Monday, September 29, 2008

[Nya Lay's Ainmetdiary] 25 New Entries: အရေးတကြီး ထုတ်ပြန်ကြေငြာချက်

အရေးတကြီး ထုတ်ပြန်ကြေငြာချက်

*****

Donate

ဒီနေ့ Star သတင်းစာထဲမှာ ပါလာတဲ့ မလေးရှားနိုင်ငံက မြန်မာနိုင်ငံကို ပေးပို့တဲ့ အလှူငွေကို ဖတ်ရတော့ ၀မ်းသာပါတယ်။ မူရင်းအတိုင်းပဲ တင်ပေးလိုက်ပါတယ်နော်၊ ဘာသာပြန်လိုက်ရင် လွဲမှာစိုးလို့ (အဲ့လိုတော်တဲ့ ညလေးပေါ့)။
*****
"Smart move to assist Myanmar cyclone victims" ဆိုဒ်မှာလဲ သွားကြည့်လို့ရပါတယ်။

PETALING JAYA: The Special Malaysia Disaster Assistance and Rescue Team (SMART) is on standby for deployment to Myanmar to help victims of Cyclone Nargis.

According to National Security Council secretary Datuk Muhammad Hatta Ab Aziz, Malaysia had planned to send in the team, but the Myanmar government had said it did not require such assistance.

"Nevertheless, the team is on standby should they be needed," he added after sending off the Government's first batch of humanitarian aid to Yangon yesterday.
Humanitarian flight: RMAF personnel loading the cargo plane with aid from Malaysia to victims of Cyclone Nargis yesterday.

A group comprising 14 Royal Malaysian Air Force crew members and 18 representatives from the council, Wisma Putra, Malaysian Armed Forces, Health Ministry, Red Crescent Society and the media left for Yangon International Airport on two cargo flights carrying aid worth RM500,000 yesterday morning.

National Security Division (Johor) director Ab Rakib Ahmad, who led the group, said among the items sent were water purification tablets, blankets, biscuits, assorted medicines, 30 tents and jerry cans.

Muhammad Hatta said Malaysian ambassador to Myanmar Datuk Mazlan Muhammad would receive the group and hand over the aid to the Myanmar authorities at the airport.

Further aid worth US$1mil (RM3.2 mil) would be despatched soon, he added.

Related Story:
"Donates RM20,000.00 for Sikh Youth Group"
*****

UNICEF မလေးရှားကို ဖုန်းနဲ့ ဆက်သွယ်ချင်ရင်တော့ -
006-03-78809602

ဒါကတော့ UNICEF က ကလေးများအတွက် ထားရှိမယ့် Funds နဲ့ မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ မြန်မာပြည်အတွက် ထားရှိတဲ့ Funds တွေပါပဲ။ တကယ်ထိရောက်စွာ လှူမယ့် အကူအညီပေးမယ့်သူတွေ အကူအညီပေးခွင့်ကို ပြည့်ဝစွာ ရရှိကြပါစေ၊ ဒုက္ခသည်တွေလဲ အလှူရှင်များရဲ့ အကူအညီများကို ပြည့်ဝစွာ ရရှိကြပါစေ၊ မြန်မာနိုင်ငံကြီးလဲ ဒီကပ်ဆိုးကြီးကို အမြန်ဆုံး ကျော်လွှားသွားနိုင်ပါစေ၊ ကျန်သူများ (အာဏာရှင်များလဲ) မိမိတို့ရဲ့ သားသမီးရတနာများ ဆွေမျိုးသားချင်းများ အတိုင်း အမြန်ဆုံး စာနာစိတ်များ ထားနိုင်လာကြပါစေ....

*****

ကပ်ဆိုး

အမိ မြန်မာပြည်ရဲ့ သတင်းဆိုးကို ကြားလိုက်ရတဲ့ ခဏမှာ လူက ဘာမှ လုပ်လို့ ကိုင်လို့ မရလောက်အောင် ခြောက်ခြားသွားခဲ့တယ်။ နောက်ကျမှ သိလိုက်ခဲ့ရတဲ့ ကိုယ့်ကိုယ်ကိုလဲ ဒေါသ ထွက်မိပါတယ်။ အင်တာနက် တစ်နေ့လုံး မသုံးဖြစ်တဲ့ အခါမှာ ပြင်ပလောကနဲ့ အဆက်အသွယ် ပြတ်သွားတယ်လို့ ထင်လိုက်မိတာ ဒါက ပထမဦးဆုံးပါပဲ။ ခုထက်ထိ ညလေးရဲ့ မိဘတွေ နေထိုင်ရာ ပုဇွန်တောင် မြို့နယ်ကို ဖုန်းခေါ်ဆိုလို့ မရရှိသေးပါဘူး။ ဒီရက်ပိုင်းမှာ အလုပ်ထဲမှာသာ လူက လုပ်နေကိုင်နေပေမယ့် စိတ်ကတော့ လူနဲ့ မကပ်ပဲ မလုပ်ချင် မကိုင်ချင် ဖြစ်နေပြီး ဖြစ်နိုင်ရင် ရန်ကုန်ကိုပဲ အမြန်ဆုံး ဖြစ်တဲ့နည်းနဲ့ ရောက်အောင် ပြန်ပြေးချင်နေပါတယ်။

တစ်နိုင်ငံလုံးရဲ့ သတင်းတွေက ကြားရက်စရာတောင် မရှိပါဘူး။ ဒီလို ကပ်ဆိုးမျိုးက အုပ်ချုပ်သူ မကောင်းရင် ကျရောက်တတ်တာ သိနေပေမယ့်၊ မယုံကြည်နိုင်လောက်အောင်ပဲ ဖြစ်ပျက်သွားလိမ့်မယ်လို့ ဘယ်တုန်းကမှ တွေးမထင်ထားခဲ့မိဘူးလေ။ ဒီနိုင်ငံကလူတွေ ဘာပြောတယ် မှတ်သလဲ "Government မကောင်းတော့ ပြည်သူတွေ ကြားကခံရတာပေါ့တဲ့၊ ဘုန်းကြီးတွေကို လူမဆန်စွာ နှိပ်စက်လို့ ဒီလိုဖြစ်တာလို့ ပြောကြပါတယ်"။ နောက်ထပ်လဲ ကိုယ်တိုင်ကလဲ ဖြစ်အောင် လုပ်နိုင်တာ မဟုတ်ပဲနဲ့ သူများတကာတွေ ပေးလာတဲ့ အလှူကိုလဲ လက်မခံပြန်ဘူး ကြားတော့ ပိုပြီး စိတ်ပျက်မိပါတယ်။ ကြားနေရတဲ့ သတင်းတွေက ဆက်တိုက်ဆိုသလို ပိုပိုဆိုးလာနေပါတယ်။

ကျမ စဉ်းစားမိတယ် စိန်၊ ရွှေ၊ ငွေတွေ ပေါများနေတော့ရော သေသွားရင် ကိုယ့်နောက်ပါမှာ မို့လားလို့ပဲ သူတို့တွေရဲ့ မျက်နှာကို သေချာစိုက်ကြည့်ပြီး လက်ညှိုးငေါက်ငေါက်ထိုးလို့ မေးလိုက်ချင်တယ်။ အဲ ပြောတော့ရော နားလည်မှာမို့လား............ ပြောတဲ့သူပဲ မောတာ အဖတ်တင်မယ်၊ ခွေးမြီးကောက်ကို ကျည်တောက်စွပ်ရင်တောင် ခဏတော့ ဖြောင့်လိမ့်ဦးမယ်၊ သူတို့ကတော့ တစ်စက္ကန့်လောက်တောင် ဖြောင့်မှာမှ မဟုတ်တာပဲလေ။ ကဲ ညလေးရေ ဖြေတွေး... ဖြေတွေး... ဖြည့်တွေး... ဖြည့်တွေးးးးးးးးးးးးးး ဟ။
*****
မြန်မာနိုင်ငံရဲ့ သတင်းတွေက ဖြစ်ပျက်တဲ့နေ့ကနေ ဒီနေ့ထိ မလေးနိုင်ငံထုတ် သတင်းတွေရဲ့ ခေါင်းကြီးပိုင်းတွေမှာ အဆက်မပြတ် ပါနေပါတယ်။ မနေ့က သေဆုံးသူဦးရေ ၂ သောင်းကျော် ရှိသွားပြီလို့ ကြားသိရပြီး အလှူငွေကို ကောက်ခံရာမှ ဒီနေ့ ဦးဆုံး အလှူရှင်က မလေးရှား ရင်းဂစ် သုံးသိန်း RM 300,000 x 355 Kyats = 106,500,000 Kyats စုစုပေါင်း မြန်မာကျပ်ငွေ တစ်ထောင်ခြောက်ဆယ့်ငါးသိန်းတိတိ လှူဒါန်းပါတယ်။

(((One of the first things Dijaya Corporation Berhad. group chief executive officer Tan Sri Danny Tan Chee Sing did after reading about the plight of Cyclone Nargis victims in Myanmar was direct his staff to make arrangements to help them.)))
အသေးစိပ်ကို "The Star" Online မှာလဲ သွားရောက် ကြည့်ရှုနိုင်ပါတယ်။
*****
မြန်မာပြည်အတွက် မြန်မာပြည်သားမှန်ရင် တစ်နေရာ ထောင့်တစ်ထောင့်ကနေ ပါဝင်ကြပါလို့လဲ တိုက်တွန်းလိုပါတယ်။ အမိမြန်မာပြည်ကြီး ကပ်ဆိုးကနေ အမြန်ဆုံး နာလန်ထနိုင်ပါစေ..........။

*****

လူထဲကလူ

ငါက လူထဲက လူတစ်ယောက်ပေါ့
အများသူငါလိုပါပဲ
အသားဆိုင်လုံးလုံးကြီးပေါ်မှာ
ဆံပင်ဆိုတဲ့
မည်းမည်းအမျှင် ရှည်ရှည်တွေ
ပေါက်နေတယ်လေ။

ဟို ဒီ ကြည့်လို့ရမယ့်
မျက်လုံးဆိုတာက ၂ လုံးပါတယ်
သူ့အပေါ်မှာတော့
မျက်ခုံးမွှေးဆိုတာတွေပါတာပေါ့ဗျာ
မပါရင် အကြည့်ရတယ်ဆိုးသကိုး။

အသက်ရှူဖို့ဆိုပြီး
နှာခေါင်းလို့ခေါ်တဲ့
ရှည်မျောမျော အခေါင်းပေါက်
၂ပေါက်လဲ ပါလေရဲ့။

စားချင်စိတ် ဖြစ်လာရင်
စားရမယ့် ပါးစပ်ပေါက်ကတစ်ပေါက်
သြော် စကားပြောလို့လဲရတယ်လေ။

မေ့တော့မလို့ မေ့တော့မလို့
သူတစ်ပါးပြောစကားတွေ
နားထောင်ဖို့ဆိုပြီး
နားရွက်ဆိုတာလဲ ပါသေးတယ်
ချင့်ချိန်ဖို့က ကိုယ့်တာဝန်လေ။

တစ်ခုချင်းကြည့်ရင် မလှပေမယ့်
အကုန်ပေါင်းစပ်လိုက်ရင်
အဲ့ဒါကို ဦးခေါင်းလို့ခေါ်ကြတယ်။

လူလူချင်းတော့
ကြည့်ပျော် ရှုပျော် ရုပ်ရည်မျိုးရှိတယ်ဗျ
တစ်ခြားကမ္ဘာကတော့ ရုပ်ဆိုးတယ်ပြောမလားပဲ...
အသံကလဲ နားထောင်ကောင်းတယ်ပေါ့ဗျာ။
ထားလိုက်ပါ ထားလိုက်ပါ...

တစ်ခုခု လိုရင် ယူငင်နိုင်အောင်
အသုံးပြုရလွယ်ဖို့ လက်ဆိုတာက
၂ ဖက်ကြီးများတောင် ပါတယ်ဗျ။
ဦးခေါင်းနဲ့ ဆက်သွယ်ဖို့
လည်ပင်းဆိုတာကလဲ လိုအပ်တာပဲ။
အဲ့ဒီကမှ တစ်ဆင့်
ရင်ဘက်
ဝမ်းဗိုက်
ဒီ့ပြင် ဒီ့ပြင့်ဟာတွေ
ပါသေးတယ်ဗျာ
မပြောတော့ဘူးနော...
ခြေထောက်ဆိုတာကတော့
ဟိုနားဒီနား လမ်းသလားလို့ ရတာပေါ့၊
ကျေးဇူးပဲ....

ဒါ့ကြောင့်
ပြောရမယ်ဆိုရင်
လူသတ္တ၀ါတဲ့လေ....

တစ်ချို့တွေက
စိတ်ညစ်တယ် စိတ်ညစ်တယ်...
ညည်းနေလိုက်ကြတာများ
လိပ်ဖြစ်ရင်တောင်
အခွံထူပါတယ်
ပြောကြဦးမယ်။

တယ်ခက်သကိုး
ရတာမလို လိုတာမရနဲ့
အဲ့လိုများပြောလိုက်ရင်
နင်ကရောလူမဟုတ်ဘူးလားလို့
ပြန် လာမေးကြလိမ့်မယ်။

လူတော့ လူပါပဲ
ဒါပေမယ့်
လိုချင်တာတွေ မများ
စိတ်ညစ်မှုတွေ ဘေးဖယ်ထားပြီး
လူပီသအောင် ကြိုးစားနေတဲ့
လူထဲကလူတစ်ယောက်ပါ။
ဒါ့ကြောင့် တစ်ချို့ဆို
ရှိတဲ့ အသက်ထက် တစ်ဝက်လောက်
ငယ်နေတယ်လို့ သမုတ်ကြလေရဲ့။ :P
*****
ဟိ ပျင်းလို့ဗျာ ကဗျာလို့ပဲ ကဏ္ဍခွဲလိုက်တယ်။
*****

ဒါ့ကြောင့် ဒီလိုဖြစ်သွားတယ်

"Burmese Classic"မှာ မြန်မာ ဗွီဒီယိုဇာတ်လမ်းတွေ ကြည့်မရတော့ဘူး ဗျာ...။

ဘာ့ကြောင့်လဲ ဆိုတာတော့..
"လင့်ခ် ၁"
"လင့်ခ် ၂" တွေမှာသာ ကြည့်လိုက်ကြပါတော့ဗျာ........ ဂယ်ပဲ ချိတ်ညစ်တယ်...
ဖြစ်တတ်ပါတယ်လို့ပဲ တွေးယူရမလား။

သူတစ်ပါးရဲ့ အားထုတ်မှုကို အလကား သက်သက် အချောင်နှိုက်လိုသူတွေကြောင့် ခုဆိုရင် ကမ္ဘာတစ်လွှားက မြန်မာတွေ အနည်းငယ်တော့ စိတ်ရှုတ်သွားကြမှာပဲ။ ကြည့်ချင်တဲ့ ချိန်မှာ ကြည့်ခွင့်ရနေကြ နေရာတစ်ခုကနေ ဖယ်ခွာ ပေးလိုက်ရသလိုပဲ ဟာတာတာကြီး ဖြစ်သွားတယ်ဗျာ... ဒီ့ပြင်ဆိုက်တွေ ရှိမှန်းသိပေမယ့်.. အဆင်ပြေ၊ လွယ်ကူတဲ့ မှတ်ရလွယ် ၀င်ရလွယ်တဲ့ ဆိုက်ဆိုတော့ ၀မ်းနည်းမိပါတယ်။ အမြန်ဆုံး ပြန်လည် ပြသပါစေလို့ပဲ..........

