Monday, September 29, 2008

[cittasukha စိတ္တသုခ ပရဟိတလူငယ်] 25 New Entries: စိတ္တသုခ ပရဟိတ လူငယ်များ ပုံမှန် အလှူ လှူဒါန်း

စိတ္တသုခ ပရဟိတ လူငယ်များ ပုံမှန် အလှူ လှူဒါန်း

ယနေ့ အောင်မြင်စွာ လှူဒါန်းနိုင်ခဲ့ပါပြီ
 
ဆက်လက် ဖော်ပြပါမည်

မော်ကျွန်းကို လေ့လာရေးသွားသူများ ပြန်ရောက်ပြီ

စိတ္တသုခပရဟိတလူငယ်များမှ မော်လမြိုင်ကျွန်းမြို့သို့ ကွင်းဆင်းလေ့လာရေးသွားရောက်ခဲ့ကြရာ
ယနေ့ နံနက်ပိုင်းက မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်သည်။
စိတ္တသုခပရဟိတလူငယ်များအနေဖြင့် မော်လမြိုင်ကျွန်းဒေသသို့ သွားရောက်လေ့လာပြီး
ဆက်သွယ်ဆောင်ရွက်ခဲ့ရာ မော်လမြိုင်ကျွန်းတွင် မူလတန်းကျောင်းတစ်ခုအား
ပြန်လည်ဆောက်လုပ်ပေးရန် စိစဉ်ခဲ့ပါသည်။
မိမိတို့ တတ်နိုင်သည့် ဓနိမိုးသက်ကယ်မိုး၊ ထရံကာ အဆောက်အအုံကို ဆောက်လုပ်ပေးရမည်ဖြစ်ပါသည်။
ထိုထက်ပိုပြီး လှူဒါန်းချင်ပါသည်။
ထို့ကြောင့် ပါဝင်လှူဒါန်းပေးကြပါရန် နှိုးဆော်အပ်ပါသည်။

ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့သို့ ကွင်းဆင်းလေ့လာဆက်သွယ်မည်

စိတ္တသုခ ပရဟိတလူငယ်များအနေဖြင့်
ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့တွင်  ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင်
ပါဝင်လှူဒါန်းနိုင်ရန်အတွက် မန္တလေးမြို့မှ စိတ္တသုခပရဟိတလူငယ်အချို့
ယခု အပတ်အတွင်း မော်လမြိုင်ကျွန်းမြို့သို့ သွားရောက်ပြီး
ကူညီလှူဒါန်းနိုင်မည့် အခြေအနေများကို ကွင်းဆင်းလေ့လာကြည့်ရှုသွားမည်ဖြစ်ပါသည်။

လိုအပ်သည့်နေရာများကို စာရင်းပြုစုကာ
မော်လမြိုင်ကျွန်းမြို့မှ ကူညီပေးမည့်သူများနှင့်
ဆက်သွယ်မှုရယူသွားမည်ဖြစ်ပါသည်။

ထို့ကြောင့် လှူဒါန်းလိုသူများအနေဖြင့်
ပြန်လည်ထူထောင်တည်ဆောက်ရေးအတွက် ထည့်ဝင်လှူဒါန်းနိုင်ကြောင်း
အသိပေးနှိုးဆော်အပ်ပါသည်။

နာဂစ်မုန်တိုင်းဒဏ်ခံရသော ဒေသများအတွက် လှူဒါန်းရန်အစီအစဉ်

စိတ္တသုခပရဟိတလူငယ်များ၏ နာဂစ်မုန်တိုင်းဒဏ်ခံစားရသူများအတွက်

လှူဒါန်းမှုအစီအစဉ်များ

စိတ္တသုခပရဟိတလူငယ်များအနေဖြင့် နာဂစ်မုန်တိုင်းဒဏ်ခံစားရသည့်ဒေသများသို့

လှူဒါန်းနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

မုန်တိုင်းဒဏ်ခံစားရသော ဒေသများမှာ များစွာကျယ်ဝန်းလှသည့်အတွက်

မိမိတို့ တစ်နိုင်တစ်ပိုင် လှူဒါန်းမှုပြုနိုင်ရေးကိုသာ ရည်ရွယ်စီစဉ်လျက်ရှိပါသည်။

 

