Monday, September 29, 2008

[လ၀န်းလေး] 25 New Entries:

http://sintsint.blogspot.com/feeds/4117495617433232939/comments/default

ခလုတ်ထိရင် အမိတတယ် ဆိုတဲ့စကားဟာ အရမ်းကိုမှန်ပါတယ်။ ကျွန်ုပ်လဲ တစ်ခုခုအဆင် မပြေ၀မ်းနည်းရရင် အိမ်ကိုအရမ်းသတိရပြီး အမေ့ကိုယ်ရင်ဖွင့်လိုက်ခြင်တယ်။ အဲဒါဆိုသက်သာ သွားသလိုပါပဲ။ ဒီအရွယ်ဟာ ကလေးမဟုတ်တော့ဘဲ ကိုယ်ခြေထောက်ပေါ် ကိုရပ်တည်ကာ ဘ၀ကိုလျှောက်လှမ်းရမယ် ဆိုတာသိနေပေမဲ့ လည်းတမ်းတနေမိ ပါတယ်။ မိဘကျေးဇူးကြီးမား ပုံကိုဝေးနေရမှ ပိုပိုပြီးသိလာရပါတယ်။ ဘ၀ရဲ့အဆိုးအကောင်းတွေကို အပြုံးမပျက် ကြံ့ကြံ့ခိုင်ပြီး ဖြတ်သန်းနိုင်အောင် အားအင်တွေမွေးပြီး ကြိုးစားသင့်ပါတယ်။ အမြဲကိုယ်ကိုတိုင်ပဲ အားပေးနေပြီး ဘ၀ကိုရင်ဆိုင် ဖြတ်သန်းနိုင်အောင် ကြိုးစားနေတာဟာ အကောင်းဆုံးပဲ ထင်ပါတယ်။ ကိုယ်နားမှာ အမြဲရှိနေနိုင်တဲ့ သူကလဲ ကိုယ်ကိုတိုင်ပဲ ဖြစ်နေလို့လေ။

လက်တွဲဖော်

ရှေ့လျှောက် လျှောက်လှမ်းရမဲ့ လောကကြီးမှာ လူတွေဟာ ဘ၀ကို ဖြတ်သန်းကြဖို့ လက်တွဲဖော်ဆိုတာကို မဖြစ် မနေရှာခဲ့မိကြမှာပဲ။ အဲဒီလို ရှာဖွေခဲ့ကြရရင် ဘယ်လိုလက်တွဲဖော်ဟာ အကောင်းဆုံးလဲ ဆိုတာကို ကောင်းကောင်းမွန် မသိပေမဲ့ ထင်မြင်တာကတော့ တစ်ယောက်နဲ့ တစ်ယောက်မြတ်မြတ် နှိုးနှိုးချစ်ခင်ပြီး သစ္စာတရားကို စောင့်သိရမယ် အပြန်အလှန်လေးစားမှုနှင့် နားလည်မှုတွေရှိရမယ် တွေ့ကြုံလာတမျှ အခက်အခဲတွေကို နှစ်ဦးသား စိတ်တူကိုယ်တူနှင့် အားပေးမှုတွေနဲ့ ဖြေရှင်းနိုင်တာဟာ အကောင်းဆုံးနဲ့ပျော်ရွှင်စရာ အကောင်းဆုံးလို့ထင်မိပါတယ်။

