Monday, September 29, 2008

[ဆိုးသွမ်း] 25 New Entries: ဦးစွာ စုဆောင်းပါ

ဦးစွာ စုဆောင်းပါ

ဒီလို အဖြစ်မျိုး ခင်ဗျားတို့ရဲ့ အိမ်မှာ ဖြစ်ဖူးပါသလား

ပန်းသီး ( ဒါမှမဟုတ် ) ပေါင်မုန့် ၊ ကိတ်မုန့် တွေကို စားဖို့ စားပွဲပေါ်မှာ တင်ထားတယ်။ လူတွေကလည်း စားပွဲနားမှာ ထိုင်နေကြတယ်။ သိပ်မကြာဘူး စားပွဲပေါ်က တင်ထားတဲ့ ဟာတွေ အကုန်ကုန်သွားလေရော။ ဒါဟာ ဘာဖြစ်လို့လဲ။ ဘယ်သူမှ မဆာကြပေမယ့် သူတို့အားလုံး စားပစ်လိုက်ကြတယ်။ ပန်းသီး ( သို့မဟုတ် ) ကိတ်မုန့်က စားပွဲပေါ်မှာ ရှိနေတာကိုး။

နောက်ထပ် အဖြစ်မျိုး ခင်ဗျား ဒီလို ဖြစ်ဖူးပါသလား

လစာငွေထုတ်လာတယ်။ သိပ်မကြာလိုက်ဘူး ပိုက်ဆံတွေ ပြောင်ပါလေရော။ တကယ် သုံးစရာ မလိုပေမယ့်လည်း သုံးလိုက်မိတယ်။ ဒါလည်း ဘာကြောင့်လည်း ဆိုတော့ ပိုက်ဆံက ကိုယ့်လက်ထဲမှာ ရှိနေတာကိုး။

တကယ်လို့များ ခင်ဗျားဟာ ကိတ်မုန့်ကို မနက်ဖြန်အတွက် ချန်ထားချင်တယ်ဆိုရင် စားပွဲပေါ် မတင်ခင် ပထမဆုံး တချို့တ၀က် လှီးထားပြီး ဘယ်သူမှ လက်နဲ့ မတို့နိင်ခင် ရေခဲသေတ္တာထဲ သိမ်းထားခဲ့မယ် ဆိုရင် ၊ လခထုတ်လာတဲ့ ပိုက်ဆံ အားလုံးကို ပိုက်ဆံအိတ်ထဲ မထည့်ထားပဲ စုထား ၊ သိမ်းထားခဲ့မယ် ဆိုရင်။

ဒါဟာ လွယ်ကူတဲ့ နည်းဗျုဟာ တစ်ခုပါ

ကျွန်တော် ၀င်ငွေနည်းနည်းပဲ ရတယ်လို့ ဆင်ခြေမပေးပါနဲ့ ။ နည်းနည်းစရ နည်းနည်း စစု။ နောက်တော့ များများ ဖြစ်လာလိမ့်မယ်။ ကျွန်တော်တို့ လူတော်တော် များများ ပိုက်ဆံတွေ အများကြီး ရှာနိင်ကြပါတယ်။ ဒါပေမယ့် လူတစ်ချို့သာ ပိုက်ဆံ အများကြီး စုနိင်တယ်။ " ပိုက်ဆံတွေ အများကြီး ရတဲ့ အခါစုမယ် " လို့ သင်က ပြောရင် စုဖြစ်ချင်မှ စုဖြစ်တော့မယ်။ ငွေစုတဲ့ အကျင့်ကို အခုချိန်ကစပါ။

" ချမ်းသာတဲ့ လူနဲ့ ဆင်းရဲ့တဲ့လူ ကွာခြားတာက ဆင်းရဲ့တဲ့လူတွေက သုံးပြီးမှ ကျန်တာကို စုကြတယ်။ ချမ်းသာတဲ့ လူတွေက ဦးစွာ စုဆောင်းပြီးမှ သုံးကြတယ် "


အလွမ်းရဲ့ ဆည်းဆာ

အဝေးရောက် မြန်မာနိင်ငံသားတွေ အနေနဲ့ မြန်မာလို ရေးထားတဲ့ စာအုပ်ဆိုတာ ဖတ်ရဖို့ မလွယ်ကူလှပါဘူး။ ဒီတော့ တစ်အုပ်တလေလောက် ကိုယ့်လက်ထဲ ရောက်လာရင် ပျော်မဆုံးနဲ့ ။ ဖတ်ချင် ကြည့်ရှု့ချင်ကြတာ သဘာဝပါ။ ကျွန်တော်တို့ ဆီမှာလည်း ဒီလိုပါပဲ။ သူ့ကျောင်းကစာအုပ် ကိုယ်ယူ ၊ ကိုယ်ကျောင်းက စာအုပ် သူ့ပေးနဲ့ လဲလှယ်ဖတ်ရှု့တက်ကြပါတယ်။ ကွန်ပြူတာနဲ့ ဖတ်ရတာစာရင် ၊ စာအုပ်ကို ကိုယ်တိုင်လက်က ကိုင်ပြီး ဖတ်ရတာက ကိုယ်ကြိုက်တဲ့နေရာ ၊ ကိုယ်ဖတ်ချင်တဲ့ ပုံစံနဲ့ ဖတ်ရတာ ပိုနှစ်သက်မိပါတယ်။

ဒီလိုနဲ့ လွန်ခဲ့တဲ့ တပတ်လောက်က ကျွန်တော့်လက်ထဲကို ရောက်လာတဲ့ စာအုပ်လေးကို ဖတ်ကြည့်တော့ ကိုမိုးလှိုင်ည ကဗျာလေးကို တွေ့ခဲ့ပါတယ်။ သူ့ကိုယ်စား ဂုဏ်ယူမိသလို ဒီလိုမဂ္ဂဇင်းတွေမှာ ပါနိင်အောင် လည်း ကြိုးစားကြည့်ချင်မိပါတယ်။ ဒီကဗျာလေးကို ကိုမိုးလှိုင်ညကတော့ မှတ်မိနေမယ်ထင်ပါတယ်။ ၂၀၀၆ ခုနှစ် ဧပြီလက ထွက်ခဲ့တဲ့ ရယ်စရာ ရသစုံမဂ္ဂဇင်းမှာ ဒုတိယမြောက်ကဗျာတပုဒ်အနေနဲ့ ဖော်ပြထားခဲ့တာပါ။ ကဗျာလေးက......

အလွမ်းရဲ့ဆည်းဆာ

နေခြည်တွေက အနောက်အရပ်မှာ
တိမ်တွေနဲ့ သွယ်ယှက်နေချိန်
ကန်ရေပြင်ညီညီကို ဖြတ်ပြေးလာတဲ့
လေပြည်တွေက
ရနံ့တွေသီခဲ့မှန်း ငါသိရတော့. . . . . . .

အလွမ်းတွေကို တိုက်ခိုက်ဖို့
မင်းစိုက်ပျိုးခဲ့တဲ့ သတိရခြင်းတွေကို
လာ. . . . . . ရိတ်သိမ်းလှည့်ပါ




" နေမင်းရဲ့ နုတ်ဆက်ရောင်ခြည်နဲ့
ငါတို့မမှောင်ခင် လွမ်းကြမယ်" တဲ့
ဟောဒီ ခုံတန်းပြာလေးရဲ့ စကား
မင်းများကြားခဲ့မိရင်. . . . . . .
ကံကြမ္မာရဲ့ မာနမုန်တိုင်းတွေ အပေါ်
မင်းလည်း စိတ်ထင်တိုင်းမှားမိမယ် မထင်ဘူး . . . . . .

အခုတော့. . . . . .
ငါတို့ နှလုံးသား အရိုင်းလေးတွေ
အချိန်မတိုင်မီ ချွန်းအုပ်ခဲ့ရတော့
ဟောဒီညနေ အလွမ်းဖွဲဖွဲထဲမှာ
ငါနဲ့ ခုံတန်းပြာလေး စိုစွတ်ခဲ့တယ်. . . . . . . . ။ ။

မိုးလှိုင်ည




ခေတ်ဖေဖေ......


ခေတ်ဖေဖေ......

စားဝတ်နေရေး ၊ ပေါ့ပေါ့တွေး
အကြွေးတွေ ထပ်နေ.....ခေတ်ဖေဖေ

အိမ်က မယားမြင် ၊ ရန်လုပ်ချင်
အပြစ်တင်ရှာပေ.....ခေတ်ဖေဖေ

လမ်းသွားရင်တောင် ၊ တွေ့မရှောင်
ဖွန်ကြောင်တက်ပေ.....ခေတ်ဖေဖေ

အဆိုတော်မလေး ၊ ပန်းကုံးပေး
လေးစားလောက်ပေ..... ခေတ်ဖေဖေ

ဘီယာဆိုင်တွင် ၊ ညတိုင်းဝင်
နေ့စဉ်သောက်နေ.....ခေတ်ဖေဖေ

အိမ်ပြန်ဇက်ကျိုး ၊ လမ်းဘေးထိုး
ပုဆိုးပါ ကျွတ်နေ.....ခေတ်ဖေဖေ


ဆေးရောင်စုံ သီးလေးသီးရဲ့ ပထမဆုံးအငြိမ်ခွေလေးထဲက လူရွှင်တော် ပြက်ထားတာလေးကို သဘောကျလို့ပါ။

How - We - Do

ဒီအပတ်အတွက် သီချင်းလက်ဆောင် အနေနဲ့ 50 Cent ရဲ့ " How-We-Do " ဆိုတဲ့ သီချင်းလေးကို တင်ဆက်လိုက်ပါတယ်။ တငြိမ့်ငြိမ့်နဲ့ မြူးကြွလို့ ကောင်းတဲ့ သီချင်းလေးတပုဒ် ဖြစ်သည့်အပြင် G-Unit ကလည်း ပါဝင် ကူညီ သီဆိုပေးထားပါတယ်။ နားဆင်ကြည့်မယ်ဆိုရင်ဖြင့်....



Download By

Zshare





ဘယ်သူတွေ သွားစားချင်ကြမလဲ

အစ်မတစ်ယောက်ကပေးတဲ့ မေးလ်ထဲက ရလာတဲ့ ဓတ်ပုံလေးတွေပါ။ အစ်ကိုတို့ အမတို့ သူငယ်ချင်းတွေ ညီတွေ ညီမတွေထဲက ဘယ်သူတွေ သွားစားချင်လဲ မသိဘူး။ ကျွန်တော်ကတော့ စားရမှာ နည်းနည်းတွန့်တယ်။ ကဲ ဓတ်ပုံလေးတွေ ကြည့်ရအောင်ဗျာ...........











50 Cent ရဲ့ " Get Rich or Die Tryin "



ဒီတပတ်အတွက် ရုပ်ရှင်လက်ဆောင် အနေနဲ့ " Get Rick Or Die Tryin " ဆိုတဲ့ ကားလေးအကြောင်း ညွှန်းချင်ပါတယ်။ ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ထားသူကတော့ ယနေ့အဆိုတော် ရက်ပ်လောကမှာ နာမည်ကြီးနေတဲ့ " Curtis 50 Cent Jackson " ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ထားတာပါ။

Cent ရဲ့ ဒီကားမှာ ဆင်းရဲစွာ ပေါက်ဖွားလာတဲ့ သူ့မိသားစုဘ၀ကို အခြေခံရင်း ရိုက်ကူးထားခဲ့ပါတယ် ။ ငယ်စဉ်ကတည်းက ရုတ်တရတ် အမေဆုံးပါးခဲ့ရတဲ့ Marcus အဖြစ် သရုပ်ဆောင်ထားတဲ့ Cent ဟာ သူ့အဘိုးဖြစ်သူနဲ့ အတူ တခြားမောင်နှမ မိသားစုဝင်တွေနဲ့ နေထိုင်းရင်း အသက်တူ ညီအစ်ကိုတွေရဲ့ နှိမ့်ချမှု့အောက်မှာ စိတ်ဓတ်ကျဆင်းစွာ အသက်ရှင်သန်ခဲ့ရပါတယ်။ ကလေးပီပီ ၀တ်ကောင်းချင်း မ၀တ်ရ ၊ စားကောင်းချင်း မစားရတဲ့ Cent ဟာ ပိုက်ဆံရအောင် ကလေးဘ၀ထဲက ဘိန်းရောင်းပြီး ဘ၀ကို အသက်ဆက်ခဲ့ရပါတယ်။

တဖက်ကလည်း သူ့မိခင် မြေထောင်မြှောက်ပေးခဲ့တဲ့ သီချင်းဆိုတဲ့ ၀ါသနာကို မစွန့်လွှတ်နိင်ပဲ ရက်ပ်သီချင်းတွေ ကိုယ့်ဟာကို အိမ်မှာ ခွေသွင်းကြည့် ၊ ပြန်ဆို နဲ့ လုပ်ဆောင်ခဲ့ပါတယ်။ သူ့အဘိုးလုပ်ကိုင်ခဲ့တဲ့ ဘိန်းရောင်းဝယ် ရေးမှာ ဆက်လက်လုပ်ကိုင်းရင်း အခန့်မသင့်ပဲ ထောင်ချခဲ့ရတဲ့ Cent ဟာ ထောင်ထဲမှာ စတူဒီယို အဆိုတော်မန်နေဂျာ တစ်ယောက်နဲ့တွေ့ပြီး ထောင်က ပြန်လွှတ်တဲ့ အခါ........