ပထမဦးစွာ ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့သို့ လှူဒါန်းနိုင်ရေး စီစဉ်လျက်ရှိပါသည်။

မော်လမြိုင်ကျွန်းမြို့ရှိ အများနှင့်သက်ဆိုင်သည့် အဆောက်အအုံများ ပြန်လည်ထူထောင်ရေး

လုပ်ငန်းများကို ပါဝင်ကူညီဆောင်ရွက်ရန် ရည်ရွယ်ပါသည်။

အများနှင့်ဆိုင်သော (ဆေးရုံ၊ စာသင်ကျောင်း၊ စာကြည့်တိုက်၊ ဘုန်းတော်ကြီးကျောင်း)နေရာများကို

ကိုယ်တိုင်သွားရောက်ကြည့်ရှုကာ ပြန်လည် တည်ဆောက်နိုင်ရေး အလှူငွေပေးအပ်ခြင်း၊ ဆောက်လုပ်ရန်

စီစဉ်ပေးခြင်း၊ လိုအပ်သည်များကို ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ရန် စီစဉ်လျက်ရှိပါသည်။

 

ရရှိသည့်အလှူငွေ ပမာဏပေါ်မူတည်ပြီး တိုးချဲ့ဆောင်ရွက်နိုင်ရေးဆောင်ရွက်မည်ဖြစ်ပါသည်။

မုန်တိုင်းဒဏ်ခံစားရသည့်သူများအား တိုက်ရိုက် လှူဒါန်းမှု ပြုလုပ်ရန် အစီအစဉ်ရှိသော်လည်း

မေလ တတိယပတ်လောက် အစောဆုံး သွားရောက်လှူဒါန်းနိုင်မည်ဖြစ်သောကြောင့်

ပါဝင်လှူဒါန်းလိုသူများအား ဖိတ်ခေါ်ပါကြောင်း . . . .

နာဂစ်မုန်တိုင်းဒဏ်ခံရသူများသို့ . . .

မေလ ၂ရက်နှင့်၃ရက်နေ့များတွင် တိုက်ခတ်သော

နာဂစ်မုန်တိုင်းဒဏ်ကြောင့် မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင်

သေဆုံးခြင်း၊ ပျောက်ဆုံးခြင်း၊ ဒဏ်ရာရခြင်း၊ အိုးအိမ်ပျက်စီးခြင်းစသော

ပျက်စီးဆုံးရှုံးများခံစားရသည်ကို ကြားသိရပါသည်။

ထို့ကြောင့် ထိုသို့ ပျက်စီးဆုံးရှုံးမှုများ ခံစားရသူများနှင့်ထပ်တူ

စိတ္တသုခ ပရဟိတလူငယ်များကလည်း ၀မ်းနည်းကြေကွဲမိပါသည်။

 

စိတ္တသုခ ပရဟိတလူငယ်များအနေဖြင့်

မိမိတို့ တတ်နိုင်သမျှ ကူညီလှူဒါန်းသွားရန် ဆန္ဒရှိကြပါသည်။

 

နာဂစ်မုန်တိုင်းဒဏ်ခံစားရသူများနှင့်ထပ်တူ

ကြေကွဲဝမ်းနည်းမိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

မမောနိုင် မပန်းနိုင် .....

ကိုယ်တိုင်ကိုယ်ကျပေးလှူကူညီကြပါတယ် ...

ဝိုင်းလို့ ၀န်းလို့

အလှူအတွက် ၀ိုင်းလို့ကူ

ထိန်ကုန်း နှင့် နတ်ဝင်း မီးဘေးအလှူ

စိတ္တသုခပရဟိတလူငယ်များအနေနဲ့ မီးဘေးကယ်ဆယ်ရေးအလှူအဖြစ်
ယနေ့ မွန်းလွဲ ၁နာရီက ပြည်ကြီးတံခွန်မြို့နယ် ထိန်ကုန်းရှိ မီးဘေးကယ်ဆယ်ရေးစခန်းမှာ သွားရောက်လှူဒါန်းခဲ့ကြပါတယ်။

