Monday, September 29, 2008

[ဇောင်း] 25 New Entries: ပထမဆုံး Tag လေးတစ်ခု

ပထမဆုံး Tag လေးတစ်ခု

သူများတဂ်ထား တာတွေ ကြည့်ပြီး ကိုယ့်အလှည့်ရောက်ရင် ဘယ်လိုဖြေရမလဲလို့ စဉ်းစားနေတာ အဲ့.... စဉ်းစားရင်းနဲ့ "ကျွန်တော့်ရဲ့ ပထမဦးဆုံးတွေ ဆက်တဂ်ထားတယ်နော် ဘယ်သူတွေလဲသိချင်လာဖတ်အုံး" လို့ Gtalk မှာ နောင်တော် ကိုလင်းထက်ကြီး တင်ထားတာတွေ့လို့ www.လင်းထက်.co.cc ကို သွားကြည့်လိုက်တော့ အောက်ဆုံးကိုအရင်ကြည့်မိတယ်ဗျ ဘယ်သူတွေများ တဂ်ခံရမလဲလို့ ဟီးးး ဟီးးး< >ဒီတစ်ကြိမ်တော့ ခံလိုက်ရပြီဗျို့ ပထမဆုံးကို ပထမဦးဆုံးလေးနဲ့ တဂ်ထားတော့ ရေးလိုက်ပြီးဗျို့ နောင်တော်ကြီးရေ...

~~~~~~ မှတ်ပုံတင်အရ ~~~~~~

အနော့ရဲ့နာမည်
ဇောင်း
အနော့ကိုစငယ်ချင်းတွေကစီလိုဆော်တယ်
ဂဏန်း၊ ချာဇောင်း၊

အနော်စီမှာနေလယ်
ပြားသလိုလို ကမ္ဘာကြီးအောက်

အနော့ချီဖုန်းဆက်ချင်ရင်
၂ ၉ ၅ ၈ ၁၀

~~~~~~ ပထမဆုံးလေးတွေ ~~~~~~

ပထမဆုံးနေခဲ့သည့်ကျောင်း
အလက (၁) အေးသာယာမြို့သစ်
ပထမဆုံးရခဲ့သည်မုန့်ဖိုး
၁ ကျပ် (အဲ့ဒီတုန်းက ရွှေငါးနေကြာစေ့ဆိုရင် နှစ်ထုတ်မှ တစ်ကျပ်ပဲလေ)
ပထမဆုံး ကျောင်းလစ်ချိန်
အဲ့ဒီတုန်းကလေ ကျောင်းကလည်းမသွားချင်ဘူး ဘယ်မှာ သွားရမှန်းမသိလို့ သူငယ်ချင်းနဲ့ ချူံထဲမှာ သွားဆော့နေတာ (တစ်ညိုးအထင်နဲ့နော်.... ဟီးးးဟီးးးး)
ပထမဆုံးရည်းစားထားချိန်
မူကြို 3နှစ်အရွယ် ( အဲ့ဒီတုန်းက ချာမတွေသိလို့ အရိုက်ခံရသေးတယ်ဂျာ..)
ပထမဆုံး အသည်းကွဲချိန်
မူကြိုမှာ ချာမတွေ ဖျက်လို့ အနော်တို့ ကွဲခဲ့ရတယ် အသည်းပြောလာ


~~~~ပေးနိုင်မလား အနော့ရဲ့ အကြိုက်ဆုံးတွေ~~~~~~

အရောင်ဆိုရင်
ဖြူ၊ မဲ
အ၀တ်အစားဆိုရင်
သံချပ်ကာအင်္ကျီ (ဟီးးဟီးးး ခဲနဲ့ပေါက်မှာကြောက်လို့)
အစားအစာဆိုရင်
ပိုးဟပ်ကြော်၊ တောက်တဲ့ကင်၊ အိမ်မြှောင်ကြော် ၊ ပုတ်သင်ညိုအကင်၊ (ဟီးးးဟီးးး သွားရည်ကျနေပီးလား.... ဟ ဟ ကျွေးဘူးနော် )
ပစ္စည်းဆိုရင်
ဂေါ်လီ၊ သရေကွင်း၊ ဗျောက်အိုး
သီချင်းဆိုရင်
မိတ္ထီလာကန်ဝယ်ဖားကောက်ခဲ့ပါ့ကွယ် (အဲ့ဒီသီချင်း)
စာရေးဆရာဆိုရင်
ဘလောက်ဂါများစွာ
စာအုပ်ဆိုရင်
မင်းတို့ရာဇပလ္လင်မလစ်လပ်ချင်ရင် ကိုယ့်နေရာကိုယ်ပြန်ထိုင်နေကြစမ်း ဆိုတဲ့ ချစ်ဦးညိုရဲ့ အလကာင်္ဒီပချစ်သူ အဲ့ဒီစာအုပ်ကိုကြိုက်တယ်
အနေချင်သောပုံစံ
ပုဆိုးစလွယ်သိုင်း အဲ့ဒီလို နေတာ လွတ်လပ်တယ် ဟီးးဟီးးး မျက်လုံးထဲ မြင်ယောင်နဲ့အုံးနော်
အနော့ရဲ့ဝါသနာ
ဟိုကလိ ဒီကလိ ( တစ်ညိုးအထင်ရဘူးနော် ) စက်ပစ္စည်းတွေကို ကလိတာပြောပါတယ်ဂျ ဟီးးဟိးး
အလိုချင်သောလက်ဆောင်
အားလုံးရဲ့နားလည်မှု

~~~~~~ ဖြစ်တည်မှု ~~~~~~
အနော့ရဲ့လေးစားဆုံးသူတွေက
တရား၊ သံဃာ၊ မိဘ၊ ဆရာ ၊ မိတ်ဆွေ
အနော့ကိုနားလည်ပေးနိုင်သူက
ကြာကြာနားလည်ပေးနိုင်ပါ့မလား
အနော့ရဲ့အမုန်းဆုံးသူတွေကတော့
စပ်မိစပ်ရာ ပတ်ဝန်းကျင်တွေပေါ့ ( သူတို့တွေက မလိုသမျိုး လိုသမျိုးလေ )
ရင်ခုန်ဆုံးအချိန်တွေ
ရည်းစားအသစ်ရတိုင်း :D (ကိုလင်းထက်လိုပဲ)
အပျော်ဆုံးအချိန်
စမ်းသပ်တာတစ်ခုခု အောင်မြင်သောအချိန် (ကိုလင်းထက်လိုပဲ)
အမှတ်တရနေ့
များနေလို့အသိတော့ဝူးးးးးးးးးး
ဆုတောင်းတိုင်းတာပြည့်မယ်ဆိုရင်တော့
ဆုတောင်းချင်သေးတယ်
အချစ်ဆိုတာလေ
ဂေါ်လီပစ်ရသလိုပဲ
အမုန်းဆိုတာကတော့
မှန်ထဲမှာ မကြည့်ချင်ပဲကြည့်နေရတဲ့ မျက်နှာလိုပဲ
အလွမ်းဆိုတာ
ပြည့်နှက်နေလို့ဖော်ပြတတ်တော့ဘူး
သံယောဇဉ်ဆိုတာ
အမြင်မှာသေးတယ်လို့ထင်ရတဲ့ သရေကွင်းလိုပဲ
ဘ၀ဆိုတာကလေ
တိုက်ပွဲတဲ့
လက်ဝယ်စကားလေးတစ်ခွန်း
ကိုယ့်ဘ၀နဲ့ကိုယ် မင်းဘ၀နဲ့မင်း


