတ်ကြားတယ်ဆိုတော့ ငါလည်း ငြင်းလို့ ဘယ်ကောင်းပါ့မလဲ။ ကဲ လမ်းသာ ပြပေတော့"
ထိုသူမှာ အနောက်ဖက်အခန်းသို့ ၀င်လိုက်မိသည့်နှင့် တစ်ပြိုင်နက် စားပွဲထိုးမှာ အခန်းတံခါးကို အပြင်မှ နေ၍ ပိတ်လိုက်လေသည်။ အခန်းတွင်းတွင်ကား သိုင်းပြိုင်ပွဲမှ ဒိုင်လူကြီး နှစ်ယောက်ဖြစ်သော ဒေါက်ထက်နှင့် သိုင်းမယ်တော် ခွန်မြလှိုင်၊ အော်ဂနိုက်ဇာ ဇီးကွက်၊ လေလွင့်သူ ခေးအော့်စ်၊ ပန်းချီရွှန်းမီ၊ အလွမ်းဘုရင်မလင်း၊ နှင်းပွင့်နတ်ကလျာ၊ ဂျူလိုင်ဒရမ်း၊ မိုးချစ်သူ၊ ပျားဘုရင်မ၊ တေလေ မုတ်သုန်၊ မွန်ခြောက်ဖုံ၊ အိပ်မက်နက်၊ သုညသခင်ကြီးတို့ စားပွဲတစ်လုံးတွင် ၀ိုင်းထိုင်လျက်ရှိနေလေသည်။
ဝတ်စုံနက်မှ " အော် အားလုံးလူစုံတက်စုံ ပါလား။ အစည်းအဝေးလုပ်နေတယ်ထင်ပ၊ ဆက်လုပ်ကြနော်။ သွားလိုက်ဦးမယ်"
သုညသခင်ကြီး " ဒီလို လွယ်လွယ်နဲ့ သွားလို့ရမယ်ထင်ရင် မှားသွားမှာပေါ့ ဟန်သစ်ငြိမ်ရယ်။ မင်းကွာ သိပ်လုပ်ရက်တဲ့ကောင်။ ဒိုင်းကို ရရင် ငါတို့ တစ်ဖွဲ့လုံး တူတူ လာသောက်မယ် ပြောထားတာကို"
ဝတ်စုံနက်လည်း မထူးတော့ပြီ ဖြစ်သဖြင့် ခေါင်းတွင် အုပ်ထားသော အ၀တ်အား ဖယ်ရှားရင်း " မဟုတ်ပါဘူး သယ်ရင်းရာ၊ ငါက အခု ဘောလုံးပွဲ မှာ ဖိုးကပ်စ်ပေါက်ထားတာနဲ့ လာသောက်တာပါ"
သုညသခင်ကြီး " ဘာမှ လာရှင်းပြနေနဲ့။ ငါတို့က သတင်းအတိအကျ ရထားပြီးသား။ မင်းဖိုးကပ်စ် ပေါက်တာလောက်နဲ့ ဒီ လို စားသောက်နိုင်မလား။ "
ဇီးကွက် " ဟုတ်တယ် သူ ထိုးတာက တပုံးလေ။ ရတော့ သုံးပုံးပေါ့ သုံးဆဆိုတော့။ "
လင်း " အေးလေ ရေသုံးပုံးနဲ့ ဘယ်လို လာစားနိုင်မလဲ"
မွန်ခြောက်ဖုံ " အာ ၊ ဒီ အလွမ်းဘုရင်မကလဲ တစ်ပုံးဆိုတာ ဘောလုံးပွဲ လောင်းတဲ့လူတွေရဲ အခေါ်။ တစ်သိန်း တစ်သိန်း။ ပိန်းပ "
လင်း " ဘယ်သိပါ့မလဲ လောင်းမှ မလောင်းဖူးတာကို "
ဟန်သစ်ငြိမ် " ယုံပါကွာ။ ငါ ဖိုးကပ်စ်ပေါက်ထားတာနဲ့ လာသောက်တာပါ "
ဒေါက်ထက် " ဒိုင်းကြီး ကို လက်မှာ ကိုင်ထားပြီးမှတော့ ငြင်းမနေပါနဲ့လေ။ မင်း ဒီဒိုင်းကြီး ကို ပြပြီး ၀ ကုန်တိုက်မှာ လည်း ပစ္စည်းတွေ အကြွေးယူသွားတယ်ဆိုတဲ့ သတင်း ရထားပြီးသား။ ပြီးတော့ စားသောက်ဆိုင်တွေမှာ စားထားတဲ့ အကြွေးတွေက ပဲ ဆယ်သိန်းဖိုးလောက်ရှိတယ်။ ငါတို့က ဒီဒိုင်းကြီးကို သိုင်းပြိုင်ပွဲမှာ အနိုင်ရတဲ့ လူ အဆင်ပြေအောင်ဆိုပြီး စားသောက်ဆိုင်တွေမှာ အကြွေးစားခွင့်ရအောင် ပြောထားပေးတာကို မင်းက အခွင့်ကောင်းယူပြီး အသုံးချတာတော့ မကောင်းပါဘူး။ သုည ယူလာပေးတဲ့ ဒိုင်းက အတုကြီး ဖြစ်နေတာကို တွေ့ကတည်းက တစ်ယောက်ယောက်တော့ ယူပြီး အသုံးပြုနေပြီလို့ ထင်နေတာ။ အခုတော့ မင်းဖြစ်နေတာကိုးးး။ အခုတော့ မင်းလည်း ဒီဒိုင်းကြီးကို မကောင်းတဲ့ စိတ်နဲ့ အသုံးပြုလို့ အတွင်းအားတွေ ယုတ်လျော့နေလောက်ပြီ။ မင်း ဒိုင်းကြီး ကို ခေးအော့စ် ဆီကို သာ ပြန်အပ်လိုက်ပါတော့"
" ဟား ဟား။ ဘယ်ယုတ်လျော့လိမ့်မတုန်း။ အခု စားကောင်းသောက်ကောင်းတွေ စားပြီး အတွင်းအားတောင် ပိုပြည့်လာဦးမယ် ။ ခေးအော့စ် ဒီဒိုင်းကို လိုချင်တယ်ဆိုရင် လာယူလိုက်စမ်းဘာာ။"
ခေးအော့စ်မှ စကား တစ်ခွန်းမှ မပြောပဲ လေလွင့် အတွင်းအားဖြင့် လက်ဝါးကိုသာ ရှေ့သို့ အသာ တွန်းထုတ်လိုက်ရာ ဟန်သစ်ငြိမ်မှာ လက်ဝါး သိုင်းဖြင့် ကာကွယ်လိုက်သော်လည်း နောက်သို့ ခြေသုံးလှမ်း ဆုတ်ပေးလိုက်ရသည်။
" ဟားး လေလွင့်သူရဲ့ အတွင်းအားက တစ်လ အတွင်းတော်တော် တိုးတက်လာ သကိုး"
သိုင်းမယ်တော် ခွန်မြလှိုင်မှ ၀င်၍ " လေလွင့်သူ အတွင်းအားတက်လာတာ မဟုတ်ဘူး။ မင်းရဲ့ အတွင်းအားလျော့သွားတာလေ ။ အစကတည်းက ဒီဒိုင်းကို မကောင်းတဲ့ စိတ်နဲ့ အသုံးပြုရင် အတွင်းအားလျော့မယ်လို့ ပြောထားသားပဲ။ အခု မင်းက ဘီယာကို အကြွေးရတိုင်း စွတ်သောက်တော့ အတွင်းအားတွေ ယုတ်လျော့တာပေါ့"
ဟန်သစ်ငြိမ်လည်း ခေါင်းကို အောက်စိုက်ပြီး " ဟုတ်ကဲ့ " ဟု တစ်ခွန်းထည်းပြောကာ ဒိုင်းကြီး ကို ခေးအော့စ်ထံသို့ ပစ်ပေးပြီး အခန်းထဲ မှ ထွက်သွားလေသည်။
ဒေါက်ထက် မှနေ၍ "ကဲ ဒီဒိုင်းကြီး ရှိတာ ငါတို့လည်း ခေါင်းရှုပ်တယ်။ အကြွေး ၀ယ်တာတို့ စားတာတို့ များရင် ဆိုင်တွေက ငါတို့ကိုပဲ လာတောင်းမှာ.. ငါတို့လဲ မရှင်းပေးနိုင်ဘူးဆိုတော့ ဒီဒိုင်းကြီး ကို ဖျက်စီးလိုက်တာပဲ ကောင်းပါတယ် " ဟု ဆိုကာ ဒိုင်းကြီး ကို လက်ဝါးတစ်ချက်ထဲ ဖြင့် ရိုက်က ချေမွ ဖျက်စီးလိုက်လေတော့သည်။

.......................................
ပြိုင်ပွဲလဲပြီး ဒိုင်းလည်း ကုန်ပြီ.. ဇာတ်သိမ်းပြီ ဖြစ်ပါကြောင်း

Ulmuka_ဇီးကွက်

သိုင်းလောက အပိုင်း ( ၁၉ ) မွန်ခြောက်ဖုံနှင့် အလွမ်းဘုရင်မ

သိုင်းပညာ ပြိုင်ပွဲကား စတင်လေပြီ။ ယခုပွဲက ယခင်ကဲ့သို့ သိုင်းပညာဖလှယ်သည့် ပွဲမျိုးမဟုတ်။ သူသေ ကိုယ်မရှင် တိုက်ရမည့်ပွဲမျိုး။ အဖြူနှင့် အမည်း၊ အာပုတ်နှင့် မျက်ရည် တိုက်သည့်ပွဲ။ ပွဲကြည့် ပရိဿတ်များပင် နှာခေါင်းစည်းများစည်း၊ ဒိုင်းများဖြင့် မျက်ရည်ကို ကာကာ ကြည့်ကြရသည်။

ပြိုင်ပွဲ မစမီလေးတွင် လင်းမှ " ဒရမ်းရေ ( လိုတော့ ဒရမ်းရေတဲ့။ မလိုရင်တော့ အီးအိုးသခင် သေးဘုရင် ဆိုပဲ.. ) နှာခေါင်းစည်းလေး ဌားပါလား။ အာပုတ်သိုင်းကို ကာကွယ်ချင်လို့ "

ဒရမ်းမှလည်း သူ့အား အီးအိုးသခင် သေးဘုရင်ဟု အခေါ်ခံထားရသောကြောင့် ( မှန်ပင် မှန်သော်ငြားလည်း ) မကျေနပ်ပဲ " မရှိတော့ဘူး အစ်မရေ၊ ဧရာဝတီကို ဆင်းတဲ့ အဖွဲ့ကို အကုန်ပေးလိုက်ပြီ" ဟု ညစ်လေသည်။

ခေးအော့်စ်မှ ၀င်၍ " အစ်မတော် ရော့ နှာခေါင်းစည်း မရှိရင်လည်း အစ်မလက်ချက်နဲ့ မီးလောင်ထားတဲ့ ပုဝါ တစ်ပိုင်းကို ယူပြီး စည်းထားလိုက်။ အာပုတ်သိုင်းကို နှာခေါင်းစည်း မပါပဲ တော့ ယှဉ်လို့ မဖြစ်နိုင်ဘူး"

လင်းမှာလည်း မရှိသည့် အဆုံး ပုဝါတစ်ပိုင်းပြတ်ကို စည်းတာ တိုက်ပွဲ စည်းဝိုင်းအတွင်းသို့ ခုန်ဝင်လိုက်လေသည်။

" ကဲ မွန်ခြောက်ဖုံ ညည်းက စိန်ခေါ်တယ်ဆိုတော့ ညည်းကို ဦးစားပေး တိုက်ကွက် သုံးကွက် ပေးတိုက်မယ်။ ငါ လုံးဝ ပြန်မတိုက်ဘူး.. တိုက်ရင် အရှုံးလို့သာ မှတ်လိုက် ဌက်ဌက်"

မွန်ခြောက်ဖုံမှာ အထင်သေးခံရ သဖြင့် စိတ်တိုကာ သူမှ ပြန်လမ်းမဲ့ ကျွန်းမှ ခိုးသင်လာသည့် မှော် နက်သိုင်းဖြင့် စတင် တိုက်ခိုက်တော့သည်။ မှော်နက်သိုင်းကား ထူးခြားလှပေ၏။ မွန်ခြောက်ဖုံမှာ လက်နက် မစွဲကိုင်ပဲ သူမ ရှည်လျားလှသော လက်သည်းများဖြင့် ကုတ်ဆွဲ တိုက်ခိုက်လေသည်။ အလွမ်းဘုရင်မ လင်းကား အပြုံးမပျက်သည့် အပြင် " မွန်ခြောက်ဖုံ၊ ညည်းက ရေမချိုးသိုင်း၊ သွားမတိုက်သိုင်း အပြင် လက်သည်းမညှပ် သိုင်းကို ပါ ကျင့်ထားသကိုး " ဟု ခနဲ့ တဲ့တဲ့ ပြောလိုက်ရာ အာပုတ်မယ်မှာ ဒေါသတကြီးဖြင့် မှော်နက် အယားကုတ် သိုင်းကို ထုတ်သုံးလေသည်။ အယားကုတ်သိုင်းမှာ ပီပြင်လွန်းလှ သဖြင့် ပရိဿတ်များမှာ မျက်ရည် မီးတောက် လင်း အတွက် စိုးရိမ်သွားကြလေပေသည်။ သိုင်းလောက အကြောင်းကို နှံ့နှံ့စပ်စပ် သိသော ဒိုင်လူကြီး ဒေါက်ထက်မှ ( သိမှာပေါ့လေ.. ကိုတင့်ကားတောင်မှ သိုင်းလောကမှာ တစ်ခုခုဆို အော်ဇီသခင်ကြီးက ထိပ်ဆုံးက ရောက်တယ်လို့ ၀န်ခံထားသကိုး။ အခု ရွှေခွက်မှာ လက်ဆေးပြီးတာတောင် ရောက်တုန်း။ စကားချပ်) ဘေးမှ သိုင်းမယ်တော်အား " အဲဒီသိုင်းက မှော်နက်သိုင်းသခင်ကြီး ရေမချိုးသိုင်းကျင့်တုန်းက ၀ဲစွဲပြီး ယားလို့ ထပ်ထွင်လိုက်တဲ့ သိုင်းလေ။ အလွန့်အလွန် ရက်စက်တဲ့ သိုင်းပေါ့.. " ဟု ပြောပြနေလေသည်။

အလွမ်းသခင်မ လင်းမှာ သူမ၏ အရိပ်တစ်ထောင် ကိုယ်ဖော့သိုင်းဖြင့် ပတ်ပြေးနေလေရာ အရိပ်များ အထပ်ထပ်ဖြစ်နေသဖြင့် မွန်ခြောက်ဖုံမှာ မည်သူ့ကို ကုတ်ရမည် မသိပဲ အရှက်ပြေ ကိုယ့်ကိုယ်ကိုယ်သာ ကုတ်လိုက်ရပေသည်။ ထိုအချိန်တွင် နတ်ကလျာ နှင်းပွင့်မှ နေ၍ " အစ်မတော် တိုက်ကွက်က သုံးကွက်ကျော်လို့ အကွက် သုံးဆယ်ဖြစ်နေပြီ။ ပြန်တိုက်တော့လေ" ဟု လှမ်းသတိပေးလိုက်မှ အလွမ်းဘုရင်မလည်း အတိတ်ကို မှန်း၍ ( ဘယ်တော့မှလည်း မရောက်ပါဘူးလေ ) ပြေးနေခြင်းကို ရပ်၍ တိုက်ခိုက်တော့သည်။ အလွမ်းဘုရင်မ၏ တိုက်ကွက်များမှာ ယာဖက်မှ တိုက်ခိုက်သလိုလိုနှင့် အရှေ့ဖက်မှ တိုက်ခိုက်ခြင်း၊ အပေါ်သို့ ခုန်ဟန်ပြ၍ အောက်ခြေကို သိမ်း၍ရိုက်ခြင်း စသဖြင့် ခန့်မှန်းရခက်လှသောကြောင့် မွန်ခြောက်ဖုံမှာ ကြောက်လန့်ပြီး " ဟ ဒါဘာသိုင်းကွက်တွေလဲ ၊ တစ်ခါမှလည်း မတွေ့ဖူးပါလား " ဟု ရေရွတ်ရင်း နောက်သို့ တဆုတ်တည်း ဆုတ်နေရလေသည်။ လင်းမှ " အဲဒါ ငါ ပြိုင်ပွဲက စောစောထွက်ပြီးတော့ အိပ်ရင်း ကျင့်ထားတဲ့ အိပ်မက်ကမ္ဘာသိုင်းလေ.. ဌက်ဌက် " ဟု ပြောတာ သူမ၏ နောက်ဆုံးတိုက်ကွက် ဖြစ်သော အိပ်မက်ကမ္ဘာ အလွမ်းဖြာ သိုင်းကို ထုတ်သုံးလိုက်ရာ မွန်ခြောက်ဖုံမှာ အလွမ်းရေယာဉ်ကြောတွင် စီးမျောပြီး မျက်ရည်များ တတွေတွေ စီးဆင်းလာလေသည်။ တပည့်မ အခြေအနေ မကောင်းသည်ကို တွေ့လိုက်ရသော သုည သခင်ကြီးမှာ ၀င်ရောက် စွတ်ဖက်ချင်သော်လည်း အဖြူရောင် သိုင်းသမား အင်အားစုကို ကြောက်လန့်၍ ( ကြောက်လွန်းလို့ Phobia ဆိုတဲ့ ပို့စ်တောင် တင်ထားတယ်။ မယုံရင် သွားဖတ်ကြည့်ကြနော်။ ) ဒီအတိုင်းထိုင်ကြည့်နေရလေသည်။ မွန်ခြောက်ဖုံမှာကား ငိုရှိုက်ရလွန်း၍ အတွင်းဒဏ်ရာ ရရှိတော့မည့်အချိန်တွင် လူရိပ်နှစ်ခုမှာ တိုက်ပွဲ အတွင်း ၀င်ရောက်ပြီး မွန်ခြောက်ဖုံကို ဆွဲထုတ်သွားလေသည်။ သူတို့မှာကား… ကျောတွင် ဒိုင်းတစ်ခုကို လွယ်ထားသော မြောက်ကျောင်းတိုက်မှ သိုင်းအကျော်အမော် ဟန်သစ်ငြိမ်နှင့် မည်းနက်သော ၀တ်စုံကို ၀တ်ထားသည့် အိပ်မက်နက်တို့ ဖြစ်လေတော့သည်။ အိပ်မက်နက်မှာ အိပ်မက်သိုင်းကို ကျင့်ဖူးသောကြောင့် သိပ်မသိသာ သော်လည်း ဟန်သစ်ငြိမ်မှာ အိပ်မက်ကမ္ဘာ သိုင်း၏ အဖျားခတ်ခံရပြီး နှာ တရှုံ့ရှုံ့ ဖြစ်နေလေသည်။

စစ်ကူရောက်လာသောကြောင့် သုညသခင်ကြီးမှာ အားတက်လာပြီး " ဟားဟား ဟား၊ မိတ်ဆွေကြီး ဟန်သစ်ငြိမ် ရောက်မှ ရောက်ပါ့မလားလို့ ။ မရောက်ရင် သိုင်းပြိုင်ပွဲ အပြင်ထွက်ပြီး ပီစီအိုဖုန်းကနေ ဆက်ခေါ်မလို့လေ။ ရှောင်လင်ကွင်းထဲမှာ လုံခြုံရေးအရ ဂျီအက်စ်အမ် လိုင်းကို ပေးမသုံးဘူးဗျ"

" ဒီလိုပွဲမျိုးကို မလာလို့ ဘယ်ဖြစ်ပါ့မလဲ။ လမ်းမှာ အိပ်မက်နက် အိပ်နေတာတွေ့လို့ ခေါ်လာခဲ့ သေးတယ်။နောက်မှ ဆက်ပြောမယ်ကွာ။ ဒီမှာ ဖုံဖုံ့ကို ကြည့်ပေးလိုက်ဦး"

မွန်ခြောက်ဖုံမှာကား အတွင်းဒဏ်ရာ ရရှိသွားသောကြောင့် တင်ပလ္လင်ခွေထိုင်ကာ ကုစားနေရလေသည်။ သုည သခင်ကြီးမှာကား စိတ်ဆိုးနေလေချေပြီ။ ချစ်တပည့်မ အတွင်းဒဏ်ရာ ရသွားသည်ကိုး။ ထို့ကြောင့် အလွမ်းဘုရင်မအား " ကဲ အလွမ်းဘုရင်မ ကျုပ်နဲ့ တစ်ပွဲ တစ်လမ်းလောက် အကဲစမ်းကြည့်ရအောင်" ဟုစိန်ခေါ်ရာ ဒေါက်ထက်မှ " ညီတော်၊ အလွမ်းဘုရင်မက တစ်ပွဲတိုက်ထားတော့ ပင်ပန်းနေပြီ။ ညီတော်တိုက်ချင်ရင် အစ်ကိုတော်နဲ့ ပြိုင်ပါ " ဟု ၀င်ရောက်ပြောဆိုရာ သုညသခင်ကြီးမှ " ဟားဟား ကြိုက်တာပေါ့ဗျာ။ ကျုပ်က ခင်ဗျားကြီးနဲ့လည်း စာရင်း ရှင်းစရာ ရှိတော့ အတော်ပဲပေါ့ " ဟုဆိုကာ ပြိုင်ပွဲစည်းဝိုင်းအတွင်းသို့ နှစ်ယောက်သား ခုန်ဝင်လာကြလေတော့သည်။



...................................

လာမည် ကြာမည်.. မျှော်.....

သိုင်းလောက အပိုင်း ( ၁၈ ) မွန်ခြောက်ဖုံ လွတ်မြောက်ခြင်း


ဗိုလ်လုပွဲကြီးကား အောင်မြင်စွာ ပြီးဆုံးလေပြီ။ ပွဲကြည့်ပရိဿတ်များလည်း ပြန်ကြချေပြီ။ တစ်ချို့ စီးပွါးရေး သမားများသာ မပြန်နိုင်သေးပဲ သိုင်းပြိုင်ပွဲ ဗီစီဒီ ထုတ်ခွင့် ၊ စာအုပ်ထုတ်ခွင့်ရရန် ဒိုင်လူကြီးများထံတွင် အပူကပ်နေကြလေသည်။ PDF လုပ်ပေးမယ်နော်... ဖိုးဝမှာ တင်ပေးမယ်နော်.. မူပိုင်ခွင့်ပေး.. စသည်ဖြင့် ဆွဲဆောင်နေကြလေသည်။ ပြိုင်ပွဲဝင် သိုင်းသမားများမှာကား စင်အောက်တွင် ပွစိပွစိ…

ခေးအော့်စ်မှ

"သိုင်းပြိုင်ပွဲလဲ ပြီးနေပြီ။ နိုင်အောင်လည်း ပင်ပင်ပန်းပန်း တိုက်ရတယ်။ ပြီးတော့ ဒိုင်းလည်း မရဘူး။ ဒီကြားထဲ ပုဝါက ရှုံးသေးတယ်။ ပီကေလည်း အနင်းခံရတယ်။ ဟင့် .. "

ရွှန်းမီ။ ။ မတော်လို့ နင်းမိတာပါဟယ်။ နင်ကလည်း အခုထိကို အခဲ မကျေသေးဘူးလား။ ပီကေများဟာ ငါပြန်ဝယ်ပေးပါ့မယ်။

ခေးအော့စ်။ ။ ဟဲ့ ငါ့ပီကေက ရိုးရိုးမဟုတ်ဘူး။ မကပ်တဲ့ ပီကေ..

လင်း။ ။ တော်ပါတော့ဟာ။ ပြီးခဲ့တာတွေကို ပြန်ပြီး ပြောမနေကြပါနဲ့။ ငါ စိတ်ညစ်ညစ်နဲ့ ငိုမှာနော်.

မိုးချစ်သူ။ ။ ဒါဆို ငါလည်း မိုးရွာမှာပဲ။

ဒရမ်း။ ။ အဲလိုတော့ မလုပ်နဲ့လေ.. မိုးရွာရင် အိမ်သာတွေ ဆောက်ရခက်တယ်ဟ။ ငါတို့ အိမ်သာတွေ ဆောက်တာ မပြီးသေးဘူး။

နှင်းပွင့် နတ်ကလျာ ( နှာခေါင်း ရှုံ့ပြီး )။ ။ ဟင်း ဒရမ်းကလည်း… နင် ပြောတာ နဲ့တင် နံလာသလိုလိုပဲ။

မုတ်သုန်။ ။ အာ မဟုတ်ပါဘူး။ ဒါက မွန်ခြောက်ဖုံရဲ့ အာပုပ်နံ့ပါ..။

ပျားဘုရင်မကတော့ ဘာမှ မပြောပဲ သူမ၏ ပျားများကို လုံခြုံရာသို့ အသိုက်ရွေ့ရန် ညွှန်ကြားနေသည်။

ထိုအခိုက်မှာပင် ဇီးကွက် ဖြတ်လျှောက်သွားသည်ကို တွေ့လိုက်သော အလွမ်းဘုရင်မ လင်းမှ

"ဟေ့ ဇီးကွက်။ လာဦး"

ဇီးကွက်ကလည်း ဒိုင်းမရှိသဖြင့် အရစ်ခံရမည်ကို သိရှိနေသောကြောင့်

" လာမယ် အစ်မရေ။ ကျွန်တော် ရွာသွားစရာ ရှိလို့ ရွာက ပြန်မှ လာရင် ရမလား"

" ဒီလိုလုပ်လို့ ရရိုးလား။ ဒီလို ပြောပြောပြီး ခိုးအိပ်နေတာ မသိဘူးများ မှတ်နေလား။ လာဆိုလာ ။ မျက်ရည်မီးတောက် လင်းအကြောင်း သိတယ်နော်။ ဒီတစ်ခါ မျက်ရည်မီးတောက် သိုင်းမသုံးဘူး။ နောက်ဆုံးကျင့်ထားတဲ့ အိပ်မက်ကမ္ဘာသိုင်းနဲ့ နင့်ကို ပါ အလွမ်းဓါတ်ကူးပေးလိုက်မယ်။ အခု နှင်းပွင့်ကြူလေးတောင် တော်တော် လွမ်းနေပြီ။"

ဇီးကွက် ( ငါခိုးအိပ်နေတာ ဘယ်လိုသိသွားပါလိမ့်။ မလွယ်ဘူး ဖားထားမှ) ။ ။ " ဟုတ် ကြောက်ပါတယ်ဆိုမှ ဖြဲခြောက်နေတော့တာပဲ အစ်မရယ်။ ဒါနဲ့ အစ်မတော် ခေါ်တာ ဘာပြောစရာ ရှိလို့လဲ"

" ဟ၊ သိုင်းပြိုင်ပွဲက ပြီးနေပြီ။ ဒိုင်းကလည်း မရှိတော့ဘူး။ အဲဒီတော့ ပွဲစီစဉ်သူ အနေနဲ့ တစ်ခုခု လုပ်မှ ဖြစ်မှာပေါ့။ "

ပျားဘုရင်မမှ ၀င်၍ " ဟုတ်တယ်။ ငါတို့ သိုင်းပြိုင်ပွဲကြီးက ရေစိမ်ထားတဲ့ သားရေဖတ်ကြီး ဖြစ်နေပြီ"

( ဘာအဓိပ္ပါယ်မှန်းတော့ မသိဘူး။ သူ့ကိုသာ မေးကြပါတော့)

ရွှန်းမီ။ ။ ဖြစ်ရုံမကဘူး။ ရေထဲတောင် မျောတော့မယ်။

ဇီးကွက်။ ။ ဒီလိုလည်း မဟုတ်ပါဘူး။ ဒိုင်းမရှိပေမယ့် မွန်ခြောက်ဖုံ ရှိသေးတယ်လေ။ သူ့ကို လေလံပစ် ပြီး ရတဲ့ ငွေကို ဆု ပြန်ချီးမြှင့်လိုက်မယ်။

နှင်းပွင့်ကြူလေး။ ။ ဟမ် ဒီ အာပုပ်မယ်ကို ယူမယ့်လူ ရှိပါ့မလား။ ငါတို့ ၀ူတန်းဂိုဏ်းကတော့ မယူဘူးနော်။

လင်း။ ။ ရှုပ်ပါတယ်ဟာ။ ၇ ပိုင်း ပိုင်းပြီး ၇ ဂိုဏ်းဝေမယ်။ သူ့ကို လက်စားချေချင်တဲ့ လူတွေ အများကြီး ပဲ။

ခေးအော့စ်။ ။ ဒါဆို မီးက ဆုမရတော့ဘူးပေါ့။ မကျေနပ်ဘူး။ ဒိုင်လူကြီးတွေနဲ့ တိုင်မယ်။

မုတ်သုန်နှင့် ဒရမ်းမှ သံပြိုင်ဝင်၍ " ဟုတ်တယ်။ ဒိုင်းမပေးနိုင်ရင်တောင်မှ ပွဲစီစဉ်သူ ဇီးကွက်အနေနဲ့ တစ်ဝိုင်းတော့ လုပ်ပေးသင့်တယ်" ( ဒီမျိုးနေရာမှာတော့ တော်တော်ညီကြတယ်.. စားဖို့ သောက်ဖို့ကိုးးး)

ဇီးကွက်။ ။ အခုက လတစ်ဝက် ကျိုးနေပြီလေ။ ရှေ့လက လခက အကြွေးဆပ် လိုက်တော့ သိပ်မကျန်တော့ဘူး။ စတိုထဲက ပုလင်းတွေလည်း ခင်ဗျားတို့ပဲ အားရပါးရ မြိုဆို့ ပြီးပြီလေ။ မလုပ်ပေးနိုင်တော့ဘူး။

အားလုံးမှ ၀ိုင်းပြီး ( ပျားဘုရင်မက အဆိုးဆုံး ) ကန့်ကွက်ကြရာ ဆူညံပွတ်လော ရိုက်နေလေတော့သည်။

ထိုအချိန်မှာပင် မည်သည့်အရပ်မျက်နှာဆီမှ ထွက်ပေါ်လာသည်ကို ခန့်မှန်းရခက်သော ရယ်သံကြီး ပေါ်လာလေသည်။

"ဟား ဟား ဟား….. ဟား ဟား ဟား … အဟေးဟေးး အဟေးဟေးး အဟေးဟေးဟေးးးးးးး ( အဲ ဘွာတေး ကိုရင်ညိန်းရယ်သံ ယူသုံးမိပြီ :P ) ငါမသိတဲ့ည ငါ မရှိတဲ့ ဘ၀…… ငါဟာ သုည "

ပဲ့တင်သံလှိုင်း အထပ်ထပ် ရိုက်ခတ်နေသော အသံကြောင့် ကွင်းထဲ ရှိ သိုင်းသမားများမှာ နားနှစ်ဖက်ကို လက်ဖြင့်ပင် ပိတ်ထားရလေတော့သည်။ ဒိုင်လူကြီး သိုင်းမယ်တော် ခွန်မြလှိုင်မှ "အားလုံး တင်ပလ္လင်ခွေထိုင်ပြီး အတွင်းအားကျင့်စဉ်နဲ့ ခုခံကြပါ" ဟု သတိပေးလိုက်မှ အားလုံးလည်း အတွင်းအားလှိုင်းဖြင့် တိုက်ခိုက်ခံရမှန်း သတိပြုမိကာ အတွင်းအား ကျင့်စဉ်ကျင့်သည့် ပုံစံသို့ ပြောင်းထိုင်ကာ အတွင်းအားဖြင့် ခုခံကာကွယ်ရလေတော့သည်။

ထိုအချိန်တွင် ရယ်သံကို ထွင်းဖောက်လျက် ကီးကြောင် သံစဉ်မမှန်သော အသံတစ်သံ ထွက်ပေါ်လာလေသည်။ အားလုံးမှာ ဒုက္ခရောက်နေချိန်တွင် ဘယ်သူက သံကြောင်သီချင်းထဆို သနည်းဟု ကြည့်ရာ အခမ်းအနားမူး ဇီးကွက် ဖြစ်နေလေသည်။ ဇီးကွက်မှာ လက်တစ်ဖက်တွင် လက်ဖက် အရက်အိုးကို ကိုင်လျက် ယိုင်တိုင်ယိုင်တိုင်ဖြင့်

" အရက်အကြောင်းများ မသိခဲ့ဘူး ငယ်စဉ်က အသက်အရွယ်မှာ… မူးလောက်တဲ့ လက်ဖက်မျိုးလည်း ကိုယ်လေ မသောက်မိခဲ့ပါ။ ရာဇ၀င်မှာ တွင်ကျန်မယ့် မူးခြင်းမျိုးနဲ့ တစ်နေ့တော့ဖြင့် တို့ ကြုံမှာ မတွေးမိသေးးး "

ဟု အော်ဟစ်နေရာ အားလုံးမှာ အရေးထဲ အရာပေါ်ပြန်ဟု ဆိုကာ အတွင်းအားကျင့်ရင်း ဇီးကွက်အား ကျိတ်ပြီး ကျိန်ဆဲ နေလေသည်။ သို့သော် ရယ်သံကြောင့် ခံစားနေရသော ဖိစီးမှုများမှာ ဇီးကွက်၏ သီချင်းသံကြောင့် လျော့ပါးလာသည်ကို သတိပြုမိတော့မှ ဇီးကွက်မှ အသံကို အသံဖြင့် ပြန်တိုက်နေကြောင်း သိရှိ ကျေးဇူးတင်မိ ကြလေတော့သည်။

ရယ်သံမှာ သီချင်းသံကြောင့် ရုတ်တရက်ရပ်သွားပြီး လူရိပ်တစ်ရိပ် ကွင်းလယ်သို့ လှစ်ကနဲ ရောက်ရှိလာလေသည်။

"ဟားဟားဟား ဒါကြောင့်လည်း ဇီးကွက် ဆိုပြီး သိုင်းလောကမှာ နံမည်ကြီးပေသကိုး။ နံမည်ကြီး သလောက် အစွမ်းထက်ပါပေတယ်။ "

" သုညသခင်ကြီးရဲ့ ရှစ်ခွင်လှိုင်း ပဲ့တင်သိုင်းကိုတော့ ဘယ်ယှဉ်နိုင်ပါ့မလဲဗျာ" ဟု ဇီးကွက်မှ ပြန်လည် နှုတ်ဆက်လိုက်မှ ရောက်ရှိလာသူမှာ သုညသခင်ကြီး ဖြစ်ကြောင်း သိရှိသွားပြီး နာမည်သာ ကြားဖူးပြီး လူကို မမြင်ဖူးသော သိုင်းသမားများမှာ ဟာကနဲ ဖြစ်ကာ အလုအယက် တိုးဝှေ့ ကြည့်ရှု ကြလေသည်။

ထို့နောက် သုည သခင်ကြီးမှနေ၍ ဒိုင်လူကြီး ဒေါက်ထက်အား " အစ်ကိုတော် နေထိုင်ကောင်းပါတယ်နော်။ ညီတော် နည်းနည်း နောက်ကျသွားတာ ခွင့်လွှတ်ပါလေ။ ဆရာတော်ကို ဆွမ်းကပ်ဖို့ အချိန်နောက်ကျတုန်းက ခိုးလှည့်ထားတဲ့ နာရီကို ပြန်မလှည့်မိလို့ နောက်ကျသွားတာပါ"

ဒေါက်ထက်မှ " အေး အစ်ကိုတော်လည်း နေထိုင်ကောင်းပါတယ်။ ဆရာတော်ကော နေကောင်းရဲ့လား။ ဒါနဲ့ ညီတော်က ဘာလာလုပ်တာတုန်း။"

သုညသခင်ကြီး။ ။ ဘာလာလုပ်ရမတုန်း အစ်ကိုတော်ရာ။ အစ်ကိုတော် ဖောင်းတာ များနေလို့ စာရင်းလာရှင်းတာ။ ကပ္ပိယ လုပ်ပေးဖို့ လူမရှိတော့ ညီလေးရေတဲ့။ ခိုင်းဖို့ ဆိုညီတော်ကို လွဲချတယ်။ သိုင်းပြိုင်ပွဲ လုပ်တော့ မခေါ်ဘူး။ ဒါတင်မကဘူး။ ညီတော်ရဲ့ ချစ်တပည့်မလေးကိုပါ ဖမ်းဆီး ထားရုံ မကဘူး။ နှိပ်လည်း နှိပ်စက်သေး တယ်။ အဲဒါ ကောင်းလား ဖြစ်သင့်သလား ပြောစမ်းပါ။ ပြောလိုက်စမ်းဘာာာ။

ဒေါက်ထက်။ ။ ဒါကတော့ ဒီလို… ဟိုဟာကတော့.........

