Monday, September 29, 2008

[MYANMAR POLITICAL NEWS AND IDEAS] 25 New Entries: 9mm TARGET

9mm TARGET

"ကိုးမမ ပစ်မှတ်"
ညိုကြီး


'လမ်းချင်းတူရင် လူချင်းတွေ့ လိမ့်မယ်'
မောင်ချောနွယ်ပြောဖူးတဲ့ နှုတ်ဆက်စကား...
သိပ်ခိုက်တယ် ။

ကာလက 'အ' နေတာလား
အကာတွေက လှနေတာလား
အချစ်အတွက်နှစ်ထားတဲ့ သက္ကရာဇ်တွေ... ။

မေမေရေ...
သားတို့ရဲ့  ကာလာတွေကို
ခပ်နီနီ နီးနီးမှာ မြှင့်တင်ထားပြီးပါပြီ။

မေမေပြန်လာရင်
ကာလာချင်းတူနေစေဖို့ ။         ။


ညိုကြီး
(၁၇၊ ရွှေစက်တင်ဘာ၊ ၀၀၈)
------------------------------------------------------------------
(Poem Photo - http://www.usefilm.com/image/897210.html)

CURRENT SITUATION OF BURMA

လူထုအခြေအနေ
ညိုကြီး


အခြေအနေက
ဘယ်သူသေသေ ငတေမာတွေများလှ
ကြားက မြေဇာပင်ပြည်သူ
မကြည်ဖြူတာ ကြည်ဖြူတာ အရေးမကြီး
ပေးပြီးပေါင်းတွေ ချမ်းသာ
ရမ်းတာတွေ များတဲ့ လူတစ်စု
ကုမရတဲ့ လောဘရောဂါ
ဇောတိုက်တော့ မောဟပါ
စောရကို အသွင်ပြောင်း
မြင်မကောင်း ရှုမကောင်းလိုက်တာ
အထုအထောင်းတွေ ကြားမှာသာ
တို့မြန်ပြည်သားတွေ နေစရာ
သေတာကမှ ပိုကောင်းလိမ့်...။      ။

ညိုကြီး
10:35 AM (4/Nov/006)

INSIDE BURMA NOW-A-DAY (2)

စစ်အဆိုးရ ပြောပြောနေတဲ့
"ဘယ်ခေတ်တုန်းကနဲ့မျှ မတူအောင်
ခေတ်မီဖွံ့ဖြိုး တိုးတက်နေသော ကျွန်ုပ်တို့၏ ဗမာတိုင်းပြည်

(၂)"



သွေးလွန်တုပ်ကွေးတွေ ခေတ်ထနေတဲ့ ဗမာပြည်တွင်းမှာ မိုးကလေးများရွာလိုက်ရုံနဲ့ သွေးလွန်တုပ်ကွေးကုတဲ့ ဆေးရုံတွေတောင် ရေနစ်နေမှတော့ ဘယ်ကလာ ခြင်ကာကွယ်နှိမ်နင်းရေးကို ကောင်းစွာဆောင်ရွက်ပါအံ့နည်း။
ရောဂါကိုမကုခင် ဆေးရုံကို အရင်ကုရမည့်ကိန်း ဆိုက်နေပေ၏။

(သြော်...တိုင်းပြည့်ရတနာ ကလေးငယ်များ၏ အသက်ဇီဝိန်အာမခံချက်မှာကား တွေးမိ၊ မြင်မိတိုင်း ရင်နာစရာကောင်းပေတော့သည်တကား...)




The Light For Burma

"ဘုရားသခင်ရဲ့  မီးအိမ်"
ဆွန်း

ကိုယ့်အညွန့်ကို ကိုက်ဖြတ်..ပြီး…
ဒီအလင်းကိုညှိဖို့…
ဘုရားသခင်ဖန်ဆင်းလွှတ်လိုက်တဲ့…….
"မီးအိမ်..တွေ.." ။

မြုံနေတဲ့..မီးတောင်တစ်ခုရဲ့…အတွင်းသားတွေလို…
တပွက်ပွက်လှိုက်ဆူနေတဲ့ ပရိဒေ၀တွေကို…
ငြှိမ်းသတ်ဖို့………..

အိမ်ကြက်ချင်းအိုးမည်းသုတ်ထားတဲ့…အမြင်အသိတွေနဲ့
ညီအကိုချင်း…သွေးဆာနေရနဲ့လူသတ်ပွဲတွေကို..
ဟန့်တားဖို့…

တောင်လိုပုံနေတဲ့…၀ိညာဉ်တွေရဲ့ဆန္ဒနဲ့..
ချောင်းလိုစီးနေတဲ့..သွေးစိမ်းရှင်ရှင်တွေရဲ့…မျှော်လင့်ချက်ကို …
ဖြည့်ဆည်းဖို့…….

မျက်ရည်ပူတွေ..ပိန်းပိတ်နေတဲ့..အမေ့အငေးတွေနဲ့…
သန်းကောင်ယံမှာ..အံကြိတ်နေရတဲ့..အဖေ့အတွေးတွေကို
ချွေးသိပ်ဖို့……….

မြင်လည်းမသိတဲ့…အကြည့်တွေနဲ့…
စွင့်လျက်မကြားတဲ့..နားအစုံစုံကို..
ကယ်တင်ဖို့……….

ကိုယ့်ဝမ်းတောင်ကိုယ်မသထာနိုင်တော့တဲ့..ကြောင့်ကျနဲ့
ဇောချွေးဒီးဒီးကျနေတဲ့…ဘ၀မောတွေကို
ဖေးကူဖို့……..

ကိုယ့်အဆုတ်နဲ့ကိုတောင်.. အသက်ရူသံမပြင်းဝံ့လောက်အောင်..
ကိုယ့်အရိပ်ကို ရန်သူထင်နေကြတဲ့…စစ်ဖိနပ်တွေအောက်က
လွတ်မြောက်ဖို့…

ဆန္ဒအမှန်ဆိုသမျှကို သိုဝှက်သိမ်းထုတ်ထားရတဲ့…
သေနပ်ပြောင်းဝက..စိတ်အသေတွေကို
လှုပ်နိုးဖို့…….

ဘာမှမရေရာတော့တဲ့…ရေစုန်မျော အနာဂါတ်တွေနဲ့
ဇွတ်အတင်းပုံဖေါ်နေကြတဲ့…ကိုယ်ရည်ကိုယ်သွေးတွေကို
နင်းချေဖို့…..

ထိပ်ဆုံးတန်းဝင် ဆင်းရဲမွဲတေမှုတွေနဲ့..
ရေပေါ်ဆီ..ရုပ်လုံးပြ..လမ်းစဉ်တွေကို..
မီးတိုက်ဖို့…

လိုရင်လိုသလိုပြန့်ကားပစ်နိုင်ပြီး
မှောင်ချင်ရာကို..မှောင်မိုက်ထားနိုင်တဲ့..
စိတ်တွင်းဖြစ်..ဥပဒေသတွေကို
သင်္ဂြိုလ်ဖို့…..

တဖြည်းဖြည်းညှိုးရော်လာတဲ့…
အမျိုးဂုဏ်..၊ ဇာတိဂုဏ်တွေ..အရောင်တက်ဖို့….
ဝါးအစည်းပြေသလို ပြေကျနေရတဲ့…
အမျိုးသားဆက်ဆံရေးတွေညီညွတ်ဖို့….

အဖဗမာပြည်ကြီးရဲ့.. ကောင်းကင်က…
ယမ်းခိုးဝေနေတဲ့..တိမ်ဆိုင်တိမ်လိပ်တွေနဲ့..
အဖဗမာပြည်ကြီးရဲ့…မြေသားက
သွေးနံ့ညှီနေတဲ့ လမ်းမကြီးတွေကို
ဆေး….ကြော…ဖို့…..

သူတို့….