ကိုရီးလင်း ရေ့ ဘာရေးရမှန်းမသိလို့ ရေးမိရေးရာလေးတွေရေးလိုက်ပြီဗျာ

ပေးဆပ်မှု့ (သို့) လိုအပ်ချက်

ယိမ်းယိုင်နေသော တိမ်တိုက်ပေါ်မှာ ဇိမ်ရှိရှိမင်းနေချင်တယ်လို့ ပြောလိုက်ချိန်မှာ ငါ့အတွက် အတတ်နိုင်ဆုံးက မင်းလေးပျော်ဖို့ပါ….။ ဘာမဆိုမင်းအတွက် ဖြည့်ဆည်းနိုင်ဖို့ အင်အားတွေမရှိပေမဲ့ မင်းပျော်ရွှင်အောင်တော့ ထားနိုင်ပါရဲ့…။ ဘ၀နှစ်ခုမှာ နီးစပ်မှုဆိုတာထက် နားလည်မှုတွေနဲ့ တစ်ယောက်ကိုတစ်ယောက်တုန့်ပြန်နိုင်မယ်ဆိုရင် ပျော်စရာကောင်းမှာပဲကွယ်…။ မင်းနဲ့ပတ်သတ်လို့ ပျောက်ဆုံးသွားတဲ့ မျှော်လင့်ခြင်းတိမ်တိုက်တွေကို ငါ့ရင်ထဲမှာ ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး…။ ဘ၀ဆိုတဲ့ စစ်ဆင်ရေးမှာ မင်းအတွက် အရှုံးတွေမဖြစ်ပေါ်လာအောင် တတ်နိုင်သ၍တော့ မင်းရဲ့ဘေးနားမှာ နေပေးမှာပါ…။ မင်းလိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေပေါ့..။ အရာရာတိုင်းမှာ မင်းရဲ့နားမှာ ငါ့ရဲ့စိတ်တွေ ရောက်နေတယ်ကွာ…။ ပြောင်းပြန်စီးတဲ့ မြစ်တစ်စင်းလို့ မင်းရဲ့စိတ်တွေ ဖြစ်ရင်ကောင်းမှာပဲ… ဘာကြောင့်လဲဆိုရင် ငါသိပ်ချစ်သလို မင်းလည်းပြန်ချစ်နိုင်အောင်ပေါ့….။

အရိပ်မာယာ

ပျော်စရာတဲ့လား….
မင်းငါ့ကိုချစ်တာ….
ခဏတာပါ နောက်ကွယ်မှာတော့ မင်းလှည့်စားမဲ့ မာယာကို အရိပ်ပမာ တွေ့နေရလို့ မင်းကိုချစ်ရမှာ ကြောက်မိတယ်…။ တစ်ကယ်ချစ်တယ်ဆိုရင် မင်းရဲ့ အရေခွံဖြစ်တဲ့ မာယာကို ချွတ်ခဲ့ပါကွာ…။ မာယာတွေကို မင်းစွဲမက်နေခိုက်တော့ ဒို့နှစ်ယောက်ရဲ့အချစ်က ခိုင်မြဲခြင်းအရိပ်အယောင်ကို မြင်နိုင်မှာမဟုတ်….။ ပြောချင်တာပြောရေးချင်တာရေးနေတာတော့ ဟုတ်ပါဘူးကွယ်… မင်းသိလျှက်နဲ့ အဖော်ပြုနေတဲ့ မာယာတွေနဲ့ စွန့်ခွာစေချင်လို့ပါ…. မင်းသိနိုင်မလားပဲ မာယာတွေတာမင်းရဲ့ အနားမှာ မရှိရင် ပျော်စရာသိပ်ကောင်းမှာ…။ အခုတော့ မင်းရဲ့ မာယာတွေကြောင့် ငါလေ နင်သိအောင်ပြောပြဖို့ စကားလုံးတွေပျောက်ခဲ့ပြီ…….


အတိတ်မဲ့ ဒဏ်ရာ

အိပ်မက်ဆန်တဲ့
လုပ်ရပ်တွေနဲ့
ငါ့ရဲ့ဘ၀ထဲကို
နင်ဝင်လာခဲ့တယ်နော်
မမောင်းထုတ်ရက်ပါဘူး
ဒီရင်မှာက ဝေဒနာတွေနဲ့မို့
အမုန်းတွေပေးခဲ့မှာကိုတော့
ကြောက်မိတယ်….
မျှော်လင့်ခြင်းတွေလည်း
မင်းပေးခဲ့တယ်
အပြစ်မယူပါဘူးကွယ်
ငါ့ရဲ့ဘ၀မှာ အစကတည်းက
ချစ်ကံခေ ပြီးသားသူမို့
မထူးဆန်းတော့ပေမဲ့
ဒဏ်ရာတွေကိုတော့
မရချင်တော့ဘူးကွယ်……

ဘဝ

ငယ်ငယ်တုန်းကတော့ ဘ၀ဆိုတာ ဘာလဲ လို့ မစဉ်းစားမိခဲ့ဘူး… ထမင်းဆိုတာကိုလည်း ဘယ်က ရလည်းလို့ မစဉ်းစားမိခဲ့ဘူး..။ ဒီကြားထဲ လိုတာကိုမရလို့ မိဘတွေကို ဂျီကြငိုပြခဲ့ဖူးသေးတယ်..။ သားသမီး တွေ အတွက် အဖေနဲ့အမေ နေပူမိုးရွာထဲမှာ ဘယ်လောက်များပင်ပန်းကြလေမလည်းနော်.. အခုတော့ ကျနော် နားလည်ပါပြီ အမေရယ်..။ ဘ၀ဆိုတာ ပြည့်စုံမှုရှိခိုက်တော့ ပျော်စရာပေါ့….။ လိုအပ်ချက်တွေများလာတဲ့နောက်တော့ ဘ၀ကြီးက စိတ်ပျက်စရာပါပဲ အမေရယ်…။ ဘ၀ဆိုတာကြီးကိုတော့ အရှုံးမပေးပါဘူးအမေ..။ မတရားတဲ့ လောကကြီးမှာ မလှပတဲ့ဘ၀ကိုပဲ အပြစ်ပုံချနေမိတော့တယ် အမေရယ်…။ မိုးလင်းမိုးချူပ် စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေရတဲ့ လူတွေကို မြင်ရင် စိတ်ထဲမှာ တစ်မျိုးကြီးဖြစ်မိတဲ့နောက် စဉ်းစားမိတယ် ဘ၀ဆိုတာ ပင်ပန်းမွန်းကြပ်ခြင်းလားလို့.. ဟုတ်လည်းဟုတ်မှာပါအမေရယ်…။ လောကကြီးက လူ လူချင်းလည်း မတရားကြဘူးဗျာ…။ သူတို့တွေက မတူမတန်တဲ့ အကြည့်တွေ မဟူရာဆန်တဲ့ မုန်းတီးခြင်းတွေနဲ့ မွမ်းမံထားကြတယ်..။ ကျနော် သူတို့တွေရဲ့ လုပ်ရပ်တွေကို မုန်းတယ်အမေ..။ တစ်ခါတစ်လေများ ဘ၀ဆိုတာကြီးကို ငြီးငွေ့လာတယ်..။ တစ်ကယ်ပါ ဘ၀ရဲ့ပင်ပန်းမှုတွေကြားက သူတို့တွေရဲ့ လူမှု့ရေးတိုက်ခိုက်မှုတွေလဲ ခံရတယ်ဗျာ…။ လူတွေက ပြောကြတယ်ဗျ ဘ၀ဆိုတာ တိုက်ပွဲတဲ့.. ဟုတ်လားအမေ..။ ဒါဆို ဘ၀ဆိုတဲ့ တိုက်ပွဲကြီးမှာ ရန်သူဖြစ်တဲ့ မာယာတွေ မာနတွေ ခွဲခြားခြင်းတွေ ကဲ့ရဲ့ခြင်းတွေ အများကြီးရှိနေမှာပေါ့နော်……