သုညသခင်ကြီး။ ။ ဟိုလိုတွေ ဒီလိုတွေ လုပ်မနေနဲ့ ဖုံဖုံ့ကို သာ အမြန်ထုတ်ပေးပေတော့။

သိုင်းမယ်တော် ခွန်မြလှိုင်မှ ၀င်၍ " ထုတ်ပေးတာတော့ ရပါတယ်။ ယူသွားတဲ့ ဒိုင်းကိုသာ ထုတ်ပေးလိုက်။ ဒီက လူကိုထုတ်ပေးဖို့ အဆင်သင့်ပဲ"

ထိုစဉ်ကွင်းလည်တိုင်တွင် ချည်ထားသော မွန်ခြောက်ဖုံမှ ခြောက်ခြားဖွယ်ရာ အသံဗြဲကြီးဖြင့် "ဆရာ၊ မြန်မြန်လာကယ်ပါ။ " ဟုအော်ဟစ် နေလေသည်။

သုညသခင်ကြီးလည်း ချစ်တပည့်မ၏ ဌက်ဆိုးထိုးသံကို ကြား သဖြင့် သနားစိတ် တဖွားဖွားပေါ်လာကာ ကျောတွင် လွယ်လာသော ဒိုင်းကြီးကို ထုတ်ကာ သိုင်းမယ်တော်ကို ပြပြီး " ဒီမှာ အိပ်မက်နက် ယူလာတဲ့ ဒိုင်း။ လူကိုသာ လွှတ်လိုက် ဒိုင်းကို မှဲ့ တစ်ပေါက်မှ မစွန်းပဲ ပြန်ရစေရမယ်။"

လင်း မှ ဘေးမှာ ရှိသော မိုးချစ်သူအား " ဒိုင်းက မှဲ့ စွန်းတတ်လား " ဟု မေးနေရာ မိုးချစ်သူမှာ " အင်း ဆေးပညာ သဘောအရတော့ ဖြစ်နိုင်သလိုလို ရှိလားတော့ မသိ" ဟု ရွှီးနေလေတော့သည်။ သိုင်းမယ်တော်မှ မုတ်သုန်အား မျက်ရိပ်ပြလိုက်ရာ မုတ်သုန်မှ မွန်ခြောက်ဖုံကို ကြိုးဖြေကာ ခေါ်လာသည်။ ထို့နောက် သုညသခင်ကြီးနှင့် မုတ်သုန်မှာ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး " ရော့ ပတ္တမြား၊ ရော့ နဂါး" ဟု ပြိုင်တူ အော်ဟစ်ကာ ဒိုင်းနှင့် လူကို လေထဲ သို့ ပစ်ပြီး လဲလှယ်ပေးလိုက်လေသည်။

မွန်ခြောက်ဖုံကို ရရှိသည်နှင့် သုညသခင်ကြီးမှာ အကြောများဖွင့်ပေးလိုက်လေသည်။ အကြောများ ပွင့်သည်နှင့် တပြိုင်နက် မွန်ခြောက်ဖုံမှာ အော်ဟစ်ပြီး သောင်းကျန်းလေတော့သည်။

" အများနဲ့ တစ်ယောက်ဆိုပြီး ဖမ်းထားကြတယ်။ သတ္တိရှိရင် တစ်ယောက်ချင်းချမယ်။ လာခဲ့ကြစမ်းပါလေ ဟွန်းဟွန်း ( မှတ်ချက်- မှတ်ပုံတင် ရယ်သံ ဖြစ်ကြောင်း)။ ဖုံဖုံ့ အကြောင်းသိသွားမယ်။ "

အလွမ်း ဘုရင်မ လင်းမှ နေ၍ " အမယ်မယ်။ အများနဲ့ ဖမ်းထားတာက ရှင်တို့က ပွဲလာဖျက်လို့ ပါ။ အခုတော့ ပြိုင်ပွဲလဲ ပြီးပြီ။ ပြိုင်ပွဲ ကနေ အရင်ဆုံးထွက်ထားတဲ့ ကျုပ်နဲ့ပဲ ပြိုင်ကြည့်စမ်း ပါဦး။ ဌက်ဌက် ( ဒါလည်း မှတ်ပုံတင် ရယ်သံ )"

ထိုစကားကို ကြားလိုက်သော သိုင်းလောကသားများမှာ ပွဲကြီးပွဲကောင်း တစ်ပွဲ ထပ်ကြည့်ရတော့မည်ကို ခန့်မှန်းမိသဖြင့် နေရာကျယ်ကျယ်ရရှိရန် အနောက်သို့ ဆုတ်ပေးလိုက်ကြလေသည်။

...........................

သုည သခင်ကြီး မအားလို့ မွန်ခြောက်ဖုံကို ဇီးကွက်ပဲ ကယ်ပေးလိုက်ပြီ။ မဟုတ်ရင် သားရေဖတ်ကြီး ရေထဲ မျောတော့မယ်..

နောက်ဆက်ရန်များ

၁) မွန်ခြောက်ဖုံနှင့် အလွမ်းသခင်မ

၂) ရှောင်လင်ကျောင်းမှ သိုင်းညီနောင်တို့၏ ပြိုင်ပွဲ

သိုင်းလောက အပိုင်း (၁၇) ဗိုလ်လုပွဲကြီး

ဟိုတစ်နေ့ညက ကြားလိုက်ရသော ရယ်သံကြီးနှင့် ကဗျာလိုလို သိုင်းကွက်လိုလို ဒိုင်ယာလော့ဂ်လိုလို မော်ဒန်စာလိုလို ရွတ်ဖတ်သံကြီးကို ကြားလိုက်ပြီးနောက် အလင်းတန်းကြီး တစ်ခုကိုလည်း မြင်လိုက်ရသဖြင့် ဂိုဏ်းတူညီအား ကြောက်ရွံ့နေသော သိုင်းပြိုင်ပွဲအား ကမကထ ပြုသူ ဒေါက်ထက်မှ သိုင်းပြိုင်ပွဲ နောက်ဆုံးအဆင့်အား အလျင်အမြန် ကျင်းပရန် ဆုံးဖြတ်လိုက်လေသည်။

နောက်ဆုံး အဆင့်ဗိုလ်လု ပွဲကြီးမို့ သိုင်းပညာရှင်နှစ်ဦးမှာ အလွန် စိတ်လှုပ်ရှားလျက် ရှိသလို အားပေးနေကြသည့် ပရိဿတ်မှာလည်း ကွင်းလုံးပြည့်ရုံမက လျှံတောင်ထွက်နေပြီ ဖြစ်သည်။

လူဆိုးတွေ လာနေပြီဆိုသည့် သတင်းရော၊ မွန်ချောက်ဖုံ ကိုဖမ်းမိထားသည် ဆိုသည့်အတွက်ရော ဂိုဏ်းပေါင်းစုံမှ သိုင်းပညာရှင်များကလည်း အစုံအညီနှင့် ပွဲမှာ အတော်စည်ကားနေပြီဖြစ်သည်။

အခမ်းအနား စဖို့ အချိန်တန်ပြီ ဖြစ်သော်လည်း အခမ်းအနားမူး ဇီးကွက်မှာ ပျာယာပြာယာနှင့်

ပြိုင်ပွဲဝင်သိုင်းပညာရှင် ၂ ဦး အနီးကို ပြေးလာပြီး

"လူတွေက အရမ်းများလာလို့ ကွင်းအပြင်မှာတောင် လက်မ၆၀ တီဗီထောင်ပြီးတော့ လိုက်ဗ် ရိုက်ပြရတော့မယ်။ ဟိုဟာလေ လူတွေက များလာတော့ ထိန်းမနိုင်မှာစိုးလို့ပါဟာ ။ ခွေထုတ်ပြီး ရောင်းဖို့ မဟုတ်ပါဘူး ခေးအော်စ် ရယ်၊ ငါ့ကို အဲလိုကြီး ပြူးမကြည့်ပါနဲ့။ ဒိုင်းလဲပျောက်နေတဲ့အတူတူတော့ တစ်ယောက်က အရှုံးပေးလိုက်ပါဟာ အချိန်တိုတို ဘဲကစားနော်။ "

"ဘာပြောတယ်" ( နတ်ကလျာနဲ့ လေလွင့်သူတို ပြိုင်တအသံကုန်ူအော်လိုက်သောအခါ) ဇီးကွက်မှာ ခေါင်းပုဝင်သွားပြီး " ငါ့ကိုလဲ သနားကြပါအုန်းဟာ ပထမဆုံးလျှာရှည်မိတဲ့ပွဲမို့ပါ။

ညှိလိုက်ကြပါနော် လိမ္မာပါတယ်။ xxxxxxxxx xxxxxxxx xxxxxxxxxxxxx "

ဇီးကွက်ဘယ်လိုပင်ကြိုးစားပြီး စည်းရုံး စည်းရုံး ဟိုနှစ်ယောက်က အကိုင်မခံ ( မှားလို့ ) တုတ်တုတ်မှ မလှုပ်တဲ့အပြင် ရိုက်ကွင်းပေါ်က မင်းသမီးပုံ အပြည့်ဖမ်းထားသော နတ်ကလျာက အနောက်ကိုလှည့်ပြီး "မာမီ ပါးနီနည်းနည်းတင်ပေးအုန်း။ မျက်လုံးအောက်လဲ နည်းနည်းပြန်ဆွဲပေး တီဗီရိုက်မှာဆိုတော့ သေချာပြန်လုပ်ပေးအုန်း" ဟု ပြောနေပြန်သည်။

လေလွင့်သူကတော့ ထုံးစံအတိုင်း ပီကေတဖောက်ဖောက်ဝါးရင်း နတ်ကလျာကို ဘုကြည့်ကြည့် နေလေသည်။ ညှိမရတဲ့ အဆုံး ဇီးကွက်လဲ လက်လျော့ပြီး plan B ကို သုံးမှ ဖြစ်တော့မယ်ဟု တစ်ယောက်တည်းပြောရင်း ဖမ်းမိထားသော မွန်ချောက်ဖုံကို ကွင်းလယ်မှာ ထုတ်ပြီး ကြိုးနဲ့ ချည်ထားရန် ဒိုင်များကို သွားခွင့်တောင်းလေတော့သည်။

မွန်ချောက်ဖုံကို ကြိုးတုပ်ပြီးတိုင်မှာချည် ၊ ကွင်းလယ်ကိုထုတ်ပြီးသည့်နောက်တော့ ပြိုင်ပွဲဝင် ၂ဦးကလဲ ကွင်းထဲမှာနေရာယူပြီးနေပြီ ။ ဒိုင်များကလဲ ပြုံးတုံ ပြုံးတုံနှင့် သဘောကျစွာ ဂါရ၀ပြု ခံနေလေသည်။

ပြိုင်ပွဲစရန် အသင့်ဖြစ်ချိန်တွင် ခြေထောက်တဖက်ထဲပေါ် အားယူကာရပ်လျက် လက်နှစ်ဖက်ကို ဆန့်သလိုလို ကွေးသလိုလိုနှင့် မာန်သွင်းနေသော နတ်ကလျာကိုကြည့်ရင်း လေလွင့်သူက

"ဟဲ့ ဘာဖြစ်နေတာလဲ ကျုပ်တို့ ပြိုင်မှာ သိုင်းနော်၊ ယိုးဒယားက မဟုတ်ဘူး။"

"အောင်မာ သူကပြောရတယ်ရှိသေး၊ အိပ်ယာထဲက ခုမှထလာသလိုလိုနဲ့ ၀တ်ရုံရှည်ကြီးမချွတ်ဘဲ ဘာစတိုင်လုပ်နေမှန်းကို မသိဘူး။ ရွှန်းမီလက်စာမိလို့ ဖဲကြိုးမရှိတော့တာနဲ့ ဒါကြီးဝတ်ပြီး တဖားဖားနဲ့  လေလွင့်ခံမလို့  ထွက်လာတာလား။ နှင်းပွင့်ဓါးသိုင်းမိသွားမယ်။"

"ဟားဟား မျက်လုံးမှာ အမဲကွက်နဲ့ ကွန်ဖူးပန်ဒါကို အားကျလို့ ထင်ပါ့ ၊ အေးလေ တူပါတယ် ၀၀ လုံးလုံးလေးဆိုတော့"

"အမလေးနော် ငတုံးမှန်းသိပ်သိသာတာဘဲ ဒါအီမိုစတိုင်ဟဲ့  ဘယ်နှဲ့ ကွန်ဖူးပန်ဒါရမှာလဲ"

သေချာမာမီခေါ်ပြီး လုပ်ထားတာကို ကွန်ဖူးပန်ဒါလို့ အပြောခံလိုက်ရသည့် နတ်ကလျာမှာ "အားးး" ကနဲ တချက်အော်ပြီး လေလွင့်သူကို နှင်းပွင့်ဓါးနှင့် ခုတ်ချလိုက်လေတော့သည်။ ၀တ်ရုံရှည်ကြီး ၀တ်ထားသော လေလွင့်သူမှာ ဓါးချက်ကို လက်တဖက်မြှောက်ခါ ကာလိုက်တော့ ဓါးချက်က ၀တ်ရုံကိုသာထိသွားသည်။ နတ်ကလျာမှ အချက်ပေါင်းများစွာ ခုတ်နေသော်လည်း လေလွင့်သူမှာ ဓါးတချက်မှ မသုံးသေး။ ၀တ်ရုံရှည်ကြီးကို အသုံးပြု ပြီး ကာကွယ်နေသည်။

နှင်းပွင့်ဓါးကို စကြာင်္ကဲ့သို့ ယမ်းပြီးပေါက်လိုက်ချိန်တွင်တော့ အားလုံးမှာ ဟာကနဲ ထိတ်လန့်စွာအော်လိုက်ကြသည်။ လေလွင့်သူရပ်နေသည်မှာ ခေတ္တအကျဉ်းသား မွန်ခြောက်ဖုံ ၏တည့်တည့်တွင် ဖြစ်နေသည်။ ခုန်ရှောင်လိုက်ပါက မွန်ခြောက်ဖုံမှာ ဓါးမွှန်းပြိး သားဖြစ်တော့မည်။ သို့ သော် စက္ကန့်ပိုင်းအတွင်းမှာပင် လေလွင့်သူက သူ့ဝတ်ရုံရှည်ကြီးကို ဖြတ်ကနဲ ဆွဲချွတ်ပြီး ဓါးဆီကို ပစ်ထည့်လိုက်သဖြင့် နှင်းပွင့် ဓါးမှာ လမ်းတ၀က်တွင်ပင် မြေကြီးပေါ်သို့ ပြုတ်ကျသွားခဲ့ပြီ။ ပရိဿတ်များက ဝေးကနဲ အော်က လက်ခုတ်တီးပြိး လေလွင့်သူကို အားပေးကြနေကြတာ ကိုကြည့်ပြီး အမူးသမားအုပ်စုက တစခန်းထကြပြန်သည်။

"ဒီပွဲမှာ ဘယ်သူနိုင်မယ်ထင်လဲ။ လောင်းကြမလား" ဟုတစ်ယောက်ကစပေးလိုက်ရာ "ဘယ်ဈေးပေါက်လဲ" ဟု မေးသူကမေး။ တစ်ချို့က ကိုယ့်ဘာသာကိုယ် ခေးအော့စ်ဖက်ကနေ သရေ ပြားကိုးဆယ်ရှုံး ပေးသူကပေး။ နှင်းပွင့်ဖက်မှ တစ်ချက် သရေ ပေးသူကပေးဖြင့် လောင်းနေကြလေတော့သည်။

"ဟဲ့ ဘာတွေပြောနေတာလဲ အဲဒါ ဘောလုံးပွဲလောင်းတဲ့ဈေးတွေ။ လာ မထူးဘူး ငါတို့ စီးပွားဖြစ်လုပ်ကြမယ်။ ဟိုဘေးကွင်းမှာ သွားပြီး ဒိုင်ဖွင့်ပြီး လူတွေကို လောင်းခိုင်းမယ်" ဟု ကိုဒရမ်းကြီးက စလိုက်တော့ အားလုံးက သဘောတူကာ နေရာပြောင်းကာ ဒိုင်လုပ်ဖို့ ပြင်ကြ လေသည်။

ပျားဘုရင်မ ကနေရာမရွှေ့ ခင်မှာ သူ့ ပျားတပ်သားများကို မွန်ချောက်ဖုံ နားမှာ ကင်းပုန်းဝပ်ဖို့  မှာနေသည်။ လူဆိုးများ၏ အရိပ်အယောင် မြင်တာနဲ့  သတင်းလာပို့ရန်မှာနေရာ

" ပျားဘုရင်မ သေချာမှာခဲ့ မွန်ချောက်ဖုံ လှုပ်တာနဲ့ မျက်နှာကို သာတုပ်လို့၊ သူက အလှသိပ်ကြိုက်တာ၊ မျက်နှာကို အဖု ပလဗျစ် ဖြစ်အောင်တုတ်ခိုင်း ၊ မျက်စိကို အရင်ဆုံးတုပ်ခိုင်း " ဟု အလွမ်းဘုရင်မက ၀င်ပြီး အကြံပေးနေသေးသည်။

ထို အချိန်တွင် ကွင်းလယ်မှ ပညာရှင်နှစ်ယောက်ကလည်း သဲကြီးမဲကြီး တိုက်ပွဲဝင်နေကြလေသည်။ ချွင် ချွမ် ချပ် နှင့် ဓါးချင်းထိသံများမှာ တကွင်းလုံးဆူညံလျက် ပဲတင်သံထပ်နေတော့သည်။

"ခေးအော့်စ် အရှုံးပေးလိုက်တော့ ကျုပ်ကို အနိုင်ပေးလိုက် ဒါမှ ကျုပ်ကြူနေတဲ့ ဟိုသိုင်းသမားက အထင်ကြီးမှာဟဲ့ ပီကေ တသက်စာလုံး ကျုပ်တာဝန်ယူမယ်လေ"

"ကြူလေးရယ် ဘယ်ဖြစ်လိမ့်မလဲ ရှင့်နှင်းပွင့်မောင်နှံသိုင်း ကကို ကခွင့်မပေးဘူး ၊ ရှင်ကြူနေတဲ့ အချိန်တွေမှာ ကျုပ်က နှင့်ပွင့်နိုင်ဓါးသိုင်း ကို တရက်အပြတ် အနီးကပ်တက် ထားတာ ကျုရှင်ခ မကျေဘဲ နေမှာပေါ့ ကျုပ်ရှုံးလို့  မဖြစ်ဘူး "

"အမယ် မကြားဖူးပေါင်ဘူး နှင်းပွင့်နိုင်ဓါးသိုင်းရယ်လို့  "

"ဘယ်ကြားဖူးမလဲ မနေ့ ကမှ ထွင်လိုက်တာ လေ အဟက်ဟက်ဟက် "

သူနိုင်ကိုယ်နိုင် တိုက်နေကြသော သိုင်းပညာရှင် နှစ်ဦးမှာ နတ်ကလျာက အားသွန်ခွန်စိုက် တိုက်ခိုက်နေရသလောက် လေလွင့်သူက တိုက်ကွက်များ ကို ဝေ့ကာဝဲကာ အလွယ်တကူ ပင် ရှောင်ရှားနေနိုင်သဖြင့် လေလွင့်သူက နှာတဖျားသာ နေလေသည်။

"မဖြစ်တော့ ဘူး ဓါးချင်းယှဉ်ခုတ်နေလို့တော့ ပြီးမှာမဟုတ် ဘူး" ဟု တွေးကာ နတ်ကလျာမှာ တိုက်ကွက်ပြောင်းပြီး တိုက်ရန်ပြင်တော့သည်။ သို့သော် သူမ မမှီလိုက်တော့ နောက်ဆုံးတချက်မှာ လေလွင့်သူက သူ၏နှင်းပွင့်ဓါးကို ထက်ပိုင်းချိုးချ လိုက်လေတော့သည်။ (မည်သို့ လုပ်လိုက်သည် မသိ) မြန်ဆန်လွန်းလှသည်။

"ကျုပ်က မျှတ ပါတယ် ကွန်ဖူးပန်ဒါ ကြူလေးရယ်" ဟုဆိုကာ လေလွင့်သူသည် သူ့ ၏ဓါးကို အထင်ကရ ဒိုင်လူကြီးနှစ်ပါး စံစားနေရာ စင်မြင့်ဆီသို့ ပစ်ပေါက်လိုက်ရင်း ဓါးနောက်က အပြေးလိုက်သွားလေတော့သည်။

စင်မြင့်ပေါ်မှ ဒေါက်ထက်ကြီးက ၀ုန်းကနဲ ထပြေးဖို့ပြင်ရင်း ပါးစပ်မှလဲ "သိုင်းမယ်တော် ပြေးပြေး အဖျက် အမှောင့်တွေ တော့ဝင်ပြီ။ ကိုယ့်လူ သူ့ဘက်သားတော့ လုပ်ခံလိုက်ရပြီ " ဟုဆိုလိုက်ရာ ၊ သိုင်းမယ်တော်ကြီးမှ ဒေါက်ထက်လက်ကို ဖမ်းကိုင်ကာ ဟန့် တားလိုက်ရင်း "မရှောင်ရင်လွတ်တယ်လေ ငြိမ်ငြိမ်ထိုင်နေ" ဟုပြောလိုက်သဖြင့် ကြောက်ကြောက်နဲ့ ဆက်ထိုင်နေရလေသည်။

"ဒုတ်" ကနဲ စင်မြင့်အောက်ခြေတွင် ဓါးစိုက်လိုက်သည်နှင့်တပြိုင်နက် တိမ်လွှာကိုယ်ဖော့ ကျင့်စဉ်ကို အသုံးပြုပြီး ဓါးရိုးပေါ်တွင် တက်ရပ်လိုက်သော လေလွင့်သူမှာ ကိုယ်ကိုယ်ကိုင်းညွှတ်လိုက်ပြီး "ဟလို နာမာ့စတေး ၀မိသောဖော ကိုနိချိဝ ဆလမ်မာလေးကွမ်း မာကလာပင်" ဟု အော်ဟစ်ပြီး ချွေးပြန်နေသော ဒိုင်လူကြီး နှစ်ပါးအား အရိုအသေပေးကာ နောက်ဂျွမ်းပစ်ပြီး ပြန်ထွက်သွားလေတော့သည်။

အသင့်စောင့်နေသော နတ်ကလျာမှာ လေလွင့်သူ သူ့ ရှေ့ သို့ ပြန်ရောက်သည်နှင့် တပြိုင်နက် "အိ ယား" ဟု အော်လျက် ခြေတပေါင်ကျိုး သိုင်းကွက်ဖြင့် ဖြတ်ကန်ချလိုက်လေရာ "ဟိုက်ရှာလပတ်ရည်" ဟု တချက်အော်လျက် မိုးပေါ်သို့ပြန်ခုန်တက်သွားလေတောသည်။

လေပေါ်လမ်းလျှောက်သိုင်းဖြင့် လေပေါ်တွင် ပျံဝဲလျက် အစွမ်းပြတိုက်ခိုက်နေကြချိန်တွင် နတ်ကလျာမှ သူ၏ လက်သီးဗလပွ သိုင်းဖြင့် လေလွင့်သူကို တိုက်ခိုက်ရာ လေလွင့်သူက ကိုယ်ကိုယ်လှန်ချ ရှောင်လိုက်ပြီး နတ်ကလျာကိုယ် လက်ညိုး တစ်ချက်ထောက်လျက် က အီကြာကွေး အတွင်းအားသုံးပြီး အကြောပိတ်လိုက်ရာ လေထဲကို လက်သီးသွင်းလျှက်နှင့် နတ်ကလျာမှာ တောင့်တောင့်ကြိးဖြစ်သွားလေတော့သည်။

လေလွင့်သူမှာ တောင့်တောင့်ကြီးဖြစ်နေသော နတ်ကလျာကို ပြုတ်မကျသွားစေရန် ဖမ်းထိန်းထားလိုက်ပြီးနောက် နတ်ကလျာကို လက်တစ်ဖက်က ဆွဲလျက် ကွင်းလုံးပတ်လည် ပျံသန်းရုံသာမက ဟိုဘက်ကွင်းထိပါ ပျံသန်းပြီးနောက် ကွင်းလယ်တွင် ပြန်လည်နေရာယူလိုက်လေတော့သည်။

ခေးအော့်စ် အနိုင် ရှိကာ ဗိုလ်လုပွဲကား အောင်မြင်စွာပြီးဆုံးသွားလေပြီ ။ ဒိုင်းအလု ခံလိုက်ရသောကြောင့် ပေးစရာ ဒိုင်းကား မရှိ ၊ ကွင်းလယ်မှာ ကြိုးတုပ်ခံထားရသော မွန်ချောက်ဖုံမှာ ပုရွက်ဆိတ်တွင်းပေါ် ရပ်မိနေသောကြောင့် ပုရွက်ဆိတ်တက်လို့ လှုပ်မိတိုင်း ပျားတုပ်ခံနေရသောကြောင့် မျက်နှာတခုလုံးလဲ ပိန်းပိန်းထလျက် မျက်စိမှာ လုံးဝမပွင့်တော့။ သူ့ အကို ဆရာ အဖေများက လာကယ်ဘို့ ဝေးလို့ အရိပ်အယောင်တောင် မမြင်ရသေး။ လောင်းကစားဒိုင် လုပ်နေကြသော အမူးသမား အုပ်စုကား အမြတ်ငွေများ မြိုးမြိုးမြက်မြက်ရလိုက်သဖြင့် အပျော်ကြိးပျော်ကာ အရက်ဆိုင် ဆီကို ချီတက်ဖို့  ပြင်နေကြပြီ။

.....................................

ဒီတစ်ခါ နောက်ဆုံးပါပဲ။ နောက်ဆို ဘယ်လိုမြှောက်မြှောက် မရေးတော့ပါဘူး...

လင်း

...........................................

ကဲ ဇီးကွက်တော့ ရွာထဲ သွားရဦးမယ်။ နောက် ပြန်လာမှ တွေ့ကြတာပေါ့....

ခေးအော့်စ် နိုင်ပါတယ်ဆို...


သိုင်းလောက အပိုင်း (၁၆) တရားခံ ဘယ်သူလဲ






ဟန်သစ်ငိမ်ရေ
ကျုပ်တော့ ခရီးထွက်မှာမို့ ဇာတ်ကို မဆက်နိုင်သေးဘူး။ ခင်ဗျားကိုပဲ အားကိုးရမှာပဲ။ ခင်ဗျားဘာသာ ဆက်ထားပေတော့ ဇာတ်သိမ်းခါနီး ထပ်ပေါင်းရေးကြတာပေါ့။ ခုလိုချင်တဲ့ ပလော့ကို ပြောခဲ့မယ် ကျန်တာ ခင်ဗျား ဆက်ကစ်လိုက်ပေါ့နော့။

+++++++++++++++++++++++++++

(၁)
သုညမဟာ သခင်ကြီး သုညသည် သူ့သွေးသောက် အကိုတော် ကိုစိုးထက်ကို စိတ်အနာကြီးနာကာ ဖျတ်ဖျတ်လူးလျက်ရှိပြီး သူ၏တပည့်များ ဖြစ်သော မွန်ချောက်ဖုံ နှင့် အိမ်မက်နက်တို့ကို အစီအစဉ်များ မှာကြားပီးရုံနှင့် အားမရနိုင်သေးပဲ ဆက်လက် စဉ်းစားခန်းဝင်လေတော့သည်။ သူ့ရဲ့ အိမ်ပြန်လမ်းခရီးမှာလည်း အနှောက်အယှက်များ ရှိသဖြင့် ရှောင်လင်ကျောင်းသို့ တော်တော်နှင့် မရောက်နိုင်ပဲ ရှိလေရာ။ သူ့အနေဖြင့် သိုငိးုင်ပွဲကြီးကို ထိန်းချုပ်ရန်နှင့် ဆုဖလားကြီးကို သိမ်းပိုက်ရန်အတွက် ထို့ထက်ပိုပြီး အကွက်ကျဖို့ စဉ်းစားရမည်ဖြစ်လေသည်။ သူသတိရသွားပီ။

"
အဟက်ဟက်ဟက် (ကိုယ်ပိုင်မှတ်ပုံတင်ထားသော ရီသံ သဘာပတိကြီး ဒေါက်စိုးနှင့် ၂ ရက်သာခြားသည်) ငါ့မှာလဲ မေ့တတ်ရန်ကော ဘော်ဒါကီး မြောက်ကျောင်းတိုက်က မျောက်သိုင်းအကျော်အမော် (၀ါ) ဖန်တီးမှု သိုင်းပြောင်းပြန်၊ ခရီအေတစ်ဗီတီ လက်သမားဆြာကြီး (၀ါ) အမှန်အစစ် မငြိမ်တဲ့ ဟန်သစ်ငြိမ် ရှိသားပဲ သူ့ကို ကိုပြောထားရမယ်"

ထိုသို့ဖြင့် သူသည် သူ့ဘော်ဒါကီးဆီသို့ လမ်းခရီးတစ်လျှောက် ဂျီအက်စ်အမ် မမိသဖြင့် လမ်းဘေး ပီစီအိုဖုန်းဖြင့် ခေါ်လိုက်လေသည်။

"
ကိုရင်... နေကောင်းလား..."

"ဘာကိုရင်လဲဗျ၊ ဒီအရွယ် ရဟန်းဖြစ်နေပြီ"

"ဟာဗျာ... ဦးနှောက် တစ်ခြမ်းနဲ့ လာကပ်တွေးမနေစမ်းနဲ့ဗျာ... ဘယ့်နှာတုန်း ကျန်းခန့်သာလို့ မာပါစ..."

"သိပ်မမာဘူး၊ နည်းနည်းပျော့နေတယ်..."

"ဟာဗျာ... ဒီမယ် လမ်းဘေးက ဆက်နေတာ ဖုန်းဖိုးတွေ အများကြီး ကျတော့မယ်..."
"ကျရင် ပြန်ကောက်ပေါ့..."

"တော်ပါဗျာ... ကျုပ်ခင်ဗျားကို ပြောစရာရှိတယ်..."

"နားထောင်နေတယ်..."

"ဟိုဟာဗျာ... သိုင်းပြိုင်ပွဲ ကိစ္စလေ..."

"သိတယ်၊ အစောကြီးကတည်းက..."

"အင်း... ခင်ဗျား သိပီးသားလား ဒါဆိုရင်... အင်း... ပြီးပြီ၊ ဒါပဲ..."

