Monday, September 29, 2008

[IN MY WORLD] 25 New Entries: ရွှေဝါရောင် တော်လှန်နှစ်ပတ်လည်နေ့

ရွှေဝါရောင် တော်လှန်နှစ်ပတ်လည်နေ့

Friend


F - Few
R - Relations
I - In
E - Earth
N - Never
D - Die

What is a friend?


Your Heart is your Love,
Your love is your Family ,
Your family is your Future ,
Your future is your Destiny ,
Your destiny is your Ambition,
Your ambition is your Aspiration ,
Your aspiration is your Motivation ,
Your motivation is your Belief ,
Your belief is your Peace ,
Your peace is your Target ,
Your target is Heaven,
Heaven is no fun without FRIENDS
It's " World Best Friends Week" send this to all your good friends.
Even me, if I am one of them. See how many you get back.
If you get more than 3 you are really a lovable person..I am waiting

စိတ်အားဖြည့် ဓမ္မရွက်နု

စိတ်အားဖြည့် ဓမ္မမိုးစက်

စိတ်အားဖြည့် ဓမ္မနှင့်ပွင့်

တကယ်လို့  ငါ

Chatting ကဗျာ




ရယ်သောသူ အသက်ရှည်၏

၁) တစ်ခါက မြွေ၊ ပုရွက်ဆိတ်၊ ပင့်ကူနဲ့ ကင်းခြေများတို့ဟာ ဖဲအတူရိုက်ကြသတဲ့။ ဖဲရိုက်ရင်း တအောင့်ကြာတော့ ဆေးလိပ်ကုန်သွားလို့ သွားဝယ်ဖို့ တိုင်ပင်ကြတယ်။

မြွေ...... ငါ့မှာ ခြေမရှိဘူး။ ပုရွတ်ဆိတ်ကို သွားဝယ်ခိုင်းလိုက်

ပုရွတ်ဆိတ်...... ပင့်ကူမှာ ခြေ၈ချောင်းရှိတယ်။ ငါ့ထက်များတယ်.. သူ့ကိုသွားခိုင်းလိုက်...

ပင့်ကူ..... ငါ့မှာ ခြေများတယ်ဆိုပေမယ့် အကိုကြီးကင်းလောက်တော့ မများဘူး။ သူ့ကိုသွားခိုင်းလိုက်..

တစ်ယောက်တစ်ပေါက် ပြောဆိုကြတော့ ကင်းခြေက စိတ်မသက်မသာနဲ့....

"မတတ်နိုင်ဘူး။ ငါက ခြေထောက်ပိုများတော့ ငါပဲသွားပါ့မယ်ကွာ... " ဆိုပြီး ဆေးလိပ်ဝယ်ဖို့ ထွက်သွားခဲ့တယ်။

ကျန်တဲ့အကောင်တွေက စောင့်ရင်း တစ်နာရီကြာတဲ့အထိ ကင်းက ပြန်မလာသေးဘူး။ ဆက်စောင့်ကြရင်း နှစ်နာရီကြာတဲ့အထိ ပြန်မလာတော့ ကျန်အကောင်တွေက စိတ်ပူပြီး ပင့်ကူကို လိုက်ကြည့်ခိုင်းလိုက်တယ်။ လိုက်ကြည့်ဖို့ ပင့်ကူတံခါးဖွင့်လိုက်တော့ တံခါးဝမှာ ထိုင်နေတဲ့ ကင်းခြေကို တွေ့လိုက်တယ်။

ပင့်ကူက ဒေါသတကြီး "မင်း ကြာလှချည်လား? အားလုံး မင်းကို စောင့်နေတာ မင်းက ဒီမှာဘာထိုင်လုပ်နေတာလဲ" လို့ အော်တော့ ကင်းခြေ ပြန်ဖြေလိုက်တာက "ဆေးလိပ်သွားဝယ်ဖို့ ငါဖိနပ်စီးနေတာ မပြီးသေးဘူးကွ" ဟူတည်း။