ညလေးလဲ ဘလော့ဂ်မှာ တစ်ချို့ ဗွီဒီယိုဇာတ်ကားတွေ လင့်ခ် ထားပေးထားပါတယ်၊ ဒါရိုက်ယူပြီးတော့ပေါ့။ ဒါကလဲ တစ်ချို့တွေ ညလေးဆီလာရင်း အပန်းပြေအောင်ရယ်၊ ကြည့်ချင်တဲ့ ကားဆိုရင် အဆင်တပြေ ကြည့်လို့ရအောင် စိတ်ကူးနဲ့ပါ။ အမြဲတမ်း Up to date မဟုတ်သလို စိတ်ကူးလဲ မရှိပါဘူး။ ညလေး ကြည့်ဖြစ်တဲ့ ကားကို ကြည့်နေတဲ့ချိန်မှာ တစ်ပါးသူကို ကိုယ့်လို ကြည့်ဖြစ်အောင် ဝေမျှပေးတာပါ။

အင်းးးးးးးးးး တစ်ချို့တွေကတော့........
*****
ဒီနေ့ တနင်္ဂနွေနေ့ ရုံးခန်းမှာ ဘယ်သူမှ မရှိကြဘူး (အားလုံးက Duty လေ)၊ ဒီတော့ အင်တာနက် တက်လို့ရတဲ့ စက်ကို သုံးပြီး ဒီနေ့ တစ်နေ့လုံး နက်ပေါ်မှာ လျှောက်လည်လိုက်ဦးမယ်ဗျာ... နော။ မရောက်တာကြာပြီ ဖြစ်တဲ့ ဘလော့ဂ်တွေဆီလဲ လှည့်မယ်၊ မ၀င်ဖြစ်တဲ့ Website တွေလဲ လျှောက်သွားမယ်..

သူငယ်ချင်းများ အားလုံး နှစ်သစ်မှာ ငြိမ်းချမ်း ပျော်ရွှင်ကြပါစေလို့၊ ကျမတို့ မြန်မာပြည်ကြီး ရွှေရောင်လွှမ်းမယ့် တစ်နေ့ကိုလဲ အဝေးကနေ စောင့်မျှော်နေလျက်ပါ....

အတာရေ ဘယ်လောက်ဖျန်းဖျန်း
ဘယ်လိုပဲ ဆေးကြောပါစေဦး
အမိမြန်မာပြည်ကြီး အေးချမ်း သန့်စင် သွားပါ့မလား???
ငါ တွေးမိသေးတယ်
ပြည်သူတွေ
ဘယ်လောက်ပဲ
တရားလက်ကိုင်ထား ထား
ဘယ်လောက်ပဲ
စေတနာမှန် မှန်
တစ်ချို့ တစ်ချို့တွေကြောင့်
တစ်နေရာမှာတော့
လစ်ဟာနေမြဲပေါ့။
ငါတို့ရဲ့ တောင်းဆုတွေကလဲ
တစ်ခုခု လိုနေဆဲ လိုနေမြဲပဲလေ။
ခုချိန်က မကောင်းတဲ့သူတွေ
အားကောင်းနေချိန်တဲ့လား???
ငါမသိချင်ဘူး။
အမိမြေ ရွှေရောင်လွှမ်းမယ့်တစ်နေ့
ရောက်လာချိန်ကိုပဲ ငါစောင့်မျှော်နေမယ်....
အမြန်ဆုံး ကျရောက်ပါစေလို့လဲ
နှစ်သစ်နဲ့အတူ
ဆုတောင်းနေမိတယ်။
*****

ဒုက္ခ

လောကမှာ...
အချစ်ဆုံးအရာသည် ဒုက္ခအပေးဆုံး။
ချစ်စရာတစ်ခုရှိလျင် ဒုက္ခတစ်ခု၊
ချစ်စရာများလျင် ဒုက္ခများတယ်၊
ချစ်စရာမရှိလျင် ဒုက္ခမရှိဘူးမှတ်။
အမရပူရ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး
*****

ပ၀ါပါး

သံယောဇဉ် နွယ်တစ်ပင်
အမျှင်တန်းလေပြီမို့
ရှုပ်ထွေးမှာ စိုးမိတာကြောင့်
နှလုံးသားယက်ကန်းစင်မှာ
ယက်ဖွဲ့ထားလိုက်တယ်။

နွယ်မျှင်လိုရစ်ပတ်
ရုန်းမရအောင် ချည်နှောင်ပြီးမှ
တစ်ရွာသားဆိုတဲ့အသိကြောင့်
လူသိမခံဝံ့တဲ့ မေ့အချစ်ကို
ပ၀ါပါးလေး ချခဲ့တယ်.....။
*****

ဟိုပိတ် ဒီပိတ် ကြားထဲက မြန်မာလို ပေါ်ချင်ရင်

ညလေး အွန်လိုင်းပေါ်မှာ ပျောက်သွားတာ အတော်လေး ကြာသွားပါတယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းကလို တစ်နေလုံး သုံးချင်တဲ့ အချိန်တိုင်းမှာ Browser လေးဖွင့်လိုက်တာနဲ့ Internet ဆိုတာကြီးက အလွယ်တကူ တက်မလာတော့လို့ပါပဲ (နားလည်ကြတယ်ဟုတ်) ရုံးကနေ အင်တာနက် သုံးခွင့်ကို ပိတ်လိုက်လို့ပဲပေါ့။ တစ်နေကုန် သုံးလို့ရနေတုန်းကလဲ အလုပ်က နောက်ထပ်တစ်ခု တိုးလာတဲ့အတွက် ပို့စ်အတင်ကျဲသွားရတဲ့ အထဲ အင်တာနက်ပါ သုံးမရတော့ဘူးဆိုတော့ ညလေး ပျောက်သွားတော့တာပေါ့ ဗျာ..... (သနားစရာလေးနော)။

ခုတော့ Laptop လေးတစ်လုံး ရှိလို့ရယ် Broadband လေး တပ်ထားတာလေး ရှိနေတာရယ်ကြောင့် ပြန်သုံးဖြစ်ပါတယ်။ သို့သော် မိုးရွာရင် ကော် ပြုတ်ပြီး ပြတ်ပြတ် သွားတာကြောင့် သုံးဖို့ကို ပျင်းနေတာကြောင့်လဲ အချိန်အတော်လေး ပိုကြာသွားခဲ့တာပါ။ ဘလော့ဂ်မရေးတာ ကြာလာတော့ စိတ်ကူးတွေ ပျက်သွားပြီး စာရေးရတာ လက်လဲ မသွက်တော့ဘူး။ အဆင်ပြေနေတုန်းကတော့ Keyboard ပေါ်လက်တင်ပြီး ဘာအကြောင်းရေးရမလဲ စဉ်းစားလိုက်တာနဲ့ စာတွေက တန်းစီပြီး ကျလာပြီးသား၊ ခုတော့ မနည်း အစကောက်နေရတယ်။
*****
ဒီနေ့ ဘာပို့စ်တင်ရ ကောင်းမလဲ စဉ်းစားရင်းနဲ့ အင်တာနက် ဆိုင်တွေ အတော်များများက User တွေကို Desktop ပေါ်မှာ Right Click မပေးဘူး၊ Control Panel ထဲ ၀င်ခွင့်ပေးမထားဘူး၊ Shot Cut တွေ ပေးမသုံးဘူး (အမုန်းဆုံးပဲ)၊ ပြီးတော့ Window ရဲ့ Start Programs ထဲမှာလဲ ဘာမှကို ထည့်မထားဘူးဗျာ (ကုန်ကုန် ပြောရရင် My Computer တောင် ခေါ်တင်လို့မရဘူး၊ ရရင်လဲ C Drive ကို ဖွင့်မပေးထားဘူးပေါ့ဗျာ (ခု မလေးမှာ တွေ့နေရတာပါ)။ အခက်အခဲက My Computer ဖွင့်ပြီး c:\windows\fonts ထဲဝင်ပြီး ဇော်ဂျီကို ထည့်မရဘူးပေါ့ဗျာ (သူက ဖျောက်ထားတာကိုး)။

ဒီတော့ မြန်မာစာနဲ့ရေးထားတဲ့ သတင်းတွေ တစ်ချို့ EOT လုပ်မထားတဲ့ ဘလော့ဂ်တွေ ၀င်ဖတ်မရဘူးပေါ့ဗျာ (အတုံးလေးတွေ ပေါ်နေတယ်လေ)။ ဒီတော့ အဲ့ဒါကို ရအောင်.......

ပြောပြရမလားဟင်!

အရင်ဦးဆုံး လိုချင်တဲ့ ဇော်ဂျီဖောင့် ရှိတဲ့ Website ကို ခေါ်တင်လိုက်ပါ။ ပြီးရင် ဖောင့်ကို ထုံးစံအတိုင်း Right Click\Save ပါ (Open မဟုတ်ပါဘူး)၊ ဘယ်မှာ သိမ်းမလဲဆိုပြီး လာမေးရင် File Name ရဲ့ရှေ့မှာ "c:\windows\fonts\*****.ttf" ဆိုပြီး သိမ်းလိုက်တာနဲ့ လိုချင်တဲ့ ဖောင့်ကို လိုချင်တဲ့ နေရာမှာ ထားပြီးသားဖြစ်သွားပြီး Browser ကို ပြန်ပြီး Run လိုက်တာနဲ့ ဒါမှမဟုတ် ခဏလေး စောင့်လိုက်တာနဲ့ သူ့အလိုလို မြန်မာစာလုံးတွေ ပေါ်လာပါလိမ့်မယ်။

ဆရာကြီးတွေကိုတော့ ဆရာမလုပ်ဘူးပေါ့ဗျာ၊ မသိသေးတဲ့ သူတွေကို ဆရာလုပ် (အဲလေ) ပြောပြတာပါ။
(စမ်းကြည့်ကြပေါ့နော် မရဘူးဆိုရင်တော့ စမ်းသပ်စရာ နောက်တစ်မျိုး ရတာပေါ့။)

သူတို့တွေက လူတွေ အလွယ်တကူ ၀င်ပြီး အသုံးပြုကြမယ့် နေရာတွေကိုပဲ ပိတ်တာပါ။ အဲ့ဒီလောက် ထဲထဲဝင်ဝင်တော့ ဘယ်သူမှ မသုံးကြလို့ သူတို့လဲ လိုက်ပြီး ပိတ်လောက်မယ် မထင်ပါဘူး။ ဒါပေမယ့် ညလေး Control Panel ကို ဖွင့်လိုက်တာနဲ့ ၀င်မရပါဘူးလို့ လာပြောတယ်၊ ၀င်ရရင်လဲ ခဏလေးနဲ့ ပျောက်သွားတယ်၊ ရှာမတွေ့ဘူးဖြစ်နေတယ် ဘယ်လိုရှာလဲဆိုတာ သိရင် ပြောပြကြပါလား။
*****
ခုလဲ ဒီပို့စ်ကို ရေးချင်စိတ် ရှိတုန်းလေး အမြန်ချရေးလိုက်တာပါ၊ တော်နေကြာ အစကောက်မရတော့မှာ စိုးလို့။

သူငယ်ချင်းအားလုံး ပျော်ရွှင် ငြိမ်းချမ်းကြပါစေ......

*****

သင်္ကြန်တဲ့

"သင်္ကြန်" ဆိုတဲ့အသိက
ငါ့ရင်ကို ရိုက်ခတ်ပြန်ပြီ
သူ ရောက်လာပြီပေါ့လေ
လေရူးနဲ့အတူ ရော်ဝါတွေမြေလူး
ပိတောက်ဦးတွေ ပွင့်ကြဦးမှာလဲ
ငါသိနေတာပေါ့။

ဒီမှာ ဒီမှာ
တူးပို့ တူးပို့ နဲ့ ပန်းပိတောက်ဝါ၀ါ
ဘယ်ရောက်နေကြလဲဟာ...

အတုအပတွေနဲ့ ထုဆစ်ထားတဲ့
အယောင်ဆောင် သင်္ကြန်ကိုမှ
ငါ့မှာ
ဟန်လုပ်ပြီးပျော်နေရတာလဲ ခဏ ခဏ ပေါ့။

ဒီအချိန်ဆိုရင်ဖြင့်
ပန်းပိတောက် ၀ါရွှေလူး
ပင်လုံးကျွတ် မြိုင်ဆိုင်စွာပွင့်ဖူးလို့
မွှေးပျံ့ပျံ့ရနံ့တွေလဲ ကြိုင်လှိုင်နေရောပေါ့။

ဒီအချိန်ဆိုရင်ဖြင့်
နေထွက်က နေ၀င်
အေးမြလှတဲ့ ရေမှုန်တွေအောက်မှာ
သူတို့တွေ ပျော်နေကြရောပေါ့။

ဒီအချိန်ဆိုရင်ဖြင့်
လမ်း/ရပ်/နယ်မြေ တိုင်း
အန္တရာယ်ကင်း ပရိတ်တရားတော်တွေ
နာကြားနေကြရောပေါ့...

သြော်... ဒီအချိန်ဆို..
ဒီအချိန်ဆိုရင်ဖြင့်လေ.........

ငါ့ဘ၀နဲ့ငါသာ ရှိပါစေတော့ အတာရေ...
တစ်နေ့နေ့တော့ မင်းရှိရာ အရပ်ဆီ
ငါအရောက်ပြန်လာခဲ့မှာပါ။

သင်္ကြန် သင်္ကြန်နဲ့
အချိန်တန် ဂိန်မှန်နွေကူးပေမယ့်
အချိန်မတန်လို့ အိမ်မပြန်နိုင်သေးတဲ့ ငါ့မှာတော့
သူငယ်ချင်းရေ.......
အဝေးကနေ
တွေးးးးးးးး
ဆွေးလို့သာမော...
*****

သူသေသွားပြီ...