(ဇီးရိုး၏ မှတ်ချက်။ ဟဲ... ဟဲ... ဟန်သစ်ငြိမ်ကို အဲလို ရတုန်းနှိပ်ကွပ်ထားမှ)

"ဟ... ဘာမှ မပြောရသေးဘူးလေ..."

"ခင်ဗျားပဲ သိတယ်ဆို... ဒါပဲ... တာ့..."

"ဟိုး... ဟိုး... ကိုဇီးယို... စတာပါဗျ..."

"ဒီမယ်... ကိုရင်... ဇီးယိုမဟုတ်ဘူး၊ ဇီးရိုး (zero) ဗျ..."

"ဟုတ်ပါပြီဗျာ... ပြော... ကျုပ် ဘယ်လို ကူရမလဲ၊ သိုင်းပြိုင်ပွဲမှာ အနိုင်ရချင်တာလား... ခက်တာက ကျုပ်တို့က ပြိုင်ရမယ့် စာရင်းထဲမှာ မပါဘူးဖြစ်နေတာ..."

"ဒီမှာ ကိုရင်... ကျုပ်ပြောပြမယ်... နိုင်ဖို့မလိုဘူး၊ နိုင်တာက ဂုဏ်ရှိ၊ မျက်နှာကြီးရုံပဲရှိတာ။ ခင်ဗျားကို ကင်မရာမင်းတွေက တဖျတ်ဖျတ်ရိုက်၊ ဂျာနယ်တွေက မျက်နှာဖုံးမှာ ဖော်ပြ..."

"ဒီတော့... ခင်ဗျားက..."

"ကျုပ်က ရွှေဒိုင်းလွှာကိုပဲ လိုချင်တာ..."

"အဲဒီဒိုင်းလွှာက ဘာအသုံးကျလို့လဲဗျ... စစ်ဆေးရေးဂိတ်ဖြတ်ဖို့ အတွက်လား..."

"ဟာ... ဒိုင်းလွှာတစ်ခုလုံး ဆေးအသုံး... အဲ... မှားကုန်ပြန်ပြီ... ဒီလိုပဲမှတ်လိုက်ဗျာ... တန်ဖိုးရှိတယ်လို့ပဲ၊ လက်ထဲ ရလာမှ ခင်ဗျားကို ပြောပြမယ်..."

"ဟေ့လူ... မောင်သုည... ဒါမျိုးတွေ ရိုး... ဟိုးဟိုး နေပြီ၊ ပြော... အဲဒီ ဒိုင်းလွှာထဲမှာ ဘာရှိလဲ EOT သိုင်းကျမ်းလား၊ Latest မီးလျှံမြေခွေး ကျင့်စဉ်လား၊ ဇော်ဂျီဖိုဝင် ဖောန့်အကွက်သစ်လား... ပြော..."

"ဒီလိုဗျာ... ဒီလို... ဒီလိုရှိတယ်..."

"တကယ်... ဟုတ်တယ်..."

"ဟုတ်တာပေါ့... မဟုတ်ဘဲပြောပါ့မလားဗျ..."

"ဒါဆို ဘာမှမပူနဲ့၊ ကျုပ်က... ကျုပ်လို မြောက်သိုင်းကဆြာကြီးတစ်ပါးကို မဖိတ်လို့ အဲဒီပြိုင်ပွဲမှာ သွားပွဲကြမ်းဖို့ စဉ်းစားနေတာ၊ ဒီတော့ တစ်ချက်ခုတ် အချက်များစွာပြတ်... အဲဒီ ရွှေဒိုင်းလွှာကို တစ်ပါတည်း... ရအောင်ယူခဲ့ပေးမယ်..."

"ကောင်းတယ်ဗျာ... အခုကျုပ်တပည့်မ မွန်ချောက်ဖုံးကို အရင်လွှတ်ထားတယ်။ သူ့နောက်က အိပ်မက်နက်ကို ထည့်ပေးလိုက်မယ်၊ သူ့တို့နှစ်ယောက်နောက်ကမှ ခင်ဗျား..."

"အနောက်လို့ မပြောနဲ့ဗျာ၊ ကျုပ်သိက္ခာကျတယ်၊ ဦးနှောက်တစ်ခြမ်းကို တောင်ပံတပ်လွှတ်လိုက်ရင်... ဆူပါစောနစ် (Super Sonics) ဆိုတဲ့ အသံထက် မြန်တဲ့ လေယာဉ်ထက်တောင် အရင်ရောက်ဦးမှာ..."

"အိုကေဗျာ... ဒါဆို ခင်ဗျားကို ဟိုဘဲကီး အကြောင်း အရင်... အင်ဖော်မေးရှင်း ပေးထားမလို့ သူက အခု ကျောင်းမှာ တစ်ယောက်ထဲဆိုပီး ကဲနေတာ"

"ဘဲကြီးဆိုတာ ဒိုင်ချုပ်ကြီး ဆြာထက်ကို ပြောတာလား"
"
အင်း... ဟုတ်တယ် သူက ကျုပ်ထက်စီနီယာဆိုတော့ ကျုပ်ကို တောထဲ ထည့်လွှတ်လိုက်တာ... ပြီးတော့ သူက ကျောင်းမှာ ဝါးတီးပေးပီး ဇိမ်နဲ့နေခဲ့တာ"

"အော်... ဂလိုကိုး... ရုပ်တည်ကီးနဲ့ နေတတ်တယ်..."
"
သိပ်သေချာတာပေါ့... ညဘက်ညဘက် ခန်းမထဲကနေပြီး ဂျီတော့ တက်တက်ချက်တယ်"

"ဟုတ်ပါ့မလားဗျ..."

"ဟုတ်တယ် ဘတူမှ အသိမခံဘူး"

"ဟုတ်ပါ့မလားဗျ..."

"ဟုတ်ပါတယ်ဆို... သူက အခု Invisible ဆိုတဲ့ ကိုယ်ဖျောက်သိုင်းကို တစ်ဖက်ကမ်းခတ် တတ်နေပြီဗျ။ အဲဒီတော့ တခါတခါ ကိုယ်ဖျောက်ထားတတ်သေးတယ်"

"နို့... ကိုယ်ဖျောက်ရအောင် ဘယ်သူကြောက်လို့လဲဗျ၊ ဘ ဘုန်းကြီးလား..."

"သူကြောက်တာလား... ဟဲ ဟဲ... တစ်ယောက်ရှိတယ်... ဟဲ ဟဲ ခင်ဗျားကို ပြောပြဖူးပါတယ် ဟဲ ဟဲ..."

"အော်... သိပြီ... ဟဲ ဟဲ ဟဲ..."

"အိုကေဗျာ၊ ဒါပဲ၊ ဒါနဲ့ ခင်ဗျားတို့ရဲ့ 'ဖွတ်တစ်ရာ' အီးသိုင်းစာစဉ်များရဲ့..."

"ဖွဲ့တည်ရာ ပါဗျ၊ ဖွတ်တစ်ရာ မဟုတ်ပါဘူး..."

"ဆောရီးပဲဗျာ... အေး... ခင်ဗျားတို့ အီးသိုင်းစာစဉ်များရဲ့ အီးအယ်ချုပ်ကြီး ကိုသင်ကာရောဗျ၊ မတွေ့တာတောင်..."

"အော်... သူက အရှေ့မြောက်ဘက်က တောင်တွေဘက်သွားပြီး ပဒေါင်တွေဆီမှာ မျှော်တော်ယောင် လည်ရှည်သိုင်းနဲ့၊ လည်ပင်း သံချပ်ကာကြိုးတပ်ဆင်နည်း သွားသင်နေလေရဲ့..."

"အော်... ဟုတ်လား... ဒါပဲဗျာ။ တာ့တာ၊ ခင်ဗျားရဲ့ သိုင်းလောက အောင်ပွဲသတင်းကို နားစွင့်နေမယ်..."

"ကောင်းပြီဗျာ၊ ဆီးယူ..."

+++++++++++++++++++++++++++


(၂)

"ဟဲ့ပြန်လမ်းမရှိကျွန်းက ကောင်မ... ပြောစမ်း"

"ပြန်လမ်းမဲ့ပါရှင့်..."

"လျှာရှည်မနေနဲ့၊ မရှိတာနဲ့ မဲ့တာ အတူတူပဲလို့မှတ်၊ နင်က အငယ်လား၊ ငါက အကြီးလား" သိုင်းမယ်တော်ကြီးက သူမျောက်တွေသေကုန်လို့ ပါဝါကျနေတာတောင် ဟန်ဆောင်ပြီး ဟောက်စားလုပ်နေသေးတယ်။

"ကောင်မ... ငါ့မျက်နှာကို သေချာကြည့်စမ်း..."

"ခွိ... အဲဒါ သင်္ကြန်မိုးဇာတ်ကားထဲက ခင်သန်းနု အမေပြောတဲ့ စကားကြီးပဲ..."

"မရှည်နဲ့... နင်အခု ဒီကိုဘာလာလုပ်တာလဲ"

"ကာတွန်းကား လာကြည့်... အဲ... သိုင်းပြိုင်ပွဲ လာကြည့်..."

"လာကြည့်တယ်လို့ မပြောနဲ့ ပြင်ပြောစမ်း..."

"ဘယ်လို..."

"ဘလိုတွေ၊ ဘလက်တွေလုပ်မနေနဲ့၊ နင့်နောက်က လိုက်လာမယ့် အိပ်မက်ဘလက်ဆိုတဲ့ အကောင်ကိုလည်း လူလွှတ်ပြီး ရှင်းခိုင်းထားတယ်... ဒီတော့ မှန်မှန်ပြော..."

"ဥစ္စာပေါ်၊ ရုပ်ချော..."

"အောင်မြတ်လေး... ဟေး... ဟေး... နင်... ရွှေဒိုင်းလွှာကို ခိုးဖို့လာတာ မဟုတ်ဘူးလား..."

"အဲ... အင်း... ဟီး... ဟီး... အဟင့်... အဟွင့် ဟွင့်... အဟင့်... ဟွင့်..." (မွန်ချောက်ဖုံး၏ Copy Left ငိုသံဖြစ်သည်)

"ဟဲ့... ဟဲ့... ဘာမှတောင် မမေးရသေးဘူး၊ ငိုနေပြီ၊ မာယာကလည်း တယ်များသကိုး၊ ဒါကြောင့်လည်း သိုင်းလောက သားတွေက နင့်တိုက်ကွက်ကို Not fight with the brain, fight with the heart လို့ပြောတာကိုး... ဟေ့ ဆီးကွက်..."

"ဇီးကွက်ပါဗျ၊ မယ်တော်ကြီးရ..." ဇီးကွက်က ဆီးကွက်နှင့် မှားခေါ်၍ ချက်ချင်းဝင်ပြောလေရာ...

"မရှည်နဲ့... ငါ့ဟာငါ ဘယ်လိုခေါ်ခေါ်ပေါ့၊ ငါက မယ်တော်လား၊ နင်က သားတော်လား၊ သူ့ကိုမေး... နင်တို့ အချစ်တော် မွန်ချောက်ဖုံးကို ဆက်မေးစမ်း..."

"ဟုတ်ကဲ့၊ မယ်တော်ကြီး" ဟုပြောပြီး မွန်ချောက်ဖုံးဘက်ကို လှည့်ကာ...

"ကောင်မ... ငါ့မျက်နှာကို သေချာကြည့်... ဟာ... ရောကုန်ပြီ... ဒီမှာ မွန်ချောက်ဖုံး... ဗိုလ်ဖြစ်ချင်တဲ့သူဆိုတာ ဗိုလ်သင်တန်းတက်... ဟာ... "

"ဇီးကွက်၊ မြန်မြန်မေးစမ်း၊ အချိန်မရှိဘူး၊ ပြိုင်ပွဲကဖြင့်မပြီးသေးဘူး၊ ဒိုင်းဆုက ပျောက်ရတယ်လို့၊ ငါတို့သိက္ခာကျတယ်..." ဒီတော့မှ ဇီးကွက်ခင်မျာ မွန်ချောက်ဖုံးဘက်ကို ပြန်လှည့်ပြီး...

"ဒီမှာ မွန်ခြောက်ဖုံး... ခြောက်ဖုံးတည်းရှိပြီး ဘာလို့ ခုနှစ်ဖုံး မရှိရတာလဲ..."

"ဇီးးးးးးးးးးးးးးးးးးးး ကွက် !!!!!!....."

"ဗျာ... ဗျ... ဟုတ်ကဲ့..." သိုင်းမယ်တော်ကြီးက ဒေါသ ပေါက်ကွဲပြီး ခုနှစ်သံချီဟစ်တော့ ဇီးကွက်ခင်ဗျာမှာလည်း ဇက်ကလေးပုလို့ မျက်လုံးလေး ပေကလပ်ပေကလပ်ဖြင့်...

"တော်ပြီ၊ နင် သိပ်ပေါလွန်းတယ်၊ မရဘူး၊ မမေးနဲ့တော့" ဟု ပြောပြီး သိုင်းမယ်တော်ကြီး ခွန်မြလှိုင်မှာ ဒိုင်လူကြီးဒေါက်ထက်ဖက်သို့လှည့်ကာ...

"ဒိုင်ဒေါက်!"

"ဗျာ... :D ..." ဒိုင်လူကြီး ဒေါက်ထက်မှာ ထိပ်ဆုံးနှစ်လုံးဖြစ်သော ဒိုင်နှင့် ဒေါက်ကို အတိုရောခေါ်လိုက်သဖြင့် လန့်ဖြန့်သွားပုံရသည်။ သူ့ခင်ဗျာ ဇီးကွက်နှင့် ဂျူလိုင်တို့ရဲ့ အတွင်းအားကို ၀င်ကူဖျက်ပေးခဲ့လိုက်သဖြင့် အားချိနေပုံလည်းရသည်။

"ဒိုင်းလွှာကိစ္စကို မေးစမ်းပါဦး... အဲဒီကောင်မလေး သိပ်ပဲများတယ်... ကျွန်မတို့နဲ့များ ကွာပါ့..."

"ဟုတ်ကဲ့..." ဟု ဒေါက်ထက်က ပြောပြီး မွန်ချောက်ဖုံးဘက် လှည့်ကာ...

"ညီမရေ... ပြောပါကွယ်၊ ရွှေဒိုင်းလွှာကို ဘယ်လိုလုပ်ပြီး ဘယ်မှာ ဖွက်ထားသလဲ"

"မသိဘူး... မွန် မသိဘူး..."

"ပြောလိုက်ပါ ညီမရယ်... ပြီးရင် အော်ဇီကျွန်းက ငါးပြတိုက်ကို လိုက်ပြမယ်"

"မွန် တကယ်မသိဘူး... မွန် က အဲဒီ ရွှေဒိုင်းကို ခိုးဖို့ လာတာပဲ... ဒါပေမယ့် ဒီရောက်တော့ ပျောက်နေပြီ..."

"ဟုတ်လို့လား... ကောင်မ၊ နင်မညာနဲ့နော်..." သိုင်းမယ်တော်ကြီးက ၀င်ဟောက်ပြန်သည်။

"ဟုတ်ကဲ့ပါ... အဟွင့်... ဟင့် ဟင့်... ဒီရောက်တော့ ဒိုင်းကြီးက ပျောက်နေပြီ၊ အဟွင့်... ဒါနဲ့ အခြေအနေ မဟန်ဘူး လစ်မှ ဆိုပြီး ပြေးတဲ့အချိန်မှာမှ... အဟွင့်... ရိုဘော့နဲ့တိုးပြီး... အဟွင့်... ဟင့်..."

"ညည်း တကယ်ပြောတာနော်..."

"ဟုတ်ကဲ့..."

"ဒါဆိုရင် စဉ်းစားစရာ ဖြစ်လာပြီ ဦးဖိုးကွက်... အဲ... ဦးစိုးထက်ရဲ့၊ အဲဒီ ရွှေဒိုင်းလွှာကို ဘယ်သူ ခိုးသွားသလဲဆိုတာ..."

"ဟုတ်တယ်၊ ဒါစဉ်းစားစရာပဲ"

"မွန်ချောက်ဖုံးကြည့်ရတာ ဒီလောက် သွက်ပုံမရဘူး"

"တရားခံက ဘယ်သူလဲ"

"ဘလက်အိပ်မက်ပဲ လာပြီး ခိုးသွားသလား..."

"ဒါမှမဟုတ်... ဒိုင်လုပ်တဲ့သူတွေပဲ ပွဲဆူနေတုန်း ကြိတ်ဖွက်လိုက်သလား"

"ဒိုင်းလွှာကြီးက မကောင်းစိတ်ရှိတဲ့သူကိုင်ရင် အတွင်းအားလည်း လျော့နိုင်သေးတယ်..."

"ခက်ကုန်ပြီ ပြိုင်ပွဲက မပြီးသေးဘူး ဆုက ပျောက်နေပြီ"

အဲလို... တစ်ယောက်တစ်ပေါက် ထင်မြင်ချက်တွေ၊ မြင်ထင်ချက်တွေ ပြောနေချိန်မှာပဲ...

"ဟား... ဟား... ဟား..."

ထိတ်လန့်စရာ ကျယ်ကျယ်လောင်လောင် ရယ်သံကြီးသည် မည်သည့်အရပ်က လာမှန်းမသိဘဲ ထွက်ပေါ်လာလေသည်။ တဆက်တည်းမှာပဲ...

"ဟား... ဟား... ဟား... ငါမသိတဲ့ည... ငါ့မှာ မရှိတဲ့ အတွင်းအားတွေ ပေါက်ကွဲကုန်ကြတယ်... အဟား... ဟား... ဟား... ငါမသိတဲ့ည... ငါ့မှာ မရှိတဲ့ သိုင်းကွက်တွေ လောင်ကျွမ်းကြတယ်..."

"ဒါ ဘယ်သူလဲ၊ ဒီအသံကြားဖူးတယ်၊ ဒါဘယ်သူဖြစ်မလဲ... ဒီအသံ မကြားဖူးပါဘူး၊ ဒါဘယ်သူ့အသံလဲ..." စသည် စသည်ဖြင့် သိုင်းလောကသားများ ပွက်လောရိုက် တုန်လှုပ်ကုန်ကြလေတော့သည်။

သိပ်မကြာခင်မှာပဲ ကောင်းကင်ထက်မှ အင်မတန် စူးရှတောက်ပသော အလင်းရောင်တန်းကြီး ထိုးစိုက်ကျလာရာ...။

...............................................

ဆက်ရန်...

နောက်ဇာတ်လမ်း မဆက်ခင်မှာ ရွှေဒိုင်းလွှာကို ခိုးသွားတဲ့ တရားခံ ဘယ်သူဖြစ်မလဲဆိုတာ စဉ်းစားကြဗျာ...။

Zerotrash21 + ဟန်သစ်ငြိမ်

+++++++++++++++++++++++++++

ကိုသုည ခရီးမထွက်ခင်ရေးပေးခဲ့သော ပလော့ (Plot) တစ်ဝက်ကို အနည်းငယ် Edit လုပ်ပြီး ကျန်တစ်ပိုင်းကို ကျွန်တော် ဟန်သစ်ငြိမ်မှ ဆက်လက် ဖန်တီးပုံဖော်ပါသည်။

သိုင်းလောက အပိုင်း ( ၁၅.၂) - သိုင်းမူး

သိုင်းပြိုင်ပွဲကြီးက စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့သည်မှာ ယခုဆိုလျင် နောက်ဆုံးဗိုလ်လုပွဲ အဆင့်ကို ကျင်းပ လုဆဲဆဲ အချိန်ဖြစ်နေပြီ။ ခေါက်ဆွဲစားသည်ဟု ယူဆရသော ရှောင်လင်ကျောင်းမှ သိုင်းဆရာကြီး ဒေါက်ထက်နှင့် ရေခဲတောင်သိုင်းမယ်တော်ကြီး ခွန်မြလှိုင်တို့က ဗိုလ်လုပွဲ နွဲမည့် သိုင်းပညာရှင် နှစ်ယောက်ကို လိုက်နာရမည့် စည်းကမ်းများ ( သူတို့ဟာသူတို့ထုတ် ၊ သူတို့ဟာသူတို့ပြင်)ကို ပြောပြရင်း လေရှည်နေကြသည်။ အခန်းနားမူးးဇီးကွက်ကလည်း အနားပြာလုပ်ကာ အလုပ်များချင် ယောင်ဆောင်နေလေသည့်အချိန်။

ထိုအချိန်တွင် စင်မြင့်ဘေးကွက်လပ်တွင်နေရာယူထားသော အရှုံးသမား သိုင်းပညာရှင်အုပ်စုမှာ အချင်းများလျက်ရှိနေကြသည်။

ရွှန်းမီ - ရိုဘော့မီမီ ဖမ်းမိထားတဲ့ မွန်ချောက်ဖုံရဲ့ အာပုပ်သိုင်းက ရင်ပြင်တစ်ခုလုံးကို ပျံ့နှံ့နေပြီ။ သူ့ပါးစပ်ကို အပ်နဲ့ ချုပ်ရင် ကောင်းမယ်။ မိုးချစ်သူရေ ချုပ်ပေးပါလား။

မိုးချစ်သူ - ဟင့်အင်း ဟင့်အင်း မချုပ်ဘူး။ အနားတောင် မကပ်နိုင်ဘူး။ သူက အာပုပ်သိုင်းတင် မကဘူး ကြူမုန်းကြောင်မျိုးဆီက ရေမချိုးသိုင်း၊ အ၀တ်မလျှော်သိုင်းနဲ့ သွားမတိုက်သိုင်းလည်း သင်ထားသေးတယ်။

ပျားဘုရင်မ - ဒါဆို သွားတွေကို အရင်နှုတ်ပြီးမှ ပါးစပ်ကို ချုပ်တာပေါ့။

အလွမ်းဘုရင်မလေး - ငါတို့က သူ့ကို ဖမ်းထားတာဆိုတော့ သူကို နှိပ်စက်လို့ မသင့်တော်ဘူးထင်တယ်။ မဟုတ်ရင် သိုင်းလောကမှာ နာမည်ပျက်ကုန်မယ်။

ဒရမ်း - ဒါနဲ့ သူ့ဆရာတွေ ဂိုဏ်းတူ အစ်ကိုတွေကိုလည်း သတိထားရလိမ့်မယ်။ သူတို့ အခုဆို ရှောင်လင်ကျောင်းကို ဦးတည်ပြီးလာနေလောက်ပြီ။

အလွမ်းဘုရင်မလေး - ဟုတ်တယ်။ ဇီးကွက်တောင်မှ လာတဲ့လူတွေကို သိုင်းလောက မှတ်ပုံတင်ပြမှ ပေးဝင်မယ်ဆိုပြီး စည်းကမ်းကို ကြော်ငြာထားတယ်ကြားတယ်။နှင်းပွင့်တောင် နောက်ကျနေတာ ကြည့်ပါလား။

ပျားဘုရင်မ - ဒါလည်းကောင်းတာပဲ။ နောက်ပြီး ငါတို့လူအင်အားနည်းနေတယ်လေ။ တေလေမုတ်သုန်ကို ပါ ပြန်ခေါ်မှ ဖြစ်မယ်။ ခေါ်ဆိုကြာပါတယ်။ အခုပဲ စီပုံးမှာ ကြိမ်စကြာ ရိုက်ပြီး ခေါ်လိုက်မယ်။ သူမလာခင် ငါတို့ နည်းနည်းပါးပါးသောက်ပြီး စောင့်ရအောင်။

ရွှန်းမီ - ပြိုင်ပွဲစည်းကမ်း အရ အရက်သောက်လို့ မရဘူးလေ။

ပျားဘုရင်မ - ပြိုင်ပွဲစည်းကမ်းအရ အရက်မသောက်ရဘူးဆိုပေမဲ့ ငါတို့က ပြိုင်ပွဲကထွက်ပြီဆိုတော့ သောက်လို့ရပြီ ။ အရက်ပုန်းဆိုင်လဲ မတွေ့ ပါလား။

ဒရမ်း - ဘယ်ရှိမလဲ ဟိုကဇော်သိုင်းသမားဇီးကွက်က ဆိုင်သမားတွေကို လိုင်စင်ချမပေးထားဘူး။ သူ့ကို လဘ်ထိုးတာတွေတော့ ယူတယ်တဲ့ ငါအလာလမ်းမှာ ကြားခဲ့ပြီးသား။

မိုးချစ်သူ - နာပြောတယ်တော့မပြောနဲ့နော်။ ဇီးကွက်က စင်နောက်ဝင်ဝင်ပြီး မော့နေတာတော့တွေ့ တယ် ။ သူပြောတော့ အားဆေးလို့ ပြောတာဘဲ။

ရွှန်းမီ - သေချာပြီဒါဆိုရင် ဒိုင်တွေကိုလည်း သူကုန်းကုန်း ကုန်းကုန်းနဲ့သွားသွားတိုက်နေတာတွေ့တယ်။ မယ်တော်ကြီးက ခေါင်းတချက်ခါပြလိုက်တာတွေ့ထဲက တမျိုးပါလားလို့ တော့ထင်သား။ဒေါက်ထက်ကတော့ ၀ါးစိမ်းမှနော်ဆိုလား မသိဘူး ပြောတယ်။

လင်း - ဒါမျိုးတော့ဘယ်ရမလဲ နေပလေ့စေအုန်း သွားရှာလိုက်အုန်းမယ် ။ လူကညစ်နေပါတယ်ဆိုမှ ၊ တွေ့ လို့ ကတော့ မူးအောင်သောက်ပြီးသားဘဲ။

ပျားဘုရင်မ - တွေ့ တာအကုန်မခဲ့ ၊ နည်းလို့ ကတော့အာတောင်စွတ်မှာမဟုတ်ဘူး။ဇီးသန့် ကို ရစ်ဖို့  အမူးသောက်မယ်။

ထိုအချိန်တွင် တ၀ုတ်ဝုတ် ၊ တ ၀ုန်းဝုန်းနှင့် မည်းမည်း အုပ်စုကြီးတစ်စု စင်နောက်မှ ပေါ်ထွက်လာလေသည်။ အားလုံးမှာ အနက်ဖြစ်နေ၍ အိပ်မက်နက်တို့ အုပ်စု လာပြီထင်၍ သိုင်းသမားများမှာ အားလုံးသတိ အနေအထားဖြင့် စောင့်ကြည့်နေကြသည်။ ပျားဘုရင်မက ပျားအုပ်များကို အားလုံး၏ ပတ်လည်တွင် ၀ိုင်းပတ်ပြီး လက်နက်ပုန်းများ လွင့်ပျံလာပါက တားဆီးရန် အမိန့်ပေးထားလေသည်။

ထိုအုပ်စု အတွင်းမှ နေ၍ အလင်းရောင်မှိန်ပြပြလေး ထွက်ပေါ်လာရာ မိုးချစ်သူက

` ဟယ် ဟိုဒုတ်က အရောင်အဆင်းမရှိတဲ့ မုတ်သုန်ရဲ့ ခွေးရိုက်တုတ် မဟုတ်လား´

ပျားဘုရင်မမှ ` ဗိုလ်နေလား´

ထိုအခါမှ ထိုမှိန်ပြပြ အလင်းရောင်သည် ရုတ်တရက် လင်းလာပြီး တေလေဂိုဏ်းမှ ဗိုလ်မုတ်သုန် ရောက်ရှိကြောင်း ပြသလေသည်။ သူ့လက်ထဲတွင်ကား ဘယ်အချိန်က ဇီးကွက် ၏ စတိုအတွင်းသို့ ၀င်ရောက်ယူငင်ထားးသည်မသိသော ဆန်အရက် ငါးလုံး ၊ လက်ဖက်အရက် သုံးလုံးနှင့် ၀ါးစိမ်း အရက် စဥ့်အိုးတစ်လုံးကို ကိုင်လျက်။

အားလုံး ၀မ်းသာအားရ တစ်ယောက်တလှည့် လက်သင့်ရာစွဲယူပြီး ဖွင့်သောက်မည်အလုပ်တွင် ဂျူလိုင်ဒရမ်းက `ဟေ့နေအုန်း သူ့ပုလင်းတွေက အရက်ပုန်းဆိုင်ကဟာတွေဆိုတော့ ဒါလေးတော့ ခပ်သောက်ကြဟာ´ ဆိုပြီး ရေသန့်ဆေးပြားတွေထုပ်ပေးလေရာ အားလုံးက အားကနဲ အော်ကြတော့သည်။

`ပြိုင်ပွဲလဲ ပြီးပါပြီအကိုတော်ရယ် ´

`ရေသန့် ဆေးပြားအစစ်ဟုတ်မဟုတ် ဘယ်လိုသိမလဲ။ မယုံဘူး´

`မူးအောင်သောက်ပါမယ်ဆိုနေ သူကမျော့အောင်လုပ်ချင်နေပြန်ပြီ´ အစရှိသဖြင့် တစ်ယောက်တပေါက် ၀ိုင်းအော်သံများကြောင့် လက်လျော့လိုက်ရလေသည်။

စိတ်ရှိတိုင်းသောက်နေကြသော အရှုံးသမားများမှာ လေကလဲတဖြူးဖြူးမို့  အရှိန်လေးက တက်လာချိန် ၊ဒိုင်သူကြီးများကလေရှည်နေသည်လား ပြိုင်ပွဲဝင်သိုင်းသမားများကဘဲ အချိန်ဆွဲနေသည်လား ဘာမှန်းမသိကြာနေသော ဗိုလ်လုပွဲက မစနိုင်သေး။ကဇော်သမား ဇီးကွက်ကလည်း စင်ပေါ်တက်လိုက် စင်အောက်ဆင်းလိုက်နဲ့ ဘာရှုပ်နေမှန်းမသိ ။

မူးမူးနှင့်မျက်ရည်မီးတောက်လင်းက တစခန်းထပြန်သည်။ ` မီမီ ရေ အချောအလှလေး တိုင်းမရှင်းလေး ခနငှားပါလား အတိတ်ကိုပြန်ချင်လို့´ ဟုမျက်စိမှိတ်ပြီး အသကုန်အော်နေလေရာ ဟန်နီက မျက်မှောင်ကြီးကြုတ်လျက် ` မီးတောက်ရယ် ကျုပ်ရစ်ဖို့ အချိန်လဲပေးပါအုန်း ရှင်ဘဲ တမျိုးပြီး တမျိုး။ အတိတ်ကိုပြန်ချင်ရင် မီမီဆီကငှားပေးမယ် ။ တခုတော့ရှိတယ် အတိတ်က ၂နှစ်လောက်ဘဲတော့ လှည့်လို့ မရဘူး ဟိုးအစထိပြန်သွားရမယ်။ ကလေးဘ၀ကိုပြန်သွားမလား။ သွားမယ်ဆိုရင် ခု စီစဉ်လိုက်မယ်´ ဟုပြောရာ လင်းမှ `ဟင့် စာပြန်မသင်ချင်တော့ဘူးးး မသွားတော့ဘူး ´ဟုဆိုကာ ပျားဘုရင်မကို မျက်စောင်းထိုးပြီး အဝေးကို ထွက်သွားလေတော့သည်။

ဟန်နီလည်း ထိုသို့ အရစ်ခံရသော အချိန်ကျမှ သူမ၏ ရစ်ခွင့်ရွှေပြားကို သုံးရန်သတိရပြီး အိပ်ကပ်ထဲ နှိုက်လိုက်သော် ထွက်လာသည်က အပေါင်လက်မှတ်နှင့် ဇီးကွက်၏ လက်ရေးဖြင့်ရေးထားသော `လမကုန်သေးလို့ ရွှေပြားကို ဂျော်နီလမ်းလျှောက်နဲ့ လဲသောက်လိုက်ပြီ´ ဆိုသော စာကိုသာ တွေ့ရှိလိုက်ရာ စိတ်ပေါက်ပေါက်နှင့်


`အဖြေမရှိတာတွေတွက်လို့
ဒင်းက ဦးနှောက်စီးထွက်တာတွေ ပြောရဲ့

ဟဲ့ နင်သင်္ချာတော်တာ ၉၉မှာကျန်ခဲ့ပြီကွယ့်

အရှေ့ဖက်ကမ်းမှာထိုင်လို့
အနောက်ဖက်လှည့်ပြီး ငိုင်ပေါ့ကွာ

စိတ်နာစရာ အာလူးကြော်တောင် ပါရီပျော်လို့ အိမ်ပြန်သတဲ့
မင်းကသာ ကလေးတအုပ်နဲ့ တောတွေသွားလို့ ရွာစဉ်လှည့်

စိတ်နာနာနဲ့ သောက်လိုက်ဦးပေါ့ လဒရေ
ပါဝါတွေတက်လို့ မုတ်ဆိတ်တွေရှည်တဲ့အထိ


အေး သိလား ငါလည်းလေ
အိပ်မက်တွေမှာ
တောင်ချွန်းတောင်ခြေရောက်လို့ရယ်

ဘယ်တော့လောက်အိမ်ပြန်ရမလဲ
ကဲ
တွက်ပါဦးကွယ်။ ။´ ဟု ကဗျာတစ်ပုဒ်ကို ကောက်ရွတ်လိုက်လေတော့သည်။

ဇီးကွက်၏စတို အတွင်းမှ တိုလာသော ကြွက်များ ဖားများ ကို ကင်စားကြသော်လည်း အစားအသောက် သောင်းကျန်းသူများ ဖြစ်သဖြင့် မလောက်မဌ ဖြစ်ကုန်သောကြောင့် မုတ်သုန်မှ သူ့ခွေးနှစ်ကောင်ကို ကင်ကျွေးရလေသည်။ မြူနီစပါယ် ဧရိယာ အတွင်းမှ ရိုက်လာသောကြောင့် အဆိပ်ကင်းစင်ကြောင်းထောက်ခံချက် ကိုပါ ဘွားဘွားခွန်မြလှိုင် ထံမှ ရယူထားကြောင်း အာမခံချက်ပါ ပြသသည်။

ကြာလိုက်တာကွာ ပွဲကမစသေးဘူး ငါတို့တပွဲဝင်နွဲလိုက်ရအောင် ( စကားစလိုက်သူက ဒရမ်း)

မြှောက်မပေးနဲ့နော် ငါကငိုချင်ရက်လက်တို့ ဖြစ်နေတာထွက်ငိုလိုက်ရမလား ( မျက်ရည်မီးတောက်လင်း)

ဟဲ့လုပ်ကြပါအုန်း မျက်လုံးကို ပုဝါ မြန်မြန်စည်းကြပါဟဲ့ သူမျက်ရည်မထွက်ခင်( ပန်းချီဝိဥာဉ်)

မပူပါနဲ့ သူငိုတာနဲ့ မိုးရွာချလိုက်မယ် (မိုးချစ်သူ)
စကားများလိုက်ကြတာဟာ စိတ်တိုလာရင်ငါ့ပျားတပ်သားတွေနဲ့တွေ့မယ်နော်(ပျားဘုရင်မ)

ကဲကဲ စိတ်ကိုလျှော့ပါ အမပျားရယ် လာလာသီချင်းဆိုကြမယ် (မုတ်သုန်)

`မင်းရဲ့ အတွင်းအားနဲ့ ငါ့ရဲ့ အတွင်းအားတို့ 

အင်အားခြင်းတူညီ ရှိခဲ့တဲ့နောက်တော့

ခမ်းနားခြင်းကင်းတဲ့ ဒီအရှုံးသမားဘွဲ့ တစ်ခုနဲ့ 

ဒို့ အားလုံးတူတူ မူးပြီးရမ်းကြစို့….