ရင်တွင်းမှ အစစ်အမှန်

ခေတ်ဟောင်းအဆိုတော် ရုပ်ရှင်မင်းသမီးကြီး မေရှင် ကွယ်လွန်

Thee 4 Thee website



http://www.theelaythee.com/index_burmese.php

စာနာမှုနှင့်ဖေးကူပါ သီချင်းစာသား

မျှော်လင့်ချက်ကင်းမဲ့သော ဆန္ဒများ

Read this document on Scribd: Hopeless

ဧက္ခရာစာလုံးများဖြင့် ပန်းချီရေးဆွဲခြင်း


နာဂစ်ရံပုံငွေ အဆိုတော်တွေရှာဖွေ





ကိုယ့်အမြင်



ဒီတခေါက် မစ္စတာဂမ်ဘာရီ မြန်မာပြည်ကိုသွားရောက်ခဲ့သော်လည်း
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခွင့်မရခဲ့တာ သူတို့နှစ်ယောက်
လုံးမှာ အဓိကမကျနေပါဘူး၊၊ အဓိကကတော့ စစ်အစိုးရရဲ့လက်ထဲမှာသာ
အာဏာရှိနေပါတယ်၊၊ ဒေါ်စုက မစ္စတာဂမ်ဘာရီနဲ့ တွေ့ဆုံဖို့ပျက်ကွက်တယ်
ဆိုတဲ့ သတင်းဟာ စစ်အစိုးရရဲ့နှုတ်ဖြားကထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်၊၊
ဒေါ်စုနှင့် မစ္စတာဂမ်ဘာရီတို့မှာ ဆုံးဖြတ်ပိုင်ခွင့်မရှိပါဘူး၊၊

ဒေါ်စု နှင့် မစ္စတာဂမ်ဘာရီတို့တွေ့ဆုံဆွေးနွေးဖို့သင့်တယ်၊ မသင့်ဘူးဆိုတာကလည်း ဒေါ်စုရဲ့ဆန္ဒပေါ်မူတည်နေပါတယ်၊၊
သူမအနေနဲ့ တွေ့ဆုံဆွေးနွေးချင်တယ်၊ သင့်တယ်ရင်လည်း သူမမှာအကြောင်းရှိလို့ ဖြစ်မှာပေါ့၊၊ မစ္စတာဂမ်ဘာရီဘက်က
သူမရဲ့တောင်းဆိုချက်တွေကို လိုက်ပြီးဆောင်ရွက်မှုမရှိ၊ မရှိဆိုတာကလည်း သူ့သမိုင်းနဲ့သမိုင်းပါပဲ၊၊

ဆောင်း
သြဂုတ်လ၊ ၂၅၊ ၂ဝဝ၈

ပြောင်းလဲခြင်း

နာရီလည်တံနဲ့အတူ နေဝန်းကြီးဟာလည်း ပုံမှန်နေ့စဉ် လည်ပတ်နေတာပဲ၊ ရွေ့လျားမှုတိုင်းမှာ ပြောင်းလဲခြင်းဆိုတာ တပါတည်း လိုက်ပါသွားနေတယ်၊ ပြောင်းလဲမှုတိုင်းမှာ အကြောင်းရင်း၊ အဓိပ္ပါယ်တွေရှိကြတယ်၊ အဓိပ္ပါယ်မဲ့တဲ့ပြောင်း လဲခြင်းကို ငါနားမလည်ခဲ့ပါ၊ ဟောဒီလောကထဲမှာ အဓိပ္ပါယ်မရှိတဲ့လူတစ်ဦးအတွက် အဓိပ္ပါယ်မဲ့ပြောင်းလဲခြင်းကို ပိုင် ဆိုင်ခွင့်ရနေတာ အထူးလား၊ အဆန်းလား ငါမသိတော့ပါ၊၊ ငါကိုယ်တိုင်က အဓိပ္ပါယ်မဲ့လူတစ်ယောက်ဖြစ်နေတယ်ဆို ရင် ပြောင်းလဲသွားတဲ့ အချိန်မိနစ်၊ စက္ကန့်တိုင်းဟာ ငါ့အတွက် ဘာ အဓိပ္ပါယ်ရှိလို့လဲ၊၊ ၊၊