5o Cent ကိုလာကြိုတဲ့ သူ့ဦးလေး လူဆိုးခေါင်းဆောင်ကလည်း ဂိုဏ်းမှာ ပြန်လည်တာဝန် ထမ်းဆောင်ဖို့ ပြန်လာခေါ်တဲ့အခါ Cent က ပြန်မလိုက်ဘဲ ပြောသည့်အခါ.......

စိတ်နာပြီး Cent ကိုပြန်လည် လုပ်ကြံသည့်အခါ လူစဉ်မမှီနိင်လောက်သည့် အဖြစ်ကို ရောက်သွားသည့် အခါ....

ဘယ်လို ဘယ်ပုံ တဖက်နဲ့တဖတ် လုပ်ကြံရင်း ၊ တဖက်ကလည်း အဆိုတော်ဘ၀ကို အောင်မြင်အောင် တက်လှမ်းနိင်ခဲ့သည့်အကြောင်း ၊ ဇာတ်လမ်းတွင် 50 Cent နောက်ခံစကားပြော ၊ သူ၏ သီချင်းများကို ထည့်သွင်းရင် ၊ အက်ရှင်ဇာက်ကားကောင်းပီသစွာ သရုပ်ဆောင်ထားတဲ့ ဒီကားလေးကို ဒီတပတ် ရုပ်၇ှင်လက်ဆောင် အဖြစ် ကြော်ငြာပေးလိုက်ပါသည်။




ကျန်စစ်သား နဲ့ လူမင်း

ဟိုတလောက ကျွန်တော့်ပို့စ်လေးကို ဖတ်ပြီး မြန်မာသွေးသစ်မဂ္ဂဇင်းမှာ အေကေက မြန်မာရုပ်ရှင်နဲ့ ပတ်သတ်လို့ သူတို့တွေ ပရိတ်သတ်ကို ဘာတွေပေးနေသလဲဆိုတာနဲ့ ပတ်သတ်ပြီး ရေးခဲ့ဘူးပါတယ်။ သူပြောတာတွေက မှန်ပါတယ်။ မြန်မာရုပ်ရှင် အဆင့်အတန်းဟာ ကောင်းတယ် မကောင်းဘူးဆိုတာကတော့ ကျွန်တော် စိတ်ထဲမှာပဲ ထားပါမယ်။ ဖွင့်မပြောချင်ပါဘူး။ မပြောလဲ အားလုံးက သိနေတာပဲ မဟုတ်လား။ တဖက်ကလည်း သူတို့က အပီအပြင် ရိုက်ချင်ရင်တောင် အကန့်အသတ်တွေလည်း ရှိနေမှာဆိုတော့ နောက်ဆုံး ရထားဟာ ဒီဘူတာပဲ ဆိုက်တာပါပဲ။ ဟီးဟီး :D ။ ကျွန်တော်အတွက်ကတော့ တခဏတာ မြင်ကွင်းလေးဟာ ကျွန်တော့်စိတ်ကို လွမ်းမိုးသွားတာကြောင့် ဖြစ်တယ်ဆိုတာ ၀န်ခံပါတယ်။

အခုပြောချင်တာလေးတစ်ခုက ကျွန်တော်တို့ လွန်ခဲ့တဲ့ ၃ နှစ်ကျော်ကပေါ့။ Compose ထဲမှာ မြန်မာစာ ပါမောက္ခတစ်ယောက်က နိင်ငံခြားလာခါနီး မြန်မာယဉ်ကျေးမှုးကို တက်နိင်သလောက် ထိန်းသိမ်းရန်နဲ့ နိင်ငံတကာ ယဉ်ကျေးမှု ၊ အကျင့်စာရိတ္တ စတဲ့ အကြောင်းတွေ လာပြီး ဟောပြောပေးပါတယ်။ သူက အဟောအပြောလည်း ကောင်းတော့ မှတ်သင့်တာလည်း မှတ် ၊ ရီတာကလည်း တ၀ါးဝါးနဲ့ပါ။ အဲဒီအချိန်တုန်းက ကျန်စစ်မင်း ရုပ်ရှင် တင်ထားတဲ့ ကာလကြီးပါ။ ကျွန်တော်က မြန်မာနိင်ငံမှာ ရုပ်ရှင်ကြည့်တာ ၀ါသနာမပါပါဘူး။ အိမ်မှာပဲ ခွေငှားကြည့်ဖြစ်တာပါ။ သူငယ်ချင်းတွေလည်း အဖော်ရှိ ၊ မြန်မာ့သမိုင်းကို ဖော်ကျူးထားတဲ့ ဇာတ်ကား ဆိုပြီး စိတ်ကလည်း အစွဲဖြစ်နေတာကြောင့် လူစုပြီး ချီတက်ပြီးသွားကြည့်ခဲ့ပါတယ်။

ဒါနဲ့ သူဘာပြောလည်းဆိုတော့

" မင်းတို့ ကျန်စစ်မင်းရုပ်ရှင် ကြည့်ပြီးပြီလားတဲ့ ၊ ကျန်စစ်သားဆိုတာ မြန်မာ့သမိုင်းမှာ ငါအရမ်းလေးစားရတဲ့ သူရဲကောင်းကြီးတစ်ယောက်ပါတဲ့ ၊ သူရဲ့ သမိုင်းကြောင်းတွေ ၊ နိင်ငံကို တည်ထောင်ပုံတွေ ၊ စစ်ရေးပရိယာယ်တွေ ၊ တရားမျှတတဲ့စိတ်နေစိတ်ထားတွေကို ဖတ်ပြီး ငါလေးစားခဲ့ရတာပါတဲ့ "

" အခုတော့ကွာတဲ့ အဲဒီ ငါအင်မတန်လေးစားရတဲ့ သူရဲကောင်းကြီးဟာ " လူမင်းလည်း သရုပ်ဆောင်လိုက်ရော ပြသချိန် ၄ နာရီအတွင်း နှာဘူးကြီး လုံးလုံးကို ဖြစ်သွားရတယ်တဲ့ ၊ ကလေးတွေကလည်း ကျန်စစ်သား ( လူမင်း ) ကို နှာဘူးကြီး နှာဘူးကြီးနဲ့ နောက်ခေါ်နေကြတယ်တဲ့ "

သူက အဲဒီလိုလည်း ပြောပြီးရော စကားကို နုတ်ဆက် အဆုံးသတ်ပြီး စင်ပေါ်က ဆင်းသွားပါလေရော။ ကျွန်တော်တို့လည်း တွေးကြည့်မိလိုက်တယ်။ ကျန်စစ်သားဘ၀ကို ပီပြင်အောင် ရိုက်ပြီး ပြသဖို့ဆိုတာ အချိန် ၄ နာရီလောက် မကပါဘူး။ ဒီတော့ ရှည်နေရင်လည်း အကြောင်းကြောင်းတွေကြောင့် အဓိက သရုပ်တွေဖော်ပြတဲ့အခါမှာ မိန်းမ ၄ ယောက်ယူသွားတာနဲ့ပဲ ရုပ်ရှင်ဟာ ပြီးဆုံးသွားခဲ့ပါတယ်။

ဒါကြောင့် ကျန်စစ်သားက " စစ်သားကြီးကနေ နှာဘူးကြီး " ဖြစ်သွား၇တာပါ။

မှတ်ချက် ။ ။ ညီငယ် မင်းကျန်စစ်နှင့် မည်သို့မျှ မတိုက်ဆိုင်ပါ။ ဟားဟားဟား။ နာမည်တူတော့ အဲလိုပဲ။ :)

အခြေအနေတွေကို မထိန်းနိင်တဲ့အခါ

စိတ်ဆင်းရဲစရာတွေ အမြဲလိုလို ကြုံတွေ့နိင်တာမျိုးတွေကတော့

၁ ။ ကမ္ဘာကြီးကို ဘယ်လို ဖြစ်သင့်တယ်ဆိုတဲ့ ဆုံးဖြက်ချက်မျိုး ရှိနေမယ်ဆိုရင်
၂ ။ လူတိုင်း ဘယ်လို ပြုမှုသင့်တယ်လို့ ဥပဒေသတွေ ချမှတ်ထားမယ်ဆိုရင်

ကမ္ဘာကြီးက ခင်ဗျားချမှတ်ထားတဲ့ ဥပဒေသတွေကို မလိုက်နာတဲ့အခါ ခင်ဗျားစိတ်ဆိုးပြီး စိတ်မချမ်းမသာဖြစ်ပြီ...

သူငယ်ချင်းတွေက ကိုယ့်အပေါ် အပြန်အလှန် ရှိသင့်တယ်
လေယာဉ်ပျံတွေ အချိန်မှန် ဆိုက်သင့်တယ်
လူတိုင်း ရိုးသားသင့်တယ်

ယောင်္ကျားဖြစ်သူက ဒါမှမဟုတ် မိန်းမဖြစ်သူက ၊ ရည်းစားဖြစ်သူက ကိုယ့်မွေးနေ့ကို သတိရသင့်တယ်လို့ ခင်ဗျား မျှော်လင့်ထားတယ် ။

ဒီလိုမျိုး မျှော်လင့်ချက်တွေက ကျိုးကြောင်းဆီလျော်ညီပါတယ်။ ဒါပေမယ့် မကြာခဏဆိုသလို ကိုယ်မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါ စိတ်အလိုမကျတာတို့ ၊ စိတ်ပျက်တာတို့ ဖြစ်တက်ပါတယ်။

ဒီစိတ်မချမ်းသာမှုမျိုးတွေ မဖြစ်အောင် ဘယ်လိုနေရမလဲဆိုတော့ တောင်းဆိုချက်တွေ သိပ်မများပါစေနဲ့။ အဲဒီအစား ရွေးချယ်မှုတွေပဲ ထားရှိလိုက်ပါ။ အခြေအနေတွေဟာ ကိုယ်တက်နိင်စွမ်း မရှိတဲ့အခါ ကိုယ့်ဘာသာ မေးကြည့်ပါ။ ငါ့အနေနဲ့ အေ ကို ရွေးချယ်တယ်။ အကယ်၍များ ဘီ ဖြစ်လာခဲ့ရင် ၊ ဒါလည်း အိုကေပါတယ်လေ ဆိုတဲ့ စိတ်မျိုး ၊ လက်ခံတက်တဲ့ အကျင့်မျိုး ခင်ဗျားဆီမှာ လေ့ကျင့်ထားမယ်ဆိုရင် စိတ်တည်ငြိမ်အေးချမ်းမှု ပိုရလာမယ်။

လူတွေ ယဉ်ကျေးသိမ်မွေ့ဖို့ ခင်ဗျား မျှော်လင့်ထားတယ်။
ဒါပေမယ့် မျှော်လင့်ထားသလို မဟုတ်ဘဲ ရိုင်းစိုင်းခဲ့ရင် ခင်ဗျားရဲ့ တစ်နေ့တာ ပျက်စီးမသွားပါဘူး။

နေပူဖို့ မျှော်လင့်ထားတယ်။ မိုးရွာရင်လည်း ကိစ္စမရှိဘူး မဟုတ်လား။

ဒါကြောင့် အခြေအနေကို လက်ခံတဲ့ ပျော့ပျောင်းတဲ့စိတ်ကို လေ့ကျင့်ပေးသင့်ပါတယ်။ စိတ်ပျော်ရွှင်ဖို့ ကျွန်ုပ်တို့အားလုံးက
၁ ။ ကမ္ဘာကြီးကို ပြောင်းလဲမလား
၂ ။ ကျွန်ုပ်တို့ အတွေးအခေါ်ကို ပြောင်းလဲမလား

