ငါတစ်ယောက်တည်း
http://saitkue.blogspot.com/feeds/8667878495588559725/comments/default
အလွမ်းတွေ ယုံကြည်ချက်တွေအပြည့်နဲ့ ငါမျှော်လင့်နေတယ်နော်။ ငါ့မိသားစုကို နဂိုရှိနေတဲ့ အခြေအနေကနေ မြင့်တက်မယ်လို့ ငါယုံကြည်လို့
ငါမွေးမြေ မြန်မာပြည်ကို စွန့်ခွာပြီး ငါထွက်ခွာလာတယ်။ ငါ့အထင်တော့ ငါ ၅နှစ်လောက်ကြိုးစားလိုက်ရင် ငါတို့ အိမ်ပိုက် ယာပိုင်နဲ့နေနိုင်မယ်ပေါ့။
သူတို့ပြောပြသမျှကို ငါယုံကြခဲ့တယ်။ ငါ့၇ဲ့နဂိုစက်မှုကျွမ်းကျင်မှုက အိမ်မက်တွေကို ပံ့ပိုးပေးခဲ့တယ်။ ကျောင်းဆက်တက်ဖို့ ညီ ညိမတွေကို ဥိးစားပေးခဲ့တဲ့ငါ့မှာ အထက်တန်းအဆင့်မှာပဲရပ်ခဲ့တယ်။ အမေရဲ့အမျှော်အမြင်ကြောင့် ဦးလေးရဲ့ စက်မှုလုပ်ငန်းမှာ အလုပ်သင်၇င်း ကျွမ်းကျင်တဲ့စက်သမားဖြစ်ခဲ့တယ်။ငယ်စဉ်ဘ၀ကတည်းက ငွေကြေးပြည့်စုံစွာနဲ့နေခဲ့၇တဲ့ငါ့မှာ လူပျိုအရွယ်ေ၇ာက်မှ အိမ်စီးပွားရေးကြောင့်
အလုပ်ဝင်လုပ်ခဲ့ရတယ်။ ဒါတောင် ချမ်းသာတဲ့အဒေါ်အိမ်မှာ အေးဆေးနေခဲ့ရတယ်။ အစ်ကိုအကြီးဆုံးဆိုတဲံ့ ငါ့မှာ ၇ှာသမျှလေးတွေက ငါ့တစ်ကိုယ်တော်တောင် သုံးမလောက်ပါ။ ဒါ့ကြောင့် ငါ့အိမ်ကို အိမ်ပိုင်ရအောင် ၊ ငါ့ကိုယ်ပိုင်စက်ကလေးထောင်မယ်ဆိုတဲ့ စိတ်နဲ့ ၂၀၀၂ ခုနှစ်က မလေးရှားကို ထွက်လာခဲ့တယ်။ ငါသွားတုန်းက မြန်မာတွေစသွားခါစပဲရှိသေးတယ်။ အကြွေး ၁၀ သိန်းကျော်လောက်နဲ့ ငါရဲရဲရင့်ရင့်နဲ့ပေါ့။
ကျောင်းတက်နေဆဲ ညီမငယ်ကို လိုချင်တာရှိရင် အစ်ကိုကြိးကို မှာနော် ...။ အမေ့ကိုအားပေးလို့ပေါ့။ သူဝင်၇တာက ကားအဲယားကွန်းစက်ရုံတစ်ခုပေါ့။ ၇သမျှပိုက်ဆံက တစ်နှစ်လောက်အကြွေးဆပ်နေ၇တယ်။ နေရတာက စုပြုံပြီးနေ၇တယ်။ အဒေါ်အိမ်ကိုတောင် ဖုန်းဆက်ဖို့ မအား ။ ညီမရုံးက ဖုန်းကိုဆက်ဖို့အားပင်မ၇ျိ ။ သူအဆင်မပြေသည့်အကြောင်းအရာများကို မပြောပြချင်။ သူအကြွေးကျေရင် အိမ်ကိုအမြန်ပေးနိုင်မှာပါလို့သာ ပြောရသည်။ တစ်နှစ်ပြိးသာတစ်နှစ်ပြောင်းလာသည်။ သူရသည့်လစာနှင့် သူကုန်သည့်ငွေက မမျှ။ နောက်စက်ရုံပြောင်းမယ်ဆိုလျှင် ဒီထက်အဆင်ပြေမည်မဟုတ်။ စက်ရုံပိုင်ရှင်ကလည်း စာအုပ်သိမ်းထားတယ်။ သူမှာဒီမှာငွေကြေးနည်းပင်မဲ့
လုံခြုံမှုတော့ရှိတယ်ဆိုပြီး နေနေပါတယ်။ အိမ်ကို ခြောက်လလောက်မှ တစ်သိန်း နှစ်သိန်းလေးပို့လိုက်ပေါ့။ အိမ်မှာက ညီမလေးတွေက တော်ပါတယ်။ အိမ်စရိတ်ကို လောက်ငအောင်ရှာနိုင်တယ်။ ပညာကိုကြိုးစားသင်ရင်းအလုပ်တစ်ဖက်လုပ်ရင်းပေါ့။ သူများတွေလိုတန်းတူနေနိုင်အောင်လေ။ အိမ်အပြောင်းအရွှေ့ ကျမှ လိုအပ်တဲ့ ငွေလေးတောင်းတတ်ပါတယ်။ ကျန်တာတော့ သိပ်မတောင်းတတ်ဘူး။ သူကလည်း ငွေပို့နိုင်မှ အိမ်ကိုဖုန်းဆက်ဖြစ်တယ်။ တစ်ခုခုပြောချင်တဲ့အခါ အဒေါ်အိမ်ကတဆင့် ညိမရုံးကိုဆက်ရတယ်။အိမ်မှာဖုန်းမရှိတဲ့အတွက် အမေ့အသံလည်းမကြားရတာကြာပေါ့။ အမေနေမကောင်းဘူးလို့ ကြား၇တဲ့အခါ သူအိမ်ပြန်ချင်စိတ်က မထိန်းနိုင်။ သူ့သံယောဇဉ်အ၇ှိဆုံး က အမေလေ။ တစ်ခါတလေ အဆက်အသွယ်က ခြောက်လလောက်ပျက်သွားတတ်တယ်။ ဒီမှာလုပ်ရတဲ့အတွေ့အကြုံတွေကို လည်း ဝေမမျှချင်ဘူးလေ။ ကျောင်းတက်တာကို ပြီးအောင်တက် နောက်ပြီးကျ၇င် ကိုယ်အသက်မွေးကျောင်းမဲ့ ပညာကို သင်လို့ ညီလေးကို မှာထား၇တယ်။ ဒီမှာရောက်နေတဲ့မြန်မာအလုပ်သမားတွေကတော့ မျှော်လင့်ချက်ဆိုတာကိုသာ ရင်မှာပိုက်ပြီး..။ သူ့မှာတော့နေထိုင်ခွင့်တစ်နှစ်ထပ်တိုးရင်းသာ အမိမြေကို ပြန်မဲ့ရက်ရယ် အမေ့ကို အိမ်ပိုင်လေးတစ်လုံးလောက်ဝယ်ပေးနိုင်မဲ့ရက်ကို စိတ်ကူးယဉ်ရင်း...။
ဘယ်ရက်များမှ အိမ်ပြန်ရပါ့မလဲ..။
( အစ်ကိုတစ်ယောက်ရဲ့ ခံစားချက်ကိုေ၇းသားပေးခြင်းပါ။ သူသွားတာ ခြောက်နှစ်လောက်ရှိပင်မဲ့ သူအိမ်မက်တွေမဖြစ်သေးပါဘူးတဲ့။ သူ့လို တခြားသူတွေလည်း အများကြီးတဲ့။ သူမသိနိုင်ပင်မဲ့ သူ့အပြင်တခြားသူတွေရဲ့ခံစားချက်ကလည်း အ၇မ်းဝမ်းနည်းစ၇ာပဲနော်)
http://saitkue.blogspot.com/feeds/1921282714540501265/comments/default
၁) တစ်ပါးသူဟာ ဘယ်လောက်ပဲဆိုးနေပါစေ၊ ကိုယ့်ကိုယ် နာကျင်အောင်လုပ်ခဲ့ပါစေ သူ့ကို ခွင့်လွတ်တတ်ရမယ်။ လက်လွတ်တတ်ရမယ်။ ဒါမှ တကယ့်ပျော်ရွှင်မှုကို ကိုယ်ကရနိုင်မှာဖြစ်တယ်။
၂) ပျော်ရွှင်ချိန်မှာ ဒီပျော်ရွှင်မှုဟာ ထာဝရမဟုတ်ဘူးဆိုတာ နားလည်ထားရသလို စိတ်ပျက် အားငယ်ချိန်မှာလည်း ဒီအားငယ်မှုတွေဟာ အမြဲတမ်းမဟုတ်ဘူးလို့ နားလည်ရမယ်။
၃) ဒီနေ့ရဲ့ တစ်ဇွတ်ထိုးက မနက်ဖြန်အတွက် နောင်တကို ဖြစ်စေတယ်။
၎) စကားတစ်ခွန်းတည်းနဲ့ လူတစ်ယောက်ရဲ့ဘဝကိုပျက်စီးစေနိုင်တယ်။ စကားအခွန်းတစ်ထောင်သုံးမှ လူတစ်ယောက်ကို ပြုစုပျိုးထောင်နိုင်တယ်။ ဒါကြောင့် သင့်ပါးစပ်ဖျားမှာ ကိုယ်ချင်းစာတရားကို ချိတ်ဆွဲထားပါ။
၅) ကိုယ့်ရဲ့ အသိဥာဏ်ပညာကြားမှာ စိတ်ကြီးဝင်တဲ့ ပေါင်းမြက်တွေ စိုက်ပျိုးမထားပါနဲ့။ ကိုယ့်ရဲ့ မဝင့်ဝါတဲ့စိတ်ကြောင့် အသိဥာဏ်တွေ မယုတ်လျော့သွားစေနဲ့။
၆) သူ့ကို မနာလိုဖြစ်တိုင်း ကိုယ့်အတွက် ဘာကောင်းကျိုးမှ မဖြစ်စေဘူး။ သူ့ကို မနာလိုဖြစ်တိုင်း သူ့အောင်မြင်မှုတွေ လျှော့သွားမှာ မဟုတ်ဘူး။
၇) အခွင့်အရေးကို ဖန်တီးသူဟာ ထက်မြက်သူ
အခွင့်အရေးကို စောင့်မျှော်သူဟာ တုံးအသူ
၈) သူတစ်ပါးရဲ့ အထင်အမြင်ကို အရင်နားထောင်ပါ။
ကိုယ့်အယူအဆကို ထုတ်ပြောဖို့ မလောပါနဲ့။
၉) ပုလင်းချင်းအတူတူ ဘာကြောင့် ကိုယ့်ပုလင်းထဲ အဆိပ်တွေထည့်ရမှာလဲ?