ယနေ့လှူဒါန်းဖို့အတွက် အစီအစဉ်အနေနဲ့ ဆန်၊ ဆား၊ ဆပ်ပြာစတဲ့ နေ့စဉ်အသုံးအဆောင်များ လှူဒါန်းဖို့ပါ။
ကျွန်တော်တို့ဆီကို ဥရောပ-အာရှ မှ ဆက်သွယ်မှုဖြင့် ဆန်အိတ်များပါဝင်လှူဒါန်းမယ်လို့ သိရပါတယ်။
ဒါကြောင့် မီးဘေးကယ်ဆယ်ရေးစခန်းမှ တာဝန်ရှိသူများနဲ့ တိုက်ရိုက်တွေ့ဆုံပြီး ကိုယ်တိုင်ကိုယ်ကျခွဲဝေလှူဒါန်းခွင့်ရရှိရေး
ဆွေးနွေးခဲ့ပါတယ်
နှစ်ကြိမ်ဆွေးနွေးပြီး စခန်းသိမ်းမည့်ရက်ကို နောက်ဆုတ်ကာ တနင်္လာနေ့ မွန်းလွဲ ၁နာရီမှာ မီးဘေးသင့်ခံရသူများထံ တိုက်ရိုက်လှူဒါန်းခွင့်ရရှိခဲ့ပါတယ်။

ဒါကြောင့် ယနေ့ မွန်းလွဲ ၁နာရီမှာ
စိတ္တသုခပရဟိတလူငယ်များမှ ဆန် ၇အိတ်၊ အိုင်အိုဒင်းဆား၊ ဆပ်ပြာ၊ ခေါက်ဆွဲခြောက်ထုပ်၊ အ၀တ်အထည်များစသော တန်ဖိုးငွေကျပ် ၇သိန်းကျော်
ကရုဏာကောင်းကင် အဖွဲ့မှ ပဲအိတ် ၄အိတ် တန်ဖိုး ကျပ်တစ်သိန်းကျော်
ဥရောပအာရှမှ ငွေကျပ် ၁၀သိန်းခန့် တန်ဖိုးရှိသော ဆန်အိတ်များ
ကို စိတ္တသုခပရဟိတလူငယ်များက တာဝန်ယူပြီး မီးဘေးသင့်ခံရသူများလက်ဝယ် တစ်အိမ်ထောင်စုချင်း ဝေငှပေးနိုင်ခဲ့ပါတယ်။

ထို့အတူ စွမ်းအားလျှပ်စစ်မှ ဦးအောင်ဇော်ဝင်းနှင့်ရောင်းရင်းများက ငွေကျပ် ၃၅သိန်းနှစ်သောင်းကို တစ်အိမ်ထောင်စုလျှင် ၈ထောင်ကျပ်နှုန်းဖြင့် ဝေငှပေးလှူဒါန်းခဲ့ပါတယ်။

စိတ္တသုခပရဟိတလူငယ်များနဲ့အတူ ကရုဏာကောင်းကင် အဖွဲ့သားများလည်း ချွေးတလုံးလုံးဖြင့် ပါဝင်လို့ ဆောင်ရွက်ကြတာ ပျော်စရာပါပဲ။
ချွေးစက်များထက် ပီတိက ပိုနေကြပါတယ်။
ဆန်သုံးပြည်စီနဲ့အတူ လှူဒါန်းတဲ့ပစ္စည်းများကို အိတ်များနဲ့ခွဲထုတ်ရတာပါ
အထုပ်ပေါင်း ၄၄၀ထုပ်ရတာဆိုတော့
ဆန်က ထွက်တဲ့ အမှုန်းများနဲ့ လူတွေလဲ ဖွေး၊ နေကလည်းပူ၊ ချွေးကလည်းထွက်နဲ့
အားလုံး ပျော်ပျော်ပါးပါး လုပ်ကြ ကိုင်ကြ ၀ိုင်းကြ သိုင်းကြတာ
ကျေနပ်သလို
လှူဒါန်းခွင့်ရရေး ပါဝင်ဆောင်ရွက်ပေးတဲ့ ဒေသခံ အဖွဲ့အစည်းများ၊ တာဝန်ရှိသူများအားလုံးကိုလည်း ကျေးဇူးတင်ရှိရပါတယ်။