ဒီလိုဆို ခင်ဗျားအနေနဲ့ ဒုတိယကို ရွေးလိုက်တာက ပိုလွယ်ကူပါလိမ့်မယ်။


ပြုံးရင် အသက်ရှည်တယ်တဲ့






ငွေ....ငွေ....ငွေ




ငွေ............ငွေ.....ငွေ
ငွေ...ငွေ....ငွေ...ငွေ...ငွေ....ငွေ
ငွေ.......ငွေ.....ငွေ
ငွေ............ငွေ
ငွေ....ငွေ....ငွေ.....ငွေ....ငွေ.....ငွေငွေ....ငွေ....ငွေ.....ငွေ....ငွေ.....ငွေ
ငွေ....ငွေ....ငွေ.....ငွေ....ငွေ.....ငွေငွေ....ငွေ....ငွေ.....ငွေ....ငွေ.....ငွေ
ငွေ....ငွေ....ငွေ.....ငွေ....ငွေ.....ငွေ
ငွေ....ငွေ....ငွေ.....ငွေ....ငွေ.....ငွေငွေ....ငွေ....ငွေ.....ငွေ....ငွေ.....ငွေ
ငွေ....ငွေ....ငွေ.....ငွေ....ငွေ.....ငွေငွေ....ငွေ....ငွေ.....ငွေ....ငွေ.....ငွေ
ငွေ....ငွေ....ငွေ.....ငွေ....ငွေ.....ငွေငွေ....ငွေ....ငွေ.....ငွေ....ငွေ.....ငွေ





ညီအစ်ကိုက ညီအစ်ကို " စပါးကတော့ ကြမ်းခင်းဈေးပဲဗျာ "
အန်တီဆီက ဟိုလက ယူထားတဲ့ အကြွေးမပေးနိင်သေးလို့ " အတိုးလာသတ်တာပါ "
ချေးချင်ပါတယ် သူငယ်ချင်းရာ " တစ်ရာကို ၂၀ တိုးလောက်ထားပေါ့ "

ငွေ............ငွေ.....ငွေ
ငွေ...ငွေ....ငွေ...ငွေ...ငွေ....ငွေ
ငွေ.......ငွေ.....ငွေ
ငွေ............ငွေ
ငွေ....ငွေ....ငွေ.....ငွေ....ငွေ.....ငွေငွေ....ငွေ....ငွေ.....ငွေ....ငွေ.....ငွေ
ငွေ....ငွေ....ငွေ.....ငွေ....ငွေ.....ငွေငွေ....ငွေ....ငွေ.....ငွေ....ငွေ.....ငွေ
ငွေ....ငွေ....ငွေ.....ငွေ....ငွေ.....ငွေ
ငွေ....ငွေ....ငွေ.....ငွေ....ငွေ.....ငွေငွေ....ငွေ....ငွေ.....ငွေ....ငွေ.....ငွေ
ငွေ....ငွေ....ငွေ.....ငွေ....ငွေ.....ငွေငွေ....ငွေ....ငွေ.....ငွေ....ငွေ.....ငွေ
ငွေ....ငွေ....ငွေ.....ငွေ....ငွေ.....ငွေငွေ....ငွေ....ငွေ.....ငွေ....ငွေ.....ငွေ

ဘယ်မှာလဲ မိတ်ဆွေစစ် ၊ ဘယ်မှာလဲ ဆွေမျိုးဆိုတဲ့ အသိ
ဘယ်မှာလဲ တအူတုံဆင်းစိတ်ဓတ်

အဲဒါ..........ငွေ




Wall-E & Eve



သဘာဝပတ်ဝန်းကျင်ကို မထိန်းသိမ်းနိင်ဘဲ လေထုညစ်ညမ်းမှု့ဖြစ်ကာ ကမ္ဘာမြေပေါ်တွင် သစ်ပင်များ မပေါက်နိင်တော့ သောကြောင့် လူတွေနေထိုင်ရန် မဖြစ်နိင်တော့သော အခါ လူသားတို့သည် အာကာသပေါ်တက်ကာ ယဉ်ကြီးတစ်ခုအတွင်းမှာ နေထိုင်နေကြသည်။ ကမ္ဘာမြေပေါ်တွင်ကား အသုံးအဆောင် ပစ္စည်းများကို ၊ အမှိုက်သရိုက်များကို သိမ်းဆည်းရန် နေရောင်ခြည် စွမ်းအင်သုံး အော်တိုမက်တစ် စက်ရုပ်များကို ထားခဲ့သည်။ ထိုစက်ရုပ်များတွင် နောက်ဆုံးတစ်ခုတည်းအဖြစ်သာ ကျန်နေသော Wall-E ဆိုသည့် စက်ရုပ်ငယ်လေးမှာ နေ့စဉ်ပစ္စည်းများကို သိမ်းဆည်းရင်း ၊ တစ်နေ့သော အခါ အပင်ငယ်လေး တစ်ပင်ပေါက်နေသည်ကို သွားတွေ့လိုက်သည်။ ထိုအပင်ငယ်လေးကို သိမ်းဆည်းရင်း သူ့တာဝန်များကို ဆက်လက်ထမ်းဆောင်နေခဲ့သည်။

Eve ဆိုသည့် စက်ရုပ်လေးအား အာကာသယဉ်ပေါ်မှ ကမ္ဘာမြေတွင် သစ်ပင်ပြန်လည် ပေါက်ရောက်နိင်ကြောင်း ရှာဖွေရန် လွှတ်ပေးလိုက်သည်။ ထိုစက်၇ုပ်လေးနှင့် Wall-e တို့တွေ့သည့် အခါ သူ့ထက် အစစအရာရာသာသော စက်ရုပ်မလေးအဖြစ် သရုပ်ဆောင်ထားသည့် Eve ကိုအထင်ကြီးချစ်ကြိုက်မိသည်။ Wall-e သည် သူရှာဖွေထားသော အပင်လေးကို Eve ကိုပြလိုက်သည့်အခါ..........


Wall-E & Eve

Wall-e နှင့် Eve တို့၏ စက်ရုပ်အချစ်ဇာတ်လမ်း ၊ ကမ္ဘာမြေကို ပြန်ခွင့်မပြုတော့သော အာကာသယာဉ်ပေါ်က လူနှင့် စက်ရုပ်တိုက်ပွဲ တို့အား ဒါရိုက်တာ Andrew Stanton ရိုက်ကူးကာ လက်စွမ်းပြထားသည့် ဇာတ်လမ်းကားကောင်းလေး ဖြစ်ပါကြောင်း ဒီတပတ် ရုပ်ရှင်ကဏ္ဍာကို ကြော်ငြာလိုက်ပါသည်။


စက်တင်ဘာရဲ့ အကြောင်းအရာ ၂ ခု

စက်တင်ဘာသည် ကျွန်တော်တို့ အတွက် ပျော်ရွှင်မှု့နှင့် အနည်းငယ် စိတ်မချမ်းမြေ့မှု့ ကိုအမြဲတမ်း ယူဆောင် လာတက်သည်။ စိတ်မချမ်းမြေ့မှု ဆိုသည်မှာ ကျောင်းစတင်တက်ရပြီ ဖြစ်သောကြောင့် ကျောင်းသား၊ကျောင်းသူ တို့၏ ဖြစ်နေကြ ထုံးစံအတိုင်း အလွန်ပျင်းသောကြောင့် ဖြစ်သည်။ ထိုခံစားမှုသည် ငယ်စဉ်တုန်းက မရှိခဲ့။ အထူးသဖြင့် မြန်မာနိင်ငံမှာ ကျောင်းတက်နေရစဉ် အတွင်း မည်သူမျှ ကျောင်းတက်ရမှာကို ပျင်းလိမ့်မည်ဟု မထင်ပါ။ အဘယ်ကြောင့်ဆိုသော် ကျောင်းပြန်ဖွင့်လျှင် ကာလအခိုက်အတန့် ခွဲခွာခဲ့ရသော သူငယ်ချင်းများနှင့် ပြန်လည်ဆုံတွေ ရတော့မည်။ သွားသွားလာလာ သူငယ်ချင်းများနှင့် ပြန်လည် ပြုလုပ်နိင်တော့မည် မဟုတ်လား။ ဒါက မြန်မာမှာ ကျောင်းတက်ရသော စိတ်ခံစားမှု။

နိင်ငံခြား တိုင်းပြည်တခုမှာ ကျောင်းတက်ရလျှင်တော့ ကျောင်းဖွင့်လျှင်လည်း ဘာမှမထူး။ သူငယ်ချင်းလည်း မရှိ။ ဆရာနဲ့ ပြန်တွေ့ဖို့သာ ရှိသည်။ နွေရာသီတုန်းက အိပ်ထားတာက နေမြင့်တာတောင် မထချင်။ အခုတော့ အစောကြီး ထနေရသည်။ ကျောင်းမှာလည်း နောက်ဆက်တွဲ အဆိုင်းမန့် ၊ ပရက်တီကယ်တွေနှင့် ရွာလည်တော့မည်။ ကျောင်းသား စာသင်ဖို့ တာဝန်ရှိပေမယ့် ကျောင်းတက်ရမှာတော့ ပျင်းသည်။း) တခါတခါ မိုးရွာသည်။ နောက်တော့ နှင်းကျမည်။ အိပ်ရတာ မ၀တော့။ ၀ူးးးးးးးးးးးးးးးးးးးးးးးးး ( ပညာတွေ တက်ဦးမည် ) :P

စက်တင်ဘာရဲ့ ပျော်စရာတခုကတော့ ကျောင်းဖွင့်ခါနီးလျှင် မြန်မာနိင်ငံမှ အစားအသောက်များ အနည်းနှင့် အများတော့ စားရခြင်းကြောင့် ဖြစ်သည်။ ထိုလရောက်လျှင် နောက်ထပ်ရောက်လာကြသော ကျောင်းသားများဆီမှ သက်ဆိုင်ရာ ၊ ခင်မင်ရာ မိသားစု ၊ သူငယ်ချင်းများမှ ထည့်ပေးလိုက်သော စားစရာများ ပါလာတက်ကြသည်။ ကွမ်း ၊ ဆေးလိပ် ၊ ချဉ်ပေါင်ကြော် ၊ သရက်သီးသနပ် ၊ ဒညင်းသီး ၊ ငါးပိရည်ကျို ၊ ငါးကျည်းခြောက်ကြော် ၊ ပုန်းရည်ကြီး စသည်ရှိသည်ဖြင့် စားရသောကြောင့် ကြေနပ်မိသည်။ ပြင်ပနိင်ငံတွေမှာ နေထိုင်ရင်း ကျောင်းတက် ၊ အလုပ်လုပ်နေသော သူများအဖို့ အတွက်ကတော့ ပိုက်ဆံရှိလျှင် အလွယ်တကူ ၀ယ်စားနိင်ပေမည့် ကျွန်တော်တို့ကတော့ ထိုလူကြုံများကိုသာ မျှော်မှန်းရသည်။

တစ်နှစ်တခါသာရသော လက်ဆောင်တစ်ခုလို မိသားစု ၊ သူငယ်ချင်း ၊ သက်ဆိုင်သူများက ထည့်ပေးသော ထိုစားစရာလေးများကို တန်းဖိုးထားဆဲ။ မိမိအထုပ်အပိုးသာ မက လူကြုံထည့်ပေးလိုက်သော ပစ္စည်းများကို အလေးခံပြီး စေတနာ အပြည့်ဖြင့် တက်နိင်သလောက် ယူဆောင်လာပေးကြသော ညီငယ်များကို ဒီပို့စ်လေးဖြင့် ကျေးဇူးတင်မိသည်။ သူတို့ကြောင့် ဒီလို စားရသောက်ရခြင်း မဟုတ်လား။ မိမိတုန်းကလည်း အစ်ကိုများ အတွက် ယူဆောင်လာခဲ့ပေးဘူးသည် ။

ဘာကြောင့် အကောင်းတွေးသလဲ

အဆင်မပြေမှုတွေနဲ့ ကြုံတွေ့ရတဲ့ အခါ သိထားဖို့က

သင်ကြုံရတဲ့ အဖြစ်အပျက်က သင့်အတွက် အရေးမကြီးပါဘူး
သင်ကြံရတဲ့ အဖြစ်အပျက်အပေါ် သင် ဘယ်လိုသဘောထားသလဲ ဆိုတာက အရေးကြီးပါတယ်

ဥပမာ -

ခင်ဗျားဟာ လေဆိပ်မှာ ရောက်နေပြီး လေယာဉ်အလာကို စောင့်နေတယ် ဆိုပါစို့။ အဲဒီအချိန် " ၀မ်းနည်းပါတယ် ရှင် စက်ချို့ယွင်းသွားတဲ့အတွက် လေယာဉ်ထွက်ချိန် သုံးနာရီ နောက်ကျမှာ ဖြစ်ပါတယ် " လို့ လေကြောင်းလိုင်းက ကြေငြာလိုက်တဲ့အခါ......