အရှုံးများရင်ဆိုင်တဲ့အခါ ဂျွမ်းပစ်အောင်တကယ်မူးတာ

ကွင်းထဲကို အကုန်ထွက်ခါ

အားလုံးကကြစို့ ´

(လေးဖြူကို မပြလိုက်ပါနဲ့နော်။ သူကြားရင် သူ့ကိုယ်သူ သတ်သေမလားမသိ။ ဟိ။ စကားချပ်)

အသံဗြဲ ကီးကြောင်များနှင့် အော်ဟစ်ဆိုရင်း ကွင်းထဲကို အားလုံးတန်းစီ ပြီး ၀င်လာကြရာ ပျားဘုရင်မ မှ သူ့အိမ်သူအိမ်သားများကို နှိပ်စက်သော အသံဖြင့် ရှေ့ဆုံးမှ နေ၍ ပျားများဝိုင်းရံပြီး ချီတက်လာသည်။

ဒေါက်ထက်မှ အလန့်တကြား ပြေးဝင်လာရာ ပျားများက ဆီးကြိုသဖြင့် ရှောင်လင် ကွန်ဖူးအကွက်ကို သုံးသော်လည်း မရှောင်မိသဖြင့် မရှောင်လျှင် နဖူး ထုံးစံအတိုင်း နဖူးတွင် ပျားတုပ်ခံရပြန်သည်။ ( ၀က်ပက်ပြီးတော့ လက်နက်ပုန်းမှန်တဲ့ အပြင် ပျားပါ တုပ်ခံရသေး... ဘွာတေးနော်)။ ဒေါက်ထက်မှာ လက်နက်ပုန်းထိထားသည့် နေရာကို ပျားထပ်တုပ်ခံ ရသဖြင့် ပျားများကို မီးတုတ်နှင့်ရှို့ရန်ကြံစည်ရာ သိုင်းမယ်တော်ခွန်မြလှိုင်မှ နေ၍ ဒေါက်ထက်အား မွန်ချောက်ဖုံကို စစ်ဆေးရန် ဒိုင်လူကြီး အခန်းထဲကို ကြွပါဟု ခေါ်ထုတ်သွားလေသည်။

ထိုသို့ ကွင်းထဲတွင် ၀အောင် သောင်းကျန်းပြီးချိန်တွင် ဗိုက်ထပ်ဆာလာသောကြောင့် လပ်လျားလပ်လျားလုပ်နေသောဇိးကွက်အား ကင်စားရန်ကြံကြလေသည်။ ဇီးကွက်တော့ အမူးသမားများ၏အကြံကို မသိလေသိအလား အလန်းကြီးလန်းကာ ဖလပ်ဖလပ်နှင့် ကွင်းလုံးပတ်ပျံသန်းနေလေသည်။

ဇီးကွက် ကို ဖမ်းရန် ပြေးလာသော လင်းမှာ လမ်းခုလပ်တွင် နှင်းပွင့်နှင့် ရင်ဆိုင်တွေ့လေတော့သည်။

နှင်းပွင့် - အစ်မတော်လင်း ၊ ဘာဖြစ်တာလဲ ရေးကြီးသုတ်ပြာနဲ့။

လင်း (အော်ကြီး ဟစ်ကျယ်ဖြင့်) - ငါ အမြည်း စားစရာ မရှိလို့ ဇီးကွက်ကို ကင်မလို့

နှင်းပွင့် - အော် အစ်မတော်တို့က နှင်းပွင့်ကြူလေးကို တစ်ယောက်ထဲ ပစ်ထားပြီး သောက်နေကြတယ်ပေါ့။

လင်း - မဟုတ်ပါဘူးလေ။ ညည်းက သိုင်းပြိုင်စရာ ရှိတော့  သိုင်းစည်းကမ်း အရ သောက်ရင် မပြိုင်နဲ့ ပြိုင်ရင် မသောက်နဲ့လို့ ဒေါက်ထက်က ပြောထားတယ် မလား

နှင်းပွင့် - ရ၀ူး သောက်မှာပဲ။

လင်း - အေး သောက်ချင်ရင် ဇီးကွက်ကို ဖမ်းပေး။ မိရင် တိုက်မယ်။

နှင်းပွင့် - ဖမ်းပေးရတာပေါ့။ တွေ့ ကြသေးတာပေါ့ ဇီးကွက်ရယ်...

ထိုအချိန်တွင် ဘာမှ မသိသော ဇီးကွက်မှာ ဧည့်သည်တော်များ၏ မှတ်ပုံတင်ကို လိုက်လှန် အဲလေ လိုက်လံ စစ်ဆေးလျက်ရှိနေသည်။....

ထိုအချိန်တွင် `ဇီးကွက် ။ အခုချက်ချင်း ဒိုင်လူကြီး အခန်းကို လာခဲ့ပါတဲ့ ´ ဟု ဒရမ်းမှ လာရောက်ခေါ်သဖြင့် ဇီးကွက်မှာ ဒိုင်လူကြီးအခန်းသို့ အသွား တွင် ဒရမ်းအား အကျိုးအကြောင်း မေးမြန်းလေသည်။

ဇီးကွက် - ဘာဖြစ်တာလဲ ကိုဒရမ်းရဲ့။ ရေးကြီးသုတ်ပြာနဲ့ ရှောင်လင်ကျောင်း ရင်ပြင်ကို လူများလို့ ပြန်အပ်ခိုင်းနေပြီလား။

ဒရမ်း - ဟုတ်တယ်.. အာ မဟုတ်ပါဘူး ပြောင်းတာက အခန်းလေ။ အခုက မွန်ချောက်ဖုံကို စစ်ဆေးဖို့ ခေါ်တာ။

ဇီးကွက်မှ မွန်ချောက်ဖုံကို စစ်ဆေးမည်ဟု ကြားလိုက်သည်နှင့် သူ့အိတ်ကပ်အတွင်းမှ ခွဲစိတ်ခန်းတွင် ဆရာဝန်များ သုံးသော နှာခေါင်းအုပ်ကို ယူ၍ တပ်ကာ ဒိုင်လူကြီး အခန်းအတွင်းသို့ ၀င်သွားလေသည်။ ဇီးကွက်ကင်မစားလိုက် ရသော လင်းနှင့် လက်ဖက်အရက် မသောက်လိုက်ရသော နှင်းပွင့်တို့မှာကား တောက် တခေါက်ခေါက်နှင့် `နောက်တစ်ခေါက် တွေ့ကြသေးတာ ပေါ့ ဇီးကွက်ရယ် ´ဟု ရေရွတ်ရင်း ကျန်ခဲ့လေသည်။

................................................................

အားလုံးပျော်စေရန်

လင်းနှင့် ဇီးကွက် ပူးပေါင်းရေးသားပါကြောင်း ( ဟိ။ ဆဲချင်ရင် မလင်းပါ ပါတယ်လို့ ပြောတာပါ .. :P )

သိုင်းလောက အပိုင်း ( ၁၅ )







ပျားဘုရင်မ





နှင်းပွင့်နတ်ကလျာ









ပျားဘုရင်မနှင့် နှင်းပွင့် နတ်ကလျာ

ကောင်းကင်မှာ အုံ့မှိုင်း၊ အုံု့ဆိုင်းနေပြီး ရန်သူများ ၀ိုင်းရံထား၍ အချိန်မရွေး ပေါက်ကွဲတော့မည့် အကျပ်တည်းတွင်းရောက်နေသော သိုင်းသမားတစ်ယောက်ပုံစုံမျိုးဖြင့် မဲမှောင်နေသည်။ ရှောင်လင်ကျောင်းမှ တောင်စပ်မှ လေများ တရူးရူးဖြင့် တိုက်ခတ်နေသည်။ လေ၏ အရှိန်ကြောင့် ရှောင်လင်ကျောင်းမှ ၀ါးရုံတောမှ ၀ါးတိုးသံ တရွှန်းရွှန်း၊ သိုင်းပြိုင်ပွဲအတွင်း ထောင်ထားသော ကြောငြာပိုစတာများ၊ အလံများမှာ လေဖြင့် လွှင့်လား ရမ်းလားဖြစ်သည်။ ပရိတ်သတ်များ ရင်တမမနှင့် မျှော်နေသော ပျားဘုရင်မ ဟန်နီ နှင့် နတ်ကလျာ နှင်းပွင့် တို့၏ ဆီးမီးဖိုင်နယ် သိုင်းဖလှယ်ပွဲကြီး ရောက်လာချေပြီ။ နှစ်ဦးစလုံးကား မခေသူ လှပျိုဖြူပီပီ ပရိတ်သတ်ကြီးက အနိုင်အရှုံးထက် လေ့လာဆည်းပူးသင့်သည့် ဖလှယ်သိုင်းယှဉ်ကွက်များကို စိတ်ဝင်စားလျက်ရှိသည်ဟု ကဇော်မဲရုံမှ တဆင့်သိရလေသည်။

သိုင်းယှဉ်ပြိုင်ရန် အချိန်နီးကပ်လာပေပြီ။ စင်ပေါ်မှာ ပျားဘုရင်မတစ်ယောက် ဟိုလျှောက် ဒီပတ် သိုင်းဂါထာဟု ထင်ရသော ဂါထာများကိုရွတ်ရင်းနှင့် သူမ၏ ပျားများမှာလဲ တစ်ဝှီးဝှီးနှင့် မျက်စိနောက်စရာကောင်းလှသည်။ ကဇော်ဇီးကွက်ကြီးမှာ သည်းခံပါရမီနည်းသူပီပီ သည်းမခံနိုင်တော့ဘဲ............

`` ငြိမ်ငြိမ်လေးနေပါလား ဟန်နီရယ် နင့်ကိုကြည့် ငါတောင် လက်ဖက်အရက် မသောက်ရသေးပဲ မူးချင်ချင်ဖြစ်နေပြီ နင်ဘာမှမပူနဲ့။ ပွဲစလို့ နာရီဝက်ကြာလို့မှ ဟို နှင်းပွင့်မ ရောက်မလာရင် နင်က အော်တိုမစ်တစ် အောင်နိုင်သူဖြစ်ပြီသာမှတ် ´´

`` ဂယ်လား .... ဂယ်လား။ ´´ ဆိုပြီး ပျားဘုရင်မ အပျော်ကြီးပျော်နေသည်။ နှင်းပွင့်နောက်ကျပါစေလို့ ကြိတ်ပြီး ဆုတောင်းနေလားမသိ။

ပရိတ်သတ်ကြီးကား ရုတ်ရုတ်သဲသဲ။ ဆူညံ ဆူညံဖြင့် ပွဲဆူချင်ချင်ဖြစ်နေသည်။

ဟန်နီတစ်ယောက် ဆုတောင်းမပြည့်လိုက်ရပေ။ ၀ှီစ်း ......................... ဆိုသော အသံတစ်ခုနှင့်အတူ နတ်ကလျာနှင်းပွင့်ဖြူလေး ကိုယ်ဖော့ပညာအသုံးပြုပြီး ပြိုင်ပွဲစင်ရှိရာသို့ ပျံသန်းဝင်လာသည်။

`` တွေ့ပုချိ .....တွေ့ပုချိ....... အားလုံးပဲ နောက်ကျသွားတဲ့အတွက်..... ´´ ဆိုပြီး ပရိတ်သတ်ဘက် လှည့်ပီး ဂါရ၀စကားဆိုလိုက်လေသည်။ ပြီးတော့ ကဇော်ဇီးကွက်ရှိရာသို့ လှည့်ပြီး.....

`` ကိုကွက် နင့် အ၀င်ဂိတ်က ဘယ်လိုဖြစ်တာလဲ။ စစ်လေး ဆေးလားနဲ့ လုံခြုံရေးတွေ တင်းကျပ်နေပါလား ငါဝင်မယ်ဆိုပေးမ၀င်ဘူး။ င့ါ ဂူပြန်ပြီး မှတ်ပုံတင်ပြန်ယူရလို့ ကြာနေတာကွ၊ ပြီးတော့ ရုံးချိန်မို့လို့ လမ်းမှာ ကားတွေပိတ်နေတာ မနည်းရှောင်ပြီး ပွဲချိန်အမှီရောက်အောင် လာရတာ ´´

`` ဟုတ်တယ် အပွင့်ရေ ခုတစ်လော သုညဇီးရိုးဂိုဏ်းအမှောင်ရောင်ဂိုဏ်းကြီးက ငါတို့ သိုင်းဖလှယ်ပြိုင်ပွဲကိုလာနှောက်ယှက်နေလို့ ခုလို လုံခြုံရေးတိုးမြှင့်လိုက်ရတယ်။ ပြီးတော့ ခုရှောင်လင်ကျောင်းရဲ. မိုင်တစ်ရာ အကွာကစပြီး CCTV တွေတပ်ထားရတယ်ကွ။ အခုတောင်သူတို့ တပည့်မ အာပုတ်မယ် မွန်ချောက်ဖုံကို ဖမ်းမိလို့ မြေအောက်ခန်းထဲမှာ လှောင်ထားတယ်။ ´´

အော်.... မွန်ချောက်ဖုံ.. မွန်ချောက်ဖုံ ....... ညည်းက ခုထိ မိုက်တွင်းနက်တုန်းကိုး။ ( ဘာမှလည်းမဆိုင်ဘူး :P )

နတ်ကလျာရောက်လာတော့ ပရိတ်သတ်မှာ ဝေါခနဲ..... ဝေးခနဲ အားပေးနေကြသည်။

ပျားဘုရင်မ နှင့် နတ်ကလျာမှာ ယှဉ်ပြိုင်ရန်အသင့် အနေအထားရှိသည်။

`` နှင်းပွင့် နင့် မျက်ခွံမှာ ဘာရီးလဲဟ´´

`` အဲ့တာလေ ဟို... အလွမ်းသခင်မလင်းနဲ့ ပြိုင်တုန်းက သူ့ရဲ. လက်နက်ပုံး အရှုံးမျက်ရည်မီးတောက်လေ င့ါ မျက်ခွံကိုလာမှန်လို့ ( တကယ်တော့ ကြက်ကြော်ရင်း သိုင်းပြိုင်ပွဲအကြောင်းစဉ်းစားနေလို. ဆီပူစင်ထားတာ :D ) ရေခဲတောင်မယ်တော်ဆီက နှစ် ၁၀၀၀ သွားတိုက်ဆေးနဲ့ အုပ်ထားရတာ ... ဒါနဲ့ စကားမစပ် နင်က နင့် ညီတော်မရင်းလား ဘင်္ဂလားညီတော်လား ခွေးရိုက်တုတ် ဗိုလ်မုတ်သုန်ကို တစ်ဘက်သတ် အနိုင်ပိုင်းထားတယ်ဆို ခု သိုင်းလောက ထဲမှာ သတင်းပြန့်နေတယ် ´´

ပျားဘုရင်မမျက်နှာမှာ ဟန်နီချိုမှ ဟန်နီချဉ်သို့ ရုတ်ခြည်းပြောင်းလဲသွားတော့သည်။

`` အပိုစကားတွေ ဘေးဖယ်လို့ သိုင်းပြိုင်ပွဲစလိုက်ရအောင်...... ဒီမှာ ဓါးကွက်ကြည့် ´´ ဆိုပြီး ဟန်နီကသူမ၏ ကဗျာဓါးသိုင်းဖြင့် အသင့်ပြင်ထားလေသည် ။ ပျားဘုရင်မမှာ နတ်ကလျာနှင့် ယှဉ်ပြိုင်ရမယ် သိထားပြီးကတည်းက သိုသိုသိပ်သိပ် အတွင်းအားပြည့်ဝစေရန် သူမ၏ လုပ်သားပျားများမှ အတွင်းအားကို စုတ်ယူပြီး တစ်ဆင့်အတွင်းအားကျင့်စဉ်ကို ကြိုးစား၊ကြိုးဖြေ လေ့ကျင့်နေထားသည်။

နတ်ကလျာနှင်းပွင့်ဖြူလေးမှာလည်း သိုင်းသမားတို့၏ အဓိက ပင်မပင်စည်ဖြစ်သည့် အတွင်းအားကောင်းမှသာလျှင် သိုင်းကောင်းစွာကစားနိုင်မည်မဟုတ်ကို သိရှိထားသဖြစ်သောကြောင့် သူမ ၀ူတန်းတောင်ရှိ အန်ကောဝပ်ဂူတွင် အတွင်းအားကောင်းစေရန် လေ့ကျင့်ထားလေသည်။

နှစ်ဦးစလုံး၏ အတွင်းအားမှ မတိမ်းမယိမ်းအနေအထားတွင်ရှိလေသည်။

နတ်ကလျာသည်လည်း သူမ ဓါးအိမ်အတွင်းမှ ဓါးကို ချွမ်း.............. ခနဲ ထုတ်လိုက်ပြီး...

Come on .......... Honey ...........

ချွမ်း...............ချွမ်း.......ချွင် ......ချွင်း..................... ဓါးခြင်းရိုက်မိသံများဖြစ်လေသည်။ နှစ်ဦးစလုံး၏ ပညာမှာ လယ်ဗယ်တူ အဆင့်မြင့်သိုင်းပညာရှင်များဖြစ်လေရာ အနိုင်အရှုံးအဖြေအတွက် တော်တော်စောသေး၍ မကွဲပြားနိုင်သေး။ တစ်ယောက်က ရှောင်လိုက် တစ်ယောက်က တိမ်းလိုက်နှင့် ၀ပ်နေသောကျား နှင့် ပုန်းနေသော နဂါး ရုပ်ရှင်ထဲမှ မီးရှဲလ်ယို နှင့် ကျန်းဇီယီ တို့ တိုက်ခိုက်နေသောပုံစံနှင့် လုံးဝ လုံးဝ မတူပါ ( ပရိတ်သတ်များရှင် အဲ့ကားကိုပြေးပြီး မမြင်ယောင်လိုက်ပါနဲ့ .. မြင်မိမှာစိုးလို့ သတိကြိုပေးရတာ )။

ဓါးပညာမတိမ်းမယိမ်း၊ အတွင်းအားမတိမ်းမယိမ်း ဖြင့်ယှဉ်ပြိုင်ရသောအခြေအနေတွင် သမာဓိအား ကောင်းမကောင်းကို ထင်ရှားစွာမြင်ရပြီး နောက်ဆုံးတွင် သမာဓိအားကောင်းသူသာ နှာတစ်ဖျားသာပြီး အနိုင်ရလေ့ရှိသည်။

ယှဉ်ပြိုင်ပွဲမှာ တစ်ရိပ်ရိပ် နှင့် တစ်ဖြည်းဖြည်းအရှိန်ရလာပေပြီ။

`` နှင်းပွင့် နင် အရှုံးပေးလိုက်တော့လေ.. ငါမောလာပြီဟ ..... နင် ဗိုလ်လုပွဲရောက်တော့ရော ဘာထူးမှာလဲ .. ခုက ရွှေဒိုင်းဆု ကြီးပျောက်နေတယ် ဘယ်သူယူသွားမှန်းတောင်မသိလိုက်ဘူး ´´

ချွမ်း......... ချွင်း.............. ချွန်း............... ဓါးခြင်းထိရိုက်မိသံများ။

`` အမယ် ဘာလို့ပေးမှာလဲ ပေးချင်ပေးနင်ပေးလေ။ အေးလေနော် ဒိုင်းဆုကြီးမရှိတော့ ဘယ်သူက ပြိုင်ပွဲအတွက် အားရှိတော့မှာလဲ... အဲ့တာ ဇီးသခင်ကြီး ဇီးကွက် ညံလို့ဖြစ်ရတာ။ သူက တစ်ချိန်လုံး အရက်မူးပြီး အိပ်နေတာ။ ခုမှ တစ်ရေးနိုးပြီး လုံခြုံရေးတွေ အတင်းဇွတ်ချနေတော့တယ်။ ရေဆာမှ ရေတွင်းတူးလုပ်နေတယ်.. ဒင်းကတော့ ´´

ခုချိန်ထိ အနိုင်အရှုံးမသဲကွဲနိုင်သေး။ နှစ်ဦးစလုံးမှာ အကြံအိုက်လျှက်ရှိလေသည်။ ထိုအချိန်တွင် ဟန်နီမှာ ကြီးမားသော အမှားကို ကျူးလွန်လိုက်တော့လေသည်။ တစ်ခြားတော့မဟုတ် သေရင်မြေကြီး ရှင်ရင်ရွှေထီးဆိုသော အကြံဖြင့် သူမ အင်္ကျီလက်ကြားတွင် အသင့်ဆောင်လာသော ပျားအကောင်၁သိန်းအဆိပ်ဖြင့် မိနစ်၁သိန်းတိတိ စိမ်ထားသော လက်နက်ပုန်းအပ်ကို လျှို.၀ှက်စွာထုတ်သုံးလိုက်လေသည်။ လျင်မြန်သော အရှိန်ဖြင့် လှုပ်ရှားလိုက်သော်လည်း သိုင်းလောကတွင် ကျင်လည်ကျက်စားနေသူ ပီပီ နတ်ကလျာမှာ ချက်ခြင်းနားလည်လိုက်ပြီး လျှင်မြန်စွာ ရှောင်တိမ်းလိုက်သည်။ ထို အဆိပ်အပ်မှာ နှင်းပွင့်နှင့် လွဲချော်သွားသော်လည်း သိုင်းပြိုင်ပွဲကို အမှတ်ပေးနေသော ဒိုင်သူကြီး ဒေါက်တိုထက် နဖူးကြီးတည့်တည့်အား.. ထိစိုက်ဝင်ရောက်သွားလေသည်။ ဒေါက်တိုထက်မှာ အု............. ဆိုသော အသံတစ်ခုပဲ ထွက်နိုင်ပြီး လှဲကျသွားလေသည်။

နှင်းပွင့်ကိုလုပ်ကြံသော်လည်း မထင်မှတ်ပဲ ဒိုင်ကိုထိမှန်သွားသောကြောင့် ဟန်နီမှာ သူခိုးလူမိသကဲ့သို့ မျက်နှာငယ်လေးဖြင့် တားမြစ်ထားသော စည်းကမ်းဖောက်ဖျက်သောကြောင့် အလိုလို နှုတ်ထွက်ပြီးသားဖြစ်လေသည်။

``ဟာ........ ဒေါက်တိုထက်ကြီး ပျားဘုရင်မရဲ. လက်နက်ပုန်းမှန်လို့ မေ့မျောသွားပြီ ´´ ဟူသော ရေခဲတောင်မယ်တော် ရဲ့ အော်သံကြီးကြောင့် နှင်းပွင့်မှာ မယ်တော်နားသို့ရောက်သွားလေလည်။ မယ်တော်ကြီးက

`` နှင်းပွင့် ဒေါက်တိုထက်ကို တင်ပလိမ်ခွေပြီးထိုင်ခိုင်းလိုက် င့ါအတွင်းအားနဲ့ အဲ့ အဆိပ်တွေကို ဖောက်ထုတ်မှ ဖြစ်မယ် မဟုတ်ရင် အချိန်မှီမှာ မဟုတ်ဘူး ´´

`` ဟုတ်ကဲ့ မယ်တော်ခွန်မြလှိုင် ´´ ဟုဆိုပြီး မေ့မျောနေသော ဒေါက်တိုထက်ကို မယ်တော် အတွင်းအားပေးနိုင်ရင် ပုံစံပြင်ပေးလိုက်သည်။ မယ်တော်သည် အတွင်းအားကိုသေချာစုစည်းပြီး ဒေါက်တိုထက်အား စတင်အတွင်းအားဖြင့် ကုသပေးလေတော့သည်။ တော်တော်ပြင်းသည့် အဆိပ်ဖြစ်ရာ မယ်တော်ကြီးနဖူးမှ ချွေးများပင်ထွက်လာသည်။ ပုံမှန်အားဖြင့် လက်နက်ပုနုးထိမှန်သော နေရာမှ လက်နက်ပြန်လည်ထွက်လာပြီး သွေးပုတ်များအန်လိုက်ရင် ဒဏ်ရာမှာ တစ်ဝက် စိတ်ချရလေသည်။ ခုတော့ ဒီလိုမဟုတ် ဒေါက်တိုမှာ တုတ်တုတ်မျှပင်မလုပ်။ မယ်တော်ကြီးမှာလည်း ချွေးများ တစ်လုံးလုံးနှင့် .............

`` နှင်းပွင့်.... မရတော့ဘူး... အဆိပ်က တော်တောပြင်းတယ် ငါ့ နောက်ကတစ်ဆင့် အတွင်းအားပြန်သွင်းလိုက် ´´

`` ဟုတ်ကဲ့ မယ်တော် ခွန်မြလှိုင် ´´ ဟိုဆိုပြီး နှင်းပွင့်က သူမ အတွင်းအားများကို မယ်တော်ခွန်မြလှိုင်သို့ သွင်းပေးလိုက်လေသည်။

တစ်အောင့်လောက်ကြာသည့်အခါမှာတော့ ဒေါက်တိုမှာ လှုပ်ရွရွဖြစ်လာပြီး သူ့နဖူးမှ အပ်ပုန်းမှာ ခုန်ထွက်ပြီး.... ဝေါ့........... ဆိုပြီး သွေးပုတ်များကို အန်ထုတ်လိုက်လေသည်။ သတိမေ့မျောနေတုန်းပင်ဖြစ်သည်။

`` ဇီးကွက် ..... ဒေါက်တိုကြီးကို အခန်းထဲခေါ်သွားပြီး နွေးနွေးထွေးထွေး ပြုစုထားလိုက် ။ နောက် ၄၈ နာရီကြာရင် ပုံမှန်ဖြစ်သွားလိမ့်မယ် ´´

`` ဟုတ်ကဲ့ခင်ဗျ ´´ ဆိုကာ ဒေါက်တိုကြီးအား တွဲပြီး အခန်းထဲသို့ ၀င်သွားလေသည်။

မယ်တော်ကြီးမှာ ပျားဘုရင်မဆီသို့ တစ်ချက်မျှကြည့်ပြီး `` ဒီနေ့ သိုင်းပြိုင်ပွဲမှာ အနိုင်ရသွားသူကတော့ အားလုံးသိတဲ့ နတ်ကလျာနှင်းပွင့်ပဲ ´´ ဟုတစ်ချက်ကြေငြာပြီး ခန်းမထဲသို့ ၀င်သွားလေသည်။

ဤတွင် နတ်ကလျာနှင်းပွင့်ဖြူလေး၏ ဆီမီးဖိုင်နယ် ပြိုင်ပွဲ ပြီးဆုံးလေသည်။ နှင်းပွင့်မှာ ဖိုင်နယ်ပွဲအတွက် တစ်ဘက်ခြမ်းမှ ဂျုလိုင်ဒရမ်းအား အနိုင်ရတားသော ပီကေအလွန်ကြိုက်သော ခေးအော့်နှင့် ပျောက်နေသော ရွှေဒိုင်းကြီးအား ရရှိရေးဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

.....................................................

နတ်ကလျာနှင်းပွင့်ဖြူလေး

သိုင်းလောက အပိုင်း ( ၁၄-၈ ) တေလေမုတ်သုန် ဆုတ်ခွါခြင်း

တေလေမုတ်သုန် ခွေးတစ်အုပ်နှင့်ပြန်လည် ဆုတ်ခွာခြင်း

(၁)
အစ်မရင်းတမျှချစ်ခင်ရပါသော ကဗျာသိုင်းမေ ပျားရည်ဟန်နီအား ရှုံးနိမ့်ပြီးသကာလ...
တေလေမုတ်သုန်တစ်ယောက် ဇီးကွက်စံအိမ်နှင့် ရှောင်လင်ကျောင်းတော်အကြား..
ဝေလေလေ လုပ်နေရာခိုက် (ဘာဆုမှ ရတော့မည် မထင်သောကြောင့်) ရှေ့တော်ပြေး ခွေးတစ်ကောင်က အမဲရိုးစာလွှာကို ကိုက်ချီလာသည်ကိုလှမ်းမြင်လိုက်၏။
" ဟေ... ဘာဖြစ်လာတာလဲဟ ''
ရှေ့တော်ပြေး ခွေး၏မျက်နှာတွင် သွေးအလူးလူးပေကျန်လျက်...
'' အိုင် ဂွိုင် အီ အို့ လေ့ လာ့ အုဝူ၀ူဝု..... ''
ခွေးတို့နားလည်အပ်သော ဘာသာစကားဖြင့်ပြောလေရာ...
တေလေမုတ်သုန်၏ မျက်နှာမှာ ဒန်အိုးခွက်အား ဆယ်ပေါင်တူဖြင့် ထုထားသကဲ့သို့. ပိန်ရှုံ့သွားရာမှ...
"ဟေ ဒီလိုအဖြစ်မျိုးရှိသလားကွ ''ဟု မရှိသောမေးရိုးကို တမင်ကားပြီးမေးလိုက်ရာ...
" ကျွန်တော်မျိုးကြီးသေသင့်ပါတယ်" ဟု ရှေ့တော်ပြေးခွေးက တစ်ကိုယ်လုံးပစ်လှဲချပြီး ပြောလိုက်လေသည်။
တေလေမုတ်သုန်မှာ ဒေါသထွက်လွန်းသဖြင့် ခေါင်းကြောများပင်ထောင်လာလေရာ... အလာတုန်းက ဟန်ပြတပ် လာခဲ့သည့် ဆံပင်တုနှင့် အရေပြားအကြား ကော်ရာများပင်ကြွတက်လာလေ၏။
''အေး ငါပြန်လာခဲ့မယ်ပြောလိုက် '' ဟုတေလေမုတ်သုန်ကပြန်ပြောလိုက်ရာ.. ပါလာသော အမဲရိုးအား အားပါးတရ ဘယ်ညာကိုက်နေသော ရှေ့တော်ပြေးခွေးမှာ အကြောတချက်ဆန့်ရင်း တစ်လှမ်းချင်းစီ ပြန်ထွက်သွားလေသည်။

(၂)
နောက်တစ်နေ့ သိုင်းပြိုင်ပွဲမစခင် ညပိုင်းတွင် ကောင်းစွာ အနားယူရန်အတွက် အလွမ်းကဗျာရှည် ရေးနေလေသော ပျားရည်ဟန်နီ...
ရှောင်လင်ကိုယ်တော် တစ်ပါးလာပေးသော ခြင်နိုင်အမွှေးတိုင်အား ထွန်းနေခိုက်...
အမွှေးတိုင်ပေါ်တွင်လာပေါ်သော စာသားဆန်ဆန် စာလုံးများအားမြင်တွေ့ရခိုက်...
ဇီးသခင်ကြီးအား နို့ဆီခွက်ကြိုးတပ်ဖုန်းဖြင့်လှမ်းခေါ်လိုက်လေ၏။
ဇီးသခင်ကြီးရောက် လာလေသော် အကြောင်း အချင်းအရာအား သေချာသိလိုသေးသဖြင့်... ဒိုင်ချူပ်နှစ်ယောက်အား ဂျူလိုင်ဒရင်းမှတစ်ဆင့် နို့ဆီခွက်ကြိုးတပ်ဖုန်း အကူအညီဖြင့် ခေါတောကုလား ဆင့်ခေါ်ခိုင်းလိုက်လေသည်။
မျောက်များစေသခင် ရေခဲတောင်မယ်တော်နှင့် ကျောက်ပတ်တီးဖြေစ ဒေါက်တိုကြီးတို့ရောက်လာခိုက်
''ကဲ ဒီမှာသာကြည့်တော့ဗျာ။ ပြိုင်ပွဲဆုံးအောင်တောင်နေမသွားဘူး။ နာမည်နဲ့လိုက်အောင် အလွန်တေပြီး လေတဲ့လူပါလား "ဟု တစ်ယောက်တည်းရေရွတ်သလိုလို၊ အဖော်စပ်သလိုလို၊ သူခိုးသေဖော်ငြိသလိုလိုဖြင့်.. မကြားတကြား ကျယ်ကျယ်လောင်လောင် အသံဖြင့်ပြောရင်း ခြင်တိုင်းဆေးတိုင်အား ပြလိုက်လေ၏
''အလို စာလုံးတွေ ပါလား။ အမွှေးတိုင်မှာ စာလုံးတွေပေါ်တယ်ဟ။ ဘာဂဏန်းလဲ''ဟု ဂျူလိုင်ဒရင်းက ရေရွတ်လိုက်ရင်း... ထိုအမွှေးတိုင်များကို ရေသန့်ဆေးပြားများနှင့်အတူ မြန်မာပြည်တင်သွင်းလိုက်ပါက သဌေးဖြစ်မည့်အင်္ကြဖြင့် ပြောလိုက်လေ၏။
''ဟာ ... ဒီလူကလည်းတစ်မျိုး... သေချာကြည့် ... "ဟု ဇီးသခင်ကြီးကပြောလိုက်လေရာ...
''တေလေမုတ်သုန် တောပြန်သွားပြီ ''ဟူသော စာလုံးကို အထင်အရှားမြင်လိုက်ရလေသည်။ ပျားရည်ဟန်နီမှာ ၀ုန်းခနဲ ထရပ်လိုက်ရင်း...
''တော်တော် စိတ်ချမ်းသာနေကြတယ်ထင်တယ်။ လုပ်ချင်သလိုသာလုပ်ကြတော့ '' ဟုပြောရင်း အခန်းပြင်ဖက်ထွက်သွားသည်။


(၃)

သိုင်းပြိုင်ပွဲ မစတင်မှီ သိုင်းလောကသားတို အစုံအညီရှေ့မှောက်တွင်... ဂျူလိုင်းဒရင်းက သူ့နောက်ခံ ဗင်နိုင်းစပေါ်မှ စာသားများကို ပြောင်းလဲလိုက်၏။
''တေလေမုတ်သုန် တောပြန်သွားလေပြီ'' ဟူသော စာသားဖြစ်သည်။
အလွမ်းသိုင်းမယ်လင်းက တစ်ရှုးထုတ်ကိုကိုင်လိုက်ရင်း..
"တစ်ရှုးတွေတောင် ယူမသွားရှာဘူး''ရေရွတ်လိုက်ရင်းက နောင်မှရောက်လာသော လေလွှင့်သိုင်းပညာရှင် နှင့် ပန်းချီဝိဥာဉ်ရွှန်းမီအား လှမ်းပြောလိုက်သည်။
''တောမှာ မြူနီစပယ်ဂိုဏ်းကလူတွေ ရောက်လာပြီး သူနယ်မြေကို သိမ်းပိုက်လိုက်တာ သူတောင် ဂူပျောက် သိုင်းသမားဖြစ်သွားလို့ အဲတာတွေ ပြန်သွားတိုက်ယူမယ်ဆိုပြီး ပြန်သွားတာလေ'' ဟု ပြောလိုက်လေသည်။
နှင်းပွင့်နတ်ကလျာကလည်း ငုံးဥများဆုံးရှုံးသွားဟန်ဖြင့် သိုင်းပြိုင်ပွဲ ကျင်းပသူဇီးသခင်ကြီးနှင့် ဒိုင်နှစ်ဦးအားလှမ်းကြည့်လိုက်လေ၏။
သူတို့အားလုံးမှာလည်း အဝေးကိုသာ မျှော်ကြည့်နေကြသည်။
မကြာခင်မှာပဲ တေလေမုတ်သုန်၏ လက်အထက်ငယ်သားတစ်ယောက်က စင်ပေါ်တက်လာရင်း စာတန်းတိုတစ်ခုအားဖတ်ကြားလိုက်သည်။
" ခွေးရိုက်တုတ်သိုင်းပညာရှင် တေလေ မုတ်သုန် သိုင်းပြိုင်ပွဲမှ ပြန်လည်ဆုတ်ခွာသွားပါပြီ။ အနက်ရောင် သိုင်းသားတွေရှိနေသမျှ ကာလပတ်လုံး တေလေ မုတ်သုန်ရှိနေလိမ့်မည်။ တစ်နေ့တြော့ပန်ဆုံကြတာပေါ့ .... ဒီအတွက် ဘာမှ စိတ်မပူကြလေနှင့် သိုင်းပြိုင်ပွဲကျင်းပပေးသူ လူကြီးမင်းများနှင့် ပြိုင်ပွဲသို့လာရောက်ခဲ့သူ အဖြူရောင်သိုင်းလောကသားတို့အား ဂါဝရပြုလျက်" ဆိုသော စာတန်းငယ်ဖြစ်လေသည်။

.............................................................................................