မီးဘေးကယ်ဆယ်ရေးအတွက် ထိန်ကုန်းကအပြန် နတ်ဝင်းမီးလောင်မှုအတွက်လည်း ၀င်ရောက်လှူဒါန်းခဲ့ကြရတဲ့အတွက်
၁ရက်မှာ နှစ်နေရာ လှူဒါန်းနိုင်ခဲ့ပါတယ် .....။

တောင်းပန်ခြင်း

စိတ္တသုခ-ပရဟိတလူငယ်ရဲ့ Blog ကို လာလည်တဲ့သူအပေါင်း စိတ္တသုခ နဲ့
ပြည့်စုံပါစေလို့ ဆုတောင်းပါတယ် ...
စက်တင်ဘာလ ၂၀၀၇ မှာ အင်တာနက် ပြတ်တောက်သွားပြီးနောက်ပိုင်း Blogger ကို
ဖွင့်မရခဲ့လို့ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေကို Post မတင်ခဲ့ဖြစ်ဘူး
.....
စိတ္တသုခ-ပရဟိတလူငယ်ရဲ့ ခြောက်လတစ်ကြိမ်အလှူကို ပုံမှန်ဆောင်ရွက်နေပါတယ် .....
၂၀၀၈ ဇန်န၀ါရီလက မုံရွာတစ်ဖက်ကမ်းက ဆားလင်းကြီး ပရဟိတကျောင်းနဲ့
မုံရွာဘိုးဘွားရိပ်သာမှာ သိန်းနှစ်ဆယ်ကျော် သွားရောက်လှူဒါန်းခဲ့ကြပါတယ်
....
၂၀၀၈ ဖေဖော်ဝါရီလထဲမှာ ကိုရီးယားရောက် မန္တလေးသာညီအစ်ကိုများနဲ့
စင်ကာပူရောက် မန္တလေးသူညီအစ်မများရဲ့ အလှူကို
ပြည်လုံးချမ်းသာပရဟိတကျောင်းမှာ လုပ်ပေးခဲ့ပါတယ် ....
ယခု မတ်လ(၂၃)ရက်နေ့ မီဘေးသင့်ခံရတဲ့ မိသားစု ၄၆၁ စုကို
တတ်နိုင်သလောက်ကူညီပေးဖို့ ဆောင်ရွက်နေပါတယ် ..... မတ်လ(၃၀)မှာ
သွားရောက်လှူဒါန်းဖို့ စီစဉ်ထားပါတယ် ...
တတ်နိုင်သလောက်ပါဝင်ကူညီနိုင်ပါတယ် .....
အသေးစိပ်အချက်အလက်များနဲ့ ဓာတ်ပုံများကို တင်ပေးပါဦးမယ် .......

ခင်မင်လေးစားလျက် ...
စိတ္တသုခ-ပရဟိတလူငယ်

၅-ကြိမ်မြောက်အလှူဖိတ်ခေါ်ခြင်း

စိတ္တသုခ-ပရဟိတလူငယ်ရဲ့ ၅-ကြိမ်မြောက်အလှူကို ၂၀၀၈-ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့ လွတ်လပ်ရေးနေ့မှာ မုံရွာမြို့၊ ဆားလင်းကြီးကျေးရွာမှာ ရှိတဲ့ စည်သူပန် -ပရဟိတကျောင်းမှာ လှူဒါန်းမှာ ဖြစ်ပါတယ်။

စည်သူပန် - ပရဟိတကျောင်းဟာ အရင်ကထဲက ရှိခဲ့တဲ့ကျောင်းတစ်ကျောင်းဖြစ်ပြီး ဆရာတော်ကြီးမရှိတော့တဲ့ နောက်ပိုင်း အဆင်မပြေမှုတွေ အမျိုးမျိုးကြုံတွေ့ရာကနေ ပိတ်ထားခဲ့ရပြီး အခုမှ ပြန်လည်တည်ထောင်ထားတာ ဖြစ်ပါတယ်။ အစပိုင်းဖြစ်လေတော့ စားဝတ်နေရေးကစပြီး အစစအရာရာခက်ခဲနေတဲ့အချိန် ဖြစ်ပါတယ်။ မိဘမဲ့ကျောင်းသား(၂၀)ကို ပြုစုစောင့်ရှောက်ထားပါတယ်။