ခင်ဗျား စိတ်မထိန်းနိင်ဘဲ ဒေါသထွက်ပါပြီ။ အဲဒီအချိန် စီစဉ်ထားတာတွေ လွဲချော်ပြီလို့ စိတ်က ထင်လိုက်တာနဲ့ပဲ လူတွေကို ခလုတ်တိုက်မိတာ ဖြစ်ဖြစ် ၊ ကော်ဖီခွက်ပဲ ဖိတ်စင်ကျတာပဲ ဖြစ်ဖြစ် ၊ အထုပ်အပိုးတွေ ပျောက်သွားနိင်တာပဲ ဖြစ်ဖြစ် ဖြစ်လာပါတော့တယ်။ ကျွန်တော်တို့ သတိမထားမိတဲ့ စကားတခွန်း ရှိတယ်။ အဲဒါ ဘာလည်းဆိုတော့

" ဘ၀မှာ တိုက်ပွဲဝင်တဲ့အခါ ဘ၀က အမြဲတမ်း အနိင်ရတာပါပဲ "

နောက်ဆုံး စိတ်တည်ငြိမ် အေးချမ်းသွားတဲ့အခါ " ငါ လုပ်နိင်တာ ဘာမှ မရှိပါလား ၊ ဒါပေမယ့် လုပ်နိင်သလောက် အတက်နိင်ဆုံး လုပ်ကြည့်မယ် " လို့ ခင်ဗျား မှတ်ယူသင့်ပါတယ်။ တကယ်လို့များ အဲဒီအချိန် မတွေ့တာ ကြာတဲ့ သူငယ်ချင်း တစ်ယောက်ပေါ်လာမယ် ၊ ဒါမှမဟုတ် အခွင့်အရေးကောင်း တစ်ခု မမျှော်လင့်ဘဲ ရရှိလာမယ် ၊ မိတ်ဆွေသစ်တွေ တိုးလာမယ် ဆိုပါစို့ ၊ ဒါဟာ ဘ၀ကို ကိုယ့်ကို ပြန်ပြီး ကူညီဖေးမလာတာပါ။

ဘ၀မှာ ကြီးမားတဲ့ အခွင့်အရေးတွေဆိုတာ များသောအားဖြင့် ကံဆိုးမှုနဲ့ ဒုက္ခ တွေအဖြစ် ကိုယ်ယောင်ဖျောက် လာတက်ကြပါတယ်။ ဒါကြောင့်

" ခင်ဗျားရဲ့ ဘ၀မှာ ဒုက္ခမှန်သမျှကို ဒုက္ခလို့ မမှတ်ပါနဲ့ ၊ ခင်ဗျားစိတ်ကို ပြောင်းလဲဖို့ စောင့်ဆိုင်းနေတဲ့ အခြေအနေတစ်ခုလို့ မှတ်ယူပါ "




Believe Me






Dima Bilan - သူက ရုရှားနိင်ငံရဲ့ လက်ရှိအောင်မြင်နေတဲ့ PoP အဆိုတော် တစ်ယောက်ပါ။ သူ့နိင်ငံ သူ့လူမျိုး သူ့ဘာသာ စကားအနေဖြင့် သီဆိုနေသည့် အနေအထားတွင် အောင်မြင်သည် ဆိုလောက်ပါသည်။ သို့သော် ဥရောပ အလယ်တွင်တော့ သူအနေဖြင့် သိပ်အောင်မြင်မှု့ မရှိသေးသောကြောင့် အဓိကအရေးကြီးသော Eng ဘာသာစကားဖြင့် သီချင်းများကို နောက်ပိုင်း သီဆိုလာခဲ့သည်။ သီချင်းပေါင်းများစွာ သီဆိုသည့် အထဲတွင် ယခုသီချင်း ဖြင့်သော Believe Me သီချင်းသည် အကြိုက်ဆုံး ၊ အားအပေးဆုံး ဖြစ်ခဲ့ရသည်။

PoP သီချင်းများဖြင့်သာ ပါဝင်ယှဉ်ပြိုင်ခွင့်ပြုသော Euro PoP Star တွင် ( မြန်မာလိုကြတော့ ဥရောပဆိုကြမယ် ပျော်ကြမယ် ) Believe Me သီချင်းဖြင့် သူဆုရှိခဲ့သည်။ ထိုသီချင်းအတွက် နောက်ခံ Mtv ရိုက်ကူရာတွင် အရိုးကင်ဆာ ဖြစ်၍ ငွေကြေးမတက်နိင်သောကြောင့် မကုသနိင်တော့သော ဆေးရုံမှ ဆရာဝန်မ၏ ကလေးလေးအတွက် သူနှင့် သူ့သူငယ်ချင်းများက ထိုသီချင်းဖြင့် ရန်ပုံငွေရှာကာ ရလာသော ပိုက်ဆံဖြင့် ကုသလိုက်ရာ ကလေးငယ်မှာ ကျန်းမာလာပုံကို နောက်ခံရိုက်ကူထားခဲ့သည်။ နာမည်ကြီးတယောသမား ၊ ရုရှားနိင်ငံ၏ ကမ္ဘာချန်ပီယံ ရေခဲပြင်စကိတ်သမားတို့ကို အသုံးပြုကာ ရိုက်ကူးခဲ့သောကြောင့် လူအများ နှစ်ခြိုက်ခဲ့ကြပါသည်။ သီချင်းအစကို တယောဆွဲသံဖြင့် စထားပြီး သီချင်းကောင်းကြိုက်သူများ နားထောင်နိင်ရန် အလို့ငှာ........




Believe Me

Even when the thunder and storm begins
I'll be standing stong like a tree in the wind
Nothing is gonna move this mountain or change my direction
I'm falling off the sky and I'm all alone
The courage that's inside is gonna break my fall
Nothing is gonna dim my light within
But if I keep going on it will never be impossible
Not today.

Cause I got something to believe in
As long as I'm breathing
There is not a limit to what I can dream
Cause I got something to believe in
Mission to keep climbing
Nothing else can stop me if I just believe
And I believe in me.

Even when the world tries to pull me down
Tell me that I can't... try to turn me around
I wont let them put my fire out
But if I keep going on it will never be impossible
Not today

Cause I got something to believe in
As long as I'm breathing
There is not a limit to what I can dream
Cause I got something to believe in
Mission to keep climbing
Nothing else can stop me if I just believe
And I believe in me

I can do it all, open every door
Turn unthinkable to reality
You see I can do it all and more

Believing as long as I'm breathing
There is no limit to what I can dream
Believing mission to keep climbing
Nothing else can stop me if I just believe
And I believe in me.

Dowload - Zshare

Click Here


Blog Day အမှတ်တရ

ညီမငယ် မီးငယ်က Tag ထားလို့ ရေးလိုက်ရတယ်ဗျာ။ Tag တာတွေ ခေတ်ပြန်စားအောင် လုပ်နေတယ်။ ညီမရေ ရေးပေးလိုက်ပြီဗျာ။ အားလုံးအမှန်အတိုင်းတွေချည်းပဲ။ မယုံရင် ကျွန်တော့်ကိုပဲမေးပါ။ :P

ကိုယ့်ရဲ့နာမည်…......................................................................ကျော်လင်းထွန်း
ကိုယ့်ကို သူငယ်ချင်းတွေကဒီလိုခေါ်တယ်…..............................ဖိုးကျော် ၊ မိကြတ်
ကိုယ်ဒီမှာနေတယ်…................................................................ရန်ကုန်
ကိုယ့်ဆီဖုန်းဆက်ချင်ရင်….......................................................%+=@#$%^&*()!

ကိုယ့်ရဲ့အကြိုက်ဆုံးတွေက

အရောင်ဆိုရင်…..................................................................... အပြာ
အ၀တ်အစားဆိုရင်….............................................................. ကိုယ်နဲ့လိုက်မဲ့ဟာ
အစားအစာဆိုရင်…................................................................ ခေါက်ဆွဲသုတ် ၊ လက်ဖက်သုတ် ၊
ပစ္စည်းဆိုရင်…........................................................................ဖိနပ်
သီချင်းဆိုရင်…........................................................................PoP သီချင်းလေးတွေ ကြိုက်တယ်
စာရေးဆရာ…........................................................................ဆရာချစ်ဦးညို ၊ မောင်လှမျိုး ( ချင်းချောင်းခြံ )
တရားနာဖြစ်တာ....................................................................ဆရာတော်ဦးဥာဏိဿရ ( သီတဂူဆရာတော် )
စာအုပ်….................................................................................အကုန်ဖတ်ဖြစ်ပါတယ်
Life style…............................................................................အေးအေးဆေးဆေးနေချင်တယ်
ကိုယ့်ရဲ့ဝါသနာ….....................................................................ချဲလ်ဆီးပွဲကြည့်တာရယ် ၊ ဘောလုံးကန်တာရယ် ၊ အလကား စာသင်ပေးတာရယ် ၊ လူမှုရေးကူညီချင်တာရယ်
အလိုချင်ဆုံးလက်ဆောင်…......................................................အားလုံးနဲ့ ရင်းရင်းနှီးနှီး မိတ်ဆွေဖြစ်ချင်တယ်
ကိုယ့်ရဲ့ အချစ်ဆုံးသူက…........................................................အမေနဲ့အဖေ ၊ အဘွား ၊ ပြီးတော့ ချစ်သူ :)
ကိုယ့်ရဲ့ အလေးစားဆုံးသူက…................................................ဗိုလ်ချုပ်အောင်ဆန်း
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက…............................................စိုးမင်းထိုက် ( ဒီကောင်က မန်ယူဖန်ဗျ )
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက…............................မိသားစုရယ် ၊ ချစ်သူရယ်
ကိုယ့်ရဲ့ အမုန်းဆုံးသူက …........................................................မတရားတာလုပ်ရင် အကုန်မုန်းတယ်
ရင်အခုန်ဆုံးအချိန်….................................................... ............စာမေးတဲ့အချိန်
အကြောက်ဆုံးအချိန်….............................................................မြွေတွေ့ရင်
အပျော်ဆုံးအချိန်…..............................................ချဲလ်ဆီးနိင်ရင် ၊ ကိုယ်တိုင်ကန်ရတဲ့အခါ ဂိုးသွင်းနိင်ရင်
အမှတ်တယနေ့….................................................................... သြဂုတ်လ ၁၉
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု…................... အကုန်ရချင်တယ်
အချစ်ဆိုတာ…........................................................................နှစ်ဦးနှစ်ဖက် နားလည်မှု
အမုန်းဆိုတာ…........................................................................ခံစားလို့ မကောင်းဘူးဗျ
အလွမ်းဆိုတာ…......................................................................ရင်ဘတ်ထဲက ဝေဒနာ
သံယောဇဉ်ဆိုတာ…................................................................ ငြိတွယ်မိရင် မကောင်းဘူး
ဘ၀ဆိုတာ…............................................................................ကျောင်း
သူငယ်ချင်းဆိုတာ….................................................................သိပ်ချစ်ဖို့ကောင်းတယ်
ချစ်သူဆိုတာ….........................................................................အမြတ်နိးဆုံးအရာ
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်…..................................................တပည့်မရှိတဲ့ ကျောင်းဆရာ
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က…................................................ဒီနေ့တက်နိင်တာ ဒီနေ့လုပ်
အပြောချင်ဆုံးစကားတစ်ခွန်း…................................................မြန်မာနိင်ငံကို ချစ်တယ်

သဲနှင့်တည်ဆောက်ထားသော အနုပညာ

သဲနဲ့ တည်ဆောက်ထားတဲ့ အနုပညာလေးတွေ ခံစားကြည့်ရအောင်ဗျာ။ လက်ရာတွေကတော့ တော်တော်လေးကို သေသပ်ပါတယ်။ ခံစားကြည့်ပါဦး။











ဒဏ္ဍာရီရေ....