http://sintsint.blogspot.com/feeds/7253285478416210256/comments/default

မနက်ဖြန်ဆို နေရာသစ်တစ်ခုမှာ သွားရောက်ပြီးနေရအုန်းမှာပေါ့။ ပြောင်းရပြန်ပြီ အဆောင်တစ်နေရာ ...မပြောင်းခြင်ပါဘူး..ဟင်.. ကြားရတဲ့ အဆောင်နေရာကတော့ ကြားရတာနဲ့ရင်ပြန်ပြေးခြင် စိတ်ပေါက်စရာပဲ။ သွားခြင်ဘူး.. ဟင့်ဟင့် ...ဒါပေမဲ့လည်း မတည်မြဲတဲ့ နိယာမနဲ့ အတူ ပြောင်းရမှာပေါ့။ ဘ၀ဆိုတာဒီလိုပါပဲ အမျိုးမျိုးကြုံတွေ့နေရမှာပါပဲ ။ ကြုံတွေ့ရတဲ့ အခက်ခဲတွေကို တောင့်တောင့်တင်းတင်းနှင့် ရင်ဆိုင်နိုင်ပြီး အကောင်းဆုံးဖြစ်အောင်ဖြေခြင်း နိုင်အောင်ကြိုးစားရမှာ ပါပဲ။ ကျောင်းပြီးတည်းက ဘ၀ဆိုတဲ့ လောကသင်ခန်းစာ ကြီးထဲကို စ၀င်ခဲ့ရမှ တော်တော်လေး လေးနက်မှန်းသိလာခဲ့ရတယ်။ ကျောင်းနေစဉ် ဘ၀မှာတုန်းက ပေါ့ပေါ့ပါးပါး နှင့်ဘ၀ကို ဖြတ်သန်းခဲ့ရပေမဲ့ ကျောင်းပြီးမှ အလုပ်ထဲမှာ လူပေါင်းစုံ ပတ်ဝန်းကျင်အမျိုးမျိုးနဲ့ တွေ့ကြုံခဲ့ရပြီး ဘ၀အကြောင်းကို လေးနက်မှန်း သိခဲ့ရတယ်။ ဒီရှေ့မှာ ဒီထက်ပိုဆိုးတဲ့ ရင်ဆိုင်မှုတွေတာ ရှိလာနိုင်မယ်ဆိုတာကို ကြိုတင်တွေးတောမိပါတယ်။ လက်ရှိရောက်ရှိနေတဲ့ နေရာမှာ စိတ်ဓာတ် ခိုင်ခိုင်မာမာ ထားပြီး ရင်ဆိုင်နိုင်ရန် ကြိုးစားမှုမှ အပကျန်တာ မရှိတော့ပါ။ ဖြစ်လာတမျှတွေကို ရှေ့လျှောက် စိတ်ထားကောင်းကောင်းထားပြီး ရင်ဆိုင်နိုင်ရန်ကြိုးစား ရတာအကောင်းဆုံး ထင်ပါတယ်။

တမ်းတလျက်ပါ...

လွမ်းဆွတ်မိတယ်...ဟိုတုန်းက အချိန်လေး
သတိရမိတယ် ...ဟိုတုန်းက ကြည်နှုးစရာလေး
တမ်းတမိတယ်...ဟိုအရင်က ပျော်စရာအချိန်လေးကို
ပြန်လိုချင်တယ်...........အရာအားလုံးကို.....
ပြန်ပေးပါလို့.............မတောင်းဆိုချင်တော့ပါဘူး
မရနိုင်မှန်း..သိနေလို့လေ.......

http://sintsint.blogspot.com/feeds/1232676728971462836/comments/default

အရမ်းသတိရမိပါတယ် ဟိုအရင်က သူငယ်ချင်းတွေနဲ့ အတူနေခဲ့ရတဲ့ ဘ၀လေးကို။ ပြန်လည်တွေးမိတိုင်း ကြည်နှုးချင်းတွေ ပျော်ရွှင်မှုတွေကို ပြန်လည်ခံစားရတယ်။ အဲလိုဘ၀လေးကို ပြန်တမ်းတမိပါတယ်။ ဒီနေ့ သူငယ်ချင်းတွေကို သတိရမိလို့ ရေးဖြစ်ခဲ့တာပါ။ အစဉ်အမြဲ လွမ်းမိနေပါတယ် သူငယ်ချင်းတို့ရယ်.......

http://sintsint.blogspot.com/feeds/5431041559503248933/comments/default

မျက်ဝန်းလေး
ဟိုဝေးတစ်နေရာကနေ
ကိုယ့်ကို လှောင်ပြောင်စွာ
ကြည့်ရှုနေသော မျက်ဝန်းလေးရယ်
မင်းလေးပျော်နေမယ် ဆိုကိုယ်ဟာ ခံစားရပေ
မဲ့ဝေဒနာတွေကို ကျေနပ်စွာနဲ့ ခံယူနေပမယ်
အဲဒါမင်းလေးကိုယ် ပျော်ရွှင်စေဖို့ ကိုယ်ဘက်က
ပေးဆပ်ချစ်တွေနဲ့ ချစ်နေခဲ့တယ်ဆိုပါ ယုံပေးပါနော်
ကောင်မလေးရယ်.............