ဆောင်း

အားလုံးအတူတူ

အဂ္ဂမဟာပဏ္ဍတ
ဘဒ္ဒန္တဇာဂရာဘိဝံသ
(လယ်တီဝိပဿနာ)


ကမBာကြီးတစ်ခုလုံးကို ခြုံပြီးတော့ကြည့်မယ်ဆိုရင် တူတဲ့အချက်တွေရှိသလို၊ မတူတဲ့အချက်တွေလည်းရှိတယ်၊၊ တူတဲ့အချက်တွေကတော့
ပဋိသန္ဓြေွ၊ အို၊ နာ၊ သေဟု ကမBာကြေလည်း မသေမပျောက် လူလေးယောက်တို့ ဝင်ရောက်နှောက်မွှေ၊၊ သေကြေကြ၊ ပျက်စီးကြ၊ ဘဝတစ်ခုဖြစ်ပေါ်ခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း ဒီလူလေးယောက်ကတော့ ကမBာတွေသာပျက်ပြီးတော့ ကမBာတွေသာကုန်ဆုံးသွားသော်လည်း သေပြီးပျောက်မသွားဘူး၊၊

ကြက်ဥအခွံလေးတွေရဲ့ အစွမ်းအစပေါ့






အနှိုင်းမဲ့မိခင်




အနှိုင်းမဲ့မိခင်တေးသီချင်းများ ဗီစီဒီခွေအား မှာယူလိုပါက
ဖုန်း - (+၆၆) - ၀၈၄ - ၃၇၉၄ - ၀၇၂
လိပ်စာ - P.O Box 57, Mae Sod,
Tak. 63110, Thailand.

"ပုံပြင်ပမာ"

"ပုံပြင်ပမာ"

၁၉၈၈ ခုနှစ်တုန်းကဆိုရင် ကျမတို့အသက် ၅ နှစ်လောက်ပဲရှိအုံးမှာပေါ့၊၊ အဲဒီအသက် ၅ နှစ်အရွယ်ဆိုတဲ့ ကျမတို့ရဲ့ဘဝကလည်း တိုင်းတပါးဖြစ်တဲ့ ထိုင်းနိုင်ငံမှာပါ၊၊ အဲဒီအရွယ်မှာ ကျမတို့က ကျောင်းတောင်မတက်ရသေးဘူး၊ စာဆိုလို့ ကကြီးတလုံးတောင် ဖတ်တတ်တာမဟုတ်ဘူး၊၊ မိဘတွေက ခဲလုပ်ငန်းကိုလုပ်ကိုင်နေခဲ့ကြတော့ ကျမတို့လို လူမမယ်သေးတဲ့ ကလေးတွေကလည်း မိဘတွေသွားရာ တောကြိုတောင်ကြားလိုက်ပါသွားခဲ့ကြရ တယ်၊၊ စားရမဲ့အချိန်မှာ မစားရပဲ ချောင်းကြိုချောင်းကြား ကျောက်တုံးတွေအောက် ဟိုလှန်ဒီနှိုက်၊ အိပ်ရမဲ့အချိန်မှာ မအိပ်ရပဲ ချုံကြိုချုံကြား ဟိုခူး ဒီဆွတ်လုပ်နေခဲ့ရတာပေါ့၊၊ အဲဒီအရွယ်မှာ ကျမတို့မောင်နှမတတွေဟာ ခဲရှာ၊ ခဲဆေးတတ်နေကြပြီ၊၊ လူကြီးတွေလို အကျွမ်းကြီးမဟုတ်ရင်တောင်မှ တနေ့ကို နို့ဆီဗူးတစ်ဝက်လောက်တော့ နေ့တိုင်ပုံမှန်ရတယ်၊၊