တစ်နယ်တကျေးဟာ ငါတို့ရွာထက်တော့
စီးပွားရှာလို့ ကောင်းပါတယ်
တစ်နယ်တကျေးဟာ ငါတို့ရွာထက်လည်း
ရေမီးပိုစုံတယ် မဟုတ်လား......ဒဏ္ဍာရီ

လူလူသူသူ ၀တ်စားဆင်ယင်မှုဟာ
အမှတ် ၃၆ လှိုင်သာယာ ကားပေါ်က လူတွေထက်တော့
သာတယ်မဟုတ်လား

လမ်းဘေး အသုတ်ဆိုင်ဟာ
မှန်လုံခန်းထဲက အစားအသောက်လောက်မှ
စားရတာ မသန့်ရှင်းဘူးဆိုတော့လည်း
မင်းကို အပြစ်မပြောတာ့ပါဘူး.................... ဒဏ္ဍာရီ

တရုတ်တွေ အိုလံပစ်ဆော့နေတာကို မြင်တိုင်း
အင်္ဂလိပ်တွေ အပတ်တိုင်း ဘောလုံးပွဲကြည့်နေကြတာ တွေ့တိုင်း
ပျော်ရွှင်မှုကင်းမဲ့နေတဲ့ ငါတို့ လူမျိုးအတွက်
ငါ.....၀မ်းနည်းခဲ့ရပါတယ်
နိမ့်ကျစွာ စီးပွားရှာနေရသေးတဲ့ ငါတို့လူမျိုးအတွက်
ငါ....အံတကြိတ်ကြိတ် ဖြစ်ခဲ့ရပါတယ်

ပျက်သုဉ်းနေတဲ့ လောကကြီးဟာ......တရားဆိုတာ မရှိ
မျက်နှာကြီးရာ ဟင်းဖက်ပါနေတဲ့အချိန်
လူတကာ အလယ်မှာ..အမျိုးချစ်တဲ့စိတ်တခုနဲ့
မရှက်မကြောက်...မတုန်မလှုပ်ပဲ
ငါဟာ မြန်မာလို့ ပြောနိင်ပါစေ ......ဒဏ္ဍာရီ

ဒီတခါတော့ ဒီလောက်ပါပဲ
ဒဏ္ဍာရီ
ငါလည်း မျက်ရည်တွေကြားက
ငါ့နိင်ငံလေးကို ငေးကြည့်နေရတုန်းပါပဲ

ဆိုးသွမ်း


မိသားစု

ကိုယ့်မိသားစု အပေါ်မှာထက် တခြားသူတွေ အပေါ် ကျွန်ူပ်တို့ဆက်ဆံရေး ပိုကောင်းနေတာ ရယ်စရာ မကောင်းဘူးလား ။

ကိုယ့်သူငယ်ချင်းတွေက ကိုယ့်အပေါ် အကောင်းမြင်စေချင်ကြတယ်။ အခိုက်အတန့် သိကျွမ်းရတဲ့ သူတွေရဲ့ ပြောစကားကို ဂရုတစိုက် နားထောင်တယ်။ ကိုယ့်သားသမီးတွေ ဒါမှမဟုတ် မိဘတွေထက် သူတို့ကို အချိန်ပိုပေးတက်ကြမိတယ်။ကျွန်ုပ်တို့အတွက် မိဘတွေ နေ့စဉ်အနစ်နာခံနေကြပေမယ့် မိဘအတွက် ခေါင်းထဲမှာ ထည့်မတွေးမိကြဘူး။ တစ်ဖက်က ကြည့်ရင် သူစိမ်းတွေရဲ့ မပြောပလောက်တဲ့ အကူအညီ အသေးအမွှားလေးတွေကို စိတ်ထဲမှာ သံမှိုစွဲသလို စွဲထင်နေတတ်ကြတယ်။

ကိုယ်နဲ့ သိပ်ပြီးရင်းနှီးကျွမ်းဝင်ခြင်း မရှိတဲ့ သူတွေကို ညစာဖိတ်ကျွေးဖူးသလား......

အဲဒီလို ကျွေးမွေးဖို့အတွက် လေးငါးနာရီကြာ ဈေးဝယ်ထွက်ရတယ်။ တစ်ပတ်လုံး ရှာဖွေထားတဲ့ငွေ ပြောင်ပါလေရော။ ခင်ဗျားရဲ့ အကောင်းဆုံး ပန်းကန် ၊ ဇွန်း ၊ ခရင်း တွေနဲ့ ထမင်းစားပွဲကို တစ်ညနေလုံး ပြင်ဆင်ရတယ်။ ကိုယ့်မှာမလုံလောက်တဲ့ ဖန်ခွက်လှလှလေးတွေ အိမ်နီးနားချင်းတွေဆီက ငှားရတယ်။ အိမ်သန့်ရှင်းရေး လုပ်ရတယ်။ အဲဒီနောက်ပိုင်းမှာတော့ ထိုသူတွေကို ပြန်တွေ့ချင်မှ တွေ့မယ် ၊ တခါတလေ ဘယ်တော့မှ ပြန်မတွေ့ဖြစ်တော့ဘူး။

နောက်တပတ် အဖေနဲ့အမေ လာလည်ကြတယ်။ အချိန်မရှိလို ဖွယ်ဖွယ်ရာရာ တည်ခင်း မကျွေးလိုက်နိင်ဘူး။ မိဘတွေ အပြန်မှာ သစ်သီးလောက်သာ ကြွပ်ကြွပ်အိတ်နဲ့ ထည့်ပေးလိုက်နိင်တယ်။

ဒါကြောင့် တခါတလေမှာ အခြေအနေတွေကို တစ်မျိုးတစ်ဖုံ ပြောင်းပစ်သင့်ပါတယ်။ အဖေနဲ့အမေ အတွက် ပုဇွန်ထုပ်နဲ့ ၀က်သားဟင်းတွေကို သိမ်းထားပြီး ၊ သူစိမ်းတွေ ညစာစားဖို့ လာတဲ့အခါ " သစ်သီးကို ကြွပ်ကြွပ် အိတ်နဲ့သာ ထည့်ပေးလိုက်ပြီး " တောင်းပန်ပါတယ်ဗျာ အရင်အပတ်က ခင်ဗျားတို့ လာလည်ရင် ကောင်းမှာ။ အဖေနဲ့အမေ လာလည်ကြတယ်လေ "

" မိဘတွေရဲ့ ကျေးဇူးကို ဘယ်တော့မှ မေ့မထားပါနဲ့ "





ဒီတခါရဲ့ နွေရာသီ


ဒီတခါ နွေရာသီဟာ
ခါတိုင်းထက် ပိုတိတ်ဆိတ်မယ်
ခါတိုင်းထက်လည်း သစ်ရွက်တွေ ကြွေပါလိမ့်မယ်
ဒဏ္ဍာရီ

လေမတိုက်ဘဲလည်း သစ်ရွက်တွေ
ကြွေတဲ့ အခါ
ငါ့အလွမ်းတွေလို့ မှတ်ပါ

မပျော်ပိုက်တဲ့ အရပ်မှာ
ဂစ်တာအိုနဲ့ ပေါ့သီချင်းတပုဒ်ကို တီးခက်တိုင်းလည်း
ငါ့မျက်ရည်တွေလို့ သဘောထားပေးပါ ဒဏ္ဍာရီ

နွေရာသီဟာ
ကြေငြာခမပေးပဲ ငါတို့ကို ခွဲပစ်တော့မယ်
နွေရာသီဟာ
ငါတို့ အလွမ်းတွေကို ပျက်ရည်ပြုတော့မယ်
နွေရာသီဟာ
ဘ၀ နှစ်ခုရဲ့ ပျော်ရွှင်မှု့ကို အဆုံးသတ်ပေးတော့မယ်
နွေရာသီဟာ
လက်နှစ်ဖက်ကိုဆန့်ရင်း အများကြီးချစ်တာပေါ့လို့ ပြောတဲ့မင်းကို
တွေ့ခွင့်မပေးတော့ဘူး ဒဏ္ဍာရီ

ဒီတခါ နွေရာသီဟာ.........


ဒီတပတ်အတွက် ဟောစာတမ်း

တနင်္ဂနွေသားသမီးများ

ပျက်စီးခြင်း ငါးပါးဆိုက်နေသူတစ်ဦးနှင့် လုပ်ငန်းတစ်ခု စပ်တူ လုပ်ကိုင်ရတက်သည်။ ညဦးပိုင်း အချိန်မှန် အလည်လာလေ့ရှိသော မုဆိုးမတစ်ဦးကြောင့် အများ၏ စပ်စုမေးမြန်းခြင်း ခံရတက်သည်။ စင်မြင့်ပေါ်တက်ပြီး သီဆိုဖျော်ဖြေနေစဉ် ပြောင်းဖူးရိုးဖြင့် ပစ်ပေါက်အားပေးခြင်း ခံရတက်ပြီး သင်တန်းဆင်းပွဲ၌ ဆုတက်ယူစဉ် ပုဆိုးကျွတ် ကျတက်သည်။ အတက်ပညာအားဖြင့် ထောင့်မကျိုး အချိုးမကျ နေထိုင်ပြသော နည်းလမ်းတရပ်ကို ဖတ်မှတ် ဆည်းပူးရတက်သည်။ ပျိုရွယ်သူတို့ အချစ်ရေးကဏ္ဍ၌ လိပ်ခေါင်းရောဂါရှိသူ အဆိုတော် တစ်ဦးနှင့် ချစ်ကြိုးသွယ်ရ တတ်သည်။ ကျန်းမာရေး ပိုင်းဆိုင်ရာအားဖြင့် လူထူထူရှိလျှင် လေလည်ချင်သည့် ရောဂါတစ်ခု ဖြစ်ပွားတက်သည်။

ယတြာ ။ ။ တနင်္ဂနွေနေ့ ညနေ ၅ နာရီတိတိတွင် ရေခဲမုန့်တစ်ခုကို ငရုတ်သီးမှုန့်ဖြူးပြီး ကုန်စင်အောင် စားလိုက်ပါ။


တနင်္လာသားသမီးများ

ကောင်မလေးနှင့် အပိုင်စုံတွဲ ခုတ်နေစဉ် ကလေးငယ်တစ်ဦးမှ ဖေဖေကြီးဟု နှုတ်ဆက်ခြင်း ခံရတက်သည်။ လုပ်ငန်းခွင်ထဲမှ ဆီတိုင်ကီတစ်လုံး ပျောက်ဆုံးမှု အတွက် အ၀တ်အားလုံး ချွတ်ပြပြီး အရှာဖွေခံရတက်သည်။ ရပ်ဝေးရှိ အသိမိတ်ဆွေထံမှ ထူးထူးဆန်းဆန်း လက်ဆောင်အဖြစ် အိမ်သာသုံး စက္ကူတစ်လိပ် ရရှိတက်သည်။ အတက်ပညာအားဖြင့် နာမည်ကြီး ထမင်းငတ်သည့် နည်းပညာတစ်ရပ်ကို ဖတ်ရှု့လေ့လာရတက်သည်။ ပျိုရွယ်သူတို့ အချစ်ရေးကဏ္ဍ၌ ငုံထားမတက် အချစ်ကြီး ချစ်တက်သူတစ်ဦးနှင့် ဖူးစာဆုံရတတ်သည်။ အိမ်ထောင်ရှင်များအဖို့ အိမ်ထောင်ဖက်၏ အစားနှင့် ပါးစပ်မပြတ်သော အကျင့်ကြောင့် စိတ်ပျက်လက်ပျက် ဖြစ်နေရတက်သည်။

ယတြာ ။ ။ ယခုအပတ်အတွင်း မိမိနာမည်ကို အခေါ်ခံရတိုင်း ကြောင်အော်သံကဲ့သို့ ထူးလိုက်ပါ။


အင်္ဂါသားသမီးများအတွက်

အချိန်ဆွဲ လုပ်ကိုင်တတ်သူ တစ်ဦးအပေါ် အားမလို အားမရ ဖြစ်နေရတက်သည်။ နံနက်စောစော မင်္ဂလာယူနေစဉ် အသုဘ အခေါင်းတစ်ခု လိပ်စာမှားပြီး ၀င်ရောက်လာတက်သည်။ ပြပွဲခန်းမထဲ၌ မိမိအား အဖိုးတန် ရှားပါးပစ္စည်း သဘောမျိုးဖြင့် ၀ိုင်းအုံကြည့်ရှု့ခြင်း ခံရတက်သည်။ လူမှုရေးအရ ကူညီသော အားဖြင့် ညဥ့်နက်သန်းခေါင်အချိန် ချောင်းမြောင်း စောင့်ဆိုင်းနေသူတစ်ဦး အန္တရယ်ကင်းရှင်းရေးအတွက် ကူညီဆောင်ရွက်ပေးရတက်သည်။ ပျိုရွယ်သူတို့ အချစ်ရေးကဏ္ဍ၌ မျက်လုံးပေကလပ် ပေကလပ် စကားပြောတက်သူ တစ်ဦးထံမှ ရည်းစားစာကို လက်ခံရရှိတက်သည်။ အိမ်ထောင်ရှင်များအဖို့ ခါးမှ လုံချည်ပင် ချွတ်ပေါင်ပြီး လောင်းကစားလေ့ရှိသော အိမ်ထောင်ဖက် အပေါ်တွင် ချစ်အားပိုရကိန်းရှိသည်။ ကျန်းမာရေး ကဏ္ဍအားဖြင့် လေးဘက်ထောက်ပြီး လမ်းလျှောက်ချင်သည့် စိတ်ဝေဒနာတစ်မျိုး ဖြစ်ပွားခံစားရတက်သည်။

ယတြာ ။ ။ နံနက်စောစော၌ နေအိမ်ရှေ့သို့ ထွက်ပြီး ပစ္စည်းကောင်းလေးရထားတယ်ဟု ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပါ။