အသက်ရှင်နေထိုင်နိုင်ဖို့ အစားအသောက်၊ အသိပညာကြွယ်ဝစေဖို့ ပညာရေး အစရှိသဖြင့် လိုအပ်နေတဲ့ အစိပ်အပိုင်းအချို့ကို စိတ္တသုခ-ပရဟိတအနေနဲ့ ဖြည့်ဆည်းပေးသွားမှာ ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ မုံရွာမြို့ပေါ်မှာရှိတဲ့ ဘိုးဘွားရိပ်သာကို သွားရောက်လှူဒါန်းမှာ ဖြစ်ပါတယ်။ အပယ်ခံဘ၀လို့ ပြောရမယ့် ဘိုးဘွားတွေဟာ အလှူရှင်တွေကို မျှော်လင့်တောင်းတနေကြပါတယ်။ စိတ္တသုခ-ပရဟိတလူငယ်များအနေနဲ့ ပြီးပြည့်စုံအောင် မဖြည့်ဆည်းပေးနိုင်ပေမယ့် ဘ၀ရဲ့ နေ၀င်ချိန်ကို ရောက်နေတဲ့ ဘိုးဘွားတွေနဲ့ တွေ့ဆုံပြီး နွေးထွေးမှုလေးတွေပေးရင်း ကွက်လပ်တစ်ချို့ကို ဖြည်းဆည်းပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။

ဒါကြောင့်မို့ ကျွန်တော်တို့နဲ့အတူ အတတ်နိုင်ဆုံး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ လိုအပ်တဲ့ အကြံဥာဏ်လေးတွေပေးရင်း ငွေအား၊ လူအားများနဲ့ ပူးပေါင်း ပါဝင် လှူဒါန်းကြပါလို့ ဖိတ်ခေါ်ပါတယ်။

စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိကြပါစေ ...........

ဆီမီးထိန်ထိန်






ဒီဇိုင်းဆရာလည်းဆီမီးထွန်း

စိတ္တသုခ ရဲ့ လိုဂိုဒီဇိုင်းရေးဆွဲပေးတဲ့ ဒီဇိုင်း တူးတူး လည်းပါဝင်လို့
ဆီမီးထွန်းခဲ့ပါတယ် ......

ဆီမီးထွန်းကြပြီ .....

သီတင်းကျွတ်လပြည့်ညက စိတ္တသုခ ပရဟိတ လူငယ် လေးငါးဆယ်ပတ်ဝန်းကျင်လောက်က
ဝိုင်းဝန်းပြီး ဆီမီးထွန်းနေကြတာပါ ...

ဆီမီးထွန်းဖို့ ပြင်ဆင် ....

ဆီမီးထွန်းဖို့အတွက် မနက် (၁၀) နာရီလောက်ကထဲက ပြင်ဆင်ခဲ့ကြပါတယ် ......
ဆီမီးခွက်ရွေးသူ၊ ဒီဇိုင်းဆွဲသူ၊ ဆီမီးခွက်စီသူတွေနဲ့ ကြိုးစားအားထုတ်ခဲ့ပါတယ် .....

ဒီဇိုင်းဆွဲသူကဆွဲ (အကြံဥာဏ်ပေးသူကပေး)

ဆီမီးခွက်စီသူကစီ


ဒီလိုပုံဖော်ခဲ့ကြပါတယ် ...



ဆီမီးခွက်ရွေးတဲ့သူကရွေး

သီးတင်ကျွတ် ဆီမီးထွန်းပွဲ

စိတ္တသုခ-ပရဟိတလူငယ်
သီတင်းကျွတ်လပြည့်ည
ဆီမီးထွန်းပူဇော်ကြမယ် ...........