ခံစားတတ်တဲ့ စိတ်ချင်းအတူတူ ဘာကြောင့် ကိုယ့်စိတ်ထဲ မပျော်ရွှင်တာတွေ ထည့်ရမှာလဲ?
၁ဝ) ကိုယ့်ကိုယ်ကို ရိုးသားမှုရှိလာတဲ့အခါ လောကမှာ ဘယ်သူ့မှ ကိုယ့်ကိုလိမ်ညာလို့ မရနိုင်တော့ဘူး။
၁၁) သူတစ်ပါးကို ထိခိုက်နာကျင်မှုမျိုးနဲ့ ကိုယ့်အပြစ်၊ ကိုယ့်ဆိုးကျိုးကို ဖုံးကွယ်တတ်တဲ့လူလောက် ရှက်ဖို့ကောင်းတာ မရှိဘူး။
၁၂) လောကမှာ ဘယ်တော့မှ သွားပုပ်လေလွှင့် အပြောမခံရတဲ့လူ မရှိသလို အမြဲတမ်း အချီးကျူးခံနေရသူလည်း မရှိဘူး။ ကိုယ်စကားများရင် အပြစ်ပြောမယ်၊ ကိုယ်စကားနည်းရင်လည်း အပြစ်ပြောမယ်၊ ကိုယ်စကားလုံးဝ မပြောဘဲ ဆိတ်ဆိတ်နေရင်လည်း အပြစ်ပြောမယ်။ ဒါကြောင့် ဒီလောကမှာ မပြောမခံရတဲ့လူဆိုတာ မရှိဘူး။
၁၃) ဆိတ်ဆိတ်နေခြင်းဟာ မဟုတ်မမှန် သွားပုပ်လေလွှင့် သတင်းတွေအတွက် အကောင်းဆုံး အဖြေဖြစ်တယ်။
၁၄) လူတွေက ကိုယ့်ကိုကြောက်တယ် ဒါ ဂုဏ်ယူစရာမဟုတ်ဘူး။
လူတွေက ကိုယ့်ကိုနှိမ်တယ် ဒါ ရှက်စရာမဟုတ်ဘူး။
၁၅) တစ်ခြားသူက ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတာ မဟုတ်ဘူး။ ကိုယ့်က တစ်ခြားသူရဲ့ စကားကိုယူပြီး ကိုယ့်ကိုယ်ကို စိတ်အနှောင့်အယှက်ပေးနေတာ။
သူများပို့ပေးတဲ့ e mail က တဆင့်ရေးသားလိုက်တာပါ။ စာရေးသူဘယ်သူမှန်းမသိပင်မဲ့ စာအရေးအသားက လူရဲ့စိတ်ကိုပြောင်းလဲမှုပေးစေလို့ပါ။
အနာဂတ်လေးများ
ကလေးငယ်တွေ၇ဲ့ အားဟာ တစ်ချိန်မှာ တိုင်းပြည်အတွက် အားကိုးရမှာလေ။ တစ်ချိန်မှာသူတို့ဟာ နေရာအသီးသီးမှာ ပါဝင်ကပြကြမဲ့သူတွေပါ။
အခု နဂိုကတည်းက ငွေကြေးချို့တဲ့တဲ့ ကြားက ပညာေ၇းကိုသာအမွေပေးနိုင်တဲ့ဆိုပြိး ကျောင်းထားနေရတဲ့ မိသားစု အများကြီးက အခုတော့
နာဂစ်ကြောင့် သားသမိးတွေကို ကျောင်းမထားပေးနိုင်တဲ့ မိသားစုတွေအများကြိးပါ။ အရင်ထက်နှစ်ဆများလာတဲ့ကုန်ဈေးနှုန်းအနေအထား ၊
ဝင်နေတဲ့ဝင်ငွေအနေအထားနဲ့ စားအိုးတောင် မနည်းဖြည့်နေကြ၇တယ်။
ကျောင်းတက်ချိန်ေ၇ာက်ပင်မဲ့ ကျောင်းမသွားနိုင်တဲ့ကလေးငယ်တွေ အတော်များများကို တွေ့၇ပါတယ်။ လေဘေးသင့်ဒေသသာမက တခြားဒေသက ကလေးငယ်တွေ အများကြီးပါ။ ကျွန်မ ကြား၇တဲ့ အချက်လေးတွေကို ပြန်ပြောပြချင်ပါတယ်။
လှိုင်သာယာမှာ ကျောင်းတက်ချင်တဲ့ ကလေးမလေးတစ်ယောက်ဆို ကျောင်းအပ်ခ ၂၀၀ ရဖို့ သူ့မုန့်ဖိုးကို လေးရက်စုပြီး ကျောင်းသွားအပ်ပါတယ်တဲ့။ သူတကယ်မတတ်နိုင်တာက ကျောင်းစာအုပ်ဖိုးနဲ့ တခြားအရာတွေအတွက်ပါ။ အထက်တန်းတက်နေတဲ့ကလေးမလေးတွေကို အခမဲ့ကျူ၇ှင်တတ်နိုင်ဖို့ တခြားနေရာကနေရာမှာ သွားပြောပေးလို့ ရပင်မဲ့
သူတို့ ကားခမတတ်နိုင်ဘူးတဲ့။ ကလေးတွေကို အခမဲ့အာဟာရမုန့် ကျွေးတဲ့အဖွဲ့ ၇ှီတာသိပင်မဲ့ ကားခမရျိလို့ သွားမစားနိုင်ဘူးတဲ့။
ဒလဆိုတာ ရန်ကုန်နဲ့နီးနိးလေးပါ။ ကလေးပေါင်း သုံးပုံတစ်ပုံ ကျော် ကျောင်းမအပ်နိုင်ဘူးတဲ့။ နေစ၇ာအိမ်ပြိုသွားတာ မပြင်နိုင်တဲ့ ကြားက ဘယ်လိုကျောင်းထားနိုင်ပါ့မလဲ။ အခု လူငယ်လေးတွေစုပြိး ကျောင်းအပ်ပေးတာ ။ တခြားစာေ၇းကိရိယာလေးတွေဝယ်ပေးတာ တွေ၇ှိပါတယ်။ ဒါပင်မဲ့တစ်နိုင်အားပါပဲ။ ရန်ကုန်နဲ့အနီးဆုံးနေ၇ာလေးတွေတောင် ဒီလိုဖြစ်နေ၇င် တခြားလေဘေးသင့်နေ၇ာက ကလေးတွေတော့ အဆိုးဆုံးပေါ့။
www.hopeformyanmar.org မှာ ကျွန်မမိတ်ဆွေသူငယ်ချင်းတွေစုပြီးဆောင်ရွက်ထားတာလေးတွေကို ဖော်ပြထားတာပါ။
တခြားကလေးတွေအများကြီးကို ကူညီဖို့ဝိုင်းဝန်းဆောင်ရွက်ပေးမဲ့သူတွေကို မျှော်လင့်ရင်း...