ဗုဒ္ဓဟူးသားသမီးများအတွက်

လက်ရှိနေရာမှ မြင့်မားသော အခြေအနေသို့ ရုတ်တရက် ရောက်ရှိတက်သည်။ ( ဥပမာ - ပွဲဈေး၌ ရဟတ်စီးခြင်း )။ လုံချည်အပြဲ အောက်နားစကို ထုံးချည်ပြီး ၀တ်တက်သော ပုဂ္ဂိုလ်ကြီးတစ်ဦး မိမိကို ကူညီမစရန် ကြွရောက်လာတတ်သည်။ သက်ဆိုင်ရာသို့ တရားခံသွားပို့ရင်း မိမိပါ ရောပြီး ဆွဲထည့်ခြင်း ခံရတတ်သည်။ အတက်ပညာ အားဖြင့် အလွန်ကပ်စေးနည်သူထံမှ မရရအောင် ပိုက်ဆံချေးသည့် နည်းလမ်းတစ်ရပ်ကို အမှတ်မထင် စမ်းသပ်တွေ့ရှိရတက်သည်။ ပျိုရွယ်သူတို့ အချစ်ရေးကဏ္ဍ၌ သူတပါးထံမှ အ၀တ်အစားတို့ ငှားရမ်းဝတ်ဆင်ပြီး အထင်ကြီးအောင် နေပြတက်သူတစ်ဦးနှင့် ရည်ငံရတတ်သည်။ ကျန်းမာရေးအားဖြင့် ပါးစပ်ထဲမှ အခိုးအငွေ့ ထွက်လာသော ရောဂါဆန်းတစ်မျိုး ဖြစ်ပွားခံစားရတက်သည်။

ယတြာ ။ ။ ညနေမှောင်ရီပျိုး၌ မျက်နှာကို အိုးမည်းသုတ်ပြီး ဘဏ်ရှေ့တွင် ခေါက်တုန့်ခေါက်ပြန် လမ်းသလာပြပါ။

ကြာသပတေးသားသမီးများ

အကြီးအကဲ၏ စောင်မမှုကြောင့် နောက်အိမ်ထောင်ပြုရတက်သည်။ မိတ်ဆွေတစ်ဦး၏ အာသာငမ်းငမ်း အကူအညီ တောင်းခံမှုကြောင့် လျှိ့ဝှက်ပစ္စည်းတစ်ခု ထုတ်ပြရတက်သည်။ မိမိမရှိခိုက် လူစိမ်းတစ်ဦး ရောက်လာလေ့ရှိသည့် ကိစ္စအား စုံစမ်းဖော်ထုတ်ရတက်သည်။ လူပြက်သည့် နေရာ၌ အိပ်စက်နေစဉ် စမ်းသပ်ခံရ သဖြင့် လန့်နိးလာရတတ်သည်။ လူမှုရေးအရ ကူညီသောအားဖြင့် သေအံမူးမူး ဂန်ဒူးတစ်ယောက်၏ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းဆောင်ရွက်ပေးရတတ်သည်။ ပျိုရွယ်သူတို့ အချစ်ရေး၌ ၀ါးလုံးခေါင်းမြင်လျှင် လက်ညှိုးနှင့် ထိုးကြည့်ချင်သော အကျင့်ရှိသူတစ်ဦးနှင့် ချစ်ကြိုးသွယ်ရတက်သည်။ ကျန်းမာရေးပိုင်ဆိုင်ရာ အားဖြင့် နေရာမလပ်ဘဲ ၀ဲပေါက်သောကြောင့် အချိန်ပြည့် ကုတ်ဖဲ့နေရတတ်သည်။

ယတြာ ။ ။ အဆိုတော်ရင်ဂို၏ အချစ်နဲ့ပေါင်မုန့် သီချင်းကို သီဆိုရင်း ပေါင်မုန့်အလုံးရေ သက်စေ့စားလိုက်ပါ။

သောကြာသားသမီးများ

လုပ်ကိုင်သမျှ အရာထင်နေသည်ဖြစ်၍ စိတ်ညစ်နေရကိန်းရှိသည်။ ( ဥပမာ - အ၀တ်လျှော်ခြင်း ၊ အိုးခွက်ပန်းကန် တိုက်ခြင်း ) ။ သွေးအုပ်စုမတူသော သားသမီးမွေးဖွားခြင်းအတွက် တွေးစရာကိစ္စများ ဖြစ်ပေါ်နေမည်။ ကြွေးရှင်၏ ရှေ့မှောက်၌ ထီပေါက်သည့် အကြောင်းကြားစာကို လူမှားပြီး လက်ခံရတတ်သည်။ ဘေးအိမ်မှ အတွင်းခံအ၀တ်အစားတို့ ပျောက်ဆုံးမှု၌ သံသယ အ၀င်ခံရတတ်သည်။ အသုဘလိုက်ပို့ရင်း မီးသင်္ဂြိုဟ်စက်ထဲ ခုန်ဝင်လိုစိတ်များ တဖွားဖွား ဖြစ်ပေါ်နေတက်သည်။ အိမ်ထောင်ရှင်များအဖို့ အိမ်ထောင်ဖက်၏ နသိုးကြိုးပြတ် လှုပ်ရှားမှုများအပေါ် ရင်ဖိုနေရတက်သည်။ ကျန်းမာရေးအားဖြင့် အသားထဲမှ လောက်ထွက်သော ဝေဒနာ ဖြစ်ပွားခံရတတ်သည်။

ယတြာ ။ ။ မွေးနေ့၌ ဆားတစ်ပိဿာ ရေဖျော်သောက်ပြီးနောက် အောင်ပြီ အောင်ပြီ ဟုကြွေးကြော်လိုက်ပါ။

စနေသားသမီးများ

နိင်ငံခြားရှိ ကမ္ဘာ့ငပေါကြီးများ အသင်းမှ ပေးအပ်သော ဂုဏ်ထူးဆောင် ဆုတံဆိပ်တစ်ခု လက်ခံရရှိတက်သည်။ ညဥ့်နက်သန်းခေါင်ယံ၌ တံခါးလာခေါက်သဖြင့် သရဲခြောက်သည်ထင်ပြီး ချောင်းကြည့်ရာ သရဲထက်ဆိုးသော ကြွေးရှင်ဖြစ်နေကြောင်း တွေ့မြင်ရတတ်သည်။ မိန်းမပျိုတစ်ဦးအနောက်မှ အာရုံးစူးစိုက်ပြီး လျှောက်လှမ်းမိသဖြင့် အဖုံးပွင့်နေသော ရေမြောင်းထဲ ပြုတ်ကျရတတ်သည်။ အတက်ပညာ ကဏ္ဍအားဖြင့် ရေသန့်ဘူးထဲ ဘုံဘိုင်ရေထည့်ပြီး ပါကင်ပိတ်၍ ရောင်းစားသည့် နည်းလမ်းတစ်ရပ်ကို အမှတ်မထင် လေ့လာရတတ်သည်။ ပျိုရွယ်သူတို့ အချစ်ရေး၌ လက်ဖက်ရည်ဆိုင်ထိုင်ပြီး တစ်နေကုန် လေပန်းတတ်သူတစ်ဦးနှင့် ချစ်ကြိုး သွယ်ရတက်သည်။

ယတြာ ။ ။ မွေးနေ့တွင် ကြက်တူရွေးကို ဆန်ပြုတ်တိုက်ရင်း အလိုရှိရာ အာရုံပြုဆုတောင်းပါ။

ပျော်ရွှင်စေရန် အလို့ငှာ ရီစရာဟာသ မဂ္ဂဇင်းမှ ကောက်နုတ်ဖော်ပြပါသည်။


သူလည်း ဒီလိုပြောခဲ့တယ်

" လူတစ်ယောက်ဟာ နိင်ငံကို မချစ်ရင် အမျိုးကိုလည်း အထင်မကြီးတော့ဘူး ၊ ကိုယ့်ရဲ့ အမျိုးအနွယ်ကို
စောင့်ရှောက် သင့်တယ်ဆိုတာကိုလည်း သတိမရတော့ဘူး ၊ ဒီတော့ သူ့ရဲ့ မျိုးဆက်ဟာလဲ
ဘယ်စစ်နိင်တော့ မှာလဲ ၊ မျိုးဆက်ဆိုတာဟာ ပျက်ပြီဆိုရင် တဖြည်းဖြည်းနဲ့
တိမ်ကောပြီး ပျောက်သွားတတ်တယ် "

ဘ၀အိမ်မက် ပန်းအိမ်မက်
( မစန္ဒာ )

ဗိုလ်အောင်ဒင် ဇာတ်လမ်း

ရွှေမျက်မှန် ကိုလူချော ဗိုလ်အောင်ဒင် ၊ ဥပဒေနဲ့ လောင်းကစားတဲ့ ဗိုလ်အောင်ဒင် ဇာတ်လမ်း

ဆရာရွှေဒုန်းဘီအောင်ရဲ့ နှစ်ငါးဆယ်ခန့်က မော်ကွန်းဝင် ရုပ်ရှင်ကားတစ်ကား ဖြစ်ခဲ့တဲ့ ခေတ်ဟောင်း မင်းသားချော ခင်မောင်ရင် သရုပ်ဆောင်ထားပြီး ဂီတစာဆို မောင်ကြေးမုံ ပြန်လည်ဆန်းသစ်ထားတဲ့ အကယ်ဒမီ စိုးရွှေ ၊ အကယ်ဒမီ တင်တင်နွဲ့ တို့ သရုပ်ဆောင်ထားတဲ့ ဗိုလ်အောင်ဒင် တိတ်ဇာတ်လမ်းလေးကို မြန်မာဘလော့ဂ်များ နားထောင်ဖူးကြပါလိမ့်မည်။ နားမထောင်ရသေးဘူး ဆိုရင်လည်း နားထောင်လိုက်နိင်အောင် ပြန်လည်ဝေမျှ ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းလေးက ငယ်ငယ်ကတည်းကနေ အခုချိန်ထိ ကြိုက်နှစ်သက်ခဲ့ ရတာပါ။ ဘယ်တော့မှ မရိုးနိင်တဲ့ ဇာတ်လမ်းလေးပေါ့။ ဒီဇာတ်လမ်းလေးမှာ သူရုပ်ဆောင် ထားကြသူတွေကတော့.....

" ဖားတုလို့ ခရုခုန် အိုက်ပျက်ရုံပဲ ရှိမယ် ၊ ခက်တဲ့ကောင်တွေပဲကွာ ၊ လောကကြီးမှာ အလုပ်လုပ်စားရတာ တယ်ကြပ်ပါလား "

" လွယ်သလား ခက်သလား ရာမ ၊ ရာမ...လွယ်သလား ခက်သလား ပြောစမ်း င့ါကို ၊ ဟေ့...ဒီမှာ ဗိုလ်လုပ်ချင်တဲ့ ကောင်ဆိုတာ ဒီလို ပစ်နိင်မှ့ ဗိုလ်လုပ်လို့ရတာကွ "

ဆိုတဲ့ ဗိုလ်အောင်ဒင်အဖြစ် ကော်လိပ်ဂျင်နေ၀င်း

" ၀မ်းနည်းပါတယ် ဦးအောင်ဒင် ၊ I`m verry sorry ဂတ်တဲရောက်မှ ကြည့်ရှင်းကြတာပေါ့ဗျာ ၊ duty is duty ပေါ့ "

ဆိုတဲ့ ကိုကိုချစ်အဖြစ် စိုးရွှေ

" သူပြောတဲ့ အတိုင်း မဖြစ်နိင်ဘူးလား ဟင်....ကိုကိုချစ် ၊ ပြန်ပေးလိုက်ပါနော် "

ဆိုတဲ့ မမြ၀င်းအဖြစ် တင်တင်နွဲ့

" လုပ်စမ်းပါ ဆရာရဲ့ ၊ ချစမ်းပါ "

ဆိုတဲ့ ဗိုလ်အောင်ဒင် တပည့် သုခ

တိုရဲ့ အသံနဲ့ သရုပ်ဆောင်ပုံများကို နားထောင်ရအောင် ပြန်လည်ဝေမျှလိုက်ပါတယ်...