နေရာက - အောင်တော်မူမြတ်စွာဘုရား (နှစ်ကျိတ်ရှစ်ဆူဘုရားရှေ့)



+++ အမှတ်တရအင်္ကျီထုတ်မည်ဖြစ်ပါသည် +++

ဝမ်းနည်းမှတ်တမ်း


စိတ္တသုခ-ပရဟိတလူငယ် တစ်ဦးဖြစ်သူ ကိုဇော်လတ်ရဲ့ မွေးသမိခင်
ဒေါ်တင်ရည် (အထက-၁၆) (အသက်-၆၀ နှစ်)
၂၄-၇-၂၀၀၇ နေ့၁၂း၂၅အချိန်တွင် ကွယ်လွန်သွားသည့်အတွက်
ဝမ်းနည်းရပါသည်။

ဆီမီးထွန်းပူဇော်ကြမည် ....

စိတ္တသုခ-ပရဟိတလူငယ်မှ

သီတင်းကျွတ်လပြည့်နေ့ည

အောင်တော်မူမြတ်စွာဘုရားဝင်းအတွင်း

နှစ်ကျိတ်ရှစ်ဆူဘုရားရှေ့တွင်

ဆီးမီးထွန်း ပူဇော်ကြမည် ဖြစ်ပါသည်။

တစ်ဆယ့်ရှစ်သိန်းကျော်လှူနိုင်ခဲ့သည် .....

စိတ္တသုခ-ပရဟိတလူငယ်မှ

စစ်ကိုင်းမြို့၊ မြရတနာရပ်၊ အမက(၂၅)တွင်

(၁၄-၆-၂၀၀၇)ရက်နေ့ လှူဒါန်းခဲ့သောလှူဒါန်းမှု စုစုပေါင်းတန်ဖိုးမှာ

၁၈၉၈၅၀၀-ကျပ်

(တစ်ဆယ့်ရှစ်သိန်းကိုးသောင်းရှစ်ထောင်ငါးရာကျပ်တိတိ)

ဖြစ်ပါသည်။


စိတ္တသုခပရဟိတလူငယ်များအလှူမှတ်တမ်း












































စိတ္တသုခပရဟိတလူငယ်များအလှူမှတ်တမ်း

စတုတ္ထအကြိမ်အလှူ အောင်မြင်ပြီ

စိတ္တသုခ ပရဟိတ လူငယ်များရဲ့ စတုတ္ထအကြိမ်အလှူ

စိတ္တသုခ ပရဟိတ လူငယ်များရဲ့ စတုတ္ထအကြိမ်အလှူကို ၁၄-၆-၂၀၀၇ (ကြာသပတေးနေ့) နံနက်ပိုင်းမှာ
စစ်ကိုင်းမြို့ မြရတနာရပ် အမှတ်(၂၅)အခြေခံပညာမူလတန်းကျောင်းမှာ အောင်မြင်စွာ လှူဒါန်းပြီးစီးခဲ့ပါတယ်။
မန်းကနေ မနက် ၉နာရီလောက်မှာ ကားသုံးစီး(အကြီးနှစ်စီး၊ ဗင်န်တစ်စီး)နဲ့ စစ်ကိုင်းမြို့ကို ကမ်းနားလမ်းအတိုင်းထွက်ခွာခဲ့ကြပါတယ် . . .
၁၀နာရီခွဲလောက်မှာပဲ ကျောင်းကို ရောက်ခဲ့ပါတယ် . . ပစ္စည်းတွေချ နောက် ကျောင်းသား၊ကျောင်းသူလေးများကို တန်းစီစေပြီး တစ်ဦးချင်း ပစ္စည်းတစ်မျိုးစီဝေခဲ့ကြပါတယ် . .
ပစ္စည်းတွေများတော့ မမှားအောင် တစ်ဦးချင်းစီကို သေသေချာချာ ဘေးက တစ်ယောက်စီလိုက်လို့ ဝေကြတာ ပျော်စရာကြီးဗျာ . .
အားလုံးပျော်ပျော်ပါးပါးပေးနေဝေနေကြတာကို ကြည့်ရင်း ကိုယ်ပါရောပျော်လာရပါတယ် . .
ကလေးတွေကို မှားသွားမှာဆိုးလို့ လွယ်အိတ်ပေါ်မှာ နာမယ်တွေ ရေးပေးပါတယ် . .
ကလေးတွေရဲ့ အမူအယာတွေက ချစ်စရာပါ . . အပြစ်ကင်းတဲ့ ဖြူစင်ခြင်းတွေ တွေ့ရပါတယ် . . .
အားလုံးဝေငှပြီးတော့ ကျောင်းခန်းအတွင်း အခမ်းအနားသဘောလေး လုပ်ပါတယ် . .
ဆရာ၊ ဆရာမများကို ၀တ်စုံများပေးအပ်လှူဒါန်းပြီး ရွာကျောင်းက ဆရာတော်ကို လှူဖွယ်ခြင်း ဆက်ကပ်လှူဒါန်းပါတယ် . .
အဲဒီနောက်မှာတော့ ပါတယ်တဲ့ အ၀တ်အစားဟောင်းများကို ရွာထဲက လူတွေကို ဝေငှပေးခဲ့ပြီး
စိတ္တသုခတို့ အလှူအောင်မြင်စွာနဲ့ ပြီးဆုံးခဲ့ပါတယ်ဗျာ . .
စုစုပေါင်း ကျောင်းသား၊ကျောင်းသူများကို ၁၃သိန်းကျော်ဖိုး ပေးအပ်လှူဒါန်းနိုင်ခဲ့ပြီး
ကျောင်းလျှပ်စစ်မီးရရှိရေး ကုန်ကျငွေ သိန်း၇၀အတွက် ငွေကျပ်သုံးသိန်းမတည်လှူဒါန်းခဲ့ပါတယ် . . .
ဦးထိပ် ရဲ့ ဘလော့က ကူးထားတာပါ ထပ်မံတင်ပေးပါဦးမယ် . .