လာ ခဲ့ တယ်….။

သူတို့မှာ….
သူတို့နှလုံးအိမ်နဲ့…မဆန့်ရင်ကာ..
ဒါဏ်ရာဒါဏ်ချက်တွေရရှိထားကြတယ်…
..သူတို့သွေးကြောတွေထဲမှာ….
ပူနွေးနီရဲနေတဲ့..အမျိုးချစ်စိတ်တွေ..စီးနေတယ်…
သူတို့ ဦးနှောက်တွေထဲမှာ…
ဘယ်လို..အလိုရမ္မက်မှ..စွန်းထင်း မနေကြတဲ့
အမှားတွေကိုမလိုချင်ခြင်း…အဖြူထည်သန့်သန့်တွေရှိတယ်…..

သူတို့မျက်ကြည်လွှာမှာ…..တော့
နိုးကြားတက်ကြွတဲ့….၊ ထက်မြက်ရဲရင့်တဲ့..
အနစ်နာခံခြင်း…စိတ်ရောင်ခြည်တွေ……၀င်းလဲ့..လို့………၊

သူ..တို့..လား….!!??

ကိုယ့်အညွန့်ကို ကိုက်ဖြတ်..ပြီး…
ဒီအလင်းကိုညှိဖို့…
ဘုရားသခင်ဖန်ဆင်းလွှတ်လိုက်တဲ့…….

"မီးအိမ်..တွေ.." ။

ဆွန်း

(ဒီမိုကရေစီတိုက်ပွဲ..အတွင်းတွင်..ကျဆုံးသွားခဲ့ရသော…၊ အကျဉ်းချခံနေကြရသော…ရဟန်း ရှင်လူအာဇာနည်အပေါင်းအား..ဦးညွှတ် ဂုဏ်ပြု လျက်)

(Poem photo - http://blog.pcnews.ro/2007/04/23/heart-electra-red-glass-lamp)

INSIDE BURMA NOW-A-DAY

စစ်အဆိုးရ ပြောပြောနေတဲ့
"ဘယ်ခေတ်တုန်းကနဲ့မျှ မတူအောင်
ခေတ်မီဖွံ့ဖြိုး တိုးတက်နေသော ကျွန်ုပ်တို့၏ ဗမာတိုင်းပြည်
(၁)"


နယ်လှည့်ဖိနပ်ချုပ်သမား သူ့ဝမ်းတခါးအတွက်သော်မျှ လုံလောက်ပါ့မလား


ကျောင်းနေအရွယ် ကလေးငယ် ... လက်ဖက်ရည်ဆိုင်မှာပဲ စားပွဲထိုးလုပ်တော့မယ်
(သူစားပွဲထိုးပညာသင်နေတဲ့အချိန် ဗိုလ်ချုပ်ကြီးတွေနဲ့ သူ့ အပေါင်းအပါတွေရဲ့  သားမြေးတွေ တိုင်းပြည်ရဲ့  ၀င်ငွေတွေကို လေလိုသဘောထား စည်းစိမ်ခံ သုံးဖြုန်းနေတာတွေ၊ နိုင်ငံခြားတက္ကသိုလ်ကျောင်းတွေအထိတောင်သွားပြီး ပညာသင်နေကြတာတွေကို
စားပွဲထိုးလုပ်နေရတဲ့ ကလေးငယ်တစ်ယောက်အဖို့တော့ သိခွင့်မရရှာခဲ့ဘူးပေါ့လေ...)


နောက်ဆုံးပေါ်ကားတွေဆိုတာ ဗိုလ်ချုပ်ကြီးတွေနဲ့ သူ့ အပေါင်းအပါတွေ စီးပြီး
လမ်းသလားဖို့ အတွက်သာ...

တောသူတောင်သား ဗမာတွေအတွက်ကတော့ ဤမျှသာ

Don't Forget Our September !

စက်တင်ဘာ သုညခွန်

စက်တင်ဘာသွေး



ဒါဟာ..ချောက်ခြားကြောက်လန့်အောင်…

ဇာတ်လမ်းဇာတ်ကွက်ဆင်ထားတဲ့..ပုံပြင်တစ်ပုဒ်မဟုတ်ဘူး…….

အမှန်တကယ်ဖြစ်ခဲ့ပျက်ခဲ့တယ်..။

အမှန်တကယ့်ကို.

.ဖြစ်ခဲ့..ပျက်ခဲ့..တယ်..။

ကြားဖူးနားဝတွေထဲမှာ….

သင်အံဖူးသမျှတွေထဲမှာ..

ဖြတ်သန်းလာခဲ့သမျှထဲမှာ….

ဒီ..စာမျက်နှာတွေရဲ့..သွေးနံ့တွေက..အညှီဆုံးပေါ့….။

သူတို့ဟာ..လူတစ်ယောက်ကို..လက်ယဉ်ယဉ်နဲ့..သတ်နိုင်ဖို့..

စနစ်တကျ..လေ့ကျင့်သင်အံခဲ့ကြတာ…

သူတို့ဟာ….သူတို့အလိုရမ္မက်တွေအတွက်..

ကိုယ့်သမိုင်းကိုယ်..တံတွေးနဲ့..ရေးရဲတာ…

သူတို့ဟာ..သူတို့ရောက်နေတဲ့..အရပ်ကို

ချိုင့်ဝှမ်းမှန်း.တောင်တန်းမှန်းမသိလောက်အောင်…

အတ္တတွေ..ပိန်းပိတ်နေခဲ့တာ…

သူတို့ဟာ..လက်တစ်လုံးခြားလှည့်စားတတ်သလိုမျိုး..

ပြောင်လိမ်ဖို့လဲ..၀န်မလေးကြဘူး…..

သူတို့ဟာ…အံ့သြစရာကောင်းလောက်အောင်…

"အနှစ်..နှစ်ဆယ်လုံးလုံး"..လုပ်ဇာတ်ကနိုင်ခဲ့..။

သားသတ်မုဆိုးတွေရဲ့..ရက်စက်မှုလား…

အမဲလိုက်ခွေးတွေရဲ့….စိတ်ဆာလောင်မှုလား…

အရိုးရှင်းဆုံးမေတ္တာတံတားတွေပေါ်မှာ..

စစ်ဖိနပ်သံတွေပြင်းထန်သွားခဲ့ပြီ..။

ဆရာတော်.ဦးဥတ္တမဟာ

မျက်ရည်ယိုဗုံး ပိန်းပိတ်နေတဲ့ကြားက

ဦးခေါင်းကိုနံပါတ်တုတ်နဲ့..အရိုက်မခံခဲ့ရဘူး..

ဘုရားသားရဲ့..သွေးစိမ်းရှင်ရှင်တွေ..ဘုရားရဲ့မြေမှာ..မစွန်းပေခဲ့ရဘူး..

ဆရာတော်ဦးဝိစာရဟာ…

သေနတ်သံတွေအကြားမှာ…သင်္ကန်းတဖားဖားနဲ့..မပြေးခဲ့ရဘူး

လက်ပြန်ကြိုးတုတ်ပြီးသေနတ်ဒင်နဲ့အဆောင့်မခံခဲ့ရဘူး…

ဘယ်သူ့လက်ချက်မှန်းမသိဘဲ..ရေထဲမှာ..အလောင်းမျောမခံခဲ့ရဘူး…။

ဒါဟာ..ဘာသာမတူ..လူမျိုးမတူသူတွေရဲ့လက်အောက်..

ကျွန်သဘောက်ဖြစ်နေတုန်းကပေါ့..

ဒီအရှင်မြတ်တွေဟာ…တို့သမိုင်းထဲက..

ရဟန်းအာဇာနည်တွေပေါ့….

ဒါတွေလည်း..အမှန်တကယ်ဖြစ်ခဲ့ပျက်ခဲ့တယ်..။

အမြင့်မြတ်ဆုံး…ဓမ္မရှင်တွေဟာ…

ဘာအလိုရမ္မက်မှမပါဘဲ…ဆန္ဒကိုဆန္ဒအတိုင်း.

ရိုးရိုးသားသား..ဖေါ်ထုတ်ခဲ့ကြတာ…၊

အမွန်မြတ်ဆုံးမေတ္တာဓါတ်တွေဟာ…

ဘယ်လိုကိုယ်ကျိုးဖက်မှုမှမပါဘဲ..