ပျော်ရွှင်သော ရုံးပိတ်ရက်များကို ပိုင်ဆိုင်နိင်ကြပါစေ။




တခြားလူတွေရဲ့ ဆက်ဆံရေး

သူငယ်ချင်း ( ၁ ) - " ငါ သူ့ကို....လမ်းခွဲ ချင်နေပြီဟာ "

" သူက တစ်ကိုယ်ကောင်း ဆန်တယ် ၊ မြာပွေတယ် ၊ ပြီးတော့ ရမ်းကားတက်တဲ့ အကျင့်လည်း ရှိတယ်ဟ "
အဲဒီတော့...ဟာ

သူငယ်ချင်း ( ၂ ) - " အဲဒီတော့ ဘာဖြစ်လည်း "

သူငယ်ချင်း ( ၁ ) - " နင်က ငါ့သူငယ်ချင်းဆိုတော့ ငါတိုင်ပင်တာပါ....ငါကို ၀ိုင်းစဉ်စားပေးပါဟာ နော် "

သူငယ်ချင်း ( ၂ ) - " ဟုတ်ပြီ...ဒီလောက်တောင် ဖြစ်နေရင် ဒီလို ယောင်္ကျားမျိုး တသက်လုံး မပေါင်းနဲ့ ၊ ဖြတ်ပစ်လိုက် ၊ ငါလည်း သဘောမတူဘူး "

တလလောက်နေတော့...... ( ကွယ်ရာ ကနေ )

ကိုကို..... " ကိုကိုနဲ့ ရန်ဖြစ်တုန်းက ဖြတ်ဖို့ပြောတာ သူပေါ့ "

ခင်ဗျား ဒါမျိုး ဖြစ်ဖူးသလား ။ သူငယ်ချင်း ရည်စား နှစ်ယောက် လမ်းခွဲကြတော့မယ်။ တစ်ယောက်ယောက်က ခင်ဗျားဆီက အကြံဥာဏ်တောင်း ကြတယ်။ ဒါကို ခင်ဗျားကလည်း စိတ်ထဲ ရှိတဲ့ အတိုင်း ပြောလိုက်တယ်။ အမှန်က ခင်ဗျားက သူတို့ကို ကူညီဖို့ ကြိုးစားပေးတာပါ။ နောက် ၁ ပတ် ၊ ၁ လ လောက်မှာ သူတို့ ပြန်တည့်နေကြပြီး နှစ်ယောက်စလုံးက ခင်ဗျားကို မုန်းသွားနိင်ကြဖို့ ဖြစ်လာပါလိမ့်မယ်။

ဒီနေရာမှာ သင်ခန်းစာက....

" ဆက်ဆံရေးနဲ့ ပတ်သက်လို့ သူငယ်ချင်းတွေကို အကြံပေးတဲ့ အခါ သတိထားပါ ၊ မိုင်းကွင်းထဲ လမ်းလျှောက်သလို နင်းမိတာနဲ့ ပေါက်ကွဲတက်ပါတယ် "

ဗဟိုစံပြ ငါးဈေးကြီး


ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင် ကြည့်မြင်တိုင်မြို့နယ်မှာ တည်ရှိတဲ့ " ဗဟိုစံပြ ငါးဈေးကြီး " ဆိုတာ နာဂစ် မဖြစ်ခင်တုန်းကတော့ သိချင်မှ သိကြပါလိ့မ်မယ်။ ဧရာဝတီတိုင်း အနယ်နယ် အရပ်ရပ်က ငါးမျိုးစုံကို မော်တော်အသေးစား ၊ စက်လှေ ၊ ငှက် မျိုးစုံနဲ့ လာသွင်းပြီး မြန်မာနိင်ငံ အရပ်ရပ်ကို ဖြန့်ဖြုးတဲ့ နေရာတစ်ခုပေါ့။ မအူပင် ၊ ညောင်တုန်း ၊ ၀ါးခယ်မ ၊ ကျုံပျော် ၊ ငါးသိုင်းချောင်း စတဲ့ အရပ်ဒေသ မျိုးစုံက လာပို့ကြတာပါ။ လှိုင်မြစ်ကမ်း ပေါ်မှာ တည်ရှိပြီးတော့ မြန်မာနိင်ငံရဲ့ အဓိက ကျတဲ့ စားဝတ်နေရေး ဖြေရှင်းပေးတဲ့ နေရာကြီးပါ။

လူရွှင်တော် အရိုင်းပြောတာလေး တစ်ခုရှိပါတယ်......

" ဗဟိုစံပြ ငါးဈေးကြီးဆိုတဲ့ အတိုင်း အထဲမှာကလည်း ငါးဈေးတွေက တကယ်ကြီးတာကိုးဗျ " တဲ့။

အဲဒီနေရာလေးက ၂၄ နာရီ ငါးလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ အမြဲတမ်းအသက်ဝင်နေတဲ့ နေရာလေး။ ညဖက် စားသောက်ဆိုင်တွေလည်း ရှိတယ်။ ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ အဲဒီက အလုပ်သမားတွေ ဗိုက်ဆာရင် အဆင်ပြေအောင်ရယ် ရောင်းလည်း ရောင်းရတာကြောင့် လမ်းဘေးဆိုင်မျိုးလေးတွေ ဖွင့်ထားကြတာပါ။ နှစ်ဦး နှစ်ဖက်လည်း အဆင်ပြေကြပါတယ်။ ထန်းတပင် ၊ လှိုင်သာယာ လောက်က သီရိမင်္ဂလာဈေးကို သွားလို့ပဲ ဖြစ်ဖြစ် ၊ ဒီဈေးကြီးကိုပဲ လာလာ လိုင်းကားမှန်သမျှက ကမ်းနားလမ်းကနေ ဖြက်မောင်းရတာကြောင့် နေ့ညမပြက် အသက်ဝင်နေပါတယ်။ ခရီဝေးက လာရတော့ သူတို့က ကားအစောကြီး ထစီးရတာ ကြောင့်လည်း လူမပြက် ဖြစ်နေတာပါ။

ဈေးထဲကို ၀င်သွားမယ် ဆိုရင် ဘောလုံးသမားတပိုင်း ၊ မြိုင်ရာဇာတွက်ပီ တပိုင်း လူကြီး လူငယ် မျိုးစုံကို တွေ့ရပါလိမ့်မယ်။ ဘာလို့လည်း ဆိုတော့ အဲဒီရှိသမျှ ငါးဒိုင်တွေမှာ အလုပ်လုပ်တဲ့ လူအားလုံးဟာ အပေါ်ပိုင်းက ဘောလုံးအကျီဈေးပေါပေါကို အပေါ်အောက် ၀တ်ဆင်ပြီး အောက်ကတော့ တောဘွတ်လို့ ခေါ်တဲ့ ကြက်ပေါင်လည်ရှည် ဖိနပ်ကို အမြဲဝတ်ဆင်ထားကြပါတယ်။ ဒီလိုဝတ်မှလည်း သူတို့လို အညှီအနံတွေ လုပ်တဲ့ သူအတွက် လုပ်ရကိုင်ရာ သက်သာတာ မဟုတ်လား။ တစ်ချို့တလေကျတော့ ဘက်စကတ်ဘောသမား တွေလို တမျိုး ၊ စွပ်ကျယ် တွေဝတ်ထားတက်ကြပါတယ်။




ဝတ်ပုံစားပုံကတော့ အလုပ်သဘောအရ ၀တ်ဆင်ရပေမယ့် အထင်တော့ မသေးလိုက်ပါနဲ့။ ငါးဒိုင်မှာ လုပ်တဲ့ အတွက်ကြောင့် နေ့စဉ် စားဝတ်နေရေးအတွက် အဆင်ပြေပါတယ်။ သာမာန်ကိုယ်ကြိုက်တဲ့ ငါးတစ်ကောင်နဲ့တင် ဟင်းစားဖြစ်တာကိုး။ လစာအရ လုပ်ရတာ မဟုတ်ပါဘူး။ ပုတ်ပြက်သဘောမျိုးပါပဲ။ လစာအရတော့ တစ်ချို့တလေ ရှိပါတယ်။ တစ်ချို့ဆို လုပ်မဲ့သာ လုပ်နေကြတာ လက်ထဲမှာ လည်ပင်းမှာ လက်စွပ် ၊ ဆွဲကြိုးနဲ့။

ဒါ့အပြင် လမ်းဘေးငါးဈေးသည် တွေလည်း ရှိပါတယ်။ သူတို့ကတော့ စောနကလို အလုပ်သမားတွေက ငါးဒိုင်တွေက ရလာတက်တဲ့ ငါးတွေ ပုဇွန်တွေကို တန်းဖိုးနည်းနည်းနဲ့ ပြန်ဝယ်ပြီး လမ်းမှာ ချရောင်းကြတာပါ။ တခါတလေ သူတို့နဲ့ အတူပါလာတဲ့ ကလေးတွေကလည်း မျောက်ရှုံးအောင် ဆော့တက်ကြသလို ကမ်းနားက ငါးရှဥ့်တွေ လိုက်နှိုက်နေတာကို တွေ့ရမှာပါ။





ညဆိုရင်တော်တော်လေး ဆိတ်ငြိမ်အေးချမ်းပါတယ်။ လှိုင်းခက်သံ ၊ လေတိုက်သံလေးတွေနဲ့ တဖက်ကမ်းက မီးရောင်မှိန်မှိန်လေးတွေကိုငေး ၊ မြစ်ပေါ်က ရပ်ထားတဲ့ ပင်လယ်ကူး သင်္ဘောကြီးတွေက မီးရောင်တွေကို ငေးရင်းနဲ့ ညခင်းအလှကတော့ ကြည်နှုးဖို့ကောင်းပါတယ်။ ခွင့်ပြန်လာတိုင်းလည်း အဲဒီနေရာလေးကို အချိန်ပေးပြီး သွားထိုင်ဖြစ်ပါတယ်။ သူတို့တွေရဲ့ ဘ၀နဲ့ လုပ်ငန်းအကြောင်းကို သိချင်တာရယ်နဲ့ သဘာဝအလှကို ခံစားကြည့်ချင်လို့ပါ။ တလောက နာဂစ်ဖြစ်သွားတုန်းက ကျွန်တော်သွားထိုင်တက်တဲ့ ဘောတံတားကြီးတောင် ပက်လက်ကြီးကို ဖြစ်လို့။


ဈေးအတွင်းပိုင်း တစ်နေရာ



သတိရလို့ ရေးကြည့်လိုက်တာပါ။ ရန်ကုန်ကို ရောက်လာတဲ့ နယ်က ဘလောဂ့်ဂါတွေ ရောက်လာရင် လိုက်ပို့မယ်ဗျာ။ ပျော်ရွှင်သော ရက်သတ္တပတ် ဖြစ်ကြပါစေ။

Google Earth ကနေကြည့်ရင် ဒီလိုမြင်ရပါလိမ့်မယ်




ခင်ဗျား သိမှာ မဟုတ်ပါဘူး



သေနတ်ကိုင်ပြီး ခင်ဗျား ရှေ့တန်းမှာ ဦးဆောင်ချီတက်ဖူးသလား ၊ ဒါမှ မဟုတ် ယုံကြည်ချက် မတူသူတွေနဲ့ ( ကိုယ့်ဘက်ကကြည့်တော့ ) ရင်ဆိုင် ထိတွေ့ ပစ်ခက်ဖူးသလား ဒီလိုတွေမှ မဟုတ်သေးရင်လည်း မြင်တာနဲ့ ပစ်မယ့် ၊ ခြေတလှမ်းမှားတာနဲ့ ခြေထောက်က အစ ဘ၀တခုလုံး ဆုံးရှုံးသွားမယ့် နယ်မြေတစ်ခုကို ခင်ဗျား ကိုယ်တိုင် ခြေချခဲ့ဘူးလားလို့ မေးရင် ရိုးသားစွာ ကျွန်တော် ငြင်းပယ်ပါတယ်။ ဒါတွေ ကျွန်တော် တခုမှ မလုပ်ခဲ့ဘူးပါဘူး။ ဒါပေမယ့် ရှေ့တန်းတော့ ထွက်ခဲ့ရပါတယ်။ ငြိမ်းချမ်းရေး ယူထားတဲ့ အဖွဲ့တွေ လောက်ပဲ ရှိတာပေါ့။ ကျွန်တော် အခုပြောချင်တာက ဒီလိုလေးပါ.....