အဲဒီခေတ်က ခဲသတ္တုတွေကို ထိုင်းနိုင်ငံအစိုးက တရားဝင်လုပ်ခွင့်ပြုထားသော်လည်း ထိုင်းနိုင်ငံအတွင်းကို တရားမဝင်နည်းနဲ့ရောက်ရှိနေကြတဲ့ မြန်မာအလုပ်သမားတွေအတွက်ကတော့ တရားဝင်လုပ်ခွင့်နဲ့ရောင်းခွင့်မရှိခဲ့ဘူး၊၊ ဒါကြောင့် ကျမရဲ့မိဘနဲ့အတူ ကျန်တဲ့မြန်မာအလုပ်သမားအသိုင်း ဝိုင်းကလည်း ခဲသတ္တုတူးဖော်ရှာဖွေရောင်းစားတဲ့လုပ်ငန်းကို တရားမဝင်ပဲ လုပ်ခဲ့ကြရတယ်၊၊ ကျမသိရသလောက်ကတော့ ဝင်ငွေကောင်းတယ်လို့ ပြောကြတယ်၊၊ တစ်ပတ်ကို ကီလိုချိန် ၄-၅ ဆယ်ကျော်လောက်ရကြတယ်၊၊ အဲဒီအချိန်တုန်းက ခဲတစ်ကီလိုကို ဘတ်ငွေ ၈ဝ၊ ၉ဝ ကျော်တောင်ရခဲ့ တယ်၊၊ မိသားစုဝင်များတဲ့အိမ်တွေကတော့ အဆင်ပိုပြေကြပါတယ်၊၊ နောက်ပြီး အဲဒီခေတ်က ကုန်ဈေးနှုန်းကလည်း ဘာမှမရှိသေးဘူး၊ ဘတ်ငွေ ၁ဝ၊ ၂ဝ ဆိုရင် ထမင်းကောင်းကောင်းတနေ့စားနိုင်တယ်၊၊

တရားမဝင်ခဲလုပ်ငန်းကိုလုပ်ကိုင်ခဲ့ကြရတဲ့ မြန်မာနိုင်ငံသားတွေဆိုတော့လည်း မြို့ပြတွေထဲ၊ လူစည်ကားတဲ့ရပ်ကွက်တွေထဲနေလို့တော့ မဖြစ်ခဲ့ သေချာပါတယ်၊၊ ကျမမှတ်မိသလောက်ဆိုရင် ကျမတို့ဟာ မြို့ပြနဲ့ဝေးလံတဲ့တောင်ပေါ်မှာနေခဲ့ကြရတယ်၊၊ လျှပ်စက်မီးတို့၊ တီဗွီတို့၊ အောက်စက်တို့၊ ဘာဘာညာညာတွေလည်းမရှိဘူး၊၊ တီဗွီကြည့်ချင်ရင် ဓါတ်ဆီထည့်ပြီးအသုံးပြုတဲ့စက်ကိုနှိုး၊ မီးကြိုးဆက်ပြီးမှ ကြည့်ကြရတယ်၊၊ အဲဒီတုန်းကတော့ အခုခေတ်လို သတင်းဦးစားပေးတဲ့ကဏ္ဍတွေရှိမှမရှိခဲ့သေးတာကိုး၊၊ ရာဇဝင်ဇာတ်ကား၊ ကုလားဇာတ်ကားတို့ကိုသာ လူတွေအစွဲထားကြည့်ကြ တယ်၊၊ ကျန်တဲ့အထွေထွေဗဟုသုတတွေတင်ဆက်တဲ့လိုင်းလည်းမရှိခဲ့ပါဘူး၊၊ ဗမာပြည် ဆိုတဲ့ပြောသံကိုတော့ ကြားဖူးခဲ့ပါတယ်၊၊ ဒါပေမဲ့ ဗမာပြည် ဆိုတာတို့နေတဲ့နေရာနဲ့ ဘယ်လောက်ဝေးတယ်၊ နီးတယ်ဆိုတာကို မခန့်မှန်းတတ်သလို၊ ဗမာပြည် ဆိုတာဘယ်လိုနေမှန်းလဲ အမှန်တကယ်မသိခဲ့ တာပါ၊၊