သူတို့စွမ်းဆောင်နိုင်သမျှ..

သူတို့ကယ်တင်ခဲ့ကြတာ…..

အခု…မေတ္တာသုတ်ရွတ်သံကို ယမ်းခိုးတွေနဲ့..မှိုင်းတိုက်လို

ရွှေဝါရောင်သင်္ကန်းတွေကို..သွေးရာင်လွှမ်းစေခဲ့ကြ..

အပြစ်မဲ့ပြည်သူတွေကိုအမဲကောင်လို..ပစ်ခတ်နေကြပြီး..

ေ၇ွှတိဂုံရင်ပြင်ကို..လူသတ်ကုန်းလို..သဘောထားရဲကြ..

ဒါတွေလည်း..အမှန်တကယ်ဖြစ်ခဲ့..ပျက်ခဲ့တယ်…။

အခြေအနေအားလုံးကို..မျက်လှည့်ပြလိုက်သလိုမျိုး

တိတိကျကျပြောင်းပြန်လှန်ပစ်လိုက်နိုင်တဲ့

တစ်ဘက်ကမ်းခတ်..ကလိန်ဥာဏ်များကလည်း..လက်ဖျားခါချင်စရာ…

မီဒီယာနည်းနာကို..မီးကုန်ယမ်းကုန်..အသုံးချတတ်ပုံကလည်း..သြချစရာ…

သူတို့ဟာ…ဟစ်တလာလို..ကြီးကြီးကျယ်ကျယ်လိမ်ကြပြီး..

နရသူမင်းလို..အာဏာကို…ဘာသာနဲ့လည်း..လဲရဲတယ်..။

ကြည့်ကြ..!!!

ပါးစပ်က..ဘုရားဘုရားဆိုသမျှ..

ကိုယ့်ယို့ကားယားနိုင်လွန်းလှတဲ့လက်တွေလေ..

ဝါဆိုသင်္ကန်းတွေကပ်ပြဖူးတဲ့လက်..

ကထိန်သင်္ကန်းတွေကပ်ပြဖူးတဲ့လက်..

ဆွမ်းဆန်စိမ်းတွေကပ်ပြဖူးတဲ့လက်

ဘုရားထီးတော်တွေကို..မတန်တရာတင်ပြဖူးတဲ့လက်..

အဲဒီ့ … လက်.တွေမှာ…

ဘယ် သံ သ ရာ ရောက် ရောက် .....

ဖျက် လို့ မ ရ မယ့်…. သွေးတွေနဲ့……။

စက်တင်ဘာသွေး

(တစ်နှစ်တိတိပြည့်သွားတဲ့..ကဗျာပါ..၊ အဲဒီ့ရက်တွေထဲမှာ...အဲဒီ့ကဗျာကို...မျက်ရည်စက်လက်ရေးခဲ့တယ်...)

Now, as Previous

တစ်ခါတုန်းက အခု
နှင်းကေသရာ (သုဘရာဇာ)


ကျွန်တော်ရှိလှ မှတ်မိ ရှစ်တန်းကျောင်းသားအရွယ်
သုံးဆယ်ချောင်းဘေး စိန်ပန်းတွေ ရဲရဲနီလို့
ဗိုလ်စိန်မှန်ပန်းခြံ
ပန်းနဲ့ပေါက်သလို သေနတ်သံတွေ
ပန်းနဲ့ပေါက်လို့ သေခဲ့တဲ့ ကျွန်တော့်အစ်ကိုတွေ
သုံးဆယ်ချောင်းထဲ တော်လှန်ရေးသမားတွေ အလောင်းတွေမျောလို့
ဆယ်နှစ်ကျောင်းသားလေးအလောင်း မျောလို့
တက္ကသိုလ်ကျောင်းသားကြီး အလောင်းမျောလို့
ဆံပင်တွေရှည်ခဲ့တယ်
လူ့အရင်းအမြစ်တွေ ပျောက်ဆုံးခဲ့တယ်
နှစ်(၂၀)ကြာခဲ့တယ်
ရင်ထဲမှာ ခုထိ ဒီနေ့ပဲ ။

နှင်းကေသရာ (သုဘရာဇာ)

လုပ်ကြပေါ့ ရှင်တို့က (သ)ရဲတွေကိုး

ဖလားဝါးနယူးစ် သတင်းထောက်ချုပ် ဖမ်းဆီးခံရ

ဧရာဝတီ | စက်တင်ဘာ ၃၊ ၂၀၀၈


ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ က သင်္ဃန်းကျွန်း ၂ လောင်းပြိုင် လူသတ်မှုနှင့် ပတ်သက်၍ သြဂုတ်လကုန်ပိုင်းတွင် ခေါ်ယူကြိမ်း မောင်းခဲ့သည့် ဖလားဝါးနယူးစ် ဂျာနယ် သတင်းထောက်ချုပ် ကိုစောမြင့်သန်းကို တနင်္လာနေ့ ညက ဖမ်းဆီး ထိန်းသိမ်း လိုက်ကြောင်း ရန်ကုန် သတင်းမီဒီယာ အသိုင်းအ၀န်းက ပြောသည်။

အဆိုပါ သတင်းထောက်ချုပ် ကြိမ်းမောင်းခံရသည့် သတင်းအား ပြည်ပအခြေစိုက် ဧရာဝတီ သတင်းမီဒီယာတွင် ဖော်ပြပါ ရှိမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု ရန်ကုန်မြို့မှ ဂျာနယ်သတင်းထောက် တဦးက ပြော သည်။

"ဧရာဝတီမှာ ရဲက ခေါ်ကြိမ်းတယ်ဆိုတဲ့ သတင်းတက်တဲ့ ညနေက စတာ၊ စိစစ်ရေးက ဖလားဝါးနယူးစ်က အမှုဆောင် အရာရှိချုပ် ဦးကိုကို ကို ခေါ်တယ်တဲ့၊ ဘာပြောလဲတော့ မသိဘူး၊ နောက်တနေ့မှာ သူတို့ကို မဖိတ် တော့ ဘူး၊ တခြား ဂျာနယ် ၆ စောင်ကို ခေါ်ပြီး သတိပေးတယ်၊ အဲဒီလိုမျိုးတွေ လုပ်ရင် အရေးယူမယ်ပေါ့၊ နောက်တခု က ကိုစောမြင့်သန်း ကို အရေးယူမယ်လို့လဲ ရှင်းလင်းတယ်တဲ့၊ ရဲက သူတို့ကို ဘယ်လို ကြိမ်းမောင်းတယ်ဆိုတာ အကြည်ညိုပျက်အောင် ပြည်ပ မီဒီယာကို ပြောတယ်ဆိုပြီးတော့တဲ့၊ ညက သူ့အမေနဲ့ သွားတွေ့တော့ အခြေ အနေတော့ သိပ်မကောင်းဘူး၊ ထောင်ကျဖို့ များတယ်လို့ သိရတယ်"ဟု ၎င်းက ပြောဆိုသည်။

ကိုစောမြင့်သန်းဖမ်းဆီးမခံဘဲ ရှောင်တိမ်းမည်ဆိုပါက ဂျာနယ်ကို လိုင်စင်ပိတ်သိမ်းမည်ဖြစ်သည့် အတွက် ယခု ကဲ့သို့ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

"ဖမ်းမယ်လို့ ပြောတာ ၃ ရက်လောက် ရှိပြီ၊ တကယ်လို့ သူအဖမ်းမခံလို့ ရှောင်တယ် ဆိုရင် ဂျာနယ်ကို လိုင်စင် ပိတ်မယ် ပေါ့၊ အဲဒါနဲ့ သူ့ ဆရာက မင်းအဖမ်းခံလိုက် မိသားစုကို တာဝန်ယူမယ်ပေါ့၊ သူ့မိသားစုက အမေအိုကြီး တယောက်တော့ ရှိတယ်၊ သူ့ကို အားကိုးပြီး ရန်ကုန် အင်းစိန်မှာ လာနေတာ ၆ လ လောက်ပဲ ရှိသေးတယ်၊ သူက လူလွတ်ပါ"ဟု ရန်ကုန် ဂျာနယ် သတင်းထောက်ကပြောသည်။