ဒီလို အတွေးဘာကြောင့် ဖြစ်လာသလဲဆိုတော့ ကျွန်တော်တို့ ကျောင်းဆင်းခါစ တုန်းကပေါ့ဗျာ။ မှတ်မှတ်ရရ အဲဒီတုန်းက ကျွန်တော့် အသက် ၁၉ နှစ် ၊ ပခုံးမှာ တပွင့်လေးနဲ့ ။ စစ်တပ်ဆိုတာ နိင်ငံရန်ကို ကာကွယ်ဖို့ ဖွဲ့စည်းထားတဲ့ ၊ ပြည်သူကို စောင့်ရှောက်ဖို့ ၊ တီဗွီမှာ လာနေတဲ့ ရထားလမ်းတွေ ဖောက်မယ် ၊ တံတားဆောက်တဲ့ နေရာတွေ ကူညီမယ် ဒီလောက်ပဲ ကျွန်တော် သိတယ်။ ရှေ့တန်းထွက်ရင် ရန်သူနဲ့ ရင်ဆိုင် တိုက်ရမယ်။ ဒီလောက်ပဲ သိခဲ့ပါတယ်။

ဒီလိုနဲ့ ကျွန်တော် တပ်ကိုသတင်းပို့ပြီး ရှေ့တန်းထွက်ပေါ့။ အဲဒီတုန်းက ၂၀၀၄ ခုနှစ်လောက်ပါ။ မူဆယ်နဲ့ ၇၅ မိုင်ဝေးတဲ့ တောင်ကုန်းတွေ ဘက်မှာ ကျွန်တော် တို့ တပ်စခန်းတွေ ရှိပါတယ်။ လှမ်းမျှော်ကြည့်လိုက်ရင် တရုတ်ပြည် တောင်တန်းတွေနဲ့ ရှမ်းတောင်တန်းတွေက အသက် ၁၉ နှစ် လူငယ်တစ်ယောက်ကို မသိမသာ လွမ်းမိုးထားနိင်ခဲ့တယ်။ နယ်မြေစိုးမိုးရေးလောက်သာ ရှိနေခဲ့တဲ့ ကျွန်တော့်ရဲ့ ရှေ့တန်း ခရီးစဉ်မှာ ခံစစ်အတွက် တပ်စခန်းပြုပြင်ရင်းနဲ့ အချိန်တွေ ကုန်လွန်ခဲ့ရပါတယ်။ ၄ လ ၊ ၅ လလောက် တာဝန်ထမ်းဆောင်ပြီးတော့ ကျွန်တော် ခြေလျင်တပ်စုမှုးသင်တန်း တက်ဖို့ ဗထူးကို သတင်းပို့ပါတဲ့။

တပ်ကိုပြန် ၊ ယူစရာရှိတဲ့ မှန်ပြောင်း ၊ ကာဘိုင်သေနတ် ၊ ပစ္စတိုကတော့ ပျောက်မှာဆိုးလို့ မယူခဲ့ပါဘူး ၊ မြေပုံ ၊ သံလိုက်အိမ်မြှောင် အစရှိတဲ့ ယူဆောင်လာပါဆိုတဲ့ ပစ္စည်းတွေ ယူခဲ့ပြီး ရှမ်းပြည်မြောက်ကနေ တောင်ပိုင်းကို ချီတက်ခဲ့ရပါတယ်။ လမ်းပန်းဆက်သွယ်ရေးကလည်း ကောင်းဆိုတော့ မန္တလေးကို တခါပြန်ပြီးမှ တောင်ပိုင်းကို ပြန်တက်ရတယ်။ အဲဒီ ဗထူးကိုသွားရင် " လမ်းမှာ ချောင်းပစ်ခံရတယ် ၊ ဒါမှ မဟုတ် ကားကို ပိတ်ပြီး စစ်တယ် ၊ စစ်ဗိုလ် ၊ စစ်သားတွေ ပါလာရင် တခါထဲ တောထဲကို ဖမ်းခေါ်သွားတယ်တဲ့ ဆရာကြီးတွေနဲ့ အထက်အရာရှိတွေက " ကျစ်ပေးလိုက်ပါသေးတယ်။ အမ်....လူငယ်စကားနဲ့ ပြောရရင် အမေ့သား မိန်းမ မရသေးဘူးဗျ လို့ပဲ ဆိုရတော့မယ်။

ဒါနဲ့ စဉ်းစားလိုက်တယ်။ အဲဒီလို လုပ်ရင်တော့ မျိုးတုန်းပြီပေါ့။ အိမ်မှာကလည်း ယောင်္ကျားလေးက ကျွန်တော်တစ်ယောက်ထဲ ရှိသေးတာ။ ကျန်တာ အမနဲ့ ညီမတွေချည်းပဲ။ ဒါနဲ့ အတူပါလာတဲ့ ကျောင်းဆင်းဖတ် ၃ ယောက်ကိုညှိထားတယ်။ ဟေ့ကောင် လုပ်မနေနဲ့ " ကျည်ထိုးပြီး လိုက်မယ်ကွာ ......တွေ့တာနဲ့ ကိုယ်က ဦးအောင်ဆော်ဖို့ လိုတယ် " ဆိုပြီး ကြောက်ကြောက်လန့်လန့်နဲ့ အားတင်းထားပြီး ဗထူးကို ချီတက်လာခဲ့တာ။ လမ်းကလည်း ပြက်တယ်လေ။ တခါတလေမှ ကားလေး တစ်စီးနှစ်စီးတွေ့တာ ။ တောင်ကုန်းကို ပတ်ဖောက်ထားတယ် ဆိုရုံလောက်လေးပေါ့။ ဒါပေမယ့် ဘာမှတော့ ဖြစ်မလာပါဘူး။

ဟိုရောက်တော့ သင်ကြားအပ်တာတွေ သင်ကြားပေါ့။ ချီတိုက်ခံခွာ ဆိုတဲ့ ခေါင်းစဉ်ကြီးအောက်မှာ နှစ်မြုပ်နေကြရတယ်။ အဓိပ္ပယ်ကတော့ ချီစစ် ၊ တိုက်စစ် ၊ ခံစစ် ၊ ခွာစစ် ဆိုတဲ့ စစ်အင်္ဂါလေးရပ်ပေါ့။ ဒါက စစ်တပ်မှာ အခြေခံအကျဆုံး အချက်တွေ။ လိုအပ်တဲ့ နေရာတွေ လိုအပ်ပေမယ့် ပြောင်းလဲလာတဲ့ နည်းဗျူဟာ ပညာရပ်တွေနဲ့ အမှီ တိုးတက်ဖို့လိုပါတယ်။ ဒီခေတ်ကြီးမှာ ခလုတ်လေး တချက်နှိပ်တာနဲ့ ဘယ်ဘ၀ရောက်သွားမှန်း မသိအောင် ဖြစ်သွားမဲ့ နည်းတွေ အများကြီး ရှိတယ်လေ။ စစ်ဆိုတာ မကောင်းတဲ့ စကားပါ။ ကျွန်တော်ကတော့ စစ်သားဆိုပေမယ့် စစ်ဆိုတာကို မုန်းပါတယ်လို့ ၀န်ခံပါတယ်။

ဒါနဲ့ သင်တန်းတက်လာလိုက်တာ တစ်နေ့တော့ အမင်္ဂလာသတင်းကြားလိုက်ရတယ်။ ကျသွားပြီ ။ သနားပါတယ်ကွာ ။ ဟ...ဘာလည်းဟပေါ့။ ဘယ်က ကျတာလေ။ တိုက်ပေါ်ကလား ။ ကလေးကျတာလား ။ လူကြီးကျတာလား ။ ဘေးနားက သူငယ်ချင်းတွေ ပြောတာ နားထောင်ရင်း အကြောင်းစုံကို သိလိုက်ရတော့မှ ရင်ထဲမှာ ငိုချင်သလိုလို ဖြစ်သွားတယ်။

မိုးထိအောင်

နာမည်ကတော့ အပျံစားပဲ ။ လူက ၀၀ကစ်ကစ်နဲ့ ။ ချောင်းဦး ( မုံရွာ ) သား။ ကျွန်တော့် ဂါဒီယန် ။ ဗိုလ်လောင်း ၃ နှစ်လုံး အတူတူနေလာတဲ့ကောင် ။ အစအနောက် အရမ်းသန်တဲ့ အပြင် ၊ ကလေးလိုလည်း စိတ်ဆိုးတက်တယ်။ နေတာထိုင်တာက သန့်သန့်ရှင်းရှင်း ၀တ်စားဆင်ယဉ်တက်တယ်။ သူ့ကောင်မလေးက အင်္ဂလန်မှာလား ၊ စင်္ကာပူမှာလား ကျောင်းတက်နေတယ်တဲ့ ။ ဒီကောင် ကျောင်းဆင်းတော့ တာဝန်ကျတာ ကရင်ခွင်ပါ။

ဆွဲမိုင်းတဲ့ကွ ။ ဒီကောင် ရွာကနေ စခန်းကို အပြန် ချောင်းစပ်မှာ ဆွဲလိုက်တာတဲ့ ။ ပေါင်ရင်းကနေ ပြက်သွားတယ်။ ဒါနဲ့ ချက်ချင်းမသေဘူး ။ သူ့ကို ဆေးရုံပို့မယ် ဆိုပေမယ့် ညနေစောင်းနေပြီဆိုတော့ တောထဲက ထွက်ဖို့မလွယ်ဘူး။ လူလေး ၅ ယောက်လောက် ရှိတဲ့ စခန်းမှာ တစ်ညတာ စောင့်လိုက်တာ " နိင်ငံတော်က သူ့ကို ပေးမဲ့ ပထမဆုံး လစာလေး ကျပ် ၁၅၀၀၀ ကို ( သူ့လုပ်အားခလေးကိုတောင် သူချစ်တဲ့ အမေနဲ့အဖေကို ကန့်တော့ မသွားလိုက်ရဘူး ) သွေးထွက်လွန်ပြီး အနာက ယမ်းဆိပ်တက်ကာ အမှတ်စဉ် ၄၆ ရဲ့ ပထမဆုံး ကျဆုံးသူ အဖြစ် မှတ်တမ်းဝင်သွားခဲ့ရပါတယ်။ သူငယ်ချင်းရေ မှတ်တမ်းဝင်တဲ့အထဲမှာ ဒီမှတ်တမ်းဟာလည်း မကောင်းတဲ့ တစ်ခုပါကွာလို့ ရင်ထဲက ပြောမိပါသေးတယ်။

အမေဆိုတာ အရူးတပိုင်းကို ဖြစ်လို့။ သူ့သားအရွယ် အသက် ၂၀ ကောင်လေးတွေ ၊ အထူးသဖြင့် ကျွန်တော်တို့ကို မြင်လိုက်တိုင်း တက်မချက် ငိုနေတက်တဲ့ သူ့အမေကို ကျွန်တော်တို့ မိခင်ကိုယ်စား ကိုယ်ချင်းစာမိပါတယ်။ မိုးထိအောင်လိုပဲ ကျဆုံးသွားမယ့် ရဲဘော်လေးတွေ ၊ စစ်သားတွေ အများကြီးလည်း ရှိမှာပါ။ ဒါကြောင့် ကျောင်းမှာ ၊ တပ်မှာ သစ္စာလေးချက် ဆိုရတိုင်း " ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများနှင့် တပ်မတော်သားအပေါင်းအား အလေးပြု " ဆိုတဲ့ အချက်ရောက်တိုင်း အသံကုန် ရင်ထဲက ဆိုတက်ခဲ့တယ်။ " သားသမီးမကောင်း မိဘခေါင်း " ၊ " မိဘမကောင်း သားသမီးခေါင်း " တဲ့ ။ ဆိုးသူ ရှိမယ် ၊ ကောင်းသူ ရှိပါလိ့မ်မယ်။ အကောင်းအဆိုးဆိုတာ ဒွန်တွဲနေတာ သဘာဝပါ။ စစ်သားတိုင်း လူကောင်း မဟုတ်ပါဘူး။

အမေတခု သားတခု ဘ၀မှာ ကျဆုံးသွားရတဲ့ စစ်သားတစ်ယောက်အတွက်
အိမ်သူဇနီးက ကိုယ်ဝန်အရင့်အမာ ဖြစ်နေချိန်မှာ ကျဆုံးသွားရတဲ့ စစ်သားတစ်ယောက်အတွက်
သားတစ်ယောက်လုံး ရှင်ပြုချိန်မှာ ကျဆုံးသွားရတဲ့ စစ်သားတစ်ယောက်အတွက်
ရှေ့တန်းက အပြန် တပ်အ၀င်ဝမှာ လာကြိုနေတဲ့ မိသားစုတွေရဲ့ ကျဆုံးသွားတဲ့ စစ်သားတစ်ယောက်အတွက်
ဒီတစ်ခေါက် ရှေ့တန်းပြန်ဝင်ရင် လက်ထပ်ရအောင်နော်လို့ ပြောခဲ့ပြီးမှ ကျဆုံးသွားတဲ့ စစ်သားတစ်ယောက်အတွက်


ခင်ဗျားဟာ စစ်သား ဟုတ်ချင်မှ ဟုတ်ပါလိ့မ်မယ်။ စစ်သားနဲ့ ပတ်သက်ချင်မှ ပတ်သက်ခဲ့ပါလိ့မ်မယ်။ ဒီလိုကျဆုံးခဲ့ရတာကို ခင်ဗျားအနေနဲ့ စိတ်မကောင်း ဖြစ်ချင် ဖြစ်နေပါလိ့မ်မယ်။ ဒီထက်တော့ ပိုမှာ မဟုတ်ခဲ့ပါဘူး။ ဒါဟာ ဘာလည်းဆိုတော့ " ခင်ဗျားဟာ စစ်သားမဟုတ်ခဲ့တာကြောင့် စစ်သားတွေရဲ့ ခံစားချက်ကို ဘယ်တော့မှ နားလည်လိမ့်မှာ မဟုတ်ပါဘူး " ။

" ကွယ်လွန်သူ ဒုဗိုလ် မိုးထိအောင် ( အသက် ၁၉ နှစ် ) ကောင်းရာသုကတိလားပါစေ "



You received this email because you are subscribed to the real_time feed for http://soethawn.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.