နောက်ပိုင်းကျတော့ လူကြီးတွေက ဗမာပြည်မှာ ထမင်းငတ်နေကြပြီ၊ တို့အရေးအော်နေကြပြီ လို့ပြောတာကိုကြားခဲ့တယ်၊၊ အဲဒါနဲ့ ကျမတို့ထက် အသက် ၄-၅-၆ နှစ်လောက်ကြီးကြတဲ့ အစ်ကိုတွေ၊ အစ်မတွေက ငှက်ပျောခက်ကိုခုတ်၊ အရွက်တွေခုတ်ပစ်ပြီး အခက်ရဲ့ထိပ်ပိုင်းမှာ အလံနဲ့တူ အောက် အရွက်နည်းနည်းလေးချန်ထားတဲ့ အလံလုပ်ကြတယ်၊၊ ကျမတို့ကိုလည်း လုပ်ပေးကြတယ်၊၊ ပြီးတော့ အဲဒီငှက်ပျောခက်အလံတွေကိုယ်စီ ကိုယ်ဆောင်ကြပြီး တို့အရေ့း့  တို့အရေး ဆိုပြီး ကျမတို့ကလေးတွေတအုပ်ကြီး တောင်ပေါ်ခဲမိုင်းရွာအလယ်လမ်းကျဉ်းလေးထဲမှာ ညနေတိုင်း အော်ဟစ်ကစားခဲ့ကြတယ်၊၊ တကယ်တမ်းကျတော့ တို့အရေး ဆိုတာဘာကိုဘာမှန်းသိခဲ့ကြတာမဟုတ်ခဲ့ဘူး၊၊ ဘာကြောင့် တို့အရေး ဆိုပြီးအော် ကြသလဲ၊ ဘယ်မှာဖြစ်နေသလဲ၊ ဘယ်သူတွေဖြစ်နေသလဲဆိုတာ လုံးဝမသိခဲ့တာအမှန်ပါ၊၊ ကိုယ့်ရှေ›က လူတွေကစားပြတော့ ကိုယ်တွေကလည်း လိုက်ကစားတာပဲဖြစ်ခဲ့တယ်၊၊ ဒီ တို့အရေး ဆိုတဲ့အကြောင်းအသေးစိတ်ကို ပြောပြနိုင်တဲ့သူလည်းမရှိခဲ့ပါဘူး၊၊ ဘာကြောင့်ဖြစ်တာလဲဆိုတာတောင် ဘယ်သူမှ သေသေချာချာမသိခဲ့ကြဟန်တူပါတယ်၊၊ ဒါကြောင့် ဒီအကြောင်းကို ကျမတို့လိုလူမမယ်သေးတဲ့ ကလေးငယ်တွေရဲ့ခေါင်းထဲ၊ ဦးနှောက်ထဲ မှာ စွဲမြဲနေခဲ့ခြင်းမရှိခဲ့ကြတာပါ၊၊

ဒီလိုနဲ့နှစ်ပေါင်း ၁ဝ လောက်အထိကြာလာတဲ့အချိန်မှာ တို့အရေး ဆိုတဲ့ခေါင်းစဉ်ကြီးကျမတို့ဆီကိုပြန်လာခဲ့ပါတယ်၊၊ အသိမရှိသေးတဲ့ ကလေးတွေ ရဲ့ဘဝကိုထားခဲ့ပြီး အသက် ၁၄၊ ၁၅ အရွက်ရောက်လာတော့ ဒီအကြောင်းကိုသိချင်တဲ့စိတ်တွေဖြစ်ပေါ်လာခဲ့တယ်၊၊ တချိန်တည်းမှာပဲ ကျောင်း လည်းတက်နေပြီ၊ စာတွေလည်း ဖတ်တတ်နေပြီ၊ နားလည်၊ သဘောပေါက်အောင်ဖတ်နိုင်နေခဲ့ပြီဆိုတော့ စူးစမ်းလေ့လာချင်တဲ့သဘောပေါ့၊၊ အရွယ် ရောက်လာတဲ့အခါမှာတော့ အရင်ကလိုတောကြိုတောင်ကြားမှာမနေရတော့ဘူး၊ ကျောင်းကန်နဲ့၊ လူမှုအသိုင်းဝိုင်းစုံလင်တဲ့အရပ်ဝန်းဒေသတခုဆီ ရောက်ရှိလာခဲ့ပါတယ်၊၊ ဒီအရပ်ဝန်းမှာ ပညာရှိတွေ၊ ပညာတတ်တွေလည်းအသင့်တင့်ရှိကြတယ်၊၊ ကိုယ့်မှာလည်းအသိအမြင်ဉာဏ်ရှိလာပြီဆို တော့ ဗမာပြည် ဆိုတာအခုကိုယ်နေထိုင်နေတဲ့ဒေသပဲလို့ ဆိုရင်မမှားတော့ပါ၊၊ ထိုင်းနဲ့ မြန်မာနယ်စပ်ဆိုတော့ နှစ်တိုင်းပြည်ကြားကလူပေါ့၊၊ ဒါပေမဲ့ မြန်မာဘက်ကပိုင်တဲ့မြေပေါ်မှာ ကိုယ်နေထိုင်ရပ်တည်နေခဲ့ပြီဆိုတာ ကောင်းကောင်းနားလည်ခဲ့တယ်၊၊