မုတ်သုန်လေ
..........................................................................................................

ဂလိုလွယ်လွယ်နဲ့ ဆုတ်ခွါလို့ ရရိုးလား မုတ်သုန်ရယ်။ နှင်းပွင့်နဲ့ ဟန်နီပွဲပြီးမှ ပြန်ခေါ်မယ်။ လူဆိုးတွေ အင်အားများပါတယ်ဆိုမှ ဒင်းက တမှောင့်။ တော်သေးတာပေါ့လေ သုညကြီးရဲ့ အချစ်ဆုံးတပည့်ကျော် မွန်ချောက်ဖုံကို ဖမ်းမိထားလို့။ ဌက်ဌက်

ဆက်ရန်များ
၁) ပျားဘုရင်မနှင့် နှင်းပွင့်နတ်ကလျာ
၂) အရှုံးသမားတို့၏ အမူးပွဲ
၃) လူဆိုးတွေ တကယ်လာပြီ

သိုင်းလောက အပိုင်း ( ၁၄-၅ ) - မွန်ချောက်ဖုံ၏ ဘ၀ဇာတ်ကြောင်း

"မွန်ချောက်ဖုံ လာပီဟေ့ ဟေ့ဟေ့ဟေ့ဟေ့ "
ပဲ့တင်ထပ်အက်ခိုးသံ ၆၃၀၀ ကို Nokia ၆၃၀၀ ဟန်းဖုန်းဖြင့် လွင့်မျောဝဲဝင့်စေလိုက်သော ခြောက်သွေ့ ကွဲအက်လှသော ခြောက်ခြားဖွယ် ကြိမ်းဝါးသံပိုင်ရှင်ကား အသူနည်း။ သိုင်းလောကသားများ လှုပ်ရှားကုန်ကြသည်။
မွန်ချောက်ဖုံတဲ့ ဘယ်မှာလဲ ဘယ်ကလဲ။
အော်ဇီကျွန်းသခင်ကြီးက ကိုယ်ယောင်ဖျောက်နေရာမှ ဂျီတော့တွင်ဘွားကနည်း ပေါ်လာသလို ဖြတ်ကနဲကိုယ်ထင်ပြရင်း ဆွေးဆွေးမြေ့မြေ့ ငြီးငြူလိုက်သည်။
"အော် မွန်ချောက်ဖုံပါလား ဒါဆိုပြန်လမ်းမဲ့ကျွန်းကနေ သူပြန်လာပြီပေါ့ "
"ဟင် ဘာ ဘာ ဘာပြောတယ် ပြန်လမ်းမဲ့ကျွန်းက ပြန်လာတယ်ဟုတ်လား ဒါဆို သေရွာက ပြန်လာတာနဲ့ အတူတူပဲပေါ့ "
ရေခဲတောင်မယ်တော်ကြီးက ထိတ်လန့်တကြားရေရွတ်လိုက်ရှာသည်။
"ဟုတ်တယ် မှန်တယ်"
အီးအိုးသခင်က ဆီပုံးတကာတွင် အော်နေကျအသံအတိုင်း ဖြတ်ဖြတ်လူးအော်ဟစ်လိုက်သည်။
" ပြန်လမ်းမဲ့ကျွန်းဆိုတာ ဘယ်သိုင်းသမားမှမသွားရဲတဲ့ မိစ္ဆာကျွန်း သွားပြီးရင်လဲ ပြန်လမ်းမရှိတဲ့ ကဝေမှော်ကျွန်းလို့ ကျွန်ုပ်တို့ငယ်စဉ်ကတည်းက သိထားတာ။ ခုတော့ ပြန်လမ်းမဲ့ကျွန်းကနေ ပြန်လာနိုင်သူပေါ်လာပြီပေါ့။ ဘယ်လိုမှော်သိုင်းပညာရှင်မို့ ပြန်လမ်းမဲ့ကျွန်းကို အံတုပြီး ပြန်လာနိုင်ရသလဲ။ ကြက်သီးများထပါဘိတော့တယ်"

"ဟုတ်တယ် အဆွေတို့ မွန်ချောက်ဖုံဟာ ပြန်လမ်းမဲ့ကျွန်းက ပြန်လာပြီဆိုတော့ အဆုံးမဲ့မြေအောက် သိုင်းမှော်နက်သိုင်းကို အောင်မြင်ပြီးသူပဲဖြစ်ရမယ်။ အခုလို သူပြန်လာတာဟာ ကျွန်ုပ်တို့ရဲ့ ရွှေတံဆိပ်သိုင်းပြိုင်ပွဲကြီးအတွက် ကြီးစွာသောအန္တရာယ်ပဲ။ သူသာပါဝင်လာရင် တရားမျှတစွာယှဉ်ပြိုင်နေတဲ့ အဖြူရောင်သိုင်းပြိုင်ပွဲကို အကျည်းတန်အောင် သူဖန်တီးတော့မယ်။ လက်နက်ပုန်းနဲ့ အဆိပ်ကိုအဓိကသုံးတဲ့ မှော်နက်ပညာကြောင့် ကျုပ်တို့သိုင်းရင်ပြင်မှာ သွေးရောင်လွှမ်တော့မယ်။ သူဟာပြန်လမ်းမဲ့ကျွန်းက ကဝေမမို့ သူဘယ်လိုအောက်လမ်းပညာတွေနဲ့ ရုပ်ဖျက်အစွမ်းတွေ အဆိပ်ပြင်းတွေ ထုတ်သုံးမလဲဆိုတာ မခန့်မှန်းနိုင်ပေဘူး"
အော်ဇီသခင်ကြီးက ပူပန်ကြောင့်ကြစွာ သတိပေးလိုက်သည်။
"အို အဆိပ်ဟုတ်လား အဆိပ်အတွက်တော့ ရေခဲတောင်သခင်မရှိသားပဲ"
အလွမ်းဘုရင်မက မထီလေးစားဖြင့် ဝင်ပြောလိုက်သည်။
"မထင်နဲ့ အလွမ်းဘုရင်မ ရေခဲတောင်မယ်တော်လဲ အခုသိုင်းလောကမှာအသုံးပြုနေကြတဲ့ အဆိပ်မှန်သမျှကို တဖက်ကမ်းခတ်ကုသနိုင်ပေမယ့် ပြန်လမ်းမဲ့ကျွန်းလို စုန်းသရဲပေါတဲ့ ဒေသကအပင်တွေ ထူးဆန်းသတ္တဝါတွေရဲ့ အဆိပ်မျိုးစုံကို ပေါင်းစပ်ဖန်တီးထားမယ့် မှော်နက်အဆိပ်လက်နက်ဆန်းတွေဆိုရင်တော့ ဖြေဆေးရှာဖို့အချိန်ယူရလိမ့်မယ် အားလုံးကဝေမ မွန်ချောက်ဖုံကို လျှော့မတွက်ကြဖို့ အထူးလိုအပ်တယ်"


***********************************************************************************************

လွန်ခဲ့သော နှစ်ဆယ့်နှစ်နှစ်တာကာလက သုညမဟာစံအိမ်အရှင်သခင်က ကောက်ယူမွေးစားခဲ့သော မိဘမဲ့ကလေးငယ်တစ်ဦးရှိခဲ့သည်။ အရွယ်ရောက်လာပြီး "ကဝေပျို၏နိဒါန်း "သိုင်းကျမ်းတစ်ခုလုံးကို ထုံးလိုသုတ် ကွမ်းလိုစားနိုင်သော ပါရီမီရှင်ထိုမိန်းကလေးကို အော်မေ့ဂိုဏ်းမှသီလရှင်ဆရာကြီးများက မျက်စေ့ကျခဲ့ပြီး တပည့်သစ်ရွေးချယ်ပွဲတွင် ဖိတ်ကြားခဲ့ရာမှ ကဝေမမွန်ချောက်ဖုံကို သိုင်းလောကတခွင် လူသိများလာခဲ့သည်။ သုညသခင်၏ခွင့်ပြုချက်နှင့် ဝင်ရောက်ယှဉ်ပြိုင်ရင်း တပည့်သစ်ရွေးချယ်ပွဲတွင် အနိုင်ရရန် ရေပန်းအစားဆုံးဖြစ်သော်လည်း အော်မေ့ဂိုဏ်း၏ စည်းကမ်းချက်များအရ ဂိုဏ်းသူသစ်တိုင်းကတုံးတုံးပြီးမှ ဝတ်ဖြူစင်ကြယ်ဖြင့် ခမ်းနားစွာ သင်တန်းသားအဖြစ်လက်ခံလေ့ရှိကြောင်းကိုကား မွန်ချောက်ဖုံမသိရှိထားခဲ့။ နောက်ဆုံးအဆင့် ရွေးချယ်ပွဲအပြီးတွင်တော့ သူမတူအောင်သိုင်းစွမ်းထက်မြက်လှသော ကဝေပျိုလေး မွန်ချောက်ဖုံမှာ ဆံပင်ဖားလျားချကာ ကောက်လိုက်ဖြောင့်လိုက်လုပ်မှုဖြင့် ပြိုင်ပွဲမှထုတ်ပယ်ခံလိုက်ရပြီး သိုင်းလောကအလယ် အရှက်တို့ဟက်တက်ကွဲခဲ့ရသည်။
ထိုအချိန်မှစပြီး သိုင်းလောကကိုစိတ်နာအရှက်ရသွားသော မွန်ချောက်ဖုံမှာ မွေးစားဖခင် သုညသခင်ကြီး၏ အစီအမံကိုလိုက်နာပြီး ကြောက်ခမန်းလိလိ မှော်နက်ပညာများကွန့်မြူးရာ ပြန်လမ်းမဲ့ကျွန်းတွင် အော်မေ့ဂိုဏ်းထက်သာသော အတုမရှိမှော်နက်သိုင်းပညာများလေ့လာရန် ထွက်ခွါသွားလေတော့သည်။
မှော်နက်ပညာကိုမက်မောပြီး စွန့်စားခဲ့ကြသော အစွမ်းထက်သိုင်းသမားတိုင်း ပြန်လာရန်လမ်းမရှိပဲ အသက်ပေးကြရိုးထုံးစံသာရှိသည့် ပြန်လမ်းမဲ့ကျွန်း။ ယခုတော့ အလင်းနှစ်ကိုးသန်းအတွင်း ပြန်လာသူမရှိခဲ့သည့် ထိုမိစ္ဆာကျွန်းမှ ပထမဆုံး တကျော့ပြန်လာခဲ့သော မြေအောက်သိုင်းပညာရှင်တစ်ဦးပေါ် ထွက်လာခဲ့ပေပြီ။ ထိုသူကား......

**************************************************************************
ညသန်းခေါင်ယံအချိန် သိုင်းလောကသားများအိပ်စက်အနားယူချိန် အတွင်းအားပြန်လည်ဖြည့်တင်းချိန် ဒိုင်အိုလျှိုတိုလမ်းကြားမှာ မှောင်မဲတိတ်ဆိတ်နေသည်။ တိတ်ဆိတ်နေသာပတ်ဝန်းကျင်တွင် အရိပ်မည်းတစ်ခုက မြေပြင်တွင်လမ်းလျှောက်သကဲ့သို့ မဟုတ်ပဲ စက်လှေကားစီးသကဲ့သို့ လျှပ်တိုက်ရွေ့လျားသွားနေသည်။ ထိုအရိပ်မည်းမှာ မှောင်မည်းသောညတွင် ဆံပင်မည်းများကို ဖားလျားချရင်း အလင်းအလျင်ဖြင့် လျင်မြန်စွာရွေ့လျားသွားနေသည်။ ကိုယ်ဖော့စွမ်းအားမြင့်မားလှသော ထိုအနက်ရောင်သိုင်းသမားကို အဆင့်မြင့် ဒြပ်မဲ့မှော်သိုင်းပညာ နားလည်သူတို့ အနီးကပ် သေချာစွာကြည့်နိုင်လျှင်တော့ မျက်ကပ်မှန်တပ်ထားသဖြင့် အဲလေ အဆိပ်ပြင်းများကို စားသုံးရှုရှိုက်ပြီး အဆိပ်အပ်များစွာစိုက်ထိုးခဲ့သဖြင့် အရောင်ပြောင်းကာ စိမ်းဖန့်နေသော မျက်လုံးများနှင့်ဖြစ်ကြောင်း တွေ့နိုင်လေသည်။
အရိပ်မဲဦးတည်သွားလာနေသော နေရာကားအဘယ်နည်း။ အို သိုင်းလောက၏ ယခုနှစ်အရေးအပါဆုံး သိုင်းပြိုင်ပွဲကြီးကျင်းပရာ ရှောင်လင်ကျောင်းတော်ပင်မဟုတ်ပါလော။ အရိပ်မဲက ကိုယ်ဖော့ပျံသန်းနေရာမှ ရုတ်တရက် မြေပြင်သို့ကိုယ်ကိုလျှိုသွင်းကာ ပျောက်ကွယ်သွားလေသည်။ အရိပ်မဲပျောက်ကွယ်သွားရာနေရာသို့ တမဟုတ်ခြင်း သိုင်းသမား၁၅ယောက်က ဝေဟင်မှခုန်ဆင်းလာသည်။ ထိုသူတို့မှာတိုက်ခိုက်ရန် အသင့်အနေအထား။
ဘေးဘီဝဲဟာသို့လှည့်ပတ်ရင်း တိုက်ခိုက်ရန် အသင့်အနေအထားဖြင့် အရိပ်မည်း ကိုလိုက်ရှာနေကြသည်။ ထိုအချိန်တွင် ပြင်းထန်စူးရှသလို သိမ်မွေ့ထုံအီလှသော အနံ့တစ်မျိုး လေထဲတွင် ဝေ့ဝဲလာကာ သိုင်းလုလင်၁၅ယောက် မတ်တပ်မှလဲကုန်ကြသည်။
"ဟွင်းဟွင်း (ဒါလဲမှတ်ပုံတင်ရယ်သံ) မွန်ချောက်ဖုံရဲ့ နှစ်တထောင် အာပုပ်အဆိပ်ကိုမှ မခံနိုင်ကြပဲကိုး"
သာယာနာပျော်ဖွယ်အသံလေးဖြင့် မြေပြင်မှခေါင်းလျှိုပြီးပြန်ထွက်လာသောအရိပ်မဲက ရယ်မောလိုက်သည်။ ထိုအချိန်တွင် အရိပ်မဲရှေ့သို့ အရိပ်နက်တစ်ခု ပိုးစလေးအလား လျောကျလာသည်။ အသင့်ပြင်ဆင်ပြီးသော အရိပ်မဲက မျက်လုံးစိမ်းများနှင့် စူးစူးဝါးဝါးစိုက်ကြည့်ရင်း
"စပ်မိစပ်ရာကွိစိကွစ"ဟု
ပြာတာတာအသံဖြင့်ရေရွတ်လိုက်သည်။ မီးခိုးများတမဟုတ်ခြင်း ကာဆီးသွားပြီး အရိပ်နက်ဆီသို့ ပျစ်ခဲခဲ လက်နက်ပုန်းများ မိုးရွာသလိုပြေးဝင်သွားသည်။
"ဖုံဖုံ" အရိပ်နက်က အော်ဟစ်လိုက်ပြီး လက်နက်ပုန်းများကို ကျင်လည်စွာရှောင်တိမ်းလိုက်သည်။
"အကိုနက်" အရိပ်မဲမွန်ချောက်ဖုံက ဝမ်းသာအားရအော်လိုက်ပြီး အရိပ်နက်ထံသို့ပြေးသွားခဲ့သည်။
"ဖုံဖုံ နင်အတော်ကိုတိုးတက်လာတာပဲ" မော်ဒန်သိုင်းလုလင် အိပ်မက်နက်က အားရစွာချီးကျူးလိုက်သည်။
"ဟုတ်တယ်အကိုနက် ခုနကကွိစိကွစဆိုတာ ဖုံဖုံပြန်လမ်းမဲ့ ကျွန်း မသွားခင်က ချွဲကုန်းကုန်းဆီက ခိုးသွားခဲ့တဲ့ ကပ်ကော်နူးသိုင်းထဲက နံပါတ်တစ် ကပ်ပြာလူး သိုင်းကွက်လေ။ဒါတောင် ကပ်မခွါအကွက် ကပ်အာဝါးအကွက် ကပ်ငိုနှပ်ရှုံ့အကွက်တွေ မသုံးရသေးဘူး။ ပြစမ်းပြစမ်း နှပ်ပစ်လက်နက်ပုန်းတွေရော ထိသွားသေးလား။ အကိုနက်အခုဘယ်ကိုလာတာလဲဟင်"
"အေး ဆရာသခင်ရဲ့ စေခိုင်းချက်ကြောင့် ငါတို့မောင်နှမ ရှောင်လက်ကျောင်းက သိုင်းပြိုင်ပွဲကိုသွားပြီး ..."
"ဟုတ်ကဲ့ ဖုံဖုံသိတယ် သူတို့ကိုလက်စားချေရမယ် နှောင့်ယှက်ရမယ်မဟုတ်လား "
"မဟုတ်ဘူးဖုံဖုံ နင်အခုသူတို့ကိုမနှောင့်ယှက်နဲ့တော့ နင်သူတို့ကိုအယောင်ပြ သူတို့ဖမ်းတာကိုခံပေးရမယ် အခုနောက်ဆုံးကာစတန်မတ်စေ့အရ အကိုနက်ရဲ့တာဝန်က ပြောင်းလဲသွားပြီ ဒါကြောင့် ဖုံဖုံတစ်ယောက်ထဲမလွှတ်ပဲ ယုရှပြည်မှာ သိုင်းကျမ်းခိုးဖို့တာဝန်တွေကို ပစ်ပြီး ငါလိုက်လာတာပဲ"
"ဟင် ဒါဆို အကိုနက် နင်က ငါ့ကိုကူညီဖို့လိုက်လာတာမဟုတ်ဘူးလား"
"အေး နင့်ကိုကူညီရင်း ငါ့တာဝန်ကိုပြီးမြောက်အောင် လုပ်ဆောင်ဖို့ပဲ ငါ့တာဝန်က သူတို့သိုင်းပြိုင်ပွဲရဲ့ အတုမဲ့ဒိုင်းကြီးကို ဆရာသခင်ဆီအရောက်သယ်ဆောင်ဖို့ "
"ဟင်"

****************************************************************

ဒန်တန့်တန် လူဆိုးတွေကို လူကြောက်အောင် အမွှန်းတင်ရေးသားခြင်း ဒီတင်ပြီးပါပြီ မစရသေးဘူး မွန်ချောက်ဖုံကိုဖမ်းမိသွားလို့ လူမရှိန်တော့ဘူး ဟွန်းးးးးးးးးးး။
မွန်ချောက်ဖုံ

သိုင်းလောက အပိုင်း ( ၁၄.၁ ) - ကြော်ငြာဝင်ခြင်း

အားလုံးမင်္ဂလာပါ.. အခု တစ်ပါတ် ပေါသိုင်းဆော့ပြဖို့ အလှည့်ကျလာသူကတော့ ယပက်လက် ဂိုဏ်းမှ သူ့ကိုယ်သူ ဂျူမုံး လို့ ပြောတဲ့ ကြောင်မျိုး အဲ မောင်မျိုးဖြစ်ပါတယ်.. ။ အခုတော့ ကြူမုန်းကြောင်သိုး ဖြစ်သွားပြီ။ ( ကြူလိုက်တိုင်း အမုန်းခံနေရလို့ အသိုးဖြစ်သွားတာလားလို့ ထင်ရင်လည်း သူ့ကိုသာ မေးပါရန်။ ) သူ့ခမျာမှာ သိုင်းလောက အထွတ်အထိပ် ဒိုင်းကြီးကို လုချင်ပါသော်ငြား ဂိုဏ်းဖွဲ့ ၍ လာလုမည်ဖြစ်သော သုညကြီး၊ အိပ်မက်နက်နှင့် မွန်ချောက်ဖုံတို့ကို ကြောက်လန့်သည်က တကြောင်း ၊ ယနေ့မှ လက်ဖက်ကဇော်သိုင်းကို အစည်းအဝေးတွင် သင်လာသော အော်ဂနိုက်ဇာ ဇီးကွက်၏ ကဇော် သိုင်းကွက် ၁၈ ခွက် အဲလေ ၁၈ ကွက်ကို ကြောက်သည်က တစ်ကြောင်း၊ သိုင်းအလှပြ ကစားစဉ် ချော်လဲပြီး ရှေ့သွားတစ်ချောင်း ကျွတ်သွားသည်က တစ်ကြောင်း စသည့် အကြောင်းကြောင်းများကြောင့် ဒိုင်းလုရန် အကြံကို စွန့်လွှတ်ပြီး ကြော်ငြာ ခြင်းကိုသာ လုပ်မည်ဖြစ်ကြောင်း......

သိုင်းလောကသို့ အလည်တစ်ခေါက်

ပြီးခဲ့တဲ့ ရက်ပိုင်းလောက်တုန်းက စပြီး သိုင်းလောကသားတော်တော်များများ အပြိုင်အဆိုင် မိမိရဲ့ ပညာစွမ်းများနဲ့ ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ကြတာကို ပရိဿတ်များ သိရှိကြပြီထင်ပါတယ် သို့ ဖြစ်ပါသောကြောင့် ဟော့ဒီ " ယပက်လက်" နယ်မြေ သောင်ရင်းမြစ်ကမ်းနာဖူးက အမွှေးတိုင် (၃)တိုင်ထွန်းပြီး သွေးသောက် ညီအစ်ကိုဖွဲ့ထားကြသော နောင်တော်ကျန်ကျန် ညီတော်ကြောင်ကြောင် တို့ လည်း ၀င်ရောက် ယှဉ်ပြိုင်ကြရာ တစ်နယ်စီဝေးနေကြသဖြင့် G.Talk ကျောက်တောင်မှာ ဆုံဖြစ်ကြပါတယ် ။ နောင်တော်မှာ အပျင်းထူသိုင်းပညာကျင့်နေပါသဖြင့် ၀င်မပြိုင်လိုသောကြောင့် ညီတော်ကြောင်ကြောင် အား မိမိ အနှစ်နှစ်အလလ ဂူပိတ်ကျင့်ကြံထားသော လူပျိုကြီး၏ လျှို့ ဝှက်သိုင်းပညာများကို Direct Speed ဖြင့်သင်ကြား ပို့ချပေးပြီး သောင်ရင်းနယ်စားရာထူး အား လွှဲပေးခဲ့ပါတယ် ထို့ ကြောင့် ညီတော်ကြောင်ကြောင်မှ နယ်စား ( နယ်ပြီးတော့ပဲ စားတယ် ဒီတိုင်းစားရင် ဗိုက်နာလို့ ) ရာထူးဖြင့် သိုင်းလောကသို့  ရှေ့ထိုး နောက်ထိုးဖြင့် ၀င်ရောက်လာပါပြီးးးးးးးးးးးးးးးးးးးးးးး။


"အိုးးး"
ငါ၏ ချစ်လှစွာသော သိုင်းလောကသားတို့  အသင်တို့ ၏ အနောက်မှောက်သို့ ငါ၏ သိုင်းပညာများ နှီနှော်ဖလှယ်ရန် အလို့ငှာ ၀င်ရောက်လာပြီဖြစ်ပါတယ် ဒါ့ကြောင့် ဒိုင်ချုပ်ဖြစ်တဲ့ ရှောင်လင်ကျောင်းတော်မှ နဖူးပြောင်ပြောင်နဲ့ ဆရာတော် မှ ပဲနို့ တိုက်ပါး)။ အမှန်စင်စစ် တော့ သိုင်းလောက ဆိုတာ အင်မတန် ရှုပ်ထွေးပါတယ် ၀င်ရောက်မပြိုင်ချင်သော်ငြားလည်း ကြောင်သတင်း လေညှင်ဆောင်ဆိုသလို ယပက်လက်နယ်မြေမှာ အင်မတန် ဇောင်းထနေတယ် နယ်စားကြောင်ကြောင်ရဲ့ သတင်းက သိုင်းလောကမှာ တော်တော်ကြီးကို ပျံ့နှံ့နေပါတယ် ( ဟီးး ကိုယ့်ကိုယ်ကို စွတ်မြှောက်နေတာ အလကားရတိုင်း ) အရင်ဆုံး သိုင်ပြိုင်ပွဲသို့ ၀င်ရောက်ပါရန် စာလွှာပို့ခဲ့သော ပန်းချီသိုင်းသမား ရိုဘော့မီမီ ၊ သူငယ်ချင်းအဖျားခေါက်ခေါက် ခွေးတုတ်သိုင်းပညာရှင် ဝေသာလီ ငမုတ်သုန် တို့ကြောင့် အားနာ သွားကိုက်စွာနဲ့ ပဲ ပြိုင်ပွဲဝင်ရောက်ခဲ့ခြင်းဖြစ်ပါတယ် ။ထို့ ကြောင့် အခမ်းနားမူး ကိုဇီးကွက်မျက်ပြူး ထံသို့  သိုင်းပြိုင်ပွဲဝင်ရန် စာရင်းပေးပို့ ပြီးဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။

စဉ်းစားကြည့်တော့ နယ်စားကြောင်ကြောင်ရဲ့ ရေမချိုးသိုင်းကွက်များ ၊ အ၀တ်မလျှော်သိုင်းကွက်၊ နှုတ်ခမ်းမွှေးမရိတ် သိုင်းကွက် များကို တော်ရုံ သိုင်းလောက သားများ ယှဉ်ပြိုင်နိုင်မှာမဟုတ်ပါဘူး ဒါကြောင့် သိုင်းလောကမှာ လျှမ်းလျှမ်းတောက် နာမည်ကြီးသွားမှာဆိုးလို့  မည်သူနှင့်မျှမပြိုင်ပဲ ( ပြိုင်ရင် နိုင်မှာမဟုတ်လို့  အရှုံးပေး သုံးလုံးအေး) မိမိ၏ သိုင်းပညာများကို သိုင်းလောကသားများသို့ ပြရုံသာပြမှာဖြစ်ပါတယ်ခင်ဗျာ..........။ယခုဆိုလျှင် သိုင်းပြိုင်ပွဲကျင်းပရာ ဘောလုံးကွင်း အတွင်းမှာ သိုင်းလောကသားများ ဧည့်ပိရိတ်သတ်များ ဆေးလိပ်ကွမ်းယာ ရောင်းကြသော သူများနှင့်တော်တော်ကြီး စည်းကားနေပြီးဖြစ်ပါတယ် ။ ပထဆုံး သိုင်းခေါင်းဆောင်များအား မုတ်ဆိတ်မွှေးသပ်ပြီး အပေါ့ပြု အဲ့လေး မှားတွားလို့ ဟီးး အလေးပြုပါတယ် ထို့် နောက်


"ခွမ်းး ခွမ်း"

"ဒုတ် ဒုတ်"


ပစ်တယ် ခုတ်တယ် ပိုင်းတယ် ( ထင်း)


"ဖြောင်းဖြောင်းဖြောင်း"

သိုင်းလောကသားများ မထင်မှတ်ထားသော နယ်စားကြောင်ကြောင်ရဲ့ အကွက်များ( ပွေးကွက်)ကို မြင်တွေ့ လိုက်ရသဖြင့် အံ့သြထောပနာပြုကြပါတယ် ။သနားသောအားဖြင့် တစ်ကွက်ခြင်းပဲ ပြပါတော့မည်ခင်ဗျာ ။




ပဲနို့ တွေ သောက်ပြီးး အားတွေ အရမ်းတက်နေတဲ့ပုံပါ ဟားဟားး ပရိဿတ်များ လန့်သွားကြပြီထင်တယ် အခုမှတစ်ကွက်ပဲ ပြရပါသေးတယ်ခင်ဗျာ ( ဒီလောက် ဗလတွေ ညှစ်ထုတ်နေရတာကို ရုပ်က မချိုမချဉ်နဲ့  သတိထားကြ သူပြုံးနေသည် အကြွေးယူတော့မည် )



နယ်စားကြောင်ကြောင်ရဲ့ ဘယ်လက်သီး ၊ ညာလက်သီး အကွက်တွေပါ ( ပြုတ်စားလို့ ရတယ် အဲ့ဒီအသီးက )




နောက်ဆုံးတိုက်ကွက်လည်းပြ ကော ကြောင်ကြောင် ခြေခေါက်သွာပြီး `ကယ်ကြပါအုံး´ အော်နေပါသော်လည်း မည်သူမှမကယ်ပါသဖြင့် ဆင်မြင့်ပေါ်မှ ပြုတ်ကျ ပြီး အရှေ့သွား တစ်ချောင်းလေမိသွားပါသဖြင့် သိုင်းလောကမှ ရာသက်ပန် အနားယူလိုက်ပါပြီခင်ဗျား)

...............................................................

ကြူမုန်းကြောင်သိုး

..............................................................