အမှတ်တရများစွာ

တစ်ဘ၀စာအတွက်
တစ်ခဏတာမှန်း
အစကတည်းက
သိပြီးသားပါကွယ်
ပေါင်းစပ်ခြင်းမရှိတဲ့
တို့နှစ်ယောက်ရဲ့
အနှုတ်လက္ခာတွေမှာ
ညီမျှခြင်းတွေ
ကိုယ်စီနဲ့ပါ
တစ်ချိန်တစ်ခါက
ကုန်းဆုံးခဲ့သောအချိန်တွေမှာ
မင်းနဲ့တို့နှစ်ယောက်
ပျော်ရွှင်ခဲ့တဲ့အရာတွေကို
ပြန်လည်းစဉ်းစားမိတိုင်း
မင်းမမေ့ပါနဲ့လားချစ်သူ
အရာရာတိုင်းဟာ
အမှတ်တရတွေနဲ့မို့ပါ………


မိုးညထဲ

တိတ်ဆိတ်ငြိမ်သက်သောမိုးညတွေထဲ
မိုးလေးတွေ တစ်ဖွဲ့ဖွဲ့ကျခိုက်
ကြင်နာစွာ မင်းရဲ့
ထွေးပွေ့မှုတွေနဲ့အတူ
ညင်သာတဲ့ အနမ်းများစွာတို့ကြောင့်
ရင်ခုန်ခဲ့မိပါတယ်ချစ်သူရယ်…
ခဏသာ တွေ့ရပေမဲ့
တစ်ဘ၀စာ မင်းရဲ့နားက
မမေ့နိုင်သော
အကြင်နာတွေ
ရခဲ့တဲ့နောက်
အဆုံးမရှိတဲ့
ခွဲခွာခြင်းတွေကို
စဉ်းစားမိတိုင်း
ကြောက်မိပါရဲ့
ချစ်သူရယ်

အမှောင်ည

"လ"ကလည်းမသာပါဘူး… အမှောင်ညတွေပါပဲ..။ ဒါဆိုငါရောက်နေတာ အမှောင်ကမ္ဘာမှာလား…။ တစ်ကယ်ကို ငါချောက်ချားမိတယ်..။ အဖော်မဲ့ရပ်ဝန်းတစ်ခုမှာ နေရသလို ကြင်နာမှုတွေနဲ့ကင်းဝေးခဲ့တယ်..။ ထားပါတော့လေ ရေးခဲ့ဖူးတဲ့ မင်းဘ၀နဲ့မင်း ကိုယ့်ဘ၀နဲ့ကိုယ်လိုပေါ့..။ တစ်ကယ်ဆို မျှော်လင့်လိုလား တောင်းတမိတာ မင်းရဲ့အကြင်နာတွေပါ..။ ဗိုက်ဆာလို့ အော်ငိုနေတဲ့ကလေးတွေကို အားကျမိတယ်..။ သူတို့တွေဆိုရင် လိုချင်တာမရင် ဂျီဂျငိုပြလို့ရတယ်…။ ငါ့မှာတော့ ဂျီဂျပိုင်ခွင့်လည်းမရှိ ငိုပြပိုင်ခွင့်လည်းမရှိ..။ အတားအဆီးဆိုတဲ့ စကားလုံးတွေကို ငါစိတ်ရှိလက်ရှိ ကိုင်ပေါက်ပစ်လိုက်ချင်တယ် လွတ်လပ်စွာပေါ့…။ အလင်းမရှိတဲ့ အမှောင်ညတွေမှာပဲ ငါရှင်သန်နေရတဲ့ အဖြစ်က ငါ့အတွက်တော့ မထူးဆန်းတော့ပါဘူးလေ…။ အရေခွံထူနေတဲ့ ဆင်တစ်ကောင်လိုပေါ့..။
နလိန်းပိန်းတုံးတော့ ဟုတ်ဘူးနော် မလင်းမရှိတဲ့ အမှောင်ညတွေမှာ လသာမဲ့နေ့တွေကို စောင့်နေတာ…

ကိုယ့်ဘ၀နဲ့ကိုယ် မင်းဘ၀နဲ့မင်း


မာယာတစ်ခုအကြံဖန်ထုကာ အချစ်တစ်ခုထက် လိုချင်တာရဖို့ ဦးစားပေးတတ်တဲ့မင်းရဲ့ စိတ်တစ်ချို့ကြောင့် တစ်မြေ့မြေ့လောင်ကျွမ်းတဲ့ မီးလို မင်းကိုချစ်တဲ့စိတ်တွေ ယိုယွင်းလာတယ်..။ ဟိုအဝေးကိုလည်း မင်းကြည့်လိုက်ပါအုံးလား..။ မင်းလှည့်စားခဲ့တဲ့ လူတွေမင်းကိုစိမ်းစိမ်းကြီးကြည့်နေကြတယ်..။ ငါတော့မကယ်နိုင်တော့ဘူးလေ..။ လူဆိုတာ ကိုယ့်ဘ၀နဲ့ကိုယ် မင်းဘ၀နဲ့မင်း ပဲ..။ ကိုယ်အလှည့်ကျရင် လာမှပဲဆိုတာတော့ သိထားဖို့လိုတယ်လေ..။ အရင်က ငါမင်းကိုချစ်တဲ့စိတ်ကြောင့် မင်းကိုအခုကယ်ချင်ပေမဲ့လဲ သူတို့က မင်းကိုပဲ မဲနေကြလေတော့ ခံပေအုံးပေါ့ မင်းလုပ်ခဲ့သမျှတွေ..။ ပျော်ပျော်ကြီးခံလိုက်နော်..။ မင်းလုပ်ခဲ့တုန်းကလည်း ပျော်ပျော်ကြီးပဲ လှည့်စားခဲ့တယ်မလား…။ အခုတော့ ငါဟာမင်းရဲ့မာယာစက်ကွင်းကနေ အလိုက်သိစွာ ကျောခိုင်းခဲ့ချိန် အလိုလိုနေရင်း လေထဲမှာ လွှင့်မျှောတဲ့ သစ်ရွက်လို ပေါ့ပါးစွာပေါ့…။ ကိုယ်ချင်းစာတတ်ဖို့ထက် ငါချင်းစာတတ်ဖို့က အဓိကပါကွယ်..။ နောက်ဆိုမင်းလည်း မာယာတွေနဲ့ ကင်းကွာမယ်ဆိုရင်တော့ မင်းလှည့်စားခဲ့တာကို ခံရတဲ့လူတွေလည်း သီးခံစိတ်နဲ့ မင်းကို ပြန်အရေးလုပ်မှာပါ..။ သို့သော် အခုအထိ မင်းလည်းမာယာတွေနဲ့ ပျော်နေလေတော့ မောင်ကြီးမကယ်နိုင်ဆိုတဲ့ စကားလို့ပေါ့..။ ဘာပဲပြောပြော လူဆိုတာ ကိုယ့်ဘ၀နဲ့ကိုယ် မင်းဘ၀နဲ့မင်းပဲ…။