၁၉၉၈ ခုနှစ်ကိုရောက်တော့ ကျမအသက် ၁၅ နှစ်ရှိနေခဲ့ပါပြီ၊၊ အဲဒီတုန်းကကျောင်းတက်နေတော့ စာကိုအလွန်မက်မောသူဖြစ်ခဲ့ပါတယ်၊၊ ကျောင်း စာအပြင်၊ ပြင်ပကရောက်လာတဲ့ သတင်းစာတွေ၊ စာအုပ်တွေကိုလည်းဖတ်နိုင်စွမ်းရှိနေခဲ့ပြီ၊၊ အိမ်မှာအနားယူတဲ့နေ့တွေဆိုရင် သတင်းစာတွေကို ကြိုးစားပြီးဖတ်လေ့ရှိခဲ့တယ်၊၊ အဲဒီမှာစပြီးတော့ တို့အရေး ဆိုတဲ့ ၈၈၈၈ အရေးခင်းအကြောင်းကိုဖတ်ဖြစ်ခဲ့တယ်၊၊ ဒါကြောင့် တချိန်ကသိခဲ့ဖူးတဲ့ "ငှက်ပျောခက်အလံ့  တို့အရေး" နဲ့အခုတခါ ၁ဝ နှစ်ပြည့်အထိမ်းအမှတ် "၈၈၈၈" အကြောင်းဟာ တစ်ရေးတည်းပါပဲလားဆိုတာ နားလည် လာခဲ့တယ်၊၊ သို့သော်လည်း အသေးစိတ်ကိုဘာမှရေရေရာရာသိခွင့်ရတာမဟုတ်ခဲ့ပါ၊၊ ကိုယ့်ဖာသာကိုယ်ရှာဖွေဖတ်ရှုခဲ့တာပဲ ဖြစ်တယ်၊၊ ဒီ ၈၈၈၈ ဆိုတာ ဘာကိုဆိုလိုတာလဲ၊ ဘာကြောင့် ၈၈၈၈ ဖြစ်လာတာလဲ၊ ၈၈၈၈ ရဲနောက်ကွယ်မှာ ဘယ်သူတွေပါဝင်ခဲ့သလဲ၊ ဘာတွေလုပ်ခဲ့လို့ ဖြစ်ပေါ်လာ ခဲ့သလိုဆိုတာကိုတော့ နားမလည်ခဲ့ပါ၊၊