ကဗျာ
နာဂစ် တစ်လပြည့်အထိမ်းအမှတ်နဲ့ ကဗျာတွေရေးဖြစ်တယ်။ ကဗျာကို သေချာစနစ်တကျမရေးတတ်ပင်မဲ့ ခံစားချက်နဲ့ ရေးထားဖြစ်တယ်။ ကလေးတွေအတွက် တခြားသူတွေအတွက်ပါပေါ့။
ငါတို့ဘ၀များ
အဖေအမေ ခေါ်ချင်သော်လည်း
ခေါ်ခွင့်မရ တို့ဘ၀များ
ပြည့်လျှမ်းမျက်ရည် ကူသုတ်ပေးငြား
စီးလျှက်စီးလျှက် ကျဆင်းနေဆဲ
နေစရာမဲ့ ဘ၀များစွာ
ရွက်ဖျင်တဲထဲ ခဏလေးများ
ပြန်ပါပြန်ပါ တွန်းထုတ်မှုများ
ရပ်ပါရပ်ပါ အော်လို့မရ
ဒါတို့ဘ၀ ရွေးချယ်စရာ
ပျောက်ရှခဲ့ပြီ
ဘိုးဘွားပိုင်မြေ လယ်မြေကျွဲနွား
ပိုင်ဆိုင်မှုရှိ ဒါဟာအတိတ်
အခုအခါ ငါတို့ပိုင်မြေ
ဘယ်ဆီဘယ်ရောက် ရွာပါပျောက်ရှ
ခက်ခဲသောလမ်း ဆက်ရအုံးမည်။
နာဂစ်မင်းရဲ့
ကြည်စယ်မှုလည်း
တစ်လရှိပြီ။
ဒါပင်မဲ့လည်း
လွင့်ပြယ်သွားတဲ့
ဘ၀တွေကို
တို့များမနိုင်
ကျဆင်းမျက်ရည်
မခြောက်သွေ့ဘူး
ညှိုးနွမ်းတဲ့လက်
ပြန်စိုပြေအောင်
ငါတို့အတူ
ကြိုးပမ်းသွားမယ်
ဆက်လျှောက်ရမဲ့ လမ်းများ
နာဂစ်ရေ နင်ကတော့ ကျီစယ်ရုံတင်လို့ ဆိုပင်မဲ့ ပျက်စီးသွားတဲ့ ဘ၀တွေက သိန်းပေါင်းများစွာ။ နဂိုကတည်းက မြန်မာပြည်သူတွေမှာ လမ်းမရှိရတဲ့ကြားထဲက နင်က ထပ်ပြီး ဖျက်ဆီးပစ်လိုက်ပြန်တယ်။ သေသွားတဲ့သူတွေက သေသွားပင်မဲ့ ကျန်ခဲ့တဲ့ဘ၀တွေကို ဘယ်သူတွေက ကူညီပေးမှာလဲ ။
ငါတို့ မြန်မာပြည်အစိုးရလို့ နင်ပြောရင်တော့ နင့်ကို ရူးသွပ်နေသူတစ်ဦးလို အမြင်နဲ့ အားလုံးက ၀ိုင်းကြည့်လိမ့်မယ်.။ အခု နိုင်ငံတကာက လာကူညီပေးတာတွေကို လက်သင့်မခံ။လက်သင့်ခံလိုက်ပြန်တော့လည်း ဂိုထောင်ထဲမှာ ။နောက်ဆုံးဈေးကွက်ထဲမှာ ။ ဒါတောင် အခုအရေးတကြီးလိုအပ်နေတဲ့ စားသောက်ရေးကိုတောင် မပံ့ပိုးနိုင်ဘူး။ ကိုယ်တိုင်က ဘာမှ မလုပ်နိုင်ပင်မဲ့ အခုထိ မလိုအပ်သေးဘူးလို့ ထင်နေသေးတဲ့သူတွေရှိတယ်။ အမေ၊ အဖေ ဘယ်ရောက်သွားမှန်းမသိဘဲ မျက်စိသူငယ်နားသူငယ်နဲ့ ကလေးငယ်တွေအတွက် သူတို့အနာဂတ်က ဘာလဲဆိုတာ မပြောပြနိုင်။ အိုကြီး အိုမ နဲ့ ဘာမှ မလုပ်နိုင်တော့ဘဲံ သားသမီးလုပ်စာသား စားနေရတဲ့ အဘိုးအို အဘွားအို ။နောက်ဆုံး ဗလာအတိပြည့်နေတဲ့ ဘ၀တွေကို ဘယ်က စရမှန်းမသိဘုး။ အခု မုတ်သုံလေက ၀င်လာပြီ။ အမိုးမပြောနဲ့ တိုင်တစ်တိုင်တောင် မထူနိုင်သေးတဲ့ သိန်းပေါင်းများစွာသော ပြည်သူတွေအတွက် မျှော်လင့်ချက်မဲ့ နေပြီလေ။ ဘာသာတရားရဲ့ အဆုံးအမနဲ့ ကြီးပြင်းလာသူတွေ ပီပီ အခုလို လူသားချင်းစာနာရမဲ့ အချိန်မှာ ကိုယ့်အိမ်မှာ အေးဆေးအိပ်မနေနိုင်ကြပါဘူး။ ရှိတဲ့ငွေကြေးတွေ စုပြီး လှူဒါန်းကူညီနေကြပါတယ်။
အခုစားစရာအတွက် အားလုံးက အနည်းငယ်စီ ကူညီနိုင်ပင်မဲ့
သူတို့လျှောက်လှမ်းမဲ့ အနာဂတ်ခရီးစဉ်ကို အားလုံးက ၀ိုင်းဝန်းပူပင်နေကြပါတယ်။
အင်အားကြီး အင်အားငယ် မခွဲခြားဘဲ အပြစ်မဲ့ပြည်သူတွေရဲ့ ဘ၀နိဒါန်းပြန်စနိုင်ရေး
အတွက် လုပ်ဆောင်ခွင့်ရရှိနိုင်ရေး ကြိုးပမ်းနေကြရင်းသာ ………….
မုန်တိုင်းကြားမှ လူမဆန်မှုများ
မြန်မာပြည်ကို နာဂစ်မုန်တိုင်းဝင်ရောက်တိုင်ခတ်မှုကြောင့် ရန်ကုန်အပါအ၀င် ဧရာဝတီတိုင်းတစ်ခုလုံး ပျက်စီးခဲ့တာကို အားလုံးသိပါတယ်။ မုန်တိုင်းဒဏ်ခံစားနေရတဲ့ ပြည်သူတွေကို လူသားချင်းစာနာနားလည်သူတွေက တတ်နိုင်သလောက် ကူညီဖို့ပြင်ဆင်နေတဲ့ကြားက လူသားချင်းမစာနာစွာ ကြားက အမြတ်ထူတ်နေသူတွေကြောင့် ပြည်သူတွေမှာ မကျေမနပ်ဖြစ်နေကြရတယ်။ ဒါ့ကြောင့် ကိုယ်တတ်နိုင်တဲ့ဘက်က ဘယ်လိုကူညီနိုင်မလဲ ၊ လှူလိုက်တဲ့အရာတွေကို လေဘေးသင့်သူတွေလက်ထဲ တိုက်ရိုက်ရောက်ဖို့ ကြိုးစားလာကြတယ်။ ဒီကြားထဲမှာ လှူချင်သူတွေကို အတားအဆီးအမျိုးမျိုးနဲ့ တားဆီးထားသေးတယ်။
ကြားရတဲ့သတင်းတွေက စိတ်မကောင်းစရာတွေအပြင် ဒေါသထွက်စရာတွေချည်းပဲ ။ဆိတ်ကြီးခနောင်တိုဘက်က လေဘေးသင့်သူတွေဆီကို သွားတဲ့သူတစ်ယောက်က သူကြုံခဲ့ရပုံတွေကို ပြောပြတာကို ရေးပြချင်တယ်။ တရုတ်က လှူထားတဲ့ တဲအလုံးသုံးဆယ်ဆောက်ထားတာရှိတယ်တဲ့ ။ဘယ်သူ့မှ ပေးမနေသေးဘူး။ နှစ်စ်အိမ်ထောင်ကို တဲတစ်လုံးချထားဖို့စီစဉ်နေဆဲ။ အိမ်ထောင်စုပေါင်း ငါးထောင်ကျော်ရှိတယ်။ သူက အိမ်ထောင်စုစာရင်းကို ကူးယူနေတုံး ရက်ကွက်ရုံးက တစ်ယောက်က သူ့စာအုပ်ကို လုယူပြီး အဲစာရင်းမရေးရဘူး ဆိုပြီး အိမ်ထောင်စု သုံးရာကျော်လို့ ရေးပေးလိုက်တယ်တဲ့။ အဲစခန်းမှာ ရှိတဲ့သူတွေပြောပြတာက မနက်က တိုင်းမှူးဆိုသူက လက်ဝယ်အရောက် တစ်ဦးစီကို မုန့်နဲ့ ပုဆိုးအစရှိတာတွေကို ဝေတာကို ဓာတ်ပုံရိုက်တယ်။ နောက်တိုင်းမှူးပြန်သွားတော့ အားလုံးဆီက ပြန်သိမ်းပြီး နောက်မှပေးမယ်လို့ပြောတယ်တဲ့။ သူတို့လက်ထဲမှာ ပူနေအောင်မကိုင်ထားလိုက်ရဘူးလို့ ပြောပြကြတယ်တဲ့။
အိမ်ထောင်စုတစ်ခုကို တစ်နေ့စာ ဆန်လေးလုံးက မနေ့ကမှ စပေးတယ်။ ချက်စရာရေမရှိ အိုးမရှိဘူး။ အိမ်ထောင်စု သုံးခုလောက်ကို ရေသန့်ဘူး ၁ လီတာ တစ်ဘူးပေးတယ်။ အိမ်ထောင်စု လေးစုကို ဘီစကစ်မုင်္န့ တစ်ထုပ်ပေးတာ အိမ်ထောင်စုတစ်ခုကို ဘီစကစ်ဆယ်ချပ်ပဲရတယ်။ အများအမြင်မှာ ဂိုထောင်ထဲမှာ အများကြီးတဲ့။ လှူချင်တဲ့သူတွေက တိုက်ရိုက်လှူလို့မရတာကို ဘာလို့လည်းလို့ အဲ့က လူကြီးဆိုတာကို မေးကြည့်တော့ အဲလိုပေးရင် ရှိတဲ့သူရော မရှိတဲ့သူရော အားလုံးဝိုင်းတောင်းကြတော့ ပြည်သူတွေ အကျင့်ပျက်ကုန်မှာစိုးလို့ သူတို့ဆီကနေပဲ ပေးမယ်လို့ ပြောပြတာကို သူအံသြတကြီး ကြားခဲ့ရတာကို ပြောပြရှာတယ်။ ဘယ်သူမှတော့ ရှိလျက်နဲ့ မတောင်းဘူး ။ တကယ်မရှိလို့ သာ အကူအညီတောင်းနေရတာပါ။ အဲလိုပြောတဲ့သူတွေ လုပ်နေတဲ့သူတွေရော အကျင့်ပျက်မှုမရှိဘူးလို့ အာမခံနိုင်လို့လား။ အခု ညောင်ပင်လေးဈေးမှာ မြန်မာပြည်မှာ တစ်ခါမှ မမြင်ဘူးတဲ့ အဆာခံဘီစကစ်တွေ အများကြီးရောက်နေတာကရော ဘယ်သူတွေ လက်ချက်လဲ ။