"သူသေသွားပြီတဲ့" ဟုတ်မဟုတ်တော့ မသိပါဘူး။ ကျမတို့ ဒီသတင်းကြားလို့ ပျော်သင့်သလား?... သေချာတာကတော့ လူအတော်များများ စိတ်ပေါ့သွားကြမယ်၊ အနည်းငယ် စိတ်အေးသွားလိမ့်မယ်၊ ပျော်တဲ့သူတွေ များကြပါလိမ့်မယ်။ "သူဘာဖြစ်လို့ သေသွားတာလဲ" ဆိုတာတော့ ရှည်ရှည်ဝေးဝေး စဉ်းစားစရာ မလိုပါဘူး။ သေချိန်တန်လို့ သေသွားတာ၊ တစ်နည်းဆိုရရင် သူပြုလုပ်ခဲ့တဲ့ ကောင်းမှုကံတွေ ကုန်ဆုံးသွားလို့၊ သူစံစားနေရချိန်တွေ ပြီးဆုံးသွားလို့ လို့ ယူဆရပါမယ်။ မဟုတ်ရင် သူသေဆုံးဦးမှာ မဟုတ်ပါဘူး၊ ကျမတို့ဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့အတွက် ကံ ကံ၏အကျိုးကို ယုံကြည်ကြပါတယ်။ လူတစ်ယောက်က ခုနေချိန်မှာ မကောင်းမှုတွေ ပြုလုပ်နေပေမယ့် သူချမ်းသာနေတယ်၊ သူကောင်းမွန်စွာ နေထိုင်နေရတယ် ဆိုတာဟာ အရင် ဘ၀ ဘ၀တွေတုန်းက သူပြုထားခဲ့တဲ့ ကောင်းမှုကံတွေ အကျိုးပေးနေသေးလို့ ခုဘ၀မှာ ကောင်းမွန်စွာ နေထိုင်နေရတာပါ။

သူသေသွားတာဟာ တစ်နည်းအားဖြင့် နိုင်ငံအတွက်တော့ ကောင်းနိုင်မယ့် အလားအလာတွေ ရှိပေမယ့် ကျမတို့လို နိုင်ငံသားတွေ အတွက်ကတော့ ကံစမ်းနေရသလိုပါပဲ။ နောက်တက်လာမယ့် လူက "သူ့လိုပဲ ဆိုးဦးမှာလား၊ သူ့လောက်နီးနီး ရှိမှာလား၊ ဒီ့ထက်ပိုဆိုးသွားမလား" ဘယ်သူမှ သေချာ မပြောနိုင်လို့ပါပဲ။ အထူးသဖြင့် ဘယ်သူတက်မလဲ ဆိုတာ မသိတဲ့အတွက် သေချာ မပြောနိုင်တာပါ။ သိရင်လဲ ဒီလူဟာ ကိုယ်ကျိုးမဖက်ပဲ တိုင်းပြည်ကို ပြန်ကြည့်မယ့်သူလို့ ဘယ်သူများ အာမခံနိုင်မှာလဲ။ လူထုကို ရွေးကောက်ခိုင်းရင်တော့ လူထုအားပေးတဲ့သူပဲ ဖြစ်မှာမို့ သူတို့တွေက လှည့်ကွက်တွေ မလုပ်တော့ပဲ အမှန်အတိုင်း ရွေးမှာမှ မဟုတ်တာလေ။ ကဲ ဒီလိုဆိုရင်ရော ကျမတို့တွေ ဘာတက်နိုင်မှာလဲ?။

(((ကျမ ဒါတွေ ရေးချင်တာ မဟုတ်ပါဘူး၊ သိလဲ မသိပါဘူး၊ လာငြင်းကြမယ်ဆိုရင်လဲ ကြိုဆိုမှာပါ၊ ကျမကတော့ ပြန်ဖြေရှင်းမှာ မဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်။)))

အထက်က ရေးခဲ့သလိုပဲ သူ့ကို ပြည်သူတွေ ဒီလောက်တောင် မေတ္တာ ပို့နေကြရဲ့သားနဲ့ သူဘာကြောင့် ဆက်နေနိုင်တာလဲ။ သူ့အရင်က လူတွေ ခဏလေးနဲ့ ဘာ့ကြောင့် ပြုတ်သွားကြတာလဲ? သူ့လောက် ကောင်းမှုကံ မကြီးလို့ပေါ့ (ကျမကတော့ ဒီလိုပဲ ခံယူပါတယ်)။ ပြည်သူတွေကရော နှစ်ပေါင်းများစွာ ဘာ့ကြောင့် ငြိမ်ခံနေခဲ့သလဲ? သူ့ရဲ့ဝဋ်ကြွေးတွေ ပါလာတယ်လို့ ယူဆပါတယ်။ ၀ဋ်ကြွေးရှိလို့ ဆပ်ကြတဲ့သူတွေနဲ့ ရစရာရှိလို့ ပြန်ယူနေတဲ့ သူတွေပါပဲ၊ လူတိုင်း လူတိုင်းက တစ်နည်းနည်းနဲ့တော့ ရေစက်ရှိကြတာပဲလေ။ ခုဆို ကျမတို့ဆီက သူယူစရာတွေ ကုန်သွားသလို ကျမတို့လဲ သူ့ပေါ်တင်နေတဲ့ အကြွေးတွေ ကုန်ဆုံးသွားပြီလို့ ထင်ပါတယ် (ဒီလိုဆိုရင်ဖြင့် သူ့ဆီက ကြွေးယူသူတွေ အတော်များတာပဲနော)

ဒါဆိုရင်ရော "သူပြုလုပ်ခဲ့တဲ့ မကောင်းမှုတွေ ဘယ်တော့များမှ သူ့အပေါ် သက်ရောက်မှာလဲ?" လို့ မေးလာရင်တော့ ကောင်းမှုကံတွေ အလှည့် ကုန်ဆုံးသွားရင် မကောင်းမှုကံတွေ အလှည့်ရောက်လာမှာပါ။ သူ့မကောင်းမှုကံတွေ သူ့ဆီကျရောက်ဖို့ အချိန်တန်လာပြီလေ။ ဒါပေမယ့် ကျမတို့ တွေ့မြင်ကြရမှာ မဟုတ်သလို သိရှိကြမှာလဲ မဟုတ်တော့ပါဘူး။ သူ့ဖာသာ အချိန်တန်လို့ ဖြစ်ပျက်လာတဲ့ ကံတရားတွေပါ။ သူဘယ်နေရာမှာ ခံစားနေရမလဲ ကျမတို့ သိရှိဖို့ မလိုအပ်တော့သလို သူနဲ့ ပါတ်သတ်သမျှတွေလဲ မေ့ပြစ်ကြရမယ်။ တစ်ခုတော့ ရှိတာပေါ့ သူ့ရဲ့ စိတ်ထားမျိုးတော့ အတုမယူမိကြပါစေနဲ့။ ကိုယ်ကောင်းဖို့ အတွက်ပဲ ကြည့်ပြီး သူတပါးအပေါ် စာနာစိတ်မရှိတဲ့ လူစားမျိုးနဲ့ နောက် ဘ၀ ဆက်တိုင်း မတွေ့ မဆုံ မကြုံ ကြပါစေနဲ့လို့ပဲ ကောင်းမှုတွေ များများပြုလို့ ဆုတောင်းကြရအောင်...

သူ့ကို မကောင်းသူ/မှုတွေရဲ့ ထိပ်ဆုံးမှာ စံအဖြစ် သတ်မှတ်ထားပြီး တစ်ခုခုဆို "သူ့လိုတော့ မဖြစ်စေနဲ့နော်" ဆိုပြီး ဆုံးမလို့ရသွားတာပေါ့။ နောက်လူတွေလဲ သူ့ကို အတု မယူမိကြပါစေနဲ့လို ကျမတို့ ဆုတောင်းနေကြရအောင်....
*****
ကောင်းမှုနဲ့ မကောင်းမှုကံရဲ့ ဖြစ်ပျက်တတ်တာကို မဂ္ဂဇင်းထဲမှာ ပါလို့ ဖတ်ထားပြီးကတည်းက ဒီလူကတော့ ဘာမဖြစ်တော့ဘူး ဘာဖြစ်မယ် လာပြောရင် ကျမ ပြန်ငြင်းချင်ပါတယ်။ အထူးသဖြင့် ကျောင်းဆောက်ပြီး လှူတဲ့သူ (ဘုရားဒကာ ကျောင်းဒကာပေါ့) တွေက သေဆုံးသွားရင် ရွှေထီးမိုးရတယ်၊ အပ္ပါယ်မလားဘူးလို့ ပြောကြပါတယ်။ ဒါဖြင့်ရင် သူကရော ကျောင်းဆောက် လှူခဲ့တာပဲလေ (ကျမတို့ မြင်တွေ့နေရတာပဲ မဟုတ်လား)၊ ဘုရားထီးလဲတင် လှူတာပဲ မဟုတ်လား သူရော အပ္ပါယ်မလားဘူးတဲ့လား? နောင်ဘ၀ဆက်တိုင်း ဆက်တိုင်း ကောင်းစား နေမှာတဲ့လား? (ကျမမေးချင်ပါတယ်)။ ဒီလိုဆိုရင်ဖြင့် ဒမြတိုက်၊ မတရားနည်းနဲ့ ရတဲ့ဝင်ငွေတွေနဲ့ ချမ်းသာလာတဲ့သူတွေ ဘုရားကျောင်းကန်တွေ ဆောက်လုပ်လှူဒါန်းကြပြီး အကာအကွယ်တွေ ယူကုန်ကြမှာပေါ့။ ဒီလိုဆိုရင်ဖြင့် မခက်ချေဘူးလား။

ကောင်းမှုကံ အားကောင်းနေသရွေ့ ဒီလူဟာ စံစားနေရဦးမှာဖြစ်ပြီး ကောင်းမှုကံ မှေးမှိန်သွားတာနဲ့ မကောင်းမှုကံဟာ အလှည့်ရောက်ဖို့ စောင့်စားနေတယ်ဆိုတာ မမေ့စေချင်ကြပါဘူး။ မကောင်းမှုဟာ နည်းနည်းလေး ပြုလုပ်မိတာနဲ့ အများကြီး ခံစားရနိုင်သလို ကောင်းမှုကတော့ နည်းနည်းလေးပြုပေမယ့် သိသိသာသာ စံစားစေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် စိတ်ကျေနပ်လောက်အောင် စိတ်ချမ်းသာ စေလောက်အောင်တော့ စွမ်းစေမှာပါ၊ မိမိသာ သတိမထားမိတာ နေမှာ။ ဒါ့ကြောင့် ကောင်းမှုကံတွေ များများ စုမိသွားအောင် ခုကစပြီး ရသမျှ အနည်းငယ်မျှသော ကုသိုလ်တွေကို များတယ် နည်းတယ်၊ သာတယ် နာတယ် မတွေးဆ မတွက်ချက်ကြပဲ ပြုလုပ်ကြဖို့ တိုက်တွန်းပါတယ်။ ကိုယ်ပြုလုပ်ခဲ့တဲ့ ကောင်းမှုတွေ တဖြည်းဖြည်း များလာလေလေ မကောင်းမှုကံတွေ မှေးမှိန် ပပျောက် သွားလေပဲဆိုတာ ယုံကြည်ပြီး ပြုလုပ်ကြပါ။ မကောင်းမှုဆိုတာကို တဖန်ပြန်ပြီး ပြုလုပ်မိတာနဲ့ ကောင်းမှုကံ ပပျောက်သွားလိမ့်မယ်လို့ ထိတ်လန့်ပြီး မပြုလုပ်ကြပါနဲ့။

အလှူတစ်ခု ပြုလုပ်တော့မယ်ဆိုရင် စိတ် စင်စင်ကြယ်ကြယ် ရှိစေချင်ပါတယ်။ တွက်ချက်ပြီး လှူဒါန်းမယ့်အစား စိတ်ပြတ်ပြီး အသန့်ရှင်းဆုံး လှူဒါန်းစေချင်ပါတယ်။ ဒီအလှူကြောင့် ဘာတွေ ရလာမလဲ မတွေးကြပဲ၊ မိမိအလှူကြောင့် သူများတွေ ဘယ်လောက် စိတ်ချမ်းသာသလဲ ဘယ်လောက်များ အဆင်ပြေသွားမလဲ တွေးဆလို့သာ လှူဒါန်းကြပါလို့။
*****
ဒီပို့စ်ကို ရေးချင်လို့ စိတ်ထဲမှာ ရှိတဲ့အတိုင်း ချရေးပါတယ်။ အရမ်းကြီး တတ်/သိ နေတယ်လို့တော့ မထင်ကြစေချင်ဘူး။

သူငယ်ချင်းများ ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေ....

*****

ချစ်စရာ ဟင်းသီးဟင်းရွက်လေးများ

ညီမလေးတစ်ယောက် မေးလ်ထဲ ပို့လာတဲ့ ပုံလေးတွေပါ။ ပို့ထားတာ ကြာနေပြီ၊ ဒီနေ့မှ စိတ်ကူးရလို့ သူငယ်ချင်းတို့ အတွက် ဝေမျှပေးလိုက်ပါတယ်။
*****
ရွှေငါးလေးတွေ မွေးထားတယ် သိလား၊ အရောင်က အစိမ်းလေးတွေမို့ ရှားလို့ ၀ယ်လာတာ၊ လှတယ်ဟုတ်.... (အစိမ်းကြော်ရင် နည်းနည်း ထည့်ကြော်စား ကောင်းတယ်)





ဒီ ဖားစိမ်းစိမ်း ၀တုတ်လေးတွေ ဟိုတစ်နေ့က ဈေးထဲတွေ့လို့ ရိုက်ယူ လာတာပေါ့၊ အူယားလို့ ၀ယ်မလာတော့ဘူး။ (ကင်းမွန်နဲ့ ခြောက်ခြောက် စပ်စပ်လေး ချက်စားမယ်)





သြော် အိမ်နောက်ဖက် မြေကွက်လပ်မှာ သိုးလေးတွေလဲ ခြံခတ်ပြီး မွေးထားသေးရဲ့၊ တစ်နိုင်တစ်ပိုင်ပေါ့။ (အစိမ်းကြော် ကြော်စားမယ် ဘာရမလဲ)






ဒီ ပင်ဂွင်းတွေက မွေးတော့ ထားချင်ပါရဲ့ ရာသီဥတုက ပူတယ် မဟုတ်လား၊ မတော် သေသွားရင် ဘယ့်နှယ့် လုပ်ရပါ့။ (ပုဇွန်ခြောက် နိုင်နိုင်နဲ့ နှပ်စားပစ်မယ်)




သူတို့ကို မ၀ယ်လို့တဲ့ အော်ခေါ်နေတာလေ။ (အခွံနွှာ၊ အမျှင်လေးတွေ နွှာပြီး အစိမ်းလိုက် ၀ါးစားပစ်မယ်၊ ဘာမှတ်နေလဲ)





ဝက်သားကတော့ လူတိုင်းကြိုက်တာပေါ့၊ အဆီနည်းတဲ့ သုံးထပ်သားကို နူးအိနေအောင် အချို ချက်စားမယ်။ (နွားနို့ပြစ်ပြစ်ထဲ ခြေထည့်ပြီး မလိုင်နဲ့ ရောသောက်မယ်)




ဘဲပေါင်း စားဖို့ တစ်ခြမ်းပဲ ၀ယ်လာလိုက်တယ်။ (၀က်နံရိုးနဲ့ ဟင်းရည် ပြုတ်သောက်မယ်)





ဆိုင်တွေမှာ ပူးကောင်လေးတွေ တွေ့တိုင်း ၀ယ်ချင်ပေမယ့် အိမ်မွေးထားရင် "လာဘ်တိတ်တယ်" လို့ ပြောကြတယ်။ (ပြုတ်စားမယ်၊ ပါးပါးလှီးပြီး ကြော်စားမယ်၊ မီးဖုတ်စားမယ်)


*****
ဆက်ရေးရမှာ ပျင်းလာလို့ ကျန်တာတွေ မရေးတော့ဘူး၊ ဒီတိုင်းပဲ ကြည့်လိုက်ကြတော့နော်....

*****
ပုံတွေက ကျန်နေသေးတယ် ဒါတောင် Blog ခေါ်တင်ရတာ တအားကြာနေပြီ၊ ဒါ့ကြောင့် နောက်ဆက်တွဲပုံတွေကို မတင်တော့ပါဘူး၊ ဒီလောက်နဲ့ပဲ ကျေနပ်ကြတော့နော်၊ ထပ်ကြည့်ချင်ကြသေးရင် မေးလ်လိပ်စာလေး ထားခဲ့လိုက် ညလေးပို့ပေးလိုက်ပါ့မယ်။ လင့်ခ်တော့ မရှာရသေးလို့ ထည့်မပေးလိုက်ဘူး။

အားလုံးပဲ ကျန်းမာပျော်ရွှင်ကြပါစေ......

*****

ဘလော့ဂါများရဲ့ခွန်းထောက်

ညလေးရဲ့ "ငါးခူချဉ်စပ်ဟင်း" ပို့စ်မှာ ခွန်းထောက် ထည့်ရေးထားပြီး သူငယ်ချင်းတွေ ဖိတ်ခေါ်တဲ့ခါမှာ ရေးပေးကြတဲ့သူများကတော့....
*****
စစချင်း အားကြိုးမာန်တက် ချက်ချင်း လာရေးပေးတဲ့ "ခွန်မြလှိုင်" က ဒီလိုပါတဲ့....