ဆက်လက် လာရန်များ

၁) မွန်ချောက်ဖုံ၏ အတိတ်ဇာတ်ကြောင်း

၂) ပျားဘုရင်မနှင့် နှင်းပွင့် နတ်ကလျာ

၃) တေလေမုတ်သုန် ထွက်ခွါခြင်း

၎) အရှုံးသမားတို့၏ မူးပွဲ

သိုင်းလောက အပိုင်း ( ၁၄ )

ဒိုင်စကား နားမထောင်တာ မဟုတ်ပါဘူးလေ... လူဆိုးတွေလာတော့ ပွဲပျက်မှာ စိုးလို့ ရှိတဲ့ လူတွေကို မြန်မြန် ပြိုင်ခိုင်းနေရတယ်။ မဟုတ်ရင် သူတို့ လက်ပန်းကျနေတဲ့ အချိန်မှာ အတိုက်ခံရရင် ပြန်မတိုက်နိုင်ပဲ ဖြစ်မှာစိုးလို့။ ဆီမီးဖိုင်နယ်တက်လာတဲ့ ခေးအော့်နဲ့ ဂျူလိုင်ကို မြန်မြန် ဆက်တိုက်ခိုင်းလိုက်ပါတယ်။ ခေးအော့စ် တစ်ယောက်တော့ ပီကေကို ရွှန်းမီ နင်းမိတုန်းက ရွှန်းမီကို အားရပါးရ အားပေးသော ဖိုးဖိုး ဂျူလိုင်ကိုလည်း အမြင်မကြည်စွာ အနိုင်တိုက်ဖို့ ဆုံးဖြတ်ပြီးသား ဖြစ်လေသည်။
( နောက်ထပ် ဆီမီးဖိုင်နယ် အတွက် ဟန်နီနဲ့ နှင်းပွင့် တိုက်ပွဲကိုတော့ သိုင်းမယ် အချောအလှ နှင်းပွင့် နတ်ကလျာမှ ရေးပြီးသား ဖြစ်ပါ၍ လက်ရှောင်ကြပါရန် ... )


လက်သိုင်းသမားဂျုလိုင်ဒရမ်းနှင့် လေ့လွင့်သိုင်းသမား

ဗိုလ်လုပွဲကို ခြေတလှမ်းသာ လိုတော့သည်မို့ ပြိုင်ဖက်သိုင်းသမား နှစ်ယောက်လုံးသည် စိတ်အားထက်သန်စွာ သူနိုင်ကိုယ်နိုင် အပြိုင်ချရန် အားခဲထားကြသည်။ သိုင်းလောကလုံးဆိုင်ရာ ( ယှဉ်ပြိုင်သူ ခြောက်တီးခြောက်ချက်အကြား) ပညာဖလှယ်ပွဲကြီး ရဲ့  နောက်ဆုံး အချိန်က တဖြည်းဖြည်းနီးကပ်လာပြီမို့  ဒီပွဲမှာ အနိုင်ရမှ ဖြစ်မယ်ဆိုသော အသိက နှစ်ဦးလုံးတွင် သံမှိုစွဲ သလို စွဲထင်နေတော့သည်။

ကဇော်သိုင်းသမား ဇီးကွက်ကား အွတ်ကနဲ လေချဉ်တချက်တက်ခါ ( အချိန်ကကျနေပကိုး) ပြိုင်ပွဲဝင်သိုင်းသမားများကို ကွင်းလယ်သို့ ဖိတ်ခေါ်လိုက်သောအခါ ပြိုင်ဝင်သိုင်းသမား နှစ်ဦး သည် ဒိုင်ချုပ်ကြီးနှစ်ဦးကို သွားအဖြဲသားနှင့် အရို အသေပေးရင်း နေရာယူလိုက်ကြ့ သည်။

လက်သီးသိုင်းသမား ဂျူလိုင်ဒရမ်းကား ဒီပွဲတွင် သူ၏ မိုးကြိုးလက်သီး သိုင်းကွက်ကို အသုံးချရန် ဆုံးဖြစ်ထားသူ ပီပီ မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်အ၀ရှိနေသည်။ မိုးကြိုး လက်သီးမှာ ဂျူလိုင်ဒရမ်း၏ အတွင်းအားအရဆိုလျှင် သစ်ပင်တပင်တောင် ထက်ပိုင်းကြိုး နိုင်သည့် စွမ်းအားရှိသောကြောင့် လေလွင့်သိုင်းသမား ကို အချိန်တို အတွင်း အနိုင်ပိုင်း နိုင်မည်မှာ သေချာပေါက်ဖြစ်သည်။

သို့သော် လဲ အဲ ရုတ်တရက်ဆိုသလို မျက်နှာချင်းဆိုင်မှ လေလွင့်သိုင်းသမားက ကောက်ကာငင်ကာ လေသိုင်းဖြင့် ကဗျာပျိုးခင်း သူပီပီ သီချင်းထဆိုလေတော့သည်။

`နင်တစ်ယောက်တည်းလား
ဟိုကောင်မပါဘူးလား
အဆင်ပြေတယ်မဟုတ်လား
အရင်နည်းနဲ့ဘဲလား
နင်ဆေးခတ်တာ ငါသိတယ်။

ဒိုင်တွေမသိဘူးလား
ခေါက်ဆွဲကျွေးထားသလား
အီးအိုးသခင်ကြီးလား
နင်သိပ်စိတ်ပုတ်တယ် ။´

သီချင်းလဲဆိုရင်း ကဗျာလွတ်အကနဲ့ ကွေးနေအောင် ကလေသော လေ့လွင့်သူ သိုင်းသမားကြောင့် ဂျူလိုင်ဒရမ်းမှာ မျက်နှာကြီးနီကာ ဒေါသတွေ တထောင်းထောင်းထကာ မိုးကြိုးလက်သီးများကို အဆက်မပြတ်ပစ်သွင်းလေတော့သည်။
သူပစ်သွင်းသော မိုးကြိုးလက်သီးများမှာ လေလွင့်သူ၏ ကဗျာလွတ်ကကြိုးများနှင့် တမင်တကာ အထူးရှောင်တိမ်းစရာ မလိုဘဲ လေထဲတွင်သာ ၀ဲကနဲ ၀ဲကနဲ ဖြစ်နေလေတော့သည်။ လက်သီး ၁၃ ချက်ထိုးပြီးချိန်တွင်တော့ လက်နက်ပုန်း ထုတ်သုံးတာကို လူမိသည့် အဖြစ်ရော လက်သီးလွဲသည့် အဖြစ်ရော နှစ်ခုပေါင်းကာ စိတ်တော်တော်ဆိုးနေပြီဖြစ်သည်။

`သာခွေယိုင်ဆေးပြား
ဒါအကြံကုန်ဘဲလား
မိုးလဲချုပ်တော့မယ်
ဆက်ပြီးထိုးအုန်းမလား။´

`ငှဲငှဲ ကိုဒရမ်း ဘယ်လိုလဲ ။မိုးကြိုးလက်သီးလောက်တော့ လေလွင့်သူတို့ က အပျော့ပေါ့ကွယ်။
ဒါလေးကို အစမ်းမြည့်ကြည့်´ဟုဆိုကာ လက်သီးတချက် ပစ်သွင်းလိုက်လေတော့သည်။ လက်သီးချင်း အထိတွင် အတွင်းအားကောင်းသော ဂျူလိုင်ဒရမ်းက ခုခံထားနိုင်သည့် အတွက် လေ့လွင့်သိုင်းသမား နောက်ကို တစ်ချက်ဆုတ်လိုက်ပြီး လက်သီးကို ပြန်ရုပ်လိုက်သည်။

ဒုတိယ တစ်ချက် ၊ တတိယတစ်ချက် ဆင့်ကာဆင့်ကာ ၀င်လာသော ပုံစံတမျိုးစီ လက်သီးများကို ခုခံရင်း ဂျူလိုင်ဒရမ်း စိတ်ပူစပြုလာပြီ။ လက်သိုင်းတော်တော်များများကို သူ အောင်မြင်စွာ လေ့လာသင်ကြားပြီး ဖြစ်ပါလျက် ဒီသိုင်းကွက်မျိုးကို သူမသိသေးသည့် အဖြစ်ကို သူ တော်တော်ရင်နာမိသည်။ မနေနိုင်သည့်အဆုံး `ဒါဘယ်ဂိုဏ်းကပညာတွေလဲ´ ဟုမေးလိုက်ရာ

`ဒါလက်သီးခုနှစ်ဆင့်သိုင်းလို့ ခေါ်တယ် ခုံတုံဂိုဏ်းက အဆင့်ဆင့်ထိန်းသိမ်းလာတဲ့ လက်သီးသိုင်းကြမ်း ဟိုတနေ့ကတင် အဟောင်းဆိုင်တန်းက ရလာလို့ အရည်ကျို သောက်လာတာ။ မပူနဲ့ မပူနဲ့  တစ်ဆင့်ခြင်းပြပြီး အလဲထိုးမှာ ´

လက်သီးခုနှစ်ဆင့်သိုင်းကား အမှန်တကယ်ပင် အားခုနှစ်မျိုးပါလေသည်။ တစ်ချို့က ပျော့ပြောင်း၍ တစ်ချို့ကမာကြောသည်။ တစ်ချို့ကကန့်လန့်ဖြတ်၊ တစ်ချို့ကဘေးတိုက်၊ အားတမျိုးကို ခံနိုင်လျှင် နောက်တမျိုးကို မခံနိုင် အဆင့်ဆင့် အားပြင်းလာသည့်အတွက် ခုနှစ်ဆင့် လက်သီးသိုင်းဟုခေါ်ခြင်းဖြစ်သည်။

သီချင်းလေးဆိုရင်း ကရင်းနှင့် ပစ်သွင်းနေသော လက်သီးခုနှစ်ဆင့်သိုင်းကို ခုခံနိုင်စွမ်းအား တဖြည်းဖြည်း ကျဆင်းလာသည့် လက်သိုင်းသမား ဂျူလိုင်ဒရမ်းသည် အသက်ကို ဖြည်းဖြည်းချင်းရှူသွင်းရင်း အတွင်းအားများကို စုစည်းကာ မိုးကြိုးလက်သီးနှင့် သံမဏိလက်သီး ပေါင်းစပ်ထားသော ရောသမမွှေသိုင်းကွက်နှင့် အတင်းဝင်ရောက် တိုက်ခိုက်လေရာ လေသိုင်းသမား လေလွင့်သူခေးရော့စ်က `အိုးလေးလှုပ်ပါကွဲ့ ´ ဟုတချက်အော်လျက် လေထဲသို့ တကိုယ်လုံး လှုပ်ခါရမ်းပြီး ပျံတက်လိုက်ခါ ပြန်အကျတွင် လက်သီးခုနှစ်ဆင့်သိုင်းမှ အမြင့်ဆုံး လက်သီးချက်နှင့်တန်ပြန်တိုက်ကွက် ကို သုံးလိုက်ရာ ဂျူလိုင်ဒရမ်းမှာ မခံနိုင်ဘဲ ငုတ်တုတ်ထိုင်ချသွားရလေတော့သည်။

အနိုင်ရသွားသော လေ့လွင့်သိုင်းသမားလဲ စုတ်တံသိုင်းသမား လက်ချက်မိထားသော ပိုးပုဝါစ တပိုင်းပြတ် တွဲလောင်းလေးနှင့် တကွင်းလုံးပတ်ကခါ အောင်ပွဲခံနေလေတော့သည်။


( နောက်တပွဲကိုတော့ တစ်ယောက်ယောက်ဆက်ရေးကြပါရန်။ နတ်ကလျာနဲ့ ပျားရည်ဘုရင်မ ကျန်သေးတယ်။ (နှင်းပွင့် ရေးပြီး ဖြစ်ပါသည်။) အလွမ်းဘုရင်မဘွဲ့ စွန့် လွှတ်ပြိး သိုင်းကျမ်းလင်းမြွေ ဘွဲ့ယူရခါနီးပြီမို့  ဒီနေရာတွင် ရပ်ပြီဖြစ်သည်။ )

...............................................................................
ဝန်ခံချက်

ဇီးကွက်မြှောက်ပေးလို့ ရေးမိပါသည်။ စိတ်မဆိုးကြပါနှင့်။ ပျော်လို့ နောက်မိပါသည်။ စိတ်ဆိုးရင် ဘလော့ကို ခနခနလာလည်ပြီး စီပုံးမှာ အော်သောနည်းဖြင့်သာ အပြစ်ပေးကြပါရန်။ ခွိခွိ ပစ်ထားတာကြာနေပြီမို့ ကိုယ့်အတွက်လဲ ကိုယ်ကြော်ငြာဝင်ရသေးတယ်။

လင်း

သိုင်းလောက အပိုင်း ( ၁၃ ) - မကျေပွဲ

လေလွှင့်သိုင်းပညာရှင် နှင့် ပန်းချီဝိဥာဉ်ရွှန်းမီ တို့၏ မကျေပွဲ

နတ်ကလျာနဲ့ ပျားဘုရင်မ ဖလှယ်ပွဲမစခင် လေလွှင့်သိုင်းပညာရှင် ခေးအော့် နဲ့ ပန်းချီဝိဥာဉ်ရွှန်းမီတို့ မကျေပွဲကို ကြားဖြတ် ( Urgent ) ပွဲအစီအစဉ်အဖြစ် ခေါက်ဆွဲစားနေသော ဒိုင်၏ အဆုံးအဖြတ်အဖြစ် ယှဉ်ပြိုင်ရပါတယ်။

လေလွှင့်သိုင်းသမား ခေးအော့်က ညစ်တစ်တစ်နှင့် တစ်ဘက်သတ်အနိုင်ရသည်ဟုစွပ်စွဲခံရသည်က တစ်ကြောင်း၊ တတ်မြောက်ထားသော ပညာများကို မထုတ်သုံးရသေးခင် ပြိုင်ပွဲမှ ဆုတ်ခွာသွားရသူ ရွှန်းမီက တစ်မျိုး ဖြင့် ၂ ဦးသား မကျေပွဲကို ဆက်နွှဲမည်ဖြစ်သည်။ ပထမပွဲက စုတ်သံစုတ်ချက်ပညာဖြင့် ရှုံးနှိမ့်ခဲ့သဖြင့် ယခုပွဲတွင် ပန်းချီဝိဥာဉ်ဆိုသော သူမ၏ ထူးမခြားနားသိုင်းဖြင့် တိုက်ရင် ပြင်ဆင်ထားပြီး ဆန္ဒပြင်းပြလျက်ရှိသည်။

စင်အောက်တွင် သွေးပူလေ့ကျင့်ခန်းလုပ်နေသော ကစားသမား အဲ့... သိုင်းသမား ၂ ယောက်နားသို့ သိုင်းပြိုင်ပွဲကို စပွန်ဆာပေးထားသော ဇီးသခင်ကြီးခေါ် ဇီးကွက်က မိုက်ခရိုဖုန်းကြီးတရမ်းရမ်းကိုင်ကာ အနီးသို့ ချဉ်းကပ်လေသည်။

`` စပွန်ဆာပေးတဲ့ မျက်နှာကြီးနဲ့ တို့နှစ်ယောက်ကို စမ်းလား၊ကိုင်လား လုပ်တော့မယ်ဟဲ့ ´´ ဆိုပြီး ခေးအော့်က ရွှန်းမီကို လက်တို့ပြီးပြောလိုက်သည်။

`` ဟဲ့.......ပလုပ်တုတ်..ချိုးရုပ် ဘာကိုစမ်းမှာလဲ ၊ ဘာကိုကိုင်မှာလဲ ´´ ဆိုပြီး ရွှန်းမီက အလန့်တကြားနဲ့ လက်ကို အသေပိုက်ထားတော့သည်။

`` စမ်းမှာက ပညာပါ၊ ကိုင်မှာတော့ နင့်ဖူဂျီတောင်က ကောက်လာတဲ့ ပန်းချီဆွဲတဲ့ စုတ်သံလေးက အရမ်းလှတယ်ဆိုပဲ၊ ငှဲငှဲ မကြောက်ပါနဲ့ ´´ ဆိုပြီး ၀ါးမြဲဝါးနေပီကေကို ( အချိုကုန်ပြီထင်ရသဖြင့် ) ထွေးထုတ်လိုက်ပြီး၊ နောက်ပီကေအသစ်ကို ထုတ်ဝါးလိုက်သည့် ခေးအော့်။ ကလေးမဆိုတော့ နည်းနည်းရမ်းခြောက်ထားမှ။ ( ဟဟ... သိပ်ပိုင်တဲ့ ငါပါလား... ခေးအော့်ကွ :P )

ဇီးကွက်။ ။ မိန်းမပျိုလေး ရွှန်းမီ ၊ မိန်းကလေး ယှဉ်ပြိုင်သုံးစွဲမယ့် ပန်းချီဝိဥာဉ်သိုင်းအကြောင်းကို ပရိသတ်တွေက အားရီးစိတ်ဝင်စားနေတယ်။ အဲ့သိုင်းအကြောင်းလေး နည်းနည်း အမြည်း... မြည်း.........

စကားပင်မဆုံးလိုက်ရ ...ရွှန်းမီသည် လက်ပိုက်နေရာမှ ရွှီး ..... ဖျတ်... ဖျတ် ...... ကျိ .... ဆိုပြီး ၀ိဥာဉ်အလား လျင်မြန်စွာ ရိပ်ခနဲ ရိပ်ခနဲ လှုပ်ရှားပြီး လက်ပြန်ပိုက်နေသည်။

ရွှန်းမီ။ ။ ဒါ........ အမြီးဘဲ..... အဲ့ မွားလို့...... အမြည်းလို့ပြောတာ.......... ။

ထိုအခါ အားလုံးသော မျက်စိစက္ကူ များသည် ဇီးကွက်ပေါ်သို့ ပြုံကျလာသည်။ ဇီးကွက်ကား သူ့မျက်နှာပေါ်တွင် ပန်းချီဝိဥာဉ် လက်စွမ်းပြထားသော ဂန္ဓ၀င်ပန်းချီတစ်ချက်အလားနှင့် ဇီးရွက်သာသာလောက် ကျန်တော့သောမျက်နှာဖြင့် ခေးအော့်ကိုပင် ဆက်မဗျုးနိုင်တော့ပဲ မိုက်ခရိုဖုန်းကြီးကို လက်နှစ်ဘက်ဖြင့်ကိုင်ကာ ခေါင်းငိုက်စိုက်ပြီး အားကိုးရလိုရငြား ဒေါက်တိုထက်နားသို့ ကပ်သွားပြန်သည်။ ဒေါက်တာကြီးက ခေါက်ဆွဲအစားပင်မပျက်။

ယှဉ်ပြိုင်သူ နှစ်ယောက်လုံးက စင်ပေါ်သို့ ခြေဖော့ပညာသုံးကာ.... ယား......... ယိစ်.... ရိ ....... ဆိုပြီးခုန်တက်သွားသည်။ တစ်ဦးကိုတစ်ဦး စူးရဲစွာ စိုက်ကြည့်နေသည်။ ( အင်း.... ထိုနေရာမှာသာ ယောကျာ်းသားဖြစ်ရင် အဲ့အကြည့်က ရာမ ၁၀ ပြားလောက်စားထားသလို မိန်းမောသွားနိုင်လောက်တယ် ။)

ယှဉ်ပြိုင်ရန်အသင့်အနေအထားဖြစ်နေသည်။ ဒိုင်နှစ်ဦးကား ခေါက်ဆွဲပန်းကန်ကို ဘေးချလိုက်ကာ ဆက်ပင်မစားနိုင်တော့အောင် အာရုံကျနေသည်။

ရွှီး........... ဆိုသောအသံဖြင့် သိုင်းကွက်စခင်းလေတော့သည်။ ပထမပွဲတုန်းကမြေပြင်ကို စုတ်သံဖြင့်ခြစ်မိသောကြောင့် အောက်လမ်းနည်းဟု အထင်လွဲခံရသော ရွှန်းမီမှာ ခုတော့ အပေါ်ပိုင်းကြီးကိုသာ သဲကြီးမဲကြီးဇွတ်ခြစ်နေတော့သည်။ ကြည့်ရတာ စိတ္တဇ ပန်းချီဝိဥာဉ်လား အောက်မေ့ရတယ်။ ဒီလောက်တော့ လေလွှင့်သိုင်းသမား ဘယ်ဖြုံလိုက်လေမလဲ ပီကေကိုပင် ပါးရိုးများညောင်းတောင် အ၀ါးမပြတ်။ ဒီကလေးမကို အချိန်တိုအတွင်း အနိုင်ပိုင်းမှ ဟူသောအကြံဖြင့် ... ကျား............. ယား............... ဖု .........ဟု အော်ပြီး ရှေ.တိုးလိုက်ချိန်တွင် သူမပါးစပ်မှ ပီကေကို ထွေးထုတ်မိလိုက်သလိုဖြစ်သွားကာ ချက်ခြင်းပင် ရွှန်းမီကို တိုက်မယ့် အကွက်မှ ပီကေကို ပြန်လိုက်ယူသော အကွက်သို့ပြောင်းသွားလေသည်။ ကံအားငယ်စွာ ပီကေမှာ ရှေ.သို့တက်ရင်ခြေလှမ်းပြင်နေသော ရွှန်းမီ ခြေထောက်အောက်တို့ ကွက်တိပင်ရောက်သွားပြီး ..... ပိ....ခနဲ ပြားသွားသည်။ ဘုတ်........ ဆိုတဲ့ အသံနဲ့ ခေးအော့်မှာလည်း ရွှန်းမီခြေရင်းရှေ.မှောက်လဲကျသွားပြီး ပိပြားနေသော ပီကေကို နှမြောတသသကြည့်နေရင်း ဒေါသအလိပ်လိုက် အဆိုင်လိုက်တက်ကာ မျက်လုံးများ နီရဲလာပြီး ပါဝါမှာ အထွဋ်အထပ်သို့ရောက်သွားသည်။

ရွှန်းမီမှာ ကလေးပီပီ ကြောက်လန့်တကြား နောက်သို့ တုန်တုန်ဆုတ်၊ ဟိုက ရှေ.သို့ ဆက်ကာဆက်ကာတက်၊ မကျေနပ်ပွဲကား အရှိန်တက်လာပေပြီ။ ရွှန်းမီအဖို့ နိုင်ချေ မျှော်လင့်ချက်ရောင်ခြည်က ခြည်မျှင်တန်းမျှပင်မရှိ။ ယိစ်..... ရား............ ခွပ်......... ဆိုပီး လေလွှင့်ဓါးသိုင်းရဲ. ဘူကွက်ထုတ်သုံးလိုက်ရာ ရွှန်းမီ၏ စုတ်သံမှာ အမွှေးများဖွာခနဲ ဖြစ်ပြီး သူမရဲ. ခေါင်းပေါ်မှာ ပြန့်ကျဲကုန်သည်။ ကံဆိုးရှာသော ရွှန်းမီမှာ ခေးအော့်ဝါးသော ပီကေကိုမှ သွားနင်းမိသကိုး။ ဖြစ်ဘူး အခြေအနေမဟန်ဘူးကွ အသားမနာခင် လှစ်မှ ဒီပုံစံဆို ငါနိုင်ဖို့ မလွယ်ဘူး။

`` ခေးအော့်........ ဒီမှာရော့......... နင့် ပီကေ ´´ ဆိုပြီး ပီကေကို ခေးအော့်လက်ထဲ ထည့်ပီး လူအုပ်ကြား ၀င်ရောက်ကိုယ်ယောင်ဖျောက်လိုက်သည်။

လေလွှင့်သိုင်းသမားခေးအော့်မှာကား နိုင်သော်လည်းမပျော်နိုင်ပဲ လက်ထဲမှ ညစ်ပေ၊ ပိပြားနေသော ပီကေကို နှမြောသတတ ဖြင့် ဗိုက်နာသလိုလို၊ ဗိုက်ရစ်သလိုလို၊ ရှူးရှူးချင်သလိုလိုမျက်နှာပေးမျိုစုံဖြင့် အော်စကာရှော့ပုံစံဖြင့် မကျေပွဲကို အနိုင်ရလိုက်လေသည်။ ( ဒီတစ်ခါတော့ ညစ်တစ်တစ် အနိုင်ကွက်ဖမ်းတာမဟုတ်လောက်ပါဘူးနော်။)

......................................

( ချိတ်ဆိုးရဘူနော်။ လွန်တာရှိ ၀န္ဒာမိ။ အပျော်သဘောနဲ့ စတာ ၊ မလင်းပြောသလိုပါပဲ ၊ ဇီးကွက်ရဲ. လမ်းညွှန်မှု. ၉၀% နဲ့ ကိုယ့်ဟာကို စာစီတာ :P )

နတ်ကလျာနှင်းပွင့်ဖြူလေး

..............................................

အယ်ဒီတာ လုပ်ရတာလဲ မလွယ်ပါလားနော်.. မျက်စိညောင်း ၊ လက်ညောင်း ၊ စိတ်ညောင်း၊ အကုန်ညောင်းလိုက်တာ.... အက်ဒစ် လုပ်လို့ယဲ ရ၀ူး။ ဆင်ဆာ ဖြတ်လို့ယဲ ရ၀ူး။ စာရေးဆရာတွေကိုလည်း မရေးပေးမှာ စိုးလို့ တောင်းပန်ရတယ်။ ခုလဲ တောင်းပန်ပါတယ်။ တောင်းတင်မကဘူး စကောပါ ပန်ပါတယ်...ရေးပေးကြပါနော်... မရေးရင် မလင်းက အိပ်ရေးပျက် အလုပ်ပျက်ခံပြီး ရေးခိုင်းခံရဦးမယ်..ဌက်ဌက်.. ( မလင်းက သူ့ မူပိုင် ရယ်သံတဲ့။ ပေါ်တင် ခိုးသုံးလိုက်ဦးမယ် ) :P

ဒါနဲ့ ခေးအော့စ်က ပီကေထိရင် သွေးသောက် ညီအစ်မလည်း မညှာပါလားနော်... :P

သိုင်းလောက အပိုင်း ( ၁၂ )

ပန်းချီသိုင်းသမား၏ အလှည့် ရောက်လာခြင်း

(၁)

သိုင်းပြိုင်ပွဲ ဒုတိယနေ့ morning ပြိုင်ပွဲ မစခင် . . .

စွန်လိုလို အရောင်စုံ အရာကြီးတစ်ခု ကောင်းကင်မှာ ပျံဝဲနေရာမှ သိုင်းပြိုင်ပွဲ ကျင်းပရာ ကွင်းပေါ်ကို တဖြည်းဖြည်း နိမ့်ဆင်းလာသည်။ သေချာဝိုင်းကြည့်လိုက်တော့ အာကာသယာဉ်နှင့် ခပ်မဆင်တဆင် ဖြစ်နေပြီး အမိုးလေး ပွင့်သွားကာ မိန်းကလေးတစ်ယောက် ခုန်ထွက်လာပြီး နှုတ်ဆက်သည်။

"ဟိုင်း.. အားလုံး မင်ရာပါ.. ဆောတီး .. နောက်ကျသွားတယ်.. "

ကြည့်ပြီး အားလုံး ဇဝေဇ၀ါ ဖြစ်သွားသည်။ ကာရန်မဲ့ သိုင်းရှင် ပျားဘုရင်မ ကတော့ သိပြီးသားလို ခပ်ပြုံးပြုံးလေး ကြည့်ရင်း "သုခမိန် စာမေးပွဲ သွားဖြေနေတာဆို" ဟု နှုတ်ဆက်သည်။

လေသိုင်းရှင် ဇီးကွက်က အခုမှ "ဟင် ဒီမှာလည်း ရွှန်းမီ" ဟု ထအော်သည်။

"ပန်းချီသိုင်းရှင် ရောင်စုံဝိဥာဉ် ရွှန်းမီ က ဒီနေရာကနေ အားလုံးကို ဂါရ၀ ပြုပါတယ်.."

ခုမှ ပျားဘုရင်မ အတုယူပြီး ကျန် သိုင်းလောကသားတို့က သေချာနှုတ်ဆက်လာကြသည်။

စောစောကတည်းက သုခမိန် စာမေးပွဲ ဖြေစရာရှိတယ် ဆိုပြီး ပြိုင်ပွဲရောက်နေသည့် ကောင်မလေးကို တွေ့နေရသော်လည်း ၀ါသနာကြီးလွန်းလို့ ဟု ထင်ကာ ဘယ်သူမှ မသင်္ကာ မဖြစ်ပဲ ရှိခဲ့ကြသည်။

အစောပိုင်းက ရောက်လာသော မနှင်းလေး နဲ့ မလင်း တို့ လှမ်းနှုတ်ဆက်တော့ စကားသိပ်မပြောပဲ ခပ်တည်တည်ဆက်နေ၍ တချို့  သိုင်းသမားများက မီမီ ရှိနေမှန်းပင် မသိလိုက်ပေ..။

ဘေးချင်းကပ်ထိုင်နေသော ခေးရော့စ်ပင် မသိသလို မာနကြီးသလို လုပ်နေ၍ မီမီကို သေချာစေ့စေ့ မကြည့်မိပေ။ သူများ ဟန်ရေးပြတော့ သူလဲ ၀င်ပြသည်။ ခေးရော့စ်နှင့် လက်စမ်းပြိုင်ဆိုတော့ ထပြိုင်ပြီး စုတ်တံကျိုးသွားတော့ ဘာမှမဆိုင်ပဲ ပြန်ထွက်ထိုင်နေသည် . . စသည် စသည်တွေမှာ ..

လက်စသတ်တော့ . . . ရွှန်း အစစ်မဟုတ်သည့် =ရိုဘော့မီမီ= ဖြစ်နေသောကြောင့် ဆိုသည်ကို

သိုင်းလောကသားတို့မှာ အခုမှ ရှင်းပြစရာ မလိုပဲ အလိုလို နားလည်သွားကြလေသည်။


=ရိုဘော့မီမီ= မှာ စောစောက သူ့ အင်တင်နာ စုတ်တံ ကျိုးသွားလို့ control sever နှင့် အဆက်အသွယ် ပြတ်သွား၍ back up program သုံးပြီး ပြိုင်ပွဲထဲမှ ပြန်နားနေခြင်း ဖြစ်သည်။ ဆာဗာနှင့် အလှမ်းဝေးနေလျှင် တိုက်ခိုက်ရင်း လက်လွန်တတ်သဖြင့် အန္တရာယ်ကင်းအောင် ၀ိဥာဉ် ရွှန်းက စီမံထားခြင်း ဖြစ်သည်။


"ဘာကိစ္စနဲ့ ရိုဘော့ကြီး လွှတ်ထားတာလဲ?" ဟု ပြိုင်ပွဲနာယက ရှောင်လင်ဒေါက်ထက်က လာစစ်မေးရာ ..

"ဒီလိုပါ .. ၈၀၀၂ ခုနှစ်မှာ စစ်တဲ့ သုခမိန်ပညာစမ်းပွဲကို တိုင်းမရှင်း (Time Machine) နဲ့ သွားဖြေတာ ဟိုက ပါမောက္ခတွေက အကူအညီ တောင်းလို့ တိုင်းမရှင်း ပေးစီးခဲ့ရပါတယ်။ သူတို့ပြန်ပေးတော့ တိုင်းမရှင်းကို ဘာတွေ ကလိထားသေးလဲလို့ စိတ်မချတာနဲ့ ပုံတူ ရိုဘော့ အရင် လွှတ်ပြီး စိတ်ချလို့ ရမရ စမ်းသပ်ရတာပါ။ အဲဒါနဲ့ပဲ .. သိုင်းပြိုင်ပွဲနဲ့ ကြုံတုန်း တစ်ခါမှ မသုံးရသေးတဲ့ ရိုဘော့မီမီ လေးကိုပါ စမ်းသပ်ကြည့်လိုက်တာပါ။ အစစ်နဲ့ တူတယ် မဟုတ်လား.. ။ "


(ရိုဘော့ ကွန်ထရိုး ကောင်းတယ်.. ပရိုဂရမ်းမင်းက အမိုက်စားပဲ.. အစစ်နဲ့ မကွဲဘူး .. အစကတည်းက မဟုတ်ဘူး ထင်သား.. စတဲ့ ကော်မန့်ပေးသံ၊ ၀ိုင်းချီးမွမ်းသံတွေ ညံနေပါသည်။ )

. . .

"ရောင်စုံ ၀ိဥာဉ် ရွှန်းက တကယ်တော့ ဒီပွဲမှာ ၀င်ပြိုင်ဖို့ အစီအစဉ် မရှိပါဘူး ..