တခြားသော အမျိုးသမီး သတင်းထောက်တဦးကလည်း သတင်းထောက်ချုပ် ကိုစောမြင့်သန်းအား သက်ဆိုင်ရာက ဖမ်းဆီးပြီးနောက် ယခုကိစ္စကို မည်သူ့ကို ပြောဆိုခြင်း နှင့် ဧရာဝတီ သတင်းဌာနအတွက် အလုပ်လုပ်နေခြင်း ဟုတ်မဟုတ် မေးမြန်းကြောင်း ပြောပြသည်။

"ရဲက ဘယ်သူ့ကို ပြောလိုက်သလဲပေါ့၊ ပြောလိုက်တဲ့လူကို ပြောပါပေါ့၊ သူက မပြောနိုင်တော့ ဒီကိစ္စကို သူ့ကို တာဝန်ယူခိုင်း သလို ဖြစ်နေတယ်"ဟု အထက်ပါ အမျိုးသမီး သတင်းထောက်က ဆိုသည်။

ယင်းသတင်း ထောက်ချုပ် ကိုစောမြင့်သန်းသည် ဧရာဝတီသတင်းဌာနနှင့် မည်သို့မျှ မပတ်သက်ကြောင်းနှင့် ၎င်းအား ရဲတပ်ဖွဲ့က ခေါ်ယူကြိမ်းမောင်းသည့် သတင်းဖော်ပြရာတွင်လည်း ကိုစောမြင့်သန်းနှင့် တိုက်ရိုက် ဆက်သွယ်၍ သတင်းရ ယူမှု မရှိကြောင်း ဧရာဝတီ တာဝန်ရှိသူများက ပြောကြားသည်။

လတ်တလောတွင် ကိုစောမြင့်သန်းအား အီလက်ထရွန်းနစ် ပုဒ်မ၊ ပြည်ပ တရားမ၀င်အဖွဲ့အစည်းနှင့် ဆက်သွယ်သည့် ပုဒ်မ၊ အစိုးရကို အကြည်ညိုပျက်စေသည့် ပုဒ်မ များတပ်၍ ကျောက်တံတား ရဲ စခန်းတွင်ဖမ်းဆီးချုပ်နှောင် ထားကြောင်း သိရသည်။

"သူတို့ (အာဏာပိုင်) က ဒီလိုဟာမျိုးကို သည်းမခံဘူး၊ နောက်တခုက စံပြ သဘောလည်း ဖြစ်လိမ့်မယ် ထင်တယ်၊ စိစစ် ရေးနဲ့ ပတ်သက်တဲ့ သတင်းတွေ၊ အထူးသဖြင့် ပြည်တွင်းက သတင်းတွေ နာရီပိုင်းနဲ့ ၀က်ဘ်ဆိုက်မှာတက် သွားတာကို၊ အပြင်ရော အတွင်းရော လုပ်နေတာကို အရေးယူပြရမယ်ဆိုတဲ့ သဘောမျိုး လို့ထင်တယ်"ဟု သတင်း အယ်ဒီတာ တဦးက ပြောဆိုသည်။

ကိုစောမြင့်သန်းသည် စစ်အစိုးရ စာပေစိစစ်ရေး ခွင့်ပြုချက်ဖြင့် သြဂုတ်လကုန်ပိုင်း၌ ထုတ်ဝေသော ဖလားဝါး နယူးစ် ဂျာနယ်တွင် သင်္ဃန်းကျွန်းမြို့ နယ် မှ လင်မယား ၂ ဦး အသတ်ခံရမှု သတင်းအား ရေးသားဖော်ပြမှုနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း ရဲ တပ်ဖွဲ့က ၎င်းအား ခေါ်ယူ စစ်ဆေးကြိမ်းမောင်းခဲ့သော်လည်း ယင်းသတင်းသည် ၀ိကလီး အလဲဗင်း ဂျာနယ်နှင့် သည်ဗွိုက်စ် ဂျာနယ်များတွင် ပါ ဖော်ပြ ပါရှိခဲ့သည်။

နောက်ဆုံးရရှိသည့် သတင်းများအရ စစ်အစိုးရ ၀န်ကြီးဌာနများက ပြင်ပ ပုဂ္ဂလိက မီဒီယာများသို့ သတင်းထုတ် ပြန်မှုများ မပြုလုပ်တော့ကြောင်းနှင့် မီဒီယာသမားများ ယင်းဌာနများသို့ လာရောက်ပါက မည်သည့် အကြောင်း ဖြင့်လာသည် ဖြစ်စေ အသေးစိတ် စုံစမ်းမေးမြန်းမှုများပြုလုပ်၍ မှတ်တမ်းပြုစုထားရန် တနင်္လာနေ့က စတင် ညွှန်ကြား ထားကြောင်း သိရှိရသည်။

--------------------------------------------------------------------------------------------------------

(မှတ်ချက် ။ ။ မီဒီယာကို မီဒီယာချင်း မတိုက်နိုင်တော့တဲ့အခါ...လေလှိုင်းပေါ်မှာသာမက အပြင်မှာပါ လူသတ်ပွဲဆင်နွှဲနေသည့် နအဖ စစ်အဆိုးရ၏ လုပ်ရပ်များမှာ
လူသားမဆန်ဘဲ
အလွန်တရာ ရှက်ဖွယ်ကောင်းလွန်းလှပေစွ။)

POEM FOR THE MIND GAME 2

အခန်းဆက် သူရဲကောင်း
ခိုင်နေဒီ

အမေရိကန် သမ္မတ ရီဂင်လည်း မရှိတော့ဘူး
ဆိုဗီယက်ခေါင်းဆောင် ဂေါ်ဘာချော့လည်း မရှိတော့ဘူး
ဘာလင်နယ်ခြားတံတိုင်းမှာ
အရှေ့ဂျာမနီ အမည်ဆိုတာလည်း မရှိတော့ဘူး
တောင်အာဖရိက စတုတ္ထစိန်များထွက်ရာ
အင်ဂိုလာနိုင်ငံမှာ ကျူးဘားတပ်ဖွဲ့လည်း မရှိတော့ဘူး
သမ္မတ ဟိုးဆေး အဲဒွါဒို ဒို့စ်ဆန်းတော့စ်လည်း မရှိတော့ဘူး
ဆန့်ကျင်ဘက် ဒေါက်တာ ယီးနက်ဆာဗင်ဘီရဲ့
ယူနီတာ အဖွဲ့လည်း လုံးဝမရှိတော့ဘူး။
လေယာဉ်ပျံတွေရဲ့ အတိုက်အခိုက်ခံ
နယူးယောက်မြို့က
ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံလည်း မရှိတော့ဘူး
အာဖဂန်နစ္စတန်တောင်တန်းမှာ
အယ်ခိုင်ဒါ အကြမ်းဖက်အဖွဲ့လည်း မရှိတော့ဘူး။
မရှိခြင်းတရားက
ကံစီမံရာ ရှင်သန်ခွင့်မှာ
ဗင်လာဒင် အုတ်ဂူပေါ် ဆေးလိပ်ထိုင်သောက်ချင်တဲ့
အမေရိကန် သမ္မတ သား - ဂျော့စ်ဘုရှ်တော့ ရှိသေးတယ်။

ခိုင်နေဒီ


(ကမ္ဘာ့ကဗျာနေ့ WORLD POEM DAY - March, 21. 2008 ကဗျာစာအုပ် (ပခုက္ကူ)မှ ကူးယူဖော်ပြသည်)
(ဘုရှ်ဓာတ်ပုံ - http://blog.pennlive.com/)