ညမဟူရာ အမှောင်ကို ခွင်းစေဖို့
သောင်းဇမ္ဗူမှာ စိန်ရောင်လင်းစေဖို့
နေရောင်ချင်း ထပ်စေမယ်..
တို့မြန်ပြေ သာယာခစေဖို့
တို့ဗမာတွေ ညီညာကြပါစို့လှမ်းတက်ကြမယ်။

*****
"နိုင်" ကတော့ ဒီလိုဆိုသွားတယ်....

ပြူတင်းရယ် အဆီကင်းလို့ …. ပတ္တာသံ တကျိကျိနဲ့ …
မြသားရောင် ကန့်လန့်ကာအစ ၊ ခွဲဖြာလို့ကျတဲ့ နေရောင်ခြည်...
လှမ်းမမီ... လှမ်းမမီ... ဖမ်းမမိပြီမို့၊
ထိုတိမ်တောင် မောင်မယ် နှစ်လိုရှူလို့ရယ်
နှစ်သစ်ပွဲ တူယှဉ်နွှဲကြမယ်
လှမ်း ခဲ့ လေ တော့ ဇန္န … ၀ါ… ရီ… ရေ ….။ ပ လို့ ဂျိ ။

*****
နောက်တစ်ယောက်ကတော့ "သဇင်ဏီ" ပေါ့၊ သူလဲ မခေဘူးပဲ....

ယနေ့ကြွလာဆွေသဟာ ပုဆိုးနဲ့ထမီ မပြဲပါစေနဲ့…
လုပ်စမ်း..ပေါက်ကရကစပြီ.. မင်္ဂလာရှိရှိနဲ့ ကြိုဆိုပါဆို…
ဝုတ်ကဲ့.. ပြန်စပါပြီ… အဟမ်း..ဟမ်း...ဟမ်း....

နေရောင်ခြည် ၀ါဝါ၀င်းပါလို့
ရွှေရောင်ခြည် ဖြာဖြာလင်းပါတဲ့
အမလေးလေး.... လှပတဲ့ဇန္န၀ါရီကို ကြိုဆိုကြပါစို့.....

*****
နောက်ဆုံးတစ်ယောက်ကတော့ အမှတ်တရ ပိုင်ရှင် "လင်း" ပါတဲ့ရှင်... သူလဲ အလာကြီးပဲ အပြန်တော့ ဘယ်နေလဲ မသိဘူး.. :P

ပုဝါနှစ်စ အသာချပါလို့ ဟောဒီက မညလေးရေ့
ဂြီဂြီဂြာဂြာ အသံမြည်ပါတဲ့ ဒီတစ်ထွာဗိုက်ကလေးကိုလ
ဖြည့်ဘို့ အရေးတွေးလို့ 
ဟင်းချက်ရန် ကြံစည်ပါသော်လည်း ဒီကညာက
သေချာစွာ မချက်တတ်တာမို့  ဒီငါးခူဟင်းလေးကိုဘဲ
အမယ်မင်း လွေးလိုက်တယ်လေး....

*****
မမဘလော့ဂါ... ညညလေးရယ်က...၊
ငါးခူချဉ်စပ်ဟင်းကိုလ...၊
အတူခေါ်ကာ မြည်းစေလို့...၊
ခွန်းတောက်ပါ...သူစေခိုင်းလေသမို့...၊
အရွှန်းဖောက်ကာ ခွန်းထောက်ရတော့မယ်တဲ့မှ..၊
သြော်....ခွန်းတောက်ရတော့မယ်....။

"မြူဆိုင်းလို့ တုံ့ဆိုင်းစွာ မထချင်တဲ့လ...၊
နေပြင်းလို့ နေ့ခင်းတောင် အိပ်ချင်တဲ့လ...၊
အကြိုမထောက်လည်း အလိုပေါက်ကာ အရောက်လာတဲ့လ...၊
အို...နှမ..ဇန္န၀ါရီရေ... ခု...လာခဲ့...ပလို့ဂျိ"

(အဟီး..မရေးတတ်လို့ ပုန်းနေရာက စိတ်မလုံလို့ လာပြန်ရေးတာ...။ အဟီး..ခွန်းထောက် ... ဟုတ်လား...သိဘူး...)

ဒီခွန်းထောက် ပိုင်ရှင်ကတော့ အကောက်တော်လေး "လေးမ" ပါပဲရှင်..... :P
*****
အားလုံးကို ကျေးဇူးအထူးပဲ တင်ပါတယ်နော်... ညလေးကို ခုလို ခင်မင်စွာနဲ့ လာရေးပေးကြလို့....
ပျော်ရွှင်ကြပါစေ.... လို့။

*****

ကပေါက်တိကပေါက်ချာ

စည်းကမ်း စည်းကမ်း နဲ့
လာလာမပြောစမ်းနဲ့
စကားလုံးတွေတောင်
အရောင်မှိန် မှိန်သွားတယ်...

သူ့ဖာသာနေပါစေလေ
နင်တို့တွေ ၀င်ဝင်မပါနဲ့
အချိန်က စကားပြောပါလိမ့်မယ်။

လူတိုင်းက တစ်မျိုးစီး ရူးနေကြတာပဲ
လောကကြီးကတော့ လှနေမြဲပေါ့။

အချိန်တွေ ရွေ့လျားနေသလို
လူတွေလည်း သေနေကြဦးမှာပဲ။

မွေးဖွားခြင်း ရှိသလို
သေဆုံးခြင်းလဲ ရှိနေတာပေါ့၊
ဒါ သဘာဝပဲလေ
ဘယ်သူတွေ ဆန့်ကျင်ချင်ကြသေးလဲ
ဒါဆိုရင်တော့...
...........................
...................................
*****

ခေါင်းထဲမှာ ဘာများတွေးနေပါလိမ့်

"ကိုကြီးကျော်" စမ်းထားတာတွေ့ပြီး Brain Scanner ဆိုလို့ ကိုယ်ဆိုရင်ရော ဘယ်လိုများလဲ သိချင်လို့ သွားစမ်းမိပါတယ်။ မပြောတော့ပါဘူးဗျာ ပုံကိုသာ ကြည့်ကြပါတော့.... ပြီးရင်တော့ ဝေဖန်ခဲ့ဦးနော်.... ကိုယ့်ဖာသာတော့ သိတာပေါ့နော ဒါပေသိ သူများ ဝေဖန်တာလဲ ခံချင်သေးပါ့။

သူငယ်ချင်းတို့လဲ စမ်းသပ်ချင်ကြရင်တော့ "ဒီမှာ" သွားစမ်းကြည့်လို့ ရပါတယ်။

*****

The True Friend!!

A friend is someone to behohld,
To laugh with and chat with, when warm or cold,
Someone to comfort you when you're blue,
To talk about the old and new.

One has many acquaintances in life,
But when there is sorrow or strife,
A friend is someone who will understand,
To lend an ear or a helping hand.

It matters now where you are,
Whether you are near or far,
Around the world or across the street,
A friend is someone we like to meet.

So when life's little troubles get you down,
Try to smile, do not frown,
Turn on the computer, or pick up the phone,
With friends, you are never alone.
*****

စိတ်ကောင်းနှင့်ယှဉ်

အများအကျိုး ရွက်သယ်ပိုးက
ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း
မဖဲ့မစောင်း ကိုယ့်လမ်းကြောင်းကို
စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော့။
အရှင်ပဏ္ဍိတသီရ
*****
မင်္ဂလာပါ သူငယ်ချင်းအားလုံး... ညလေးစာမရေးဖြစ်တာ (၁၀) ရက်လောက်ရှိသွားတယ်။ Account မှာတင် အလုပ်တွေ များနေရတဲ့ကြားထဲ နေမကောင်းလို့ (၂၃) နဲ့ (၂၄) ခွင့်ယူလိုက်သေးတယ်လေ (တမင်ကို ဆေးခွင့်သွားယူတာ နားချင်လို့ ဟိ)။ ဒါနဲ့ တစ်ရက်ပြန်ဆင်းတော့ အလုပ်တွေ ပိနေပြန်ရော နောက်တစ်ရက်ရောက်တော့ နားရက် ဖြစ်သွားပြန်ရော ဒါနဲ့ပဲ အင်တာနက် သုံးချိန် မရလိုက်တော့ ဘာမှကို မရေးဖြစ်တာ။ ဒီနေ့ ဒီ သြ၀ါဒများ ပို့စ်နဲ့ ပြန်ဖွင့်လိုက်ပါတယ်။ Sidebar ကိုတော့ မလဲအားသေးလို့ နောက်နေ့မှ အသစ်တင်တော့မယ်။ အားလုံးပဲ အသစ်မတင်ဖြစ်ပေမယ့် လာရောက် လည်ပတ်ကြတာ ကျေးဇူးအထူးပါနော်...

သြော် ပြောရဦးမယ် ညလေးဘလော့ဂ်ကို ၀င်လိုက်တာနဲ့ "Warning" ကြီး ပေါ်လာလိမ့်မယ်။ အဲ့ဒါ ဘာမှ မဟုတ်ဘူး လျှောက်လုပ်ရင်း ပြန်မဖြုတ်တတ်တော့လို့ "I Understand and I Wish To Continue" လို့သာ နှိပ်ပြီး ၀င်လာခဲ့လိုက်ပါ။ ညလေးရှိနေမယ်.....
*****

Blog Juice

"တေဇာ့" ဘလော့ဂ်ကို ရောက်တော့ သူက "Blog Juice Calculator" ဆိုပြီး သူ့ဘလော့ဂ်ကို အဖြေ ထုတ်ထားတာတွေ့လို့ ညလေးလဲ စမ်းသပ်ထားတာ။ ညလေးကတော့ "1.2" ပါတဲ့.... မဆိုးဘူးလို့ ပြောရမလားပဲ ဒီ့ထက်များလာအောင် လုပ်ဦးမှ... ဘာဆက်လုပ်ရမလဲ ဆိုတာတော့ ခုမှ သူ့ကို စပြီး စမ်းသပ်ရဦးမယ်။ ပြီးရင် ပြောပြမယ်လေ နော့....

My Blog Juice
*****

Belated Valentine Day!

နောက်ကျမှ ပို့စ်တင်တယ်လို့ အပြစ်မတင်ကြနဲ့ဦးနော်... ညလေး ရေးချင်စိတ် ပျောက်နေတယ်လို့ ပြောထားပါတယ်။ ဒီနေ့တော့ ရေးချင်စိတ်လေး ရှိတုန်း လျှောက်ရေးလိုက်ဦးမယ်။ "ချစ်သူများနေ့" လို့ ဘယ်သူက ဘယ်လိုမျိုး ဘယ်အချိန်မှာ ဘာအတွက် စတင် သတ်မှတ်ခဲ့တာလဲတော့ မသိပေမယ့် (တကယ်တော့ အနည်းငယ် သိသလိုပဲ) ဖေဖော်ဝါရီ (၁၄) ရက်နေ့ရောက်ရင် တစ်ကမ္ဘာလုံးက စုံတွဲတွေ ချစ်တတ်ကြသူတွေ ပျော်နေဦးမှာပါ။ ကိုယ်ချစ်ရတဲ့သူကို အမှတ်တရ လက်ဆောင်လေးတွေ ပေးရင်း ပျော်ရွှင် ကြည်နူးနေကြမယ့် စုံတွဲတွေကို တွေးကြည့် မြင်ယောင်ပြီး ညလေးလဲ စိတ်ချမ်းသာမိပါတယ်။
*****
အဲ့ဒီနေ့က မနက် ရုံးရောက်တော့လဲ သိမ်းထားတဲ့ ပိုက်ဆံတွေ ရေတွက်၊ မနေ့က ရောင်းရတဲ့ List တွေ Print ထုတ်၊ ညလေးဆီက ထုတ်သွားတဲ့ ပိုက်ဆံအရေအတွက် ကို Payment Voucher တွေနဲ့ တွဲလို့ အထက်က တစ်ယောက် စစ်လို့ရအောင် Journal Voucher တွေ ထုတ်ပေးနဲ့ ပုံမှန်ပဲ လုပ်နေရတာလေ။ အလုပ်ထဲက တရုတ်မ အစ်မနဲ့ Happy Valentine Day တွေ ဘာတွေ နှုတ်ဆက်လို့ "သူ့ကောင်လေးက သူ့ကို ပန်းစည်းပေးတယ်၊ ဒါပေမယ့် သေးသေးလေးရယ်" ဆိုပြီး ပြောပြနေသေးတယ်။

ခဏနေတော့ အောက်ထပ်က ရယ်သံတွေ ကြားရပါလေရော (အင်း သိလိုက်ပြီလေ သူဌေးမတော့ ရောက်လာပြီဆိုတာ) အပေါ်ကို တက်လာပြီး အကောင့်က ရှိတဲ့လူလေး (၃) ယောက် (ညလေးအပါ) ကို "Happy Valentine Day" ဆိုပြီး ပန်းစည်းလေးတွေ တစ်ယောက်တစ်စည်း ပေးသွားလေရဲ့။ ပြီးတော့ ညလေးကို ပြောသွားသေးတယ် "အာကာ" ကနင့်ကို ဘာမှ မပေးဘူး မဟုတ်လား ငါပေးတယ်နော် ဆိုပြီးတော့လေ။ ဟိ သူက အဲ့လိုပဲ ပျော်ပျော်နေတတ်ပြီး Customer တွေ တွေ့တိုင်းလဲ ဘယ်အချိန်ဖြစ်ဖြစ် Morning ဆိုပြီးတော့ နှုတ်ဆက်တတ်သေးရဲ့။ ညလေးလဲ သူပေးတဲ့ ပန်းစည်းကို ဘာရယ်မဟုတ်ပဲ ဓါတ်ပုံ ရိုက်ထားလိုက်သေးတယ်။

ဒါတွေကတော့ ဒီနေ့ လျှောက်ဝင်ရင်း တွေ့ထားတာတွေပေါ့။ ချော့ကလက်တော့ သိပ်မကြိုက်ဘူး နို့ချော့ကလက် အဖြူကို ပိုကြိုက်တယ်။





ဒီ Cheese Cake ကိုတွေ့တော့ စားချင်စိတ် ပေါက်သွားတယ်၊ သူက ဖုတ်ထားတာ မဟုတ်ဘူးတဲ့လေ။ ဒါနဲ့ပဲ Cheese Cake ဆိုပြီး ရှာလိုက်တာ "ဒီဆိုဒ်လေး" ထဲကို ရောက်သွားပါလေရော၊ အဲ့ဒီထဲမှာမှ မုန့်လုပ်နည်းတွေ မျိုးစုံကို ရှင်းလင်းချက်နဲ့ တကွ တွေ့ရတာပဲ။ ဒါနဲ့ စိတ်ဝင်စားသွားပြီး ထိုင်ကြည့်နေလိုက်တယ်။ ဟိ ဒီပို့စ်ရေးချင်စိတ် ပေါက်လာရော ဆိုပါတော့ဗျာ....