http://sintsint.blogspot.com/feeds/6332459033784529719/comments/default

တစ်ခါတစ်လေမှာလေ ထင်ထားတာတွေ ဖြစ်မလာပဲ မထင်တာတွေ ဖြစ်ခဲ့ရရင် အဲဒီဖြစ်ပျက်မှုတွေ ပေါ်ကနေ ၀မ်းနည်းမှုတွေ ၀မ်းသာမှုတွေ ဖြစ်ပေါ်ခဲ့ရတယ်။ ကိုယ်ပေါ်မှာ နားလည်ပေးနိုင်မယ် ထင်တဲ့လူတွေဟာ တစ်ခါ တစ်လေမှာ ထင်ထားသလို ဖြစ်မလာတဲ့ အခါ အရမ်းခံစားရတယ် ။ လူတိုင်းပေါ် သံယောဇဉ်မဖြစ်မိစေရန် ထိန်းချုပ်ထားတဲ့ကြားကပဲ သံယောဇဉ်ဆိုတာကလဲ ဖြစ်မိသေး။ အော်သံယောဇဉ်ဆိုတာ တကယ် ကြောက်ဖို့တော့ ကောင်းသား။ မခေါ်ပဲလာ မနှင်ပဲ ပြန်သွားတတ်တယ်လေ။ ဝေသနာတွေတာ ပေးပြီးအနိုင်ယူသွားမဲ့ သံယောဇဉ်ရယ် ကျေးဇူးပြုပြီး ငါ့ဆီကို မလာ ခဲ့ပါနဲ့။

http://sintsint.blogspot.com/feeds/2196805149679026580/comments/default

လူတွေအားလုံးဟာ မျှော်လင့်ချက်အသီးသီးနှင့် အသက်ရှင်နေကြတာပါ။ ကိုရဲ့မျှော်လင့်ချက်ကို ကိုအကောင်းဆုံး ဖန်တီးယူနေကြရတာပါ။ အကောင်းဆုံး ဖြစ်အောင်ကြိုးစား နေကြရဲ့နဲ့ ဖြစ်မလာသေးရင် အချိန်မတန်သေးလို့ လို့မှတ်ကာ စိတ်ဓာတ်မကျပဲ ဆက်လက်ကြိုးစားကြပါ။ လူတစ်ယောက်တွက် စိတ်ဓာတ်ကလဲ အရေးပါတယ်လေ။ စိတ်ဓာတ်မကျမှတာ နောက်ထပ်အောင်မြင်ဖို့ ဆက်ကြိုးစားနိုင်မှာလေ။ တစ်ကြိမ်ထဲ အောင်မြင်သူထက် အကြိမ်ကြိမ် လဲပြီးပြန်ထနိုင်သူရဲ့ အောင်မြင်မှုက ပိုအရေးပါတယ်လို့ ထင်ရတယ်လေ။ နောက်ထပ်အမှား မဖြစ်အောင် စဉ်းစားနိုင်တယ်လို့ ထင်ရတယ်။ ပျော်ပျော်နေတတ်တဲ့ အကျင့်ကလည်း စိတ်ကိုခံစားမှု တွေသက်တာရာ တွင်အရေးပါ သလိုပဲ။ ဒါကြောင့် ဘယ်အခြေနေမှာ ပဲရောက်ရောက် စိတ်ဓာတ်မကျပဲ အကောင်းဆုံး ဖြစ်အောင်ကြိုးစားပါ။

http://sintsint.blogspot.com/feeds/9025090401584643122/comments/default

တစ်ခါတလေမှာလေ လူတွေဟာမျှော်လင့်ထား သလိုဖြစ်လာခြင်မှ ဖြစ်လာတက်ကြတာ။ ဒါကြောင့်ဖြစ်တမျှကို အလျင်စလို စိတ်မလှုပ်ရှားမိစေပဲ အချိန်အတိုင်းတာ တစ်ခုထိ စိတ်ရှည်စွာ သည်းခံပြီးမှ စောင်းဆိုင်းနိုင်ရင် ကောင်းတဲ့ အဖြေတစ်ခုကို တွေ့ရှိရမှာပါ.................