ကြားရတဲ့ သတင်းအပေါင်းကို ပြန်သာပြောပြရရင်တော့ ဒေါသ ထွက်ပြီးရင်းသာ ထွက်လာမှာ ဧကန်မလွဲပဲ ။
အခု ကယ်ဆယ်ရေးတွေကို စိတ်အား၊ လူအား ၊ ငွေအားတတ်နိုင်သလောက်ကူညီကျသူတွေကို အများကြီးချီးကျူးဂုဏ်ယူပါတယ်။
အမေများနေ့
ယခုနှစ် မေလ ( ၁၁) ရက်နေ့ က အမေများနေ့တဲ့။ အမေ့နဲ့အခုထိ အိပ်နေသေးတဲ့ ကျွန်မအတွက် အမေ့အပြင်ချစ်ရမဲ့သူ မရှိသေးဘူး။ ဒါပင်မဲ့ အမေ့အတွက်တော့ အားကိုးရတဲ့ သမီးမဟုတ်သေးဘူး။ အစ်မတွေရှိပြီး အငယ်ဆုံးဖြစ်တဲ့ ကျွန်မအတွက်တော့ အိမ်တာဝန်တွေကို ဘာမှ စိတ်မ၀င်စား ။ ကိုယ့်အလုပ်တစ်ခုတည်းကိုသာ အာရုံစိုကနေလေမိရဲ့။ အိမ်ပြန်ချိန်အမြဲနောက်ကျနေတတ်တဲ့ ကျွန်မကို စိတ်အပုကြီး ပူတတ်တာက အမေက လွဲရင် ဘယ်သူမှမရှိဘူး။် အကြီးတွေကိုပဲ ချစ်တယ်ထင်တဲ့ ကျွန်မ
ကြီးလာတော့မှ ကျွန်မကို အားလုံးနဲ့ တန်းတူထားမှန်းသိလာတယ်။ အမြဲတမ်း ပြန်မပြော နားမထောင် လုပ်ချင်ရာလုပ်တတ်တဲ့ ကျွန်မကို နားလည်ပေးတာ။ ကျွန်မကို အစ်မတွေက ဆူရင် သူဘာသာ လုပ်သင့်တယ် လုပ်ချင်စိတ်ရှိတာကို ဆိုပြီး တားတတ်တာတွေက အမေရဲ့ သံယောဇဉ်တွေထဲက တစ်ခုပေါ့။ သားသမီးတွေကို အမေတစ်ယောက်တည်း ဦးဆောင်ပြီး အားလုံးကို ကျောင်းထားနိုင်အောင် အလုပ်ကြီုးစားခဲ့တာ။ ကျောင်းပိတ်ပြီဆိုရင် ပိုက်ဆံစုထားပြီး ကျောင်းအပ်ချိန်ရောက်ရင် သားသမီးတွေကို သက်ဆိုင်ရာ အတန်းမှာ ကျောင်းအပ်။ ကျောင်းတက်ရင် ၀တ်ရမဲ့ အ၀တ်အစား ၊ စာရေးကိရိယာတွေကို စုထားတဲ့ ပိုက်ဆံထဲက ၀ယ်ပေးတယ်။ အားလုံးကို ဝေပုံကျပေးတယ်။
ကျောင်းတက်တာ တစ်ခုတည်းမဟုတ်ဘူး ။ လစာဝင်ငွေနည်းတဲ့ အဖေ့ကို အားမကိုးဘဲ အရာရာ သူဦးဆောင်ပြီး ၀င်ငွေရှာ ။ အရာရာကို သူတစ်ယောက်တည်း လုပ်လာခဲ့တဲ့အမေ
ဒီနှစ်ထဲမှာ ကျန်းမာရေး အတော် ခြူခြာပြီး ဘာမှ မလုပ်နိုင်တော့ဘူး။ အိပ်ရာထဲမှာသာ နေနေရတဲ့ အချိန်တွေထဲက သားသမီးတွေမရှိရင် အိမ်အလုပ် ခိုးလုပ်ဖို့ကြိုးစားသေးတယ်။
အတန်ငယ်ပိန်ကျသွားပြီင်္း ဆံပင်တွေ အနည်းငယ်ဖြူလာတဲ့ အမေ့ကို ဂရုစိုက်မှု နည်းခဲ့ပြီး
အိမ်မှာ နေတဲ့အချိန်အနည်းငယ်သာ။ အလုပ်နဲ့ အခြားအရာတွေကို အာရု့စိုက်ပြီး အမေ့အနားမှာ နေချိန်နည်းခဲ့တယ်။ အဝေးေ၇ာက်သားနှစ်ယောက်ကို စိတ်ပူ လွမ်းဆွေးနေတဲ့ကြားက သမီးအငယ်ဆုံးလေးက လည်း သူ့အနားမှာ အချိန်ပြည့်မနေနိုင်။ အရင်ကျောင်းတက်တဲ့အချိန်တုံးက အချိန်ပြည့်နီးပါး အမေ့အနားမှာ နေခဲ့သေးတယ်။
ဒီစာစုလေးနဲ့ပဲ အမေ့ကို တောင်းပန်ပြီး နောက်ထပ် အပြစ်တွေကို မလုပ်မိအောင် နေထိုင်နိုင်အောင် ကြိုးစားသွားမယ်အမေ။
လုပ်ငန်းခွင်မှာ ပျော်ပါစေ
တစ်ခါတစ်လေ လူအချို့နဲ့ စကားပြောရတာ အဆင်မပြေတဲ့အခါကျရင် ငါ့မှာ ဘာအားနည်းများရှိသလဲလို့ အမြဲတမ်းတွေးဖြစ်တယ်။ ကိုယ့်အိမ်မှာဆိုးလို့ မရဘူးနော်ဆိုတဲ့ အတွေးကို ခေါင်းထဲထည့်ထားပြီး စိတ်ရှည်ရှည်ထားထားရတယ်။ ကိုယ်ကိုယ်တိုင် ငါမလွန်ဘုးဆိုတာကို သိသိရဲ့ သီးခံနေရတာဟာ တော်တော်ဆိုးတယ်။ တစ်ချို့လူတွေရဲ့ မောက်မာမှုတွေ ။ လုပ်ဖော်ကိုင်ဖက်အချင်းချင်း နားလည်မှုမပေးတာတွေဟာ အလုပ်ထဲမှာ အမြဲတမ်းကြုံတွေ့နေရတာလေ။ ကိုယ့်အတွက်ဘာရှိသလဲဆိုတဲ့ အတွေးတစ်ခုတည်းသာ ခေါင်းထဲထည့်ထားပြီး သူများတွေအတွက် နည်းနည်းလေးမှ မတွေးပေးတဲ့သူတွေကို တွေ့ရတော့ ဒါကလူအချို့လို့ထင်ခဲ့ပင်မဲ့ အခုနောက်ပိုင်း အတော်များများတွေ့လာရတော့လည်း ဘယ်လိုနားလည်ပေးရမလဲမသိ ဖြစ်လာတယ်။ အော် နောက်တော့ ငါ့စိတ်ထားတတ်မှ ငါကိုယ်တိုင်သူတို့ကို နားလည်ပေးမှ သူတို့ငါ့ကို နားလည်ပေးမယ်လို့ တွေးလာရတာပေါ့။
အလုပ်လုပ်တယ်ဆိုတာ ငယ်စဉ်က ကျောင်းတက်တုန်းကလို မဟုတ်မှန်းသိပင်မဲ့ ကိုယ်နဲ့တွဲလုပ်တဲ့သူဟာ ကိုယ့်အပေါ်အနည်းဆုံးတော့ နားလည်လုပ်ကိုင်နေ၇င် အကောင်းဆုံးပေါ့။ ကိုယ့်က သူနဲ့ဖက်ပြိုင်စကားရည်လုမပြောဘူးဆိုတာ အများနဲ့လုပ်ကိုင်နေရတယ်ဆိုတာကို တွေးနေရလို့လေ။ နောက်ပြီး အားလုံးက လုပ်ငန်းလုပ်ကိုင်နေတာ ။ကလေးစိတ်ထားတွေနဲ့လုပ်ကိုင်နေတာလေ။တစ်ခါတစ်ရံစိတ်ပျက်အားငယ်မှုတွေက ကြိုးစားလုပ်ကိုင်လိုစိတ်တွေကို ရိုက်ချိုးလိုက်သလိုပဲ။ တစ်ဦးနဲ့တစ်ဦး နားလည်လုပ်ကိုင်ပြီး အကျိုးရှိတဲ့လုပ်ငန်းတွေကို လုပ်ကိုင်နိုင်ပြီးအားလုံး လုပ်ငန်းခွင်မှာပျော်ရွှင်ပြီး ကြိုးစားနိုင်ကြပါစေ။
Earth Day နေ့
ဒီနေ့က Earth Day နေ့ကို ဂုဏ်ပြုသောအားဖြင့် ပို့စ်အသစ်ရေးလိုက်တယ်။ ကျွန်မတို့ချစ်တဲ့ world ကို ချစ်ခင်သူများက စောင့်ရှောက်၇မှာပါ။ Earth ပေါ်ကို အဆိပ်သင့်တဲ့အရာတွေကို စွန့်ပစ်တာ ကျွန်မတို့ လူသားတွေပါ။ အခုမျိုးဆက်က မစောင့်ရှောက်ရင် နောက်မျိုးဆက်တွေအတွက် နေရာကျန်တော့မှာ မဟူတ်ဘူးလေ။ အခုဆိုရင် ကျွန်မတို့ အလွယ်တကူ သုံးစွဲနေတဲ့ ကျွတ်ကျွတ်အိတ်ကြောင့် အဆိပ်သင့်သင့်သလို တခြားအရာတွေကြောင့် လည်း မြေကြိးက ဘေးသင့်နေရတယ်။ အနုမြူဗုန်းတွေ စမ်းသပ်ဖောက်ခွဲတာတွေကလည်း အများကြီးထိခိုက်စေတယ်လေ။ လူသားတွေရဲ့ ခေတ်ပေါ်အရာတွေကို အသာငမ်းငမ်းသုံးစွဲနေမှု ၊ သစ်ပင်သစ်တောတွေကို မတရားခုတ်ယူသုံးစွဲမှု ။ ပြန်လည်စိမ်းလန်းစိုပြေရေးကို လုပ်ဆောင်ဖို့ ငွေကြေးမရှိဘဲ စစ်လက်နက်ဝယ်ယူအသုံးပြုရေး နဲ့ အခြား အလေအလွင့်များအတွက် ငွေကြေးတွေအလွယ်တကူသုံးစွဲနေတာကို မြင်နေရတော့လေ တကယ်ကို သဘာဝပတ်ဝန်းကျင်ချစ်ခင်သူများက စိတ်ပူမိတယ်။ အစိုးရမပါဝင်သော်လည်း ကျွန်မတို့တိုင်းသူပြည်သားတွေ နောက်ထပ်မျိုးဆက်သစ်များ အေးချမ်းပျော်ရွှင်စွာနေထိုင်နိုင်အောင်
အားလုံးဝိုင်းဝန်းလုပ်ဆောင်သွားကြရအောင်လား ….