သူငယ်ချင်းတို့လဲ စိတ်ဝင်စားရင် သွားပြီး ကြည့်လိုက်ကြပေါ့ဗျာ... မညွှန်းတော့ပါဘူး။ ကိတ်မုန့်ဖုတ်ချင်တဲ့ သူတွေ အိမ်မှုကိစ္စ စိတ်ဝင်စားတဲ့ အိမ်ရှင်မတွေ အတွက်တော့ အပျင်းပြေမှာပါ။

အားလုံးပဲ ပျော်ရွှင်ကြပါစေ....။

*****

In Giant Super Market

ဒီ (၁) ရက် (၂) ရက်မှာ ခရီးသွားပို့စ်ကို ဆက်ဖို့ လုံးဝကို လှည့်မရဘူး ဖြစ်နေတယ်။ စာမရိုက်ချင်သလို ဘာကိုမှ မစဉ်းစားချင်ဘူး ဖြစ်နေတယ်။ ဘယ်လိုလုပ်ရမလဲ၊ ဘလော့ဂ်ရေးရတာ စိတ်များ ကုန်သွားပြီလားလဲ ကိုယ့်ဖာသာ ပြန်မေးနေမိသေးရဲ့။ အလုပ်များတာလား လုံးဝကို စာမရေးချင်တာလား ဒီနှစ်ခုကို သေချာသိအောင် လုပ်ရမယ်။ ဧကန်နတော့ အလုပ်များရင်း စာမရေးချင်တော့တာ ဖြစ်မယ်။ cool
*****
ဒီလိုနဲ့ လာရာလမ်းတိုင်း ပြန်လျှောက် ကားပေါ်ကို တက်ကြ၊ ပြီး ထွက်လာတယ်လေ (ကားပြောပါတယ်)။ သြော် တစ်ဖက်ဆိုင်က ကားနဲ့ ပါလာတဲ့ ကောင်မလေးက ဟိုဘက်ကားမှာ တစ်ယောက်တည်း ဖြစ်နေလို့ဆိုပြီး ညလေးက ဒီဘက်ကားကို ခေါ်လိုက်တယ်၊ ညလေးရဲ့ ဘေးခုံမှာ ထိုင်တာပေါ့၊ ဒီတော့ "ဘလော့ဂါကြီး" က အော်တိုမတ်တစ် ရှေ့ခုံကို ရောက်သွားရော အဟိ။

ကားကလဲ လာတုန်းကတော့ တစ်စီးတည်း၊ ထုတော့ နှစ်စီးဖြစ်သွားပြီ။ ကားပေါ်ရောက်တော့ ဒီတီးလုံးသံ နာကြားဖူးပါတယ် မှတ်တယ်။ ဘယ်သူပါလာတဲ့ ခွေလဲတော့ မသိဘူး "၀ိုင်းဝိုင်း" ရဲ့ အချစ်ငှက် ဖွင့်ထားတာကိုးးး။ ခုမှပဲ တစ်ကားလုံး သီချင်းတွေ အော်ဆိုရင်းနဲ့ ဆူညံသွားတော့တယ်၊ အလာတုန်းကနဲ့ တစ်ခြားစီပေါ့၊ ကုလားကားကို မကြိုက်လဲ ဒီတိုင်းကြီး ထိုင်ကြည့်နေရတာကိုး။ ဒါ့ကြောင့် နောက်များဆို ခရီးတစ်ခု သွားတော့မယ်ဆိုရင်တော့ နားထောင်စရာတစ်ခုခု ဒါမှ မဟုတ် ကိုယ်ကြည့်ချင်တာ တစ်ခုခုတော့ ထည့်ယူသွားမှ။ ညလေးရဲ့ ဖုန်းကိုလဲ တစ်လမ်းလုံး "ဘလော့ဂါကြီး" က ပြည်သူပိုင် သိမ်းထားလေရဲ့၊ ဒါ့ကြောင့်သာ ကုလားကားကြီးကို ကြည့်နေရတာပေါ့၊ မဟုတ်ရင် ဘယ်ပျင်းရမလဲ နော့။

ဒါနဲ့ ထွက်လာလိုက်တာ လမ်းမှာ စားစရာဝင်ဝယ်ဖို့ လိုက်ရှာသေး၊ အများတကာအကြိုက် (အထူးသဖြင့် မလေးတွေပေါ့) KFC ၀ယ်ရမယ်လေ၊ ညလေးကတော့ မကြိုက်ဘူး (ရန်ကုန်က ကြက်ကြော်တွေကို မမီဘူးထင်လို့)။ ဒါနဲ့ပဲ ရောက်နေတဲ့ နေရာကနေ သွားနေတဲ့ လမ်းတစ်လျှောက် ဘယ်နားမှာ ဆိုင်ရှိမလဲ မေးရင်းနဲ့ "Giant Super Market" ကို ရောက်သွားတယ်။ အစကတော့ ဦးဆောင်ဖို့ ပါလာတဲ့ မန်နေဂျာ လင်မယားက ဘယ်သူမှ မဆင်းရဘူး၊ ခဏပဲ ဆိုပြီး ပစ္စည်းသယ်ဖို့ ယောက်ျားလေး (၃၊ ၄) ယောက် ခေါ်လို့ ဆင်းသွားကြတယ်၊ ညလေးတို့တော့ ကားပေါ်မှာပဲပေါ့၊ ကျန်တဲ့ ယောက်ျားလေးတွေလဲ ကားအောက် ခဏဆင်းလို့ ဟိုဒီလျှောက်ကြည့်။

ညလေးလဲ မှေးဖို့ စဉ်းစားနေတုန်း ဖုန်းမြည်ရော၊ ဘူလဲမှတ်တယ် "ဘလော့ဂါကြီး" က ကြာဦးမယ် Market ထဲ ၀င်ချင်ရင် ၀င်လာခဲ့လို့ ခေါ်တော်မူတယ်လေ။ ဒါနဲ့ ညလေးလဲ ပါလာတဲ့ ကောင်မလေးခေါ်ပြီး ဆင်းလာရင်း ကားအောက်က လူတွေကို အထဲဝင်ချင် ၀င်လို့ရတယ် ပြောပြီး အထဲ လိုက်ဝင်သွားလိုက်တယ်၊ သူတို့တွေ ဘယ်နားမှာလဲ အရင်ရှာရတာပေါ့။ တွေ့တော့မှ ဈေးထဲခဏ လျှောက်ကြည့်၊ ညလေးက ခေါင်းဖြီးဖို့ ဘီးပါမလာဘူး၊ ဘီးလိုက်ရှာပြီး အရင်ဝယ်တယ် (အသေးလေး ၂ ချောင်းကို RM0.90၊ ဖြီးလို့ရရင် တော်ပြီပေါ့နော့)၊ ပြီးတော့ ဟိုလျှောက်ကြည့်၊ ဒီလျှောက်ကြည့်။

ဘလော့ဂါကြီးက ငါးကြီး အကြီးကြီးပဲ ရှိတယ်ဆိုလို့ သွားကြည့်သေးတယ်။ တကယ်ပဲ အကြီးကြီးပဲ၊ "Giant" ဆိုတဲ့ နံမယ်နဲ့ လိုက်အောင်များ မွေးထားတာလား မသိဘူး ငါးအမည်ကလဲ "Giant Golden Fish" တဲ့။ ညလေးကတော့ Lucky Fish ကြီးလို့ ထင်တာပဲ၊ ပုံသဏ္ဍာန်က တူတူပဲ။ ညလေးလဲ တစ်ချက် နှစ်ချက် ကစ်... မှန်ကို ပြန်ရိုက်ရတော့ လူရိပ်တွေနဲ့ သိပ်တောင် မမြင်ရဘူး ဖြစ်နေတယ်။ eek မျက်လုံးကို ပြူပြီးကြည့်။


ငါးကြီးကို အားရအောင် ကြည့်ပြီးတော့ သူ့ဘေးနားမှာ အကောင်လေးတွေ ရောင်းတဲ့ဆိုင်ပေါ့။ အ၀င်နားမှာ မှန်လှောင်အိမ်လေးနဲ့ ထည့်ထားတဲ့ အကောင်လေးတွေ တွေ့တော့ "ဟယ် ချစ်စရာလေးတွေတော့" တကယ်ကိုပါ မနေနိုင်တော့ဘူး၊ ညလေးက အဲ့လို အကောင်လေးတွေဆို တအား သဘောကျတာ။ စက္ကူစ မွမွလေးတွေကို (၂) လက်မထုလောက် ခင်းပေးထားတယ် သူ့အပေါ်မှာမှ အစာခွက်လေးနဲ့ ရေသောက်ဖို့ ပိုက်လေး ချပေးထားတယ်။ စက္ကူတွေထဲမှာ ပက်လက်လေးတွေ မှောက်ရက်လေးတွေ ၀င်တိုးပြီး အိပ်နေကြတာ အရမ်း ချစ်ဖို့ကောင်းတာပဲ။ ကြည့်နေရင်းနဲ့ အကောင်လေး တစ်ကောင်က ရေသောက်ရော မနေနိုင်တာနဲ့ ဓါတ်ပုံရိုက်လိုက်သေးတယ်။ ဘာကောင်လဲ သိလား (အိမ်မွေးကြွက်လေးတွေ) ဟိ။ ဘယ်လောက် ချစ်ဖို့ကောင်းလဲ သိရအောင် မှတ်တမ်းတင်လာတာလေ...

အပေါ်ကထက် အောက်မှန်ပုံးထဲက ပိုသေးတယ်... ဒါလဲ ရိုက်မှာပဲ လုံးဝ လာမတားနဲ့။ ရေပိုက်က သူတို့တွေ သောက်မှ ထွက်တာလား ဒါမှမဟုတ် ဒီတိုင်းပဲ တစက်စက် ကျနေတာလားလို့ အလကားနေရင်း တွေးနေမိသေး။ သူတို့လေးတွေ ရေရှိမှန်း သောက်လို့ရမှန်းလဲ သိကြတယ်နော်၊ သြော် သက်ရှိ သတ္တ၀ါပေကိုး၊ အစာအိမ်ပါလို့ စားရမယ် သောက်ရမယ်မှန်း သိသလို သေမှာလဲ ကြောက်ကြမှာပဲ။

ဘယ်လိုရောင်းလဲ ဆိုတာတော့ မေးမလာတော့ဘူး၊ တကယ် ၀ယ်ဖြစ်နေမှာစိုးလို့။ ညလေးအိမ်မှာက ကြောင်လေးတစ်ကောင် မွေးထားတယ်၊ အလိုလိုက်ထားတော့ တစ်အားဆိုးတာ သူလုပ်တာနဲ့ အဲ့ဒီကြွက်လေးတွေ ကြွသွားမှာစိုးလို့။ သူ့ဘေးနားမှာတော့ လှောင်အိမ်လေးနဲ့ ယုန်လေးတွေ ထည့်ထားသေးတယ်၊ ဒီအကောင်လေးတွေလဲ ချစ်တာပဲ၊ ဒီတော့ တစ်ချက် ကစ်...။
ယုန်လေးတွေ ကြည့်ပါလား ကျောပေါ်မှာ အညိုလိုင်းလေးနဲ့ ချစ်စရာလေး၊ နားရွက်မှာ မီးခိုးရောင်လေး ကွပ်ထားတာလဲ ချစ်စရာလေး၊ အို အကုန်လုံး ချစ်စရာလေးတွေချည်းပဲ။ ညလေးတစ်ယောက် တော်ယုံနဲ့ အနားက မခွာနိုင်တော့ "ဘလော့ဂါကြီး" က အတင်းဆွဲခေါ်ပြီး ဟိုဘက်တွေ လျှောက်ကြည့်ဦးမယ်တဲ့။ ဘာမှကို ကြည့်စရာလဲ မရှိတော့ပဲနဲ့၊ ဈေးဆိုင်တွေပဲ ရှိတာလေ၊ ရှိသမျှ Super Market တွေက တူတူတွေပဲဟာ။ တစ်ဦးတည်းပိုင် မဟုတ်ရင် ဆိုင်သေးသေးလေးတွေ နေရာအနှံ့ စိငှနေအောင် ဖွင့်ထားမယ် ဒါပဲလေ။

တစ်နေရာမှာ စားပွဲကြီးခင်းပြီး နာရီ၊ နားကပ်၊ ပိုက်ဆံအိတ် အစုံရောင်းတဲ့ဆိုင်က နားကပ်လေးတွေ လှတာ တွေ့တော့ ၀ယ်လိုက်သေးတယ်၊ သုံးခုကို RM 10.00 တဲ့၊ အရောင်နဲ့ ပုံစံလေးတွေကို မနည်း ရွေးလိုက်ရတယ်။ ပြီးတော့ သူတို့ KFC ၀ယ်နေတဲ့ ဆိုင်ထဲဝင်လျှောက်ကြည့်၊ ပြန်ထွက်လာပြီး ဗိုက်က ဆန္ဒပြလာတာနဲ့ ကိတ်မုန့်ဆိုင်သွား ကိတ်သေးသေးလေး (၂)ခုဝယ်တယ် (တစ်ခုကို RM 2.40)။ "ဘလော့ဂါကြီး" လဲ ဗိုက်ဆာတယ်တဲ့ သူ့ကို ၀ယ်လာတဲ့ကိတ် ပြတော့ ဗိုက်မပြည့်ဘူးဆိုတာနဲ့ အဲ့ဒီဆိုင်ကို နောက်တစ်ခေါက် ထပ်သွားပြီး စားချင်တာဝယ်ပေါ့၊ ငွေရှင်းတဲ့ ကောင်တာက ကောင်လေးက ရွှေ (မြန်မာ)ပဲ၊ ညလေး ပထမက သတိမထားမိဘူး၊ ဘလော့ဂါကြီးက ရင်ဘတ်က တံဆိပ်မြင်လို့ ရွှေဆိုပြီး စကားပြောတော့မှ အဲ့ဒီကောင်လေးကလဲ ၀မ်းသာအားရပေါ့။

"အစ်ကို ဟိုဘက်က ကိတ် ယူပေးပါ" တဲ့ပြောတော့ "ဘလော့ဂါကြီး" ဘာမှန်းမသိ ယူပေးလိုက်တော့ ကောင်လေးက "အစ်ကိုတို့ အတွက်" ဆိုပြီး အလကား ပေးလိုက်ပါလေရော။ အဟိ ဒီလိုမှန်းသိ ပထမ တစ်ခေါက်တည်းက စကားပြောလိုက်ပါတယ်။ အဲ့ဒီကောင်လေးက မေးလိုက်တာ စုံနေတာပဲ ဘယ်မှာနေတာလဲ ဘယ်သွားမှာလဲ ဘယ်ကလာတာလဲနဲ့။ ဘာပဲပြောပြော ကိတ်မုန့် တစ်လုံးရတယ်၊ ဟားး ဟားးးးးး။

ညလေးတို့တွေ ကိတ်ဆိုင်က ထွက်ပြီး KFC ဆိုင်ထဲ ပြန်ဝင် သူကတော့ ကိတ်မုန့် အလကားရကြောင်း သွားကြွားလေရဲ့။ ညလေးကတော့ အပြင်မှာ လျှောက်ကြည့်နေတုန်း "အစ်မ" ဆီက ဖုန်းလာလို့ အစ်မနဲ့ Talkie တွေ ပွားနေရတယ်၊ အစ်မက ဟိုမေးဒီမေး။ အစ်မကို Ang Pao ပေးဆိုတော့
"ရန်ကုန်မဟုတ်ဘူးတဲ့ ရန်ကုန်ကျမှပေးမယ်" တဲ့
"ဒါဆိုလဲ စုထား အကြွေးနဲ့ မှတ်ထားမယ်လို့"

"ဘလော့ဂါကြီး" က ထပ်တစ်ခါ ရေခဲမုန့် ထွက်ဝယ်စားတယ်။ အဲ့ဒီနေရာမှာ (၁)နာရီလောက်ကို ကြာသွားတော့ အတော်လေး ပျင်းလာရောလေ၊ KFC ကလဲ စောင့်လိုက်ရတာ အကြာကြီးပဲ။ KFC ရလာတော့ ကြက်ကြော်တွေ ယူပြီး ကားဆီ ပြန်လာကြတယ်။ အပေါ်ရောက်တော့ လူမစုံသေးလို့ ခဏစောင့်၊ ပြီးတော့ ဆက်ထွက်လာတာပေါ့၊ တစ်လမ်းလုံးလဲ "၀ိုင်းဝိုင်း" ပဲ ကြီးစိုးထားတာ။ ဒါပဲရှိတော့ ဒီခွေပဲ ဖွင့်ထားရတယ်လေ။
*****
တော်သေးပြီ Giant ထဲမှာ တစ်နာရီလောက်ပဲ နေပေလို့နော်၊ ဒီ့ထက်ကြာနေရင် ပို့စ်က ပိုရှည်နေမလားပဲ... သည်းခံပြီး အဆုံးထိ ဖတ်ရှုပေးတာကို ကျေးဇူးအထူး တင်ပါတယ်နော်.... နောက်နေ့မှ နောက်ပို့စ်ပေါ့...