http://sintsint.blogspot.com/feeds/293493962382822236/comments/default

အင်း လူတွေမှာတော့ တစ်ယောက်တစ်မျိုးစီတော့ ရှုးသွပ်နေကြတာ ပါလား။ အဲဒီရှုးသွပ်မှုတွေထဲ မှာငါလဲတစ်ယောက် အပါဝင်ပေါ့။ ငါလဲရှုးသွပ်နေပါ လားလို့ တစ်ခါတစ်လေတွေးမိရင် ရယ်ချင်လာတယ်။

http://sintsint.blogspot.com/feeds/3293394745293071088/comments/default


ဖြစ်ချင်တာ တွေဖြစ်နေတဲ့ ဘ၀ မှာ ဘာမှမတွေးတောတော့ ပဲလုပ်ချင်တာတွေပဲ ရအောင်လုပ်ပြီး စိတ်ကို သက်သာအောင်နေတော့ မယ်။ ဒီလို ကလေးဘ၀ကို ပြန်တမ်းတမိတယ်။ ဘာမှ အပူပင်မရှိ ဖြူစင်တဲ့ ကလေးဘ၀ပါလား....

မရိုးနိုင်တဲ့ တစ်နေတာ တာဝန်

မနက်မိုလင်း အိပ်ရာကထ မျက်နှာသစ်ဖို့မှန်ရှေ့သွား ။ တစ်နေ့တစ်နေ့ မရိုးနိုင်တဲ့ ကိုယ့်ရဲ့ ဆိုးလွန်းလှတဲ့ ရုပ်ကြီးကို မှန်ရှေ့မှာကြည့်....မြင်လိုက်ရတဲ့ ကိုယ်ရဲ့ပုံကို အမေဘယ်လိုများ ဆိုးအောင်မွေးပေးထားတုန်း ပြန်စဉ်းစားကြည့်.... အော် ရေပေါ်ဆီများတဲ့ ဒီခေတ်ကြီးမှာ အမေက စိတ်မချရလို့ ဆိုးအောင်မွေးပေးထားတယ် ထင်ပလို့ ကိုယ်ကိုကို အကောင်းမြင်ကြည့်... အကြီးတန်မှန်ကြိုက်ဆိုတဲ့ အတိုင်းအိပ်ယာထ တာနဲ့မှန်ရှေ့သွား...ရုံးသွားခါနီးမှန်ရှေ့ပြေး...ရုံးကပြန်လာမှန်ရှေ့လာ..ဟီးဟီး..တစ်နေ့တာလည်ပတ်နေ
...မျက်နှာသစ် ရေချိုးခန်း အမြန်လုဝင် ....ကျောက်ပြင်ကိုလု ....ဖယ်ရီမမှီမှာ စိုးလို့ ထမင်းအမြန်စား...ဘုရားကန်တော့ပြီး ဖယ်ရီဆီအမြန်ပြေးရ ...အော်ဝန်ထမ်း ...၀န်ထမ်း..ငါ့ရဲ့ဘ၀ ပါလားလို့ ကားပေါ်ကြမှ သက်ပြင်းချ။ မနက်ထမင်းချက်တဲ့ နေ့ကျလာရင် စိတ်ပျက်ပျက်နဲ့ အိပ်ယာကထ အမြန်ချက်ပြုတ်ပြီး ဝေရာဝစ္စတွေကို ပြီးအောင်လုပ်ပြီး ကားဆီအမြန်ပြေးရ... ဘယ်ရီကဆင်း ရုံးကိုရောက် တစ်နေ့တာလုပ်စရာရှိတာကို ယောင်တောင်တောင်နဲ့ လုပ် ....ရုံးဆင်းချိန်ရောက် ဖယ်ရီဆီပြန် ....အဆောင်ပြန်ရောက်မှ တစ်နေ့တာကုန်ဆုံးသမျှကို သက်ပြင်းချ.....ညစာစားရင် သူငယ်ချင်းတွေနဲ့ တပျော်တပါး...ထမင်းစား...ညစာကြမှပဲ ထမင်းကိုကောင်းကောင်းစားရ တော့တယ် အဆောင်ရောက်ရင် ညဆိုသူငယ်ချင်းတွေ စုံစုံနှင့် အရမ်းပျော်တာပဲ... လက်ဖက်ရည်ဆိုင် သွားရင်လဲ ၉ယောက်အုပ်စုကြီး ဆိုတော့ ဘယ်သူမှကြောက်တော့ဘူး။ အဲဒီလိုနဲ့ တစ်နေ့တာရဲ့ နောက်ဆုံးကို ဘုရားဝတ်ပြု အိပ်ယာဝင်ပြီး ပြီးဆုံးသွားပြန်ရော.............