အစ်ကိုတော် ဇီးလေပွေ လျှို့ ဝှက် တာဝန်ပေးလို့ ၈၀၀၂ ခုနှစ် ထိသွားပြီး ဒီ အဆင့်မီ မာလတီ ဒီဗွီဒီ ပလေယာ.. အဲလေ.. ရွှေဒိုင်းလွှာ ကြီးကို သုခမိန်စာမေးပွဲ ၀င်ဖြေပြီး ရအောင်သွားယူတာ .. သိုင်းလောက အမှတ်တရ ဆုချီးမြှင့်ဖို့ပါ။ "


ဒိုင်လူကြီး ဘွားဘွားရေခဲလှိုင် က ဒိုင်းကြီးအရောင်ကို မသင်္ကာ ဖြစ်နေရာ ဒါ ၈၀၀၂ ဘက်က တန်ဖိုးထားတဲ့ သတ္တုအသစ် ဖြစ်ကြောင်း ၀ိဥာဉ် ရွှန်း က ထပ်အာချောင်သဖြင့် မျက်မှောင်ကျုံ့ ပြီး ပြန်မကောခင်.. ပြိုင်ပွဲ နာယက ရှောင်လင်ဒေါက်ထက်က ငြိမ်ငြိမ် သွားထိုင်ရန် မျက်ရိပ်ပြလိုက်လေသည်။

ရိုဘော့မီမီက ခပ်တည်တည် ထိုင်နေရာမှ နေရာဖယ်မပေးသဖြင့် ၀ိဥာဉ် ရွှန်း စိတ်လေသွားပြီး စုတ်တံကျိုးကြီးကို အရှက်ပြေ သွားကောက်ကာ ပြန်ပြင်ရန် ကြိုးစားနေရလေသည်။

ထိုသို့ဖြင့် ဤတန်ခိုးထက်မြက်သော ရွှေသတ္တုဒိုင်းကို ကိုင်မည့်သူသည် မကောင်းစိတ်ဝင်လျှင် အတွင်းအား လျှော့သွားစေရန် အထူးစီမံထားကြောင်း ဆက်ရှင်းပြရန် အခွင့်မသာလိုက်ပါချေ။

ထို့အပြင်.. အရှေ့က အကြို လက်စမ်းပွဲများတွင် နောက်ကောက်ကျခဲ့သော ဗိုလ်မုတ်သုန်၊ အလွမ်းဒေ၀ီ လင်း နှင့် ရေသိုင်းရှင် မိုးချစ်သူ တို့ကလည်း ၀ိဥာဉ် ရွှန်းမီ၏ ရိုဘော့ နှင့် နှစ်ကိုယ်ခွဲမှုကြောင့် ခေးရော့စ်က အချောင်တစ်ဆင့်တက်သွားသည်ကို မကြည်မလင် ဖြစ်နေကာ တာဝန်ရှိသူ လေသိုင်းရှင် ဇီးကွက် နှင့် ဒိုင်လူကြီးများကို ပြဿနာ ရှာရန် (ဖြေရှင်းရန်) မီးထွန်းကြလေသည်။

ရိုဘော့ မီမီ + ၀ိဥာဉ် ရွှန်း

သက္ကရာဇ် ၈၀၀၂

(Somebody, HELP me !! အဲလေ.. ဒီမှာ ..ဆက် ရှင်းပါဦးဗျို့  )

အိပ်မက်ရှင် နော်တော်ဒရမ်းက ရုတ်ရုတ်သဲသဲ ဖြစ်နေသော သိုင်းသမားများကို တစ်ခုခုပြောမည် အလုပ်တွင်..

တ တူ တူး တူ . . ဂွမ်းဂွမ် . . .

ပြင်ဆင်ပြီးကာစ ရိုဘော့မီမီ၏ စုတ်တံဘေးက ပန်းချီဆေးပုံးကြီး အသံထွက် လာသည်။

နောင်တော်ဒရမ်း မျက်စောင်းထိုးချိန် မရလိုက်။ ၀ိဥာဉ်ရွှန်းက မက်ဆေ့ကို အမြန် သွားဖွင့်ဖတ်သည်။ သိုင်းလောက အပြင် ဆင်လာယူကျွန်းမှ အရေးပေါ် လှမ်းဆက်သွယ်ခြင်း ဖြစ်သည်။

"ရိုဘော့ဒေါက်တာ ရွှန်းမီ"

အရေးပေါ် လူနာ အသည်းအသန် ဖြစ်နေ။ အမြန်လာကူ။

Zzzz.

တိုပြတ်လွန်းသည့် စာသားကြောင့် အခြေအနေကို ရွှန်းမီ ခန့်မှန်းလိုက်ပြီး အမြန်လိုက်သွားရန် ပြင်ဆင်ရသည်။ ပန်းချီစုတ်တံကို ဆေးရောင်အင်အားတွေ ပြန်ဖြည့်ပေးပြီး ရိုဘော့မီမီကို program အသစ် သွင်းပေးခဲ့ကာ ဆုဒိုင်းကြီးနှင့် ပြိုင်ပွဲကို စောင့်ရှောက်ရန် ဒိုင်လူကြီးနှစ်ယောက် လက်ထဲ ထားခဲ့သည်။

ထို့နောက် ဖြေရှင်းရန် အချိန်မရတော့..။

အားနာနာနဲ့ လှမ်းပြုံးပြပြီး တိုင်းမရှင်း အမှတ် Shwun_001 ကို မောင်းနှင်ကာ ဆင်လာယူကျွန်း စက်ရုပ် ဆေးရုံကို အသော့နှင်လေသည်။

အခုမှ အိပ်မက်ရှင် နောင်တော်ဒရမ်း စကားဆက်ပြောလေသည်။

"အားလုံး သိုင်းပြိုင်ပွဲထဲ ရှိနေခိုက်မှာ ဟမ်းဖုန်းတွေ ပိတ်ထားကြပါ။"

.........................................

(၂)

ရုတ်ရုတ်သဲသဲ ဖြစ်နေသော သိုင်းသမား များကို တစ်ခုခုပြောရန်. . .

ဘွားဘွား ရေခဲလှိုင်က ..

"ဒီလို ခေးရော့စ်ကို ရိုဘော့မီမီ နဲ့ ပြိုင်တာ မကျေနပ်ဘူး ဆိုရင် ပန်းချီဝိဥာဉ် ရွှန်း နဲ့ ပြန် ပြိုင်ခိုင်းရမလား" ဟု ရှောင်လင် ဒေါက်ထက် ကို လှမ်းတိုင်ပင်ရာ ခေးရော့စ်က ဖဲကြိုးပြုတ်ထားသည်ကို မကျေမနပ်နှင့်

"အို.. ရိုဘော့က သူနဲ့ တူအောင် သေချာ လုပ်ထားတာပဲ.. ရွှန်း ကို ကိုယ်စားပြုတဲ့ အနေနဲ့ သူ့လိုပဲ ကစားတာပဲဟာ.. သေသေချာချာတောင် ပြန် ပရိုဂရမ် လုပ်သွား .. သွား . ."

"ဒါပေမယ့် မင်းကြောင့် အင်တင်နာ ကျိုးသွားလို့ ပြန်ထွက်ထိုင်နေတာ မဟုတ်လား" .. ပျားဘုရင်မက ၀င်ထောက်တော့ ခေးရော့စ် ခဏတိတ်သွားသည်။ ဒါကို အခွင့်ကောင်းယူပြီး အလွမ်းဒေ၀ီ လင်း နှင့် ဗိုလ်မုတ်သုန်၊ ရေသိုင်းရှင် မိုး တို့က "ဟုတ်တယ်.. သိုင်းသမား အစစ်နဲ့ပဲ ပြိုင်စေချင်တယ်.." ဟု ဆန္ဒ ထပြ .. (သည်းခံပါရှင့်) ဆန္ဒ ပြုကြသည်။ ဤတွင် ရှောင်လင်ဒေါက်ထက်က အများသဘောတူညီမှု အရ လည်းကောင်း၊ တည်ဆဲ သိုင်းပြိုင်ပွဲ ဥပဒေအရ လည်းကောင်း ငြင်းဆိုရန် မဖြစ်နိုင်ကြောင်း ဖျောင်းဖြ တင်သွင်း ရှင်းလင်း လျှောက်တင် ပြောကြားသည်မှာ . . .. (သည်းခံပါ..) ခေးရော့စ်ကို ဖျောင်းဖြရလေသည်။ ခေးရော့စ်က မကျေမနပ်နှင့် ဒီညနေမှ ပြန်မရောက်ရင် အရှုံးပေး ပြေးတယ်လို့ သတ်မှတ်မယ် ဟု အကျပ်ကိုင်သည်။

ထိုစဉ် ... ယာဉ်အမှတ် Shwun_001 သိုင်းပြိုင်ပွဲ ကွင်းပြင်နား ပြန်ရောက်နေကြောင်း အချက်ပြ မတ်စေ့(message) ရောက်လာသည်။

ဤသို့ဖြင့် .. ပန်းချီဝိဥာဉ် ရွှန်း လဲ .. ခရီး ရောက်မဆိုက် အနားမယူလိုက်ရဘဲ လေလွင့်သိုင်းရှင် ခေးရော့စ်နှင့် ပြိုင်ပွဲ စရတော့သည်။

အစပိုင်းတွင် လေလွင့်သိုင်းရှင် နှင့် ပန်းချီသိုင်းရှင် ရွှန်းမီ မှာ တစ်ယောက်နှင့် တစ်ယောက် ပညာစမ်း သည့်အနေဖြင့် နှစ်ယောက်လုံး ခပ်လျှိုလျှို ကစားနေကြသည်။

"သူတို့နှစ်ယောက် ခေါက်ဆွဲစားထားတယ်ထင်တယ်" ဟု ဗိုလ်မုတ်သုန်က ပျားဘုရင်မကို ကပ်ပြောသောအခါ "ဖဲကြိုးကြည့်ပြီး ခေါက်ဆွဲ မြင်နေတယ်။ ဗိုက်ဆာပြီလား။" ဟု ပြန်မေးခံလိုက်ရသဖြင့် အီလည်လည် ဖြစ်ပြီး မသိမသာ ပြန်ထွက်သွားသည်။ နားစွန်နားဖျား ကြားသွားသည့် ပြိုင်ပွဲ တာဝန်ခံ လေပွေဇီးကွက်က မုတ်သုန်ကို မုန့်လာပေးရာ အနားမှ အိမ်မက်ရှင် ဂျူလိုင်ဒရမ်းက လိုက်လုနေလေသည်။

သိပ်ကြည့်မကောင်းသဖြင့် ပြိုင်ပွဲကို အားလုံးက အာရုံသိပ်မထားမိချိန်တွင် ခေးရော့စ်က ရွှန်းမီကို မျက်ရိပ်ပြလိုက်သည်။ ရွှန်းမီက မသိမသာ ခေါင်းညိတ်ပြပြီး နှစ်ယောက်လုံး တိုက်ကွက် ရုတ်တရက် ပြောင်းသွားလေသည်။ ခေးရော့စ်က မိုးပေါ် ပျံတက်ပြီး တော်ပီဒို သိုင်းကွက်ဖြင့် ၀ှီးခနဲ့ ပြန်ဆင်းလာစဉ် ရွှန်းမီက တိမ်လွှာသိုင်းဖြင့် ပြိုင်ပွဲကွင်းပြင်ကို စက်ဝိုင်းသဏ္ဍန် ပတ်ပြီး ပျံနေသည်။

အားလုံးကလည်း ရွှန်း ကွင်းဗဟို ကို ရောက်မည့် အချိန်နှင့် ခေးရော့စ် ပြန်ရောက်ချိန်နှင့်ဆုံမည်ကို
ရင်တမမ ကြည့်နေစဉ် နှစ်ယောက်လုံးက ရုတ်တရက် ဒါရိုက်ရှင်ပြောင်းကာ ဒိုင်စားပွဲအောက်ဘက်ကို ဦးတည်လာသဖြင့် ဒိုင်နှစ်ယောက် ထပြေးလေသည်။

ဒိုင်နှစ်ယောက်နောက်တွင် အနက်ရောင် အရိပ်တစ်ခုလည်း ပါသွားလေရာ ရှောင်လင်ဒေါက်ထက်က ခရီးဆောင် အိတ်ကြီးနှင့် အိမ်ပြန်ပြေးသည်ဟုပင် ထင်ရလေသည်။

ဘွားဘွား ရေခဲလှိုင်က အရိပ်ကို သတိထားမိသဖြင့် ရှောင်လင်ဒေါက်ထက်ကို "ဒီဘက်ကွေ့ ဒီဘက်ကွေ့" ဟု လမ်းဆွဲလိုက်သည်။ အရိပ်နက်က တည့်တည့် ဆက်ပျံသွားမိပြီး ခေးရော့စ် နှင့် ရွှန်းကလည်း သည်းကြီးမည်းကြီး လိုက်ကြလေသည်။ တစ်ချိန်တည်းမှာပင် အရိပ်နက်ထံမှ လက်နက်ပုန်းနှစ်ခု ထွက်လာရာ ခေးရော့စ်က ပုဝါစနှင့် လှမ်းအုပ်ပြီး တားလိုက်ရသည်။ ထိုအခါမှ သိုင်းလောကသား အားလုံး အလန့်တကြား ဖြစ်သွားလေသည်။

အဆက်မပြတ် ထပ်မံ ထွက်လာသော လက်နက်ပုန်းများကို ခေးရော့စ်က လိုက်ရှင်း၊ ရွှန်းက အရိပ်နှင့် ဆက်တိုက်ခိုက်နေစဉ် ရွှန်း၏ ရိုဘော့မီမီက အရိပ်နက် အနောက်ကို တိတ်တဆိတ် ရောက်လာပြီး အကြောပိတ်လိုက်လေသည်။( မွန်ချောက်ဖုံသည် အနားကို လူရောက်လာလျှင် အရိပ်ကဝေ အတွင်းအားဖြင့် သိရှိနိုင်သော်လည်း ရိုဘော့ကိုတော့ အငိုက်မိသွားလေသည်။ ) အရိပ်နက် လေထဲမှ ပြုတ်မကျမီ ရွှန်း က လှမ်းဖမ်းလိုက်ပြီး ခေးရော့စ် က မျက်နှာဖုံးကို ဆွဲဖွင့်လိုက်သောအခါ အံ့သြစရာ .. သိုင်းလောကမှ ပျောက်ဆုံးနေသော ပြန်လမ်းမဲ့ မိန်းမလှကျွန်းမှ ကဝေသိုင်းရှင် မွန်ချောက်ဖုံ ဖြစ်နေလေတော့သည်။

ခေးရော့စ်နှင့် ရွှန်းတို့ မွန်ချောက်ဖုံကို တစ်ယောက်တစ်ဖက် ထိန်း၍ သိုင်းပြိုင်ပွဲကွင်းရှိ မိတ်ဆွေများနှင့် ဒိုင်လူကြီးများရှေ့သို့ ပြန်ရောက်သောအခါ .. . ဆုပေးပွဲအတွက် ထားသော ဒိုင်းကြီးမှာ ထူးဆန်းစွာ ပျောက်ဆုံးနေလေတော့သည်။


=============================================

ရွှန်းမီ

=====================================================

ဒိုင်းကြီးပျောက်သွားပြီ... အမှန်က အယ်ဒစ်တာကြီး ဆီကုန်လို့ ဆီသွားထည့်နေလို့ နောက်ကျသွားတာ ခွင့်လွှတ်ကြပါလေ..။ ကဲ ခေးအော့်စ်နဲ့ ရွှန်းမီတို့ ချတာ ပြီးကို မပြီးတော့ဘူး။ ဒီတော့ အရှုံး အနိုင်သေချာအောင် နောက်ထပ်ပြိုင်မယ်။ အက်ဒစ်တာကြီးက ပြိုင်ပွဲကို ပြန်စဖို့ ဘီရိုကော ကြောင်အိမ်ကော ရှိသမျှ အာဏာတွေ အကုန်သုံးပြီ....။ ကဲ... စားပွဲအောက်မှာ ပုန်းနေတဲ့ မွန်ကိုတော့ ဒိုင်လူကြီး နှစ်ယောက်ဆီကို အပ်ပြီး တော့မှ အခုတကယ် ပြိုင်ပွဲစမှာ ဖြစ်ပါတယ်။ ခုနက ပြိုင်ပွဲ မပြိုင်ခင်ကတည်းက ခေးအော့စ်နဲ့ ရွှန်းမီက စားပွဲခုံအောက်ကို ရောက်နေတဲ့ ဘာမှန်းမသိတဲ့ ( အခုတော့ သိပြီလေ... လူကိုမတွေ့ပေမဲ့ အနံ့ခံကောင်းတဲ့ မီနဲ့ ခေးအော့စ်က အာပုပ်နံ့ ရတာနဲ့ မွန်ချောက်ဖုံမှန်း သိနေတာ.. ) အရာကို ဖမ်းဖို့ အကွက်ဆင်ပြီး သိုင်းပြိုင်ပွဲ အတုကို ကျင်းပလိုက်တာ။ အမှန်က လူဆိုးတွေ လာပြီ ဆိုကတည်းက ပြိုင်ပွဲဝင်သိုင်းမယ်တွေ အားလုံး သွေးသောက် ( အမှန်ကတော့ သွေး မသောက်ပါဘူး။ နာမှာစိုးလို့ ဇီးကွက်ဆီက ဆန်အရက်ထဲကို ငရုတ်ဆီ နည်းနည်း ဖြူးပြီး..( အရောင်ပါအောင်လို့လေ.. ) ငရုတ်ရည်သောက် အဲလေ သွေးသောက်) ညီအမတွေ အဖြစ် ဖွဲ့ထားပြီးသား။ ဒါပေမယ့် ညီအစ်မက ညီအစ်မလေ ။ သိုင်းပြိုင်ပွဲက သိုင်းပြိုင်ပွဲပဲ။ အစဉ်အလာအရ သိုင်းပြိုင်ပွဲ ကို ရပ်လို့လဲ မဖြစ်ဘူး။ ဒါနဲ့ သွေးသောက် ညီအစ်မတွေ သွေးသောက်တာကို ခဏမေ့ထားပြီး သိုင်းပညာ ဖလှယ်ပွဲကို စတင်ပြိုင်ဆိုင်ပါတော့တယ်..။ ဒီပြိုင်ပွဲကို ကြားဖြတ်အစီအစဉ်အနေနဲ့ ခေါက်ဆွဲစားတဲ့ ဒိုင်လူကြီးနဲ့ ခေါက်ဆွဲရော ကြာဇံပါ စားတဲ့ အော်ဂနိုက်ဇာ အက်ဒစ်တာ ဇီးကွက်တို့က နေမဖြစ်ဖြစ်အောင် စီစဉ်ပေးတာပါ။ ခုတော့ အက်ဒစ်တာကြီး မိုက်ကြီးနဲ့ သီချင်းဆိုနေတယ်.....

အားယားလို့ သိုင်းပြိုင်ပွဲ ကျင်းပမိတာ .. သေပြီဆရာ

သူများကို နှိပ်စက်ပြီး ပြိုင်ခိုင်းတာ.. ခုတော့.. သေပြီဆရာ

ရေးတဲ့လူကရေးပြီး မရေးတဲ့လူက မရေးတာ .. သေပြီဆရာ

ကော်နက်ရှင်မကောင်းပဲ အက်ဒစ်တာ လုပ်တာ.. သေပြီဆရာ

သိုင်းလောက အပိုင်း ( ၁၁-၉) လူဆိုးတွေ လာပြီ

`ဘာ. . . ဘာရယ် ´(သူ့အသံ နည်းနည်းကျယ်လောင်သွားသည် ပြီးတော့ အလျှင်အမြန်)
`ဒေါက်စိုးက သဘာပတိ ဟုတ်လား´
`ဟင် မြန်မြန်ပြောပါအုံး´

`ငါ့ကိုရော ငါ့ကိုရော´
`သူတို့ မဖိတ်ကြဘူးလား ဟင် မဖိတ်ကြဘူးလား´
`စော်ကားလိုက်လေကွာ စော်ကားလိုက်လေ´
`အေး အေး ထားလိုက် နောက်မှ မင်းကို ဖုန်းပြန်ဆက်မယ် အိမ်မက်နက် ခုလို ငါ့ကို တင်ပြတာကျေးဇူး´


သူ့လက်ထဲက Nokia 6300 ဖုန်းလေးကို ခပ်လှမ်းလှမ်းမှာ ရှိတဲ့သလွန်ပေါ်လှမ်းပစ်တင်ရင် သူစိတ်လေးစွာ ပြန်ထိုင်ချလိုက်တယ်။ သိုင်းလောကကလူတွေ သူ့ကို မေ့ထားကြတာကို သူ့စိတ်ထဲမှာ အလွန်ဝမ်းနည်းသွားတယ်။ စဉ်းစားကြည့်လေ အသည်းနာလေပေါ့။ ပြီးတော့ ဒေါက်ဆိုး။ သူလည်း ဘာထူးလဲ သူ့ကို အကြောင်းတောင် မကြားဘူး ဖုန်းတောင် မဆက်ဘူး သွေးသောက်ညီအကို အရင်းအချင်းချင်း လုပ်ရက်တယ်။ တကယ်ဆို သူအနည်းနဲ့ အများတော့ ဖုန်းလေးဆက်ပြီး ပြောပြသင့်တာပေါ့။ အခုတော့ အားလုံးက ဝိုင်းပြီးပစ်ပယ်ထားကြသလိုပဲ။ သူနဲ့ ဒေါက်စိုးက ရှောင်လင်ကျောင်း ဆရာတော်ကြီးရဲ့ ဘယ်လက်ရုံး ညာလက်ရုံးတွေ တူတူသိုင်းပညာတွေ သင်လာကြတာ ဒေါက်စိုးက အကြီးမို့ ဆရာတော်ကြီးက ကျောင်းတော်ကြီးကို အပ်ထားခဲ့ပြီး ဒေသစာရီကြွချီတော်မူနေတာလေ။ သူကတော့ ဆရာတော်ကြီးရဲ့ နောက်မှာ ဝတ်ဖြည့်ရင်း လိုက်ပါစောင့်ရှောက်နေရတာ။ ဖုန်းဆက်တိုင်းလဲ ဒေါက်စိုးက သူ့ကို ဒီအကြောင်းမပြောဘူး တခြားကိစ္စတွေပဲ ပြောပြောနေတယ်။ တနေ့ကတော့ အသံက အူမြူးနေတဲ့ အသံနဲ့ဆက်သားပဲ ဒါပေမယ့် အော်သူလည်း ဆရာသမားမရှိတုန်း လွတ်လွတ်လပ်လပ်ကဲရလို့ ပျော်နေတယ်ထင်ပြီး ငြိမ်နားထောင်နေလိုက်တာ လက်စသတ်တော့ ဒင်းကဒီလိုကိုး။


ကဲ အခုပြောပြနေတဲ့သူက ကျုပ် မောင်သုည။ သိုင်းလောကမှာ နာမည်ကြီး ရှောင်လင်ကျောင်းဆရာတော်ရဲ့ ညာလက်ရုံး။ သုညဗလာ ကယောက်ကယက်သိုင်းကို ကျွမ်းကျင်သူ။ ဆရာတော် အလွန်ချစ်တဲ့ အငယ်ကောင်လေးမို့ နှစ်တစ်ထောင် အကြောပိတ်သိုင်းကို လက်ထပ်သင်ကြားပေးခံထားရသူ။ ရှောင်လင်ကျောင်းရဲ့ ကိစ္စရေးရာအဖြာဖြာမှာ ဦးဆောင်လှုပ်ရှားနေသူ။ အကိုတော် ဒေါက်စိုးက ဘုရားတရားလုပ်မယ်ဆိုလို့ အရာရာကို လုပ်ကိုင်ဆောင်ရွက်ပေးနေရသူ။ ဒီလို သိုင်းလောကရဲ့ ထိပ်သီးတစ်ယောက်ကို သိုင်းလောကသားတွေ မေ့ထားတာဖြင့် သူ့မှာ ခံစားလို့မဆုံးနိုင်တော့။ အခုလည်း သူဆရာတော်နားမှာ ဝတ်ဖြည့်ပေးနေတုန်း ဒီလိုစီစဉ်နေကြတော့ သူ့အသဲတွေ တစစီ တစစီ ကြွေပဲ့သလို ခံစားလိုက်ရတယ်။


`တောက် . . . ပြောတော့ဖြင့် သိုင်းလောကကို စိတ်ကုန်သလေး ဘာလေးနဲ့ကွာ´
`ခုတော့ဖြင့် သူက သဘာပတိတဲ့ အဟက်ဟက် တယ်ပြီး ရီရသေးတယ် ဟွန်း´
`ငါ့ကိုတော့ ညီလေးရယ် ဆရာတော် အသက်တော်ကြီးလှပြီ လိုက်သွားပါအုံးတဲ့´
`သူကတော့ ဒီမှာ ဆရာကြီးလုပ်နေတယ် ငါ့ကိုတော့ တောထဲတောင်ထဲ သွားပြီးဆင်းရဲခံခိုင်းတယ် `စိတ်နာလိုက်တာနော် သိပ်စိတ်နာတယ်´

`ဟေ့ သားရေ သုညလေးရေ´
`ဘုရား တင်ပါ့´
`ငါ့သား ဘာဖြစ်နေတုန်း မျက်နှာတော် မသာမယာနဲ့´
`ဘာမှ မဖြစ်ပါဘူးဘုရား သား တနေ့က ဆွမ်းကပ်တဲ့အိမ်က သစ်တိုသီးတွေ အုပ်ပြီး ဗိုက်ထဲ ရစ်နေလို့ပါ´
`ဒါ့ကြောင့်ပြောတာ ငါ့သားကို လျှော့စားပါဆိုတာ အင်းခက်တဲ့ ကလေးပဲ ကဲ ကဲ ဘဘုန်းဖော်ထားတဲ့ အတွင်းအား ကောင်းဆေးပေးမယ် သောက်လိုက် သောက်လိုက်´
`ဒါကိုငါ့သားကိုပဲ တိုက်တာ အကြီးကောင်က သိုင်းလောကကို စိတ်ကုန်သွားပြီဆိုတော့ ငါ့သားကိုပဲ အားထားရမှာ´
`ဘဘုန်းလဲ အသက်တော်ကြီးလှပြီ ငါ့သားလေးပဲ အရာရာ ဦးဆောင်ရမှာ ငါ့သားလေး လိမ္မာမယ်ဆိုတာ ဘဘုန်းယုံကြည်တယ်´

ဟာ . . . ပွတာပဲ ဒီဆေးက ဘဘုန်းဆီမှာပဲ ရှိတာ ဒါကို ငါသောက်ပြီးရင် အရင်ကျင့်ထားတဲ့ အတွင်းအားနဲ့ပေါင်းလိုက်ရင် ဟင်း ဟင်း ဟင်း ဟင်း . . . .

`တင်ပါ့ဘုရား ဘရားတပည့်တော် သောက်လိုက်ပါ့မယ် ပြီးရင် တပည့်တော် ကျောင်းကို ခနပြန်ခွင့်ပြုပါဘုရား တပည့်တော် အကိုတော်နဲ့ စာရင်းလေးတွေ သွားရှင်းပေးမလို့ပါဘုရား ပြီးရင် ပြန်လာပါ့မယ်´
`အိမ်း . . အိမ်း သိပ်တော့ မကြာစေနဲ့ ၂ လလောက်ပြီးရင် ပြန်လာခဲ့ငါ့သား ကဲ ဘဘုန်းလဲ တောရဆောက်တည်ဦးမယ် သွားသွား . . .´
`တင်ပါ့ တပည့်တော် ဦးတင်ပါတယ် ဘုရား သွားလိုက်ပါအုံးမယ် ဘုရား . . .´

အိုကေပြီကွ လာထား တွေ့ကြသေးတာပေါ့ကွာ သိုင်းလောကသားတွေ ငါ့ရှောင်လင်ကျောင်းမှာလည်း မင်းတို့က ပြိုင်ပွဲလုပ်အုံးမယ် ငါ့ကိုလည်း မခေါ်ပဲချန်ထားတယ် ပြီးတော့ အကိုကြီး ဒေါက်စိုး ဒီညီလေးတစ်ယောက်လုံးကို ပစ်ထားတယ် သေပြီသာမှတ်တော့ ငါပြန်လာပြီကွ။ ကဲ ငါတိတ်တိတ်ပုံး တည်ထောင်ထားတဲ့ သုညကမ္ဘာဂိုဏ်းကိုလည်း အသိပေးရမယ်။ အင်း ငါ့တပည့်မလေး မွန်ချောက်ဖုံကို ပြန်ခေါ်ရမယ် သူ့ခမျာ ငါလွှတ်ထားလို့ ပြန်လမ်းမဲ့ကျွန်းမှာ သိုင်းကျင့်နေရရှာတာ။ ကြာတယ်ကွာ လာထား။ ဒီလိုနဲ့ သူဟာသူ့ရဲ့ ဂိုဏ်းသားတွေပဲသုံးတဲ့ ဂျီတော့အကောင့်ကို ဝင်လိုက်တယ်။ အော် အိမ်မက်နက်နဲ့ မွန်ချောက်ဖုံတို့ ပေါ်နေတယ်။ အိမ်မက်နက်က ဘီးဇီးဆိုင်းလုပ်ထားသေးတယ် မွန်ချောက်ဖုံကတော့ အစိမ်းရောင်လေးနဲ့ အဆင်သင့်ဆိုပဲ။

`ဟေ့ကောင် အိမ်မက်နက် မင်းအခုထိ ကိစ္စမပြီးသေးဘူးလား´
`ဟုတ်ကဲ့ မပြီးသေးပါ ဂိုဏ်းချုပ်ကြီး ပြီးခါနီးပါပြီ´
`အေး ဒါဆို နေတော့´
`ဟုတ်ကဲ့ ဂိုဏ်းချုပ်ကြီး သက်ရာကျော်ရှည်ပြီး အရစ်ရှည်နိုင်ပါစေ´


`မွန်ချောက်ဖုံလေး´
`ဟင် ဂိုဏ်းချုပ်´
`သမီးတော် ကိစ္စရပ်များ ပြီးပလားကွဲ့´
`ဟုတ်ကဲ့ ပြီးပါပြီ ဂိုဏ်းချုပ်ကြီး သမီးတော် အဆင်သင့်ပါပဲ´

`အေး ဒါဆို ငါ့သမီးကို ပြောစရာရှိတယ်´

`အခု သိုင်းလောကမှာ ပြိုင်ပွဲလုပ်မယ်တဲ့ အဲဒါ ငါ့အစီအစဉ်က ဒီလို ဒီလို . . . . . .´


................................................
Zerotrash21

ဒီနေ့ တင်ပေးပါတဲ့ ဗျို့ ... သူတို့တွေ ၀င် လာ ဖို့ လမ်းကြောင်း ချဖို့တဲ့ ...
...............................................

ကဲ လူဆိုးတွေတော့ လာပြီနော် ပွဲဖျက်မလို့တဲ့... သိုင်းသမားတွေ အဆင်သင့် ပြင်ထားကြပေတော့ ဇီးကွက်တော့ အသံကြားတာနဲ့တင် ကဇော်သိုင်း အဆင့်ကိုးကို ပြီးစီးအောင် ကျင့်နေပါကြောင်း... လမကုန်သေးတော့ ပိုက်ပိုက်လည်း မရှိတာနဲ့ တပည့်လေးတွေ လာကန်တော့ထားတဲ့ ရှိတဲ့ ဆန် အရက်ကိုပဲ သုံးပြီး ကျင့်ရတော့မှာပေါ့လေ.. ၀ီစကီသိုင်း ကိုတော့ လကုန်မှ ကျင့်နိုင်တော့မယ်... သနားရင် ဘလက်လေဘယ် တစ်လုံးလောက် ပို့လိုက်ကြပါလေ..

သိုင်းလောက အပိုင်း ( ၁၁-၅ ) သိုင်းပြောင်းပြန် ဆရာကြီး

သိုင်းပြောင်းပြန်ဆြာကြီး ဟန်သစ်ငြိမ် ၏ ဒေါသ


ရှေးရှေးတုန်းက ပေါ့ဗျာ...

မြက်ခင်းပြင်ပေါ်မှာ သုံနှစ်သား ကောင်လေးတစ်ယောက် သိုင်းချနေတယ်။ တစ်ယောက်တည်း ထင်တိုင်းကျဲနေတာပါ။

အဲဒီသတင်းကိုကြားတော့ သိုင်းလောကမှာ လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။ သူရှိနေတဲ့ မြက်ခင်းပြင်ကို သိုင်းလောကမှာရှိတဲ့ ဆရာ့ဆရာကြီးတွေ၊ အသီးသီးသော သိုင်းဂိုဏ်းတွေ၊ သိုင်းအဖွဲ့ချုပ်တွေ... အစုံစုံ အဖုံဖုံ၊ ဘုရားဖူးလာသလိုမျိုး အလျှိုလျှိုရောက်လာကြတယ်။

"ဒါက ကျုပ်တို့ '" ဂိုဏ်းက ကစားဟန်ပဲ"

"ဘယ်ဟုတ်မလဲ၊ ဒါ ကျုပ်တို့ '' ဂိုဏ်းက အကွက်ဗျ"

"တယ်... ဒါ ကျုပ်တို့ 'ဍ' ဂိုဏ်းရဲ့ အတွင်းအားချနည်းဗျ"

အဲလို တစ်ယောက်တစ်ပေါက်တွေ ပြောကြတယ်။ ကောင်လေးက ဂရုမစိုက်ဘူး။ သူ့ဟာသူဆက်ချနေတယ်။ ခဏနေအပေါ်မြောက်တက်သွားလိုက် ခဏနေမြေကြီးပေါ် လှိမ့်ပြေးလိုက်၊ လှဲချတဲ့အခါလည်းရှိတယ်။ သေချာတာက သူအရမ်းတက်ကနေတယ်။

"ဟာ... ဒါ ကျုပ်တို့ 'ဌ' ကစားကွက်ကို တစ်ပိုင်းဖျက်ထားတာပဲ"

"ဟင်... ကျုပ်တို့ရဲ့ အတွင်းအားချနည်းက ပြောင်းပြန်ကြီးပါလား"

"ဒါဘာလဲ... သိုင်းအပျက်တွေ ချနေတာလား"

"ဟုတ်မယ်၊ သူ့ရဲ့ အရူးချေးပန်း ကစားကွက်တွေ ဖြစ်မှာပေါ့"

"ဟေ့၊ သူ့ကို မောင်းထုတ်လိုက်ကွာ၊ ကြာရင် သိုင်းလောက နာမည်ပျက်မယ်"

သိုင်းလောကသားတွေရဲ့ တစ်ယောက်တစ်ပေါက် အသံတွေ ထိမ်းမရအောင် ကျယ်လောင်လာတဲ့အခါမှာပဲ ကောင်လေးက ချနေတာကိုရပ်လိုက်တယ်။

ချက်ချင်းပဲ ဆူညံနေတဲ့အသံတွေလည်း တိတ်သွားတယ်။ သူက 'အဟမ်း…' ဆိုပြီး လည်ချောင်းရှင်းလိုက်တယ်။ အားလုံးရဲ့မျက်စိတွေ၊ နားတွေက သူ့ဆီရောက်သွားတယ်။

"ဟူး ..."