သူငယ်ချင်းများ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ..

*****

Taman Ular Sawa

ခွင့်ယူထားတာ ရက်လေး အတော်ကြာသွားတော့ ဘလော့ဂ် ရေးချင်စိတ်လေး အနည်းငယ် ပျောက်သွားတယ်။ တကယ်ပါ စိတ်မပါတာလည်း ကြာနေပေါ့၊ စထားမိတဲ့ အလုပ်၊ ကိုယ်က စိတ်ပါဝင်စား တက်ကြွစွာနဲ့ ပါဝင် လှုပ်ရှားမိခဲ့တဲ့ အလုပ်မို့ ပြီးတော့ သူငယ်ချင်းတွေကိုလဲ သံယောဇဉ် မပြတ်လို့ ဒီနေ့တော့ တင်ဖြစ်အောင် တင်မယ်လို့ စိတ်ကူးပြီး ဒီပို့စ်လေး ရေးဖြစ်တာပါ။ ခုလဲ ဘယ်ဘက် မျက်စိ အနည်းငယ် အောင့်နေပေမယ့် ဒီပို့စ်ကို ရအောင် တင်ပေးလိုက်ပါတယ်။ စာဖတ်ရတာတွေ ထောက်နေရင်လဲ ပြင်ပေးကြပါနော်.....။
*****
ကမ်းခြေကို သွားမယ်လို့ စိတ်ကူးထားပေမယ့် ရေထဲဆင်းဖို့တော့ မစဉ်းစားထားဘူး။ မနက် (၆)နာရီခွဲ ဆိုင်ရှေ့အရောက် ဆိုလို့ မနိုးမှာစိုးလို့ ဖုန်းကို (၅)နာရီ Alarm ပေးပြီး အိပ်ရတယ်။ ၀တ်မယ့် အ၀တ်အစားတွေ ယူသွားမယ့် ပစ္စည်း အနည်းငယ်ကိုတော့ ညတည်းက အဆင်သင့် ပြင်ထားလိုက်တယ်လေ။ ကော်ဖီသောက် ထမင်းကြော် အနည်းငယ်စားပြီး အိမ်ကထွက်လာခဲ့တယ်၊ (၂၄)နာရီဆိုင်မှာ ထိုင်နေတဲ့ လူတစ်ယောက်စ နှစ်ယောက်စ ကလွဲရင် တစ်လမ်းလုံး ရှင်းလင်း တိတ်ဆိတ်နေတာပဲ။ ဆိုင်ရှေ့ရောက်တော့ လူတွေ အကုန်လုံး မရောက်ကြသေးဘူး။ ဟိုလူ ဒီလူ စုံအောင်စောင့်ရင်းနဲ့ (၇)နာရီ မထိုးခင် ထွက်လာခဲ့တယ် (ထင်တာပဲ နာရီမကြည့်မိဘူး)။

ကားက ကျောင်းကား ငှားထားတာဆိုတော့ Air-con က အတော်လေး အေးတယ်။ ပြီးတော့ Driver က အိန္ဒိယဆိုတော့ သူက ကုလားကား DVD ခွေကြီး ထိုးထားတယ်လေ၊ စတည်းက ကုလားကားက ကြော်ငြာတွေချည်း လာနေတာ၊ အတော်လေး ကြာတော့ နားငြီးလာရော။ ဒါနဲ့ပဲ ကားမှန်ကနေမြင်ရတဲ့ အပြင်က ရှုခင်းတွေဆီ မျက်စိပို့ စိတ်ပါပို့ပြီး ပို့စ်ထဲမှာ ဘာတွေများ ထည့်ရေးရ ကောင်းမလဲ ဆိုပြီး စဉ်းစားလာလိုက်တယ် (အဲ ကားပေါ်မှာ စဉ်းစားတုန်းကတော့ အဆင်ကိုချောလို့ ခုတော့ ဘာရေးရမှန်း မသိတော့ဘူး)။

ခဏခဏ ကုလားကားက ကုလားသံတွေက တစ်လမ်းလုံးလဲ အတွေးမကောင်းအောင် ဒုက္ခပေးလာကြတယ်။ ဟိုဒီကြည့်ရင်း ခဏကြာတော့ ကုလားကားက ကြော်ငြာတွေ ပြလို့ဝပြီ ထင်ပါရဲ့ ဇာတ်လမ်းကို စပြလေရဲ့။ ကုလားကားဆီ စိတ်ဝင်စားပြီး ပြန်ကြည့်ဖြစ်သွားတယ်၊ မဆိုးပါဘူး ကုလားကားကို ကနေတဲ့အခန်းတွေဆို ပိုစိတ်ဝင်စားတယ် (သူတို့ကတာက ညီပြီး လှလို့ပါ)။

အလင်းရောင် အနည်းငယ် ရလာတော့ တစ်လမ်းလုံးက တိုက်တွေ၊ အိမ်တွေ နဲ့ သူတို့တွေ ဖောက်လုပ်ထားတဲ့ လမ်းမတွေဆီငေးရင်း အမိမြေကို သတိရသွားမိတယ်။ လမ်းတွေက ခေါင်းပေါ်က ဖြတ်သွားလိုက် ကားအောက်က ဖြတ်သွားလိုက်နဲ့ သူ့နေရာနဲ့သူ၊ သူ့ကုန်းမြင့်နဲ့သူ အဆင်ပြေအောင် အလွယ်တကူ သွားလာလို့ရအောင် ဖောက်ထားတယ်လေ၊ ပြီးတော့ Highway လမ်းကလဲ အမိမြေလို ချိုင့်တွေနဲ့ ဟိုဒီ ခွက်မနေပဲ ငြိမ့်ငြိမ့်လေးနဲ့ စီးလို့ကောင်းတယ်။ Toll Gate (၂) ခုလောက် ကျော်လာတော့ ဟိုဘက်ဆိုင်ခွဲက လာမယ့် ကားကို စောင့်မယ်ဆိုပြီး Toll Gate အကျော်လေးမှာ ကားခဏရပ်စောင့်တယ်။

ညလေးလဲ နာရီကြည့်လိုက်တော့ (၇)နာရီထိုးပြီ ကားအောက် ခဏဆင်းပြီး ကင်မရာလေးကိုင်လို့ ဓါတ်ပုံရိုက်ဖို့ ပြင်တာပေါ့၊ ဟိ လမှလ....

ဒါကတော့ မနက် (၇)နာရီထိုးလို့ နေလုံးတောင် မမြင်ရတော့ဘူးလေ ဒါပေမယ့် ရိုက်တယ်ဟာ... ဘာဖြစ်လဲ။ နေလုံးအထွက်ကို စိတ်ကူးရှိပေမယ့် ကားပေါ်မှာ စဉ်းစားလွန်ပြီး ခဏ အိပ်ပျော်သွားလို့။


ဒါက လမ်းဘေးက ဖုန်းရုံလေးတွေ.... များကြီးပဲ နေရာအနှံ့မှာ ဒီလိုလေးတွေ ရှိနေတယ်။


ဒါကတော့ ဖြတ်လာတဲ့ Toll Gate ကို ရိုက်ထားတာ.... Toll Gate တွေက တစ်နေရာနဲ့ တစ်နေရာ ဆောက်ထားတာ ပုံစံမတူကြဘူး၊ ပထမဖြတ်လာတုန်းက ကားပေါ်မှာဆိုတော့ ရိုက်ဖို့ မမီလိုက်လို့။


ဒီဘက်ပြန်လှည့်လို့ တစ်ချက်ရိုက်.... cool


ကဲ... ကဲ... ဟိုဘက်ဆိုင်က ကားလဲ ထွက်လာပြီးလို့ ရေတံခွန်ကို သွားနေပြီဆိုတော့ ကားပေါ်တက်ကြဟေ့.. ထွက်မယ် (ကားနော်) တဲ့။ ကားပေါ် ပြန်တက်ပြီး နေရာမှာ ပြန်ထိုင်တော့ ကြည့်လက်စ ကုလားကားကြီး ဆက်ကြည့် နေရတာပေါ့။ ဖြတ်သွားတဲ့ ကားတစ်စီးကို ကားမှန်ကနေ လှမ်းပြီး ရိုက်လိုက်သေးတယ်... လူကနေပေမယ့် လက်ကမနေဘူး။


လမ်းတစ်လျှောက် ဘေးကပါလာတဲ့ "ဘလော့ဂါကြီး" ကလဲ သူ့အတွေးနဲ့သူ၊ ညလေးကလဲ ကိုယ့်စိတ်ကူးနဲ့ကိုယ် ဗိုက်လဲ မဆာသေးတော့ နေနိုင်သေးတယ်လေ၊ ပြထားတဲ့ ကုလားကားလဲ ဘယ်တုန်းက ဘယ်လိုပြီးသွားလဲ မသိ၊ သီချင်းပြောင်းပြီး ဖွင့်ပေးတယ်။ စဉ်းစားရင်း တွေးနေရင်းက လမ်းတွေက ဖြောင့်နေ ကောင်းနေတော့ သိပ်မကြာခင်မှာပဲ သွားမယ်ဆိုတဲ့ ရေတံခွန်ကို ရောက်သွားတယ်။

ဒါက အပြင်က ဆိုင်တန်းလေး..... ကားပေါ်က လှမ်းကစ်ထားတာ။ အပေါက်ဝကို ကျော်သွားလို့ ကားပြန်လှည့်ပြီး ကွေ့နေတုန်း။


လမ်းက တောင်ပေါ်လိုမျိုး အနည်းငယ် တက်ရတယ်။ ကွေ့လေး တစ်ကွေ့လောက် ကျော်ပြီးတာနဲ့ ဘန်ဂလိုလေးတွေ တွေ့ရရော။ ဒါကတော့ အောက်ခြေက ဘန်ဂလိုလေးလို့ ထင်တာပဲ လှတာနဲ့ ရိုက်လိုက်တာ။ ပြီးတော့ အိမ်နောက်ဘက်မှာ လှေခါးထစ်လေးတွေနဲ့ အပေါ်တက်လို့ ရအောင် လုပ်ပေးထားသေးတယ်။

အပေါ်လဲရောက်ရော ဘန်ဂလို သေးသေးလေးတွေ ထပ်တွေ့ရတယ်၊ ချစ်စရာလေးတွေ သိလား၊ ငှားလို့ရတယ် သော့ပေးပြီး အထဲမှာ ပစ္စည်းတွေထား အနားယူပေါ့။ ကားရပ်ပြီး လူတွေအကုန် အောက်ဆင်း ကားကတော့ သူ့ဖာသာ နေရာချပေါ့။ ညလေးတို့တွေလဲ ဟိုဒီလျှောက်ကြည့်.... တော့ အ၀င်ဝလိုမျိုး ဆိုင်းဘုတ် ခန့်ခန့်ကြီး တစ်ခု တွေ့ရတာနဲ့ လက်ဆော့လိုက်သေး လူတော့ ပါဘူးပေါ့ဗျာ၊ လူက ကင်မရာ ကိုင်ထားတယ်လေ... ဒီဝင်ပေါက်က VIP တွေ အတွက်လို့ ပြောတာပဲ၊ အနီရောင်ကြိုးနဲ့ တားထားတယ်။ ဆိုင်းဘုတ် နောက်နားမှာ ဘန်ဂလို သေးသေးလေး တွေ့လား လှတယ်နော်။


ရောက်သာသွားတယ် ဘာရေတံခွန်လဲ မမေးမိဘူး ဒီဆိုင်းဘုတ်ကြီးမြင်မှ "သြော်... ငါသွားတာ ဒီကိုပါလား" လို့ သိရတယ်၊ အဲ့လိုမျိုး ပါတ်ဝန်းကျင် လေ့လာမှု အားကောင်းတာလေ ဟိ။

ဆိုင်းဘုတ်နဲ့ ဆန့်ကျင်ဘက်ကို လျှောက်လာလိုက်ရင် ရေတံခွန် သေးသေးလေး တွေ့ရတယ်။ လူတွေ ရေထဲဆင်းပြီး စိမ်နေကြလေရဲ့။ တောအုပ်လိုမျိုး အုံ့ဆိုင်းဆိုင်း ဖြစ်နေတော့ လေကလဲ အေးပြီး ချမ်းစိမ့်စိမ့် ဖြစ်လာတယ်လေ။ ၀တ်ထားတဲ့ မိုးကာကလဲ မနွေးဘူး မဟုတ်လား။ ရေတံခွန်လေး တွေ့တုန်း တစ်ချက်ဆော့...


ဘယ်မလဲ ရေတံခွန်ပေါ့ ပြောတော့ အကြီးကြီးဆို၊ ရေတံခွန် အရမ်းလှတယ်ဆို၊ ညွှန်းလို့လဲ လိုက်လာတာလေ၊ ခုတော့ စမ်းချောင်းပဲ တွေ့ရတယ်။ မေးကြည့်တော့ ထပ်တက်ရမယ် ဆက်သွားရမယ်တဲ့၊ သွားစရာ လမ်းကလဲ တောလမ်းလိုလို၊ ဘယ်ကတက်ရမှန်းလဲ မသိ လမ်းညွှန်လဲ မရှိနဲ့။ ဘာပဲဖြစ်ဖြစ် သွားတယ်ကွာ ဆိုပြီး တွေ့ရတဲ့ လူသွား လမ်းလေးကနေ တက်လာလိုက်တာ (ပုံရဲ့ ညာဘက်ခြမ်း လမ်းလေးရဲ့ ထပ်တစ်ဆင့် အပေါ်ကနေ) ကွင်းပြင်လို ကွက်လပ်လေး တစ်ခုကလွဲလို့ ဘာရေတံခွန်မှ အစတောင် မမြင်ရသလို ရေသံလဲ မကြားရပါဘူး ဘယ်ထိ ဆက်သွားရမလဲပေါ့။ ဟိုပေါ်ကိုတဲ့ ဆက်တက်တဲ့ ကဲ တက်တယ်လေ အပေါ်မှာက လမ်းလဲမရှိ လူသွားလမ်းလဲ မဟုတ် ဘာလမ်းမှကို မမြင်ဘူး (အဲ့ဒါပေါ့ မမေးမစမ်းနဲ့ ရမ်းသမ်းလာကြတဲ့ အကျိုးလေ) သိတဲ့သူ မရှိတော့ မရောက်တော့ဘူး။

သွားမသွား ဆုံးဖြတ်နေကြတုန်း ဟိုဘက်ဆိုင်က အဖွဲ့ ရောက်လာတယ်။ သူတို့ကို ပြောပြ ဆက်သွားမလား မသွားကြဘူးလားနဲ့ အချိန်ကလဲ နေ့လည် (၁၂) နာရီ ရှိနေပြီ အားလုံးကလဲ မသွားတော့ဘူး ကမ်းခြေပဲ သွားကြရအောင် နောက်ကျနေမယ် ဆိုပြီး ပြန်ထွက်လာခဲ့လိုက်တယ်။

ညလေးကတော့ ရေတံခွန်ကြီး မတွေ့ရလို့ စိတ်ဓါတ်ကျလာတာ.... နောက်ဆက်တွဲ ကမ်းခြေကိုတော့ နောက်နေ့မှ တင်တော့မယ်ဗျာ... ရေးရင်းနဲ့ ရှည်သွားတယ်....
*****
ရိုက်လာတဲ့ ဓါတ်ပုံတွေကိုလဲ "ဒီဘလော့ဂ်" မှာ တင်ထားသေးတယ်။ ညလေး လက်စွမ်းပြထားတဲ့ ပုံတွေ တစ်ပုံမှ မတင်ရသေးလို့ အနည်းငယ် သွားပြီး အားပေးလိုက်တာ...