POEM FOR THE MIND GAME 1

ရှုံးနိမ့်မှု မှ အလင်းရှိရာဆီ
ရွှေသွေး


နေ့ရက်တွေ ရှိသေးတယ်
နာရီတွေ ကျန်သေးတယ်
ခြေလှမ်းတွေ ထပ်မြှင့်လိုက်
စိတ်ဓာတ်တွေ အရုဏ်ဦးမနက်ခင်းလို
အရောင်တင်းလိုက်
နေမင်းကြီးက နေ့ရဲ့အရှင်
လမင်းကြီးက ညရဲ့သခင်
ဖယောင်းတိုင်လေးများ
ကြယ်တံခွန်လေးများ
လမိုက်ညကို ခွင်းတဲ့အားလို
အောင်မြင်ခြင်းအလင်းရှိရာ
ငါ အရောက်သွားမယ် ။ ။

ရွှေသွေး

(ကမ္ဘာ့ကဗျာနေ့ WORLD POEM DAY - March, 21. 2008 ကဗျာစာအုပ် (ပခုက္ကူ)မှ ကူးယူဖော်ပြသည်)
(လက်သီးပုံ - http://mattaronson.wordpress.com/)

Sitagu Sayadaw U Nyannissara is preaching in Mandalay for Nargis Fund

သီတဂူဆရာတော်ဘုရားကြီး အရှင်ဥာဏိဿရသည် ၀ါတွင်းကာလ အခါသမယအတောအတွင်း မန္တလေးမြို့၊ မြင်းခြံမြို့များ၌ နာဂစ်လေဘေးကူညီရေး ရန်ပုံငွေအတွက် အလှူခံတရားပွဲများ ဟောကြားပြီး ရန်ပုံငွေရှာဖွေလျက်ရှိနေပါသည်။
ဆရာတော်ဘုရားကြီးသည် နာဂစ်မုန်တိုင်းက ဧရာဝတီတိုင်းနှင့် အခြားအောက်ဗမာပြည်နေရာများကို ၀င်မွှေအပြီး မေလ (၈)ရက်မှ စတင်ကာ နာဂစ်လေဘေးသင့်ဒေသများအတွက် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ယနေ့အချိန်အထိ စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိနေပါသည်။
ယခုအခါ ဆရာတော်ဘုရားကြီးသည် မန္တလေးမြို့၊ မြင်းခြံမြို့များတွင် ညစဉ်ဆက်တိုက်ဆိုသလို တရားပွဲများ ကျင်းပပြီး နာဂစ်ရန်ပုံငွေအတွက် အလှူငွေ၊ ပစ္စည်းများ ဆက်လက်အလှူခံလျက်ရှိပါသည်။




မန္တလေးမြို့ပေါ်က အရှင်ဥာဏိဿရ၏ တရားပွဲတစ်ခု (သြဂုတ်၊ ၀၀၈)




Samak Sundaravej, We are very sorry.

ဝမ်းနည်းပါတယ်.. မစ္စတာ စမတ် ရယ်...


"နေ့ပြောနောက်ကြည့်၊ ညပြောအောက်ကြည့်" ဆိုသော မြန်မာစကားပုံလေးတစ်ခုရှိပါသည်။

ထိုင်းဝန်ကြီးချုပ် Samak Sundaravej က ကုလသမဂ္ဂအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို ထည့်မစဉ်းစားဘဲ စစ်အဆိုးရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၂၀၁၀ ရွေးကောက်ပွဲကိစ္စတွေကိုသာ ဆွေးနွေးဖို့ ပြီးခဲ့တဲ့ တနင်္လာနေ့က ပြောဆိုသွားခဲ့ပါသည်။

အဲသလို ဗမာပြည် စစ်အဆိုးရ အကြိုက် မဆင်မခြင် လိုက်ပြောပြီး နောက်တစ်ရက်လည်းရောက်ရော ထိုင်းဝန်ကြီးချုပ် Samak တစ်ယောက် သူ့ကို ဖြုတ်ချလိုသော ထိုင်းပြည်တွင်း ဆန္ဒပြပွဲများနှင့် ရင်ဆိုင်လိုက်ရတော့သည်။ ကိုယ့်ပြည်တွင်းရေးကိုတောင် နိုင်နင်းကျွမ်းကျင်အောင် မစီမံ၊ မခန့်ခွဲနိုင်ဘဲနှင့် ကျွန်တော်တို့ ဗမာပြည်အရေးကို သူက အကြံများတောင် ပေးနေလိုက်ပါသေးသည်။ ပြီးတော့လည်း သူက ဗမာပြည် စစ်အဆိုးရဘက်က။

ယခုအခါမှာတော့ သနားစရာ ထိုင်းဝန်ကြီးချုပ် Samak တစ်ယောက် သူ့ပြည်တွင်းရေး မငြိမ်မသက် ဖြစ်မှုတွေကို ကိုင်တွယ်ဖို့အတွက် ဗမာ စစ်ဗိုလ်ချုပ်ကြီးတွေဆီက ညစ်နည်းမျိုးစုံ အကြံဥာဏ်တွေ တောင်းနေရပြီလား.... (ဒါမှမဟုတ်) ထိုင်းဝန်ကြီးချုပ်ရားထူးကနုတ်ထွက်ပေးဖို့ အထုပ်ပြင်နေရရှာပြီလား ဆိုတာကတော့ .........

----------------------------------------------------------------------------------------------------------------------
Reference : http://enews.mcot.net/view.php?id=5922&t=2

MCOT English News:
"Thai PM suggests UN talks with Myanmar on democracy, constitution, elections only"

BANGKOK, Aug 25 (TNA) -- Thai Prime Minister Samak Sundaravej on Monday suggested that the United Nations should only discuss democracy, constitution and elections with Myanmar.

His comments were made at Government House after he had met earlier in the day with United Nations special envoy Ibrahim Gambari, who paid a six-day visit to Myanmar last week.

Disagreeing with Western countries on their efforts to bring democracy to Myanmar with the release of detained opposition leader Aung San Suu Kyi, the Thai prime minister said talks between the world body and Myanmarauthorities could become fruitful if Mrs. Suu Kyi was left off the agenda.

If this issue was left out of discussions, the UN could talk a lot with Myanmar, Mr. Samak said.

Mrs. Suu Kyi's National League for Democracy won a landslide victory in the general elections held in 1990 but was prevented from taking the reins of government by the military junta which has ruled the country since 1962.

Mr. Samak said he had advised Mr. Gambari during their meeting that the world body confer with the Myanmar authorities on how the country could achieve democracy, its constitution, which was approved amid criticism in May, and elections the country will hold in 2010.

Prime Minister Samak said he planned to attend the UN General Assembly annual meeting in late September and that he planned to "sell this idea" during the meeting, as Thailand is now chair of the Association of Southeast Asian Nations (ASEAN).

He said he would try to persuade the Myanmar military junta to allow observers to attend the promised election. (TNA)

----------------------------------------------------------------------------------------------------------------------




(Thai Protests Photos from AFP)

A POEM DEDICATED TO PEOPLE WHO BURIED THE NARGIS DEAD BODIES

ဓမြချောင်း
နှင်းကေသရာ (သုဘရာဇာ)