http://sintsint.blogspot.com/feeds/4045391577200640936/comments/default

သင်္ကြန်ကြရင် အိမ်ကိုပြန်ချင်တယ်။ အိမ်ကမိသားစုတွေနှင့် သင်္ကြန်ရုံးပိတ်ရက်မှာ တူတူနေချင်တယ်။ ဒါပေမဲ့ ရုံးကတာဝန်ကျ အုန်းမလားမသိသေးပါဘူး။ အမေရေ သမီးတော့အိမ်ကို ပြန်လာချင်တယ် ။ ဟင့် ....ပြန်လာပါရစေ...တာဝန်မကျပါစေနဲ့............မျှော်လင့်နေတယ်

http://sintsint.blogspot.com/feeds/6980361500567783319/comments/default

အော်စနေနေ့လေး ဒီတစ်ခါ သူငယ်ချင်းတွေ စုံစုံလင်လင်အားတုန်း စိတ်ညစ်တာတွေကော ပြေအောင်လို့ဆိုပြီး ကုသိုလ်တရားလေး ရအောင် အဆောင်က အန်တီနှင့် သူငယ်ချင်းတွေနဲ့ တူတူ ဥပုတ်လေးသွားစောင့်ပါတယ်။ ကျောင်းကပြန်ရောက်ရောက်ချင်း အလုပ်က ခုလာပါဆိုလို့ ပြေခဲ့ရပြန်တယ်။ အော်မလွယ်တဲ့ ၀န်ထမ်းဘ၀ ကိုယ်ကိုကို တောင်မပိုင်တဲ့ ဘ၀ပါလားလို့ တွေးတောမိတယ်။ အမှန်တကယ် ဆိုကိုယ်ကိုတိုင်တောင် ပြန်စဉ်းစားမိတယ် ဘယ်နေရာမှ တရားရှာနေစရာ မလိုဘူး ကိုယ်ဘ၀ကို ပြန်ကြည့်ပြီး တရားရှာလို့ရပြီလို့ တွေးတောမိတယ်....အော်ဘ၀ဘ၀...ငါ့ရဲ့ဘဝ

http://sintsint.blogspot.com/feeds/3229630087704559636/comments/default

ရင်ခုံမိတဲ့မင်ရဲ့......မျက်ဝန်း
ကြည်နှုးမိတဲ့မင်းရဲ့.....စကား
ငေးမောမိတဲ့မင်းရဲ့............အပြုံး
အားလုံးဟာ လိမ်ညာမှုတွေပဲလား...

http://sintsint.blogspot.com/feeds/6640859276403605246/comments/default

ဟေ့ကောင်လေး
နင်ညာနေတာသိနေပေမဲ့
စိတ်နာဖို့အချိန်မတန်သေးတော့
မင်းကိုစိတ်မနာသေးပါ မသိလို့တော့
ဟုတ်ဘူးနော်.....

http://sintsint.blogspot.com/feeds/7489339592587144361/comments/default

ဟွန်း သင်္ကြန်နား နီးလာတော့ ကျောင်းတုန်းက သင်္ကြန်လေးကို သတိရလာမိတယ်။ ကျောင်းမှာဆို ဒီချိန်ဆို သင်္ကြန်နား နီးလို့  တစ်ယောက်ကို တစ်ယောက် စနှောက်ကာ ရေတွေပတ်နေကြပြီ။ စိတ်မဆိုးတမ်း စနှောက်နေကြ တဲ့ အခိျန်လေးတွေကို သတိရလာမိတယ်။ ဘ၀တွေထဲမှာ လူငယ်တစ်ယောက် ရဲ့ဘ၀ဟာပျော်စရာ ကောင်းတယ်ဆိုတဲ့ အဆိုကို ခုဆိုပိုပြီး လက်ခံလာမိတယ်...။ ဒါကြောင့် လွတ်လွတ် နဲ့ ဖြတ်ကျော်ခဲ့ရတဲ့ ကလေးဘ၀ရဲ့ တန်ဖိုးက ပိုပြီးကြီးမားမှန်း သိလာရတယ်။ ဒါကြောင့် လူတွေဟာ အပူပင်တွေ ရှာလို့မရသေးခင် ဒီတိုင်းလွတ်လွတ် လပ်လပ် ဘ၀ဟာ ပိုပျော်စရာ ကောင်းပါတယ်...ခက်တာက ဘယ်နေရာ သွားသွားဒီအပူ ပင်တွေနှင့် လာလာပြီး ခလုတ်တိုက်မိနေတာ....ဟဲဟဲ