မျှော်လင့်ခြင်းမဟုတ်သော ကောင်းကင်တစ်စုံ




အတိတ်ကမျက်ရည်စက်တွေကို ခ၀ါချခဲ့ပြီးတဲ့နောက် အတိုင်းမသိတဲ့ မိုးရည်စက်တွေနဲ့အတူ အားလုံးကို မေ့သလိုနေကာ ပျော်ရွှင်ဖူးခဲ့တယ်။ အဆင့်မြင့်မြင့် ထိုင်ခုံအောက်မှာ ညောင်နေရတဲ့ ကြောင်တစ်ကောင်လို ပွတ်သပ်ကြင်နာယုယခြင်းတွေကိုတော့ လိုအပ်ပါရဲ့..။ ပြောင်းလဲမှုမရှိဘူးတဲ့ ကောင်းကင်တစ်စုံကပြောတယ် နင်တစ်ယောက်ကလွဲရင် ဘယ်သူ့ကိုမှ မချစ်ဘူးတဲ့ တစ်ကယ်တော့ အဲ့ဒီစကားဟာ သူ့ရဲ့ လက်သုံးစကားပေါ့.။ မာယာလည်းမဟုတ် ရာမလည်းမဟုတ်တဲ့ ငါလိုဒဿကတော့ မင်းရဲ့ လက်သုံးစကားတွေထဲမှာ နစ်မျှောနေစဲလေ...။ မီးကိုပူမှန်းသိလျှက်နဲ့ အတင်းဆုပ်ကိုင်မိတဲ့ ငါ့ရဲ့အဖြစ်ကတော့ အရှုံးများစွာကို အပိုင်ဆိုင်ဖို့နီးစပ်လာတဲ့နောက် နောင်တတွေကို ငါကိုယ်တိုင် ရန်ရှာမိတော့တယ်..။ ပြစ်မရှိတဲ့ ရေခဲကိုလည်း မီးနဲ့ရှို့ခဲ့မိတယ်..။ အမှားများစွာကို လွန်မြှောက်ပြီးခဲ့တဲ့နောက် ဘ၀များစွာကိုသန္ဓေတည်ဖို့ ငါကိုယ်တိုင်ကြိုးစားနေစဲ…။ မျှော်လင့်ခြင်းတောင်ထိပ်ကို ရောက်ဖို့ ပလောင်းတွေ တောင်တတ်သလို ကြိုးစားပမ်းစားနဲ့ အားစိုက်ကာ တတ်လှမ်းခဲ့တယ်..။ ကမ်းလှမ်းကြိုဆိုမဲ့ အပြုံးတစ်စုံလည်း ငါ့မှာမရှိ..။ အထီးမကျန်ပေမဲ့ အဖော်ကင်းမဲ့နေတဲ့ ငါ့ရဲ့အချိန်တွေ ကတော့ ရောက်တတ်နေရာမှာ ပျော်သလိုမနေနိုင်ရှာဘူး..။ ဘ၀များစွာကို ဖန်တီးနိုင်ဖို့အရေး ဘ၀နှစ်ခုကို အရင်းဆုံးပေါင်းစပ်ဖို့ရာ အပြက်ပြက်နဲ့ ပျောက်ဆုံးနေသော သစ္စာတွေကြောင့် အဖော်မဲ့ရပ်ဝန်းမှာ ငါ့ကိုယ်ငါပြစ်စလက်ခတ် နေခဲ့ရတယ်..။ အမှောင်ကမ္ဘာမှာ မင်းနေခဲ့တော့တဲ့ နတ်ဆိုးတစ်ကောင်က ငါ့ကိုကျေနပ်စွာ လောင်ပြောင်ပြောဆိုခဲ့တယ်.။ တစ်ကယ်တော့ မမှုပါဘူးအရာရာတိုင်းဟာ အကောင်းမှမရှိတာ..။ မတည်မြဲမိုးသားတွေလိုပေါ့…..

Dtac အကြောင်းတစ်စေ့တစ်စောင်း

ထိုင်းနိုင်ငံအတွင်း (သို့) ထိုင်းနယ်စပ်တွင် လူများအသုံးပြုနိုင်ရန်အတွက် ဖုန်းနံပါတ်ကဒ် ( Sim Card ) များကို ဈေးနှုန်းသက်သာစွာဖြင့် ထုတ်လုပ်ရောင်းချပေးနေသော Sim Card ကုမ္မဏီင်္ကြီး သုံးခုရှိသည်။ ၄င်းတို့မှာ Dtac, One 2 Call နှင့် Orange(Truemove)တို့ဖြစ်ပါသည်။ ၄င်း Sim Card များကို ထိုင်းနိုင်ငံရဲ့ နယ်စပ်များထဲမှ ထိုင်းနယ်စပ် မြန်မာတွင် တာချီလိတ်မြို့၊ မြ၀တီ နှင့် ထိုင်းနိုင်ငံနှင့်နီးသော နယ်စပ်မြို့များတွင်လည်းအသုံးပြုလို့ရပေသည်။ ၄င်း Sim Card တွေ၏တန်ဖိုးမှာ မြန်မာနိုင်ငံကလို ကျပ် သိန်း ၂၀ ကျော်လောက်တော့ မပေးရပါ။ ထိုင်း Sim Cardတစ်ခု၏ တန်ဖိုးသည် ထိုင်းငွေ ၄၉ဘတ်မှ ၂၅၀ဘတ်အထိသာရှိပါသည်။ကျပ်ငွေဖြင့်တွက်ရသော် ၁၅၀၀ကျပ်မှ ၈၅၀၀ ကျပ်အထိသာ။ လက်ထဲမှာ ထိုင်းငွေ ဘတ်500(သို့)မြန်မာငွေ 12000ကျပ်ကျော် လောက်ရှိရင်ဖြင့် အကောင်းစားမဟုတ်ရင်တောင်မှာ အပေါစားဖုန်းတစ်လုံးတော့ ကိုင်ဆောင်လို့ရပေမည်။ ထို့ကြောင့် ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့တွင် ပလပ်စတစ်ကောက်သမားကအစ ဖုန်းကိုင်ဆောင်နိုင်သည်မှာ ဧကန်အမှန်ဖြစ်ပေသည်။ စီးပွားရေးသမားတွေလည်း ထိုင်း Sim Card တွေရဲ့ စွမ်းဆောင်မှုကြောင့် အလွယ်တစ်ကူ အလုပ် လုပ်ကိုင်နိုင်ပေသည်။ ထိုင်းနိုင်ငံအတွင်း (သို့) ထိုင်းနယ်စပ်တွင် နေကြ၍ ထိုင်း Sim Card များကို အသုံးပြုသူများအတွက် Dtac, One 2 Call နှင့် Orange(Truemove)တို့တွင် Dtac အကြောင်းတစ်စေ့တစ်စောင်းကို တင်ပြအပ်ပေသည်။