သူအမောဖြေတယ်။

"မင်းဘာတွေလုပ်နေတာလဲ" ရှေ့ဆုံးမှာရပ်နေတဲ့လူက စိတ်မရှည်တော့ အော်လိုက်တယ်။

"အမ်... ကျွန်တော် မော်ဒန် ပါးဖောမန့်စ် (Modern Performance) တစ်ခု ဖန်တီးနေတာဗျ..."

"ဟာ..."

+++++++++++++++++++++++++++

ထိုကဲ့သို့ ငယ်စဉ်ကတည်းကပင် သိုင်းလောက လှုပ်ရှားသွားသည်အထိ အမြီးရှည် အစွမ်းထက်လှသော ထိုကောင်လေးကား၊ နောင်တစ်ချိန်တွင် မြောက်ကျောင်းတိုက်က မျောက်သိုင်းအကျော်အမော် (၀ါ) ဖန်တီးမှု သိုင်းပြောင်းပြန်၊ ခရီအေတစ်ဗီတီ လက်သမားဆြာကြီး (၀ါ) အမှန်အစစ် မငြိမ်တဲ့ ဟန်သစ်ငြိမ် အစရှိသော ဂုဏ်ပုဒ်များစွာဖြင့် ဖင်ပေါ်... အဲ... ထင်ပေါ်ထွန်းပေါက်လာမည့် သုံးနှစ်သား လူငယ်ကလေး `ငြမ်သစ်ဟိန်´ သာ ဖြစ်တော့သတည်း။

ယခု...... ထိုသိုင်းပြောင်းပြန်ဆြာကြီး၏ ဒေါသတို့သည် ခြေမမှ ငယ်ထိပ်အထိတက်ကာ ရေနွေးအိုးပွက်သလို ထကြွဆူဝေနေလေပြီ။ သူ၏ ဒေါသတို့ အသောထရခြင်း အကြောင်းကား...


၁) ညမင်းသား ကိုဇီးကွက်၏ စီစဉ်မှုဖြင့် သမာမတ်မတ်ရင်ပြင်တွင် သိုင်းလောက စိမ်ခေါ်ပွဲကြီး ရှိနေပြီး ဖိတ်စာ (ယုတ်စွအဆုံး လက်ကမ်းစာစောင်) မျှပင် မရရှိခြင်း၊

၂) ဒိုင်ချုပ်ကြီးမှာ ဘော်ဘော်အရင်း (အဖျားမဟုတ်ပါ) ဖြစ်သော အော်ဇီမှ ဆြာဒေါက်ထက် ဖြစ်နေပြီး မည်သည့် အီးမေးလ်၊ ချီးမေးလ်မျှ သူ့ဆီမှ မရောက်ရှိလာခြင်း၊

၃) ထိုမျှမက Annual Gathering ဟု ဆိုအပ်သော ထိုသိုင်းပြိုင်ပွဲကို ဂူအောင်းပြီး စာပေပြောင်းပြန်သိုင်း ကျင့်နေသော ဆြာကြီး ဟန်သစ်ငြိမ် သတိမေ့နေခြင်း၊

၎) ထို့အပြင် အခြားသော သိုင်းလောက မိတ်ဆွေ၊ ရန်သူ စသည်တို့က ထိုပြိုင်ပွဲ၏ Information၊ ကောလဟာလ၊ အလာပ သလာပ၊ ဘာညာကွိကွ တစွန်းတစ တို့ကိုလည်း စီပုံး၊ ကော်မန့်ဘောက်စ် စသည်တို့တွင် လာရောက် သတိမပေးခြင်း၊

၅) ထို့အပြင် သိုင်းပြိုင်ပွဲကျင်းပမည့် သီတင်းကျွတ်လကွယ်ကျော် ( ၁၅ ) ရက်မှာ သူ၏ ဂူအောင်း ကျင့်စဉ် မပြီးစီးခင် ဖြစ်နေခြင်း... တို့ဖြစ်လေသည်။

သို့သော်လည်း 'ဖန်တီးမှု သိုင်းပြောင်းပြန်' ဟု ဆိုသည့်အရှိန်အ၀ါလည်း မညှိုးရလေအောင်၊ ပျားလည်းစွဲသာ၊ ရှဥ့်လည်း... အဲ… အတွင်းအားလည်း ကျင့်သာ၊ ပြိုင်ပွဲလည်း ၀င်သာအောင် ဦးနှောက်တစ်ခြမ်းကို ပါဝါသွင်း အလုပ်ပေးပြီးသကာလ... အဖြုရောင်ဂိုဏ်းသားတို့ ပျော်စံရာ၊ မိုးမလုံ လေမလုံ၊ သမာမတ်မတ် ရှောင်လင်ကျောင်း ရင်ပြင်တော်သို့ မနှေးအမြန် Stay ရှောင်ရန်အလို့ငှာ... အပိုအလို မတော့ဘဲ ဖိုတိုရှော့ပ် (Photoshop) အစွမ်းဖြင့်၊ ထောင်တန်တဲ့ တောင်ပံနှစ်ခုကို ဖန်တီးတပ်ဆင်ပြီး၊ Non-Immigrant (Short Visit) အတွက် အပီအပြင် စီစဉ်ပါလေတော့ သတည်း။

...................................................

ဆက်ရန်...

ဖန်တီးမှု သိုင်းပြောင်းပြန်ဆြာကြီး ဟန်သစ်ငြိမ်

`ဆက်ရန်...´ ဆိုလို့ စိတ်ကွက်တော် မမူကြပါနှင့် သိုင်းလောက ဘော်ဘော်အပေါင်းတို့…။

`မဟန်နီ´ မေးလ်ကနေပြီး နားပူနားဆာလုပ်တာရယ်၊ သွေးထားတဲ့ ကလောင်ကို စမ်းချင်တာရယ်ကြောင့်... ရန်ဖြစ်ချိန် မရှိတဲ့ ဟန်သစ်ငြိမ်၊ အမှန်အသစ် လိမ်ရေးလိုက် ရခြင်းသာ ဖြစ်ပါသည်။ နောက်တစ်ပိုင်း မဆက်ခင် (သို့) သိုင်းရင်ပြင်သို့ ကျွန်တော် မရောက်ခင်စပ်ကြား ရွှေတံဆိပ်ကို လုယူနှင့်ကြကုန်လော့...။

မေတ္တာဖြင့်

ဟန်သစ်ငြိမ်



သိုင်းလောက အပိုင်း ( ၁၁-၁ ) ကြော်ငြာဝင်ခြင်း


ကျွန်ူပ်သည် မောင်လေးရင်းချာအာပလာကဲ့သို့ ချစ်ခင်ရပါသော တေလေမုတ်သုန်အား ပက်ပက်စက်စက် ခွက်ခွက်လန်(ကော်ဖီခွက်ပါကွယ်) အောင်ပွဲရလိုက်ခြင်းကို လည်းကောင်း ပရဟိတကျက်သရေဆောင် အိမ်သာတော်တောင်ဖက်ခြမ်းကို အပိုင်စားနိုင်ပေသော ဂံဖုလားကိုင် ဂျူလိုင်ဒရမ်းက အပျိုတော်မိုးချစ်သူအား မိုးချစ်မသာဖြစ်မတတ် ဆေးခတ်လုပ်ကြံခြင်းကိုလည်းကောင်း မျက်နှာမလှ စိတ်က မသက်သာ ပြန်ကာတွေးမိသည်နှင့် တည်းခိုဆောင်သို့အပြန်…


"ဟာ ဟုတ်သားပဲ လင်းရေ ကနေ့ဘာနေ့လဲ"

"အင်္ဂါနေ့လေ (တို့မနေ့က ရုံးကနေ သိုင်းဝတ္တုခိုးရေးပေးလိုက်လို့ ဒီနေ့ နှစ်ရက်စာ လုပ်နေရတယ်။ ဂျီမှာတောင် တက်မချက်အားဘူး။)"

"မနက်ဖြန်ကော"

ခေးအော့စ်က ၀င်ဖြေသည်။

"ဒီကျွန်းမှာ ကော်ဖီမစ်၊တီးမစ်နဲ့ လီမွန်တီးမရောင်းဘူး"

"ဟဲ့ ဘာတွေပြောနေတာလဲ မနက်ဖြန် ကမ္ဘာ့အတွင်းအားရှင်များနေ့ မဟုတ်လား"

"သြော် သမီးက မြေနီကုန်းက ကြော်ငြာဘုတ်ရောက်လာတယ်မှတ်လို့ပါ"

" အရေးထဲမှာ မင်းရယ်ငါရယ် မြေနီကုန်းမှာတီဗီသွားကြည့်မယ် လုပ်နေပြန်ပြီ "

မိုးချစ်သူက ကော်ဇောနီပေါ်နင်းကာ ထွက်ခွာတော့မည့် သဘာပတိကြီးနောက်သို့ ပြေးလိုက်ကာ (ဒီနေရာမှာ ဘာရေးလိုက်ရမလဲ) ပြေးလိုက်ကာ…

"သဘာပတုကြီး အဲ သဘာပတိကြီး"

(ဘယ်ကတဲက ထူးချင်နေမှန်းမသိသည့်) ဦးစိုးထက်က "အေး ဘာလဲကွ"

"မနက်ဖြန် ကမ္ဘာ့အတွင်းအားရှင်များနေ့ပါ သဘာပတိကြီး အဲဒီတော့ သဘာပတိကြီးတို့ကို ခေါက်ဆွဲကျွေး အဲ… ဇီးကွက်စံအိမ်က စပွန်ဆာ ၀တောင်တန်းကချက်အရက် အဲလေ ၀ါးစိမ်းနှစ်ချို့ အရက်နဲ့အကျွေးအမွေးများနဲ့ ဧည့်ခံပြီး …

"အေး ကောင်းသားပဲ"

"ဟင် ပြီးအောင်တောင် မပြောရသေးဘူး"

"ကြိုက်တာလုပ်ကြပါကွယ် တို့က ၀ါးစိမ်းအရက် အို… ဟုတ်ပါဘူး သစ်ရိပ်ဝါးရိပ်အောက်မှာ အနားယူမှာပါ ဟုတ်တယ်နော် မမြ၀င်း အဲလေ… မခွန်မြလှိုင်"


(မှတ်ချက်။ ။ စကားမှားဟန်ဆောင်ရန်မှတပါး ဟာသကွက်ထုတ်စရာ သိပ်မရှိလှကြောင်းကို ရှေးအစဉ်အဆက်ဆရာသမားများက သက်သေပြခဲ့လေပြီ ချစ်သယ်ရင်းတို့ ထို့ကြောင့် ဇာတ်ဆောင်အားလုံး ရှေ့လျှောက် စကားများများ မှားကြပါရန်)

"ဒီမယ် ဗိုလ်အောင်ဒင် ရှင့်အကြံဒါအကုန်ပဲလား"

"ဟင့်အင်း ရှိသေးတယ် ဟိ"

(စာရေးသူလုပ်ကြံထားခြင်းမဟုတ်ပါ။ ဟိ ဆိုသည်မှာ ဦးစိုးထက်၏ ရယ်သံအစစ်ဖြစ်ကြောင်း မှတ်ပုံတင်ထားပြီးသားဖြစ်သည်ကို သြဇီကျွန်းသားများဆိုင်ရာ အသံထွက်ရုံးတွင် စုံစမ်းသိရှိပြီးဖြစ်သည်။ မကြာမှီ ဓါတ်ပုံဝေေ၀ဆာဆာဖြင့် ဘလော့ဂ်တခုဖွင့်ပြီး သက်သေပြ … ဟာဆောရီး အရှိန်လွန်သွားလို့ ကြော်ငြာတွေပါကုန်တယ်)

"ရှင်က ၀ါးပင်အောက်မှာ ၀ါးစိမ်းသောက်တော့ ကျွန်မတို့က ဘာလုပ်ရမှာလဲ"

"သြော် တို့တွေ အတူတူ သစ်တပင်အောက်မှာ ၀ါးတပင်အောက်မှာ…"

"ဘာ!!!"

"မလန့်ပါနဲ့ ဗိုလ်အောင်ဒင် ၀ါးပင်အောက်ဝင်တာ မျှစ်ခူးမလို့ပါ အဲဟုတ်ပါဘူး တို့တွေတရားဆွေးနွေးကြမယ်လို့ "

"တော်ပါ တရားတာတော့မသိဘူး မတရားတာတွေဆွေးနွေးရမယ် ဥပမာ ဒီနေ့ကိစ္စ"

"ချစ်လွန်းလို့ဖြစ်သွားတာပါ မမြ၀င်းရယ်"

"ဘာ… ဂံဖုလားပိုင် ကိုဂျူလိုင်ကိစ္စပြောနေတာရှင့် ရှင်က ဘာဖျာဝင်ခင်းနေတာလဲ"

အမှန်တော့ ဂျူလိုင်ဆေးခတ်လိုက်သောရေကို အမြည်းသောက်လိုက်မိပြီး ဦးစိုးထက် ဂေါက် အဲ… နည်းနည်းလွတ်သွားခြင်းဖြစ်ပါသည်။ (မြန်မြန်ဝင်ရှင်းပေးမှ မဒမ်စိုးထက်ဖတ်ချင်ဖတ်နေမှာ ဟီး)

ထိုသို့ စကားအခြေအတင်ရှိပြီးသကာလ.. သဘာပတိ၂ဦးက မနက်ဖြန် ကမ္ဘာ့အတွင်းအားရှင်များနေ့ကို မိခင်ကလေးမှ ဖဲကြိုးဖြတ် ဆောရီး သတင်းကြေငြာတာနဲ့ မှားသွားလို့ (ရှေ့လျှောက်လဲ မှားဦးမှာ စိတ်ချ) အကြီးအကျယ် ကျင်းပသွားမည်ဖြစ်ကြောင်း၊ သိုင်းသမားအသီးသီးကလည်း ခြင်္သေ့ကျွန်းမှတင်သွင်းလာသော နာဂစ်ဘေထုတ် အဲ နှစ်သက်ရာသိုင်းဝတ်စုံများ ၀တ်ဆင်ပြီး အံ့မခန်းအတွင်းအားအလှပြကွက်များကို အများပြည်သူသို့ထုတ်ဖော်ပြသမည်ဖြစ်ကြောင်း၊ ပြည်သူများကလည်း ဆိုင်းဘုတ်များကိုင်ဆောင်ပြီး တခဲနက်ထောက်ခံကြမည်ဖြစ်ကြောင်း ကြိုတင်အလံရှူးဇာတ်တိုက်ထား အဲ ထုတ်ပြန်ကြေငြာသွားပါသည်။ . . . ။

........................

အမလေး မောလိုက်တာ ရုံးကပြန်လာတာ ညစာတောင်မစားရသေးဘူး။ ဆက်ရေးကြပါဦးဟ

ဟန်နီ

.........................................

ဆက်ရန်များမှာ..

၁) ပန်းချီသိုင်းသမား ပြန်ရောက်လာခြင်း.. ရွှန်းမီ

၂) သိုင်းပြောင်းပြန်ဆြာကြီး ဟန်သစ်ငြိမ် ၏ ဒေါသ ( အထူးကြားဖြတ် အစီအစဉ် )

၃) လက်သိုင်းသမားဂျုလိုင်ဒရမ်းနှင့် လေ့လွင့်သိုင်းသမား

၎) ဂျုမုံးကြောင်သိုး မှ ဒိုင်းလုရန် ကြံစည်ခြင်း

၅) ပျားဘုရင်မနှင့် နှင်းပွင့် နတ်ကလျာ

၆) လေလွင့်သိုင်းသမားနှင့် ပန်းချီ ၀ိဥာဉ်တို့၏ မကျေပွဲ

လာမည်.. ကြာမည်... မျှော်....

ဒိုင်လူကြီး၏ ညွှန်ကြားချက်အရ တစ်နေ့လျှင် တစ်ပို့စ်သာ တင်သွားမည် ဖြစ်ပါကြောင်း..... ဟိ ( အဲ ရယ်လိုက်မိတယ်.. မူပိုင်ခွင့်နဲ့ တရားစွဲခံရရင် ဒွတ်ခ... ဘွာတေးနော် ... :P )

သိုင်းလောက အပိုင်း ( ၁၁ ) - ကြားဖြတ်တိုက်ပွဲ

သိုင်းလောက ကြားဖြတ် ( ၁ )

မိုးချစ်သူ လေထဲ ခုန်တက်သွားသည်နှင့် သူမ၏ ပွဲသိမ်း ရေသူမရေငုပ် သိုင်းကွက်ဖြင့် ဂျူလိုင်ဒရမ်း ကို တိုက်တော့မည်မှန်း ဇီးကွက်သိလိုက်သည်။ သိုင်းဂိုဏ်း တစ်ခုထဲတွင် ပညာ သင်ကြားခဲ့ရသောကြောင့် အထူးပြုသည့် သိုင်းမတူသော်ငြား ( မိုးချစ်သူက ရေသိုင်း ၊ ဇီးကွက်က လေသိုင်း ဖြစ်သည်။) ဂိုဏ်းတူ သိုင်း မောင်နှမ ဖြစ်သည့် အလျှောက် မည်သည့် အကွက်ကို မည်သို့ သုံးမည်ဆိုတာ သိနေလေသည်။

` ဒီအကွက် သုံးလိုက်ရင်တော့ ဂျူလိုင် ဒရမ်းတော့ မလွယ်လောက်ဘူး´ ဇီးကွက်က ဒေါက်စိုးအား ပြောလိုက်သေးသည်။ သို့သော် လေထဲ တစ်ဝက် တပျက်မှ ပြုတ်ကျလာသော မိုးချစ်သူတစ်ယောက် ဂျူလိုင် ဒရမ်း၏ လက်ဝါး ထိသွားသော အချိန်တွင် ဇီးကွက်လည်း စကားကို ရပ်၍ လျှပ်တပြက် လှုပ်ရှားလိုက်သည်။

ဖလပ်ဖလပ်ဖလပ် ( တောင်ပံခတ်သံ )

အသံသာ ကြားလိုက်ရသည် လူက မည်သို့ လုပ်လိုက်သည် မသိ။ လူကို မြင်လိုက်သည့် အချိန်တွင် လက်တစ်ဖက်ဖြင့် မိုးချစ်သူကို ဖေးမထားပြီး ကျန်လက်တစ်ဖက်ဖြင့် ဂျူလိုင် ဒရမ်း၏ လက်ဝါးကို ကာဆီးထားသော ဇီးကွက်ကို တွေ့လိုက်ရသည်။ ( စလိုး မိုးရှင်းဖြင့် မြင်ယောင် ကြည့်ကြပါရန် )

`ညီမတော် ဘာဖြစ်သွားတာလဲ´

`ဘာဖြစ်သွားမှန်းမသိဘူး အစ်ကိုတော် ။ ခြေထောက်တွေက လှုပ်ဖို့ အားမရှိတော့ဘူး´

`ဟေ အတွင်းအားကို စုစည်းကြည့်စမ်း။ ´

` အတွင်းအားလည်း စုလို့ မရတော့ဘူး။ လူက လှုပ်ဖို့အားကို မရှိတော့တာ´

`ဒါဆို သွေးရိုးသားရိုးတော့ မဖြစ်နိုင်တော့ဘူး။ အဆိပ် တစ်ခုခု ဖြစ်ရမယ်´

`ညီမတော် ဘာမှလည်း မစားမိပါဘူး အစ်ကိုတော်။ မုန်တိုင်းဖြစ်ပြီး ကတည်းက ၀မ်းလျှောမှာ စိုးလို့ ရေတောင် ရေသန့်ပဲ သောက်တယ်။ ခုနက ဒီရေသန့်ကို ပိုသန့်အောင် ကိုဂျူလိုင်ဒရမ်းရဲ့ ရေသန့်ဆေးပြားတောင် ထည့်သောက်လိုက်သေးတယ်´

`ဒါဆို ဒီရေကို ရေခဲတောင်က သိုင်းမယ်တော်ကို စစ်ဆေးခိုင်းမှပဲ။ သိုင်းမယ်တော်ခင်ဗျား ဒီရေကို အဆိပ် ရှိမရှိ တစ်ချက် စစ်ဆေးပေးပါ´

သိုင်းမယ်တော်ကလည်း သူမ၏ ဆံထိုး ( တစ်ခါသုံးတူ လို့တော့ ပြောတာပဲ ) ကို ယူ၍ ရေထဲသို့ နှစ်လိုက်ရာ ၀ါးတူအတွင်းမှ မျောက်များ ပြုတ်ကျ သေဆုံးလာလေသည်။

` အားပါး ရှားပါး လှတဲ့ သာခွေယိုင် အဆိပ်ပါလား။ ငါ့ မျောက်တွေတောင် မခံနိုင်ဘူး။ ဒါပေမယ့် မပူပါနဲ့ မိုးချစ်သူရယ်။ ငါ့ရဲ့ ရေခဲတောင် မှာ ပွင့်တဲ့ပန်း တစ်ပွင့်ကို စားလိုက်ရင် ဒီအဆိပ် မပြောနဲ့။ လင်းမြွေ အဆိပ်တောင် မကြောက်ရဘူး ။ ´

ဇီးကွက်မှ ၀င်၍ ` ဆရာမကြီး လင်းမြွေက အဆိပ်မရှိဘူးထင်တယ်´

`တယ်လေ ဇီးကွက်က ဇီးကွက်လို နေစမ်း။ ငါစိတ်တိုလာရင် ဒိုင်မလုပ်တော့ဘူးနော်။´

သူခမျာမှာလည်း ခြိမ်းခြောက်စရာ မျောက်တွေ သေကုန်လို့ ဒိုင်မလုပ်တော့ဘူးလို့ ပြောင်းခြိမ်းခြောက်ရ တာပေါ့လေ။ ဇီးကွက်မှာလည်း ရှိစု မဲ့စု နှစ်ယောက်သော ဒိုင်ရှိပါတယ်။ တစ်ယောက်ကထွက်ရင် ဘယ်မျှတတော့မလဲ။ ဒေါက်ထက်ကို ဖားထားတဲ့ လူတွေက အများကြီးလေ။ ဒါနဲ့ ကြောက်ကြောက်နဲ့

` ဟုတ်ကဲ့ မယ်တော်.. မပြောနဲ့ဆို မပြောပါဘူး။ ထွက်တော့ မထွက်လိုက်ပါနဲ့လေ။´

` အေး ဒီလိုမှပေါ့။ ရော့ ရေခဲတောင်မှာ ပွင့်သောပန်း။ ဒီပန်းကို မင်းညီမကို ကျွေးလိုက်။´

ဇီးကွက်လည်း ရှားရှားပါးပါး ရေခဲတောင်မှာ ပွင့်သောပန်းကို ယူ၍ မိုးချစ်သူအား တိုက်ကျွေးရာ မိုးချစ်သူက ` တိုင်းရင်းဆေး မသောက်ချင်ဘူး။ အားဆေး ပိုလီဘိုင်ရွန် နဲ့ နူထရိုပေးလ် ( အာရုံကြောအားဆေး ) ပဲ ထိုးပေးပါ ´လုပ်နေ၍ ဆေးမရှိသော ဒေါက်ထက်နှင့် ဇီးကွက်တို့မှ `တိုင်းရင်းဆေးလည်း စွမ်းပါတယ်ကွယ်´ လို့ပြောပြီး ဆေးချော့တိုက် လိုက်ရသေးသည်။

`ကဲ လက်သိုင်းသမားကြီး သိုင်းစည်းကမ်းကို ဖောက်ဖျက်တာ ပေါ်တင်ကြီး ။ ဒီတော့ ပြိုင်ပွဲကနေ ထုတ်ပယ်ပေးဖို့ ဒိုင်လူကြီးကို တောင်းဆိုပါတယ်´

ဒေါက်ထက်နှင့် သိုင်းမယ်တော် ခွန်မြလှိုင်တို့မှ ခေါင်းကုတ်၍ ` သူက ဆေးကို မှားထည့်လိုက်တာပါလို့ ပြောတယ်ကွယ့်။ ဒီတော့ တို့က အရေးယူလို့ ဘယ်သင့်တော်ပါ့မလဲကွယ်´

`အော်ဒီလိုကိုး။ ရပါတယ် ရပါတယ်။ ဒိုင်လူကြီးတွေ အတွက်ဆိုပြီး ရေသန့်ဆေးပြားတို့ အိမ်သာဆောက်နည်းကျမ်းတို့ကို လက်ဆောင်ပေးနေကတည်းက တစ်မျိုးထင်နေတာ။ အခုတော့ လက်တွေ့ပေါ့လေ။ ဒါပေမယ့် ဂိုဏ်းတူ အစ်ကို တစ်ယောက်အနေနဲ့ မိုးချစ်သူကို ထိထားတဲ့ လက်ဝါးတစ်ချက် အကြွေးတော့ ပြန်ဆပ်ရလိမ့်မယ်။ ကဲ သိုင်းကွက်ကို ကြည့်ပေတော့။´

ဇီးကွက်မှ ပြောပြောဆိုဆို သူ၏ နာမည်ကြီး ဇီးကွက် အိပ်မက် ၁၆ ချက် ( အိပ်နေတုန်း ထွင်ထားလို့) ထဲမှ ဇီးကွက် အစာချီ သိုင်းကွက်ဖြင့် ဂျူလိုင် ဒရမ်းအား တိုက်ခိုက်လိုက်သည်။ ဂျူလိုင် ဒရမ်းကလည်း ခေသူမှ မဟုတ်ပဲလေ.. ကျင့်ထားသမျှ လက်သီး လက်ဝါးသိုင်းများအနက်မှ တောင်ဖြိုလက်သီးဖြင့် ရင်ဆိုင်လိုက်လေသည်။ သူတို့နှစ်ယောက်၏ တိုက်ခိုက်မှုများမှာ လျင်မြန်သလောက် ကြမ်းတမ်းလှ၍ ဘေးမှ ၀င်ဆွဲမည့် ဒိုင်လူကြီးများပင် မသိချင် ယောင်ဆောင်နေနေ ရသည်။ ( နောက်တွင် ထိုပြိုင်ပွဲ အကြောင်းကို သိုင်းလောကတွင် တသသ ပြောကြရသည်ဟု ဆို၏။ ဤကား စကားချပ် )

တစ်ချီတွင် ဇီးကွက်မှ ဇီးကွက် လေ၀ဲ သိုင်းဖြင့် လက်ဝါးကွက် အရိုက် ဂျူလိုင်ဒရမ်းမှ လေခွင်းလက်သီးဖြင့် အထိုး လက်သီးနှင့် လက်ဝါး ထိပ်တိုက် တွေ့ကြရာ သိုင်းပညာ ပြိုင်ပွဲတစ်ခုတွင် အမြင့်မားဆုံးသော ယှဉ်ပြိုင်ခြင်းဖြစ်သည့် အတွင်းအား ပြိုင်သည့် အဆင့်သို့ ရောက်ရှိသွားလေသည်။ နှစ်ယောက်စလုံး၏ ဦးခေါင်းမှ အငွေ့များထွက်လာရာ အဝေးမှ ကြည့်ပါက ရေမသန့်၍ ရေကို ကျိုသောက်ရသော နှာခေါင်းချောင်း ကျေးရွာမှ ရေနွေးအိုး နှစ်လုံး အလား ထင်မှတ်ရသည်။ အထွတ်အထိပ် အချိန်သို့ ရောက်နေပြီ ဖြစ်နေသဖြင့် နှစ်ယောက်စလုံးမှာ အားကို မလျော့ရဲကြပေ။ အတွင်းအားမှာလည်း သူမသာ ကိုယ်အသုဘ ဖြစ်နေ သဖြင့် ကြာလျှင် နှစ်ယောက်သား အားကုန်၍ မာလကီးယားပေတော့မည်။ ထို အခြေအနေကို မြင်သော မိုးချစ်သူနှင့် ခေးအော့စ်တို့မှလည်း မိမိတို့၏ သိုင်းအစ်ကိုနှင့် အဖိုးကို ကယ်တင်ရန် မသိမသာ လှုပ်ရှားလာနေကြသည်။

ထိုအချိန်တွင် `ဖြန်း´ ကနဲ မည်သံ တစ်ချက်ထွက်ပေါ်လာပြီး အဖြူရောင် အရိပ်တစ်ခုသည် အတွင်းအားပြိုင်နေသော လူနှစ်ယောက်အတွင်းသို့ ရောက်ရှိသွားလေသည်။ အတွင်းအား မြင့်မားသော သိုင်းသမားနှစ်ဦး အတွင်းအား ပြိုင်နေချိန်တွင် အတွင်းအား မပြည့်ဝပဲ စက်ကွင်း အတွင်းသို့ ၀င်မိပါက အတွင်းဒဏ် ဖြစ်နိုင်သောကြောင့် ၀င်ရောက်သွားသူအား ပွဲကြည့်ပရိဿတ်များမှ စိုးရိမ်စိတ်ဖြင့် `ဟာ´ ကနဲ ဖြစ်သွားသည်။

ဝင်ရောက်သွားသူကား ဒိုင်လူကြီး အော်ဇီ ကျွန်းသခင် ရှောင်လင် သိုင်းသမားကြီး ဒေါက်ထက်ပင် ဖြစ်လေတော့သည်။ သူ၏ ခေါင်းပေါင်း ( အမှန်ကတော့ ပတ်တီးကြီးပါ။ စည်းတာ မညီလို့ ခေါင်းပေါင်းစလို ဖြစ်နေတာ ။ စကားချပ်။) ပေါင်းထားသော နဖူးထက်တွင် ချွေးသီးချွေးပေါက်များ သီးနေသည်။ သူတစ်ပါး၏ အသက်ကို ကယ်တင်ရန် ကိုယ်ကျိုးစွန့်သော ဒေါက်ထက်အား ဇီးကွက်နှင့် ဂျူလိုင်ဒရမ်းတို့မှ ကျေးဇူးတင်သော အကြည့်များနှင့် ကြည့်ရင်း ဒေါသ ရန်ငြိုးများလည်း ကျေပျက်သွားတော့သည်။

သိုင်းမယ်တော် ခွန်မြလှိုင်မှ အပြေးလာပြီး ဒေါက်ထက်၏ ကျောပြင်ကို လက်ဝါးဖြင့် ပုတ်ကာ အတွင်းဒဏ်ကို ကုစားပေးလိုက်သောအခါမှသာ ဒေါက်ထက်မျက်နှာ သွေးရောင် ပြန်လွှမ်းလာသည်။

`ကဲ မင်းတို့ပြောတော့ သိုင်းပညာ ဖလှယ်တာဆိုပြီး ဒီလောက်တောင် တိုက်ခိုက်ရသလားကွ။ ဂျူလိုင်ကလဲ မှားပြီး ဆေးထည့်မိတာ တောင်းပန်၊ ဇီးကွက်ကလည်း ဒေါသတကြီး တိုက်ခိုက်မိတာကို တောင်းပန်လိုက်။ ´

ဒေါက်ထက်၏ ဖြန်ဖြေပေးမှုကြောင့် ဇီးကွက်နှင့် ဂျူလိုင်တို့လည်း အချင်းချင်းတောင်းပန်ပြီး လက်ဆွဲနှုတ်ဆက်ကာ ကျေအေးလိုက်ကြလေသည်။

ဒေါက်ထက်မှနေ၍ သိုင်းပြိုင်ပွဲကြီးကို နဂို အစီအစဉ်အတိုင်း နောက်တစ်နေ့တွင် ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း ကြေငြာ လိုက်ပြီး ယနေ့ ပြိုင်ပွဲ အောင်မြင်စွာ ပြီးဆုံးကြောင်း ကြေငြာလိုက်သည်။

……………………………………………..

ကိုဂျူလိုင်ရေ အတည်စတာ စိတ်ဆိုးရ၀ူးနော်။ လက်ဆွဲလည်း နှုတ်ဆက်ပြီးပြီ ။ ဟီးး… ဒါမှ မကျေနပ်သေးရင် `၀´ ပြည်လာရင် ကဇော်သိုင်း သင်ပေးမယ် နော် … ( ၀ပြည်က ၀ါးစိမ်း အရက်နဲ့ ဧည့်ခံမယ် )

တစ်ရက်ထဲနဲ့ ငါးပို့စ်တောင် တင်လိုက်တယ်။ ဟီး။ အားလွန်းလို့ လို့တော့ မထင်ပါနဲ့။ မအားတဲ့ကြားထဲကနေ အိပ်ချိန်တွေ အလုပ်ချိန်တွေ လျော့ပြီး မလင်းရေးပေးတာပါ။ နောက်ထပ်ရှိသေးတယ်။ မတင်သေးဘူး။သိမ်းထားလိုက်ဦးမယ် ဆန့် တငင်ငင်ပေါ့လေ... :P

ဆက်ရန်

၁) ပျားဘုရင်မ၏လက်ရာ သိုင်း ရာဇ၀င်တော် - ဟန်နီ

၂) ခေးအော့စ်၏ ကဗျာသီချင်းသိုင်းနှင့် ဂျူလိုင် ဒရမ်း - လင်း

(မြေး အဖိုး မချဘူးလို့ လာပြောတာ နည်းနည်း နောက်ကျသွားလို့ ရေးပြီးသွားပြီ။ ဟီး ။ ယှဉ်ပြိုင်ခြင်းသည် အဓိကလို့ပဲ သဘောထားပြီး ပြိုင်လိုက်ကြပါနော်.. )

၃) ပန်းချီသိုင်းသမား၏ အလှည့်ရောက်လာခြင်း ( စာမေးပွဲ ပြီး၍) - ရွှန်းမီ


You received this email because you are subscribed to the real_time feed for http://ulmuka.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.