အလှူအတွက် ဒီလိုပြင်ဆင်ကြတယ်


စိတ္တသုခ-ပရဟိတလူငယ်များရဲ့ အလှူအတွက်
လွယ်အိတ်များမှာ တံဆိပ်ကပ်တာချုပ်တာတို့ လွယ်အိပ်ကို ချုပ်ရိုးပြန်လိုက်တာတို့ကို
ကိုဘဦးရဲ့ အိမ်မှာဆောင်ရွက်ပါတယ် . .

အဲဒီလိုပဲ ထမင်းဗူး၊ ကွန်ပါဗူးများမှာလဲ . . စတစ်ကာကပ်ပါတယ် . . .

အဲလိုလုပ်ကြတာကို မြင်ပြီး အလှူငွေ ငါးသောင်းကျပ် ဒီကနေ့ ကျွန်တော်ရှိနေစဉ်ပဲ လှူဒါန်းသွားတာ တွေ့ရပါတယ် . .
လွယ်အိတ်များက ချုပ်ရိုးချုပ်သားမကောင်းတော့ ပြန်လိုက်ပေးရပါတယ် . .
အဲလိုပဲ ပစ္စည်းများအားလုံးကို အရည်အသွေးကောင်းအောင် ကြိုးစားစိစစ်ထားပါတယ် . .
အဲလို ၀ိုင်းဝန်းဆောင်ရွက်ပေးကြတဲ့ ကိုဘဦးရဲ့ အဖေ၊ အမေ၊ အစ်မနဲ့ ကွန်ပျူကဲ သင်တန်းကျောင်းက ဆရာမများ၊ စိတ္တသုခ လူငယ်များ အားလုံး ကျေးဇူးတင်လျက်ပါ . .




အလှူအတွက် အစီအစဉ်တစ်ချို့

စိတ္တသုခ-ပရဟိတလူငယ်များရဲ့ အလှူကို ဇွန် ၁၄ရက် ကြာသပတေးနေ့ နံနက် ၇နာရီမှာ သွားရောက်လှူဒါန်းကြပါမယ် . .

အခု လက်ရှိကျောင်းသားဦးရေကတော့ အမှတ်(၂၅)အမက မှာ ၁၃၈ ယောက်ရှိပါတယ် . .
ငါးတန်း တက်နေတဲ့ ကျောင်းသား၊ကျောင်းသူ ၆ ယောက်ရှိပါတယ် . . .