ကျမတို့ဘဝမှာ မြန်မာပြည်အကြောင်း၊ မြန်မာနိုင်ငံသားတွေအကြောင်းကို ကျောင်းသင်ခန်းစာကတဆင့် သိခွင့်ရခဲ့တာပါ၊၊ မြန်မာပြည်အနေထား၊ မြန်မာနိုင်တိုင်းရင်းသားများ၊ ရိုးရာဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှု စတာတွေဟာ ကျောင်းသင်ခန်းစာကနေသိရှိနားလည်လာခဲ့ပါတယ်၊၊ ကျမတို့မိဘ တွေကို အပြစ်မတင်ရက်ပါဘူး၊၊ ဘာကြောင့်လဲဆိုတော့ သူတို့ကိုယ်တိုင်ကလည်း မြန်မာနိုင်ငံမှာကြီးပြင်းခဲ့ရတဲ့ လူတွေမှမဟုတ်ပဲ၊၊ ပြည်ချစ် (ဦးနု) ခေတ်ကတည်းက တောခို၊ တော်လှန်ရေးအလုပ်ကို လုပ်လာခဲ့ကြတာကိုး၊၊ ပြီးတော့ သူတို့ဘဝတလျှောက်လုံး တောကြိုတောင်ကြားမှာပဲ အသက် မွေးဝမ်းကျောင်းလာခဲ့ကြရတာ၊၊ သားသမီးတွေကို သူတို့ရဲ့ဘဝဖြတ်သန်းမှုအတွေ့အကြုံတွေကလွဲလို့၊ တော်လှန်ရေးအတွေ့အကြုံတွေကလွဲလို့ ဘာမှ မပြောပြနိုင်ခဲ့ဘူး၊၊ သို့သော်လည်း ကျမတို့က ကံကောင်းပါသေးတယ်၊၊ သင်ယူခွင့်၊ လေ့လာခွင့်တွေရှိခဲ့သေးတယ်၊၊ ပြီးတော့ လက်လှမ်းမှီတဲ့ အသိပညာရှင်၊ ဗဟုသုတရှိသူတွေ လူကြီးများနဲ့လည်းနီးစပ်ခွင့်ရခဲ့တယ်၊၊

၂ဝဝ၁ ခုနှစ်မှာ ကျမကျောင်းထွက်လိုက်ရပြီး ပြင်ပအသိပညာ၊ အတတ်ပညာဆက်လက်လေ့လာဆည်းပူးဖို့ပြင်ဆင်ဲ့ရတယ်၊၊ အဲဒီနှစ်မှာ တိုက်တိုက် ဆိုင်ဆိုင်ပဲ ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ချင်းမိုင် (ဇင်းမယ်) မြို့ကိုရောက်သွားခဲ့တယ်၊၊ အဲဒီမှာ ပညာသင်ဖို့သွားရင်းနဲ့ တန်ဖိုးမဖြတ်နိုင်တဲ့အတွေ့အကြုံ တွေရခဲ့တယ်၊၊ ၈၈၈၈ (၁၃)ကြိမ်မြောက်အထိမ်းမှတ်အခမ်းနားတခုကို ကျမဘဝရဲ့ပထမဆုံးအကြိမ်အဖြစ် ကိုယ်တိုင်တက်ရောက်ပါဝင်ခွင့်ရခဲ့တယ်၊၊ အဲဒီအခမ်းနားကို လူငယ်အသင်းတခုက ဦးစီကျင်းပပေးခဲ့တယ်၊ ကျမအနေနဲ့ ဒီအခမ်းနားကိုတက်ရောက်ခွင့်ရခဲ့တဲ့အတွက် စိတ်ထဲဖော်ပြမတတ် အောင် ကြည်နူးပီတိဖြစ်ခဲ့တယ်၊၊ ဒါပေမဲ့ ကြည်နူးခြင်းရဲ့တဖက်မှာ အတိတ်ကလူတွေအတွက်၊ ကျောင်းသူကျောင်းသားတွေအတွက်၊ ရဟန်းရှင်တွေ အတွက် ကျမကြေကွဲမိခဲ့တယ်၊ တန်ဖိုးမဖြတ်နိုင်တဲ့ သတ္တိရှိသူရဲကောင်းတွေပါပဲ လို့ ကျမသူတို့ကို ရင်ထဲကချီးမွမ်းနေခဲ့မိတယ်၊၊ ၈၈၈၈ နဲ့ပတ်သက် တဲ့ ဗွီဒီယို၊ ပိုစတာ၊ ဓါတ်ပုံ၊ သတင်းစာ၊ သမိုင်းစာအုပ်တွေအများကြီး တွေ့ခဲ့ရတယ်၊၊ လူငယ်အသင်းမှလည်း ၈၈၈၈ အရေးခင်းဖြစ်ပေါ်လာခဲ့တဲ့ အကြောင်းအတိုချုပ်ကို ရှင်းပြခဲ့တယ်၊၊ အဖြစ်ရပ်မှန်တို့ကို အခုမှသိခွင့်ရတော့တယ်လို့ တွေးတောမိခဲ့တယ်၊၊ အဖြစ်ရပ်မှန် ဗွီဒီယိုအခွေတွေကို ကြည့်ပြီး မျက်ရည်ကျခဲ့မိတယ်၊၊