အားလုံးပဲ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ....

*****

ခွင့်တိုင်တယ်နော်.... :P

ဒီနေ့ညနေ (၆) နာရီကစလို့ (၈) ရက်နေ့ထိ ညလေးတို့ အလုပ်ပိတ်ပါတယ်၊ ဒါ့ကြောင့် ဒီနှစ်ရက်ကို ဘာပို့စ်မှ တင်မှာ မဟုတ်သလို ဂျီမေးလ်လဲ မ၀င်ပါဘူး။ အင်တာနက်လဲ သုံးဖြစ်မှာ မဟုတ်တဲ့အတွက် သူငယ်ချင်းများကို ဒီပို့စ်နဲ့အတူ နှုတ်ဆက်ခဲ့ပါတယ် (၂ ရက်ခွဲစာ)၊ (၉)ရက်နေ့မှ အလုပ်ပြန်ဝင်ရမှာ (ပျော်ချာကြီး ရှားရှားပါးပါးလေး ပိတ်တာလေ)။

မနက်ဖန် (၇)ရက်နေ့ မနက် (၆) နာရီမှာလဲ PD ကို သွားမှာဖြစ်တဲ့အတွက် Blogger Vacation ယူပါတယ်၊ ညမှ ပြန်ရောက်မယ်။ ဟိ ပြန်လာမှ ဓါတ်ပုံတွေနဲ့တကွ ခရီးလမ်း အတွေ့အကြုံလေးတွေ တင်ပါ့မယ်။
အားလုံးပဲ ညလေးကို လွမ်းနေကြနော်... ဘိုင့် pika18 pika21
*****

နေဘုန်းလတ်သို့....

ဘလော့ဂါ မောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ် လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့ ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း (၃၆၅) ရက်အတွင်းမှာ သူ့မြို့တော်က စာကောင်းစာသန့် (၁၂၂) ပုဒ် မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် စာဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ်၊ ရသလမ်းတွေ ဆန်းလာခဲ့တယ်၊ ပညာမီးတွေ လင်းပလာခဲ့တယ်။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။

ဘလော့ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံး တော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့ မြို့တော်လည်း ရင်းနှီး ကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့် စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန် ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက် တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ "Blog Day Seminar" အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူ ချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။

မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂါ တစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။

ဒီနေ့ သူ့ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ် ရေးသားခွင့်ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ် ပို့စ်တင်မယ့် အစီအစဉ် ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် သူ … ဘယ်မှာလဲ.....။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလော့ဂါရပ်ဝန်းက သူငယ်ချင်းတွေ၊ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ "မြို့စားကြီး" လို့ စနောက်ကြဖို့ စောင့်နေကြတယ်… ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ… ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ… ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ...။

ဘလော့ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့အတွက် ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလော့ဂါရပ်ဝန်းမှ ညီအကို မောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။
*****
သူငယ်ချင်း နေဘုန်းလတ်တစ်ယောက် အန္တရာယ်ကင်း ဘေးရှင်းပြီး ကျန်းမာစွာနဲ့ အမြန်ဆုံး အိမ်ကို ပြန်ရောက်ပါစေလို့ ဒီပို့စ်နဲ့အတူ ညလေးကလဲ ဆုတောင်းပေးပါတယ်။
*****

အချစ်သက်သေ

သင်းပျံ့ တဲ့ မြေသင်းရနံ့ကို
လေအဝေ့မှာ ငါလန်းဆန်းစေဖို့များ
ဖန်ဆင်းပေးဦးမှာလား ချစ်သူ....

မင်းရဲ့ တမ်းတခြင်းသံစဉ်တွေ
လေညှင်းထဲ ငါကြားရအောင်များ
မျောလွင့် စီးဆင်းစေဦးမှာလား ချစ်သူ....

မယုံမကြည် မရှိလိုက်ပါနဲ့ဆိုပြီး
မိုးနတ်မင်းကို အနားခေါ်လို့တော့
ကျိန်မပြပါနဲ့ ချစ်သူ
ငါ ပြုံးပြုံးလေး လက်သင့်ခံလို့
မျက်လုံးလေး ဖွဖွမှိတ်ပြီး
မိုးစက်မှုန်လေးတွေ
ငါ့ကိုယ်ပေါ် ရွာကျတဲ့ထိ
မင်းဆီက ကြားရမဲ့
ချစ်သံစဉ်တွေကို
မြေသင်းနံ့လေး ရှူရှိုက်ရင်း
နားထောင်နေမှာပါ ချစ်သူ...

*****

လက်ဆောင်ပန်းခြင်း = Hamper

ပို့စ် မရေးအားတာနဲ့ ရက်အနည်းငယ် ကြာလာတော့ အကြွေးတွေ များလာပြီး အရင်တည်းက လက်စသတ် မရေးရသေးတဲ့ နောက်ဆက်တွဲ ပို့စ်တွေလဲ တဖြည်းဖြည်း များလာတယ်။ ဒီနေ့တော့ လက်ဆောင်ပန်းခြင်း ထုပ်ပုံထုပ်နည်း တင်မယ် စိတ်ကူးတယ်။ ကိုယ် အသုံးလိုတဲ့အခါ အသုံး ပြု နိုင်အောင်ရယ် မေ့မသွားအောင် ဒီ ဘလော့ဂ်ပေါ်တင်ပြီး မှတ်ထားလိုက်တာပေါ့။ စွယ်စုံရ ဘလော့ဂါ ဆိုပြီးတော့လဲ လူသိများသွားအောင်ပါ (အဟဲ ကြော်ငြာဝင်တာ)။ သူငယ်ချင်းတွေလဲ လိုအပ်လာတဲ့ အခါမှာ ထုပ်ပိုး နိုင်ကြအောင် လက်ဆင့် ကမ်းပါတယ်။

ညလေးတို့ စစဦးဆုံး ဘလော့ဂါတွေ ညီညီ ညွတ်ညွတ်နဲ့ Tag Game ဆော့ကြတုန်းက "ထူးခြားချက်များ" ပို့စ်ထဲမှာ ရေးခဲ့သလိုပဲ ညလေးက အလုပ်တစ်ခုကို တစ်ခါသင်ပြယုံနဲ့ ပြန်လုပ်တတ်ပါတယ် (အဟိ ကြွားတာ)။
"ဖဲပြားလေးနဲ့ဆော့ဦးမယ်" ပို့စ်ကို သူငယ်ချင်းတွေကို တတ်စေချင်တာရယ် ပြောပြချင်တာရယ် အဲ့ဒီ အချိန်တုန်းကလဲ Order Hamper တွေက များနေတော့ အဆင်သင့်နေလို့ အရင်ရေးပြီးမှ နောက်ဆက်တွဲ ဖြစ်တဲ့ Hamper ထုပ်နည်း အကြောင်းကိုလဲ ဆက်ရေးမယ်ဆိုပြီး ရက် အနည်းငယ် လောက်လေးပဲ ကြာသွားတာနော (အဟဲ အဲလိုမအားတာ၊ ပြန်ဆက်ဖို့ကို စိတ်ကူးမရဘူး ဖြစ်သွားလို့ ခွင့်လွှတ်ပါဗျာ နော့) ခုတော့ စိတ်ကူး ရသွားပြီ။ တရစပ် ရေးပါတော့မယ်.... မျက်စိ အညောင်းခံပြီး ရှုစားကြပါကုန်..... eek
*****
စစချင်းမှာ ပန်းခြင်းလုပ်ရင် မပါမဖြစ် အောက်ခြေမှာ ခံရတဲ့ ခြင်းတွေကို ၂ လက်မ တိပ်နဲ့ လိုက်ပတ်ပါတယ်။ ပန်းခြင်းက အရမ်းကြီး လေးနေတဲ့ အခါမှာ အနည်းငယ် ခံနိုင်ရည် ရှိအောင်ပါ (ခြင်းလဲ ကျိုးကျ မသွားအောင်ပေါ့)၊ တိပ်ကိုလဲ အောက်ခြေနဲ့ ဘေးပတ်လည်မှာ ကပ်ပါတယ်။ တဖြည်း ဖြည်းတော့ ပန်းခြင်းပုံ ပေါ်လာမှာပါ၊ ခုတော့ ကြည့်နေရင်းနဲ့ ဘာတွေလုပ်နေမှန်း မသိဘူး ဖြစ်နေမှာ။ စိတ်ကူးထဲမှာ ပုံဖော်လို့ ရအောင် ပြောပြမယ်၊ လေးထောင့် မုန့်တွေ မုန့်အ၀ိုင်းတွေကို လှအောင်စီပြီး ပုံစံကျအောင် ထုပ်ပေးရတာပါပဲ (ပိုရှုပ်သွားလား၊ ရှုပ်နဲ့နော် ခဏနေ ရှင်းသွားတော့မှာ)။
ရန်ကုန်မှာ ရှိတုန်းကလဲ အရင် အလုပ်တုန်းက သီတင်းကျွတ်၊ တန်ဆောင်မုန်း အခါကြီး ရက်ကြီးတွေမှာ ၀န်ကြီးတွေကို ပေးဖို့ ပန်းခြင်းထုပ်တိုင်း ညလေးပါ ၀င်ကူဖူးတယ်။ ဒီမှာတော့ ရန်ကုန်မှာလို လက်ကိုင်ပါတဲ့ ကြိမ်ခြင်းတွေ မသုံးပါဘူး။ ရန်ကုန်မှာတော့ လက်ကိုင်ပါတဲ့ ကြိမ်ခြင်း နဲ့ Plastic ကလဲ ဆွဲလို့ရတဲ့ Plastic သုံးပါတယ် (Plastic ကျတော့ အပွင့်တွေ မပါတော့ ပြန်ဘူး)၊ ပြီးတော့ ပန်းကုံးစွပ်တဲ့ တလက်လက်နဲ့ ပန်းကုံးတွေကို လက်ကိုင်ကိုင်းမှာ လိုက်ပြီး တပ်ပေးတယ်။ ဒီမှာ (မလေးရှား) တော့ ရန်ကုန်မှာ လက်ဆောင်ပေးတဲ့ ပန်းတွေ ထုပ်တဲ့ Paper သုံးပါတယ်။

ဒါတွေက ပန်းခြင်းထဲ ထည့်မယ့် ပစ္စည်းတွေပါ။ ခုက RM 40.00 တန် ထုပ်မှာ ဆိုတော့ စားစရာတွေ နည်းနည်းပဲ ပါမှာပါ။
ပစ္စည်း တွေကတော့ (မုန့်ပုံး - ၁၊ လိုင်ချီးဖျော်ရည် သံဗူး - ၁၊ F&N လိမ္မော် အချိုရည် - ၁၊ Lexus - ၁၊ Super Star (နွားနို့နဲ့စိမ်စားတာ)- ၁၊ Twisties Snack (အထုပ်ကြီး) - ၁၊ Potato Chips - ၂၊ JiGs Snack - ၁၊ Jelly - ၁။) တို့ပဲ ဖြစ်ပါတယ်။ နည်းနည်းလေးရယ် ယူထားတော့ RM 40.00 တဲ့ အကုန်လုံး ပေါင်းလိုက်မှ RM 20.00 ကျော်ရင် ကံကောင်းမှတ်။ သြော်... ဘာပဲပြောပြော Plastic ခြင်းဖိုး၊ Plastic Paper နဲ့ တိပ်ဖိုး၊ လက်ခတွေပါ ထည့် တွက်ထားတယ်လို့ မှတ်ပါတယ် (ဒီလိုပဲမှတ်ရတော့မှာ ရမှမရတာ သူတို့သဘောပေါ့။ ညလေးက ထုပ်ပေးယုံပါ)။

ကဲ စတော့မယ်နော် သေချာကြည့်ထားကြ။ မေ့တတ်တဲ့ ကလေးတွေကတော့ ခဲတံနဲ့ စာအုပ်လေးတွေ ဆောင်ထားပေါ့။

အရင်ဆုံးမှာ မုန့်ပုံးပေါ်ကို လိုင်ချီးဗူး ဆင့်ပြီး မုန့်ပုံးရဲ့ဘေးဘက် အောက်ခြေနားက စလို့ သံဗူးကို ကျော်ပြီး မုန့်ပုံးရဲ့ ဒီဘက် အောက်ခြေ နားထိ တိပ်နဲ့ တင်းတင်း ဆွဲကပ်ပါတယ်။ ကျန် နှစ်ဘက်ကိုလဲ ခုနက အတိုင်းပဲ ထပ်ပြီး ဆွဲကပ်ပါတယ်။ အဓိက ကတော့ သံဗူးကို နေရာကနေ ရွေ့မသွားအောင် ထိန်းပါတယ်၊ မငြိမ်ငြိမ်အောင် ထိန်းထားတာပါပဲ။
ပြီးတော့မှ သံဗူးပေါ်ကို လိမ္မော်ရည်ဗူး ဆင့်ပြီး ခုနကအတိုင်းပဲ လေးဘက်စလုံး တိပ်နဲ့ ထပ်ဆွဲကပ်ပါတယ် (တိပ်က ၁လက်မပါ)။
ဓါတ်ပုံထဲမှာ တိပ်လေးတွေနဲ့ မျှော်စင်လေးကို ကြိုး ဆွဲထားသလိုလေး မြင်ရတယ် ဟုတ်။ ပြီးတော့ ဖျော်ရည်ဗူးရဲ့ အပေါ်က လက်နဲ့ကိုင်ပြီး ဆွဲခါ ကြည့်ပါသေးတယ် ခိုင်ရဲ့လား၊ ဘယ်လောက် ကြမ်းကြမ်း ကိုင်လို့ ရသလဲပေါ့။ Order မှာတဲ့ Customer ကတော့ ထုပ်ပိုးတဲ့ သူလိုမျိုး ရွရွလေး ကိုင်မယ် မထင်ဘူးလေ၊ သူဘယ်လို ယူသွားမလဲ ဆိုတာ မသိနိုင်တဲ့ အတွက် ကိုယ့်ဖက်က စိတ်ချရအောင် လုပ်ရတာပါပဲ။
ပြီးတော့ ဒီအဆင့်ထိကို ရှိသမျှ ပစ္စည်းတွေနဲ့ ထုပ်မယ့် ပန်းခြင်း အရေအတွက်ထိ လုပ်ထားလိုက်တယ်။ နောက်မှ ပစ္စည်းတွေ လိုက်ဆင့်တဲ့ခါမှ ပိုလွယ်ပြီး ပိုမြန်သွားပါတယ်။

ခြင်းက လေးထောင့်မှာ ဘေးဘက် နှစ်ဖက်က အနည်းငယ် ကျဉ်းတယ်လေ။ ရှေ့ နဲ့ နောက် ထားမှာကျတော့ ပိုကျယ်ပါတယ်။ ဒါ့ကြောင့် ရှေ့ဘက်နဲ့ နောက်ဖက် (ပြောတာပြောရတာ ထုပ်ပြီးသွားရင် ဘယ်ဘက်ကိုပဲ အလှထားထား ရပါတယ်။ အဓိကက Hamper အကြီး ထုပ်တဲ့ခါကျရင် တန်ဖိုးများတဲ့ ပစ္စည်းတွေကို ရှေ့ ပို့ပါတယ်) တွေကို ဘာတွေ ဆင့်မလဲ စဉ်မလဲ စဉ်းစားတယ်။ အောက်ဆုံးက ပစ္စည်းက အပေါ်ကထက် ပိုကြီးရမယ်၊ ဒါမှ ဆင့်လိုက်ရင် ကြည့်လှမှာကိုး။
ခု ထုပ်မယ့် ပစ္စည်းတွေထဲက ရှေ့ ထားမယ့် ပစ္စည်းထဲကမှ ကြီးတာကို အောက်ဆုံးထား ပြီး တစ်ဆင့်ချင်း တက်သွားပါမယ်။