သဘာဝပတ်ဝန်းကျင်စိန်းလန်းစိုပြေနေအောင် အတူပါဝင်လုပ်ဆောင်ကြစို့
ခေတ်မီတာနဲ့ ခေတ်လွန်တာ
အခုနောက်ပိုင်း လူငယ်အတော်များများ ၀တ်စားမှု့ပုံစံက အတော် သိသိသာသာကို ပြောင်းလာတာကို တွေ့ရပါတယ်။ ခေတ်မီ ဖက်ရှင်မျိုးစုံကို ကျွန်မ လည်း လိုက်မမီပါဘူး။ ဒီနှစ်သက်ြန်မှာလည်း ကောင်မလေးတွေ အတော်များများ သူ့ထက်ငါ စတိုင်မိတာကို ဦးစားပေးဝတ်ဆင်ကြရင်းနဲ့ သကြိန်ဝတ်စုံတွေ တော်တော်များများက ဘာမှန်းကို မသိတော့ပါဘူး။ အားလုံးကတော့ ခေတ်မီစတိုင်မျိုးစုံကို ၀တ်ချင်တာ တစ်ခုတည်းနဲ့တော့ မဟုတ်ပါဘူး။ ကိုယ်လှချင်စိတ်ဟာ အများအမြင်မှာ အနည်းငယ် သင့်ဖို့လိုပါတယ်လို့ မမ တစ်ယောက်က ပြောဖူးတယ်။ သူ့နေရာနဲ့သူ ၀တ်ဆင်တတ်ရင် ဘယ်အရာမဆို ကြည့်ကောင်းပါတယ်။ လူငယ်ပ်ီပီ လူငယ်ဆန်ဆန် ၀တ်ချင်ကြတာ သိပင်မဲ့
ခေတ်မီတာနဲ့ ခေတ်လွန်တာကို ကွဲကွဲံပြားပြား သိစေချင်ပါတယ်။ အားလုံးကို ဆရာလုပ်တယ်လို့ ထင်ချင်ကြမှာပါ။ ကျွန်မ စိတ်ထဲမှာ ၇ှိတဲ့အတိုင်းလေးကို ပြောလိုက်တာပါ။ လှပချင်စိတ်တစ်ခုတည်းနဲ့ တော့ အားလုံးအမြင်မှာ မ၇ိုင်းစေချင်ဘူးလေ။
၂၁ ၇ာစုခေတ်ကြီးမှာ အားလုံးခေတ်မီနေပြီ ငါတော့ ခေတ်မမီ၇င် ကျန်ခဲ့မယ်ဆိုတဲ့ အတွေးကို စဉ်းစား၇င်း ခေတ်မလွန်စေဖို့ ပါ…….။
သံယောဇဉ်
သံယောဇဉ်ဆိုတဲ့ စကားလုံးလေးက တော်တော့်ကို နူးညံပါတယ်။ ကျွန်မတို့ တစ်ယောက်နဲ့ ရှေးဘ၀က ရေစက်တွေကြောင့် ခင်မင်ခဲ့ရတယ်။ အွန်လိုင်းမှာ တစ်ဦးကို တစ်ဦး မမြင်ဘူးပဲ တစ်ယောက်ရေးတဲ့စာကို တစ်ယောက်ဝင်ဖတ်ရင်း ရင်းနှီးခဲ့ကြတယ်။ စိတ်ခံစားချက်တူညီတဲ့သူတွေမဟုတ်တောင် တစ်ယောက်နဲ့တစ်ယောက် ရှုထောင့်တစ်ခုကို ဆွေးနွေးကြရင်း ခင်မင်ခဲ့ကြတယ်။ ဒီလိုပါပဲ အပြင် လူမှုဆက်ဆံရေးမှာ ငယ်စဉ်ကတည်းက ခင်မင်တာမဟုတ်ပဲနဲ့ တစ်ယောက်နဲ့တစ်ယောက်တစ်ကယ်ကို နားလည်ပေးပြီး ခင်မင်တဲ့ မိတ်ဆွေတွေရှိပါတယ်။ အားလုံးကို မဆိုလိုပင်မဲ့ တစ်ယောက်မှာ ရှိတဲ့ အခက်အခဲကို နားလည်ကူညီပေးတဲ့ သူငယ်ချင်းမျိုးလည်း ဆုံတွေ့ခဲ့ရတယ်။ သံယောဇဉ်ဆိုတာ ကိုယ့်မိသားစုဆီက မပေးနိုင်တဲ့ အရာတွေကို မိတ်ဆွေအပေါင်းအသင်းတွေဆီသာရတဲ့ သူကိုလည်း ဆုံတွေ့ခဲ့ဖူးတယ်။ တစ်ယောက်နဲ့ တစ်ယောက် ထပ်တူနားလည်ပေးနိုင်တဲ့ စိတ်ဓာတ်မျိုးရှိတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေ ရကြပါစေလို့ ဆုတောင်းရင်း
ထားစရာ မရှိတဲ့ သူက ထားစရာမရှိဘူး
တပေါင်းလပြည့်နေ့က ကျွှန်မ ပဲခူး ဘုရားဖူးခရီးစဉ်တစ်ခုကို သွားခဲ့ပါတယ်။ ပဲခူးက ဘုရားတစ်ချို့ကို ရောက်ဖူးပင်မဲ့ ဘုရားအစုံတော့ မရောက်ဘူးသေးဘူး။ ကျွန်မသွားရတာက ဓာတ်ပုံသင်တန်းဆင်းကျောင်းသားတွေရဲ့ ကွင်းဆင်းဓာတ်ပုံရိုက်ခရီးစဉ်ပါ။သင်တန်းသူမဟုတ်တဲ့ကျွန်မလည်း ကံအားလျော်စွာနဲ့ ကင်မရာလေးတစ်ကိုင်ကိုင်နဲ့ပေါ့။ သူတို့တွေ၇ဲ့ ကင်မ၇ာအကြီးကြီးတွေကို အားကျ၇င်းနဲ့ သူတို့ရိုက်နေတာကို လိုက်ရိုက်ရင်းနဲ့ပေါ့။ သူတို့အဓိကရိုက်တာက မော်ဒယ်ဆိုတော့ ကျွန်မ စိတ်မ၀င်စားတော့ဘဲ အနီးအနားက ရှုခင်းတွေသာလိုက်ရိုက်နေတယ်။ ဒိလိုနဲ့ တစ်နေရာပြီးတစ်နေရာ သွားကြရင်း ကိုးသိန်းကိုးသန်းဘုရားကို ရောက်တော့ အားလုံးလည်းမော်ဒယ်ကိုမေ့ပြီး ဘုရားအနီးတစ်ဝိုက်လိုက်ရိုက်ကြတယ်။ အဲဒီအချိန်မှာ ၃ နာရီခွဲနေပြီ။ ဘုရားအနားက ဘုန်းကြီးကျောင်းမှာ စတုဒီသာ ကျွေးနေတာနဲ့သွားဆုံတယ်။ ကျွန်မ စတုဒီသာကျွေးတာ ရန်ကုန်မှာ တွေ့ဖူးပင်မဲ့ နယ်တွေမှာ သိပ်မတွေ့ဖူးပါဘူး။ အဲမှာ ဘာတွေရသလဲဆိုတော့ ဘုန်းကြီးကျောင်းအပေါက်ဝတံတိုင်းမှာ တန်းစီနေတဲ့ တစ်ဖွဲ့ ၊ ထမင်းစားအဆောင်အပေါက်ဝနားမှာ တစ်ဖွဲ့နဲ့ စောင့်ဆိုင်းလို့နေကြပါတယ်။ကျွန်မလည်း စပ်စပ်စုစုနဲ့အထဲဝင်ကြည့်လို့ရလားဘုရားဆိုတော့ ဘုန်းကြီးက ရတယ် သွားကြည့်ဆိုတော့ နတ်စင်တွေထားတဲ့ ရုံကြီးထဲ သမံတလင်းပေါ်မှာ ကော်ထမင်းပန်းကန်တွေကို အချပ်လိုက် ခင်းထားတယ်။ ထမင်းကလည်း ဆန်ကြမ်းသာသာပါပဲ။ ဟင်းက သရက်ချဉ်သုပ်။ ငါးပိကြော် ၊ချဉ်ဟင်းနဲ့ ။ ပထမ ကျွန်မက ချဉ်ဟင်းကို
ဝက်သားဟင်းထင်ပြီးမေးလိုက်တာ ပိနွဲသီးတွေတဲ့။
ကလေးတွေဆိုတာ ဖုန်အလိမ်းလိမ်းပေနေတဲ့အကျီတွေနဲ့။ တစ်ချို့ဆို ဘောင်းဘီလေးတွေပဲပါတယ်။ တစ်ချို့ကလေးတွေဆို နှစ်နှစ်လောက်ပဲရှိအုံးမယ်။ ကိုယ်တိုင်အားရပါးရ ထမင်းစားနေကြတယ်လေ။ ကလေးတွေပါသလို လူကြီး တွေ။ အဘိုးအဘွားတွေလည်းအများကြီးပေါ့။ လပြည့်နေ့မို့လို အလှူလုပ်တာလားမေးတော့ အပတ်စဉ် အလှူရှင်ရှိတတ်ပြီး သုံးသိန်းလောက်ကုန်တယ်လို့ပြောပါတယ်။ အနီးအနားက ရွာတွေက မီးခိုးတိတ်လာတတ်တယ်လို့ပြောပါတယ်။ ကျွန်မတို့လည်း ကင်မရာကိုယ်စီနဲ့ ဓာတ်ပုံတွေရိုက်နေတာကို ကလေးတွေက အထူးအဆန်းကြည့်လို့ပေါ့။ ကျွန်မက ခရီးဆိုရင် ဘုရားဖူးခရီးစဉ်အချို့သာသွားဖူးတာမို့ ဒီလိုမျိုးမကြုံဖူးဘူးလေ။ ရှိတဲ့သူတွေကြတော့ တအားရှိကြပြီး မရှိတဲ့သူတွေကတော့ ထမင်းတစ်နပ်တောင် မလွယ်ကြဘူးနော်။ အဲမတိုင်ခင် ရှိုးပွဲတစ်ခုသွားကြည့်ဖြစ်တုန်းက အလယ်တန်းအရွယ်လောက်ပဲရှိအုံးမဲ့ ကလေးတွေကြတော့ အားရပါရ စားသောက်ပြီး ပျော်နေလိုက်ကြတာ။ သူတို့တွေအတွက်ကတော့ ဘာမှ အပူအပင်မရှိတဲ့ ဘ၀မှာ ကျင်လည်ရတော့ ကျန်တာတွေဘာမှ မသိဘူးလေ။ သူတို့တွေကြားမှာ သူတို့သောက်တဲ့ အအေးဘူး ၊ ရေသန့်ဘူးတွေ လိုက်ကောက်တဲ့ ကလေးတွေက သူတို့အရွယ်လောက်ပဲရှိသေးတယ်။အဲဒီနေ့ကတည်းက မတူညီတဲ့ ဘ၀တွေကို တွေးကြည့်ရင်း ခရီးက အပြန်မှာ ကျွန်မတွေးမိလိုက်တဲ့ စကားတစ်ခွန်းကတော့
့ ထားစရာမရှိတဲ့သူတွေက ထားစရာမရှိဘူး။ စားစရာမရှိတဲ့သူက စားစရာမရှိဘူး… လို့ ဘေးနားက မိတ်ဆွေကို ပြောလိုက်မိတယ်။
စည်းလုံးချစ်ခင်စွာ