*101*9# ကိုဖုန်းတွင် နိပ်ထည့်၍ call လိုက်ရင်ဖြင့် မိမိဖုန်းတွင် အင်္ဂလိပ်ဘာသာဖြင့် ဖုန်းခေါ်ဆိုခ မည်မျှကျန်သည်ကို ဖော်ပြပေမည်။

*101# ကိုဖုန်းတွင် နိပ်ထည့်၍ call လိုက်ရင်ဖြင့် မိမိဖုန်းတွင် ထိုင်းဘာသာဖြင့် ဖုန်းခေါ်ဆိုခ မည်မျှကျန်သည်ကို ဖော်ပြပေမည်။

*102*9# ကိုဖုန်းတွင် နိပ်ထည့်၍ call လိုက်ရင်ဖြင့် မိမိဖုန်း၏ Simcardဖုန်းနံပါတ် ကို အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြပေမည်။

*102# ကိုဖုန်းတွင် နိပ်ထည့်၍ call လိုက်ရင်ဖြင့် မိမိဖုန်း၏ Simcardဖုန်းနံပါတ် ကို ထိုင်းဘာသာဖြင့် ဖော်ပြပေမည်။

*103*9# ကိုဖုန်းတွင် နိပ်ထည့်၍ call လိုက်ရင်ဖြင့် မိမိဖုန်း၏ Promotion call ကို အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြပေမည်။

*103# ကိုဖုန်းတွင် နိပ်ထည့်၍ call လိုက်ရင်ဖြင့် မိမိဖုန်း၏ Promotion call ကို ထိုင်းဘာသာဖြင့် ဖော်ပြပေမည်။


*104*9# ကိုဖုန်းတွင် နိပ်ထည့်၍ call လိုက်ရင်ဖြင့် GPRS ဖွင့်ရန် အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြပေမည်။

*104# ကိုဖုန်းတွင် နိပ်ထည့်၍ call လိုက်ရင်ဖြင့် GPRS ဖွင့်ရန် ထိုင်းဘာသာဖြင့် ဖော်ပြပေမည်။

*108*9# ကိုဖုန်းတွင် နိပ်ထည့်၍ call လိုက်ရင်ဖြင့် ယခင်လနှင့် ယခုလတွင် ဖုန်းခေါ်ဆိုခဲ့သော ကုန်ကျငွေစာရင်းကို အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြပေမည်။

*108# ကိုဖုန်းတွင် နိပ်ထည့်၍ call လိုက်ရင်ဖြင့် ယခင်လနှင့် ယခုလတွင် ဖုန်းခေါ်ဆိုခဲ့သော ကုန်ကျငွေစာရင်းကို ထိုင်းဘာသာဖြင့် ဖော်ပြပေမည်။

*110*9# ကိုဖုန်းတွင် နိပ်ထည့်၍ call လိုက်ရင်ဖြင့် ချီးငွေ ၃၀ဘတ်ကို ထုတ်ပေးပြီး ငွေချီးအခကို ၂ဘတ် ပေးဆောင်ရမည် ကို အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြပေမည်။

*110# ကိုဖုန်းတွင် နိပ်ထည့်၍ call လိုက်ရင်ဖြင့် ချီးငွေ ၃၀ဘတ်ကို ထုတ်ပေးပြီး ငွေချီးအခကို ၂ဘတ် ပေးဆောင်ရမည် ကို အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြပေမည်။

*112*0875833803*20*9# ကိုဖုန်းတွင် နိပ်ထည့်၍ call လိုက်ရင်ဖြင့် မိမိဖုန်းထဲမှ ငွေကို တစ်ခြားတစ်ဦးကို လွဲလို့ပါက လွဲလို့ရနိုင်ပါသည် (အင်္ဂလိပ်ဘာသာ)

*112*0875833803*20# ကိုဖုန်းတွင် နိပ်ထည့်၍ call လိုက်ရင်ဖြင့် မိမိဖုန်းထဲမှ ငွေကို တစ်ခြားတစ်ဦးကို လွဲလို့ပါက လွဲလို့ရနိုင်ပါသည် (ထိုင်းဘာသာ)

သတိပြုရန်။ ။ 112 ၏အနောက်တွင်ရှိသော ဖုန်းနံပါတ်၁၀လုံးမှာ လွှဲလို့သောသူ၏ ဖုန်းနံပါတ်ကို နိပ်ရပြီး နံပါတ်၁၀၏နောက်တွင် 20 ဆိုသောနေရာတွင် 20 မှ 200 အထိ လွှဲလို့ရပါသည်…။ ငွေလွှဲခကိုတော့ 2ဘတ်သာယူပါသည်။ Dtac တစ်ခုတည်းသာ။

*113*30*9# ကိုဖုန်းတွင် နိပ်ထည့်၍ call လိုက်ရင်ဖြင့် မိမိဖုန်း၏သက်တမ်းသည် ရက်ပေါင်းသုံးဆယ်တိုးလာပါမည်။( အင်္ဂလိပ်ဘာသာ)

*113*30# ကိုဖုန်းတွင် နိပ်ထည့်၍ call လိုက်ရင်ဖြင့် မိမိဖုန်း၏သက်တမ်းသည် ရက်ပေါင်းသုံးဆယ်တိုးလာပါမည်။(ထိုင်းဘာသာ)

သတိပြုရန်။ ။ 113 ၏နောက်တွင် 30, 60, 90, 120, 150, တိုးလိုသော ဂဏန်းများကိုနိပ်ထည့်ပါက မိမိဖုန်းတွင်လိုချင်သော သက်တမ်းရပါမည်။

ရက်ပေါင်း 30 ဆယ် ကို ၀န်ဆောင်ခ 2ဘတ်ပေးဆောင်ရပါမည်။ တစ်လကို2ဘတ်ဖြစ်၍ ရက်ပေါင်း150 ဆိုရင် ၀န်ဆောင်ခ 10ဘတ်သာ။