Lexus ဗူးရဲ့ ဟိုဘက် ဒီဘက်ကို တိပ်ကပ်ပြီး ခြင်းနဲ့ တွဲပါတယ်။ တစ်ဆက်တည်း သူ့အပေါ်ကို နောက်ထပ် ဗူးတစ်ဗူး ဆင့်ပြီး ရှေ့ဘက်က ဘေးနား နှစ်ဘက်ကိုပဲ အောက်က ဗူးနဲ့ တွဲပြီး ကပ်ပေးပါတယ် (ပုံထဲမှာ ပါတဲ့ ညလေးရဲ့ လက်မနား လောက်မှာ ကပ်ရင်ရပါပြီ)။ ပြီးတော့ အပေါ်ဘက် အလယ်နားကနေ တိပ်နဲ့ကပ်ပြီး နောက်က လိမ္မော်ဗူးနဲ့ ထပ်တွဲပါတယ်။ တိပ်ကို အရှည်ယူပြီး အချိုရည်ဗူးကို ကျော်ပြီး တစ်ဖက်ထိ တွဲတာပါ၊ ခိုင်အောင် တွဲပေးပါနော်။

နောက် တစ်ဖက်ကတော့ မုန့်တစ်မျိုးပဲ ရှိတယ် ဒါ့ကြောင့် သူ့ကိုလဲ အောက်နား နှစ်ဖက်ကို ခြင်းနဲ့ တွဲပြီးရင် တိပ်ရှည်ရှည်ယူ အပေါ်နား အလယ်ကနေ တိပ်ကပ်ပြီး အချိုရည်ဗူးကို ကျော်ပြီး တွဲလိုက်ပါတယ်။ ပုံထဲကတိုင်း ထောင်ရက်သားလေး နေရာတကျ ဖြစ်အောင် တွဲပါတယ်။ ခိုင်ဖို့၊ လှဖို့နဲ့ နေရာကျဖို့ကို အဓိကထား တွဲပါတယ်။
အထူးသဖြင့် လေးဘက် လေးတန်လုံးကို အမြင့် ညီနေအောင် ညှိယူပါတယ်။ မညီရင် ဘာဖြစ်လဲ ဆိုတော့ ဘာမှတော့ မဖြစ်ပါဘူး ကိုယ့်စိတ်ကြိုက်ပေါ့၊ လှမယ်ထင်ရင် လုပ်ပါ။ ပေးထားတဲ့ ပစ္စည်းနဲ့ မလှ လှအောင် ထုပ်ရတာဆိုတော့ အနည်းငယ်တော့ စဉ်းစားရတာပေါ့။

ဘေးတစ်ဖက်ကိုလဲ အာလူးကြော် တစ်ထုပ်ကို အရင်တွဲပြီး သူ့အပေါ်ကမှ ဂျယ်လီထုပ်ကို ခုနကတိုင်းပဲ ထပ်ဆင့်၊ ပြီးရင် ဂျယ်လီကိုလဲ အပေါ်ကနေ တိပ်ကပ်ပြီး အချိုရည်ဗူးနဲ့ ထပ်တွဲပါတယ်။ ဂျယ်လီထုပ်က အနည်းငယ် လေးတဲ့ အတွက် ပြုတ်ကျ မသွားအောင် ဂရုစိုက်ရတယ်။
တော်နေကြာ Customer ၀ယ်သွားပြီးလို့မှ တစ်ဆင့် လက်ဆောင်ဖြင့် မပေးရသေးဘူး လမ်းမှာတင် ပစ္စည်းတွေ ပြုတ်ကျကုန်ရင် ပြန်ဖျက်လို့လဲ မရ၊ ဘာမှ လုပ်မရပဲ ဒီတိုင်းကြီး ပေးလိုက်ရမှ (မျက်နှာပျက်တာပေါ့ နော့)။

နောက် ဘေးတစ်ဘက်ကလဲ အာလူးကြော်နဲ့ Snack အထုပ်သေး တစ်ထုပ်ပဲ ပါတယ်။ အပေါ်က အတိုင်းပဲ တစ်ဆင့်ခြင်းဆီ တိပ်နဲ့ တွဲပေးသွားလိုက်တယ်။
လေးဘက်လုံး ပြီးသွားတဲ့ခါမှာတော့ အချိုရည် ဗူးရဲ့ ထိပ်ကနေ ကိုင်ပြီး ဆွဲခါ ကြည့်ပါဦး၊ လုပ်ထားတာ ခိုင်မခိုင်ပေါ့။
ခိုင်သွားပြီ စိတ်ချရပြီ ဆိုရင်တော့ နောက်ဆုံးပိတ် အနေနဲ့ တိပ်ခွေကို ကိုင်လို့ ညာ/ဘယ် တစ်ဘက်ခြမ်းက ခြင်းရဲ့ အောက်နား ကနေ တိပ်ကပ်ပြီး အပေါ်ကို တင်းတင်းလေး ဆွဲလာ၊ ပြီးရင် အချိုရည်ဗူးကို ကျော်ပြီး တစ်ဘက် အောက်နားကို လာကပ်လိုက်ပါ။ ကျန်နေတဲ့ နှစ်ဘက်ကိုလဲ ဒီတိုင်းပဲ လုပ်ပေးပါနော်။ ဒါဆိုရင်တော့ ပြီးသွားပါပြီ။

မြင်ရတဲ့ ဘေးတစ်ဘက်က ပန်းခြင်း တွေကတော့ အပေါ်က အဆင့်ထိ ပြီးလို့ အချောသတ်ဖို့ပဲ ကျန်တော့တာ တွေပါ။ အပေါ်ဆင့်ထိ လုပ်ပြီး ခဏ အောက်ချ ထားလိုက်တယ်လေ ပြီးမှ Plastic Paper တွေ လိုက်ကပ်မှာ၊ တစ်ခုပြီးတာနဲ့ တစ်ခု မပြီး ပြီးအောင် လုပ်နေရင် ပိုကြာပါတယ်။
အလုပ်ကို တစ်ခုပြီးမှ တစ်ခု တစ်ဆင့်ပြီးမှ တစ်ဆင့် သွားတဲ့ခါကျတော့ ကိုယ်လုပ်နေတဲ့ အဆင့်မှာ ပိုပြီး အာရုံစိုက်နိုင်ပါတယ်။ ဒါမှ မဟုတ် ဟိုဟာလဲ လုပ်မယ် ဒီဟာလဲ လုပ်မယ်ဆိုရင်တော့ ဗျာများသွားပြီး ဘာတစ်ခုမှ မပြီးပဲ နေမှာပါ။
ဓါတ်ပုံက မကြည်လို့ ကြည်ရင် တိပ်တွဲထားတာတွေပါ မြင်ရမှာ ခုတော့....

ခု Plastic Paper နဲ့ ထုပ်တော့မှာပါ။ Plastic Paper ကို ပုံထဲမှာ တွေ့တဲ့အတိုင်း အလိပ်လိုက် တစ်ဘက်ခြမ်းမှာ ချထားတယ်၊ အစကို ယူပြီး ဒီဘက်ဆွဲ အုပ်လိုက်တယ်၊ အဲ့ဒီအစကို ခြင်းနဲ့ အောက်နားမှာ တိပ်နဲ့ သုံးနေရာလောက် စတိလေး တွဲထားလိုက်ပါတယ်။
ပြီးတော့ ဒီဘက်ကိုလဲ လိုသလောက် ခြင်းရဲ့ အောက်ခြေနားနဲ့ အတိလောက် တိုင်းပြီး ဖြတ်လိုက်တယ်၊ ပြီးရင် သူ့ကိုလဲ ခြင်းနဲ့ စတိလောက်လေး တွဲထားလိုက်ပါတယ်။
Plastic အုပ်တဲ့ခါမှာ ခြင်းရဲ့ အောက်ဘက်ကို အုပ်ဖို့ မလိုပါဘူး အမြင်လှအောင်ပဲ အတိသာ ယူပါတယ်။
ဒါက ရှေ့ နဲ့ နောက်ဖက်ကို ကပ်တာပါနော်။

ပြီးတာနဲ့ ခြင်းကို ဘေးဘက် လှည့်လိုက်တယ်။ ပိုနေတဲ့အစကို အုပ်ချလိုက်ပြီး အလယ်မှာ တိပ်တစ်ချက်တွဲတယ်၊ ပြီးတော့ ဘေးဘက်က အစတွေကိုလဲ တြိဂံပုံစံ တင်းတင်းဆွဲလာ အလယ်နားမှာ တိပ်နဲ့ တစ်ချက်စီ ညှိပြီး ကပ်လာရင်းက အစတွေ ကုန်သွားတဲ့ခါမှာ Plastic Paper က သူ့အလိုလို တင်းတင်း ရင်းရင်းနဲ့ ကြည့်လို့ ကောင်းနေ ပါလိမ့်မယ်။ ကပ်လို့ မပြီးမချင်း ကတော့ ဟိုဘက်အစ ပိုထွက်လာမလား၊ ဒီဘက်အစက ပိုထွက်လာမလားနဲ့ ပိုထွက် မလာအောင်တော့ လိုက်ညှိပေးရပါတယ်။ မဟုတ်ရင် တစ်ဘက်နဲ့ တစ်ဘက် မတူပဲ Paper ကို တင်းတင်း မဆွဲမိရင် ရှေ့မှာလဲ လေတွေဝင် နောက်ဘက်မှာလဲ လေတွေဖောင်းပြီး ကြည့်မလှမယ့် အပြင် တင်းတင်းမဆွဲမိလို့ လျော့တိလျော့ရဲ ဆိုလဲ Paper က ပျော့တိပျော့ဖတ်နဲ့ ကြည့်မလှပြန်ပါဘူး။

ဒါကတော့ အောက်ခြေနား ရောက်သွားပါပြီ။ Paper တွေကို ညှိလာရင်းက အောက်ခြေနား ရောက်ရင်တော့ Plastic တွေ ပိုထွက် လာပါလိမ့်မယ်၊ ခြင်းနဲ့အတိ ဖြတ်ထုတ်လိုက်ပါ။ ပြီးရင် Plastic ကို တိပ်နဲ့ကပ်ပြီး ခြင်းရဲ့ အောက်ဖက်ထိကို ရောက်အောင် တိပ်နဲ့ တွဲပေးပါ။
ဒါကျတော့ ဘေးဘက် နှစ်ဘက်ကိုပဲ ကပ်ရပါတယ်။ ဒီမှာလဲ ရှိသမျှ ထုပ်လို့ ပြီးသွားတော့ ညလေးက အကုန်လုံးကို အောက်ချ ထားလိုက်ပါတယ်။
အားလုံး ပြီးသွားပြီ ဆိုရင်တော့ သူ့ရဲ့ အပေါ်မှာ ဖဲပြားနဲ့ လုပ်ထားတဲ့ ပန်းပွင့်တွေ လိုက်ကပ်ပါတယ်။ ဖဲပြားပွင့်တွေ ဘယ်လိုလုပ်လဲ သိချင်ရင်တော့ "ဒီပို့စ်" မှာ ပြန်ကြည့်နိုင်ပါတယ်။

ဒီပို့စ် ရေးမယ်ဆိုပြီး ဓါတ်ပုံ ရိုက်ထားတုန်းက နောက်ဆုံး ပြီးသွားတဲ့ပုံတွေကို ရိုက်ဖို့ မေ့သွားတယ်။ ဟဲ ချော်တီးနော်....

ဒါကြောင့် အရင်ရေးခဲ့တဲ့ "ဖဲပြားလေးနဲ့ဆော့ဦးမယ်" ပို့စ်ရဲ့ ပုံပဲ ပြန်ပြီး တင်ပေးလိုက်တယ်။ ဒီပုံနဲ့ ခု ထုပ်ပုံ ထုပ်နည်းက မတူပါဘူး။ ဒီပုံထဲက ကျတော့ Plastic Paper ကို ခြင်းအောက် သွင်းလိုက်ပြီး အစ အားလုံးကို အပေါ်မှာ စုပြီး ချည်လိုက်တာပါ (ယောင်ပေစူး စည်းသလိုပေါ့) ဘေးနားက အစတွေကိုလဲ အောက်ကနေမှ အပေါ်ကို ပြန်ညှိယူပါတယ်။ ဒါက ပိုကြာပြီး Paper လဲ ပိုကုန်ပါတယ်၊ ညလေး အခုတော့ ဒီပုံမျိုး မထုပ်တော့ပါဘူး၊ မြန်မြန် ပြီးမယ့်ပုံပဲ ထုပ်ပါတော့တယ်၊ ဘာလို့လဲဆိုတော့ အရင်တုန်းက ညလေးရယ် အင်ဒိုနီးရှားက အစ်မကြီးရယ် နှစ်ယောက် ထုပ်တာပါ။ ခုတော့ သူက အင်ဒိုကို ပြန်သွားပြီလေ၊ ညလေး တစ်ယောက်တည်း ထုပ်ရတဲ့ခါမှာ ပိုမြန်ပြီး လွယ်မယ့် ဒီဇိုင်းပဲ လုပ်ပါတော့တယ်။

အားလုံး လုပ်ပြီးသွားတဲ့ခါမှာတော့ ညလေးတစ်ယောက် ညောင်းပြီး မောကျန်ခဲ့ပါတယ်။ ညောင်းတာတော့ လေးလွန်းလှတဲ့ ပန်းခြင်းကို ခိုင်မခိုင် စမ်းသပ်ရလို့ပါ။ ခုမှ ဘာလို့ ပြန်တင်လဲ ဆိုရင်တော့ "တရုတ်နှစ်သစ်ကူး" ရောက်တော့မယ်လေ ပန်းခြင်းတွေ ပြန်ထုပ်နေရပါပြီ။ ခုတလော ထုပ်နေရတာတွေက ဈေးပိုကြီးပြီး အလေးကြီးတွေပါ။ ဒီတော့ ညလေးတစ်ယောက် ပိုညောင်းပြီး ပိုပင်ပန်းမယ် ဆိုတာ ခန့်မှန်းလို့ ရကြမှာပါ။

ဒီရက်ပိုင်း ဆိုင်မှာလဲ Offer ရှိတော့ အလုပ်တွေ ပိုများကြပြီး မအားလပ်တဲ့ အတွက် ညလေးတစ်ယောက် ပို့စ်အသစ် မတင်အားရင်လဲ နားလည်ပေးကြပါဦးနော်။

သူငယ်ချင်းများ ရွှင်လန်းချမ်းမြေ့ကြပါစေ...

*****

I wish, I wish... I wishhhhhhhhhh!!!!

I wish u a

Fantastic January...
Love able February...
Marvelous March...
Foolish April...
Enjoyable May...
Successful June...
Wonderful July...
Independent August...
Friendly September...
Tastiest October...
Beautiful November...
Happiest December...

Totally HAVE a All of my friends Year!
*****
New Year တုန်းက ညီမလေး တစ်ယောက် ဖုန်းထဲ ပို့လာတဲ့ Message လေးတစ်ခုပါ သဘောကျလို့ သူငယ်ချင်းတွေကိုလဲ ဆုတောင်းပေးတာ။ အားလုံးပဲ ပျော်ရွှင် ငြိမ်းအေးကြပါစေ......
*****

You received this email because you are subscribed to the real_time feed for http://ainmetdiary.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.