စည်းလုံးရေးးဆိုတာ ၊ တိုင်းပြည် ၊ မြို့၇ွာ ၊ ကျေး၇ွာကအစ မိသားစုအဆုံး အားလုံးပါဝင်ပါတယ်။ အခုဆိုရင် လာမဲ့ ၁၂ ရက်နေ့မှာ ပြည်ထောင်စုနေ့ကျရောက်တော့မှာပါ။ ပြည်ထောင်စုကြီးစည်းလုံးဖို့ဆိုပြီး ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ပြီး တိုင်းရင်းသားခေါင်းဆောင်တွေ ကြိုးစားခဲ့တာ (၆၁ ) နှစ်ရှိသွားပါပြီင်္။ ခေါင်းဆောင်ကြီးတွေ ကြိုးစားပြီးလုပ်သွားပင်မဲ့ အားလုံးက ခံစားချက်ကို ဦးစားပေးပြီး အချင်းချင်းသွေးစည်းရမဲ့အစား သွေးချောင်းသာစီးခဲ့ရပါတယ်။ နောက်ဆုံးတော့ တိုင်းရင်းသားပြည်သူတွေလည်း ဖံွံ့ဖြိုးမှုနောက်ကျခဲ့ရပါတယ်။ ကျွန်မပြောချင်တာက ဘယ်သူ့ဘက်မှ လိုက်ပြီးပြောတာမဟုတ်ပါဘူး။ တစ်ဖက်နဲတစ်ဖက် ပြိုင်ဆိုင်ကြရင်းနဲ့ ကြားက ပြည်သူတွေသာ အနာခံခဲ့ရတာပါ။ မြို့မှာနေရတဲ့ပြည်သူတွေလည်း တိုးတက်သင့်သလောက်မတိုးတက်သလို နယ်မှာနေရတဲ့ပြည်သူတွေလည်း ဖွံ့ဖြိုးမှုတွေနောက်ကျကျန်ခဲ့ရပါတယ်။ ခံစားခွင့်အားလုံးကို သက်ဆိုင်ရာသူများသာ ခံစားခွင့်ရပြီး ပြည်သူတွေက အလှမ်းကွာဝေးနေခဲ့ရတာပါ။ ကိုယ့်စိတ်ခံစားချက်အတိုင်း သာလုပ်ဆောင်ပြီး ဦးနှောက်ကို မစဉ်းစားခဲ့တဲ့အတွက်
နောက်ဆုံး သက်ဆိုင်ရာပညာရှင်တွေတင်ပြတဲ့ အချက်အလက်တွေကို နားမထောင်တဲ့အတွက် အားလုံးက တတိယဆိုတဲ့ခေတ်မှာ ကျန်ရစ်ဖြစ်ခဲ့ရတာပါ။ ပထမခေတ်ကိုရောက်ဖို့ အားလုံးစည်းလုံးမှသာ ဖြစ်ထွန်းမယ်လို့ ထင်ပါတယ်။ နောက်ဆုံး ပြည်ပရောက်သွားပြီးပြန်မလာတဲ့သူတွေကို အပြစ်တင်နေမဲ့အစား သူတို့တစ်နေ့ပြန်လာအောင် ဘယ်လို လုပ်ဆောင်ရမလဲဆိုတာကို သာ အားလုံးဝိုင်းဝန်းအဖြေရှာရမှာပါ။
ပညာရှင်တွေရှိသလို လုပ်ငန်းလုပ်ဆောင်နိုင်မဲ့ လုပ်သားတွေလည်းလိုအပ်ပါတယ်။ နောက်ဆုံးတော့ ကိုယ့်ပြည်တွင်းမှာ ရှိတဲ့ သူအချင်းချင်းနားလည်စည်းလုံးပြီး ပြုပြင်ပြောင်းလဲရေးတွေကို အတူတူလုပ်ဆောင်နေရင် တစ်နေ့မြန်မာပြည်လည်း တိုးတက်လာမယ်ဆိုတာ အခုခေတ်လူငယ်အများစုမျှော်လင့်နေကြပါတယ်။ တစ်ယောက်အားနဲ့မရသော်လည်း အများအားနဲ့ရတယ်လို့ စကားပုံတောင်ရှိပါတယ်။ တိုးတက်တယ်ဆိုတာ အခြေခံအဆောက်အအုံတွေသာရှိနေရင်လည်း မရပါဘူးလို့ စီးပွားရေးပညာရှင်အများစုက ပြောဆိုကြပါတယ်။ နိုင်ငံသားတွေရဲ့စိတ်အခြေခံကို ပြောင်းလဲပေးရမယ်လို့ ပညာရှင်တွေက ရှုမြင်ထားပါတယ်။ ဒါ့ကြောင့်ကျွန်မတို့လည်း စိတ်ခံစားချက်ကို အဓိကမထားပဲ စည်းလုံးချစ်ခင်စွာနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အတူလုပ်ဆောင်သွားကြရကြရအောင်……..။
ကိုနေဘုန်းလတ်သို့ ….
နေဘုန်းလတ်သို့ ….
ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း
"မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ
"လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။
ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့ 
ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်"
တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့
အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊
အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅
ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ်
မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ
လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။
သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။
ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့
လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။
ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ
အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို
မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး
ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ
ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက
အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို
အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။
မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု
ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့
ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ
ချီးမြှင့်ကြတယ်။
ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။
ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆိုရင်
သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။
ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့
ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး
စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် …
ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့
ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက်
အားလုံးက စောင့်မျှော်နေဆဲပါ ..။
ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို
ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက်
ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ
ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။
ဓာတ်ပုံတွေက သမိုင်းကို ပြသလား လက်ရှိဘ၀ကို ပြသလား
ဓာတ်ပုံတွေက သမိုင်းကို ပြသလား လက်ရှိဘ၀ကို ပြသလား
ဓာတ်ပုံတွေက သမိုင်းကို ပြတယ်ဆိုတဲ့စကားက အခုနည်းနည်းပြောင်းရတော့မလိုဖြစ်နေပါပြီ။ အခုမြန်မာပြည်မှာ အရင်တုန်းကလို မဟုတ်တော့ပါဘူး။အရင်တုံးကတော့ ဓာတ်ပုံတွေက သမိုင်းကို ပြတယ်ဆိုပင်မဲ့ အခုတော့လက်တွေ့ဘ၀တွေကို ပြသနေပါပြီ။နောက်ဆုံးတော့
လက်တွေ့ဘ၀တွေကို ပြည်သူတွေဘယ်လို ရုန်းနေရတယ်ဆိုတာကို ပြောပြနေသလိုပါပဲ။မြန်မာပြည်သူတွေက အခုရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ပြသနေတဲ့ ဓာတ်ပုံတွေများစွာကို အခုရက်ပိုင်းမှာ တွေ့ရပါတယ်။ တစ်ချို့က ၀ါသနာရှင်အဆင့်တောင်မဟုတ်ဘဲ သူ့မှာရှိတဲ့ ကင်မရာ အဟောင်းလေးတွေနဲ့ မှတ်တမ်းတင်လာကြပါပြီ။ အလှအပဓာတ်ပုံတွေရိုက်ကူးတာက ကိုယ့်တစ်ယောက်တည်းအတွက် အလှကြိုက်သူတွေအတွက်လောက်ပဲ ကောင်းပင်မဲ့လက်ရှိအခြေအနေကို မထင်ဟပ်နိုင်ဘူးလို့ ထင်ပါတယ်။ ဓာတ်ပုံရဲ့ အရည်အသွေးကို မသိနိုင်ပင်မဲ့ လက်ရှိမြို့ထဲမှာ လမ်းဘေးဈေးသည်တွေရောင်းနေတဲ့ပုံကလည်း ဓာတ်ပုံကောင်းတစ်ခုပါလို့ထင်ပါတယ်။