*114*0875833803*9# ကိုဖုန်းတွင် နိပ်ထည့်၍ call လိုက်ရင်ဖြင့် တစ်ဖက်ဖုန်းတွင် ဖုန်းပြန်ဆက်လာပါရန်ကို အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြပေမည်။

*114*0875833803# ကိုဖုန်းတွင် နိပ်ထည့်၍ call လိုက်ရင်ဖြင့် တစ်ဖက်ဖုန်းတွင် ဖုန်းပြန်ဆက်လာပါရန်ကို ထိုင်းဘာသာဖြင့် ဖော်ပြပေမည်။

သတိပြုရန်။ ။ 114၏ နောက်တွင် ဖုန်းနံပါတ်ဆယ်လုံးသည် ဖုန်းပြန်ဆက်လာစေလိုသော ဖုန်းနံပါတ်ကို နိပ်ပါလေ။ ၀န်ဆောင်ခကို ပေးဆောင်စရာမလိုပါ။

မှတ်ချက်။ ။ ထိုင်းနိုင်ငံ (သို့) ထိုင်းနယ်စပ် တွင် နေကြ၍ ထိုင်းဖုန်းနံပါတ်ကတ် (Dtac)ကို အသုံးပြုသူများအတွက်ရည်ရွယ်ပါသည်။

Folder လေးတွေကို အလှဆင်ချင်ရင်




မိမိရဲ့ ကွန်ပျူတာအတွင်းက Folder တစ်ခုခုကိုဖွင့်လိုက်တာနဲ့ နောက်ခံအဖြူရောင်ကို အမြဲတမ်းတွေ့နေရတာဆိုတော့ အင်…. စိတ်လေးလန်းသွားအောင် အလှဆင်ကြစို့ဗျာ…။
ကဲ ဒီမှာယူဗျာ ပေါ်လာသမျှကို လက်ခံဖို့ နေရာတစ်နေရာတော့ပေးလိုက် သူခိုင်းသမျှကို လုပ်လိုက် လက်ဖက်ကောင်းစားချင်ရင် တောင်တက်ရမယ်တဲ့…. သူခိုင်းသမျှကိုလုပ်ပြီးရင်တော့ အလှဆင်ဖို့အိမ်လေးတစ်အိမ် သင့်ရဲ့ Desktopမှာ ရောက်လာပါလိမ့်မယ်… ရောက်လာရင်တော့ တံခါးကိုဖွင့်ပြီး ပြထားတဲ့အတိုင်းသာ လုပ်ပေတော့ဗျို့… ကျူပ်လဲဒီလောက်ပဲကြေငြာတတ်တာဗျ… အော်…ဒီလိုနဲ့ သင့်လည်းသင့်ကွန်ပျူတာရဲ့ အလှဖန်တီးရှင် အသေးစားလေးတော့ ဖြစ်ရပေတော့မည်…।။ :प


ရောသမကဗျာ ( ၃ )

မြင့်မားတောင်ဇောင်း
လှိုင်းသံကြားက
ထွက်၍ပေါ်လာ
စာသားများကြား
လာရောက်မယ်ဆို
အားလုံးကိုကြို...

မင်းရဲ့အပြုံးလေးက
မိုးဦးကျမှပွင့်တဲ့
မိုးဆမ်းပန်းလို
အစဉ်အမြဲ
လှပနေဆဲ...

မောင်မျိုးပြောဆို
ညိမ်းညို စိမ်းစိုသတဲ့
မှတ်သားလောက်ပေ
ချစ်မိတ်ဆွေ...

ငါ့ရဲ့ခရမ်းရင့်ရောင်
အသည်းနှလုံးကို
ပစ်ပေါက်ဆော့ကစားဖို့
မင်းဘက်ကစိတ်ကူးခဲ့ရင်
ပေးဆပ်ခြင်းအချစ်ကို
ထမ်းဆောင်နေပေမဲ့
ခဲမှန်ဖူးတဲ့ စာသူငယ်လို့
ကြောက်ပါရဲ့....

အသည်းကိုကွဲစေတတ်တဲ့
ပိုးကောင်လေးတွေ
ငါ့ရဲ့ရင်ထဲကိုဝင်ရောက်ခဲ့ပြီနောက်
ဒဏ်ရာများစွာနဲ့ငါဟာ
အသည်းကွဲလူကြမ်းဖြစ်ခဲ့ရပေါ့....

တစ်ရွှာသားမို့
ဥပက္ခာမပြုစေချင်
တစ်ရွှာသားပေမယ့်
အညာသားလေးအချစ်ကပိုပါတယ်
လုံမေငယ်...

ကဗျာဆန်သော blogger name များကို ရှာပေးသော မောင်မျိုး ကို နောက်မှမုန့်ဝယ်ကျွေးမည်....။ မုန့်စားချင်သူများ ကဗျာဆန်သော blog name များကို ရှာကြံ၍ ဒီလိပ်စာ အတိုင်းပို့ပေးကြနော် ဆက်ရန်လေးဖတ်ချင်ရင် :) :) .................

ရောသမကဗျာ ( ၂ )

ဘယ်လောက်ပဲ
ဆိုးသွမ်းနေပါစေ
ချစ်တတ်တဲ့စိတ်လေးတော့
ရှိသေးရဲ…..

ပုဂံရာဇ၀င်ထဲက
မင်းကျန်စစ်လို
ချစ်သက်သေပြပါဆိုရင်
ပြလို့တော့ရပါတယ်
ဒါပေမဲ့….
လှံနဲ့ပစ်ခံရမှာကိုတော့
ကြောက်ပါရဲ့……

ဘ၀နှစ်ခုကို
တစ်ခုအဖြစ်ပြောင်းဖို့
စိတ်ကူးအိမ်လေးကို
တည်ဆောက်ရင်း
ဘ၀ရဲ့အမောတွေကို
မင်းရဲ့အနားမှာဖြေပါရစေ…

မှောင်နေတဲ့ ငါ့ရဲ့ဘ၀တွေမှာ
ချစ်သူမင်းက
မီးပြတိုက်ဆိုရင်ငါက
မင်းဘ၀အတွက်
ညမီးအိမ်ပေါ့……

တေလေငှက်တစ်ကောင်အတွက်
ပြင်းထန်တဲ နွေမုန်တိုင်းလို တိုက်ခတ်ဖို့
မင်းမှာ စိတ်ကူးရှိရင်
အပြစ်တော့မယူ ချစ်သူ……

လင်းထက် အမှောင်မှာ
မင်းပျော်နေလေတော့
တစ်စစီပျက်စီးသွားတဲ့
ဖယောင်းတိုင်လို
အဖြည့်ခံဘ၀မှာ ကုန်းဆုံးသွားမှာစိုး……

အေးကြည်မရဲ့ချစ်သူမောင်မျိုး
တော့မှာမနေ မြို့မှာနေတော့
ကွဲသွားပါစေ(အသည်း)
ဆယ်ခါပြန်လည်း
ပလပ်စတာနဲ့ပြန်ကပ်မယ်….