ရွာကလေးနာမည်က ချောင်းလေးရဲ့ နာမည်
အဲ့ဒီချောင်းလေးကနေ ဓမြတွေ ချောင်းချောင်းတိုက်လို့
ဓမြချောင်းလို့ နာမည်တွင်ခဲ့
ဓမြချောင်းက ဘိုကလေးပိုင် မိန်းမလှကျွန်းအနီး
ကျွန်းညိုကြီးနဲ့ မျက်နှာချင်းဆိုင်
အခုတော့ နာဂစ်က ဓမြချောင်းခေါ် ခေတ်သစ် ဓမ္မသုခကိုဝင်မွှေ
ကျွန်တော်တို့တစ်လပြည့်ပြီးရောက်တော့ အလောင်းတွေအပုံလိုက်
အဲ့ဒီမှာ နာဂစ်မန်မိုရီပက်(စ်) လုပ်ဖို့
ဘယ်သူမှ မတိုက်တွန်းပဲ အလောင်းတွေ ကောက်ခဲ့တယ်
ကိုယ့်စိတ်နဲ့ကိုယ်လုပ်ခဲ့တယ်
ကဗျာဆရာဆိုတာ ကျရာတာဝန်ထက် သူများမလုပ်ချင်တာလုပ်မှ
ခံစားချက်ရှိသလို ရင်ခုန်နိုင်မှ
ဒါအပြစ်တဲ့လား
ဓမြချောင်းမှာ ကျွန်တော်တို့ကို ဓမြတွေ ချောင်းရိုက်သွားတယ်။
ဓမြချောင်းကို သမိုင်းဝင်ဖို့
ကျွန်တော်တို့ ဆွဲသွင်းခဲ့တာ
ဓမြချောင်းက လက်ခံပေမဲ့ ဓမြတွေက လက်မခံဘူး
နာဂစ်မန်မိုရီပက်စ်လေး
ဘယ်တော့ ငြိမ်းချမ်းရေးအလံနဲ့
လွတ်လပ်စွာစာနာ ၀မ်းနည်းမှုတွေ လုပ်နိုင်မလဲ
ဓမြချောင်းမှာ ငါတို့ကို ဓမြတွေ ချောင်းရိုက်ကြတယ်။

နှင်းကေသရာ (သုဘရာဇာ)

(မိမိတို့ စေတနာဖြင့် အလောင်းကောက်ခဲ့သော မိတ်ဆွေများနှင့် အဖမ်းခံရသော ကိုအောင်ကျော်ဆန်း၊ ဒေါက်တာနေ၀င်းတို့နှင့် နာဂစ်စွန့်ပယ်အလောင်းများအတွက်)

PHOTO ALBUM OF KO AUNG KYAW SAN AND HIS FRIENDS

ကြောက်တတ်သူများ မကြည့်ပါနှင့်

KO AUNG KYAW SAN AND HIS FRIENDS

နာဂစ်လေဘေးကယ်ဆယ်ရေးလုပ်ငန်းများ (အထူးသဖြင့် စစ်အဆိုးရလစ်လျူရှုထားသော အလောင်းရှာဖွေ၊ မြေမြှုပ်ရေးလုပ်ငန်းများ)ကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သော အဖွဲ့မှ ကိုအောင်ကျော်စန်း မှာ ဒေါက်တာနေ၀င်း၊ အခြား (၇)နှစ်ဦးနှင့်အတူ စစ်အဆိုးရ၏ ဖမ်းဆီးနှိပ်စက်ခြင်းကို ယခုအခါ ခံနေရှာပြီဖြစ်ပေသည်။ သို့ဖြစ်၍ သူများမလုပ်ရဲသော၊ မလုပ်ဝံ့သော အလောင်းရှာဖွေ၊ မြေမြှုပ်ရေး လုပ်ငန်းများကို မကြောက်မရွံ့  ၊ မရွံမရှာ ဆောင်ရွက်ခဲ့သော ကိုအောင်ကျော်စန်းနှင့် သူ၏ သူငယ်ချင်းများ ၏ ဓာတ်ပုံများကို ဖော်ပြလိုက်ပါသည်။

ကိုအောင်ကျော်စန်း နာဂစ်ဒဏ်သင့်ပြည်သူများကို နှစ်သိမ့်အားပေးစကား ပြောကြားနေစဉ် (မျက်မှန်၊ ဘောင်းဘီရှည်နှင့်)






(ကျန်ရှိနေသော ဓာတ်ပုံများကို အလျဉ်းသင့်လျှင် ဆက်လက်ဖော်ပြသွားပါဦးမည်)

ဆက်စပ်သတင်း (ဒီဗွီဘီ) - Related News from DVB

INTERVIEW WITH KYAW THU (F. F. S. S)

အကူအညီ လိုအပ်နေ (အင်တာဗျူး)
နန်းဒေဝီ
ကြာသပတေးနေ့၊ သြဂုတ်လ 14 2008 14:17 - မြန်မာစံတော်ချိန်

http://www.ffssyangon.com/

(နာရေး ကူညီမှုအသင်း - ရန်ကုန် ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဆက်သွယ် မေးမြန်းချက်)

အခမဲ့ ကျန်းမာရေး စောင့်ရှောက်နေသည့်အပြင် သေဆုံးသူ ဆင်းရဲသားများအတွက်ပါ အသုဘ ယာဉ်မောင်းကာ လိုက်လံ သဂြုင်္ိဟ်ပေးနေသော နိုင်ငံကျော် ရုပ်ရှင်မင်းသားကျော်သူ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်နေသည့် နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် အရေးပေါ် အကူအညီများ လိုအပ်နေသည်ဟု သိရသည်။

အသင်းကြီးသည် ရန်ကုန်တိုင်းအတွင်း သေဆုံးသူ ရာချီရှိသည့် အရေအတွက်ကို လစဉ်နီးပါး လိုက်လံသဂြုင်္ိဟ် ပေးနေသလို၊ သုခ ကုသိုလ်ဖြစ် ဆေးခန်းကလည်း နေ့စဉ်နှင့်အမျှ လူနာပေါင်း ၁၅ဝ ကျော်ကို အခမဲ့ ကုသပေးရင်း လည်ပတ်လာခဲ့သည်။ သို့သော် လာမည့်နှစ် ဇူလိုင်လတွင် ဆေးခန်းနေရာ ပြောင်းရွှေ့ပေးရမည် ဖြစ်သဖြင့် အဆောက်အဦးသစ် တည်ဆောက်ရန်အတွက် ကျပ်ငွေသိန်းပေါင်း ၁၂ဝဝ ခန့် လိုအပ်နေသည်ဟု သိရသည်။

အခြေအနေကို သိရှိနိုင်ရန်အတွက် အသင်း ဥက္ကဋ္ဌ ဦးကျော်သူကို နန်းဒေဝီက ဆက်သွယ် မေးမြန်းထားသည်ကို တင်ပြလိုက်ပါသည်။

မေး။ နောက်နှစ် ဇူလိုင်လကုန်မှာ ကိုကျော်သူတို့ရဲ့ သုခကုသိုလ်ဖြစ် ဆေးခန်းဟာ သင်္ကန်းကျွန်းမြို့နယ် ဘုန်းကြီးကျောင်းကနေ ပြောင်းရွှေ့ပေးရမယ်လို့ ကြားလို့ပါ။

ဖြေ။ ဟုတ်ပါတယ်ခင်ဗျာ။ သင်္ကန်းကျွန်း ကျောင်းထိုင်ဘုန်းကြီး ကိုယ်တိုင်က ရွှေ့ပေးဖို့ ပြောလာတဲ့ အတွက်ကြောင့် ပြောပါတယ်။ ဒါကြောင့် မြောက်ဒဂုံမြေကွက်မှာ တနှစ်အတွင်း ၃၁၊ ၇၊ ၂ဝဝ၉ ခုနှစ်အတွင်းမှာ ကျနော်တို့ ရွှေ့ပေးရမှာ။ ကျနော်တို့ အဆောက်အဦး ဟိုမှာ ပြန်ဆောက်ရမယ်။

လောလောဆယ်တော့ ပလပ်စတစ် အမှိုက်ပုံ ဖြစ်နေတယ်။ မြေက ကျယ်တယ်၊ ၂ ဧက ကျယ်တယ်။ နိုင်ငံတော်ကပဲ ချပေးထားတာပါ။ ကျနော်တို့ တိုင်ရိုက်ပြီး ဆောက်ရမယ်။ အဆောက်အဦးအတွက် အလှူငွေ လိုအပ်နေတာပါ။ လောလောဆယ်တော့ ဝင်းတော့ ခတ်ထားပြီးပြီ။

မေး။ ဘာကြောင့် ရွှေ့ခိုင်းတာလဲရှင့်။

ဖြေ။ ကျောင်းထိုင်ဆရာတော်က သူ့စာသင်သားတွေ ထပ်ထည့်ဖို့ လုပ်နေတာဆိုတော့။ ကျောင်းက ပရိယတ္တိ စာသင်တိုက်ဆိုတော့လေ။ စာသင်သားတွေ ထပ်တိုးချဲ့ဖို့ ရှိတယ်ဆိုတော့ နေရာအခက်အခဲ ရှိနေတော့ ကျနော်တို့ ရှိနေတဲ့ အတွင်း နေရာလေး ရွှေ့ပေးဖို့ အဲလို ပြောလာလို့ပါ။