ချွေးတွေနဲ့ရင်းပြီးလုပ်ကိုင်စားသောက်နေရတဲ့သူတွေရှိသလို တစ်ချို့လူတွေကတော့ အခြားသူတွေရှာထားတာကို အခန်ဲ့သားစားသောက်နေနိုင်တာကို ပြနေပါတယ်။ စီးပွားရေး ၊ လူမှုရေး နေထိုင်ရေးကို ဓာတ်ပုံတွေက ပြနေတာကို တွေ့နိုင်လာတာကို အများသိအောင် ကြိုးစားသွားနိုင်အောင် ဓာတ်ပုံဝါသနာရှင်များက စုပေါင်းပုံဖော်ပေးကြပါလို့ ပြောချင်ပါတယ်။
နယ်တွေကိုသွားရင်း ဓာတ်ပုံလေးတွေရိုက်ရင်း သူတို့နေထိုင်စားသောက်ပုံလေးတွေကို ရိုက်ရင်းသူတို့မှာ စည်းစိမ်မရှိပင်မဲ့ ပျော်ရွှင်မှုအပြည့်အ၀ရှိတာကိုလည်း တွေ့နိုင်ပါတယ်။
ကလေးတွေရဲ့ ဖုန်းတစ်ထောင်းထောင်းကြားမှာ ပျော်ရွှင်နေတဲ့ပုံကို ရိုက်ရင်းနဲ့ သူတို့ကိုကြည့်ရင်းပျော်ရွှင်ရသလို ကျေးလက်က ကလေးတွေနဲ့ မြို့ကြီးက ကလေးတွေကို နှိုင်းယှဉ်လို့ရပါတယ်။
သူငယ်ချင်းအတွက် ဆုတောင်းပေးချက်
သူငယ်ချင်း မင်းဘ၀မှာ ဒီထက်ကြုံတွေ့၇မယ့် အခက်အခဲတွေအမျယြးီ့းပါ. ငါတို့မင်းကို ကူညီတယ်ဆိုတာက နည်းနည်းလေးပါ။ မင်းမှာထားရမှာက မင်းတစ်ယောက်တည်း လမ်းကို လျှေက်နေရတယ်ဆိုတာကို သိဖို့ပါပဲ။ မင်းကို ငါတို့ အလြုံးဆုတောင်းပေးရု့သာရမှာလေ။ မင်းမှာ နှုင်တယ်ဆိုတဲ့ စိတ်ကလေးရှိမှ ပိုပြီးအောင်မြင်နိုင်မှာလေ။ မင်းအတွက်တော့ ငါတို့က ရှိနေပြးမှာပါ။ မင်းအတွက်တော့ ငါတို့အားလုံး ဆုတောင်းပေးနေမယ်။ မင်းအသက်ငယ်ငယ်လေးရှိသေးတယ်လေ။ ကျောင်းတတ်နိုင်အောင် ကြိုဒစာပါနော်။ နောက်ပိုင်းမင်းကျန်းမာရေးပြန်ကောင်းလာမယ်လို့ ငါတို့မျေ်လင့်ပါတယ်
http://saitkue.blogspot.com/feeds/256178749471194441/comments/default
http://saitkue.blogspot.com/feeds/8860170630711230178/comments/default
တိတ်ဆိတ်သတင်းကျွတ်ပြီ
သတင်းကျွတ်တာနင်က ဘာလို့ရေးတာလဲလို့ ပြောကြမယ်လို့ ထင်ပါတယ်။ အရင်တုန်းက သတင်းကျွတ်တာနဲ့ အခုသတင်းကျွတ်တာ တော်တော်ကွာခြားသွားတာကို ပြောချင်တာပါ။ ငယ်ငယ်တုန်းက သတင်းကျွတ်ရင်အရမ်းပျော်စရာပါ။ မီးရှုးမီးပန်းတွေ ဖောက်ကြ ။ ငရဲမီးတွေဆော့လိုက်နဲ့ ။ အိမ်က ဖယောင်းတိုင်အကောင်းတွေပါမကျန်အကုန်ယူပြီးဆော့ခဲ့ကြတာ။ အခု ကလေးတွေကတော့ ငရဲမီးဆော့ဖို့ တွင်းတူးဖို့နေရာမရှိတော့ဘူး ။ ယမ်းသေနတ်တွေကလည်း ဈေးကြီးတော့ တော်ရုံမိဘတွေက ၀ယ်မပေးနိုင်။ အရင်တုန်းက ည၁၀နာရီကျော်မှာယမ်းဖောက်လည်း ဘာမှမဖြစ်။ ပျော်ပွဲရွှင်ပွဲတွေကလည်း နေရာတိုင်းမှာ ။ အခုတော့ အားလုံးကကန့်သတ်ချက်တွေကြားမှာ တိတ်ဆိတ်နေ။ မိဘဆွေမျိုးတွေကိုသွားကန်တော့ရင် မုန့်ဖိုးတွေအများကြီးရ။ အခုသွားကန်တော့ရင် ငွေကြေးက အရင်တုန်းကလို အဆင်မပြေကြတော့ အများကြီးမပေးနိုင်။ လမ်းတွေမှာ မီးတိုင်တွေမထွန်းနိုင်။ ရက်ကွက်ထဲ မြို့ထဲ ရွာထဲ အားလုံး တိတ်ဆိတ် ။ အရင်တုန်းက ကာတွန်းမီးပုံပျံပွဲတွေ အများကြီးတဲ့ ။ အရင်တုံးကပျော်ခဲ့ရပုံတွေကို မီလိုက်တဲ့ သူတွေက တမ်းတမ်းတတ ပြောကြရင်း ….။
အားလုံးကတော့ အရင်လို စည်ကားတဲ့ တိုင်းပြည်လေးကို အမြန်ရောက်ချင်ရတာ …။
စိတ်ကူးထဲမှာတော့ ပျော်လိုက်ကြတော့ ပါ။
http://saitkue.blogspot.com/feeds/1489451258348123829/comments/default
အနာဂတ်ပန်းခင်းလေးများ
အများက မိုးကြီးဟုခေါ်သည့် သူ့မှာ ကျောင်းတက်ရက်မမှန်။ ကျောင်းတက်ရသည်ထက်
အိမ်က ၀င်ငွေဝင်ရေးကို တစ်ဖက်တစ်လမ်းက ကူညီနေရသည်။သူ့အသက်က ရှစ်နှစ်သာ
ရှိသေးသည်။မနက်စောစော ပန်းထကောက်ရသည်။သူတို့အတွက် မနက်ပန်းသီ ပြီး ဈေးမှာ သွားရောင်းသည်။အိမ်ပြန်ရောက်သည့်အခါ ထမင်းချက်သည်။းကမန်းကတန်းထမင်းစားပြီး ကျောင်းသို့ပြေးရသည်။သူအခု လေးတန်းတက်နေသည်။သူတို့ကျောင်းက သူတို့နေထိုင်ရာဆေးရုံဝင်းနှင့် မလှမ်းမကမ်းပင်။သူတို့ကျောင်းကလေးသည် ရန်ကုန်မြို့တွင်ရှိသော်လည်းမူလတန်း
ကျောင်းကြီးမှာ အိုမင်းလို့နေပါသည်။သူတို့လေးတန်းတက်ရောက်နေသည့်
စာသင်ခန်းတွင် ကျောင်းသားခုနစ်ယောက်ပင်ရှိသည်။ ကျောင်းတွင်တက်ရောက်သူအများစုမှာ ဆေးရုံဝင်းအတွင်းနေသူများပင်ဖြစ်သည်။
ကျောင်းတွင် အခြားသူများ လာရောက်မတက်သည်မှာ ရက်ကွက်ကြီးတွင် နေထိုင်သူ အများစုသည် ငွေကြေးတက်နိုင်သူများဖြစ်ပြီး အခြားကျောင်းများတွင်သာ တက်ရောက်ကြသည်။ သူတို့ကျောင်းလေးသည် သူတို့လို ဘ၀တူများ အတွက် ရည်ရွယ်ဖွင့်လှစ်ထားသကဲ့သို့ ရှိနေသည်။စဖွင့်စက ကျောင်းသည် အားလုံးတက်ရောက်ရန် ရည်ရွယ်ထားသော်လည်း
နောက်ပိုင်းဆေးရုံ တွင် နေထိုင်သူများသာ စာသင်ကြားကြသည်။သူတို့ ကျောင်းတက်ရက်ကလည်း ဘယ်သူမှ တစ်ပတ်လုံးအပြည့် မတက်နိုင်။သူငယ်တန်းကဲ့သို့ အငယ်တန်းလေးတွေသာ တက်ရောက်သူများမည် ဖြစ်သော်လည်း သုံး တန်း လေးတန်း ရောက်လျှင်တော့ အားလုံးအိမ်အလုပ်ကိုယ်စီ ၀င်လုပ်ကြရသည်။သူတို့ ထဲက လေးတန်းအောင်သွားပြီး တခြားကျောင်းဆက်တက်သည်ဆိုသည်မှာလည်း ရှားမှရှားသည်။သူသိသည်က အများအားဖြင့်တော့ တက်ရောက်ရသည်တော့ မရှိ။
မိဘအများစုက ကျောင်းဆက်ထားချင်သည့်စိတ်ရှိလျှင်တောင် သူတို့မှာ ငွေကြေးမလုံလောက်သောကြောင့် ကျောင်းဆက်မထားရ။တစ်ချို့ကလည်း ပညာတက်တော့ ဘာလုပ်ရမှာလည်း အမြင်ဖြင့် စိတ်မ၀င်စား။ ဒီကျောင်းတွင်ရှိသည့် ဆရာမကလည်း ဆယ်ယောက်ပင်မရှိ။ဆရာမများကလည်း ကျောင်းသားမိဘတွေကို အမျိုးမျိုးတိုက်တွန်းပြီး ကျောင်းထားရန်ပြောရသည်။ ကျောင်းမလာသည့်ရက်များလျှင် အိမ်သို့ လိုက်ခေါ်ရသည်။
ကျောင်းတွင် စာအုပ် ၊ ခဲတံရောင်းသော ဆရာမမှာ ရောင်းရသည်ထက် ရေးစရာမရှိသောကျောင်းသားများကို ပေးရသည်က ပိုများသည်။မိုးကြီးတို့ ဆရာမက စာမေးပွဲဖြေကာနီးရက်များတွင် သူတို့ကို အိမ်တိုင်ရာရောက် လာခေါ်ရသည်။စာအုပ် ခဲတံ ၀ယ်ပေးသည်။သူတို့ စာမေးပွဲ မဖြေနိုင်မှာ ဆရာမ စိုးရိမ်သည်။ သူတို့ကို တစ်နေ့က ဆရာမက ပြောသည်။သူတို့ကျောင်းသည် ဟောင်းနွမ်းလာပြီး ပြန်ဆောက်ရမည်တဲ့။ အထက်ကလည်း ငွေတောင်းလို့ မရဘူးတဲ့။ အထက်ဆိုတာ သူနားမလည်။သူဆရာမကို မေးတော့ ဆရာမက မင်းမသိပါဘူးသားရယ်တဲ့။ သူတို့ အနီးအနားရှိ အထက်တန်းကျောင်းကြီးတစ်ကျောင်းကို ပြောင်းသင်ရမည်။ဒီဆရာမတွေနှင့် သင်ချင်မှသင်ရမည်ဟု ဆရာမက ပြောသည်။ကျောင်းသည် အင်မတန်စည်းကမ်းကြီးသောကျောင်းဖြစ်သည်။ထို့ကြောင့်သူတို့ အရင်လိုကျောင်းပျက်လို့ မရတဲ့။ဈေးရောင်းချိန်နည်းသွားမည်။ဆေးရုံတွင် နေ့စားအောက်ခြေ၀န်ထမ်းဖြစ်သောသူ့အဖေတို့မှာ ငွေကြေးများစွာမရ။ သူတို့ ပန်းသီပြီးရောင်းရငွေ သည် ဟင်းဖိုးအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေသည်။သူတို့ စာသင်ရက်ပျက်လို့မရ လျှင်သူတို့ ကို အမေတို့က ကျောင်းဆက်ထားပါ့မလား။မိုးကြီးတို့မှာ ပန်းတစ်ခုတည်းသာ ရောင်းခြင်းမဟုတ်။