ဒီလို ဒီဇင်ဘာနှင်းကျတဲ့
ညလေးထဲ
နှင်းပွင့်ဖြူလေးတွေရဲ့
အပြုံးလေးများကြောင့်
ရင်ကိုယ်အေးမြရစေသား…

အမှတ်တရများစွာ
မင်းပေးခဲ့ပြီးမှ
မုန်းမေ့ရက်သူ
ရင်မှာမချစ်ဖူး
ချစ်ဦးတစ်ယောက်လိုပေါ့..

ဒီဆောင်းတစ်ညတော့
ချစ်သူမင်းနဲ့အတူ
ကြယ်တွေလည်းမကြည့်ရ
တောင်စဉ်ရေမကျ
စကားတွေလည်းမပြောရနဲ့
နွေးထွေးနဲ့ရင်ခွင်လေးလည်း
ပျောက်ခဲ့ပြီ…..

တစ်ချိန်တစ်ခါက
ဂျပန်ပုံပြင်ထဲက
အိုခီဆုလို အချစ်ကို
ဆော့ကစားလို့ရင်
ကစားကြည့်ချင်သေးရဲ့…

မျှော်ပါလေကွယ် ဆက်ရန်...... :) ;)

ရောသမကဗျာ ( ၁ )

အလွမ်းမိုးတွေ
မြေသို့ခချိန်
တစ်ယောက်သောသူကို
ရှာကာတွေ့ဖို့
မိုးညတွေထဲ
ယောင်လည်လည်နဲ့
လိုက်ရှာနေဆဲလေ...

တစ်ချိန်တုန်းက
ချစ်သူကိုပေးခဲ့ဖူးတဲ့
ပန်းခရေတွေလည်း
အခုတော့အလွမ်းတွေနဲ့
ဝေခဲ့ပြီ....

မျှော်လင့်ခြင်းအိပ်မက်တွေကို
မက်နေခိုက် အတိတ်က
အိပ်မက်မဲကြီးက
လိုက်လို့နေလေတော့
ကံကြမ္မာစေရာပေါ့....

ချစ်သူနဲ့တူ
ဆုံဆည်းခဲ့တဲ့
ဒီဆိုင်လေးလည်း
အခုတော့ အလွမ်းကဖီး ဖြစ်ခဲ့ပြီ॥
ဒို့နှစ်ယောက်ပြန်ဆုံနိုင်ဖို့
Teaဆရာရဲ့ အလိုကျ
ကရပေတော့မည်...

နားရွက်ကလေးကထောင်
သွားကလေးကပြောင်
ဘာကောင်လို့မေး
မေးပါနဲ့လေး...
ဒို့ရွှာပြင်နောက်ကြောက
ယုန်ကလေးတဲ့လေး....


အပျော်သဘောသာရေးသားထားခြင်းပါ.... အိပ်မက်မဲကြီးရဲ့ကောင်းမှု့ကြောင့်Linkချိတ်ထားပါသည် ......ကြေငာ....ဆက်ရန်ရှိသည်

မင်းရဲ့ဒဿ

မရှုံစဖူး
ရှုံးနိပ့်ဖူးတဲ့
ငါလိုဒဿ
မင်းရဲ့ရှေ့မှာ
ဒူးထောက်တောင်းခံ
ချစ်စစ်မှန်ကို
မျက်နှာလွဲကာ
ရှောင်ဖယ်ပြေးလို့
ပုန်းရှောင်နေသူ
မပျက်သစ္စာ
ရင်၌တည်၍
ချစ်တယ်ပြောတာ
ယုံကြည်ပါကွယ်......

အပြုံးမရှိတဲ့ ဘဝ

မာယာနဲ့အတ္တတွေ ကင်းစင်တဲ့ ကလေးဘ၀ကို အရင်ကတော့ ပိုင်ဆိုင်ခဲ့ပေမယ့် အခုတော့ မာယာနဲ့အတ္တ တွေရဲ့ကြားမှာ ရှင်သန်နေရင်း ဘ၀ရဲ့ စစ်သူကြီးဖြစ်ဖို့ ဘ၀သင်ခန်းစာတွေကို လေ့လာနေရင်း ဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်ရတဲ့နောက် ကျောက်တောင်လို မာကြောခက်ထန်ဖို့ စိတ်ဓါတ်တွေကို ဆေးကြောကာ အရာရာကိုရင်ဆိုင်ရင်း........

ဗြုတ်စဗျင်းတောင်း

တိတ်ဆိတ်တဲ့ အခန်းကျဉ်းလေးထဲ အော်သံတွေ ရီသံတွေ ငိုသံတွေနဲ့ ပြည့်နှက်နေခိုက် မွန်းကြပ်လှတဲ့ ငါ့ရဲ့အသက်ရှုသံကို ငါပြန်ကြားနေမိတယ် တစ်ကယ်တော့ ဒါတွေဟာစိတ်ရဲ့ နိယာမ တစ်ခုတဲ့လား…..။
အလင်းစက်လေးတွေကိုလည်း ငါတွေ့ဖူးပါရဲ့ ဒါပေမဲ့သူတို့က အမှန်တစ်ကယ် သူတို့က အလင်းဘက်ကို မပို့ပေးနိုင်ခဲ့ဘူး…..။
တစ်ခါတစ်ရံမှာလည်း စဉ်းစားမိသေးရဲ့… ပုခုံးနှစ်လုံကြားက ခေါင်းပေါက်နေသော အတ္တလူသားတွေအကြောင်း ဟန်ဆောင်ပြုံး၍ လက်ပြနှုတ်ဆက်မဲ့အစား ငါ့ကိုနာနာလေးလက်သီးနဲ့ ထိုးသွားလိုက် အေးဆေးပဲ…။ ဟန်ဆောင်အပြုံးတော့လာ မပြုံးနဲ့ လက်သီးနဲ့ထိုးတာထက် ပိုနာတယ်…။
လူအမျိုးမျိုး စိတ်အထွေထွေ တဲ့ ဘာဘဲပြောပြော လူ့ရဲ့စိတ်ကမျောက်စိတ်လိုပါပ.. ဂနာမငြိမ်ခြင်းကိုလည်း အဖော်ပြုတယ်၊ ပြောင်းလဲခြင်း မျိုးစုံကိုလည်း ဖန်တီးပေးနိုင်တယ်…।။
လောကမှာ မယုံကြည်ရဆုံးနှင့် ယုံကြည်ရခက်သော သတ္တ၀ါကိုပြပါဆိုရင်တော့ လူကိုပဲပြရလိမ့်မယ်…။ ဟုတ်တော်ရှိ မဟုတ်တော်ရှိပေါ့။ လူကိုလူတောင် မယုံရတာ အခက်တွေ့လှတယ်…။
အမှောင်တွေလည်း ပိုင်းခြားထားလျှက်နဲ့ အလင်းနဲ့ရောခဲ့တယ်၊ ထို့ကြောင့် အလင်းရောင်လည်း အတုဖြစ်ခဲ့တော့ အမှောင်တွေတာ ကြီးစိုးခဲ့တယ်..။
မျှော်လင့်ခြင်း စကားလုံးကိုလည်း နှစ်သက်စွာ သုံးစွဲခဲ့တယ်…။ သုံးစွဲမိတဲ့ငါ့ရဲ့အမှားအတွက် ငါဟာ အိမ်မက်မင်းသားဖြစ်ခဲ့တယ်၊ အိမ်မက်ထဲမှာပဲ စိတ်ကူးယဉ်ပြီး အပြင်မှာကြတော့ တစ်ခြားစီမလို့လေ…။
သစ္စာ ချစ်ခြင်းမေတ္တာနဲ့ ပေါင်းစပ်ထားတဲ့သစ္စာ၊ သုံးစွဲလို့တော့ အလွန်ကောင်းနေဆဲ..။ ကမ္ဘာတည်သ၍ မင်းကိုချစ်မယ် .. ဒါလဲသစ္စာစကားတစ်ခုပဲမဟုတ်ပါလား၊ အတူကြည်နှူးနေခိုက်တော့ သစ္စာတွေက အပြက်ပြက်နဲ့ထွက်တဲ့ သွေးလိုပဲ၊ စကားတစ်ခုလည်း ကြားဖူးသေးရဲ့ လူမှာကတိ မင်းမှာသစ္စာ တဲ့ ဒါကတော့ အရင်ကပါ အခုတော့ သစ္စာတွေက သေတ္တာထဲထည့်ပြီး မီးသင်္ချိုင်းလိုက်သလိုပဲ သစ္စာတွေလည်း ပျောက်ကွယ်သွားခဲ့ပြီ…။
အဆင့်အတန်း ဒီစကားလုံးကတော့ မြေနိမ့်ရာလှံစိုက်သလိုပဲ ငါရဲ့နားကိုခါးနေဆဲ…။ ကမ္ဘာကြီးထဲကို လူတွေဝင်လိုက် ထွက်လိုက်နဲ့ အမျိုးမျိုးပြောင်းလဲနေပေမဲ့ အဆင့်အတန်းခွဲခြားခြင်းကတော့ ပြောင်းလဲနေမှာမဟုတ်…။