မေး။ ဘုန်းကြီးကျောင်းမှာ နာရေးကူညီမှုအသင်း ဖွင့်ခဲ့တာ ဘယ်လောက်ကြာပြီလဲ။

ဖြေ။ ကျနော်တို့စလုပ်ခဲ့တာ ၂ဝဝ၁ ခုနှစ် ဇန်နဝါရီလကနေ စလုပ်ခဲ့တာ ဒီနေ့အထိပါ။

မေး။ လတ်တလော အရေးပေါ် ဘာလိုအပ်လဲရှင့်။

ဖြေ။ ကျနော်တို့ လောလောဆယ် အဆောက်အဦး ဆောက်ဖို့ အလှူငွေ လိုအပ်နေတာပါ။ အဆောက်အဦးက ရုံးအဆောက်အဦး လိုမယ်။ အလှူခံဌာန၊ ဆေးခန်းလိုမယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ အခမဲ့ ဆေးခန်း (သုခကုသိုလ်ဖြစ် ဆေးခန်း) ပါ ရွှေ့ပေးရမှာမို့ပါ။ အဲဒီ အဆောက်အဦးတွေအတွက် အလှူငွေ လိုနေတာပါ။ အဆောက်အဦး မရှိလို့ မဖြစ်ပါဘူး။

မေး။ အဆောက်အဦးတွေအတွက် ကုန်ကျစရိတ် ဘယ်လောက် ခန့်မှန်းထားပါသလဲ။

ဖြေ။ ဆေးခန်းမပါဘဲ ရုံးအဆောက်အဦးပဲဆိုရင် မြန်မာကျပ်ငွေသိန်း ၁၂ဝဝ လောက်လိုမယ်။ အဆောက်အဦးက မရှိရင် မဖြစ်ပါဘူး။ အဲဒါသာ ပြီးသွားရင်တော့ ဆေးခန်းတော့လည်း ဖြစ်လာမှာပါ။ အဲလို ဖြစ်သွားရင်တော့ တကယ်ကုချင်တဲ့ လူနာတွေ ကျနော်တို့ရှိတဲ့ နေရာဆီကို အရောက်လာမှာပါ။

အလှူရှင်တော်တော်များများ ပြည်တွင်းကနေ လှူနေကြပါတယ်။ နာရေးအတွက်ဆို နာရေးအတွက် လှူတယ်။ ဆေးခန်းအတွက်ဆို ဆေးခန်း၊ အဲလို လှူကြတယ်။ အဆောက်အဦး ဆောက်မယ်ဆိုတာတော့ လူတွေ သိပ်မသိကြသေးဘူး။ လူတွေသိအောင် ကျနော်တို့ ကြိုးစားနေတာပါ။ ကျနော်တို့က နာရေးအတွက် လှူရင် နာအရေးအတွက်ပဲ သုံးတယ်။ ဆေးခန်းအတွက်လှူရင် ဆေးခန်းအတွက် သီးသန့် လိုင်းခြားထားတော့ ကျနော်တို့အတွက် အဲဒီ အခက်အခဲတွေ ရှိနေတာ။

မေး။ အဆောက်အဦးအတွက် အလှူရှင်တွေရော ခေါ်ထားတာ မရှိဘူးလား။

ဖြေ။ အခုမှ ကျနော်တို့စပြီး လုပ်မလို့ပါ။ ဝဘ်ဆိုဒ်တွေမှာ တင်ဖို့လုပ်နေတာပါ။

မေး။ အခမဲ့ ကုသပေးတဲ့ သုခကုသိုလ်ဖြစ် ဆေးခန်းကို လူနာတွေ အလာများလား။

ဖြေ။ တော်တော်လာကြပါတယ်။ တရက်ကို လူနာ ၁၅ဝ ကနေ ၂ဝဝ အထိ လာတယ်။ မနက်ပိုင်းကနေ စပြီးတော့ ညနေအထိပေါ့။ အားလုံးကို အခမဲ့ ကုသပေးနေပါတယ်။ မျက်စိခွဲ၊ အရိုးအကြော၊ ကလေးအထူးကု၊ အမျိုးသမီး အထူးကု၊ Ultra sound အခမဲ့ ရိုက်ပေးပါတယ်။

မေး။ နာရေးကူညီမှုအသင်း ဖြစ်လာပုံလေး ပြောပြပါအုံးရှင့်။

ဖြေ။ ကျနော်တို့ စစချင်းတော့ အလုပ်အမှုဆောင်တွေ အပါအဝင် ၁၂ ယောက်၊ ၁၅ ယောက်လောက်နဲ့ စခဲ့တာပါ။ မန္တလေး ဗြဟ္မစိုရ်အသင်းက နာရေးကို စခဲ့တာ။ ကျနော့်အမျိုးသမီး ဒေါ်ရွှေဇီးကွက်ရဲ့ အဒေါ် ပါတယ်။ သူ့အဒေါ်က ရန်ကုန်မှာလည်း လုပ်ချင်နေတဲ့အခါမှာ ဘဘ ဦးသုခ ကနေပြီးတော့ နာရေးကူညီမှု အသင်း ဖွဲ့ရင် ကောင်းမယ်ဆိုပြီးတော့ ပြောတယ်။ အဲဒါနဲ့ ဘဘအိမ် သွားကြပြီးတော့ ကျနော်တို့ မတည်ငွေတွေ ထည့်ဝင်ကြပြီးတော့ ကျနော်တို့ စလုပ်ကြတာပါ။

ဘဘ ဆေးရုံတက်တုန်းက အမေအိုတယောက်က ဆင်းရဲနွမ်းပါးတဲ့အတွက် မိသားစုဝင်တွေက လာလာကြည့်တယ်။ တရက်ကျတော့ ဆရာဝန်က အမေအိုကြီးကို အိမ်ပြန်ခေါ်သွားတော့ အစွမ်းကုန် ကုပြီးပြီ၊ မရတော့ဘူး ဆိုပြီးတော့ ပြောလိုက်တဲ့ နောက်ပိုင်းတော့ မိသားစုဝင်တွေ ပြန်လာမကြည့်တော့ဘူး။ မလာတဲ့အဆုံး ဆေးရုံကနေ ပိုင်ရှင်မဲ့ သဂြုင်္ိဟ်လိုက်ရတယ်။ အဲဒီ မိသားစုဝင်တွေ အနေနဲ့ အမေအိုအတွက် ကျွေးမွေးစရိတ်၊ ကုသစရိတ်၊ သဂြုင်္ိဟ်စရိတ် မတတ်နိုင်တဲ့အတွက် ဒီလို ပစ်ထားခဲ့တာ ဖြစ်တဲ့အတွက်၊ ဘဘ ဦးသုခကနေပြီးတော့ မဖြစ်တော့ဘူး။ ငါတို့ ဗုဒ္ဓဘာသာမှာ နာရေးကူညီမှုအသင်း ဖွဲ့မှဖြစ်မယ်။ ဒီ့ပြင် ဘာသာတွေမှာ ရှိတယ် ဆိုပြီးတော့ စခဲ့တာပါ။

မေး။ အလုပ်စလုပ်တုန်းက အခက်အခဲ ဖြစ်တဲ့ဟာမျိုးလေး။

ဖြေ။ တချို့ဆိုရင် မသေဘဲနဲ့ သူငယ်ချင်း အချင်းချင်း နောက်ချင်တာနဲ့ ကျနော်တို့ကို ဖုန်းဆက်ပြီးတော့ ဘယ်လမ်း၊ ဘယ်အိမ်မှာလာပြီး အလောင်းလာသယ်ပါ ပြောလို့ ကျနော်တို့ သွားတဲ့အခါကျတော့ အဲဒီလူနဲ့ တိုက်ရိုက်တိုးတာမျိုး ရှိတယ်။ အဲလို နောက်တာမျိုးတွေနဲ့ ကြုံခဲ့ရတယ်။ နောက်တော့ ကျနော်တို့ သဂြုင်္ိင်းလက်မှတ်ဆိုတာကို တောင်းတယ်။ အမှတ်စဉ်ပေါ့။ ကျန်းမာရေးဌာနကနေ ထုတ်ပေးတဲ့ စာရွက်ကို တောင်းတယ်။ အဲဒါ မှန်ကန်မှပဲ ကျနော်တို့ သွားတော့တယ်။