ဒီအဖြစ်ပျက်တွေကိုသိခွင့်ရတော့ ကျမတို့အတွက်တကယ့်ကို ကျောင်းသင်ခန်းစာတွေထဲကသမိုင်းလိုလို၊ နားထောင်လို့ကောင်းတဲ့ပုံပြင်လိုလိုတော့ ခံစားမိခဲ့တယ်၊၊ တကယ်တမ်းလည်း ကျမတို့အတွက်ပုံပြင်လိုဖြစ်နေခဲ့ပါတယ်၊ အနှစ်နှစ်ဆယ်တောင်ပြည့်နေပြီဆိုတော့ အဲဒီကာလမှာမွေးတဲ့ ကလေးငယ်တစ်ယောက်ဟာ အခုဆို အသက် (၂ဝ) နှစ်တောင်ပြည့်နေရောပေါ့၊၊ အဲဒီအရွယ်လူငယ်တွေကို ၈၈၈၈ အကြောင်းသွားပြောရင် သူတို့ဘယ်လိုခံစားရမလဲဆိုတာ သိချင်လိုက်တာ၊၊ သြော့့်  ဒီသမိုင်းဟာ ပုံပြင်တော့မဟုတ်ခဲ့ပါဘူး၊ တကယ့်ကို မြန်မာ ပြည်သူ၊ ပြည်သားရဲ့ သွေး၊ ချွေး၊ အသက်ပေါင်းများစွာနဲ့စတေးပြီး ဖြစ်ပေါ်လာတဲ့ သမိုင်းစာမျက်နှာအရှေ›ဆုံးကပါတဲ့ ၈၈၈၈ အရေးခင်းပါပဲ၊၊ လွန်ခဲ့တဲ့နှစ်ပေါင်း (၂ဝ) က ငှက်ပျောခက်အလံကိုင်ကာ တို့အရေး ဆိုပြီး တောကြိုတောင်ကြားမှာ ကစားခဲ့ဖူးတဲ့ကလေးမတစ်ယောက်ဟာ အခု တော့ ၈၈၈၈ ရဲ့နောက်ဆက် တွဲရထားတွဲနောက်ကို လိုက်ပါသွားလေပြီ၊၊ ၊၊


ကြိုးစားလျက်
ဆောင့်း့ 
ဝ၈ဝ၈ဝ၈

လေလွင့်လူ

ဆင်ခြင်တုံတရားခေါင်းပါးတဲ့
လူတစ်ယောက်ဟာ အများတကာ
အခိုင်းကိုအစဉ်ခံရမြဲပဲ၊၊ အများတကာပြောတဲ့
စကားကို အယုံလွယ်တဲ့သူဟာလည်း
တနေ့ကောင်းကောင်း ဒုက္ခရောက်ပါလိမ့်မယ်၊၊
ကိုယ့်အနားအမြဲ သတိပေးတတ်သူကို
ရန်သူမှတ်ကာ၊ အခြားတနေရာကနှုတ်
အချိုသွေးပြီး ခိုင်းကောင်းတဲ့နွား
လို့သတ်မှတ်ကာ ခေါ်ခိုင်းကြတဲ့
လူတွေကိုတော့ မိတ်ကောင်းဆွေကောင်း
မှတ်ကာ ပြုမူဆက်ဆံတတ်သော လူသားဟာ
ဒုက္ခနဲ့ကင်းကွာနိုင်ပါ့မလား၊၊

၈၈၈၈ အနှစ်နှစ်ဆယ်

Live Show for Nargis

You received this email because you are subscribed to the real_time feed for http://saung-inmyworld.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.