http://sintsint.blogspot.com/feeds/9135439597852701818/comments/default

တစ်ခါတလေမှာ လူလောကကြီိးမှာ ဖြစ်ခြင်တာတွေ ဖြစ်ခွင့် ရရင်အရမ်းကောင်းမှာပဲ လို့ ရှုးပေါပေါနဲ့ တွေးတောမိခဲ့ ဘူးပါတယ်။ ငယ်ငယ်က ကလေးဘ၀ကလို ဖိုးလမင်းကြီး ဆီိက ရွှေလင်ဘန်းနှင့် ထမင်းဆီဆမ်း ပေးပါလို့ တောင်းခံခဲ့ဘူး ခဲ့သလိုပေါ့ ကျွန်တော် ဖြစ်ခြင်တဲ့ အရာတွေကို ဖြစ်ခွင့်ပေးပါလို့ တောင်ခံလိုက်ခြင်ပါတယ်။ ဒါပေမဲ့ အဲဒါတွေက စိတ်ကူးရင်သက်သက်ပါ ။ အမှန်တကယ်တော့ ကိုယ်လုပ်နိုင်မှ ကိုရမှာပါ ။ ဒါကြောင့် ဘယ်လိုပဲ အနှောက်ယှက် အတားအဆီိးတွေ နှင့်ကြုံကြုံ ကိုဖြစ်ခြင်တဲ့ ဆီိကို နောက်မဆုတ်တမ်း သွားရင်တစ်နေ့တော့ ပန်းတိုင်ဆိုတဲ့ ရည်မှန်းချက်ကြီိးကို ရောက်ရှိမှာ အမှန်ပါ။.......

http://sintsint.blogspot.com/feeds/4152680900338268009/comments/default

လူတွေဟာ တစ်ခါတစ်လေမှာ ဖြစ်ခြင်တာထက် ဖြစ်သင့်တာကို ဦးစားပေးသင့် ပါတယ်။ အစွဲလမ်းကြောင့်လဲ ဒုက္ခရောက်တတ်ပါတယ်။ ဒါကြောင့် အရာရာကို အလျင်မလိုဘဲ ဦိးနှောက်နှင့် ဆုံးဖြတ်ပြီး ဆောင်ရွက်သင့် ပါတယ်။ တစ်ခါတစ်လေမှာ ကိုကောင်းစေ ခြင်လို့ ပြောတာကို နာမလည်ဘဲ လက်မခံနိုင်ရင် ဆက်၍ မကြိုးစားပါနဲ့ ကိုပဲစိတ်မောပြီိး ဒုက္ခရောက်တတ်ပါတယ်။ ကောင်းတဲ့ အရာအမြင့် ကိုမှ လိုခြင်ကြတဲ့ လူလောက သဘာဝကြီိးကို သတိတရားနှင့် ဆင်ခြင်ကြည့် တတ်ရင် ကို့တွက် အမြတ်တွေပါပဲ။ အရမ်းဒေါသ ထွက်နေချိန်မှာ စကားမပြောမိအောင် ဆင်ခြင်နေလိုက်ရင် အမှားနဲတတ်ပါတယ်။ ပြန်ပြောမိလိုက်ရင် ကိုယ် ကနှစ်ခါနာတတ်ပါတယ်။ ဒါကြောင့် အရာရာကို သတိဝိရိယနှင့် ကြည့်ပြီးနေတတ်အောင် ဆင်ခြင်သင့် ပါတယ်။