အခုဆို တနေ့ ၄ဝ ကနေ ၄၅ လောင်းအထိ လိုက်သဂြုင်္ိဟ်ပေးနေရတယ်။ အားလုံး အခမဲ့ ဆောင်ရွက်ပေးတာပါ။ ဆင်းရဲ၊ ချမ်းသာမရွေး အကုန်လုပ်ပေးပါတယ်။

မေး။ အခမဲ့ နာရေးလုပ်ဆောင်ခဲ့တာ ၇ နှစ် ရှိခဲ့ပြီဆိုတော့ အခက်အခဲဆုံး အရာတခုကို ပြောပြပါလား။

ဖြေ။ အခက်အခဲဆုံး အရာဆိုရင် အရင်တုန်းကဆိုရင် ရပ်ကွက်တွေထဲ ဝင်တယ်ဆိုရင် ညာဘက်က နေဝင်တယ်ဆိုရင် ဘယ်ဘက်က မထွက်ရဘူး။ အယူသည်းတာတွေ ရှိတာပေါ့လေ။ ဘာကြောင့်လဲဆိုတော့ ဘယ်ဘက်ကနေ ထွက်တယ်ဆိုရင် ဘယ်ဘက်က လူတွေ သေမဲ့သူတွေ ရှိတယ်ပေါ့လေ။ အဲလို အယူသည်းတာတွေ ရှိခဲ့တယ်။ အခု အဆင်ပြေသွားပါပြီ။

မေး။ နာရေးကူညီမှုအသင်းက အတိုင်းအတာတခုထိ တိုးတက်မှုရှိလာပြီလို့ ပြောနိုင်ပြီလားရှင့်။

ဖြေ။ တိုးတက်ပါတယ်။ အများကြီး တိုးတက်လာပါတယ်။ ကျနော်တို့ ၂ဝဝ၁ ခုနှစ် ဇန်နဝါရီကဆိုရင် အလောင်း ၄ဝ ပဲ သဂြုင်္ိဟ်ပေးခဲ့ရတယ်။ အခု ၂ဝဝ၈ ခုနှစ် ဇန်နဝါရီဆိုရင် အလောင်း ၁ဝ၅၂ လောင်း သဂြုင်္ိဟ်ပေးခဲ့ရတယ်။ ကူညီမှုအပိုင်းက တော်တော် မြင့်မားလာပါတယ်။

မေး။ နောက်ထပ် နာရေးကူညီမှု အသင်းအတွက် စိန်ခေါ်မှုတွေက ဘာတွေ ဖြစ်လာနိုင်အုံးမလဲရှင့်။

ဖြေ။ နောက်ထပ် ဘာတွေ ဖြစ်လာအုံးမလဲဆိုတာ ကျနော်တို့ မသိရသေးပါဘူး။ ဘယ်လို ဖြစ်လာအုံးမယ် ဆိုတာလည်း မပြောနိုင်သေးတော့ ကျနော်တို့ကတော့ ကိုယ့်ဟာကိုယ်နေ၊ ယောဆရာတော် ဟောထားတဲ့အတိုင်း၊ ကိုယ်ပြုသော ကံအတိုင်း ကိုယ့်ဆီပြန်လာမယ် ပြောတဲ့အတိုင်းပဲ ကျနော်တို့ ကောင်းမှုကုသိုလ် လုပ်ပေးနေပါတယ်။

မေး။ အခမဲ့ ကုသိုလ်ဖြစ် ဆေးခန်းမှာ အလုပ်လုပ်တဲ့သူ စုစုပေါင်း ဘယ်လောက်ရှိနေလဲ။

ဖြေ။ သူနာပြု ဆရာမကြီး ၂ ယောက်နဲ့ နာ့စ် Nurse တွေ ၄ ယောက်လောက် ရှိပါတယ်။ ဆရာဝန်တွေ အားလုံးကတော့ ကိုယ့်စရိတ်နဲ့ကိုယ် လာကုပေးတဲ့သူတွေပါ။ ကျနော်တို့ မငှားရပါဘူး။ သူတို့ အသိစိတ်ဓာတ်နဲ့ သူတို့ လာကူညီပေးနေတာပါ။

(အင်တာဗျူးကို http://burmese.mizzimaphoto.com/interview/1529-2008-08-14-08-00-58.html မှ ကူးယူဖော်ပြသည်။)

---------------------------------------------------------------------------------------
Website Address of F.F.S.S (Free Funeral Services Society) - http://www.ffssyangon.com/

FREE ZAGANAR NOW !!!

A Photo of Kyaw Thu and Zaganar (September Golden Revolution)


http://burmese.dvb.no/news.php?id=5356

STRANGE TEXTS IN FRONT OF PAGODA

In front of Bo-Ta-Htaung Pagoda
ရန်ကုန်မြို့ထဲရှိ ဘုရားများ၏ ၀င်ပေါက်၊ မျက်နှာစာများတွင် အထက်ပါ ဓာတ်ပုံထဲကကဲ့သို့ ထူးဆန်းသော စာတန်းများကို တွေ့ရလေ့ရှိပါသည်။

MEDIA FIGHTING


ကာတွန်း - ဟန်လေး (ခေတ်ပြိုင်ဝက်ဆိုဒ်)

20 YEARS.... (from 8.8.88 to 8.8.08)

(Picture from viss.wordpress.com)

The 8888 Uprising (Burmese: ၈၄လုံး or ရ်ဟစ်‌လေးလုံး; MLCTS: hrac le: lum:) was a national revolution in Burma (Myanmar) demanding democracy in 1988. The uprising began on August 8, 1988, and from this date (8-8-88), it is known as the "8888 Uprising".

University students began demonstrations in Yangon (Rangoon), which spread throughout the country. The uprising ended on September 18, after a bloody military coup by the State Law and Order Restoration Council (SLORC). Thousands, mostly Buddhist monks and civilians (primarily students) were slaughtered by the Tatmadaw (armed forces).

(More data of 8888 Uprising - http://en.wikipedia.org/wiki/8888)

SHWEDAGON PAGODA AND CYCLONE NARGIS (July, 2008)


Saving Works by Sitagu Sayadaw U Nyannissara

Children crowding Sitagu Sayadaw


Yangon Sitagu Monastery


Sitagu Helps (May 9 - June 9)

A SPECIAL POEM

ချိုတူးဇော်ရဲ့ ကဗျာလေးတစ်ပုဒ်ပါ။
အမှတ်(၁၈)၊ ဇွန်၊ ၂၀၀၈၊ ပိတောက်ပွင့်သစ် စာပေအနုပညာ magazine ထဲမှာ ဖော်ပြထားတယ်။
"မြို့ဟာ
မြို့သူမြို့သားတွေနဲ့ ထိုက်တဲ့တန်တဲ့အတိုင်းပဲ နေမှာ"
ကဗျာထဲက စာသားတစ်ကြောင်းပါ။


"WAKE UP FROM CYCLONE" Cartoon Exhibition (YANGON)

Special News and Articles of the day

-အမေစု လွတ်တော့မယ် (အယ်ဂျာဇီးယား)
-ဒီနေ့ကွန်နက်ရှင်မကောင်းဘူး (ခေတ်ပြိုင်)
- တော်လှန်ရေးမှန်သမျှ ကဗျာထဲမှာ ပထမဆုံး ပေါက်ဖွားတာချည်းပဲ (mizzimaburmese)

You received this email because you are subscribed to the real_time feed for http://bigbbrown.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.