အားလုံးအတွက်ကို လှူဒါန်းရန် အဆင်သင့်ဖြစ်နေတဲ့ ပစ္စည်းများစွာ ရှိနေပါပြီ
ကျောင်းသား၊ကျောင်းသူတစ်ဦးချင်းအလိုက် တစ်ခုစီရရှိမှာကတော့
ကျောင်းဝတ်စုံ
လွယ်အိတ်
ဗလာစာအုပ်
ကွန်ပါဗူး
ခဲတံ
ဘောပန်
ပေတံ
ခဲဖျက်
ခဲချွန်စက်
ထမင်းဗူး
ရေဗူး

တို့ဖြစ်ပါတယ်။
ကျောင်းက စာသင်ခန်း တစ်ခန်းချင်းဆီမှာလဲ ခဲချွန်စက် အကြီး တစ်လုံးစီ တပ်ဆင်ပေးမှာ ဖြစ်ပါတယ်။

ကျောင်းမှာ ရှိတဲ့ ကျောင်းအုပ်ဆရာကြီးအပါအ၀င်၊ ဆရာ၊ဆရာမများ၊ ၀န်ထမ်းများအတွက် ၀တ်စုံတစ်စုံစီ ဖိနပ်အပါအ၀င် စီစဉ်ထားပါတယ်.

ရွာက ဘုန်းကြီးကျောင်းအတွက် လှူဖွယ်ခြင်းတစ်ခြင်း စီစဉ်ထားပါတယ်.

ကျောင်းက စာသင်ခန်းများတွင် ကပ်ရန် အတွက် ကျောင်းစာသင်ခန်းဆိုင်ရာ ပိုစတာများကိုလည်း စီစဉ်ထားပါတယ် . .

ကျောင်းစာသင်ခန်းများအတွက် စားပွဲခင်း၊ ပန်းအိုး၊ အခန်းလိုက်ကာများ စီစဉ်ထားပါတယ်.

ကျောင်းသား၊ ကျောင်းသူများအတွက်ကို မုန့်တစ်ချို့နဲ့ အချိုရည်ဗူး ပါပါမယ် . .

အခု အငယ်တန်း(သူငယ်တန်း)များအတွက် လေးကြောင်းမျဉ်းစာအုပ်များလည်း လှူဒါန်းပါမယ် . . .

ဗီရို တစ်လုံးပါ လှူဒါန်းရန် စီစဉ်နေပါတယ်. .

လိုအပ်ချက်တွေ ရှိရင် အကြံပေးနိုင်ကြပါတယ် . .


ကျွန်တော်တို့ အလှူသွားလုပ်မည့်အစီအစဉ်ကတော့
၁၄ရက် နံနက် ၇နာရီမှာ စုရပ်နှစ်ခုမှ ထွက်ခွာပါမယ် . .
လိုက်ပါလိုသူများအနေနဲ့ တစ်ဦးလျှင် သုံးထောင်ကျပ်ကျသင့်ပါမယ် . .
ခရီးစရိတ်နှင့်အတူ နေလယ်စာအဖြစ် ယူနီစန် ထမင်းဗူး တစ်ဗူးစီ ပါဝင်ပါတယ် . .

စစ်ကိုင်း မြရတနာရပ်က ကျောင်းမှာ အလှူလုပ်ပြီးလျှင် ကောင်းမှုတော်၊ ကံတလူ၊ တောင်သမန်အင်း ကို ၀င်ပါမယ် . . .

အနီးကပ် စည်းဝေးကြပြီ

စိတ္တသုခ-ပရဟိတလူငယ်များ ၁၄ရက်နေ့ အလှူအတွက်
ယနေ့ ၁၀ရက် ၆ လ တနင်္ဂနွေနေ့မှာ အနီးကပ်
အစည်းအဝေးလုပ်ကြပါမယ် . .

ညနေ ၇နာရီမှာ အာကာမင်း လက်ဖက်ရည်ဆိုင်မှာ အစည်းအဝေးရှိပါတယ် . . .

အားလုံး အသေးစိတ်ညှိနှိုင်းစီစဉ်ကြပါတော့မယ် . . .

You received this email because you are subscribed to the real_time feed for http://cittasukha.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.