http://sintsint.blogspot.com/feeds/1461920484106080814/comments/default

လသာသာ ညတစ်ညမှာ မိသားစု စုံစုံလင်လင်နှင့် ရယ်မောပြီးစကား စမြည်စုံလင်စွာ ပြောရင်း မောင်နှမတွေ တစ်ယောက်ကို တစ်ယောက် အပြစ်မယူတမ်း စနှောက်ကာ မုန့်တွေလုစားခဲ့ရ တဲ့ညလေးကိုလဲ မေ့မရပဲ လွမ်းနေမိပါတယ်။ သားသမီးတွေ ကစနှောက်တဲ့အခါ အပြစ်မမြင်ဘဲ လမင်းကြီးနှင့် အပြိုင်အပြုံးပန်းတွေ ဝေဆာနေတဲ့ အမေရဲ့ မျက်နှာကိုလဲ ပြန်လည်မြင်ယောင် လွမ်းမောမိပါတယ်။ ရုံးကိုပြန်ရမို့ အချိန်နီး၍ ကျောပိုးအိတ် ကိုဆွဲကာ အိမ်မှပြန်လာခါနီး မိဘတွေကို ကန်တော့စဉ် မျက်ရည် ၀ဲနေသော မိဘတွေရဲ့ မျက်နှာတွေနှင့် ရုံးပိတ်ရင်ပြန်လာခဲ့နော်လို့ မှာကြားလိုက်သော မောင်လေးနှစ်ယောက် ရဲ့ငိုမဲ့မဲ့ မျက်နှာလေးတွေကို လဲလွမ်းမောကာ တစ်ယောက်တည်း ၀မ်းနည်းနေရပါတယ် ။ ဒီလိုခွဲခွာ ချင်းဆိုတာဓမ္မတာ ဆိုပေမဲ့ ရင်မာတော့ လွမ်းနေဆဲပါ။

http://sintsint.blogspot.com/feeds/7925006563537626830/comments/default

မောင်လေး စာမေးပွဲ ပြီးလို့ အဖေက ကျွန်တော်တို့ မောင်နှစ်မ ၃ယောက် ကိုရွာတစ်ရွာရဲ့ အလှူပွဲ ကိုသွားခိုင်းတာ အဒီအလှူပွဲ မှာမြန်မာတို့ရဲ့ ထုံးတမ်းအစဉ်လာနှင်အညီ ဦးရွှေရိုး အကကို မောင်ငယ်ညီမငယ် လေးတွေကတာမြင်ရတော့ အရမ်းလဲ ရယ်ရပြီး ပျော်စရာကောင်းတာပဲ။ နောက်ထပ် အကတစ်ခုကတော့ မင်းသားနှင့် မင်းသမီး ကတဲ့အက ကလဲပျော်စရာကောင်း ပြီးမြင်ရသူ အပေါင်းရဲ့ စိတ်နှလုံးကို ကြည်နှုးစရာ ဖြစ်စေတဲ့ မြန်မာတို့ရဲ့ ဓလေ့တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ ယနေ့ထိတိုင်အောင် မြန်မာ့ဓလေ့ တစ်ခုကို ကျွန်တော်တို့ ရဲ့တောရွာတွေမှာ တွေ့ရှိနေရသေးပါတယ်။

http://sintsint.blogspot.com/feeds/4066745986956969160/comments/default

မမ ၀၀ ထထ က
အက ပထမ
ကပါ ကပါ မမ ရာ
ညည လသာသာ
ညအခါ ငါစာရ
မမ ၀၀ ထထ က

http://sintsint.blogspot.com/feeds/5741234805228101850/comments/default

ဝေးနေပေမဲ့ နီးနေသလိုပဲ
အနေနီးပေမယ့် ဝေးနေတယ်
သံယောဇဉ် နှောင်ဖွဲ့ကြိုး
ဖြတ်ဖို့ရန် ခက်လှပါ၏

http://sintsint.blogspot.com/feeds/8881529081168108613/comments/default

ချစ်သူ
ကိုယ်ဟာ နွေရာသီမှာဆို မင်းရင်တွေအေးမြစေဖို့
aircon , fan လေးသဖွယ် ဖြစ်နေရပြီး
မိုးရာသီမှာဆို မင်းအတွက် ကိုယ်ဟာ ထီးလေးတစ်လက်ပေါ့
ဆောင်းရာသီမှာ ဆိုမင်းအတွက် နွေးထွေးမှုတွေ အပြည့်ပေးနိုင်တဲ့
အနွေးထည်လေး တစ်ထည်ဖြစ်နေပါရစေ

http://sintsint.blogspot.com/feeds/2488252135409282767/comments/default

လူတစ်ဖက်သားကို ပျော်ရွှင်မှုတွေပေးနိုင်ရင် ကိုယ်ကိုတိုင်လဲ ပျော်ရွှင်မှုကို အရင်ခံစားရပါတယ်။ ဒါကြောင့် အားလုံးသည်ရှေ့ လျှောက်ဘ၀ကို ဖြတ်သန်းကြရတဲ့ စိတ်ကောင်းလေးတွေနဲ့ ဘ၀ကိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ကြပါ စေလို့ဆုတောင်းပေးလိုက်ပါတယ်။

You received this email because you are subscribed to the real_time feed for http://sintsint.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.