သူတို့က ကျောင်းတက်ချင်သည်။ဒါမှ သူတို့ပညာတက်ပြီး ပင်ပင်ပန်းပန်းအလုပ်တွေကို မလုပ်ရမှာဟု ဆရာမပြောစကားကိုသာ သတိရနေသည်။ကျောင်းကို သူတို့ ပျော်ရွှင်စွာ အပူအပင်မရှိတက်ရောက်ချင်သည်။သူတို့၏ ဘ၀သည် လေးတန်းအောင်ပြီးလျှင် မသေချာသော ဘ၀လမ်းကိုသာ လျှောက်လှမ်းနေရသည်။သူတို့ ကျောင်းသည်ဆောက်နေရင်း
ငွေကြေးမရှိသော အဖြစ်နှင့်ရင်ဆိုင်နေရပါတော့သည်။ တစ်ဖက်တွင် ပုဂလိကပိုင်ကျောင်းများတွင် အပူအပင်မရှိတက်ရောက်နေသောသူများရှိသကဲ့သို့ တစ်ဖက်တွင် အစိုးရကျောင်းများတွင်ပင် အခက်အခဲ အမျိုးမျိုးကြားမှာ ရင်ဆိုင်ပြီး ကျောင်းတက်ရသူုများလည်းရှိနေပါတယ်။
http://saitkue.blogspot.com/feeds/4851521405600942701/comments/default
တွေးခြင်းကို အခြေခံ
ငယ်စဉ်က ကျောင်းတက်ရသည်ကို ကြောက်ရွံ့သောသူသည် စာမကျက်ချင်သောကြောင့်သာ မဟုတ် ။ကျောင်းမှာစာသင်သော ဆရာဆရာမ များ ကို ကြောက်နေသည်သာဖြစ်သည်။သူသိလိုသည်များကို မေးလျှင်သူ့ကို မျက်ထန်သော အကြည့်များနှင့်ကြည့်တတ်သည့် ဆရာဆရာမများအချို့ကြောင့်ဖြစ်သည်။ သူတို့ကိုမေးလျှင် ဒီကောင်ပညာစမ်းတာလားဟု တွေးသည်။သူတို့ပြောသမျှ အမှန်ဟု ယူဆ ထားသည်။ သချာင်္ဖြေလျှင်ပင် အဖြေမှန်လျှင်တောင် သူသင်ထားသည့် အတိုင်းမဟုတ်လျှင် အမှတ်မပေးသည်က ရှိသေးသည်။ သူငယ်စဉ်က ဆရာမပြောလျှင် ငြိမ်နားထောင်သော်လည်း သူအထက်တန်းရောက်တော့ သူစငြင်းတတ်လာသည်။ (သူတို့အထင်ပေါ့) စာဖတ်တာပဲစိတ်ဝင်စားပြီး စာကျက်တာ စိတ်မ၀င်စားသောသူ့အတွက် စာမေးပွဲတွေမှာ သင်ထားသည့်အတိုင်း မဖြေလျှင် အဖြေမရတော့ သူ့အမှတ်တွေက သူများတွေလို မကောင်းပေ။ ဒီတော့ သူ့မိဘ အပါအ၀င် သူများတွေက သူ့ကို စာညံ့သည်ဟု ယူဆလိုက်သည်။ သူကတော့ အေးဆေး။ ငယ်စဉ်ကပင်သူများတွေကို ကလန့်လုပ်ရသည်။ သူ့အတွေးအခေါ်တွေက သူ့ဘ၀ကို ဆုံးဖြတ်ပေးသညဟု သာ သူယူဆထားသည်။
သူဆယ်တန်းအောင်တော့ ရိုးရိုးမေဂျာပင် တက်သည်။ သူ့ဘ၀မှာ တစ်ခါမျှ ဆရာဝန်ဖြစ်ချင်စိတ်မရှိခဲ့။အမှတ်အများကြီး
မရလို့ ဒီစကားဆိုတာပါဟု ဆိုချင်ဆို ။ ဘ၀သည် သူငယ်ချင်းနှင့် အတူတက်မှ ။ မိဘတက်ခိုင်းတာတက်မှ သင်ရသည်မဟုတ်။ သူအဝေးသင်သာတက်ခဲ့ရသည်။ သူDay တက်ချင်သော်လည်း အိမ်ရဲ့ အခြေအနေက မကောင်း ။ သူဝါသနာပါသည့် ဘာသာရပ်ကို သူတက်သည်။ သူအိမ်မှာ ၀ိုင်းလုပ်ပေးသည်။ အပြင်သင်တန်းတွေ အနည်းငယ်သာတက်နိုင်သည်။ဒါတောင် မုန့်ဖိုးစုပြီးတက်ခြင်းသာ။ သူကြိုက်သည့်စာအုပ် များကို သူဖတ်ရသည်။ သူက သူ့ကိုသူ Self Study လုပ်နေခြင်း ဟု ယူဆသည်။ သို့သော် သူလိုသည့်အချက်က သူသည်သူငယ်ချင်းအပေါင်းအသင်း နည်းသည်ကို များပြားအောင်မလုပ်။ ကျောင်းသားတစ်ယောက်သည် ဆရာမပြောသည်ကို ငြိမ်နားထောင် ။အလွတ်ကျက်။စာမေးပွဲဖြေ။ အမှတ်အများကြီးနှင့်အောင်လျှင် အင်မတန်တော်သော ကျောင်းသားတစ်ယောက်ဟု ထင်တာထက် ကျောင်းသားသည် သူသင်ယူလိုက်သော ဘာသာကို နက်နက်နဲနဲစဉ်းစားတက်ပြီး သူ့အတွေးအခေါ်ပေါ် အခြေခံပြီးဖြေသည်က ပိုမကောင်းဘူးလား။ အားလုံးကို မစဉ်းစားတက်ပဲ ဆရာ ဆရာမ ပြောတာ အမှန် ။ မေးခွန်းထုတ်တက်သည့် အကျုင့် ရှိဖို့ လိုအပ်နေသည်ဟု သူအပါအ၀င် အားလုံးထင်လာဖို့
ဘယ်ကနေစပြောင်းလဲပေးရမလဲ။ အဓိက ကတော့ အတွေးအခေါ်ကို အခြေခံသည်ကသာ
အကောင်းဆုံးဖြစ်သည်ဟု ပညာရေးနယ်ပယ်မှ သူများသိအောင် လုပ်ခြင်း သာ။ အခြေခံပညာရေးစနစ်ကပင် ပြောင်းလဲပေးရမည်ဟု လူမှုရေးရာပညာရှင်များက သုံးသပ်ထားပါသည်။ စနစ်က မကောင်းတာလား လူက မကောင်းတာလား ဟု ငြင်းခုံနေဆဲပါ။
http://saitkue.blogspot.com/feeds/7203259440559425230/comments/default
ဒီဓာတ်ပုံလေးတွေက ရန်ကုန်မြို့ စာတိုက်ကြီးနားမှာရှိတဲ့ မုန့်ဟင်းခါးဆိုင်တစ်ဆိုင်က ကိုရင်တွေကို မုန့်ဟင်းခါးကပ်နေတာပါ။နေ့တိုင်း အပါးတစ်ရာကျော်ကို ကပ်လှူပါတယ်တဲ့။ ဆိုင်က ဆိုင်ကြီးကနားကြီးမဟုတ်ပင်မဲ့ နေ့တိုင်း ဒီလို လှူတာ ကုသိုလ်တွေ အများကြီးရမှာပါ။သူငယ်ချင်းက ပြောလည်းပြောပြတဲ့ အပြင် ဓာတ်ပုံပါ ပေးလိုက်တဲ့ အတွက် ကျေးဇူးတင်ရမှာပါ။မြန်မာနိုင်ငံမှာဒီင်္လို အလှူ
ဒါနမျိုးက ရှားပါးနိုင်ပါတယ်။ သူများသိသိ မသိသိ လှူဖို့သာ အဓိကပါဆိုတာ ပြောပြနေပါတယ်။
http://saitkue.blogspot.com/feeds/4047423933817228587/comments/default
http://saitkue.blogspot.com/feeds/6315589019878188968/comments/default
လူတိုင်းရဲ့ တာဝန်
ဒီရက်ပိုင်းအတွင်း HIV / AIDS ဆိုင်ရာသင်တန်းတစ်ခုတက်ရတယ် ။ INGO တစ်ခုက ပို့ချတဲ့ သင်တန်းပါ။ သင်တန်းအဖွင့်မှာ လူသားအားလုံးကို ခြိမ်းခြောက်နေတဲ့ ဒီရောဂါဆိုးကြီးကို အတတ်နိုင်ဆုံးကာကွယ်ရမှာ လူသားအားလုံးရဲ့ တာဝန်ပါတဲ့ ။ သင်တန်းမတက်ရသေးတဲ့ တစ်ရက် နယ်ကHIV/ AIDS ဝေဒနာရှင်တွေ ဆေးလာတောင်းဖို့ ဘုန်းကြီးကျောင်းမှာရောက်နေတာကို သွားလေ့လာဖြစ်တယ်။ အဲဒီ့ရက်မှာ ဝေဒနာရှင်ငါးယောက် ကိုရင်ကြီး ၀တ်တယ်။ သင်တန်းမှာ ကိုယ့်ကိုသင်တဲ့သူတွေမှာ ရောဂါပိုးရှိတဲ့သူတွေပါတယ်ဆိုတာ သင်တန်းပြီးခါနီးမှ သိတယ်။ သူတို့တွေ စိတ်ဓာတ်မကျဘဲ အားကြိုးမန်တက်ကြိုးစားနေတယ်။ တစ်ယောက်ဆိုရင် ပိုးရှိတာ ၁၄နှစ်ရှိပြီ။ ကိုယ်တိုင်မှားပြီး ရောဂါပိုးကူးတာပဲဖြစ်ဖြစ် မသိလို့ကူးတာပဲဖြစ်ဖြစ် ဒီရောဂါကြီးကြောင့် အားလုံးကို စိတ်ဆင်းရဲ ကြရတယ်။နောက်ပိုင်းမှာ အဖွဲ့လေးဖွဲ့ပြီး လုပ်သွားဖို့သူငယ်ချင်းတွေနဲ့ တိုင်ပင်ထားတယ်။ လုပ်နိုင်ပါစေလို့ ဆုတောင်းနေရတာပဲ။
You received this email because you are subscribed to the real_time feed for http://saitkue.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.