http://www.zaung.co.cc/feeds/7597132136408176065/comments/default

ကျွန်တော် Blog ရေးခြင်းမှ ရပ်နားပါတော့မယ်။

ဝမ်းနည်းမှတ်တမ်း

ငယ်စဉ်က တို့တစ်တွေ

အတူဆော့ကစားကာ

ပျော်ရွှင်စွာနေ့ရက်တွေ

လွန်ခဲ့တယ်.....

အရွယ်ရောက်လို့

မင်းနဲ့တို့

တစ်နယ်စီခြားသွားခဲ့တော့

ပြန်ဆုံနိုင်အုံးမယ်လို့

ငါမျှော်လင့်ခဲ့တယ်

အခုတော့....

နာဂစ်(မုန်တိုင်း) ရဲ့လက်ထဲမှာ

ပါသွားခဲ့ပြီ

နာဂစ်မင်းကို

ခါးမတန်လို့ မာန်လျှော့လိုက်ရပေမဲ့

မင်းကိုတို့တစ်တွေ

အမုန်းကမ္ဘာမကြေဘူး........

။သူငယ်ချင်း မင်းရဲ့မိသားစုနဲ့ ငါတို့လည်းထပ်တူထပ်မျှဝမ်းနည်းကြေကွဲရပါတယ် ကောင်းရာသုဂတိလားပါစေ။

အိပ်မက်အတု ၊သို့၊ နိဂုံး

မင်းနဲ့တို့နှစ်ယောက်
လေထဲမှာတည်ဆောက်ခဲ့ကြတဲ့
စိတ်ကူးအိမ်လေးကို
တစ်ကယ်တော့…..
ဖျက်ဆီးသင့်ပါပြီ..
မျှော်လင့်ခြင်းအတုတွေက
မသိမသာ မင်းရဲ့ဘက်မှာ
ပါနေတော့….
ငါ့အတွက် ကြင်နာခြင်းကနေ
နာကြင်ခြင်းတွေ ဖြစ်ခဲ့တယ်….
မျှော်လင့်ခြင်းဆိုတာလည်း
အဓိပါယ်မဲ့ခဲ့တယ်….
တစ်ကယ်တော့…
မင်းပြောခဲ့တဲ့စကားလုံးတွေက
အိပ်မက်ထဲပြောနေပြီး
အပြင်မှာကျတော့
တစ်ခြားစီပါလား…..

အနမ်း

မင်းရဲ့မျက်ဝန်းလေး
မှိတ်လို့....
ညင်သာစွာ ခေါင်းလေး
မော့ခိုက်....
အမှတ်မထင်
အနမ်းလေးတစ်ခုတော့
ပေးချင်ရဲ့....
ကြင်သူလက်ခံမယ်ဆို
အပြုံးလေးနဲ့ကြို....

ကာရံမဲ့အလွမ်း

တစ်နေ့သောအခါက မင်းကိုလွမ်းလို့ အော်တဲ့ငါ့အသံကြောင့် ကမ္ဘာတစ်ခြမ်းတောင် အမှောင်ထဲမှာ ပုန်းနေလေရဲ့...။ အလင်းဘက်ရောက်နေသော နေမင်းကြီးကတော့ ငါ့ကိုသနားလို့လား ကဲ့ရဲ့ချင်လို့လားမသိ တစိမ့်စိမ့်ကြည့်နေဆဲ....။ လောကကြီးရယ် ကျွန်တော့်ရဲ့ ချစ်သူကိုတွေ့ရင် ပြောပေးပါလား နီးလျှက်နဲ့ဝေးနေ ရတဲ့အဖြစ်ကို လွန်ချင်ပါပြီလို့......

မိုးည

ငါ့ရဲ့မဟူရာညနက်ထဲ
အမှတ်မထင်
ရွာကျလာသော
မိုးရေတွေကြောင့်
အိပ်ပျော်နေသော
ငါ့ရဲ့နှလုံးသားလဲ
လန့်နိုးလာကာ
တက်ကြွရွှင်လန်းခဲ့တယ်.....
ပျော်ရွှင်ခြင်းတွေ
မျှော်လင့်ခြင်းတွေကိုလဲ
မိုးရေတွေနဲ့အတူ
ပေးခဲ့တယ်...
အထီးကျန်နေသော
နှလုံးသားတစ်စုံအတွက်
အဖော်အဖြစ်ရောက်ရှိလာသော
မိုးလေးရယ်....
မင်းကိုနာမည်လေးတစ်ခုလောက်
ပေးချင်ရဲ့.....
"မိုးည"လို့.......

အဖြေ

လရောင်လွှမ်းတဲ့
ညတစ်ညမှာ
ပျော်ရွှင်မှုတွေ
ကြည်နှုးမှုတွေ
နဲ့အတူ...
ကာရံမနိုင်
ကဗျာမမှီ
စကားလေးတစ်ခွန်း
ကြားခဲ့ရတယ်....
"ချစ်တယ်"တဲ့.........

You received this email because you are subscribed to the real_time feed for http://www.zaung.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.